Wiktor

Wiktor

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wiktor, Poet, Yangon.

16/12/2023

- အဘိဓမ္မာသမားသူငယ်ချင်းတစ်ယောက်အတွတ်

ငိုခြင်း ရယ်ခြင်း အလျင်းကင်းမဲ့တဲ့ငါ့သူငယ်ချင်း
အခုတော့ ပြိုလဲစရာတွေတက်နင်းမိပြီထင်တယ်
စာကြိုးစားပြီး လူတော်လေးဖြစ်ခဲ့သမျှ
အခုထိ မရမက ကော်နဲ့စွဲကပ်ဖို့ကြိုးစား​နေတုန်းပေါ့
ကျောင်းဝတ်စုံသန့်သန့်ပြန့်ပြန့်လေးကလည်း လူအများရဲ့ ချီးမွှမ်းမှုတွေ မင်းအပေါ် လက်ဆင့်မကမ်းနိုင်တော့ဘူးလား
လွန်ခဲ့တဲ့နှစ်တွေတုန်းကလည်း ငါဟာ သောက်စား​ပျော်ပါးပြီး သေမယ့်ရက်နီးကပ်သလိုနေပစ်ခဲ့မိတယ်
အရွယ်မတိုင်ခင် နှိုးထလာတဲ့ လိင်စိတ်နဲ့ ငါ့ကိုယ်ငါလက်ခံပြီး လုံးချာလည်နေစဉ်မှာ
မင်းကတော့ အနာဂတ်အတွတ်ဆိုပြီး နွားကျလိုက်တဲ့ ပုံစံခွက်ထဲဝင်ခွေနေခဲ့တယ်
အခုလည်း ဆေး၊ မိန်းမ၊ အရက်၊ ကဗျာ ခံစားရတာ မှန်သမျှ မူးချင်သလိုမူး ရူးချင်သလိုရူး
ငါခင်တွယ်တဲ့ မိန်းမတစ်ယောက်နဲ့ပဲ ဖွာလန်ကြဲနေအောင် အင်ကုန်အားကုန် လူဖြစ်နေတော့လည်း
မင်းဟာ စာအုပ်တွေတစ်ပွေ့တပိုက်နဲ့ ဘဝကို အသိုက်လိုဆောက်ဖို့ တွေးနေတုန်းပဲ
ဖန်တီးလုပ်ယူသမျှအားလုံး ငါ မယုံကြည်ဘူး
ကြိုးစားမှုကိုတော့ ငါ အသိအမှတ်ပြုပါတယ်ဆိုတော့ မင်းက ခပ်ချဉ်ချဉ်လေးရယ်တယ်
ခေတ်ကြီးကလည်း ကြောင်ကျမကျ
မင်းတို့ငါတို့ အထိနာရသမျှဟာလည်း ပထွေးက မဒိန်းကျင့်ခံရတာကိုပဲ အမေ့ကိုကြောက်လို့ ငြိမ်ခံနေရသလိုလေ
ထားပါတော့ကွာ မင်းက ကဗျာမဟုတ်ဘူးလို့ ငြင်းရင် ငါတို့သံယောဇဉ်တွေက ငြိမ်ခံနေရတာပဲ
ငါက ငမူးဆို မင်းက အရူးပဲ
တစ်ယောက် ငိုရင် အကုန်လုံးငိုစေချင်တယ်
တစ်ယောက် ရယ်ရင် အကုန်လုံးရယ်စေချင်တယ်
ဘယ်သူ့ဒဏ်ရာမှ သူ့ဟာ ကိုယ့်ဟာခွဲမနေချင်ဘူး
ဒါဟာ ခံစားမှုသမား ငါပါလို့ပြောတော့လည်း မင်းဟာ မင်းအရိုက်ခံခဲ့ဖူးတဲ့ ကျောင်းတုန်းက ပေတံလေးနဲ့တိုင်းပြပြန်တယ်
မင်းကတော့ မာန်ဖီကောင်းတုန်း နေသာသလို မနေသာသလို လည်လည်ဝယ်ဝယ်နဲ့ သဲထဲရေသွန်တဲ့ညဉ်တွေကို ဂုဏ်ယူနေတုန်းပဲ
ပြီးတော့လည်း မင်းဟာ အဘိဓမ္မာနဲ့လွဲလို့
ငါဟာလည်း သေမထူး နေမထူးလိုမြဲလို့
ဘယ်သူသေသေ ငါတို့မမာနိုင်ခဲ့တဲ့ စိတ်ဓာတ်ကို မော်မော်ကြွားကြွားလေးနဲ့ ခေါင်းမော့မိပြန်တော့
ဓားသွားဒလက်တွေက ငါတို့ခေါင်း​ပေါ်မှာ ပြေးလွှားနေတာ
ခဏတာပေါ်လာတဲ့စိတ်နောက် ငါပြေးလိုက်မိဆဲ
မင်းရောငါရော
သေမလိုလိုနဲ့
သေမလိုလိုနဲ့
သူငယ်ချင်းရေ ပြန်မရနိုင်တော့တာတွေအတွတ်
သူငယ်ချင်းရေ ငါတို့စောင့်နေရတာတွေအတွတ်
သူငယ်ချင်းရေ ငါတို့အနာဂတ်တွေအတွတ်
သူငယ်ချင်းရေ ကိုယ်တွေစွမ်းသမျှနဲ့ ကိုယ့်ကိုကိုယ် မနည်းပြန်ကာကွယ်နေရတာကိုပဲ စောက်ရှက်မရှိ ငြင်းချက်ထုတ်လိုက်တယ်

သူငယ်ချင်းရေ
မင်းနဲ့ငါက ပြဒါးတစ်လမ်း သံတစ်လမ်းပေမယ့်
ဒီလမ်းကို ငါတို့မှမပိုင်ခဲ့ပဲ။

23/11/2023

ခေတ်ကြီးတစ်ခုလုံးရဲ့အစအနတွေ ကောင်းကင်ကနေ ပဲ့ကြွေကျလာတာတောင် စိုးလွင်လွင်ရဲ့ “ရင်ဆိုင်ကြစို့” သီချင်းလေးနဲ့ မင်း လက်လေးကိုင်ပြီး နွေးရတယ်။ တကယ်လို့ သေနတ်သံတွေဟာ စီးချက်မှန်မှန်နဲ့ ကိုယ်တို့ဆီကို ရွေ့လာနေစဉ်မှာပဲ မြို့ပြကနေ စစ်မြေပြင်၊ စစ်မြေပြင်ကနေ မြို့ပြဆီ ပြန်လည်ကူးခတ်ဖို့ အဆုံးထိမမြင်ရတဲ့ လမ်းကလေးပေါ် မှာ “မင်းလည်း ကိုယ့်ကို မထားခဲ့နဲ့ ကိုယ်လည်း မင်းကို မထားခဲ့ပါဘူး” ဆိုတဲ့စကားလုံးတွေအတွတ် အားယူပြောနေရပြီဆိုရင်။ ပန်းခင်းကြီးတစ်ခုလုံး တစ်မြေ့မြေ့ကျွမ်းလောင်​နေတဲ့အမြင်အာရုံကို ကိုယ်တို့ရင်ထဲက လှိမ့်တက်လာတဲ့ မီးခိုးငွေ့တွေနဲ့ ဖုံးကွယ်လိမ်ညာပြီး ချက်ချင်းပြန်လည်စိမ်းလန်းလာနိုင်တဲ့ဆိုတဲ့ မျှော်လင့်ချက်ဟာ ပျောက်ရှခဲ့ရတဲ့ ချစ်ခြင်းတရားကို အကြမ်းဖက်ပစ်လိုက်တာပဲ။ တကယ်က တကယ့်သွေးအစစ်တွေကို မြင်ရမှ “သွေးစသွေးနနဲ့တူတဲ့ စိန်ပန်းပွင့်တွေ”* လို့ တချိန်က ကိုယ့်အသံကို ကြားယောင်ပြီး အရှိတရားရဲ့ ခေါင်းတည့်တည့်ကို အတိအကျချိန်ကာ အသိတရားနဲ့ အတိလင်း ပစ်ထည့်လိုက်ရမှာ။ ဒါဟာ ကမ္ဘာအတွတ် လိုအပ်နေတဲ့ အရာဖြစ်ပြီး ကိုယ်တို့ ချစ်ခြင်းရဲ့ ရပိုင်ခွင့်ပဲ။ မျက်ရည်တွေကို အားနာပါ ကလေးရယ်။ အကြောက်တရားဟာ တရားတဲ့ဘက်မှာဖြစ်ဖြစ် မတရားတဲ့ဘက်မှာဖြစ်ဖြစ် တစ်ဖက်ဖက်ကို ပြေးကပ်မှာ အသေချာ။ စစ်ပွဲဆိုတာ နှစ်ဖက်ပဲတိုက်ပြီး အဖက်ဖက်မှာ ကျန်ရတယ်။ ဆန့်ကျင်ဘက်အရာနှစ်ခုရဲ့ အလယ်တည့်တည့်ကနေ ဓားနဲ့ပိုင်းချလိုက်သလိုမျိုး ကိုယ်တို့နားထဲကိုရောက်လာမယ့် လှိုင်းတွေရဲ့ တစ်ခုမှာမှ ရယ်စရာနဲ့ ပျော်စရာဟာမပါ။ ဟိုးအစကတည်းကပေါ့။ ရေခဲခေတ်ကြီးထဲမှာ ကိုယ်တို့ စိုက်ပျိုးဖို့ ကြိုးစားခဲ့တဲ့ ပန်းတွေမပွင့်ခဲ့တာကို လက်ခံခဲ့ရင်။ ကိုယ့်မျက်လုံးတွေကိုပဲ တည့်တည့်ကြည့်ပြောပါ ချစ်ခြင်းရဲ့နောက်မှာ တရားမျှတမှုနဲ့အတူ ကမ္ဘာဟာပြန်လာပြီဆိုတဲ့ စိတ်ချစရာ အနမ်းများ။

* လှသန်း၏ မင်းတစ်ယောက်တည်းမဟုတ်ဘူး ကဗျာမှ စာသား

- အတွင်းတိုက်ပွဲဟာ အလွမ်းနဲ့ပန်းဆိုရင် အပြင်မှာသေရင် နှုတ်ခမ်းနဲ့သာနမ်းပါ -

23/11/2023

ကိုယ်ဟာ မီးနဲ့လည်း အသားတကျ
ရေနဲ့လည်း အကျွမ်းတဝင်ဖြစ်ပါတယ်
နေ့မှာ ပျော်ကျပြီး ညမှာတော့ တောက်လောင်ရတယ်
ဘယ်နားထိခိုက်မိသေးလဲမေးရင်
အသက်ကလွဲ ကျန်တာအားလုံးပါပဲ။

ကံကောင်းချင်တော့ အ သလိုလိုနဲ့ လည်ပြီး
ကံဆိုးချင်တော့ လည် သလိုလိုနဲ့ အ ပြန်တယ်
မွေးရာပါအစွမ်းက လူမပီသတာဖြစ်ပြီး
အတွေ့အကြုံကတော့ အဓိပ္ပါယ်မဲ့တာဖြစ်တယ်
ဘယ်သူ့ကိုမဆို လူလို့ပဲမြင်ပြီး
အချစ်မရှိရင် လူလို့မထင်ပြန်ဘူး။

တစ်ခါမှားရင် အခါခါငိုရပေမယ့်
အခါခါမှားရင်တော့ တစ်ဘဝပဲ ငိုရပါတယ်
ရတာ မယူရင် မယူချင်တာ ရမှာဖြစ်ပြီး
ရတာ မပို လိုတာလည်း မရတဲ့နေရာပါ
နည်းသောအားဖြင့် လူနေ ဘုံဖျား စိတ်နေခြုံကြားမှာဖြစ်ပြီး
များသောအားဖြင့်တော့ လူရော စိတ်ရော နေစရာမရှိကြပါ
အရာရာဟာ ကာလာနဲ့လာပြီး
စျေးအစားစားနဲ့ ချေးများလို့မရတဲ့ သူတွေပေါ့။

အိမ်တစ်အိမ်တည်း မီးလောင်ရင် ဝမ်းနည်းစရာဖြစ်ပေမယ့်
တစ်ကမ္ဘာလုံး မီးလောင်ရင်တော့ ပျော်စရာဖြစ်မှာ။

