Love In Latha2

B.E.H.S No(2)Latha_Founded (1861) Basic Education High School No.2 Latha formerly St.

John's Convent School(commonly known as Latha 2 High School).It is one of the most well known public girl high school. Located in Latha Township opposite the Yangon General Hospital and next to the University of Medicine 1, Yangon. (Alumni)

Mi Mi Khaing: Scholar and writer,Mohana Gill: Writer,]Kyi Phyu Shin: Film director,May Thet Khine: Actress,Yadanar Mai: Actress/Singer ,Pwint: Actress,Warso M

Photos from Love In Latha2's post 31/07/2022

ကျောင်း​​ရဲ့လွမ်းစရာပုံရိပ်​လေး​တွေကဖော်ပြ၍မကုန်နိုင်​လေ

စာသင်ခန်း/​ကျောင်း​ဆောင်များ/ကာယလူပ်ရှားမူ​များ/မြညီ

လာခန်းမ/Plusကွင်းစသဖြင့်အတူပျော်ခဲ့ကြတဲ့​​​နေရာ​လေး

ဖြစ်အမှတ်တရများအလွမ်းများစွာနဲ့​ဖော်ပြ​ပေးလိုက်ပါတယ်


In Latha(2)

Photos from Love In Latha2's post 20/07/2022

အ.ထ.က(၂)လသာ​🏫(အလှမှာ၁-လသာ၂)🏫

​ကျောင်းသူ​ဟောင်းများလည်းကျောင်းကိုလွမ်း​နေ​ရော​ပေါ့​​

ကျောင်း​​တော်မှာပန်းခြံ​အသစ်​လေးပြုလုပ်​ပြောင်းလဲသွားပြီ

ကျောင်းမှာ​လည်း၂၀၁၉/၂၀၂၀/၂၀၂၁မှာ​တော့ပင်စင်ယူသွားကြတဲ့ဆရာမ​တွေ/​ပြောင်း​ရွှေ့တာဝန်ကျသွားတဲ့ဆရာမ​တွေ/C-ဆရာမ​တွေနဲ့ဆရာမ​​​ဟောင်း​တွေနည်းသွားပြီ

မူလတန်း/အလယ်တန်း/အထက်တန်း​တွေမှာ​တော့ဆရာမ​တော်​တော်များအသစ်​တွေ​ဖြစ်သွားခဲ့ပြီအထူးသဖြင့်အထက်တန်းမှာဆရာမအသစ်​လေး​တွေ​ဖြစ်သွားပြီ

​ကျောင်းပြီးသွားကြ​တော့လည်းကျောင်း​နေဖက်သူငယ်ချင်း​များစွာနဲ့စပြီးလမ်းခွဲနူတ်ဆက်ခဲ့ရပြီ​​​လေ

ကျောင်း​ရဲ့​နေရာ​တော်​​တော်များကလွမ်းစရာလေး​တွေသတိရစရာ​လေး​တွေအမှတ်တရ​လေး​တွေဖြစ်ကျန်ရှိ​နေခဲ့ပါပြီ

(CD)

In Latha(2)

28/02/2022

အ.ထ.က(၂)လသာ(တီချယ်​ဒေါ်နီလာ​အေး)
ယ​နေ့မနက်၁၀နာရီခွဲတွင်နှလုံး​ရောဂါဖြင့်ဆုံးပါးသွားသည်ဟုသိရှိရသည်တွက်စိတ်မ​ကောင်းဖြစ်မိပါတယ်
Rest In Peaceပါတီချယ်


(CD)
In Latha(2)

06/01/2022

ရန်ကုန်မြို့ အ.ထ.က (၂)လသာကျောင်းမှ ဆရာမ တစ်ဦး၊ ကျောင်းသားမိဘများ နှင့် အင်တာဗျူး​ဖြေကြားချက်

အ.ထ.က (၂) လသာ ဟာဆိုရင် ရန်ကုန်မြို့မှာရှိတဲ့ကျောင်းတွေထဲကမှ နာမည်ကြီး​​ကျောင်းတစ်​ကျောင်းဖြစ်သလို စစ်ကောင်စီလက်ထက်ကျောင်းအပ်နှံသူ အလွန်နည်းနေတဲ့ ကျောင်းတစ်ကျောင်းဆိုလည်းမမှားပါဘူး။

မ​နေ့က(၅.၁.၂၀၂၂) မှာဆိုရင် အခြေခံပညာ နှစ်ဝက်စာမေးပွဲ ကို မြန်မာဘာသာ နှင့် အင်္ဂလိပ် နှစ်ဘာသာ စစ်ဆေးခြင်းကိုပြုလုပ်ခဲ့သည်ဟုသိရှိရပါသည်။

ဒါနဲ့ ပတ်သက်ပြီး လသာ (၂) မှာ ယခုတာဝန်ထမ်းဆောင်လျက်ရှိသည့် ကျောင်းအုပ်ဆရာမကြီးထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခဲ့ခြင်းမရှိခဲ့ပါဘူး။

ထိုကိစ္စနှင့်အထက်တန်းပြတစ်ဦးကိုဆက်သွယ်မေးမြန်းခဲ့ရာ

“ကျွန်မတို့ ကျောင်းမှာ ဒီနေ့ဆိုရင် အယောက် ၂၅၀ နီးပါးစာမေးပွဲလာဖြေခဲ့ပါတယ်။ ကျွန်မတို့တွေရော လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ပူးပေါင်းမှုကြောင့်ပါ ကျွန်မတို့ ပထမနေ့အောင်မြင်ခဲ့ပါတယ်။CDM ဆရာမတွေကတော့ ကလေးတွေကိုခြိမ်းခြောက်တယ်။ကျွန်မတို့ကျောင်းအုပ်ဆရာမကြီးကိုလည်း ခြိမ်းခြောက်တာတွေလုပ်နေကြတယ်။ဒါပေမဲ့ အခုလို လာဖြေကြတဲ့အတွက် ဝမ်းသာတယ်။အနာဂတ်ပန်းပွင့်တွေပါ။အနာဂတ်ခေါင်းဆောင်တွေပါ။မျိုးဆက်ပေါင်းများစွာ ကို ပညာတတ်စေချင်တာ ဆရာမတို့ရဲ့ စေတနာပါ။CDM မလုပ်လို့ စော်ကားတဲ့က‌ေလးတွေလည်းမေတ္တာထားပြီးသားပါ။ ကလေးတွေနဲ့ နိုင်ငံရေးနဲ့တော့ မဆိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ကျောင်းအပ်နှံထား​သောကျောင်းကြိုပြီးပြန်နေသော
မိဘတစ်ဦး​​ဖြေကြားချက်ကတော့

“ကျွန်မ‌တို့ မတရားခံရတယ်လို့ခံစားရတယ်။ကျွန်မတို့သမီးကကျောင်းပြန်ဖွင့်တည်းက တစ်ရက်မှမပျက်ခဲ့ဘူး။နေ့စဉ်သမီးကိုကျောင်းကြိုပို့လုပ်တယ်။ဒါပေမဲ့ အခုစာမေးပွဲလည်းဖြေရော တစ်ခါမှ ကျောင်းလာတက်တာတောင်မတွေ့ရတဲ့ ကလေးတွေပါ လာဖြေနေတာတွေ့ရတယ်။ဆရာမတွေကလည်း မေးခွန်းဝေပြီးချိန်မှာ မရတာရှိရင်စာအုပ်သာလှမ်ကြည့်လိုက်လို့ပြောတယ်ဆိုတော့ ကျွန်မကတော့လုံးဝမကျေနပ်ဘူး။ကျွန်မတို့သမီးကို သေချာ တတ်မြောက်အောင်သင်ပေးထားတာလေ။ အချောင်သမားတွေနဲ့တော့ တန်းတူမဖြစ်စေချင်ဘူးပေါ့။ဒါကြောင့်ကျွန်မကိုယ်တိုင် လည်း လာမယ့်ရက်တွေမှာ ဖြေဖို့လွှတ်တော်မှာ မဟုတ်ဘူး”လို့ မိဘတစ်ဦးကပြောကြားခဲ့ပါတယ်။

(CD)

#အ.ထ.က(၂)လသာ
In Latha(2)

04/08/2021

အ.ထ.က(၂)လသာ
တီချယ်​ဒေါ်သူဇာ​ပြေ
ယ​နေ့မနက်၉နာရီ(Covid 19)​​ရောဂါဖြင့်ဆုံးပါးသွားသည်ဟုသိရှိရသည်တွက်စိတ်မ​ကောင်းဖြစ်မိပါတယ်
Rest In Peaceပါတီချယ်


(CD)
In Latha(2)

28/07/2021

အ.ထ.က(၂)လသာတီချယ်ဒေါ်ခင်ခင်စန်း
ယ​နေ့မနက်ကဆုံးပါးသွားသည်ဟုသိရှိရသည်တွက်
စိတ်မ​ကောင်းဖြစ်မိပါတယ်
Rest In Peaceပါတီချယ်


(CD)
In Latha(2)

16/06/2021

အ.ထ.က(၂)လသာ
တီချယ်ဒေါ်ခင်ချိုသိန်း
အူမကြီးကင်ဆာနဲ့ ဒီနေ့မှာဆုံးပါးသွားတယ်လို့သိရှိရသည်တွက်စိတ်မ​ကောင်းဖြစ်မိပါတယ်
Rest In Peace ပါတီချယ်


(CD)
In Latha(2)

