Phyo Ko Ko

Surveying and Design Online Training & Services

Photos from Phyo Ko Ko's post 21/01/2024

Lesson 1 to Lesson 15 အထိပြီးရင် Certificate ရမည့်အပြင် Drwaing ပိုင်း Site ပိုင်းနဲ့ ပတ်သက်သော error များ ဖြေရှင်းပုံ ဖြေရှင်းနည်းများပါ သင်ကြားပေးသွားမှာဖြစ်လို့ အမြန်ဆုံးပဲ သင်တန်းအပ်လိုက်ပါ ခင်ဗျာ။

Lesson #001 Data import and create contour
- point styles
- point label styles
- surface styles
- surface label styles

Lesson #002 Create alignment
- alignment styles
- alignment labels

Lesson #003 Create profile and design
- profile view styles
- labels styles
- band styles
- band sets

Lesson #004 Create assembly
- assembly styles
- subassembly

Lesson #005 Create corridor
- corridor styles
- corridor surface

Lesson #006 Create smaple line
- sample line style
- label styles

Lesson #007 Create section
- section view styles
- label styles
- Section data
- band sets

Lesson #008 Volume
- Earthwork volume
- Cutting and filling
- Volume Report
- Volume Table Styles

Lesson #009 Reports Manager
- Alignment Report
- Profile Report
- Corridor Report

Lesson #010 Grid Line
- Grid Line and Corridinate Label

Lesson #011 Plotting
- Create template
- Legend
- Scale
- Plotting

Lesson #012 Create Template
- Template တစ်ခုပြုလုပ်ပြီး Drawing တစ်ခုကို လျှင်မြန်စွာ ရေးဆွဲခြင်း

Lesson #013 Traverse adjustment
-BM တွေကို error အနည်းဆုံးဖြစ်အောင်ပြုလုပ်ခြင်း

Lesson #014 Topo drawing and site volume
-Topo တိုင်းတဲ့အခါ Code တွေနာမည်ပေးခြင်း
-Topo Drawing ထဲ Design Plan ထပ်ခြင်း
-Site volume တွက်ထုတ်ခြင်း

Lesson #015 Stake / peq ( ပန္နက် )

- Grid line Coordinate သက်မှတ်ခြင်း
- Stake / peq (ပန္နက်) ရိုက်ခြင်း
-Coordinate Calculation with Excle
-Level Calculation with Excle
တွေအပြင်
AutoCAD Civil 3D ပတ်သက်တဲ့အကြောင်းအရာများ
Surveyor တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာများ
Construction Site မှာဖြစ်တက်တဲ့ error များကိုလဲ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင့်ပညာရေးအတွက် ငွေကို မနှမြောပါနဲ့။

Photos from Phyo Ko Ko's post 19/01/2024

Photos from Phyo Ko Ko's post 15/01/2024

15/01/2024

Lesson #001 Data import and create contour
- point styles
- point label styles
- surface styles
- surface label styles

Lesson #002 Create alignment
- alignment styles
- alignment labels

Lesson #003 Create profile and design
- profile view styles
- labels styles
- band styles
- band sets

Lesson #004 Create assembly
- assembly styles
- subassembly

Lesson #005 Create corridor
- corridor styles
- corridor surface

Lesson #006 Create smaple line
- sample line style
- label styles

Lesson #007 Create section
- section view styles
- label styles
- Section data
- band sets

Lesson #008 Volume
- Earthwork volume
- Cutting and filling
- Volume Report
- Volume Table Styles

Lesson #009 Reports Manager
- Alignment Report
- Profile Report
- Corridor Report

Lesson #010 Grid Line
- Grid Line and Corridinate Label

Lesson #011 Plotting
- Create template
- Legend
- Scale
- Plotting

Lesson #012 Create Template
- Template တစ်ခုပြုလုပ်ပြီး Drawing တစ်ခုကို လျှင်မြန်စွာ ရေးဆွဲခြင်း

Lesson #013 Traverse adjustment
-BM တွေကို error အနည်းဆုံးဖြစ်အောင်ပြုလုပ်ခြင်း

Lesson #014 Topo drawing and site volume
-Topo တိုင်းတဲ့အခါ Code တွေနာမည်ပေးခြင်း
-Topo Drawing ထဲ Design Plan ထပ်ခြင်း
-Site volume တွက်ထုတ်ခြင်း

Lesson #015 Stake / peq ( ပန္နက် )

- Grid line Coordinate သက်မှတ်ခြင်း
- Stake / peq (ပန္နက်) ရိုက်ခြင်း
-Coordinate Calculation with Excle
-Level Calculation with Excle
တွေအပြင်
AutoCAD Civil 3D ပတ်သက်တဲ့အကြောင်းအရာများ
Surveyor တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာများ
Construction Site မှာဖြစ်တက်တဲ့ error များကိုလဲ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင့်ပညာရေးအတွက် ငွေကို မနှမြောပါနဲ့။

Viber: 09250051928

12/01/2024

မီးရထားဥမင်လှိုင်ခေါင်းများတူးဖော်နည်းများ

မာတိကာ
ဘာသာပြန်ဆိုသူ၏ အမှာစကား
- Railway Tunneling
I. ဥမင်၏ အားသာချက်များနှင့် လိုအပ်ချက်များ Necessity/ Adventages of a Tunnel
II. ဥမင်လမ်းအူကြောင်းနှင့် ဆင်ခြေလျော
Tunnel Alignment and Gradient
III. ဥမင်၏ ပုံသဏ္ဍာန်နှင့် အရွယ်အစား
Size and shape of a Tunnel
IV. ဥမင်တူးရန် နည်းလမ်းများ
Methods of Tunneling
V. မကျောသော ကျောက်သားထုထဲတွင် ဥမင်တူးနည်း
Tunneling in Hard Rock
VI. ရှေ့ပြေးမျက်နှာပြင်အဖွဲ့နှင့် နောက်ခုံတုံးအဖွဲ့တွဲဖက်၍ တူးဖော်ခြင်း
Heading and Benching Method
VII. တွင်းငယ်ဖြင့် ချဲ့၍ လိုက်ကျင်းတူးဖော်နည်း
Drift Method
VIII. ရှေ့ပြေးဥမင်တူးဖော်ခြင်း
Pilot Tunnel Method
IX. ဥမင်အ၀န်းအဝိုင်း၌ ဥမင်တူးဖော်ခြင်း
Perimeter Method of Tunneling
X. မြေပျော့ (သို့မဟုတ်) ကျောက်သားပျော့ထဲတွင် ဥမင်တူးဖော်နည်း
Tunneling in Soft Ground or Soft Rock.
XI. ရှေ့ပြေးကြိုတင်၍ အကာအရန်ဖြင့် ဥမင်တူးဖော်ခြင်းနည်း
Fore poling Method
XII. ဖိအားသုံး Steel Plate ထည့်သွင်း၍ တူးဖော်ခြင်း
Linear Steel Plate Method.
XIII. မြေပျော့အမိုးခုံးပိုင်းကို Jack ဖြင့် တိုင်ထောင်၍ တူးဖော်သောနည်း
XIV. အမေရိကန်ဥမင်တူးနည်း (Americal Method)
XV. အင်္ဂလိပ်ဥမင်တူးနည်း (English Method)
XVI. သြစတြီးလျားဥမင်တူးနည်း (Austria Method)
XVII. ဘယ်ဂျီယန်နည်း (Belgian Method)
XVIII. ရေခိုအောင်းနေသော ကျောက်/မြေလွှာကိုဖြတ်၍ ဥမင်တူးနည်။
XIX. Tunneling Through water-bearing strata)
XX. လေဖိအားသုံး၍ ဥမင်တူးဖော်နည်း (Compressed Air Tunneling)
XXI. ဥမင်းများအတွင်း လေ၀င်လေထွက် ရရှိစေခြင်း
Ventilation of Tunnels
(a) လေဖိအား သွင်းမှုတ်စက်ကို အသုံးပြု၍ လေ၀င်၊လေထွက် စီစဉ်ခြင်းနည်း
(b) လေသန့်ကိုတွန်းပို့/လေဆိုးကို စုပ်ယူ လေထုတ်စနစ်ပူးတွဲဆောင်ရွက်ခြင်းနည်း
(Combination of blow-in and blow-out method.)
XXII. ဥမင်များအတွင်း အလင်းရောင်းပေးခြင်း (Lighting of Tunnels)
XXIII. ဥမင်းများအတွင်းမှ ရေထုတ်မြောင်းစနစ်(Drainage of Tunnels)
XXIV. ဥမင်များအတွင်း ဒေါင်လိုက်အပေါက်များဖောက်ခြင်း။
(Shaft of Tunnels)
XXV. ဥမင်းများအတွင်း နံရံများသွန်းလောင်းကာရံခြင်း
(Lining of Tunnels)
XXVI. နံရံများ ပြုလုပ်ခြင်းအစီအစဉ်များ (Sequence of Lining)
XXVII. ဥမင်၏ နံရံအထူ အမျိုးမျိုး ပုံစံများ
Type of Thickness of Lining
XXVIII. မီးရထားဥမင်များ ပြုပြင်ထိန်းသိန်းခြင်း
Maintenance of Railway Tunnels
XXIX. ဥမင်များ အသေးစိတ် စစ်ဆေးခြင်း နည်းများ
(Details of Tunnel Inspection)
# # #. ဥမင်တည်ဆောက်ရေးလုပ်ငန်းများ၏ ဘေးကင်းလုံခြုံစေမှု ဆောင်ရွက်ခြင်း
(Safety in Tunnel Construction)
# # . နိဂုံးချုပ် (Summary)
Attachment – Methods and photos.

