EduVerse

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from EduVerse, Education, Yangon.

25/09/2022

Keep upgrading your skills to save time and effort.

Photos from EduVerse's post 10/09/2022

Want to use SHORTCUTS like a pro?

08/05/2022

ကမ္ဘာပေါ်ရှိအမေများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ…💙💙💙

24/04/2022

ပျော်ရွှင်မှုကို ဖန်တီးပါ….🍀

ပျော်ရွှင်မှုဆိုတာ လိုအပ်ချက်တစ်ခုမဟုတ်ပါဘူး… ပျော်ရွှင်မှုဆိုတာ နေထိုင်မှုနည်းလမ်းတစ်ခုပါ။ လူတိုင်းလူတိုင်းမှာ ပျော်ရွှင်လိုသည့် အတွင်းဓါတ်ခံ ရှိကြပါတယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက် မဖြစ်နိုင်ပါဘူး။

ပျော်ရွှင်နှိုင်ဖို့အရေးကြီးဆုံးက ကိုယ့်မှာရှိသည့်အရာသည် မည်မျှပင် သေးငယ်နေစေကာမူ အကောင်းမြင်ပါ၊ ဝမ်းသာပီတိဖြစ်ပါ၊ ကျေနပ်တတ်စေရန် လေ့ကျင့်ပါ။

ဘဝတွင် မည်သို့ပင် ကြုံရသည်ဖြစ်စေ အကောင်းမြင်စိတ်ထားကို အခြေခံ၍ အကောင်းမြင်သဘောကို ရှုပြီး ငါပျော်ရွှင်ချမ်းမြေ့စွာနေမယ်လို့ ဆုံးဖြတ်လိုက်ပါ။

ဆုံးရှုံးသွားသည့်အရာများအပေါ် ဝမ်းနည်းမနေပါနဲ့တော့။ ကိုယ့်အတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်လမ်းတွေ ရရှိလာစေဖို့ ဖြစ်လာတယ်လို့ဘဲ မှတ်ယူပြီး အခုလက်ရှိဖြစ်တည်နေတဲ့ ကိုယ့်ရဲ့အခြေအနေတွေအားလုံးကို လက်ခံလိုက်ပါ။

မည်သည့်အတွေ့ကြုံကိုမဆို လေ့လာသင်ယူပါ။ သင်ဘာဘဲလုပ်လုပ် လုပ်သမျှသည် လေ့လာသင်ယူခြင်းသာ ဖြစ်သည်ဟုမှတ်ယူပါ။

သင်အမှားပြုလုပ်မိခြင်း၊ ရှုံးနိမ့်ခြင်းတို့အပေါ် စိတ်မပျက်လိုက်ပါနှင့်။ ယင်းတို့အပေါ်မှ သင်ခန်းစာယူခြင်းက အဓိကဖြစ်ပါတယ်။ လေ့လာသင်ယူမှုပြုသည်နှင့် သင်သည် တစ်ချိန်တွင် အရည်ချင်းပြည့်ဝသူတစ်ဦး ဖြစ်လာနိုင်ပေသည်။

အတိတ်တွေကို အလေးခံပြီးသယ်ဆောင်မလာပါနဲ့ လွှတ်ချခဲ့ပါ။ ရောက်ရာနေရာကနေ ပန်းတိုင်ရောက်ရှိဖို့ ဆက်လက်ကြိုးစား လျှောက်လှမ်းနေပါ။

ဘဝရဲ့ပျော်ရွှင်မှုအစစ်အမှန်ဆိုတာတွေကို
လိုက်လံရှာဖွေရင်း အလိုမပြည့်မှုတွေအပေါ်ပဲ အာရုံစိုက်သိမ်ငယ်နေမဲ့အစား...

🍀 ကောင်းတဲ့အတွေးလေးတွေ ပိုများများတွေးမယ်...
🍀 ကိုယ့်ရှိတာလေးကို တန်ဖိုးထားမြတ်နိုးမယ်...
🍀 စွန့်လွှတ်သင့်တဲ့အရာတွေအပေါ် စွဲလမ်းမှုကိုပယ်ဖျက်ထားမယ်...
🍀 အိပ်မက်တွေ အကောင်ထည်ဖော်ဖို့ အမြဲလေ့လာသင်ယူနေမယ်…
🍀 အကြည်လင်ဆုံး အပြုံးလေးကို အမြဲဆောင်ထားမယ်ဆိုရင်…

သင့်ဘဝ အစဉ်အမြဲ သာယာလှပ နေပါလိမ့်မယ်။

22/04/2022

အခြားသူတွေရဲ့ အပြုမူ၊ အပြောဆိုတွေက ကိုယ့်စိတ်ခံစားချက်ကို ချုပ်ကိုင်လွှမ်းမိုးခံနေမယ့်အစား ကိုယ့်ဘဝကို ကိုယ်တိုင်ထိန်းချုပ်ပြီးငြိမ်းချမ်းမှုရယူပါ။

တစ်စုံတစ်ယောက်၊ ပစ္စည်း တစ်စုံတစ်ခု သို့မဟုတ် အခြေနေတစ်ရပ်ရပ်သည် သင့်အားပျော်ရွှင်စေခြင်း ဝမ်းနည်းစေခြင်းစတဲ့ ခံစားမှုတွေဖြစ်နေစေပါက သင့်ဘဝအား ထိုအရာတွေက ထိန်းချုပ်ထားခြင်းဖြစ်ပါတယ်။

ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေအတွက် အခြားသူပေါ် မှီခိုရမှုများလေလေ သူတို့၏ ထိန်းချုပ်မှုခံရလေလေဖြစ်ပါတယ်။ ထိန်းချုပ်ခံရမှုကြီးလေလေ ကိုယ့်ခံစားချက်တွေဟာလည်း ပိုမိုထိခိုက်လာလေဖြစ်လာမှာပါ။

ကိုယ့်ဘဝကို အဲ့ဒီပြင်ပ အကြောင်းအရာတွေရဲ့ ထိန်းချုပ်မှုမခံရဖို့ ကိုယ့်ကိုယ်ကို ယုံကြည်လေးစားမှုမြင့်မားအောင် တည်ဆောက်ရပါမယ်။ ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် ထိန်းချုပ်မှု ရယူလိုလျှင် ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ကိုယ်တိုင်ဖြည့်ဆည်းနိုင်ရပါမယ်။

ကိုယ့်စိတ်ကို ကိုယ့်ဘာသာ ပြင်ဆင်ထားရှိမှုကြောင့် ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ ကိုယ်ဘဲဖြစ်လာပါလိမ့်မယ်။ ကိုယ့်ခံစားချက်ကို ကိုယ်ကိုတိုင် အချိန်မရွေး ထိန်းချုပ်နိုင်ပြီဆိုလျှင် အစဉ်ငြိမ်းချမ်းမှု ရရှိပြီဖြစ်ပါသည်။

ကိုယ့်ကိုယ်ကို ယုံကြည်လေးစားမှု ရရှိအောင်တည်ဆောက်ပြီး ထာဝရပျော်ရွှင်ငြိမ်းချမ်းသော ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

20/04/2022

မြှားတစင်းပစ်ဖို့အတွက် အရင်ဦးဆုံး လေးကြိုးကိုနောက်ကိုဆွဲပြီး အားယူရတယ်လေ......နောက်ကိုအားယူ ပိုဆွဲနိုင်လေလေ မြှားက ပိုအဝေးရောက်လေလေပဲ.....

ထို့အတူပဲ.....ဘ၀တခုမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကသင့်ကို နောက်ကိုဆွဲချနေပြီဆိုရင် စိတ်ပျက်အားငယ်မနေလိုက်ပါနဲ့.....
သင့်ကို နေရာကောင်းတခု၊ အခွင့်ရေးကောင်းတခုဆီသို့ ပေးပို့ပေးမဲ့အရာဖြစ်နေလို့ပါပဲ....

အခက်ခဲတွေပိုပြီး ကြုံတွေ့ရလေလေ၊ ရလာတဲ့ကောင်းချီးတွေက ပိုချိုမြိန်လေပါပဲ...

စိတ်ဓါတ်မကျလိုက်ပါနဲ့... ရှေ့ကိုဆက်လျှောက်ဖို့အတွက်သာ ကြိုးစားပြင်ဆင်ပါ.....

