Dr. Ye Win Naing

- Owner and General Dental Practitioner at Nay La Dental Clinic (North Okklarpa Township)

- General

18/01/2024

လေဆာ သွားဖြူကုထုံး
Laser Whitening
*******************

​လေဆာသွားဖြူကုထုံး မလုပ်မှိီ နှင့် ကုသမှုအပြီး ​ပြောင်းလဲသွားတဲ့ ပုံ​လေးဖြစ်ပါတယ်။

ကုသချိန် မိနစ်၃၀မှ ၄၅ မိနစ်သာကြာမြင့်ပါသည်။

10/12/2023

🍀 မညီညာတဲ့ သွားလေးတွေကို ညီညာအောင် သွားညှိကုသမှု ခံယူလို့ရပါတယ်😇😇😇

🍀 အောက်မှာ ပြထားတဲ့ပုံလေးကတော့

(၆) လအတွင်း ပြောင်းလဲလာတဲ့ သွားညှိကုသမှု ရလဒ်လေးဖြစ်ပါတယ် 🤩🤩🤩

02/05/2023

Thank you for your continued support. I could not have done it without each of you. 🙏🤗🎉

24/02/2023
14/02/2023

ကြဲနေတဲ့ အောက်ရှေ့သွားလေးတွေကို 💫💫💫

ကြွေလွှာပြန်ဖြည့် ကုသပေးထားပါတယ် 🦷🦷🦷

Photos from Nay La Dental Clinic's post 04/02/2023

ဆေးခန်း နေရာ အသစ်ကို ပြောင်းရွေ့ဖွင့်လှစ်ထားပါတယ် ခင်ဗျာ 💫

15/11/2022

သွားကိုက်ခြင်းဝေဒနာ အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့

သွားကိုက်တယ် သွားနာတယ်ဆိုတာ လူတော်တော်များများဖြစ်ဖူးကြတဲ့ ဝေဒနာတခုပါပဲ။တဆစ်ဆစ်နဲ့ခံရလည်းခက်ပြီး တခါတလေ နားပါကိုက်တဲ့အထိဝေဒနာပြင်းလှပါတယ်။တချို့သွားကိုက်တဲ့သူတွေဟာ ကိုက်ပြီနာပြီဆိုတာနဲ့ သွားအကောင်းကြီးကိုနှုတ်ပစ်ဖို့အထိစဥ်းစားတတ်ကြပါတယ်။

မိမိပင်ကိုယ်သွားလေးတွေဟာ တန်ဖိုးကြီးလွန်းတဲ့အတွက် သွားကိုက်တိုင်း သွားနှုတ်ဖို့မစဥ်းစားစေလိုပါဘူး။ကျွန်တော်တို့သွားဆရာဝန်တွေဟာလည်း သွားတချောင်းရဲ့အဆိုးဆုံးအခြေအနေမှသာ သွားနှုတ်ဖို့စဥ်းစားပြီး သွားတချောင်းက်ိုကယ်လို့ရသမျှ ကယ်ပေးကြပါတယ်👨‍⚕️👨‍⚕️

ဒါဆို သွားမနှုတ်ရစေဘဲသွားကိုက်တာ ဘယ်လိုသက်သာနိုင်မလဲ

🍀သွားအကြောထုတ်ကုသမှု ခံယူလို့ရပါတယ်🍀
သွားကိုက်ရတဲ့အဓိကအကြောင်းတရားဟာ သွားရဲ့အတွင်းဆုံးအလွှာဖြစ်တဲ့ မွှသွားလွှာ(Pulp)ထိခိုက်ပျက်စီးသွားရလို့ပါ။ အဲ့ဒီပျက်စီးသွားရတဲ့ သွားအကြောလေးကို ဖယ်ထုတ်သန့်ရှင်းရေးလုပ် အကြောတုထည့်ပြီးကုသတာကို သွားအကြောထုတ်ကုသတယ်လို့ခေါ်ပါတယ်။သွားအကြောထုတ်ကုသမှုခံယူပြီးတဲ့အခါမှာတော့ သွားကိုက်သွားနာရတဲ့ဝေဒနာဟာ ယူပစ်သလိုသက်သာပျောက်ကင်းသွားမှာပါ။

သွားတချောင်းဟာ သစ်ပင်တပင်လိုပါပဲ🌳။သစ်ပင်ရဲ့ရေသောက်မြစ်ကို ဖယ်လိုက်တဲ့အခါကျွတ်ဆတ်လွယ်တတ်သလို သွားရဲ့အကြောလွှာလေးတွေကိုဖယ်လိုက်တဲ့အခါမှာလည်း အမာဒဏ်ကောင်းကောင်းကြီးမခံနိုင်တော့ပါဘူး။

ဒီအတွက်လည်းဖြေရှင်းနည်းရှိပါတယ်။Crownလို့ခေါ်တဲ့သွားအစွပ်လေးတွေ စွပ်ပေးလိုက်လို့ရပါတယ်။သွားအစွပ် စွပ်တယ်ဆိုတာကတော့ပင်ကိုယ်သွားကိုအနည်းငယ်စားပြီး အပေါ်ကနေမှသွားတုအစွပ်လေးကို အသေစွပ်ပေးလိုက်တဲ့ကုသမှုတခုပါ။
သွားအစွပ် စွပ်ပြီးတဲ့အခါမှာ အမာဒဏ်ကောင်းကောင်းကြီးခံနိုင်ပြီး မိမိရဲ့ပင်ကိုယ်သွားတချောင်းလိုစားနိုင်ဝါးနိုင်လာမှာပါ။

ဒီတော့ သွားကိုက်သွားနာတိုင်း သွားနှုတ်ဖို့မစဥ်းဘဲ အကြောထုတ်ကုသလို့ရနိုင်သေးလားဆိုတာ သွားဆရာဝန်တွေနဲ့တိုင်ပင်ပါ ဆွေးနွေးပါ။သွားအကြောထုတ်ကုသပြီးတဲ့အခါမှာလည်း အမာဒဏ်ခံနိုင်စေဖို့အတွက် သွားအစွပ်လေးတွေ စွပ်သင့်လားဆိုတာကို ဆွေးနွေးကြည့်ပါ တိုင်ပင်ကြည့်ပါ။

အသေးစိတ်သိလိုတာ၊ဆွေးနွေးတိုင်ပင်လိုတာရှိရင်
☎09-794819121 သို့ဆက်သွယ်၍ဖြစ်စေ
​ဒီpage messengerမှဖြစ်စေ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ဆေးခန်းသို့လာရောက်၍လည်း အခမဲ့ဆွေး‌နွေးနိုင်ပါတယ်။

သွားကိုက် သွားနာ ဝေဒနာများအမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ ဆုတောင်းရင်း

မေတ္တာဖြင့်
ဒေါက်တာရဲ
Dr.Ye Win Naing
B.D.S(Ygn)

Photos from Dr. Ye Win Naing's post 12/11/2022

မဂ်လာပါခင်ဗျာ။
ဒီအပတ်မှာတော့ ကျွန်တော့်ရဲ့စာဖတ်ပရိသတ်များအမေးများလေ့ရှိကြတဲ့ သွားစိုက်နည်းအကြောင်းတွေကို ပြည့်ပြည့်စုံစုံလေးရှင်းပြပေးသွားပါမယ်။

📌သွားစိုက်နည်း ဘယ်နှစ်နည်းရှိပါသလဲ❓

-သွားအရှင်စိုက်နည်းနဲ့ သွားအသေစိုက်နည်းဆိုပြီး
2နည်း ရှိပါမယ်။

📌သွားအရှင်စိုက်နည်းဆိုတာ ဘယ်လိုမျိုးလဲ❓

-သွားအရှင်စိုက်နည်းဆိုတာကတော့ အံကပ်လိုမျိုးမိမိကိုယ်တိုင်အဖြုတ်အတပ်လုပ်လို့ရတဲ့ သွားစိုက်နည်းမျိုးပါ။သွားစိုက်နည်းတွေထဲမှာတော့ စျေးနှုန်းအားဖြင့်အသက်သာဆုံးသွားစိုက်နည်းတခုဖြစ်ပြီး သက်ကြီးပိုင်းဘိုးဘိုးဘွားဘွားတို့အစိုက်များကြပါတယ်။

အံကပ်အမျိုးအစားအနေနဲ့တော့ အံကပ်အပျော့၊ အံကပ်အမာ၊ သတ္တုအံကပ်ဆိုပြီး ရွေးချယ်စရာ ၃မျိုးရှိပါမယ်။စိုက်ရမယ့်သွားအရေအတွက်နဲ့ အံကပ်အမျိုးအစားပေါ်မူတည်ပြီး စျေးနှုန်းလေးတွေလည်း ကွာခြားသွားပါမယ်။

📌သွားအသေစိုက်နည်းဆိုတာ ဘယ်လိုမျိုးလဲ❓

-သွားအသေစိုက်နည်းဆိုတာကတော့ အဖြုတ်အတပ်လုပ်စရာမလိုတော့ဘဲ ပင်ကိုယ်သွားတွေလိုမြဲနေအောင် စိုက်ပေးလိုက်တဲ့သွားစိုက်နည်းပါ။