ဘာသာပြန်ဆိုသူ၏အမှာစကား
ကျွန်တော်သည် မြန်မာ့မီးရထား၏ တာ၀န်ပေးချက်အရ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ် ကျောကျေးရွာအနီးတည်ရှိသော ပုံညာတောင်ဥမင်ကို့တူးဖော်ရန်တာ၀န်ပေးခြင်း ခံခဲ့ရပါသည်။ ပုံညာတောင်ဥမင်မှာ ပခုက္ကူ- ဂန့်ဂေါ- ကလေး လမ်းပိုင်း၏ အခက်ခဲဆုံး လမ်းပိုင်းတစ်ခုဖြစ်ပါသည်။ အရှည် (၁.၀၈)မိုင်ကို ဥမင်တူးဖော် ခဲ့ရာ ၁၉၉၆ခုနှစ်လယ်မှစ၍ ၂၀၀၃ခုနှစ်တွင် ပြီးစီးဖွင့်လှစ်နိုင်ခဲ့ပါသည်။ စုစုပေါင်း (၇)နှစ်ခန့်ကြာမြင့်ပါ သည်။ ပုံညာတောင်၏ အရှေဘက်ခြမ်းမှာ မာ/ပျော့ မျိုးစုံလှသော sand stome အလွှာများရှိ၍ အနောက်ဘက်ခြမ်းမှာ (shale) ရွံ့မြေများဖြစ်ပါသည်။ (shale)၏ သဘာ၀မှာ ခြောက်သွေ့ရာသီတွင် မိုင်းခွဲ၍တူးရသည်။ မိုးအခါ ရွံ့များဖြစ်ပြီး ဘွက်ထသည်။ အနည်းငယ်စိုထိုင်းဆများလျှင်လည်း ပြိုသည်။ ခြေက်သွေ့ရာသီတွင်လည်းပြိုကျတတ်သည်။ အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ Geotechnical ဘာသာရပ်ဖြင့် စူးစမ်းခဲ့ရာ Major Fault (4)ခုနှင့် Mimor Fault (32)ခု ကြုံတွေ့ရပါသည်။ နည်းပေါင်းစုံသုံး၍ လုပ်ငန်းအောင်မြင်စွာ ပြီးမြောက်နိုင်ရန် အကြံထုတ်ဆောင်ရွက်ခဲ့ရပါသည်။ ဥမင်တူးဖော်ရာတွင် Heading and Bemching Melhod ကို ထိန်းချုပ်ဖောက်ခဲ့ရသော ယမ်းခွဲနည်းစနစ်ကို အသုံးပြုတူးဖော်ခဲ့ရပါသည်။ ဥမင်၏ပုံသဏ္ဍာန် မှာ မြင်းခွာပုံ (Horse shoe) ပုံစံဖြစ်ပါသည်။ အကျယ် ၁၅'၄" အမြင့် ၁၉'၄" အတွင်းခွင်ကျယ်၀န်းပါသည်။ ကွန်ကရိ Limming ကို ၂ပေ ထုမှ ၅ပေ ထုအထိ ကျောက်သား မြေသားများအပေါ်မူတည်၍ ကွန်ကရိနံရံနှင့် အမိုးခုံးပိုင်းတည်ဆောက်ထားရပါသည်။ (၇)နှစ်တာအတွေ့အကြုံအရ ဥမင်တူးဖော်ခြင်း နည်းပညာကို ထိုက်သင့်သလောက် အတွေ့အကြုံများ ရရှိခဲ့ပါသည်။ Railway Engineering စာအုပ်မှဘာသာပြန်ဆို မှုသည် chapter (30)ခုမြောက် ဖြစ်သော အိန္ဒိယမီးရထား Railway Tunnelling ကို ဘာသာပြန်ဆိုတင်ပြ ရေးသားထားခြင်း ဖြစ်ပါသည်။ မူရင်းစာရေးသားသူမှာ အိန္ဒိယမီးရထားမှ နှစ်စဉ်ထုတ်ဝေလေ့ရှိသောနာမည်ကျော် Imation Railway Track ကိုရေးသားသူသည်။ M.M AGAWAL (Retd Chief Engineer) Nonthern Railway ဖြစ်ပါသည်။ 1973နှစ်တွင် Indian Railway Track ကို နှစ်စဉ်ပြုစုထုတ်ဝေခဲ့ရာ ယခုနှစ် 2017ခုနှစ်ထိဖြစ်ပါသည်။ RAILWAY ENGINEERING စာအုပ်မှာ OXFORD UNIVERSITY PRESS မှ 2007ခုနှစ်တွင် ထုတ်ဝြေဖန့်ချီထားခြင်းဖြစ်ပါသည်။
မီးရထားဥမင်များအကြောင်း ဘာသာပြန်စာမူကို ဖက်ရှုလေ့လာခြင်းအားဖြင့် အင်ဂျင်နီယာကြီး/ ငယ်များ ဗဟုသုတဖြစ်စေရန်နှင့် လုပ်ငန်းခွင်အသုံးကျစေရန် ရည်ရွယ်ပါသည်။ ဥမင်တူးဖော်ခြင်း နည်းလမ်းမျိုးစုံ၏ အစပျိုးလေ့လာမှု နိဒါန်ပိုင်းဖြစ်ပါသည်။ တကယ်တူးရလျှင်တော့ ယခုထက်ပြည့်စုံသော စာအုပ်မျိုး၊ အတက်ပညာရှင်မျိုးစုံပေါင်း၍ လေ့လာဆောင်ရွက်ရန်လိုပါသည်။ ဥမင်မြေအမျိုးအစားများ ခွဲခြားနိုင်ရန် တွေ့ရှိရမည့်ပြဿနာများ ကြိုတင်သိရှိ၍ လမ်းအူကြောင်းအမျိုးမျိုးကို အင်ဂျင်နီယာရှုထောင့်၊ စီးပွားရေး/သယ်ယူပို့ဆောင်ရေး ရှုဒေါင့်နှင့် ပြည်သူလူတုခရီးသည်များ၏ ကုန်ကျစရိတ်စက အကျိုးသက်ရောက်မှု ရှိစေမည့်အသုံးကျမည့် အကျိုးအပြစ်တို့ကို လေ့လာဆုံးဖြတ်ပြီးမှသာ ဥမင်တူးဖော်ရကြောင်း လေ့လာ တွေ့ရှိရပါသည်။
ယခုစာစဉ်သည် ငယ်ရွယ်သော၊ ဥမင်တူးဖော်ခြင်း အတွေ့အကြုံမရှိသေးသော အင်ဂျင်နီယာများ ဗဟုသုတတိုးပွားစေရန် လုပ်ငန်းများကို ရည်ရွယ်ဘာသာပြန်ဆိုခြင်းဖြစ်ပြီး တစုံတစ်ခုသော်အကျိုးများ အင်ဂျင်နီယာများအတွက်ရရှိစေရန် ရည်ရွယ်၍ ဘာသာပြန်ဆိုထားခြင်း ဖြစ်ကြောင်း အမှာစကားပြောကြား လိုပါသည်။ မြန်မာနိုင်ငံအင်ဂျင်နီယာလောက တိုးတက်မှုအတွက် ရည်ရွယ်ထားပါကြောင်း ထပ်မံ၍ စကားဆိုပါရစေခင်ဗျာ။

ဗိုလ်အုန်း(အငြိမ်းစားမီးရထားအင်ဂျင်နီယာတစ်ဦး)
B.E (civil) -1974 P.E (Road)
အကြံပေးပညာရှင်

