Braces & Faces Aesthetic Dental Care

Braces and faces aesthetic dental care

21/01/2024

သွားညှိကုတယ်ဆိုတာ အလှအပကုထုံးဆိုတာထက် ပိုပါတယ် "

သွားညှိကုတယ်ဆိုလို့ ကြားလိုက်တာနဲ့ အားလုံးက သွားတွေကို ပုလဲလုံးလေးတွေ သီထားသလို လှပညီညာအောင် လုပ်ပေးတဲ့ ကုသမှုဆိုပြီး တန်းမြင်ကြမှာပဲ ။ သွားညှိကုသမှုဆိုရင် အလှအပနဲ့ဆိုင်တဲ့ကုသမှုပဲလို့ မြင်နေကြမယ်ထင်ပါတယ်။
ဒါပေမယ့် သွားညှိကုတဲ့ကုသမှုဟာ အလှအပကုသမှုဆိုတာထက်ကို ပိုနက်နဲပြီ ခံတွင်းကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာပေးတဲ့ကုသမှုတစ်ခုဖြစ်ပါတယ်။ ဆိုလိုတာက သွားညှိကုသမှုလုပ်လိုက်ရင် လှသွားတယ်ဆိုတာ မြင်သာလွန်းတဲ့ ရလဒ်တစ်ခုသာဖြစ်ပြီး အခြားသောကျန်းမာရေး ကောင်းကျိုးများစွာလည်း ရှိနေပါတယ်။

✅ အိပ်နေတဲ့အချိန်အသက်ရှူရပ်သွားတဲ့ဖြစ်စဥ်ကို ပြေလည်စေတယ်။

အိပ်နေတဲ့အချိန် အသက်ရှူရပ်သွားတာက အသက်အရွယ်မရွေး၊ လူတိုင်းမှာဖြစ်နိုင်ပါတယ်။ အိပ်နေတဲ့အချိန် အသက်ရှူရပ်တာက အပေါ်ပိုင်းအသက်ရှူလမ်းကြောင်း ပိတ်ဆို့သွားလို့ဖြစ်ပါတယ်။ ဒါဟာ အဝလွန်ခြင်း၊ ရင်ကြပ်ရောဂါရှိခြင်း စသဖြင့် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပေမယ့် ကျွန်တော်တို့ ခံတွင်းကျန်းမာရေးရူ့ထောင့်ကနေပြောရရင် အောက်မေးရိုးက အပေါ်မေးရိုးထက် တိုနေခြင်း၊ အာသီးအရွယ်အစားကြီးခြင်း၊ အာခေါင် အင်မတန်ကျဥ်းခြင်း၊ လျှာအရွယ်အစားကြီးခြင်း တို့ကြောင့် အိပ်နေစဥ်မှာ အသက်ရှူရပ်နိုင်ပါတယ်။
သွားညှိကုသမှုဟာ သွားတွေကို ညီညာစေရုံသာမက မေးရိုးများကိုပါ ပြေပြစ်လှပစေပြီး ခံတွင်းထဲက အာခေါင်၊ လျှာ စတဲ့ အစိတ်အပိုင်းများကိုလည်း အနေအထားမှန်ကန်သွားစေပါတယ် ။

✅ သွားပိုးစားခြင်း ၊ သွားဖုံးရောင်ခြင်း ၊ ခံတွင်းနံ့ဆိုးခြင်း ဖြစ်နိုင်ခြေတွေကို လျှော့နည်းသွားစေပါတယ် ။

သွားညှိကုသမှုခံယူတဲ့သူတော်တော်များများက ယေဘုယျအားဖြင့် သွားမညီလို့၊ သွားတွေထပ်လို့ ပြင်ကြတာများတယ်မလား။
သွားတွေက မညီညာပဲ သွားထပ်နေတဲ့အခါ ခံတွင်းသန့်ရှင်းရေးလုပ်ရတာ အရမ်းခက်ပါတယ်။ သွားမညီညာသူများဟာ သာမာန်သွားညီတဲ့လူတွေထက် ခံတွင်းထဲမှာ အစာတွေပိုကျန်လေ့ရှိပြီး ခံတွင်းနံ့ကိုလည်း ဆိုးရွားစေပါတယ် ။
ခံတွင်းထဲမှာ အစာတွေကျန်ပါများလာတဲ့အခါ မကောင်းတဲ့ဘက်တီးရီးယားများစွာ ပေါက်ဖွားတာကြောင့် သွားဖုံးတွေကိုလည်း ရောင်ရမ်းစေနိုင်ပြီး သွားဖုံးသွေးတွေလည်း ယိုလာနိုင်သလို ခံတွင်းနံ့ကလည်း ပိုမိုဆိုးရွားလာစေပါတယ် ။
သွားမညီ/သွားထပ်တဲ့သူတွေက သန့်ရှင်းရေးကောင်းတဲ့ဆိုရင်တောင် သာမန်လူတွေထက် သွားပိုးစားနိုင်ချေက နှစ်ဆလောက်မြင့်မားပါတယ် ။
သွားညှိကုသမှုခံယူပြီး သွားတွေညီသွားတဲ့အခါ ဒီပြဿနာတွေဟာ အလိုလိုဖြေရှင်းပြီးသားဖြစ်တဲ့အပြင် အပြုံးတွေဟာ ပိုမိုလှပလာမှာဖြစ်ပါတယ် ။

✅ မေးရိုးအဆစ်တွေ နာကျင်တာကို သက်သာလာစေပါတယ် ။

သွားမညီမညာဖြစ်တာဟာ အစာဝါးတဲ့ဖြစ်စဉ်နဲ့ မေးရိုးရွေ့လျားမှုကို ကမောက်ကမဖြစ်စေနိုင်ပြီး မေးရိုးအဆစ်တွေ နာကျင်နိုင်ပါတယ်။
သွားညှိကုသမှုခံယူပြီးတဲ့အခါ ဒီပြဿနာလည်း အလိုလိုဖြေရှင်းပြီးဖြစ်သလို အစားအစာဝါးတဲ့နေရာမှာလည်း အခက်အခဲရှိတော့မှာ မဟုတ်ပါဘူး ။

✅ သွားတွေ အကြောင်းမဲ့ကြိတ်တာကိုလည်း ပြေလည်စေတယ် ။

သွားမညီမညာဖြစ်တဲ့သူတွေမှာ အကြောင်းမဲ့ သွားတွေကြိတ်တာမျိုးတွေကိုလည်း တွေ့ရပါတယ် ။
သွားတွေကြိတ်တာဟာ အချိန်ကြာလာတဲ့အခါ သွားကြွေလွာများကို ပါးလာစေတဲ့အပြင် မေးရိုးအဆစ်တွေကိုပါ နာကျင်လာစေပါတယ် ။
သွားကြွေလွာများပါးလာတဲ့အခါ သွားကျဉ်တာကို ဆိုးဆိုးရွားရွားခံစားရမှာဖြစ်ပါတယ် ။

✅ ပါးစပ်နဲ့အသက်ရှူတဲ့အကျင့်ကိုလည်း သက်သာစေပါတယ်။
တချို့လူတွေမှာ နှာခေါင်းနဲ့အသက်မရူတော့ပဲ ပါးစပ်နဲ့ အသက်ရှူကြတာကို မြင်ဖူးကြမယ်ထင်ပါရဲ့ ။ ပါးစပ်နဲ့အသက်ရှူတာကို သွားမညီမညာဖြစ်တဲ့သူများမှာ တွေ့ရအများဆုံးဖြစ်ပါတယ်။
ပါးစပ်နဲ့ အသက်ရှူတာဟာ အဓိက ခံတွင်းကို ခြောက်သွေ့စေပါတယ် ။ ခြောက်သွေ့တဲ့ပါးစပ်ဟာ ခံတွင်းနံ့ကိုပိုဆိုးစေပါတယ် ။ တံတွေးနည်းတဲ့ပါးစပ်ဟာ သွားပိုးစားခြင်းဖြစ်နိုင်ချေကိုလည်း ပိုမိုမြင့်မားစေပါတယ် ။
သွားညှိကုသပြီးနောက် သွားများညီညာသွားတဲ့အခါ ပါးစပ်နဲ့အသက်ရှူတဲ့အကျင့်ကလည်း ပျောက်သွားနိုင်ပါတယ်။

