Light of Generation Z

Light of Generation Z

only accurate informations

01/02/2023

အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၅ နဲ့အညီ နိုင်ငံတဝန်း အရေးပေါ်အခြေအနေကာလကို ‌၂၀၂၃ခုနှစ် ဖေဖော်ဝါ ၁ရက်နေ့ကပြီး နောက်ထပ် ၆လထပ်မံတိုးမြှင့် ခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီအလိုတော်ရိများနဲ့ဖွဲ့စည်းထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးအစည်းအဝေးက ဆုံးဖြတ်လိုက်တာပါ။

ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ စစ်ကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကို နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို ထပ်မံအပ်နှင်းလိုက်တယ်လို့ ကာ/လုံအစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။

အရေးပေါ်ကာလကို သက်တမ်းတိုး ပေးတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၂၅ မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်သေးရင် သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လ ဖြင့် နှစ်ကြိမ်တိုးမြှင့်ပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ကာလုံ အစည်းအဝေးမှာ အရေးပေါ်ကာလအတွင်း စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေ၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH၊ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF တို့ရဲ့ လုပ်ဆောင်မှုတွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဓိကထားတင်ပြခဲ့ပြီး အခု လက်ရှိအချိန်ဟာ သာမန်မဟုတ်တဲ့အခြေအနေလို့ ကာ/လုံအစည်အဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

31/01/2023

မိစ္ဆာခြေအောက် ၂ နှစ်မြောက်

09/11/2022

စာရေးဆရာအကြည်တော်ကွယ်လွန်

ပင်လုံဆေးရုံမှာ အရေးပေါ်ကုသမှုခံယူနေရတဲ့ စာရေးဆရာအကြည်တော်ဟာ ယနေ့ နိုဝင်ဘာ၉ရက် ညပိုင်း၈နာရီ ၂၃ မိနစ် မှာ ကွယ်လွန်သွားပြီလို့ မိသားစုဝင်တွေ တစ်ဦးက အတည်ပြုပါတယ်။

ဟာသစာပေတစ်ခေတ်မှာ အလွန်အောင်မြင်တဲ့ စာရေးဆရာတစ်ဦးဖြစ်တဲ့ စာရေးဆရာ အကြည်တော်ဟာ ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ နောက်ဆုံးပတ်မှာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ သွားရောက်ဆေးကုသမှုခံယူခဲ့တဲ့နောက် မြန်မာနိုင်ငံကို ယခင်လက ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီနောက်ပင်လုံဆေးရုံမှာ ရက်ရှည် တက်ရောက် ဆေးကုသမှုခံယူပြီးတဲ့‌နောက်မှာ ဆုံးပါးခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ - အကြည်တော်

28/10/2022

မဲဆောက်ဆေးရုံကြီးကနေ ကျောင်းတိုက်တစ်ခုဆီသို့ မြဝတီမင်းကြီး ဆရာတော် ဘဒ္ဒန္တ အရိယဝံသာ ဘိဝံသ ၏ ရုပ်ကလာပ်အား ပြန်လည်ပင့်ဆောင်

24/10/2022

KIO အထိမ်းအမှတ်နေ့ တေးဂီတပွဲပြုလုပ်နေစဉ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခံရသဖြင့် ထိခိုက် သေဆုံးမှု များပြားပြီး ကချင်ဝါရင့် အနုပညာရှင်တစ်ဦးသေဆုံး

အောက်တိုဘာ ၂၄ ၊ ရန်ကုန်

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေ ဖားကန့်တွင် KIO အထိမ်းအမှတ်နေ့ ပွဲကျင်းပနေစဉ် စစ်ကောင်စီမှ ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ပွဲသွားရောက် ပါဝင်သော အနုပညာရှင် နှင့် ပြည်သူ ၃၀ ကျော် ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ ကျရောက်သော ၆၂ နှစ်ပြည့် KIO နေ့အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၂၃ ရက်ည ၈ နာရီခွဲဝန်းကျင်တွင် KIA တပ်မဟာ ၉ အနန့်ပါ (A Nang Pa) တွင် တေးဂီတဖြင့် ပွဲပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ် ၃ စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ဖားကန့်ဒေသခံ ကချင်ပြည်သူတစ်ဦးက ပြောသည်။

“ဂျက်လေယာဉ် ၃ စီးနဲ့လာပစ်သွားတယ်။ မနက်ဖြန်ပြုလုပ်မယ့် KIO နေ့အတွက် အကြိုပွဲအနေနဲ့ စတိတ်ရှိုးပွဲလုပ်နေတဲ့အချိန်အတွင်းမှာပဲ ပစ်ခံရတာ။ ထိခိုက်သေဆုံးတာများတယ်။ စာရင်းအတိအကျ မရနိုင်သေးဘူး” ဟု ပြောဆိုသည်။

ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသွားသည့် ပြည်သူ ၃၀ ကျော်ထဲတွင် ကချင်အနုပညာရှင်အသင်းမှ ကချင်တေးသံရှင်ကြီး အော်ရာလီ (Aurali) သီချင်းသီဆိုနေသည့်အချိန်တွင် ဗုံးကျဲတိုက်ခိုက်ခံရသည့်အတွက် ပွဲချင်းပြီး သေဆုံးခဲ့ပြီးကချင်အနုပညာရှင်အသင်း ဥက္ကဋ္ဌ(ဟောင်း) ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဇော်ဒိန် (Lahtaw Zau Ding) လည်း ထိခိုက်ဒဏ်ရာရရှိထားသည်ဟု သိရသည်။

ပွဲပြုလုပ်ခဲ့သောနေရာမှာ ဖားကန့် ကံဆီး (Ginsi) ကျေးရွာနှင့် ၂ မိုင်ခန့်အကွာတွင် တည်ရှိသည်ဟု သိရသည်။

09/09/2022

နေမဝင်အင်ပါယာလို့ နာမည်ကျော်ခဲ့တဲ့ ဗြိတိန်နိုင်ငံကို စည်းမျဉ်းခံဘုရင်စနစ်နဲ့ နှစ်ပေါင်း ၇၀ အုပ်ချုပ်ခဲ့တဲ့ ဗြိတိန် ဘုရင်မကြီး Elizabeth II ဟာ မနေ့က 2022 September လ 8 ရက်နေ့ လန်ဒန်စံ​တော်ချိန် ည ၆နာရီခွဲမှာ နတ်ပြည်စံ ကံတော်ကုန်သွားခဲ့ပါပြီ။

သက်တော် ၉၆ နှစ်
ထီးနန်းစိုးစံနှစ် ၇၀နှစ်

United Kingdom တစ်ခုလုံး Shut Down ချထားမှဖြစ်ပါတယ်။

လက်ရှိ ဗြိတိသျှအိမ်ရှေ့စံ ဝေလမင်းသား Charles ကထီးနန်းကိုဆက်ခံမှာဖြစ်ပါတယ်

Photo - အင်္ဂလန်ဘုရင်မ Elizabeth II နှင့် Daw Aung San Su Kyi တို့​တွေ့ဆုံချိန် ( 2017 )

16/08/2022

မုတ္တမ​ကွေ့အနီးတွင် အား​ကောင်း​သော ​လေဖိအားနည်းရပ်ဝန်းဖြစ်​ပေါ်
====================================

မုတ္တမ​ကွေ့အနီးတွင် အား​ကောင်း​သော ​လေဖိအားနည်းရပ်ဝန်းဖြစ်​ပေါ်​နေပြီး ထို​လေဖိအားနည်းရပ်ဝန်း​ကြောင့် ယ​နေ့ညရန်ကုန်မြို့​တော်တွင် မိုး​ရော ​လေပါ အဆပ်မပြတ်ရွာသွန်း​နေ၍ ​ရေကြီးမှု သစ်ပင်များပြိုလဲ မှုများ​နေရာအနှုံအပြားတွင် ဖြစ်​ပေါ်နေပါသည်။

