CureLife International Limited

CureLife International Limited

You may also like

Set It N Motion
Set It N Motion

We at Curelife International Limited do Import, Sales and Marketing of Pharma Drug, Food Supplements and Cosmetics.

Associated with a good distribution channel to make sure the availability of our products in each corner of Myanmar.

21/01/2024

❤️❤️ အသည်းဆိုတာ ပျက်စီးပြီးရင် ပြန်ကောင်းတတ်သလား ?
အဖြေကတော့ ပြန်ကောင်းနိုင်ပါတယ်တဲ့ 😊

အသည်းလေးရဲ့ အံ့အားသင့်ဖွယ်အကောင်းဆုံး စွမ်းရည်တစ်ခုကတော့ ဆဲလ်တွေက ပြန်ပြီးပွားများ ပြုပြင်နိုင်စွမ်းရှိတာပါပဲ 😮

✡️ လူတစ်ယောက်မှာ အသည်း ၃ ပုံ ၁ ပုံ (30%) ပဲ ကျန်ရင်တောင် ပုံမှန်အတိုင်းပြန်ဖြစ်အောင် ပွားများပြီး လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။ အသည်းဟာ ခန္ဓာကိုယ်မှာ တစ်ခုတည်းသော ပြန်လည်ပွားများနိုင်တဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းလည်းဖြစ်ပါတယ်။

✅ စနစ်တကျကုသမှုခံယူပါက အသည်းခြောက်ရောဂါ ၊ အသည်းကင်ဆာရောဂါများမှအပ အသည်းအဆီဖုံး ၊ အသည်းရောင်သည့် အခြေအနေများတွင် ပြန်လည်ကောင်းမွန်နိုင်ပါတယ်။

🫶 𝐋𝐢𝐯𝐜𝐮𝐫𝐞 မှာ
အသည်းအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ Silymarin, Selenium, L- Ornithine , Vitamin B-complex တို့ကို စုံလင်စွာဖြည့်စွက်ပေးထားတာမို့

အသည်းမှာစုပုံနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး၊ အသည်းပျက်စီးခြင်းများမှလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

💪 “ အသည်းလေးအမြဲကျန်းမာဖို့ Livcure နဲ့ ကာကွယ်စို့ “

17/01/2024

🌸 အသက် (၃၀) ကစလို့ အလိုအပ်ဆုံးအရာ 🌸

😮‍💨 အသက်လေးရလာတာနဲ့ ခန္ဓာကိုယ်ကနေ ကော်လာဂျင် (Collagen) ထုတ်လုပ်နိုင်စွမ်း တဖြည်းဖြည်း လျော့ကျလာပါတယ်။ ဒါကြောင့် အသက် (၃၀)လောက်ဆိုရင် အရေးအကြောင်းတွေစပေါ်လာပြီး အရိုးအဆစ်တွေလည်း ဟိုနားကနာ ဒီနားကနာနဲ့ ဖြစ်တော့တာပေါ့ ...

💢 ဒီထက်ပို အသက်တွေကြီးလာလေ ပိုပြီးဆိုးလာလေပါပဲ

ဒါပေမယ့် စိတ်မပူပါနဲ့ …

🤗 အခုအချိန်ကစပြီး ကြိုးစားမယ်ဆိုရင် အရွယ်တင်နုပျိုကျန်းမာနိုင်ပါတယ်ရှင် ။

ဘယ်လိုကြိုးစားရမလဲ ?

💁‍♀️ 𝐁𝐎𝐍𝐋𝐈𝐅𝐄 𝐔𝐂-𝐈𝐈 ကို တစ်နေ့ (၁)လုံး ပုံမှန်မှီဝဲပေးရုံပါပဲ။

ဘာတွေကောင်းလို့လဲ ?

💊 𝐁𝐎𝐍𝐋𝐈𝐅𝐄 𝐔𝐂-𝐈𝐈 မှာပါဝင်တဲ့ Type 2 collagen ကြောင့် -

✅ အသားအရေလေး Glow ဖြစ်ပြီး တင်းရင်းနုပျိုလာမယ်

✅ လက်သည်း ၊ ခြေသည်းလေးတွေ လှပလာမယ်

✅ အရိုးအဆစ်များကို ကြံ့ခိုင်သန်စွမ်းစေနိုင်တဲ့အပြင်

✅ အူလမ်းကြောင်းကိုလည်း ကျန်းမာစေပါတယ်။

Wow!! Type 2 collagen ရဲ့ အစွမ်းတွေက တကယ့်ကို အံ့မခန်းပဲနော်!

🛒 မြန်မာနိုင်ငံ FDA အသိအမှတ်ပြု 𝐁𝐎𝐍𝐋𝐈𝐅𝐄 𝐔𝐂-𝐈𝐈 ကို Lifeplus ဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်

Online မှမှာယူလိုပါက…

📲 Page Messenger - m.me/CureLifeInternational
☎️ ဖုန်း - 09 78 32 730 28

UC-II &Joint

14/01/2024

ကိုယ်ဝန်လနုသေးတဲ့ မေမေတို့အတွက် 🌷

🤰 ကိုယ်ဝန် ပထမ (၃)လပတ်အတွင်း ဘာတွေခံစားရနိုင်လဲဆိုတာကို မသိသေးရင် ဖတ်ကြည့်သင့်ပါတယ်နော်…

ကိုယ်ဝန်ရှိခါစမှာ ရုတ်တရက်ပြောင်းလဲသွားတဲ့ hormone level နဲ့ ဇီဝဖြစ်စဉ်တွေကြောင့် -

😥 စိတ်ဂနာမငြိမ် စိတ်ခံစားလွယ်တာ

😥 ပင်ပန်းနွမ်းနယ်ပြီး အားမရှိသလိုဖြစ်တာ

😥 မကြာခဏ ဆီးသွားချင်တာ

😥 ဝမ်းချုပ်တာ

😥 အစာမကြေ ၊ ရင်ပူဗိုက်အောင့်တာ

😥 ရင်သားတင်းရင်းကိုက်ခဲတာ

😥 ပျို့ချင်အန်ချင်ဖြစ်တာ

😥 ပိန်သွားတာ ၊ ဝလာတာတွေ ဖြစ်တတ်ပါတယ်။

💁‍♀️ ဒါပေမဲ့ ကိုယ်ဝန်လရင့်လာတာနဲ့အမျှ ဒီလက္ခဏာတွေက သက်သာသွားတတ်ပါတယ်။ အရမ်းဆိုးလာရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုကိုခံယူသင့်ပါတယ်ရှင်…