မီးရထားဥမင်လှိုင်ခေါင်းတူးဖော်နည်းများ
Railway Tunneling
ဥမင်ဆိုသည်မှာ အဓိပ္ပါယ်ဖွင့်ဆိုရလျှင် မြေအောက်ခရီးလမ်းပင်ဖြစ်ပါသည်။ခရီးသည်များ၊ ကုန်ပစ္စည်းများ ၊ ရေဆိုး၊ဆီလောင်စာဆီအမျိုးမျိုး၊ ဓါတ်ငွေ့ စသည်တို့ကို သယ်ယူရန် ဖောက်လုပ်ထားသည် လမ်းကြောင်းပင်ဖြစ်ပါ သည်။ ဥမင်တည်ဆောက်ရေးလုပ်ငန်းများသည် မြေပေါ်ရှိ အမျိုးမျိုးသော အတားအဆီးအခက်အခဲများကို ကျော် လွှားနိုင်ရန် ဖောက်လုပ်ရခြင်းအကြောင်းရင်းဖြစ်ပါသည်။ ဥမင်လိုင်ခေါင်းတို့၏ သမိုင်းသည်လွန်စွာရှေးကျလှ ပါသည်။ ရှေးအကျဆုံးဥမင်(Tummel)ကို လွန်ခဲ့သော နှစ်ပေါင်း(၄၀၀၀)ကျော်ခန့်က ဘေဘီလုံတွင် အဆောက်အ ဦး(၂)ခု ကို ဆက်သွယ်ရန် ဖောက်လုပ်ခဲ့ပါသည်။ ပထမဆုံးမီးရထားဥမင်ကို(၁၉)ရာစု အဆုံးခန့်က ဆွစ်ဇာလန်နှင့် အီတလီတို့ ပေါင်းကူးဆက်သွယ်ရန် ဖောက်လုပ်ခဲ့ပါသည်။ ဥမင်၏ဖြတ်ပိုင်းပုံမှာ မြင်းခွာပုံသဏ္ဍာန် (Horse Shoe) ဖြစ်ပါသည်။ အလျားမှာ (၂၀)ကီလိုမီတာ ရှည်လျားပါသည်။ အိန္ဒိယမီးရထားလုပ်ငန်းတွင် ပထမဦး ဆုံးဥမင်မှာ Central Railway Thame တွင် တည်ဆောက်ခဲ့ပါသည်။လူသိများသည့် နာမည်မှာ Parsik Tummel ဖြစ်ပါ သည်။ ရထားလမ်းတွင် ထိုစဉ်က အရှည်လျားဆုံးအလျားဖြစ်ပြီး (1317)ကီလိုမီတာရှည်လျားပါသည်။ ယခုအိန္ဒယ မီးရထား၏ အရှည်လျားဆုံးဥမင်မှာ komkan မီးရထားမှ karbude ဥမင်မှာ 6506 မီတာရှည်လျားပြီး အရှည်လျားဆုံး ဥမင်ဖြစ်ပါသည်။
I. ဥမင်၏ အားသာချက်များနှင့်လိုအပ်ချက်များ
Necessity/Advantages of a Tunnel
ဥမင်တည်ဆောက်ရန် လိုအပ်ချက်များကို အောက်ဖော်ပြပါအချက်အလက်များပေါ်မူတည်ပြီးစဉ်းစားထားပါ သည်။
(၁) ဥမင်ဖောက်လုပ်ရခြင်းအကြောင်းမှာ တောင်၏ တဘက်ခြမ်းဘို့ရှည်လျားကွေ့ပတ်သွားရသောလမ်း အလျား များကိုတိုတောင်းစေပါသည်။ သာမန်လမ်းအလျားကို တိုတောင်းစေပြီး စီးပွားရေးရေ ရှည်တွက်ခြေကိုက်၍ဖောက် လုပ်ရခြင်းဖြစ်ပါသည်။
(၂) အထူးသဖြင့် ကျောက်တောင်စဉ် တောင်တန်းများကိုဖြတ်၍ ဖြတ်မြေလမ်းဖောက်လုပ်ခြင်းထက် စီးပွားရေး တွက်ခြေကိုက်မှုပိုမိုပါသည်။ အကြောင်းခြင်းရာအမျိုးမျိုးပေါ်မူတည်ပြီး အကြမ်းဖျင်းတွက်ချက်ကြည့်လျှင်အနည်း ငယ်ပမာဏရှိသောမြေပမာဏတွင် ဥမင်တူးဖော်ခြင်းသည့် ကျောက်တောင်ထူထပ်သော တောင်ကြားလမ်းမများ ဖောက်လုပ်ခြင်းဖြင့် ကုန်ကျစရိတ်တူညီပါသည်။ သို့သော်မြေကြီးအကျယ်အ၀န်း အနည်းငယ်သာ အသုံးပြုရ၍ တွက်ချေကိုက်ပါ သည်။
(၃) ကျောက်ပျော့သောနေရာတွင် ဥမင်တူးပါကမာကျောသော ကျောက်တောင်၊ တောင်ကြားလမ်းများထက် ဖောက်လုပ်ရာတွင် ပိုမိုကုန်ကျစရိတ်သက်သာပါသည်။
(၄) လူဦးရေထူထပ်လှသည့် မြို့တော်ကြီးများ (Metropelitan) မြို့များနှင့် အခြားမြို့များတွင် မြေအောက်ဥ မင်မီးရထားလမ်းစနစ်သည် လမ်းကြောင်းပိတ်ဆို့မှုမဖြစ်ပေါ်စေဘဲ ခရီးသည်များအကြား အမြန်ဆုံး၊ အတိုဆုံးခရီးဖြင့် သယ်ဆောင်နိုင် ပါသည်။
(၅) တခါတရံမြစ်ကြမ်းပြင်အောက်တွင် ဥမင်လမ်းတည်ဆောက်ခြင်းသည် သမာရိုးကြမြစ်ကူးတံတားတည် ဆောက်ခြင်းထက် စီးပွားရေးတွက်ချေကိုက်မှုရှိသည်။
(၆) ဝေဟင်မှ လာမည့်စစ်ရေးစစ်ရာကိစ္စများကြုံတွေ့ရပါက ဥမင်ဖြင့် သယ်ယူပိုဆောင်ခြင်းသည် ပိုမိုဘေး ကင်းစေပါသည်။ တံတားသို့မဟုတ်နက်ရှိုင်းသောတောင်ကြားလမ်းများနှင့် နှိုင်းယှဉ်လျင် မီးရထားဥမင်များက ပိုမိုလုံ ခြုံစိတ်ချရစေပါသည်။
(၇) သမာရိုးကျတံတားများနှင့်နက်ရှိုင်းသော တောင်ကြားလမ်းများထက်ပြုပြင်ထိန်းသိမ်း စရိတ်ပိုမိုသက်သာစေ ပါသည်။
(၈) မည်သို့ပင်ဆိုစေကာမူသ ဥမင်ဖောက်လုပ်ခြင်းသည် ဆိုးကျိုးများရှိပါသည်။
(က) ဥမင်တည်ဆောက်စရိတ်စကကုန်ကျစရိတ်ကြီးမားသည်။ အထူးတည်ဆောက်ရန် ဒီဇိုင်းထုတ်ထား သောစက်ကိရိယာနှင့်စက်များကို အသုံးပြုရ၍ ဖြစ်ပါသည်။
(ခ) ဥမင်တည်ဆောက်ခြင်းလုပ်ငန်းသည် ခက်ခဲနက်နဲလှသော နည်းပညာများနှင့် အထူးကျွမ်းကျင်မှု အင်ဂျင်နီယာလုပ်သာများ လိုအပ်၍ ဖြစ်ပါသည်။၏
(ဂ) ဥမင်ဖောက်လုပ်ခြင်းသည် အချိန်ကာလကြာမြင့်တတ်ပါသည်။

