Vikkaya

WE LET YOU FEEL BEAUTIFUL LOOK GORGEOUS AND BE BEAUTIFUL INSIDE AND OUT

Photos from Vikkaya's post 28/08/2023

အလှတွေကို ပံ့ပိုးပေးမဲ့ Dress လေးတွေလာပြီ🤗

🌷Cuttie pie လေးတွေလိုမျိုး ပုံဖမ်းချင်လား
🌹Clean girl, Claim girl လေးလိုမျိူးလေး ဝတ်မလား 🤔

Vikkaya မှာ Quality အပိုင်းစိတ်ချမှန်ကန်ပြီး
ဝတ်လိုက်တာနဲ့ ကိုယ့်အလှကို ပိုပို ပိုလွင်စေမဲ့ပျိုမေတို့အတွက် အဝတ်စားလေးတွေရောက်ပြန်ပါပြီ 🤞

ကိုယ့်အလှတွေကို ဖုံးကွယ်မနေပဲ ဒီထပ်ပိုလွင်သွားအောင်လို့ Vikkaya မှာ ရှာဖွေလိုက်ပါအုံးနော် ....👏

Photos from Vikkaya's post 11/08/2023

Instock Instock Instock ❗❗❗

အခုဝယ်အခုရမဲ့ Crop Top အလန်းလေးတွေ ဝယ်ယူလို့ရနေပါပြီရှင့် ......🤗

ဘောင်းဘီ စကပ်လား ဘာနဲ့တွဲဝတ်ဝတ် ရိုးမသွား စတိုင်လ်ကျမဲ့ top လေးတွေမလို့ စဉ်းစားမနေနဲ့တော့ Vikkaya website ထဲဝင်ပြီးသာ Buy လေးကို နှိပ်လိုက်တော့ ...👇👇👇

Shop >>> www.vikkaya.com

Photos from Vikkaya's post 26/05/2023

Hay !!!! ပျိုမေတို့အတွက် သတင်းကောင်း 🥳

Vikkaya မှာ အဝတ်စားအသစ်လေးတွေ
ထပ်မံရောက်လာပြန်ပါပြီနော် ။ နေပူထဲလည်းထွက်စရာမလိုပဲ Vikkaya website ထဲမှာပဲ ပစ္စည်းမျိုးအစား စုံလင်စွာ ရရှိနေပါပြီရှင့် 🤞

Shop Here: www.vikkaya.com

Photos from Vikkaya's post 28/04/2023

Phone Case လေးတွေ Vikkaya မှာ 🙋‍♀️
ပြန်လည်ရောက်ရှိလာပါပြီနော် 💁
လိုတဲ့သူလေးတွေ အမြန်လေး လက်သွက်ပေးပါအုံးရှင့် 🙇

Shop Here: www.vikkaya.com

Photos from Vikkaya's post 26/04/2023

ကော်ဖီသောက် ရေနွေးသောက်ဖို့အတွက် ရှယ်လှတဲ့
လက်ဖက်ရည် ပန်းကန်လုံးလေးတွေ ရောက်နေပါပြီဗျို့ 📣

ဂျပန်မိတ်လေး ဖြစ်လို့ အရည်အသွေးက စိတ်ပူစရာမလိုဘူးနော် 👊
‌ဈေးနှုန်းကို မကြည်နဲ့ အရည်သွေးကို ကြည့် .....🥰

ပန်းကန်းလုံး - ၇၀၀၀ ✅
ပန်းကန်ပြား - ၃၀၀၀✅

Shop Here : https://www.vikkaya.com/items/320?key=

Photos from Vikkaya's post 19/04/2023

Pixel 2 XL...အလုံးသန့်။ Crystal Black Colour,
Camera ရုပ်ထွက်​အထူးကောင်းမွန် ​သော Google Pixel 2 XL Handset အား ၂၅၀၀၀၀ ကျပ်ဖြင့် ​ရောင်းလိုပါသည်။ ဗူးခွံအပြည့်အစုံ Quick Charger အပါ ။ ပုံ အပြည့်အစုံပြထားသည်။