​နောက် 24 နာရီအထိ ​လေဖိအားနည်းရပ်ဝန်းဟာဆက်လက်အား​ကောင်းမယ်ဟု ခန့်မှန်းရ၍ မိုးပိုလာနိုင်ပြီး ရွာရန်ရာခိုင်နှုန်းအပြည့်ဖြစ်ပါသည်။

Photos from Light of Generation Z's post 02/08/2022

အမေရိကန် သမ္မတ၂ဦးပြီးလျှင်အကြီးဆုံးဖြစ်သည့်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi သည် ထိုင်ဝမ်နိုင်ငံသို့ ယခုညပိုင်းတွင် ရောက်ရှိသွားပြီဖြစ်သည်။

အမေရိကန်နှင့်တရုတ်နိုင်ငံအကြား စစ်ဖြစ်နိုင်သည်အထိ တင်းမာနေသော အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nacy Pelosi ၏ ထိုင်ဝမ်နိုင်ငံခရီးစဉ် အမှန်တကယ် လက်တွေ့ ဖြစ်လာခြင်းဖြစ်သည်။

တရုတ်အစိုးရပိုင်မီဒီယာများက တရုတ်စစ်လေယာဉ်များ ထိုင်ဝမ်နိုင်ငံဘက်သို့ ဦးတည်ပျံသန်းသွားပြီး ထိုင်ဝမ်း​ရေလက်ကြားကို​​ကျော်သွားပြီ ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။

01/08/2022

ရန်ကုန်တိုင်း ခရမ်းမြို့ မြို့ပြင် သစ်တောဂိတ်အနီးတွင် ယနေ့ည ၉ နာရီဝန်းကျင်ခန့်က ပြင်းထန်​သောဗုံးတစ်လုံး ပေါက်ကွဲသွားခဲ့ကြောင်း သိရပါသည်။

01/08/2022

ပြည်တွင်း၊ပြည်ပ မှာပါ ယုံကြည်ကိုးကွယ်ကြမှုနဲ့ ကြည်ညိုခံရမှုများတဲ့ မိုင်းဖုန်းဆရာတော်ဘုရားကြီး ဟာ ၃နှစ် ၃ လ နဲ့ ၃ရက် ကြာတရားကျင့်ကြံခဲ့ပြီး အဓီဌာန်​အောင်မြင်၍ မိုင်းကျက်ဂူ ကနေ ဒီကနေ့ သြဂုတ် ၁ရက်မှာ ပြန်လည်ထွက်ခွာခဲ့တဲ့ရုပ်သံ video ဖြစ်ပါတယ်။ ပြည်သူအများဖူး​မြှော်နိုင်ကြရန်ရည်ရွယ်၍ တင်​ပေးလိုက်ပါသည်။

27/07/2022

Play Store ၏ Top chart games တွင် ​တော်လှန်​ရေးလူငယ်များ တီထွင်ထား​သော shooting game နှစ်ခုစလုံး ဇယားထိပ်ဆုံး​ရောက်​နေပြီး သုံးဆွဲ​ဆော့ကစားသူအများဆုံးဖြစ်​နေ...

26/07/2022

လူငယ်များအတွက်အရေးပေါ်သတိပေးချက်
=============================

ယနေ့ည‌တွင် စမ်းချောင်း၊ ဘာဝနာလမ်း ဒိုးလေးလက်ဖက်ရည်ဆိုင်တွင် လူငယ်၅ယောက်စုပြီး လက်ဖက်ရည်သောက်နေလို့ဆိုပြီး စစ်ခွေးရဲခွေးများကဝင်ရောက်‌ဖမ်းစီးတယ်။ကောင်လေး ၃ယောက်ကလက်ဖက်ရည်ဆိုင်မှာပဲ ဖမ်းခံရပြီး ကျန်တဲ့ကောင်လေး၂ယောက်က ထွက်ပြေးတာ အိမ်ပြန်ရောက်လာတယ်။ ဖမ်းမိတဲ့ကောင်လေးတွေကို ထွက်ပြေးသွားတဲ့ကောင်လေးတွေအိမ်ပြခိုင်းပြီး လွတ်သွားတဲ့ ၂ယောက်ပါထပ်ဖမ်းပြီး စမ်းချောင်းစခန်းကို ဖမ်းသွားတယ်။ စစ်ခွေး၊ရဲခွေးတွေက ဖမ်းခံရတဲ့ကောင်လေးတွေအိမ်ကို ငွေညစ်တယ်။အခု စစ်ခွေး၊ရဲခွေးတွကို ပိုက်ဆံပေးလိုက်လို့ ကောင်လေးတွေပြန်လွတ်လာပြီ ကြားရတယ်။

🚨အနှစ်ချုပ်

📌လူငယ်များလက်ဖက်ရည်စုပြီးထိုင်သောက်ရင်တောင်ဖမ်းခံရနိုင်တဲ့ခေတ်ပါ။
📌စစ်ခွေး၊ရဲခွေးတွေက ငွေညစ်ဖို့အတွက် အပြစ်မဲ့လူငယ်များကို ဖမ်းစီးနေပါတယ်။
📌မိမိတို့ အိမ်မှာနေတာ အကောင်းဆုံးပါ ၊အပြင်သွားပြီး လတ်လျားလတ်လျားမလုပ်သင့်တော့ပါဘူး။
📌ကိုယ်နေတဲ့နေရာကို ဘယ်သူမှပေးမသိတာ‌အကောင်းဆုံးပါ၊ အခုလိုမျိုးမလိုလားအပ်တဲ့အရာတွေမဖြစ်အောင်ကာကွယ်ပါ။
📌လူငယ်များအရေးကြီးကိစ္စနဲ့အပြင်သွားမယ်ဆိုရင်တောင် လူစုပြီးမသွားသင့်ပါဘူး၊ဖမ်းခံရပြီး ငွေညစ်ခံရနိုင်ပါတယ်။

26🍁July/2022


#လှုပါ #ကူပါ
#အချိန်ရသလောက်ကလစ်ကြပါ

25/07/2022

ဘယ်ကစ Click ရမလဲမသိသူများတွက်
Link ချပေးထားပါတယ်

PDFတွေကို လစဥ်သိန်းထောင်ချီ ထောက်ပို့နိုင်တဲ့အထဲ
ပြည်သူကောင်းတယောက်ပီသစွာ ပါဝင်လိုက်ပါ👇

🎨Pic For Donate (Free For Clickers Event's)
https://www.facebook.com/110981628270045/posts/118534154181459/

💎ShweChat (စိန်ဂန်းကဒ်နှင့်အတူ ၅သိန်းလှူခွင့်ရ)
https://www.facebook.com/1121131314709284/posts/2227484100740661/

👨‍🔧UG VPN (Special Version 3.0)
https://www.facebook.com/100206339140501/posts/164119909415810/

👨‍💻V4C VPN (ကလစ်တိုက်ပွဲဝင် အွန်လိုင်းတပ်သား)
https://www.facebook.com/103075695741173/posts/106277458754330/

📱Play2Donate (၇သိန်းခွဲကျော်ထိ ရရှိနေဆဲ)
https://www.facebook.com/101006472353166/posts/172004078586738/

💙Click2donate (၁၄၈သိန်းကျော်ထိ ရရှိနေဆဲ)
https://www.facebook.com/100355732302759/posts/303898865281777/

❤️Tha Din (သတင်းအစုံဖတ်ရင်း ထောက်ပို့ကူ)
https://www.facebook.com/100206339140501/posts/162362812924853/

🧡Doh Khit (၁သိန်း၈သောင်းကျော်ထိ ရရှိနေဆဲ)
https://www.facebook.com/102526602263127/posts/155695103612943/

💛Padaythar Pin (Clickနည်း ပေါင်းချုပ်)
https://www.facebook.com/108055945041917/posts/154712193709625/

💚Ecosia (သစ်ပင်စိုက်ရင်း ကလစ်ကြမယ်)
https://www.facebook.com/100206339140501/posts/158795953281539/

