Dr.PSYCH

Dr.PSYCH

A team of psychiatrists offering a personalized approach to each individual to meet your need

29/05/2023

🍻စံ အရက် (Standard drink)🍻

Standard drink ဆိုသည်မှာ အဖျော်ယမကာတစ်ခုတွင်ပါရှိသော alcohol(ethanol) ပမာဏကို တိုင်းတာရန်အတွက် အသုံးပြုသည့် အတိုင်းအတာတစ်ခုဖြစ်သည်။

Standard drink အဓိပ္ပါယ်ဖွင့်ဆိုချက်သည် နိုင်ငံ သို့မဟုတ် ဒေသပေါ်မူတည်၍ အနည်းငယ်ကွဲပြားနိုင်သော်လည်း ယေဘူယျအားဖြင့် ၎င်းသည် ယမကာရှိ alcohol ပါဝင်မှုအပေါ် အခြေခံသည်။

နိုင်ငံကြီးများတွင် standard drink အပေါ် အခြေခံပြီး alcohol ကြောင့်ဖြစ်သော ကျန်းမာရေးပြဿနာများကို လျှော့ချရန် guideline ထုတ်ပြန်ထားသည်များရှိသည်။(မြန်မာပြည်သုံး standard drink ဟူ၍တော့ မကြားဖူးသေးပါ)

USA one standard drink တွင် pure alcohol 14 g ဟု သတ်မှတ်ထားသည်။

ဤ alcohol 14 g ပါဝင်သည့် one standard drink ပမာဏသည်
- ပုံမှန်ဘီယာ (355 မီလီလီတာ) တစ်ခွက် (များသောအားဖြင့် alcohol 5% ဝန်းကျင်)
- ဝိုင် (၁၄၈ မီလီလီတာ) တစ်ခွက်
(ပုံမှန်အားဖြင့် alcohol 12% ဝန်းကျင်)
- ဝီစကီ၊ ဗော့ဒ်ကာ သို့မဟုတ် ရမ် ကဲ့သို့သော အရက် (၄၄ မီလီလီတာ) တစ်ခွက်
(ပုံမှန်အားဖြင့် alcohol 40% ဝန်းကျင်) တို့နှင့် ညီမျှပါသည်။

ကွဲပြားသော အရက်အမျိုးအစားနှင့် အမှတ်တံဆိပ်များတွင် alcohol percentage အရက်ပြင်းအား ကွဲပြားနိုင်သည်ကို သတိပြုရန် အရေးကြီးပါသည်။

အမျိုးသားများအတွက် တစ်နေ့လျှင် standard drink ၂ ခွက်၊ အမျိုးသမီးများအတွက် တစ်နေ့လျှင် standard drink ၁ ခွက် သောက်သုံးနိုင်သည်ဟု ယေဘူယျသတ်မှတ်ထားပါသည်။

တစ်ရက်ကို Standard drink မည်မျှသောက်သုံးနိုင်
ကြောင်းသည် မပြည့်စုံသေးပဲ safer drinking behavior အကြောင်းကို သင် ဆက်လက် လေ့လာရန် လိုအပ်ပါဦးမည်။

Dr.PSYCH

Photos from Dr.PSYCH's post 12/05/2023

🍀အထီးကျန်ခြင်း ကင်းဝေးရာ🍀

Let's talk about it.

03/05/2023

🌵 အမှောင့်ပရောဂကို ဘယ်သူ နေရာရွှေ့ထားသလဲ 🌵

စိတ်ကျန်းမာရေးပြဿနာများကို တိုင်းရင်းဆရာ၊ဘာသာရေးဆရာများဖြင့် ကုသသည့်အခါ မှားယွင်းစွာပြုမူမိတတ်တဲ့ အခြေအနေများရှိပါတယ်။ စိတ်ကျန်းမာရေးလက္ခဏာအတိမ်အနက်ကို ကောင်းစွာ သဘောမပေါက်ပါက ဝေဒနာရှင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာကို အလွဲသုံးစားပြုမူမိသည်အထိ မှားယွင်းတတ်ပါတယ်။

အချို့တိုင်းရင်းဆရာများ၊ ဘာသာရေးဆရာများဟာ ယုံကြည်မှုထုံးတမ်းအရ ဓါး၊ အပ် သို့မဟုတ် အခြားချွန်ထက်သော အရာဝတ္ထုများကို အသုံးပြုကြတဲ့အခါ အဆိုပါ ပစ္စည်းကိရိယာများကို စနစ်တကျပိုးသတ်ထားခြင်းမရှိလျှင် ဝေဒနာရှင်များကို အနာတရဖြစ်စေခြင်း၊ ပိုးဝင်ခြင်း တို့ဖြစ်တတ်ပါတယ်။

ထို့အပြင် စိတ်ကျန်းမာရေး လက္ခဏာခံစားနေရသူများအနေနဲ့ ၎င်းတို့ရဲ့ ဝေဒနာများမှာ ပြင်ပ ပယောဂတစ်ခုခုကြောင့်ဖြစ်စေ၊ တစ်စုံတစ်ယောက်က အောက်လမ်းနဲ့ ပြုစားထားတယ်လို့ လက်ခံမိခြင်းကြောင့်ဖြစ်စေ မိမိကိုယ်ကို ရှက်ရခြင်း၊ တခြားသူကို အပြစ်တင်ခြင်းနဲ့ မိမိကိုယ်ကို အပြစ်တင်ခြင်းတို့ကို ပြင်းပြင်းထန်ထန်ဖြစ်စေနိုင်ပြီး မလိုလာအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုအမှားများ (Delusion) ကိုပါတိုးပွားစေနိုင်ပါတယ်။

