Sportswear and Printing by Ko Maung Minn
Eat, Sleep, UNITED, Repeat.
https://m.facebook.com/story.php?story_fbid=959485141674788&id=100028399326145
မန်ယူ ၊ ရော်နယ်ဒို နှင့် လုံးချေတတ်သော ချစ်ဦးသူ-------
ဒီရက်ပိုင်း ဘောလုံးကမ္ဘာမှာ ကမ္ဘာ့ဖလားသတင်းတွေကသာ နေရာယူထားလိမ့်လို့ ထင်ထားခဲ့ကြပေမယ့် ရုတ်တရက် ပွဲထဆူသွားတာက မန်ယူ နဲ့ ရော်နယ်ဒိုကြား ပြဿနာပါပဲ။ကမ္ဘာ့ဖလား စတင်ခါနီးမှာ ချိန်သားကိုက် ထွက်ပေါ်လာတဲ့ ရော်နယ်ဒိုရဲ့ အင်တာဗျူးဟာ မန်ယူဖန်တွေအတွက် အလွန်စိတ်ပျက်ဖို့ကောင်းခဲ့မှာပါ။
ဒီကိစ္စမှာ တစ်ဖက်ဖက်ကို ဝင်ရပ်လိုက်ဖို့ရာ မလွယ်လှပါဘူး။တကယ်တော့
ရော်နယ်ဒိုရော မန်ယူအသင်းပါ အမှားမကင်းခဲ့လို့ပါ။မနှစ်က ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေကိုသာ ဖယ်လိုက်မယ်ဆိုရင် မန်ယူအသင်းဟာ တန်းဆင်းဇုန်ရဲ့ အထက်နားလေးမှာသာ ရှိနေမှာပါ။တစ်ဖက်မှာလည်း မန်ယူဟာ ဒီရာသီမှာ တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲနေရတာမို့ လေးစားမှုထက် အလုပ်ဖြစ်မှုကိုပဲ ဦးစားပေးရမှာပါ။
မန်ယူ အပေါ် ကျနော့်ရဲ့ ခံစားမှုကတော့ ရှင်းပါတယ်။ကမ္ဘာပျက်နေလဲ မန်ယူပါပဲ။ဒီလောက်ထိပါ။ဒါကို ဒီထက်ပိုပြီး ဖော်ပြနိုင်မယ့် စကားလုံးလည်း ရှာမတွေ့ပါ။
ရော်နယ်ဒို နဲ့ ပတ်သက်ပြီး ပြောစရာတွေကတော့ အများကြီးပါ။ဒီဘက်ခေတ် နယ်ပယ်တိုင်းက ခေတ်ပြိုင်တွေထဲ ရော်နယ်ဒိုဟာ ကိုယ်တွေအပေါ် လွှမ်းမိုးမှု အရှိဆုံးပါ။ကျနော်ပိုင်တဲ့ အရာဝတ္ထု တစ်ခုခုပေါ် စတစ်ကာကပ်မယ်ဆိုလဲ အဲ့တာ ရော်နယ်ဒိုပုံပါပဲ။ကျနော်နဲ့အတူ ခေတ်ပျက်ကြီးထဲ တိုက်ပွဲဝင်ပေးနေတဲ့ laptop လေးကို နာမည်ပေးထားတာက KA RISTတဲ့။အဲ့တာကလဲ ရော်နယ်ဒိုရဲ့ နာမည် ခရစ္စတီယာနို ထဲက ခရစ်နဲ့ ခပ်ဆင်ဆင်ဖြစ်အောင် ပေးထားတာပါ။ဒီလောက်ဆို ရှင်းလောက်မှာပါ။
ရော်နယ်ဒို ပြောခဲ့တဲ့ စကားတွေဟာ သေချာတွေးကြည့်ရင် သိပ်မမှားပါဘူး။ဒါပေမယ့် ဒီစကားတွေဟာ နောင်နှစ်များထဲမှသာ ပြောမယ်ဆိုရင် အင်မတန်လှမှာပါ။အခုတော့ ညှိမရတော့တာမို့ လမ်းခွဲရုံကလွဲလို့ အခြားမရှိတော့ပါပေါ့။
အချစ်စကားနဲ့ပြောရရင် ရော်နယ်ဒိုဟာ ချစ်ဦးသူပေါ့။အခုတော့ * လုံးချေတတ်သော ချစ်ဦးသူပေါ့* ။
ခဲထိဖူးတဲ့ စာသူငယ်ပါ
အချစ်ဦးက လုံးချေပစ်ခဲ့လို့ ကြေကွဲကျန်ရစ်ရပေါ့။
ရော်နယ်ဒိုရေ......