✳️Z Click (ZPDFအတွက် ကလစ်ရင်းထောက်ပို့)
https://www.facebook.com/100206339140501/posts/159401316554336/

🔫The PDF Game (၄၅သိန်းကျော်ထိ ရရှိနေဆဲ)
https://www.facebook.com/106491401996101/posts/125452273433347/

🚀Freedom From Fear (၆.၅၆ယူရိုထိ ရရှိနေဆဲ)
https://www.facebook.com/108647044980859/posts/155998290245734/

🛡️လှူကြမယ် (သီချင်းနားထောင်ရင်း ကလစ်)
https://www.facebook.com/100911158924677/posts/307335728282218/

⏰အချိန်ခဏပေးပါ (တရားတော်များ ပူဇော်ရင်းလှူ)
https://www.facebook.com/109409868047504/posts/303866531935169/

🥊Ahlu Shin (83USDထိ ရရှိနေဆဲ)
https://www.facebook.com/100248409316934/posts/124086340266474/

🐿️Shoot and Support (ဂိမ်းအသစ်ထွက်တော့မယ်)
https://www.facebook.com/101648008873002/posts/174949458209523/

We Are Clickers❗️
https://www.facebook.com/100206339140501/posts/157393433421791/

VPNကိစ္စ အရေးကြီးပါသည် အဆုံးထိဖတ်ပေးပါ❗️
https://www.facebook.com/100206339140501/posts/146928597801608/

Telegramကlinkတွေ Clickပါ❗️
https://www.facebook.com/100206339140501/posts/152416523919482/

🌳POEM (ပေါက်ပေါက် မပေါက်ပေါက် လှူ)
https://www.facebook.com/101093879039539/posts/160298659785727/

🦚အမေ့ထီး (1 Million Challenge Campaign)
https://m.facebook.com/story.php?story_fbid=102614375777287&id=102570765781648

👣ဆုရတနာ show & game
ဒေါင်းလုပ်လင့် အန်းဒရွိက်
ပလေးစတိုး
https://play.google.com/store/apps/details?id=com.htoo.suyadanar.show

အေပီကေပျူးဝါး
https://apkpure.com/p/com.htoo.suyadanar.show

ဒါ Game Link ပါ

⚡Rangers Update
https://www.facebook.com/100206339140501/posts/164129396081528/

⚡စစ်ကိုင်းတိုင်းအတွက် သိန်းသုံးရာ Challenge
https://www.facebook.com/105320622135235/posts/114658951201402/

⚡Challenge Day-37 ထောက်ပို့ရရှိငွေစာရင်း
https://www.facebook.com/100206339140501/posts/164290519398749/

⚡5/22-မေလ
ထောက်ပို့ရရှိငွေ နှင့် ထောက်ပို့Rangersစာရင်း
https://www.facebook.com/105320622135235/posts/123439343656696/

⚡၁ပတ်ကို ၅ထောင်လှူ Rangersနှင့်အတူ ထောက်ပို့ကူ
https://www.facebook.com/100206339140501/posts/162903302870804/

⚡UGရဲဘော်များအတွက် ဆုတောင်းမေတ္တာပို့သရင်းလှူ
https://www.facebook.com/100206339140501/posts/162640549563746/

⚡အညာဒေသKyarhnyat-PDFအတွက် ထောက်ပို့ကူ
https://www.facebook.com/100206339140501/posts/164036066090861/

⚡We Are Rangers ⚡ သို့
အောက်ပါPageများမှတဆင့် ဆက်သွယ်နိုင်ပါသည်။

⚡We Are Rangers⚡
m.me/WeArePowerRangers/

⚡We Are Rangers II⚡
m.me/We-Are-Rangers-II-105320622135235/

⚡ပြည်သူ့ပါဝါရိန်းဂျား⚡
m.me/ByWeAreRangers/

⚡️Youths Sports Media 2.0⚡️
https://t.me/Youthssportsmedia

ပြည်သူ့ပါဝါရိန်းဂျားများနှင့်အတူ မလျော့သောဇွဲဖြင့်
အရေးတော်ပုံမုချအောင်ရမည်။
#ပြည်သူ့ပါဝါရိန်းဂျား



Crd ပေးပါတယ်မူရင်းပိုစ့်အား

Photos from Light of Generation Z's post 25/07/2022

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါ ၄ ဦးကို ပြစ်ဒဏ်စီရင်လိုက်ပြီလို့ စစ်ကောင်စီထုတ်ပြန်
………….
ဇူလိုင် ၂၅

စစ်ကောင်စီက သေဒဏ် ချမှတ်ထားတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါ ၄ ဦးကို ပြစ်ဒဏ် စီရင်လိုက်ပြီလို့ယနေ့ နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်လိုက်ပါတယ်။

19/07/2022

ကိုးဦးထက်မက​သော အာဇာနည်များ အားလုံးကိုအ​လေးပြုပါသည်။



#အာဇာနည်​နေ့

18/06/2022

Happy 77th Birthday Mom Su❤
May you be safe and secure❤

17/06/2022

မြန်မာ့ပထမဆုံး ၇ဘာသာ ဂုဏ်ထူးရှင် စကစလက်ထပ်တွင်ထွက်​ပေါ်။🙂

16/06/2022

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို ယနေ့မနက်ပိုင်း ကြိုးဒဏ်ပေးမည့်က သတင်းအမှားသာဖြစ်
==================================

ယနေ့မနက် ၄ နာရီတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ကို အင်းစိန်အကျဉ်းထောင်အတွင်း ကြိုးဒဏ်စီရင်မည်ဟု သတင်းများထွက်ပေါ်နေခြင်းက သတင်းအမှားသာဖြစ်ကြောင်း အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သော သတင်းရင်းမြစ်များထံမှ အတည်ပြုပေးသည်။

မဟုတ်ပါဘူး။ ကျနော်တို့တောင် ဘာမှမသိဘူး။ တကယ်ဖြစ်ကြည့်ပါလား။ ဒီမနက်ပိုင်းဆို ထောင်ဆူနေပြီ။ ဒီလောက်ပဲ ကျနော်ပြောပြမယ်နော် ဟု အင်းစိန်ထောင်တွင်းနှင့် နီးစပ်သူတဦးက အတည်ပြုပေးသည်။

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို ဇွန်လ ၃ ရက်နေ့က ယခင်သေဒဏ်ပေးခဲ့သည်ကို နောက်ဆုံးအဆင့်အဖြစ် အတည်ပြုပြီးနောက် ကြိုးပေးတော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် သေဒဏ်ပေးမှုများကို ကြိုးပေးမသတ်ခဲ့သည်က နှစ်ပေါင်း ၄ဝ ကျော် ကြာမြင့်နေပြီဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများ၏ သဘောတူညီမှု စာချုပ် ၂ ခုတွင် သေဒဏ်ပေးခြင်းကို ကြိုးပေးသတ်ခြင်း၊ လျှပ်စစ်ထိုင်ခုံဖြင့် သတ်ခြင်းများကို ပယ်ဖျက်ကြောင်း လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။

ဇွန် ၃ ကနေမှ သေဒဏ်အတည်ဖြစ်တယ်။ ကြိုးဒဏ်ပေးတယ်ဆိုတာ လနဲ့ချီကြာတယ်။ ပြီးစလွယ်ပေးလို့မရဘူး။ အခုက ၁၆ ရက်နေ့ဆိုတော့ အဲ့ဒီလောက် မြန်မြန်ပေးလို့မရဘူး။ မဖြစ်နိုင်ဘူး။ ကိုယ်အလေးချိန်နဲ့တိုင်းတာပြီး ကြိုးကျစ်တာ၊ ဆေးစစ်တာနဲ့တင် ၁ လလောက်က အနည်းဆုံးပဲ။ ဒါ ကျနော့်အတွေ့အကြုံအရပြောတာ ဟု ထောင်မှူးကြီးဟောင်းတဦးက မှတ်ချက်ပြုသည်။

