Chan Myae Medical & Dental Clinic

Chan Myae Medical & Dental Clinic

You may also like

ALine Aesthetic
ALine Aesthetic

Be confident in your smile

15/02/2024

ချမ်းမြေ့ (တောင်ဒဂုံ)ဆေးခန်းကို

“အမှတ် ၂၇၊ လှော်ကားလမ်း ၊၁၉ရပ်ကွက် ၊ အင်းဝဘဏ်အနီး ၊ တောင်ဒဂုံမြို့နယ် “ သို့ပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်ရှင် ။

ဆေးခန်းဖွင့်တဲ့အထိမ်းအမှတ်အနေနဲ့
(၁၅.၂.၂၀၂၄ ) မှ (၁၇.၂.၂၀၂၄) ထိ

💢သွေးပေါင်ချိန်ခြင်း
💢ဆီးချိုစစ်ခြင်း များကို အခမဲ့ပြုလုပ်ပေးသွားပါမည်ရှင် ။

✅ဆေးခန်းဖွင့်ချိန် -နေ့လယ် (၁:၀၀) မှ (၇:၀၀)ထိ
✅အထွေထွေရောဂါကု ဆရာဝန်နှင့်ပြသချိန် -ညနေ (၃:၃၀) မှ (၆:၃၀) ထိ
✅အရိုးအကြောဆရာဝန်နှင့်ပြသချိန် ညနေ (၃:၀၀)နာရီ မှ (၄:၃၀) နာရီ ထိ

**အရိုးအကြောဆရာဝန်နှင့်ပြသရန်ကြိုတင်ရက်ချိန်းယူပေးပါရှင် ။

စုံစမ်းရန် - 09 957027453

04/09/2023

✨✨ခံတွင်းအနံ့ကင်းပြီး ကျန်းမာလှပတဲ့ သွားနှင့် သွားဖုံးလေးတွေပိုင်ဆိုင်ဖို့……

“6️⃣လ “တစ်ကြိမ် check up လုပ်ရင်း သွားကျောက်ခြစ်ကြပါစို့ 🦷✨✨

🦷ချမ်းမြေ့သွားဆေးခန်း🦷
📪အမှတ် ၁၀၂/ခ , ၈ ရပ်ကွက် ,ရာဇာဓိရာဇ်လမ်း, အရှေ့ဒဂုံ ။
📞09-962998349, 09-951777186

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09-773890764

28/06/2023

❓❔ဘယ်ချိန်မှာအံဆုံးနှုတ်ကြမလဲ

✅အံဆုံးမှာပိုးစားပြီးကိုက်နေတယ်ဆို နှုတ်ပါ။

✅အံဆုံးနဲ့ရှေ့အံသွားကြားမှာ အစာညှပ်နေပြီဆိုနှုတ်ပါ ။ဆက်ထားရင် ရှေ့အံသွားပါ ပိုးစားပြီး ပျက်စီးလာနိုင်ပါတယ်။

✅အပြည့်မပေါက်နိုင်သောအံဆုံး၊စောင်း၍ထွက်နေသော အံဆုံး ဝန်းကျင်ရှိသွားဖုံးများ ခဏ ခဏ ရောင်ခြင်း၊နာခြင်း ၊ပြည်တည်နာများဖြစ်လာပါက နှုတ်ပါ။

✅အတည့်မထွက်သောအံဆုံးများကြောင့် ရှေ့အံသွားရဲ့ အမြစ်များ ပျက်စီးလာသည်ကိုတွေ့ရှိပါက ချက်ချင်းနှုတ်ပါ။ (ဓာတ်မှန်တွင်တွေ့နိုင်ပါသည်။)

✅အံဆုံး၏အမြစ်ထိပ်တွင် အရည်အိတ်ဖြစ်လာပါက နှုတ်ပါ။( ဓာတ်မှန်တွင် တွေ့နိုင်ပါသည်)

✅မည်သည့်လက္ခဏာမှမရှိသော်လည်း ခရီးဝေးထွက်မည့်သူများ ၊သင်္ဘောသားများ၊ နောင်တွင်အံဆုံးဒုက္ခပေးလာမည်ကိုစိုးရိမ်သူများ လဲ ကြိုတင်နှုတ်နိုင်ပါတယ်။

❗️❗️အံဆုံးနှုတ်ပြီးလျှင် ပြန်စိုက်ရန်မလိုပါ။

🦷ချမ်းမြေ့သွားဆေးခန်း🦷
📪အမှတ် ၁၀၂/ခ , ၈ ရပ်ကွက် ,ရာဇာဓိရာဇ်လမ်း, အရှေ့ဒဂုံ ။
📞09-962998349, 09-951777186

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09-773890764

10/06/2023

“ချမ်းမြေ့ တောင်ဒဂုံ”ဆေးခန်းတွင် ကလေးအထူးကု ဆရာဝန်များနှင့် နေ့စဉ် ကြိုတင် ရက်ချိန်းယူ၍ ပြသနိုင်ပါတယ်ရှင် ။

ရက်ချိန်းယူရန် 09 773890764

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09-773890764

04/06/2023

“ချမ်းမြေ့ (တောင်ဒဂုံ) “ဆေးခန်းတွင်

▫️အလုံးအကြိတ်များ
▫️ထိခိုက်ဒဏ်ရာများ
▫️ဒူးနာ ၊ခါးနာ
▫️ဒူးကျီးပေါင်း ၊ခါးကျီးပေါင်း၊ဂုတ်ကျီးပေါင်း
▫️ခါးကြောညှပ်ခြင်း ၊ခြေလက်အဆစ်လွဲခြင်း
▫️ပခုံးခဲခြင်း အစရှိသည့် အရိုးအကြောဝေဒနာများကို ကျွမ်းကျင်သော အရိုးအကြောဆရာဝန်များနှင့် နေ့စဉ်ပြသနိုင်ပါတယ်ရှင် ။

(ပြသလိုပါက စောင့်ဆိုင်းရခြင်းများမရှိစေရန် ဖုန်း သို့ လူကိုယ်တိုင် ကြိုတင် booking ယူပေးပါရှင်။)

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09-773890764

Chan Myae Medical & Dental Clinic Be confident in your smile

10/05/2023

✨သွားအကြောထုတ်ကုသခြင်းဆိုတာ

သွားရဲ့အတွင်းဆုံးအလွှာဖြစ်တဲ့ မွသွားလွှာ ထဲကို ပိုးဝင်ပြီး မကောင်းတော့တဲ့ အာရုံကြောတွေ ၊သွေးကြာတွေကို သန့်စင်သွားအောင်ဖယ်ထုတ်တဲ့နည်းပဲဖြစ်ပါတယ်။
(အကြောထုတ်ခြင်းအားဖြင့် မိမိတို့ရဲ့တန်ဖိုးရှိလှတဲ့သွားလေးတွေကို အချိန်မတိုင်မီ နှုတ်ပစ်ရခြင်းမှကင်းဝေးစေပါတယ်)

🗣 သွားအကြောထုတ်ကုသမှု(RCT)ကိုဘယ်ချိန်မှာလုပ်သင့်လဲ ?