Shop Here : https://www.vikkaya.com/items/319?key=

17/04/2023

အခြားသူများကို ကူညီရန် နည်းလမ်း ၁၁ နည်း

လူနှင့် တိရစ္ဆာန်များစွာ နေ့စဉ် ဆင်းရဲဒုက္ခ ခံစားနေကြရပါသည်။ သူတို့ကို ကူညီရန် နည်းလမ်းများစွာ ရှိသော်လည်း သူတို့ အခြေအနေကို အသိအမှတ်ပြုကာ ကူညီရန် အကောင်းဆုံး နည်းလမ်းကို နားလည်သဘောပေါက်မှုအပေါ်တွင် မူတည်ပါသည်။ ကရုဏာတရားရှိပြီး ကျွမ်းကျင်ရုံမျှနှင့် မလုံလောက်ပါ။ ကျွန်ုပ်တို့ အချိန်ကို ရက်ရောမှု ရှိရန်လည်း လိုသည်။ ကိုယ်ပိုင်စည်းကမ်း လိုက်နာခြင်း၊ သည်းခံခြင်း၊ ဇွဲရှိခြင်း၊ အာရုံစူးစိုက်ခြင်းနှင့် အမြော်အမြင်ရှိခြင်းတို့လည်း ရှိရပါမည်။ အခြားသူများကို ကူညီရန် နည်းလမ်း ဆယ့်တစ်နည်းကို ယခုဖော်ပြလိုပါသည်။ အောက်ပါနည်းလမ်းများသည် လိုအပ်သူများအတွက် အကျိုးရှိစေရုံသာမက ကျွန်ုပ်တို့၏ အထီးကျန်မှု အကန့်အသတ်ထဲမှ ခွဲထွက်ရန်နှင့် ဘဝအဓိပ္ပာယ် ရှိစေရန်လည်း ကူညီပါသည်-
၁။ ဆင်းရဲဒုက္ခရောက်နေသူများအား ဂရုစိုက်ပါ
ဖျားနာသူ၊ မသန်စွမ်းသူ သို့မဟုတ် နာကျင်နေသူများကို ကျွန်ုပ်တို့ ပြုစုစောင့်ရှောက်ရန် လိုပါသည်။ မနိုင်ဝန် သို့မဟုတ် ခက်ခဲသော အလုပ်တစ်ခု ကြုံနေရသူကို မြင်တွေ့ပါက ကျွန်ုပ်တို့သည် ထိုသူတို့၏ ဝန်ထုပ်ဝန်ပိုးကို ကူညီသယ်ပိုးပေးရပါသည်။
၂။ မိမိဘာသာ မည်ကဲ့သို့ ဆောင်ရွက်ရမှန်း မသိသူများအား လမ်းညွှန်ပါ
ခက်ခဲသောအခြေအနေများတွင် ဘာလုပ်ရမှန်း မသိသူများအတွက် အကြံဉာဏ် တောင်းလာပါက အကြံပေးပါသည်။ သို့တည်းမဟုတ် အနည်းဆုံးတော့ နားထောင်ပေးပါသည်။ ကျွန်ုပ်တို့၏ ခွေးကလေး၊ ကြောင်ကလေးတစ်ကောင် အခန်းထဲတွင် ပိတ်မိနေလျှင် အခန်းတံခါးကို ဖွင့်ပေးလိုက်ပါသည်။ ယင်ကောင်တစ်ကောင် ပြတင်းပေါက်မှာ ယောက်ယက်ခတ်နေလျှင်ပင် ဤလမ်းညွှန်ချက်ကို ကျွန်ုပ်တို့ လိုက်နာပါသည်။ ထိုယင်ကောင်သည် ကျွန်ုပ်တို့ အခန်းထဲတွင် မနေချင်ပါ။ အပြင်ထွက်ချင်နေသည်။ ထို့ကြောင့် ပြတင်းပေါက်ဖွင့်ပြီး သူ့ကိုလွှတ်ပေးလိုက်ပါသည်။
၃။ ကျွန်ုပ်တို့အား ကူညီထားသူများကို မေတ္တာပြန်ပေးပါ
ကမ္ဘာကြီးကို လှုပ်ရှားနေစေသည့် အခြားသူများ၏ အလုပ်တိုင်းကို တန်ဖိုးထားရန် အရေးကြီးပါသည်။ ကျွန်ုပ်တို့အတွက် အများကြီး ဆောင်ရွက်ပေးခဲ့သော မိဘများကဲ့သို့ ပုဂ္ဂိုလ်များကို ကူညီပေးကြည့်ပါ။ အပြစ်ရှိခြင်း သို့မဟုတ် တာဝန်ယူရခြင်း စသည့် ခံစားချက်များဖြင့်မဟုတ်ဘဲ ရိုးရိုးသားသား ကျေးဇူးတင်ခြင်းဖြင့် ထိုသို့ ဆောင်ရွက်သင့်ပါသည်။
၄။ ကြောက်ရွံ့မှု ကြီးစိုးနေသူများအား နှစ်သိမ့်ကာကွယ်ပေးပါ
ထိတ်လန့်နေသော လူနှင့်သတ္တဝါများကို ကျွန်ုပ်တို့ အတတ်နိုင်ဆုံး နှစ်သိမ့်ပေးသင့်ပါသည်။ တစ်စုံတစ်ယောက်သည် ဘေးတွေ့နိုင်သော နေရာတစ်ခုကို သွားရမည့်အခါ သူတို့နှင့်အတူ လိုက်ပါပြီး ကာကွယ်ပေးမည်ဟု ကမ်းလှမ်းပါ။ အတိတ်က အကြမ်းဖက်မှုများမှ ထွက်ပြေးလာသော ဒုက္ခသည်များအတွက် နေရာ အခြေကျစေရန် ကျွန်ုပ်တို့က လုံခြုံမှုနှင့် အကူအညီ ပေးပါသည်။ စစ်ကြောင့်ဖြစ်စေ၊ ညှဉ်းပန်းနှိပ်စက်မှုကြောင့်ဖြစ်စေ စိတ်ဒဏ်ရာ ရရှိသူများက သူတို့၏ စိတ်ဒဏ်ရာများ ကုသရန် ကျွန်ုပ်တို့၏ နားလည်ပေးမှုနှင့် အကူအညီတို့ အထူးသဖြင့် လိုအပ်ပါသည်။
၅။ ပူဆွေးသောက ရောက်နေသူများကို ဖြေသိမ့်ပါ
လင်မယားကွာရှင်းမှု သို့မဟုတ် ချစ်ခင်ရသူတစ်ယောက် သေဆုံးမှုတို့အတွက် အခြားသူများ ပူဆွေးသောက ရောက်သောအခါ ကျွန်ုပ်တို့သည် ကရုဏာစိတ်ဖြင့် သူတို့ကို နှစ်သိမ့်ပေးပါသည်။ ‘‘အို၊ သနားစရာပါလား’’ ဆိုပြီး သူတို့ကို အထက်စီးမှ လုံးဝမဆက်ဆံသင့်ပါ။ သူတို့နေရာတွင် ဝင်ကြည့်ပြီး သူတို့ဒဏ်ရာကို မျှဝေခံစားသင့်ပါသည်။
၆။ ဆင်းရဲနွမ်းပါးသူများအား လှူဒါန်းပေးကမ်းပါ
ပရဟိတအဖွဲ့များထံ လှူဒါန်းသည်မှာ ကောင်းပါသည်။ သို့သော် လမ်းပေါ်က တောင်းရမ်းစားသောက်သူများကို ပေးကမ်းရန်လည်း အရေးကြီးပါသည်။ အိမ်ရာမဲ့ သူတောင်းစားများက ညစ်ပေပြီး ရှုချင်စဖွယ် မကောင်းသည့် အခါမျိုးတွင် ကျွန်ုပ်တို့ နှုတ်ဆိတ်စေသည်ကို ကျော်လွှားရန် လိုပါသည်။ သူတို့ကို လေးစားစွာ ပြုံးပြပြီး ဆက်ဆံဖို့ဝေးစွ။ ကြည့်ပင် မကြည့်ချင်တတ်ကြပါ။ လမ်းပေါ်တွင် နေထိုင်သော ထိုသူသည် ကျွန်ုပ်တို့၏ မိခင် သို့မဟုတ် သားတစ်ယောက် ဖြစ်နေပါက စဉ်းစားကြည့်လိုက်ပါ။ မည်သို့လျှင် သူတို့ကို နံစော်နေသော အမှိုက်ပုံအလား အသည်းမာစွာ ကျော်ဖြတ်သွားနိုင်ပါမည်နည်း။
၇။ ကျွန်ုပ်တို့နှင့် ဆက်နွှယ်နေသူများအား ဓမ္မဖြန့်ဝေပါ
ကျွန်ုပ်တို့ အနီးအနားတွင် တစ်ချိန်လုံး ရှိနေချင်သူများကို ကူညီရန်လည်း ကြိုးစားရပါမည်။ သူတို့ကို မှီခိုနေစေ လိုသည့်အတွက်တော့ မဟုတ်ပါ။ သူတို့သည် ကျွန်ုပ်တို့နှင့် အလွန်ခိုင်မာသော ဆက်သွယ်မှု ရှိပါက ပျော်ရွှင်မှု ရရှိရန်၊ အခြားသူများကို ကူညီရန် အခြေခံ ဗုဒ္ဓဘာသာ နည်းလမ်းများကို သင်ကြားပေးခြင်းဖြင့် ကူညီပေးနိုင်ပါသည်။ သို့သော် သူတို့စိတ်ပါဝင်စားရန်တော့ လိုပါသည်။ ဤသည်မှာ လူတို့ကို ဘာသာပြောင်းခိုင်းခြင်း မဟုတ်ပါ။ အထွေထွေ အကူအညီနှင့် အကြံဉာဏ်ပေးခြင်းသာ ဖြစ်ပါသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် ဆက်ဆံရေးများကို အဓိပ္ပာယ် ရှိစေနိုင်ပါသည်။
၈။ အခြားသူများကို သူတို့အလိုဆန္ဒအတိုင်း ကူညီပါ
အခြားသူများနှင့် သင့်တော်သော နည်းလမ်းအတိုင်း သူတို့ကို ကူညီကြည့်သင့်ပါသည်။ တစ်ယောက်ယောက်က ကျွန်ုပ်တို့ကို တစ်ခုခု လာသင်ခိုင်းပါက ကျွန်ုပ်တို့နှစ်သက်သော ကိစ္စတစ်ခု မဟုတ်သည့်တိုင် သူတို့အတွက် သင့်တော်ပါက သင်ပေးနိုင်ပါသည်။ အတတ်နိုင်ဆုံး ကြိုးစားပေးသင့်ပါသည်။ ဤသည်မှာ သူငယ်ချင်းများနှင့် စားသောက်ဆိုင်ကို သွားသလို ဖြစ်ပါသည်။ ကိုယ်နှစ်သက်သော အစားအသောက်ကိုသာ အမြဲ မှာစားနေပါက မစဉ်းစား မဆင်ခြင်ရာရောက်သလို တစ်ကိုယ်ကောင်းလည်း ဆန်ပါသည်။ အခြားသူများ နှစ်သက်တာကိုလည်း တစ်ခါတစ်ရံ လိုက်စားပေးနိုင်ပါသည်။ ပေါင်းသင်းဆက်ဆံရေးမှာလိုပင် ကိုယ်လိုချင်သောအချက်နှင့် အခြားသူလိုချင်သောအချက်ကို ညှိနှိုင်းပေးရန် လိုပါသည်။ ကိုယ့်အတွက်၊ ကိုယ်ကြိုက်တာကိုပဲ အမြဲကြည့်မနေသင့်ပါ။
၉။ ဘဝလမ်းကြောင်းမှန်နေသူများကိုလည်း အားပေးပါ
လမ်းကြောင်းမှန်နေသော ဘဝဖြင့် နေထိုင်သူများ၊ အပြုသဘော လမ်းကြောင်းအတိုင်း လိုက်ပြီး ကောင်းမွန်စွာ အဆင်ပြေနေသူများကို ကျွန်ုပ်တို့က ချီးမွမ်းခြင်းအားဖြင့် ကူညီပေးနိုင်ပါသည်။ သူတို့ကို မောက်မာသွားအောင် မပြုမိရန်တော့ သတိထားရပါမည်။ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းပါးသူများနှင့် ဆက်ဆံရာတွင် အထူးသဖြင့် ဆီလျော်မှု ရှိပါသည်။ မောက်မာသော်လည်း အရည်အသွေးကောင်းများ ရှိထားသူများ ဖြစ်လျှင်မူ သူတို့ကို အခြားသူများထံတွင် ချီးမွမ်းပေးနိုင်ပါသည်။ သူတို့ရှေ့တွင် မဟုတ်ပါ။ အခြားသူများ အကျိုးအတွက် သူတို့ အစွမ်းအစများ အသုံးပြုရန် သူတို့ကို အားပေးနိုင်ပါသေးသည်။ သို့သော် သူတို့ပြုလုပ်သည့် အမှားတစ်ခုခုကို သူတို့အား ထောက်ပြခြင်းဖြင့်လည်း သူတို့မာနကို လျော့ကျအောင် ကူညီပေးနိုင်ပါသည်။
၁၀။ ယိုယွင်းနေသော ဘဝဖြင့် နေထိုင်သူများကို အပြုသဘော ပြုမူမှုများ သင်ပေးပါ
အလွန်ပျက်စီးယိုယွင်းပြီး အပျက်သဘော ဘဝဖြင့် နေထိုင်သူများကို တွေ့လျှင် အထင်သေးခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ် ရှုတ်ချခြင်းများ လုံးဝမပြုလုပ်သင့်ပါ။ လူတို့ကို အကဲဖြတ်မည့်အစား သူတို့ကလည်း ပြောင်းလဲလိုစိတ်ရှိပါက အပျက်သဘော အပြုအမူကို ကျော်လွှားနိုင်မည့် နည်းလမ်းများ ပြသပေးသင့်ပါသည်။
၁၁။ အားလုံးမအောင်မြင်ပါက ထူးထူးခြားခြား အစွမ်းအစ တစ်ခုခုကို အသုံးပြုပါ
အချို့သူများတွင် သာမန်ထက်လွန်ကဲသော အစွမ်းအစများ ရှိပါသည်။ လက်ဝှေ့ ပညာရှင် တစ်ယောက် ဖြစ်နိုင်သော်လည်း အခြားသူများကို ကြွားဝါခြင်း မပြုပါ။ တစ်စုံတစ်ယောက် အတိုက်ခိုက် ခံနေရပါက တိုက်ခိုက်သူကို မည်သည့်နည်းနှင့်မျှ တားဆီး၍မရပါက သူ့ကိုတားဆီးဖို့ ကျွန်ုပ်တို့ အစွမ်းအစများ အသုံးပြုသင့်ပါသည်။
အခြားသူများကို အကျိုးပြုရန် နည်းလမ်းများစွာ ရှိပါသည်။ ဘယ်လို ကူညီမလဲ၊ ဘယ်သူ့ကို ဘာကူညီမလဲဆိုသည်ကို သိရုံသာ မဟုတ်ဘဲ ထိုအကူအညီကို ဘယ်အချိန်မှာ ပေးမလဲ၊ အခြားသူများက သူတို့ဘာသာ ဆောင်ရွက်တတ်အောင် ဘယ်အချိန် နောက်ဆုတ်နေမလဲ ဆိုသည်ကိုပါ သိရှိရန်လိုသည်။ တကယ်ပင် ကိုယ်၊ စိတ် တစ်ခုခု ဒုက္ခရောက်နေသူ များသည် ကျွန်ုပ်တို့ထံမှ ပြုစုစောင့်ရှောက်မှုကို ချင်ချင်းလိုအပ်ပါသည်။ သို့သော် အကူအညီကို မှန်ကန်သော နည်းဖြင့် အသုံးချရပါမည်။ အများကြီး မပေးရသလို မဆိုစလောက်လည်း မပေးရပါ။ ကံမကောင်း အကြောင်းမလှ သူများကို သူတို့ ခြေထောက်ပေါ် ရပ်တည်နိုင်အောင် ကူညီရန် လိုပါသည်။ သို့သော် အကောင်းဆုံး ရေရှည် အကူအညီမှာ သူတို့ကိုယ်တိုင် လျှောက်လှမ်းပြီး ပြုစုစောင့်ရှောက်နိုင်မည့် အခြေအနေများနှင့် နည်းစနစ်များ ပေးအပ်ရန် ဖြစ်ပါသတည်း။
Crd : studybuddhism.com