သွားညှိကုတာက အလှအပအပြင် ခံတွင်းကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောင်းကျိုးတွေ အများကြီးပဲဆိုတာ သိကြပြီနော် ။
သွားညှိကုတာက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးလည်း အများကြီးတိုးတက်စေပါတယ် ။ အခုလိုသိသွားတော့လည်း အလှအပဆိုတာ သွားညှိကုတာရဲ့ အစိတ်အပိုင်းသေးသေးလေးတစ်ခုပဲနော် ။
နောက်ဆုံးမှာလိုက်ချင်တာကတော့ သွားညှိကုသမှုခံယူမယ့်လူဟာ စိတ်ရှည်ရမယ် ၊ ဇွဲရှိရမယ် ၊ နာကျင်မှုတွေကို ခံနိုင်ရမယ်။
အနာခံမှ အသာစံရမယ်ဆိုတာမျိုးဟာ သွားညှိကုတာပဲ ။
နောက်ဆုံးမှာတော့ ကျန်းမာလှပတဲ့အပြုံးတွေကို ပိုင်ဆိုင်ရမှာက ကိုယ်တိုင်ပဲလေ ။
အားလုံး ကျန်းမာလှပတဲ့အပြုံးတွေ ပိုင်ဆိုင်နိုင်ကြပါစေ ။

ချစ်ခြင်းဖြင့်သာ မျှဝေပါသည် ။

DR.MYOE.................................................................................
Braces & Faces Aesthetic Dental Care
🏩 Room 303, Building 3, Hotel Yangon, 8 mile, Yangon.
☎ 09256027897 , 09940008510 , 09785048510
📧 [email protected]

26/12/2023

အခုခေါတ်မှာ လူကြိုက်အများဆုံး၊ လူစိတ်ဝင်စားမှုအများဆုံး သွားအတုအမျိုးအစားကိုပြပါဆိုရင် ကြွေသားသီးသန့်သွားအတုအမျိုးအစားဖြစ်ပါတယ် ။

✅ ကြွေသားသီးသန့်သွားတုတွေဟာ သွားတုတွေထဲ အလှပဆုံး၊ အခိုင်ခန့်ဆုံးအမျိုးအစားဖြစ်ပါတယ်။
✅ သွားအတုအောက်ခံမှာ သတ္ထုမပါတော့တာကြောင့် ကြွေသားသီးသန့်သွားတုဟာ ပိုပေါ့ပါးပြီး အင်မတန်ကို လှပပါတယ် ။
✅ သွားအစွပ်များပြုလုပ်ခြင်းနဲ့ သွားအသေစိုက်ခြင်းများ (၂)မျိုးလုံးမှာ အသုံးပြုနိုင်ပါတယ်။
✅ အရှေ့သွား၊ အနောက်သွား အံသွားများ အားလုံးမှာ အသုံးပြုနိုင်ပါတယ် ။

Braces & Faces Aesthetic Dental Care မှာ သွားများကို သတ္ထုတိုင်ထည့်၍ သွားအသေစိုက်ခြင်း၊ သွယ်တန်း၍ သွားအသေစိုက်ခြင်း၊ သွားအရှင်စိုက်ခြင်း စတဲ့ ကုသမှုများကိုလည်း ကုသမှုပေးလျက်ရှိပါတယ်။
အခြားသော ကလေး/လူကြီး သွားနှင်းခံတွင်းကျန်းမာရေးပြဿနာများကိုလည်း ခင်မင်ရင်းနှီးစွာ ဆွေးနွေးကုသနိုင်ပါတယ်ရှင်

🏩 Braces & Faces Aesthetic Dental Care
Room 303, Building 3, Hotel Yangon, 8 mile, Yangon.
☎ 09256027897 , 09940008510 , 09785048510
📧 [email protected]

24/12/2023

ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်ကာလလေးမှာ အားလုံး နှလုံးစိဝ်ဝမ်းငြိမ်းချမ်းကြပါစေ ကျန်းမာပျော်ရွှင်ကြပါစေ လို့ Braces & Faces Aesthetic Dental Care မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်

20/12/2023

သွားအကြည်အစွပ် Invisalign လေးတွေနဲ့ သွားညှိကုသမှုလုပ်ကြမယ် 🦷🦷
Invisalign ဆိုတာ သွားညှိတဲ့ Bracesသတ္ထုအတုံးလေးတွေ၊ သတ္ထုဝါယာကြိုးလေးတွေမလိုပဲ အကြည်အစွပ်လေးတွေစွပ်ပြီး သွားညှိရတဲ့ သွားညှိကုသနည်းတစ်ခုဖြစ်ပါတယ်။ Invisalign ကုသမှုဟာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ သွားညှိကုသမှုတစ်ခုလည်းဖြစ်ပါတယ် ။

✅ Invisalign ရဲ့ အားသားချက်တွေကတော့ သွားညှိထားမှန်း မသိသာပဲ အစာစားတဲ့အချိန်၊ သန့်ရှင်းရေးလုပ်တဲ့အချိန်တွေမှာ လူနာကိုယ်တိုင်ဖြုတ်/တပ်လို့ရပြီး တပ်ထားရတာ အင်မတန် သက်တောင့်သက်သာရှိပါတယ်။
✅ Braces & Faces မှာ USA Made Invisalign တစ်မျိုးထဲကိုသာ အသုံးပြုပါတယ်နော်။
✅ သွားညှိအထူးကုဆရာဝန်ကိုယ်တိုင် ကုသမှုအစအဆုံးကို ကုသပေးတာမို့ ကုသမှုရလဒ်ကောင်းများရဖို့ အာမခံပါတယ် ။

နှစ်သစ်ကူးအထူးအစီအစဥ်အနေနဲ့ Invisalign ကုသမှုကို ဒီဇင်ဘာတစ်လလုံး 25% ထိ Discount ပေးသွားမှာမို့ သွားညှိချင်သူများအနေနဲ့ အမြန်ဆုံးလာရောက်ဆွေးနွေးကုသဖို့ ဖတ်ခေါ်ပါရစေ။

Braces & Faces Aesthetic Dental Care
🏩 Room 303, Building 3, Hotel Yangon, 8 mile, Yangon.
☎ 09256027897 , 09940008510 , 09785048510
📧 [email protected]

Photos from Braces & Faces Aesthetic Dental Care's post 17/12/2023

သွားတွေကို ကျဥ်စေတဲ့ အကြောင်းအရင်း (၅)ခု "