💊 မိခင်ရော ရင်သွေးလေးပါ ကျန်းမာလန်းဆန်း ခွန်အားပြည့်ဝစေမယ့် Omega-3, Folic acid , Vitamins နဲ့ သတ္တုဓာတ်များစွာ ပါဝင်တဲ့ 𝑷𝑹𝑬𝑮𝑵𝑨 𝑪𝑼𝑹𝑬 ကို နေ့စဉ်တစ်နေ့ (၁)လုံး သောက်သုံးပြီး အကောင်းဆုံး ကျော်ဖြတ်ကြစို့နော် 💕💕

💬 မေမေတို့ ကိုယ်ဝန်ဆောင်တုန်းမှာ ဘယ်လိုခံစားခဲ့ရလဲဆိုတာလေးတွေကို Comment မှာ မျှဝေပေးခဲ့ကြပါဦးနော်…

𝑷𝑹𝑬𝑮𝑵𝑨 𝑪𝑼𝑹𝑬 ကို မှာယူလိုပါက 👇

📲 Page Messenger - m.me/CureLifeInternational
☎️ ဖုန်း - 09 78 32 730 28

🛒 Lifeplus ဆေးဆိုင်တွေမှာလည်း ဝယ်ယူလို့ရနေပြီနော် 📣

#ကိုယ်ဝန်ဆောင်စဉ်ကျန်းမာဖို့

11/01/2024

🎁 ကောင်မလေးကို New Year Gift အတွက် ဘာပေးရမှန်းမသိလို့ ခေါင်းစားနေလား 🤭

နှစ်သစ်မှာ တန်ဖိုးထားရတဲ့ လေဒီလေးကို အလှဆုံး၊ အပျော်ရွှင်ဆုံးဖြစ်စေချင်ရင် 𝐄𝐏𝐎-𝐂𝐔𝐑𝐄 ကိုသာ ဝယ်ပေးလိုက်တော့ 😉

Gamma linolenic acid (Omega-6) 500mg ပါဝင်တဲ့ 𝐄𝐏𝐎-𝐂𝐔𝐑𝐄 ကို တစ်နေ့တစ်တောင့် သောက်သုံးပေးရုံနဲ့

💫 ဝက်ခြံနဲ့ အမည်းစက်တွေ လျော့ပါးလာမယ်

💫 ဝက်ခြံကြောင့် နီရဲယောင်ယမ်းမှုတွေ ပျောက်ကင်းမယ် ၊ ထပ်မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်တယ်

💫 အသားအရေ အစိုဓာတ်ကို ထိန်းပေးတယ်

💫 မျက်နှာလေးကို သဘာဝအတိုင်း Glow စေတယ်

💫 အရေးအကြောင်းကင်းပြီး နူးညံ့ချောမွေ့တဲ့ မျက်နှာလေးကို ပိုင်ဆိုင်စေတယ်

💫 ဟော်မုန်းတွေကို ထိန်းညှိပေးလို့ ဆံပင်ကျွတ်တာကို သက်သာစေတယ်

💫 ရေဓာတ်ဖြည့်တင်းပေးတဲ့အတွက် ဆံကေသာကို နက်မှောင်တောက်ပစေတယ်

💃 ကိုယ့်ရဲ့ မဟေသီလေးတွေ လာမယ့်နှစ်သစ်မှာ နေ့ရက်တိုင်းကို ကျန်းမာပျော်ရွှင်စွာဖြတ်သန်းပြီး ပြစ်မျိုးမှဲ့မထင် လှနိုင်ဖို့…

𝑬𝑷𝑶-𝑪𝑼𝑹𝑬 ကို ❤️ ချစ်သက်လက်ဆောင် ❤️ အဖြစ် ရွေးချယ်လိုက်ပါ

အချစ်တွေ တပုံတပင်ကြီး ပြန်ရမှာ သေချာတယ်နော် 🤗
‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‎ ‎‏‏‎ ‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎
𝐎𝐑𝐃𝐄𝐑 𝐍𝐎𝐖!
📲 Page Messenger - m.me/CureLifeInternational
☎️ ဖုန်း - 09 78 32 730 28

31/12/2023

" 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟒 " 🎉🎉🎉

၂၀၂၄ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အောင်မြင်မှုအသစ်တွေ ဆတက်ထမ်းပိုး ပိုင်ဆိုင်နိုင်ကြပါစေ....

ကံကောင်းခြင်းတွေနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေလို့

𝐂𝐮𝐫𝐞𝐥𝐢𝐟𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐓𝐃 မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🥳🎉❤️

30/12/2023

🍾 နှစ်သစ်ကူးမှာ အသည်းကောင်းဖို့ အရေးကြီးတယ်နော် ❗️

ဒီဇင်ဘာ ဆောင်းရောက်ပြီမို့ Christmas နဲ့ New Year ပွဲတော်တွေ ဆက်တိုက်လာပြီပေါ့... ☃️

တစ်နှစ်မှာ တစ်ခါပဲ ကြုံရမယ့် Special days တွေကို

👩‍❤️‍👨 ချစ်သူခင်သူတွေနဲ့ အတူသောက်ရင်း ပျော်မြူးနိုင်ဖို့

အသည်းကောင်းမှ ဖြစ်မယ်နော် ❤️

⚠️ အရက်ဟာ အသည်းကို အနည်းနဲ့အများ ထိခိုက်ပျက်စီးစေတတ်ပါတယ်။

ဒါပေမဲ့ မပူပါနဲ့…

💊 𝐋𝐢𝐯𝐜𝐮𝐫𝐞 ကို တစ်နေ့တစ်လုံး ပုံမှန်သောက်မှန်သောက်ရုံနဲ့ Livcure မှာပါဝင်တဲ့ Silymarin, Selenium, Vitamin B1, B2, B6 နဲ့ L-Ornithine တို့ဟာအဆိပ်အတောက်များကို ဖယ်ရှားပေးတဲ့အပြင် အသည်းရောင် ၊ အသည်းခြောက်ခြင်းကိုလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

𝐋𝐢𝐯𝐜𝐮𝐫𝐞 ကို သောက်ထားရင် နောက်တစ်နေ့မှာ Hangover ခံစားရဖို့ဆိုဝေး.... စိတ်လက်ပေါ့ပါးပြီး ကြည်လင်လန်းဆန်းနေမှာပါ။

ဒါကြောင့်….

“ ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူးကို Livcure နဲ့ အတူ ဖြတ်သန်းကြပါစို့ “

🛒 𝐋𝐢𝐯𝐜𝐮𝐫𝐞 ကို Lifeplus ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါပြီ။

𝐎𝐑𝐃𝐄𝐑 𝐍𝐎𝐖!
💌 Chatbox - m.me/CureLifeInternational
📞 Hotline - 09 783 273 028‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎
‎‏‏‎

30/12/2023

နာကျင်မှုတွေကို နှစ်ဟောင်းမှာ
ထားခဲ့လိုက်ပါ…..

“ ဒူးနာခါးနာတာ တဖြည်းဖြည်းဆိုးလာတယ် “

“ ဘာပဲလုပ်လုပ် မသက်သာဘူး “

😓 ဒီလို အမြဲ ညည်းတွားနေရတဲ့သူတွေအတွက် 𝑱𝑶𝑰𝑵𝑻𝑪𝑼𝑹𝑬 ရှိပါတယ်နော်

အသက်ကြီးလာတာနဲ့အမျှ အရိုးအဆစ်တွေ ချို့ယွင်းလာပြီး…

💢 အထိုင်၊ အထတွေမှာ မနည်းထရတာ

💢 အဆစ်အမြစ်တွေတောင့်တင်းပြီး ကွေး/ဆန့်ရခက်တာ

💢 အဆစ်အမြစ်ယောင်ယမ်းခြင်း

💢 ကျီးပေါင်းအတက်များကြောင့် နာကျင်ကိုက်ခဲခြင်း စတဲ့လက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

✅ 𝑱𝑶𝑰𝑵𝑻𝑪𝑼𝑹𝑬 မှာ ပါဝင်တဲ့ Chondroitin ဟာ အရိုးနုလေးတွေကို ဖွဲ့စည်းတည်ဆောက်ပေးပြီး Hyaluronate ကလည်း အဆစ်တွေကြားက ချောဆီကိုများစေတာကြောင့် လှုပ်ရှားမှုမှန်သမျှကို လွယ်ကူစွာလုပ်ဆောင်နိုင်မှာပါ။

✅ Vitamin C ကတော့ antioxidant ဖြစ်တာမို့ အရိုးအဆစ်ပျက်စီးမှုကို ထိထိရောက်ရောက် ကာကွယ်နိုင်ပြီး Type 1 Collagen လည်း ပါဝင်တာကြောင့် ယောင်ယမ်းမှုတွေကို လျော့နည်းစေတဲ့အပြင် ယောင်ယမ်းမှုတွေကို လျော့နည်းစေနိုင်ပါတယ်ရှင့်

𝐉𝐎𝐈𝐍𝐓𝐂𝐔𝐑𝐄 နဲ့ဆို နှစ်သစ်မှာ နာကျင်မှုများ ကင်းဝေးပြီပေါ့

25/12/2023

🎅🎄 ဒီဇင်ဘာဆောင်းနဲ့အတူ ခရစ္စမက်အချိန်အခါသမယမှာ
လူသားအားလုံး ကျန်းမာပျော်ရွှင်၍ အေးချမ်းသောကြည်နူးစရာ အခိုက်အတန့်လေးတွေ ပိုင်ဆိုင်နိုင်ပါစေလို့

𝐂𝐮𝐫𝐞𝐥𝐢𝐟𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐓𝐃 မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

❄️☃️🎶 𝑴𝒆𝒓𝒓𝒚 𝑪𝒉𝒓𝒊𝒔𝒕𝒎𝒂𝒔 𝒕𝒐 𝒚𝒐𝒖 𝒂𝒍𝒍 ❄️☃️ 🎁

22/12/2023

💜 အသည်းလေးကို သန့်စင်ဖို့ မမေ့နဲ့နော် 💜

⚠️ နေ့စဥ်ထိတွေ့နေရတဲ့ ပတ်ဝန်းကျင်ကအဆိပ်အတောက်တွေ ၊ တာရှည်ခံဆေးတွေ၊ ဆေးဝါးအချို့နဲ့ အရက်ဘီယာတွေကို ချေဖျက်စွန့်ထုတ်ပေးဖို့ အဓိကတာဝန်ယူပေးနေရတာက အသည်းပါပဲ။

အဆိပ်အတောက်တွေကို အမြဲချေဖျက်ပေးနေရတဲ့ အသည်းကို မသန့်စင်ပေးရင် ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်လာနိုင်ပါတယ်။

အထူးသဖြင့် အမိုးနီးယားဓာတ် (ammonia) ကို မချေဖျက်နိုင်တော့ပဲ ယူရီးယား (urea) အဖြစ် ပြောင်းလဲမှုကြောင့် uremic encephalopathy ဖြစ်ပြီး ဦးနှောက်ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အသည်းကို Detoxifcation ပြုလုပ်ပေးဖို့ အရမ်း အရေးကြီးပါတယ်။

အသည်းကျန်းမာအောင် Detoxification ဘယ်လိုလုပ်ရမလဲ ?

