Ko Thar Htet
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Thar Htet, Camera/Photo, North Okkalapa, Ayar 2nd Street, Yangon.
တစ်ခါတစ်လေကျ ပြောင်းပြန်တွေးကြည့်မှ အမှန် ဖြစ်နေတက်တယ်နော်
🙄
ကျောက်စိမ်း နှင့် အချစ်
ကျောက်စိမ်းတစ်လံုး ရတနာတစ်ခုအပေါ်မှာ ချစ်လို့ရတယ် ချစ်ခွင့်ရှိတယ် များများချစ်လည်းရတယ် နည်း နည်းချစ်လည်းရတယ် ဥပမာပေါ့ ကျောက်စိမ်းတစ်လုံးကို စတင်တွေ့တယ်ုကြိုက်တယ် ကျောက်ကောင်းလေးတစ်ခုဖြစ်နေမှန်းသိနေတော့ကြိုက်တယ် လိုချင်လာတယ် ငွေမမှီဘူး လိုချင်စိတ်ဖြစ်တယ် လိုချင်တာကလောဘပဲ အဲဒီမှာစတာပဲ လိုချင်တယ် မရဘူး ငွေကလည်းမမှီ ဘူး စိတ်သောကစရောက်တာပဲ ငွေမ မှီဘူး လိုချင်နေပြီ အခြေအနေပေးတယ်ဆိုယူလိုက်ပါ အဆင်ပြေတယ် စိတ်ချမ်းသာတယ် ပြောချင်တာက လိုချင်လို့ စိတ်သောကစဖြစ်တာ အချစ်လည်းဒီအတိုင်းပဲ ချစ်လို့ရပါတယ် လိုချင်စိတ်က သောကစဖြစ်တာပါ အချစ်ကအပြစ်မရှိဘူးတဲ့ ရယူပိုင်ဆိုင်ချင်တဲ့စိတ်က အပြစ်ဖြစ်တာပါ
လူတွေရဲ့စိတ်နဲ့ ကျောက်စိမ်းတစ်လံုးရဲ့ ယမ်းဖွဲ့စည်းမှု့နဲ့ တူတဲ့အကြောင်းတင်ပြချင်တာပါ လူရဲု့ဖြစ်တည်မှု့နဲ့ ကျောက်စိမ်းတစ်လုံးရဲ့ စတည်ဖြစ်တည်မှု့က ထပ်တူနီးနီးတူတယ် အဲဒါကြောင့် ကျောက်စိမ်းအပေါ်ကို ချစ်တဲ့စိတ်နဲ့ကို မြင်တယ် ကျောက်စိမ်းတစ်လုံးကို အောင်ဖို့ ထက် သူ့ကိုချစ်တက်လာတာ ကျောက်စိမ်းမှာ ယမ်းညှက် ယမ်းလုံး ယမ်းကြွ ယမ်းရွ လေးတွေကိုကြိုက်နှစ်သက်ပြီးတော့ချစ်သလို လူတွေမှာလည်းစိတ်ဓာက်လေးတွေသန့်ရှင်း တဲ့ စိတ်ထားရှိတဲ့သူဆို လူတွေက အလိုလိုသူ့ကို ချစ်နေကြတာပဲလေစိတ်ဓာတ်ကောင်းနေရင် သူ့ကို လူတွေကချစ်ကြတာပဲ ကျောက်စိမ်းမှာ လည်း ယမ်းတွေကောင်းနေရင်ချစ်တာပါပဲဗျ
ချစ်နေရတာလည်း စိတ်ကြည်နူးရတယ်
လိုချင်ရင်တော့ စိတ်ပူလောင်တာပေါ့ဗျာ
အဲ့ဒါကြောင့် ကျောက်စိမ်းကို
ချစ်တယ် အရမ်းချစ် တယ် အများကြီးချစ်တယ်
ကျောက်စိမ်းရဲ့ဖြစ်တည်မှု့က လူရဲ့စိတ်သဘာဝနဲ့သိပ်တူတာ ယမ်းကြမ်းတော့အသားကြမ်းရုပ်ကြမ်းသလို ယမ်းညှက် ယမ်းလှရင် ကျောက်စိမ်းမှာ အသားတန်းတွေ ရုပ်ထွက်င်္တွေကလှရောဗျ
နောက်တစ်ခု မိတ်ဆွေသူငယ်ချင်းတို့ ကျောက်ဖြတ်တဲ့အခါ မကောင်းတဲ့နေရာကိုဖယ်ထုတ်ရသလို လူလောကမှာလည်း မကောင်းတဲ့စိတ်တွေကိုယ်မှာရှိနေရင်ဖယ်ထုတ်ပြစ်မှ တန်ဖိုးတက်တယ် ကျောက်မှာလည်း အနာတွေ အမြှုတ် အဆံတွေဖယ်ရှားပြီးမှာ ကောင်းတာလေးတွေထုတ်ယူမှတန်ဖိုးတက်တယ် အနီးနားမှာလည်း မကောင်းဘူးတို့ မကောင်းတဲ့စိတ်တွေဖြသ်ပေါ်နေရင်ဖယ်သာထုတ်လိုက်ပါ ကျောက်တိုင်းကအပြစ်တွေပါသလို စတင် ဖြစ်တည်ကတည်း ကအပြစ်တွေကရှိနေတာပဲ လူတွေမှာလည် အစကတည်းကောင်းနေတယ် /အပြစ်မရှိတဲ့ သန့်စင်ဖြူစင်တဲ့သူမရှိသလောက်ရှားတယ် မရှိဘူး ဒါပေမယ့် ကိုယ့်မှာမကောင်းတဲ့စိတ်တွေပေါ်လာမယ် ဖြစ်နေတယ်ဆိုရင်ကိုယ်သိပြီး