Photos from Vikkaya's post 15/04/2023

Selfie ကို လက်နှစ်ချောင်းပဲထောင်မနေနဲ့တော့ ဒီလို အထားကျကျလေးတွေ ရိုက် 😜

14/04/2023

မြန်မာ့ဆယ့်နှစ်လ ရာသီပွဲတော်များအနက် ပထမဦးဆုံးနှင့် ရက်ကာလအကြာမြင့်ဆုံးကျင်းပသည့် ပွဲတော်မှာ သင်္ကြန်ပွဲတော်ပင်ဖြစ်သည်။ “တန်ခူးရေကုန်၊ ကဆုန်ရေခန်း” ဟု ဆိုသည့်အတိုင်း ပူပြင်းခြောက်သွေ့သော ကာလဖြစ်သည့် သင်္ကြန်ကာလတွင် မိုးတစ်ကြိမ်၊ နှစ်ကြိမ်ရွာတတ်သည်။ ယင်းမိုးကို ဖက်ဆွတ်မိုး၊ သင်္ကြန်မိုးဟုခေါ် ကြသည်။ ထိုမိုးကြောင့်ပင် ပိတောက်ပန်းများ ပွင့်လန်းလာခြင်းဖြစ်သည်။ မြန်မာတို့၏ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်သည် နှစ်သစ်ကူးအထိမ်းအမှတ် ပွဲတော်သက်သက်မဟုတ်ပေ။ စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ အကုသိုလ်အညစ်အကြေးများကို ဆေးကြောခြင်း၊ သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်း၊ ဥပုသ်၊ သီလဆောက်တည်ခြင်း၊ အလှူဒါနပြုခြင်း၊ တိရစ္ဆာန်များကို ဘေးမဲ့ပေးခြင်း စသည့်အဓိပ္ပာယ်ရှိရှိနှင့် သတ်သတ်မှတ်မှတ် ကျင်းပသော ပွဲတော်ဖြစ်သည်။ မဟာသင်္ကြန်ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှုကို မဏ္ဍိုင်ပြု၍ ကျင်းပသော ပွဲတော်လည်း ဖြစ်ပေသည်။ သင်္ကြန်ကာလရေပက်ခြင်း၏ အလေ့အထနှင့် ရည်ရွယ်ချက်သည်ပင် နှစ်ဟောင်းမှအညစ်အကြေးများကို ရေစင်ရေသန့်တို့နှင့် ပက်ဖျန်းခြင်းဖြင့် စိတ်ကိုသန့်စင်ကြည်လင်ပြီး အေးမြစေရန်ဖြစ်သည်

တစ်နှစ်မှာ တစ်ကြိမ်သာဆင်နွှဲသောပွဲ

နိုင်ငံအသီးသီးမှ လူမျိုးအသီးသီးသည် မိမိတို့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်အညီ နှစ်သစ်ကူးပွဲတော်များ ကျင်းပကြသည်။ နှစ်သစ်၊ နှစ်ဦးကိုဝမ်းမြောက်ပျော်ရွှင်စွာ ကြိုဆိုကြသည်။ မြန်မာတို့၏ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းချိန်တွင် ကျင်းပလေ့ရှိသော ပွဲတော်မှာ သင်္ကြန်ပွဲတော်ဖြစ်သည်။ မြန်မာနိုင်ငံ နိုင်ငံတစ်ဝန်းလုံး၌ နှစ်သစ်ကူးမဟာအတာ သင်္ကြန်ရေသဘင်ပွဲကို အေးချမ်းပျော်ရွှင် ကြည်နူးစွာ ဆင်နွှဲလေ့ရှိကြသည်။ နွေနေ၏အပူရှိန်အောက်တွင် အတာသင်္ကြန် မေတ္တာရေစင်ကြောင့် ပါဝင်ဆင်နွှဲကြသူတိုင်း လန်းဆန်းကြည်နူးကာ တစ်နှစ်တွင် တစ်ကြိမ်သာ ဆင်နွှဲရသော ရာသီပွဲတော် ဖြစ်၍လည်း တန်ဖိုးထားကြသည်။