10/03/2022

Your Time Well

အချိန်ကိုကောင်းစွာအသုံးချတက်ခြင်းဟာ ကိုယ့်ဘဝပန်းတိုင်ကို ကိုယ်အလိုရှိတဲ့အတိုင်း ရောက်ရှိနိုင်အောင် ဖော်ဆောင်နိုင်ခြင်းဖြစ်ပါတယ်။ အချိန်ကို ဘယ်လိုအသုံးချသလဲ ဆိုတာပေါ်မူတည်ပြီး အောင်မြင်ပျော်ရွှင်နေသူ၊ မအောင်မြင်သေးသူ၊ အောင်မြင် ပေမယ့်မပျော်ရွှင်နိုင်သူ စသည်ဖြင့်ကွဲပြားခြားနားသွားပါတယ်။

ABCDE Method

ကျွန်တော်တို့အားလုံးရဲ့နေ့စဉ်ဘဝမှာ လုပ်ဆောင်ရမည့် အလုပ်တာဝန်တွေ များစွာရှိကြပါတယ်။ လုပ်စရာတွေများပြီး ဘာကိုစလုပ်ရမှန်းမသိဘဲ ဗျာများနေရတဲ့ နေ့ရက်တွေလည်း ကြုံဘူးကြမှာပါ။ ဒါတွေကို ABCDE Method က ကောင်းစွာဖြေရှင်းပေးနိုင်ပါလိမ့်မည်။

ABCDE ဆိုသည်မှာ အခြားမဟုတ်။ အရေးကြီးသည်နှင့် အရေးမကြီးသည်တို့ကို ကောင်းစွာရှင်းလင်းပေးနိုင်သည့် နည်းလမ်းကောင်းများသာဖြစ်လေသည်။

ဥပမာ သင့်အတွက် နောက်တစ်ရက်အတွက် လုပ်စရာ ကိစ္စ အခု၂၀ ရှိသည်ဆိုပါဆို့။ ယခုညမအိပ်ခင်အချိန်တွင် ၁ မှ ၂၀ ထိ စာရွက်တစ်ရွက်ပေါ်တွင်ချရေးလိုက်ပါ။ ဤ အခု ၂၀ ထဲကမှ ဘယ်လို ဆောင်ရွက်ရမည်ကို ယခုဖော်ပြမည့် ABCDE Method က ပြောပါလိမ့်မည်။

🎯 “A" Task you must do...

A ဆိုသည်မှာ သင့်အတွက် အလွန့်အလွန်အရေးကြီးသည့် ပထမဆုံးဦးစားပေးရမယ့် လုပ်ကိုလုပ်ရမည့် လုပ်ငန်းဆောင်တာများကို ဆိုလိုသည်။ ဒီလုပ်ငန်းဆောင်တာတစ်ခုကို သင်လုပ်ခြင်း မလုပ်ခြင်းသည် သင်၏ ဘ၀အတွက် ကြီးမားသောရိုက်ခတ်မှုများရှိနေရမည်။ အကယ်လို့သင့်မှာ တစ်ခုထက်မကသော အရေးကြီးသည့် လုပ်စရာများရှိနေလျှင် A1, A2, A3 စသည်ဖြင့်ချရေးရလိမ့်မည်။

🎯 "B" Task you should do….

B ဆိုသည်မှာ လုပ်ဖို့သင့်သော လုပ်ငန်းဆောင်တာများကိုဆိုလိုသည်။ သင် B လုပ်ငန်းဆောင်တာကို မလုပ်မိသည့်အတွက် တစ်စုံတစ်ယောက်အတွက် စိတ်အနှောင့်ယှက်ဖြစ်ကောင်းဖြစ်သွားလိမ့်မည်။ သင့်အတွက်တော့ အနည်းငယ်သာ အကျိုးသက်ရောက်မှုရှိပေလိမ့်မည်။ ဥပမာ တစ်စုံတစ်ယောက်ကို ပြန်စာရေးခြင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် နေ့လည်စာထွက်စားခြင်း၊ မိတ်ဆွေတွေကို ဖုန်းခေါ်ဆိုခြင်း စတဲ့ A လုပ်ငန်းဆောင်တာလောက် အရေးမကြီးသည်များကို ဆိုလိုသည်။ သင့်အတွက် A လုပ်ငန်းဆောင်တာများမပြီးသေးပဲ B လုပ်ငန်းဆောင်တာများကို လုပ်စရာမလိုပေ။

🎯 "C" Tasks that are nice to do…..

C ဆိုသည်မှာ လုပ်ရင်ကောင်းသော လုပ်ငန်းဆောင်တာများဖြစ်ပြီး လုပ်ခြင်းမလုပ်ခြင်းသည် သင့်အတွက် ဘာမျှသက်ရောက်မှုမရှိပေ။ ဥပမာ သူငယ်ချင်းများနှင့် စကားစမည်ပြောဆိုခြင်း၊ ကော်ဖီသောက်ခြင်း၊ လမ်းလျှောက်ထွက်ခြင်း၊ သတင်းစာဖတ်ခြင်း စသည်...

🎯 “D" Task you should delegate to someone else….

D ဆိုသည်မှာ Delegate ကိုယ်ကိုယ်တိုင် မလုပ်လည်းရသည့်အရာများအားလုံးကို အခြားလုပ်နိုင်မည့် ကူညီနိုင်မည့်သူများထံသို့ တာ၀န်များပုခုံးလွှဲအပ်ခြင်းဖြစ်သည်။ သင့်မှာလုပ်စရာတွေသိပ်များလွန်းလို့ တစ်ချို့သောအရာတွေကို သင်ကိုယ်တိုင် လုပ်နိုင်မည်မဟုတ်သည့်အတွက် သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်များသို့ တတ်နိုင်သမျှ တာ၀န်များလွှဲအပ်ခြင်းဖြစ်သည်။ သို့မှသာ သင့်ရဲ့အရေးအကြီးဆုံး A လုပ်ငန်းဆောင်တာများကို အချိန်များများပေးပြီး လုပ်ဆောင်နိုင်ပေလိမ့်မည်။

🎯 “E" Task to eliminate….

E ဆိုသည်မှာ (Eliminate)…. လုပ်ဆောင်ဖို့မသင့်သည့် လုံးလုံးလျားလျား ဘာမျှမဟုတ်သည့် လုံး၀အရေးမကြီးသည့် အရာများအားလုံးကို လုံး၀မလုပ်ဘဲ ချရေးထားသည့် စာရွက်ပေါ်မှဖယ်ရှားပစ်ရမည့် Tasks တွေ ဖြစ်သည်။

အထက်ဖော်ပြပါ ABCDE ဟူသည့် အရေးကြီးသည်မှအရေးမကြီးသည်များအားလုံးကို သင်ကိုယ်တိုင် အထင်အရှားရှာဖွေတွေ့ရှိပြီးသည့်နောက် A1 မှစတင်ကာ ယခုချက်ချင်း စလုပ်လိုက်ပါ။ အထက်ဖော်ပြပါနည်းလမ်းကို သင်ကိုယ်တိုင် နေ့စဉ်မှန်မှန်လုပ်ဆောင်ပါက တစ်ပတ်အတွင်း သင့်၏အချိန်မလုံလောက်မှုများ စိတ်ဖိစီးမှုများ သိသိသာသာ လျော့နည်းသွားစေနိုင်ပါလိမ်မည့်...