☑️သွားပိုးစားပြီး မခံမရပ်နိုင်အောင်ကိုက်နေသောသွား

☑️သွားအမြစ်ထိပ်ပြည်တည်နာဖြစ်နေသောသွား

☑️ထိခိုက်ဒဏ်ရာရပြီး နာနေသောသွား

☑️အကြောပုပ်ပြီး အရောင်ပြောင်းနေသောသွား တွေမှာ RCT လုပ်သင့်ပါတယ်။

✨သွားအကြောထုတ်ကုသပုံအဆင့်ဆင့်ကို ပုံလေးနဲ့ရှင်းပြထားပါတယ်⤵️⤵️

ပုံ ၁-သွားပိုးစားပြီး ကိုက်နေသည့်သွား

ပုံ ၂- သွားအမြစ်လမ်းကြောင့်ဖွင့်ပြီး အကြောထုတ်ခြင်း

ပုံ ၃- သွားအကြောတုဖြင့် ပြန်ပိတ်ခြင်း

ပုံ ၄- သွားဖာပြီးအစွပ်ပြန်လည်စွပ်ခြင်း။

အသေးစိတ်သိရှိလိုပါကစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

🦷ချမ်းမြေ့သွားဆေးခန်း🦷
📪အမှတ် ၁၀၂/ခ , ၈ ရပ်ကွက် ,ရာဇာဓိရာဇ်လမ်း, အရှေ့ဒဂုံ ။
📞09-962998349, 09-951777186

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09-773890764

05/05/2023

🦷✨သွားပိုးပေါက်များကင်းဝေးပြီး ကျန်းမာလှပတဲ့သွားလေးများကိုပိုင်ဆိုင်ဖို့

✔️တစ်နေ့ သွား၂ကြိမ်တိုက်ပါ။

✔️Fluoride ပါဝင်သောသွားတိုက်ဆေးသုံးပါ။

✔️ချို၍စေးကပ်သောအစာများလျှော့စားပါ။

✔️Calcium ကြွယ်ဝသောအစားအစာများစားသုံးပါ။

✔️၆လတစ်ကြိမ် Check up လုပ်၍သွားနှင့်ခံတွင်းဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

✔️လိုအပ်ပါက ကျောက်သန့်ရှင်းရေးလုပ်ပါ။

🦷ချမ်းမြေ့သွားဆေးခန်း🦷
📪အမှတ် ၁၀၂/ခ , ၈ ရပ်ကွက် ,ရာဇာဓိရာဇ်လမ်း, အရှေ့ဒဂုံ ။
📞09-962998349, 09-951777186

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09-773890764

26/04/2023

💦အပူရှပ်ခြင်း နှင့်ဆောင်ရန်ရှောင်ရန်များ

ဒီရက်တွေမှာရာသီ‌ဥတုရုတ်တရက်ပူပြင်းလာပီးအပူချိန် 40'C ကျော်ထိမြင့်တက်နေပါတယ်။အပူချိန်အရမ်းမြင့်တက်လာတဲ့အခါ ကျန်းမာရေးဆိုင်ရာပြဿနာတခုဖြစ်တဲ့ "အပူရှပ်ခြင်း" ကိုကြုံတွေ့ရနိုင်တဲ့အတွက်မျှဝေပေးလိုက်ပါတယ်။

🍓အပူရှပ်ခြင်းဆိုတာဘာလဲ
နေပူထဲမှာသို့မဟုတ် အပူချိန်များသောနေရာတွင်အချိန်အကြာကြီးနေပီးလျှင် ခန္ဓာကိုယ်ရဲ့အပူချိန် ပုံမှန်ထက်ရုတ်တရက်လွန်ကဲလာခြင်းကို‌ဆိုလိုပါတယ်။အပူချိန်ရုတ်တရက်အပူချိန်တက်လာခြင်းကြောင့်ခန္ဓာကိုယ်တွင်ဇီဝဖြစ်စဉ်ပြောင်းလဲမှူများကြောင့်နောက်ဆက်တွဲဆိုးကျိုးများခံစားရတတ်ပါတယ်။

🍓အပူရှပ်ခြင်းအမျိုးအစား(၃) ခုရှိပါတယ်။
-Heat cramp
-Heat exhaustion
-Heat stroke

🍓ဘယ်သူတွေမှာပိုဖြစ်တတ်လဲ
-ကလေးများ နှင့် သက်ကြီးရွယ်အိုများ
-နေပူထဲတွင်အလုပ်လုပ်သူများ
-ချွေးထွက်များသူများ
-ရောဂါအခံရှိသူများ(နှလုံး၊သွေးတိုး၊အဆုတ်ရောဂါ)
-အရက်သောက်သူတွေ၊ရေသောက်နည်းသူများတွင်ဖြစ်နိုင်ခြေပိုများပါတယ်။

🍓Heat cramp
အပူရှပ်ခြင်းရဲ့အသက်သာဆုံးအဆင့်ပါ။မပြင်းထန်သေးပါဘူး။

👉ခန္ဓာကိုယ်မှာရေနဲ့သတ္တုဓာတ်‌တွေစတင်နည်းပါလာလို့ဖြစ်တတ်တဲ့လဏ္ခဏာတွေစပြပါမယ်။
-ကိုယ်အပူချိန်တက်လာခြင်း
-ကြွက်သားနာခြင်း၊ကြွက်တတ်ခြင်း တွေဖြစ်လာပါမယ်။အဖြစ်များဆုံးကခြေတောက်နဲ့ဝမ်းဗိုက်ကြွက်သားတွေမှာပါ။

🍄ဒီအဆင်ခံစားရပီဆိုရင်အရိပ်ရသောအေးသောနေရာတွေနေပီး ဓာတ်ဆားတထုပ်ဖျော်သောက်လိုက်ပါ။ရေများများသောက်ပါ။

🍓Heat exhaustion
အပူရှပ်ခြင်းရဲ့ဒုတိယအဆင့်ဖြစ်ပီးနည်းနည်းပိုပြင်းထန်လာပါပီ။ဒီအခြေအနေကနေပူထဲမှာအကြာကြီးနေပီးချွေးထွက်များလာတဲ့အခါဖြစ်တတ်ပါတယ်။