သွားအသေစိုက်နည်းမှာမှ
၁.တံတားထိုးသွားစိုက်နည်း(Dental Bridge)နဲ့
၂.သွားမြစ်တုစိုက်နည်း(Dental Implant)ဆိုပြီး
ရှိပါမယ်။

🔎တံတားထိုးသွားစိုက်တယ်ဆိုတာ ဘာလဲ❓

-မိမိစိုက်လိုတဲ့သွားရဲ့ ဘေးတဖက်တချက်စီကသွားတချောင်းစီကို အကူယူပြီးတံတားထိုးသလိုပုံစံမျိုး စိုက်လိုက်တာကို တံတားထိုးသွားစိုက်တယ်လို့ခေါ်ပါတယ်။

သွားတချောင်းမရှိတော့တဲ့အခါ ဘေးတဖက်စီကသွားတချောင်းစီကိုအကူယူပြီး ၃ချောင်းတွဲစိုက်လို့ရသလို

သွား၂ ချောင်းမရှိတော့တဲ့အခါမှာလည်း ဘေးတဖက်စီက သွားတချောင်းစီကိုအကူယူပြီး 4ချောင်းတွဲလည်းစိုက်လို့ရပါသေးတယ်။

ကုန်ကျစရိတ်သင့်တင့်ပြီး အစိုက်အများဆုံးသွားစိုက်နည်းတခုလည်းဖြစ်ပါတယ်။ သူ့ရဲ့အားနည်းချက်အနေနဲ့ကတော့ အကူယူရတဲ့သွားလေးတွေကိုအနည်းငယ် စားလိုက်ရပါတယ်။

သွားအမျိုးအစားအနေနဲ့ အောက်ကပုံလေးတွေမှာ
ပြထားသလို
သတ္တုသွား၊
ကြွေတခြမ်းသတ္တုတခြမ်းသွား၊
သတ္တုစပ်ကြွေသွား၊
ကြွေသွားသီးသန့်၊
ကြွေ၂ထပ်သွား
စသည်ဖြင့်ရွေးချယ်စရာအမျိုးအစားများပါတယ်။ အမျိုးအစားပေါ်မူတည်ပြီး ကုန်ကျစရိတ်လေးတွေလည်းကွဲပြားသွားပါမယ်။

🔎သွားမြစ်တုစိုက်တယ်ဆိုတာ ဘာလဲ❓

-အကောင်းဆုံးသွားစိုက်နည်းတခုဖြစ်ပြီး
ဘေးသွားအကူယူစရာမလိုဘဲ မရှိတော့တဲ့သွားတချောင်းနေရာမှာ တချောင်းချင်းပြန်စိုက်လို့ရစေတဲ့သွားစိုက်နည်းတခုပါ။

လုံလောက်တဲ့ထုံဆေးပမာဏထိုးပြီး သွားဖုံးရိုးထဲကို တိုက်တေနီယံတိုင်ထည့်စိုက်ရတဲ့ နောက်ဆုံးပေါ်သွားစိုက်နည်းလည်းဖြစ်ပါတယ်။သွားမြစ်တုစိုက်ရာမှာသုံးတဲ့ ပစ္စည်းကိရိယာ သွားမြစ်တုတိုင်အစရှိတာတွေကို နိုင်ငံခြားကနေဒေါ်လာနဲ့ဝယ်ရတဲ့အတွက် ကုန်ကျစရိတ်လည်းကြီးပါတယ်။

🍀သေချာလေးမှတ်မိသွားအောင်အားလုံးကို ခြုံငုံပြီးပြန်ရှင်းပြပေးပါမယ်။

သွားစိုက်နည်း ၂ နည်းရှိပါမယ်

၁.သွားအရှင်စိုက်နည်း >>အံကပ်
၂.သွားအသေစိုက်နည်း>>(က)တံတားထိုးစိုက်နည်း
>>(ခ)သွားမြစ်တုစိုက်နည်း

အသေးစိတ်သိလိုတာ၊ဆွေးနွေးတိုင်ပင်လိုတာရှိရင်
☎09-794819121 သို့ဆက်သွယ်၍ဖြစ်စေ
​ဒီpage messengerမှဖြစ်စေ
အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ဆေးခန်းသို့လာရောက်၍လည်းဆွေး‌နွေးနိုင်ပါတယ်။

အားလုံးလည်းစာအရှည်ကြီးတွေဖတ်ပြီးသွားရတော့ မောသွားလောက်ရောပေါ့။ရော့ ဆိုပြီး
Royal-Dတော့မတိုက်တော့ပါဘူး😄😄
တနေ့ ၂ကြိမ် သွားပုံမှန်တိုက်ကြပါလို့ တိုက်တွန်းရင်း

မေတ္တာဖြင့်

ဒေါက်တာရဲ
Dr.Ye Win Naing
B.D.S(Ygn)

10/11/2022

သွားထပ်ခြင်း/ မညီခြင်း ၏ နောက်ဆက်တွဲဆိုးကျိုးများ
*******************************************

🦷 သွားတွေထပ်နေတာ၊ ခေါနေတာ၊ ကြဲနေတာ၊ မညီညာတာတွေဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာမှာ လွန်စွာ သက်ရောက်မှုရှိပါတယ်။

အောက်ပါ ဆေးပညာဆိုင်ရာ အချက်အလက်များကို ဗဟုသုတရစေရန် ဖော်ပြပေးလိုက်ပါတယ်။

၁/ အလှအပရေးရာ နှင့် မိမိကိုယ်ကိုယုံကြည်မှု
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

သွားလေးတွေဟာ အလှအပအတွက် အလွန်အရေးပါတဲ့ တာဝန်ကိုထမ်းဆောင်ပေးကြပါတယ်။
သွားတွေ မညီမညာဖြစ်နေမယ်၊ ခေါနေမယ်ဆိုရင် အလှအပရေးကို ထိခိုက်စေနိုင်သလို၊ မိမိရဲ့ ယုံကြည်မှုက်ိုလည်း ပျောက်ဆုံးစေတတ်ပါတယ်။

ကျနော်တို့ဆေးခန်းတွေမှာ သွားညှိကုသမှုလာရောက်ခံယူကြတဲ့ လူငယ်အများစုနဲ့ တိုင်ပင်ဆွေးနွေးကြည့်တဲ့အခါ

“သွားတွေကခေါနေလို့၊ ကြဲနေလို့ လူကြားထဲမပြုံးရဲဘူး/ ဓာတ်ပုံမရိုက်ရဲဘူး”ဆရာရယ်ဆိုတာ အလွန်တွေ့ကြုံရပါတယ်

၂/ စကားပြောဆိုခြင်း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ကျနော်တို့ စကားပြောဆိုတဲ့ အခါမှာ စကားပီသမှုက သွားတွေပေါ်မှာလည်း မူတည်ပါတယ်။ သွားချင်းထိမှ၊ သွားလေးတွေနဲ့ လျှာနဲ့ ထိတွေ့ပြီး ထွက်တဲ့စကားလုံးလေးတွေရှိပါတယ်။
သွားတွေမညိီမညာဖြစ်နေတာ၊ အပေါ်သွားနဲ့ အောက်သွားမထိပဲ ဟနေတာတွေရှိမယ်ဆိုရင် စကားပြောအသံထွက်မပီသတာ၊ လေထွက်နေတာတွေ ကြုံရမှာဖြစ်ပါတယ်။

၃/ ခံတွင်းရောဂါများ
🍀🍀🍀🍀🍀🍀🍀🍀
သွားမညီတဲ့အခါ သွားတိုက်တာမပြောင်တာ၊ သွားကျောက်တွေပုံမှန်ထပ် ပိုများလာတာ၊ ထိုမှတဆင့် ခံတွင်းနံ့ ဆိုးလာတာ၊ သွားပိုးစားတာ၊ သွားဖုံးရောင်တာ၊ သွားဖုံးရောဂါတွေဖြစ်လာတာ စသဖြင့် ခံတွင်းကျန်းမာရေးကိုများစွာထိခိုက်စေနိုင်ပါတယ်။

၄/ သွားတွေပြုန်းခြင်း
🍀🍀🍀🍀🍀🍀🍀

သွားတွေမညီတာ/ ထပ်တာတွေကြောင့် အပေါ်သွားနဲ့ အောက်သွားတွေ ထိတွေ့မှုမမှန်ကန်တာကြောင့် သွားတွေ ပြန်းလာတာ၊ ပဲ့တာတွေလည်းကြုံရနိုင်ပါတယ်။

၅/ ထိခိုက်ဒဏ်ရာ ရနိုင်ခြေများခြင်း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