05/03/2022

#ကိုယ်ရည်ကိုယ်သွေး Personality

ကိုယ်ရည်ကိုယ်သွေးဆိုတာ စိတ်ခံစားမှုကို ကိုယ်အမူအရာနဲ့ ဖော်ပြတာမို့ ကာယဝိညက်ရုပ်တွေပဲဖြစ်ပါတယ် - ဒီအမူအရာတွေကြည့်ပြီး အတွင်း စိတ်နေစိတ်ထားကို ခန့်မှန်းနိုင်ပါတယ် - ကိုယ်ရည်ကိုယ်သွေးဆိုတာ အမူအကျင့်တွေပဲဖြစ်ပါတယ် - အမူအကျင့်တွေကနေ စရိုက်ဖြစ်လာပါတယ် - ကိုယ်ရည်ကိုယ်သွေးလို့ ခေါ်ခေါ် စရိုက်လို့ ခေါ်ခေါ် စိတ်နေစိတ်ထားကို ဖော်ပြနေတာကတော့ အတူတူပါပဲ
မှန်ကြည့်ပြီး ရုပ်လှမလှ ဆင်ခြင် ပြင်ဆင်ကြပေမယ့် စိတ်ကိုတော့ ဆင်ခြင် ပြင်ဆင်တာ မလုပ်မိကြပါဘူး - မိမိစိတ်အခြအနေ မိမိမသိပေမယ့် မိမိအမူအကျင့်စရိုက်က မိမိဘယ်လိုလူစားလဲလို့ ဖော်ပြနေတာမို့ မိမိစိတ်နေသဘောထားကို သူများတွေကတော့ သိနေကြပြီး ဖြစ်နေပါတယ်
ခုဖော်ပြတဲ့အချက်အလက်လေးတွေက မိမိစိတ်ကို မိမိမြင်နိုင်တဲ့ ကြေးမုံချပ်လို သဘောထားနိုင်ပါတယ်

#ပွင့်လင်းသူများ Openness

အတွေ့အကြုံသစ်တွေကို ရင်ဖွင့်ကြိုသူများဖြစ်တယ် - စူးစမ်းချင်စိတ်ရှိပြီး စွန့်စားခန်းများကို နှစ်သက်ကြတယ် - အနုပညာကိုစိတ်ဝင်စားတယ် စိတ်ကူးဉာဏ် နဲ့ အသစ်အဆန်းများကို တန်ဖိုးထားကြတယ် -
မတူညီသောအရာ များစွာပါဝင်သောဘဝသည် ပို၍စိတ်ဝင်စားစရာကောင်းပြီး ပျော်စရာကောင်းတယ်လို့ ခံယူသူများဖြစ်တယ် - ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သူများဖြစ်သော်လည်း ပညာရှိဂိုက်မဖမ်းဘဲ ခပ်ပျော်ပျော်ပုံစံမျိုးနဲ့နေသူများဖြစ်တယ်

သူနဲ့ဆန့်ကျင်ဖက်က မပွင့်လင်းသူများ သို့မဟုတ် ပွင့်လင်းမြင်သာမှုနည်းပါးသူများဖြစ်တယ် - ၎င်းတို့ကတော့ ၎င်းတို့ရဲ့အလေ့အထဟောင်းတွေကို စွဲစွဲမြဲမြဲနှစ်သက်ကြပြီး အသေဖက်တွယ်ထားကြသူများဖြစ်တယ် - အတွေ့အကြုံသစ်များကို ရှောင်ရှားလိုကြပြီး စွန့်စားရမှာကို မနှစ်သက်သူများဖြစ်တယ်

#အသိစိတ်ရှိသူများ conscientious

အသိစိတ်ရှိသူများသည် စည်းစနစ်ကျပြီး တာဝန်ဝတ္တရားများကို ကျေပွန်သူများဖြစ်တယ် - ၎င်းတို့သည် အားကိုးထိုက်သူများ ဖြစ်တယ် - စည်းကမ်းရှိပြီး အောင်မြင်မှုကို အာရုံစိုက်သူများဖြစ်တယ် - အစီအစဉ် စီမံကိန်းနဲ့ နေထိုင် လုပ်ကိုင်သူများဖြစ်တယ်

သူနဲ့ဆန်ကျင်ဖက်က အသိဉာဏ်နည်းတဲ့လူတွေဖြစ်တယ် - လျော့ရိလျော့ရဲ ပေါ့ပေါ့လျော့လျော့ တန်ဖို့မဲ့ နေထိုင်သူများဖြစ်တယ်

#ပေါ်ပေါ်လွင်လွင်နေသူများ Extraversion

ပေါ်ပေါ်လွင်လွင်နေသူဆိုသည်မှာ တစ်ယောက်တည်းနေခြင်းထက် လူများတဲ့ပတ်ဝန်းကျင်တွင် နေလိုသူများဖြစ်တယ် - စကားပြောဖော်ရွေတယ် - ပေါင်းသင်းဆက်ဆံတတ်တယ် - လူစုလူဝေးမှ စွမ်းအင်ကို ထုတ်ယူတတ်ကြတယ် - လူမှုပေါင်းသင်းဆက်ဆံရေးအခိုင်အမာရှိပြီး ရွှင်လန်းတက်ကြွနေတတ်သူများဖြစ်တယ် - အာရုံစိုက်တာ ခံချင်တတ်သူများဖြစ်သလို အာရုံစိုက်ခံရအောင်လည်း ပြုမူတတ်ကြပါတယ်

သူနဲ့ဆန်ကျင်ဖက်ကတော့ Introvert တွေဖြစ်တယ် -
ရိုးရိုးကုပ်ကုပ် နေတတ်သူများဖြစ်တယ် - ပြင်ပတွင် ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များထက် ၎င်းတို့၏ အတွင်းစိတ်နှင့် စိတ်ကူးများကို အာရုံစိုက်ခြင်းက ပို၍ သက်တောင့်သက်သာ ရှိတယ်လို့ ခံစားရတဲ့သူများဖြစ်တယ် - လူစုလူဝေးများထက် တစ်ကိုယ်တော် သို့မဟုတ် အဖွဲ့ငယ်လှုပ်ရှားမှုများကိုသာ နှစ်သက်ကြတယ် - လူတစ်ဦး သို့မဟုတ် နှစ်ဦးလောက်နဲ့ စုဝေးရတာကို ပိုကြိုက်ကြသူများဖြစ်တယ် - တယောက်တည်းနေရတာ ပိုကြိုက်ကြတယ် - အရှက်ကြီးသူများနဲ့ မရောစေချင်ဘူး - မတူပါဘူး - Introvert များဟာ သူစိတ်ပါတဲ့ကိစ္စတွေမှာ ဆွဲဆောင်မှုအပြည့်ရှိနိုင်ပါတယ်

#လိုက်လိုက်လျောလျောနေတတ်သူများ Agreeableness

ကြင်ကြင်နာနာ စာနာနားလည်မှု ပူးပေါင်းဆောင်ရွက်တတ်မှု နွေးထွေးမှု ထောက်ထားစာနာမှု စရိုက်လက္ခဏာများ ထင်ရှားရှိသူများဖြစ်တယ် - စည်းလုံးညီညွတ်မှုအတွက် အခြားသူများ၏ လိုအပ်ချက်များကို ဦးစားပေးတတ်သူများဖြစ်တယ် - အခြားသူများကို ကျွေးမွေးပြုစုစောင့်ရှောက်ရခြင်းကို အလွန်ပျော်ရွှင်မှု ဖြစ်တတ်သူများဖြစ်တယ်


#စိတ်မူမမှန်သူများ neuroticism

Neuroticism ဆိုတာ ဒေါသ ပူပင်သောက စိတ်တိုခြင်း စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုများနှင့် စိတ်ဓာတ်ကျခြင်း ကိုယ့်ကိုယ်ကိုယ် သံသယစိတ်တွေ ဖြစ်ခြင်း အပါအဝင် အပျက်သဘောဆောင်သော သက်ရောက်မှုများကို တွေ့ကြုံခံစားရနိုင်သော စိတ်နေစိတ်ထားများ ဖြစ်ပါတယ် - အနုတ်လက္ခဏာဆောင်သော စိတ်ခံစားမှုများစွာကို ခံစားရလေ့ရှိသူများဖြစ်တယ် - မကျေနပ်မှုတွေများပြီး အပြစ်ရှာတတ်သူများဖြစ်တယ်

#ပင်ကိုယ်စရိုက်ဟာ ပြောင်းလဲရန် အလွန်ခက်ခဲသည်ဟု ထင်ခဲ့ရသော်လည်း အရွယ်တခုရောက်သောအခါ ပင်ကိုယ်စရိုက် ပြောင်းလဲသွားမျိုးကိုလည်း ရှိပါတယ်

Dr. Myint Thein

26/02/2022

10 Ways To Make Your Life Better
(သင့်ဘဝကို ပိုပြီးကောင်းမွန်လာစေဖို့အတွက် နည်းလမ်း ဆယ်ခု)

1. Be Grateful for what you have.

ခုလက်ရှိ ကိုယ့်မှာရှိတဲ့အရာတွေ၊ လက်ရှိအခြေနေကို တန်ဖိုးမထားနိုင်တဲ့ လူတစ်ယောက်ဟာ နောက်ထပ် ဘယ်ဟာတွေဘဲ ထပ်ရလာလာ တန်ဖိုးမထားတတ်ပါဘူး။ ဒါကြောင့်မို့ ကိုယ့်ရဲ့ဘဝ ပိုပြီးကောင်းမွန်လာဖို့အတွက်ဆို အရင်ဦးဆုံးနေနဲ့ လက်ရှိအခြေနေကို လိုချင်စိတ်နဲ့ တန်ဖိုးထားရပါမယ်။