03/06/2022

ယ​နေ့ ​နေ့လည်တွင် ခရမ်းမြို့ PDF ရဲ​ဘော်တစ်ဦး၏ ဖခင်သတ်ဖြတ်ခံရ
====================================

ယ​နေ့ Jun 3 ရက်​နေ့တွင် ခရမ်းမြို့ပြည်သူ့တပ်ဖွဲ့ဝင် KAYAN PDF ၏ ဖခင်ဆိုသူကို ​စကစ လက်​​အောက်ခံ သွေး​သောက်အကြမ်းဖက်တပ်ဖွဲ့က ​သေနတ်ဖြင့်ဝင်​ရောင်ပစ်ခတ်သွား​ကြောင်းသိရှိရပါသည်။

​သေဆုံးသွားသူသည် ခရမ်းမြို့အမှတ် ၆ ရပ်ကွက်​၌​နေထိုင်သူဖြစ်၍ နာတာရှည် ​လေဖြန်းခြင်း​ရောဂါခံစား​နေရကာ လမ်းမ​လျှောက်နိုင်ဖြစ်​နေ​သော ​လူနာတစ်ဦးဖြစ်​ကြောင်းသိရှိရပါသည်။

ထို့​ကြောင့် မိဘပြည်သူများအ​နေနှင့် မိမိကိုယ်ကို အစစအရာရာ ဂရုစိုက်​နေထိုင်ကြပါရန် အသိ​ပေးနှိုး​ဆော်အပ်ပါသည်။

01/06/2022

နွေဦး​တော်လှန်​ရေး အ​ထောက်အကူပြု နိုင်ငံပျောက်သူ ဇာတ်လမ်းတိုသည် အသက်ကန့်သတ်ချက်ရှိပါသည်။

ထို့​ကြောင့် ကြည့်ရှုလို့ရ​သော ပြည်သူများအ​နေနဲ့ ကြည့်ရှုလို့မရတဲ့ သူများအတွက်ပါ ပိုမိုကြည့်ရှု​ပေးဖို့လိုအပ်ပါသည်။

ကြည့်ရှုမှုများဟာ ပဒေသာပင်ချန်နယ်က ကြည့်မှသာ ​တော်လှန်​ရေးအတွက်​အရေးပါမှာဖြစ်ပါသည်။

အရှုံးမပေးမချင်း ငါတို့နိုင်တယ်။

29/05/2022

အခုအချိန်မှာ ဘာမှတက်စရာမရှိလို့ ​ကျောင်းပြန်တက်ရင်​ကောင်းမလားလို့ ​တွေ​ဝေ​နေပြီလား

ဘာမှ​စိတ်မပူပါနဲ့ သင်တန်းအမျိုးစား​ပေါင်း 60 ​ကျော်ကို အခမဲ့ စုစည်းသင်ကြား​ပေး​နေတဲ့ RUN FREE EDUCATION ရှိပါတယ်။

ယခုဆို RUN FREE ဟာလတိုင်းမှာ Batch တစ်ခုစီကိုဖွင့်လှစ်ခဲ့ပြီး ယခုအခါမှာဆို Batch 16​အထိအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ​နောက်လ June မှာ Batch 17 ကိုဖွင့်လှစ်မှာဖြစ်ပါတယ်။ ​

⭐တောင်မြန်မာနိုင်ငံကလူ​တွေပဲ ​တက်​ရောက်ခွင့်ရမှာဖြစ်ပါတယ်။

⭐တက်​ရောက်နိုင်မဲ့ သင်တန်း​တွေက​တော့

Run Free Academic: Education Department
-------------------------------------------
1. Art Department
----------------
1.AX7001 Basic Pencil Drawing
2.AX7002 Watercolor art basic
3.AX7003 Digital Art Chibi
4.AX7004 Vd Editing with Phone (trend)
5.AX7014 Vd Editing with Phone (trend)
6.AX7024 Vd Editing with Phone (trend)
7.AX7006 Tarot

2. Economic Department
----------------
1.BX7001 Personal Coaching
2. BX7002 Life and Career Coaching
3. BX7003 Soft Skills for Leadership
4. BX7004 Marketing Management
5. BX7005 Fundamental logistics
6. BX7006 Marketing Management
7. BX7007 LCCI Level 1 and 2
8. BX7008 Applied Tourism
9. BX7009 Business Management
10. BX7010 Foundation of Business
11. BX7011 Foundation of Business
12. BX7012 Guiding Tour around Mandalay
13. BX7013 Introduction Hospitality and FOOD AND BEVERAGE SERVICE LEVEL 1
14. BX7014 Sales and Marketing
15. BX7015 Introduction to Entrepreneurship
16. BX7016 Hotels and Tourism Industry

3. Green Department
----------------
1.GX7011, GX7021, GX7031, GX7041, 2.GX7051 ( Basic Crochet )
3.GX7012, GX7022 ( Paper Craft )
4.GX7013, GX7023, GX7033 (Make Up )

4. Music and Dance Department
---------------
1.MX7011 ( Basic Piano )
2.MX7012 , MX7022 ( Ukulele )
3.MX7013 ( Vocal )
4.MDX7011 ( Kpop cover dance & other tips )

5. Language Department
---------------
1.LX7001 English Basic to Intermediate
2.LX7002 Japanese Basic to N3
3.LX7003 Korean Basic to Level 2
4.LX7004 Thai Basic to Level 1
5.LX7006 French Basic and A1.2
6.LX7008 Chinese Basic to Hanyu 4/ Hsk 2
7.LX70010 Italian Basic+A1
8.LX70011 Russian Basic
----------
National Language Department or Myanmar Department
--------------
1. NX7001 Kachin(Jinghpaw Basic speaking)
2. NX7003 Sgaw+West Pwo Karen Basic Vocab
3. NX7005 Creative Writing Basic+Level1
4.NX7015 "ကလောင်သစ်တို စာဘယ်လို ရေးမလဲ" Seminar
5. NX7006 Mon(Basic Speaking)

6. ITC Department
---------------
Computer Science
-------
1.IX7001 HTML,CSS
2.IX7003 web design + Bootstrap
3.IX7004 Ethical hacking basic
4.IX7005 Node.js
5.IX7008 IGCSE ICT (practical)

Computer Technology
------
1.IX5006 Computer Basic
2.IX5007 Advanced excel

7. Health Care Department
---------------
1.HX7001 Hypertension
2.HX7002 Nursing Care for DM Patient
3.HX7003 Gastritis
4.HX7004 Volunteers in Emergency Healthcare Management
5.HX7005 A Healthy Approached To Beauty
6.HX7006 Osteoporosis

8. Engineering Department
--------------
1.EX7011 Autocad 2D,3D
2.EX7021 AutoCAD 2D, 3D, isometric drawing
3.EX7012 Course Concrete Technology

9. Law Department
--------------
1.CX7001 Introduction to International Law

10. Sports Department
--------------
1.SX7001 Diet plan and beauty tips

11. Vocational Department
--------------
1.VX7001 Tom & Jerry + Rainbow Cheese
2.VX7002 Basic Floral Bouquet Workshop
3.VX7003 Basic Cooking Training Class

​⭐ကျောင်းအပ်ချင်တယ်ဆိုရင်​တော့ https://www.facebook.com/RunFreeEdu2020/
ယခု​ဖော်ပြပါ linkရဲ့ cb မှာ

1. အမည် -
2. Facebook Acc အမည် -
3. မြိုအမည် -
4. ဖုန်းနံပါတ် -
5. အလုပ်အကိုင် -
အစိုးရဝန်ထမ်း ကျောင်းသားဆို CDM ဖြစ်ရမည်။
6. စကစ ကိုထောက်ခံပါသလား။
7. Telegram Account မှာ နာမည်အရင်းထားနိုင်ပါသလား။
8. ကျောင်းစည်းကမ်းတိုင်း လိုက်နာနိုင်ပါသလား။