Photos from Love In Latha2's post 27/05/2021

စစ်​ကောင်စီကဖွင့်တဲ့​​ကျောင်းလုံးဝမတက်ဘူးဆိုတဲ့
ရဲ့ရင့်ပြတ်သားတဲ့လသာ၂​ကျောင်းသူများ

အ.ထ.က(၂)လသာ​ကျောင်း​ရှေ့၌

စစ်ကောင်စီတပ်ဖွဲ့ဝင်များက

စောင့်ကြပ်နေတာမြင်​တွေ့ရခြင်း

သို့​ပေမယ့် ပထမရက်မှာ​ကျောင်းလာအပ်သူအနည်းငယ်ရှိပြီး

ယခု​နေ့များတွင်လာ​ရောက်အပ်နှံခြင်းမ​တွေ့ရပါ။


#အ.ထ.က(၂)လသာ
(CD)
In Latha (2)

Photos from Love In Latha2's post 16/05/2021

အ.ထ.က (၂)လသာမှလေးစားထိုက်သောCDMသူရဲ​ကောင်းဆရာမများလသာ၂မှာထက်/လယ်/မူဆရာမ၆၀​ကျော်ပါတယ်

သို့​ပေမယ့်ဆရာမ၁၆​ယောက်သာလျှင်ရဲရင့်စွာနဲ့မိမိတို့ရာထူးနဲ့ရှိသမျှစွန့်လွတ်ပြီးနိုင်ငံနဲ့လသာ၂​ကျောင်းသူတပည့်များရဲ့အနာဂတ်တွက်ဓမ္မဘက်ကရပ်တည်ခဲ့ပါတယ်။

ထို CDM မြတ်ဆရာများဟာလသာ(၂)ကျောင်းသူများ၏ထာဝရသူရဲကောင်းများဖြစ်သောကြောင့်လေးစားစွာရှိဂုဏ်ယူရင်းအားတင်းထားကြပါလို့အားနာစွာဖြင့်​ပြောပါရ​စေ

ရဲ့ဝံ့ပြတ်သားစွာ​နောက်ဆန်မတင်းယာယီရပ်ဆိုင်းခံခဲ့ရ​သောဆရာမ(၁၆)​ယောက်အားအထူးပင်​လေးစားဂုဏ်ယူပါသည်

#အ.ထ.က(၂)လသာ

In Latha (2)

Photos from Love In Latha2's post 26/04/2021

❗ကျောင်းတက်ချင်တယ်ဆိုရင်သွားပါ၊ မတားပါဘူး❗

ကျောင်းစိမ်းလေးဝတ်နေတဲ့အခါ ပိတ်စအဖြူကြီး
တစ်ကိုယ်လုံးပတ်ထားတဲ့ လူတစ်ယောက်ရဲ့နာရေး
ကိုမြင်ယောင်ပါ။

သနပ်ခါးတွေပါးမှာ ကွက်တဲ့အခါ ဖုန်အလိမ်းလိမ်းပေကျံလို့ အသက်လုပြေးနေရတဲ့ ကလေးငယ်လေးတွေကို မြင်ယောင်ပါ။

ကျောပိုးအိတ်လေး လွယ်လိုက်တဲ့အခါ သွေးတွေယိုနေတဲ့
လူကို ထမ်းပိုးလို့ ပြေးနေကြတဲ့လူတစ်စုကို သတိရပါ။

ကျောင်းဆောင်ထဲ ဝင်တဲ့အခါ ကျောင်းအပေါက်ဝမှာ
သခင်ပြန်လာမလားစောင့်နေတဲ့ခွေးလေးကို သတိရပါ။

စာသင်ခန်းထဲမှာ အေးအေးဆေးဆေးထိုင်နေတဲ့အခါ
ပေတရာပေါ်မှာ ပြေးလွှားနေတဲ့ငိုသံတွေကို သတိရပါ။

မင်္ဂလာပါ ' လို့ နှုတ်ဆက်တဲ့အခါ လူတစ်စုရဲ့ သံချပ်သံတွေကို
ကြားယောင်ပါ။

စာအုပ်ထုတ်တဲ့အခါ အမှောင်နံရံတွေကြားမှာ ထိုင်ကုတ်နေရတဲ့
ကျောင်းသားတစ်ချို့ကိုသတိရပါ။

သချာင်္ပုစ္ဆာတွေ အဖြေထုတ်တဲ့အခါ လူပေါင်း 700 ကျော်
ဘယ်တော့မှ ပြန်မလာနိုင်တဲ့အကြောင်း သတိရပါ။

ကျောင်းဆင်းလို့ မိဘတွေဆီပြန်တဲ့အခါ သူတို့ကလေးတွေ
ပြန်လာဖို့တောင် မျော်လင့်ခွင့်မရှိတဲ့ မိသားစုတွေကို သတိရပါ။

ဒါတွေကို ဖတ်ပြီးတဲ့အခါ
ကျောင်းတက်ချင်သေးရင် တက်ပါ ။

မတားပါဘူး၊ဆုံးပါးသွားတဲ့ လူခုနစ်ရာကျော်က မင်းကိုပြုံးပြီးကြည့်နေတယ်။

Writer(CD)

In Latha (2)

17/12/2020

မြန်မာပြည်မှာစာသင်တယ်...

စာအုပ်အောက်ပြုတ်ကျရင်
စာမရမှာကြောက်လွန်းလို့
စာအုပ်ကိုကန်တော့ကြတဲ့ကလေးတွေ
ဘွဲ့ရလာကြပေမယ့် တော်သင့်ရုံဘဲတတ်သွားကြတယ်...

စာအုပ်ထဲရှိပြီးသားစာတွေကို
မှတ်စုကူးပြီး ၏/သည်မရွေးကျက်ရတဲ့နိုင်ငံမှာ
ပထဝီတွေ သမိုင်းတွေအလွတ်သာကျက်ခဲ့ရတယ်
​မေးလိုက်တဲ့ခါ အမ်..အင်..ဟုတ်မယ်..
အဲ့လို​လေး​တွေနဲ့ပြီးခဲ့တယ်​ခေါင်းထဲမ​ရောက်ခဲ့ကြဘူး...

သိပ္ပံဘာသာရပ်တွေကို လက်တွေ့မဝင်မလေ့လာခဲ့ဘဲ
ဘွဲ့ရခဲ့တဲ့ဆရာတွေက သိပ္ပံဘာသာရပ်ကို
Defination မှာ 's'တစ်လုံးကျန်ရင်
အမှတ်လျှော့ဖို့ မှင်နီကိုင်ပြီးစောင့်နေကြတယ်...

နိုင်ငံတကာက ကလေးတွေ
စက်ရုပ်တီထွင် software ရေးနေကြချိန်မှာ ဒီမှာတော့ English ညံ့လွန်းလို့ definition တစ်ကြောင်းကို
နာရီဝက်လောက်ကျက်နေရပြီး ဒါမေးဒါဖြေကိုတောင် သောက်သောက်လဲကျနေကြတယ်...

ဘာမှမသင်တဲ့ကျောင်းတွေမှာ
ကျောင်းခေါ်ချိန်မပြည့်ရင် ရစ်မှာစိုးလို့
နေ့တိုင်းသွားထိုင်နေရတယ်
တကယ်စာသင်ပေးတဲ့နေရာတွေကိုတော့
ငွေပေးပြီးသင်နေရတယ်
ဒါပေမယ့် 'အခမဲ့ပညာရေးစနစ်'လို့
ကြွေးကြော်နေကြတယ်...

တကယ်စာသင်ရမယ့်
ဆရာတွေဆရာမတွေက
ရုံးခန်းနဲ့မြို့နယ်ရုံးကို စာရွက်စာတမ်းတွေကိုင်ပြီး
သွားချည်လာလှည့်လုပ်နေရတယ်
တချို့က ဂိတ်ပေါက်မှာ ဘာတာဝန်မှန်းမသိတာကို
တာဝန်ဆိုပြီးထိုင်နေရချိန်မှာ
တချို့က ကျောင်းသားတွေရဲ့ report cardမှာ
ဘာမှမသိတဲ့အချက်တွေကို
A တွေ B တွေဖြည့်ပေးနေရတုန်း
ကလေးတွေကလည်း အနာဂတ်မှာပညာတတ်ကြီးဖြစ်ဖို့
စိတ်ကူးတွေယဉ်နေကြဆဲ...

တချို့နိုင်ငံတွေမှာ
ကိုယ့်ကျောင်းစားရိတ်ကိုယ်ရှာဖို့
အချိန်ပိုင်းအလုပ်လုပ်နေကြချိန်မှာ
ဒီနိုင်ငံမှာတော့ အလုပ်လုပ်ဖို့ကျောင်းထွက်လိုက်ရတာတွေဒုနဲ့ဒေး...

လူတစ်ယောက်ပြောင်းသွားရင်း
စနစ်တစ်ခု ပြောင်းသွားရင်း
လူတစ်ယောက် နိုင်ငံတစ်ခုသွားရင်း
အဲဒီနိုင်ငံကသင်ရိုးတွေယူလာရင်း..
မြေစမ်းခရမ်းပျိုးပညာရေးတွေ သင်ခိုင်းရင်း...
သမိုင်းတွေကိုပြင်ရေး အမှားတွေကိုအမှန်သင်ခိုင်းရင်း
ကျောင်းတိုင်း ကွန်ပြူတာရှိဖို့လည်း
ကြိုးစားခဲ့ကြဖူးတယ်လေ...

