Shwe Sin Min Teahouse ရွှေဆင်မင်း

Shwe Sin Min Teahouse ရွှေဆင်မင်း

Shwe Sin Min was established in September 1, 2020, as a Tea House which offers finest handcraft beverages with delicious local delights.

10/06/2023

၂၀၂၀ မှစတင်ဖွင့်လှစ်ခဲ့တဲ့
"ရွှေဆင်မင်း Teahouse" ဆိုင်လေး
အခြေအနေအမျိုးမျိုးကြောင့်
၂၀၂၃ မေလတွင်ပိတ်သိမ်းလိုက်ရပါပြီ.
အားပေးခဲ့ကျတဲဲ့ customers များအားလုံးလဲကျေးဇူးတင်ပါတယ်ခဗျာ ..

04/04/2023

မြန်မာ့နှစ်သစ်ကူးကာလမှစပြီး ကိုယ်၊ စိတ်၊ နှလုံး ကျန်းမာချမ်းသာပြီး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း
Shwe Sin Min Tea House မှ ဆုမွန်တောင်းလိုက်ရပါတယ်နော်။💦

🙏🏻မင်္ဂလာရှိသော နှစ်သစ်အခါသမယ ဖြစ်ကြပါစေ🙏🏻

31/03/2023

☕️လက်ဖက်ရည်ဆိုင်တွေအနေနဲ့ ဘယ်သူကဘယ်လို သတ်မှတ်လိုက်လို့ မနက်ပိုင်းတွင်သာ စားရမယ်
မနက်ပိုင်းမှာသာ ရောင်းရမယ်ဆိုပြီး ဖြစ်မှန်းမသိဖြစ်သွားတဲ့ စားစရာတွေရှိပါတယ်။

Shwe Sin Min (ရွှေဆင်မင်း) Tea house အနေနဲ့က‌ တော့ ဒါမျိုးအဖြစ်မခံဘဲ အဲ့လိုမျိုးစားစရာတွေကို မနက်ပိုင်းမှာတင်မဟုတ်ဘဲ ဆိုင်ဖွင့်နေတဲ့ အချိန်ကာလပတ်လုံး စားသုံးနိုင်အောင် စီစဉ်ထားပါတယ်🥰

အဲ့ဒီစားစရာတွေကဘာလဲဆိုတော့ လူတိုင်းနီးပါးသိကြတဲ့အတိုင်း စမူဆာ ၊ အီကြာကွေးနဲ့ ပလာတာ တို့ပဲဖြစ်ပါတယ်💁‍♀️

ဟုတ်ပါတယ် လက်ဖက်ရည်ဆိုင်တော်တော်များများ မနက်ပိုင်းကိုကျော်လွန်တာနဲ့ စမူဆာနဲ့ အီကြာကွေး ကမရတော့ပါဘူး။ ပလာတာ တောင်တစ်ခါတစ်လေနဲ့တစ်ချို့ဆိုင်လောက်ပါပဲ။☹️

💁‍♀️Shwe Sin Min မှာတော့အဲ့လိုမဟုတ်ဘဲ မနက်ပိုင်းတင်သာမက အာသီသဖြစ်လာတိုင်းမှာ စိတ်ကြိုက်သုံးဆောင်နိုင်ပါပြီ 🥳
ပလာတာဆို order ရမှ ပူပူနွေးနွေးလေး လုပ်ပေးမှာ

☕️စမူဆာ၊ အီကြာကွေးနဲ့ ပလာတာကို အချိန်မရွေး သန့်ရှင်းလတ်ဆတ် အရသာထူးကဲစွာ သုံးဆောင်နိုင်မယ့်နေရာ Shwe Sin Min (ရွှေဆင်မင်း) Tea house

☎️ Contact Us : 09757685099
📍 အမှတ်(၄၂)၊ မာလာနွယ်လမ်း (မစိုးရိမ်ကျောင်းတိုက်ရှေ့) မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊၊

21/03/2023

🤤 တစ်ခုစားရုံနဲ့ ဗိုက်ဝစေမယ့် ပူပူနွေးနွေး ကြွပ်ကြွပ်ရွရွမုန့်မျိုးစုံ

မုန့်ဆိုတာ ပူနွေး၊ကြွပ်ရွနေမှ ပိုအရသာရှိတဲ့အမျိုးမဟုတ်လား ?

Shwe Sin Min Teahouse မှာလည်း စားသုံးသူတွေအကြိုက်
မုန့်မျိုးစုံရနိုင်တဲ့အပြင်
🤗 အခုဆို အုန်းသီးမုန့်၊ ပဲမုန့်၊ ခါကြာမုန့်တွေကိုပါ အသစ်ထပ်တိုး လုပ်ပေးနေပါပြီ။

😋 တစ်ခုဆို တစ်ခုဆိုသလို အတွင်းက အုန်းသီးဆံအပြည့်ကိုမှ အပေါ်က ကြွပ်ဆပ်ဆပ်မုန့်သားလေးနဲ့ လိုက်ဖက်နေတဲ့ အုန်းသီးမုန့်လား ?

😋 ပဲအနှစ်တွေနဲ့မို့ ဆိမ့်ဆိမ့်လေးအရမ်းစားလို့ကောင်းတဲ့ ပဲမုန့်လား ?