အနေအထိုင်တက်ရင် မြတ်တယ်ဆိုပြီး
မြတ်ဖို့သာ နေထိုင်ကြရပါတယ်။

- ဒိုလပ်(စ်)တေးသွား သီအိုရီ -

10/09/2023

- ရှင်သန်မှုအပေါ် လိမ်ညာနေတဲ့ အတ္တစွဲအရင်းခံလုပ်ရပ်တွေဟာ တည်ဆဲလူ့အဖွဲ့အစည်းအပေါ် ဖောက်ပြန်တာပါပဲ -
မွေးလာကတည်းက သေဖို့မွေးလာကြတာပဲ ဒါပေမယ့် သမိုင်းဆိုတာ ကျန်နေခဲ့မှာ ကိုယ်နေခဲ့တဲ့ပတ်ဝန်းကျင်မှာ ကိုယ်က အသက်ရှင်နေထိုင်ခဲ့စဉ်က လုပ်ရက်တွေ၊ အပြုအမူတွေဟာ ကိုယ့်နောက်ဂျန်နရေးရှင်းဆီ အလိုလိုရောက်မှာပဲ အဲ့ခါကျ စောက်ပါးစပ်တွေက ဘာမသိညာမသိ အာချောင်လို့မရတော့ဘူး အမြင်နဲ့တင် ထင်ကြေးပေးမရဘူး ညာမရဘူး လိမ်မရဘူး ကြောင်သူတော်လိုလို အရူးကွက်နင်းပြေးဖာနေလို့မရဘူး ဘဝရဲ့ နောက်ဆုံးအချိန် အလောင်းကောင်ဖြစ်တဲ့အချိန်မှာ ရှင်သန်မှုတစ်ခုလုံး ကန့်လန့်ကာဖွင့်ရပြီပဲ လုပ်ခဲ့သမျှ အလုပ်တွေနဲ့ ဒီလူ့အဖွဲ့အစည်းအပေါ် နေထိုင်ခဲ့သမျှဟာ ရုပ်ရှင်တစ်ပုဒ်လို အဲ့အချိန်မှာ ဟန်ဆောင်ဖန်တီးယူလို့မရတဲ့ ပြကွက်တွေဖြစ်လာမှာပဲ ဒါပေမယ့်လည်း ဒီက အောက်တန်းစားလူအဖွဲ့အစည်းကတော့ အညီအဟောက်တွေကို ဖုံးကွယ်ရင်းနဲ့ပဲ မသိကျိုးကျွံပြုနေထိုင်နေကြတော့ အပုပ်နံ့ကိုမှ မွှေးတယ်ထင်နေတာ အဆောက်အအုံတစ်ခုလုံးနီးပါးပါပဲ စောက်အသိဉာဏ်ကမရှိ၊ မရှိတာလည်း လက်မခံ၊ လက်ခံဖို့လည်း မကြိုးစားတဲ့ အပျက်အဆီးအပုပ်အသိုးတွေထဲ ပျော်ဝင်နေကြတာပါပဲ ဒါဟာ အကြောက်တရားကြီးတာမဟုတ်ပဲ အမှန်တရားကို အစီစဉ်တကျ အဖွဲ့အစည်းလိုက် ဖုံးကွယ်လိမ်ညာနေကြတာဖြစ်ပါတယ် ဒါပေမယ့်လည်း အချိန်မရွေးသေရဲလို့ ကိုယ့်အမှန်တရားကို ခါးကြားအမြဲထိုးထားနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာသတ္တိမျိုးတော့ အဲ့လူတွေမှာ မရှိနိုင်ဘူး အဲ့အပြင် အပုပ်နံ့ထွက်လို့ ယင်တွေဝိုင်းနေတယ်ဆိုတာ အနည်းဆုံးတော့ စိတ်ပိုင်းဆိုင်ရာစိုးရိမ်မှုတွေကြား ကြောက်ကြောက်လန့်လန့်နေရမှာပဲ ယုံကြည်မှုဆိုတာ လူတွေအတွတ် အလိုအပ်ဆုံးနဲ့ တန်ဖိုးအကြီးဆုံးအရာပဲလေ ကျောမလုံရတဲ့ရှင်သန်မှုဟာ ပဲ့ကြွေအရှုံးပေးရဖို့ အလွယ်ဆုံးပဲ အဲ့နေရာမှာ အချိန်ကြာလာတာနဲ့အမျှ သန်မာလာတာနဲ့ အားနည်းလာတာ ကွဲပြားလက်ခံလာရလိမ့်မယ် ဒါဟာ ရုပ်သဘောတရားတွေဆီက ပြေးထွက်ပုန်းရှောင်နေလို့ ရရင် ရမယ် ကိုယ်ဇွက်အတင်းတိုးဝင်ပြီး ကိုယ်ဘဝရဲ့အဝေးမှာ ခဏပဲ နေထိုင်နေလို့ရမယ် ဒါပေမယ့် ကိုယ်ကိုတိုင်ဆီကနေတော့ အသက်ရှူရပ်မှသာ ပြီးဆုံးသွားမယ့် လမ်းပေါ်မှာဆိုတာ တဖြေးဖြေးနားလည်လာလိမ့်မယ် အချိန်တန် လူတိုင်း အိမ်ပြန်ရတာပဲလေ အဲ့လိုနဲ့ သေဆုံးသွားတဲ့အခါ လူဆိုတာ သမိုင်းကျန်တယ် အဲ့သမိုင်းမှာ မင်းက အပုပ်နံ့ထွက်နေတာ လက်မခံပဲဖင်ပိတ်ငြင်းနေမယ်ဆိုရင်တောင် မင်းဘေးက ယင်တွေနဲ့ မင်းရဲ့အပုပ်နံ့ဟာ အဲ့ခါကျ ဖုံးကွယ်ထွက်ပြေးလို့မရတော့ဘူး ဘဝမှာ လုပ်ရဲရင်ခံရဲရတဲ့ သတ္တိဟာ လိင်ခွဲခြားပြနေလို့မရဘူး စောက်ကျင့်မကောင်းတဲ့သူက ဘယ်လိုပြုပြင်ပြင်၊ ဆွဲခေါ်ခေါ်၊ သင်ပြပြ အချိန်တန်သူ့နေရာသူပြန်တာပဲ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ လူတွေတဖွဖွပြောနေတဲ့ လူ့ကျင့်ဝတ်ဆိုတာနဲ့ တိုင်းတာလို့အကောင်းဆုံးပဲ ဒါကိုပဲ ပါ့ပလစ်မှာ ဘုရားပွင့်ပြပြီး ခွေးစိတ်ကြိတ်မွေးနေမိတာ လူသိမှာစိုးလို့ လူ့ကျင့်ဝတ်ဆိုင်ရာ စကားတွေနဲ့ ဆွဲယူဖုံးကွယ်နေကြပြန်တယ် တကယ့်ဟာသပါပဲ တစ်ခါခါကျ ငါတို့ရဲ့ သေချာရေရာတဲ့ ဘဝရဲ့ ပိုင်ဆိုင်မှုဆိုတာ “ချစ်ခြင်းမေတ္တာနဲ့ ရိုးသားခြင်း၊ ယုံကြည်မှုနဲ့ ပေးဆပ်ခြင်း" ပဲဖြစ်တယ် ဘဝမှာ ကိုယ့်ဘေးက လူတွေအပေါ် ရိုးသားပွင့်လင်းစွာနဲ့ နေထိုင်ရှင်သန်ရဲဖို့ပဲလိုတာ၊ ဆိုတော့ ကိုယ့်စိတ်ကိုယ်အစာကျွေးပြီးဖြစ်လာတဲ့ အတ္တဆိုတာ အမှန်တရားချင်းယှဉ်ပြီးမိုက်ရင်တောင် ဉာဏ်ပညာအတွေးအခေါ်မပါလို့ အလိုလိုအားနည်းပြီးသားပဲ လူတွေ သတ္တိရှိတယ်ဆိုတာ အတ္တကိုအရောင်တင် ဖင်ယားပြနေကြနေကြရင်း ကိုယ့်ရွေးတဲ့လမ်းမှာ ကူသူ ကယ်သူမဲ့ ယုံကြည်စရာမရှိတော့ စောက်ရှက်တွေကွဲ မှောက်လျက်တွေလဲတော့တာပဲ တကယ်က သတ္တိဆိုတာ ပစ္စုပ္ပန်လက်ရှိအချိန်မှာပဲ ကိုယ့်ဘဝ ကိုယ့်ရှင်သန်မှု ကိုယ့်ကြုံတွေ့ရတဲ့လူတွေအပေါ် ရိုးသားပွင့်လင်းစွာနဲ့ အကောင်းဆုံးတည်ဆောက်နေထိုင်ရင်း သေသည်အထိ နောင်တကင်းကင်းနဲ့ ရင်ဆိုင်ရဲတာဖြစ်ပြီး တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ ချစ်ခြင်းမေတ္တာအပေါ် လိမ်ညာနေတဲ့ အတ္တစွဲဆိုတာကတော့ ရေရေရာရာမရှိတဲ့အချိန်ကာလတွေကြားအရာရာလွဲမှားသံသယတွေဆီက ပြေးရင်းပြေးရင်း အကြောက်တရားရဲ့ဖိစီးမှုနဲ့ သေဆုံးသွားရမှာမဟုတ်လား။

- Wiktor

02/08/2023

မနက်မိုးလင်းရင် ဒါဟာပုံမှန်လို့ မခံစားရအောင် ကျနော် ဘီယာလေးတော့ မရရအောင် သောက်ရတယ်။ ရီဝေဝေနဲ့ လောင်ရတာဟာ အတိတ်တွေကို ပြုံးပြနိုင်တယ်။ ဘေးမှာရှိတဲ့ လူတွေက ဟန်ဆောင်ကောင်းတယ်။ အဲ့တာကို ကျနော်မကြိုက်ဘူး။ အဆင်မပြေသူတွေ စုနေတဲ့ကမ္ဘာလေးမှာ ကျနော်နေထိုင်တယ်။ ဒီလိုနဲ့ ဦးထီးသီချင်းတွေ တစ်နေကုန်ဖွင့်ပြီး အစုအဖွဲ့နဲ့ လောင်မြိုက်စေတယ်။ မနေ့ကတော့ ညီကိုတစ်ယောက် ဝေဒနာတွေနဲ့ ပျောက်ဆုံးခြင်းအလယ်မှာ လက်နက်ချနေလို့ “ဒီလို လုပ်နေလို့မရဘူး”လို့ ပြောခဲ့မိတယ်။ ကျနော်ရော ဘယ်လိုတွေလုပ်နေမိပြီလဲ မသိတော့ဘူး။ ပျောက်ဆုံးခြင်းနဲ့ ပျက်သုဉ်းခြင်းဟာ တိုက်ရိုက်အချိုးကျပါသလား။ မရှိတော့တဲ့ အင်အားနဲ့လန်းဆန်းမှုတွေကရော ဘယ်သူစုပ်ယူသွားခဲ့သလဲ။ ကျနော် ငိုရတဲ့အခါ လူတွေအားလုံးကို ငိုစေချင်တယ်။ ဘယ်သူမှမပျော်တာ သိပေမယ့် ဘယ်သူမှ ငိုဖို့မကြိုးစားကြဘူး။ မပျော်ရွှင်ခြင်းဟာ ပိတ်ဆို့ထားလို့ ရသလား။ ဝမ်းနည်းခြင်းတွေကရော တားဆီးထားလို့ရလား။ မလိုချင်တော့တဲ့နေ့ရက်တွေကရော ရပ်တန့်ပစ်လို့ရပါလား။ လူတွေဟာ ကိုယ်အထုပ်ကိုပိုက်ပြီး သူ့များအထုပ်လိုက်ကြည့်တက်ကြတယ်။ ကိုယ့်နာကျင်မှုကို ဗန်းပြ သူများအသဲကို ခွဲတက်ကြတယ်။ ဝေးကွာနေတဲ့ ရှင်သန်ခြင်းနဲ့ ဖြစ်တည်မှုဟာ ထပ်တူကျမလာပါ။ ဆိုရှယ်မှာလည်း ငိုရတယ်။ အပြင်မှာလည်း ပြိုရတယ်။ ဘယ်သူ့ကိုမှ အတုအယောင်စစ်ကြီးထဲမနေစေချင်ဘူး။ တချို့အသက်တွေဟာ တချို့တွေအတွတ် ပြန်ရင်းနှီးပေးရတယ်။ လူမသိသူမသိ အဆင်ပြေနေတဲ့သူများ ရှိပါသလား။ စိတ်ကြမ်း ကိုယ်ကြမ်းရောဂါတွေ ပျောက်ဆုံးပါစေ။ အမှောင်တွေပြီးရင် အမှောင်တွေပဲ လာပါစေ။ ပျက်ဆီးခြင်းတွေပြီး ပျက်ဆီးခြင်းတွေလာပါစေ။ သေဆုံးခြင်းတွေအလယ် ဘယ်သူ့ကိုမှ ရှင်သန်မနေစေချင်ဘူး။ ဘားတော့ဗရက်ကဗျာထဲလို “အကုန်လုံးရရင်ရ မရရင် တစ်ခုမှမလိုချင်ဘူး အကုန်လုံးလွတ်ရင်လွတ် မလွတ်ရင် တစ်ယောက်မှ မလွတ်ချင်ဘူး တစ်ယောက်တည်းလွတ်သွားလည်း သူရပ်တည်နိုင်မှာမဟုတ်ဘူး” ဆိုတဲ့ စကားလုံးတွေအပေါ်မှာ ဆရာချောရဲ့ “သူငယ်ချင်းရေ ကိုဖော်ဝေးရေ ကျွန်တော်ကတော့ တစ်လက်မမှ ဆုတ်မပေးနိုင်တော့ပါဘူးဗျာ” ဆိုတဲ့ ခံယူချက်နဲ့ ကမ္ဘာကြီးပြိုလဲပျက်ဆီးသွားတာ ကြည့်ချင်တယ်။ အရိုးတွေပဲ ကျန်တဲ့အထိ ကျနော် ဒါကို လုပ်ချင်တယ်။ ပြီးရင် ရှင်သန်ထမြောက်ပြီး လူ့အဖွဲ့အစည်း အသစ်ပြန်စရင် ဘယ်သူကမှ ဘယ်သူ့ကို မနာကျင်စေရဘူး။ အသဲမခွဲရဘူး။ မဖိနှိပ်ရဘူး။ အတုအယောင်ဘုရားတွေမရှိရဘူး။ လူသားစစ်စစ်တွေရှိမယ်။ ဘုရားစစ်စစ်တွေရှိမယ်။ လိုအပ်လာရင် စစ်ပွဲစစ်စစ်တွေပါ ရှိလာရပါမယ်ပေါ့။