👉ဒီအခြေအနေမှာ ခန္ဓာကိုယ်ကအေးအေး စိုစိုကြီးဖြစ်နေတတ်ပါတယ်။ခေါင်းကိုက်ခြင်း၊မူးဝေခြင်း၊အော့အန်ခြင်း၊စိတ်ရှုပ်ထွေး ခြင်းတွေဖြစ်တတ်ပါတယ်။

🍄ပြုစုနည်း
-လူနာကိုအရိပ်ရပြီးအေးတဲ့နေရာမှာထားပါ။
-လှဲနေရင်း ခြေထောက်ကိုအပေါ်ထောင်ထားပေးပါ။ -ထူထဲနေတဲ့အဝတ်တွေကိုချွတ်ပါ။
-ရေနဲ့ဓါတ်ဆားပြန်ဖြည့်ပေးပါ။
အဲ့ဒါမှအခြေနေမကောင်းသေးရင် ဆေးရုံအမြန်သွားပါ။

🍓Heat stroke
အန္တရာယ်အရှိဆုံးပါ။ အပေါ်ကနှစ်ခုကအရင်ဆုံးပြတဲ့ လက္ခဏာတွေဖြစ်ပြီး အဲ့ဒီအဆင့်တွေကို သေချာမကုသနိုင်ခဲ့ရင် heat stroke အဆင့်စပါပီ။
ခန္ဓာကိုယ်ဟာ အပူချိန်ကိုမထိန်းနိုင်တော့ပါဘူး။ အပူချိန်ကအမြင့်ဆုံးထိထိုးတက်သွားနိုင်ပါတယ်။

👉လက္ခဏာများ
-ကိုယ်အပူချိန်အရမ်းတက်ခြင်း (104F or 40 C အထက်ထိမြင့်တက်နိုင်ပါတယ်)
-အပြုအမူနှင့်စိတ်အခြေအနေပြောင်းလဲခြင်း(မူးဝေခြင်း၊တက်ခြင်း၊သတိလစ်ခြင်း၊‌စကားမပီခြင်း၊ဒေါသထွက်ခြင်း) တွေဖြစ်တတ်ပါတယ်။
-အရေပြားကအရမ်းပူပီးချွေးမထွက်ပဲနီရဲပီးခြောက်နေတတ်ပါတယ်။
-ပျို့အန်ခြင်း
-အသက်ရှုမြန်ခြင်း(မောခြင်း)
-ရင်တုန်ခြင်း
-ခေါင်းကိုက်ခြင်း

🍓ဘာတွေပြုလုပ်ပေးရမလဲ
-Ambulance (လူနာဝာင်ကား) ခေါ်ပါ။
-ကားမရောက်သေးခင်မှာ အရိပ်ရတဲ့နေရာမှာထားပါ။လူတွေမအုံပါစေနဲ့။
-လေဝင်လေထွက်ကောင်းပါစေ။
-သတိရနေသေးရင် ရေနဲ့ဓါတ်ဆားတိုက်ပါ။
-ရေပတ်တိုက်ပါ။
-ရေခဲအိတ်ကို လူနာရဲ့လည်ပင်း၊နဖူး၊ချိုင်း၊ပေါင်ခြံတို့တွင်ကပ်ပေးပါ။

🛑Heat stroke ဖြစ်တဲ့အခါကိုယ်အပူချိန်ရုတ်တရက်ပြောင်းလဲကို အချိန်တိုတွင်းမပြုပြင်ပါကဦး‌နှောက်နှင့်အခြားအရေးကြီးအစိတ်အပိုင်းများပျက်စီးစေတတ်ပါတယ်။အသက်အန္တရာယ်ရှိပါတယ်။

🍓အပူရှပ်ခြင်းကိုဘယ်လိုကာကွယ်မလဲ
-ပွပီးချောင်သော အဝတ်အစားများဝတ်ဆင်ပါ
-အရိပ်ရသောနေရာတွင်နေပါ။
-နေပူထဲသွားရင် ထီး၊ဦးထုပ် စတဲ့အကာကွယ်များဖြင့်သွားပါ။
-ရေများများသောက်ပါ။
-ကိုလက်အားကစားပြင်းထန်စွာလုပ်ခြင်းရှောင်ပါ
-အရည်ရွှမ်းတဲ့အသီး များများစားပါ။
-အလွန်ပူသောနေရာတွေနေပီး ရုတ်တရက်အအေးထဲဝင်ထွက်ခြင်းကိုရှောင်ပါ။
-နေပူထဲမှပြန်ရောက်ပီးချင်း ခြေတောက်ဆေးခြင်း၊ရေချိုးခြင်းများရှောင်ပါ။
-အပြင်ရာသီဥတုပူနေချိန်ရေချိုးခြင်း၊ခေါင်းလျှော်ခြင်းများရှောင်ပါ။ဖြစ်နိုင်ရင် မနက်၁၀နာရီမထိုးခင်ရေချိုးပါ။

Crd …ဒေါက်တာကောင်းထက်ကျော်

18/04/2023

ချမ်းမြေ့ တောင်ဒဂုံဆေးခန်းတွင် လုပ်ကိုင်ရန် ဆေးခန်းအကူ “မ”တစ်ဦး အလိုရှိပါသည်။

✔️ဆေးခန်းနှင့်အနီးတွင်နေထိုင်သူ
✔️၁၀တန်းအောင်/ဘွဲ့ရ
✔️ဆေးခန်းအတွေ့ကြုံရှိသူဦးစားပေးပါမည်။

ဆက်သွယ်ရန်-09 796341439 (viber )သို့ CV form ပို့ပေးပါရန်။

Photos from Chan Myae Medical & Dental Clinic's post 17/03/2023

ချမ်းမြေ့ဆေးခန်းတွင် ခန္ဓာကိုယ်ရှိ အလုံးအကျိတ်များကို ထုံဆေးဖြင့်မနာမကျင်အောင် အချိန်တိုအတွင်း ခွဲစိတ်နိုင်ပါတယ်ရှင်။

အသေးစိတ်စုံစမ်းမေးမြန်းရန်👇🏻

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09-773890764

03/02/2023

👏မညီညာတဲ့သွားတွေကို သွားညှိကုသမှုနဲ့
ပြုပြင်ထားတာပါ

👏သွားလေးတွေ ညီညီညာညာနဲ့ အလှဆုံးပြုံး
နိုင်အောင် သွားညှိကုသမှု အမြန်ဆုံးပြုလုပ်
လိုက်တော့နော်

👏သွားညှိအထူးကုဆရာဝန်များနဲ့ အခမဲ့ တိုင်ပင်
ဆွေးနွေးလို့ရပါတယ်


🦷ချမ်းမြေ့သွားဆေးခန်း🦷
📪အမှတ် ၁၀၂/ခ , ၈ ရပ်ကွက် ,ရာဇာဓိရာဇ်လမ်း, အရှေ့ဒဂုံ ။
📞09-962998349, 09-951777186