ချစ်မေတ္တာနဲ့သာ လမ်းခွဲချင်ပါတယ်။
ကိုကျော်ဇော
*ကဗျာဆရာတိုးနှောင်မိုး ၏ ကဗျာစာသား။
အဲ့ဒီကင်းဗတ်စတွေအပေါ်
ဘယ်တော့မှ ပြန်မလာတော့တဲ့ခြေသံ
🔲 Nကြယ်မင်း
နောက် ၄နှစ်ဆို ကျနော်တို့ဘယ်ရောက်နေကြမလဲ။
နောက် ၄နှစ်ဆို ကျနော်တို့ဘာဖြစ်သွားမလဲ။
ဘယ်သူဟာသိနိုင်ခဲ့လို့လဲ ကျနော်ဟာနာကျင်စွာ
တွေးမိပါတယ်။ အစိုးမရခြင်းတရားတော်ကို ညတိုင်း
နာယူတယ်။ ပြီးရင် အစိုးရခြင်းများကိုယ့်ဆီမှာလို့
လေချွန်ပြီး အိပ်ရာဝင်တာပဲ။ ခဏငယ်လေးတွေရဲ့
စုပ်ယူမှုမှာ ဘဝလုံးပုံကြ၊ ငါသာမက၊ ငါ့နိုင်ငံတော်ပါ
ကွယ်ပျောက်သွားနိုင်သလားဆိုတဲ့ ပူပန်မှုဟာ
ခေါင်းတစ်ချက်ရမ်းရင် ပြီးပါတယ်လို့ သဘောထားကြ။
တစ်ယောက်က တစ်ယောက်ကိုလောင်ကြ။ ဟေး..
လို့ သံပြိုင်အော်ပြီးထရပ်လိုက်ရင် နာနာဘာဝရုပ်ရှင်ရုံ
မှာ မီးတွေပြန်လင်းလာမယ်ထင်မှတ်ကြ။
သာပါတယ်ကွာ..။
ကမ္ဘာ့ဖလားကြည့်ကြစို့။ ၂၀၂၂မှာ Nကြယ်မင်း
ကမ္ဘာ့ဖလားကြည့်ခြင်းပေါ့။ နောက် ၄နှစ်မှာ အဲ့ဒီအမှု
အတွက် ကျနော်အဆင်သင့်ဖြစ်နိုင်ပါရိုးလား။
ကျနော်ဟာ..၊ ပြီးတော့ ခင်ဗျားကိုယ်တိုင်ပေါ့။
နောက် ၄နှစ်မှာ ဘာတွေဖြစ်နေမယ် ဘယ်သူမှမပြော
နိုင်ကြပါဘူး။ ဒါကြောင့် ရှင်သန်ခွင့်ရနေသေးတဲ့
ဘယ်လိုပွဲတော်မျိုးမှာမဆို သတိလည်းကြီး၊
လွတ်မြောက်သော သဘောထားလည်းပြည့်ပြည့်နဲ့
ချဥ်းကပ်ဖြတ်သန်းလိုလှပါတယ်။ ဒီပြိုင်ပွဲထဲက
ဘယ်ကစားသမားတွေဟာ ၂၀၂၆ မှာ ပါဝင်နိုင်ပါ
ဦးမလဲ။ တချို့ ပြန်လည်ရွေးချယ်ခြင်းမခံကြရ။
တချို့ ဒီဘဝကိုကျောခိုင်း။ တချို့ အားလုံးကို
ပျော်ရွှင်စေခဲ့တဲ့ခြေထောက်တွေ ပင်စင်ပေးခံကြရ။
လူတိုင်းကြုံတွေ့နိုင်တဲ့ ဖြစ်ပျက်မှုပါ။ သံဝေဂအသစ်
လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ချစ်ခဲ့သော၊
တစ်ခေတ်မှာတစ်ယောက်ဆန်သော၊ ပြည်သူနဲ့အတူ
ရေးထိုးခဲ့တဲ့ သမိုင်းရှိသော၊ Autobiography တစ်ခုရဲ့
အစအဆုံးမှာ ဆန်းသစ်သွေးသားရှိသော ကစားသမား
တွေရဲ့ နေဝင်စချုပ်ညရီကို မျှဝေခံစားနိုင်တဲ့စိတ်၊
နှမျောတသနေမိမယ့် နှလုံးသားများနဲ့ စောင့်ကြည့်
သွားဖို့ ကျနော်တောင့်တမိပါတယ်။ ခင်ဗျားက
မက်ဆီစိတ္တဇပါ။ ကျနော်က ရော်နယ်ဒို Dynamite
