Kant Kaw Tea House
Tea , Coffee, Juice and Foods
လက်ဖက်ရည်ဖျော်နည်း
လက်ဖက်ရည် ဖျော်နည်းမေးထားတဲ့ သူတွေအတွက်
အိမ်မှာပဲ လက်ဖက်ရည်ကောင်းကောင်းဖျော်သောက်ရအောင်နော်။
လက်ဖက်ရည်မှာ ပါတာက အဖန်ရည်ရယ်၊ နို့စိမ်းရယ်၊ နို့ဆီရယ်ပါ။ တချို့က နွားနို့နဲ့လုပ်ကြတယ်။ နွားနို့နဲ့လုပ်တဲ့လက်ဖက်ရည်က မြန်မာပြည်ကနဲ့သိပ်မတူပါဘူး။ အဲ့တာကြောင့် ဆိုင်တွေကလို သောက်ချင်ရင် နို့စိမ်းနဲ့ပဲဖျော်ပါ။
လက်ဖက်ရည်ကို ချက်ချင်းသောက်မယ်ဆိုရင်တော့ အခုလိုဖျော်နိုင်ပေမယ့်။ နောက်ရက်ကော သောက်ရန် အတွက်သိမ်းထားမယ်ဆိုရင်တော့ နို့စိမ်းကို ပွက်အောင်အ၇င်တည် ပြီးရင် နို့စိမ်းထဲကို နို့ဆီထည့်ပြီးမှ အဖန်ရည်နဲ့ ရောရင် ၃ရက် ၄ ရက်လောက်အထိ ရေခဲသေတ္တာထဲထည့်ပြီး ပြန်နွှေးရင် သောက်လို့ကောင်းပါတယ်။ လက်ဖက်ရည် ဖျော်ကြည့်ရအောင်နော်..
ပါ၀င်သောပစ္စည်းများ (၄ ခွက်စာ)
—————
၁။ လက်ဖက်အချိုခြောက် – ထမင်းစားဇွန်း ၄ ဇွန်း (ဖန်တာကြိုက်လျှင် ၁ ဇွန်းပိုထည့်ပါ။)
၂။ နို့စိမ်း
၃။ နို့ဆီ
၄။ မလိုင် (ရှယ်သောက်ချင်ရင်တော့ ထည့်ပါ။)
၅။ ရေ – ၂ လီတာ
ပြုလုပ်နည်း
—————
၁။ အိုးတခုထဲကို လက်ဖက်အချိုခြောက်နှင့် ေ၇တလီတာအရင် ထည့်ပြီး အိုးတွင် ေ၇အမှတ်ကို မှတ်ထားပါ။ ထို့နောက်နောက်ထပ်ရေတလီတာထည့်ပြီး မီးဖိုပေါ်တွင် မီးအေးအေးဖြင့် အဖန်ရည် နှပ်ပါ။
(အမြန်လုပ်ချင်ရင် ၁၅ မိနစ်နဲ့နှပ်လဲ၇ပါတယ်။ အမြန်လိုချင်ရင် လက်ဖက်အချိုခြောက်ကို ထမင်းစားဇွန်း ၆ ဇွန်းထည့်ပြီး မီးပြင်းပြင်းဖြင့်တည်ပါ။)
တချို့က အ၀တ်နဲ့လက်ဖက်အချိုခြောက်ကို ထုတ်ပြီးတော့ နှပ်ပါတယ်။ အိစံကတော့ ဒီအတိုင်းနှပ်ပြီးမှ ေရစစ် နဲ့စစ်တာပါ။
၂။ အဖန်ရည် ကောင်းကောင်းလိုချင်ရင်တော့ တနာရီလောက် နှပ်ပါ။ ( ပိုကြာရင်လည်းကောင်းပါတယ်။ ) အိုးမှာ မှတ်ထားတဲ့ ရေအမှတ်အောက် မရောက်အောင် ရေကို ဖြည့်ဖြည့်ပေးပါ။ ၁ နာရီလောက် နှပ်အပြီး မှတ်ထားသော ရေတစ်လီတာအကျန်မှာ မီးဖိုပေါ်မှ ချပါ။
၃။ လက်ဖက်ရည်ပုံမှန်ခွက် (240ml) တခွက်ဖျော်ရန်အတွက် နို့စိမ်း ထမင်းစားဇွန်း ၃ ဇွန်း ကို ခွက်ထဲ အရင်ထည့်ပါ။
ပြီးမှ အဖန်ရည်ကို ရေစစ်ဖြင့် စစ်ရ်ျ နို့စိမ်းအပေါ်မှခွက်ထဲကို ဖြည့်ထည့်ပါ။ နို့ဆီလက်ဖက်ရည်ဇွန်း ၁ ဇွန်း (သို့) ၁ ဇွန်းခွဲထည့်ရ်ျ မွှေပါ။
၄။ လက်ဖက်ရည်ဆိမ့်ဆိမ့်လေးကို မလိုင်ဖတ်လေးထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
........................................