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09-773890764

Photos from Chan Myae Medical & Dental Clinic's post 18/01/2023

🔹ဒူးခေါင်းမှ အလုံးအကျိတ်ကို ထုံဆေးဖြင့်မနာမကျင်အောင်ခွဲစိတ်ပေးထားပါတယ်။

▪️အသေးစိတ်သိလိုသည်များကိုစုံစမ်းနိုင်ပါတယ်ရှင်။

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09 -773890764

16/01/2023

#ဗိုက်ညာဘက်နံရိုးအောက်ကနာတယ်
#ကိုယ်လည်းပူနေတယ်
#ပျို့တာ_အန်တာဖြစ်နေတယ်

(သည်းခြေအိတ်ရောင်ခြင်း)
(သည်းခြေကျောက်)

Gall bladder ဆိုတဲ့ သည်းခြေအိတ်ဟာ၊ အသည်းရဲ့ အောက်မှာရှိပြီး အလျား 8cm x အကျယ် 2.5 cm ရှိပါတယ်။

သူရဲ့အလုပ်က အသည်းကထုတ်တဲ့ အရည်တွေကို စုပြီး သိမ်းထားတာပါ၊
အသည်းကအရည်တွေက နည်းနည်းကျဲ (ရေများတော့) သူက ခန္ဓာကိုယ်အတွက် ရေတွေပြန်စုပ်ထားပြီး အရည်အရည်ပျစ်ပျစ် (Bile) တွေကို သိမ်းထားပါတယ်
လူက အစာစားပြီး အစာတွေ အူထဲရောက်လာတဲ့ အခါမှ သူ့ရဲ့ အရည်ပျစ်ပျစ်တွေကို အူထဲ ညှစ်ထုတ်လိုက်ပါတယ်။ (အစာများများစားရင်၊ အဆီများများစားရင် ပိုများများညှစ်ချပါတယ်)
{Bile မှာ ဘာတွေပါလဲဆိုတော့ ရေ၊ အဆီ၊ enzymes၊ ရောင်ခြယ် (Bile pigment) ဝမ်းအရောင်ဝါရတာသူ့ကြောင့်ပါ

ဒါကပုံမှန်ပါ။
👉👉👉

လူက အဆီစားတာများလို့၊ အန္ဓာကိုယ်ထဲမှာ အဆီတွေများရင် အသည်းကထုတ်တဲ့အရည်ထဲမှာ အဆီတွေအများကြီးပါလာပါတယ်၊ Gall bladder က ရေတွေ ပြန်ပြန်စုပ်တော့ အဆီတွေကပျစ်သထက် ပျစ်လာပါတယ် => ကြာလာတော့ အနယ်တွေဖြစ်လာပြီး ၊ အဲ့ထက်ကြာလာရင် ကျောက်ဖြစ်ပါတယ်။

အဆီစားများတဲ့သူတွေ၊ အစားကြိုက်တဲ့လူတွေ၊ လှုပ်ရှားမှုနည်းတဲ့လူတွေ သည်းခြေကျောက်ဖြစ်ပါတယ်။ (Gall Stone)

သည်းခြေကျောက် ကသည်းခြေအိတ်ထဲရှိနေရင် ဘာပြဿနာမှ မတတ်သေးပါဘူး (ဒါပေမယ့်) အပေါ်မှာပြောထားသလို အစားအများကြီး၊ အဆီအများကြီးစားရင် သည်းခြေအိတ်က သူဆီမှာရှိတဲ့ အရည်တွေအကုန်ညှစ်ချတော့ သည်းခြေကျောက်တွေပါ ပါသွားတတ်ပါတယ်
7cm (၃ လက်မလောက်)ရှိတဲ့ သည်းခြေအိတ်ထဲမှာ 1 cm (လက်မဝက်လောက်) ရှိတဲ့ကျောက်က ဘာလက္ခဏာမှ မပြပေမယ့်။
0.6 cm လောက်ရှိတဲ့ ပြွန်ထဲကျတော့ ဝင်လို့မရပါဘူး အဲ့တော့ သည်းခြေအိတ်အဝ မှာတစ်နေပါတယ်။

အစားကစားထားတော့ သည်းခြေအိတ်က ညှစ်ပါတယ်၊ ကျောက်ကထိပ်မှာ ပိတ်နေတော့ အတင်းညှစ် 👉 ထိပ်ပိတ်ပြီးညှစ်တော့ #နာပါတယ်
(တော်တော်ကိုနာတာပါ) ခံစားဖူးတဲ့လူတွေသိပါတယ်။ #ပျို့အန်ပါတယ်
အစာစားတဲ့ အချိန် သည်းခြေအိတ်ကညှစ်တော့ နာတဲ့အချိန်က အစာစားတဲ့ဖြစ်ဖြစ်နေတတ်လို့ (အစာအိမ်ရောင်တာနဲ့မှားတတ်ပါတယ်)
အစုံစားတဲ့ အစားကြိုက်တဲ့လူတွေမှာဖြစ်တာဆိုတော့ တချို့မှာလည်း (၂) ခုလုံး တွဲဖြစ်တတ်ပါတယ်။

နာတာမခံနိုင်တဲ့ အခါ ဆေးရုံ/ဆေးခန်းရောက်တော့ ကြွက်သားမညှစ်တဲ့ဆေး (Anti-spasmodic ) ထိုးပေးလိုက်တော့ ကျောက်က သည်းခြေအိတ်ထဲပြန်ရောက်သွားတဲ့အတွက် နာတာပျောက်သွားပါတယ်။

ရောဂါပျောက်သွားတာ ***မဟုတ်ပါဘူး။
***သည်းခြေကျောက်က ထုတ်ပစ်လိုက်မှ အပြီးပျောက်တာပါ (ဒါပေမယ့် ဆေးထိုးလိုက်ရင် သက်သာသွားတဲ့ အတွက် ခွဲဖို့ ညွှန်းရင် ဘယ်သူမှမလိုက်နာပါဘူး)

နောက်တခါ အစားအများကြီးစားတဲ့အခါ၊ ဆီကြော်တွေစားတဲ့ အခါ ပြန်ဖြစ်ပါတယ်။
ဆေးသွားထိုးတယ် 👉 သက်သာတယ် 👉 ပြန်စားတယ် 👉 ပြန်ဖြစ်တယ်။