သွားခေါနေတဲ့ ကလေးတွေဆိုရင် ချော်လဲတာ၊ ထိခိုက်ဒဏ်ရာ ရတဲ့အခါ ခေါနေတဲ့ သွားကို ရိုက်မိတာ၊ အထဲကိုတွန်းထည့်သလိုဖြစ်မိတာ၊ ပဲ့တာ၊ ကျိုးတာတွေ ကြုံရနိုင်ပါတယ်

အခြားနောက်ဆက်တွဲတွေအများကြီးရှိနိုင်ပါသေးသည်။

ကြိုတင်ကာကွယ်ရန် နှင့် ကုသမှု
****************************
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
သွားမညီတာ ထပ်တာဟာ မျိုးရိုးဗီဇ၊ မိမိရဲ့ နေထိုင်မှုအလေ့အကျင့်(ဥပမာ လက်မစုပ်ခြင်း) ၊ ငယ်သွားတွေ ပိုးစားပြီး အစောကြီးဆုံးရှုံးသွားခြင်း ကနေ များစွာသောအကြောင်းရင်းတွေထိ ရှိပါတယ်။

ကလေးငယ်ဘဝကတည်းက သွားနှင့်ခံတွင်းကျန်းမာရေး စနစ်တကျဂရုစိုက်ပေးတာ၊ သွားဆေးခန်းမှာ (၆)လတကြိမ် စစ်ဆေးပြသတာ၊ မညီညာတာရှိရင် သွားညှိကုသမှုခံယူတာ လုပ်ဖို့လိုပါတယ။

အားလုံးကျန်းမာကြပါစေ….
မေတ္တာဖြင့်
Dr. Ye Win Naing

16/10/2022

Diastema Closure
သွားကြဲခြင်းကို လေဆာနဲ့ပြန်လည်ဖာထေးပြုပြင်ထားခြင်း

Photos from Dr. Ye Win Naing's post 21/09/2022

Online Shop က သွားညှိကိရိယာတွေက အဆင်ပြေလား
🦷🦷🦷🦷🦷🦷🦷🦷🦷🦷🦷🦷🦷🦷🦷🦷🦷

🌸 တော်တော်များများသိချင် ခဏခဏမေးကြတဲ့ မေးခွန်းပါ

🌸 သွားညှိတယ်ဆိုတာ ပညာရပ်ပိုင်းဆိုင်ရာတွေ နဲ့ စနစ်တကျ တွက်ချက်ပြီး သွားညှိအထူးကုပါရဂူ ဆရာဝန်တွေနဲ့ အဆင့်ဆင့် ကုသရတဲ့ ကုသမှုဖြစ်ပါတယ်။

🌸. Online တွေ အပြင်မှာရောင်းနေတဲ့ Ready made ကို တပ်ပြီး ကုသလို့မရပါ။

🌸 ဆိုးကျိူးပဲများပါလိမ့်မယ်

🌸 ဒါကြောင့် သက်ဆိုင်ရာ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ စနစ်တကျ တိုင်ပင်ကုသမှုခံယူပါ

🌸 အသေးစိတ် တိုင်ပင်သိရှိလိုပါက

Page messenger
ဖုန်း: 09965761454ကို ဆက်သွယ်နိုင်ပါတယ်

မေတ္တာဖြင့်
Dr.Ye Win Naing

22/08/2022

သွားအကြောများ ပွါးများရောင်ရမ်းခြင်း
Pulp Polyp
🦷🦷🦷🦷🦷🦷🦷🦷🦷🦷🦷🦷🦷

ဖြစ်ရတဲ့ အကြောင်းရင်း
********************
✨ သွားပိုးပေါက်တွေကို ကုသမှုမခံယူပဲ အကြာကြီးထားတဲ့ အခါ သွားရဲ့ အတွင်းဆုံးအလွှာမှာရှိတဲ့ သွေးကြောလေးတွေ၊ အာရုံကြောလေးတွေ ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။

✨ အထူးသဖြင့် ကလေးငယ်တွေ၊ သက်ငယ်ပိုင်း ကိုယ်ခံအားစနစ်ကောင်းမွန်တဲ့ အရွယ်တွေမှာ တွေ့ရများပါတယ်။

✨ စားတဲ့ ဝါးတဲ့ဒဏ်တွေ၊ ပြင်ပကလာတဲ့ သက်ရောက်မှုတွေကို တုန့်ပြန်ရင်း သွားအတွင်းပိုင်းမှာရှိတဲ့ အကြောလေးတွေဟာ ပွါးလာပြီး သွားအပြင်ကို ဖောင်းထွက်လာပါတယ်
ဒါကို Chronic Hyperplastic Pulpitis တနည်းအားဖြင့် Pulp Polyp လို့ခေါ်ပါတယ်။

✨ စိုးရိမ်စရာ ကင်ဆာတွေ အဖုအကြိတ်တွေမဟုတ်ပါဘူး။

ကုသမှု/ ဆောင်ရန် / ရှောင်ရန်
*************************
✨ ကုသမှု အနေနဲ့ သွားကိုစနစ်တကျစစ်ဆေးပြီး ပြန်ဖာလို့ရတဲ့ အနေအထားရှိသေးရင် သွားအကြောထုတ်ကုမှု ပြုလုပ်ပြီး ပြန်ဖာတာ၊ အစွပ်လေးစွပ်ပြီး ပြန်အသုံးပြုလို့ရပါတယ်။

✨ တချို့ သွားအနေအထားရ ပြန်ဖာလို့ အဆင်မပြေတော့ရင်တော့ နှုတ်ရပါမယ်။

✨ ဒါကြောင့် သွားပိုးပေါက်တွေဖြစ်လာရင် စောစီးစွာ ဖာထေးတာ ကုသမှု ခံယူတာ လုပ်ဖို့လိုပါတယ်

✨ မိမိသဘောအတိုင်း သောက်ဆေးတွေ၊ လိမ်းဆေးတွေ အသုံးပြုတာဟာ မူလသွားအနေအထားကို ပိုဆိုးစေနိုင်တာ၊ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာကြုံရနိုင်တာကြောင့် တတ်ကျွမ်းတဲ့ ဆရာဝန်၊ ဆေးခန်းပြသပြီး စနစ်တကျ ကုသမှုခံယူနိုင်ပါရန် ရေးသားလိုက်ပါတယ်။

🦷 အသိပညာရစေရန် အတိုရှုံးရေးသားထားတာကြောင့် အခြားအသေးစိတ်အချက်လက်တွေ ရှိနေပါသေးသည်။

မေတ္တာဖြင့်
Dr. Ye Win Naing

20/07/2022

🦷 သွားညှိကုသမှု ၂လအတွင်းပြောင်းလဲလာတဲ့

ရလဒ်လေး ဖော်ပြပေးလိုက်ပါတယ် 🤩🤩🤩

လူကြီးမင်းတို့ရဲ့ သွားနှင့် ခံတွင်းဆိုင်ရာ ပြဿနများ၊ အခက်အခဲများ၊ ကုသမှုနဲ့ ကုန်ကျစရိတ်များကို

09965761454 Viber
Page messenger တို့မှာ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ် 🤩🤩🤩🤩



#နေလသွားနှင့်ခံတွင်းအထူးကုဆေးခန်း

08/06/2022

Laser Whitening Treatment
🦷🦷🦷🦷🦷🦷🦷🦷🦷

🤗 ဝါနေတဲ့သွားတွေကို

🤩 လေဆာဖြင့် သွားဖြူကုထုံးနဲ့
သွားဖြူအောင်ပြုလုပ်ပေးထားပါတယ်

ကုသမှုရလဒ် တစ်နာရီအတွင်း သိသာစွာပြောင်းလဲလာတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

09/04/2022

သွားပိုးစားရောဂါဖြစ်ပွါးပုံအဆင့်ဆင့်
🦷🦷🦷🦷🦷🦷🦷🦷🦷🦷🦷🦷

🍀(1) ပုံမှာပြထားတာကတော့

👉 သွားရဲ့အပေါ်ဆုံး အဖြူရောင်ကြွေလွှာ(Enamel) မှာ သွားပိုးစစားနေတဲ့ပုံဖြစ်ပါတယ်။

👉 ဒီအခြေနေမှာ အဖြူရောင်အကွက်လေးတွေ၊ အမဲရောင်အကွက်လေးတွေအနေနဲ့ တွေ့ရတတ်ပါတယ်။

👉 နာကျင်မှုမရှိသေးပါ။

👉 သွားပြန်ဖာရင်ရပါတယ်။

# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #

🍀(၂) ပုံမှာတော့ သွားပိုးပေါက်က ကုသမှုမခံယူတာကြောင့် ပိုပြီးနက်လာပါပြီ

# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #

🍀(၃) ပုံမှာတော့

👉 သွားပ်ိုးပေါက်က သွားရဲ့ဒုတိယအလွှာ ကျဉ်ကြောထိရောက်လာပါပြီ။

👉 ရေပူ၊ရေအေးသောက်ရင် ကျဉ်တာ၊ နာတာ

👉 အစာစားရင်ကျဉ်တာရှိလာပါပြီ

👉 ဒီအခြေနေမှာလည်း သွားပြန်ဖာရင်ပြန်ကောင်းနိုင်ပါသေးတယ်။
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #

🍀၄)ပုံမှာကတော့

👉 သွားပိုးစားတာက သွားရဲ့အတွင်းပိုင်း သွေးကြော၊အာရုံကြောလေးတွေရှိတဲဲ့ အလွှာထိပြန့်နှံ့သွားပြီဖြစ်ပါတယ်

👉 တဖြေးဖြေးနဲ့ သွားအမြစ်ထိပ်ထိပြန်သွားပြီး

👉 အိပ်မရအောင်ကိုက်တာ၊ သွားအခြေကနေပြည်ဖုလေးတွေထွက်လာပါပြီ။

👉 ဒီလိုဖြစ်လာပြီဆိုရင်တော့ သွားဖာတာချက်ချင်းလုပ်လို့မရတော့ပါ

👉 သွားအကြောထုတ်ကုသပြီးမှ ပြန်ဖာပြီး အစွပ်စွပ်ရတာ လုပ်လို့ရပါမယ်။

👉 သွားအကြောမထုတ်ချင်ရင်တော့ နှုတ်ပြီး ပြန်စိုက်တာ လုပ်လို့ရပါတယ်

# # # #} # # # # # # # # # # # # # # # # # # # # #

🍀🍀🍀 ဒါကြောင့် သွားလေးတွေကို သေချာဂရုတစိုက် စစ်ဆေးတာ လုပ်ပေးဖို့လိုပြီး စပြီး ပိုးပေါ်ဖြစ်တာနဲ့ နာတဲ့ထိမထားပဲ စောလျှင်စွာကုသမှု ခံယူနိုင်ဖို့ ရေးသားလိုက်ရပါတယ်။🍀🍀🍀

မေတ္တာဖြင့်
Dr. Ye Win Naing

Photo Internet

08/04/2022

သွားဖုံးရောဂါဖြစ်ပွါးပုံ အဆင့်ဆင့်
🦷🦷🦷🦷🦷🦷🦷🦷🦷🦷🦷

🌟ပုံ(၁)🌟

🍀 ကျန်းမာသော သွားနှင့် သွားဖုံးလေးတွေကိုပြထားခြင်းဖြစ်ပါတယ်

ပုံမှန်ကျန်းမာတဲ့ သွားဖုံးလေးတွေဟာ ပန်းရောင်ရှိတတ်ပြီး သွားတိုက်ရင် သွေးထွက်တာမရှိပါဘူး

🌟ပုံ(၂)🌟

🍀 သွားမျက်နာပြင်တွေ၊ သွားအခြေတွေမှာ သွားကျောက်တွေ စတည်လာပြီး သားဖုံးလေးတွေ နီမြန်းရောင်ရမ်းလာပါပြီ။

ဒီအဆင့်ကို သွားဖုံးရောင်ခြင်း လိူ့ခေါ်ပါတယ်။

သွားတိုက်ရင်သွေးထွက်တာ၊ အမားဝါးရင်သွေးထွက်တာကြုံရတတ်ပါတယ်။

🌟ပုံ(၃)🌟

🍀 သားဖုံးရောင်တဲ့ အဆင့်ကနေ သွားအမြစ်ဝန်းကျင်ရောင်ရမ်းခြင်းအဆင့်ရောက်လာပါပြီ။

သွားအမြစ်ပတ်လည်က သားဖုံးတွေ၊ အရိုးတွေ နိမ့်ကျလာပါပြီ။

သွားဖုံးကသွေးထွက်တာ၊ သွားတွေကျဉ်တာ၊ နဲ့လာတာ၊ နာတာကြုံရတတ်ပါတယ်။

မြန်မာလိုတော့ ရေစီးကမ်းပြိုရောဂါလို့ခေါ်ပါတယ်။

🌟ပုံ(၄)

🍀 သွားမြစ်ဝန်းကျင်ရောင်ရမ်းခြင်း(ရေစီးကမ်းပြိုရောဂါ) ရဲ့နောက်ဆုံးအဆင့်ဖြစ်ပါတယ်။

သွားက အရမ်းလှုပ်နေပြီး အစားသောက်စားမရတာ၊ နာတာရှိလာတာကြောင့် နှုတ်ရမယ့်ခြေနေရောက်လာပြီ ဖြစ်ပါတယ်။

မေတ္တာဖြင့်
Dr. Ye Win Naing

27/03/2022

🦷လက်ရှိ သွားညှိကုသမှုခံယူနေတဲ့ ညီလေးတယောက်ရဲ့ တစ်လအကြာ တိုးတက်ပြောင်းလဲမှုလေးဖြစ်ပါတယ်🦷

ကုသမှုဆိုင်ရာနှင့် ကုန်ကျစရိတ်များ အသေးစိတ်ဆွေးနွေးလိုပါက Page messenger နှင့် ဖုန်း 09965761454 နှင့် Viber သို့ဆက်သွယ်နိုင်ပါတယ်


#သွားညှိကုသမှု
#နေလသွားနှင့်ခံတွင်းအထူးကုဆေးခန်း

26/03/2022

👉🦷သတ္တုစပ်ကြွေ (Porcelain Fused to metal) နဲ့

👉🦷သတ္တုလုံးဝမပါတဲ့ကြွေအကောင်းစား (Zirconia)

ကြွေ ၂မျိုးကို Hammer Test မာကြောမှုကို စစ်ဆေးထားတာ ဗဟုသုတအနေနဲ့တင်ပေးလိုက်ပါတယ် 🌟🌟🌟🌟

Video crd to original uploader

Photos from Dr. Ye Win Naing's post 25/03/2022

ရသေ့ဆေး (သို့) ထိုင်းဗိန်းတောဆေးလို့
မြန်မာပြည်သားတွေ သိကြတဲ့ ထိုင်းနိုင်ငံက
သွင်းတဲ့ တိုင်းရင်းဆေး ထုတ်လုပ်တဲ့နေရာကို
ထိုင်းရဲတပ်ဖွဲ့ဝင်များနဲ့ FDA မှ တာဝန်ရှိသူများ
ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဆေးရည်ပုလင်း
တစ်ပုလင်းဆီမှာ စတီးရွိုက်ဆေးပြား အပြား၇၀ နဲ့
အကိုက်အခဲပျောက်ဆေးပြား အပြား ၃၀ ထိ
ထည့်သွင်းထားတာတွေ့ရပါတယ် ။ အဲဒီဆေးဟာ
မြန်မာနိုင်ငံမှာလဲ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချ
သုံးစွဲနေကြပြီး ရောဂါသက်သာမှုလျှင်မြန်တာကြောင့်
ဒူးနာ ခါးနာ အရိုးအကြော သမားတွေအပြင်
ရောဂါ အမျိုးမျိုးအတွက် အသုံးပြုနိုင်တယ်လို့
ကြေညာရောင်းချနေတာကြောင့် ရေပန်းစားနေပါတယ်။

ဆေးပုလင်းမှာ ပမာဏများပြားစွာပါဝင်တဲ့
ဆေးပြားတွေကြောင့် သောက်သုံးပြီးအစမှာ
ရောဂါသက်သာသလိုရှိပေမဲ့ နောက်ပိုင်းမှာ
​​ကျောက်ကပ်ကိုဆိုးရွားစွာ ထိခိုက်ပျက်ဆီးစေနိုင်ပြီး
အသက်သေဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။

ကျေးဇူးပြုပြီးတော့ မိမိတို့ရဲ့မိဘဆွေမျိုးတွေနဲ့
မိတ်ဆွေတွေ ဒီဆေးသုံးစွဲနေတာတွေ့ရင်
ဒီသတင်းလေးပြောပြပေးကြပါ။

ထိုင်းဆေးတွေ အစွမ်းထက်ပါတယ်
ဒါပေမယ့် ယခုလို ဆေးအတုတွေလည်း
ခဏခဏ ဖမ်းမိနေဆဲပါ....
အထူးသတိပြုကြပါရန်.....