မြန်မာတို့၏ သင်္ကြန်နှစ်သစ်ကူးချိန် ရေပက်ကစားသည့် အလေ့အထသည် ရှေးခေတ်အိန္ဒိယနိုင်ငံမှ မြစ်ဖျားခံခဲ့သည် ဟု ဆိုပါသည်။ ဒေဝဒဟနှင့်ကပိလတွင် သကျသာကီနွယ်ဝင်မင်းတို့ နှစ်သစ်ကူးပြောင်းချိန်ရောက်တိုင်း တစ်ခုသော ရေကန်ကြီးအနီး မင်းခမ်းမင်းနားဖြင့် တဲကြီးများဆောက်လုပ်၍ ရေဖျန်းသဘင် ဆင်မြန်းခဲ့ကြရာမှ စတင်ခဲ့သည်ဟု သာသနာဝင်ကျမ်းများတွင် ဖော်ပြထားသည်ကို လေ့လာဖတ်ရှုရပါသည်။ “သင်္ကြန်” ဟူသော ဝေါဟာရကို ပုဂံခေတ်၊ မြန်မာသက္ကရာဇ် ၆၅၃ ခုနှစ် (ခရစ်နှစ် ၁၂၉၁) ခုနှစ်တွင် ရေးထိုးခဲ့သော စောလှဝန်းဘုရားကျောက်စာ၌ အစောဆုံးတွေ့ရှိရသည်။ ထိုကျောက်စာ၌ “မီဖုန်၊ သင်္ကြန်၊ စာရိယ်၊ ညောင်ရိယ်သွန် မပြယ်စိတ်လျှင်တည်၏” ဟု ရေးထိုးထား၏။ ထိုကျောက်စာ ကပုဂံခေတ်ကတည်းက နှစ်သစ်ကူးပွဲတော် ကျင်းပနေပြီဖြစ်ကြောင်း အထင်ရှားဆုံး သာဓကပင်ဖြစ်သည်။

မြန်မာဘုရင်များလက်ထက်တော်က နှစ်စဉ်သင်္ကြန် ပွဲတော်များကို နန်းတော်အတွင်း၌ အခမ်းအနားဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ အခမ်းအနားအစီအစဉ်တွင် ဘုရားငါးဆူပူဇော်ခြင်း၊ အမိအဖများကို ရည်မှန်းကန်တော့ ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းနှင့် အတာပွဲတော်တည်ခြင်းများ ပါဝင်သည်။ နှစ်သစ်မင်္ဂလာအခါတွင် မင်္ဂလာရှိသော လုပ်ငန်းများကို အစအဦးပြု၍ လုပ်ဆောင်ရမည်ဟူသော သန္နိဋ္ဌာန်ဖြင့် မင်္ဂလာအခါနှင့်ကိုက်ညီစေရန် ဆောင်ရွက်ကြ သည်။ ထိုကဲ့သို့ဆောင်ရွက်ရာတွင် မင်္ဂလာအပေါင်းနှင့်ပြည့်စုံစေရန် မိမိကိုယ်၌ပင် စိတ်ရောလူရော ကြည်လင်သန့်ရှင်းနေရန် လိုသည်။

ထို့ကြောင့် စိတ်သန့်ရှင်းစေရန် သီလ၊ သမာဓိ ဆောက်တည်ကြရသည်။ ကိုယ်ခန္ဓာသန့်ရှင်းအောင်လည်း ခေါင်းလျှော် ရေချိုးပြီး အမွှေးနံ့သာတို့ဖြင့် သန့်ပြန့်အောင် ပြုပြင်ကြရသည်။ မင်္ဂလာရှိသော မဟာသင်္ကြန်အခါကာလ၌ မင်္ဂလာရှိရှိ ပါဝင်ဆင်နွှဲနိုင်ရန် အသန့်ရှင်းဆုံးရေ၊ အသန့်ရှင်းဆုံး ခေါင်းလျှော်ရေ၊ အသန့်ရှင်းဆုံးသော အမွှေးနံ့သာများ လိုအပ်ပေသည်။ အသန့်ရှင်းဆုံးအတာရေ ရရှိရေးအတွက် ရှေးမင်းအဆက်ဆက်တို့က အစီအမံများ သတ်မှတ်ချက်များဖြင့် ဆောင်ရွက်ခဲ့ကြသည်။ အမရပူရခေတ် မှတ်တမ်းတစ်ခုတွင် ဘုန်းကျက်သရေတိုးပွား၍ ကောင်းကျိုးမင်္ဂလာအဖြာဖြာ ရရှိစေခြင်းအတွက် မင်္ဂလာ ၂၈ ပါး ပါဝင်သည့် သင်္ကြန်တော်ဆေးဟုခေါ်သော တော်ဝင် ဆေးတော်ကြီးကိုဖော်၍ မဟာသင်္ကြန်တော်ရက်၌ အသုံးပြုခဲ့ကြသည်။ သင်္ကြန်ဆေးတော်ကြီးကို ရေကြည်တော် ၁၂ ပါး နှင့် ရောစပ်၍ အတာရေပက်ဖျန်း မင်္ဂလာယူခဲ့ကြောင်း တွေ့ရ သည်။

မင်္ဂလာတော် ၂၈ ပါး သင်္ကြန်တော်ဆေးဆိုသည်မှာ တရော်ခုနစ်မျိုး၊ နံ့သာငါးမျိုး၊ ကြာငါးမျိုးနှင့် ကင်ပွန်းရွက်၊ ဇလပ်ရွက်၊ မုရားရွက်၊ ဥသျှစ်ရွက်၊ လင်းလေရွက်၊ ပန်းဥ၊ မြေသျှိသျှား၊ ကြခတ်ရွက်၊ ခေါင်ရန်းရွက်၊ ဖန်ခါးရွက်၊ တလည်းရွက်တို့ကို ပေါင်းစပ်၍ ရွှေရည်၊ ငွေရည်၊ နဝရတ်ကိုးပါးရည်၊ ခရုသင်းရည်၊ အုန်းရည်၊ နှင်းရည်၊ ပရိတ်တော်ရေများဖြင့် ကြိတ်ရသည်။ ကြိတ်၍ရရှိသော အနှစ်များကို အတောင့်ပြု၍ နေလှန်းအခြောက်ခံရသည်။ ပြီးလျှင် ပရိတ်ကြီး၊ ရတနာရွှေချိုင့်၊ အောင်ခြင်းရှစ်ပါးဂါထာများဖြင့် ဆုပ်ရသည်။ သင်္ကြန်ရက်ရောက်လျှင် ဆေးတော်ကို အုန်းတစ်လုံးရေဖြင့် ဖျော်သည်။ ထိုအရည်ကို တရော်ကင်ပွန်းထည့်၍ ခေါင်းဆေးမင်္ဂလာပြုရသည်။ ထိုဆေးတော်ရည်ကို အတာအိုးတွင်ထည့်၍ ရေကောင်းရေသန့်များနှင့်စပ်ကာ သင်္ကြန်တော်ခေါ်ခြင်း၊ အတာကူးခြင်းအမှုကို ပြုကြသည်။ ရေပက်ကစားရာတွင်လည်း အဆိုပါ ဆေးတော်ကြီး ပါဝင်သောရေဖြင့် ပက်ဖျန်းကြသည်။

တန်ဖိုးထားရမည့် ယဉ်ကျေးမှုအမွေအနှစ်

သင်္ကြန်ရေ၏ ထူးခြားချက်များလည်း ရှိပေသေးသည်။ သင်္ကြန်ရေပက်သည့်အခါ ရေကောင်းရေသန့် ရေမွှေးများနှင့် ကျန်းမာချမ်းသာပါစေဟူသော စိတ်စေတနာဖြင့် ပက်ဖျန်းခြင်းဖြစ်၍ ကျန်းမာရွှင်လန်းစေသည်။ မည်မျှပင် ရေကြောက်သူများ ဖြစ်ပါစေ သင်္ကြန်ရေကို တစ်နှစ်တစ်ကြိမ် အပက်ခံကြသည်။ စေတနာသန့်သန့်ဖြင့် ပက်သည့်ရေဖြစ်၍ သင်္ကြန်ရေသည်၊ အပူရှပ်ခြင်း၊ ဖျားနာခြင်းမရှိ၊ ရွှင်ရွှင်လန်းလန်းနှင့် နှစ်သစ်ကို ဖြတ်သန်းနိုင်ကြသည်က သင်္ကြန်ရေ၏ ထူးခြားချက်တစ်ရပ်ပင်ဖြစ်သည်။ ထို့ပြင် ရေတွင်မင်္ဂလာ နိမိတ်သုံးပါးရှိသည်။ အေးမြကြည်လင်ခြင်း၊ အညစ်အကြေးများကို ဆေးကြောသန့် ရှင်းစေနိုင်ခြင်း၊ရေကိုသား၍ အကြားမထင်ဘဲ တစ်ဆက်တစ်စပ်တည်း တည်ရှိနေခြင်းတို့ဖြစ်သည်။ ထို့ကြောင့် ထိုရေနိမိတ်သုံးပါးနှင့်အညီ တိုင်းမြန်ပြည် ငြိမ်းအေးစေရန် အတာရေသွန်းလောင်း ခြင်းဖြစ်သည်။