2. Start Your Day The Night Before

အောင်မြင်နေတဲ့လူတွေကို ကြည့်လိုက်မယ်ဆို သူတို့ဟာ နောက်တစ်နေ့လုပ်မဲ့ဟာတွေကို ဒီနေ့ညကတည်းက ကြိုတင်ပြီး စဉ်းစားထားကြပါတယ်။ အဲ့လို့စဉ်းစားထားတဲ့အတွက် သူတို့အိပ်လိုက်တဲ့အချိိန်မှာ ဦးနှောက်ထဲမှာ လိုအပ်တဲ့အဖြေတွေကို သူ့ဟာသူ အလိုလိုလိုက်ရှာတယ်တယ်။ ဒါကြောင့် နောက်တစ်နေ့လုပ်ရမဲ့ စိန်ခေါ်မှုတွေကို ဒီနေ့ညကတည်းက ကြိုတင်ပြီးတော့ စဉ်းစားထားပါ။ အဲ့ဒါဆိုရင် နောက်နေ့မှာ ကိုယ့်ရဲ့ ခေါင်းထဲမှာထွက်လာတဲ့ အဖြေတွေ၊ idea တွေဟာ ပိုမိုကောင်းမွန်တာတွေ ဖြစ်ပေါ်လာလိမ့်မည်။

3. Be Ready To Grow Up

လူကြီးလူကောင်း တစ်ယောက်ဆန်ဆန်နေပါ၊ တွေးပါ။ လူကြီးတစ်ယောက်ဖြစ်လာပြီဆို ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ပိုတိုးတက်လာပါတယ်။ တာဝန်ယူစိတ် တာဝန်ခံစိတ်လည်း ပိုပြီးတိုးတက်လာပါတယ်။

4. Drop The Attitude

အတ္တကြီးတဲ့ စိတ်နေစိတ်ထား အကျင့်စရိုက်ကို ပါယ်ချ လက်လွှတ်လိုက်ပါ။ နေရာတကာ ငါသိငါတတ်တယ် ငါဘဲအရေးကြီးတယ်ဆိုတဲ့ Attitude ကို ဘေးဖယ်ထားနိုင်ဖို့ အရေးကြီးပါတယ်။

5. Don’t Ignore Your Emotions

ကိုယ့်ရဲ့ခံစားချက်တွေကိုလည်း ဘေးဖယ်မထားပါနဲ့။ ကိုယ့်ခံစားချက်တွေကို သေချာနားလည်ပြီး ကိုယ့်ရဲ့စိတ်ထဲမှာ ဘာတွေရှိနေလည်းဆိုတာကို သတိထားပြီးတော့ အဲ့ဒီခံစားချက်တွေအတွက် လိုအပ်ရင် အကူညီတောင်းပါ။ သူများနဲ့ ပြောဖို့လိုအပ်တယ်ဆိုရင် လည်း ရင်ဖွင်ဖို့ပြောဆိုပါ။ ကိုယ်ရဲ့စိတ်ရယ် ခန္ဓာကိုယ်တင်မကဘဲ ကိုယ့်ရဲ့ တွေးခေါ်မှုရယ် ခံစားချက်တွေကိုလည်း သတိထားပေးဖို့ လိုအပ်ပါတယ်။

6. Watch Out For Negative Thinking

မကောင်းတဲ့ အတွေးခေါ်တွေ ကိုယ်ရဲ့စိတ်ထဲ ခေါင်းထဲကိုဝင်လာတယ်ဆိုရင် သတိထားပါ။ ကိုယ့်ရဲ့စိတ်ထဲမှာ Negative Thinking တွေ ဖြစ်လာပြီဆို၊ ကိုယ့်ကိုယ့်ကို သိမ်ငယ်စိတ်တွေ ဝင်လာပြီဆို သတိထားမိပြီး ဖယ်ချနိုင်ဖို့ အရေးကြီးပါတယ်။

ကျွန်တော်တို့ဦးနှောက်ဟာ ရေခွက်တစ်ခုလိုပါဘဲ ဘာမှမထည့်ထားဘူးဆို လေတွေနဲ့ပြည့်နေပါတယ်။ အဲ့လိုပါဘဲ ကောင်းတဲ့စိတ်တွေ မဖြည့်ထားဘူးဆို မကောင်းတဲ့ Negative စိတ်တွေ အလိုလို ခေါင်းထဲရောက်လာတတ်ပါတယ်။ ဒါကြောင်မို့ ကောင်းတဲ့အတွေးခေါ်တွေ ထည့်ထားဖို့ အရမ်းအရေးကြီးပါတယ်။

7. Set Up & Stick To A Routine

ကိုယ့်ရဲ့ ပုံမှန်လုပ်နေကျ အလေ့ကျင့်တစ်ခုကို တည်ဆောက်ထားပါ။ လူဆိုတဲ့သဘာဝဟာ Habit နဲ့ နေထိုင်သွားတဲ့သဘာဝပါ။ ကောင်းတဲ့အလေ့ကျင့်ကို တည်ဆောက်ထားတယ်ဆို ကောင်းတာလေးတွေလုပ်ဖို ပိုပြီးတော့ ဖြစ်သွားပါတယ်။ ကိုယ်ကိုယ်တိုင် ဒါတွေကို သတိမထားမိဘူးဆို မကောင်းတဲ့အလေ့ကျင့်တွေနဲ့ဘဲ ပြည့်နေပါလိမ့်မယ်။

8. Drop Your Resentments
မုန်းတီးတဲ့စိတ်တွေ ဒေါသစိတ်တွေ ဝင်လာပြီဆိုရင် ပါယ်ချနှိုင်ဖို့ လွှတ်ချနှိုင်ဖို့အရေးကြီးပါတယ်။

9. Know Yourself & Love Yourself

ကိုယ့်ကိုယ်သေချာနားလည်အောင် ကိုယ့်ကိုယ်ကို သူစိမ်းတစ်ယောက်အနေနဲ့ ပြန်ကြည့်နိုင်အောင် ကျိုးစားဖို့လိုပါတယ်။ ကိုယ်က ဘာဝါသနာပါလဲ၊ ကိုယ့်ရဲ့ အားသာချက်တွေကဘာလဲ၊ ကိုယ့်ရဲ့ အားနည်းချက်တွေက ဘာလဲ၊ ကိုယ်ဘယ်လိုမျိုး စိတ်ခံစားချက်တွေ ဖြစ်တတ်လဲ၊ ကိုယ့်ရဲ့အတွေးခေါ်တွေက ဘယ်လိုလဲဆိုတာ သိထားရပါမယ်။ အဲ့လိုသိထားမှသာ မကောင်းတဲ့အရာတွေကို ဖယ်ပြီး ကောင်းတဲ့အရာတွေကို ပိုလုပ်ဆောင်ရပါမယ်။ ကိုယ့်ကိုယ်ကို Appreciate လုပ်ပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။

10. Enjoy A Part of Everyday

ကိုယ့်ရဲ့တစ်နေ့တာမှာ ကိုယ့်ရဲ့ပျော်ရွှင်မှု ကိုယ့်ရဲ့စိတ်ချမ်းသာမှု၊ ကိုယ့်ရဲ့ကျေနပ်မှုရရှိမဲ့ အရာတွေကို မဖြစ်မနေပါအောင်လုပ်သွားဖို့ အရမ်းအရေးကြီးပါတယ်။

ဒီအချက် ဆယ်ချက်ကို ပုံမှန်ကျင့်သုံးသွားမယ်ဆိုရင်တော့ ပိုပြီးစိတ်ခွန်အားတွေ ပြည့်စုံတဲ့သူ၊ ပိုပြီးကျန်းမာပျော်ရွှင်တဲ့သူတစ်ယောက် ဖြစ်လာပါလိမ့်မည်။

Credit to Aung Pyae Tun - Knowledge Curator

21/01/2022

Personal Development and Career Success

လုပ်ငန်းခွင်နဲ့ လူမှုဆက်ဆံရေးနယ်ပါယ်မှာ အောင်မြင်တိုးတက်စေဖို့ ဘာတွေပြင်ဆင်ရမလဲ?