လူအများစုက သွားကျဉ်တာကို ခံစားနေရပြီဆိုရင်တောင် မစိုးရိမ်ကြပါဘူး ။ သွားကျဥ်လို့ ဆေးခန်းလာပြတယ်ဆိုတာ ရှားပါတယ် ။ သွားကျဥ်တဲ့အဆင့်ကိုကျော်သွားပြီး သွားကိုက်၊ သွားနာလာမှသာ ဆေးခန်းပြဖြစ်ကြတာပါ ။ တကယ်တော သွားကျဉ်တာဟာ အရေးကြီးတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ သွားကျဉ်တာဟာ သွားနှင့်ခံတွင်းရောဂါတစ်ခုရဲ့ အစလည်းဖြစ်နိုင်တာပဲ။
သွားကျဥ်တာခံစားရတာခြင်းအတူတူမှာ လူတစ်ယောက်နဲ့ တစ်ယောက် သွားကျဉ်ရတဲ့ အကြောင်းအရင်းကတော့ မတူနိုင်ပါဘူး။ ဒီနေ့ပြောပြမယ့် သွားကျဉ်ရတဲ့ အကြောင်းအရင်း (၅)ခုကို ဖတ်ကြည့်လိုက်ရင်တော့ သွားကျဉ်တာဟာ ပေါ့ပေါ့ဆဆနေသင့်တာမျိုးမဟုတ်ဘူးဆိုတာ သိသွားပါလိမ့်မယ် ။
ဒါဆိုရင် ကျွန်တော်တို့သွားတွေ ကျဉ်ရတဲ့အကြောင်းအရင်းတွေကို လေ့လာကြည့်လိုက်ကြရအောင်။

(၁) သွားပိုးစားခြင်း ။

သွားပိုးပေါက်တွေကြောင့် သွားကျဥ်တဲ့အကြောင်းကိုပြောဖို့ ကျွန်တော်တို့သွားရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကိုလည်း လိုရင်းတိုရှင်း အရင်ပြောပြချင်ပါတယ်။
ကျွန်တော်တို့သွားတွေကို လှပအောင်၊ ခိုင်မာအောင် အပြင်ဘက်ဆုံးကနေ အကာကွယ်ပြုထားတာက သွားရဲ့ "ကြွေလွှာ" ပါ။ သွားကြွေလွှာဟာ ကျွန်တော်တို့ခန္ဓာကိုယ်မှာ အမာဆုံးခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သွားကြွေလွှာရဲ့အောက်မှာ "ဆင်စွယ်နှစ်လွှာ" ဆိုတဲ့ ဆင်စွယ်ရောင် အလွှာတစ်ခုရှိတယ် ။ သွားရဲ့အတွင်းဆုံးထဲမှာတော့ အာရုံကြောတွေ၊ သွေးကြောတွေနဲ့ ဖွဲ့စည်းထားတဲ့ "မွှသွားလွှာ" ဆိုတဲ့ သွားအူတိုင်လေးရှိပါတယ် ။
ဒီတော့ သွားရဲ့ အပြင်ဘက် ကျွန်တော်တို့မြင်နေရတာ ကြွေလွှာ ။ သူ့အောက်မှာ ဆင်စွယ်နှစ်လွှာ ။ အတွင်းဆုံးအူတိုင်လေးကတော့ မွှသွားလွှာပေါ့နော် ။
ဒါကိုမြင်ပြီဆိုရင် ဆက်ဖတ်ရအောင်။
သွားပိုးစားတဲ့အခါ ကြွေလွှာကနေ စစားပါတယ်။ အဲ့ဒီအချိန် များသောအားဖြင့် သွားကျဥ်ခြင်း၊ သွားနာခြင်း စတဲ့ ဘာခံစားမှုကိုမှ သိရဦးမှာမဟုတ်ပါဘူး။ သွားကြွေလွှာမှာ သွားပိုးစားတာကို သတိမထားမိပဲ သွားမဖာမိဘူးဆိုရင် သွားပိုးစားတာက သွားရဲ့ဒုတိယအလွှာ ဆင်စွယ်နှစ်လွှာ ရောက်လာပါမယ် ။ ဆင်စွယ်နှစ်လွှာလေးဟာ သွားအတွင်းထဲက အာရုံကြောတွေနဲ့ အတော်နီးလာတာမို့ သွားဟာ အာရုံခံစားနိုင်ပြီး သွားစကျဉ်လာပါတော့တယ် ။
ဒီအခြေအနေမှာ သွားမဖာမိဘူးဆိုရင် မကြာခင် သွားနာ/သွားကိုက်လာတော့မှာ အသေအချာပါပဲ ။

(၂) သွားရဲ့ အပေါ်ယံကြွေလွှာများပျက်စီးခြင်း ။

သွားရဲ့ ကြွေလွှာတွေဟာ စားတာ၊ဝါးတာကြာလာတဲ့အခါ သို့မဟုတ် အသက်ကြီးလာတဲ့အခါ သဘာဝအတိုင်းလည်း ပျက်စီးတတ်ပါတယ် ။ အသက်ကြီးတဲ့လူတွေပြောလေ့ရှိကြတဲ့ မြန်မာစကားတောင်ရှိတာပဲ "ငါတို့က အံတိုနေပြီ" တဲ့ ။ အသက်ကြီးလာတာကြောင့် ကြွေလွှာတွေကုန်ပြီး သွားတွေဟာ တိုတိုလေးတွေဖြစ်လာတာပါ။
သွားကြွေလွှာတွေဟာ သဘာဝအတိုင်း ကုန်သွားတာ မှန်ပေမယ့် သွားကျဉ်တာကို ခံစားကြရပါတယ် ။ ဒီဖြစ်စဥ်ကို များသောအားဖြင့် အသက် (၄၅) နှစ်လောက်ကနေ ပျှမ်းမျှတွေ့ကြရပါတယ် ။
သဘာဝအတိုင်းမဟုတ်ပဲ သွားကြွေလွှာ ပြုန်းတဲ့သူတွေလည်းရှိတတ်ပါတယ်။ အထူးသဖြင့် ညဘက်အိပ်ရင်း သွားကြိတ်တာအကျင့်ရှိတဲ့သူများ ၊ ကွမ်းယာစားတဲ့သူများ ၊ အချဉ်စာကြိုက်သူများ၊ အစာအိမ်ရောဂါရှိသူများ၊ အစားစားချိန်မမှန်သူများ စတဲ့ လူများမှာ သွားကြွေလွှာပြုန်းတာကို အများဆုံးတွေ့ကြရပါတယ်။
သူတို့တွေမှာတော့ အရွယ်မတိုင်ခင် သွားကြွေလွှာတွေပြုန်းလေ့ရှိတာကြောင့် သွားကျဉ်တာအပြင် မေးရိုးနဲ့ဆိုင်တဲ့ပြဿနာများကိုပါ ကြုံတွေ့ရတတ်ပါတယ် ။

(၃) သွားအကျိုးအပဲ့များရှိခြင်း ။

သွားအကျိုးအပဲ့တွေဆိုတာ သွားပိုးစားတာကြောင့်လည်း ဖြစ်နိုင်သလို မတော်တဆ ထိမိ၊ခိုက်မိတာကြောင့်လည်း ဖြစ်နိုင်ပါတယ် ။
တစ်ခုခုနဲ့ တိုက်မိဆောင့်မိလို့ သွားကြွေလွှာတွေပဲ့သွားရင်လည်း သွားကျဉ်တတ်ပါတယ် ။
ဆရာဝန်နဲ့ တိုင်ပင်ပြီး သွားပဲ့သွားတဲ့နေရာကို ပြန်လည်ဖာထေးခြင်း သို့မဟုတ် သွားအစွပ်စွပ်ပေးခြင်းများကို လုပ်ပေးရမှာဖြစ်ပါတယ်။ လိုအပ်ပါက သွားအကြောထုတ်ကုသခြင်းများပြုလုပ်ရနိုင်ပါတယ်။