သင်္ကြန်အတွက် ရှောင်ကြဉ်ရမည့် ရှေးက ပညတ်ချက် ၁၀ ပါးလည်းရှိသည်။ ယင်းတို့မှာ-(၁) ရုဒ- ငိုကြွေးခြင်း(၂) မေထုန-မေထုန်သံဝါသပြုခြင်း (၃) မံသ-အသားဟင်းလျာ စားသောက်ခြင်း (၄) သုရာ-သေရည်သောက်စားမူးယစ်ခြင်း (၅) ကောဓ-အမျက်ထွက်ခြင်း (၆) ရုဓိရ- သွေးဖောက်၊ သွေးထုတ်ခြင်း (၇) တေလိက-ဆီလိမ်း၊ ဆေးလိမ်းခြင်း (၈) ရုက္ခဗေဒ-သစ်ပင်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း (၉) ကိဏ - ဝယ်ယူခြင်း၊ ကျီသွင်းခြင်း (၁၀) ဝိက္ကိဏာ- ရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း စသည်တို့ဖြစ်သည်။ ထိုအချက် (၁၀) ချက်ကိုအထူးပြုရှောင်ကြဉ်နိုင်ပါက လောကီ၊ လောကုတ္တရာအကျိုးစီးပွားများကို ရရှိ ခံစားရမည်ဖြစ်သည်။ မြန်မာအများစုက ထိုအချက် (၁၀)ချက်ကို လိုက်နာကျင့်သုံးကြောင်း တွေ့ရသည်

သင်္ကြန်ပွဲတော်ရက်များအတွင်း ကုသိုလ်ကောင်းမှုများလည်း ပြုလုပ်ကြသည်။သင်္ကြန်ပွဲတော်၏ နှစ်သက်ကြည်နူးဖွယ် အကောင်းဆုံးမှာ သက်ကြီးပူဇော်ပွဲပင်ဖြစ်သည်။ လူငယ်များက သက်ကြီးရွယ်အိုများအား လက်သည်း၊ ခြေသည်း ညှပ်ပေး ခြင်း၊ ခေါင်းလျှော်ရေချိုးပေးခြင်း၊ နှိပ်နယ်ပေးခြင်း၊ သနပ်ခါးလိမ်းပေးခြင်းစသည့် ကုသိုလ်ကောင်းမှုများအပြင် ရိုသေ မြတ်နိုးစွာ ကန်တော့ကြသည်မှာ ကမ္ဘာတွင်မရှိသော တန်ဖိုးထားရမည့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ပင်ဖြစ်သည်။ ဂါရဝေါစ နိဝါတောစ မင်္ဂလာ၊ ပူဇာစ ပူဇနေယျာနံ မင်္ဂလာတို့နှင့်လည်း ညီညွတ်ပေသည်။

သင်္ကြန်ပွဲတော်ရက်အတွင်း အချို့လူကြီး၊ လူငယ်များသည် တရားစခန်းများသို့ဝင်ရောက်၍ ဝိပဿနာတရားတော်များ ပွားများအားထုတ်ကြသည်။ အချို့အမျိုးသားများသည် ရတောင့်ရခဲလှသော လူ့ဘဝတွင် ဒုလ္လဘရဟန်းများဝတ်၍ လည်းကောင်း၊ အချို့အမျိုးသမီးများသည် သီလရှင်ဝတ်၍လည်းကောင်း သင်္ကြန်ရက်များကို ကုသိုလ်ကောင်းမှုများဖြင့် ကုန်လွန်စေသည်မှာ သင်္ကြန်ပွဲတော်နှင့် သင်္ကြန်ရုံးပိတ်ရက်ကို အကျိုးရှိရှိ အသုံးချလိုက်ခြင်းပင်ဖြစ်သည်။ သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရားဟောကြားတော်မူသော ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘတရားတော်ကို လိုက်နာကျင့်သုံးခြင်းပင် ဖြစ်သည်။

အနှစ်သာရပြည့်ဝသော ရိုးရာပွဲတော်

သက်ကြီးရွယ်အိုများနှင့် အချို့သောသူများသည် ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်ကာ ရှစ်ပါးသီလ၊ ကိုးပါးသီလများကို ဆောက်တည်ကြသည်။ နေ့လယ်ချိန်တွင် သံဃာတော်များထံမှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ နာယူခြင်း၊ တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းခြင်း၊ မိမိတို့ဥပုသ်သည်အချင်းချင်း တရားစကား ဆွေးနွေးခြင်း၊ ဗဟုသုတဖလှယ်ခြင်း စသည်တို့ကို ပြုလုပ်ကြသည်။ ဗာဟုသစ္စဉမင်္ဂလာ၊ ကာလေနဓမ္မသာ ကစ္ဆာ မင်္ဂလာတရားတော်တို့ကို လိုက်နာကျင့်သုံးခြင်းပင် ဖြစ်သည်။

မြန်မာနှစ်သစ်ကူးနေ့ဖြစ်သော နှစ်ဆန်း ၁ ရက်နေ့တွင် ရန်ကုန်မြို့မဟာစည်သာသနာ့ရိပ်သာ၌ နှစ်သစ်ပဒေသာပင် ဆွတ်ခူးပွဲတော်ကို ကျင်းပလေ့ရှိသည်။ ယင်းပွဲတော်ကို ၁၉၆၇ ခုနှစ်ခန့်ကပင် စတင်ကျင်းပခဲ့ရာ ၁၉၉၇ ခုနှစ်က အကြိမ်(၃၀)မြောက် ကျင်းပခဲ့ကြောင်း သိရှိရသည်။ ယင်းပွဲတော်ကို မဟာစည် ဆရာတော်ကြီးကိုယ်တိုင် ဖွဲ့စည်းပေးခဲ့သည့် ဟိတေသီအဖွဲ့ကြီး၏ ကုသိုလ်တော်ကြီး (၇)ရပ် အနက်ကုသိုလ်တော်တစ်ပါးအဖြစ် ကျင်းပခြင်းဖြစ်သည်။ အကြိမ်(၃၀)မြောက် နှစ်သစ်ပဒေသာပင် ဆွတ်ခူးပွဲတော်တွင် ပဒေသာပင်ပေါင်း ၅၁ ပင်၊ ပစ္စည်းမဲအရေအတွက် ၂၄၇၀၊ တန်ဖိုးငွေကျပ်လေးသိန်းကျော်အား မဟာစည် သာသနာ့ရိပ်သာတွင် တရားအားထုတ်နေကြသည့် ရဟန်းသံဃာများ၊ ယောဂီသူတော်စင်များအားလုံး ပုဂ္ဂိုလ်တိုင်းဆွတ်ခူးနိုင်ရန် စီစဉ်ထားခဲ့သည်။ ကမ္ဘာဦးကာလက လောဘ၊ ဒေါသ၊ မောဟနည်းပါးလှပြီး ဗြဟ္မစိုရ်တရားများ ပွားများကြသောကြောင့် လိုရာဆွတ်ခူး၊ ပဒေသာပင်ထူး ပေါ်ပေါက်ခဲ့ဖူးသည်ကို အစွဲပြုလျက် ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