😋 ခါကြာမုန့်ဆိုရင်လည်း အကြီးကြီးကိုမှ ကြွပ်ရွနေချက်ဆိုတာ။

ကဲ.. နေ့လည်နေ့ခင်း အဆာပြေအတွက်ဖြစ်ဖြစ်၊ မနက်စာဖြစ်ဖြစ် မုန့်မျိုးစုံဆိုရင်လည်း Shwe Sin Min Teahouse ကိုသာ လာခဲ့လိုက်ပါ။

☎️ Contact Us : 09757685099
📍 အမှတ်(၄၂)၊ မာလာနွယ်လမ်း (မစိုးရိမ်ကျောင်းတိုက်ရှေ့) မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊၊

Photos from Shwe Sin Min Teahouse ရွှေဆင်မင်း's post 10/03/2023

ကိုယ်တိုင်လုပ်မလိုင်စစ်စစ်နဲ့ ပြုလုပ်ထားတဲ့ ရွှေဆင်မင်းရဲ့ စားဖွယ်များ​😋

✅ မလိုင်ဆိုတာ စစ်ဖို့လိုတယ်။ မလိုင်စစ်စစ်ဆို ရွှေဆင်မင်းမှာ အစုံရတယ်။

❓ဘာလို့လဲဆိုရင် ကိုယ်တိုင် လုပ်တဲ့ မလိုင်တွေနဲ့ပဲ ပြုလုပ်ထားလို့ပါ။

☕ ကိုယ်တိုင်လုပ် မလိုင်စစ်စစ်နဲ့
ရှမ်းပြည်ထွက် Premium လက်ဖက်ခြောက်ရဲ့ ပေါင်းစပ်ထားတဲ့ တောင်ကြီးလက်ဖက်ရည်ကို
😋 မလိုင်နံပြားနဲ့တွဲပြီး ဆိမ့်ဆိမ့်လေး ဇိမ်နဲ့ ဝါးမလား ?

☕ ဒါမှမဟုတ် စစ်စစ်၊ဆိမ့်ဆိမ့် စီလုံတီးရဲ့အရသာနဲ့ တွဲဖက်ခံစားမလား ?

မလိုင်ပေါ် မလိုင်ထပ်ပြီး ဆိမ့်သထက် ဆိမ့်နေမှာနော်။
မလိုင်ချစ်သူဆို တစ်ခါပဲ လာစားကြည့်။ နောက်ဆို ချောင်းပေါက်အောင်ကို လာနေရတော့မှာ။🤫

☎️ Contact Us : 09 757 685 099
📍 အမှတ်(၄၂)၊ မာလာနွယ်လမ်း (မစိုးရိမ်ကျောင်းတိုက်ရှေ့) မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊၊

#ရွှေဆင်မင်း

#မလိုင်နံပြား
#စီလုံတီး
#တောင်ကြီးလက်ဖက်ရည်
#တာမွေ

05/03/2023

တပေါင်းလ သဲပုံစေတီပွဲဆိုတဲ့အတိုင်း တပေါင်းလပြည့်နေ့လေးမှာ သဲပုံစေတီပွဲလေး တူဆင်နွှဲလို့ မိဘပြည်သူအပေါင်း ကျန်းမာ၊ ချမ်းသာ၊ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်…..😍

02/03/2023

👨‍🌾ယခုနှစ် မတ်လ ၂ ရက်နေ့ (ကြာသပတေးနေ့) တွင်ကျရောက်သော တောင်သူလယ်သမားများနေ့ကို ဂုဏ်ပြုကြိုဆိုရင်း...

🌾 ကျေးဇူးရှင် တောင်သူဦးကြီးများနဲ့ လယ်သမားကြီးများ တစ်နှစ်တာစိုက်ပျိုးသမျှ ဆန်စပါး ကောက်ပဲသီးနှံများအားလုံး အလေအလွင့်နည်းပါး အထွက်တိုးပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏

#တောင်သူလယ်သမားနေ့

20/02/2023

☝️ရွှေဆင်မင်းရဲ့ Customer တွေထဲမှာ ရှမ်းအစားအသောက်နှစ်သက်သူတွေရှိရင်လက်ထောင်

🫖တစ်သက်မမေ့စရာ အကောင်းဆုံးအရသာနဲ့ တောင်ကြီးလက်ဖက်ရည်စစ်စစ်ကိုမှ ရင်ထဲထိစွဲကျန်နေပါတယ်ဆိုသူတွေအတွက်တော့

🏔မြူခိုးတဝေဝေ ရှမ်းတို့ဌာနေဆီ အရောက်သွားစရာမလိုပဲ ရွှေဆင်မင်းမှာတင် စိတ်တိုင်းကျလာရောက်သုံးဆောင်နိုင်ပါပြီနော်❗️

🥛Trademark of Shwe Sin Min တဖြစ်လဲ ကိုယ်တိုင်လုပ် မလိုင်စစ်စစ်ရဲ့ စစ်မှန်ပျစ်နှစ်မှု

🍃ရှမ်းပြည်နယ် တောင်ကြီးဒေသထွက် Premium လက်ဖက်ခြောက်ရဲ့မွှေးပျံ့လေးပင်တဲ့ အနံ့ အရသာတို့ပေါင်းစပ်ပြီး

🫖ကျွမ်းကျင်အဖျော်ဆရာကြီးများကိုယ်တိုင် လက်စွမ်းပြထားတဲ့ တောင်ကြီးလက်ဖက်ရည်တစ်ခွက်က သင့်တစ်နေ့တာကို အဆုံးစွန်ထိ ပြည့်စုံလန်းဆန်းသွားစေတော့မှာပါ❗️

☎️ Contact Us : 09 757 685 099
📍 အမှတ်(၄၂)၊ မာလာနွယ်လမ်း (မစိုးရိမ်ကျောင်းတိုက်ရှေ့) မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊၊

ရွှေဆင်မင်း



#တောင်ကြီးလက်ဖက်ရည်

#တာမွေ

14/02/2023

😍ကမ္ဘာတစ်ဝှမ်းလုံးက ချစ်သူခင်သူများကို ကိုယ်စားပြုတဲ့ ကြည်နူးဖွယ်ရာ Sweet Valentine’s Day မှာ

Customer များအားလုံးလည်း အကောင်းဆုံး Valentine’s Moment များပိုင်ဆိုင်ပါစေကြောင်း အချစ်များစွာဖြင့် ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင် 💕



#2023

13/02/2023

နှစ်စဥ် ဖေဖော်ဝါရီ (၁၃)ရက်နေ့ရောက်တိုင်း ဗိုလ်ချုပ်မွေးနေ့ကို
အမြဲ လေးစား၊ဂုဏ်ပြု၊အောက်မေ့လျက်ရှိပါတယ်။