အဲ့လိုနဲ့ ကြာလာရင် သည်းခြေအိတ်မှာ ဒဏ်ဖြစ်ပြီးရောင်လာပါပြီ၊ အဲ့ဒါကိုမှ အူလမ်းကြောင်းက ပိုးတွေဝင်သွားတဲ့ အခါ #ဖျားပါပြီ
ဆေးသွားထိုးလိုက် ပါတယ်၊ ပိုးသတ်ဆေးသောက်ပါတယ်။ နည်းနည်းသက်သာရင် ဆေးရပ်ပါလိမ့်မယ်။
ပိုးသတ်ဆေး မစို့တပို့သောက်တဲ့အတွက် ရောဂါက ခဏငုံ့နေသလို ဖျားတာနာတာ သက်သာပေမယ့် သည်းခြေအိတ်ကို ဆက်ဒုက္ခပေးနေတာဖြစ်ပါတယ်။
သည်းခြေအိတ်ပြည်တည်ပါပြီ။
အဲ့တော့မှ အဖျားတွေ ၁၀၃-၁၀၄ လောက်တတ်မှ မဖြစ်မနေ ခွဲစိတ်ကြပါတယ်။

သွေးဆိပ်တတ်မှ ၊ ပြည်တည်မှ ၊ shock ရမှ ခွဲစိတ်မှုခံကြတဲ့အတွက် ဆေးရုံတတ်ရက် ကြာတတ်သလို (အဖိတ်အစင်ရှိတတ်ပါတယ်)
သည်းခြေအိတ် ပိုးမဝင်ခင်၊ သည်းခြေကျောက်စပြီး ဒုက္ခပေးတာနဲ့ ခွဲစိတ်ကြရင် ခဏပဲဆေးရုံရသလို၊ laparoscopic cholecystectomy လုပ်လို့ရတဲ့ အတွက် ဒဏ်ရာမကြီးပါဘူး။

👉👉👉
ကျောက်က သည်းခြေအိတ်အဝ နေရာကနေ လွတ်ထွက်သွားပြီး အသည်းဆီကပြွန်နဲ့ သည်းခြေပြွန်နဲ့ ဆက်တဲ့နေရာမှာ သွားပိတ်တတ်ပါတယ်။

အဲ့ဒါဆို အပေါ်က လက္ခဏာတွေအပြင် အသည်းရောင်တဲ့အတွက် #အသားပါဝါတတ်ပါတယ်။ (Cholangiohepatitis) ရောဂါပိုဆိုးပါတယ်။

👉👉👉
သည်းခြေကျောက် မဖြစ်အောင်ဘယ်လိုနေကြမလဲ ဆိုတော့
(သွေးတိုး၊ဆီးချို၊နှလုံး၊အသည်းအဆီဖုံး၊OSA) စတဲ့ရောဂါတိုင်းဟာ
- အစားသောင်းကျမ်းတဲ့သူတွေ
- လှုပ်ရှားမှုနည်းတဲ့လူတွေ
- ဆေးလိပ်၊အရက်သောက်တဲ့လူတွေ
- စိတ်ဖိစီးမှုများတဲ့လူတွေ
- အဝလွန်တဲ့လူတွေမှာဖြစ်လို့

👌 အစားပုံမှန်စားပါ (Balance Diet ဖြစ်အောင်စားပါ)
👌 လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
👌 ဆေးလိပ်၊ အရက် ဖြတ်ပါ
👌 အကောင်းမြင်စိတ်များများမွေးပြီး (သံသယစိတ်လျှော့ချပါ)
👌 ကိုယ်အလေးချိန်ပုံမှန်ဖြစ်အောင်ထိန်းသိမ်းပါ

အဲ့ဒါဆိုရင် သည်းခြေကျောက်ရော၊ အသည်းအဆီဖုံးတာအပြင်သွေးတိုး၊ဆီးချို၊နှလုံး၊အသည်းအဆီဖုံး၊OSA၊ လေဖြတ် ရောဂါတွေပါ မဖြစ်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။

👉👉👉
#သည်းခြေကျောက်က_ရှိနေပြီ
#ဘာလုပ်ရမလဲ ⁉️

- အပြီးပျောက်ချင်ရင် ဒုက္ခပေးတာနဲ့ ထုတ်ပစ်လိုက်ပါ။
- ကျောက်ကြေဆေးဆိုတာတွေက အသစ်ထက်မဖြစ်အောင်တားပေးတာပါ၊ ရှိပြီးသားကျောက်ကြီးကို မချေပစ်နိုင်ပါဘူး
- အသစ်ထပ်မဖြစ်အောင် အဆီလျှော့စားပါ၊ အစားလျှော့စားပါ
- ဗိုက်ညာဘက်နံရိုးအောက်နာပြီး ဖျားတာနဲ့ ဆေးလျှောက်သောက်၊ ဆေးလျှောက်ထိုးပြီး အချိန်မဆွဲပါနဲ့ ခွဲစိတ်အထူးကုဆရာဝန် နဲ့ပြသပြီး ညွှန်ကြားချက်လိုက်နာပါ။

ဒီလောက်ဆို နည်းနည်းသိပြီထင်ပါတယ်

Crd

11/01/2023

✅ပင်ကိုသွားဝါသူများ

✅ကော်ဖီ ၊ဝိုင် ၊အရောင်ပါသောအစားအစာများကြောင့် သွားအရောင်ပြောင်းလာသူများ

✅ဖြူဖွေးလှပသောသွားလေးများကိုပိုင်ဆိုင်ချင်သူများ အတွက်

“ချမ်းမြေ့”ဆေးခန်းတွင် “Laser Whitening Treatment “ ကိုအချိန် “၁နာရီမျှ” ပေးရုံနှင့် ကုန်ကျစရိတ်သက်သာစွာဖြင့် ကုသမှုခံယူနိုင်ပါပြီရှင်။

🦷ချမ်းမြေ့သွားဆေးခန်း🦷
📪အမှတ် ၁၀၂/ခ , ၈ ရပ်ကွက် ,ရာဇာဓိရာဇ်လမ်း, အရှေ့ဒဂုံ ။
📞09-962998349, 09-951777186

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09 -773890764

Photos from Chan Myae Medical & Dental Clinic's post 07/01/2023

☑️နှစ်သစ်မှာ မကောင်းတော့တဲ့ သွားတုတွေလဲချင်သူများ ၊သွားအသေစိုက်ချင်သူများ အတွက် မိမိတို့နှစ်သက်ရာ အသင့်တော်ဆုံး အဆင်ပြေဆုံး သွားတုအမျိုးစားများကိုရွေးချယ်နိုင်ပါတယ်ရှင်။

✔️သွားအသေစိုက်ခြင်း ဆိုတာကတော့
ဆုံးရှုံးထားတဲ့သွားလေးရဲ့ ရှေ့သွားနဲ့ နောက်သွားကို အနည်းငယ်သေးအောင်စားပြီး တံတားထိုးသကဲ့သို့ အကုပ်ယူစိုက်ခြင်းဖြစ်ပါတယ် ။

အမျိုးအစား (၃)မျိုးရှိပါတယ်။
🔹Ni-Cr (သတ္တု)
🔹PFM (သတ္တုစပ်ကြွေ)
🔹Zirconia( ကြွေသီးသန့်)