ဥပမာ- တိုင်းရင်းဆရာ၊ဘာသာရေးဆရာများနဲ့ပြသပြီး အောက်လမ်းနဲ့ ပြုစားခံထားရတယ်လို့ ယုံကြည်သွားတဲ့သူတစ်ယောက်ဟာ မိမိရဲ့ ပတ်ဝန်းကျင် သို့မဟုတ် ယခင်မိမိနဲ့ အဆင်မပြေဖြစ်ဖူးသူများက ၎င်းကို လုပ်ကြံထားကြောင်း တထစ်ချယုံကြည်ကာ ပိုမိုအမုန်းပွားခြင်း၊ အခြား စိတ်ကျန်းမာရေး လက္ခဏာများ တိုးပွားလာခြင်းများ ဖြစ်တတ်ပါတယ်။

အချို့ယုံကြည်မှုများအရ အောက်လမ်း ပယောဂထုတ်ရန်၊ ပူးကပ်နေတဲ့ သရဲတစ္ဆေများ မောင်းထုတ်ရန် အစရှိတဲ့ ရည်ရွယ်ချက်များဖြင့် ရောဂါကို ကုသရန် ဝေဒနာရှင်ရဲ့ ကိုယ်ခန္ဓာကို ရိုက်နှက်ခြင်း၊ အခြားရုပ်ပိုင်းဆိုင်ရာ အနာတရဖြစ်စေတဲ့ နည်းလမ်းများအသုံးပြုခြင်းဟာ ဝေဒနာရှင်အား ပိုမိုစွာ စိတ်ရောကိုယ်ပါထိခိုက်စေနိုင်ပါတယ်။ ပရောဂထုတ်သည့်အနေဖြင့် ကလေးငယ်ကို ရိုက်နှက်ရာမှ လက်လွန်ပြီး သေဆုံးသွားတဲ့ သာဓကများလည်း ရှိခဲ့ဖူးပါတယ်။

ထို့အပြင်၊ သက်သေခိုင်မာတဲ့ evidence based စိတ်ကုထုံးများ၊ ဆေးဝါးကုသမှုများကို ရရှိရန် အချိန် နှောင့်နှေးသွားတဲ့အခါ ရောဂါလက္ခဏာများ တိုးလာခြင်း၊ နေ့စဥ် လုပ်ငန်းဆောင်တာများမလုပ်နိုင်တော့ခြင်းတို့ ဖြစ်စေနိင်ပါတယ်။

ဥပမာ အသက်ငယ်ရွယ်သေးတဲ့ အချိန်မှာ အစပျိုး ဖြစ်ပွားတတ်တဲ့ အစောပိုင်းစိတ်ကစဥ့်ကလျားလက္ခဏာများဟာ မှန်ကန်ထိရောက်တဲ့ ကုသမှုကို စောလျှင်စွာ မရခဲ့လျှင် ရည်ရှည်ရောဂါတိုးတက်မှုအခြေအနေ (long term prognosis) ကို ထိခိုက်သွားတတ်ပါတယ်။ ဆေးကုသမှု ကုန်ကျစရိတ်များဟာလည်း လိုအပ်သည်ထပ် ပိုမိုကုန်ကျကာ ကုသမှုဆက်လက်ရယူဖို့ ခက်ခဲသွားနိုင်ပါတယ်။

တိုင်းရင်းဆေးကုထုံးများ အားလုံးကို အန္တရာယ်ရှိတယ်လို့ မဆိုလိုသော်လည်း Client များဘက်မှ ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို သတိထားနိုင်ရန် လိုအပ်ပါတယ်။

တိုင်းရင်းဆရာ၊ဘာသာရေးဆရာများမှလည်း ဘေးကင်းပြီး ထိရောက်သည့်စိတ်ကုထုံးများ၊ ဆေးဝါးကုထုံးများ ရယူနိုင်ကြောင်း ဝေဒနာရှင်များအား ကြိုတင်အသိပေးနိုင်ရန် အရေးကြီးလှပါတယ်။

🍀 သို့မှသာ လူတစ်ဦးချင်းစီဟာ ကုသမှုရွေးချယ်စရာ အမျိုးမျိုးကို လက်လှမ်းမီပြီး ဘေးကင်းထိရောက်သော ကျန်းမာရေးအသိဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်များချနိုင်မှာ ဖြစ်ပါတယ်။🍀

🌿 Our first rule is "Do no harm" 🌿

Dr.PSYCH

01/05/2023

🌹 ကံကိုယုံ ဆူးပုံမနင်းကြရအောင်🌹

ကံကို ယုံကြည်ခြင်းဟာ အစဥ်အလာအရ ဘာသာရေးယုံကြည်မှုတစ်ခုဖြစ်ပြီး စိတ်ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီဖို့အတွက် အတားအဆီးတစ်ခုဖြစ်နေတတ်ပါတယ်။ ဗုဒ္ဓဘာသာမှာ ကံရဲ့သဘောတရားအရ ပစ္စုပ္ပန်ရဲ့ လုပ်ရပ်ဟာ နောင်ဘဝမှာ အကျိုးဆက် ရှိလာနိုင်တယ်လို့ ယူဆပါတယ်။

ထိုအခါ လူအချို့က စိတ်ကျန်းမာရေးပြဿနာများဟာ အတိတ်ကံ မကောင်းခြင်းရဲ့ ရလာဒ်ဖြစ်တယ်လို့ ယုံကြည်ကြပြီး ထိုပြဿနာများကို ကုသဖို့ ရောဂါရှာဖွေတာဟာ သဘာဝရဲ့အစီအစဥ်ကိုဆန့်ကျင်တယ်လို့ ရှုမြင်တတ်ကြပါတယ်။