✅ ရေများများသောက်ပေးပါ။

✅ ချွေးထွက်စေမယ့် ကိုယ်လက်လှုပ်ရှားမှုများကို မှန်မှန် လုပ်ပါ။

✅ နေ့စဥ် ဟင်းသီးဟင်းရွက်များ စားသုံးပေးပါ။

✅ အသည်းအားဆေးကို တစ်နေ့တစ်လုံး ပုံမှန်သောက်သုံးပါ။

ဒါဆိုရင် ကျန်းမာအားပြည့်တဲ့ အသည်းလေးတစ်စုံ ပိုင်ဆိုင်နိုင်ပြီပေါ့

𝐎𝐑𝐃𝐄𝐑 𝐍𝐎𝐖!
📲 Page Messenger - m.me/CureLifeInternational
☎️ 09 783 273 028

20/12/2023

“ ညညအိပ်မပျော်ဘူးဖြစ်နေရင် “

အိပ်မပျော်တာမျိုး ကြုံဖူးကြတယ်မဟုတ်လား... အသက်ကြီးလာလို့ စိတ်ဖိစီးမှု စိုးရိမ်ပူပန်မှုတွေ များလို့ ပတ်ဝန်းကျင်ကြောင့် စသဖြင့် ကောင်းကောင်းမအိပ်နိုင်ကြပါဘူး ။ ဒီအိပ်မပျော်တဲ့ပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်းလေးတွေကို သိချင်ရင်တော့ ဖတ်ကြည့်ရအောင်နော် 😊

⏰ အိပ်ချိန်ကို ပုံမှန်ထားပါ။

- လူတစ်ယောက်အတွက် အိပ်ချိန် ၇-၈ နာရီပဲလိုပါတယ်။ ဒီထက်ပိုအိပ်ရင် နောက်နေ့အိပ်မရတာမျိုး ဖြစ်တတ်ပါတယ်။ နောက်ပြီး ကိုယ်အိပ်မယ့်အချိန်ကို သတ်သတ်မှတ်မှတ် ထားသင့်ပါတယ်။ ဥပမာ- ည (၁၀)နာရီအိပ်မယ်ဆိုရင် နေ့တိုင်း ည (၁၀)နာရီမှာ အိပ်ရာဝင်နိုင်အောင် ကြိုးစားပါ။ အိပ်ရာဝင်ချိန် ၊ အိပ်ရာထချိန်ကို အချိန်မှန်အောင် အလေ့အကျင့်မွေးမြူပါ။ နေ့ခင်းဘက် အိပ်ရင်လည်း တစ်နာရီထက် ပိုပြီး မအိပ်သင့်ပါဘူး။

❗️ အစားအသောက် ဆင်ခြင်ပါ။

- အစားမစားပဲ အိပ်တာ ၊ ပြည့်အင့်နေအောင်စားပြီး အိပ်တာမျိုးတွေ မလုပ်ပါနဲ့။ မအိပ်ခင် အရက် သောက်မိရင် ရေငတ်တာ ၊ မကြာခဏဆီးသွားတာတွေဖြစ်လို့ ကောင်းကောင်းအိပ်လို့ရမှာ မဟုတ် ပါဘူး။ နေ့လည် ညနေပိုင်းတွေမှာ ကော်ဖီ ၊ လက်ဖက်ရည် သောက်တတ်တဲ့အကျင့်ရှိရင်လည်း ဖျောက်ဖို့ လိုပါတယ်။

🏋️ Exercise လုပ်ပေးပါ။

- ဘယ်လို Exercise ပဲ ဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ရှိမှ ခန္ဓာကိုယ်က စွမ်းအင် လိုအပ်မှုကြောင့် ပိုပြီးအိပ်ပျော်ပါတယ်။ Endorphin ဟော်မုန်းကိုလည်း ထွက်စေနိုင်တာမို့ စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပြီး Quality sleep ကို ရစေပါတယ်။ ဒါကြောင့် နေ့စဥ်အနည်းဆုံး နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးသင့်ပါတယ်။

📵 အိပ်ရာမဝင်ခင် Phone, TV မကြည့်ပါနဲ့။

- Phone, TV တွေကထွက်တဲ့ Blue light တွေက အိပ်ချင်စိတ်ကိုဖြစ်စေတဲ့ အိပ်ချိန်စည်းချက်မှန်စေတဲ့ Melatonin hormone ကို အနှောင့်အယှက်ပေးပါတယ်။ ဒါကြောင့် အိပ်မပျော်တဲ့အခါ စာအုပ်ဖတ် ၊ တရားထိုင် ၊ သီချင်းအေးအေးလေးတွေ နားထောင်တာမျိုး ပြုလုပ်ပါ။

🐟 Omega-3 ကို နေ့စဥ် မှီဝဲပေးပါ။

- Omega-3 fatty acid ဖြစ်တဲ့ DHA ပမာဏနည်းနေရင် အိပ်ပျော်ဖို့ ခဲယဥ်းနိုင်ပါတယ်။ အဲဒါကြောင့် DHA ပါဝင်တဲ့ ဖြည့်စွက်အားဆေးများကို ပုံမှန်သောက်သုံးပေးနိုင်ရင် အကောင်းဆုံးပါပဲ။

❝ 𝐎-𝟑𝟔𝟗 ❞ တွင် Omega-3, Omega-6 , Omega-9 fatty acid , Green Tea Extract , Grape Seed Extract , Gingko Biloba , Olive Oil, Piperine Extract အစရှိသည့် အာဟာရများကို စုံလင်စွာဖြည့်စွက်ပေးထား တဲ့အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်စေမှာပါ 💊

မြန်မာနိုင်ငံ FDA အသိအမှတ်ပြု ဖြည့်စွက်အားဆေး 𝐎-𝟑𝟔𝟗 ကို Lifeplus ဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါပြီ ။
‎‏‏‎ ‎‏‏‎
𝐎𝐑𝐃𝐄𝐑 𝐍𝐎𝐖!
📲 Page Messenger - m.me/CureLifeInternational
☎️ 09 783 273 028

-369

15/12/2023

🤔 ကော်လာဂျင်ဆိုတာ အလှအပအတွက်ပဲလား ??

ကော်လာဂျင် (Collagen) ဟာ အရွယ်တင်နုပျိုစေနိုင်တယ်ဆိုတာကို သိကြမယ်ထင်တယ်နော်...