သိလိုသည်များကိုစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

🦷ချမ်းမြေ့သွားဆေးခန်း🦷
📪အမှတ် ၁၀၂/ခ , ၈ ရပ်ကွက် ,ရာဇာဓိရာဇ်လမ်း, အရှေ့ဒဂုံ ။
📞09-962998349, 09-951777186

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09 -773890764

Photos from Chan Myae Medical & Dental Clinic's post 05/01/2023

💢“ချမ်းမြေ့”ဆေးခန်းတွင် လက်ကောက်ဝတ်မှအလုံးအကြိတ်ကို ထုံဆေးဖြင့် ဖယ်ရှားပေးထားပုံ

အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါသည်။

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09 -773890764

01/01/2023

🎉 2️⃣0️⃣2️⃣3️⃣ 🎉
🎊မင်္ဂလာရှိသောနှစ်သစ်ဖြစ်ကြပါစေရှင်။🎊

28/12/2022

🤭သွားလေးတွေမညီညာလို့ စကားပြောတိုင်းယုံကြည်မှုပျောက်ဆုံးနေပါသလား?

🤩ကုန်ကျစရိတ်သက်သာစွာနဲ့ညီညာလှပတဲ့အပြုံးလေးတွေပိုင်ဆိုင်ချင်ပါသလား?

💫သွားလေးတွေ ညီညီညာညာနဲ့ လှပနေစေဖို့အတွက် Chan Myae Dental Clinic မှာ စျေးသက်သက်သာသာနဲ့ လစဉ် အရစ်ကျပေးချေပြီး Braces တပ်လို့ရနေပါပြီ 🦷

ညီညာလှပတဲ့ အပြုံးပိုင်ရှင်လေးတွေဖြစ်နေစေဖို့အတွက် သွားကျန်းမာရေးအတွက် Treatment တွေကို အကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်။

🥰 braceတပ်ဖို့စဉ်း‌စားနေရင်တော့ အမြန်ဆုံးလာခဲ့လိုက်တော့နော်

Treatment နဲ့ပတ်သက်ပြီး အသေးစိတ်သိလိုတယ်ဆိုရင်လည်း Page ရဲ့ Chatbox မှာလာရောက်စုံစမ်းမေးမြန်နိုင်ပါတယ်နော် 💬

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09-773890764

🦷ချမ်းမြေ့သွားဆေးခန်း🦷
📪အမှတ် ၁၀၂/ခ , ၈ ရပ်ကွက် ,ရာဇာဓိရာဇ်လမ်း, အရှေ့ဒဂုံ ။
📞09-962998349, 09-951777186

23/12/2022

ချမ်းမြေ့ဆေးခန်းတွင် “အထွေထွေရောဂါကုဆရာဝန်”နှင့် နေ့စဉ် ‘ညနေ၃နာရီမှ ည၇နာရီ’ အထိ ပိတ်ရက်မရှိ လာရောက်ပြသနိုင်ပါတယ်ရှင်။

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09 -773890764

22/12/2022

ချမ်းမြေ့ဆေးခန်းတွင် “အရေပြားအထူးကု”ဆရာဝန်နှင့် အပတ်စဉ် “တနင်္ဂနွေနေ့ မနက်၁၀နာရီ” တိုင်း ကြိုတင်ရက်ချိန်းယူ၍ပြသနိုင်ပါတယ်ရှင်။

ကျေးဇူးပြု၍ ‘တစ်ရက်’ ကြိုတင် ရက်ချိန်းယူပေးပါရန်။

ကြိုတင်ရက်ချိန်းယူရန် - 09 773890764

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09 -773890764

21/12/2022

ချမ်းမြေ့ဆေးခန်းတွင် “ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းခွဲစိတ်အထူးကု”ဆရာဝန်နှင့် အပတ်စဉ် “စနေနေ့ နေ့လယ် ၂နာရီ” တိုင်း ကြိုတင်ရက်ချိန်းယူ၍ပြသနိုင်ပါတယ်ရှင်။

ကျေးဇူးပြု၍ ‘တစ်ရက်’ ကြိုတင် ရက်ချိန်းယူပေးပါရန်။

ကြိုတင်ရက်ချိန်းယူရန် - 09 773890764

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09 -773890764

20/12/2022

Trigger Finger (လက်ချောင်းကပ်ခြင်း)
မခွဲမီ Vs ခွဲပြီး

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09 -773890764

Photos from Chan Myae Medical & Dental Clinic's post 18/12/2022

“ချမ်းမြေ့”ဆေးခန်းတွင် အောက်ပါ အထွေထွေရောဂါကုသမားတော် များနှင့်ကြိုတင်ရက်ချိန်းယူပြီးလာရောက်ဆွေးနွေးတိုင်ပင်ပြသနိုင်ပါတယ်ရှင်။

ကြိုတင်ရက်ချိန်းယူရန် - 09 773890764

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09 -773890764

Photos from Chan Myae Medical & Dental Clinic's post 13/12/2022

🎗သွားပိုးစားရောဂါ ( Dental Caries )

🚫သွားပိုးစားခြင်းဆိုသည်မှာ လူများအလွယ်ထင်သလို သွားကို ပိုးကောင်များမှ စားခြင်းမဟုတ်ပါ။

⚠️လူ့ပါးစပ်ထဲတွင် ဘက်တီးရီးယား ပိုးမွှားများသန်းပေါင်းများစွာရှိပါသည်။ ပါးစပ်ထဲတွင် ကျန်ရစ်သော အစာကြွင်းအစာကျန်များနှင့် ထို ဘက်တီးရီးယားများပေါင်းစပ်ပြီး အချဉ်ဖောက်ကာ အက်စစ်ဓာတ်တမျိုးထုတ်လုပ်ပြီး သွား​၏မျက်နှာပြင်များကို တဖြည်းဖြည်းဖျက်ဆီးလိုက်ခြင်းဖြစ်ပါသည်။

🦷သွား​၏အပေါ်ယံအလွှာ( အမာဆုံး) သည် ကြွေလွှာဖြစ်ပါသည်။ ထို ကြွေလွှာမျက်နှာပြင်ပေါ်တွင် ပိုးစားနေပါက နာကျင်မှု မရှိပါ။ ထို့ကြောင့်လည်း သတိမထားမိဘဲဖြစ်တတ်ပါသည်။ အမဲရောင်အစက်များ အမဲရောင် အစင်းကြောင်းများအဖြစ်သာမြင်တွေ့ရမှာဖြစ်ပါသည်။

✅ထိုအချိန်တွင် သွားကို ကုသမှုပြုလုပ်ပါက နောက်ဆက်တွဲ သွားကိုက် သွားနာ သွားကျဉ်ခြင်းများ မဖြစ်စေဘဲ သွားကို ရေရှည်ထိန်းသိမ်းနိုင်ပါသည်။

