Organic Farm

Organic Farm

You may also like

Our Favorite One
Our Favorite One

Organic Farm

17/07/2023

Sifnos island 💙 !

17/07/2023

15 Beautiful Flowering Vines for Garden Gates 10/07/2023

15 Beautiful Flowering Vines for Garden Gates To add color and texture to within limited spaces in your garden gate or trellis, here are the 15 best Beautiful Flowering… Read More

Photos from THU TA ZONE  သုတဇုန်'s post 08/07/2023
08/07/2023

🍲 ထမင်းအစုံသုပ် ချဥ်ငံစပ်လေး သုပ်စားကြမယ်

နေ့တိုင်းလိုလို ဆီပြန်ဟင်းတွေ၊ အသားဟင်းတွေပဲ စားရတာ ရိုးအီနေပြီဆိုရင် အပြောင်းအလဲလေးဖြစ်အောင် ထမင်းသုပ်လေးသုပ်စားကြည့်နော်။

မိုးအေးအေးမှာ ထမင်းသုပ်ချဥ်ငံစပ်လေးနဲ့ ဟင်းခါးပူပူလေးနဲ့ တွဲစားလိုက်ရရင်တော့ အာဂပါးစပ်လူဖြစ်ကျိုးနပ်ရချည်ရဲ့ 😋

ထမင်းသုပ်တာက မခက်ပါဘူးနော်။ ကိုယ့်အိမ်မှာရှိတဲ့ အစာပလာလေး နည်းနည်းထည့်ပြီး အစပ်အဟပ်တည့်အောင် သုပ်စားရုံပါပဲ။

🔹🔸ပါဝင်ပစ္စည်းများ

အာလူး
ပဲသီး
ပဲပင်ပေါက်
ဆီနီ၊ ဆီဝါ
ကြက်သွန်နီဆီချက်
ငါးဖယ် (မိမိကြိုက်နှစ်သက်ရာ အကြော်)
ကြာဇံ သို့မဟုတ် ခေါက်ဆွဲ
ပဲမှုန့်
ပုစွန်ခြောက်မှုန့်
နံနံပင်
မန်ကျည်းမှည့်ချဥ်
ကြက်သားမှုန့်
ပုစွန်ငံပြာရည်
ငရုတ်သီးအကျက်မှုန့်

🍒အရင်ဆုံး အာလူးကိုနူးပြီး ချေလို့ရတဲ့အထိပြုတ်ထားပါမယ်။ ပြီးရင် ကြာဇံ (သို့) ခေါက်ဆွဲကိုပြုတ်ပြီး ရေအေးလောင်းချပြီး အအေးခံထားပါမယ်။ ပြီးရင်တော့ ကြက်သွန်နီဆီချက်ချက်ပြီး ဆီချက်တွေကိုခွဲဖယ်ထားပါ။ ပိုတဲ့ဆီတွေကို ငရုတ်သီးအစိမ်း
မှုန့်ထည့်ပြီး ဆီနီ ထပ်ချက်ပါမယ်။

🍒ငါးဖယ်ကို ဆား၊ အချိုမှုန့်ထည့်ပြီး နာနာလေးပေါက်ထားပါမယ်။ ပြီးရင်တော့ ရေနွေးဆူဆူမှာထည့်ပြုတ်ပါမယ်။ ငါးဖယ်လေးနည်းနည်း မာလာပြီဆိုရင်တော့ ဖယ်ထုတ်ထားလို့ရပါပြီ။ ကျွန်မက ငါးဖယ်ကို အိအိထုပ်ထုပ်လေးစားချင်လို့ မကြော်ဘဲ ပြုတ်ပြီးထည့်တာပါ။ ကြော်တာကြိုက်တဲ့သူက ကြော်ပြီးထည့်လို့ရပါတယ်။

🍒မန်ကျည်းမှည့်ကို ရေနွေးလေးနည်းနည်းထည့်၊ ထန်းလျက်လေးနည်းနည်းထည့်၊ ဆားလေးနည်းနည်းထည့်ပြီး ဖျော်ထားပါမယ်။