Thai FDA page မှ ကူးယူဖော်ပြပါသည်။

မူရင်းလင့် ထိုင်း ....
https://www.facebook.com/100067846073593/posts/295596919378508/?d=n

23/03/2022

သွားနှစ်ချောင်းကြား သွားပိုးစားခြင်း
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟

သွားနှင့်ခံတွင်းဆေးခန်းမှာ အတွေ့များ တဲ့ #သွားပိုးစားတာ ဖြစ်ပါတယ်။

ဖြစ်ရတဲ့အကြောင်းအရင်း
🌟🌟🌟🌟🌟🌟🌟🌟🌟🌟

🦷 သွား စနစ်တကျနဲ့ ပုံမှန်မတိုက်တာ၊ တိုက်သော်လည်း သွားတိုက်တံ မရောက်နိုင်တဲ့ သွားကြားလေး‌တွေကို သွားကြားပွတ်ကြိုးမသုံးတာကြောင့် သွားကြားတွေထဲမှာ အစာတွေညပ်တာ ကြာလာတဲ့အခါ ထိုမှ တဆင့် သွားပိုး စ စားလာပါတော့တယ်။

လက္ခဏာများ
🌟🌟🌟🌟🌟

🦷 သွားနှစ်ချောင်းကြားမှာ စဖြစ်လာတဲ့ အခါ အစာညပ်တာကိုလောက်ပဲသတိထားမိတတ်ပါတယ်။ အချိန်ကြာလာတဲ့အခါ သွားအရောင်လေး #မဲလာတာ၊ #ညိုလာတာ၊ ရေပူရေအေးသောက်ရင် #ကျဉ်လာတာ၊ ထိုမှတဆင့် #နာလာတာ မျိုးတွေဖြစ်လာပါတော့တယ်။ မကုသပဲထားရင် သွားဖုံးဘက်ကနေ #ပြည်တည်လာတာ၊ #ရောင်တာ တွေအထိဖြစ်လာပါတော့တယ်။

ကုသမှု
🌟🌟🌟🌟
🦷သွားကြားမှာ အစာတွေညပ်တယ်၊ သွားပိုးစစားတယ်လို့ သံသယရှိတာနဲ့ နီးစပ်ရာ သွားဆေးခန်းမှာ #စစ်ဆေးပါ၊ လိုအပ်ပါက #ဓာတ်မှန် ရိုက်ပြီးစစ်ပေးပါလိမ့်မယ်။

🦷သွားပိုးစားတာ အရမ်းမနက်သေးရင် လေဆာနဲ့ #သွားပြန်ဖာ လို့ရပါတယ်။

🦷သွားပိုးစားတာ အရမ်းနက်တာ၊ နာတာကိုက်တာ၊ ရောင်တာရှိရင်တော့ #သွားအကြောထုတ်ပြီး #သွားအစွပ် ပြန်စွပ်ပြီး ပြန်အသုံးပြုလို့ရပါတယ်။

ဆောင်ရန်၊ရှောင်ရန်။
🌟🌟🌟🌟🌟🌟🌟

🦷- တနေ့ ၂ကြိမ် စနစ်မှန်သွားတိုက်နည်းနဲ့ ဖလိုရိုဒ်ပါသော သွားတိုက်ဆေးနဲ့ တိုက်ပေးပါ

🦷 - သွားကြားတွေကို သွားကြားပွတ်ကြိုးအသုံးပြု သန့်ရှင်းပေးပါ

🦷 - အစာစားပြီးတိုင်း အာလုပ်ကျင်းပေးပါ

🦷 - အနည်းဆုံး (၆) လတစ်ကြိမ် သွားနှင့်ခံတွင်းစစ်ဆေးပြီး လိုအပ်တဲ့ ကုသမှုခံယူပါ

မေတ္တာဖြင့်..
Dr.Ye Win Naing

Photo- Internet

18/03/2022

ကြဲနေသောရှေ့သွားအား လေဆာဖြင့် သွားဖာခြင်း
🌟🌟🌟🌟🌟🌟🌟🌟🌟 🌟🌟🌟🌟🌟🌟🌟

ကြဲနေတဲ့ ရှေ့သွား (၂)ချောင်းကို ဆေးခန်းမှာ တထိုင်ထဲ လေဆာနဲ့ ဖာထေးပေးထားခြင်းဖြစ်ပါတယ်။

သွားအနေအထား၊ အသက်အရွယ်၊ ကုန်ကျစရိတ် ၊အချိန်ပေးနိုင်မှုပေါ်မူတည်ပြီး

🌟 သွားညှိကုသတာ
🌟သွားကြွေလွှာကပ်တာ
🌟 ကြွေအစွပ်စွပ်တာ စသဖြင့် ကုသမှုမျိုးစုံရှိပါတယ်။

🦷 သွားနှင့်ခံတွင်းဆိုင်ရာကုသမှုများ၊ ကုန်ကျစရိတ်များတိုင်ပင်လိုပါက
09965761454သို့ Viber / ph တို့မှ ဆက်သွယ်နိုင်ပါတယ်။

16/03/2022

သွားးချေးလွှာ/ သွားကျောက်များနှင့် သွားဖုံးသွေးယိုခြင်း
(Gingival Bleeding)
*************************************************

" သွားဖုံးကသွေးထွက်နေလို့ ဘာလုပ်ရမလဲ ဆရာ" ဆိုတဲ့ မေးခွန်းဟာ အလွန်အမေးများပြီး သိချင်ကြတဲ့ သွားနှင့်ခံတွင်း ‌ပြဿနာတစ်ခုဖြစ်ပါတယ်။

⭐ ဖြစ်ရတဲ့အကြောင်းအရင်းများ
*****************************
သွားဖုံးသွေးယို/သွေးထွက်ရတဲ့ အကြောင်းရင်းများစွာရှိပါတယ်။

အဖြစ်များတဲ့အကြောင်းရင်းတွေကတော့

👉 ၁။ သွားဖုံးရောင်ခြင်း
(Gingivitis)
# # # # # # # # # # # # # # #
သွား နှင့် ခံတွင်း ဂရုစိုက်မှုအားနည်းတာ၊ သွားတိုက်နည်းစနစ် မှားယွင်းနေတာ၊ သွားတိုက်တံသေချာမရောက်တာ စသည်တို့ကြောင့် သွားကျောက်တွေတည်လာပြီဆိုရင် သွားဖုံးတွေရောင်တာ ဖြစ်လာပါတော့တယ်။

အဲ့လိုအခြေအနေကြုံလာပြီဆိုရင် သွားဖုံးလေးတွေ နီလာတာ၊ နာလာတာ၊ သွားတိုက်ရင် သွေးထွက်တာမျိုး ဖြစ်လာတတ်ပါတယ်။

🚨ဆောင်ရန်‌/ရှောင်ရန်
**************
- သွားတိုက်တံ အပျော့ကို သုံးပြီး တနေ့ ၂ကြိမ် စနစ်တကျ သွားတိုက်ပေးဖို့လိုပါတယ်။
- သွားကျောက်တွေ ရှိနေရင် သွားဆေးခန်းမှာ သွားကျောက်ခြစ်တာ လုပ်ဖို့လိုပါတယ်

- သွားတိုက်တံ မရောက်နိုင်တဲ့ သွားကြားတွေကို သွားကြားပွတ်ကြိုးအသုံးပြုပြီး သန့်ရှင်းရေးလုပ်ပေးပါ

- ပလုတ်ကျင်းဆေးရည်ဝယ်သုံးပေးပါ

👉 ၂။ သွားမြစ်ဝန်းကျင်ရောင်ရမ်းခြင်း (Periodontitis)
# # # # # # # # # # # # # # # # # # # # #

သွားဖုံးရောင်တဲ့ အဆင့်ကို လျစ်လျူရှုပြီးဆက်ထားမယ်၊ ကုသမှုမခံယူရင် သွားဖုံးအောက်မှာရှိတဲ့ သွားဖုံးအရိုးတွေနိမ့်လာတာ၊ သွားဖုံးတွေနိမ့်ဆင်းလာတာ၊ သွားတွေနဲ့လာတာ၊ သွေးထွက်တာ စတဲ့ သွားမြစ်ဝန်းကျင်ရောင်းရမ်းတာတွေဖြစ်လာပါတယ်။

🚨ဆောင်ရန်/ရှောင်ရန်
*****************
- သွားဖုံးရောင်တာဖြစ်ပြီဆိုတာနဲ့ သွားတိုက်တာ၊ ပလုတ်ကျင်းတာ၊ ဆေးခန်းပြတာ သေချာဂရုစိုက် ကုသမှုခံယူပါ

- ဆေးလိပ်၊ ကွမ်း ရှောင်ကျဉ်ပါ


👉 ၃။ သွေးကြဲဆေးများသောက်သုံးခြင်း
# # # # # # # # # # # # # # # # # # # # #

နှလုံးရောဂါအခံရှိတဲ့ သူတွေမှာ သွေးကြဲဆေးသောက်ရတတ်တာကြောင့် ဆေးအရှိန်ကြောင့်လဲ ‌သွားဖုံးသွေးထွက်တာကြုံရနိုင်ပါတယ်။

🚨ဆောင်ရန်/ရှောင်ရန်
************
- မိမိပြသနေတဲ့ အ‌ထွေထွေဆရာဝန်နှင့် ပြသဆွေးနွေးခြင်း

- သွား နှင့် ခံတွင်းဆရာဝန် နှင့် ပြသဆွေးနွေးခြင်း

- သွားနှင့်ခံတွင်းသန့်ရှင်းရေး ဂရုတစိုက်လုပ်ပေးခြင်း

👉 ၄။ သွေးနှင့်ပတ်သတ်သောရောဂါအခံရှိခြင်း
# # # # # # # # # # # # # # # # # # #

မွေးရာပါ သွေးမတိတ်တဲ့ ရောဂါအခံရှိတာ၊ သွေးတိတ်စေတဲ့ သွေးဆဲလ်မွှားလေးတွေ နည်းနေတဲ့ သူတွေဆိုရင်လည်း သွားဖုံးသွေးယိုတာကြုံရတတ်ပါတယ်။