Aug 3, 22

17/07/2023

သိပ်သည်းဆများတဲ့ နေ့ရက်တွေပေါ့ အချစ်
အပ်ဖျားတစ်ထောက်စာလောက်အတ္တနဲ့ ဘယ်သူ့ဆီ သွားတောင်းရမလဲ မသိတဲ့ ကိုယ်လိုချင်တဲ့ အရာဟာ ဒီလိုပါကွယ် လုပ်ယူဖန်တီးနေစရာလည်းမလို ကိုယ်တို့ဟာ ဒီလိုဖြစ်တည်ပါတယ်ဆိုတဲ့အကြောင်း ရိုးသားစွာနဲ့ ပြောပြစရာလည်းမလိုပဲ ကိုယ့်စိတ်နဲ့ အော်တိုချိတ်ဆက် ဆက်နွယ်သွားနိုင်မယ့် နောက်ထပ်စိတ်တစ်ခု လိုချင်တပ်မက်နေတာပေါ့ အချစ်ရယ်

မတော်တဆဖြစ်ဖြစ် အဲ့အရာနဲ့ကိုယ်နဲ့ မီးပွိုင့်တစ်ခုခုမှာ လူကူးမျဉ်းကြားပေါ် ဖြတ်ကူးမယ့်လူတွေထဲ တွေ့ဆုံခဲ့ရမယ်ဆိုရင် ကိုယ်ဟာ မင်းဆီ လျှောက်လာပြီး လမ်းမပေါ်ကနေ ထွက်ပြေးဖို့လိုအပ်ကြောင်းပြောမယ် ဒီလိုနဲ့ ကိုယ့်ဖြစ်တည်မှုအပေါ် မင်းဟာ မှတ်ချက်မပေးပဲ သေဆုံးဖို့ သိပ်မလိုတော့ဘူးလို့ ကိုယ့်ကို ပြောလာရင် ကိုယ်တို့ တွေဝေနေမှာမဟုတ်ပဲ ကိုယ်ရော မင်းရော စိတ်နဲ့ခန္ဓာဖုံးအုပ်ထားသမျှ အကုန်ချွတ်ချမိကြမှာပဲ စကားလုံး တွေမရွေးပဲ အတားအဆီးတွေမရှိပဲ ရုပ်နဲ့နာမ်ပေါင်းစပ်လို့သာ ကိုယ်တို့ ရှိနေတာ တစ်ခုခုမလွဲချော်ခင်ပဲ နှီးနှောဆက်ဆံပစ်ကြဖို့ သားရဲတွေလို အငမ်းမရတိုးဝင်မိကြမှာလည်း သေချာတယ် မင်းအကြည့်နဲ့ ကိုယ့်အကြည့်ဟာ ဖြိုခွင်းတားဆီးလို့မရတော့ပဲ ရောထွေးရှုပ်ယှက်ခတ်လာမယ် ကိုယ်တို့ စိတ်တွေအတွင်းက အညစ်အကြေးတွေ ဖယ်ထုတ်သန့်ရှင်းပစ်ကြဖို့ အငွေ့တစ်ခုခုကို ရှူရှိုက်မိကြမယ် ကိုယ်တို့ စိတ်အတွင်း သန့်ရှင်းမှုလုံလောက်လာပြီဆိုရင် ဂလက်စီထဲက အစိမ်းရောင်ဂြိုလ်တစ်လုံးပေါ်ရောက်ရှိသွားမယ် တစ်ရက် ဒါမှမဟုတ် နှစ်ရက်၊ တစ်ဘဝ ဒါမှမဟုတ် ထာဝရ အဲ့နေရာမှာ ကိုယ်နဲ့မင်း ပြန်လမ်းမဲ့ နေထိုင်နိုင်တယ် ပင်ပန်းဖို့သက်သက် ရှင်သန်နေရဆဲ စောက်အဓိပ္ပါယ့်မဲ့မှုတွေဆီက ပုန်းရှောင်လာကြရင်းပဲ ကိုယ်တို့ လာရာလမ်းအစကို မမေ့ဖို့ အကြိမ်ကြိမ်သတိပေးနေမိမယ် မင်းဟာ အဲ့စိတ်ပျက်စရာတွေကို သတိရသွားတဲ့အခါ အဲ့အရာတွေအပေါ် ဒေါသကြီးစွာ တိုက်ခိုက်ဆဲဆိုနှုတ်ဆက်မယ်ဆိုရင် ကိုယ် မင်းကို ကြင်နာစွာနဲ့ ကြည့်နေမယ် ကိုယ် မင်း ဘက်မှာ ရှိနေမယ်

မင်းနှုတ်ခမ်းတွေဟာ ဝီစကီ ဒါမှမဟုတ် ရမ်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ကိုယ်ဟာ အလိုလိုယစ်မူးလာရင်း လေးလံအုံ့မှိုင်းလာတဲ့ မင်းရာသီဥတုထဲ ပျော်ဝင်လာမယ် မင်း ပူစီထဲက သီချင်းတစ်ပုဒ်ထွက်လာကျလာတဲ့အခါ ကိုယ်ဟာ အဲ့သီချင်းနောက် ပြေးလိုက်ရင်း ကိုယ်တို့ မရပ်မနား လုပ်ဖြစ်ကြမယ် ကိုယ်တို့အသံတွေ တခြားတဖက်လျှံထွက်သွားမှာ စိုးရိမ်စရာမလိုပဲ မင်းဟာ ကိုယ့်အပေါ်မှာ မြွေတစ်ကောင်လို ဦးဆောင်ကောင်း ဦးဆောင်မယ် မင်းရဲ့ နီစွေးနေတဲ့ နှုတ်ခမ်းအတွင်းသားထဲ အနမ်းတွေ ထိုးချေထည့်တဲ့အခါ မင်းဟာ တစ်ဝတ်ငြီးမယ် ကိုယ်ဟာ မညှာမတာပဲ မင်းဆံပင်တွေစုစည်းဆွဲယူကာ ကြမ်းကြမ်းတမ်းတမ်းနဲ့ပဲ မင်းတင်ပါးတွေကို ရိုက်ခတ်ပစ်လိုက်ရင် မင်းနဲ့ကိုယ်ဟာ အစကနေ ခရီးအဆုံးကို ပြီးမယ် အဲ့မြစ်ဟာ ရေစီးသန်နေရင်းပဲ ချက်ချင်းရပ်တန့်အေးခဲသွားပြီး ဆောင်းဝင်မယ် ပြီးရင်တော့ မင်းပေါင်ပေါ် ကိုယ်ခေါင်းအုံးပြီး ဒီအဆောက်အအုံကို အပြစ်တင်ဖို့ ပထမကမ္ဘာစစ်မတိုင်ခင် မော်ဒန်ခေတ်အစကနေ မင်းရဲ့ ရင်အတွင်းသားတွေအထိရောက်ရှိ ဦးတည်လာနိုင်တဲ့ စကားလုံးတွေ ကိုယ်စပြောရင် ပြောမယ် ဒါမှမဟုတ် မနက်က လူတွေကြားပွဲဆူသွားတဲ့ Social media ပေါ်က ကိစ္စတစ်ခုအကြောင်းကနေစ ကိုယ်တို့မရလိုက်တဲ့ ‌စောက်ရေးမပါတဲ့အကြောင်းအရာတွေရယ် ကိုယ်တို့ စိတ်တွေ ကျိုးကြေပျက်ဆီးခဲ့ရ အကြောင်းတရားတွေရယ် မင်းဘက်က စပြောကောင်းပြောမယ် ဘာပဲဖြစ်ဖြစ် ကိုယ်တို့ ကုစားဖို့ကြိုးစားနေဆဲ ဒဏ်ရာဟာ ကိုယ်တို့ဖြစ်တည်မှုလေ အချစ်

- Wiktor

17/07/2023

ပြဿနာက ဘယ်ကစလဲဆိုတော့ ၃ နှစ်အရွယ်ကလေးတစ်ယောက်က စကားမသဲကွဲသေးခင်မှာပဲ သူ့လျှာကို ဖြတ်ပစ်ဖို့ သူကိုယ်တိုင် ကြိုးစားနေတာကို သူ့အဖေမြင်သွားရာကစတယ်။ သူ့အမေကတော့ သိသိချင်းပဲ ဆွံ့အသွားပြီး မျက်ရည်ဝေ့နေတဲ့ မျက်လုံးတွေနဲ့ သူ့ယောက်ျားကို အားကိုးတကြီး ကြည့်နေတယ်။ ကလေးဟာ လျှာကို စားပွဲပေါ်တင်ပြီး အတိအကျ ဖြတ်ပစ်ဖို့ ဓားနဲ့ ချိန်ရွယ်နေခဲ့တာဆိုပဲ။ သူ့အဖေဟာ အဲ့တာကို မြင်မြင်ချင်းပဲ ”ဟေ့ ဟေ့ ဟာ” လို့ ကြောက်အားလန့်အားအော်ဟစ် ပြေးလာပြီး ဓားကို လုယူကာ အချိန်မှီတားလိုက်တာ။ အခုတော့ အခန်းတစ်ခုလုံး ငြိမ်သက်နေတယ်။ ကလေးဟာ ကြမ်းပြင်ပေါ်မှာ ခုနအဖြစ်အပျက်အတွင်းက သူမဟုတ်သလို ကားအရုပ်ကို ဟိုရွေ့ဒီရွေ့နဲ့ ဆော့နေတယ်။ သူ့ကို နားမလည်နိုင်စွာနဲ့ စိုက်ကြည့်နေတဲ့ သူ့အဖေနဲ့ အမေကိုပင် နဲနဲမှ ဂရုမစိုက်။ သူ့အာရုံဟာ ကားအရုပ်ဆီမှာ။ သူ့အဖေက သူ့အမေကို လေသံနိမ့်နိမ့်လေးနဲ့ စကားတစ်ခွန်းလှမ်းပြောတယ်။ “ငါတို့ ဘာလုပ်ကြမလဲ”တဲ့။ စကားဆုံးဆုံးချင်းပဲ သူ့အမေဟာ သူ့အဖေဆီ ပြေးလာပြီး ရင်ခွင်ထဲဝင် တရှုံ့ရှုံ့ငိုနေတော့တာပဲ။ သူ့အဖေက သူ့အမေကို ဖက်ထားပေးပြီး “အဆင်ပြေသွားမှာပါ သူ ဆော့တာဖြစ်မှာပါ ကိုယ်တို့ သူ့ကို ပိုပြီး ဂရုတစိုက်အချိန်ပေးစောင့်ကြည့်တာပေါ့” လို့ သူ့အမေ ခေါင်းကို ပွတ်သပ်ပေးရင်း ပြောတယ်။ ကလေးဟာ သူ့အဖေနဲ့ အမေကိုမော့မကြည့်ပဲ သူဟာ ခေါင်းငိုက်စိုက်နဲ့ ထိုင်နေပြီး လက်ထဲက ကားအရုပ်ကို စကားခပ်တိုးတိုးလေးတစ်ခွန်းပြောလိုက်တယ်။ “လျှာဖြတ်ပြီးမှ မျက်လုံးတွေ ဖောက်ပစ်ကြမယ်လေ”တဲ့။