#ဗိုလ်ချုပ်မွေးနေ့

06/02/2023

ဘာပဲလာစားစား တို့ဟူးကြော်ပါ Free စား

Shwe Sin Min Tea House ရဲ့ နောက်ထပ် February Promotion တစ်ခုလာပါပြီ။

ဒီတစ်ခါကတော့
☕️ ဘာပဲလာစားစား၊ လက်ဖက်ရည်တစ်ခွက်ပဲ သောက်သောက်၊
😋 တို့ဟူးကြော်တစ်ပွဲပါ FREE စားရမှာပါ။

Shwe Sin Min Tea House ရဲ့ တို့ဟူးကြော်ဟာဆိုရင်
တစ်ကိုက်ကိုက်လိုက်တာနဲ့ မွှေးပျံ့ပြီး စားမဝအရသာနော့်။

စားချင်တာလည်း စားရ၊ ဗိုက်လည်း ဝဆိုတော့ ဒီလို ထပ်ဆင့်အခွင့်အရေး လက်မလွှတ်ရဖို့ February တစ်လလုံး တို့ဟူးကြော် FREE စားမယ်ဆို Shwe Sin Min Tea House ကိုသာ လာခဲ့လိုက်တော့နော်။

☎️ Contact Us : 09757685099
📍 အမှတ်(၄၂)၊ မာလာနွယ်လမ်း (မစိုးရိမ်ကျောင်းတိုက်ရှေ့)၊
မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊၊

#တို့ဟူးကြော်


#လက်ဖက်ရည်ဆိုင်

04/02/2023

တပို့တွဲလပြည့်နေ့ကစ မိသားစုတိုင်း စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ လုပ်ငန်းစီးပွါးတိုးတက်ကြပါစေ။

Photos from Shwe Sin Min Teahouse ရွှေဆင်မင်း's post 28/01/2023

Shwe Sin Min မှာ 3000 ကျပ်တည်းနဲ့ မနက်စာ လာစားလိုက်ပါ🤗

မနက်စာကို အရသာရှိရှိ၊ ဗိုက်ဝဝစားနိုင်ဖို့ Shwe Sin Min မှာ စားမယ်ဆိုရင် 3000 ကျပ်သာ ကျသင့်ပါမယ်။😯

🍜ဗိုက်ဝစေဖို့
ရွှေတောင်ခေါက်ဆွဲ၊ရှမ်းခေါက်ဆွဲ၊နန်းပြား၊နန်းကြီးသုပ်၊တို့ဟူးနွေး၊ခေါက်ဆွဲသုပ်(ကြက်)၊ခေါက်ဆွဲဆီချက်၊ကြာဆံဆီချက်၊ဖက်ထုပ်ပြုတ်(ခေါက်ဆွဲ)၊ဖက်ထုပ်ဆီချက်၊ လက်ဖက်ထမင်း(ကြက်ဥ half fried) 👈🏻 ဒီ Menu တွေထဲက
ကြိုက်ရာတစ်မျိုးနဲ့

☕ ခံတွင်းရှင်းဖို့ လက်ဖက်ရည်တစ်ခွက်

✌🏻ဒီလို နှစ်မျိုးပေါင်းကိုမှ February လကုန်အထိ 3000 ကျပ်ထဲပဲ ကုန်မှာဆိုတော့ ဗိုက်လည်းဝ၊ Budget လည်း Safe ဖြစ်တာပေါ့။

ခုကစပြီး February မနက်ခင်းတိုင်း Shwe Sin Min မှာသာ လာစားဖို့ မမေ့ကြနဲ့နော်။ 💁🏻‍♀️

☎️ Contact Us : 09757685099
📍 အမှတ်(၄၂)၊ မာလာနွယ်လမ်း (မစိုးရိမ်ကျောင်းတိုက်ရှေ့)၊
မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊၊


Shwe_Sin_Min_Tea_House

21/01/2023

🏮Happy Chinese New Year 2023 🧧

တရုတ်နှစ်သစ်ကူးမှာ မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ချမ်းသာကြပါစေကြောင်း Shwe Sin Min Teahouse မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🏮

19/01/2023

Shwe Sin Min ​- Lunch Box လေးနဲ့​ သင့်နေ့လည်စာကို ပြီးပြည့်စုံလိုက်ပါ 🍽

🥱 မနက်မနက်ဆို လောလော၊လောလောနဲ့ အိပ်ရာထရတော့ မနက်စာဆိုတာလည်း ဖြစ်သလိုပဲ။ မစားဖြစ်တာက များတယ်။

☹ နေ့လည်စာကျပြန်တော့လည်းအိမ်မှာလို ဖွယ်ဖွယ်ရာရ ချက်ကျွေးမယ့် အမေလည်း မရှိတာမို့ ကြုံသလိုပဲ အမြဲ ဖြစ်သလို စားဖြစ်နေရင် ဘယ်အာဟာရပြည့်ဝပါ့မလဲ ?

🙅🏻‍♀️ ဒီလို ကြုံသလို စားနေရတဲ့ နေ့ရက်တွေကို ရပ်တန့်လိုက်ပါတော့။ Shwe Sin Min ​ရဲ့ Lunch Box လေးနဲ့​ သင့်နေ့လည်စာကို ပြီးပြည့်စုံလိုက်လို့ ရနေပြီလေ။

✅ အိမ်မှာ အမေချက်သလို ဆီကအစ ကျန်းမာရေးနဲ့ညီညွတ်စွာ ချက်ပြုတ်ထားတယ်။

✅ မြန်မာ့ခံတွင်းနဲ့အလိုက်ဆုံး မြန်မာဟင်းလျာတွေကိုပဲ တစ်နေ့ တစ်မျိုးမရိုးရအောင် ချက်ပြုတ်ပေးတယ်။

✅ ငွေကြေးကုန်ကျ များမလားလို့လည်း ပူစရာမလို။

👉🏻 Breakfast,Lunch,Dinner တစ်နေ့တာအတွက် သုံးနပ်စလုံးကို Customer စိတ်တိုင်းကျ အသုံးပြုမယ့်ငွေပမာဏပေါ် မူတည်ပြီး Lunchbox လေးတွေ ပြင်ဆင်ချက်ပြုတ်ပေးပါတယ်။