အဆိုပါယုံကြည်ချက်ဟာ အကူအညီကို ရယူခြင်းကနေ ဟန့်တားနိုင်သောကြောင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် သိသာထင်ရှားတဲ့ အတားအဆီးတစ်ခုဖြစ်လာနိုင်ပါတယ်။ ယင်းအစား ၎င်းတို့ဟာ တိုင်းရင်းဆေးဆရာများ သို့မဟုတ် ဘာသာရေးခေါင်းဆောင်များထံ ကုသဖို့ ရောက်ရှိသွားတတ်ပါတယ်။

အဆိုပါ တိုင်းရင်းဆရာ၊ဘာသာရေး အရင်းအမြစ်များမှ လမ်းညွှန်မှုများကို ရှာဖွေခြင်းဟာ အချို့သော အနုစားစိတ်ကျန်းမာရေးလက္ခဏာများတွင် အထောက်အကူဖြစ်နိုင်တတ်သော်လည်း ၎င်းဟာ စိတ်ကျန်းမာရေးအခြေအနေတစ်ခုချင်းစီ၊ လူတစ်ဦးချင်းစီအတွက် အမြဲတမ်း အထိရောက်ဆုံးနဲ့ အသင့်လျော်ဆုံး ကုသမှုပုံစံမဟုတ်ပါ။

ဒါ့အပြင် ကံကိုယုံကြည်ခြင်းဟာ စိတ်ကျန်းမာရေးပြဿနာ ကြုံတွေ့နေရသူတွေကို ရှက်ရွံ့တတ်တဲ့ အမည်းစက်(stigma)နဲ့ ခွဲခြားဆက်ဆံခံရခြင်းဆီကို ဦးတည်သွားစေတတ်ပါတယ်။ ၎င်းတို့ဟာ အတိတ်ဘဝမှာ အမှားတစ်ခုခုလုပ်ခဲ့မိခြင်းကြောင့် လက်ရှိဘဝမှာ အားနည်းပြီး ၄င်းတို့ရဲ့ ဘဝစိန်ခေါ်မှုများကို ရင်ဆိုင်နိုင်စွမ်းမရှိတော့ပြီလို့ ရှုမြင်သွားတတ်ကြပါတယ်။

စိတ်ကျန်းမာရေးအခြေအနေတွေဟာ အတိတ်ကံ မကောင်းတာရဲ့အကျိုးဆက်လို့ မယူဆပဲ မှန်ကန်သောစောင့်ရှောက်ကုသမှုများနဲ့ သိပ္ပံနည်းကျ(evidence- based) ကုသနိုင်ကြောင်းကို လက်ခံထားတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။

သို့မှသာ ယခုလို စိတ်ကျန်းမာရေးကုသမှုရရှိဖို့အတွက် အတားအဆီးတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

Dr.PSYCH

01/05/2023

🍀 အတွေ့အကြုံရှိ စိတ်ကျန်းမာရေးဆရာဝန်များဖြင့် ဖွဲ့စည်းထားသည့် "Dr.PSYCH" Mental Health Service Team ရဲ့ ဝန်ဆောင်မှုများအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ် 🍀

🍀ရရှိနိုင်သော ဝန်ဆောင်မှုများ🍀

💭 အရက်၊ မူးယစ်ဆေးစွဲနှင့် စိတ်ကျန်းမာရေးအသိပညာပေးခြင်း (Mental health education )
💭စိတ်ကျန်းမာရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခြင်း (Medical Appointments)

💭အလုပ်ဖိစီးမှုများ၊ relationship ပြသနာများ၊ မိသားစုပြသနာများနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသော စိတ်ကျန်းမာရေးအခြေအနေများကို Psychological tools များ အသုံးပြု၍ စစ်ဆေးပေးခြင်း။ (Medical evaluation)

💭စိတ်ကျန်းမာရေးအခြေအနေနှင့်ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ခြင်း၊ လိုအပ်ပါက ဆေးကုသမှုပေးခြင်း။ (Counselling and medication management)

💭Online မှ တစ်ဆင့် ဆွေးနွေးတိုင်ပင်ခြင်း။ (Telemedicine service)

☎09401823382
☎09962102926
☎️09968505742

⏰ Daily (9 AM - 5 PM)

💚End the stigma now.
💚Let's talk.
💚We Promise Your Confidentiality.

⚡Dr.PSYCH⚡

30/04/2023

🍁Sensation to Perception: How our brain works Raw data to Meaningful experiences🍁
~ အကြမ်းထည်အာရုံများကို အဓိပ္ပါယ်ရှိသောအာရုံများအဖြစ် ပုံဖော်ခြင်း ~

Sensation နဲ့ Perception ဟာ ကျွန်တော်တို့ မွေးဖွားရာအချိန်မှစတင်ပြီး ပတ်ဝန်းကျင်ကမ္ဘာကို နားလည်သဘောပေါက်စေရန် ကူညီပေးတဲ့ ဦးနှောက်ရဲ့ လုပ်ငန်းစဉ်နှစ်ခုဖြစ်ပါတယ်။

Sensation ဆိုတာဟာ အမြင်၊ အသံ၊ အကြား၊ အရသာ၊ အထိအတွေ့စတဲ့ အာရုံငါးပါးအချက်အလက်(raw data)တွေကို ပုံဖော်ပေးတဲ့ လုပ်ငန်းစဉ်ကို ရည်ညွှန်းပါတယ်။ ဥပမာ မျက်စိကနေတဆင့် မြင်တဲ့ sensation ကို ရပြီး နားကနေတဆင့် ကြားတဲ့ sensation ကို ရပါတယ်။