သူ့အမေက ကိုယ်တိုင်မမြင်လိုက်ရတဲ့အတွတ် ကလေး ဒီလိုလုပ်တယ်ဆိုတာကို လက်မခံနိုင်သေးဘူး။ “ရှင် သေချာရဲ့လား” လို့ သူ့ယောက်ျားရဲ့ ပခုံးတွေကို စုံကိုင်ကာ လှုပ်ရမ်းမေးနေတုန်းပဲ။ “ငါ အဲ့လိုမြင်တာ သေချာတယ် မင်း မြင်ရင်လည်း မင်း ယုံနိုင်မှာမဟုတ်ဘူး”လို့ပဲ ပြန်ဖြေတယ်။ “ဓားတွေကို နင် သေချာသိမ်းတော့၊ အန္တရာယ်ရှိနိုင်တဲ့ အချွန်အထက် ပစ္စည်းအကုန် သူ လက်လှမ်းမှီတဲ့နေရာတွေ မထားနဲ့တော့ ငါတို့ ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းရမယ် ကလေးတစ်ခုခုဖြစ်သွားရင် မင်းရော ငါရော ရူးရလိမ့်မယ်” လို့ သူ့အမေကို သူ့အဖေပြောလိုက်ပုံက အပြစ်တင်တဲ့လေသံပေါက်သွားတယ်။ ချက်ချင်းပဲ သူ့အမေကလည်း “ရှင် ဒီကိစ္စအတွတ် ကျမကို အော်ဖို့မလိုဘူး ကျမ ဘယ်လိုခံစားရလဲ ကျမ သိတယ် ကျမ သားပါ ကျမ ဘယ်လောက်စိတ်ထဲပူလောင်နေရလဲ ကျမ အသိဆုံး ဒါပေမယ့် ဒါဟာ ကျမ အမှားမဟုတ်ဘူး ရှင် ကျမကို အပြစ်တင်ဖို့ မလိုဘူး” လို့ သူ့အဖေကို သူ့အမေက ချက်ချင်း ပြန်အော်ပြောလိုက်တယ်။ “ငါ မင်းကို အပြစ်တင်နေတာ မဟုတ်ဘူး မပေါ့ဆဖို့ပဲ သတိပေးနေတာ အခုတစ်ကြိမ်က ငါ မြင်လိုက်လို့ ငါ မသိလိုက်ရတဲ့အချိန်မှာ အေး ငါ့သားတစ်ခုခုဖြစ်ရင် မင်း စောက်သုံးမကျလို့ပဲ ဒါကိုတော့ မင်း လက်ခံရမယ် ငါ အမြဲတမ်း သူ ဘာလုပ်တယ် လိုက်ကြည့်နေဖို့ မဖြစ်နိုင်ဘူး”။ သူ့အမေက သူ့အဖေနဲ့ မျက်နှာချင်းဆိုင်အနေအထားမှာ ရှေ့ကို တစ်လှမ်းတိုးလိုက်တယ်။ ပြီးတော့ မေးမော့ပြီး “ဒါဆို ကျမကရော ကျမကရော တစ်ချိန်လုံး သူဘာလုပ်နေတယ် သိနိုင်မယ်ထင်နေလား ရှင် တစ်ယူသန်တစ်ကိုယ်ကောင်းစကားမပြောနဲ့” လို့ ပြန်ပြောတယ်။ “ငါ တစ်ယူသန်နေတာ မဟုတ်ဘူး ငါ့မှာ တစ်နေကုန် နင်တို့အတွတ်အလုပ်ထဲမှာပဲ အချိန်ကုန်နေတာ ငါဟာ ကလေးနဲ့ မင်းလောက်အနီးကပ်ရှိနေတာ မဟုတ်ဘူး ငါ ငါ့တာဝန်ငါ ကျေအောင် လုပ်နေတယ် ကလေးကို ဂရုစိုက်ရမှာနဲ့ အိမ်အလုပ်တွေက နင့်တာဝန်ပဲ ဒါကို နင် နားလည်သင့်တယ်”။ သူ့အဖေ လေသံဟာ တဖြေးဖြေးပျော့ပြောင်းလာတယ်။ “ကျမကရော တာဝန်မကျေလို့လား ရှင် ပြန်ရောက်လာရင် ရှင် ဘာတွေများ ထပ်လုပ်ပေးနေရလို့လဲ ရှင့်မှာ အိတ်ကလေးပစ်ချပြီး လက်တော့ပ်တစ်လုံးရှေ့ ညသန်းခေါင်အထိ အချိန်ကုန်နေတက်တဲ့လူက အခုမှ ကလေးကို စိတ်ပူတယ် ဟုတ်လား”။ သူ့အဖေက သူ့အမေကို စကားဆုံးဆုံးချင်းပဲ ခြေထောက်နဲ့ ပစ်ကန်ပစ်လိုက်တယ်။ သူ့အမေခွေလဲကျသွားတယ်။ ကလေးကတော့ ဘာမှမဖြစ်သလို ကားရုပ်နဲ့ပဲ ဆော့နေဆဲ။

လဲကျနေတဲ့ သူအမေက ပြန်ထမလာဘူး။ သူ့အဖေက လဲကျလျက်ဖြစ်နေတဲ့ သူ့အမေကို လက်ညိုးထိုးပြီး “မင်း ပြောတဲ့ စကားတွေကို မင်းစဉ်းစား ငါလည်း အဖေတစ်ယောက်ပဲ ငါ့သားအပေါ် မင်းထက်မပိုတောင် ငါမလျော့ဘူး ငါ နင်တို့ကို ရှာကျွေးနေတာ နင်တို့အတွတ် ငါ အလုပ်တစ်ခုတည်းပဲ ခေါင်းထဲထည့်ပြီး နေထိုင်နေတာ ငါ့ကို မစော်ကားနဲ့” ပြီးတော့ တဆက်တည်းပဲ ဆက်ပြောတယ် “ငါ တာဝန်မကျေတဲ့ အဖေတစ်ယောက်ဆိုရင် နင်တို့ ဒီလိုတောင် နေရမှာ မဟုတ်ဘူး ငါ ဘယ်လောက်ပင်ပန်းပင်ပန်း နင်တို့အကြောင်းတွေးပြီး ငါ ရပ်ပစ်ဖို့ မစဉ်းစားခဲ့ဘူး ငါ အလုပ်က အဆင်မပြေသမျှကိုလည်း နင့်ဆီ ဘယ်နှစ်ခါများ သယ်လာခဲ့ဖူးလို့လဲ နင် လီးစကားမပြောနဲ့ နင် အမေတစ်ယောက်အနေနဲ့ စောက်သုံးမကျလို့ ဖြစ်သွားတာကို သွေးပျက်ပြီး ငါ့ကို လွှဲမချနဲ့” လို့ သူ့အမေကို လေသံခပ်မာမာနဲ့ ပြောပစ်လိုက်တယ်။ သူ့အမေဆီက ဘာမှ တုန့်ပြန်မလာခဲ့ဘူး။ လဲကျနေရာမှာပဲ ခေါင်းကို ငုံ့ပြီး ရှိုက်ကြီးတငင် အံကြိတ်ငိုနေတော့တာ။

ကလေးက အရာရာပုံမှန်ပဲ။ ဘာမှ သူ့အပေါ် သက်ရောက်မှုမရှိသလို မထိမဲ့မြင်နဲ့ ကားအရုပ်ကိုသာ သူ ဆော့နေခဲ့တယ်။ တကယ်တမ်း ကလေးမှာ ဓားနောက်တစ်ချောင်း ဖွက်ထားတာ ရှိသေးတယ်။ ဒါကို သူ့အဖေရော အမေရော မသိဘူးလေ။ “ငါတို့ လျှာကိုအရင်မဖြတ်ပဲ မျက်လုံးတွေကိုပဲ အရင်ထိုးဖောက်ပစ်ရအောင်” လို့ ကားအရုပ်ကို သူ တိုးတိုးလေးထပ်ပြောလိုက်တယ်။

အချိန်ဟာ ၁၅ မိနစ်ကျော်လောက်ကြာသွားတယ်။ သူ့အမေဟာ ပြန်ထလာပြီး အိပ်ခန်းထဲဝင်သွားတယ်။ သူ့အဖေကတော့ ဆိုဖာပေါ် ပစ်ထိုင်ချလိုက်ရင်း ခေါင်းကိုနောက်မှီကာ ခြေပစ်လက်ပစ်နဲ့ မျက်လုံးစုံမှိတ်ပြီး သူ တစ်ခုခုတွေးနေပုံရတယ်။ ဒါဟာ ကလေးအတွတ် အခွင့်အရေးပဲ။ ကလေးက ဖွက်ထားတဲ့ ဓားကို ထုတ်လိုက်တယ်။ သူက ဓားကို တစ်ချက်ကြည့်တယ်။ ပြီးတော့ ဒီလို သူပြောတယ် “ငါ တကယ် ငါ့မျက်လုံးတွေကို ဖောက်ပစ်ရင် မမြင်ချင်တာတွေ မြင်ရမှာ မဟုတ်တော့တာ သေချာလား” လို့ ကားအရုပ်ကို မေးနေတယ်။ ပြီးတော့ ကလေးက ဆက်ပြောတယ် “ ငါ မျက်လုံးဖောက်ပြီး လျှာမဖြတ်ပစ်နိုင်ခဲ့ရင်ရော ငါ မပြောချင်တာတွေပြောဖို့ ကြိုးစားနေရဦးမှာလား ငါ အသံတွေလည်း မကြားချင်ဘူး ငါ တကယ်အခုအနာခံလိုက်ရင် ငါမလိုချင်တာတွေ ဘယ်သူမှလာမပေးနိုင်တော့ဘူးဆိုတာ သေချာလားဟင် ကားကား” လို့ ကားအရုပ်ကို ကြည့်ပြီး မေးနေတာပေါ့။

သူ့အမေဟာ အိပ်ယာပေါ်မှာ လှဲနေရင်း သူ့အဖေနဲ့ ပေါင်းသင်းခဲ့တဲ့ တစ်လျှောက်လုံး သူနာကျင်ခဲ့ရသမျှတွေ တစိမ့်စိမ့်တွေးရင်း အံကြိတ်ငိုနေတယ်။ သူ အဖေဟာလည်း မျက်နှာကျက်ကိုကြည့်ရင်း သူ ပင်ပန်းခဲ့ရသမျှတွေအပေါ် နားမလည်တဲ့ သူ့အမေကို စိတ်ကုန်စိတ်ပျက်နေတယ်။ ကလေးကတော့ ဓားနဲ့ ညာဘက်မျက်လုံးကို အရင်ထိုးချလိုက်တယ်။

- သက်ဝေယံကျော်

17/01/2023

- Chris Cornell အတွတ် ကဗျာတစ်ပုဒ် -

ချစ်ခြင်းနဲ့ ယုံကြည်မှုမရှိရင်
အသက်မရှင်နိုင်တဲ့ကောင်မို့
ပေးနိုင်တာလည်း ချစ်ခြင်းနဲ့ ယုံကြည်မှုပဲရှိပါတယ်
ငါ မရခဲ့ပါဘူး
ငါ ရအောင် မလုပ်နိုင်ခဲ့ဘူး
အဲ့လိုနဲ့ ဒီအသက်ရှင်မှုကို စိတ်ပျက်လာခဲ့တယ်
အားလုံးကို တစ်ဘဝလုံးလိုက်ရှင်းမပြနိုင်လို့
သိမယ်ထင်တဲ့ လိုအပ်သူတစ်ချို့ဆီ အရင်ပေးခဲ့တယ်
သူတို့ဆီက ပြန်ရခဲ့တာ ခဏတာ
အဲ့အရာက ကြီးရင့်သေဆုံးလွယ်ပြန်တယ်
ငါ မှားခဲ့သမျှဟာ ငါ လုပ်တာမဟုတ်ကြောင်း
ငါ့ သွေးတွေစွန်းနေတဲ့ ထိုအရာတွေကို လက်ညိုးထိုး ငါငြင်းဆိုတယ်
ငါ့မှာရှိသမျှတွေဟာ ငါ တကယ်မပိုင်ဆိုင်ပါဘူး
ရလိုသူမှန်သမျှ ယူဖို့အတွတ် ငါဟာ တံခါးတစ်ချပ်ဖြစ်နေခဲ့ပါတယ်
ဘာမှမလိုဘူး ငါက ပေးချင်ရုံပါပဲ
ဒါတွေဟာ အစစ်ဖြစ်ကြောင်း နားလည်စေချင်ရုံပဲ
ငါဟာလည်း အစစ်နဲ့ ထိုက်တန်ကြောင်း
Chris Cornell ကို ပြောပြချင်ရုံပါပဲ။

လူတိုင်း အလိုအပ်ဆုံးအရာကို အလွယ်တကူထောက်ပြတက်လို့
အပိုတွေအဖြစ် ကျိုးကြေခဲ့တာ အခါခါ
ငါနားမလည်တာက ဘာလို့များ တကယ်လိုအပ်နေကြပါလျက်နဲ့
တရားဝင်ရယူခွင့်ရှိတဲ့အရာကို မှောင်ခိုကူးနေကြတာလဲ
တကယ်မဖြစ်ပဲနဲ့ မရှိလည်း ဖြစ်တယ်ဆိုပြီး ဘယ်သူကများ ပြောခိုင်းနေသလဲ ငါမသိ
သူတို့ ဘာကိုကြောက်နေသလဲ ငါစဉ်းစားမရ
တကယ်ဆို ငါတို့အလိုအပ်ဆုံးအရာမရှိတာထက်
ပိုကြောက်ရမှာ ဘာမှမရှိတော့ဘူး
အဲ့လိုနဲ့ သူတို့ဟာ ရူးမိုက်စွာပဲ
ဒီအဆောက်အအုံကို အသေခံဗုံးခွဲပစ်ကြတယ်။

အတုနဲ့ အစစ်ဟာ ခွဲမရအောင်တူတာ ငါ သိပါတယ်
ထိတွေ့လိုက်ရုံနဲ့ အရောင်ပြောင်းတက်တဲ့ အတုကို ဘာကြောင့် မမြင်နိုင်ကြတာလဲ
အတုကို သိရှိသွားရုံနဲ့ အကုန်လုံးအတုလို့ထင်မြင်နေကြတာလည်း အံ့ဩစရာပါပဲ
ငါတို့ ရပိုင်ခွင့်ဟာ အစစ်ဖြစ်တယ်
ငါတို့အကုန်လုံးဟာ အစစ်နဲ့ထိုက်တန်ကြောင်း သိထားဖို့ပဲလိုတာ
ငါတို့ မလုပ်မိတဲ့ အပြစ်အတွတ်
ငါတို့ လည်စင်းခံဖို့မလိုဘူး
ငါတို့ ထပ်ခါထပ်ခါ ရွေးချယ်စွန့်စားရမှာပဲ
ငါတို့ အသက်ရှင်နေရခြင်းဟာ အစစ်ကို ရှာတွေ့မှ အဓိပ္ပါယ်ရှိမှာ
ဒါကို နားလည်ကြ
ငါတို့မှာ ဒီအရာကို ရှာဖွေရယူဖို့ အချိန်အကန့်အသတ်နဲ့
ဒီအတွတ် လက်ဗလာနဲ့ မပြန်ကြနဲ့
ဘာအတွတ်မှ လက်မလျော့ကြနဲ့
လမ်းဟာ မမှားဘူး ငါတို့ မှားနေတာ။