(၄) သွားဖာထားတဲ့ သွားတွေ ပြန်ပေါက်ခြင်း/ မလုံတော့ခြင်း ။

သွားတွေကျဉ်လို့ သွားတွေကတော့ ဖာလိုက်ပါပြီ။ ပစ်ထားလို့မရပါဘူး။ အမြဲတမ်း စနစ်တကျထိန်းသိမ်းပြီး စစ်ဆေးပေးရပါမယ်။ သွားဖာထားတဲ့ဆေးက ကွာသွားပြီး သွားဖာတာ ဟသွားခဲ့ရင် သွားပြန်ကျဉ်နိုင်ပါတယ်။
သွားဖာထားတဲ့သူတွေအနေနဲ့ သွားဖာတဲ့ဆေးက ကွာသွား/ဟသွားတာကို သံသယရှိပါက ချက်ချင်းဆေးခန်းပြန်ပြပေးပါဗျာ။

(၅) သွားအမြစ်တွေ ပေါ်နေခြင်း/ သွားဖုံးနိမ့်ခြင်း ။

ကျွန်တော်တို့သွားရဲ့ အမြစ်တွေကို သွားဖုံးတွေက အကာအကွယ်ပေးထားကြပါတယ် ။
သွားဖုံးတွေ အောက်ကိုကျသွားရင် သွားအမြစ်တွေ ပေါ်လာတော့တာပါပဲ ။ ဒါဆို သွားအမြစ်တွေဟာ အကာအကွယ်မရှိတော့ပဲ သွားကျဉ်တာကို ခံစားရပါတော့တယ် ။
သွားဂျိုးတွေကြောင့် /သွားဖုံးရောင်တာကြောင့် သွားဖုံးတွေ အောက်ကိုနိမ့်ကျသွားပြီး သွားအမြစ်တွေပေါ်လာတတ်ပါတယ်။ ဒီလိုအခြေအနေကို သန့်ရှင်းရေးအားနည်းတဲ့သူများမှာ တွေ့ရအများဆုံးဖြစ်ပါတယ်။
နောက်ထပ်သွားဖုံးများ နိမ့်ကျရတဲ့အကြောင်းအရင်းကတော့ စနစ်မှန်သွားတိုက်နည်းဖြင့် သွားမတိုက်ပဲ သွားကို ကန့်လန့်ဖြတ်ကြီး တချိန်လုံးတိုက်နေမယ်ဆိုရင် သွားဖုံးတွေစုတ်ပြတ်သတ်ပြီး သွားအမြစ်တွေပေါ်လာတတ်ပါတယ်။ ဒီလိုကန့်လန်ဖြတ်ပြီး သွားတိုက်နေရင် သွားအမြစ်တွေပေါ်လာတာအပြင် သွားနဲ့သွားဖုံးဆက်သောနေရာ သွားအခြေမှာ အချိုင့်ရာ/ အပြတ်ရာတွေပါ ဖြစ်လာတတ်ပါတယ် ။
ဒါဆို သွားပိုကျဉ်ပြီပေါ့ ။.............................................................................

သွားကျဥ်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်း (၅)ခုကို လေ့လာပြီးသွားပြီဆိုတော့ သွားကျဥ်တာက ပေါ့ပေါ့သေးသေးမဟုတ်ဘူးဆိုတာ မိတ်ဆွေတို့ ဗဟုသုတရမယ်လို့ထင်ပါတယ်ဗျာ ။
အခုဆိုရင် ရာသီဥတုကလည်း အေးလာပြီဆိုတော့ သွားကျဥ်ခြင်းတွေပိုဖြစ်နိုင်တဲ့ အချိန်အခါဖြစ်ပါတယ်။
သွားကျဥ်ခြင်းကို ခံစားရတဲ့မိတ်ဆွေများအနေနဲ့လည်း မပေါ့ဆပဲ သွားနှင့်ခံတွင်းဆေးခန်းမှာ သွားကျန်းမာရေးစစ်ဆေး၍ လိုအပ်ပါက စောစီးစွာ ကုသမှုခံယူကြဖို့ အကြံပြုလိုက်ရပါတယ်ခင်ဗျာ ။

ချစ်ခြင်းဖြင့်သာ မျှဝေပါသည်။
DR.MYOE

Braces & Faces Aesthetic Dental Care
🏩 Room 303, Building 3, Hotel Yangon, 8 mile, Yangon.
☎ 09256027897 , 09940008510 , 09785048510
📧 [email protected]

07/12/2023

Braces တပ်တဲ့ ပထမဆုံးနေ့မှာ သက်တောင့်သက်သာရှိအောင် ဒါလေးတွေလုပ်ပါနော် ❤

Braces & Faces Aesthetic Dental Care
🏩 Room 303, Building 3, Hotel Yangon, 8 mile, Yangon.
☎ 09256027897 , 09940008510 , 09785048510
📧 [email protected]

03/12/2023

" သွားညှိထားတဲ့သူတိုင်း ရှောင်သင့်သော အစားအစာများ"

သွားညှိကုသမှုခံယူနေတဲ့သူတွေအားလုံးမှာ ကုသမှုများကြောင့် နေရခက်တာမျိုး၊ အနည်းငယ်နာကျင်ရတာမျိုးလေးတွေရှိကြတယ်ဆိုပေမယ့် အခက်အခဲဆုံးအပိုင်းက အစားအသောက် ရှောင်ရခြင်းပါပဲ ။
တချို့သောအစားအစာတွေဟာ သွားညှိကုသမှုမှာ အသုံးပြုတဲ့ Brace သတ္ထုကြိုးလေးတွေ၊ သတ္ထုတုံးလေးတွေကို လျော့ရဲစေပြီး ပြုတ်ထွက်သွားစေနိုင်လို့ဖြစ်ပါတယ်။ သတ္ထုကြိုးလေးတွေ၊ သတ္ထုတုံးလေးတွေ ပျက်စီးသွားတာ၊ ပြုတ်ထွက်သွားတာတွေ ဖြစ်ရင် ကုသမှုရက်ချိန်းတွေ ခဏခဏသွားရခြင်း၊ သွားညှိကုသမှုအချိန် ပိုကြံ့ကြာ​ခြင်း၊ ထိမိခိုက်မိ​ခြင်းနဲ့ တခြားသောခံတွင်းကျန်းမာရေးပြဿနာတွေကိုလည်း ကြုံတွေ့နိုင်ပါတယ် ။ ဒါကြောင့် သွားညှိကုသမှုခံယူနေတဲ့လူနာများအနေနဲ့ မိမိကြိုက်တဲ့အစားအစာတွေကို သွားညှိကုသမှုပြီးဆုံးသည်အထိ လအတန်ကြာ ရှောင်ထားရပါမယ် ။
ဒါဆိုရင် ကျွန်တော်တို့ရဲ့ သွားညှိကုသမှုကို အနှောက်အယှက်အပေးနိုင်ဆုံး အစားအသောက်အမျိုးအစားတွေကို လေ့လာကြည့်ရအောင် ။

✅ စေးကပ်သောအစားအသောက်များ

စေးကပ်တဲ့ အစားအသောက်တွေဟာ သွားညှိကုသမှုရဲ့အသက်ဖြစ်တဲ့ Brace သတ္ထုတုံးလေးတွေ၊ သတ္ထုဝါယာကြိုးလေးတွေမှာ လွန်စွာကပ်ညှိလွယ်ပြီး အင်မတန်ကို သန့်ရှင်းရေးလုပ်ရခက်ပါတယ်။ စေးကပ်တဲ့အစားအသောက်တွေကိုစားတဲ့အခါ သန့်ရှင်းရေးကောင်းတဲ့သူတွေမှာတောင် အစာကြွင်းအစာကျန်တွေကျန်တတ်တာမို့ ခံတွင်းသန့်ရှင်းရေးအားနည်းလာပြီး ရေရှည်မှာ ခံတွင်းနံ့ဆိုးခြင်း၊ သွားဖုံးရောင်ခြင်း၊ သွားပိုးစားခြင်း စတဲ့ခံတွင်းကျန်းမာရေးပြဿနာများကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။
သွားညှိထားသူများရှောင်သင့်တဲ့ စေးကပ်သောအစားအစာများကတော့ Gummy candy၊ ပီကေ၊ Caramels၊ သကြားလုံးအမျိုးမျိုး၊ Lollipops များဖြစ်ပါတယ် ။