Perception ဆိုတာဟာ ထို အာရုံငါးပါး sensation အချက်အလက်(raw data)ကို အဓိပ္ပာယ်ဖွင့်ဆိုပြီး နားလည်သဘောပေါက်တဲ့ လုပ်ငန်းစဥ်ဖြစ်ပါတယ်။ မြင်တဲ့ sensation ကနေ တဆင့်တက်ပြီး အဝါရောင်၊အနီရောင် စသဖြင့်ခွဲခြားတာ၊ ကြားတဲ့ sensation ကနေ တဆင့်တက်ပြီး ကားသံ၊ လူသံ ခွဲခြားပေးနိုင်တာပါ။

Meditation (တရားထိုင်ခြင်း)ဟာ Sensation နဲ့ perception တို့ ဘယ်လို အတူတကွ အလုပ်လုပ်ဆောင်ကြသလဲဆိုတာရဲ့ အကောင်းဆုံး ဥပမာတစ်ခု ဖြစ်ပါတယ်။

Meditation လုပ်နေစဥ်မှာ မိမိတို့ရဲ့ ဝင်လေ၊ထွက်လေ သို့မဟုတ် သီးခြားခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုကို အာရုံစိုက်လေ့ရှိကြပါတယ်။ အဆိုပါ လုပ်ငန်းစဉ်မှာ နှာခေါင်းဖျားက လေအဝင်အထွက်ဖြစ်နေချိန် (ပူတဲ့၊အေးတဲ့) သဘောတရား ကို သိခြင်းသည် sensation (raw data, not even hot or cold) ဖြစ်ပြီး ထိုမှတဆင့် အေးသည့်သဘောဟာ"ဝင်လေ"၊ ပူသည့်သဘောဟာ "ထွက်လေ"လို့ ဦးနှောက်ကဘာသာပြန်ပြီး နားလည်သဘောပေါက်ခြင်းဟာ perception ဖြစ်ပါတယ်။

အခြေခံအားဖြင့် ဝင်လေထွက်လေကို အာရုံထားနေရာကနေ အခြားအာရုံ sensation တွေဟာ distraction အနေနဲ့ ဝင်လာခဲ့ရင်လည်း အခြား perception အနေနဲ့ အဓိပ္ပါယ်အဖွင့်ဆိုပါတယ်။ ဥပမာ ခန္ဓာကိုယ်နေရာတစ်ခုက sensation တစ်ခုဟာ သိသိသာသာပေါ်လာတဲ့အခါ perception အနေနဲ့ နာကျဥ်မှုတစ်ခုအဖြစ် နားလည်သဘောပေါက်အောင် meditation လုပ်ငန်းစဥ်မှာ လေ့ကျင့်ပါတယ်။

(ပုံမှန် ခန္ဓာကိုယ်ရဲ့သဘာဝအရ နာကျဥ်မှုတစ်ခု ဖြစ်ပေါ်ခဲ့ရင် fight or flight reaction အနေနဲ့ emotionally ဒေါသထွက် တုန့်ပြန်တတ်တာမျိုးရှိပေမယ့် meditation လုပ်ငန်းစဥ်မှာတော့ emotionကို ထိန်းချုပ်ထားပြီး cogntive process ရဲ့ အစောပိုင်း သဘောတရားကိုပဲ မြင်အောင်ကြည့်ဖို့ လေ့ကျင့်ကြပါတယ်)

ထိုကနေတဆင့် sensationအာရုံများစွာနဲ့ perception အာရုံခံစားမှုများစွာကို sustained attention နဲ့ အကောင်းအဆိုးမဝေဖန်ပဲ non-judgementally စောင့်ကြည့်ပြီး Emotion ဘက်ကို ကူးပြောင်းစေတဲ့အထိ မထားပဲ ဖြတ်ချလိုက်တဲ့ လုပ်ငန်းစဥ်တစ်ခုဖြစ်ပါတယ်။

စိတ်ကျန်းမာရေး နယ်ပယ်မှာ အသုံးပြုနေတဲ့ mindfulness based therapy တွေဟာ sensation နဲ့ perception ပေါ်မှာ အခြေခံထားတာဖြစ်ပြီး client များရဲ့ စိတ်ကျန်းမာရေးလက္ခဏာများကို လျော့ကျစေနိုင်ပါတယ်။

ဥပမာအားဖြင့်၊ အစိုးရိမ်လွန်ကဲသည့် ရောဂါများကို ကုသရာမှာ deep breathing ဟာ client များရဲ့ အာရုံကြောစနစ်ကို ငြိမ်သက်စေပြီး ၎င်းတို့ရဲ့ စိတ်ခံစားမှုများကို ထိန်းညှိပေးပါတယ်။

Emotion တစ်ခု မဖြစ်ပေါ်ခင် ဖြတ်သန်းရမယ့််အဆင့်တွေဖြစ်တဲ့ Sensation နဲ့ perception သဘောတရားများဟာ စိတ်ပညာရဲ့ အခြေခံကျတဲ့ အစိတ်အပိုင်းများပဲဖြစ်ပါတယ်။

🍀 Let it all go. See what stays 🍀

Dr.PSYCH

29/04/2023

💬 စိတ်အခြေအနေကွဲပြားမှုများ 💬

စိတ်ပိုင်းဆိုင်ရာကို လေ့လာတဲ့အခါမှာ Emotion နဲ့ Mood ဆိုတဲ့ စကားလုံး အသုံးအနှုန်းနှစ်မျိုးအကြောင်း သိထားဖို့လိုအပ်ပါတယ်။