နှစ်ဆန်း ၁ ရက်နေ့တွင် စုပေါင်း၍ဖြစ်စေ၊ အသင်းအဖွဲ့ လိုက်ဖြစ်စေ ကျွဲ၊ နွား၊ ငှက်၊ ငါးများကို ဘေးမဲ့လွှတ်ကြ၏။ နှစ်သစ်၏အဦးဆုံးသောနေ့တွင် ဇိဝိတအလှူဒါနပြုကြခြင်း ဖြစ်၏။ ညနေချမ်းအချိန်တွင် ကျေးရွာ၊ရပ်ကွက်၏ လမ်းဆုံ လမ်းခွ၌ သံဃာတော်များ ပင့်ဖိတ်ကာ တစ်နှစ်တာ အန္တရာယ် ကင်းစေရန် ပရိတ်တရားတော်များ၊ကမ္မဝါစာများ ရွတ်ဖတ် သရဇ္ဈာယ်တော်မူပါသည်။ အစဉ်အလာ ယုံကြည်မှုပင်ဖြစ်၏။ သင်္ကြန်ကာလအတွင်း မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ရွှေရင် အေး၊ မုန့်ဟင်းခါးစသည့် မြန်မာ့ရိုးရာအစားအစာများဖြင့် ကျွေးမွေးဧည့်ခံသော စတုဒိသာ မဏ္ဍပ်များသည်လည်း နေ့စဉ်ရက်ဆက် လာသမျှပရိသတ်ကို စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် ဧည့်ခံကြသည်။ ထို့ကြောင့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်သည် ရေလောင်းရုံမျှသာမဟုတ်ဘဲ စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ အလှူဒါနပြုခြင်း၊ ပူဇော်ထိုက်သူများကို ပူဇော်ခြင်း၊ ရိုသေထိုက်သူများကို ရိုသေခြင်း၊ မိမိကိုယ်ကို နှိမ်ချခြင်း စသောမင်္ဂလာ တရားတော်များနှင့်အညီ ကုသိုလ်ကောင်းမှုများဖြင့် ထုံမွှမ်းနေသော၊ အနှစ်သာရပြည့်ဝသော မြန်မာ့ရိုးရာပွဲတော်မြတ် ပွဲတော်ထူးပင် ဖြစ်ပေတော့သတည်း။ ။

ဒေါက်တာအောင်သန်းဝင်း(အရှေ့တိုင်းပညာ)

13/04/2023

💦 နှစ်သစ်အကြိုဆုမွန်ကောင်း 💦

မြန်မာ့ရိုးရာ အတာသင်္ကြန်နဲ့အတူ နှစ်သစ်ကူး အချိန်အခါသမလေးမှာ နှစ်ဟောင်းက အညစ်ကြေးများ ပပျောက်ပြီး ၊ ရောဂါဘယများ ၊ လူမှုရေး ၊ စီးပွားရေး အခက်ခဲများ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာလို့ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း Vikkaya မိသားစုမှ ဆုတောင်းမေတ္တာများ ပို့သပေးလိုက်ပါတယ်ရှင့် 🙏🙏🙏

Photos from Vikkaya's post 11/04/2023

ဆံပင်ပုံစံကို ဘယ်လိုလေးတွေ လုပ်ရမလဲ ?
ဆိုတဲ့ သူလေတွေအတွက် Vikkaya ကမျှဝေလိုက်ပါတယ်ရှင့် ။

ကဲ အမြဲတမ်းကြီး စည်းတာနဲ့ ချထားတာကြီး နလုပ်နဲ့တော့နော် ။ ဒီလို လန်းလန်းလေးတွေ လုပ်ကြည့်

10/04/2023

ပြုံးပါ။ မနက်မိုးလင်းတာ​နဲ့ ​အပြုံးလေးတစ်ပွင့်ကို ဆင်မြန်းထားပါ။

လူ​တွေ​နဲ့ စကား​ပြော​တဲ့​အခါ ပြုံးပြုံးလေး​ပြောပါ။ နှုတ်ဆက်​တဲ့​အခါ ​အပြုံးလေး​နဲ့ နှုတ်ဆက်ပါ။

​​​ကော်ဖီတစ်ခွက် လာချပေး​တဲ့ စားပွဲထိုးလေးကို ပြုံးပြလိုက်ပါ။ ရုံးကိုလာ​တဲ့ဧည့်သည်​တွေကိုလည်း ​အပြုံးလေး​​နဲ့ကြိုလိုက်ပါ။

​အပြုံးဆိုတာ ​ငွေကုန်ကြေးကျမရှိ​ပေ​မဲ့ ​တန်ဖိုးကြီး​တဲ့ လက်​ဆောင်ပါ။ ကိုယ့်​အတွက်​ရော ကိုယ့်ဘေးကလူ​တွေ​အတွက်ပါ စိတ်ချမ်းသာ​စေ​တဲ့ ​အားဆေးတစ်ခွက်ပါ။ ​​မှောင်​နေ​တဲ့​လောကကြီးကို လင်း​စေနိုင်​တဲ့ ​အလင်း​​ရောင်ပါ။

​အမြဲ ပြုံး​နေ​တဲ့သူ​တွေဟာ ခပ်တည်တည်​နေ​တဲ့သူ​တွေ၊ ​မဲ့​ရွဲ့​နေ​တဲ့သူ​တွေထက် ပိုပြီး လူချစ်လူခင် ပေါပါတယ်။

​​ပျော်​တဲ့​အခါ ပြုံးပါ။ စိတ်ညစ်​တဲ့​အခါ ပြုံးထားပါ။ စိတ်တိုလာ​တဲ့​အခါ သတိ​​လေးထားပြီး ပြုံးကြည့်ပါ။ ကြောက်​နေရင်လည်း ပြုံးထားပါ။

​​ပျော်​တဲ့​အခါ ပြုံးတတ်ကြသလို ပြုံးထားရင်လည်း စိတ်ညစ်တာ​တွေ နည်းပါးလာတတ်တယ်၊ ပိုပြီးပျော်ရွှင်လာတတ်ကြတယ်လို့ စိတ်ပညာ​​လေ့လာသူ​တွေက ဆိုပါတယ်။ ပြုံး​လိုက်တဲ့​အခါ ခန္ဓာကိုယ်က​နေ ထုတ်ပေး​​တဲ့ ဓာတ်​တွေဟာ သွေးတိုးတာ၊ နှလုံးခုန်​မြန်တာ​တွေကို သက်သာ​စေတယ်၊ စိတ်​ပြေလက်ပျောက်ဖြစ်​စေတယ်၊ စိတ်ဓာတ်ကျတာ​တွေ၊ နာကျင်ကိုက်​ခဲတာ​တွေကို သက်သာ​စေတယ်လို့ သိပ္ပံပညာရှင်​တွေက ဆိုပါတယ်။

ကိုယ့်ဘဝမှာ စိတ်ညစ်စရာ​တွေများ​​နေရင် ​အပြုံး​​လေ့ကျင့်ပါ။ ​​ပေါင်းသင်းဆက်​ဆံရေးမှာ ညံ့​နေရင် မကြာခဏ ပိုပြုံးပါ။

​​အမြဲ မဲ့​ရွဲ့​နေတတ်​တဲ့သူ​တွေကို​​တွေ့ရင် ပြုံးပြပါ။ စိတ်ညစ်​နေ​တဲ့သူ​တွေကို ​အပြုံးလေးတစ်ပွင့်​နဲ့ ​အားပေးပါ။

လုပ်ချင်တာ​တွေ လုပ်ထားပြီးရင်​​ရော။ ဟုတ်​​ကဲ့ အလှဆုံးပြုံး​နေလိုက်ပါခင်ဗျာ။

Photo credit: The “so i asked them to smile” photography project

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

Crd : ပိုးစုန်းကြူး

Photos from Vikkaya's post 09/04/2023

အထာကျကျလေး ဒီလိုလေးတွေ တွဲဝတ်ကြည့် 🙆

08/04/2023

မိတ်ကပ်မပါတဲ့ မိန်းကလေးကြည့်ရတာ ဆားမပါတဲ့ဟင်းတခွက်ကို စားနေရသလိုပါပဲတဲ့။ ဒါက အတွေးအခေါ်ပညာရှင် Plautus ပြောခဲ့တဲ့စကား။ တကယ်တော့ မျက်နှာအသားရေအတွက် အလှအပပစ္စည်းတွေ သုံးခဲ့ကြတာ ရှေးနှစ်ပေါင်းများစွာကတည်းက ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ မိန်းကလေးတော်တော်များများ အလှအပစိတ်ဝင်စားလာကြတယ်။ ဘယ်လောက်လှပါတယ်ဆိုတဲ့ မိန်းကလေးမဆို ပါးမှာ မိတ်ကပ်ခပ်ပါးပါး လိမ်းလာကြတယ်။ မိတ်ကပ်လိမ်းတာ ပုံမှန်အားဖြင့်တော့ မခက်ပေမယ့် စနစ်တကျ ရွေးချယ်သုံးစွဲတတ်ဖို့တော့ လိုတယ်။