လား..။ အဲ့ဒီလိုယှဥ်ပြိုင်ရင်း အချိန်တွေစီးဆင်းခဲ့၊
ပင်လယ်ဟာမှောင်ခဲ့၊ ပြန်မရနိုင်တော့တဲ့တန်ဖိုးတွေ
ပိုများလာခဲ့။ အခုတော့ ကျနော်တို့ခေတ် ဘောလုံးရဲ့
ဘုရင်မင်းမြတ်နှစ်ပါးဟာ သူတို့ရဲ့နောက်ဆုံးသော
ကမ္ဘာ့ဖလားကိုကစားဖို့ ကာတာရောက်လာခဲ့ကြပြီ။
ကလပ်အသင်းကိုယ်စီမှာ တွေ့ရနိုင်သေးပေမယ့်
ကမ္ဘာလုံးဆိုင်ရာပွဲတော်တစ်ခုအတွက်တော့ ဒါဟာ
သူတို့ရဲ့နောက်ဆုံးဖြစ်ပါတယ်။ နောက် ၄နှစ်မှာ
မက်ဆီက ၃၉နှစ်။ အခု ပို့သမေတ္တာခံယူနေတဲ့
ရော်နယ်ဒိုက ၄၁နှစ်။ သဘာဝကျစွာပဲ သူတို့အနားယူ
သွားကြရပါတော့မယ်။ မနက်ဖြန်မှာလည်း တိမ်တွေ
ပြေးနေဦးမယ်ဆိုပေမယ့် ဒီနေ့ ကျနော်တို့ကိုရူးခံ
စေခဲ့တဲ့တိမ်တွေ ဟုတ်နိုင်ပါဦးတော့မလား..။
ဒီတိမ်တွေလောက် ကိုယ့်ရင်ထဲတောက်ပပါတော့
မလား။ အားလုံးကြိုသိခဲ့ပြီးသား အမှန်တရားတစ်ခု
ဆိုပေမယ့် အဲ့ဒါကို တကယ်ကျော်ဖြတ်ရတော့မယ်
ဆိုတဲ့အသိက ဘာနဲ့မှဖြေလို့မရအောင် ပူလောင်ကျွမ်း
စေပါလိမ့်မယ်။ လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ အငြင်းပွား
စရာဒိုင်ယာလော့ခ်တွေ ခဏလေးအိပ်ပျော်သွားပါစေ
လား။ ဒီဇင်ဘာနှောင်းပိုင်းရောက်မှ လိုအပ်တယ်
ထင်ရင်ထပ်ပြောကြတာပေါ့။ အခုတော့ ဘောလုံး
ဧကရာဇ်နှစ်ပါးရဲ့ နောက်ဆုံးသောကမ္ဘာ့ဖလား
ထိခတ်ချက်တွေကို လွမ်းဆွေးမှု၊ ဂုဏ်ပြုမှတ်တမ်း
တင်လိုမှု၊ ဒီဖြစ်စဥ်မှာ ကိုယ်တိုင်တိုက်ရိုက်ပါဝင်ခွင့်
ရခဲ့ပါလားလို့ တသက်သက်တွေးသိမှုတွေနဲ့အတူ
စောင့်ကြည့်လိုက်ကြရအောင်လား..။ ဒါဟာ
သူတို့နှစ်ယောက်နဲ့ ဘောလုံးပြည်သူတွေကြားက
နောက်ဆုံးအနမ်းပါ။ နောက်ဆုံးအနမ်းတွေလောက်
ဆွေးမြည့်ဖွယ်အမှတ်တရဆန်တာ အခြားမရှိပါဘူး။
🔲
crd
ကျနော့်ပြတင်းပေါက်ကလေးထဲက
အဝါရောင်လမင်း
📛 Nကြယ်မင်း
ကမ္ဘာ့ဖလားလို့ စိတ်ကလေးတစ်ချက်ညွှတ်လိုက်တာနဲ့
ဘရာဇီးဝင်လာမယ်။ ကမ္ဘာ့ဖလားလိုဂိုထဲမှာ
မြှုပ်ထားတဲ့ ပီလီရှိတယ်။ ကမ္ဘာ့ဖလားပိုစတာထဲမှာ
ရော်နယ်ဒင်ဟိုရဲ့သွားတွေ..။ ဒီမှာလည်း ကျနော်တို့ဟာ
ကွဲပြားတဲ့ဆိုက်ရောက်မှုတွေ ရှိခဲ့ကြတာပဲ။
ပေါလ်ဂက်စကွိုင်းရဲ့ အင်္ဂလန်မှာ နှစ်ကာလများ။
ပေါ်တူဂီဖီဂိုသင်္ဘောနဲ့မှ အထက်တန်းကျတယ်
