Fish King

Fish King

Sharing knowledge

12/04/2024
25/03/2024

🐠🐟

01/11/2022
01/11/2022

Local fish လေးတွေပါ တွေ့ရပါမယ်

Photos from Fish King's post 20/04/2022

Betta ငါးမဝယ်ခင် ကြိုတင်သိထားဖို့
လိုအပ်တဲ့ အခြေခံအချက်အလတ်များ

1.Form
2.Fin ratios
3.Body frame
4.Color &
5. Prices .........အစရှိတဲ့ အခြေခံအချက်တွေနဲ့
စဥ်းစားသုံးသပ်ပြီး ဝယ်ယူမယ်ဆိုရင်တော့
ဝယ်ပြီးမှ နောင်တရစရာမလိုတော့ပါဘူး

1. Form
Betta တစ်ကောင်ရဲ့ အလုံးစုံ ဖြစ်တည်နေမှုအချိုးအစား
ပုံပန်းသွင်ပြင်လို့ပဲ ပြောပါရစေ

အတိုချုပ်ခေါ်ရရင်တော့ Form ဟာ
ငါးရဲ့ ကြည့်ရှုခံစားစရာ
ရုပ်ထွက်ပါပဲ

Form မလှတဲ့ Betta တစ်ကောင်ဟာ
အခြားအရာတွေ လှနေပေမယ့်
သူဟာ Grade တန်းထဲကိုတော့
ဘယ်တော့မှမရောက်တော့ပါဘူး
ခြွင်းချက် အနေနဲ့ Error တစ်ခုကို
လက်ခံပြီးမွေးနိုင်ရင်တော့ရပါတယ်

2.Fin Ratios

Betta တစ်ကောင်မှာ
Dorsal
Ventral
Caudal fin သက်မှတ်ချက်တွေရှိပါတယ်

Dorsal fin
Betta တွေရဲ့ ကျောဆူးတောင်ဟာ
Round Shape မှာ Rays တွေထင်ပေါ်ခြင်း
မပေါ်ခြင်းဟာ Betta တစ်ကောင်ရဲ့
Grade တန်းထဲမှာတော့ ထည့်သွင်း
စဥ်းစားကြပါတယ်

Grade တန်းမဟုတ်ရင်တော့
အထူးတလည် ထည့်မပြောကြပါဘူး

Ventral fin

Ventral fin ratio မှာတော့
အမြှီးရဲ့ရှေ့ဆုံးပိုင်းနေရာမှာရှိနေပြီး
Ventral fin ရဲ့အောက်ဘက်အဖျားပိုင်းဟာ
​ရှည်လျားစွာ တွဲကျနေတာကတော့
Betta တစ်ကောင်ရဲ့ Form ကိုကြည့်ရတာ
အချိုးအစားမကျမှုဖြစ်စေပါတယ်

Ventral fin ဟာ ညီညာသေသပ်စွာနဲ့
ပုံစံတကျ ရှိနေတာဟာလည်း
Good Form betta တစ်ကောင်အဖြစ်
သိသာစွာ လှပစေပါတယ်

Caudal fin ခေါ်နောက်ရေယက်မြှီးဟာ
Betta Fish ရဲ့အလှအပကိုဖော်ပြဖို့
အရေးအကြီးဆုံးနေရာမှာရှိနေပါတယ်

HMPK လို့ အများကခေါ်ကြတဲ့
Halfmoon Plakat type မှာ
PK တစ်ကောင်ဟာ HMPK ဆိုတဲ့
Name တစ်ခုကိုရဖို့ သူ့ရဲ့ Caudal Fin
Hemisphere shape ဟာ
180° ပြည့်ဖို့လိုပါတယ်
ဒါမှလည်း HMPK Type ထဲကိုဝင်မှာပါ

Caudal fin Hemisphere Shape 180°
မပြည့်ပဲလျော့နေရင်တော့ Plakat type
ထဲကိုပဲ စာရင်းသွင်းရတော့မှာပါ

Caudal fin Rays ( Extra notes)