ကိုယ်အသုံးပြုတဲ့ ငွေပမာဏ နည်းနည်း၊ များများ
🥘 အရသာနဲ့ Portion က မူလလက်ရာအတိုင်း စေတနာအပြည့် ချက်ပြုတ်ပေးမှာပါ။

အလုပ်ရှုပ်သက်သာစေဖို့ စားသုံးသူရဲ့ စားပွဲရှေ့မှောက်အရောက် လျင်မြန်စွာ ပို့ဆောင်ပေးဦးမယ်ဆိုတော့

😎 ဒီ့ထက်တန်ပြီး ကောင်းတဲ့ Lunch Box ဝန်ဆောင်မှုဆိုတာ
Shwe Sin Min ကလွဲပြီး ရှိပါဦးမလား ?

☎️ Contact Us : 09757685099
📍 အမှတ်(၄၂)၊ မာလာနွယ်လမ်း (မစိုးရိမ်ကျောင်းတိုက်ရှေ့) မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊၊

Photos from Shwe Sin Min Teahouse ရွှေဆင်မင်း's post 18/01/2023

ကိုယ်တိုင်လည်း စား၊ အလှူပွဲမှာလည်း ကြွား 😎

ကိုယ်က မုန့်ဟင်းခါးဆို စပါးလင်နံ့သင်းသင်းလေးနဲ့မှဆိုတော့
ငါးခူအပြည့်နဲ့ အရသာရှိရှိ ပူပူနွေးနွေးလေး အမြဲစားရတဲ့
Shwe Sin Min က မုန့်ဟင်းခါးကိုပဲ အမြဲစားဖြစ်တယ်။🤗

အိမ်မှာ အာရုဏ်ဆွမ်း၊အလှူပွဲ၊ စတုဒီသာ ဘာပွဲပဲရှိရှိ
မြန်မာ့ရိုးရာအစားအစာဆိုတာနဲ့ အရင်ဆုံး ပြေးမြင်မိတဲ့ မုန့်ဟင်းခါးကိုပဲ သတိရပြန်တော့ Shwe Sin Min ရဲ့ ရှယ်မုန့်ဟင်းခါးကိုပဲ ထပ်ရွေးမိပြန်ရော။

အိမ်မှာ ချက်သလိုပဲ သန့်သန့်ရှင်းရှင်းချက်ပြုတ်တဲ့ စပါးလင်နံ့ လေး သင်းနေတဲ့ မုန့်ဟင်းခါးကို ကိုယ်တိုင်လည်း စားလို့ကောင်းတော့ အလှူပွဲတွေမှာလည်း ထပ်ကြွားရတာပေါ့။

ဒီလိုကာလကြီး ကုန်စျေးနှုန်းတွေတက်နေတဲ့အချိန်၊ စျေးလည်း စောစောစီးစီးသွားစရာမလိုဘဲ Shwe Sin Min ကနေ မုန့်ဟင်းခါး အော်ဒါမှာလိုက်ရုံနဲ့ အကုန်အစအဆုံး အလုပ်ရှုပ်စရာမလိုတော့ဘူးဆိုတော့ ဘယ်လောက်အဆင်ပြေလိုက်သလဲ... 😇

တို့လို မြန်မာ့အရသာစစ်စစ် မုန့်ဟင်းခါးအရသာကိုမှ
ရွှေပွဲလာပရိတ်သတ်ကို ဧည့်ခံချင်တယ်ဆိုရင်
Shwe Sin Min Tea House ရဲ့ ရှယ်မုန့်ဟင်းခါးကိုသာ
သတိရလိုက်နော်။

☎️ Contact Us : 09757685099
📍 အမှတ်(၄၂)၊ မာလာနွယ်လမ်း (မစိုးရိမ်ကျောင်းတိုက်ရှေ့)၊
မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊၊



#လက်ဖက်ရည်ဆိုင်
#မုန့်ဟင်းခါး

10/01/2023

ဘာနဲ့ပဲတွဲပြီးစားစား လိုက်ဖက်နေပြီး သူ့ချည်းသက်သက်ဆိုလည်း အနံ့မွှေးမွှေးလေးနဲ့ နူးအိနေတဲ့ အစားအစာတစ်မျိုးကို Shwe Sin Min(ရွှေဆင်မင်း) Tea house မှာရနေပြီဗျို့

သူ့ချည်းသာလော……….

လက်ဖက်ရည်တို့ကော်ဖီတို့လို အရည်တွေထဲမှာစိမ်ထားပြီးစားမလား တို့ပြီးစားမလား အရသာကိုနှစ်ဆမြှင့်တင်ပေးနိုင်သလို ပဲပြုတ်လေးနဲ့ရောပြီးစားမလား ဘဝရဲ့နိဗ္ဗာန်ပဲနော်။🥰

အနောက်တိုင်းဆန်ဆန်လေးဖြစ်အောင် ထောပတ်လေးနဲ့ဖြစ်ဖြစ် ယိုလေးနဲ့ဖြစ်ဖြစ် သုတ်ပြီးစားမယ်ဆိုလည်း တကယ့်ကိုမှရှယ်🤭

အရှေ့တိုင်းဆန်ဆန် ဟင်းအနှစ်ထည့်ပြီးစားမလား
အရည်သောက်ဟင်းရည်ထဲစိမ်ပြီးမှစားမလား
ဘယ်လိုပဲစားစား အရသာထူးခြား နေမှာ Shwe Sin Min(ရွှေဆင်မင်း) Tea house ရဲ့ နံပြား ပါပဲ😎

သာမန် ဆိတ်စွပ်ဟင်းပွဲထပ် ဆိတ်စွပ် နံပြား ဆိုရင်ပိုပြီးစားကောင်းသွားတာလူတိုင်းအသိပါပဲ။🤔