ရန်ကုန်မြို့လယ်က
လူချမ်းသာတွေပဲတက်
တဲ့ကျောင်းတွေကိုကြည့်ပြီး
အပြိုင်အဆိုင် all D ထွက်ဖို့
အလုအယက်ကြိုးစားနေကြတာကိုကြည့်ပြီး
ကားနဲ့အကြိုအပို့လုပ်
ဆရာတွေအိမ်ခေါ်သင်
Guide တွေနဲ့စာတွေလုပ်နေကြတာ
အမှတ်တွေကောင်းကြတာကိုကြည့်ပြီး
မြန်မာပြည်ပညာရေး တိုးတက်နေပါသတဲ့...

တပြည်လုံးကကျောင်းတွေမှာတော့
မိုးယို ကြမ်းကျွံ ရေကြီး မီးပျက်နေတာအများကြီး...

ဆရာမရှိလို့ စာမသင်ရတဲ့နေရာတွေတပုံကြီး...

ကျောင်းဝတ်စုံတောင်မရှိလို့ အိမ်နေရင်းဝတ်စုံလေးတွေနဲ့ တက်နေရတာတပုံကြီး...

တိုက်ပွဲတွေဖြစ်နေလို့
ရေကြီးနေလို့
စားစရာမရှိလို့
ခိုင်းမယ့်သူမရှိလို့
ကျောင်းမပို့တော့တာတွေ အများကြီး...

"ပညာမြင့်မှ လူမျိုးတင့်မည်" တဲ့
မှန်လိုက်တာ...

ပညာမမြင့်တော့ လူမျိုးလည်းမျက်နှာငယ်
နိုင်ငံလည်း အနှိမ်ခံရ
နည်းပညာလည်းမရှိ သယံဇာတလည်းကုန်
နိုင်ငံလည်း ချွတ်ခြုံကျနေတော့...

နိုင်ငံပေါင်းစုံက တို့မြန်မာတွေ အလုပ်ကြမ်းသမားတွေ
ငယ်ငယ်ကစာသင်ခဲ့တဲ့အဖြူအစိမ်းဝတ်စုံကို
ပြန်တွေးတိုင်း ပြုံးမိနေမလား...?
ငယ်ငယ်ကစိတ်ကူးယဉ်ဖူးတဲ့
ကမ္ဘာမှာမြန်မာဟေ့ ဆိုတဲ့စာသားလေးကို
ခပ်တိုးတိုးရေရွတ်နေတုန်းလား...?

ဟုတ်ကဲ့. . . !

ကျွန်မတို့ရဲ့မျိုးဆက်သစ်တွေ

မြန်မာပြည်မှာစာသင်နေပါတယ်.....

(OP)
#ပုံများပြန်လည်ကူးယူ​ဖော်ပြခွင့်မပြုပါ။

In Latha (2)

Photos from Love In Latha2's post 13/11/2020

❗(၂၀၂၀-၂၀၂၁)ပညာသင်နှစ်❗ကျောင်းသား/​သူများ

ကျောင်းတွေပြန်ဖွင့်ဖို့၊စာမေးပွဲကျင်းပဖို့မဖြစ်နိုင်တော့ဘူးလို့
အခြေခံပညာဦးစီးဌာနပြောကြား

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေများ မြင့်တက်လျက်ရှိနေသည့်အတွက် ယခုပညာသင်နှစ်မှာ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်နှင့် သင်ယူတတ်မြောက်ခြင်းစာမေးပွဲများကျင်းပရန် မဖြစ်နိုင်တော့ကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်

“ကူးစက်မှုကလည်းလျော့မလာသေးတဲ့အတွက်ကြောင့် ဆရာတို့က ကျောင်းဖွင့်ဖို့ကိစ္စ တော်တော်မလွယ်မယ့် အနေအထားတော့ရှိတာပေါ့၊ ဒါပေမယ့် တခြားနိုင်ငံတွေဘယ်လိုလုပ်နေမလဲ ကိုယ်တွေလဲ အဲ့လိုလုပ်နိုင်မလား သုံးသပ်ရမှာပေါ့၊ ကိုဗစ်က အခြေအနေကောင်းလာပြီဆိုရင်တောင်မှ ကျောင်းတွေမှာ ပထမအရင်ဖွင့်တုန်းကလို ကိုဗစ်ကာကွယ်ရေးနဲ့ပတ်သက်ပြီး လုပ်ရမှာတွေအများကြီးရှိတယ်၊ ဒါပေမယ့် ဒါတွေက ဆရာတို့ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး ကိုဗစ်ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်တွေနဲ့ လုပ်ဆောင်ရမှာဖြစ်တယ်” လို့ ဒေါက်တာတင်မောင်ဝင်းကဆိုပါတယ်။

ထိုပြင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ယူမှုအပြည့်အဝမရရှိထားသည့်အတွက်ကြောင့် စာမေးပွဲများ ကျင်းပနိုင်မည်မဟုတ်ကြောင်း ၄င်းကသုံးသပ်ပြောကြားထားပါတယ်။

“အခုဆိုရင် နောက်သုံးလလောက်ဆို တစ်နှစ်ပြည့်ပြီ သင်ခန်းစာနဲ့ပတ်သက်ပြီး ဘာမှသင်ယူမှုမရှိတဲ့ကလေးက အတန်း ၈ တန်းလောက်ရှိတယ်Grade-10, Grade-11 လောက်က တစ်လကျော်ကျော်လောက် တချို့ကျောင်းတွေကတော့ဖွင့်တယ် ရက်ပိုင်းလေးဖွင့်ပြီး ပြန်ပိတ်သွားရတဲ့ကျောင်းတွေလည်းရှိတယ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ်အဆင်ပြေတဲ့သူတွေကတော့ သင်ယူနေကြတာပေါ့ ဒါပေမယ့် လာမည့် မတ်လမှာ စာမေးပွဲစစ်ခြင်း၊ မစစ်ခြင်းဆိုတာကတော့ ဆရာတို့အမြင်ကတော့မဖြစ်နိုင်ဘူး”
လို့ ၄င်းက ဆိုပါတယ်။



#ပုံများပြန်လည်ကူးယူ​ဖော်ပြခွင့်မပြုပါ။
In Latha (2)

09/11/2020

မရပ်မနားကြိုးစား‌ပေး‌နေ‌ပေမယ့်တစ်ချက်မှားသွားတာနဲ့တစ်သက်မနားပြောခံရမယ့် သူတို့

တစ်ယောက်တစ်လေရဲ့အမှားကြောင့်နင်တို့ပညာရေး၀န်ထမ်းဆရာဆရာမတွေကဘယ်လိုရယ်ဆိုပီးငခုံးတစ်ကောင်ကြောင့်တစ်လှေလုံးပုပ်သလို အပုပ်ခံရတဲ့သူတို့

မနက်‌ခြောက်နာရီမဲရုံဖွင့်နိုင်ဖို့ စောစောထကြိုးစားဆောင်ရွက်ပေးနေပီးညနက်သည်ထိရေတွက်ပေးနေတဲ့သူတို့

တစ်ခါတစ်ခါ အမှားပါသည်ရှိသော်လက်ညှိုးငေါက်ငေါက်အော်ငေါက်ခံရတဲ့သူတို့

ညာတာပါတေး အခါခါခိုင်းသော်လည်း
တစ်ချင်မညည်းကြတဲ့သူတို့

ကိုဗစ်ကာလမှာ လူတစ်ကာနဲ့ထိတွေ့ခဲ့ကြရတဲ့သူတို့

ပါးစပ်ကတရစပ်အော်လိုက်ဝိုးတဝါးနဲ့မျက်လုံးကကြည့်လိုက်နဲ့ ဘယ်လောက်ပင်ပန်းနေလိုက်မလဲဆရာ၀န်တွေသူနာပြုတွေအသက်ပေးလို့နိုင်ငံ့တာ၀န်ထမ်းဆောင်နေတယ်ဆိုတွေအသက်ပေးလို့နိုင်ငံ့တာ၀န်ထမ်းဆောင်နေသလိုပါပဲ

သူတို့လဲဘယ်သူ့ဆီကရောဂါပိုးကူးမယ်ဆိုတာမသိ
ပဓာနမထားပဲ ရွေးကောက်ပွဲကြီးအောင်မြင်စွာပီးဆုံးရေးကိုသာအဓိကထားဆောင်ရွက်ပေးခဲ့သူတွေပါ

တစ်ချို့တစ်ချို့သောနေရာတွေမှာ အနည်းစုကအမှားလုပ်မိသော်လည်းအကုန်လုံးသိမ်းကြုံးပြည်သူ့မေတ္တာခံယူခဲ့ကြသူ သူတို့ပါပဲ

နိုင်ငံ့၀န်ထမ်းဆရာဆရာမများအား
အစဥ်အမြဲလေးစားဂုဏ်ပြုလျှက်ပါ


In Latha (2)

Photos from Love In Latha2's post 15/10/2020

❗ပညာရေးဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်အရ❗

ယခုနှစ် (၂၀၂၀ - ၂၀၂၁ )ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း
ဖြေဆိုမည့် ကျောင်းသား/သူများသည် လက်ရှိစနစ်ဟောင်းစာ(သင်ရိုးဟောင်း)ကိုယခုနှစ်နောက်ဆုံးထား၍ဖြေဆိုရမည်ဖြစ်သည်။