ကော်လာဂျင်ကြောင့် လှပနုနယ်လာမယ့်အပြင် ကြံ့ခိုင်သန်စွမ်းမှုကိုလည်း ပိုင်ဆိုင်နိုင်မှာပါ ။

ခန္ဓာကိုယ်ရဲ့ အရိုး ၊ အရိုးနု ၊ အဆစ်အမြစ် ၊ ကြွက်သားတွေကို ကော်လာဂျင် (Type I collagen) နဲ့ ဖွဲ့စည်းထားလို့…

✅ အရိုးအဆစ်တွေ လှုပ်ရှားမှုလွယ်ကူအောင် ကူညီပေးတဲ့အပြင် ကြွက်သားကိုလည်း တိုးပွားသန်မာစေပါတယ်။

✅ အရိုးများကြံ့ခိုင်ဖို့ မရှိမဖြစ် Calcium, Phosphorus သတ္တုဓာတ် ဆုံးရှုံးမှုကို တားဆီးပေးနိုင်တာကြောင့် အရိုးပွရောဂါ (Osteoporosis) ကို ကာကွယ်ပေးတယ်။

✅ အဆစ်အမြစ်တောင့်တင်းခြင်း ၊ ရောင်ရမ်းခြင်းတို့ကိုလည်း သက်သာစေလို့ အရိုးအဆစ်ရောင် Osteoarthritis ရောဂါကို ကောင်းမွန်စေတယ်။

✅ ကြွက်သားကိုတည်ဆောက်ပေးတဲ့ ပရိုတင်းကိုလည်း ဖြည့်ဆည်းပေးနိုင်တဲ့အတွက် ကြွက်သားတွေကို သန်မာစေပါတယ်။

𝐉𝐎𝐈𝐍𝐓𝐂𝐔𝐑𝐄 မှာ….

💊 Chondroitin, Collagen Peptides Type I တို့အပြင် Sodium hyaluronate နဲ့ Vitamin C တို့ ပါဝင်လို့ အရိုးနဲ့ ကြွက်သား အဆစ်အမြစ်များကို ကျန်းမာကြံ့ခိုင်စေပြီး ဒူးနာခါးနာ ဝေဒနာများကို အမြန်ဆုံး သက်သာပျောက်ကင်းစေနိုင်ပါတယ်။

“ 𝐉𝐎𝐈𝐍𝐓𝐂𝐔𝐑𝐄 သာရှိရင် နာကျင်မှု ကင်းဝေးဇုန်လေးတွေ ဖန်တီးနိုင်ပြီပေါ့ “

💌 Page Messenger - m.me/CureLifeInternational
📲 ဖုန်း - 09 78 32 730 28

12/12/2023

🤩 အားလုံးစောင့်မျှော်နေတဲ့ 𝐂𝐮𝐫𝐞𝐥𝐢𝐟𝐞 ရဲ့
𝟏𝟐.𝟏𝟐 𝐘𝐞𝐚𝐫 𝐄𝐧𝐝 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ကြီး စတင်ပါပြီ ☃️

🎅 အခုလို နှစ်သစ်ကိုကူးပြောင်းတော့မယ့် December လလေးမှာ အတန်ဆုံး 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 တွေနဲ့ အားဆေးဝယ်ဖို့ အချိန်ကောင်းပဲနော်။ ⛄

❄️ အခုဆို 𝐂𝐮𝐫𝐞𝐥𝐢𝐟𝐞 မှာ
𝐔𝐩𝐭𝐨 𝟏𝟐% အထိ 𝑫𝒊𝒔𝒄𝒐𝒖𝒏𝒕 တွေရမယ့်
𝟏𝟐.𝟏𝟐 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ကြီးပေးနေပါပြီ 🥳

❄️❄️❄️❄️❄️❄️

ကြိုက်နှစ်သက်ရာ 𝐂𝐮𝐫𝐞𝐥𝐢𝐟𝐞 အားဆေးလေးတွေကို

⚜️ 30,000 ကျပ်ဖိုးအောက် မှာယူအားပေးတဲ့ ကာကာတို့အတွက် 🎁 𝟓% 𝐎𝐅𝐅 လျော့ဈေး ရရှိမှာဖြစ်ပြီး

⚜️ 30,000 ကျပ်ဖိုးနှင့်အထက် မှာယူအားပေးတဲ့ ကာကာတို့အတွက် 🎁 𝟏𝟐% 𝐎𝐅𝐅 လျော့ဈေး ရရှိသွားမှာဖြစ်ပါတယ်။

⏳ Promotion ကာလ - 12 DEC to 23 DEC

🥳 12 ရက်ထဲမို့ အတန်တကာ့ အတန်ဆုံး 𝟏𝟐.𝟏𝟐 𝐘𝐞𝐚𝐫 𝐄𝐧𝐝 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ကို ရယူဖို့ အခုပဲ မှာယူအားဖြည့်လိုက်တော့နော်။ 🛒

𝐎𝐑𝐃𝐄𝐑 𝐍𝐎𝐖!
📲 Page Messenger - m.me/CureLifeInternational
☎️ ဖုန်း - 09 78 32 730 28

27/11/2023

𝑭𝒖𝒍𝒍𝒎𝒐𝒐𝒏 𝑫𝒂𝒚 𝒐𝒇 𝑫𝒂𝒛𝒂𝒖𝒏𝒈𝒅𝒂𝒊𝒏𝒈 🌕

တန်ဆောင်မုန်းလပြည့်နေ့
သာမညဖလ အခါတော်နေ့ ဆုမွန်ကောင်း 🌕🙏

ယနေ့ကျရောက်သော မြန်မာလူမျိုးတို့၏
မြတ်နိုးတန်ဖိုးထားရာ နေ့ထူးနေ့မြတ်ဖြစ်သော
ဆီမီးမြိုင်မြိုင်လတန်ဆောင်တိုင်ပွဲ
တန်ဆောင်မုန်းလပြည့်နေ့
အခါသမယလေးမှာ

ချစ်ရတဲ့ မိဘပြည်သူများအားလုံး
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပြီး လိုအင်ဆန္ဒများပြည့်စုံကြပါစေ

မိမိကြုံနေရသောအခက်အခဲကို
ကိုယ်စီအောင်မြင်စွာကျော်ဖြတ်နိုင်ပြီး
ကျန်းမာချမ်းသာစွာ နဲ့ ကောင်းမွန်သောနေ့ရက်များစွာကို
ဖြတ်သန်းပိုင်ဆိုင်နိုင်ကြပါစေလို့

𝐂𝐮𝐫𝐞𝐥𝐢𝐟𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐓𝐃 မိသားစုဝင်များမှ
ဆုမွန်ကောင်းတောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ် 🙏☺️

26/11/2023

💕 အသည်းကို ဂရုစိုက်ဖို့မေ့နေတဲ့ အချစ်ရဆုံးသူတွေရှိရင် ကျွန်မတို့က ဂရုစိုက်စောင့်ရှောက်ပေးဖို့ လိုပါတယ်။