Account အတုဆိုရင် မိမိ အလှဓာတ်ပုံ တစ်ပုံ ပေးရမည်။(Profile တွင် ပုံအစစ်မတင်ထားပါက မိမိ အလှဓာတ်ပုံတစ်ပုံကိုပါ တစ်ခါတည်း ပို့ပေးထားရမည်။ Telegram တွင် နာမည်ရင်းပြောင်း၍ Screenshot ပို့ပေးရမည်။ သို့မှသာ Admin တို့ကျောင်းအပ်လက်ခံရတာ လွယ်ကူမြန်ဆန်မှာဖြစ်ပါတယ်။)

သတ်မှတ်ချက်များနှင့်ကိုက်ညီမှသာ ‌SA Link ရရှိပါမည်။

2 နာရီအတွင်း Reply မပြန်ပါက info ထပ်မံပို့ပေးပါ။

ယခုကဲ့သို့ပြုလုပ်​ပေးရမှာဖြစ်ပါတယ်။

⭐Run Free Education ဆိုတာက​တော့...
---------------------------
Run Free Education ဆိုတာ မြန်မာနိုင်ငံမှာ ဘာသာရပ်များစွာကို မေတ္တာဖြင့် သင်ကြားပေးတဲ့ သင်တန်းကျောင်း တခုဖြစ်ပါတယ်။
Run Free Group မှ ဖွဲ့စည်းထားတဲ့ 5 ခုမြှောက် အဖွဲအစည်းတစ်ခုလည်း ဖြစ်ပါတယ်။
Run Free Education ရဲ့ ရည်ရွယ်ချက်တွေထဲက တစ်ချက်ဖြစ်တဲ့ မြန်မာပြည်တဝှမ်းရှိ ကျောင်းသားလူငယ်များ ပြည်သူများ အခမဲ့ ပညာသင်ကြားနိုင်ရေးဖွင့်လှစ်ပေးထားသော အလုပ်အကိုင် လွယ်ကူစေရေးအတွက်ရည်ရွယ်၍ Free Education တစ်ခုဖြစ်ပါတယ်။

လက်ရှိသင်ကြားပြသပေးနေသော ဆရာ ဆရာမ ပေါင်း 4100 အထိရှိနေပြီဖြစ်ပြီး သင်ယူနေသော ကျောင်းသားပေါင်း 180,000 နီးပါးရှိနေပါပြီ။
မိမိတို့ တက်စွမ်းနိုင်သမျှ တပ်တအားဖြင့် ပါဝင်လိုပါက Page မှာ Volunteer လျောက်ထားလို့ရတဲ့ Status လေးတွေရှိပါတယ်။

26/05/2022

BREAKING NEWS!!!

ခရမ်းမြို့နယ်၌ ဆိုင်ကယ် ကယ်ရီသမားများကို ဆိုင်ကယ် ကယ်ရီဝတ်စုံနှင့် ကဒ်ပြားများ အကြမ်းဖက်စစ်​ကောင်စီမှ တစ်စုံလျှင် ကျပ် 30000 ဖြင့်​ရောင်းချ​နေမှု​ကြောင့် ကယ်ရီသမားများ အခက်​တွေ့​နေ​ပါသည်။

ကဒ်ပြားများမှ ဓါတ်ပုံကိုလည်း အပြင်မှဓါတ်ပုံမရဘဲ ၎င်းတို့ကိုယ်တိုင် ရိုက်​ပေးမှရ​ကြောင်းလည်း သိရှိရပါသည်။

20/05/2022

အမြန်လမ်း ၁၁၅ မိုင်မှစပြီး ကားဖြတ်သန်းခွင့် ယာယီပိတ်
=====================================

နေပြည်တော်အမြန်လမ်း ၁၁၅ မိုင်မှ စတင်ပြီး အတက်ရော၊ အဆင်းပါ ယနေ့မေ ၂၀ ရက် ည ၈ နာရီခန့်က ပိတ်ထားခဲ့ကြောင်း သိရသည်။

၁၁၅ မိုင် အဝင်နား တိုးဂိတ်တွေ အကုန်ပိတ်။ တောင်ငူ-မိထ္ထီလာ အကုန်ဂိတ်ပိတ်။ ကားတွေအကုန် မီးအမှောင်ချထားရတယ်" ဟု ကြားသိရပါသည်။

ည ၉ နာရီခွဲခန့်အထိ လမ်းများပိတ်ထားဆဲဖြစ်ပြီး အမြန်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားကြောင်း လည်းသိရပါသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၅၈ အနီးတဝိုက် ပစ်ခတ်မှုဖြစ်ပွါးနေတယ်လို့လဲ သတင်းများထွက်​ပေါ်​နေပါတယ်။

EDIT. 10:37PM အချိန် ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ။

20/05/2022

မုန်တိုင်းငယ်သတိပေးချက်
============================
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ
(၂၀၂၂ ခုနှစ်၊ မေ ၂၀ ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်
=============================
(က) ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)အခြေအနေ
-----------------------------------------------------------
“ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ကရင်ပြည်နယ်၊ ဘားအံမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်လျက်ရှိပါသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။”
(ခ) နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
---------------------------------------------
အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ နောက်(၂)နာရီအတွင်း လှိုင်းဘွဲ့မြို့အနီးသို့ရောက်ရှိနိုင်ပြီး၊ နောက်(၁၂)နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။
(ဂ) သတိပေးနှိုးဆော်ချက်
----------------------------
အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)၏ အရှိန်ကြောင့် ယနေ့ညမှ (၂၁.၅.၂၀၂၂)ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၄)ပေခန့် ရှိနိုင်ပါ သည်။
(ဃ) အကြံပြုချက်
---------------------
သို့ဖြစ်ပါ၍ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

14/05/2022

ခရမ်းမြို့မှာ မနေ့ကနဲ့ဒီနေ့ စုစုပေါင်း ပြည်သူ ၈ ဦးကို အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးထား

ဖမ်းဆီးမှုတွင် ဓါးလံများ​လည်းလိုက်ပါ ဖမ်းဆီးကြ​ကြောင်းသိရသည်။

ဖမ်းဆီးသည့်အ​ကြောင်းအရင်း စ​နေလမ်းထိပ်မှ ​ရှေ့​နေ ကို​​အောင်နိုင်၏ဖုန်းကို​ရရှိကာ ဖုန်း​ခေါ်ဆိုမှုမှတ်တန်းကိုနောက်​ယောင်ခံလိုက်၍ ဖမ်းဆီး​ကြောင်း သိရပါသည်။

အဖမ်းခံရမှုဖြစ်စဥ်အတွင်း အမှတ် ၃ရပ်ကွက် ၁လမ်း​နေ ဇာနည်စာ​ရေးကိရိယာဆိုင်မှ ဆိုင်ခုံအတွင်းရှိ ပိုက်ဆံအ​မြောက်အများကိုလည်း အကြမ်းဖက်စစ်သားများကယူသွား​သေး​ကြောင်းကြားသိရပါသည်။

အဖမ်းခံရသူများ

၁။ ကိုမှတ်ကြီး ၁လမ်း (ဇာနည်စာ​ရေးကိရိယာဆိုင်)
၂။ ကိုကျော်မင်း ​​ကျောက်တိုင်လမ်း (တမာရိပ် လက္ဖက်ရည်ဆိုင်)
၃။ ဦးထွန်းမတ်ကြီး (ဘိုတဲလမ်း)
၄။ ဦးလွင် (ကြူတောကျေးရွာ)
၅။ ဦးထိန်မင်း (ကြူတောကျေးရွာ)
၆။ ဦးထွန်းထွန်း (ကြူတောကျေးရွာ)
၇။ ဦးဝင်းဇော် (ကြူတောကျေးရွာ)
၈။ ဦးကြည်မြင့် (ကြူတောကျေးရွာ)

27/04/2022

ခရမ်းမြို့နယ် မြို့အဝင်ဂိတ်များ၌ စစ်​ကောင်စီ တပ်သားများက ယ​​နေ့ထက်တိုင် ဒဏ်​ငွေများ အစမတန်​ကောက်ခံ​
=====================================