Party အတွက် လက်ဖက်ရည်ဖျော်မည်ဆိုလျှင်
၁။ လက်ဖက်ရည်အချိုခြောက် ထမင်းစားဇွန်း ၁၂ ဇွန်းကို ရေ ၄ လီတာ ဖြင့် အထကပါနည်းအတိုင်း ရေ ၄လီတာ လျော့သွားရင် ထပ်ထပ်ဖြည့်ပြီး နှပ်ပေးပါ။ (5 L အိုးဖြင့် နှပ်ပါ။)
၂။ ပြီးလျှင် ရေစစ်ဖြင့် စစ်ပါ။
၃။ ၅ လီတာ ဆန့်တဲ့အိုးထဲမှာ အဖန်ရည်ထည့်၊ နို့စိမ်း ၂ ဗူး ကို ထည့် ၊ နို့ဆီဗူး တ ၀က် (သို့) တဗူး ကို ထည့်ရ်ျ ဖျော်နိုင်ပါတယ်။
မှတ်ချက်။ ။ လက်ဖက်အချိုခြောက်ကို အိန္ဒိယကုန်ပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာလဲရနိုင်ပါတယ်။ တကယ်လို့မရှိလျှင် Lipton tea အထုပ်ကို အသုံးပြုနိုင်ပါတယ်။
လေးစားလျှက်
မူရင်းရေးသားသူ : EiSan
Sandwiches လေးတွေလည်း ကြွေတာပဲကွာ 😋😋😋
Burger လေးတွေရော စားကြပါအုံး 😍😍😍
Pizza ကြိုက်ကြလား 😍😍😍😍😍
Maxim Korea Coffee
👉 တောင်ကိုရီးယားနိုင်ငံရဲ့နံပါတ်တစ် maxim ကော်ဖီမစ်ထုပ်လေးကတော့ သဘာဝ ကော်ဖီစစ်စစ်မှအဆင့်အဆင့်ထုတ်လုပ်ထားပြီး coffeeခဲ + sugar + creamer(နို့မှုန့်အမျိုးအစား) သုံးမျိုးပါဝင်တဲ့ 3 in 1 coffee mix အထုပ်လေးဖြစ်ပါတယ်
♥️morning coffee လေးဆို ဒီ ကိုရီယား coffee လေးကို သတိရလိုက်နော်
♥️ဆိုင်တွေမသွားဘဲ အိမ်မှာတင် အလွယ်တကူ ဖျော်သောက်နိုင်ပြီး အရသာလေးကလဲ အရမ်းသောက်လို့ကောင်းပါတယ် အရောင် အနံ့ အရသာနှင့်တာရှည်ခံထိန်းဆေးများထည့်သုံးထားချင်းမရှိဘဲ ယုံကြည်စွာ သောက်သုံးနိုင်ပါတယ်
♥️ခရင်မ်ကို အုန်းသီးမှထုတ်ယူထားပြီး မချေဖျက်နိုင်သောဆီများပါဝင်ခြင်းမရှိသောကြောင့်ကျန်းမာရေးနဲ့ညီညွတ်ပြီး ပိုမိုကောင်းမွန်တဲ့ကော်ဖီစစ်စစ်အရသာကို ရရှိစေမှာပါနော်
1 ထုပ် - 270
50 ထုပ် အထက် - 260
100 ထုပ်ပါ Box - 25000
300 ထုပ်ပါ Box - 75000
Instock ပါ။
Maxim Korea Coffee
1 ထုပ် - 270
50 ထုပ် အထက် - 260
100 ထုပ်ပါ Box - 25000
300 ထုပ်ပါ Box - 75000
Instock ပါ။
Click here to claim your Sponsored Listing.
Category
Contact the restaurant
Website
Address
Opening Hours
Monday | 06:00 - 20:00 |
Tuesday | 06:00 - 20:00 |
Wednesday | 06:00 - 20:00 |
Thursday | 06:00 - 20:00 |
Friday | 06:00 - 20:00 |
Saturday | 06:00 - 20:00 |
Sunday | 06:00 - 20:00 |
275 A/4 Yankin Road, Yankin Township (Opposite Of Golden City Condo)
Yangon, 11801
Garden vibe and Modern decoration will please your heart to its content . Be mesmerized by the authentic Shan noodles and Burmese foods .
No. 35, 167 Street, Tamwe Gyee (Kha)
Yangon, 11211
�မင်္ဂလာပါရှင့်� Yumi Angel Coffee & Restaurant
ဗိုလ်ဆွန်ပတ်လမ်းနှင့် ပင်လုံလမ်းဒေါင့်၊စစ်တောင်းမှတ်တိုင်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်။
Yangon
Barista
No. 29, Zayarthiri Street, Hledan, Kamaryut Tsp
Yangon, 11041
ကော်ဖီချစ်သူတို့ စိတ်အပန်းပြေရာ Dunamis ပါ...
202, Joe Phyu Road, South Dagon Township
Yangon, 11431
Mingalabar! TABLEHOOD is part of a social ecosystem, HOOD. Within this ecosystem is HOOD HOSTEL, TAB
Eiksar Tha Ya Street No . 37 , Tamwe/Kyauk Myaung
Yangon, 777
Welcome to King Coffee Shop.
အမှတ်-၁ရက်ကွက် ရွှေထီးအိမ်ရာ(၁) အနောက်ခြမ်း တိုက်(၅/၀၀၃) မရမ်းကုန်းမြို့နယ် ရန်ကုန်မြို့
Yangon