Good form betta တစ်ကောင်ရဲ့ တန်ဖိုးကို
Precious type ထဲမှာပါဝင်စေဖို့အတွက်
အကောင်းဆုံး မြှင့်တင်ပေးပါတယ်
Form လှပေမယ့် Caudal fin rays တွေ
မထင်ရှားရင် သာမန် betta fish အနေနဲ့ပဲ
တန်ဖိုးသက်မှတ်ခံရမှာပါ

Vietnam က Tail pattern တွေဟာ
Precious ထဲမှာ ရှေ့ဆုံးကနေ
ဦးဆောင်နေတဲ့ pattern တစ်ခုပါ

Vietnam Star Tail ဟာ စျေးကွက်မှာ
အလွန် လူကြိုက်များနေတဲ့
Tail pattern Trend တစ်ခုပါ

3.Body Frame
Body structure မှာတော့ body length အပြင်
Head region & Waist region တွေကို
ဂရုတစိုက် ကြည့်ရှုကြပါတယ်

Head Region

Betta တစ်ကောင်ရဲ့ခေါင်းပိုင်းကို
အမျိုးအစား ခွဲခြားရာမှာ
Dolphin Shape & Lump Error ဆိုပြီး
မဝယ်သင့်တဲ့အမျိုးအစားထဲမှာ
သက်မှတ် ထားကြပါတယ်

Recommended head region type

ပြေပြစ်တဲ့ လေးကိုင်းပုံစံ ခေါင်းပိုင်းရှိတဲ့
Betta Fish ကိုတော့ ဝယ်ယူသင့်တဲ့
အမျိုးအစား အဖြစ်အကြံပြုထားကြပါတယ်

Waist region
Betta fish ရဲ့ခါးပိုင်းအနေအထားကို
ကြည့်ရှူကြတဲ့အခါမှာတော့
ငါးကျောရိုးနဲ့တစ်တန်းတည်းမဖြစ်ပဲ
အနည်းငယ် ချိုင့်နေတဲ့ခါးသွယ်တဲ့
အချိုးအစားကို အကြံပြုကြပါတယ်

ဒီနေရာမှာလည်း Nice body structures ဟာ
Vietnamese Betta တွေဆီမှာ
ရှိနေတဲ့ လက္ခဏာ တစ်ခုပါပဲ

5.Price

ဒါကတော့ ရှင်းပါတယ်
Form ကောင်းတဲ့ Grade တန်းဝင်
Betta Fish တွေဟာ ဝါသနာရှင်တွေ
အလွယ်တကူ လက်လှမ်းမှီတဲ့
စျေးနှုန်းတန်ဖိုးမှာ ရှိမနေပါဘူး

ငါးလှလေ စျေးတန်းကမြင့်လေပါ

ဒါတွေကတော့ Betta Fish တစ်ကောင်ကို
မဝယ်ခင်မှာသိထားသင့်တဲ့
အခြေခံ အချက်အလတ်တွေပါပဲ

*HMPK Betta fish တစ်ကောင်မှာရှိသင့်ရှိထိုက်တဲ့
Fin & Form standard *
အချိုးအစား တွေကိုတော့ နောက်ပိုင်း post တွေမှာ
ထပ်ရေးဖြစ်မှာပါ.

Photographs from Internet & Credit to all owners.

Credit to

20/04/2022
Photos from Fish King's post 20/04/2022

Betta fish Diseases !!!!

1.Fin Rot
2.Velvet
3.Popeye
4.White Spot
5.Fungal Infection
6.Bacterial Infection
7.Dropsy
8.Swim Bladder Disorder ( SBD) &
9.Tuberculosis ဆိုပြီး ရောဂါအခြေအနေအလိုက် အမျိုးအစားတွေ ခွဲခြားသက်မှတ်ထားကြပါတယ်

1.Fin Rot ( ဆူးတောင်ရေယက်များပုပ်ခြင်း)
ကိုယ်စပြီးမွေးတဲ့အချိန်တုန်းက ဆူးတောင်ရေယက်တွေလှလှပပနဲ့ရှိခဲ့တဲ့ ငါးဟာ အခြားငါးကလာကိုက်ခြင်းမခံရပဲနဲ့