🙏 လူကြီးမိဘ ဆရာသမားများကို ဂါရဝပြုဖို့ပဲဖြစ်ဖြစ် ၊ မိသားစုအတွက်ပဲ ဖြစ်ဖြစ် ချစ်ခြင်းမေတ္တာကို ပြသဖို့အတွက်ဆိုရင် “ ကျန်းမာခြင်းလက်ဆောင်မွန် 𝐋𝐢𝐯𝐜𝐮𝐫𝐞 “ ကို သာ သတိရလိုက်ပါရှင့်… 💖

💫 အကောင်းဆုံးအရည်အသွေး၊ စံချိန်စံညွှန်းများနဲ့အညီထုတ်လုပ်ထားတဲ့ 𝐋𝐢𝐯𝐜𝐮𝐫𝐞 မှာ

အသည်းအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ Silymarin , Selenium, L- Ornithine , Vitamin B-complex တို့ကို စုံလင်စွာဖြည့်စွက်ပေးထားတာမို့

အသည်းမှာစုပုံနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဓာတ်တိုးပျက်စီးခြင်းမှလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

တန်ဆောင်တိုင်မှာ 𝐋𝐢𝐯𝐜𝐮𝐫𝐞 နဲ့ ဂါရဝ မေတ္တာတရားတို့ကို ဖော်ကျူးကြမယ်နော် 🙏🙏🙏

🛒 𝐋𝐢𝐯𝐜𝐮𝐫𝐞 ကို Lifeplus ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါပြီ။

𝐎𝐑𝐃𝐄𝐑 𝐍𝐎𝐖!

📲 Chatbox - m.me/CureLifeInternational
☎️ Hotline - 09 783 273 028‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎
‎‏‏‎

23/11/2023

🙆‍♀️ အမျိုးသမီးတိုင်းအတွက် တစ်သက်တာအဖော်မွန် 🙆‍♀️

အမျိုးသမီးတွေအတွက် အမြဲလိုအပ်နေမယ့်အရာတစ်ခုကို ပြောပါဆိုရင်...
အဲဒါကတော့ 𝐄𝐏𝐎-𝐂𝐔𝐑𝐄 ပါပဲ

💜💜💜💜💜💜💜💜💜

ကျွန်မတို့လို မိန်းမသားတွေမှာ အရွယ်မရွေး ရာသီစက်ဝန်းနဲ့ ပတ်သက်ပြီး ဝေဒနာအမျိုးမျိုးကို ခံစားရနိုင်ပါတယ် 😓

🔺 ဓမ္မတာမလာခင် ပင်ပန်းနွမ်းနယ်ခြင်း ၊ ရင်သားတင်းရင်းကိုက်ခဲခြင်း ၊ ဆီးစပ်နှင့် ခါးကိုက်ခဲခြင်း ၊ လေပွလေနာခြင်း ၊ အသားအရေ မွဲခြောက်ခြင်း ၊ ဝက်ခြံထွက်ခြင်း စတာတွေနဲ့

🔺 သွေးဆုံးခါနီး ၊ သွေးဆုံးပြီးတဲ့အမျိုးသမီးများကတော့ Oestrogen မ-ဟော်မုန်းနည်းပါးမှုကြောင့် အဆစ် အမြစ် နာကျင်ကိုက်ခဲတာ ၊ အရေပြား/ မိန်းမကိုယ်ယားယံခြောက်သွေ့တာ ၊ အရင်ကထက် ဆံပင်ပါးပြီး ကျွတ်လာတာ၊ မီးယပ်ချမ်းထတာ ၊ ရင်သားတင်းရင်းတာ ၊ စိုးရိမ်စိတ်များ ၊ စိတ်ဆတ်တာမျိုးတွေ ဖြစ်နိုင်ပါ တယ်။

💕 ဒီလိုပြဿနာတွေကို ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေအတွက် 𝐄𝐏𝐎-𝐂𝐔𝐑𝐄 ရှိတယ် နော်

💊 𝐄𝐏𝐎-𝐂𝐔𝐑𝐄 မှာ သဘာဝအလျောက် Gamma linolenic acid/ Omega-6 fatty acid လို့ခေါ်တဲ့ မပြည့်ဝဆီ ပါဝင်ပြီး

🌼 ရောင်ရမ်းနာကျင်မှုများကို သက်သာပျောက်ကင်းစေတယ်

🌼 ဟော်မုန်းတွေကို ထိန်းညှိပေးနိုင်တယ်

🌼 ကင်ဆာရောဂါများကိုပါ ကာကွယ်ပေးနိုင်တဲ့ အကြောင်းကို သုတေသနမှတ်တမ်းများမှာ ဖော်ပြထားပါတယ်ရှင်…

✅ 𝐄𝐏𝐎-𝐂𝐔𝐑𝐄 ကို India နိုင်ငံတွင် ခေတ်မီနည်းပညာများဖြင့် စနစ်တကျထုတ်လုပ်ထားပြီး မြန်မာနိုင်ငံမှ FDA အသိအမှတ်ပြုထောက်ခံချက် ရရှိထားတဲ့အတွက် ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ်ရှင့် ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎

❝ ဘယ်အချိန် ၊ ဘယ်နေရာရောက်ရောက် တောက်ပပျော်ရွှင်စေမှာ 𝐄𝐏𝐎-𝐂𝐔𝐑𝐄 ပါ ❞

📲 Page Messenger - m.me/CureLifeInternational
☎️ ဖုန်း - 09 78 32 730 28
‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎‏‏‎ ‎

21/11/2023

😍 လက်မလည်အောင် အော်ဒါတွေတက်လို့ ကျေးဇူးပါ ကာကာကြီးတို့ရေ....