အဲ့လိုပါပဲ ပဲဟင်းရည်၊အမဲနှပ်၊ထောပတ်၊ပဲပြုတ် အစရှိတဲ့စားသောက်ဖွယ်ရာတွေမှာ နံပြားဖို ထဲကထွက်လာတဲ့ မွေးကြိုင်နေပြီး ချစ်စရာအဖုအဖောင်းလေးတွေပါတဲ့ အဝိုင်းပြားလေးတစ်ချပ် ဖြစ်တဲ့ နံပြား ဆိုတဲ့စားစရာနဲ့သာတွဲဖက်လိုက်မယ်ဆို အရာရာဟာ ပြည့်စုံသွားခဲ့ပြီပေါ့💁‍♀️

ပြည့်စုံခြင်းတွေကိုရှာဖွေလိုရင်တော့ Shwe Sin Min(ရွှေဆင်မင်း) Tea house ကိုသာလာခဲ့လိုက်တော့နော်။

☎️ Contact Us : 09757685099
📍 အမှတ်(၄၂)၊ မာလာနွယ်လမ်း (မစိုးရိမ်ကျောင်းတိုက်ရှေ့) မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊၊

05/01/2023

ပြာသိုလပြည့် အမေများနေ့မှာ အမေများအားလုံးကျန်းမာချမ်းသာကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

04/01/2023

ကျဆုံးခဲ့လေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုရင်း ...

ဇန်နဝါရီလ၊ ၄ ရက်နေ့ ၊ ၂၀၂၃ ခုနှစ်တွင်ကျရောက်သော ၇၅ ကြိမ်မြောက် လွတ်လပ်ရေးနေ့အား လှိုက်လှဲစွာ ​ကြိုဆိုအပ်ပါသည်။

31/12/2022

နှစ်သစ်မှာ လုပ်ငန်းစီးပွါးတိုးတက်လို့ အောင်မြင်မှုအသစ်တွေရရှိပါစေကြောင်းShwe Sin Min Teahouse မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်🥰

25/12/2022

🎅Merry Christmas🎄

🎄ပျော်ရွှင်စရာကောင်းတဲ့ ခရစ်စမတ်နေ့လေး ရောက်လို့လာပါပြီ။
မိသားစုတွေ၊ ချစ်ရသူတွေနဲ့အတူ ရောက်ရှိနေတဲ့နေရာမှာ
အားလုံးပဲ ပျော်ရွှင်လုံခြုံနွေးထွေးစွာနဲ့ Christmas ကို ဖြတ်သန်းနိုင်ကြပါစေလို့ Shwe Sin Min Teahouse မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ 🎊

22/12/2022

ကရင်နှစ်သစ်ကူးမှာ အားလုံး စိတ်ချမ်းသာ
ကိုယ်ကျန်းမာလို့ ပျော်ရွှင်ကြပါစေကြောင်း
Shwe Sin Min - Tea House မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင့် 🥳💜💙

Photos from Shwe Sin Min Teahouse ရွှေဆင်မင်း's post 07/12/2022

လူတစ်‌ယောက်ဟာတစ်နေ့မှာပုံမှန် ထမင်းအနည်းဆုံး သုံးနပ်စားပေးရပါတယ်
ဒါမှသာ ကျန်းမာရေးနဲ့ညီညွတ်တဲ့လူနေမှုဘဝကိုပိုင်ဆိုင်နိုင်မှာပါ။

ချက်ပြုတ်ဖို့အချိန်မရသူတွေအနေနဲ့လည်း ကျန်းမာရေးနဲ့ညီညွတ်စွာစားသောက်နိုင်ဖို့ Shwe Sin Min(ရွှေဆင်မင်း)Tea houseရဲ့ စိတ်တိုင်းကျမြန်မာဟင်းလျာ Lunchbox လေးတွေအကြောင်းပြောပြပေးသွားပါ့မယ်။

Breakfast
Lunch
Dinner ဆိုတဲ့ တစ်နေ့တာရဲ့သုံးနပ်ကို Customer စိတ်တိုင်းကျအသုံးပြုမယ့်ငွေပမာဏပေါ် မူတည်ပြီး Lunchbox လေးတွေကိုထုတ်ပိုးပေးတဲ့အပြင်
အသုံးပြုတဲ့ ငွေပမာဏ နည်းသည်ဖြစ်စေ
များသည်ဖြစ်စေ အရသာနဲ့ Portion ကိုစိတ်ပူစရာမလိုပဲဆိုင်ရဲ့ မူလလက်ရာအတိုင်း ချက်ပြုတ်ပြင်ဆင်ပေးမှာပါ။

ဒါ့အပြင် စားသုံးသူရဲ့ရှေ့တော်မှောက်အရောက် လျင်မြန်စွာပို့ဆောင်ပေးမယ့် Delivery နဲ့ဆိုတော့
အဆင်သင့် အရသာရှိရှိသုံးဆောင်လိုက်ရုံပါပဲ

ဧည့်ခံပွဲ၊အလှူပွဲတွေမှာ Buffet အနေနဲ့တည်ခင်းဧည့်ခင်ချင်တဲ့ Customer များအတွက်လည်း
ကျွမ်းကျင်တဲ့ Chef ကိုယ်တိုင်လာရောက်ပြင်ဆင်ပေးမှာဆိုတော့ Shwe Sin Min (ရွှေဆင်မင်း) Tea House ရဲ့ ဝန်ဆောင်မှုက အကောင်းဆုံးဖြစ်နေစေမှာပါ။

ဒါနဲ့ အရေအတွက်များများမှာယူမယ့် Customer များကလည်း ကျေးဇူးပြုပြီး၃ ရက်ခန့်ကြိုတင်ပြီးမှာကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်နော်

မြန်မာထမင်းဟင်းသီးသန့်ကိုသာကြိုက်နှစ်သက်ရာ စိတ်တိုင်းကျ အဆင်သင့်သုံးဆောင်ချင်သူများအတွက် Lunchbox တင်မကဘဲ Buffet က စ လို့ စားသုံးသူရှေ့တော်မှောက်အရောက် တည်ခင်းဧည့်ခံမယ့်နေရာအရောက် ဝန်ဆောင်မှုများပေးနေတဲ့
Shwe Sin Min(ရွှေဆင်မင်း)Tea house ကိုသာသတိတရဖြင့်ဆက်သွယ်ကာဝန်ဆောင်မှုရယူလိုက်တော့နော်🤩