❌သွားရဲ့အပေါ်ကြွေလွှာမျက်နှာပြင်ကို ကုသမှုမပြုဘဲ ထားရှိပါက သွားပိုးစားခြင်းဟာ အတွင်းကို လှိုက်စားပြီး ဒုတိယအလွှာ ဆင်စွယ်နှစ်လွှာကို ရောက်လာမှာဖြစ်ပါသည်။ အဲဒီအချိန်တွင်သွားကျဉ်တဲ့ ခံစားမှုတွေ ရရှိနိုင်ပါသည်။ အပူအအေးသောက်သောအချိန်တွင် ပိုမိုခံစားရနိုင်ပါသည်။

👉သွားပိုးစားရောဂါကုသပုံမှာ သွားပိုးစားခြင်း​၏အဆင့်ပေါ်မူတည်ပြီး ကွဲပြားတာမို့ အသေးစိတ် စစ်ဆေးပြီး ကုသမှု့ခံယူသင့်ပါတယ်။

🦷ချမ်းမြေ့သွားဆေးခန်း🦷
📪အမှတ် ၁၀၂/ခ , ၈ ရပ်ကွက် ,ရာဇာဓိရာဇ်လမ်း, အရှေ့ဒဂုံ ။
📞09-962998349, 09-951777186

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09 -773890764

Photos from Chan Myae Medical & Dental Clinic's post 12/12/2022

မိမိတို့ သားသား ၊ မီးမီး ရင်သွေးငယ်လေးများရဲ့ကျန်းမာရေးအတွက် “ချမ်းမြေ့”ဆေးခန်းတွင် ကလေးအထူးကုဆရာဝန်နှင့် ကြိုတင်ရက်ချိန်းယူပြီး လာရောက်ဆွေးနွေးတိုင်ပင်ပြသနိုင်ပါတယ်ရှင်။

ကြိုတင်ရက်ချိန်းယူရန် - 09 773890764

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09 -773890764

11/12/2022

သွားပွတ်ကြိုးအသုံးပြုနည်း

✔️သွားပွတ်ကြိုးရဲ့အစွန်းနှစ်ဖက်ကို ဘယ် ၊ညာ လက်ခလယ်တွေမှာ ပတ်ပါ။

✔️ကြိုးကို ကိုင်ဖို့ လက်မနဲ့ လက်ညှိုးကိုသုံးပါ။

✔️သွားနှစ်ချောင်းကြားထဲဖြည်းဖြည်းချင်းထည့်ပါ။

✔️သွားပွတ်ကြိုးကိုအပေါ် အောက် ဆွဲပေးပြီး သွားနဲ့ သွားဖုံးကြားမှာကပ်နေတဲ့အစာကြွင်းကျန်များကိုထုတ်ပါ။

✔️သွားမတိုက်ခင် သွားပွတ်ကြိုးကိုအသုံးပြုပြီး အရင်သန့်ရှင်းရေးလုပ်ပါ။

🦷ချမ်းမြေ့သွားဆေးခန်း🦷
📪အမှတ် ၁၀၂/ခ , ၈ ရပ်ကွက် ,ရာဇာဓိရာဇ်လမ်း, အရှေ့ဒဂုံ ။
📞09-962998349, 09-951777186

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09 -773890764

Photos from Chan Myae Medical & Dental Clinic's post 07/12/2022

✨“ချမ်းမြေ့”ဆေးခန်းတွင် ခြေထောက်မှအလုံးအကျိတ်ကို ထုံဆေးဖြင့်မနာမကျင်အောင် ခွဲထုတ်ပေးထားပါတယ်။

🔹🔹ခန္ဓာကိုယ်ရှိအလုံးအကျိတ်များကို ကျွမ်းကျင်သောအထူးကုဆရာဝန်များမှ စရိတ်သက်သာစွာ ခွဲစိတ်ကု‌သပေးနေပါတယ် ။

📞💬chat box (သို့) ဖုန်းဆက်၍ မေးမြန်းနိုင်ပါတယ်။

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း

📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ။
ဖွင့်ချိန်-မနက်9နာရီမှညနေ7နာရီ
📞09-773890764

01/12/2022

"ချမ်းမြေ့" သွားနှင့်ခံတွင်းဆေးခန်းတွင်

🦷သွားအကြောထုတ်ကုသခြင်း
(Root canal therapy/ Endodontic therapy)

🦷သွားများကိုညီညာစေရန် သွားညှိကုသခြင်း
(Orthodontics)

🦷သွားမြစ်တုအစားထိုးစိုက်ခြင်း
(Dental implant)

🦷သွားအသေစိုက်ခြင်း
(Dental implant/ Dental crown & bridge)

🦷သွားအရှင်စိုက်ခြင်း/ အံကပ်ပြုလုပ်ခြင်း
(Dentures)

🦷လေဆာဖြင့် သွားဖာထေးပြုပြင်ခြင်း
(Direct composite filling)

🦷သွားများအားဖာထေးပြုပြင်ခြင်း
(Dental restoration)

🦷လေဆာဖြင့် သွားများကို ဖြူဖွေးအောင်ပြုလုပ်ပေးခြင်း
(Laser teeth whitening)

🦷သွားမျက်နှာပြင်ကြွေလွှာကပ်ခြင်း
(Dental veneer @ Hollywood smile)

🦷သွားစိန်အလှကပ်ခြင်း
(Dental skyce)

🦷သွားကျောက်ခြစ်သန့်စင်ခြင်း
(Oral prophylaxis)

🦷ကွမ်းချိုးခြစ်၍သန့်စင်ပေးခြင်း
(Scaling and polishing)

🦷သွားအစွပ်တပ်ခြင်း
(Dental crown)

🦷သွားနှုတ်ကုသခြင်း
(Dental extraction) အစရှိတဲ့ကုသမှုများကို စနစ်တကျပိုးသတ်စင်ထားသော ခေတ်မီ စက်ကိရိယာများဖြင့် စျေးနှုန်းသက်သာစွာကုသပေးနေပါတယ်ရှင်။

🦷ချမ်းမြေ့သွားဆေးခန်း🦷
📪အမှတ် ၁၀၂/ခ , ၈ ရပ်ကွက် ,ရာဇာဓိရာဇ်လမ်း, အရှေ့ဒဂုံ ။
📞09-962998349, 09-951777186

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။
📞09 -773890764

Photos from Chan Myae Medical & Dental Clinic's post 25/11/2022

🔹Ganglionဆိုတာဘာလဲ

❗️Ganglion ဆိုတာ အဆစ်နဲ့အရွတ်က တစ်ရှူးတွေပြဲရာက အဆစ်ထဲက “ဂျယ်လီ” လိုအရည်များထွက်လာပြီး ဖြစ်ပေါ်လာတဲ့ခပ်မာမာအလုံးတစ်လုံးပဲဖြစ်ပါတယ်။