ယခုနှစ်ဖြေပြီး အကယ်၍ ကျရှုံးသော သူများကတော့ နောက်၂ နှစ်ထိ ( ၂၀၂၁ - ၂၀၂၂ နှင့် ၂၀၂၂ - ၂၀၂၃ ထိ )
လက်ရှိစနစ်ဟောင်းစာ ( သင်ရိုးဟောင်း )ကိုဖြေဆိုခွင့်ရှိသည်ဟု တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်သည်။

၂၀၂၀ - ၂၀၂၁ သည် Grade - 10 စနစ်သစ်ဖြစ်သည်။
၂၀၂၁ - ၂၀၂၂ တွင် Grade - 11 စနစ်သစ် ဖြစ်သည်။
၂၀၂၂ - ၂၀၂၃ တွင် Grade - 12 စနစ်သစ် ဖြစ်သည်။

ယခုအခါ ( KG + 12 ) ပညာရေး စနစ်သစ်ကို အကောင်အထည် ဖော်နေပြီဖြစ်သည်။

ℹမှတ်ချက် - ကျောင်းများကိုတော့ Covidလျော့ကျလျှင် အမြန်ဆုံးပြန်ဖွင့်နိုင်အောင် ပညာရေးဝန်ကြီးဌာနမှ ကြိုးစားလျှက်ရှိသည်။
စာမေးပွဲကတော့ နောက်ဆုတ်နိုင်ခြေရှိသည်။ ယခုအခါ ပညာရေးဝန်ကြီးဌာနမှကျောင်းသား/သူ များအတွက် အခွင့်အရေး မဆုံးရှုံးစေရန် စာမေးပွဲကျင်းပနိုင်ရန် ပညာရေးရုပ်သံလိုင်းများမှ သင်ခန်းစာများ ပို့ချလျှက်ရှိပါသည်ℹ

ပညာရေးဝန်ကြီးဌာနမှ ကျောင်းများကိုယာယီပိတ်ထားပြီး ယခုအခါ

ပညာရေး နှောင့်မနှေးစေရန် အခွင့်အရေးမဆုံးရှုံးစေရန် နစ်နာမှု မဖြစ်စေရန်

(အထူးသဖြင့် ယခင်နှစ်က ကျရှုံးခဲ့တဲ့ သုံးပုံ နှစ်ပုံသော
သိန်းနဲ့ချီတဲ့ ကျောင်းသား/သူ များအတွက် ထပ်မံအခွင့်အရေး မဆုံးရှုံးစေရန်)

စာမေးပွဲ ကျင်းပနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ စီစဉ်၍

Myanmar Education Channel ( ပညာရေး ရုပ်သံ ) မှ

တက္ကသိုလ်ဝင်တန်း ဘာသာရပ်များကို ပို့ချ လျှက် ရှိပါသည်။

ပညာရေး ဝန်ကြီးဌာန၏ အကျိုးအတွက် အဓိကမဟုတ်ဘဲ

ကျောင်းသား/သူများနှင့် ၎င်းတို့၏မိဘများအတွက် အဓိကထားစီစဉ်ပေးထားခြင်းဖြစ်သည်ကို နားလည် စေချင်ပါသည်။

Covidဖြစ်နေတုံးကြီးတော့ ဘယ်သူကမှ စာမေးပွဲဖြေခိုင်းမည်မဟုတ်ပါ။

တစ်နေ့တော့ ကျောင်းဖွင့်၍ စာသင်ပြီး စာမေးပွဲ စစ်မည်ဆိုတာကတော့ ကျိန်းသေတဲ့ အဖြေတစ်ခုပါ။

စာမေးပွဲကျင်းပနိုင်ရန် ရုပ်မြင်သံကြား ပညာရေးရုပ်သံလိုင်းများမှဘာသာရပ်များကို ထုတ်လွှင့်သင်ကြားပေးလျှက် ရှိပါသည်။

Covidကပ်ရောဂါ လျော့ပါးလာသည်နှင့်အမျှ ပညာရေးဝန်ကြီးဌာနဘက်မှလည်း ကျောင်းအမြန်ဖွင့်နိုင်အောင်

ကြိုးစားစီစဉ်ပေးမှာဖြစ်ပြီး စာမေးပွဲအမြန်ဆုံး ကျင်းပနိုင်အောင်ကြိုးစားပေးကြမည်ဖြစ်သည်။

🔷ပြန်လည်​ဖော်ပြအပ်ပါသည်🔷

#ပုံများပြန်လည်ကူးယူ​ဖော်ပြခွင့်မပြုပါ။

In Latha (2)

07/10/2020

🔼လယ်ပြ ၁/လယ်ပြ ၂ အဆင့်ခွဲခြားခြင်း မရှိပါ🔼

လယ်ပြ ၁/လယ်ပြ ၂/လယ်ပြ ၃တို့ရေ သေချာဖတ်ကြပါ

လက်ရှိ ပညာရေးဌာနမှာ သင်ကြားရေး ဆရာ၊ ဆရာမများကို ပညာရှင်ဝန်ထမ်းလို့ သတ်မှတ်ထားပါတယ်။

မူလတန်းပြဟာ ပညာရှင်အဆင့်(၁)၊ အလယ်တန်းပြဟာ ပညာရှင်အဆင့်(၂)ဖြစ်ပြီး နည်းပြ/ သရုပ်ပြ/ အထက်တန်းပြဟာ ပညာရှင်အဆင့်(၃) အသီးသီးဖြစ်ပါတယ်။

မူလတန်းပြနဲ့အထက်တန်းပြတွေ ခန့်ထား တိုးထားရာမှာ ပြသာနာ မရှိပေမယ့် အလယ်တန်းပြ ရာထူးတိုးရာမှာအဆင့်၂ခု ရှိပါတယ်
အလယ်တန်းပြ စစ်စစ်(J1) နဲ့ မူလတန်းသင်/အလယ်တန်းလစာ(J2) ဆိုပြီးရှိတာပါ

➡အာ့ဒီနေရာမှာ ပညာရှင် အဆင့်(၂)လို့ခန့်ထားပေမယ့် ကိုယ်တာဝန်ကျရာကျောင်းက မူလွန်၊အလက ခွဲ၊အလက၊အထက ခွဲ၊အထက ဖြစ်ရင် ခွဲဝေရာထူးသစ်လည်းဖြစ်ရင်
အလယ်တန်းပြစစ်စစ်(J1)ဖြစ်ပါတယ်

➡တစ်ကယ်လို့ ကိုယ်တာဝန်ကျတဲ့ကျောင်းက
ပြောင်းရွေ့သွားတဲ့ ဆရာ ဆရာမနေရာမှာ ဝင်ရင်ပြောင်းရွေ့သွားတဲ့ဆရာဆရာမ ရာထူးအတိုင်း ဝင်ရပါတယ်
ဥပမာ ပြောင်းသွားတဲ့ဆရာက J2 ဆိုရင် ကိုယ်လည်း J2ဖြစ်မှာပါ

➡ပညာရှင် အဆင့်၂ အလယ်တန်းပြလို့ခန့်ပေမယ့်
တာဝန်ကျတာက မူလတန်းကျောင်းဆိုရင် J2 ပါ
J1 နဲ့ J2အကြောင်း
အာ့လောက်ဆိုရင် နည်းနည်းသဘောပေါက်မှာပါ

🔺J2 သမိုင်းကြောင်း🔺

မြန်မာပညာရေးသမိုင်းကြောင်းမှာ ဆရာလိုအပ်ချက်အရ ၁၉၈၈ခုနှစ်မတိုင်ခင် ဘွဲ့ရ၊၁၀တန်းအောင်များကို အများအပြားခန့်အပ်ခဲ့ပါတယ်...
အာ့အချိန်က ရာထူးတိုးဖို့ အခက်အခဲဖြစ်လာခဲ့ပါတယ်....
ကျောင်းအုပ် နဲ့ အလယ်တန်းပြ ပဲရှိတယ်...
အလယ်တန်းပြဆိုတာက အဲဒီအချိန်တုန်းက မူလွန်၊လခွဲ၊ မပေါ်ပေါက်သေးတဲ့အချိန်
အလကကျောင်းက နည်းနည်း
အထကကျောင်းက နည်းနည်း...
နေရာလိုအပ်ချက်က နည်းနည်း...
ရာထူးကလည်း တိုးပေးချင်တယ်....
အောက်က ဆရာတွေကလည်းတိုးချင်ကြတယ်..
အာ့ဒီနေရာမှာ ပညာရေးဝန်ကြီးဌာန အကြံရသွားတယ်ထင်ပါရဲ့....
J2လို့ခေါ်တဲ့PJ ဆိုတဲ့ရာထူးသစ်ခန့်ပေးလိုက်တယ်...
လစာက အလယ်တန်းပြလစာ၊သင်ရတာက မူလတန်းပေါ့.....
ဒီလိုနဲ့ အဲဒီစနစ်ကို ယခုအချိန်ထိ မြိန်ရည်ရှက်ရည် ကျင့်သုံးနေဆဲပါ....
ဒါက ကျွန်တော်သိသမျှ PJ J2 သမိုင်းကြောင်း...