ထင်မှတ်ခဲ့ကြသော..။ တချို့က ဇီဇူး၊ တချို့က
မာတာရာဇီ၊ တချို့က ၁၉၈၆ မာရာဒိုနာ။
အင်နီယေစတာနဲ့ တောင်အာဖရိက။ ရုရှားမှာ
မန်ဇူကစ်ငိုကြွေးခြင်း။ စွဲထင်ခဲ့သောပုံရိပ်တွေ
ပြန်ယူမယ်ဆို လေယာဥ်ဘယ်နှစ်စင်းစာပါလိမ့်..။
ဒါပေမဲ့ ဘယ်သူမဆိုသိပါတယ်။ ကမ္ဘာ့ဖလားဆို
ဘရာဇီးပဲ။ သူတို့ရဲ့ရေပန်းစားမှုဟာ ရှေ့က
ကြွလာတယ်။
တကယ်ဆို အနှစ်နှစ်ဆယ်ပေါ့လေ။ အာရှမှာ ဂျာမနီကို
အနိုင်ယူဗိုလ်စွဲပြီးတဲ့နောက် ဘရာဇီးဟာ အတော်
ဝေ့ခဲ့တယ်။ အဆင့်တွေကျဆင်းခဲ့တယ်။ လူတွေဟာ
ဘယ်လ်ဂျီယံရောင်နီကို မျှော်စောင့်ခဲ့ကြတယ်။
မက်ဆီလေး ကမ္ဘာ့ဖလားရသွားပါ့မလား သွေးတိုးဟာ
ကျနော်တို့ခေတ်ပြိုင်တွေဆီ ရှိခဲ့တယ်။ ဒါပေမဲ့
ကမ္ဘာ့ဖလားစတော့မယ်ဆို ဘရာဇီးအတွက်ပါကွာဆိုတဲ့
အသံတွေ ပျံ့နှံ့လာတတ်တာ ဘောလုံးရဲ့ရိုးရာတစ်ခု
တောင်ဖြစ်နေပါပြီ။ ကျနော်ဟာ ကမောက်ကမကာတာ
ကို ဖွင့်ဖို့ကြိုးစားရင်း နောက်ဆုံးဗိုလ်စွဲခဲ့တဲ့ ဘရာဇီး
တွေဆီ ပြန်လည်ကာရောက်ရှိသွားပြန်တယ်။
ချစ်စွာသော 3R နဲ့ ရဲရင့်ခဲ့ပုံ။ ကျနော့်အတွက်ဆို
ငယ်ချစ်ဦးဂျာမနီကိုတောင် ငြိုးသူရန်ဘက်ဖြစ်ခဲ့ပုံ။
အနှစ်နှစ်ဆယ်မှာ တချို့ကစားတွေ သိပ်အမှတ်မရ
တော့ပါဘူး။ဆိုပါစို့၊ ဂိုးသမား မားကို့စ်ဟာ ဥရောပ
မှာ ကစားဖူးသလား ကျနော်ပြန်တွေးလို့မရဘူး။
Google ခေါက်ရင်အလွယ်လေးဆိုပေမယ့် ကျနော့်
အလွမ်းကို လွတ်လပ်စေချင်တယ်။ သူသွားနိုင်
သလောက်ပဲ ပြန်သွားချင်တယ်။ လူစီယိုကြီးကတော့
လေဗာကူဆင်မှာကတည်းက ကျနော်ငြိခဲ့တာ။
ကျနော်ဘောလုံးဂိမ်းကစားရင် သူ့ကိုရအောင်ယူ
နေကျ။ အက်ဒ်မီးဆင်ဆို DM တစ်ယောက်လို့ပဲ
ကျနော်မှတ်မိတယ်။ ဒါပေမဲ့ အဲ့ဒီဖိုင်နယ်မှာ
သူက CB ဆင်းကစားခဲ့တာထင်ပါရဲ့။ ရောကွေး
ဂျူနီယာက လူပြက်တစ်ယောက်နဲ့တူတယ်။
ဒါပေမဲ့ ဘယ်ပွဲမှာလဲမသိ။ သူ့ရဲ့ဇွဲကောင်းပုံကို
ကျနော်တို့ကျွတ်ကြဲခဲ့ရဖူးတာပေါ့။ ကျနော်အမှတ်
မမှားဘူးဆိုရင် အေစီမီလန်မှာဖြစ်လိမ့်မယ်။
ကလီဘာဆင်ဆို မန်ယူမှာလည်း ခံစားမရခဲ့ပါဘူး။
ဒါပေမဲ့ အဲ့ဒီပွဲမှာ သူအကောင်းဆုံးလုပ်နိုင်ခဲ့တာ
ကျနော်အမှတ်ရတယ်။ အာဆင်နယ်ရဲ့ဆေးလ်ဗား
ဆို ကျနော်တစ်ယောက်အနေနဲ့ အရသာမခံတတ်ခဲ့
ဘူးပေါ့။ တစ်ခုပဲ၊ သူ့ရဲ့အရေးပါပုံကို ချန်လှပ်ခဲ့လို့မရ