II. ဥမင်လမ်းအူကြောင်းနှင့်ဆင်ခြေလျော
Tunnel Aligmment and Gradient
ဥမင်၏ လမ်းအူကြောင်းသတ်မှတ်ရာတွင် မြေပြင်ပေါ်တွင် အသေးစိတ်တိုင်းတာတွက်ချက်၍ အတိအကျ တိုင်းတာပေးရသည်။လမ်းအူကြောင်းအနည်းငယ်မှု လွဲချော်မှုလေးသည်ပင်တဖက်နှင့်တဖက် မဆုံတွေ့သည်တွေ့ ရှိရ၍ဖြစ်ပါသည်။ ဥမင်တူးဖော်ခြင်းလုပ်ငန်းစတင် ဆောင်ရွက်သည့်အခါ ဥမင်၏ အဆုံးနှစ်ဘက်၏ ဗဟိုလမ်း အူကြောင်းကို တိတိကျကျတိုင်းတွက်ချက်ခြင်းဖြင့်သာ ဆုံးဖြတ်ရပါမည်။ တိကျသေချသော တိုင်းတာမှုက ဥမင်ဗဟို လမ်းအူကြောင်းနှင့် Level အနိမ့်အမြင့်တို့ကို သေသေချာချာတိုင်းတာပြီး မြေအောက်တူးဖော်ခြင်းကို သေချာစွာ လွှဲပြောင်း စီစဉ်တိုင်းတာ ပေးနိုင်ရမည်။ (ခုခေတ်မှာတော့ ခေတ်မှီသေချာလှသော survery ကိရိယာများကြောင့် ၄င်းပြဿနာ နည်းပါးသွားပါပြီ)
(၁) လမ်းအူကြောင်းသည် ဖြစ်နိုင်လျှင်ဖြောင့်တန်းရမည်။အတိုဆုံးနှင့်စီးးပွားရေးတွက်ချေအကိုက်ဆုံးလမ်းအူ ကြောင်းဖြစ်ရသည်။
(၂) ဥမင်နှင့်ချဉ်းကပ် (၂) ဖက်စလုံးတွင်ဆင်ခြေလျောအပြေဆုံးတတ်နိုင်သမျှထားရှိရန်။ (ပုံညာတောင်ဥမင်၌ အလယ်တွင် အမြင့်ဆုံးနေရာထားရှိပြီး (၂)ဖက်စလုံးကို ၁း၄၀၀ ဆင်ခြေလျောထားရှိခဲ့ပါသည်။ အကြောင်းရင်း မှာဥမင်ထဲ၌ စက်ခေါင်းစက်ချို့ယွင်းခဲ့သော အလွယ်တကူထွက်ရှိလာနိုင်ရန်ဆင်ခြေလျော Design ထုတ် ပေးထားခဲ့ရပါသည်။
(၃) ဥမင်အတွင်းထဲတွင် သင့်တော်သော လေ၀င်လေထွက်နှင့်လုံလောက်သော အလင်းရောင်ရရှိထားရှိရန်။
(၄) ဥမင်အတွင်းဘေးနှစ်ဖက်ရေမြောင်းများ၏ ဆင်ခြေလျောကို အနည်းဆုံး(၁း၅၀၀)ဆင်ခြေလျောထားရှိ၍ ကောင်းစွာရေတွက်နိုင်ရမည်။ ရှည်လျားသော အလျားရှိသော ဥမင်များတွင် ဥမင်ဗဟိုမှ တဘက်တချက် သို့ ရေကောင်းအထက်ရှိနိုင်ရန် စီစဉ်ထားရမည်။

III. ဥမင်၏ပုံသဏ္ဍန်နှင့်အရွယ်အစား
Size and shape of a Tunnel
ဥမင်၏အရွယ်အစားနှင့်ပုံသဏ္ဍန်မှာ ဥမင်တည်ဆောက်မည့် မြေကြီး၏ အမျိုးအစားပေါ်မူတည်၍ တည် ဆောက်ရသည်။ ဥမင်အတွင်းမှာ ရထားလမ်းမှာ ဧကလမ်း(Single Ttsck)1ဒွေးလမ်း(Double Track)ပေါ်တွင် မူတည်ပြီးအရွယ်အစား ဆုံးဖြတ် ရသည်။ ဥမင်၏ ပုံသဏ္ဍန်မှာ ဥမင်၏ နံရံမှ တူးထားသော ဥမင်၏ ဘေးနံရံ၏ ဖိအား(Pressure)၏ ဒဏ်ကို ခံနိုင်ရမည်။ သို့သော ဥမင်မှာ ကျောက်သားထုဖြစ်ပါက မည်သည့် ပုံသဏ္ဍန်မဆိုတည်ဆောက်နိုင်သည်။ ကျောက်သား(roky terriam) တောင်ထုအများဆုံးရှိ သောနေရာမှာ စက်ဝုိင်းတ၀က်ပုံစံနှင့် ဘေးနံရံများ (Vertical Sidewalls) ပုံသဏ္ဍန်ရှိနေရန် တည်ဆောက်ရ မည်။ မြေပျော့မြေအမျိုးအစား (Soft Clay) ရွှံ့မြေပျော့များနှင့် သဲများပါ၀င်ပါက ဘေးနံ ရံနှင့့် အပေါ်ဘက်မှ သက်ရောက်လာမည့်(Pressure) များကို ခံနိုင်ရမည်။ ထိုဥမင်မှာ အမြင့်နှင့်အ တွင်းဘက်မှသက်ရောက်လာမည့်အားများကို ခုခံနိုင်ရန် စက်ဝိုင်းပုံသဏ္ဍန်(Circule)မှာအသင့်တော်ဆုံးဖြစ် သည်။သီအိုရီအနေဖြင့် စက်ဝုိင်းပုံသဏ္ဍန်ဥမင်မှာ ဖြတ်ပိုင်းပုံ ဧရိယာအများဆုံးရှိ သေးငယ်သော ဥမင်ငယ် လေးများတွင် ကြီးမားသော ခုခံမှုအားများကို ခံနိုင်သည့် ပုံစံဖြစ်သည်။ စက်ဝုိင်းပုံဥမင်များသည် ရေဆိုးနှင့် အရည်အမျိုးမျိုးကို သယ်ဆောင်နိုင်သော ရေသွယ်ဥမင်များအတွက် တည်ဆောက်လေ့ရှိသည်။ ရထားလုပ် ငန်းသုံးဥမင်များတွင်မူ ဥမင်၏ အောက်ခံတွင် စက်ဝိုင်းပုံတည်ဆောက်ရခြင်း အကြောင်းရင်းမှာ သံလမ်း ခင်းရာတွင် သံလမ်းရေချိန်ညှိရန်အတွက် တည်ဆောက်လေ့ရှိသည်။ စက်ဝုိင်းပုံအောက်ခြေ၌ တည်ဆောက်ထားခြင်းသည့် ရွှံ့များဖယ်ရှားရန်နှင့် ကွန်ကရိလောင်းရန်လွယ်ကူရန်အတွက် ဖြစ်ပါသည်။ ဥမင်ဖြတ်ပိုင်းပုံ၏ သတ်မှတ်ဖြတ်ပိုင်းပုံသည် အောက်တွင်ဖော်ပြထားပါသည်။ အများဆုံးအသုံးပြုသော ဥမင်ပုံစံများမှာ ပုံသဏ္ဍန်နှင့်မည်သည့်အတွက် အသုံးပြုသည်ကို အောက်ဖော်ပြပါ ဇယားဖြင့်ဖော်ပြအပ်ပါသည်။
Shape and Purpose of tunnels
ဥမင်ပုံသဏ္ဍန်နှင့်အသုံးပြုပုံများ
Shape (ပုံစံ) Purpose (ရည်ရွယ်ရသည့်အကြောင်းအရင်း)
Circular Water and Sewage
Elliptieal Water and sewage mains
Horseshoe Road and railways
Polyeemtrie cross section Road and railways
မီးရထားဥမင်၏ အရွယ်အစားမှာ ရထားသံလမ်း၏ ဂိုက်အကျယ် (Gauge) နှင့် လမ်းမည်မျှ ခင်းမည့် အပေါ်
မူတည်သည်အစား သတ်မှတ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Size of tunnel ဥမင်အရွယ်အစား
Gauge (mm) Single Line Double Line
ဧကလမ်း ဒွေးလမ်း
Breadlh Height breadlh Height
(mm) (mm) (mm) (mm)
BG (1676) 4880-5490 6700-7320 8530-9140 6700-7320
M.G (1000) 4270-4880 6100-6700 8530-9140 6100-6700
IV. ဥမင်တူးရန် နည်းလမ်းများ
Methods of Tunneling
ဥမင်တူးဖော်ရန် နည်းလမ်းမှာ အမျိုးမျိုးရှိပါသည်။ တူးဖော်ရန် နည်းလမ်းရွေးချယ်ပုံမှာ လွန်တွင်း၏ အရွယ်
အစား၊ မြေကြိး၏ အခြေအနေ၊ မည်သည့် ကရိယာဖြင့်တူးမှာလဲ သစ်သားအရွယ်အစားရရှိနိုင်မှုအပေါ်မူတည်ပါ
သည်။ (သစ်သားTimber Lacking) အရွယ်အစားကိုဆိုလိုပါသည်။ ဥမင်တူးဖော်ရန်မှာ အဓိကအားဖြင့် အုပ်စုခွဲလျှင်
(၂)မျိုးသာ ရှိသည်။
(က) မာကျောသောကျောက်သားထဲတွင်(Tunneling In Hard Rock)
တူးဖော်ခြင်း
(ခ) ပျော့သောကျောက်သားတွင်တူး (Tunneling In Soft Rock)
ဖော်ခြင်း
Water bearing strate ရေခိုအောင်းနေသော မြေလွှာ၊ ကျောက်လွှာနှင့် Compressed air Tunneling (လေဖိအာသုံးဥမင်) တွင်တူးဖော်ခြင်းကို ထပ်မံဖော်ပြဦးမည်။ မာကျောသော ကျောက်သားထုထဲတွင် ဥမင်တူးဖော်ခြင်း
V. Tunneling in Hard Rock
အောက်ဖော်ပြနည်းလမ်းများသည် မာကျောသော ကျောက်သားထုထဲတွင် တူးဖော်သည့် နည်းလမ်း (Methods)များဖြစ်ပါသည်။
မျက်နှာပြင်တစ်ခုလုံးတပြိုက်နက်တူးဖော်ခြင်း
(a) (Full Face Method)
မျက်နှာပြင်တစ်ခုလုံးဖွင့်၍ တပြိုင်ထဲတူးသည့်နည်းလမ်းသည် ဥမင်အငယ်စားမှာ (3) မီတာထက်မပို နေရာတွင်ဖွင့်၍ လေ့ရှိသည်။ မျက်နှာပြင်တစ်ခုလုံး တပြိုက်နက်တူးသည့် နည်းလမ်း ဒေါင်လိုက်တိုင်များကို ဥမင် မျက်နှာပြင်၌ တပ်ဆင်ထားသည်။ အရေအတွက်များပြားလှသော ဒေါင်လိုက်တိုင်များကို သင့်တော်သော အမြင့်ထိ တူးဖော်ပြီး တပ်ဆင်ထားသည်။ Drillhole (လွန်ကျင်း) များကို 10mmမှ 40mmအချင်းထိ၊ 1200mm Centre To Centre အကွာအဝေးထိ (Spacing) အကျယ်ထားရှိပြီး ကျောက်သားထဲ လွန်ဖြင့်ဖောက်သည်။ ယျေဘူယျအားဖြင့် (၂)တန်းတူးလေ့ရှိသည်။ လွန်ပေါက်များထဲသို့ ယမ်းထည့်ပြီးမီးရှို့လိုက်သည့် နောက်ပေါက်ကွဲကျောက်အစအနများကို နောက်တကြိမ် လွန်တွင်းတူး ပေါက်မဖောက်မှီ အပြီးသယ်ယူဖယ်ရှား လိုက်သည်။
V – a -1 အကျိုးရလာဒ်များ Adventages
(၁) ဥမင်မျက်နှာပြင်တစ်ခုလုံးတကြိမ်ထဲအပြီးတူးသည်။ဤနည်းလမ်းသည်အမြန်ပြီးမြောက်စေနိုင်သော တူးဖော်နည်းဖြစ်သည်။
(၂) ဥမင်မျက်နှာပြင်မှပေါက်ကွဲထွက်လာသောကျောက်စကျောက်နများကို ထရပ်ကားဖြင့်ကျုံးပြီးဥမင်ကြမ်းခင်း ၌ စုံပုံထားသည်။ နောက်တကြိမ်လုပ်ငန်းအပြန်စလုပ်နိုင်ရန် လုပ်ငန်းတိုးတတ်စေသည်။
(၃) Jumbo ကျောက်ဖောက်လွန်တူးစက်ကြီးများ သုံးစွဲခြင်းအားဖြင့် ဤနည်းလမ်းကို ဥမင်အကြီးစားများ၌လည်း အသုံးပြုနိုင်သည်။
V- a- 2 ဆိုးကျိုးများDisadvantages
(၁) ဤနည်းလမ်းသည် ကြီးမားသော စက်ယန္တရားများလိုအပ်သည်။
(၂) တည်ငြိမ်မှုမရှိသော ကျောက်သားလွှာတွင် သုံးရန်မသင့်လျော်ပါ။
(၃) ဥမင်ငယ်များအတွက်သာ ပုံမှန်အားဖြင့် အသုံး၀င်သည်။