🍒ပဲသီးကို စိမ်းစိမ်းကျွပ်ကျွပ်လေးစားရအောင်လို့ ရေနွေးမဖျောဘဲ ရေသေချာဆေးပြီး သေးသေးလေးတွေညှပ်ထည့်ပါတယ်။ ပဲပင်ပေါက်ကိုလည်း ၃ ရေလောက်ဆေးပြီး အမှိုက်တွေဖယ်ပြီး ရေစစ်ထားပါမယ်။

အားလုံးပြီးပြီဆိုရင်တော့ ထမင်းထဲကို ခုနကပြင်ဆင်ထားတဲ့ အစာပလာတွေ လိုသလောက်ထည့်ပြီး သုပ်စားလို့ရပါပြီ။ ဆီတွေအရမ်းမထည့်မိဖို့တော့ သတိထားပါနော်။ ဘာဖြစ်လို့လဲဆိုတော့ ထမင်းသုပ်က ဆီများရင် အီသွားပြီးစားမကောင်းတော့လို့ပါရှင်...

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။

08/07/2023

“ကြက် များကို တရုတ်နံနံကျွေးပေးခြင်းဖြင့် ဥ ဥနှုန်းမြင့်မားလာနိုင်ခြင်း"

ကြက် မွေးမြူသူ အများစုသည် ကြက်ကို တရုတ်နံနံကျွေးနိုင်ကြောင်း သိပ်မသိကြသေးပေ။ တရုတ်နံနံသည် ကောင်းမွန်သော ကြက် မွေးမြူရေး အစာတစ်မျိုးဖြစ်ပြီး ဗီတာမင်ဓါတ် အများအပြားပါဝင်ပါသည်။ ထို့ပြင် တရုတ်နံနံတွင် အမျှင်ဓါတ်ပါဝင်သောကြောင့် ကြက်၏ အစာအိမ် အရည် စိမ့်ထွက်မှုကို ကောင်းမွန်စေကာ အစာချေလွယ်ကူစေပြီး အာဟာရဓါတ် စုပ်ယူမှု ကောင်းမွန်စေသည်။

ထို့ကြောင့် မွေးမြူသူအများအပြားသည် ကြက်များအစာ စားရာတွင် အစာမကြေခြင်း၊ အစာ စားလိုစိတ်မရှိခြင်းများ ဖြစ်ပေါ်ပါက တရုတ်နံနံကို ကျွေးပေးလျက်ရှိကြကာ ကြက်ကို အစာစားလိုစိတ် ဖြစ်ပေါ်စေနိုင်သည်။

သို့သော် မွေးမြူသူများ မသိရှိကြသည်မှာ တရတ်နံနံသင့်လျော်စွာ ကျွေးပေးပါက ဥ ထွက်နှုန်းလည်း မြှင့်တင်ပေးနိုင်ကြောင်းပင် ဖြစ်ပါသည်။

အသုံးပြုပုံမှာ -

(၁) ကြက်ကို သာမန်အာနိသင် ကြက်စာကျွေးနေစဉ်မှာပင် တစ်ပတ်လျှင် (၃ - ၅) ကြိမ် ကြက်ကို တရုတ်နံနံ ကျွေးပေးနိုင်ပါသည်။ တစ်ကြိမ်ကျွေးလျှင် ကြက်တစ်ကောင်၏ စားသုံးမှု ပမာဏမှာ (၄၀ – ၅၀) ဂရမ်ဖြစ်ပြီး အကောင်းဆုံးမှာ တရုတ်နံနံအရွက်နှင့် အကိုင်းကို နုတ်နုတ်စဉ်းကာ ပေါင်းစပ်ရောနှောကျွေးခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကြက်၏ အစာချေနိုင်စွမ်းကို မြှင့်တင်ကောင်းမွန်စေမည်ဖြစ်သည့်အပြင် ကြက်၏ အစာစားလိုစိတ်ကိုလည်း မြှင့်တင်ပေးနိင်မည်ဖြစ်သည်။