ရန်ကုန်တိုင်း​ဒေသကြီး ခရမ်းမြို့နယ် မြို့ဝင်ဂိတ်များ၌ ယ​နေ့ (27.4)ထက်တိုင် ဒဏ်​ငွေများကိုအဆမတန်​ အကြမ်းဖက် ကောက်ခံ​နေ​ကြောင်းကိုသိရသည်။

ဒဏ်​ငွေများကို ဆိုင်ကယ်သမားများထံမှ ဦးထုပ်မပါဘူး၊ လိုင်စင်မပါဘူး၊ အိစ်တ်​ဇောမပါဘူး၊ မီးလုံးမပါဘူးစသည်ဖြင့် မစီမဆိုင် ပစ္စည်းများကိုလည်း အ​ကြောင်းအမျိုးမျိုးပြ၍ ​ကောက်ခံလျက်ရှိရာ ဒဏ်​ငွေများမှာလည်း အဆမတန်​အောင် များပြားလွန်းသည့်အတွက် ​ကျေးရွာ​နေပြည်သူများအ​နေဖြင့် ခရမ်းမြို့​ပေါ်တက်ရန် အလွန်အခက်ဖြစ်​နေ​ကြောင်း သိရှိရပါသည်။

ထို့အပြင် ခရမ်းမြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ အကြမ်းဖက်စစ်တပ်သတင်းပေး ဒလန်ဆယ်အိမ်မှူး သုမောင်ဆိုသူကို ယနေ့ ဧပြီလ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က အမည်မသိအဖွဲ့တစ်ခုက သေနတ် ၆ ချက်ပစ်ခတ်ခဲ့၍ ​သေဆုံးသွား​ကြောင်းကိုလည်း သိရှိရပါသည်။

25/04/2022

ကျဆုံးသွား​သော သူရဲ​ကောင်းရဲ​ဘော် တို့ငြိမ်းချမ်းစွာအနားယူပါ။

Photos from BBC Burmese's post 24/04/2022

ခုံနံပါတ်တပ်ရုံနဲ့ အောင်နေတဲ့ စာမေးပွဲကို ဘာတွေစိတ်ပူပြီး သွားကြည့်နေတာလဲကွာ🥲

24/04/2022

အသိ​ပေးထုတ်ပြန်​ကြေညာချက်
=====================

ရန်ကုန်တိုင်း​ဒေသကြီး ခရမ်းမြို့နယ်၌ မြို့အဝင်ဂိတ်များတွင် အစစ်အ​ဆေးများတင်းကြပ်စွာပြုလုပ်လျက်ရှိပြီး အ​ထောက်အထားမခိုင်လုံပါက ဒဏ်​ငွေ​ဆောင်ခိုင်းခြင်း၊ ​မော်​တော်ယာဥ်များအားသိမ်းယူခြင်း စသည်တို့ကို​ အကြမ်းဖက်လုပ်​ဆောင်​နေ​ကြောင်းသိရှိရပါသည်။

ခရမ်းမြို့အတွင်း၌လည်း ကင်းပုန်းဝတ်ကာ စစ်​ဆေးလျက်ရှိပြီး ၎င်း​ကောင်းတို့အမြင်မကြည်သူ ​မော်​တော်ဆိုင်ကယ်​မောင်းနှင်သူများအား ဒဏ်​ငွေများ အစမတန်​ကောက်ခံ​နေ​ကြောင်းသိရှိရပါသည်။

23/04/2022

Apr.22 ရက်​နေ့တွင် ခရမ်းမြို့ဝင်ဂိတ်၌ ပြည်သူ ၆ဦး အဖမ်းခံလိုက်ရ
====================================

မ​နေ့က Apr.22 ရက်​နေ့တွင် ခရမ်းမြို့ဝင်ဂိတ်၌ ပြည်သူ ၆ဦး အဖမ်းခံလိုက်ရ​ကြောင်းသိရပါသည်။

အဖမ်းခံရသည့်အ​ကြောင်းအရင်းမှာ ဖုန်းအားစစ်၍ ဖုန်းအတွင်းမှ​တော်လှန်​ရေးနှင့်ဆိုင်​သော အ​ကြောင်းအရာများကို​တွေ့၍ PDF ဟုစွပ်စွဲကာ ဖမ်းဆီးသွားကြ​ကြောင်းသိရှိရပါသည်။

ထို့​ကြောင့်မိဘပြည်သူများအ​နေနဲ့ အပြင်ထွက်လျင် ဖုန်းများအား လုံးဝယူ​ဆောင်သွားခြင်းမပြုဖို့နှင့် အကယ်၍ယူ​ဆောင်ရန်လိုအပ်ပါက ​တော်လှန်​ရေးနှင့်သက်​ဆောင်​သောအရာများကို Hide or Delete လုပ်ထားကြပါရန် အသိ​ပေးအကြံပြုအပ်ပါသည်။

21/04/2022

ခရမ်းမြို့ ကမာကလူကျေးရွာချောင်းထဲသို့ စစ်ကားထိုးကျပြီး စစ်ကောင်စီတပ်သား ၃ ဦးသေ၊ အချို့​သေဆုံးနိုင်ဖွယ်ထပ်ရှိ
=====================================

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ကမာကလူကျေးရွာလမ်းထိပ်မှ စစ်ဆေးပြီးပြန်လာသော စစ်ကား ၁ စီး ကမာကလူကျေးရွာအနီးရှိ ကျောက်တံတားချောင်းအတွင်းသို့ ယနေ့ နံနက် ၅ နာရီဝန်းကျင်က ထိုးကျခဲ့ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။

ချောင်းထဲသို့ကျသွားသည့် စစ်ကားပေါ်တွင် အနည်းဆုံး စစ်ကောင်စီတပ်သား ၁၀ ဦးခန့်မနည်း ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိ သူများ၊ ခြေပြတ်၊ လက်ပြတ် ဖြစ်သွားသူများလည်းရှိသည်ဟုခန့်မှန်းရပါသည်။

အနည်းဆုံး ၃ ဦး ပွဲကျင်းသေပြီး ဒဏ်ရာပြင်းထန်သူများလည်းရှိ​သေး၍ ထပ်မံ​သေးဆုံးသူများရှိနိုင်​ကြောင်းလည်းသိရှိရပါသည်။

Edit - ​ဆေးရုံ​ရောက်ပြီး မိနစ်ပိုင်းအကြာ ၂ဦးထပ်မံ​သေဆုံး။စုစု​ပေါင်း ၅ဦးရှိ။

21/04/2022

ရန်ကုန်တိုင်း၊ ခရမ်းမြို့ ကမာကလူကျေးရွာတွင် စစ်ကားတစ်စီး ချောင်းထဲထိုးကျ၊ အသေအပျောက်များနိုင်

ရန်ကုန်၊ ဧပြီ ၂၁

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ကမာကလူကျေးရွာတွင် ယနေ့နံနက် ၅ နာရီဝန်း ကျင်ခန့်က စစ်ကားတစ်စီး ချောင်းထဲထိုးကျသွားခဲ့ပြီး အသေအပျောက်များနိုင်ကြောင်း ခရမ်းဒေသတင်းရင်းမြစ် Khayan Channel က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်ခန့်အချိန် ကမာကလူရွာလမ်းမထိပ်တွင် စစ်ဆေးပြီး ပြန်လာသော စစ်ကားသည် ကမာကလူကျောက်တံတားအရောက်၌ ချောင်းထဲသို့ ထိုးကျသွားခဲ့ကြောင်း၊ စကစတပ်သား ဒဏ်ရာရ၊ အသေ အပျောက်များနေလျက်ရှိပြီး လက်ရှိတွင် ခရမ်းဆေးရုံသို့ လူနာနှင့်အလောင်းများ ရောက်ရှိနေကြောင်း သိရှိရသည်။