VI. Heading and Benching Method
ရှေ့ပြေးမျက်နှာပြင်အဖွဲ့နှင့်၊ နောက်ခုံးတုံးအဖွဲ့၍တူးဖော်ခြင်း
ဤဥမင်တူးနည်းသည် ဥမင်၏ အပေါ်ခြမ်း(Top or Upper Half)ကို ပထမဆုံးလွန်ကျင်းဖောက်၍ စတင်တူးပါသည်။ နောက်မှလိုက်၍ ခုံတုံးအပိုင်း(Bottom or Lower Half)နောက်မှလိုက်ဆောင်ရွက်သည်။ အပေါ်ပိုင်းအခြမ်းတွင် 3.7မီတာမှ4.0မီတာ အရင်ဦးစားပေးတူးသည်။ နောက်မှခုံတုံး (Benching) အပိုင်းတူးသည်။ မာကျောသော ကျောက်သား ပိုင်းထဲတွင်ကျောက်စများ ဖယ်ရှားပြီးသည်နောက် တပြိုင်နက်ခုံတုံးအပိုင်းကို လွန်တူးဖောက်လုပ်ငန်းဆောင်ရွက်သည်။ မာကျောသောကျောက်သား ဆိုသည်မှာဒေါက်တိုင် (Support) မထောက်ထားသည်ကို ခွင့်ပြုနိုင်သော ကျောက်သားမျိုးကိုဆိုလိုသည်။

အကျိုးရလာဒ်များ (Advantages)
(၁) လွန်တွင်းထဲသို့ ယမ်းများသည်ခြင်းနှင့်ကျောက်စကျောက်စုမျာကျူံးယူခြင်းကိုအချိန်ထဲပြိုင်တူလုပ်၍ရသည်။
(၂) ဤနည်းလမ်းတွင် မျက်နှာပြင်အပြည့်တူးခြင်းနည်းလမ်းထက် ယမ်းတောင့်လိုအပ်ချက်လျော့နည်းသုံးစွဲနိုင် သည်။
VII. တွင်းငယ်ဖြင်ချဲ့၍လိုက်ကျင်းတူးဖော်နည်း (Drift Method)
တွင်းငယ်လိုက်ကျင်းတူးဖော်၌ (Drift)ကို 3mx3m ဥမင်အရွယ်အစားသို့ ပြီးမြောက်စေသည့် နည်းဖြစ်သည်။ ကျောက်သားဒီဇိုင်းအရ လွန်တွင်းငယ်လေးများ ကျောက်သားထဲဖောက်သည်။နောက်ယမ်းထည့်သည်။ ဖောက်ခွဲသည်။ ယမ်းထည့်ရန် တွင်းလွန်ပေါက်များကို လိုအပ်သော ဥမင်မျက်နှာပြင်ရအောင်ဖောက်လုပ်ပြီး၊ ယမ်းထည့်ခွဲသည့် နည်းလမ်းဖြစ်သည်။ လွန်တွင်းဖောက်သည့် ပုံစံမှာအလယ်၊ အပေါ်၊ ဘေး၊ အောက်(Blasting Design) ဒီဇိုင်းပေါ်မူတည်၍ ဖောက်ပေးရသည်။ ဥမင်တူး ဖော်ခြင်းအတွေ့အကြုံအရ အလယ်ပိုင်းကို ဦးစွာလွန်တူးဖောက်ခြင်းသည် လေ၀င်လေထွက်ကောင်းစေ၍ ယမ်းပမာ ဏ သုံးစွဲရမှုနည်းနည်းသာ လိုအပ်ပါသည်။ မည်သို့ပင်ဆိုစေကာမူဘေးပေါက်ချဲ့ထွင်တူးဖော်ခြင်းသည် ဥမင်၏သစ် သားအမိုးပိုင်း ကာရန်အသုံးပြုရခြင်းကို အကျိုးသက်ရောက်မှုရစေသည်။

VII- a အကျိုးကျေးဇူးများ (Advantages)
(၁) ဥမင်ကျောက်သားအရည်အသွေးညံ့လျှင် ရေများထွက်လေ့ရှိသည်။ ဤနည်းအားဖြင့်ကြိုတင်၍ အခက်အခဲ ကိုတွေ့ရှိနိုင်သည်။မည်သည့်ကျော်လွှားဆောင်ရွက်ရမည့်နည်းလမ်းကို ကြိုတင်စီစဉ်စဉ်းစားနိုင်သည်။
(၂) လိုက်ကျင်းပေါက်ဖောက်ခြင်းသည် ဥမင်၏လေ၀င်လေထွက်စနစ်ကို အထောက်အကူပြုစေသည်။
(၃) ယမ်းလိုအပ်ချက်ပမာဏလျော့နည်းစေသည်။
(၄) ဘေးဘက်မှ လွန်ကျင်းတူးဖောက်ခြင်းဖြင့် သစ်သားဖြင့် ဥမင်အပိုင်းပိုင်းကာရန်ခြင်းကို ခွင့်ပြုထားသည်။

VII- B ဆိုးကျိုးများ (Disadvantages)
(၁) ဘေးမှ လိုက်ကျင်းချဲ့၍တူးခြင်းသည် အချိန်ကုန်စေသည်။ လိုက်ကျင်းချဲ့၍တူးဖော်ပြီး ရအောင်စောင့်ဆိုင်း နေရ၍ အဓိကပင် ဥမင်တူးဖော်ခြင်းလုပ်ငန်းနှောင့်နှေးစေသည်။
(၂) လိုပ်ကျင်းချဲ့ဖောက်ရခြင်း၊ ကျောက်စကျောက်နများ ဖယ်ရှားနေရ၍ ကုန်ကျစရိတ်ပိုမိုစေသည်။ လိုကျင်းချဲ့ တူးဖောက်ရာတွင် ရွယ်အစားကြီးမားသော စက်ကြီးများအသုံးမချနိုင်ဖြစ်ရသည်။