ဘူးဆိုတာသိပါတယ်။ ကားလို့စ်နဲ့ ကာဖူးတို့ကတော့
ရေစက်ပဲ။ ကိုယ်တွေဘရာဇီးသားဖြစ်ဖို့ အကောင်း
ဆုံးဇာတ်ပို့သူတွေဖြစ်ခဲ့တယ်။ ဘောလုံးပွဲတွေ
Live ကြည့်ခွင့်မရသေးတဲ့အချိန်က ကာဖူးကစားတာ
ကြည့်ဖို့ ရိုးမားပွဲတွေကို ဗီဒီယိုအခွေကူးခိုင်းပြီး
ငြိမ့်ခဲ့ဖူးတာပေါ့။ နောက်ဆုံးတော့ 3R ပေါ့လေ။
၁၉၉၈တုန်းက ဘားသက်ဇ်ပြုသမျှ ခေါင်းထိုးပေးခဲ့
ရဖူးတဲ့ ကိုယ့်ဒိုကြီးကို အိုလီဗာခန်းနဲ့တော့
လွတ်မြောက်စေချင်မိခဲ့တယ်။ တကယ်လည်း
သူ့ဂိုးနှစ်ဂိုးပေါ့။ ရော်နယ်ဒင်ဟိုရဲ့ဘောလုံးအနုပညာဆီ
ရောက်ရှိရေးဟာ အာရှညနေခင်းတွေမှာ တကယ်
ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် ရီဗယ်ဒိုကြီးပေါ့လေ။
စစ်သည်အိုကြီးရဲ့ အဝါရောင်ထုထည်မှာ
ကျနော်ပျော်ရွှင်ခဲ့ပါတယ်။
ဒါဟာ ဘရာဇီးဆီ ပြန်ဖွင့်သောပြတင်းတစ်ချပ်ပါ။
ကိုယ်စီအလွမ်းတွေရှိကြတယ်။ အချိန်မရလည်း
နားထောင်ခဲ့တယ်။ နေမာတို့နဲ့ ဒီနှစ်ဘရာဇီး
ပွဲပိုကြမ်းမယ်လို့လည်း ရက်ပိုင်းအတွင်းရေးဖြစ်
တော့မယ့်ခေါင်းစဥ်တွေဆီ နှလုံးသားရောက်ပါတယ်။
မိမိစိတ်ကြိုက် မှာယူနိုင်ပါသည်
I Love Man U❤
contact no 09753733266
❤
I Love Man U❤
Eat ,Sleep, United ,Repeat.
Customer စိတ်ကြိုက်
Customize Design များနဲ့ မှာယူနိုင်ပြီ ခင်ဗျ❤
09753733266
YGN
ကဲ ...ကမ္ဘာဖလား လည်းနီးပြီဆိုတော့ကာ...
လိုချင်တာသာပြော ဖြစ်အောင်လုပ်ပေးမယ့် အစီစဥ်ကနေ ကြိုဆိုလိုက်ပါတယ် ညိုကီတို့ရေ 😀
မိမိတို့ ကြိုက်နှစ်သက်ရာ idol player များရဲ့ ပုံနဲ့ ဝတ်ရမှာဆိုတော့.... ဗျာ လက်နှေးမနေပဲ world cup အမှီလေး order တင်လိုက်တော့ဗျာ...
T Shirt Colour -White/ Black
Size -s,m,l,xl,2xl
Price -CB
ံဆိပ်ရိုက်
Limited Edition မှာ ဝတ်ချင်တဲ့ ညိုကီတို့အတွက်...
ဂေါ်design တွေနဲ့ အထာကျကျ ဖြုတ်လို့ရပြီ... ပိတ်အသားကလည်း ရှယ်ကောင်း
Thiland Made Grade A+ ဆိုတော့ ရှယ်ဝတ်ပဲ...
ကြိုက်နှစ်သက်ရာကို မိမိ စိတ်ကြိုက် design /စားသား /ထည့်ပြီး မှာယူနိုင်ပါတယ်ခင်ဗျ
limited edition ဖြစ်တဲ့ အတွက် စရံငွေ တော့တစ်ဝက်ချေပေးရပါမယ်...