☎️ Contact Us : 09757685099
📍 အမှတ်(၄၂)၊ မာလာနွယ်လမ်း (မစိုးရိမ်ကျောင်းတိုက်ရှေ့) မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊၊

06/12/2022

မနက်ခင်းအိပ်ယာနိုးလာတာနဲ့ အရင်ဆုံးဘာစားရင်ကောင်းမလဲ စဉ်းစားရခက်နေပြီလား☹️

မြန်မာ့တို့ရဲ့ဓလေ့တစ်ခုလည်းဖြစ်သလို
အာဟာရလည်းပြည့်တဲ့မနက်စာလေးတစ်ပွဲကသင့်ကိုစောင့်ကြိုနေပါပြီ😍

ပူပူနွေးနွေးလေးရဲ့အရသာမှာလည်းတကယ်ကိုထိထိမိမိရှိလှပြီး ရှယ် ငါးခူနဲ့ ချက်ပြုတ်ထားပြီး ဌက်ပျော်အူများများလေးနဲ့ဆိုတော့ စားပြီးတိုင်းမှာထပ်ထပ်ပြီးစားချင်လာအောင်ဆွဲဆောင်မှုရှိတဲ့ ငါးခူမုန့်ဟင်းခါး နဲ့ဆို သင့်မနက်ခင်းလေးဟာပြီးပြည့်စုံသွားမှာပါ🤩

ပြီးပြည့်စုံတဲ့မနက်ခင်းလေးဖြစ်ဖို့ ငါးခူမုန့်ဟင်းခါး ကိုတကူးတကရှာနေစရာမလိုတော့ပါဘူး
Shwe Sin Min(ရွှေဆင်မင်း) Tea house မှာမနက်ခင်းတိုင်း ငါးခူနဲ့ရှယ်ချက်ထားတဲ့ ရှယ်မုန့်ဟင်းခါး ကို နံနက်စာအတွက် အမြဲအဆင်သင့်သုံးဆောင်နိုင်နေပြီဗျို့🥳

တစ်နေ့တာအတွက်အားအင်အပြည့်လှုပ်ရှားနိုင်ဖို့
ငါးခူနဲ့ရှယ်ချက်ထားတဲ့ရှယ်မုန့်ဟင်းခါးကို
Shwe Sin Min(ရွှေဆင်မင်း) Tea house မှာလာရောက်သုံးဆောင်လိုက်တော့နော်

☎️ Contact Us : 09757685099
📍 အမှတ်(၄၂)၊ မာလာနွယ်လမ်း (မစိုးရိမ်ကျောင်းတိုက်ရှေ့) မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊၊


#လက်ဖက်ရည်ဆိုင်
#မုန့်ဟင်းခါး

Photos from Shwe Sin Min Teahouse ရွှေဆင်မင်း's post 03/12/2022

အေးမြလှတဲ့ ဆောင်းတွင်းနံနက်ခင်းကို ပူပူနွေးနွေး မနက်စာလေးနဲ့ အံတုနိုင်ဖို့ Shwe Sin Min Tea House

☕️ Shwe Sin Min Tea House မှာ ရရှိနိုင်တဲ့ရအရသာရှိပြီး ဆွေမျိုးမေ့စေမယ့် Breakfast items တွေကတော့

🔸မုန့်ဟင်းခါးအလွတ်
🔸မုန့်ဟင်းခါးအကြော်
🔸မုန့်ဟင်းခါးငါးဖယ်
🔸မုန့်ဟင်းခါးအိုးဘဲဥ စတဲ့မုန့်ဟက်းခါးအမျိုးမျိုး၊
🔸ကြွပ်ကြွပ်ရွရွအီကြာကွေး၊
🔸ပုံမှန်
🔸ချိုဆိမ့်
🔸ပေါ့ဆိမ့်
🔸ကျဆိမ့် စတဲ့ လက်ဖက်ရည်ကြိုက်သူများအတွက် ပူပူနွေးနွေး တီးအမျိုးမျိုးအပြင်
▫️Breakfast
▫️Tea
▫️Special Tea/ Coffee / Milk
▫️Noodles / Vermicelli
▫️Rice
▫️Main Dish
▫️Salad
▫️Vegetable
▫️Soup
▫️Cold Drink
▫️Fresh Juice
▫️Fruit Tea
▫️Soft Drinks အစရှိတဲ့ နံနက်စာအမျိုးအစားပေါင်း (၅၀)ကျော်ကို စုံစုံလင်လင် ရရှိနိုင်မှာဖြစ်လို့ ဆောင်းရာသီရဲ့ နှင်းမြူဖွေးဖွေးလေးကို အံတုရင်း အရသာရှိလှတဲ့ မနက်စာတွေကို Swe Sin Min Tea House မှာသုံးဆောင်နိုင်ပါပြီ။

💁‍♀️ နှင်းမြူဆိုင်းတဲ့ မနက်ခင်းတိုင်းမှာ သန့်ရှင်းလတ်ဆတ်တဲ့ မနက်စာတွေကို သုံးဆောင်ဖို့ Swe Sin Min Tea House ကို လှမ်းခဲ့စို့🌟

☎️ Contact Us : 09757685099
📍 အမှတ်(၄၂)၊ မာလာနွယ်လမ်း (မစိုးရိမ်ကျောင်းတိုက်ရှေ့) မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊၊



#လက်ဖက်ရည်ဆိုင်
#စီလုံတီး
#အီကြာကွေး
#ပလာတာ

Photos from Shwe Sin Min Teahouse ရွှေဆင်မင်း's post 28/11/2022

🍛 အိမ့်လက်ရာ၊ အိမ့်ထမင်းဝိုင်းလို ပြင်ဆင်မှုမျိုးနဲ့ မိတ်ဆွေတွေကြား မျက်နှာပန်းလှတဲ့ ဧည့်ခံပွဲလေးဖြစ်စေမယ့် ရွှေဆင်မင်း Tea House ရဲ့ Food Preparation Service အကြောင်း သိပြီးကြပြီလား❓