❗️ပဲစေ့အရွယ်မှ ‘6cm’ အထိ အရွယ်အမျိုးမျိုး ရှိနိုင်ပါတယ်။

❗️လက်ကောက်ဝတ်မှာအဖြစ်များပြီး လက်ဖမိုးဘက်မှာပိုတွေ့ရတတ်ပါတယ်။
လက်ချောင်းနဲ့ခြေဖမိုးပေါ်မှာလဲတွေ့ရတတ်ပါတယ်။

❗️Ganglion အချို့ဟာ သူ့ဟာသူ ပျောက်ကင်းတတ်ပေမဲ့ အများစုကိုတော့ အသေးစားခွဲစိတ်မှုလုပ်ကာဖယ်ရှားရတတ်ပါတယ်။

👇🏼အောက်ပါပုံကတော့”ချမ်းမြေ့”ဆေးခန်းမှာ လက်ကောက်ဝတ်မှ “Ganglion” အလုံးကို ထုံဆေးနဲ့ မနာမကျင်ပဲ အချိန်တိုအတွင်း ခွဲစိတ်ထုတ်ယူပေးထားတဲ့ပုံပါရှင်။

🏥 ချမ်းမြေ့ အထွေထွေရောဂါကု ၊သွားနှင့်ခံတွင်းဆေးခန်း
📪အမှတ် ၅၃၃ , ၂၁ ရပ်ကွက် , လှော်ကားလမ်းမပေါ် ( သစ္စာမှတ်တိုင်အနီး) , တောင်ဒဂုံ ။

📞09-773890764

Want your practice to be the top-listed Dentist in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ခွဲပြီးချက်ခြင်း
မခွဲမီ
သွားနုတ်ပြီးရင် အချိန်ကြာကြာ ပြန်မစိုက်ဘဲထားလျှင်  နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာများကို ပြောပြပေးချင်ပါတယ် 👋🏼🦷(၁) နှုတ်ထား...
❓သွားတိုက်လိုက်တိုင်းသွားဖုံးကသွေးထွက်လာပါသလား?❓သွားဘယ်နှစ်ကြိမ်တိုက်တိုက် ခံတွင်းအနံ့မကောင်းဘူးဖြစ်နေပါသလား?❓သွားအချောင...

Category

Telephone

Website

Address

102(B), Yazardiyit Road, East Dagon
Yangon

Opening Hours

Monday 15:00 - 21:00
Tuesday 15:00 - 21:00
Wednesday 15:00 - 21:00
Thursday 15:00 - 21:00
Friday 15:00 - 21:00
Saturday 09:00 - 12:00
14:00 - 21:00
Sunday 09:00 - 12:00
14:00 - 21:00

Other General Dentists in Yangon (show all)
LaMin Dental Clinic LaMin Dental Clinic
La Min Dental Clinic (No44, Corner Of Hyuparyone Street & Moe Tauk Pan Street, Ward (1), Tharketa Township
Yangon, 11231

Keep your Smile

Jasmine Dental Pediatric Center Jasmine Dental Pediatric Center
218(The Century Building), Yangon/Insein Road, Near Than St Bus Stop, Hlaing Township Yangon, Myanmar
Yangon, 11051

First fully digitalized dental clinic in Myanmar

SMILE Shwepyithar Orthodontic and Aesthetic Dental Clinic SMILE Shwepyithar Orthodontic and Aesthetic Dental Clinic
X34F+3R6 SMILE (Shwe Pyi Thar) Orthodontic And Aesthetic Dental Clinic
Yangon, SMILE(SHWEPYITHAR) HTTPS://GOO.GL/MAPS/RSYKPEIAHFTWVZPA7

Bright Your Confident Smile

Dr Nay Win Modern Dental Office Dr Nay Win Modern Dental Office
72 B Juction Of U Chit Mg Road And 167st, Tamwe Tsp
Yangon

More Economic,More Effective ,More Preventive & More Protective Measures for COVID-19 Infection in Our Modern Dental Office . Do not hesitate to place a call to 09587739,0996518773...

လှိုင်မေတ္တာ သွားနှင့်ခံတွင်းဆေးခန်း လှိုင်မေတ္တာ သွားနှင့်ခံတွင်းဆေးခန်း
32(A) ကန်လမ်း၊ (၉)ရပ်ကွက်၊ လှိုင်မြို့နယ်
Yangon, 11051

Welcome to Hlaing Myittar Dental Implant & Orthodontic Clinic, conveniently located at (32)A Kan Road, (9)Qtr Hlaing Township, Yangon. Here we provide a wide range of oral health ...

Aung Nyein Aye Dental Clinic Aung Nyein Aye Dental Clinic
May Dharwi Road
Yangon

အောင်ရတနာ သွားနှင့်ခံတွင်းအထူးကုဆေးခန်း - AungYadanar Dental Clinic အောင်ရတနာ သွားနှင့်ခံတွင်းအထူးကုဆေးခန်း - AungYadanar Dental Clinic
No. 61 (Ground Floor), 124street , Mingalartaungnyunt (Near Mingalarzay Bus-stop)
Yangon, 11221

ခေတ်မှီစက်ကိရိယာစုံလင်စွာထားရှိပီ?

Jasmine Orthodontic Treatments Center Jasmine Orthodontic Treatments Center
218(The Century Building), Yangon/Insein Road, Near Than St Bus Stop, Hlaing Township Yangon, Myanmar
Yangon, 11051

သွား နှင့် ခံတွင်း အထူးကု ဆေးခန်း

Nay La Dental Clinic Nay La Dental Clinic
Yangon, V5X6+XGYANGON

သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုများ၊ ပညာပေးဆောင်းပါးများ ဖော်ပြပေးသွားမည်

Biodent Myanmar Dental Laboratory & Supplies Biodent Myanmar Dental Laboratory & Supplies
No 70, Minyekyawswar Road, 9th Ward, East Dagon Township
Yangon, 11451

Bio Dent Dental Laboratory is one of the solution for your best smiles. Our objective for patients i

Dr. Ye Win Naing Dr. Ye Win Naing
Yangon

- Owner and General Dental Practitioner at Nay La Dental Clinic (North Okklarpa Township) - General

Central Dental Clinic - စင်ထရယ် သွားနှင့်ခံတွင်းဆေးခန်း Central Dental Clinic - စင်ထရယ် သွားနှင့်ခံတွင်းဆေးခန်း
No. 94(B), Ground Floor, Zingama Road, Thaketa Township
Yangon, 11231

Dental Clinic