✅ မာသော/ ကြာကြာဝါးရသောအသီးအရွက်များ

သွားညှိကုသမှုခံယူတဲ့အခါ အသီး၊အရွက်တွေကို တဂျွမ်းဂျွမ်းဝါးတတ်တဲ့အကျင့်ရှိရင် ပြင်ရပါမယ်။ သတ္ထုတုံးတွေ၊ သတ္ထုဝါယာကြိုးတွေကို အဓိကပျက်စီးစေနိုင်တဲ့ အသီးတွေကတော့ ပန်းသီး၊ ခါကြက်ဥ(ဥနီ)၊ ပြောင်းဖူး နဲ့ ပန်းမုန်လာဖြစ်ပါတယ် ။
ဒီအသီးအရွက်တွေကို စားတဲ့အခါ ဓားဖြင့် ခပ်သေးသေး အစိတ်စိတ်ပြီး ဖြေးဖြေးချင်း စားသင့်ပါတယ်။

✅ မာသော၊ ထူသော ပေါင်မုန့်/ မုန့်ကြွပ်များ

ပေါင်မုန့်လိပ်ထူထူကြီးတွေ၊ မုန့်ကြွပ်မာမာကြီးတွေကို ကိုက်စားတာကလည်း Brace တွေအပေါ်မှာ ဖိအားများသက်ရောက်စေနိုင်ပြီး Brace များကို လျော့ရဲပြုတ်ထွက်သွားစေနိုင်ပါတယ်။ အခန့်မသင့်ရင် သွားများပါ နာလာတတ်ပါတယ်။
ဒါကြောင့် ပေါင်မုန့်လိပ်၊ ဘာဂါ၊ ဆန်းဝှစ်၊ ပီဇာ၊ မုန့်ကြွပ်များကို အရင်လို အားရပါးရ ကိုက်ချစားသောက်ခြင်းကိုလည်း ရှောင်ပေးပါခင်ဗျာ။

✅ ကြွပ်ယွသောအစားအစာများ

ကြွပ်ယွတဲ့အစားအစာတွေဟာ သွားကြား၊ Brace (သတ္တုတုံး) နဲ့ သတ္ထုကြိုးတွေကြား ညှပ်သွားကာ သပ်သျှိုသကဲ့သို့ဖြစ်သွားနိုင်ပြီး Brace နဲ့ သတ္ထုဝါယာများကို ပြုတ်ထွက်ပျက်စီးစေနိုင်ပါတယ်။ တချို့ကြွပ်ယွတဲ့အစားအစာတွေဟာ သွားတွေကို ချုပ်ထားတဲ့ သတ္ထုကြိုးတွေကို ကွေးသွားစေနိုင်ပြီး သွားညှိနေတဲ့ကုသမှုကို နှေးကွေးသွားစေနိုင်ပါတယ်။
သွားညှိထားတဲ့သူတွေရှောင်သင့်တဲ့ ကြွတ်ယွတဲ့အစားအသောက်တွေကတော့ အာလူးကြော်၊ စာကလေးကြော်၊ အစုံကြော်၊ အစေ့အဆံများ၊ ပြောင်းဖူးပေါက်ပေါက်၊ ကွတ်ကီးများ တို့ပဲဖြစ်ကြပါတယ်။

✅ မာသောအသားများ/ အရိုးများ

သွားညှိထားသူများဟာ အရိုးကိုက်ခြင်း (ဥပမာ ကြက်တောင်ပံကိုက်ခြင်း) နဲ့ အမျှင်များပြီး မာတဲ့၊ ကြာကြာဝါးရတဲ့ အမဲသားလိုအသားများ စားတာကိုလည်း ရှောင်ရပါမယ်ဗျ ။
အရိုးကိုက်တာ၊ အသားမာမာကို ကြာကြာ ဝါးစားတာတွေဟာ Brace တွေ ပျက်စီးရတဲ့ အဓိကအကြောင်းအရင်းတွေဖြစ်နေကြလို့ပါ။

✅ အရောင်စွန်းစေသော အစားအသောက်များ

သွားညှိကုသမှုခံယူနေတဲ့သူတွေက ကော်ဖီ၊ လက်ဖက်ရည်လို အရောင်စွန်းစေတဲ့ အစားအသောက်တွေကိုလည်း ရှောင်သင့်ပါတယ် ။ အထူးသဖြင့် Brace အကြည်လေးတွေကို ရွေးထားတဲ့ လူနာတွေအနေနဲ့ ပို၍ရှောင်သင့်ပါတယ်။
တခါတရံစားဖြစ်တယ်ဆိုရင်လည်း စားပြီးတာနဲ့ ချက်ချင်းသန့်ရှင်းရေးလုပ်သင့်ပါတယ်ဗျာ ။
သွားညှိထားတဲ့သူများ ရှောင်ရမယ့် အရောင်စွန်းစေတဲ့အစားအသောက်တွေကတော့ ကော်ဖီ၊ လက်ဖက်ရည်၊ အရောင်ပါတဲ့ဖျော်ရည်၊ ခရမ်းချဥ်သီးဆော့စ်များ၊ ဘယ်ရီသီးများ ။

✅ အချိုကဲသောအစားအသောက်များ

အချိုဓာတ်က သွားတွေအတွက် မကောင်းဘူးဆိုတာ အားလုံးသိပြီးဖြစ်မှာပါ ။ သွားညှိထားတဲ့အချိန်မှာ ခံတွင်းသန့်ရှင်းရေးဟာ အရင်ကထက် ပိုလုပ်ရခက်တာကြောင့် ချိုလွန်းသော အစားအသောက်တွေကို ရှောင်ထားသင့်ပါတယ်ဗျ ။
သွားညှိထားစဥ်မှာ ချိုလွန်းသောအစားအသောက်များကို စာလွန်းပါက သွားညှိကုသမှုမပြီးခင်မှာပဲ သွားပိုးစားလာနိုင်ပါတယ်။

✅ အစားအသောက်မဟုတ်ပဲ မကိုက်ရ

တချို့လူတွေဟာ တခုခုကို ကိုက်နေတတ်တဲ့ အကျင့်ရှိတတ်ပါတယ် ။ ဒီအကျင့်ဟာလည်း ကျွန်တော်တို့ရဲ့ Brace တွေကို အပျက်စီးစေဆုံး အချက်တွေထဲက တစ်ခုဖြစ်ပါတယ်။
ဒါကြောင့် ခဲတံ၊ ဘောပင်၊ ပေတံ၊ အင်္ကျီကြိုးများ၊ ဆံပင်၊ အအေးသောက်တဲ့ပိုက် စတဲ့ အရာများကို ကိုက်ခြင်းမှ ရှောင်ကျဥ်ပါဗျာ ။...............................................................................