🎉 သုံးရက်အနည်းဆုံး ကြိုတင်မှာယူရုံနဲ့ မိတ်ဆွေတွေပါးစပ်ဖျား တသသ ဖြစ်ကျန်နေတဲ့ အကောင်းဆုံးပွဲလေးဖြစ်ဖို့ Lunch Box & Buffet Preparation ဝန်ဆောင်မှုကို ရွှေဆင်မင်းမှာ ရနေပြီနော်❗

👨‍🍳 ဟင်းပွဲအနည်းအများအလိုက် ကျွမ်းကျင်စားဖိုမှူးကိုယ်တိုင် ပွဲနေရာကို လိုက်လံပြင်ဆင်ပေးမယ့် ဒီဝန်ဆောင်မှုမှာတော့ ဖွယ်ဖွယ်ရာရာ မြန်မာထမင်းဟင်းမျိုးစုံကို ကိုယ့်စိတ်တိုင်းကျ Budget နဲ့ ကိုက်ပြီး မှာယူနိုင်တာမို့ အဆင်ပြေဆုံးပဲပေါ့ ..

🤝 Outdoor Food Preparation မို့ အရသာနဲ့ပါဝင်မှုနှုန်းမှာ လျော့သွားတာမျိုးလည်း လုံးဝစိတ်ပူစရာမလိုပဲ အတန်​ဆုံး အကောင်း​ဆုံး အရသာအရှိဆုံး မြန်မာထမင်းဟင်းပွဲတွေနဲ့ မျက်နှာပန်းလှလှ ဧည့်ခံနိုင်စေမှာဖြစ်လို့ -

မိတ်ဆွေတွေကြား ပြောစမှတ်တွင်တဲ့ ဧည့်ခံပွဲလေးဖြစ်ဖို့ဆို ရွှေဆင်မင်း Food Preparation Service ကိုသာ သတိရလိုက်ပါလို့❗

ရွှေဆင်မင်း-Tea House

☎️ Contact Us : 09 757685099
📍 အမှတ်(၄၂)၊ မာလာနွယ်လမ်း (မစိုးရိမ်ကျောင်းတိုက်ရှေ့) မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊၊

#ရွှေဆင်မင်း

25/11/2022

စားပြီးတိုင်းထပ်စားချင်တဲ့ Shwe Sin Min-2 မှ အစားအသောက်များကို Shwe Sin Min Tea House မှာ ရရှိနေပါပြီ

Shwe Sin Min Tea Shop မှာ Shwe Sin Min-2 ရဲ့ Menu တွေဖြစ်တဲ့

🍟 Fries
▪️အာလူးပြား‌ကြော်(အချို/အစပ်)
▪️ဝက်သားလုံးကြော်
▪️ဝက်နံရိုးကြွပ်ကြော်

🥗 Salad
▪️ဝက်ဂုတ်သားကင်သုပ်

🍛 Main Dishes
▪️ကုန်းဘောင်(ကြက်/ဝက်/ပင်လယ်စာ)
▪️ချဉ်စပ်(ကြက်/ဝက်/ပင်လယ်စာ)
▪️ဝက်ဂုတ်သားကင်
▪️ကြက်ကြွပ်ချဉ်စပ်မွှေး
▪️ငါးဖက်အုံးမီးကင်
▪️ငါးခူအစပ်ကြော်

🍲 Soup
▪️ကြက်ကြွပ်ချဉ်စပ်ဟင်းချို(ကြက်/ဝက်/ပင်လယ်စာ)
▪️တုန်ယမ်းဟင်းချို(ကြက်/ဝက်/ပင်လယ်စာ)

🍝 Rice & Noodles
▪️ခေါက်ဆွဲကြော်(ကြက်/ဝက်/ပင်လယ်စာ)
▪️ကုန်းဘောင်ထမင်း
▪️ချဉ်စပ်ထမင်း
▪️နာနတ်သီးထမင်းကြော်
▪️ထမင်းပေါင်း
▪️ကြက်ဥထုပ်ထမင်းကြော်ကုန်းဘောင်
▪️ထမင်းကြော်(ကြက်/ဝက်/ပင်လယ်စာ)

🍱 Appetizers
▪️ကိုက်လန်ခရုဆီ
▪️ကန်ဇွန်းရွက်ကြော်သုပ်
▪️မှိုပုဇွန်ကိုက်လန်အစပ်သုပ်

🍖 BBQ
▪️ဝက်နံရိုး
▪️ဝက်သုံးထပ်သား မျိုးစုံတို့ကိုပါ ရရှိမှာဆိုတော့ အစားတလိုင်းတွေအတွက် အကြိုက်ပဲပေါ့💁‍♀️

💁🏻‍ ဒါကြောင့် စားကောင်းသောက်ဖွယ်တွေကို အရသာရှိရှိသုံးဆောင်နိုင်ဖို့ Shwe Sin Min Tea House ကိုလှမ်းခဲ့စို့✨

☎️ Contact Us : 09757685099
📍 အမှတ်(၄၂)၊ မာလာနွယ်လမ်း (မစိုးရိမ်ကျောင်းတိုက်ရှေ့) မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊၊



#လက်ဖက်ရည်ဆိုင်

Photos from Shwe Sin Min Teahouse ရွှေဆင်မင်း's post 19/11/2022

Alert

⭐ရွှေဆင်မင်း 2 Restaurant မှာ အားပေးစားသုံးသူတိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲ Coupon တစ်ခုစီရယူပြီး အနိုင်ရရှိမယ့်အသင်းကိုခန့်မှန်းရင်း ရွှေဆင်မင်း Tea House မှာ လက်ဖက်ရည်တစ်ခွက် Free သုံးဆောင်လိုက်ပါ⭐