order( wait 1week)
S- ရင် ၃၃လက်မ / ခါး ၂၅လက်မ (ပေါင် ၇၅-၁၁၀)
M- ရင် ၃၆လက်မ / ခါး ၂၆လက်မ (ပေါင် ၁၁၀-၁၃၅)
L - ရင် ၄၀လက်မ / ခါး ၂၈လက်မ (ပေါင် ၁၄၀-၁၆၀)
XL - ရင် ၄၄လက်မ / ခါး ၂၉လက်မ (ပေါင် ၁၆၀-၁၈၀)
XXL - ရင် ၄၈လက်မ / ခါး ၃၀လက်မ (ပေါင် ၁၈၀-၂၃၀)
3XL - ရင် ၅၂လက်မ / ခါး ၃၁.၅လက်မ( ပေါင် ၂၃၀-၂၆၀)
09753733266
#တီရှပ်
#စိတ်ကြိုက်design
ဖြစ်ခဲ့ရင်ကောင်းတယ်
မဖြစ်လည်းရတယ်
အမြင့်ပျံနိုင်ပါတယ်
📛 Nကြယ်မင်း
📛 The Calls
ကမ္ဘာ့ဖလားနဲ့ အနီးတစ်ဝိုက်က ပုံမှန်တင်ဆက်မှုတွေကို
ရှုစားလိုက်ပေါ့လေ။ ဒီအချိန်ဆို ကျနော်တို့ကြားနေကျ
တွေပါပဲ။ ကိုယ်ချစ်သောကစားသမားတွေထဲက
တချို့ဟာ ဒဏ်ရာနဲ့ကျန်ရစ်ခဲ့မယ်။ တချို့က အံ့ဖွယ်
အရွေးမခံရခြင်းပေါ့။ ကျနော်တို့ထိခိုက်ခံစားကြ၊
ပက်ခနဲဆဲရေးကြ၊ တကယ်တော့ အဲ့ဒါကိုက
ကမ္ဘာ့ဖလားရဲ့ လျှို့ဝှက်သောအော်ပရာတွေပဲ။
ဒီမှာတစ်ယောက်ပေါ့လေ။ ဘရာဇီးဟာ အားလုံးထက်
စောပြီး ၂၀၂၂ လူစာရင်းကိုထုတ်ပြန်လိုက်ရာမှာ
ဘော်ဘီပါဝင်လာခဲ့ခြင်းမရှိပါဘူး။ ဒီမှာ လီဗာပူးချစ်သူ
တွေမင်သက်သွားကြ၊ အဲ့ဒါဘာအဓိပ္ပာယ်လဲ၊
တုန့်ပြန်မေးခွန်းထုတ်ကြ။ ပြောစမ်းပါ၊ ဖာမီနိုလို
ကစားသမားတစ်ယောက် အခြားမှာရှိနိုင်ရိုးလား..။
လိုအပ်ရင် အရန်ခုံမှာထိုင်၊ လိုအပ်ရင် နည်းပြဆေးစက်
ချရာအရုပ်ထင်၊ လိုအပ်ရင် ဘယ်လိုစောဒကမှ
မတက်ဘဲ ငြိမ်သက်နေတတ်သော၊ လိုအပ်ရင် ကိုယ်ရ
နိုင်တဲ့ဂိုးကို သူတစ်ပါးအတွက်ကြည်ဖြူစွာပေးအပ်
တတ်သူ၊ လိုအပ်ရင် ကြိုးကြာပွဲဖတ်သမား။
အဲ့ဒီလို ဖာမီနိုကို ကမ္ဘာ့ဖလားမှာ မြင်ခွင့်မရတော့ဘူး
ဆိုတော့ ကျနော်တို့လည်းဆွေးပါတယ်။
ဒါပေမဲ့ ၄နှစ်မှတစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ
ပွဲတော်တစ်ခုအတွက် လူရွေးချယ်ရာမှာ စာနာမှုဆိုတာက
သိပ်တော့ဆေးဖက်မဝင်ပါဘူး။ ဒီလိုအချိန်မှာ
နည်းပြတွေဟာ ရှောင်လွှဲမရနိုင်သောရက်စက်မှုကို
ပြုလုပ်ကြရလေ့ရှိတာကို ကျနော်တို့ခံစားနားလည်ကြ
ရပါလိမ့်မယ်။ ဘော်ဘီဟာ ဒီရာသီမှာ ပွဲထွက်ခွင့်ပိုရ
လာပေမယ့် အဲ့ဒါရဲ့အကြောင်းရင်းမြစ်ကို ဘယ်သူ
မဆိုသိပါတယ်။ ဒီလိုအခြေအနေမျိုးမှာတောင်
လီဗာပူးအတွက် အသုံးဝင်နေနိုင်သေးပေမယ့်
ဘရာဇီးမှာတော့ အခြားသောသက်ဝင်မှုတစ်ခု
ဖြစ်နေနိုင်ပါတယ်။ ပြီးတော့ ၃၁နှစ်ကျော်လာပြီဖြစ်တဲ့
သူ့အသက်အရွယ်ပါ။ ဒါဟာ ရွေးချယ်စရာတွေ
သိပ်ကိုများတဲ့ ဘရာဇီးတိုက်စစ်မှူးတွေရဲ့အလယ်မှာ
ညှိုးရော်သွားနိုင်တဲ့ အချက်အလက်တစ်ခု ဖြစ်နေ
ပါလိမ့်ဦးမယ်။ အကွယ်အဖုံးမရှိအောင် ကြည့်ကြရင်
ဘရာဇီးအတွက် သူ့ရဲ့တောက်ပသော ထည့်ဝင်
သယ်ပိုးနိုင်စွမ်းလည်းမရှိလှပါဘူး။
နှလုံးသားတပ်ဆင်ထားခြင်းမရှိသော လှံတံကိုပဲ
ကျနော်ပစ်သွင်းရပါမယ်။ နေခဲ့ပေဦးတော့ဖာမီနိုရေ..။
ကမ္ဘာ့ဖလားဆိုတာ ကစားသမားတိုင်းရဲ့အိပ်မက်ပဲ။
ဒါပေမဲ့ အဲ့ဒီမြက်ခင်းတွေမနင်းခဲ့ဘဲ အလတ်ဆုံးလေကို
ရှူသွင်းနိုင်ခဲ့တဲ့ ကစားသမားများစွာရှိခဲ့ပါတယ်။
ဒီမှာဖြစ်ခဲ့ရင် ကောင်းတယ်။ ဒီမှာ မဖြစ်ခဲ့လည်း
ရပါတယ်၊ အမြင့်ပျံနိုင်ပါတယ်။ ဒါဟာ ဘဝကို စိန်ခေါ်ပွဲ
တွေထဲ ဆွဲမသွင်းတတ်၊ ရောက်လေရာအရပ်မှာ
နူးညံ့စွာပျော်ဝင်တတ်သူတွေအတွက် ဘုရားပေးတဲ့
ဆုလာဘ်ပဲလား ကျနော်မသိပါဘူး။ အနစ်နာခံတယ်
ဆိုတာ မင်္ဂလာတစ်ပါးပါ။ အားလုံးချစ်ကြတယ်။
ဒါပေမဲ့ အဲ့ဒီလိုကိုယ်ကျိုးစွန်ခဲ့မှုတွေကြောင့် နာစရာ
ရှိရင် ကိုယ်ပဲနာမယ်ဆိုတာလည်း အားလုံးသိပြီးသား
တရားတော်တစ်ခုပါ။ ဘာတတ်နိုင်မှာလဲ။ အိုး..