ဒီလိုပြောလို့ အတုတွေဟာ ဆူးတွေနဲ့မှန်း ငါ မသိဘူးလို့ မထင်လိုက်ပါနဲ့
ငါ ခဏခဏစူးခဲ့ဖူးလို့ ငါ သိပါတယ်
ဆူးတွေ စူးဖူးလို့ဆိုပြီး ခူးလာစရာမလိုပါဘူး
ရောဂါဟာ ကူးစက်လွယ်တယ်
တစ်ခါစူးမိရုံနဲ့ ကြည့်မိသူပါနာရတယ်
စာနာစရာတွေ ယူခဲ့ဖို့ အစစ်ရရှိသူတချို့ကို အကူအညီတောင်းရမယ်
ကုန်ခမ်းသွားမယ့်အရာမဟုတ်ပဲ ပျံ့နှံ့လွယ်တဲ့အရာမို့ နှမြောစရာမလိုပါဘူး
လိုအပ်လွန်းလို့ လက်လျော့လိုက်သူတွေ
ဒီကမ္ဘာမှာ ထပ်မတိုးပါစေနဲ့တော့
သေသူတွေဟာ ဒီအရာကို မဖုံးကွယ်နိုင်ခဲ့ဘူး
အရေးပါတဲ့အရာမှန်သမျှ အစစ်ရှိမှ ဆက်ရနိုင်မယ်
ခရီးအတွတ် အစစ်ဟာ အဓိကပဲ
အတုတွေ ထပ်မကူးစက်စေနဲ့
ငါတို့ညီရင် အတုတွေ အလျင်အမြန်ပဲ ပျောက်ကွယ်နိုင်တယ်
နာကျင်ရသူတွေအတွတ်ပါ အစစ်ဟာ အညီအမျှပေးထားပြီးသား
အချစ်ဟာ တရားတယ်
ဘာအတွတ်မှ ရပိုင်ခွင့်ကို ယူဖို့ မကြောက်ကြနဲ့
ဒါပြီးရင် ငါတို့ဟာ တစ်သားတည်းပဲ
ပြက္ခဒိန်ဟာ ပျော်စရာဖြစ်လာမယ်
အသက်ရှင်လိုစိတ်ခေါ်ဆောင်ရာနောက်
ချစ်သူတွေနဲ့အတူလိုက်ပါရမှာပဲ
အဆုံးဟာ သိစရာလည်းမလိုတော့
ဘဝရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းဟာ
ကော်ဖီတစ်ခွက်တောင် ဖြစ်လာနိုင်တယ်
ငါတို့ ဒါကိုတစ်ခါဖြေရှင်းရုံနဲ့ အမြဲတမ်းကျန်နေခဲ့မှာပဲ
တန်ဖိုးမဲ့လို့ အတုတွေပေါနေခဲ့တာမဟုတ်ဘူး
လူတစ်ယောက်အတွတ် အရေးကြီးဆုံးအရာ ဒါမဟုတ်ဘူး ပြောခဲ့သူတွေဟာ
စူးလက်စ ဆူးတွေနဲ့မို့ သဘောထားကြီးပေးကြ
သူတို့ဟာ ကမာကောင်တွေလို နေထိုင်ဖို့ပြောပေမယ့်
အခွံမာမာရှိရုံနဲ့ ငါတို့စိတ်ဟာ မလုံခြုံနိုင်ဘူး
အရာရာ ဘာလို့လွဲမှားနေသလဲဆိုတော့
အတုနဲ့ အစစ် မှားဖူးသူတွေဟာ
အစစ်ရဖို့ ထပ်မကြိုးစားကြလို့ပဲ
တစ်ခါရှင်ဖို့ အခါခါသေရသူတွေ
အမှားခံလို့ မဖြစ်တော့ဘူး
ချစ်ခြင်းနဲ့ ယုံကြည်မှုတွေ စစ်မှန်လာရင် သေနတ်တွေဟာ မျိုးတုံးကုန်မှာ အသေချာ
မျက်ရည်ဆိုတာ ပျော်လွန်းလို့ ထွက်ကျလာတဲ့အရာ
မပျောက်ကင်းနိုင်တဲ့ နာကျင်စရာတွေလည်း ရှိမှာမဟုတ်တော့
ခုန်ထွက်လာမယ့် စိတ်ဝေဒနာလည်း သိမှာမဟုတ်တော့
အနုပညာဟာ ကလေးကစားစရာဖြစ်သွားမှာပဲ
လူတစ်ယောက်ချင်းစီရဲ့ အမှန်တရားတွေ ပေါင်းစည်း
တိမ်းစောင်းနေတဲ့ ကမ္ဘာကြီးလည်း တည့်မက်လာမှာပဲ
ငါတို့ သိခဲ့တဲ့ဆိုးသွမ်းတဲ့ ဒီကမ္ဘာကြီးဟာ
ငါတို့မှတ်ဥာဏ်အနက်ရှိုင်းဆုံး အတွင်းပိုင်းမှ
ပျောက်ဆုံးမှုဝေဒနာတွေနဲ့အတူရှိခဲ့ကြောင်း
အစအနတောင် ကျန်မှာမဟုတ်တော့။

အသဲကွဲသံ ဘုရားသံ
စစ်ပွဲသံ ဆာလောင်သံ
ဖိနှိပ်ခံရသံ
ထိတ်လန့်ဆူညံတဲ့ သွေးပျက်စရာအသံတွေဟာ
အပေါ်ယံအခွံတွေကွာကျပျက်ဆီး ပါးလှပ်လာပြီး
အဲ့အချိန်ကစ နံနက်ခင်း အိပ်ယာထကာစမှာ
ငါတို့ဘေးက တစ်ယောက်ယောက်နဲ့
နောက်တစ်ကြိမ် ထပ်လိင်ဆက်ဆံကြရင်း
အခုလို ဒစ်လည်ကြမှာမဟုတ်တော့။

- Wiktor

15/01/2023

ပြုတ်ကျနေတဲ့ သစ်ရွက်တွေ။ ပြန့်ကားနေတဲ့ လမ်းတွေ။ မာကြောချင်ယောင်ဆောင်နေတဲ့ ရေပြင်တွေ။ ဘာလို့များ အရာရာဟာ ဒီလောက်ဖရိုဖရဲ ဖြစ်နေရတာလဲ။ ကိုယ့်မှာသာ ငြိမ်သက်သယောင် ထင်နေရတဲ့ အော်ဟစ်ရုန်းကန်မှုတွေဟာ ပုံမှန်လိုဟန်ဆောင်နေတဲ့ အသံဗလံတွေကြားမှာ ပုန်းလျှိုးကွယ်လျှိုး တိုးဝင်စရာနေရာ ရှာနေရတယ်။ လောကကြီးရဲ့ ပုံရိပ်ယောင်ပြကွက်တွေဟာ ဘာလို့များ ငါ့ကို မဖမ်းစားနိုင်တာလဲ။ တကယ်ဆို ငါဟာ ထွေထွေထူးထူး မတွေးလိုကြတဲ့ အမြင်အာရုံတွေ နီးစပ်ညီမျှလှတဲ့ လူအများနဲ့ ကျစ်လစ်တည်ရှိနေသော မြို့ငယ်လေးမှာ မွေးဖွားခံခဲ့ရသူ တစ်ယောက်ပါပဲ။ သိပ်မကြာခင်မှာပဲ အမြန်လမ်းပေါ်က ယာဉ်ရပ်နားစခန်းမှာ ထမင်းစားနားစဉ် လွဲမှားမှုတစ်ခုကြောင့် (ဒါမှမဟုတ်) မေ့လျော့မှုတစ်ခုကြောင့် ကျန်ရစ်နေခဲ့ရသူ ခရီးသည်တစ်ယောက်လို ငါဟာ မြို့ငယ်လေးရဲ့ အဝေးမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ကျန်ရစ်နေခဲ့ရတယ်။

မှုန်ဝါးသေးငယ်တဲ့အထိ သူတို့ အဝေးရောက်သွားကြ။ ဆပွါးကြီးထွားလာတဲ့ ခုနှစ်သက္ကရာဇ်တွေထဲ ပြတ်ကျကျန်ခဲ့သော မြစ်ကျိုးအင်းတစ်ခုလို အကြောင်းကြောင်းကြောင့် ကွဲလွဲခဲ့ရသမျှ အခုထိတိုင် မလှုပ်မယှက်ရှိနေခဲ့ရ။ ရှေ့လည်း မရောက်သလို နောက်လည်း ပြန်ဆုတ်မရတော့။ နေရာဟာ တည်ငြိမ်ခိုင်ခံ့လွန်းလှပါတယ်။ တစ်လမ်းထဲလို့ ထင်သယောင် သူတို့ကို ဘေးတိုက်မြင်ခဲ့ရသမျှ တစ်ချိန်လုံး နားမလည်ခဲ့မိတာကိုပဲ အံ့ဩရပါတယ်။ တကယ်ဆို သူတို့ဟာ သူတို့အလျောက် ကျနော်ဟာလည်း ကျနော်အလျောက် တောက်လျှောက်ကွဲလွဲခဲ့တာကိုပဲ နာကျည်းခံပြင်းဝမ်းနည်းနေခဲ့မိတယ်။ ပိုဆိုးသည်မှာ အတုယူစရာ ရှေ့ဆောင်လမ်းပြရယ်လို့လည်း မရှိခဲ့ပဲ ဘာအတွတ် ကျနော် ထိုးထိုးထောင်ထောင်ဖြစ်ခဲ့ရသလဲ။ ဘာလို့များ တစ်ယောက်တည်း ကွဲထွက်ခဲ့ရသလဲ။ သူတို့ဟာ ပုံစံခွက်အတိုင်း စနစ်တကျ ဟောတစ်ယောက် ဟောတစ်ယောက် လူဖြစ်လာခဲ့ကြ။ ကိုယ့်မှာသာ သေသေချာချာ ရေရေရာရာ ပြဿနာရယ်လို့ မီးမောင်းထိုးပြစရာ မရှိခဲ့။ ရုပ်ဝတ္ထုမဟုတ်တဲ့ အခတ်အခဲကို ကိုင်တွယ်ဖြေရှင်းရသည်မှာ အချိန်တွေသာ တစ်ပတ်လည်ပြီးရင်း လည်နေခဲ့ပါတယ်။ အချိန်တန်ရင် စမှတ်ကို ပြန်ရောက်ရမြဲ။

သူတို့ကတော့ မလိုအပ်တော့ရင် တန်ဖိုးမဲ့တွေအဖြစ် ပစ်ချတက်သူတွေမို့ ပေါ့ပါးစွာခုတ်မောင်းနေကြ။ ကိုယ်ကတော့ လိုအပ်သည် မလိုအပ်သည်ထက် *တွေ့ရှိသမျှအရာရာကိုသာ မလွှင့်ရက် မပစ်ရက် ထမ်းပိုးသယ်ဆောင်ခဲ့ပါတယ်။ အခုတော့ လေးပင်နွမ်းနယ်မှုတွေဟာ နေ့စဉ်ကိုက်ခဲနေပြီး ကွက်လပ်ဖြစ်​နေသမျှ သူတို့နဲ့ သူတို့အရာရာကို * နဲ့ ဖြည့်စွတ်ဖာထေးရင်း ရှင်းရှင်းလင်းလင်း မြင်သိခဲ့ရတယ်။ သူတို့နဲ့ ကိုယ်ဟာ အရောင်မတူတဲ့ ရေအဖြစ်တွေမို့ ဖြစ်တည်မှုသဘောအရ ဘာမှမကွဲပြား။ အမြင့်မှ အနိမ့်စီးဆင်းဆဲရေဟာ စပြီးစီးဆင်းကတည်းက မှားမှားမှန်မှန် အဆုံးသတ်သည်အထိ သွားကြရတယ်။ သူတို့ သွားနေကြဆဲ။ ရောထွေးနေတဲ့ ရေရှင်တွေဟာ အတူပူးကပ်စီးဆင်းနေကြတာကိုပဲ သူတို့ကိုယ်သူတို့ ကွဲပြားလှပြီထင်နေကြ။ ပုံစံခွက်အမျိုးမျိုးထဲ အသားတကျထပ်တူကျ ပြောင်းလဲလွယ်တက်သူတွေက ပုံသဏ္ဌာန်တွေ ခြားနားလှပြီထင်နေကြ။ ကမ်းပါးကို တိုက်စားဖြိုချပြီးမှ ကျယ်ဝန်းခွင့်ရှိသူတွေက လွတ်လပ်လှပြီထင်နေကြ။ ရှေ့ကသွားနေ ရေရှင် သူတို့ နောက်ကလိုက်နေ ရေရှင် သူတို့ အောက်မှ အပေါ်မှ ရေရှင် သူတို့တတွေဟာ သိပ်သည်းဆတစ်ခုတည်းမှာပဲဆိုတာလည်း လက်မခံကြ။