🏆 မကြာခင် ရောက်ရှိလာတော့မယ့် ကမ္ဘာ့ဖလားရာသီမှာ ဘော်ဒါတွေအကုန်ပေါင်းစုံပြီး ရေမီးအစုံ နဲ့ လေထီးခုန်နိုင်ဖို့ ရွှေဆင်မင်း Tea House က စောင့်ကြိုနေတယ်နော်❗

⚽ ဘောလုံးပွဲဝါသနာရှင်ညိုကီတို့အနေနဲ့ လက်ဖက်ရည်ဆိုင်မှာ သူ့အသင်းကိုယ့်အသင်း ငြင်းခုန်အားပေးရတဲ့ Vibe မျိုးကိုတော့ ငြင်းဆန်နိုင်တဲ့သူရှာမှရှားပဲမို့

🍛 စားစရာ သောက်စရာ Menu ပေါင်းစုံရှိပြီး World Cup 2022 ပွဲစဥ်တိုင်း လက်မလွတ်တမ်းကြည့်ရှုနိုင်မယ့် ရွှေဆင်မင်းကိုသာ လှမ်းလာခဲ့လိုက်ပါဗျို့

🐘 Admin တို့ရဲ့ ရွှေဆင်မင်း Tea House မှာဆိုရင် စုံလင်အရသာရှိတဲ့ Menu ပေါင်းစုံနဲ့

🔹နံနက်ခင်း စားဖွယ်စုံများကအစ

🔹စားစရာ Menu အမျိုးမျိုး

✔ Noodles / Vermicelli
✔ Rice
✔ Main Dish
✔ Salad
✔ Vegetable
✔ Soup

🔹သောက်စရာ Menu အမျိုးမျိုး

✔ Tea
✔ Special Tea/ Coffee / Milk
✔ Cold Drink
✔ Fresh Juice
✔ Fruit Tea
✔ Soft Drinks တို့ကို

👨‍🍳 ကျွမ်းကျင်စားဖိုမှူးများရဲ့ လက်ရာများနဲ့ အကောင်းဆုံး ချက်ပြုတ်ပြင်ဆင်ပေးနေပြီး ကမ္ဘာ့ဖလားရာသီမှာ Customer များ စိတ်တိုင်းကျ ကြည့်ရှုအားပေးနိုင်ဖို့ အပြည့်အစုံ စီစဥ်ပေးထားမှာ ဖြစ်တာကြောင့်

ကမ္ဘာ့ဖလားပွဲစဥ်မျိုးကို ရွှေဆင်မင်းမှာ စုပေါင်းရင်ခုန် လိုက်ကြရအောင်ခင်ဗျာ❗

☎️ Contact Us : 09 757685099
📍 အမှတ်(၄၂)၊ မာလာနွယ်လမ်း (မစိုးရိမ်ကျောင်းတိုက်ရှေ့) မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊၊

#ရွှေဆင်မင်း

#တာမွေ

17/11/2022

တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့ ယနေ့မှာ ကျရောက်တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကို Shwe Sin Min Teahouse မှဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလိုက်ပါတယ်။

07/11/2022

ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်တွင် ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့တွင် ကုသိုလ်တရားပွားများ၍ တန်ဆောင်တိုင်ပွဲတော်ကာလကို ကိုယ်စိတ်နှစ်ပါး ပျော်ရွှင်ကျန်းမာစွာ ဖြတ်သန်းနိုင်ကြပါစေလို့ Shwe Sin Min Teahouse မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

🎅Merry Christmas🎄🎄ပျော်ရွှင်စရာကောင်းတဲ့ ခရစ်စမတ်နေ့လေး ရောက်လို့လာပါပြီ။မိသားစုတွေ၊ ချစ်ရသူတွေနဲ့အတူ ရောက်ရှိနေတဲ့နေရာမ...

Telephone

Website

Address


No(42), Myintta Nyunt Ward, Tamwe Township
Yangon
11211

Opening Hours

Monday 06:00 - 20:00
Tuesday 06:00 - 20:00
Wednesday 06:00 - 20:00
Thursday 06:00 - 20:00
Friday 06:00 - 20:00
Saturday 06:00 - 20:00
Sunday 06:00 - 20:00

Other Yangon restaurants (show all)
M3 Food Center M3 Food Center
West Shwe Gong Daing Road
Yangon

The official page for M3 Food Center at Bahan Sport Ground, near Shwedagon Pagoda. Feedback and enqui

Thu Htay Min CAFE & Bistro Thu Htay Min CAFE & Bistro
Tha Htay Min Cafe, Aung Chan Thar Street, Mingalardon
Yangon, 11021

Cafe Restaurant

Fresh Berry Juice Bar Fresh Berry Juice Bar
Kaung Thant Food Centre, Parami Road, Mayangon Township
Yangon

Fun, Tasty, Healthy. So it's Fresh Berry! The Newest, Freshest juice bar in town.

Pa Dauk Coffee and Cold Drink Pa Dauk Coffee and Cold Drink
ပိတောက်ပင်လမ်း
Yangon

BLVCK Cafe & Bar BLVCK Cafe & Bar
Strand Road/Yangon Night Market
Yangon

Food / Drink & Beer

ကိုးကဖေးဟောက်စ် - Koe Café House ကိုးကဖေးဟောက်စ် - Koe Café House
No. 13B, Myittar Road, 11 Quarter , South Okkalarpa Township, Yango
Yangon, 11091

ကော်ဖီဆိုင်တခုထက်ပိုတဲ့ ပျော်ရွှင်

The Alley Myanmar The Alley Myanmar
Yangon, 11081

It's time for Tea!! Iconic in Beverage Aesthetic.

Yoon Monti Yoon Monti
Yangon Upper Pazadaung
Yangon

own

Eleven Bakery Eleven Bakery
Myaung Gyi Street, Pazundaung
Yangon

Freshly baked everyday

Cafe in love Cafe in love
Khine Shwe Wah Street
Yangon, 11041

အကင်ဆိုင် BBQ & Restaurant အကင်ဆိုင် BBQ & Restaurant
Yadanar Road
Yangon, 11091

Cafe and BBQ