🔺ယခုလက်ရှိအခြေအနေ🔺

ယခုလက်ရှိ ပညာရေးဝန်ကြီးဌာနက ပညာရေးမှာကြီးကြီးမားမားပြောင်းလဲချင်တယ်
ပြောင်းလဲချင်တဲ့ပုံစံက❓

ပညာရှင် အဆင့်လိုက် လစာခွဲဝေပေးသွားမယ့်ပုံစံ
အဲဒီနေရာမှာ ကန့်လန့်ဖြစ်လာပြီ....
J2 ကိစ္စ...
သူက အမှန်ဆိုရင် အလယ်တန်းပြ/မူလတန်းမှာ သင်နေရတယ်...
ယခုကျင့်သုံးမယ့် ပုံစံက မူလတန်းမှာ မူလတန်းပြပဲ ထားမယ်..
အဲဒီ မူလတန်းပြတွေကို ပညာရှင်အဆင့်နဲ့ခွဲမယ်..
လစာပေးမယ်...အဲလိုပေါ့
ဒါပေမယ့် J2 က မူလတန်းပြမဟုတ်တော့ J2 တွေကို ဘယ်လိုလုပ်ရမလဲ စဉ်းစားရပြန်ရော...
နောက်ဆုံးအောက်ပါပုံစံအတိုင်း ထုတ်ပြန်ခဲ့တယ်

J2တွေအတွက် ရာထူးပြောင်းပေါ့....

(က) လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ကျောင်းများတွင် အလယ်တန်းပြရာထူးနေရာ လစ်လပ်ရှိပါက ပြောင်းလဲခန့်ထားမည်။
(ခ) လက်ရှိ တာဝန်ထမ်းဆောင်နေသော ကျောင်းမှ အခြားကျောင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒပြုပါက ဆန္ဒပြုကျောင်းတွင် အလယ်တန်းပြနေရာ လစ်လပ်လျှင် ဦးစားပေး ပြောင်းရွှေ့ပေးမည်။
(ဂ) ဆန္ဒပြုမှုနေရာများ ရရှိခြင်း မရှိပါက နေရာလပ်ရှိရာ ကျောင်းသို့ ပြောင်းရွှေ့ရမည်။ အလယ်တန်းပြအဖြစ် ဆန္ဒမပြုပါက မူလတန်းပြ (အဆင့်-၂) ရာထူးပြောင်းရန်၊ အလယ်တန်းပြ (မူတာဝန်) များ ဆန္ဒပြုပြီးမှ ရာထူးပြောင်းနှင့် လစာကိစ္စ ပြောင်းလဲရန် ကိစ္စများ ပါဝင်သည်။

အာ့လို ထုတ်ပြန်ပြီး အခြေခံက J2ဆရာ ဆရာမတွေ ကန့်ကွက်သံတွေ ထွက်လာတယ်🙅

အာ့ဒီနေရာမှာ စဉ်းစားစရာက❓
ရာထူးပြောင်းဖြစ်တဲ့ အလယ်တန်းပြစစ်စစ် J1ကို လျှောက်ရင် လျှောက်ရမယ့် နေရာလပ်မရှိဘူး...
မလျှောက်ပြန်ရင်လည်း အလယ်တန်းပြကနေ မူလတန်းပြဖြစ်တော့မယ်...
တန်းလန်းကြီး...ဘာမှ လုပ်မရပဲ ကြားထဲမှာ တစ်ခံနေသလိုမျိုး။
ပညာရေးဝန်ကြီးဌာန သူတို့စဉ်တာမှားသွားပြီလို့ သိလိုက်ရတော့ အာ့ဒီ J2 ကနေ J1အပြောင်း လျှောက်လွှာတွေကို ပြန်ရုတ်သိမ်းခဲ့ရတယ်....
ဘာမှ မစဉ်းစားခဲ့ပဲ ရမ်းလုပ်ခဲ့တာတွေ....
စီမံခန့်ခွဲမှု အရမ်းညံ့တာကို ပေါ်လွင်စေခဲ့တယ်....

🔺J2ဆရာတွေ လက်ရှိအခြေအနေ🔺

တစ်ချို့အသက်ကြီးတဲ့ ဆရာဆရာမတွေက ဘယ်နေရာ ဘယ်ရာထူးမှ မယူဘဲ လက်ရှိနေရာမှာ ဘယ်လိုပဲ ဖြစ်ဖြစ်နေချင်တယ်
အသက်ငယ်သေးပြီး ရာထူးတိုးလိုချင်တဲ့ ဆရာဆရာမတွေက J1ကို ပြောင်းချင်တယ်...
ဘယ်လိုပဲ ဖြစ်ဖြစ်ခက်တာက....
J1ပြောင်းပြောင်း
မူလတန်းပြ ပြောင်းပြောင်း...
လက်ရှိ ရရှိထားတဲ့ လုပ်သက်တွေ အရမ်းနစ်နာတာပါပဲ
ပညာရေးဝန်ကြီးဌာန အနေနဲ့ ခုကျင့်သုံးမယ့်ပုံစံက လုပ်သက်ထည့်မတွက်ဘဲ အသစ်ပြန်စမယ့်ပုံစံမျိုးဖြစ်နေတယ်
အာ့ဒါဆိုရင်တော့ အခြေခံက ဆရာဆရာမတွေရဲ့ မကျေနပ်သံတွေ ၊ ကန့်ကွက်သံတွေ ကြားရဦးမှာပဲ

🔺ဖြစ်ပေါ်လာနိုင်သည့်အခြေအနေ🔺

ဒီလိုဆိုရင်.....
နေမြဲနေမယ့်သူက နေမယ့်သူက နေ
J1 ပြောင်းချင်တဲ့သူက ပြောင်း...
အာ့ဆိုရင် ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းတွေမှာ နေရာလပ်တွေ ဖော်ပြီး ခွဲဝေရာထူးသစ် များစွာ ချပေးနိုင်ခဲ့မယ်...
J2ဆရာဆရာမတွေရဲ့ လုပ်သက်တွေကို ထည့်သွင်းစဉ်းစားမယ် ဆိုရင်....
ခုပြောင်းမယ့် ပညာရေးစနစ်အတွက် အသင့်တော်ဆုံးပဲ....
အာ့ဆိုရင်တော့ စနစ်သစ်အတွက်၊အပြောင်းအလဲအတွက် ဆရာ ဆရာမတွေလဲ အဆင်သင့်ဖြစ်နေမယ်လို့ထင်တယ်....
ဒီလိုကျင့်သုံးမယ်ဆိုရင်တော့ အားလုံးလဲ ကျေနပ်လိမ့်မယ်ထင်တယ်

✅ပညာရေးဝန်ကြီးဌာနအနေနဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုနဲ့ လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင်ပညာရေးပြောင်းလဲမူကိုကြိုဆိုပါတယ်🙌
(အခြေခံပညာရေးဆွေးနွေးရာ မှ ပြန်ဖော်ပြအပ်ပါသည်)


In Latha (2)

Photos from Love In Latha2's post 01/10/2020

🏫ကြီးကျယ် ထူထပ် ကျယ်ဝန်း လှပလိုက်တဲ့ ​လသာ၂🏫

🌳အလှမှာ(၁)လသာ၂🌳

#ပုံများပြန်လည်ကူးယူ​ဖော်ပြခွင့်မပြုပါ။

In Latha (2)

Photos from Love In Latha2's post 30/09/2020

ဆရာမ...တီချယ်...

အခုFBမှာလသာ၂နဲ့ပက်သက်ပြီး
တကယ်သရဲရှိလားရှိလားလာ​မေးတဲ့သူ​လေး​တွေ...

ပရ​လောကသား/သရဲ/တ​ေစ္စ ဖြစ်တယ်ဆိုတာ...

လူတွေမှာမသေခင်တွယ်ကပ်နေတဲ့ခံစားမှုတစ်ခုရှိနေသေးလို့ဝဋ်မကျွတ်နိုင်သေးလို့...

ကံကံ၏ဝဋ်ကျွေးကြောင့်လို့လည်း​ပြောလို့ရသလို...

ငရဲထဲကတပါးအပါအဝင်ဖြစ်တယ်...
မမြင်ဘူးပေးမယ့် မမြင်ရတဲ့ဝိညာည်တွေကရှိတတ်ပါတယ်

ဘုန်းကံမြင့်တဲ့သူ​တွေက ပရ​လောကသား​တွေကို ဘယ်လိုမှမမြင်နိုင်ပါဘူး
ဘုန်းကံနိမ့်တဲ့သူ​တွေကျ မြင်တတ်ကြပါတယ်​

ဒါ​ပေမယ့် သူတို့ မ​သေခင်အစွဲ​​တွေနဲ့​သေသွားတာ​ကြောင့်
မကျွတ်မလွတ်ဘဝကို​ရောက်ကြတယ်

သူတို့က လူ​တွေကို​ ​တော်ရုံမ​ခြောက်လန့်ကြပါဘူးး
သူတို့ကျွတ်ချင်လို့ ဘဝတစ်ပါး ကူး​ပြောင်းချင်တဲ့ခါ လူ​တွေကို အိမ်မက်လာ​ပေးတတ်ကြတာတို့...
ကံနိမ့်တတ်တဲ့သူ​တွေကို ကိုယ်ထင်ပြ လာ​ရောက်​တောင်းဆိုကြတာတို့ ရှိတတ်ကြတာပါ...

အဲ့​တော့ ​​ကျောင်းမှာသရဲရှိလားလာလာပြ​ပြော​နေကြတဲ့ ​ကျောင်းသူ​လေး​တွေ လာလာပြီးမ​ပြောမပြကြပါနဲ့​တော့​ပါ

ဘာမှ​ကြောက်စရာလည်းမလိုပါဘူးး
ကံမြင့်ကြတဲ့သူ​လေး​တွေဘဲ ဘာမှမမြင်ရဘူး...

တချို့က ​​မသိဘဲ ​လျှောက်​ပြောကြပါတယ်...