သွားဖုံးတင်မကပဲ ထိခိုက်ဒဏ်ရာ အသေးစားရယုံနဲ့တင် အညိုမဲစွဲခြင်း၊ သွေးကြည်ဥခြင်း၊ သွေးမတိတ်ခြင်းတို့လည်းကြုံရတတ်ပါတယ်။

🚨ဆောင်ရန်/ရှောင်ရန်
****************
- သွေးရောဂါကုဆရာဝန်၊ အထွေထွေသမားတော်၊ သွားနှင့်ခံတွင်းဆရာဝန် စသည်ဖြင့် စနစ်တကျ ပြသ၍ လိုအပ်သည်ကို စစ်ဆေးခြင်း၊ ကုသခြင်းပြုလုပ်ဖို့လိုပါတယ်။

👉 ၅။ ရောဂါအခံများရှိခြင်း
# # # # # # # # # # # # #

ဥပမာ ဆီးချို၊ သွေးတိုး စတဲ့ရောဂါအခံတွေရှိရင် သွားဖုံးတွေ ရောင်တာ၊ သောက်ရတဲ့ဆေးတွေကြောင့် သွားဖုံးသားတွေကြီးလာတာ၊ သွေးထွက်တာ ကြုံရတတ်ပါတယ်။

🚨ဆောင်ရန်/ရှောင်ရန်
***************
- ရောဂါ အခံများ ရှိပါက စနစ်တကျကုသမှုခံယူပါ

- သွားနှင့်ခံတွင်းဆရာဝန်နှင့် အနည်းဆုံး ၆ လတကြိမ်ပြသ၍ စစ်ဆေးခြင်း၊ ကုသမှုခံယူခြင်း။

👉 ၆။ သွားနှင့်ခံတွင်းဂရုစိုက်မှုများလွဲမှားနေခြင်း
# # # # # # # # # # # # # # # # #
သွားတိုက်တံ အမာနဲ့ ဖိတိုက်ခြင်း၊ မီးသွေး၊ ဆား စတဲ့ ကြမ်းတဲ့ အရာတွေနဲ့ ဖိတိုက်ခြင်းကြောင့် လဲ သွေးထွက်တာကြုံရတတ်ပါတယ်

🚨ဆောင်ရန်/ရှောင်ရန်
*********
- ဖလိုရိုက်ပါသော သွားတိုက်ဆေး၊ သွားတိုက်တံ အပျော့ဖြင့် စနစ်မှန်သွားတိုက်ခြင်း

- ကြမ်းသော အရာများနှင့်တိုက်ခြင်းရှောင်ကျဉ်ခြင်း

👉 ၇။ ဗီတာမင်များချို့တဲ့ခြင်း
# # # # # # # # # # # #

ဗီတာမင်စီ (VitaminC)၊ ဗီတာမင်ကေ (Vitamin K ) ချို့တဲ့ရင်လည်း သွားဖုံးကသွေးယိုတာကြုံရတတ်ပါတယ်။

ဆရာဝန် နှင့် တိုင်ပင်၍ ဗီတာမင်စီ၊ ဗီတာမင်ကေ သောက်သုံးမယ်ဆိုရင်တော့ သက်သာလာနိုင်ပါတယ်။

👉 ၈။ ဟော်မုန်းအပြောင်းလဲရှိခြင်း
# # # # # # # # # # # # # # #

အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်ချိန် မှာလည်း ဟော်မုန်းဓာတ်အပြောင်းအလဲတွေဖြစ်တာကြောင့် သွားဖုံးကသွေးထွက်ကြုံရတတ်ပါတယ်။ စိုးရိမ်စရာမရှိပါဘူး။

သွားသေချာတိုက်မယ်၊ ပလုတ်ကျင်းဆေးရည်သုံးမယ်၊ လိုအပ်ရင် သွားနှင့်ခံတွင်းဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့လိုပါတယ်။

👉 ၉။ စိုက်ထားသောသွားများကြောင့်
# # # # # # # # # # # # # # #။

အသေစိုက်ထားတဲ့သွားတွေ အသုံးပြုတာ ကြာမြင့်လာတာ၊ အံဝင်ခွင်ကျမဖြစ်တော့တာ၊ အစာဝင်တာ၊ ရောင်တာ၊ အရှင်စိုက်ထားတဲ့ အံကပ်တွေ မတော်တာတွေ၊ဖိမိတာတွေကြောင့်လည်း သွားဖုံးသွေထွက်တတ်ပါတယ်။

လိုအပ် ပြန်လည်ပြုပြင်တာ၊ အသစ်လုပ်တာ စတဲ့ လိုအပ်တဲ့ ကုသမှုတွေကို လုပ်ဖို့ သွားနှင့်ခံတွင်းဆရာဝန်နဲ့ ပြန်လည်ပြသတိုင်ပင်ပါ။

မေတ္တာဖြင့်....
Dr. Ye Win Naing
B.D.S (Ygn)

Info source : Western Medicine

15/03/2022

သွားအမြစ်တုသတ္တုတိုင်ထည့် သွားစိုက်နည်းနဲ့ ပတ်သက်သည့်အကြောင်းအရာများ၊ ကုသမှုအချက်အလက်များ၊ ကုန်ကျစရိတ်များကို ဆေးခန်းမှာ အခမဲ့လာရောက်ဆွေးနွေးနိုင်ပါတယ်။ ✨✨✨✨

နောက်ဆုံးပေါ် သွားစိုက်နည်း Dental Implant စိုက်လိုသူများအတွက်သတင်းကောင်း
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟

မင်္ဂလာပါခင်ဗျာ 🤗🤗🤗

🦷 🌟 ပုံမှန်သွားစိုက်နေကျ ဘေးသွားလေးတွေကို ငုံပြီးစိုက်စရာမလိုတော့ပဲ မေးရိုးအတွင်းသတ္တုတိုင်ထည့်ပြီး တစ်ချောင်းထဲစိုက်လို့ရတဲ့

🦷 🌟 နောက်ဆုံးပေါ် သွားစိုက်နည်း Dental Implant လို့ခေါ်တဲ့ သွားအမြစ်တုအစားထိုးစိုက်နည်းကို

🦷 🌟 သက်ဆိုင်ရာ အထူးကုများနဲ့ ကျနော်တို့ “နေလ” သွားနှင့်ခံတွင်းဆေးခန်းမှာ စိုက်လို့ရပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

🌟🌟🌟Dental Impant နဲ့ ပတ်သတ်တဲ့ဗဟုသုတများကိုလည်းမကြာမီ တင်ပေးပါမယ်🌟🌟🌟

အသေးစိတ်သိရှိလိုပါက page messenger, 09965761454 သို့ Viber , ဖုန်းတို့ဖြင့်ဆက်သွယ်တိုင်ပင်နိုင်ပါတယ် 🥰🥰🥰

ဆေးခန်းသို့လည်း Free Consultation လာလုပ်ရပါတယ်။

#နေလသွားနှင့်ခံတွင်းအထူးကုဆေးခန်း
#သွားညှိကုသမှု

Photos from Dr. Ye Win Naing's post 15/03/2022

ဘယ်လိုအခြေနေမှာ သွားဖာဖို့လိုပြီလဲ
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟

အောက်ပါ ပုံလေးတွေကို ထောက်ပြီး တစ်ပုံချင်းစီမှာ ဖတ်ရှုနိုင်ပါတယ်။

မေတ္တာဖြင့်…
Dr. Ye Win Naing

Photos from Dr. Ye Win Naing's post 09/03/2022

"ကလေးငယ်‌တွေမှာ တွေ့ရတဲ့ ရှေ့သွားလေးတွေကြဲပြီး စောင်းနေခြင်း
"
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨

👉🦷 အပေါ်ရှေ့သွားလေးတွေ စတင်ပေါက်လာတဲ့ အသက်(၇)နှစ်ကနေ အစွယ်သွားလေးတွေထွက်လာမယ့် အသက်(၁၁)နှစ်ကြားထဲမှာ
‌အပေါ်ရှေ့သွားနှစ်ချောင်းကြားကြဲနေတာ၊ ဘေးသွားလေးတွေစောင်းနေတာကို တွေ့ရပါတယ်။

👉🦷 ဒီလိုအခြေအနေကို Ugly Duckling Stageလို့ခေါ်ပါတယ်။ အစွယ်သွားလေးက အရိုးထဲမှာ စတင်ဖွံ့ဖြိုးနေပြီး အစွယ်သွားလေးရဲ့ ခေါင်းပိုင်းဟာ ပုံမှာပြထားသလို ရှေ့သွားလေးရဲ့ အမြစ်လေးကို စောင်းပြီး ဖိထားတာကြောင့် ရှေ့သွားလေးတွေ တည့်တည့်မထွက်ဘက် ဘေးကိုစောင်းတာ၊ ရှေ့သွားလေးကြဲနေတာကို တွေ့ရတာဖြစ်ပါတယ်။