ဆူးတောင်တွေ ကုပ်လာခြင်း
မညီမညာဖြစ်လာခြင်း
Caudal fin rays တွေကိုဆက်သွယ်ထားတဲ့
အရေပြားတွေဟာ တွန့်လိပ်ပြီးအတွင်းကို
ကျုံ့သွားတက်ခြင်း
နဂိုရှိရမယ့်အဝန်းအဝိုင်းထက် ပိုသေးလာခြင်း
ပဲ့ကျသလိုဖြစ်ပြီးဆူးတောင်တွေတိုလာခြင်း
အရောင်တွေ မှိန်ကျလာခြင်း
ဆူးတောင်ဧရိယာတွေအထူးသဖြင့်
Finnage area တွေမှာ ဆံချည်မျှင်သွေးကြောငယ်လေးတွေပေါ်လာခြင်းတွေဟာ
Fin Rot တွေရဲ့ လက္ခဏာ အချက်တွေဖြစ်ပါတယ်

! အရည်အသွေး ကျဆင်းနေတဲ့ ညစ်ပတ်တဲ့
ရေထဲမှာရှိနေတဲ့ bacteria တွေကတဆင့်
ဖြစ်လာတက်ပြီး antibody အားနည်းတဲ့ငါးတွေမှာ ဖြစ်လာတက်ပါတယ်

ဆူးတောင်ရေယက်တွေ ပျက်စီးသွားတဲ့ betta fish တွေဟာ အသစ်ပြန်လည်ပေါ်ပေါက်လာနိုင်ပေမယ့် long /short fin type အပေါ်မူတည်ပြီး
အသစ်ပြန်လည်ပေါ်ပေါက်နိုင်စွမ်းကြာမြင့်မှုဟာ
မတူညီကြသလို ပြန်လည်ပေါ်ပေါက်လာတဲ့
ဆူးတောင်ရေယက်တွေ မှာ color ပြန်တက်လာနိုင်ချေဟာ အလွန်းနှေးကွေးသွားပြီးများသောအားဖြင့် ထွင်းဖောက်မြင်နေရတဲ့အကြည်ရောင်
Transparent or Colorless fins တွေအဖြစ်နဲ့သာဆက်ရှိနေကြရတော့မှာဖြစ်ပါတယ်

2.Velvet

Velvet စွဲကပ်ခြင်းဟာ ရေအရည်အသွေးကျဆင်းပြီး bacteria တွေကြောင့်ဖြစ်လာတဲ့
သေးငယ်တဲ့အဝါဖျော့ရောင်အမှုန်အမွှားလေးတွေဟာ ငါးရဲ့တစ်ကိုယ်လုံးမှာ ကပ်တွယ်နေပြီး
ငါးဟာ တစ်ကိုယ်လုံးကို မြစ်ချောင်းတွေထဲက
နွံအိုင်တွေထဲမှာမြင်ရတဲ့ ရွှံ့ဗွက်အနည်အနှစ်
မှုန်လေးတွေနဲ့လူးထားခံရသလိုပုံစံမျိုးနဲ့မြင်ရပါတယ်

3.Popeye

Bubble eyes ပုံစံလိုမျိုး betta ငါးတွေရဲ့
မျက်လုံးတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံး
အပြင်ကိုဖောင်းထွက်လာတာမျိုးဖြစ်ပြီး မျက်လုံးရဲ့အပြင်ဘက်အကျဆုံးအဝိုင်းနေရာမှာထူထဲတဲ့ အဖြူရောင် အနားသတ်အဝိုင်းနဲ့လည်း
ဖြစ်တက်လေ့ရှိပါတယ်