လူတိုင်းမှာ ဘဝရှင်သန်ရပ်တည်ဖို့အတွက် Career လို့ခေါ်ဆိုတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုကို လုပ်ဆောင်ကြရပါတယ်။ Career တစ်ခုမှာ အဆင်ပြေစွာရပ်တည်နေဖို့အတွက် မိမိရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိရှိထားပြီး ကိုယ့်ကိုယ်ကို ဖွံံဖြိုးတိုးတက်အောင် စဉ်းစားသုံးသပ်တတ်ဖို့ လိုပါတယ်။

ကိုယ့်မှာဘာအားနည်းချက်တွေရှိလည်း၊ ဘယ်လိုအရည်အချင်းတွေ လိုအပ်နေတာလဲ၊ ဘာပညာရပ်တွေ သင်ယူဖို့လိုသလဲ၊ ကိုယ့်အားသာချက်တွေကို ဘယ်လိုအသုံးချရမလဲ ဆိုတာတွေကို Identify လုပ်ပြီး လိုအပ်နေတဲ့ Skill တွေကို မြှင့်တင်ဖို့လိုအပ်ပါတယ်။

လုပ်ငန်းခွင်မှာဘဲဖြစ်ဖြစ် လူမှုပါတ်ဝန်းကျင်မှာဘဲဖြစ်ဖြစ် မိမိရဲ့အားသာချက် အားနည်းချက်တွေကို လိုတိုးပိုလျှော့လုပ်ပြီး လိုရာခရီးကို အဆင်ပြေစွာရောက်ရှိနိုင်ဖို့အတွက် အဓိက သော့ချက်တွေကို EduVerse ကစီစဉ်တဲ့ ယခုသင်တန်းလေးကနေရှာဖွေပါ။

📕 Course Outlines
********************************
📍Personality Test
📍Identify your SWOT
📍Setting Goals
📍7 Habits for Personal Development
📍Time Effectiveness

👨‍🏫 Lecturer
********************************
U Tint Htun Arnt @ William
HR Practitioner
B.A (English)
BARS (Business Administration)
Diploma in Business Studies (YUE)
Certified HR Executive (SHRI/MSHRM)

📝 Training Schedule
********************************
🗓Date- February 1,2,3 (Tuesday , Wednesday & Thursday)
⏰Time - 7:00PM ~ 8:30PM
💰Registration Fees - 10,000 Ks

Zoom Application အသုံးပြုပြီး သင်ကြာပေးမည် ဖြစ်ပါသည်။ တက်ရောက်ရန်စိတ်ဝင်စားပါက Page Messenger မှာ စုံစမ်းမေးမြန်းနိုင်ပါသည်ရှင့်။




EduVerse
☎️ 09 421174673

16/01/2022

The Rise of HR in VUCA World
(Online Class - February 8 ရက်နေ့တွင် ဖွင့်လှစ်မည်)

ပြောင်းလည်းမှုမြန်ဆန်လွန်းလှတဲ့ နည်းပညာခေတ်ကြီးမှာ HR ပညာရှင်တစ်ယောက်ရဲ့ အခန်းကဏ္ဍတွေဟာလည်း နည်းပညာကိုရင်ဘောင်တန်းပြီး ဦးဆောင်နိုင်ဖို့ဟာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေမှာပါ။

အရှိန်ဟုန်ပြင်းပြင်းဖြင့် ဖွံဖြိုးတိုးတက်လာနေတဲ့ နည်းပညာခေတ်ကြီးမှာ ကျွန်တော်တို့ရဲ့ HR အခန်းကဏ္ဍတွေဟာလည်း အရေးပါနေစေဖို့နဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ဆက်လက်ရပ်တည်ဖို့အတွက် ကျွန်တော်တို့တွေရဲ့ အရည်ချင်းတွေဟာလည်း ဆန်းသစ်နေဖို့ လိုအပ်ပါတယ်။

နည်းပညာခေတ်နဲ့အညီ ရင်ဘောင်တန်းရင်း HR အခန်းကဏ္ဍတွေလည်း ဖွံ့ဖြိုးတိုးတက်နေစေဖို့အတွက် ကျွန်တော်တို့ HR ပညာရှင်တွေ အတူတူပူးပေါင်းဆောင်ရွက်ရင်း ဆွေးနွေးလေ့လာ သင်ကြား အဖြေရှာကြဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။

ယခုဖွင့်လှစ်ပေးမည့် The Rise Of HR in VUCA World Course ကတော့ လက်ရှိ HR ပညာရပ်ဖြင့်အသက်မွေးဝမ်း ကျောင်းပြုနေသောသူများ၊ လုပ်ငန်းနယ်ပါယ် အသီးသီးက ခေါင်းဆောင်များ၊ HR ပညာရပ်ကို လေ့လာနေကြသူများအတွက် အထူးသင့်လျော်ပါတယ်။ လေ့လာနေဆဲ ပညာရပ်များကို လက်တွေ့ကျသော Case Study များနှင့်ဖော်ထုတ်ပေါင်းစပ်၍ အတူတကွဝေမျှလေ့လာကြရမှာဖြစ်တဲ့အတွက် ရင်းနှီးရကျိုးနပ်သော အချိန်ကုန်ရကျိုးနပ်သော သင်တန်းတစ်ခု ဖြစ်လာမှာပါ။

📍 ဒီသင်တန်းလေးမှာ လေ့လာရမှာတွေကတော့ လုပ်ငန်းခွင်မှာ ခေတ်မှီနည်းပညာတွေကို အသုံးချပြီး HR Professional တစ်ယောက်ရဲ့ အရည်ချင်းတွေကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ရင်း ယနေ့ပစ္စုပ္ပန်ရော အနာဂါတ်အတွက်ပါ HR ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍတွေကို အရေးပါနေစေဖို့ လိုအပ်တဲ့ Skill/Method တွေကို အတူတကွဝေမျှ လေ့လာကြရမှာဖြစ်တဲ့အတွက် သင့်အတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။

📕 Course Outlines
********************************
📍Context to Strategy
📍Organization
📍Talent Supply
📍Talent Optimization
📍Information and Analytics
📍HR Governance
📍HR Professionals

👨‍🏫 Lecturer
********************************
U Tint Htun Arnt @ William
HR Practitioner
B.A (English)
BARS (Business Administration)
Diploma in Business Studies (YUE)
Certified HR Executive (SHRI/MSHRM)

📝 Class Schedule
********************************
🗓Start Date- February 8, 2022
⏰Time - 7:00PM-8:30PM (Tue & Wed)
📈Duration- 3 Weeks (2 days per week)
💰Fees - 18,000 Ks

စာအုပ်ဖိုးတောင် 18,000 ထက်များတာမို့ သင့်အတွက် ရင်းနှီးမြုပ်နှံမှုလေးအနည်းငယ်က အနာဂါတ်တွက် ကြီးမားတဲ့ အကျိုးရလဒ်တွေ ဖြစ်လာမှာဖြစ်လို့ Page CB မှာ အခုဘဲ စာရင်းပေးထားလိုက်တော့နော်။ သင်တန်းသားဦးရေကတော့ အယောက် (၂၀) သာကန့်သတ်ထားတာဖြစ်ပါတယ်ခင်ဗျာ။




EduVerse
☎️ 09 421174673

16/01/2022

အမေများနေ့မှာ မိခင်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

👩‍👧‍👦💞💞💞🙏🙏🙏

အမေနေ့ (မိခင်များနေ့) (Mother Day)သည် ကမ္ဘာပေါ်ရှိ မိခင်အားလုံးကို ဂုဏ်ပြုသောနေ့ အဖြစ် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေမိခင်နေ့ဟု နိုင်ငံအများစုက သတ်မှတ်ကြသည်။ မြန်မာနိုင်ငံ တွင် အမေနေ့ကို နှစ်စဉ် ပြာသိုလပြည့်နေ့၌ ကျင်းပပြုလုပ်ပြီး အမေ့ဂုဏ်ကျေးဇူးများကို ထုတ်ဖော်ပြောဆို ကြသည်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အလိုက် မတူညီသော ရက်များတွင် အမေနေ့ကို ကျင်းပကြသည်။