"ကမာကလူကျေးရွာလမ်းထိပ်က စစ်ဆေးပြီး အပြန်လမ်း ကျောက်တံတားပေါ်က ဒီနေ့မနက် စစ်ခွေးကားတစ်စီး ချောင်းထဲထိုးကျတယ်၊ အသေအပျောက်တွေလည်း ရှိတယ်၊ ချောင်းထဲမှာ စစ်ခွေးတွေ အတုံးအရုန်းပဲ တော်တော်ထိနာတယ်" ဟု မျက်မြင်တွေ့ရှိသူပြည်သူတစ်ဦးက ပြောသည်။

"စစ်ခွေး ၃ ကောင်ပက်လက်နဲ့ ဆေးရုံမြောက်ဘက်ပေါက်ကဝင်သွားတယ်၊ ဒဏ်ရာရတဲ့ကောင်တွေလည်း တွေ့တယ်၊ သေမသေတော့မသိရသေးပါဘူး" ဟု ခရမ်းဆေးရုံဝန်ထမ်းတစ်ဦးက ပြောသည်။

ဓာတ်ပုံ - စစ်ကားချောင်းထဲထိုးကျနေသည့် မြင်ကွင်း။

18/04/2022

`` ဧပြီလ (၁၈)ရက်နေ့ မနက်ပိုင်း ``ခရမ်းမှာတိုက်ပွဲဖြစ်နေတာကြောင့် သန်လျင်တံတားယာယီပိတ်ထား´´ ခေါင်းစဥ်နှင့် Myanmar Pressphoto Agency သတင်းဌာနက တင်ထားသည့် သတင်းအမှား သာဖြစ်ပြီး

■သတင်းအမှား link❌
https://www.facebook.com/874334009274294/posts/7370417729665857/?app=fbl
________________________________________

သတင်းအမှန်မှာ

ရန်ကုန်တိုင်းသန်လျင်မြို့နယ်၊ ဘုရားကုန်း ကျေးရွာ၌နေထိုင်သည့် ဒေသခံတစ်ဦး ယနေ့(ဧပြီ ၁၈ ရက်) နံနက်ပိုင်းတွင်း သေနတ်ဖြင့်ပစ်သတ်ခံရသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သန်လျင်တံတားအား ရန်ကုန်ဘက်သို့အသွားလမ်းအား ပိတ်ဆို့ စစ်ဆေးနေခြင်းသာဖြစ်သည်။

■သတင်းအမှန် link✔
https://www.facebook.com/599363770175581/posts/4719520054826578/

17/04/2022

ဒီနေ့ မုံရွာမြို့သပိတ်စစ်ကြောင်းပစ်ခတ်မှုဟူသောဖြစ်စဉ်အမှားကို သပိတ်အဖွဲ့ဝင်များမှ အကြမ်းဖျဉ်းတင်ပြထားပါတယ်
====================================

မနက်ခင်း (၇)နာရီအချိန်တိတိက မုံရွာ-မန္တလေး လမ်းမကြီးပေါ်မှာ မုံရွာပင်မ သပိတ်စစ်ကြောင်းဟာ PDF တွေနဲ့အတူ လူထုအင်အားအများအပြားနဲ့ မိနစ် (၂၀) တိတိ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ချီတက်သပိတ်မှောက် ဆန္ဒပြခဲ့ကြတယ်။

စကစတွေပျူတွေနဲ့ ထိတွေ့မှု တစ်စုံတစ်ရာမှ မဖြစ်ခဲ့သလို
သပိတ်စစ်ကြောင်းဟာလည်း အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပြီး ဘေးအန္တရာယ်ကင်းစွာပဲ လူစုခွဲခဲ့တယ်။
သပိတ်စစ်ကြောင်းအထဲမှာ လိုက်ပါလာတဲ့ မိဘပြည်သူတွေနဲ့ pdf တွေမှာ ဘာအန္တရာယ်မှာမဖြစ်ခဲ့ပါဘူး။
_______________________________________________

ဒုတိယဖြစ်စဉ် -

သပိတ်စစ်ကြောင်းအပြီး ခနအကြာမှ
မုံရွာ- ချောင်းဦး လမ်းပိုင်း ကို တာဝန်ယူ ကြီးကြပ်ဆောင်ရွက်နေတဲ့ Local PDF ကင်းပွိုင့်တစ်ခုကို တောပုကပျူစောထီးတွေက ဒလံသတင်းပေးမှုအရ pdf ပွိုင့်နေရာအတိအကျကိုသိပြီး ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။pdf (၅)ဦးအဖမ်းခံရပြီးတော့ ချက်ချင်းပဲ ပျူစောထီးတွေက ရက်ရက်စက်စက်ပစ်သတ်ခဲ့ပါတယ်။

ဓါတ်ပုံ - ​အောင်မြင်စွာလူစုခွဲနိုင်ခဲ့သည့် မုံရွာပင်မသပိတ်စစ်​ကြောင်းပုံ

Crd. Childwin Yoma Media

World War 3 Has Begun, Russian State TV Says 17/04/2022

ညကလူအများ ကိုတုန်လှုပ်သွား​စေတဲ့ WW3စပြီလို့ ဆိုတဲ့သတင်းဟာ သမ္မတ Putin ပြောတာမဟုတ်ပါဘူး

ရုရှားရဲ့တန်ဖိုးကြီးသဘင်္ဘာတစ်စီးဖျက်ဆီးခံရပြီး WW3 စနေပြီဆိုတာကိုရုရှားသတင်းထောက်တစ်ယောက်ကပြောတာပါ

https://www.unilad.co.uk/news/russian-state-media-says-world-war-3-has-begun-20220415?source=westatic

World War 3 Has Begun, Russian State TV Says "What it’s escalated into can safely be called World War Three"

16/04/2022

ကလစ်မလုပ်တတ်ဘူးဆိုတဲ့သူတွေ အတွက် facebook ကနေ အလွယ်တကူ ကလစ်လို့ရတဲ့ နေ့စဉ် လင့်လေးပါခင်ဗျာ။

1. ဒီအောက်က အပြာရောင်စာတန်းလေးတွေကို တချက်နှိပ်လိုက်ပါ ပေ့ချ်တစ်ခုပေါ်လာပါမယ်ခင်ဗျာ

2. ပေါ်လာတဲ့ပေ့ချ်မှာ စာတွေ ပုံတွေပေါ်လာပါမယ် အင်္ဂလိပ်လိုတွေပါ ဘာမှမဖတ်လဲရပါတယ် ဖေ့စ်ဘုတ်ပွတ်သလို အပေါ်ပွတ်အောက်ပွတ် ပုံတွေနှိပ်ကြည့် ဆယ်စက္ကန့်လောက်အနည်းဆုံး လုပ်ပေးပါခင်ဗျာ။
ပြီးရင် ဒီကိုပြန်လာပြီး နောက်တစ်လင့်နှိပ်ပါခင်ဗျာ။

3. ပြီးပါပြီ အဲ့သလောက်လွယ်ပါတယ်။
(တစ်ခုလေးတော့သတိထားပါ ပွင့်လာတဲ့အခါမှာ facebook မှာပဲပွင့်ရင် ပိုက်ဆံမရတာဖြစ်တဲ့အတွက် ညာဘက်အပေါ်ထောင့်က အစက်လေးသုံးစက်ကိုနှိပ်ပြီး open in browser ဆိုတဲ့စာသားလေးကို ရှာပြီး နှိပ်ပြီးမှ ကြည့်ပါနော်)

ကလစ်ရန်
https://www.facebook.com/100355732302759/posts/284983203840010/

15/04/2022

မြစ်ကြီးနား လမ်းလျှောက် သင်္ကြန်တွင် ယနေ့ညနေ သေနတ်ပစ်ဖောက်မှုမှာ စစ်သားနှင့်ရဲများ မူးရူးကခုန်ရာမှ ကျည်ပေါက်ထွက်ခြင်းဖြစ်၊ စစ်တပ်ကမူ ရန်ဖြစ်နေ၍ သေနတ်ဖောက်လူစုခွဲဟု လိမ်လည်