နောက်ဆုံးအနေနဲ့မှာချင်တာကတော့ သွားညှိကုသမှုလုပ်နေသူများအနေနဲ့ အခုလို အစားအသောက်အနေအထိုင်ကို ဂရုစိုက်တာအပြင် ခံတွင်းသန့်ရှင်းရေးကို အထူးဂရုစိုက်သင့်ပါတယ်။ မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ (၃)ကြိမ်ခန့် အနည်းဆုံးသွားတိုက်ပေးရပါမယ် ။ Brace ကြားတွေ၊ သွားကြားတွေ ၊ သတ္ထုကြိုးကြားတွေလည်း သန့်ရှင်းနေအောင် Dental Floss / Interdental Floss/ Water Floss/ ပလုတ်ကျင်းဆေးရည်- Mouthwash များကိုလည်း နေ့စဥ်အသုံးပြု၍ သန့်ရှင်းဖို့ အကြံပြုချင်ပါတယ် ။
အစားအသောက်များကြောင့်ဖြစ်စေ၊ အခြားသောအကြောငအရင်းများကြောင့်ဖြစ်စေ Brace သတ္ထုတုံးလေးတွေ၊ သတ္ထုဝါယာကြိုးလေးတွေ ပြုတ်ထွက်ခြင်း၊ ညှိခြင်း၊ ချောင်လာခြင်း၊ ကွေးသွားခြင်း စတဲ့ ​ပြဿနာတွေကြုံရတဲ့အခါ မိမိပြနေတဲ့ သွားညှိအထူးကုဆရာဝန်ထံကို အကြောင်းကြားပေးပါခင်ဗျာ ။

ကဲ သွားညှိထားသူတို့ရေ ဒီစာဖတ်ပြီး ငါတို့တော့ ဘာမှစားစရာမရှိတော့ဘူးလို့ တွေးပြီးစိတ်ညစ်သွားလား ။
ဟော့ပေါ့တို့ မာလာရှမ်းကောတို့ကို ရှောင်ခိုင်းတာမှမဟုတ်ပဲ။ ဘာစိတ်ဓာတ်ကျစရာလိုသလဲနော် ။
ဒီလိုပဲ ရာသီတွေကုန်ဆုံးသွားတဲ့အခါ သွားလေးတွေဟာ ကျန်းမာလှပလာပြီး သွားညှိကုသမှုကလည်း မနေ့တစ်နေ့ကလိုပဲ ပြီးသွားပါလိမ့်မယ် ။
အားလုံး ကျန်းမာလှပတဲ့ သွားလေးတွေပိုင်ဆိုင်ကြပါစေဗျာ ။

DR. MYOE...........................................................................
Braces & Faces Aesthetic Dental Care
🏩 Room 303, Building 3, Hotel Yangon, 8 mile, Yangon.
☎ 09256027897 , 09940008510 , 09785048510
📧 [email protected]

28/11/2023

📸 Look at this post on Facebook
https://www.facebook.com/share/7ztZWDy19V5HTDa3/?mibextid=xfxF2i

25/11/2023

တန်ဆောင်မုန်းလပြည့် တနင်္လာနေ့ ဆေးခန်းတစ်ရက် ပိတ်ပါတယ်နော်

12/11/2023

WE ARE HIRING!
🟦Dental Assistant ( သွားဆရာဝန်၏အကူ အမျိုးသမီး၊ နှစ်ဦး )

လျှောက်ထားရန်အတွက် လိုအပ်ချက်တွေကတော့

-အသက် ၁၈နှစ်ပြည့်ပြီးသူဖြစ်ပြီး အသက် ၃၀ နှစ်ထက် မကြီးသူ
-အိမ်ထောင်မရှိသူ
-တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူ သို့မဟုတ် တက္ကသိုလ်ဝင်တန်း ဖြစ်ပြီး ပညာရေးကင်းရှင်းသူ
-သင်ယူတတ်မြောက်လိုစိတ်ရှိ၍ ရိုးသားကြိုးစားစွာလုပ်ကိုင်နိုင်သူ
-စကားအပြောအဆိုပြေပြစ်၍လူမှုဆက်ဆံရေးကောင်းမွန်သူ
-အနည်းဆုံးတစ်နှစ်မှ စ၍လုပ်ကိုင်နိုင်သူ
- 8 မိုင် အနီးအနားနေထိုင်သူကို ဦးစားပေးပါမည်
စိတ်ပါဝင်စား၍ လျှောက်ထားလိုပါက
- ကိုယ်ရေးအကျဉ်း ( CV )
- မှတ်ပုံတင်မိတ္တူ
- ( ၆ ) လအတွင်း ရိုက်ကူးထားသော ဓာတ်ပုံ ( ၂ ) ပုံနှင့်အတူ အောက်ဖော်ပြပါ လိပ်စာသို့ လူကိုယ်တိုင်
လာရောက် လျှောက်ထားရန် လိုအပ်ပါသည်။
Braces & Faces Aesthetic Dental Care
Room 303, Building 3, Hotel Yangon, 8 mile, Yangon
09256027897
09940008510

07/11/2023

သွားလေးတွေ ညီညာလှပချင်ပေမယ့်
အများကြီးအကုန်အကျမခံနိုင်သူတွေအတွက်
𝙀𝒗𝙚𝒓𝙮 ~ ( Mᴏɴᴅᴀʏ , Wᴇᴅɴᴇsᴅᴀʏ , Sᴀᴛᴜʀᴅᴀʏ ) တိုင်းမှာ 𝑩𝙪𝒅𝙜𝒆𝙩 𝘽𝒓𝙖𝒄𝙚𝒔 နဲ့ စျေးသက်သက်သာသာနဲ့ သွားညိှလို့ရနေပါပြီ
𝑭𝙤𝒓 𝒎𝙤𝒓𝙚 𝙞𝒏𝙛𝒐 @
Braces & Faces Aesthetic Dental Care
📞 Hotline Number : 09256027897 , 09940008510 , 09785048510
Room 303, Building 3, Hotel Yangon, 8 mile, Yangon.
[email protected]

20/10/2023

မဂ်လာရှိသော သီတင်းကျွတ်အချိန်အခါသမယမှာ လူကြီးမိဘဆရာသမားများအားလုံး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်မေတ္တာ ပို့သအပ်ပါတယ်ရှင်
🙏🙏🙏

သီတင်းကျွတ် လပြည့်နေ့ တစ်ရက်တည်းသာ ဆေးခန်းပိတ်မည်ဖြစ်ပြီး ၃၀.၁၀.၂၀၂၃ တနင်္လာနေ့မှစ၍ ပုံမှန်အတိုင်း ဆေးခန်းပြန်လည်ဖွင့်မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်ရှင့် . . .

06/10/2023

ဗမာ စကားမတတ်တဲ့ တရုတ်လူနာတွေအတွက် စကားပြန်မပါလို့ စိတ်ပူစရာမလိုပါဘူး
တရုတ်လို ကျွမ်းကျင်စွာ ပြောနိုင်ပြီး တရုတ်လူနာတွေ အရမ်းသဘောကျကြတဲ့ အရမ်းတော်တဲ့ တရုတ်လူမျိုးဆရာနဲ့ Braces & Faces မှာ ပြလို့ရပါတယ်နော်

🦷🦷🦷လောက်ကိုင်ကနေ လာပြီး Implants တွေ ဒီနေ့ စိုက်သွားတဲ့ အစ်ကို ကို Braces & Faces မှ အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်

Photos from Braces & Faces Aesthetic Dental Care's post 30/08/2023

🦷Direct Composite Veneer🦷
သွားအရောင် မကြိုက်လို့ဘဲဖြစ်ဖြစ် သွားစောင်းနေတာကို မကြိုက်လို့ပဲဖြစ်ဖြစ် Braces & Faces ကို သတိရလိုက်ပါနော်
Braces & Faces က သင့်စိတ်တိုင်းကျ အလှဆုံးဖြစ်အောင် ပြုလုပ်ပေးမယ့် ကျွမ်းကျင် ဆရာဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးကုသမှုခံယူပြီး အလှဆုံးအပြံုးတွေ ဖန်တီးလိုက်ကြရအောင်နော်