တိုးဝှေ့ရင်း ဗြောင်းဆန်နေကြသူတို့ ‘ကျနော်ဟာ ရေသေပါ’။ ရေသေသဘောတရားအရ သီးသန့်ဆန်လွန်းလှ။ ပျင်းရိစရာကောင်းလွန်းလှ။ အစရှိပြီး အဆုံးဟာ အငွေ့အဖြစ် ပြောင်းလဲဖို့သာ ကျန်တော့သည်။ အချိန်မရွေးခန်းခြောက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ငါဟာ တိုက်စားဖြိုချခွင့်မရှိတဲ့ ရေသေအိုင်ပါ။ တစ်ချိနိက မြစ်ကျိုးအင်း မဖြစ်ခင်ကလည်း ရှင်သန်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ မြစ်ကျိုးအင်းဖြစ်​နေဆဲမှာလည်း မင်းတို့နဲ့ ပြန်လည်ပေါင်းစပ်ဖို့ ကြိုးစားခဲ့ပါတယ်။ အခုတော့ ဘာမှလုပ်မရတော့။ ငါဟာ ရပ်တန့်နေသူ။ ကျန်ရစ်နေသူ။ ပြတ်ကျကျန်ခဲ့သူ။ စောင့်ဆိုင်းနေသူ ရေသေသာဖြစ်ပါတယ်။

- ရေသေ
- Wiktor

27/12/2022

တိတ်ဆိတ်ခြင်းက ကြောင်တစ်ကောင်လို ကျနော့်ကို စိုက်ကြည့်နေတယ်။ တစ်ယောက်ယောက်ခေါ်နေမလားလို့ ကျနော် ‌ငြိမ်ငြိမ်လေးနေပြီး နားထောင်နေမိတယ်။ ဘာသံမှတော့ မကြားရ။ အဲ့အချိန်မှာပဲ ဆေးလိပ်ပြာခွက်ထဲက သီချင်းတစ်ပုဒ်ထွက်လာတယ်။ "အချစ်ကြောင့် ရူးသွပ်သွားသူတစ်ယောက်အကြောင်းပါပဲ"။ "သောက်ပိုတွေကို တစ်ယောက်ယောက်ပိတ်ပေးပါ" လို့ ကျနော်ပြောလိုက်တယ်။ လည်ချောင်းထဲမှာ ခြောက်ကပ်နေပေမယ့် တစ်စုံတစ်ရာဝင်ရောက်လာဖို့ အသင့်ဖြစ်နေပုံပဲ။ တစ်စုံတစ်ခု ထွက်လာဖို့လည်းဖြစ်နိုင်တယ်။ "ငါလိုချင်တဲ့အရာတစ်ခု ဒါမှမဟုတ် ငါနေချင်တဲ့နေရာတစ်ခုကို တစ်ယောက်ယောက်များမသိဘူးလားကွာ" လို့ ကျနော် အကြောင်းမဲ့အော်ဟစ်လိုက်တယ်။ ကျနော် ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ အိမ်ရှေ့ခန်းက နရံကပ်ဆွဲချိတ်ပေါ်က သော့တွဲကို ယူပြီး ကျနော် တိုက်အောက်ကို ပြေးဆင်းလာခဲ့တယ်။ ကျနော် အားကုန်ပြေးခဲ့တယ်။ မှတ်တိုင်တွေ တစ်ခုပြီးတစ်ခုဖြတ်ပြီး မရပ်မနားပြေးနေခဲ့တယ်။ ကျနော်က ရည်ရွယ်ချက်ရှိရှိ ဦးတည်ရာတစ်ခုဆီပြေးနေသလို ခံစားနေရတယ်။ မီးလင်းနေတဲ့ မီးတိုင်တွေ မီးမလင်းတဲ့ မီးတိုင်တွေဟာ တစ်ယောက်ကို တစ်ယောက်စကားတွေပြောနေသလို လမ်းမဘေးမှာ အတန်းလိုက်ရှိနေတယ်။ မြင်နေရသမျှ အရာရာဟာ နားလည်ဖို့လွယ်ကူနေသလိုပဲ။ ကျနော်ဖြိုခွင်းပြေးဝင်နေတဲ့ လေထုဟာ တာဝေးအပြေးသမားတစ်ယောက်ကို အားပေးသလို ကျနော့်ကို အားပေးနေကြတယ်။ ဖြောင့်စင်းနေတဲ့ လမ်းမကြီးပေါ်မှာ ကျနော့်အမြင်ထဲ ခပ်ဝေးဝေးက သေးကွေးနေတဲ့ လူတစ်ယောက်ကို မြင်နေရတယ်။ ကျနော် သေချာအောင်ကြည့်လိုက်တယ်။ သေချာပါတယ် မတ်တပ်ရပ်နေတဲ့လူတစ်ယောက်ပါပဲ။

ကျနော် ခပ်မြန်မြန်ပြေးပြီး အနီးနားထိသွားလိုက်တယ်။ မိန်းကလေးတစ်ယောက်ကိုတွေ့ရတယ်။ ကျနော်ရှိရာဘက်ကို ကျောပေးနေတယ်။ သူမ ငြိမ်သက်နေလျက်။ လေပြေတွေလည်း ငြိမ်သက်လျက်။ မီးရောင်နဲ့ ညဟာလည်း ကျနော်တို့ကို စိတ်ဝင်တစားငြိမ်ငြိမ်လေးစောင့်ကြည့်နေတယ်။ သူမရဲ့ ဆံပင်တွေဟာ ဖြောင့်စင်းနေပြီး ခါးလည်လောက်အထိရှိတယ်။ သူမရဲ့ သေးသွယ်တဲ့ ခန္ဓာကိုယ်အချိုးအဆစ်တွေနဲ့ သူမဝတ်ထားတဲ့ မြန်မာဝမ်းဆက်က အတော်ကိုလိုက်ဖတ်တာပဲလို့ ကျနော်ကောက်ချက်ချလိုက်တယ်။ သူမရဲ့ ထဘီအစိမ်းရောင်ပြောင်ချောနဲ့ သူမရဲ့ တင်သားစွင့်စွင့်ကားကားလေးဟာလည်း တော်ရုံယောက်ျားတွေ ငေးမောမိမှာ အမှန်ပါပဲ။ ကျနော် အခွင့်အရေးရရင် ဒီညတော့ ဒီမိန်းကလေးတင်သားတွေကို ဖျစ်ချင်မိတဲ့အတွေးပါဝင်လာတယ်။ ရန်ကုန်မြို့ရဲ့ ညနက်တွေထဲ လမ်းမပေါ်မှာ မိန်းကလေးတစ်ယောက်နဲ့ တွေ့ရတာ အတော်တော့အဆင်ပြေတာပဲလို့ ကျနော်တွေးလိုက်တယ်။ ကျနော် စကားပြောဖို့ကြိုးစားရမယ်။ ကိုယ်ရေးကိုယ်တာတွေကလွဲပြီး ကျနော်တို့ တစ်စိမ်းတစ်ယောက်အပေါ် အားလုံးဖွင့်ဟလို့ ရတယ်မဟုတ်လား။ " ဟေ့ ဒီမှာ " လို့ ပုံမှန်လေသံနဲ့ ကျနော် သူ့ကို ခေါ်လိုက်တယ်။ သူ ကျနော့်ဘက်ကို လှည့်လိုက်တယ်။ သူမက အတော်လှတဲ့အထဲ ပါတယ်။ သူမရဲ့ မျက်လုံးတွေဟာ ဝိုင်းစက်စက်နဲ့ အကြောက်တရားဆိုတာ ဘာလဲလို့ရှာဖွေနေသလားထင်ရအောင် တည်ငြိမ်လွန်း‌နေတယ်။ ပါးလေးတွေ ‌ခပ်ဖောင်းဖောင်းပေါ်မှာ မိတ်ကပ်ပါးပါးလေးက ပြည့်စုံနေစေတယ်။ အပေါ်နှုတ်ခမ်းပါးလေးနဲ့ ဆံပင်တချို့ဟာ သူမမျက်နှာပေါ်မှာ လှုပ်ရှားနေကြတယ်။ "ငါ နင့်ကို စောင့်နေတာ နင် ဘယ်တွေရောက်နေတာလဲ" လို့ သူ ကျနော့်ကို ဆို့ဆို့နင့်နင့်ကြီး မေးတယ်။ ကျနော် ခဏကြောင်သွားတယ်။ ကျနော်ခုမှ တွေ့ဖူးတဲ့သူတစ်ယောက်က ကျနော့်ကို စောင့်နေစရာ ဘာအကြောင်းအရင်းမှမရှိပဲ။ " ငါ မင်းကို မသိဘူးနော် တစ်ခုခုလွဲနေပြီထင်တယ်" လို့ ကျနော် နားမလည်တဲ့အမူအရာနဲ့ ပြန်ပြောလိုက်တယ်။ " မဟုတ်ဘူး ငါ နင့်ကို တကယ်စောင့်နေခဲ့တာ လွဲစရာအကြောင်းလည်းမရှိဘူး လူတွေအားလုံးထဲမှာ ငါတို့တစ်ယောက်ကိုတစ်ယောက်လွဲရလောက်တဲ့အထိ လွယ်ကူမနေခဲ့ဘူး ငါတို့ဖြစ်တည်မှုတွေဟာ နင်နဲ့ငါကလွဲပြီး ဘယ်သူ့ကိုမှ မလိုအပ်ခဲ့ဘူး အေးပေါ့ နင်ကတော့ ဒီကမ္ဘာကြီးပေါ်မှာ ဆုံမှတ်တစ်ခုကို ရှောင်ကွင်းပစ်ခဲ့မိတော့ နင့်အတွတ် နင်အခုအချိန်မတိုင်အထိ ဖြစ်ပျက်နေခဲ့တာတွေကြောင့် ငါ့ကို နားလည်မှာမဟုတ်ဘူး ငါ နင့်အကြောင်း လူတွေအားလုံးဆီမှာ လိုက်မေးနေခဲ့တယ် လိုက်ရှာခဲ့တယ် သူတို့ဟာ သူတို့လိုချင်တာတွေ ငါ့ဆီက ယူခဲ့ကြပြီးနောက်မှာ ငါလိုက်ရှာနေတဲ့ နင်ဟာ မရှိဘူးလို့ပြောပြီး ငါ့ကို ပစ်သွားခဲ့ကြတယ်" လို့ သူမ ပြင်းပြင်းထန်ထန်ကျနော့်ကို ပြောတယ်။ " ငါ ဘာပြောရမှန်းမသိတော့ဘူး သေချာတာတစ်ခုကတော့ ငါ မင်းကို မသိဘူး ဒါပေမယ့် မင်းပြောတာထက်ကို ငါ နားလည်ချင်တယ် ငါ ဆက်နားထောင်မယ် ငါ့ကို ပြောပြနိုင်မလား" လို့ ကျနော် မေးလိုက်တယ်။ "ငါ အရက်သောက်ချင်တယ် ကျနော် ပြေးလာခဲ့တဲ့ဘက်ကို သူက မေးငေါ့ပြပြီး အဲ့ဘက်မှာ တစ်ဆိုင်ဆိုင်တော့ ရှိမှာပဲ ငါတို့ လိုက်ရှာရင်းပြောကြတာပေါ့" လို့ ‌သူမက ပြောတော့ " ဒါဆို သွားမယ်လေ" လို့ ကျနော်သဘောတူလိုက်တယ်။