4.White Spot

Velvet spot တွေနဲ့ဆင်တူပြီး white spot တွေကတော့အနည်းငယ်ပိုကြီးပါတယ်

5.Fungal Infection

Fungal infection ကတော့ ရေအရည်အသွေး ညံ့နေတဲ့အခါ နောက်ဆက်တွဲ ဘက်တီးရီးယား နဲ့ pH level ဆိုးကျိုးတွေကြောင့် ငါးရဲ့ Mentality မှာ Stress ခံစားရတာနဲ့ ကျဥ်းကြပ်နေတဲ့ နေရာထဲမှာ အချိန်အကြာကြီး နေနေရတဲ့ Betta တွေနဲ့ တကောင်နဲ့တကောင် တိုက်ခိုက်ခံကြရလို့ ထိခိုက် ဒဏ်ရာရ ထားတဲ့ငါးတွေမှာ ဖြစ်တက်ပါတယ်

ပိုးချည်မျှင်လိုမျိုး အလွှာလိုက် အနေအထားရှိပြီ ငါးရဲ့ ခန္ဓာကိုယ်ပေါ်မှာဖြစ်ပေါ်နေတက်ပြီး အလွယ်တကူမြင်နိုင်ပါတယ် ဒီလက္ခဏာတွေအပြင် ငါးရဲ့ ပါးစပ် မေးစေ့နေရာနဲ့ ဦးခေါင်းတစ်ဝိုက်နေရာတွေမှာ အမျှင်လေးတွေ အစုအပြုံလိုက် ထွက်ပေါ်နေတက်တာမျိုးတွေလည်းဖြစ်လာပါတယ်

6.Bacterial Infection

ငါးတစ်ကောင်ရဲ့ antibody immune တွေ
အားလျော့လာတဲ့အခါ ဖြစ်လာတက်တဲ့
ဘက်တီးရီးယား ကနေတဆင့်ကူးစက်တဲ့
ရောဂါဖြစ်ပြီး ငါးရဲ့အကြေးခွံတွေဟာ
အပြင်ဘက်ကို ကားထွက်လာတဲ့ ပုံစံနဲ့
မြင်ရမှာပါ ငါးဟာ ရှိနေတဲ့အရောင်တွေ
ပျောက်သွားမှိန်သွားတက်ပြီး ရေကူးခက်ရာမှာ
အထောက်အပံ့ပေးတဲ့ swim bladder ကောင်းစွာအလုပ်မလုပ်တော့တာမျိုးဖြစ်လာပြီး
ဆူးတောင်ရေယက်တွေ ကုပ်ပြီးအစာလည်း သိပ်မစားနိုင်တော့သလို ရေကူးတဲ့အခါတွေမှာလည်း ခက်ခဲနေပါပြီ

7.Dropsy ( အကြေးခွံပွ ရောဂါ)

Bacterial infection symptom နဲ့ဆင်တူပေမယ့် Dropsy ရောဂါ ဟာပိုပြင်းထန်ပါတယ်
Dropsy ဖြစ်လာတဲ့ငါးတစ်ကောင်ဆိုရင်တော့
လက်လွှတ်ဆုံးရှုံးရဖိုးများတဲ့ငါးတစ်ကောင်
ဖြစ်သွားပါပြီ

Dropsy ဖြစ်လာတဲ့ငါးဟာ ရင်ဘက်ဧရိယာတွေ သိသာစွာအဆမတန်ဖောင်းလာပါတယ်
ရေကူးချင်စိတ် အစားစားချင်စိတ်မရှိတော့ပါဘူး
Dropsy ဖြစ်လာတဲ့ငါးတစ်ကောင်ဟာ
Treatment တွေလုပ်ရင် ခဏပြန်ကောင်းနိုင်ပြီး
အချိန်မရွေးရောဂါလက္ခဏာဟာ
ပြန်ပေါ်လာနိုင်ပါတယ်

Dropsy ဟာ ကူးစက်တက်တဲ့ရောဂါဖြစ်လို့
ရောဂါဖြစ်နေတဲ့ ငါးကို အခြားငါးတွေနဲ့အတူမထားသင့်ပါဘူး

8.SBD ( Swim Bladder Disorder)