Julia Ward Howe ( 1819 - 1910 )
ရှေးဟောင်း ဂရိ ရောမခေတ်မှ စတင်၍ ဒီနေ့ခေတ်အထိ အမေနေ့ကို ကျင်းပနေကြဆဲဖြစ်သည်။ နောင်တွင်လည်း အမေ့ကျေးဇူး ထုတ်ဖော်သည့်နေ့ကို ဆက်လက်ကျင်းပ နေကြဦးမှာ မလွဲပေ၊ Officially အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းအားထုတ်ခဲ့သူမှာ အမေရိကန်နိုင်ငံသူ နာမည်ကြီးစာရေးဆရာမဂျူလီယာဝါ့ဒ်ဟိုး ( Julia Ward Howe (1819-1910) ) ဘဲ ဖြစ်ပါတယ်။ သူမသည် ကျော်ကြားကြားသော စာရေးဆရာမကြီးတစ်ဦးဖြစ်ပြီး အမေနေ့ ဖြစ်မြောက်ရန် ကလောင်စွမ်းနှင့် ကြိုးပမ်းခဲ့သူဖြစ်သည်။

၁၈၇၂ ခုနှစ်မှာ စတင်လှုပ်ရှားခဲ့တာ ဖြစ်ပြီး၊ စစ်ပွဲမှာသေဆုံးခဲ့ကြသူများကို ရည်ရွယ်ပြီး၊ စစ်ပွဲကိုအလိုမရှိ၊ စစ်ပွဲကိုမုန်းတီးဆန့်ကျင်ဖို့ရန် မိခင်များအားလုံးကို နှိုးဆော်ခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၂ ရက်နေ့ကို မိခင်များနေ့အဖြစ် သတ်မှတ်ကျင်းပဖို့ရန် နှိုးဆော်ပြီး၊ ဇွန်လ ဒုတိယပတ် တနင်္ဂနွေနေ့ မှာလည်း Mothers' Peace Day အဖြစ်နဲ့ USA, Houston မှာ စတင်ပြုလုပ် ကျင်းပခဲ့ကြပါတယ်။ Julia Ward Howe ၏ စိတ်ကူးအမြင်ဟာအတော်ပြန့်နှံ့လာပြီး၊ နောက်ပိုင်းမှာတော့ Anna Jarvis တင်သွင်းတဲ့မေလမှာ ကျင်းပတဲ့ မိခင်များနေ့က နေရာယူသွားခဲ့ပါတယ်။

အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့သူ Anna Marie Jarvis က မိခင်ဖြစ်သူ Ann Maria Reeves Jarvis အိပ်မက်ကို ဆက်လက်ပြီး ရှင်သန်စေခဲ့သူ ဖြစ်ပြီး သူမဟာလည်း မမေ့သင့်သော ကျေးဇူးရှင် တစ်ဦးဖြစ်သည်။ Julia Ward Howe နှင့် Anna Marie Jarvis တို့၏ ကြိုးပမ်းမှုများကြောင့် နောက်ပိုင်းတွင် ကမ္ဘာနှင့် အဝှမ်း အမေနေ့ ကျင်းပနေခဲ့ကြတာဖြစ်သည်။

အင်္ဂလန်နိုင်ငံတွင် မယ်တော်မယ်ရီကို ဂုဏ်ပြုသည့်အနေ့နှင့် ကျင်းပလေ့ရှိသည်။ ထိုနေ့မှာ အမေအားလုံးသည် တူညီဝတ်စုံများကို ဝတ်ဆင်ပြီး အခမ်းအနား ကျင်းပသောနေရာကို ရောက်လာသောအခါ သားသမီးများက အမေများ၏ ကျေးဇူးကို ထုတ်ဖော်ပြောဆိုကြသည်။


မြန်မာပြည်တွင် စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပြာသိုလပြည့်နေ့ကို အမေနေ့အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး မြန်မာ့ပြက္ခဒိန်တွင် ပြာသိုလပြည့်အမေ့နေ့အဖြစ် ကမ္ဗည်းတင်နိုင်ခဲ့ပေသည်။ မြန်မာ့ယဉ်ကျေးမှု့အရ အမေကို ဘုရားနှင့် တစ်ဂိုဏ်းတည်းထားပြီး မာတာပိတုဂုဏောအနန္တော ဟူ၍ ပူဇော်အရိုအသေပေးခဲ့ကြသည်။ ဆရာကြီးဦးသုခက တရားဝင်ဖြစ်စေရန် ကြိုးပမ်းပေးသူ ဖြစ်သည်။ (၁၉၉၅)ခုနှစ်၊ ပြာသိုလပြည့်နေ့၌ စာရေးဆရာ ဦးသုခ၏ တိုက်တွန်းပြောပြချက်အရ မန္တလေးတွင် အမေနေ့ကို ပထမဦးဆုံး စတင်ကျင်းပပြုလုပ်ခဲ့သည်။ (၁၉၉၇)တွင် ပြာသိုလပြည့်နေ့အား အမေနေ့အဖြစ် တရားဝင်သတ်မှတ်နိုင်ခဲ့သည်။

Reference: Wikipedia

Photos from EduVerse's post 12/01/2022

Delivery Great Training Courses Batch-1 သင်တန်းလေးကို စတင်သင်ကြားနေပါပြီ။ တက်ရောက်လေ့လာကြတဲ့ သင်တန်းသားများနဲ့ သင်ကြားမျှဝေပေးတဲ့ ဆရာဝီ့ကို EduVerse မှ ကျေးဇူးတင်ပါတယ်။

Batch-2 ကိုလည်း February လမှာ ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်လို့ တက်ရောက်လိုသူများ စာရင်းပေးသွင်းထားနိုင်ပါသည်။

EduVerse
☎️ 09 4211 74673

Photos from EduVerse's post 02/01/2022

ယနေ့ Business Management & Administration Class Day-1 သင်ကြားမှုလေးကို တက်ရောက်ခဲ့ကြတဲ့ သင်တန်းသားများနဲ့ သင်ကြားပေးခဲ့တဲ့ ဆရာဝီကို EduVerse မှ ကျေးဇူးတင်ရှိပါသည်ရှင့်။

နောက်ထပ်ဖွင့်လှစ်မည့်အတန်းများကို အောက်ပါ Link မှာ အသေးစိတ်ကြည့်ရှုပြီး တက်ရောက်လိုပါက Page Messenger မှာ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။

📍Deliver Great Training Courses
https://www.facebook.com/102263418213248/posts/437201381386115/?d=n

📍Human Resources Management Batch2
https://www.facebook.com/102263418213248/posts/443540720752181/?d=n

EduVerse
☎️ 09 4211 74673

02/01/2022

ဒီနေ့ ညနေ (၆) နာရီ BMA သင်တန်းလေးစပြီနော်။ Zoom ID & Passcode ကို CB မှာပို့ပေးထားပါတယ်။ မရသေးတဲ့သူရှိရင် လာပြောပေးဦးနော်။

Business Management & Administration (Foundation Course) January (2) ရက်နေ့တွင်​ဖွင့်လှစ်ပါမည်။

စီမံခန့်ခွဲမှုပညာရပ်ဟာ လူတိုင်းလေ့လာထားသင့်ပါတယ်။ ယခုလိုခက်ခဲနေတဲ့ကာလမှာ မိမိတတ်နိုင်သလောက်သာ သင်တန်းကြေးသွင်းပြီး စီမံခန့်ခွဲမှုမှာ အရေးပါလှတဲ့ Module (၄) မျိုးကို တတ်ရောက်နိုင်ရန်အတွက် EduVerse မှ စီစဉ်ဖွင့်လှစ်ပေးထားပါသည်။

လုပ်​ငန်းခွင်​ဝင်​ဖို့ ရည်​ရွယ်​ထားသူ လူငယ်​များ နှင့် စီမံခန့်ခွဲမှု ဘာသာရပ်များကို အခြေခံမှစတင်လေ့လာလိုသူများအတွက် အကျိုးရှိစေမည့်သင်တန်းဖြစ်ပါတယ်။

ဒီသင်တန်းမှာ ဘာသာရပ် (၄) မျိုးကို သက်ဆိုင်ရာ လုပ်ငန်းနယ်ပါယ်အသီးသီးမှာ လုပ်ငန်းအတွေ့ကြုံရော သင်ကြားရေးအတွေ့ကြုံပါများစွာရှိကြတဲ့ ဆရာများနှင့် လေ့လာသင်ကြားရမှာ ဖြစ်ပါတယ်ရှင့်။