စိတ်ခံစားမှု (feeling) ဆိုရာမှာ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေကို မိမိရဲ့ အသိစိတ်နဲ့ ခံစားရတာဖြစ်ပါတယ်။ ၎င်းကို ရုပ်ပိုင်းဆိုင်ရာ အာရုံခံစားမှုများ၊ အတွေးအမြင်များနဲ့ လူမှုရေးဆိုင်ရာအချက်များက လွှမ်းမိုးထားပါတယ်။

လူတစ်ယောက်ရဲ့ စိတ်အခြေအနေကို လေ့လာဖို့ လိုအပ်လာတဲ့အခါမှာတော့ emotion နဲ့ mood ဆိုပြီး စိတ်အခြေအနေ နှစ်ရပ်ကို ခွဲခြားထားပါတယ်။
Emotion ဟာ လတ်တလောရာသီဥတု (Weather) နဲ့ တူတယ်။ အခြေအနေဟာ ပြင်းထန်နိုင်ပြီး၊ ခဏတာနဲ့ လျင်မြန်စွာ ပြောင်းလဲသွားနိုင်တဲ့ စိတ်အခြေအနေတစ်ခုပါ။ ဥပမာအားဖြင့်၊ မိုးကြိုးမုန်တိုင်းဟာ ရုတ်တရက်ရောက်လာပြီး တစ်နာရီအတွင်း ပျောက်ကွယ်သွားသလိုမျိုး ဒေါသ သို့မဟုတ် ဝမ်းနည်းစရာတွေဟာ လျင်မြန်စွာ ဖြစ်ပေါ်လာပြီး လျင်မြန်စွာ ပျောက်ကွယ်သွားတတ်တယ်။ လူတစ်ယောက်ဟာ ဒေါသထွက်စရာကိစ္စတစ်ခုနဲ့ကြုံလို့ ဒေါသထွက်ပြီးစိတ်ဆိုးသွားတယ်၊ ခဏနေတော့ ဒေါသပြေသွားတယ်ဆိုတာကို short lived emotion လို့ ဆိုကြပါတယ်။

Mood ဆိုတာကတော့ တာရှည်တည်ရှိနေတဲ့ ရာသီဥတု (Climate) နဲ့တူပါတယ်။ စိတ်ခံစားမှုက သိပ်မပြင်းထန်ပေမယ့် ပို ကြာရှည်ရှိနေတတ်တဲ့ စိတ်အခြေအနေတစ်ခုပါ။ ဥပမာအားဖြင့် ဒေသတစ်ခုရဲ့ ရာသီဥတုဟာ အပူပိုင်းဒေသ၊ အအေးပိုင်းဒေသ၊ မိုးများတဲ့ဒေသ ဆိုပြီး သတ်မှတ်နိုင်သလိုပဲ လူတစ်ဦးရဲ့ အချိန်ကြာမြင့်စွာ တည်ရှိနေတဲ့ စိတ်အခြေအနေကို ခန့်မှန်းတဲ့ နေရာမှာ Mood ဆိုတဲ့ စကားလုံးကို သုံးကြပါတယ်။ လူတစ်ယောက်ဟာ စိတ်ဖိစီးစရာအခြေအနေတစ်ရပ်ရပ်ကြောင့် အချိန်တစ်ခုအထိ မပျော်ရွှင်တာ၊ ဝမ်းနည်းနေတာမျိုးကို long lived ဖြစ်တဲ့ mood လို့ သတ်မှတ်ပါတယ်။
( အချိန်တစ်ခုရောက်ရင်ပဲဖြစ်ဖြစ်၊ စိတ်ပြေရာပြေကြောင်းအခြေအနေတစ်ခုနဲ့ ကြုံရရင်ပဲဖြစ်ဖြစ်တော့ ပြေပျောက်တတ်ပါတယ်)

Emotion နဲ့ Mood ဆိုတဲ့ ရေတို၊ ရေရှည် စိတ်အခြေအနေ နှစ်ရပ်ဟာ ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပုံစံအမျိုးမျိုးနဲ့ သက်ရောက်မှုရှိနိုင်ပါတယ်။ ဒီလို စိတ်အခြေအနေတွေဟာ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ လူသားတိုင်းအတွက် ဇီဝကမ္မဆိုင်ရာ ပုံမှန်အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ပျော်စရာရှိရင် ပျော်လိုက်တာ၊ ငိုစရာရှိရင် ငိုလိုက်တာဟာ တစ်ဦးချင်းစီကွဲပြားမှု ရှိပေမယ့် ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖြစ်စဥ်ပဲဖြစ်ပါတယ်။

🔥အဆိုပါ စိတ်ခံစားမှုများကို ဖိနှိပ်ထားခြင်း၊ လျစ်လျူရှုထားခြင်းကသာလျှင် ပိုမိုတိုးများလာမယ့် စိတ်ဖိစီးမှုများ၊ အနုတ်လက္ခဏာရလာဒ်များကို ဖြစ်စေနိုင်ပါတယ်။🔥

စိတ်အခြေအနေကွဲပြားမှုများကို သိရှိထားခြင်းက မိမိတို့ရဲ့ စိတ်ခံစားမှုဆိုင်ရာ အတွေ့အကြုံများကို သတိထားမိစေနိုင်ပြီး ပတ်ဝန်းကျင်ရှိသူများရဲ့ စိတ်ကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။