(၂) တရုတ်နံနံအရည်ကို သောက်ရည်အဖြစ် တိုက်ကျွေးနိုင်ပါသည်။ သောက်လို့ကောင်းစေရန်အတွက် ရေထဲတွင် Glucose (ဂလူးကိုစ့်) အရည်များ ထည့်ပေးနိုင်ပါသည်။ ဤသို့အားဖြင့် ကြက်ကို ရေသောက်ခြင်းမှ တဆင့် အစာချေခြင်း ကောင်းမွန်စေနိုင်ပြီး မွေးမြူရေးစာအာဟာရ စုပ်ယူမှုကိုလည်း ကောင်းမွန်စေမည့်အပြင် ဥ ထွက်နှုန်းကို ၂၀ % ထိ မြှင့်တင်ပေးနိင်မည်ဖြစ်ကြောင်း သိရပါသည်။

(၃) မလတ်ဆတ်သော (သို့) ပုပ်သိုးသော တရုတ်နံနံများကျွေးခြင်းကို ရှောင်ကြဉ်ရမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တရုတ်နံနံ၏ အကျိုးအာနိသင်မှာ ကြက်၏ အစာချေမှုနှင့် အာဟာရဓါတ်စုပ်ယူမှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်သောကြောင့် လတ်ဆတ်မှု မရှိသော ပုပ်ဆွေးနေသော တရုတ်နံနံကို စားသုံးမိပါက ကြက်၏ အာဟာရဓါတစုပ်ယူမှုနှင့် အစာချေနိုင်စွမ်းကို မမြှင့်တင်နိုင်သည့်အပြင် ကြက်ကို အစာစားလိုစိတ်မရှိစေခြင်း၊ ဝမ်းလျှော၊ အော့အန်ခြင်းများ ဖြစ်စေနိုင်ပါသည်။ ထို့အပြင် ဥ ထွက်နှုန်းမြှင့်တင်မှု မပြုလုပ်နိုင်သည့်အပြင် ကြက်များသေဆုံးခြင်းကိုလည်း ဖြစ်ပေါ်စေကြောင်း သိရပါသည်။

မှီးငြမ်း - ကိုမိုး၏ တိရစ္ဆာန်အစာကျွေးနည်း မှတ်စုများ။
Photo credit

08/07/2023

beautiful terrace😍via|maysarah25_81

Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon

Other Gardeners in Yangon (show all)
Bon Bon Bon Bon
Yangon

baby memory collection

Thant Royal-သန့်တော်ဝင် Thant Royal-သန့်တော်ဝင်
အမှတ်-76 မေတ္တာလမ်း ပျဉ်းမပင်ရပ်ကွက် မင်္ဂလာဒုံမြို့နယ်
Yangon

APin-အပင် APin-အပင်
Yangon

Indoor plant နှင့် လက်မှုမြေအိုးများ ကိုဈေး?

120% -Garden 120% -Garden
Moe Ma Kha Street
Yangon

Bonsai Myint Lwin Bonsai Myint Lwin
ကနောင်မင်းသားကြီးလမ်း
Yangon, 11441

We give services concerning with bonsai trees, Bonsai trees designing, wiring, changing pots. . We also sell bonsai trees

Sweety garden Sweety garden
Yangon

သဘာဝ သစ်ပင် 🌲🌲တောတောင်‌ ရေမြေချစ်မြတ်နိုးသူ🥰

လဂွန်းအိမ် လဂွန်းအိမ်
No. 714, Ywar Thit 2nd Street, Peinnegone Quarter, Insein
Yangon, 11011

ဆန်းသစ် တီထွင် အလှဆင်

Happy Garden Center Happy Garden Center
Yarzardirit, 23 Street, South Okkalapa Township
Yangon, HELLO

ထိုင်းမျိုးသန့်လေးတွေရပါတယ်နော်❤️

Cactus PT Cactus PT
16. 980812049116825, 96. 07510140291973
Yangon, 11411

Cactusများ လက်လီလက်ကား စိုက်ပျိုးရောင်?

Shwe Lar အလှပန်းပင်မျိုးစုံရောင်းဝယ်ရေး Shwe Lar အလှပန်းပင်မျိုးစုံရောင်းဝယ်ရေး
Yangon

အလှစိုက်ပန်းပင်ရောင်းဝယ်ရေး

Grassland - 2 Grassland - 2
Mingalardon Township
Yangon, 11021

Good Quality, Fair Price, Perfect Service

Eco Friendly Phyu Eco Friendly Phyu
North Dagon
Yangon, 45

All about the flowers & trees that I've been gardening & planting.