➖➖➖➖➖➖➖➖➖➖➖➖➖➖
📌သင်ကြားမည့်ဘာသာများ

1. Business Management & Administration
2. Human Resource Management
3. Marketing Management
4. Finance and Accounting

➖➖➖➖➖➖➖➖➖➖➖➖➖➖
👨‍🏫 သင်ကြားပေးမည့် ဆရာများ

ဆရာ William
HR Practitioner
B.A (English)
BARS (Business Administration)
Diploma in Business Studies (YUE)
Certified HR Executive (SHRI/MSHRM)

ဆရာ Hlaing Win Htun
SIYB Certified Trainer
Master of Public Administration (YUE)

ဆရာ Win Zaw Tun
B.A (Economic)
Master of Banking & Finance (YUE)

➖➖➖➖➖➖➖➖➖➖➖➖➖➖
🗓သင်တန်းအစီအစဉ်

📍 Starting Date - January 2, 2022
📍 Time – Sunday (6:00 pm to 9:00 pm)
📍 Duration – 5 weeks

တက်ရောက်မည့်သူများ EduVerse Page Messenger မှာလာရောက် စာရင်းပေးသွင်းကြပါရှင့်။

နောက်ဖွင့်လှစ်မည့် အတန်းတွေကိုလည်း မသိလိုက်ရဘူးဆိုတာမဖြစ်ရအောင် Page လေးကို Like and Follow လုပ်ထားဦးနော်။

Photos from EduVerse's post 01/01/2022

ယနေ့မျှဝေမှုလေးအတွက် ကျေးဇူးတင်ပါတယ် ဆရာဝီ William 🤗




EduVerse
☎️ 09 4211 74673

01/01/2022

HR Management Certificate Class (Batch2-Online)

သင့်အတွက် New Year Gift 🎁 သင်တန်းလက်ဆောင်ယူလိုက်ပါ။ Fundamental in Human Resource Management Course ကို ပုံမှန်သင်တန်းကြေးအတိုင်း သွင်းစရာမလိုဘဲ Registration Fees မိမိတတ်နိုင်သလောက်သွင်း၍သင်တန်းတက်ပါ။

HR ကို အခြေခံမှစ၍ လေ့လာလိုသူများ၊ HR Department တွင် ဝင်ရောက်လုပ်ကိုင်လိုသူများ၊ HR Department တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ HR Diploma နှင့် Master ဘွဲ့ယူရန် စဉ်းစားထားသူများ၊ လုပ်ငန်းနယ်ပါယ်အသီးသီးမှ ဝန်ထမ်းရေးရာ လုပ်ငန်းစဉ်များကို တာဝန်ယူထားသောသူများ တက်ရောက်သင့်ပါသည်။

📕 ဒီသင်တန်းမှာ ဘာတွေသင်ကြားပေးမှာလည်း?

📍HR Skills
📍What is HRM
📍Knowledge of HR planning
📍Recruitment and Selection
📍Interview Process
📍Training and Development
📍Performance Management
📍Retention Process

👨‍🏫 သင်ပေးမဲ့ဆရာက ဘယ်သူလဲ?
********************************
U Tint Htun Arnt @ William
HR Practitioner
B.A (English)
BARS (Business Administration)
Diploma in Business Studies (YUE)
Certified HR Executive (SHRI/MSHRM)

⏰ဘယ်လိုသင်ရမှာလည်း အချိန်ကရော?
*************************************
🗓Start Date: January 22, 2022
📈Duration - 5 Weeks
⏰ Private group ထဲမှ Recorded video တွေနဲ့လေ့လာရမှာဖြစ်ပြီး အပါတ်စဉ် စနေနေ့တိုင်း wrap up session ရှိမှာဖြစ်ပါတယ်။

သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် တက်ရောက်မည့်သူများ Page Messenger မှာစာရင်းလာပေးလိုက်တော့နော်။




EduVerse
☎️ 09 4211 74673

31/12/2021

ဆည်းဆာနေက လှပပေမယ့် တိုတောင်းလွန်းတယ်။
၂ဝ၂၁ ခုနှစ်ဟာ မနက်ဖြန်ရဲ့သန်းခေါင်ယံမှာပဲ မကြာခင် အတိတ်အဖြစ် ကူးပြောင်းတော့မယ်။

၂ဝ၂၂ ခုနှစ်ဟာ မနက်ဖြန်ရဲ့သန်းခေါင်ယံမှာပဲ အသစ်အဖြစ်နဲ့ စတင်တော့မယ်။

အဲဒီလို ကူးပြောင်းကာလမှာ ဝမ်းမနည်းပါနဲ့၊ နောင်တ မရပါနဲ့....အပြုံးနဲ့ ဘဝကို လက်တွေ့ကျကျ ရင်ဆိုင်နိုင်အောင် ကြိုးစားပါ။

အဟန့်အတား၊ အနှောက်အယှက်တွေနဲ့ ရင်ဆိုင်ရချိန် ငိုဖူးခဲ့၊ ဒေါသထွက်ဖူးခဲ့လည်း သတ္တိရှိရှိ ပြန်ထရပ်ဖို့ မမေ့ပါနဲ့။

ဖြစ်ပျက်ခဲ့တဲ့ အပျော်၊ အပျက်၊ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း၊ ဒေါသတွေ ဘယ်လောက်များခဲ့လည်း အတိတ်မှာ ကျန်ရစ်ခဲ့ပြီ။

ဘဝမှာ ဘယ်လောက်ပဲ မောပန်းနေပါစေ၊ အလုပ်များနေပါစေ သင့်ဘေးမှာ အဖော်ပြုနေသူတွေကို ကျေးဇူးတင်ကြောင်းပြောပါ။

နောက်ကျောကို ဓားနဲ့ထိုးသူတွေ၊ မဟုတ်မမှန် သတင်းလွှင့်သူတွေ သူတို့လမ်း သူတို့သွားပါစေ....
အရေးမပါတဲ့ ကိစ္စတွေအတွက် အာရုံစားခံပြီး နားလည်ဖို့မကြိုးစားပါနဲ့၊ မဖြေရှင်းပါနဲ့.. ကိုယ့်အတွက် အကျိုးမရှိလို့ပါ။

၂ဝ၂၂ ခုနှစ်ကစ အားလုံးထက်မြက်သူတွေ ဖြစ်ကြပါစေ....
၂ဝ၂၂ ခုနှစ်ကစ ပျော်ပျော်ရွှင်ရွှင်နဲ့ တိမ်ညိုတိမ်မည်းတွေဖယ်ရှားပြီး ကြည်လင်တဲ့ ကိုယ်ပိုင်ကောင်းကင်ကို လူတိုင်းဖန်ဆင်းနိုင်ပါစေ....

30/12/2021

ဒီအတန်းလေး Registration ပိတ်ပြီမို့ စာရင်းပေးထားတဲ့သူလေးတွေကို Zoom Link လေး Page Messenger ကနေ မနက်ဖြန်ပို့ပေးပါ့မယ်ရှင့်။ 🤗

Business Management & Administration (Foundation Course) January (2) ရက်နေ့တွင်​ဖွင့်လှစ်ပါမည်။

စီမံခန့်ခွဲမှုပညာရပ်ဟာ လူတိုင်းလေ့လာထားသင့်ပါတယ်။ ယခုလိုခက်ခဲနေတဲ့ကာလမှာ မိမိတတ်နိုင်သလောက်သာ သင်တန်းကြေးသွင်းပြီး စီမံခန့်ခွဲမှုမှာ အရေးပါလှတဲ့ Module (၄) မျိုးကို တတ်ရောက်နိုင်ရန်အတွက် EduVerse မှ စီစဉ်ဖွင့်လှစ်ပေးထားပါသည်။

လုပ်​ငန်းခွင်​ဝင်​ဖို့ ရည်​ရွယ်​ထားသူ လူငယ်​များ နှင့် စီမံခန့်ခွဲမှု ဘာသာရပ်များကို အခြေခံမှစတင်လေ့လာလိုသူများအတွက် အကျိုးရှိစေမည့်သင်တန်းဖြစ်ပါတယ်။

ဒီသင်တန်းမှာ ဘာသာရပ် (၄) မျိုးကို သက်ဆိုင်ရာ လုပ်ငန်းနယ်ပါယ်အသီးသီးမှာ လုပ်ငန်းအတွေ့ကြုံရော သင်ကြားရေးအတွေ့ကြုံပါများစွာရှိကြတဲ့ ဆရာများနှင့် လေ့လာသင်ကြားရမှာ ဖြစ်ပါတယ်ရှင့်။