Dr.PSYCH

29/04/2023

🍁 သင့်စိတ်ကို စောင့်ရှောက်ခြင်း🍁

COVID-19 ကပ်ရောဂါနဲ့အတူ ရှေ့ဆင့်နောက်ဆင့်လိုက်ပါလာတဲ့ နိုင်ငံရေး စီးပွားရေး ကပ်ရောဂါ စသည်တို့ဟာ နိုင်ငံတစ်ဝှမ်းရှိ လူများကို စိုးရိမ်ပူပန်မှု၊အထီးကျန်ဆန်မှုတို့ကို မြင့်မားစေပြီး စိတ်ကျန်းမာရေးအပေါ်မှာ သိသိသာသာ သက်ရောက်မှုရှိနေခဲ့ပါတယ်။

"ကောင်းမွန်သောကျန်းမာရေး"ကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာဆိုရင် လူတစ်ဦးဟာ ခန္ဓာကိုယ်ရောဂါမရှိရုံမျှမကပဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ ကျန်းမာရေးများ ပါ၀င်တဲ့ "အလုံးစုံကောင်းမွန်သော ကျန်းမာရေးအခြေအနေတစ်ရပ်" ရှိနေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

စိတ်ကျန်းမာရေးထိခိုက်နေသူဟာ ၄င်းရဲ့မိသားစု၊အလုပ်နဲ့ လူမှုရေးရာ လုပ်ငန်းဆောင်တာ လစ်ဟင်းမှုတွေအပြင် ခန္ဓာကိုယ်ကျန်းမာရေးကိုပါ တစ်စတစ်စထိခိုက်လာစေနိုင်ပါတယ်။

လူတစ်ဦးချင်းစီရဲ့ အတွေးအခေါ်၊ စိတ်ခံစားချက်နဲ့ အပြုအမူတွေဟာ ၄င်းတိုရဲ့ စိတ်ကျန်းမာရေးအခြေအနေပေါ်မှာ မူတည်နေပါတယ်။ တစ်နည်းပြောရရင် စိတ်ကျန်းမာရေးဟာ မိမိတို့နေထိုင်ရာပတ်ဝန်းကျင်ကို ရှုမြင်နည်းများ၊ တခြားသူများနဲ့ မိမိတို့ရဲ့ဆက်ဆံရေးများ၊ ဘဝမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းများ စသည်တို့အပေါ်မှာ လွှမ်းမိုးမှုရှိပါတယ်။

စိတ်ကျန်းမာရေးဝေဒနာလို့ Disorder တစ်ခုအနေနဲ့ အမည်တပ်ဆုံးဖြတ်ခံရခြင်းမရှိရုံမျှဖြင့် လူတစ်ဦးဟာ စိတ်ကျန်းမာရေး ကောင်းမွန်နေတယ်လို့ ဆိုလို၍ မရကြောင်းကိုလည်း နားလည်ရန်အရေးကြီးပါတယ်။ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကဲ့သို့ပဲ ကျွန်တော်တို့အားလုံးမှာ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်နဲ့ လူနေမှုပုံစံ စတဲ့ အကြောင်းရင်းများစွာကြောင့် စိတ်ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အခြေအနေများစွာရှိနေတတ်ပါတယ်။

ချစ်ရသူ ဆုံးရှုံးခြင်းများ၊ သွေးထွက်သံယိုမြင်ကွင်းများ၊ ငွေကြေးအခက်အခဲများ အစရှိတဲ့ စိတ်ဖိစီးမှုဖြစ်ရပ်များဟာ ကျွန်တော်တို့ရဲ့ စိတ်အခြေအနေကို များစွာထိခိုက်စေနိုင်ပါတယ်။

ထိခိုက်လာတဲ့ စိတ်ကျန်းမာရေးအခြေအနေကိုထိန်းညှိဖို့ရာမှာ ကျွန်တော်တို့ဟာ ကိုယ်ခန္ဓာလေ့ကျင့်ခန်းများ၊ မိမိဝါသနာပါရာကို အကောင်အထည်ဖော်ခြင်းများ၊ ခင်မင်သူများနှင့် ပေါင်းသင်းဆက်ဆံရေးများ စသည်တို့ဟာ စိတ်ကျန်းမာရေးကို အပြုသဘောဆောင်စေနိုင်ပါတယ်။

ဒါ့အပြင် လုံလောက်စွာ အိပ်စက်အနားယူဖို့၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စားသုံးဖို့၊ စိတ်ဖိစီးမှုကို ထိထိရောက်ရောက် စီမံခန့်ခွဲတတ်ဖို့တွေကလည်း အရေးပါလှပါတယ်။

ကျွန်တော်တို့တစ်ဦးချင်းစီဟာ မိမိတို့ရဲ့ စိတ်ကျန်းမာရေးကို ဂရုတစိုက်ရှိမယ်ဆိုရင် resilience လို့ဆိုရမယ့် အကျပ်အတည်းများအပေါ် ခံနိုင်ရည်ရှိမှုဟာ လူမှုပတ်ဝန်းကျင်မှာ အထိုက်အလျောက်ထွန်းကားပြီး မိမိတို့အလိုရှိရာပန်းတိုင်ရောက်ရန် ဆက်လက်လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

🌻 သင့်စိတ်ကို စောင့်ရှောက်ခြင်းဖြင့် အလှဆင်ပါ 🌻

Dr.PSYCH

28/04/2023

🔥 Mental Health Stigma 🔥

💣 စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အမည်းစက် (သို့မဟုတ်) စိတ်ကျန်းမာရေးပြဿနာကြုံနေရသူတွေကို အယူအဆလွဲမှားစွာ ခွဲခြားဆက်ဆံရာမှ ဖြစ်လာသော ဆင့်ပွားစိတ်ဒဏ်ရာများ 💣