ငါးတွေရေကူးရာမှာ ဟန်ချက်ညီအောင်ထိန်းပေးတဲ့ လေအိတ်တွေရှိပါတယ် ဒီလေအိတ်တွေယောင်တဲ့ ဝေဒနါခံစားရတဲ့ငါးတွေဟာရေကူးခက်သွားလာရာမှာ အဆင်မပြေတော့ပါဘူး တစ်နေရာကနေတစ်နေရာသွားဖို့ခက်ခဲစွာ ပုံမကျပန်းမကျကူးနေရပြီး
ရေပေါ် ပေါလောပေါ်နေတက်သလိုတခါတရံ ရေအောက်ကြမ်းပြင်မှာ ပုံစံတကျမရှိပဲ ငြိမ်နေရတက်ပါတယ်

9.Tuberculosis ( TB)

Betta fish တွေမှာအဖြစ်နည်းပေမယ့်ဖြစ်လာခဲ့ရင်တော့သက်တမ်းမြန်မြန်ကုန်ဆုံးတက်ပါတယ်
ငါးကနေတဆင့်လူကိုလည်းကူးစက်နိုင်တဲ့ အန္တရယ်ရှိပါတယ်

Tuberculosis ဟာ အထက်ကဖော်ပြခဲ့တဲ့ရောဂါလက္ခဏာတွေတော်တော်များများပြပြီး ကိုယ်တွင်းက အသက်ရှူ စနစ် အစာချေဖျက်မှုစနစ်တွေကို ပျက်စီးစေပြီး တော်တော်ဆိုးရွားတဲ့ ရောဂါတခုပါပဲ

Betta fish လေးတွေအတွက် ကောင်းမွန်တဲ့ နေထိုင်ရာ ပတ်ဝန်းကျင်လေးတွေ ဖန်တီးပေးနိုင်ကြပါစေ

credit bettamatrix
credit photo

Photos from Betta Hugo's post 19/04/2022
Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Crd to Org
Crd to Org
🐠🐟
How To Make Live Food For Betta Fish Fry At Home. 🐠
Beautiful butterfly and flowers

Category

Address

Mingaladon Baho Naing Ngan Yay
Yangon

Other Aquariums in Yangon (show all)
Keiki Aquariums Keiki Aquariums
No. 16, Tabin Shwe Htee Road, (12) Qtr, East Dagon
Yangon

Tropical Aquarium Fish For Sale

Scape Avenue Scape Avenue
Yangon, 1111

For aquascape hobbyists, aquarium fish and shrimp keepers.

The Ocean The Ocean
Thingangyun
Yangon, 11211

Japan ငါးမျှားတန်လက်က္ကားသီးသန့်ဖြန့်ချီရေး လက်လီလုံးဝမရောင်းပါဘူးခင်ဗျ

Scaper's Tank Scaper's Tank
Yangon

Love the nature and feel it...

Betta & Guppy Local Fish Shop Betta & Guppy Local Fish Shop
Yangon, 99

Local Fish pet shop

Aquatic Lens - Betta Farm Aquatic Lens - Betta Farm
Aung Thate Hti Street
Yangon

Aquaticlens

Chan Myae Aung Aquarium Chan Myae Aung Aquarium
No. 159 (A) Sapal Road 11word HlaingTharyar
Yangon

အလှမွေးရောင်းဝယ်ရေး

Min Khant Aquarium and Fish Shop Min Khant Aquarium and Fish Shop
နဝဒေး အမှတ်၂ စျေးလမ်း Cocacola စက်ရုံရှေ့ လှိုင်သာယာ မြို့နယ်
Yangon

အလှမွေးငါးများ ဟွန်းများကို စျေးနှုန်းသက်သာစွာနဲ့ ရောင်းချ ပေးနေပါသည်

Fishy Fishy Aquarium Shop Fishy Fishy Aquarium Shop
No 533, Heri 20th Street, South Okkalapa
Yangon, 110901

Naung Yoe Aquarium Naung Yoe Aquarium
Tharkayta
Yangon

Aquarium tanks

Pisces Guppy Fish Yangon Pisces Guppy Fish Yangon
Yangon, 11061

Cheap Rate

2 Flowers Aquarium 2 Flowers Aquarium
Yangon

အပင်ကန်ဝါသနာရှင်များအတွက် Knowledge sharing အတွက် ရည်ရွယ်ပါသည်။ ( ဆိုင် မဟုတ်ပါ )