👉🦷 စိုးရိမ်စရာမရှိပါဘူး။ အစွယ်သွားလေးတွေ အသက်(၁၁)နှစ်လောက်မှာ ပေါက်လာတဲ့အခါ ရှေ့သွားလေးတွေပြန်တည့်သွားပြီး ကြဲနေတာလေးတွေ သူ့အလိုလိုစိပြီး ပြန်ညီသွားပါတယ်။

👉🦷 အကယ်၍ လူကြီးသွားလေး‌တွေကထွက်လာပြီး ကလေးသွားလေးတွေက မကျွတ်သေးတာ၊ မနှုတ်ရသေးတာ၊ ကလေးသွားလေးတွေ ကြဲနေတာ၊ ထပ်နေတာ စိုးရိမ်တာရှိရင် နီးစပ်ရာသွားနှင့်ခံတွင်းဆေးခန်းမှာ သေချာတိုင်ပင်ပါ။ လိုအပ်ရင် သွားညှိတဲ့ကုသမှုခံယူလို့ရပါတယ်။

👉⭐သွားနှင့်ခံတွင်းနဲ့ပတ်သတ်ပြီး အကြံဉာဏ်များ၊ကုသမှုများတိုင်ပင်ဆွေးနွေးလိုပါက
09965761454သို့ ဖုန်း၊Viber မှ ဆက်သွယ်မေးမြန်နိုင်ပါတယ်။⭐👈

မေတ္တာဖြင့်
Dr. Ye Win Naing

07/03/2022

"သွားအမြစ်ပိုးဝင်ခြင်း/ ပြည်ဖုဖြစ်လာခြင်း”
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟

သွားနှင့်ခံတွင်း ဆေးခန်းမှာ တွေ့ရအများဆုံး၊ အင်တာနက်မှာလည်း အမေးများတဲ့ သွားနှင့်ခံတွင်းပြဿနာဖြစ်ပါတယ်။

🦷သွားရဲ့ဖွဲ့စည်းတည်ဆောက်ပုံ
**************
⭐ သွားအမြစ်ပိုးဝင်တာကို သေချာသိဖို့ဆိုရင် သွားရဲ့ဖွဲ့စည်းတည်ဆောက်ပုံကို အရင် သိထားတာပိုအဆင်ပြေပါတယ်။

သွားတစ်ချောင်းမှာ အဓိကအားဖြင့် အလွှာ(၃)လွှာနဲ့ဖွဲ့စည်းထားပါတယ်။

👉 (၁)ကြွေသွားလွှာ
***************
အပေါ်ဆုံးက မြင်ရတဲ့ အဖြူရောင်အလွှာလေးကိုခေါ်ပါတယ်။ ဒီအပေါ်ဆုံးအလွှာမှာ သွားပိုးစားရင် သွားမျက်နာပြင်မှာ အမဲကွက်တွေ/အဖြူကွက်တွေဖြစ်လာတာကိုတွေ့ရပါတယ်။

👉 (၂) ဆင်စွယ်နှစ်လွှာ
***************
ကြွေလွှာအောက်မှာ ရှိတဲ့ ဒုတိယအလွှာကို ဆင်စွယ်နှစ်ရောင် အဝါရောင်လေးအနေနဲ့ တွေ့ရတယ်။ သွားကျဉ်ခြင်းကိုဖြစ်စေတဲ့ ကျဉ်ကြောရှိတဲ့အလွှာလို့လဲဆိုလို့ရပါတယ်။ တချို့သွားဝါကြတာဟာ ကြွေလွှာအဖြူရောင်လေးတွေ မွေးရာပါပါးတာ၊ သုံးစွဲမှုကြာလာလို့ပါးလာတဲ့ အတွက်ကြောင့် ‌ကြွေလွှာအောက်က ကျဉ်ကြောအလွှာလေးတွေ ပိုထင်ရှားလာလို့ သွားဝါသလိုတွေ့ရတာဖြစ်ပါတယ်။ ဒီလိုကြွေလွှာပါးပြီး ကျဉ်ကြော‌တွေပေါ်လာရင် အပူ၊အအေးသောက်တဲ့အခါ ကျဉ်တာကိုခံစားရပါတယ်။

👉 (၃) မွှသွားအလွှာ
***************
တတိယအလွှာကတော့ သွားကိုအဓိကထောက်ပံ့ပေးထားတဲ့ သွေးကြော‌တွေ၊အာရုံကြောလေးတွေရှိတဲ့အလွှာဖြစ်ပါတယ်။

⭐ သွားအမြစ်ပိုးဝင်ရတဲ့အကြောင်းအရင်း
******************
👉 အဓိကကတော့ သွားပိုးစားပြီး ပိုးပေါက်ဖြစ်လာတဲ့ အခါ ပထမဆုံးကြွေလွှာကို စပြီး ထိခိုက်ပါတယ်။ ကြွေလွှာမှာ အမဲရောင်၊အဖြူ‌ရောင် စသဖြင့် တွေ့ရပါတယ်။ နာကျင်ခြင်းမရှိပါ။
ဒီအဆင့်မှာ မဲနေတဲ့ သွားပိုးစားထားတဲ့နေရာကို ခြစ်ထုတ်ပြီး သွားပြန်ဖာလို့ရပါတယ်။

👉 သွားပိုးစားတာ ပိုပြီးနက်လာတဲ့အခါ ကြွေလွှာအောက်က ကျဉ်ကြော ဆင်စွယ်နှစ်လွှာကိုရောက်လာပါတော့တယ်။ အဲ့လိုကျဉ်ကြောကို ရောက်လာရင် အပူအအေးစားသောက်တဲ့အခါ ကျဉ်တာ၊ နည်းနည်းနာချင်သလိုဖြစ်လာပါတယ်။ အဲ့အဆင့်မှာလည်း သွားဖာတာ၊ ယာယီဆေးနဲ့ အရင်ဖာတာ စသဖြင့် ကုသလို့ရပါသေးတယ်။

👉 သွားရဲ့ အတွင်းဆုံး သွေးကြောတွေ၊ အာ‌ရုံကြောတွေရှိတဲ့ တတိယ အလွှာထိ သွားပိုးစားတာ ရောက်လာပြီဆိုရင်တော့
- ညဘက်အိပ်မရအောင်ကိုက်တာ၊
- တဆစ်ဆစ်နဲ့ အပ်နဲ့ထိုးသလိုကိုက်နေတာ၊
- မေးရိုးတခြမ်းလုံးကိုက်နေတာတွေကြုံရပါတယ်။

တချို့ဆိုအဖျားပါတက်ကြပါတယ်။ အဲ့လို သွားပိုးစားတာနက်သွားရင် သွားအကြောထုတ်ပြီး ပြန်ဖာမှသာ ရနိုင်ပါတော့တယ်။ တခါထဲတန်းဖာလို့မရတော့ပါ။ ကုန်ကျစရိတ်လည်းရှိသလို ဆေးခန်းကို ၃,၄ခေါက်လောက်သွားရပါတယ်။

👉 အဲ့လိုအချိန်မပေးချင်ဘူး၊ကုန်ကျစရိတ်အဆင်မပြေရင်တော့ နှုတ်လိုက်တာပိုအဆင်ပြေပါတယ်။

👉 သွားပိုးစားပြီး နာတာ၊ကိုက်တာကို စပ်ဆေး၊ဘေးပတ်ဝန်းကျင်ညွှန်ရာဆေးနဲ့ သောက်လိုက်တဲ့ အခါ ဆေးအာနိသင်လာတဲ့အခါ သက်သာသွားပေမယ့် အာနိသင်ပြယ်ရင်ပြန်ကိုက်မှာပဲဖြစ်ပါတယ်။

⭐ သွားအမြစ်ထိပ်ပြည်ဖုဆိုတာ
***************
👉 သွားပိုးစားဝာာကို ကုသမှု မခံယူတဲ့ အခါ သွားရဲ့အတွင်းပိုင်းအလွှာကနေ သွားပိုးစားတာက အမြစ်ထိပ်ထိ ထပ်ပြန့်ပါတယ်။ သွားအမြစ်ထိပ်မှာရှိတဲ့ မေးရိုးကို ရောက်လာတဲ့အခါ ကိုယ်ခံအားစနစ်ရယ် ပိုးမွှားတွေရယ် တုန့်ပြန်တိုက်ခိုက်မှုတွေဖြစ်လာပြီး အမြစ်ထိပ်မှာ ပြည်ဖုဖြစ်လာပါတယ်။ ကြာလာလို့ ပြည်ဖုကြီးလာရင် သွားဖုံးဖက်ကိုဖောင်းလာတာ၊ ပြည်လမ်းကြောင်းလေးဖြစ်လာပြီး ပြည်လေးတွေထွက်လာတတ်ပါတယ်။