သူမ စပြောတယ် " ငါက နင်သိမှာမဟုတ်တဲ့ နင်နဲ့ ဟိုးအစောကြီးကတည်းက တွေ့ခဲ့ရမယ့် သူပါ မတော်တဆကြောင့်လား တမင်ပဲငါတို့လွဲခဲ့လို့လားတော့မသိဘူး ငါတို့မတွေ့ခဲ့ကြဘူး ထားပါတော့ ဒါကို နင် နောက်ကျနားလည်လာလိမ့်မယ် ငါဟာ အလယ်ပိုင်းက နယ်မြို့တစ်မြို့မှာ မပြည့်မစုံဘဝတစ်ခုနဲ့ ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိလာခဲ့ရတယ် ငါ တစ်ခုခုမှားနေတယ်လို့ စခံစားရတဲ့အချိန်က ငါ ၉ တန်းနှစ်မှာ ဆေးကျောင်းဒုတိယနှစ်က အကိုကြီးတစ်ယောက်နဲ့ စငြိတဲ့အချိန်ပေါ့ သူက ငါရှိတဲ့ကျောင်းထဲ ခဏခဏလာတယ် ငါ့ကို မနေတက်အောင်စိုက်ကြည့်တယ် အထက်တန်းကျောင်းသူတစ်ယောက်အတွတ် ရင်ခုန်ဖို့လုံလောက်တဲ့ အခြေအနေပဲလေ ဒီလိုနဲ့ ငါတို့ဖြစ်ခဲ့ကြတယ် သူ့ဆီက ငါသိခဲ့ရတာ ငါ့ဖြစ်တည်မှုက တစ်ခုခုမှားနေတာ သေချာတယ်ဆိုတာရယ် ငါ့အတွတ် လူတစ်ယောက်ဟာ အဲ့မှားယွင်းမှုကို ပျောက်ကွယ်သွားစေမယ် ဆိုတာပါပဲ သူနဲ့ငါရဲ့စိတ်အတွင်းမှာ လစ်ဟာမှုတစ်ခုဟာ ငါတို့ပတ်သက်မှုကို ကြာကြာမဖြစ်စေခဲ့ဘူး ဘယ်လောက်အထိလည်းဆိုတော့ ငါသူနဲ့ အကြိမ်ပေါင်းများစွာ လိင်ဆက်ဆံဖြစ်ခဲ့တယ် ငါ့ပူစီဟာ အကြိမ်ကြိမ်သူ့ရဲ့ပစ္စည်းကို လက်မခံချင်ဘူး ဒါကို အဆင်ပြေအောင် ငါလည်း ဘယ်လိုမှကြိုးစားမရဘူး သူအမျိုးမျိုးငါ့ကို သာယာအောင်ကြိုးစားတယ် ငါ့ပူစီဟာ နဲနဲမှစိုစွတ်မှုတောင် ဖြစ်မလာခဲ့ဘူးငါတို့ နည်းအမျိုးမျိုးပုံစံမျိုးမျိုးဆက်ဆံခဲ့ကြပေမယ့် ငါ့အတွတ် ကိုယ့်ပါတနာနဲ့ ဆက်ဆံတာပဲဆိုတဲ့ခံစားမှုထက်မပိုဘူး ကြာလာတော့ သူလည်း စိတ်ပျက်လာတယ်ထင်ပါတယ် ငါလည်း အားနာလာတယ် ဒီလိုနဲ့ ငါတို့ပတ်သက်မှုကို အဆုံးသတ်ပစ်လိုက်တယ် အဲ့နောက်တော့ ငါ နယ်မှာမနေချင်တာနဲ့ အထက်တန်းအောင်မြင်ဖို့ ကြိုးစားခဲ့တယ် ပြီးတော့ တက္ကသိုလ်တက်ဖို့ ငါမှာ ငွေကြေးထောက်ပံ့ပေးမယ့်သူလည်းမရှိဘူး အလုပ်လုပ်ရင်း ကျောင်းတက်ဖို့ဆိုတာကလည်း နယ်မှာ မဖြစ်နိုင်ဘူး ဖြစ်လာပြီထားဦး ငါရတဲ့ဘွဲ့နဲ့ ငါ ဘာလုပ်ရမှာလဲ ကြားထဲအချိန်ကုန်ရုံသက်သက်ပဲ ငါ စလျှောက်သင့်တဲ့လမ်းကို စောစောလျှောက်တာကောင်းတယ်လေ ဒီတော့ ငါ ဘာလုပ်ရမလဲ ဘာမှတွေးမနေတော့ဘူး ငါ့ရဲ့ပုံမှန်လည်ပတ်ဖြတ်ကျော်နေတဲ့ဘဝရဲ့အလွန်မှာ ငါရဲ့မှားယွင်းနေတယ်လို့ ခံစားရတဲ့ခံစားချက်ကြီးဟာ အချိန်တိုင်းရှိနေခဲ့တော့ ငါ့အတွတ် လက်တွေ့ဘဝမှာအဆင်မပြေတာတွေက အေးအေးဆေးဆေးပါပဲလို့တောင် ပြောလို့ရတယ် ဒီလိုနဲ့ ကျောင်းတက်ဖို့ ဘယ်လိုမှ အဆင်မပြေတာနဲ့ ငါ ဒီမြို့ပြကို ထွက်လာခဲ့တယ် သိတဲ့အတိုင်းပါပဲ ငါ ကြုံရာအလုပ်ဝင်လုပ်တာပဲ လစာသောင်းဂဏန်းနဲ့ ၁၀ နာရီလောက်လုပ်ရတဲ့ အလုပ်မျိုးလည်း လုပ်ခဲ့ရတယ် ငါ အရမ်းပင်ပန်းလာတော့ သက်သာတဲ့ အလုပ်လိုက်ရှာရင်း ဖေ့ဘွတ်မှာ ဘဲတစ်ယောက်နဲ့သိလာခဲ့တယ် သူနဲ့လက်တွဲလုပ်ရတာ အစပိုင်းအတော်လေး ကသိကအောက်ဖြစ်ခဲ့ရတယ် သူက ဒိတ်ဂဲလ်တွေကို အဆင့်အတန်းမြင့်တဲ့အသိုင်းအဝိုင်းထဲက လူငယ်လေးတွေအတွတ် ရှာပေးတာ ပွဲစားလိုမျိုးပါပဲ သူက ရစ်ချ်ကစ်လေးတွေကို သန့်သန့်ပြန့်ပြန့်လေးတွေရှာပေးတယ် ပြီးရင် ကြေးကို သူကဖြတ်တယ် သူက ပါဆန့်နဲ့စားတယ် သူက တော်ရုံမိန်းကလေးတွေနဲ့အလုပ်မလုပ်ဘူး ရုပ်ရည်ခန္ဓာအတော်အသင့်ရှိရင်တောင် သူငြင်းချင်ငြင်းပစ်တာမျိုးတွေရှိတယ်လို့ ကြားခဲ့ရတယ် အဲ့လိုသူက လန်းတာလေးတွေရှာပေးတော့ ဟိုကောင်တွေကလည်း ကြေးတောင်းသလောက်ပေးတယ် အနိမ့်ဆုံးဆိုတာ သုံးသိန်းလောက်ရတာဆိုတော့ ငါလုပ်မယ်ဆုံးဖြတ်လိုက်တယ် အဲ့တာနဲ့ သူက သူ့ကာစတန်မာတွေအတွတ် သူမျက်နှာမပျက်ရအောင်ရော အလုပ်သဘောအရ စိတ်ချရအောင်ရောဆိုပြီး သူနဲ့ပထမဆုံးလိင်ဆက်ဆံပေးရမယ်တဲ့ ပြီးတော့ ငါ့ပုံစံကိုယ်လုံးကိုယ်ပေါက်နဲ့ ၄ သိန်းခွဲအနည်းဆုံးတောင်းပေးမယ်တဲ့ ငါလည်း မစဉ်းစားပဲလက်ခံလိုက်တယ် ငါ့အတွတ် ဘာမှထူးခြားလာမှမဟုတ်ပဲ လက်တွေ့ဘဝအခြေအနေတော့ အဆင်ပြေလာမှာပဲလေ နောက်မှသိရတာ အဲ့ဘဲက အတော်လေးရွံစရာကောင်းတယ် သူ့လီးကြီးကလည်း ဆေးတွေထိုးထားတယ်ထင်တယ် အတော်လေးကြီးတယ် သူက ဒိသလုပ်တွေပါလုပ်တာ ငါ မခံနိုင်ဘူးလေ ငါ အတော်စိတ်ပျက်တာပါပဲ ဒါပေမယ့် အချိန်တစ်ခုပါပဲ ပြီးတော့လည်းပြီးမှာပဲဆိုပြီး ငါ အလိုက်အထိုက်နေခဲ့လိုက်တယ် ‌အဲ့နောက် သူငါနဲ့ ဒိတ်ပေးတဲ့ကောင်တွေက ငါ့ကိုပဲ အမြဲခေါ်တယ် လိင်ဆက်ဆံဖို့တင်မတင်ဘူး ပါတီတွေ အရက်ဝိုင်းတွေမှာပါ ငါ့ကို တွဲသွားကြတယ် ငါက သူတို့ကို တခြားယောက်ျားတွေရှိန်စေမယ့် အားကျစေမယ့်လက်နက်တစ်ခုလိုပဲ ငါဆေးလိပ်လက်ကြားညှပ်တဲ့ပုံစံဟာ "မီ" နဲ့တူတယ်တဲ့ အဲ့ကောင်တွေကြား ငါ နှစ်အတော်ကြာ မျောနေခဲ့တယ် Group S*x တွေလည်း လုပ်ကြတယ် ငါလည်း ငါ့မှားယွင်းမှုကို မေ့ထားနိုင်ရင်ပြီးတာပဲဆိုပြီး နေနိုင်သလောက်နေခဲ့တာပါ ဒါပေမယ့် လူဆိုတာ အချိန်တန် အိမ်ပြန်ရတာပဲမဟုတ်လား ငါ ရှာဖွေဖို့ထွက်လာခဲ့တော့ ဆက်ရှာဖွေဖို့ အချိန်ရောက်လာတော့တာပါပဲ
ဟဲ့ ဟိုမှာ ဟိုမှာ Mini Mart လေး အဲ့မှာ အရက်ဝယ်ရအောင်" ဆိုပြီး သူ ရုတ်တရက်စကားဖြတ်ပြောရင်း မလှမ်းမကမ်းက ‌တွေ့မြင်နေရတဲ့ ဆိုင်ဆီပြေးဝင်သွားခဲ့တယ်။


ကျနော်ကတော့ သူ့ပြောတဲ့အကြောင်းအရာတွေဟာ အမှန်တွေပဲလို့ ဘာကြောင့်မသိအလိုလိုလက်ခံနေမိတယ်။ သူ့အကြောင်းဟာ ခေါင်းထဲမှာ နေရာပေးစရာမလိုလောက်အောင် ရိုးရှင်းလွန်းနေခဲ့တယ်။ သူ့အတွတ် ‌လက်တွေ့ဘဝဟာ အဖြေရှာနေရလောက်အောင်အထိ အဓိပ္ပါယ်ရှိမနေဘူး။ သူ့အတွင်းက ပျောက်ဆုံးနေတဲ့အရာကပဲ သူ့အတွတ်အဓိပ္ပါယ်ရှိမယ်လို့ ထင်ပုံရတယ်။ ပစ္စုပ္ပန်မှာ တည့်တည့်နေထိုင်တဲ့ သူမပါပဲ။ အတိတ်နဲ့ အနာဂတ်ဆိုတာ လူတွေတိုင်ပတ်နေသလို ပိတ်လှောင်ရုန်းထွက်မရတဲ့ အရာမျိုး သူမအတွတ် မဟုတ်ဘူး။ အသာအယာဝင်ထွက်သွားလာရတဲ့ တံခါးတစ်ချပ်သာသာပဲ။ ကျနော် သူ့နောက်ကနေလိုက်သွားလိုက်တယ်။ သူမက အအေးခန်းစင်ထဲကနေ ဘီယာကိုရွေးနေပုံရတယ်။ ကျနော်က ကောင်တာနားက ရပ်စောင့်ရင်း သူမကို ကြည့်နေမိတယ်။ "ငါ ဆိုဂျူသောက်ချင်ပေမယ့် ဆောင်းတွင်းမရောက်သေးတော့ သောက်မကောင်းလောက်ဘူး ငါ ဘီယာပဲယူခဲ့မယ် နင် သောက်ချင်တဲ့တံဆိပ်ရှိလား" လို့ ကျနော့်ကို လှမ်း‌မေးတယ်။ "မရှိဘူး အဆင်ပြေရာသာဝယ်ခဲ့ ရတယ်" လို့ ကျနော်က ပြန်ပြောလိုက်တယ်။ သူမဟာ Tiger ခြောက်ဗူးကို ခြင်းထဲထည့်သယ်လာပြီး ကောင်တာပေါ်တင်လိုက်တယ်။ သူက ပိုက်ဆံထုတ်ရှင်းမယ်လုပ်နေစဉ်မှာပဲ "ဟာ မလုပ်ပါနဲ့ ငါပေးလိုက်မယ် ငါဆက်နားထောင်ချင်တယ်ဆိုလို့ နင် လမ်းလျှောက်ရင်းနဲ့ ပြောပြလာရတာ ဒီတော့ အမောပြေ ငါဝယ်တိုက်တယ်လို့သဘောထားလိုက် ထပ်နားထောင်ဦးမယ် ထပ်ပြောပြ ထပ်မောရင် ထပ်ဝယ်တိုက်မယ်ဟာ" လို့ ကျနော်ကပြောတော့ သူမက မျက်စောင်းထိုးကြည့်ရင်း "မေလိုး သေနာကောင် နင်တစ်သက်လုံးနားထောင်ရတော့မှာ စိတ်ချ ငါ့ကို စောစောလာမတွေ့တာကိုတော့ နင် လျှော်လို့ရမယ်မထင်နဲ့" ဆိုပြီး ဆိုင်အပြင်ကို လှည့်ထွက်သွားပါလေရော။ ကျနော့် ရင်ထဲတုပ်လှုပ်မှုတစ်ချို့ဖြစ်သွားတာ သတိထားမိလိုက်တယ်။ တုပ်လှုပ်မှုဆိုတာ သွေးသားတွေဗြောင်းဆန်ကုန်တာလား ကျနော်အတွင်းက အမှောင်ထုကြီး ပြုကျသွားတာလား။ သေချာတာကတော့ ကျနော် ဘယ်တစ်ဦးတစ်ယောက်နဲ့မှ မရခဲ့ဘူးတဲ့ စိတ်ပိုင်းဆိုင်ရာတစ်ခုခုဖြစ်သွားခဲ့တာလား ဆိုတာပါပဲ။ မိန်းကလေးများစွာ စိတ်ဆိုးတာ ကျနော်တွေ့ဖူးခဲ့တယ် ချော့ဖူးခဲ့တယ်။ သူမ စိတ်ဆိုးတာလောက် ချစ်စရာမကောင်းတာ သိပ်သေချာတယ်။ ကျနော် ချော့ရမှာပေါ့။ တစ်သက်လုံး သူပြောနေတာတွေ နားထောင်ရမယ်ဆို ပျော်မိမှာပေါ့။ ဘာမှတွေးနေစရာမမှ မလိုပဲ။ သူက ကျနော့်ကို စောင့်နေတယ်ဆိုရင် ကျနော်က လိုက်ရှာနေတဲ့သူ မဟုတ်လား။