အန်ဖီးလ်မှာ မင်းရှိနေတယ်။ အန်ဖီးလ်မှာ
အတိတ်ဆိတ်ဆုံးအလုပ်ကျွေးပြုသူအဖြစ် သမိုင်းဝင်
ခဲ့မယ်ဆိုရင် ဘော်ဘီကျေနပ်နိုင်မယ်မဟုတ်လား။
ကျနော်တွေးမိတာတစ်ခုပါ။ ကျနော် အဲ့ဒီလိုရှိပါတယ်။
Feliz cumpleanos, David De Gea 🎈
Rio Ferdinand, have a great birthday! 👊
စူပါမင်း
မူးပြီးမက်တဲ့အိပ်မက်တွေ
လက်ကျန်ဖြတ်လိုက်ပြီ
🈁 Nကြယ်မင်း
🈁 The Calls
https://facebook.com/100085573698558/posts/126171773578612/
ဒီလိုရန်ပွဲမျိုးမှာ သူသာဇာတ်လိုက်ဖြစ်သွားတဲ့အတွက်
ကျနော်အံ့သြရပါတယ်။ ကျနော်မှတ်မိသလောက်တော့
ဒီလိုအမှုမျိုးတွေမှာ သူဟာ ခုံမင်လေ့မရှိပါဘူး။
သူဟာ ကျနော်တို့ဖမ်းလို့မမိနိုင်တဲ့ ဂီတအမျိုးအစား
တစ်ခုပါ။ သူပြေးလာတယ်။ သူခုန်လိုက်တယ်။
အရာရာဟာ သူတောင့်တခဲ့သလိုပဲ ပြီးမြောက်ပါတယ်။
သူဟာ နောက်ခံလူတွေနဲ့ အခုလိုမျိုးအချိန်ကုန်ရတာကို
တူးတူးခါးခါးမုန်းတီးပုံလည်းရပါတယ်။ သူ့ဂိုးတွေ၊
သူ့မှတ်တမ်းသစ်နဲ့ သူထားခဲ့မယ့်ကမ္ဘာကြီးကို
ရေးသားရာမှာ ဒါတွေက အကျိုးမရှိကြောင်း သူသိခဲ့
တာပေါ့။ အခုတော့ မရှောင်နိုင်ဘူးဖြစ်ရတယ်။
သူမဖြစ်လို့ သူ့လူတွေဖြစ်ခဲ့ရင် ပျော်ရွှင်နိုင်အောင်
အခုနောက်ပိုင်း သူကြိုးစားလာပါတယ်။
ဂါနာချိုရဲ့ ခေါင်းကိုင်ဖခင်တစ်ယောက်လို သူပေးဆပ်
ချင်ပုံရခဲ့တာကလည်း ကျနော်တို့ဆီ ကြည်တောက်ရှင်း
စေတဲ့ သူ့ရဲ့ရင့်ကျက်မှုပါ။ ဒါပေမဲ့ သူကိုယ်တိုင်လည်း
မဖြစ်၊ သူ့လူတွေလည်း ကသောင်းကနင်းဆန်လှတဲ့
ပွဲမျိုးမှာ သူကိုယ်တိုင်ပိတ်ဆို့ထားတဲ့သွေးကြောတွေ
ပေါက်ထွက်ကုန်တယ်။ လုပ်ယူထားရတဲ့ နေတတ်
ထိုင်တတ်မှုဟာ အငွေ့ပြန်ခဲ့တယ်။ တိုင်ရုန်းမင်းစ်နဲ့
ထိပ်တိုက်တွေ့ခဲ့တယ်။
သူမပျော်နိုင်ပါဘူး။ အဲ့ဒါက သူ့အတွက်ကလွဲရင်
အားလုံးဆီမှာ သဘာဝကျပါတယ်။ စူပါမင်းမူးပြီး
မက်တဲ့အိပ်မက်တွေမှာ သူအမြဲမရောက်ရှိနိုင်ပါဘူး။
ဒါပေမဲ့ မန်ယူရဲ့ တစ်ကွက်ပြသလို နောက်ကိုခုန်ဆုတ်
သွားပြန်တာတွေက နည်းနည်းမှကြည့်ရက်စရာရှိမနေ
ပါဘူး။ ဒီပွဲမှာ ဘယ်သူဟာဖြစ်ဖဲကို တင်နိုင်ခဲ့လို့လဲ။
ဒီပွဲမတိုင်ခင်က ဘရူနိုမပါဘဲ အကောင်းဆုံးပုံစံရနေတဲ့
မန်ယူကို ကျနော်လုပ်ပြနိုင်တာပေါ့လို့ ဆိုခဲ့သူ
အဲရစ်တန်ဟက်ဂ် အခုဘယ်ရောက်သွားပါသလဲ။