Drift Method ဥမင်လိုက်ကျင်းတူးဖော်ခြင်း
VIII. ရှေ့ပြေးဥမင်တူးဖော်ခြင်း (Pilot tunnel Method)
ဤဥမင်တူးဖော်သည့်နည်းလမ်းသည် ပင်မဥမင်နှင့်ရှေ့ပြေးဥမင်တူးဖော်ခြင်းနည်းလမ်းဖြစ်ပါသည်။ရှေ့ပြေး ဥမင်(Pilot tunnel)၏ ဧရိယာမှာ များသောအားဖြင့် 2.4မီတာx2.4မီတာတူးလေ့ရှိပါသည်။ Pilot tunnel ကိုပင်မ ဥမင်နှင့်အပြိုင်တူးဖော်လေ့ရှိပြီးပင်မဥမင်၏ဗဟိုနှင့်နေရာတော်တော်များများဆက်စက်၍ဖော်လေ့ရှိပါသည်။ရှေ့ပြေးဥမင်တူးဖော်ခြင်းအားဖြင့်အောက်ဖော်ပြပါ အကျိုးရလာဒ်များရရှိပါသည်။
ဤဥမင်တူးဖော်သည့်နည်းလမ်းသည် ဥမင်အပိုတခုတူးဖော်ခြင်းပင်ဖြစ်၍ လိုအပ်ပါသည်။ အပိုရှေ့ပြေးဥမင် တူးဖော်ခြင်းနည်းလမ်းသည် ဥမင်တူးဖော်ခြင်းကာလနှင့် ငွေကုန်ကျစရိတ်များ၊ အခြားဥမင်တူးသည့်နည်းလမ်းများ ထက်ပိုမိုစေပါသည်။
(၁) ပင်မဥမင်တူးဖော်ရာမှ ထွက်ရှိလာသော ကျောက်သား၊မြေသားများကို ရှေ့ပြေးဥမင်အပေါက်မှ နေပြီး လျှင် မြန်စွာထုတ်ယူနိုင်ပါသည်။
(၂) ပင်မဥမင်အတွက် လေကောင်းလေသန့်နှင့်အလင်းရောင်ရရှိမှုကို အထောက်အကူဖြစ်စေပါသည်။၏

IX. ဥမင်အ၀န်းအဝိုင်း၌ ဥမင်တူးဖော်နည်း
Perimeter Method of Tunneling
ဤဥမင်တူးဖော်နည်းကို ဥမင်၏ အ၀န်းအဝုိင်းထဲသော တူးဖော်နည်းဖြစ်ပါသည်။ အများက ဂျာမန်ဥမင်တူး ဖော်နည်း (German Method) ဟု လူသိများပါသည်။ မြေပျော့သို့မဟုတ် ကျောက်သားပြော့ထဲတွင် ဥမင်တူးဖော်ခြင်း
X. (Tunneling In Soft Ground or Soft Rock)
မြေပျော့သို့မဟုတ်ပြော့သော ကျောက်သားတွင် ဥမင်တူးဖော်နည်းသည် အထူးကျွမ်းကျင်မှုလိုသော တူးဖော်နည်း ဖြစ်ပါသည်။ ယမ်းဖြင့်ဖောက်ခွဲတူးဖော်၍ မရပါ။ မာကျောသော ကရိယာတန်ဆာဗလာများ၊ ပေါက်ဆိန်နှင့်ဂေါ်ပြား များတို့ကို အသုံးပြု၍ လုပ်ငန်းပြီးမြောက်စေနိုင်ပါသည်။ မကြာသေးမီကာ လေဖိအားကိုအသုံးပြု၍ တူးဖော်နည်းကိုအသုံးပြုလေ့ရှိပါသည်။တူးဖော်နေစဉ်အတွင်း သံလမ်းကို ဘေးကာနံရံနှင့်အမိုးများအဖြစ်အသုံးပြု၍မြေသား ပေါ်တွင်မူတည်ပြီးအသုံးပြုရပါသည်။ အကာနံရံနှင့် အမိုးများ အတွက် သစ်သား၊ သံပြားနှင့် အလားတူပစ္စည်းတို့ကို အသုံးပြုကာရန်၍ တူးဖော်ရပါသည်။ ကျောက်သားပျော့ထဲတွင် တူးဖော်ရာတွင် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြု၍ တူးဖော်ရပါသည်။ အောက်ပါနည်းလမ်းများဖြစ်ပါသည်။
(၁) Excavation or mining တူးဖော်ခြင်းသို့ မိုင်းတူးဖော်နည်းဖြင့်တူးဖော်ရခြင်း
(၂) Removal of excavated Material တူးဖော်ထား ကျောက်သား၊မြေသားများဖယ်ရှားခြင်း
(၃) Scaffolding and Shuttering ထောက်တိုင်ထောက်ခြင်းနှင့် နံရံကာခြင်း
(၄) Limning of tunnel Surface ဥမင်မျက်နှာပြင်ကာရန်ခြင်း ၊ ဥမင်တူးဖော်ရာတွင် မြေကြီး၏ သဘာ၀အပေါ်မူ တည်ပြီး တူးမည့်နည်းလမ်းကို ဆုံးဖြတ်ချက် ချမှတ်ရန်လိုအပ်ပါသည်။မြေပြင်တွင် လက်တွေ့တွေ့ ရှိနိုင်သော မြေအမျိုးအစားများမှာ အောက်ပါအတိုင်း အသေးစိတ်ဖော်ပြအပ်ပါသည်။


X- 1 Nature of Ground Typical Quality of Ground
မြေကြီး၏သဘာ၀ မြေသား၏သတ်မှတ်ပုံစံအရည်အသွေးများ
(၁) Running Ground
(ရွှေ့လျားနေသောမြေမျိုး။)
တူးဖော်နေစဉ် ထောက်ချက်ချင်း ထောက်ကန်ရန် လိုပါသည်။
ဥပမာအားဖြင့်ခြောက်သွေ့သောသဲမြေ၊ကျောက်စရစ် မြေ၊ နှုံး၊ရွံ့နှင့်ရေစိုနေသောသဲများ။

(၂) Soft Ground
(မြေပျော့)
အမိုးများကို ချက်ချင်းမိုးပေးရန်လုပ် ထောက်ကန်ခြင်း ကို အချိန်အနည်းငယ်ကြာမှ ဆောင် ရွက်နိုင်သည်။
ဥပမာအားဖြင့် သင့်လျော်သောအမာရှိသည့် ရွံ့မြေ ကျောက်စရစ်မြေနှင့်ခြောက်သွေ့သော မြေသားများ။
(၃) Firm Ground
(သင့်လျော်သောအမာနှုံးရှီသည့်မြေများ)
ဘေးကာနံရံနှင့်မျက်နှာပြင်ကို အချိန်(၁)နာရီမှ(၂)နာရီ အတွင်း တူးဖော်နိုင်သည်။ သို့သော်အမိုးကိုမိနစ် အနည်း ငယ်အတွင်းကာရံပေးရန် လိုအပ်သည်။
ဥပမာအားဖြင့် သင့်တော်သော အမာနှုံးရှိသည့်ရွံ့မြေ ၊ကျောက်စရစ်မြေနှင့်ခြောက်သွေ့သောမြေများ။
(၄) Self - supporting Ground
(ကိုယ်ပိုင်ထောက်ကန်နိုင်သောမြေမျိုး)
ထောက်ဖြင့်ထောက်ကန်မထားဘဲ ၂မီတာ၅မီတာအထိ တူးဖော်နိုင်သည်။
ဥပမာအားဖြင့်သဲကျောက်မြေ (Sand Stone) နှင့် မာကျောသောရွံ့မြေ(Hard Clay)ကျောက်ပျော့့့များတွင် ဥမင်တူးဖော်ရာတွင်ဥမင်တူးဖော်ရန်နည်းလမ်းများကို အောက်ဖော်ပြပါအရေးကြီးသော အချက်အလက်များ ပေါ်တွင်မှုတည်သည်။
(၁) Nature of Soil မြေကြီးသဘာ၀
(၂) Size of Tunnel ဥမင်၏အရွယ်အစား
(၃) Equiment available ရရှိနိုင်သောတူးဖော် ရန်ကိရိယာ
(၄) Sequence of operations ဥမင်တူးဖော်ပုံ အဆင့်ဆင့်ဆောင်ရွက်ပုံ
ကျောက်ပျော့တွင် ဥမင်တူးဖော်ရာတွင် အရေးကြိးသော ဥမင်တူးဖော်နည်းလမ်း များမှာအောက်ပါအတိုင်း ဖြစ်ပါသည်။