💢 အပြင်ဆိုင်တွေမှာ ဆေးတွေဝယ်ရအခက်အခဲရှိနေပေမယ့်
𝐂𝐮𝐫𝐞𝐥𝐢𝐟𝐞 ကတော့ Page ကနေ ဆက်လက်ရောင်းချပေးနေပါတယ်နော် ✅

🎯 𝟏𝟏.𝟏𝟏 Promotion ရဲ့ နောက်ဆုံးနေ့လည်းဖြစ်တာကြောင့်
🔰 11% Discount နဲ့ လိုအပ်တဲ့ အားဆေးတွေကို တစ်နေရာထဲမှာ

"အလှမပျက် ချွေးမထွက်ပဲ" ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ 😍

🤩 လက်နှေးမနေပဲ Promotion လျော့စျေးတွေနဲ့ ဒီနေ့ အမှီ လာဝယ်လိုက်တော့နော်.... 🥳

📲Page Messenger - m.me/CureLifeInternational
☎️ ဖုန်း - 09 78 32 730 28

18/11/2023

Omega-3, 6, 9 တို့ဟာ ဆီးချိုရောဂါကို သက်သာစေနိုင်တယ်ဆိုတာကို သိပါသလား❓
‎‏‏‎ ‎‏‏‎ ‎
================== ‎

✳️ International Diabetes Federation ၏ ၂၀၂၁ ခုနှစ် မှတ်တမ်းအရ ကမ္ဘာ့လူဦးရေ (၅၃၇) သန်းခန့် ဆီးချိုရောဂါ ခံစားနေရကြောင်းကို ဖော်ပြထားပါတယ်။ ထိုထက်ပိုပြီး များပြားလာနိုင်ခြေရှိတယ် လို့လည်း ဆိုပါတယ်။ လူ (၁၀)ယောက်မှာ (၁)ယောက်နှုန်း ဆီးချို ရောဂါဖြစ်ပွားနေတာကြောင့် အလွန်အဖြစ်များတဲ့ရောဂါ ဖြစ်ပါတယ်။

⚡️ ဆီးချိုကြောင့် ဆီးချိုကျခြင်း ၊ ဆီးချိုတက်ခြင်း ၊ နှလုံးရောဂါ ၊ ကျောက်ကပ်ရောဂါ ၊ အာရုံကြောနှင့် မျက်စိရောဂါ စသည့် နောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်လာနိုင်တဲ့အတွက် ဒီပြဿနာတွေ မဖြစ်လာအောင် ကြိုတင်ဂရုစိုက်ဖို့ အရေးကြီးပါတယ်။

Omega-3, 6, 9 fatty acid လို့ခေါ်တဲ့ အိုမီဂါအဆီဓာတ်တွေက

✅ မကောင်းတဲ့အဆီဖြစ်တဲ့ LDL, Triglyceride များကို လျှော့ချပေးပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းပေး နိုင်တာကြောင့် သွေးတွင်းအဆီဓာတ်များတဲ့ရောဂါ ၊ နှလုံးရောဂါတို့ကို ကာကွယ်ပေးပါတယ်။

✅ ခန္ဓာကိုယ်မှ အင်ဆူလင်ဟော်မုန်းကို တုံ့ပြန်မှုကောင်းမွန်စေတာကြောင့် သွေးတွင်းသကြားဓာတ် မတက်အောင် ထိန်းချုပ်ပေးနိုင်ပါတယ်။

✅ အာရုံကြောပျက်စီးခြင်းကိုလည်း ကာကွယ်ပေးပြီး အာရုံကြောအားနည်းလို့ဖြစ်တဲ့ ထုံနာကျဥ်နာ ဝေဒနာတွေကို သက်သာပျောက်ကင်းစေတဲ့အပြင် မှတ်ဉာဏ်ကိုလည်း တိုးတက်စေပါတယ်။

✅ ကိုယ်အလေးချိန်ကို ကောင်းစွာ ထိန်ပေးနိုင်လို့ ဆီးချိုကြောင့် အဝလွန်ပြီး နောက်ဆက်တွဲရောဂါများ မဖြစ်အောင် ထိထိရောက်ရောက် တားဆီးနိုင်ပါတယ်။

✅ Gamma Linolenic acid (GLA) နဲ့ ဖွဲ့စည်းထားတဲ့ Omega-6 ဟာ ရောင်ရမ်းမှုများကို သက်သာစေနိုင်ပါတယ်။

✅ Omega-3 မှာ ပါဝင်တဲ့ DHA က မျက်ကြည်လွှာကို အားကောင်းစေပါတယ်။

✅ ဆီးချိုသမားများဟာ ကိုယ်ခံအားကျကာ အသက်ရှူလမ်းကြောင်း ၊ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါပိုး တွေ ဝင်လွယ်ပါတယ်။ Omega-3, Omega-6 ဟာ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ခွန်အားပြည့်ဝအောင် ကူညီပေးနိုင်စွမ်း ရှိပါတယ်။

🐟 Omega – 3,6,9 ကို အဆီများတဲ့ ဆာဒင်းငါး ၊ ဆယ်လ်မွန်ငါးတွေနဲ့ Almond, Walnut, Soybean စတဲ့ အစေ့အဆံတွေကနေလည်း ရရှိနိုင်ပါတယ်။ သို့သော် ဆီးချိုသမားများအနေနဲ့ ဒီအာဟာရဓာတ်တွေကို သာမန်လူတွေထက် ပိုပြီး လိုအပ်နိုင်ပါတယ်။ ဒါကြောင့် Omega-3,6,9 fatty acids တွေပါဝင်ပြီး ကျန်းမာရေးအတွက် စိတ်ချယုံကြည်ရမယ့် အားဖြည့်ဆေးဝါးများကို မဖြစ်မနေ မှီဝဲပေးသင့်ပါတယ်။

𝐎-𝟑𝟔𝟗 မှာဆိုရင် Omega-3, Omega 6, Omega-9 တို့ အပြည့်အဝပါဝင်ရုံသာမက Gingko Biloba, Green Tea နဲ့ Grape seed extract များနဲ့အတူ ပေါင်းစပ်ထုတ်လုပ်ထားတာကြောင့် ဆီးချိုရောဂါရှိသူများအတွက် အစွမ်းထက်လှတဲ့ အားဖြည့်ဆေးတစ်လက်ပါပဲရှင့် ❤️

“ 𝐎-𝟑𝟔𝟗 နဲ့ ကျန်းမာလှပတဲ့ နေ့ရက်တွေကို အတူဖန်တီးကြစို့နော် ”

📲Page Messenger - m.me/CureLifeInternational
☎️ ဖုန်း - 09 78 32 730 28

-369

14/11/2023

𝐖𝐨𝐫𝐥𝐝 𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐃𝐚𝐲 (14th November)

နိုဝင်ဘာ 14 ရက်နေ့ဟာ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ရေးနေ့လေးဖြစ်ပါတယ်။