ဘယ်သူ​တွေ ဘယ်လို​ပြော​ပြော ကြုံခဲ့ရတဲ့သူ​တွေလည်းသူတို့ကြုံခဲ့ရတာ​​တွေပြောကြသလို...

ဘာမှမမြင် ဘာမှမကြုံ ဘာမှမသိတဲ့သူ​​လေးတွေက ​လိုက်ပြီး​သရဲရှိတယ်ရှိတယ်ပြော​နေဖို့မလို​ပါဘူး​​​​လေနော်...

🏫ကြီးကျယ် ထူထပ် ကျယ်ပြန့်တဲ့တို့​ကျောင်း​တော်ကြီး🏫အ​ကြောင်းကို/တို့​ကျောင်းသူ​လေး​တွေသာအသိဆုံးပါ📗

#ပုံများပြန်လည်ကူးယူ​ဖော်ပြခွင့်မပြုပါ။

In Latha (2)

29/09/2020

📈Covid Team(1)AS Group📈

💢အ.ထ.က(၂)လသာ​ကျောင်း၌

💢တာဝန်ကျ တာဝန်ထမ်း​ဆောင်​နေကြသော ​​စေတနာ့ဝန်ထမ်း ​ကျန်းမာ​ရေးဝန်ထမ်းများအား ​လေးစားဂုဏ်ပြုအပ်ပါသည်🙏

💢Covid (19)​​ရောဂါဆိုးကြီးကို...

တစ်ကမ္ဘာလုံးရှိ ကျန်းမာ​ရေးဝန်ထမ်းများ နှင့် ပြည်သူများအားလုံး အ​မြန်ဆုံး ​ကျော်လွှားနိုင်ကြပါ​စေ~💪

.(2) Latha

(CD)
At Home🏠
In Latha (2)

Photos from Love In Latha2's post 16/09/2020

💢ဆေးရုံ​အဖြစ်ယာယီဖြစ်သွားတဲ့
အ.ထ.က(၂)လသာ🏫➡🏨

💢ရန်ကုန်ပြည်သူ့​ဆေးရုံကြီး အထူးကုပြင်ပလူနာများအား​ကျောင်းသို့​ရွှေ့​ပြောင်းထားရှိ

💢​ကျောင်း၌တာဝန်ခံများလည်းစနစ်တကျ ကြီးကြပ်သွားကြမှာပါ

💢ကျောင်းဝန်ထမ်းများနှင့်​ဆေးရုံဝန်ထမ်းများအစစအရာရာအဆင်​ပြေကြပါ​စေ💪🙏

Inn Thar (KMW)
#ပုံများပြန်လည်ကူးယူ​ဖော်ပြခွင့်မပြုပါ။

In Latha (2)

10/09/2020

♩ပညာ​ရေးအဆင့်မြင့်​စေရာ
အစဥ်သာတွေးချင့်တင့်​ဝေဆာ...
အထက(၂)လသာ...
မျှတလှပချစ်စရာ...
တိုးတက်မှာမိုးထက်အာကာ...♩

ကျောင်းတက်ချိန်​လေး​တွေမှာသူငယ်ချင်း​တွေနဲ့ညီညီညာညာနဲ့သီဆိုပါ​ကျောင်းပြီးသွားရင်ဆိုရ​တော့မှာမဟုတ်ပါဘူး​နော်

Education High School No.2 Latha🏫

In Latha (2)

29/08/2020

ကျောင်းတွေ မရှိလည်းဖြစ်တယ်
= = = = = = = = = = = = = = = =
ကလေးတို့ရေ ကျောင်းတွေပိတ်လို့ ဝမ်းသာနေမလား?

ညစဉ်ညတိုင်းအိပ်ရေးပျက်ခံပြီးဂိမ်းတွေဆော့နေတော့မှာလား?

မှတ်ထားကလေးရေ.
ကျောင်းဆိုတာ ပိတ်ထားလို့ရတယ်။ပညာဆိုတာတော့ လေ့လာမှု ရပ်တန့် လို့မရဘူး။ တို့ကျောင်းတွေ မဖွင့်လည်း ပညာကိုတော့ ဆက်ပြီး လေ့လာနေရမယ်။ အတန်းပညာမဟုတ်လည်း ကျောင်းပြင်ပ ပညာရေးနဲ့ ကိုယ်တိုင် လေ့လာ ပညာရေးဆိုတာ ရှိတယ်။ ကျောင်းစာ မဟုတ်တဲ့ ဘဝအတွက် ပညာတွေလည်း ငါတို့ စဉ်ဆက်မပြတ်လေ့လာနေရ မယ်။

ပညာဆိုတာ အကောင်းအဆိုး အကြောင်းအကျိုး ခွဲခြားနိုင်မှူကို ပြောချင်တာကွ။ မင်းတို့ မြင်အောင် ပြောရရင် ဟိုးရှေးခေတ် စာသင်ကျောင်း ဆိုတာ မရှိခင်ကတည်းက ပညာဆိုတာ ရှိတယ်။ ဗိသုကာပညာ ၊ ဆေးပညာ ၊ အချုပ်အလုပ် စသဖြင့်ပေါ့လေ။ မာသာထရီဇာ ဟာ ဆယ်တန်းမအောင်ခဲ့ဘူး၊ မဟတ္တမ ဂန္ဓီ လည်း ဆယ်တန်းမအောင်ခဲ့ဘူး။ နောက်ဆုံးကွာ တို့ ပြဌာန်းစာတွေမှာ ကဗျာတွေပါတဲ့ ဆရာမငွေတာရီလည်း ကိုးတန်းနဲ့ ကျောင်းထွက်ခဲ့ရတာ။ ပြောချင်တာက ကျောင်းနေခြင်း မနေခြင်းထက် ပညာကို လေ့လာမှု ကွ။ သူတို့ကျောင်းမနေရလို့ ရပ်တန့် မသွားခဲ့ဘူး။

မင်းတို့ရော ကျောင်းတွေပိတ်သွားတော့ ဂိမ်းတွေကစားပြီး နေ့ရက်တွေကို ဖြတ်သန်းကြမှာလား?

စဉ်းစား ကလေးရေ
ကျောင်းတွေတော့ ပိတ်ပြီ။ စာတတ်ချင်တာလား ? ပညာတတ်ချင်တာလား? ပညာတတ်ချင်ရင် ပညာရှာ ! ဂိမ်းတွေကစားပြီး အချိန်ကုန်မနေနဲ့ ။ကျောင်းစာတွေ မသင်ရသေးလည်း ဖတ်စရာ မှတ်စရာ လေ့လာစရာတွေ တစ်ပုံကြီးနော်
ချစ်လို့ပြောတာက​လေးတို့
(CD)
#ပုံများပြန်လည်ကူးယူ​ဖော်ပြခွင့်မပြုပါ။

In Latha(2)

27/08/2020

ဲမှ တပည့်များသိ​​​ေစရန် #
-19 နှင့် အထက်တန်း ပညာရေး

ကလေးတို့ရေ အထက်တန်းကျောင်းတွေ ယာယီပိတ်လိုက်ရပြီဆိုတော့ ဒီအခြေအနေကို လိုက်ပြီး အကောင်းဆုံးဖြစ်အောင် အခွင့်အရေးကို အသုံးချလို့ ရနိုင်မယ့်အချက်လေးတွေကို ဒီနေ့ မျှဝေပေးသွားပါမယ်

၁- အချိန်ပိုရခြင်း

grade-11 ကလေးတွေဟာ ခါတိုင်းနှစ်တွေမှာဆိုရင် ၁၀ လကျော်လောက်နဲ့ သင်ရိုးပြတ်အောင်သင်ရ ကျက်ရ ဖြေရပါတယ်
ဒီနှစ်ကလေးတွေအတွက်တော့ ခုကျောင်းပိတ်ထားတယ်ဆိုရင်တောင် ကျောင်းပြန်ဖွင့်မှာကလည်း သေချာသလို တချိန်ချိန်စာမေးပွဲဖြေရမှာကလည်း အသေအချာပါပဲ ကျောင်းတွေဟာ လုံးဝထာဝရပိတ်လိုက်တာ မဟုတ်ဘူးဆိုတာ သတိရပါ
ဒါကြောင့် သေချာနေတဲ့အရာ မဖြစ်မနေ ဖြေရမယ့်စာမေးပွဲအတွက်ကို ခါတိုင်းနှစ်တွေထက် စာကျက်ချိန်ပိုရတာ အဆိုးထဲက အကောင်းပါ
ဒါကြောင့် ကြိုတင်ကျက်မှတ် လေ့လာထားကြပါ
စနစ်သစ်ကို စသင်ရတဲ့ Grade-10 ကလေးတွေလည်း သင်ပြီးသားစာလေးတွေ ပြန်လေ့ကျင့်ထားပြီး သင်ခန်းစာတွေ ကြိုလေ့လာထားကြပါ