XI. ရှေ့ပြေးကြိုတင်၍ အကာအရန်များဖြင့်ကာရန်ဥမင် တူးဖော်ခြင်းနည်းလမ်း (Fore poling Method)
ပျော့သောမြေပျော့တွင် ဥမင်တူးဖော်ခြင်းနည်းတွင် အသုံးပြုသည် သမာရိုးကျနည်းလမ်းဖြစ်ပါသည်။ ဤ
နည်းလမ်းသုံးရာတွင် အင်္ဂလိပ်အက္ခရာA (အေ) ပုံသဏ္ဍန်ဘောင်ကို ခွေထား ဥမင်မျက်နှာပြင်အနီးပြင်ဆင်ထားရ
သည်။ ထောက်တိုင် (Pole) ကို ဘောင်ခွေထားသည့်အပေါ်တွင် သင့်တော်သည့် အနက်ရောက်ရှိအောင်ရိုက်သွင်း ရ သည်။

တူးဖော်ခြင်ကို ဒေါင်လိုက်ထောက်ပြီးကာရန် အောက်တွင်သာတူးဖော်ပေးရသည်။ဘေးနံရံနှင့် သင့်တော်
သောအကွာအဝေးအောက်ထောက်သားသော နေရာကိုသာ တူးဖော်ရသည်။ ဥမင်မျက်နှာပြင်တစ်ခုလုံးကို ဤနည်း လမ်းဖြင့် ထောက်/ကာထားရသည်။ ဤနည်းစဉ်အတိုင်း ရှေ့သို့တိုး၍တိုး၍ တူးဖော်ရသည်။

(Fore poling Method)ကြိုတင်၍ နံရံကာပြီးတူးဖော်ခြင်းနည်း

Fore poling နည်းလမ်းဖြင့်တူးဖော်ခြင်းသည်လုပ်ငန်းနှေးကွေးသည်။ သေသပ်သေချာသော နည်းလမ်းဖြစ် သည်။ ကျွမ်းကျင်သော ဥမင်လုပ်သားနှင့်တိကျသော ကျွမ်းကျင်သူ ကြီးကြပ်ခြင်းလုပ်ပေးရသည်။ဤနည်းလမ်းသည် တဖြည်းဖြည်းချင်းတိုး၀င်၍ တူးဖော်ရသော နည်းလမ်းဖြစ်သည်။ အခြားဖြတ်လမ်းနည်းမရှိ။ သမာရိုးကျနည်းလမ်းကို ထပ်ပြန်တလဲလဲအသုံးပြု၍ တူးဖော်သည့်နည်းဖြစ်သည်။ (မီးရထားမှဥမင်အင်ဂျင်နီယာများ ပုံညာတောင် ဥမင်တွင် ပေ(၅၀)ထုရွံ့ပြော့ထဲတွင် ဤနည်းဖြင့် ရွံ့ပြော့ထဲတွင် တူးဖော်သော အတွေ့ အကြုံရှိပါသည်။)

Linear Plate Method
XII. ဖိအားဖြင့် Steel Plate ထည့်သွင်း၍ တူးဖော်ခြင်း

ဤတူးဖော်နည်းမှာ သစ်သားသုံးမည့်နေရာတွင် အရွယ်အစားစံချိန်စံညွှန်းသတ်မှတ်ထားသော Steel Plate (သံပြား)ကို အစားထိုး၍ သုံးစွဲသည့်နည်းလမ်းဖြစ်ပါသည်။အောက်ပုံတွင် ဖော်ပြထားပါသည်။ ဖိထားသော Steel Plate ကို အသုံးပြုခြင်းသည် မကြာသေးမှီကာလက သုံးစွဲသောနည်းလမ်းဖြစ်ပါသည်။

ဤနည်းလမ်း အသုံးပြုခြင်းအားဖြင့် အောက်ဖော်ပြပါအကျိုးရလာဒ်များရရှိပါသည်။
(၁) (Steel Plate) သံပြားကို အသုံးပြုခြင်းဖြင့် ပေါ့ပါး၍ ကိုင်တွယ်အသုံးပြုရန်လွယ်ကူစေပါသည်။
(၂) သံပြားအရွယ်အစားကြီးလျှင် အဆက်နည်းပါးစေပါသည်။ ထို့ကြောင့် ထိန်းသိန်းခစရိတ်သက်သာစေပါ သည်။
(၃) သံပြားသည် မီးဒဏ်ခံနိုင်သည်။ လေဖိအားအသုံးပြု၍ တူးဖော်နေစဉ်ပိုမိုဘေးကင်းစေပါသည်။
(၄) လုပ်ငန်းများကို အဆင့်အဆင့် ကျွမ်းကျင်လုပ်သားဖြင့် ဆောင်ရွက်နိုင်ပါသည်။
(၅) ဥမင်တူးဖော်ရခြင်းနှင့်ကွန်ကရစ်လိုအပ်ချက်ပမာဏလျော့နည်းစေပါသည်။

XIII. Needle beam Method (မြေပြော့တွင် အမိုးခုံးပိုင်းကို Jack ဖြင့်တိုင်ထောက်ကန်၍ တူးဖော်သည့်နည်း)
အမိုးခုံးပိုင်းကိုမြေပြော့၌ Jack ဖြင့်တိုင်ထောက်၍ နည်းလမ်းမှာ အောက်ပါတွင် ဖြတ်ပိုင်းပုံစံဖြင့် ဖော်ပြထား ပါသည်။ အချိန်မိနစ်ပိုင်းအတွင်းမှာ ဒေါက်ထားရန်ကြာမြင့်ချိန်စောင့်ဆိုင်းနိုင်သည့် မြေအမျိုးအစားတွင် အသုံးပြုပါ သည်။ ဥမင်အမိုးပိုင်းကို Needle beam လုပ်ဆောင်ရာတွင် သေးငယ်သော Drift များကို RSJနှင့်အိုင်ပုံစံ ဖြတ်ပိုင်းတွင် Steel ပြားအလယ်တွင် သစ်သားတုံးအလယ်တွင်ညှပ်၍ ရိုက်သွင်း၍ အခြေခံတုံးဖြစ်အောင် တပ်ဆင်အသုံးပြုပါသည်။ ဥမင်အမိုးကို သစ်သားညှပ်သံယက်မဖြင် ထောက်ထား ရန်လက်ယှက်၍ ထိုးကာရံရန်အသုံးပြုပါသည်။ Needle beam သံကူသစ်သားညှပ်ယက်မခံတုံးကို ဒေါက်တိုင်ဖြင့် အလယ်ဘေးဝဲ/ညာ Jack ဖြင့်ထောက်ကန်၍လည်းကောင်း၊ အလျားလိုက်ရိုက်သွင်း ၍လည်းကောင် နောက်ဖျားပိုင်း တွင် ဥမင်၏နံရံကို ဒေါင်လိုက်အနေအထားဖြင့် အသုံးပြုပါသည်။ Jack ကို Needle beam ပေါ်တွင် အထိုင်ချထား ပါသည်။ ဥမင်၏မျက်နှာပြင်ကို တူးဖော်ရာတွင် သင့်တော်သော နည်းလမ်းဖြင့် သစ်သားကိုအသုံးပြု၍တူးဖော်ရပါသည်။ ဤဥမင်တူးဖော်ခြင်းနည်းလမ်းသည် အခြားဥမင်တူးဖော်ခြင်း နည်းလမ်းဖြင့် နှိုင်းယှဉ်ပါက ပိုမိုကုန်ကျစရိတ် သက်သာစေပါသည်။