Photos from Braces & Faces Aesthetic Dental Care's post 26/08/2023

Implant Day by Dr. Moe Htet
တနေ့လည်လုံးအချိန်ပေးပြီး ဆွေးနွေးပေး Implant တွေထည့်ပေးတဲ့ Implant အထူးကု ဆရာ Dr. Moe Htet ကို အထူးကျေးဇူးတင်ပါတယ် 🙏🏻🙏🏻🙏🏻💕

17/08/2023

သွားလေးတွေ ညီညာလှပချင်ပေမယ့်
အများကြီးအကုန်အကျမခံနိုင်သူတွေအတွက်

𝙀𝒗𝙚𝒓𝙮 𝙎𝒂𝙩𝒖𝙧𝒅𝙖𝒚 တိုင်းမှာ 𝑩𝙪𝒅𝙜𝒆𝙩 𝘽𝒓𝙖𝒄𝙚𝒔 နဲ့ စျေးသက်သက်သာသာနဲ့ သွားညိှလို့ရနေပါပြီ
𝙎𝒂𝙩𝒖𝙧𝒅𝙖𝒚 ပဲ ရမှာနော် . . .

𝑭𝙤𝒓 𝒎𝙤𝒓𝙚 𝙞𝒏𝙛𝒐 @
Braces & Faces Aesthetic Dental Care
📞 Hotline Number : 09256027897 , 09940008510 , 09785048510
Room 303, Building 3, Hotel Yangon, 8 mile, Yangon.
[email protected]

17/08/2023

သွားစိုက်လိုက်ခြင်းကြောင့် မျက်နှာအလှအပ ပြည့်စုံသွားရုံမက အစာစားရဝါးရအဆင်ပြေတာကြောင့် ကျန်းမာတဲ့ခန္ဓာကိုယ်ကိုပါ ရရှိစေနိုင်ပါတယ်

Braces & Faces မှာ နောက်ဆုံးပေါ်နည်းပညာဖြစ်တဲ့ Digital Scanning နဲ့ ပုံယူပြီး သွားတုပြုလုပ်ပေးတာဖြစ်တဲ့အတွက် တိကျလှပပြီး မြန်ဆန်တဲ့ သွားတုလေးတွေ စိုက်နိုင်မှာဖြစ်ပါတယ်

လှပတဲ့သွားလေးတွေနဲ့ ပြန်လည်အစားထိုးသွားစိုက်ချင်တယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေကိုယ်တိုင် ကုသပေးပြီး ခေတ်မီနည်းပညာတွေကို အသုံးပြုတဲ့ Braces & Faces ကိုသာ သတိရလိုက်ပါနော်

03/08/2023

သွားပိုးတွေစားနေလို့ လူကြားထဲသွားပေါ်အောင်ရီဖို့ ယုံကြည်မှုတွေ ပျောက်ဆုံးနေပါသလား 🫢
ဘယ်လောက်ဆိုးနေတဲ့သွားဖြစ်ပါစေ ဖာထားမှန်းအသိအောင် နဂိုအတိုင်းလှလှပပလေးဖြစ်အောင် ဖာပေးဖို့ Braces & Faces က တာဝန်ယူပါတယ်
ယုံကြည်မှုအကြည့်ရှိတဲ့ အပြုံးလေးတွေအတွက် Braces & Faces ကို သတိရလိုက်ပါနော် 🦷🦷

01/08/2023

ယနေ့ မှာကျရောက်သော
"ဝါဆိုလပြည့်နေ့" မှာ
(၇)ရက်သားသမီးအပေါင်း
စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး ဘေးအန္တရာယ်အပေါင်း မှကင်းဝေးပါစေကြောင်း Braces & Face Braces & Faces Aesthetic Dental Care မိသားစု မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ရှင့် 🙏🙏🙏


#ဓမ္မစကြာအခါတော်နေ့
#ဝါဆိုလပြည့်

27/07/2023

ဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်
သူတော်စင်များအားလုံး စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး
ကုသိုလ်ကောင်းမှုများ စဉ်ဆက်မပြတ်
ပွားများလှူဒါန်းနိုင်ကြပါစေကြာင်း
ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်
(1.8.2023) ဝါဆိုလပြည့်နေ့တွင် ဆေးခန်းတစ်ရက် ပိတ်ပါတယ်နော် . . .

Braces & Faces Aesthetic Dental Care
📞 Hotline Number : 09940008510, 09785048510, 09256027897
Room 303, Building 3, Hotel Yangon, 8 mile, Yangon.
[email protected]

Photos from Braces & Faces Aesthetic Dental Care's post 04/07/2023

Wow ဘယ်လောက်လှပသပ်ရပ်တဲ့ လက်ရာလဲ 🤩🤩

လူနာက ဆီးချိုရှိပေမယ့် HbA1C သိပ်မများ
အရိုးတွေကလည်းကောင်းနေလို့ ဒီနေ့ထည့်လိုက်တဲ့ Case လေးပါ
သွားစိုက်နည်းထဲက အကောင်းဆုံး သွားစိုက်နည်း Dental Implant နဲ့ သွားစိုက်ချင်တယ်ရင်တော့ Braces & Faces ကိုသာ ယုံကြည် စိတ်ချစွာ လှမ်းလာခဲ့လိုက်တော့နော်

Photos from Braces & Faces Aesthetic Dental Care's post 04/07/2023

🦷ကြီးသွားလေးတွေ ပေါက်ရမယ့်အချိန်မှာ မပေါက်ဘဲ ကြာနေရင် သွားဆရာဝန်ဆီမှာ အချိန်မီ စစ်ဆေးကြည့်သင့်ပါတယ်နော်
👉လိုအပ်ရင် ဓာတ်မှန်ရိုက်ကြည့်ပြီး ရှိ မရှိ ကြည့်ဖို့လိုပါလိမ့်မယ်
👉ရေု့မှာ အတားအဆီးတခုခုကြောင့် မပေါက်နိုင်တာမျိုးဆိုရင် အဲဒီ အတားအဆီးကို အချိန်မီ ဖယ်ပေးရုံနဲ့ ကြီးသွားလေး သူ့ဘာသာသူ ထွက်လာနိုင်ပါလိမ့်မယ်
👉နောက်ကျသွားရင်တော့ သူ့ဘာသာသူထွက်မလာနိုင်တော့တဲ့အတွက် Orthodontic Extrusion လို့ခေါ်တဲ့ သွားညှိကုသမှုနဲ့ အရိုးထဲမြုပ်နေတဲသွားလေးကို နေရာမှန်ရောက်အောင် ဆွဲချရပါတယ်
👇👇👇အခု case လေးက အရိုးထဲမှာမြုပ်နေပြီးမထွက်နိုင်တဲ့ ရှေ့သွားလေးကို Orthodontic Extrusion နဲ့ ဆွဲချပြီး နေရာမှန်ရောက်အောင် ပြုပြင်ထားတဲ့ ကုသမှုပြီးခါနီး case ပါ