👉 စနစ်တကျ ကုသမှုမခံယူရင် ပြည်ဖုပိုကြီးလာတာ၊ ပါးတခြမ်းလုံးရောင်တာ၊ လည်ပင်းအကြိတ်တွေကြီးလာတာ၊ အဖျားတက်တာ၊ ပါးစပ်ဟရခက်လာတာ၊ အသက်ရှုရခက်လာတာ မှစပြီး အသက်အန္တရယ်ကို ပင်ထိခိုက်နိုင်ပါတယ်။

⭐ကုသမှု/ဆောင်ရန်/ရှောင်ရန်
***************
- သွားမျက်နာပြင်မှာ သွားပိုးစစားနေရင် မနာ၊မကိုက်ခင် သွားဆေးခန်းမှာ သွားဖာတာ၊ စစ်ဆေးပြီး လိုအပ်တဲ့ကုသမှု ခံယူတာလုပ်ဖို့လိုပါတယ်။

- ပြည်ဖုရှိနေရင်လည်း သွားအကြောထုတ်ပြီး ပြန်ဖာပြီး ပြန်အသုံးပြုတာ၊ သွားနှုတ်တာ၊ လိုအပ်တဲ့ ပိုးသတ်ဆေးအကိုက်အခဲပျောက်ဆေးသောက်တာ လုပ်ဖို့လိုပါမယ်

- ညရေးညတာ ကိုက်တဲ့ အခါ ဆေးခန်းနဲ့ အလှမ်းဝေးတဲ့ အခါ Paracetamolလို အကိုက်ခဲပျောက်ဆေး‌သောက်တာ၊ ဆားရေနွေးငုံတာစတာ‌တွေလုပ်ပေးလို့ရပါတယ်။ အကိုက်ခဲပျောက်ဆေးအပြင်းစားတွေကတော့ အစာအိမ်ထိတတ်တာ၊ တချို့ရောဂါတွေနဲ့ မတည့်တာကြောင့် ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သင့်ပါတယ်။

- ဆေးသောက်တာက သွားအမြစ်ပိုးဝင်တာ/ပြည်တည်တာကို ယာယီသာသက်သာစေပြီး အပြီးတိုင်သက်သာပျောက်ကင်းဖို့ ဖြစ်ရတဲ့အကြောင်းရင်းကို ဆေးခန်းမှာသေချာကုသမှုခံယူပါ။

-ဖလိုရိုက်ပါတဲ့သွားတိုက်ဆေး၊သွားတိုက်တံနဲ့ တနေ့ ၂ကြိမ် ပုံမှန်သွားတိုက်ပါ

- သွားကြားပွတ်ကြိုးအသုံးပြုပါ

- အရမ်းပူလွန်း၊အေးလွန်းတဲ့အစားသောက်တွေ၊ အချိုတွေရှောင်ကြဉ်ပေးပါ

- သွားအမြစ်ပိုးဝင်တာကြောင့် ပါးတခြမ်းလုံးရောင်တာလည်ပင်းတဝိုက်ရောင်လာတာ၊ အသက်ရှုရခက်တာ၊ အစာမြိုရခက်တာ၊အဖျားတက်တာဖြစ်လာရင် မဖြစ်မနေ ဆေးရုံ၊ဆေးခန်းပြသပါ။

- သွားနှင့်ခံတွင်းမှာ အဖုအပိန့်တွေ၊အနာတွေဖြစ်လာရင် တွေ့ရာဆေးလိမ်းတာ၊သောက်တာထက် သက်ဆိုင်ရာ သွားနှင့်ခံတွင်းဆရာဝန်တွေနဲ့ တိုင်ပင်တာ၊ စစ်ဆေးမှုခံယူပြီး လိုအပ်တဲ့ ကုသမှု ခံယူတာကသာ အသင့်တော်ဆုံးဖြစ်ပါတယ်။

သွားနှင့်ခံတွင်းရောဂါများကင်းဝေးပြီး အစစအရာရာအဆင်ပြေကြပါစေ...

မေတ္တာဖြင့်...
Dr. Ye Win Naing

06/03/2022

လေဆာဖြင့် သွားဖာခြင်း
🌟🌟🌟🌟🌟🌟🌟🌟🌟

ကြဲနေတဲ့ ရှေ့သွား (၂)ချောင်းကို လေဆာနဲ့ ဆေးခန်းမှာ တထိုင်ထဲ ဖာထေးပေးထားခြင်းဖြစ်ပါတယ်။

သွားအနေအထား၊ အသက်အရွယ်၊ ကုန်ကျစရိတ် ၊အချိန်ပေးနိုင်မှုပေါ်မူတည်ပြီး

🌟 သွားညှိကုသတာ
🌟သွားကြွေလွှာကပ်တာ
🌟 ကြွေအစွပ်စွပ်တာ စသဖြင့် ကုသမှုမျိုးစုံရှိပါတယ်။

🦷 သွားနှင့်ခံတွင်းဆိုင်ရာကုသမှုများ၊ ကုန်ကျစရိတ်များတိုင်ပင်လိုပါက
09965761454သို့ Viber / ph တို့မှ ဆက်သွယ်နိုင်ပါတယ်။

Want your practice to be the top-listed Dentist in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon

Other General Dentists in Yangon (show all)
LaMin Dental Clinic LaMin Dental Clinic
La Min Dental Clinic (No44, Corner Of Hyuparyone Street & Moe Tauk Pan Street, Ward (1), Tharketa Township
Yangon, 11231

Keep your Smile

Jasmine Dental Pediatric Center Jasmine Dental Pediatric Center
218(The Century Building), Yangon/Insein Road, Near Than St Bus Stop, Hlaing Township Yangon, Myanmar
Yangon, 11051

First fully digitalized dental clinic in Myanmar

SMILE Shwepyithar Orthodontic and Aesthetic Dental Clinic SMILE Shwepyithar Orthodontic and Aesthetic Dental Clinic
X34F+3R6 SMILE (Shwe Pyi Thar) Orthodontic And Aesthetic Dental Clinic
Yangon, SMILE(SHWEPYITHAR) HTTPS://GOO.GL/MAPS/RSYKPEIAHFTWVZPA7

Bright Your Confident Smile

Dr Nay Win Modern Dental Office Dr Nay Win Modern Dental Office
72 B Juction Of U Chit Mg Road And 167st, Tamwe Tsp
Yangon

More Economic,More Effective ,More Preventive & More Protective Measures for COVID-19 Infection in Our Modern Dental Office . Do not hesitate to place a call to 09587739,0996518773...

လှိုင်မေတ္တာ သွားနှင့်ခံတွင်းဆေးခန်း လှိုင်မေတ္တာ သွားနှင့်ခံတွင်းဆေးခန်း
32(A) ကန်လမ်း၊ (၉)ရပ်ကွက်၊ လှိုင်မြို့နယ်
Yangon, 11051

Welcome to Hlaing Myittar Dental Implant & Orthodontic Clinic, conveniently located at (32)A Kan Road, (9)Qtr Hlaing Township, Yangon. Here we provide a wide range of oral health ...

Aung Nyein Aye Dental Clinic Aung Nyein Aye Dental Clinic
May Dharwi Road
Yangon

အောင်ရတနာ သွားနှင့်ခံတွင်းအထူးကုဆေးခန်း - AungYadanar Dental Clinic အောင်ရတနာ သွားနှင့်ခံတွင်းအထူးကုဆေးခန်း - AungYadanar Dental Clinic
No. 61 (Ground Floor), 124street , Mingalartaungnyunt (Near Mingalarzay Bus-stop)
Yangon, 11221

ခေတ်မှီစက်ကိရိယာစုံလင်စွာထားရှိပီ?

Jasmine Orthodontic Treatments Center Jasmine Orthodontic Treatments Center
218(The Century Building), Yangon/Insein Road, Near Than St Bus Stop, Hlaing Township Yangon, Myanmar
Yangon, 11051

သွား နှင့် ခံတွင်း အထူးကု ဆေးခန်း

Nay La Dental Clinic Nay La Dental Clinic
Yangon, V5X6+XGYANGON

သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုများ၊ ပညာပေးဆောင်းပါးများ ဖော်ပြပေးသွားမည်

Biodent Myanmar Dental Laboratory & Supplies Biodent Myanmar Dental Laboratory & Supplies
No 70, Minyekyawswar Road, 9th Ward, East Dagon Township
Yangon, 11451

Bio Dent Dental Laboratory is one of the solution for your best smiles. Our objective for patients i

Chan Myae Medical & Dental Clinic Chan Myae Medical & Dental Clinic
102(B), Yazardiyit Road, East Dagon
Yangon

Be confident in your smile

Central Dental Clinic - စင်ထရယ် သွားနှင့်ခံတွင်းဆေးခန်း Central Dental Clinic - စင်ထရယ် သွားနှင့်ခံတွင်းဆေးခန်း
No. 94(B), Ground Floor, Zingama Road, Thaketa Township
Yangon, 11231

Dental Clinic