XIV. အမေရိကန်ဥမင်တူးနည်း Ameriean Method

ဤအမေရိကန်ဥမင်တူးခြင်းနည်းသည် (Drift)တဖြည်းဖြည်းချဲ့ထွင်ခြင်းကို ဥမင်၏အမိုးပိုင်းတွင်းထဲသို့ ရိုက်သွင်းလိုက်သည်။၎င်းတဖြည်းဖြည်းချဲ့ထွင်ခြင်းနည်းလမ်း(Drift)သည် lagging (အမိုးပိုင်းအကာ)၊ ဥမင်ထိပ်ပိုင်း(Cap)၊နှင့် ဒေါင်လိုက်ထောင်ထားသော ဒေါက်တိုင်များကို အထောက်အကူပြု ထားသည်။ Drift ၏ ဘေးနံရံများချဲ့ထွင်သည်။ ထပ်မံ၍ ထောက်တိုင်များထောက်နိုင်ရန် သစ်သား (Planks)များနှင့် ထောက်တန်း(Struts)များဖြင့်အား ဖြည့်ထောက်ကန်ပေးထားသည်။ချဲ့ထွင်ခြင်းလုပ်ငန်းစဉ်ကို သတ်မှတ်ထားသော (Springing Level)အမြင့်သို့ရောက်ရှိအောင် ချဲ့ထွင်ပေးထားသည်။ တနည်းအားဖြင့်ဒေါင် လိုက်ထောက်တန်းများ ဖြင့်ထောက်ခံမပေးထားသည်။
ဤနည်းလမ်းဖြင့်ထောင်လိုက်ဒေါက်တိုင်များသည်အမိုးပိုင်းတခုလုံးထောက်ကန်ထားသည်။ချဲ့ထွင်ထားထောက်ကန်ထားသော တိုင်ဒေါက်တိုင်များဖယ်ရှားလိုက်သည်။ ဥမင်တူးဖော်ခြင်းကို ဖော်ပြပါနည်းစဉ်အတိုင်း ဆက်ကာ ဆက်ကာတူးသွားပါသည်။ အောက်ခံဘောင်များကို အောက်ခံအင်္ဂတွေဖြင့် ထောက်ထားသည်။ ဤဥမင်တူးနည်း တွင် အရည်းအသွေးကောင်းမွန်သော သစ်အမျိုးအစားအဆက်မပြတ် ရရှိရန်လိုအပ်သလို တစ်နေရာမှတစ်နေရာ ရွှေပြောင်းသုံးစွဲရန် သင့်တော်သော သစ်အမျိုးအစားဖြစ်ရပါမည်။

XV. အင်္ဂလိပ်ဥမင်တူးနည်း (English Method)

ဤဥမင်တူးနည်းသည် အမေရိကန် ဥမင်တူးနှင့်တူပါသည်။ အမိုးပိုင်းကို ဒေါင်လိုက်ထောက်တိုင်များဖြင့် ခံထားမည့်အစားအောက်ခံအင်္ဂတွေခံနည်းဖြင့် အမိုးပိုင်းမှလာသော ၀န်ကို ထောက်တန်းထားသည်။ ဥမင်တဖြည်းဖြည်းချဲ့ထွင်ခြင်း (Drift) လက်ရှိအမိုးပိုင်းနံရံ (Arch Limning) ၏ ရှေ့ဘက် (၅)မီတာအကွာထိ ချဲ့ထွင် တူးထားသည်။ ဥမင်ချဲ့ထွင်ခြင်းလုပ်ငန်းကို ဘေးနှစ်ဖက်စလုံးချဲ့ထွင်ထားသည်။ Crown Bar နှင့် ဒေါက်တိုင် များဖြင့် ထောက်ပေးထားသည်။ အောက်ခံဘောင်ကို ဥမင်ကိုဖြတ်လျှက် တိုးချဲ့ထားသည်။

XVI. သြစတီယန်ဥမင်နည်း (Austrian Method)

ဤဥမင်တူးနည်းမှာ ရှည်လျားသော ဥမင်များတူးရာတွင် သုံးသည်။ အထူးသဖြင့် မြေအောက်နက်နက်၌ ဥမင်၏နံရံများသည် အလေးချိန်ကြောင့် အားနည်းသည့်နေရာတွင် သုံးပါသည်။ ဘေးနံရံများနှင့်အမိုး ခေါင်ပိုင်းကို ပြု ပြင်မွမ်းမံ၍ ဥမင်အလျားတိုသော ဥမင်များတွင်လည်း ဤနည်းဖြင့်ပင် တူးနိုင်ပါသည်။

XVII. ဘယ်လဂိန်းနည်း (Belgian Method)

ဤဥမင်တူးဖော်နည်းသည် ဥမင်အပေါ်ပိုင်း(overburdem)နိမ့်သောနေရာနှင့် မျက်နှာပြင် အနှောက် အယှက်နည်းသောနေရာများတွင် အထူးသဖြင့် သင့်တော်ပါသည်။ ဤနည်းလမ်းအားဖြင့် အရှေ့ပိ

12/01/2024

နေထွက်ပြီ နောက်နေ့ မနက်အထိ ဆက်သွားရအုံးမယ်

11/01/2024

12.1.2024

AutoCAD Civil 3D 07/01/2024

Lesson #001 Data import and create contour
- point styles
- point label styles
- surface styles
- surface label styles

Lesson #002 Create alignment
- alignment styles
- alignment labels

Lesson #003 Create profile and design
- profile view styles
- labels styles
- band styles
- band sets

Lesson #004 Create assembly
- assembly styles
- subassembly

Lesson #005 Create corridor
- corridor styles
- corridor surface

Lesson #006 Create smaple line
- sample line style
- label styles

Lesson #007 Create section
- section view styles
- label styles
- Section data
- band sets

Lesson #008 Volume
- Earthwork volume
- Cutting and filling
- Volume Report
- Volume Table Styles

Lesson #009 Reports Manager
- Alignment Report
- Profile Report
- Corridor Report

Lesson #010 Grid Line
- Grid Line and Corridinate Label

Lesson #011 Plotting
- Create template
- Legend
- Scale
- Plotting

Lesson #012 Create Template
- Template တစ်ခုပြုလုပ်ပြီး Drawing တစ်ခုကို လျှင်မြန်စွာ ရေးဆွဲခြင်း

Lesson #013 Traverse adjustment
-BM တွေကို error အနည်းဆုံးဖြစ်အောင်ပြုလုပ်ခြင်း

Lesson #014 Topo drawing and site volume
-Topo တိုင်းတဲ့အခါ Code တွေနာမည်ပေးခြင်း
-Topo Drawing ထဲ Design Plan ထပ်ခြင်း
-Site volume တွက်ထုတ်ခြင်း

Lesson #015 Stake / peq ( ပန္နက် )

- Grid line Coordinate သက်မှတ်ခြင်း
- Stake / peq (ပန္နက်) ရိုက်ခြင်း
-Coordinate Calculation with Excle
-Level Calculation with Excle
တွေအပြင်
AutoCAD Civil 3D ပတ်သက်တဲ့အကြောင်းအရာများ
Surveyor တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာများ
Construction Site မှာဖြစ်တက်တဲ့ error များကိုလဲ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

Ph 09250051928
Viber 09250051928

သင့်ပညာရေးအတွက် ငွေကို မနှမြောပါနဲ့။

AutoCAD Civil 3D

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

#AutoCAD_Civil_3D_Online_Training_Open_Now #Geometric_Road_Design_and_Earthwork_volumeLesson #001 Data import and create...
2020 တုန်းက#Civil_3D_2018 and#Infraworks_2020Road Design လုပ်ခဲ့တဲ့ video file လေးပြန်တွေ့လို့ ပြန် share ပေးလိုက်ပါတယ်။...
#Edit မဲပေါက်သွားပါပြီ ခင်ဗျာ#သင်တန်းကြေးအခမဲ့#Free1Trainee#Class2လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နေသော ညီအကိုများ၏ တောင်းဆ...
#Vehicle_Tracking

Category

Telephone

Address

Yangon

Other Surveyors in Yangon (show all)
Perfect Strength Construction Co.Ltd Perfect Strength Construction Co.Ltd
330/B , (43) Qtr , Bo Min Young Road , North Dagon Township
Yangon

Fairy Lands Myanmar Fairy Lands Myanmar
Yangon, 11011

Prime Meridian Myanmar Co.,Ltd. Prime Meridian Myanmar Co.,Ltd.
Insein Road
Yangon, 11062

Survey Training & Job -09457727178

ME Engineering Measurement Distribution ME Engineering Measurement Distribution
Meengineeringmeasurment@gmail. Com
Yangon

[email protected]

AIM Control Surveyors Inspection Services Company in Myanmar AIM Control Surveyors Inspection Services Company in Myanmar
Yangon

http://aimcontrolgroup.com/en/survey-and-inspection-certification-myanmar.html

ASIA TRI-Stars Survey Co.,Ltd ASIA TRI-Stars Survey Co.,Ltd
Yangon

Precision first (ATS) Since 2017

World Dragon Brothers Survey World Dragon Brothers Survey
No. 140(A), Padamyar Street, Thwut-wine-gyi Ward, Thingangyun Tsp.
Yangon, 11072

A straight forward attitude, and to provide prompt ex*****on that result in a professional product at a cost-effective fees.

Hexagon Land Surveying and Engineering Services Co.Ltd Hexagon Land Surveying and Engineering Services Co.Ltd
No-428 (A2), Lay Daungkan Road, Thin Gan Kyun Township
Yangon

Hexagon Land surveying & Engineering Services Co., Ltd 09787517108 09428800088 09421123428

Future Landmark Surveying Group Future Landmark Surveying Group
No 118, First Floor, 33rd Street(mid), Kyauktada Tsp
Yangon, 09401582600

Future Landmark Group gives services in Pre Construction, Topographic, Construction , Deformation/Mo