03/07/2023

🦷ကြီးသွားလေးတွေ ပေါက်ရမယ့်အချိန်မှာ မပေါက်ဘဲ ကြာနေရင် သွားဆရာဝန်ဆီမှာ အချိန်မီ စစ်ဆေးကြည့်သင့်ပါတယ်နော်
👉လိုအပ်ရင် ဓာတ်မှန်ရိုက်ကြည့်ပြီး ရှိ မရှိ ကြည့်ဖို့လိုပါလိမ့်မယ်
👉ရေု့မှာ အတားအဆီးတခုခုကြောင့် မပေါက်နိုင်တာမျိုးဆိုရင် အဲဒီ အတားအဆီးကို အချိန်မီ ဖယ်ပေးရုံနဲ့ ကြီးသွားလေး သူ့ဘာသာသူ ထွက်လာနိုင်ပါလိမ့်မယ်
👉နောက်ကျသွားရင်တော့ သူ့ဘာသာသူထွက်မလာနိုင်တော့တဲ့အတွက် Orthodontic Extrusion လို့ခေါ်တဲ့ သွားညှိကုသမှုနဲ့ အရိုးထဲမြုပ်နေတဲသွားလေးကို နေရာမှန်ရောက်အောင် ဆွဲချရပါတယ်
👇👇👇အခု case လေးက အရိုးထဲမှာမြုပ်နေပြီးမထွက်နိုင်တဲ့ ရှေ့သွားလေးကို Orthodontic Extrusion နဲ့ ဆွဲချပြီး နေရာမှန်ရောက်အောင် ပြုပြင်ထားတဲ့ ကုသမှုပြီးခါနီး case ပါ

Braces & Faces Aesthetic Dental Care Braces and faces aesthetic dental care

30/06/2023

🦷Tongue Tie ဆိုတာ ဘာလဲ
Tongue Tie ဆိုတာ လျှာအောက်က တစ်ရှူးလေးက ထူပြီး တိုနေတဲ့အတွက် လျှာက ကောင်းကောင်းလှုပ်ရှားလို့မရတာကို Tongue Tie လို့ခေါ်ပါတယ်

🦷Tongue Ties ကြောင့် ဘာတွေဖြစ်နိုင်လဲ
လျှာရဲ့လှုပ်ရှားမှုကို ချုပ်ထားတာကြောင့်
👉စကားမပီတာ
👉ပါးစပ်ထဲကအစာတွေကို ကောင်းကောင်းသန့်ရှင်းရေး မလုပ်နိုင်တာကြောင့်
သွားပိုးစားနိုင်တာ သွားဖုံးရောင်နိုင်တာအပြင်

လျှာက အာခေါင်မှာ တွန်းမထားနိုင်တဲ့အတွက်
👉အပေါ်မေးရိုးကျဉ်းပြီးသွားထပ်တာ
👉အောက်သွားကျဲတာတွေ ဖြစ်နိုင်ပါတယ်

🦷 Tongue Tie ကို ဖယ်ရှားခြင်းဖြင့် ဘာအကျိုးကျေးဇူးရမလဲ
လျှာက ကောင်းစွာလှုပ်ရှားနိုင်မှာဖြစ်လို့ ခံတွင်းသန့်ရှင်းရေး ကောင်းစွာလုပ်နိုင်ပြီး ကြီးထွားနေဆဲ ကလေးတွေမှာ အပေါ်မေးရိုး ဖွံ့ဖြိုးမှုကိုလည်း အထောက်အကူပြုပါလိမ့်မယ်

🦷ဘယ်အရွယ်မှာ ဖယ်ရှားသင့်သလဲ
မွေးကင်းစအရွယ်ကနေ အရွယ်ရောက်တဲ့အထိ ဘယ်အရွယ်မဆို လုပ်နိုင်ပါတယ်
စကားမပီတာ စားသောက်ရခက်တာတွေဖြစ်နေရင်တော့ စောစောဖယ်နိုင်လေ အကျိုးရှိလေပါ

🦷ဘယ်လိုနည်းနဲ့ Tongue Tie ကို ဖယ်ရှားမလဲ
Tongue Tie ဖယ်ရှားခြင်းကို Lingual Frenectomy လို့ခေါ်ပြီး ပုံမှန် ခွဲစိတ်မှုနဲ့ လေဆာရောင်ခြည်နဲ့ ခွဲစိတ်မှုဆိုပြီး ရှိပါတယ်

ဘာနဲ့ပဲခွဲခွဲ နာကြင်မှု သိပ်မရှိပါဘူး
လေဆာရောင်ခြည်ကတော့ သွေးထွက်တာနည်းပြီး အနာကျက်တာ ပိုမြန်ပါတယ်
👉👉👉ပုံလေးက Elexxion Laser ကို အသုံးပြုပြီး အသက် ၁၀ နှစ်အရွယ်ကလေးလေးကို Tongue Tie Removal ပြုလုပ်ပေးထားတဲ့ပုံလေးပါ

အသေးစိတ်သိချင်တယ်ဆိုရင်တော့
Braces & Faces Aesthetic Dental Care
📞 Hotline Number : 09940008510, 09785048510, 09256027897
Room 303, Building 3, Hotel Yangon, 8 mile, Yangon.
[email protected]

Braces & Faces Aesthetic Dental Care Braces and faces aesthetic dental care

Photos from Braces & Faces Aesthetic Dental Care's post 25/06/2023

Implant ထည့်ဖို့ အရိုးပါးနေလို့ Sinus Lift Surgery လုပ်ရတဲ့ ဒီနေ့ Case လေးပါ
Implant အထူးကုဆရာရဲ့ ကျွမ်းကျင်မှုကြောင့် အချိန် 45 minutes ပဲကြာပြီး အရိုးအများကြီး လိုမယ် ထင်ပေမယ့် သိပ်မကုန်လိုက်တဲ့ Case လေးပါ

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Hotel Yangon, Pyi Road
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00
Other Yangon clinics (show all)
ZAR & ZAR Co., Ltd. ZAR & ZAR Co., Ltd.
No. 99/A3, Boe Hla Garden, Than Lwin Road
Yangon

One of the leading phamarceutical distributors in Myanmar. Contact - (01)7532640/1/2/3, 09791089803

Myanmar Chemdyes Co. Ltd. Myanmar Chemdyes Co. Ltd.
122, 124, 126. Mahabandoola Garden Street
Yangon, KTDA11181

We specialize in and point-of-care (POC) diagnostics equipment and health food products.

Perfect Hair Stylist and Men Spa Perfect Hair Stylist and Men Spa
(No. 118) Ground Floor, Aung Zayya Street, Sin Min Zay Bus Stop, Near Skyway Club, KyiMyintDing Kannar Street, Alone Township
Yangon, 11121

Dr. KETO Guide for fit Dr. KETO Guide for fit
Yangon

ဆရာဝန်ကိုယ်တိုင်မှ Ketogenic Diet နဲ့ပတ်သတ်ပြီး Guidelines လေးတွေပေးသွားမှာပါ။

ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

AMIRA Esthetique De LUXE AMIRA Esthetique De LUXE
No. 150, Corner Of Dhamma Seti Road And Link Road, Bahan Township
Yangon, 11201

Luxury Aesthetic Clinic

Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး
ရန်ကုန်၊ မန်းလေး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09766888990

Formula 41 ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။ လက်လီ/လက္ကားရပါသည်။ �

Statum Statum
Yangon

မှိုကြောင့်ဖြစ်သော အရေပြားရောဂါများအတွက် စတေတမ်

Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး
တစ်နိုင်ငံလုံးနီးပါး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09754999258

ကျွန်ုပ်တို့သည် ကုန်ပစ္စည်း အစစ်အမှန်များကိုသာ ရောင်းချပါသည်။ အတုအပများ "လုံးဝ" မရောင်းပါ။

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

VIGA Spray - Myanmar VIGA Spray - Myanmar
ရန်ကုန်၊ မန်းလေး
Yangon, 11181

ကျွန်ုပ်တို့သည် ပစ္စည်းအစစ်အမှန်မျ