သူမက ဖလပ်ဖောင်းပေါ်မှာ ဆောင့်ကြောင့်လေးထိုင်ပြီး တစ်ခုခုကို ငေးနေ တွေးနေပုံပါပဲ။ "ဘာတွေတွေးနေတာတုန်း" လို့ နောက်ကနေ သူမလန့်သွားအောင် ကျနော် စလိုက်တယ်။ သူမ မလန့်ပါ။ ကျနော့်ကို လှည့်ကြည့်ပြီး "ဟိုတယ်သွားရအောင်" တဲ့။ ကျနော် ဘာပြန်ပြောရမှန်းမသိ ခဏစဉ်းစားလိုက်တယ်။ ဒါပေမယ့် သူနဲ့ကျနော့်ကြားမှာ စိတ်ပိုင်းဆိုင်ရာဆက်သွယ်မှုကြီးတစ်ခုက ခိုင်ခိုင်မာမာရှိနေသလိုပဲ။ ကျနော် သူမကို သူစိမ်းတစ်ယောက်လို့ စတွေ့ကတည်းက မခံစားခဲ့ရဘူး။ "ငါ နင့်ကိုတွေ့ကို အရမ်းစိတ်ထလာတယ်ဟာ နင့်ရဲ့ အသားတွေနဲ့ပူးကပ်ပွတ်တိုက်ပြီး ငါ အတူနေချင်နေပြီ" လို့ သူ ဆက်ပြောတယ်။ " ငါဆို နင့်ဖင်ကြီးမြင်ကတည်းက ကြိတ်ချင်နေတာ" လို့ ကျနော် ပွင့်ပွင့်လင်းလင်းပဲပြောလိုက်တယ်။ "ငါတို့ မိနစ်နှစ်ဆယ်လောက်လမ်းလျှောက်ရင် ငါ့အခန်းရောက်ပြီ ငါတို့ ‌ဘီယာမော့ရင်း ‌လမ်းလျှောက်ရင်း သွားမလား Taxi ငှားလိုက်ရမလား" သူမကို လို့မေးလိုက်တယ်။ " ငါဆက်ပြောတာ နားထောင်ချင်သေးရင် လမ်းလျှောက်မယ်လေ ဒါပေမယ့် ငါ့ကို အခန်းရောက်ရင် အရမ်းလုပ်ပေးနော် ငါ ကိုယ်တွင်းက တစ်ခုခုက အရမ်းဆူပွတ်နေသလိုပဲ ငါ ဒီလိုမျိုး ဘယ်ယောက်ျားနဲ့မှ မဖြစ်ခဲ့ဖူးဘူး" လို့ သူ တစ်ခုခုအဆင်မပြေဖြစ်နေဟန်နဲ့ ညည်းတွားသလိုပြောတယ်။ "စိတ်ချပါ ငါလည်း ဘယ်မိန်းမနဲ့မှ အံဝင်ဂွင်ကျဖြစ်တယ်လို့ မခံစားခဲ့ရဘူး သူတို့က ငါ့ဘဝထဲဝင်လာတယ် ပြီးရင် ငါ့ဒါ့ခ်ဆိုဒ်ကို မခံနိုင်ဘူးဆိုပြီး ထွက်သွားကြတယ် ငါဘာကိုမှ တမင်မလုပ်ဘူး ဘယ်သူ့ကိုမှလည်း မခေါ်ခဲ့ဘူး ငါ့ဟာငါ ငါ့ရှင်သန်မှုအပေါ်ရိုးရိုးသားသားနေထိုင်နေတာပါပဲ ဒါပေမယ့် ငါ ဘာကြောင့်မှန်းမသိ ညက ‌တိုက်ပေါ်က ပြေးဆင်းခဲ့မိတယ် ဘာကြောင့်လဲမသိ မင်းဆီကို ပြေးလာခဲ့တယ် မင်းကိုတွေ့တော့ ငါ့တစ်ဘဝလုံး စိတ်နဲ့ခန္ဓာတစ်ထပ်တည်းမကျဘူးလို့ ခံစားမိသမျှမရှိတော့ဘူး ငါ အရာအားလည်းကို ပုံမှန်မြင်မိလာတယ်" လို့ ကျနော် စကားထိန်းမနေတော့ပဲ ပြောလိုက်တယ်။ "နင်က ပုံမှန်မမြင်ချင်လို့ ဘယ်လိုမြင်ချင်လို့လဲ" လို့ သူက အရွှန်းဖောက်ပြီး ‌ပြောင်စပ်စပ်မျက်နှာထားနဲ့ ကျနော့်ကို မေးတယ်။ "အံမယ် စောင့်နေတဲ့သူက ပြောအားရှိတာပေါ့" ‌လို့ ကျနော်ပြောလိုက်တယ်။ သူမက " အေးပါ ငါလည်းအမြဲ နင့်ကိုရှာနေခဲ့တာ ငါ နင့်ကို ဘယ်လိုသိလည်းဆိုတော့ ငါ ခေါင်းလျှော်နေကျ ဆိုင်ဘေးမှာ ဗေဒင်ဆရာမကြီးတစ်ယောက်ရှိတယ် အရမ်းနာမည်ကြီးတယ် စီးပွားရေးသမားအကြီးစားတွေ လာပွဲပေးကြတယ်တဲ့ တစ်ခါပေးရင် သုံးသိန်းလေးသိန်းလောက်ကုန်တယ်တဲ့ စစ်တပ်အနွယ်တွေတောင် သူ့ဆီလာပြီး မေးကြတယ်ပေါ့ဟာ ငါ ဒိတ်ဂဲလ်ဘဝကနေ နားတော့မယ်ဆိုပြီး စပြီးတွေးနေတဲ့ရက်ပိုင်း ငါခေါင်းလျှော်နေကြဆိုင်ကို ခေါင်းသွားလျှော်တယ် အဲ့နေ့က ငါ အဲ့ဆိုင်ကအပြန်မှာ ငါ ဘာကြောင့်ရယ်မသိ အဲ့ဗေဒင်ဆရာမဆီ ဝင်ခဲ့မိတယ် ငါ ဘာဖြစ်နေလည်းသိချင်ရုံသက်သက်ပါပဲ ငါမှ အနာဂတ်တွေ တခြားအရာတွေကိုမှမသိချင်တာ ငါရဲ့ မှားယွင်းတယ်လို့ခံစားနေရတဲ့ အခြေအနေကို ဖြေရှင်းချင်တာနဲ့ အဆင်ပြေမလားလို့ လုပ်ခဲ့မိတာပဲ သူက ပွဲပေးရမယ်ဆိုလို့ ငါ တစ်သိန်းခွဲကုန်ခဲ့တယ် ငါ့ကို နောက်သုံးရက်နေထူးမယ်ပြောပြီး ငါ့ကို ပြန်လွှတ်လိုက်တယ် ဖြစ်ချင်တော့ သူပြောတဲ့သုံးရက်မြောက်နေ့ဟာ ဟိုရစ်ခ်ျကစ်ကောင်တွေနဲ့ Group S*x ပါတီလုပ်တဲ့နေ့ပဲ ငါ့ကို ဝိုင်းလုပ်ကြတယ် တခြားမိန်းကလေးတွေလည်းပါပေမယ့် ငါ့ကိုပဲ တစ်ယောက်ပြီးတစ်ယောက်လုပ်ကြတယ် ငါ သတိမေ့သွားတဲ့အထိပဲ ငါ ပြန်သတိရလာတော့ ငါကာစတန်မာတွေနဲ့ ပုံမှန်တွေ့နေကြ ဟိုတယ်မှာ နိုးလာခဲ့တယ် ဒါပေမယ့် အဲ့အချိန်မှာ ထူးတာက ငါသတိမေ့နေတုန်း အိမ်မက်လိုလိုနေရာတစ်ခုကိုရောက်သွားတာ အဲ့နေရာလေးက အိမ်လေးတစ်လုံးထဲမှာ ငါရယ်နင်ရယ် ကလေးနှစ်ယောက်ရယ် မိသားစုဘဝလေးဖြစ်နေတယ် ငါ နိုးနိုးချင်း အဲ့တာကို စဉ်းစားမိတော့ ငါ့ဘဝမှာ ပထမဆုံးအကြိမ် လက်တွေ့ဘဝလေးတစ်ခု လိုချင်ခဲ့တယ် ငါရဲ့ မှားယွင်းမှုကလည်း နင်ပဲ နင်နဲ့တွေ့ရရင် အဆင်ပြေမယ်လို့ ကြိမ်းသေသိနေခဲ့တယ် ဒီလိုနဲ့ နောက်ရက်တွေမှာ အဲ့ပုံရိပ်တွေပဲ ထပ်ခါထပ်ခါမက်တယ် ငါ ဗေဒင်ဆရာမကြီးဆီသွားတယ် သူက ကူညီလို့မရဘူးပဲပြောနေလို့ ငါ အော်ဆဲခဲ့သေးတယ် ငါ လူတိုင်းကို လိုက်ကြည့်တယ် နင်များဖြစ်နေမလားလို့ အဲ့လိုနဲ့ ငါ ညက အပြင်ထွက်ဈေးဝယ်ရင်း အိမ်ပြန်ချင်စိတ်မရှိနေခဲ့ဘူး ငါ နင်နဲ့ ဒီညတွေ့ရမယ် နင် ငါ့ဆီကို လာမယ်လို့ ငါအလိုလိုသိနေခဲ့တယ် ငါ အဲ့လိုသိသိချင်း အဲ့နေရာမှာပဲ ငါ နင့်ကိုစောင့်နေတာ နာရီအတော်ကြာပြီးနောက် နင်ရောက်လာတယ်လေ နင်နဲ့ငါ ဘယ်မှာလွဲခဲ့လည်း နောက်တော့ စဉ်းစားကြမယ်လေနော် အခုတော့ ငါ ‌စိတ်ကျေနပ်တယ်ပြောရမလား ပျော်ရွှင်မှုလို့ပြောရမလား နင်နဲ့အတူရှင်သန်နေရတာ ငါကြိုက်တယ် တကယ်ဆို လူတစ်ယောက်ဟာ ဘာတွေပဲဖြစ်နေပါစေ လူတစ်ယောက်ပဲလိုတာပါ အဓိပ္ပါယ်မဲ့မှုတွေကြား ငါတို့ သေဆုံးခြင်းကို အတူစောင့်ကြမယ်နော်" လို့ ‌သူမ ပြောပြီး သုံးဗူးမြှောက်ဘီယာဗူးကို ဖွင့်ပြီး မော့တယ်။

တိုက်ခန်းပြန်ရောက်ရောက်ချင်း သူမ လှည့်ပတ်ကြည့်ပြီး "ငါ နင့်အခန်းလေးအရမ်းကြိုက်တာပဲ"လို့ ပြောတယ်။ "ငါ ယုံတယ် နင်ပြောတာတွေကို အမှန်ပဲလို့ ငါယုံတယ် ဘာဖြစ်လို့လည်းဆိုတော့ ငါ ပြေးဆင်းမလာခင်အထိ ဒီအခန်းဟာ အမှောင်အတိနဲ့ ဆေးလိပ်ပြာခွက်ထဲကနေ လူတွေရဲ့သူတို့အတ္တကို တစ်ယောက်ယောက်အပေါ် အာသာဖြေရင်သုံးတဲ့ စကားလုံး"အချစ်" နဲ့ဆိုင်တဲ့ သီချင်းတွေထွက်လာနေခဲ့တာ ငါဘယ်လိုမှ သည်းခံလို့မရဘူး အခုတော့ ငါ ပျောက်ဆုံးနေခဲ့တာကို ရှာတွေခဲ့ပြီ ငါ နေချင်တဲ့နေရာကလည်း နင့်အနားမှာပါပဲ"လို့ပြောပြီး သူ့နှုတ်ခမ်းတွေကို နမ်းလိုက်တယ်။ သူမရဲ့ ထဘီဟာ လျောကျသွားတယ်။ သူမရဲ့ဖင်လေးကို ကျနော် ဖျစ်ဆုပ်လိုက်တယ်။ အိမ်ရှေ့ခန်းမှာပဲ ကျနော်တို့ ကိုယ်တွင်းက လစ်ဟာနေမှုတွေကို အစားထိုးပစ်လိုက်တော့တယ်။

- ပြာခွက်ထဲက သီချင်းတစ်ပုဒ်
- Wiktor

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon

Other Poet in Yangon (show all)
Tom Chrise Tom Chrise
Yangon

feeling

Arramay's Catch-All Arramay's Catch-All
Yangon

Catch-all

Poem٭ Poem٭
Yangon

Like My Video

Chit Thaw Chit Thaw
Yangon

ERA ERA
Yangon

Hey Don't Give Up

VK-sweet dream VK-sweet dream
Kyaik Khauk Pagoda Road
Yangon, 11291

မင်္ဂလာပါရှင့် K7 Online Games မှ ကြိုဆိုပါတယ်ရှင့်

aung kyaw win htut aung kyaw win htut
Myarnar
Yangon

လွမ်းတိုင်း.........

Saw Lin Aung Saw Lin Aung
တောင်တဂုံ
Yangon, SAW

တစုံတဦးရဲ့ လွမ်းမိုးမူ ကို ငြင်ပယ်သည်.

Dea by chiko Dea by chiko
Yangon

Adorable Poem,Memorable Notes….

My Little Ardani My Little Ardani
Yangon

The ones I love…

Flife Flife
Yangon

Feeling down

POEM POEM
Yangon

Feeling