သေချာတာကတော့ စိတ်ကျန်းမာရေးဆိုတဲ့ ဝေါဟာရမပေါက်ခင်ကပဲ စိတ်ကျန်းမာရေး သိသာစွာမကောင်းတဲ့သူတွေကို "စိတ်မနှံ့ဘူး၊ ရူးတယ်" စတဲ့အသုံးအနှုန်းတွေနဲ့ နှိမ့်ချရွံတွန့်ပြီး ခွဲခြားပြောဆိုခဲ့ကြတာတွေရှိခဲ့တဲ့အတွက် စိတ်ကျန်းမာရေးပြဿနာရှိသူတစ်ယောက်ဟာ လူအများကြားမှာ အရှက်ရပြီး အမည်းစက်ထင်ရသလိုမျိုး နားလည်မှုလွဲခဲ့တာဟာ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

အမှန်မှာတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူ ၄ ယောက်မှာ ၁ ယောက်ဟာ စိတ်ကျန်းမာရေးပြသနာကို ခံစားနေကြရပေမယ့် အကူအညီတောင်းဖို့ သို့မဟုတ် မိမိတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေဖို့၊ပြောပြဖို့ရှိလာတဲ့အခါမှာ အရှက်ရနေကြဆဲ (ရှက်စရာလို့ အထင်ရောက်နေကြဆဲ) ဖြစ်ပါတယ်။

စိတ်ကျန်းမာရေးဟာ အသက်အရွယ်၊ ကျား၊ မ ၊ ဆင်းရဲချမ်းသာမရွေး၊ နောက်ခံအခြေအနေ မည်သို့ပင်ရှိစေကာမူ မည်သူမဆို ထိခိုက်နိုင်ပါတယ်။ သို့တိုင်အောင် လူများစွာဟာ မိမိတို့ရဲ့ စိတ်ကျန်းမာရေးအခြေအနေတွေနဲ့ ရုန်းကန်ရတဲ့အခါ သီးသန့်ဆန်ပြီးအထီးကျန်သလို ခံစားနေကြရဆဲဖြစ်ပါတယ်။

ဒါကြောင့်ပဲ အယူအဆများ ပြောင်းလဲဖို့အချိန်တန်ပါပြီ။ စိတ်ကျန်းမာရေးဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကဲ့သို့ပဲ အရေးကြီးတယ်ဆိုတာကိုလက်ခံပြီး ၎င်းအကြောင်းကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား စတင်ပြောဆိုဖို့ အရေးကြီးပါတယ်။

ဒါဆို ဘယ်လိုလုပ်ကြမလဲ။
ပထမအဆင့်ကတော့ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အခြေခံပညာရေးပါ။
ကျွန်တော်တို့ဟာ စိတ်ကျန်းမာရေးနှင့် ပတ်သက်တဲ့ တလွဲစံနှုန်းများနဲ့ ခွဲခြားဆက်ဆံမှုများ၊ အယူအဆအမှားများ (stereotypes, misbeliefs) ကို ချေဖျက်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် စိတ်ကျန်းမာရေးဆိုတဲ့ ဝေါဟာရဟာ လူတိုင်းနဲ့ သက်ဆိုင်တယ်ဆိုတဲ့အကြောင်းကို မှန်ကန်စွာနားလည်သဘောပေါက်လာမှသာ ကျွန်တော်တို့ဟာ စိတ်ကျန်းမာရေးပြဿနာတွေကို အတူတကွဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

လူတွေကိုလည်း သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာအခက်အခဲ၊အတွေ့အကြုံတွေအကြောင်း ပြောပြရတဲ့အခါမှာ သက်တောင့်သက်သာရှိလှတဲ့ အခြေအနေ၊ နေရာတွေ ဖန်တီးပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဆိုလိုတာကတော့ လူတွေရဲ့စိတ်ကျန်းမာရေးပြဿနာတွေကို မိမိထင်မြင်ချက်နဲ့ အမှန်၊အမှား ဆုံးဖြတ်တာ၊လှောင်ပြောင်တာမျိုး မရှိတဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးပေးဖို့ပါ။

ဒါမှလဲ ကိုယ့်ရဲ့ ပြဿနာတွေကို ဖွင့်ဟပြောဆိုဖို့ ကြောက်ရွံ့မနေတော့ပဲ လူတစ်ဦးနဲ့တစ်ဦး ပွင့်လင်းပြီး စာနာစွာ ဆက်ဆံတတ်တဲ့ ယဥ်ကျေးမှုတစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ လိုအပ်နေတဲ့လူတိုင်းအတွက် အရည်အသွေးရှိတဲ့ စိတ်ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီနိုင်အောင် လုပ်ဆောင်ဖို့လိုအပ်ပါတယ်။
ဆွေးနွေးတိုင်ပင်ခြင်းများ၊ စိတ်ကျန်းမာရေးကုထုံးများ၊ ပံ့ပိုးကူညီရေးအဖွဲ့များနှင့် စိတ်ကျန်းမာရေး အရေးပေါ် Hotline ဖုန်းများ စသည်တို့ကို ထားရှိပြီး အဆိုပါအရာများဟာလည်း လူတိုင်းအတွက် လက်လှမ်းမီနိုင်တဲ့ အခြေအနေမျိုး ရှိနေစေရပါမယ်။

ဒီလိုနည်းအားဖြင့် ကျွန်တော်တို့ဟာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမည်းစက်တွေ၊ အယူအဆအမှားတွေကို ချေဖျက်ပြီး ပွင့်လင်းစာနာတတ်တဲ့ လူ့ယဥ်ကျေးမှုတစ်ခုအောက်မှာ စိတ်ရောကိုယ်ပါ ကျန်းမာစွာရှင်သန်နိုင်တဲ့ ကမ္ဘာတစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