မိတ်ကပ်ဘယ်လို လိမ်းမလဲ
မိတ်ကပ်မလိမ်းခင် မျက်နှာ သန့်စင်အောင် အရင်ဆုံးပြုလုပ်ရတယ်။ မျက်နှာနဲ့ လည်ပင်းကို cleansing water နဲ့ ဂွမ်းသုံးပြီး သန့်စင်ပါ။ သန့်စင်နေတဲ့ မျက်နှာပေါ် ကျန်တဲ့အဆင့်တွေ ဆက်လုပ်သင့်တယ်။

(၁) Moisturizer
ပထမဆုံး မျက်နှာနဲ့ လည်ပင်းကို moisturizer တမျိုးမျိုးသုံးပါ။လိမ်းတဲ့အခါ နဖူး၊ ပါးပြင်နဲ့ မေးရိုးကို ခပ်ပါးပါးပုပ်ပေးရမယ်။ လိမ်းတဲ့အခါ အောက်က အပေါ်ဖက်၊ အတွင်းက အပြင်ဖက်ကို လိမ်းပေးရမယ်။ မျက်နှာတပြင်လုံးနှံ့အောင်လိမ်းပြီး ခဏစောင့်ပါ။

(၂) Foundation
ဖောင်ဒေးရှင်းရွေးတဲ့အခါ သတိပြုရမယ်။ မျက်နှာကို မကြည့်ဘဲ လည်ပင်းအသားအရေနဲ့ ကိုက်ညီတာကိုသာ ရွေးချယ်ရမယ်။ အဲဒါမှ အသားအရောင်ချင်း ရောထွေးသွားမှာဖြစ်တယ်။ ဒီအချက်က သိပ်အရေးကြီးတယ်။ မြန်မာကားတွေမှာ မျက်နှာကြီးသိပ်ဖြူနေပြီး လည်ပင်းအသားအရေမဲနေတာ မြင်ဖူးကြမယ်။ ဒီလိုမဖြစ်အောင် ဂရုစိုက်ရမယ်။ foundationကို နဖူး၊ ပါး၊ နှာခေါင်း၊ မေးရိုး စတဲ့နေရာတွေကို တဆင့်ချင်း စနစ်တကျလိမ်းရမယ်။ လိမ်းတဲ့အခါ လက်ချောင်းကိုသုံးရမယ်။ အတွင်းက အပြင်ဖက်ကို ဆွဲပြီး လိမ်းပါ။ အောက်က အထက်ကို လိမ်းပါ။

(၃) Concealer
concealer ဆိုတာ အသားအရောင် မတူညီတာကို ညှိပေး၊ဖုံးပေးတဲ့ အရည်တမျိုးဖြစ်တယ်။concealer သုံးတဲ့အခါ brush စုတ်တံသေးသေးလေးကိုသာ ရွေးသုံးရမယ်။ မျက်လုံးအောက်နေရာကို အရင်လိမ်းပါ။ ပြီးရင် မေးစေ့၊ နောက်ပြီး T-zone ခေါ်တဲ့ နှာတံနဲ့ နဖူး စသည်ဖြင့် အဆင့်လိုက် လိမ်းရမယ်။ နောက်ဆုံးမှကျမှ နှာခေါင်းတဝိုက်ကို လိမ်းသင့်တယ်။ အထူးသဖြင့် ဆောင်းရာသီမှာ အသားခြောက်တတ်တာမို့ နှာခေါင်းတဝိုက်ကို သေချာလိမ်းပေးရမယ်။ concealer လိမ်းတဲ့အခါ အလွန်စိတ်ရှည်ရမယ်။ ပြောထားတဲ့နေရာတွေကို တဆင့်ချင်း လိမ်းမှသာ အသားအရောင်ညီပြီး လှပတဲ့မျက်နှာကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။

(၄) Eye shadow
eye shadowဆိုတာတော့ မျက်လုံးနဲ့ မျက်ခွံကြားမှာ အရိပ်ဖြစ်အောင် ကာလာ ခြယ်တာဖြစ်တယ်။ တကယ်က မျက်တွင်းချိုင့်တဲ့ နေရာနဲ့ တသားတည်းဖြစ်အောင် ပုံဖော်ရတာပါ။ eye shadow ဆွဲတဲ့အခါ တခါတည်းအများကြီး မဆွဲရပါဘူး၊ layer by layer တဆင့်ချင်း ကာလာတင်ပေးရတယ်။ မျက်လုံးအောက်မှာ လိုင်းသေးသေးလေးထည့်ရင် ပိုကောင်းတယ်။ မျက်လုံးက ပေါ်လာတယ်။

(၅) Mascara
mascara ဆိုတာ မျက်တောင်လိမ်းတဲ့အရည် ဖြစ်ပါတယ်။ mascara မသုံးခင် အရည်ကို မိမိလက်ပေါ်အရင်တင်ပြီးမှ brushအမွှေးပွနဲ့ ယူပြီး လိမ်းပေးရတယ်။ စစချင်း မျက်တောင်အခြေကနေ လိမ်းပေးသင့်တယ်။ အောက်က အထက်ကို ကော့ပြီး လိမ်းပေးပါ။ နေ့ပိုင်းလိမ်းချင်သူတွေ အညိုရင့်ရောင်ကိုသာ သုံးသင့်တယ်။

(၆) Eyebrow
မျက်ခုံးဆွဲတဲ့အခါ သတိပြုစရာတွေရှိတယ်။ မျက်နှာသွင်ပြင်ကို လိုက်ပြီး မျက်ခုံးမွှေးဆွဲပေးရမယ်။ ဘယ်ပုံစံမျိုး ဆွဲမလဲ အရင်စဉ်းစားပါ။ ပြီးရင် frame ချပါ။ မျက်ခုံးဆွဲတဲ့အခါ ကိုယ့်ပုံမှန်အသားရေထက် ဖျော့တဲ့ကာလာကို အရင်ဆုံး သုံးရမယ်။ ပြီးမှ ပိုမှောင်တဲ့ ကာလာ တဖြည်းဖြည်း တင်ရမယ်။ မျက်ခုံးပုံသဏ္ဌာန်အလိုက် ခပ်ပါးပါးစုတ်ချက်တွေ တချက်ချင်း ဆွဲပါ။ မျက်ခုံးဆွဲတဲ့အခါ မျက်ခုံးမွှေးဟာ ရှည်နေရမယ်။ ထင်းနေရမယ်။

05/04/2023

အသစ်တွေပါရှင့် တပုံချင်းစီ ရိုက်ပြထားပါတယ်
အပြင်ပုံပြပြီး ရောင်းပေးတာမို့ လာဝယ်လိူ့မရပါဘူးရှင့်
ရန်ကုန်ကပါ အိမ်ရောက်ငွေချေ deli အပ်ပေးပါတယ်
စုံစမ်းမေးမြန်းပါ သက်သာမှ အားပေးပါရှင့်
Deli လာရင်လည်း ခဏစောင့်ခိုင်းပြီး ပစည်းစစ်ယူလက်ခံပေးပါရှင့်

Kpay နဲ့လည်း ဝယ်လို့ရပါတယ် % မယူပါ
စျေးနှုန်းလေးတွေ တင်ပေးထားပါတယ်ရှင့်

Price : 6800ks

05/04/2023

Dennis Martin 30000
ဘူးပါမယ် ဖြုတ်ထားတဲ့အဆစ်ကောပါပါတယ်

Price : 30000

Shop Link : https://www.vikkaya.com/items/318?key=

04/04/2023

အသစ်တွေပါရှင့် တပုံချင်းစီ ရိုက်ပြထားပါတယ်
အပြင်ပုံပြပြီး ရောင်းပေးတာမို့ လာဝယ်လိူ့မရပါဘူးရှင့်
ရန်ကုန်ကပါ အိမ်ရောက်ငွေချေ deli အပ်ပေးပါတယ်
စုံစမ်းမေးမြန်းပါ သက်သာမှ အားပေးပါရှင့်
Deli လာရင်လည်း ခဏစောင့်ခိုင်းပြီး ပစည်းစစ်ယူလက်ခံပေးပါရှင့်