၂- အေးဆေး လေ့လာခွင့်ရခြင်း

ကလေးတို့ရေ အထက်တန်းစာတွေဟာ လေ့လာတတ်ရင် လေ့လာတတ်သလောက် အကျိုးရှိပြီး ရှေ့ဆက်တက်မယ့် တက္ကသိုလ်တွေအတွက်လည်း ပြန်အသုံးချလို့ရမယ့် အခြေခံပညာရပ်တွေ ပါဝင်ပါတယ်
သို့သော် ခါတိုင်းနှစ်တွေမှာ စာမေးပွဲဖြေဖို့ကို ဦးတည်ပြီး နားလည်လည် မလည်လည်အလွတ်တွေကျက်နေကြရတဲ့ ကလေးတွေ ရှိပါတယ်
ဒီနှစ်တော့ အချိန်ရတုန်းလေး စာမေးပွဲဖြေဖို့ကို စိတ်ထဲက ထုတ်ပြီး ဘာသာရပ်တွေကို အေးဆေးလေး လေ့လာကြည့်ကြပါ မြန်မာစာ စကားပြေတွေ ကဗျာတွေကို ခံစားပြီး ဖတ်ကြည့်ပါ စာစီစာကုံးတွေ ရေးကျင့်ကြည့်ပါ
ကျောင်းတွေပြန်ဖွင့်တဲ့ အခါ သူများထက် စာတွေမှတ်ရ လွယ်ကူနေပါလိမ့်မယ်

၃- English စာကို များများလေ့လာထားပါ

အထက်တန်းအဆင့် ဘာသာရပ်တွေဟာ မြန်မာဘာသာရပ်က လွဲရင် english လို ရေးပြီး english လိုကျက်ရတယ် သင်ရတယ် ဖြေရတယ်
စာမေးပွဲဖြေဖို့ ဦးတည်နေရတဲ့ အရင်နှစ်တွေမှာ English ကို အခြေခံကစ ပြန်လေ့လာဖို့ မသိတာတွေ ရှာဖတ်ဖို့ အချိန် မရှိပါဘူး ဒါကြောင့် ဒီနှစ်တော့ အခြေခံ grammar တွေ vocabulary တွေကို အချိန်ယူပြီး မှတ်သားဖို့ အခွင့်ကောင်းပါပဲ ပြင်ပ စာအုပ်တွေ ရှာဖတ်ဖို့လည်း အချိန်ကောင်းပါပဲ
ဒီချိန်မျိုးမှာ English သီချင်းတွေ English ဇာတ်ကားတွေကြည့်ပြီးလည်း လေ့လာနိုင်ပါတယ်

၄- မရပ်တန့်နေပါနဲ့

ကျောင်းတွေပိတ်လိုက်ပြီဆိုပြီး စာတွေကို ပစ်ထားတာ မဖတ်တော့ပဲ နေတာမျိုးတွေမလုပ်ပါနဲ့ ကိုယ်က ရပ်နေပေမယ့် တခြားသူတွေက ဆက်လေ့လာနေမှာပါ ကျောင်းတွေပြန်ဖွင့်ချိန်မှာ သူများရှေ့မရောက်တောင် တန်းတူဖြစ်နေအောင် ဘာမှမလုပ်ပဲ ရပ်တန့်ထားတာမျိုး မလုပ်ပါနဲ့

၅-ဝါသနာပါတာလေးတွေလည်း လုပ်ပါ

စာပြီးရင်း စာနေရတဲ့ အထက်တန်း ကလေးတွေမှာ ဝါသနာပါတာလေးတွေလုပ်ဖို့ အချိန်က မရှိတတ်ကြပါဘူး
ခုတော့ အိမ်မှာနေရင်း စာအုပ်ဖတ်ဝါသနာပါတဲ့ကလေးတွေ စာဖတ်ပါ သီချင်းတွေ နားထောင်ပါ ပုံဆွဲဝါသနာပါတဲ့ကလေးတွေ ပုံဆွဲပါ ဒီအချိန်ကို အသုံးချပြီး ပျော်စရာအချိန်လေးတွေကို ဖန်တီးကြပါ

၆-ကျန်းမာရေးကို ဂရုစိုက်ပြီး လမ်းညွှန်ချက်တွေအတိုင်း နေထိုင်ကြပါ

​ဒီအချက်ကတော့ မဖြစ်မနေ လုပ်ဆောင်ရမယ့် အချက်ဖြစ်ပါတယ်
နေကောင်းအောင် နေကြပါ ကျန်းမာရေးနှင့် ညီညွှတ်တဲ့အစာတွေ စားပါ အပြင်သွားရင် mask တပ်ပါ အတတ်နိုင်ဆုံး အိမ်မှာနေပါ ခရီးမထွက်ကြပါနဲ့ လက်ဆေးကြပါ

ကဲ ဒါဆိုရင် ဘယ်ချိန်ပဲ ကျောင်းတွေပြန်ဖွင့်ဖွင့် ကိုယ့်ဘက်က ready ဖြစ်နေအောင် ပြင်ဆင်ပြီး နေထိုင်ကြမယ်နော်

Good Luck & Take care 😇😇
Aye Aye Aung Education Center 😇

#ပုံများပြန်လည်ကူးယူ​ဖော်ပြခွင့်မပြုပါ။

In Latha (2)

15/08/2020

ဒီ​ခေါင်း​လောင်းသံ​လေးကိုကြား​လိုက်တဲ့ခါတိုင်းး
ရင်ထဲမှာ​ပြောမပြတတ်ဝမ်းနည်းမိတယ်
🌼၈တန်း​ဆောင်🌼

14/08/2020

အ.ထ.က(၂)လသာ
💚 ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်💚
တက္ကသိုလ်ဝင်တန်းဂုဏ်ထူးရ​ကျောင်းသူများ

💥၆ဘာသာဂုဏ်ထူးရှင်(၁၃)​ယောက်

🏆​မေသံစဥ်ချို
🏆မြသက်ချယ်
🏆ဖြိုးသီရိတာ
🏆​မေသူမြတ်နိုး
🏆စုမြတ်မင်းနိုင်
🏆ရှင်းသန့်မိုးမြတ်
🏆သဇင်ရည်
🏆ဆုရတနာလင်း
🏆ဆုမြတ်သင်း
🏆​မေမွန်သန့်
🏆​မေရှင်းသန့်
🏆ဖူးစုံဟန်
🏆မိုးစန္ဒ​ာအေး

💥၅ဘာသာဂုဏ်ထူးရှင်(၁၄)​ယောက်

🏅မင်းမြတ်မြတ်​​ကောင်း
🏅​မေသရဖီ​ကျော်
🏅​သော်တာ​ဆွေဇင်
🏅ဆုစန္ဒီနှင်း
🏅​စောယုနွယ်
🏅မြတ်နိုးဖြူ
🏅မိုး​အေး​အေးမြင့်
🏅မိုးသက်မှူး
🏅မိုးသီရိ
🏅​ကေဇင်လတ်
🏅ချယ်ရီဖူးသစ်
🏅ကြည်ရှင်းသန့်
🏅ဖြိုးမြတ်​ကေသွယ်
🏅သင်းသရဖီဟန်

💥၄ဘာသာဂုဏ်ထူးရှင်(၁၉)​ယောက်

🎖ဆုမွန်​ကျော်
🎖​မေ ဖူး ငုံ
🎖သဲ ထက် စု
🎖သက်ထားဆုဇာ
🎖​မေဇင်ထက်
🎖ယွန်းမြတ်စန္ဒီ
🎖စိုးရတနာ
🎖ဇွန်မြတ်နိုး
🎖စိမ်းလဲ့လဲ့နိုင်
🎖ဇူးဇင်ပွင့်
🎖မိုးသက်ဖူး
🎖ဇင်မင်းဖြိုး
🎖ဖြူသန့်မွန်
🎖​ရွှေရည်လင်း
🎖​မေသူမျိုးလွင်
🎖ချမ်း​မြေ့သူ
🎖ခင်မွန်​သော်
🎖သင်းသီရိ​သော်
🎖​ကျော်​မေပြုံးသျှင်

💥၃ဘာသာဂုဏ်ထူးရှင်(၁၃)​ယောက်

🥉ဖူးပြည့်စုံခိုင်
🥉​မေသင်းခိုင်
🥉ဖူးမြတ်​နေခြည်
🥉မြတ်ဆု​နေထွန်း
🥉သင်းမြတ်နိုး
🥉ခိုင်မြတ်သဇင်ဖူး
🥉မြယွန်းမို
🥉ဖြူစင်​မောင်
🥉​ဆောင်းနန္ဒ္ာလင်း
🥉လင်းသစ်လွင်
🥉ယဥ်မင်းသူ
🥉ဝင်းလဲ့ဟန်
🥉သျှားရတီဦး

၂ဘာသာဂုဏ်ထူးရှင်(၂၀)​ယောက်

🥈​မေနှင်းစိုး
🥈မသေူစိုး
🥈​ဟေသီ​ဇော်
🥈နန္ဒ္ာထက်
🥈ဆုလဲ့လင်းထက်
🥈ဖြူသန့်ဇင်ထွန်း
🥈ဝင်းစန္ဒ္ာ
🥈ဆုလင်းလက်နိုင်
🥈ယွန်းလပြည့်
🥈ယွန်းကြည်ဖြူ
🥈ယွန်းအိဖြူ
🥈အိ​ရွှေရည်ဖြိုး
🥈​အေးချမ်းမြင့်မိုရ်
🥈ယွန်းမီမီမြင့်
🥈ယု​ကောင်းမြတ်
🥈ထက်သင်ဇာဝင်း
🥈​အေးမြင့်သူ
🥈ခင်မြတ်မြတ်သိန်း
🥈ထက်ရတီဦး
🥈သက်ထားစံ