ကိုယ်တိုင်ဖယ်ရှားမှရတာ သူတပါးဖယ်ပေးလို့မရဘူး မကောင်းတဲ့စိတ်တွေ အပြစ်တွေကတော့ အမြဲရှိနေတယ် ဖြစ်နေမှာပဲ မဖြစ်ဘူးနဲ့ မရှိဘူးမတူဘူးနော် ဖြစ်နေမယ် မရှိအောင်ဖယ်ရှားမယ်ပြောတာ ကျောက်တိုင်းအပြစ်ရှိတယ်ပြောတာနော် အပွင့်တို့ဆွဲသီးတို့လက်ကောက်တို့ဖြစ်အောင်လုပ်ကြတဲ့အချိန်ကျတော့ အပြစ် အနာအဆာ မရှိတဲ့ ကျောက်တွေအများကြီးပဲ အပြစ်ကင်းသွားတာတွေအများကြီးပဲ ကျောက်က စတင်ဖြစ်တည်တုန်းက စတွေ့တုန်းကတော့ အပြစ် အနာတွေနဲ့တွေ့တယ်နောက်မှ ကျောက်ပေါ်မှာကိုယ့်အတွေု့ကြုံတွေ ဖြတ်သန်းမှု့တွေရင့်ကျက်မှု့တွေနဲ့ အတက်ပညာ အသိပညာတွေနဲ့ပေါင်းပြီးပြုပြင်လိုက်မှ သန့်စင်ပြီး ကြည့်ကောင်းတဲ့ အပြစ်အနာစာမရှိတဲ့ ကျောက်ကောင်းတစ်ပွင့်ဖြစ်လာပြီပေါ့ဗျာ
လူ့လောကနဲ့ကျောက်တစ်တစ်လံုး ဖြစ်တည်မှု့တူတွေက ထပ်တူနည်းနည်း အနီးစပ်ဆုံး တူတဲ့သက်မဲ့ ပဲ
လောကမှာ လူတွေကိုပေါင်းကြည့်မှသိရသလို ကျောက်တစ်လံုးလက်ထဲရောက်လာပြီ ဆိုရင် သူ့ကိုသေသေချာချာလေ့လာချဉ်းကပ်ပီးဘယ်လိုလုပ်မယ်တို့ လုပ်ချက်တွေစဉ်းစားပြီ တွေးရပြီ ကျောက်ကို ဘယ်လို ကောင်းတဲ့နေရာကိုပိုပေါ်အောင်ဖော်မယ် မကောင်းတဲ့နေရာကိုဖယ်ထုတ်မယ်ဖယ်ထုတ်ရင်း ဖယ်ထုတ်ရင်း နဲ့မှ ပယ်သေးသေးပဲကျန်တော့တယ် အဲဒါတွေက ဖြတ်ရင်းနဲ့မှ တွေ့တယ် ဖယ်တယ် အပြင်မှာတွေ့မြင်တုန်းကတမျိုး ဖြတ်ရင်းနဲ့မှ တွေ့ရတဲ့အနာတွေကအများလည်းဖြစ်နေတက်တယ် ဒါလည်းလူတွေနဲ့တူတာပဲ
လူတွေလည်း အမြင်မှာတစ်မျိုးနောက်တော့မှ အပြစ်တွေတွေ့တာပဲ ရှိတာပဲ ပြောရရင် လူတွေရဲ့စိတ်နှလုံးသားက ရတနာပဲ ကျောက်တွေလည်းရတနာပါပဲ တန်ဖိုးမြင့်မြတ်တဲ့ရတနာကျောက်ကို မပိုင်ဆိုင်ခင်မှာ တန်ဖိုးမြင့်တဲ့ရတနာနှလုံးသားလေးတွေပိုင်ဆိုင်ရအောင် မကောင်းတဲ့အပိုင်းတွေဖြတ်ထုတ်ပြီး သန့်ရှင်းစင်ကြယ်တဲ့တန်ဖိုးမြင့်တဲ့ စိတ်နှလုံးသားလေးတွေပိုင်ဆိုင်အောင်လည်းကြိုးစားကြမယ် ရတနာအောင်ကျောက်တွေလည်းပိုင်ဆိုင်နိုင်ကြပါစေ
ကျောက်စိမ်းလုံးစွတ်သင်တန်း ဆရာ/သူငယ်ချင်းများနဲ့အတူအမှတ်တရလေးပါ အားလုံးကိုသတိရပါတယ် 29. 12.2021
ဒီနေု့ ရတာလေးပါ အသားလေးချွဲသွားတယ်ဗျ/ မှော်စီစာလေးပ်ါ
ကျောက်စိမ်းလုံးစွတ်သင်တန်း ဆရာ/သူငယ်ချင်းများနဲ့အမှတ်တရလေးပါ
အညာကအမေတို့အိမ်လေး
ဆောင်းဝင်ပြီတဲ့
လိုင်းပေါ်က နေ ကျောက်စိမ်းဝယ်တဲ့သူတွေကိုလေးစားတယ်ဗျာ ကျောက်စိမ်းဆိုတာ အပြင်မှာအမြင်အထင်ကြည့်တာတောင်လွဲရတဲ့ ကြားထဲမှ သူတို့က လိုင်းပေါ်ကကြည့်တာနဲ့ ကောင်းမကောင်းသိနေတာ ဆိုတော့ ဝယ်တဲ့သူတွေမှာ နတ်မျက်စိရှိနေလို့ပေါ့နော်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
15th Street, Lanmadaw Township
Yangon
CCTV, MATV, PA, PABX, Network Installation & Service Solution