Kpay နဲ့လည်း ဝယ်လို့ရပါတယ် % မယူပါ
စျေးနှုန်းလေးတွေ တင်ပေးထားပါတယ်ရှင့်

Price : 3800ks

04/04/2023

အသစ်တွေပါရှင့် တပုံချင်းစီ ရိုက်ပြထားပါတယ်
အပြင်ပုံပြပြီး ရောင်းပေးတာမို့ လာဝယ်လိူ့မရပါဘူးရှင့်
ရန်ကုန်ကပါ အိမ်ရောက်ငွေချေ deli အပ်ပေးပါတယ်
စုံစမ်းမေးမြန်းပါ သက်သာမှ အားပေးပါရှင့်
Deli လာရင်လည်း ခဏစောင့်ခိုင်းပြီး ပစည်းစစ်ယူလက်ခံပေးပါရှင့်

Kpay နဲ့လည်း ဝယ်လို့ရပါတယ် % မယူပါ
စျေးနှုန်းလေးတွေ တင်ပေးထားပါတယ်ရှင့်

Price : 18500ks

Shop Here : https://www.vikkaya.com/items/317?key=

03/04/2023

အသစ်တွေပါရှင့် တပုံချင်းစီ ရိုက်ပြထားပါတယ်
အပြင်ပုံပြပြီး ရောင်းပေးတာမို့ လာဝယ်လိူ့မရပါဘူးရှင့်
ရန်ကုန်ကပါ အိမ်ရောက်ငွေချေ deli အပ်ပေးပါတယ်
စုံစမ်းမေးမြန်းပါ သက်သာမှ အားပေးပါရှင့်
Deli လာရင်လည်း ခဏစောင့်ခိုင်းပြီး ပစည်းစစ်ယူလက်ခံပေးပါရှင့်
Kpay နဲ့လည်း ဝယ်လို့ရပါတယ် % မယူပါ

စျေးနှုန်းလေးတွေ တင်ပေးထားပါတယ်ရှင့်

Price : 4500ks

Shop Here : https://www.vikkaya.com/items/309?key=

03/04/2023

အသစ်တွေပါရှင့် တပုံချင်းစီ ရိုက်ပြထားပါတယ်
အပြင်ပုံပြပြီး ရောင်းပေးတာမို့ လာဝယ်လိူ့မရပါဘူးရှင့်
ရန်ကုန်ကပါ အိမ်ရောက်ငွေချေ deli အပ်ပေးပါတယ်
စုံစမ်းမေးမြန်းပါ သက်သာမှ အားပေးပါရှင့်
Deli လာရင်လည်း ခဏစောင့်ခိုင်းပြီး ပစည်းစစ်ယူလက်ခံပေးပါရှင့်
Kpay နဲ့လည်း ဝယ်လို့ရပါတယ် % မယူပါ
စျေးနှုန်းလေးတွေ တင်ပေးထားပါတယ်ရှင့်

Price : 26000ks

shop here : https://www.vikkaya.com/items/310?key=

Photos from Vikkaya's post 01/04/2023

Epson TM-H6000IV
ဘူးပစ္စည်းအစုံ 100% အသစ် (2) လုံးရှိပါတယ်
$500 တန်ကို
MMK 120000 နဲ့ ရောင်းပါမယ်

ဝယ်ယူသူနှင့် တိုက်ရိုက်ဆက်သွယ် ဝယ်ယူနိုင်ရန် ဤလင့်ကို နှိပ်ပါ :

https://www.vikkaya.com/items/302?key=

31/03/2023

ကဲ နှစ်ခါပြန် မရတဲ့ အတန်ဆုံးပစ္စည်းလေးတွေဗျို့
အားသွင်းပန်ကာ(လေအားပြင်း)=7000
သုံးမဲ့လူ တန်သလို တန်တန်လေးသာသုံးပါ
အကုန်အကောင်း+အသန့်+အသစ်တွေပါ
Yangon/သာကေတ ကပါ

Photos from Vikkaya's post 28/03/2023

ပန်ကာလေးက 16" standfan အသစ်လေးပါ
ဖန်ဒလက် ဆိုတော့ ဖွင့်လိုက်တိုင်းအေးမျှတဲ့
လေကိုရရှိပါတယ် မိတ်ဆွေတို့အိမ်မှာအသုံးပြုနေတာကြာပြီ
ဖြစ်တဲ့ပန်ကာ အဟောင်းအပျက်များနှင့်လဲ
အလိုက်ပေးပြီးအသစ်ဖြင့်လဲလှယ်ဝယ်ယူ နိုင်ပါတယ်

ဈေးနှူန်းလေးက 135500 ပါရှင့်

Shop Here : https://www.vikkaya.com/items/296?key=

Photos from Vikkaya's post 28/03/2023

ပုံပါအတိုင်းရောင်းမည်
80000
တာမွေ

Photos from Vikkaya's post 22/03/2023

ရေခဲသေတ္တာ Good Second လေးရောင်းရန်ရှိပါတယ်ရှင့်
2door လေးကိုမှ ဂျပန် 220V လေးပါ
အေးခဲအကုန်းကောင်းပါတယ်
ရောင်းဈေးလေးပ 125000ပါ

နေရာက - လှိုင်သာယာရိုးကြီး

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

မမ မသိအောင် အရက်ခိုးသောက်ပါတယ်ဆိုမှ အရက်မူးလွန်ပြီး အချုပ်ထဲရောက်သွားတဲ့ အဖြစ် ..... မမ ဒေါသသိချင်ရင် ကြည့်လိုက်ပါ ငါးကေ...
🎈Vikkaya မှာ အရောင်းပိုစ့်တင်တဲ့ အခါ အခက်ခဲမရှိအောင် လို့ Video လေးကနေတစ်ဆင့် ပြောပြပေးသွားမှာပါ....🤗🎈ဒီအရောင်းပိုစ့်တင်...
ရောင်းမလား? ဝယ်မလား? Vikkaya မှာ အကုန်ရနေပါပြီ ရှင့် ...... 🥰မူရင်းဈေးထက် အများကြီး သက်သာတဲ့ ဈေးနူန်းရဖို့ဆိုVikkaya မှာ...
Vikkaya Shortcut in IOS
Vikkaya Shortcut in android phone
🎆New Year ပိတ်ရက်တွေမှာ ဘယ်သွားရမလဲ ဖြစ်နေတဲ့ ချစ်တို့ရေ....🎇🗓၃၀ ၊ ၃၁ နှင့် ၁ရက်နေ့တွေမှာ ဗိုလ်တစ်ထောင်ကမ်းနားက ⛱BKK Nig...
Be the reason someone smiles....#vikkaya
vikkaya အဟောင်းဆိုင်
7min Lazy Girl Work Out at HomeWork out လုပ်ဖို့ ပျင်းတဲ့ ကောင်မလေးတွေအတွက် အိမ်မှာပဲ ၇မိနစ်  လေ့ကျင့်ခန်း ( ခုန်တာမပါဘူ...
ဘယ်တော့မှ အေးမှာလဲမသိပေမယ့် မာဖလာစည်းနည်းလေး
လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဆိုတာ ဆံပင်ပုံစံပါ #girlcategory#hairtips
7EASY CLAW CLIP HAIRSTYLES

Telephone

Address


No. 225/227, Olypic Tower, 9th Floor, RM-901, Coner Of Maharbandula Road & Bo Aung Kyaw Rd, Kyauktada Tsp
Yangon
11182

Other Shopping & Retail in Yangon (show all)
Phyu Lay Onlineshop Phyu Lay Onlineshop
Yangon

လက်လီလက်ကား အားပေးနိုင်ပါတယ်

U KYAW GYI U KYAW GYI
23/146 Thandar Street
Yangon, 528638

Bram new. You may like this.

Eaint Collection Eaint Collection
No 469 , Yarzadrit Street, 7 Quarter , South Okkalapa
Yangon

Magic Jelly Magic Jelly
Yangon, HELLO

📱09427849878📱

Phue Phue Phue Phue
Yangon

Online Shop

Yone Online Shop Yone Online Shop
Yangon

ပစ္စည်းမှန် ဈေးနှုန်းမှန်ဖြင့် စိတ?

Double H Electric Accessories Double H Electric Accessories
Yangon, 11071

Box Mod, Mech Mod,Pod System,USA E-Juice, Malay E-Juice,Saltnic,Vape Accessories

Golden Pin Branded Collections Golden Pin Branded Collections
Yangon

100% Authentic

SH Bkk Cosmetic Online Shop SH Bkk Cosmetic Online Shop
AungThapyay Road; Thingangyun
Yangon, 11071;11072

Tgirl Tgirl
Tharkayta
Yangon