🙅🙅🙅 စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး မရှက်ပါနဲ့၊ မကြောက်ပါနဲ့၊ ပြက်ရယ်မပြုပါနဲ့၊ ဖယ်ကြဥ်မထားပါနဲ့။ 🙅🙅🙅
💁💁💁 တလွဲစံနှုန်းတွေ၊ ယုံကြည်မှုအမှားတွေကို ချေဖျက်ပါ၊ တစ်ဦးနဲ့တစ်ဦးကူညီဖေးမပါ၊ လိုအပ်ပါက တတ်ကျွမ်းသူများနှင့် ဆက်သွယ်ပါ။💁💁💁

❤ သင့်ရဲ့ စိတ်ကျန်းမာရေးဟာ သင့်အနာဂတ်ပါ ❤

Dr.PSYCH

28/04/2023

ကွယ်လွန်ပြီးသား နာမည်ကျော်ကြား၊လူသိများတဲ့ ပုဂ္ဂိုလ်များထဲမှ Depression ကိုခံစားခဲ့ရသောသူများ

Samuel Beckett
Menachem Begin
Marlon Brando
KurtCobain
Leonard Cohen
Michel Foucault
Judy Garland
StephenHawking
Ernest Hemingway
Audrey Hepburn
William James
Franz Kafka
Claude Monet
Richard M Nixon
Laurence Olivier,
Wilfred Owen
George S Patton
Sylvia Plath
Jackson Po***ck
Cole Porter
Lou Reed
Joan Rivers
Mark Rothko,
DmitriShostakovich
Tennessee Williams
Yves Saint Laurent

Depression ခံစားရတာဟာ စိတ်ခွန်အားနည်းလို့၊ စိတ်ဓါတ်ပျော့ညံ့လို့၊ ပျင်းလို့ လုံးဝမဟုတ်ပါဘူး။ ဒါကြောင့် မိမိနှင့် မိမိပတ်ဝန်းကျင်က Depression ခံစားနေရသောသူများကို လှောင်ခြင်း၊ ပျက်ရယ်ပြုခြင်း၊ မခံခြင်အောင်ပြောဆိုခြင်းများ မပြုလုပ်ဘဲ ကျွမ်းကျင်သော ဆရာဝန်များနှင့် တွေ့ဆုံအကူအညီရယူနိုင်အောင် ကူညီပေးခြင်းဖြင့် ဤရောဂါကို အတူတကွတွန်းလှန်ကြပါစို့။

09/04/2023

" Your Future, Your Choice: Why Substance Free Living Matters"
သင့်အနာဂတ်၊ သင့်ရွေးချယ်မှုမှာ အဘယ်ကြောင့် စိတ်ကို စွဲလန်းစေနိုင်သောဆေးဝါးများနှင့် ဝေးကွာစွာနေထိုင်ခြင်းက အရေးပါရသလဲ"
📢 Mental health talk by Dr.PSYCH

🍀 အတွေ့အကြုံရှိ စိတ်ကျန်းမာရေးဆရာဝန်များဖြင့် ဖွဲ့စည်းထားသည့် "Dr.PSYCH" Mental Health Service Team ရဲ့ ဝန်ဆောင်မှုများအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ် 🍀

🍀ရရှိနိုင်သော ဝန်ဆောင်မှုများ🍀

💭 အရက်၊ မူးယစ်ဆေးစွဲနှင့် စိတ်ကျန်းမာရေးအသိပညာပေးခြင်း (Mental health education )
💭စိတ်ကျန်းမာရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခြင်း (Medical Appointments)
💭အလုပ်ဖိစီးမှုများ၊ relationship ပြသနာများ၊ မိသားစုပြသနာများနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသော စိတ်ကျန်းမာရေးအခြေအနေများကို Psychological tools များ အသုံးပြု၍ စစ်ဆေးပေးခြင်း။ (Medical evaluation)
💭စိတ်ကျန်းမာရေးအခြေအနေနှင့်ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ခြင်း၊ လိုအပ်ပါက ဆေးကုသမှုပေးခြင်း။ (Counselling and medication management)
💭Online မှ တစ်ဆင့် ဆွေးနွေးတိုင်ပင်ခြင်း။ (Telemedicine service)

☎09971133803
☎09962102926

⏰ Daily (9 AM - 5 PM)

💚End the stigma now.
💚Let's talk.
💚We Promise Your Confidentiality.

⚡Dr.PSYCH⚡

09/04/2023

“Your Future, Your Choice: Why Substance-Free Living Matters”, health talk by Dr.PSYCH. Follow for more information and upcoming articles and updates. 🥰🥰🥰

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

🌹 ကံကိုယုံ ဆူးပုံမနင်းကြရအောင်🌹ကံကို ယုံကြည်ခြင်းဟာ အစဥ်အလာအရ ဘာသာရေးယုံကြည်မှုတစ်ခုဖြစ်ပြီး စိတ်ကျန်းမာရေးစောင့်ရှောက်မ...
🍁Sensation to Perception: How our brain works Raw data to Meaningful experiences🍁~ အကြမ်းထည်အာရုံများကို အဓိပ္ပါယ်ရှိသော...
💬 စိတ်အခြေအနေကွဲပြားမှုများ 💬စိတ်ပိုင်းဆိုင်ရာကို လေ့လာတဲ့အခါမှာ Emotion နဲ့ Mood ဆိုတဲ့ စကားလုံး အသုံးအနှုန်းနှစ်မျိုးအ...
" Your Future, Your Choice: Why Substance Free Living Matters"သင့်အနာဂတ်၊ သင့်ရွေးချယ်မှုမှာ အဘယ်ကြောင့် စိတ်ကို စွဲလန်း...

Telephone

Website

Address

Yangon
11011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00