💥၁ဘာသာဂုဏ်ထူးရှင်(၃၀)​ယောက်

🥇ဝင့်ဟန်နီ​ကျော်
🥇ခင်သက်နှင်းဆု
🥇သဲယုစံ
🥇​မေလင်း​သော်တာ
🥇ခိုင်ဇင်ထက်
🥇​ဆောင်းလဲ့နန္ဒီ
🥇ယဥ် ယဥ် ပို
🥇ရွှန်းလဲ့ယွန်းပြည့်
🥇ခိုင်သဇင်ဖြိုး
🥇​မေဖူးမွန်မျိုး
🥇ဆုမြတ်
🥇​မေမြတ်မွန်
🥇ခင်ဧကရီ​မွှေး
🥇​မေယု
🥇သဲစုလင်း
🥇သန္တာလွင်
🥇ဆုမြတ်လိူင်
🥇ဝင်း​ရွှေဝါ
🥇ဆုယမင်း​ဝေ
🥇ချမ်းငြိမ်းသူ
🥇​မေမြင့်သူ
🥇ယမင်းသိမ့်သိမ့်သူ
🥇​ချော​ဆွေဇင်သင်း
🥇ဖူးပွင့်သင်း
🥇​မေဖြူသန့်
🥇ခင်လင်းသန့်
🥇ရတီပွင့်​အောင်
🥇သီရိ​အောင်
🥇​နော်​မေစံပယ်ဦး
🥇နှင်းနုနုရှိန်

💥ရိုးရိုး​အောင်-(၄၃)​ယောက်💥

⭐​အောင်မြင်သူ-(၁၅၂)​ယောက် ⭐

🌼​​အောင်မြင်သွားကျတဲ့​ကျောင်းသူများအားလုံး​ရှေ့​လျှောက် ကိုယ်တက်လှမ်းမည့် ရည်မှန်းချက်ပန်းတိုင်သို့ လွယ်ကူစွာ​လျှောက်လှမ်းနိုင်ကြပါ​စေ🌼

🌸ကျရူံးသွား​တဲ့​ကျောင်းသူ​လေးများလည်းစိတ်ဓ္ာတ်ကျမ​နေဘဲ ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်နဲ့ စိတ်ဓ္ာတ်ခိုင်မာစွာထားပြီး​အ​ကောင်းဆုံးဖြတ်သန်းနိုင်ကြပါ​စေ🌸

🎓ရှေ့​လျှောက်အောင်မြင်တဲ့​ကျောင်းသူ​လေး​​တွေဖြစ်ကြပါ​စေလို့ဆုမွန်​ကောင်း​တောင်း​ပေးလျက်🎓🙏💖
In Latha (2)

31/07/2020

ကျောင်းသားများကျောင်းမရောက်ခင်ဆွဲထားသော အချိန်ဇယား ခဏခဏပြင်ရ၏။
ကျောင်းသားစာရင်းကားမငြိမ်သေး။
စနစ်သစ်၌ ဘာသာရပ်အသစ်များတိုး၏
ဆရာကားပါမလာသေး။

လက်ရှိဆရာများအား ပထဝီ သမိုင်းဘာသာများခွဲပေး၏။
သိပ္ပံတွဲဆရာမကလည်း ပထဝီသမိုင်းသည် ဝိဇ္ဇာသမားနှင့်သာဆိုင်၏။သိပ္ပံနှင့်မဆိုင်ဟုငြင်း၏။မြန်မာစာသမားသည် သမိုင်းကိုယူရ၏။

ဝိဇ္ဇာဖြစ်သော အီးမေဂျာများသည် ပထဝီတွင်ပါသော ကွန်တို ဂရပ်နှင့် အတွက်အချက်ကို
နားမလည် သိပ္ပံနှင့်သာ သင့်လျော်သည်ဟု
အကြံပြုပြန်၏။

ထိုအကြံပြုချက် ငြင်းဆိုချက်များကို ကျောင်းအုပ်ကြီးသည် ဗီတိုအာဏာဖြင့်ပယ်ချလိုက်၏။သိပ္ပံသမားရော ဝိဇ္ဇာသမားကိုပါ တာဝန်ခွဲဝေကာ
"ဘာသာတိုးလာသော်လည်း ဆရာ မတိုး
ထို့ကြောင့်ညည်းတို့အား တာဝန်တိုး၏။
ငြင်းပယ်ချင်က အထက်သို့စာတင်ပါဟုဆို၏။"

အချိန်ဇယားရေးဆွဲသောအတန်းမှူးအား ဟိုမှ ဒီမှ ရန်လာတွေ့၏။
အတန်းမှူးလည်း ခေါင်းကိုက်ကာ သွေးတိုး၍ ဆေးခန်းလိုက်နေရလေသည်။

ဂီတသင်ရန်တာဝန်ကျသောဆရာမက လာမေး၏။
ဂီတဘယ်လိုသင်ရမလဲ။
ဖေ့စ်ဘုတ်မှ "လှေတော်သံ ဘာညာ သာရကာကိုရှာကြံ၍ ဘလူးတုနှင့် သီချင်းဖွင့်ပြရန်အတန်းမှူးက အကြံပေး၏။
"ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ"ဟူသောစကားပုံအရ ထိုဆရာမသည်
မသိဘူး မကြားဖူးဘူးဟုသာတွင်တွင်ငြင်း၏။

ပန်းချီတာဝန်ကျသော ဆရာမက ပန်းချီဘယ်လိုသင်ရမလဲ လာမေးပြန်၏
အတန်းမှူးစိတ်မရှည်တော့ချေ။
"ဆရာမ ဆေးရောင်စုံဘူးယူလာခဲ့
White boardကိုပက်ထည့်လိုက်
ပြီးရင်အရောင်ရဲ့သဘောကိုသင်
"တပည့်တို့ ဟောဒီမှာကြည့် အဖြူဆိုလင်းတယ်။ အမည်းဆိုမှောင်တယ်၊ အပြာဆိုမှိုင်းတယ် အဲသလိုသင်ဟု" စိတ်ပေါက်ပေါက်နှင့်
အကြံပေးလိုက်၏။

ကာယဆရာမက ကာယဘယ်လိုသင်မလဲမေးပြန်၏
၆ပေခွါထားတဲ့အနေအထားနဲ့ စာသင်ခန်း
ထဲမှာပဲ လက်လွဲ ခြေလွဲ ခါးလှည့်လုပ်ပါဟုအကြံပေးလိုက်၏။

တာဝန်များခွဲဝေပြီးသကာလ အတန်းမှူး
ကျောင်းသားစာရင်းလိုက်ကောက်သောအခါ
သိပ္ပံသမားသည် သမိုင်းကိုအားကြိုးမာန်တက်သင်နေ၏။
အီးမေဂျာသမားသည် မြန်မာနိုင်ငံမြေပုံကြီး white board တွင်ကပ်ကာ အကျအနသင်နေ၏။

ထိုအခါ အတန်းမှူးပြုံး၏။ထို့နောက် မဖြစ်နိုင်ဘူးဆိုတာ ဆရာ ဆရာမတွေရဲ့ရာဇဝင်မှာမရှိဟုတွေးလိုက်မိ၏။
ခေတ်အဆက်ဆက်ဆရာ ဆရာမများ၏ဘဝသည် လက်နက်မရှိ၊ လူအင်အားမပြည့်စုံဘဲ
တိုက်ပွဲဝင်နေရသော လူမသိသူမသိ အာဇာနည်များဖြစ်ပေသည်🙌

ဆရာ ဆရာမအားလုံးအားလေးစားမိပါ၏🙏

#ပုံများပြန်လည်ကူးယူ​ဖော်ပြခွင့်မပြုပါ။

In Latha (2)

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Website

Address


112(Bogyoke Aung San Road) +95
Yangon

Opening Hours

Monday 06:30 - 11:30
Tuesday 06:30 - 11:30
Wednesday 06:30 - 11:30
Thursday 06:30 - 11:30
Friday 06:30 - 11:30

Other Community Organizations in Yangon (show all)
Chan Myae Foundation Chan Myae Foundation
Hle Dan , Kamayut Tsp
Yangon, 95-1

Do right, More Emphasize , Keep Faith!

Barcamp Yangon Barcamp Yangon
MICT Park, Hlaing Universities' Campus
Yangon, 11052

BarCamp is an international network of user-generated conferences (or unconferences) primarily focused around technology and the Web.

Shwe Pyi Thar FA Association-SPFA Shwe Pyi Thar FA Association-SPFA
Yangon

မင်္ဂလာပါ Fa များအမြန် Rs ရပါစေသား

MCC-North Dagon MCC-North Dagon
Building (10), Room(16), Saung Hayman Housing, (30)Ward, North Dagon
Yangon

Computer and Business Training Centre

Novel Furniture Novel Furniture
Mingalartaungnyunt
Yangon, 1111

စပရိန်မွေ့ယာ၊ ကုတင်များကို စျေးနှုန်းသက်သာစွာဖြင့် အိမ်အရောက်ဝန်ဆောင်မှုပေးသည်

Local Raider Club Local Raider Club
13/B
Yangon, 11031

Car Crazy ��

Hearts Of HEC Hearts Of HEC
Hlegu Township
Yangon

" အားပေးကူညီ ကွက်လပ်ဖြည့်မည် Hearts of HEC "

Ashro Group Of Companies Ashro Group Of Companies
Shwe Gone Dine Road Bahan Township
Yangon, 11181

Import/marketing and distribution of pharmaceutical products and is the sole distributor of 3 leading

Three Sister - Singapore Product -by Ym Three Sister - Singapore Product -by Ym
Sein Pann Myaing
Yangon

Online shopping, Soap Making , Advertising

Arkar Min Arkar Min
West Bahol Street
Yangon, 251202

LGBT Adviser & Supporting

Astrio Astrio
Yangon

'ASTRIO' is a tech-based community organization which intends to help Myanmar youths. It involves in