ဗန်ဒီဘိခ်ကိုထည့်သွင်းခဲ့တာ သူ့ရဲ့အစွမ်းကုန်
တွေးကြံမှုလား..။ အဲ့ဒါထက်ဆိုးတာက ဒီမှာသူမှား
ခဲ့ပြီသိနေတာတောင် ပြန်လည်ပြင်ဆင်ဖို့
အချိန်ယူလွန်းခဲ့တယ်။ ကြောင်အခဲ့တယ်။ ဘရူနိုဟာ
ဒီရာသီမှာလည်းပဲ အကောင်းဆုံးပုံစံရနေသူ
တစ်ယောက်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့ဒီလောက်
နဲ့ပဲ မရှိမဖြစ်ကစားပေးနေရတယ်။ ဝေဝါးတဲ့လူစား
လဲမှုနောက်မှာ မာရှယ်ရဲ့မနည်းတည်ဆောက်ထားရတဲ့
ကိုယ်ပြန်လာပြီသီချင်း ကျကွဲခဲ့တယ်။
သူလည်းမကောင်းခဲ့ပါဘူး။ ဒါပေမဲ့ သူ့အသင်း
မကောင်းတာ သူပိုသိနေတော့ ရော်နယ်ဒိုဟာ
ယောက်ယက်ခပ်ရတယ်။ ကျနော်တို့ဟာ သူ့လို
ရဲစွမ်းသတ္တိတွေလိုတာပေါ့။ ရှေ့ထွက်ရဲသူတွေ
တွယ်တာရတာပေါ့။ သူတို့ဖြစ်မှ ကိုယ်ဖြစ်ခဲ့မယ်ဆိုတာ
လည်း ဆုတောင်းတစ်ခုထက်ပိုမှာပေါ့။ သို့သော်
သူတို့ကို ကိုယ်တွေတစ်ယောက်ချင်းက လုံလောက်စွာ
ဝန်းရံနိုင်ခဲ့လို့လားဆိုတာတော့ ကိုယ်ကိုယ်တိုင်
စဥ်းစားကြရမှာပါ။ ငါတို့ဟာ နိုင်ချင်သူတွေပါ။
နိုင်မှဖြစ်တော့မယ့်ဘဝတွေပါ။ အဲ့ဒါကို ခိုတွေလို
ရွဲ့စောင်းပြမနေဘဲ အခုထက်ထဲထဲဝင်ဝင်ပါဝင်မှုတွေနဲ့
ဖြည့်စွက်ကြရအောင်လား..
❤
Feliz cumpleanos, David De Gea 🎈
❤
❤
❤
❤
United suffer a first defeat in 10 games.
Full-time reaction and analysis ➡️ http://manutd.co/EOO
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Opening Hours
Monday | 09:00 - 19:00 |
Tuesday | 09:00 - 19:00 |
Wednesday | 09:00 - 19:00 |
Thursday | 09:00 - 19:00 |
Friday | 09:00 - 19:00 |
Saturday | 09:00 - 19:00 |
Sunday | 09:00 - 19:00 |
No-501(B), Kan Taw Street, Thingangyun, Near Bawamyint Bus Top
Yangon, 11701
High-Quality Export Clothing.
Building 1. Hlaing Myint Mo Housing. , Kan Street. 10Qtr
Yangon
$$ - Sportswear Store & Online
No(26), 43rd Street (lower Block)
Yangon, 11162
Meet Prima, the wellness brand that's here to help you unleash your full potential.
Yangon
Sportswear / Activewear ဒီဇိုင်းမျိုးစုံကို စျေးနှုန်းချိုသာစွာမှာယူရရှိနိုင်ပါတယ်ရှင့်