ရန်ကုန်၊ ဧပြီ ၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနား လမ်းလျှောက်သင်္ကြန်တွင် ယနေ့ ညနေပိုင်း သေနတ်ပစ်ဖောက်မှုမှာ စစ်သားနှင့်ရဲများ မူးရူး ကခုန်ရာမှ သေနတ် ကျည်များပေါက်ထွက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြ သ ည်။

"စစ်ခွေးလား ရဲခွေးလားမသိဘူး။ မူးကြောင်မူးကြောင်နဲ့ ကခုန်ရင်း သူတို့ကိုင်ထားတဲ့‌သေနတ်ကကျည်ထွက်သွားတာကစသွားတာပါ။ အရင်ရက်တွေက အပျော်အပါးမရှိတဲ့ မြစ်ကြီးနားမြို့ စစ်ခွေးဘောမ၊ ၅၀၀၀ စား တွေလည်း ပြေးလိုက်ကြတာ တန်းနေတာပဲ။ ဈေးသည်တွေလည်း အသက်လုပြေးရတာနဲ့ အရင်းရှုံးကြတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ကချင်ပြည်နယ်စစ်ကောင်စီဘက်မူ လမ်းလျှောက်သင်္ကြန်တွင် ယနေ့ ညနေပိုင်းက လူငယ်အချင်းချင်း ခိုက်ရန် ဖြစ်ပွားသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူ များက လူစုခွဲဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ခိုက်ရန်ဖြစ်ပွားမှုအား တာဝန်ရှိသူများက ဖျန်ဖြေပေးသော်လည်း မရသဖြင့် လုံခြုံရေးအဖွဲ့က သေနတ်ဖြင့် မိုးပေါ်ထောင်၍ ပစ်ဖောက်လူစုခွဲခဲ့ပြီး၊ လမ်းလျှောက်သင်္ကြန်အား ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးထားကြောင်း သတင်းထုတ်ပြန်သည်။

ထို့ပြင် ဧပြီလ ၁၄ ရက်နေ့ ည ၈ နာရီဝန်းကျင် မြောက်ပိုင်းတိုင်း ၃၇ တပ်ရင်းကို ၄၀ မမ ဗုံးသီး ၃ လုံးဖြင့် ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ၊ ယမန် နေ့ညပိုင်း ပစ်ခတ်မှုကြောင့် ယနေ့ နံနက်တည်းက ၃၇ တပ်လမ်းဆုံတွင် အများ ပြည်သူများကို သေနတ်ထောက်၍ အစစ်အဆေးကြမ်းနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဗဟိုသင်္ကြန်မဏ္ဍပ်။

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ပြည်တွင်း၊ပြည်ပ မှာပါ ယုံကြည်ကိုးကွယ်ကြမှုနဲ့ ကြည်ညိုခံရမှုများတဲ့ မိုင်းဖုန်းဆရာတော်ဘုရားကြီး ဟာ ၃နှစ် ၃ လ နဲ့ ၃ရက် ကြာ...
အမပါထည့်​ပေါင်းရင် ၇ပါးပါ🤧#LGZ#lightofgenz
မြန်မာနိုင်ငံမှာ လူဖြစ်ရတာ သိပ်ကိုကံ​ကောင်းပါတယ်Random Video Part...​မြောက်မြန်မာနိုင်ငံမှ အဆို​တော်များစုစည်းမှု#LGZ#li...
ဒီ video ​လေးက​တော့ ရုရှားတိုက်​လေယျာဥ်တစ်စီးမှ ယူကရိန်းနယ်ရှိ အမျိုးသမီးနှင့်က​လေးသူငယ်များခိုလှုံ​နေသည့်အိမ်နား အနီးကပ...
BBC နဲ့ အကြမ်းဖက်စစ်​ကောင်စီ​ပြောခွင့်ရ ​ဇော်မဲလုံးတို့အင်တာဗျူးမှာ ​ဇော်မဲလုံးရဲ့ ​ပြောသွားတဲ့စကားများပဲဖြစ်ပါတယ်။ စကစဘ...
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်း၂၀၂၂ ခုနှစ် ဇန်နဝါရီလ ...
ကို ခန့်စည်သူ ရဲ့အ​ကြောင်းတ​စ်စေ့တ​စ်စောင်း😄#LGZ#light_of_gen_z #Crd
ပြည်သူအများ အိမ်ထဲနေချိန် မန္တလေးတွင် စစ်ကား ၂ စီး အချင်းချင်းတိုက်၊ စစ်သား ၄ ဦး ဒဏ်ရာပြင်းထန်ဟုဆို=====================...
ရန်ကုန်မြို့အတွင်း သံပုံးတီးသံများပြန်လည်ထွက်​ပေါ်လာပြီး မအလ ကိုဆဲဆို သည့်အသံများလည်းထွက်​ပေါ်လာ။ အချို့​နေရာများတွင် စက...
ရက်စက်ကြမ်းတမ်းယုတ်မာ လှသည့်လူသတ်  Video File နိုင်ငံတကာသို့​တစ်ခဏအတွင်း ရောက်ရှိနိုင်ငံရဲ့ Violence Rules ကြောင့်တိုက်တ...
လူသတ်ယန္တရားကို ဘယ်ကငွေတွေနဲ့လည်ပတ်နေတာလဲ ?From which money keeps the killing machine running??https://m.facebook.com/st...
တနိုင်ငံလုံးကို အရေးပေါ် အခြေအနေအဖြစ် NUG ကြေညာအမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ ၂၀၂၁၊ စက်တင်ဘာ ၇ ရက်မှစတင်၍ နိုင်ငံ...

Website

Address

Yangon

Other Community Centers in Yangon (show all)
Grand OTTO Grand OTTO
Yangon, 11401

Connection is essential more than you think

Dr.AT Onlineshop Dr.AT Onlineshop
Bahan
Yangon

အတု အပ မရှိ Malegenix အမျိုးသားသောက်ဆေးအရောင်းဆိုင်

LiverHelp - သင့်ကျန်းမာရေးအတွက် LiverHelp - သင့်ကျန်းမာရေးအတွက်
Yangon
Yangon

LiverHelp - သင့်ကျန်းမာရေးအတွက်

Ftth Internet Service Ftth Internet Service
Yangon

☎️ 09697291029

Ambetflik0fficial Ambetflik0fficial
8/90 Hlaing
Yangon, 11181

ငွေကြေးတောင့်တင်းခိုင်မာပြီး နာမည်ပျက် မရှိတဲ့ အကောင်းဆုံးအော်တို ဂိမ်းဆိုက်

မင်းတုန်းမင်း ဆေးဆိုင် မင်းတုန်းမင်း ဆေးဆိုင်
Bahan
Yangon

Hammer Of Thor Oil Hammer Of Thor သောက်ဆေး

Prevent Yangon Prevent Yangon
အမှတ်၈၇၈၊ ၁၄စျေးဘေး၊ တောင်ငူလမ်း၊ရုံးရှေ့မှတ်တိုင် လှိုင်သာယာ။
Yangon, 11401

Prevent is a page where you can find useful information about all HIV prevention tools. You can also reach out experts anonymously to ask your questions. This page is created by Me...

ထိပ်စီး ဘုရင် Thai Stork Hot Top ထိပ်စီး ဘုရင် Thai Stork Hot Top
Yangon

စေတနာရှင် 09-754-247-042 မန်ဘာမခေါ် ပေါက်ပေးမခေါ်ဘူး စေတနာနဲ့တင်ပေးတာပါ

TVET Myanmar TVET Myanmar
Yangon
Yangon

To support community to establish a small business.

Abundant Life Center Abundant Life Center
No. 5/66, Chindwin 4th Street, 67 Ward, East Dagon Seikkan Township
Yangon, 11431

Building a better community with the love of Christ

MOCHI MOCHI
Yangon, YANGON

I live in a world where compassion and morals are broken 👽