➖➖➖➖➖➖➖➖➖➖➖➖➖➖
📌သင်ကြားမည့်ဘာသာများ

1. Business Management & Administration
2. Human Resource Management
3. Marketing Management
4. Finance and Accounting

➖➖➖➖➖➖➖➖➖➖➖➖➖➖
👨‍🏫 သင်ကြားပေးမည့် ဆရာများ

ဆရာ William
HR Practitioner
B.A (English)
BARS (Business Administration)
Diploma in Business Studies (YUE)
Certified HR Executive (SHRI/MSHRM)

ဆရာ Hlaing Win Htun
SIYB Certified Trainer
Master of Public Administration (YUE)

ဆရာ Win Zaw Tun
B.A (Economic)
Master of Banking & Finance (YUE)

➖➖➖➖➖➖➖➖➖➖➖➖➖➖
🗓သင်တန်းအစီအစဉ်

📍 Starting Date - January 2, 2022
📍 Time – Sunday (6:00 pm to 9:00 pm)
📍 Duration – 5 weeks

တက်ရောက်မည့်သူများ EduVerse Page Messenger မှာလာရောက် စာရင်းပေးသွင်းကြပါရှင့်။

နောက်ဖွင့်လှစ်မည့် အတန်းတွေကိုလည်း မသိလိုက်ရဘူးဆိုတာမဖြစ်ရအောင် Page လေးကို Like and Follow လုပ်ထားဦးနော်။

27/12/2021

HR Management Class (Batch-1) သင်တန်းလေးရဲ့ (၅ ပါတ် - ၁၀ ရက်) တာသင်ကြားမျှဝေမှုလေး ဒီနေ့နောက်ဆုံးရက်ဖြစ်ပါတယ်။

စေတနာအပြည့်နဲ့ သင်ကြားပေးခဲ့တဲ့ ဆရာ William နှင့် စိတ်ဝင်တစား လေ့လာခဲ့ကြတဲ့ သင်တန်းသားများကို EduVerse မှကျေးဇူးအထူးတင်ရှိပါသည်။

January လတွင် အသစ်ဖွင့်လှစ်မည့် သင်တန်းများကို အောက်က Link မှာဝင်ရောက်ကြည့်ရှုပြီး တက်ရောက်လိုပါက Page Messenger မှာလာရောက် စာရင်းပေးသွင်းနိုင်ပါသည်။

Business Management and Administration Class
https://www.facebook.com/102263418213248/posts/434104608362459/?d=n

How To Deliver Great Training Courses
https://www.facebook.com/102263418213248/posts/437201381386115/?d=n

Intensive HR Management Class
https://www.facebook.com/102263418213248/posts/431751448597775/?d=n

EduVerse
☎️ 09 4211 74673

Photos from Wi's Design Lab's post 26/12/2021

ဆရာ့ရဲ့ နှစ်သစ်ကူးစာအုပ်လက်ဆောင် ကံစမ်းမဲအစီစဉ်လေးမှာ ပါဝင်ကံစမ်းနိုင်ကြစေရန် 📚🍀

25/12/2021

ပျော်ရွှင်စရာ ခရစ်စမတ်နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ EduVerse မှ ဆုတောင်းမေတ္တာပို့သပေးလိုက်ပါသည်။ 🎄🎄🎄

22/12/2021

How to Deliver Great Training Courses

ရလဒ်ကောင်းတဲ့ သင်တန်းတွေကို အကောင်ထည်ဖော်ဆောင်နိုင်ဖို့ ဘယ်လိုစီစဉ်ကြမလဲ?

သင်ဟာ Training ပိုင်းမှာ တာဝန်ယူနေရတဲ့သူဆိုရင်တော့ ရလဒ်ကောင်းတဲ့ သင်တန်းတွေဖြစ်လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့က သင့်အတွက်အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်နေမှာပါ။ ဒီလိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့နဲ့ စနစ်တကျစီစဉ် အကောင်ထည်ဖော်ဆောင်နိုင်ဖို့အတွက်လည်း သင်ကိုယ်တိုင် စဉ်ဆက်မပြတ်လေ့လာသင်ယူနေဖို့ လိုအပ်ပါတယ်။

သင့်လိုအပ်ချက်ကို ကျွန်ုပ်တို့နှင့်အတူတကွ လေ့လာဆွေးနွေးအဖြေရှာကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ယခုဖွင့်လှစ်ပေးမည့် Deliver Great Training Course ကတော့ လက်ရှိ HR ပညာရပ်ဖြင့်အသက်မွေးဝမ်း ကျောင်းပြုနေသောသူများ၊ သင်ကြားရေးအပိုင်းမှာ တာဝန်ထမ်းဆောင်နေကြသူများ၊ သင်ကြားရေးနယ်ပါယ် အသီးသီးက Trainer များအတွက် အထူးသင့်လျော်ပါတယ်။

လေ့လာနေဆဲ ပညာရပ်များကို လက်တွေ့ကျသော Case Study များနှင့်ဖော်ထုတ်ပေါင်းစပ်၍ အတူတကွဝေမျှလေ့လာကြရမှာဖြစ်တဲ့အတွက် ရင်းနှီးရကျိုးနပ်သော အချိန်ကုန်ရကျိုးနပ်သော သင်တန်းတစ်ခု ဖြစ်လာမှာပါ။

ဒီသင်တန်းလေးမှာ လေ့လာရမှာတွေကတော့

📍သင်တန်း တစ်ခုကိုစီစဉ်ရတော့မယ်ဆို ဘယ်လိုအကြောင်းအရာတွေကို အဓိကထည့်သွင်းစဉ်းစားဖို့လိုတာလဲ ဆိုတာတွေ…

📍သင်တန်းစီစဉ်ရခြင်းရဲ့ ရည်ရွယ်ချက် အောင်မြင်ပြီး ရလဒ်ကောင်းများ ရရှိလာနိုင်စေဖို့အတွက် လိုအပ်တဲ့ Resources တွေကို ဘယ်လိုခွဲခြမ်းစိတ်ဖြာပြီး သတ်မှတ်မလဲ ဆိုတာတွေ…

📍ရလဒ်ကောင်းတဲ့ သင်တန်း တစ်ခုဖြစ်လာစေဖို့ ဘယ်လိုမျိုး စနစ်ကျအောင် ပြင်ဆင်ပြီးအစီစဉ် ရေးဆွဲကြမလဲဆိုတာတွေ…

📍မိမိစီစဉ်လိုက်တဲ့ Training တစ်ခုဟာ သင်တန်းကာလတစ်လျှောက်လုံး Participants များကို သင်တန်းအပေါ် စိတ်ဝင်စားမှုနှင့် စိတ်အားထက်သန်မှု ရရှိစေရန်အတွက် ဘယ်လိုဆန်းသစ်တဲ့ အတွေးခေါ်တွေနဲ့ ဖန်တီးကြမလဲဆိုတာတွေနဲ့…

📍Professional Trainer တစ်ယောက်ဖြစ်လာစေဖို့အတွက် လိုအပ်တဲ့ Skill/Method တွေကို အတူတကွဝေမျှ လေ့လာကြရမှာဖြစ်တဲ့အတွက် သင့်အတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။

📕 Course Outlines
********************************
📍What is Training
📍Identify the training needs clearly
📍Design the course carefully
📍Plan variety creatively
📍Implement your plan successfully
📍Evaluate the training throughly
📍Refine your skills constantly

👨‍🏫 Lecturer
********************************
U Tint Htun Arnt @ William
HR Practitioner
B.A (English)
BARS (Business Administration)
Diploma in Business Studies (YUE)
Certified HR Executive (SHRI/MSHRM)

📝 Class Schedule
********************************
🗓Start Date- January 11, 2022
⏰Time - 7:00PM-8:30PM (Wed & Thu)
📈Duration- 3 Weeks (2 days per week)
💰Fees - 18,000 Ks

18,000 Ks ထဲနဲ့ အကျိုးရှိမဲ့ သင်တန်းလေးကို နှစ်သစ်မှာ မိမိကိုယ်ကို လက်ဆောင်ပေးလိုက်တော့နော်။ လူဦးရေကတော့ အယောက် (၃၀) သာကန့်သတ်ထားတာဖြစ်လို့ တက်ရောက်မည့်သူများ Page Messenger မှာ ခုဘဲစာရင်းလာသွင်းလိုက်ပါတော့ရှင့်။



EduVerse
☎️ 09 421174673

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.