ကမ္ဘာ့ပေါ်မှာ ဆီးချိုသွေးချို အဖြစ်များမှု များပြားလာခြင်း၊ သေဆုံးမှုများပြားလာခြင်းနဲ့
ဒုက္ခိတဖြစ်မှုများ ဖြစ်လာရခြင်း တို့‌ကြောင့်

တစ်ကမ္ဘာလုံး နှင့်ဆိုင်သော ကမ္ဘာပေါ်ရှိ လူသားများအားလုံး ဆီးချိုသွေး‌ချိုခံစားလာမှုကို သတိထား၊ သတိမူမိစေရန်

ဒီနေ့လေးကို ကမ္ဘာ့ဆီးချိုသွေးချို ကာကွယ်ရေး‌နေ့လေးအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

‌ဒီနေ့ နိုဝင်ဘာ14 ရက်နေ့ ကမ္ဘာ့ဆီးချိုသွေးချိုကာကွယ်ရေးနေ့လေးမှအစ

လူသားအားလုံး ဆီးချိုသွေးချိုအန္တရာယ်မှကင်းဝေး ကျန်းမာကြပါစေလို့ 𝐂𝐮𝐫𝐞𝐥𝐢𝐟𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐓𝐃 မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။🙏


YOUR RISK, KNOW YOUR RESPONSE

12/11/2023

𝑯𝒂𝒑𝒑𝒚 𝑫𝒊𝒘𝒂𝒍𝒊 🪔

ဒီဝါလီနေ့မှစ လူသားအားလုံး
ကျန်းမာပျော်ရွှင်ခြင်း၊ ချမ်းသာခြင်း နဲ့ပြည့်စုံကြပါစေလို့ 𝐂𝐮𝐫𝐞𝐥𝐢𝐟𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐓𝐃 မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။🙏

11/11/2023

‼️ 𝐂𝐮𝐫𝐞𝐥𝐢𝐟𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 ရဲ့ 𝟏𝟏.𝟏𝟏 𝐒𝐚𝐥𝐞 ‼️

💥တစ်နှစ်ပတ်လုံးမှာ တစ်ခါပဲရမယ့်

စျေးဝယ်ဖို့အကောင်းဆုံးအချိန်ဖြစ်တဲ့ 𝟏𝟏.𝟏𝟏 𝐒𝐡𝐨𝐩𝐩𝐢𝐧𝐠 𝐃𝐚𝐲 𝐒𝐚𝐥𝐞 မှာ

𝐂𝐮𝐫𝐞𝐥𝐢𝐟𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 ရဲ့ Supplement များကို 𝟏𝟏% 𝐎𝐟𝐟 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 နဲ့ ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။💥

🌟 11.11.2023 မှ 21.11.2023 အထိ
၁၁ ရက်တာပဲ 𝟭𝟭.𝟭𝟭 𝗦𝗮𝗹𝗲 အစီအစဉ်ကို ခံစားနိုင်မှာဖြစ်လို့

သင့်ရဲ့ကျန်းမာရေးအတွက် အားဖြည့်ဓာတ်စာဝယ်ဖို့ စဉ်းစားနေရင်တော့ ဒီအချိန်က ဝယ်ထားဖို့ အသင့်ဆုံးပဲနော်။ 🤩

Photos from 𝑮𝑹𝑶𝑾 𝑼𝑷's post 06/11/2023

💁🏻 𝐏𝐚𝐫𝐚𝐦𝐢 အထွေထွေရောဂါကုဆေးရုံကနေ ကြီးမှူးကျင်းပပြီး

𝐂𝐮𝐫𝐞𝐥𝐢𝐟𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐓𝐃 မှ Main Sponsor အဖြစ် ပါဝင်အားဖြည့်ထားတဲ့

"Children's Education, Mental Health,
Brain Development & Learning Difficulties"
Talk Show ပွဲလေးမှ

📸 အမှတ်တရ ပုံရိပ်လေးများ 🥰

29/10/2023

🪔𝑭𝒖𝒍𝒍𝒎𝒐𝒐𝒏 𝑫𝒂𝒚 𝒐𝒇 𝑻𝒉𝒊𝒅𝒊𝒏𝒈𝒚𝒖𝒕 🪔

မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယလေးမှာ

ချစ်ခင်ရတဲ့ မိသားစုတွေနဲ့အတူ
ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ အားလပ်ရက်လေးတွေ ပိုင်ဆိုင်ကြပါလို့

𝐂𝐮𝐫𝐞𝐥𝐢𝐟𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐓𝐃 မိသားစုက ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။ 🙏

28/10/2023

လူကြီးမိဘများအတွက်
အရေးအကြီးဆုံးအရာတစ်ခု ✨🎁

အသက်အရွယ်ရလာတာနဲ့အမျှ ကျန်းမာရေးချို့တဲ့လာနိုင်တဲ့ လူကြီးမိဘများကို ကျန်းမာသန်စွမ်းအောင် ကူညီပေးနိုင်တဲ့ သက်စောင့်အာဟာရဓာတ်တွေကတော့ Omega-3,6,9 ပါပဲ…

ခန္ဓာကိုယ်ရဲ့ အရေးကြီးအင်္ဂါအစိတ်အပိုင်းတွေအတွက် မရှိမဖြစ် အာဟာရဓာတ်တွေဖြစ်တဲ့ Omega-3,6,9 ဟာ မပြည့်ဝဆီ (unsaturated fat) ဖြစ်ပါတယ်။ ငါးကြီးဆီလို့လည်း လူသိများကြပါတယ်။

အိုမီဂါဓာတ်တွေက ဘာကြောင့်အရေးကြီးလဲ ?

✅ နာတာရှည်ရောဂါတွေကို ကာကွယ်ပေးတယ်

- နှလုံးသွေးကြောကျဥ်း ၊ အသည်းအဆီဖုံး ၊ သွေးတိုးရောဂါ ၊ လေဖြတ်လေငန်းရောဂါ စတဲ့နာတာရှည် ရောဂါတွေက Triglyceride , LDL တို့လို မကောင်းတဲ့အဆီတွေများပြီး ကောင်းတဲ့အဆီ HDL နည်းနေတာ ကြောင့်ပါ။ Omega-3 ဟာ HDL ကို ပြန်လည်မြင့်တက်စေပြီး Triglyceride နဲ့ LDL ကို လျော့ကျစေပါတယ်။ ဒါ့အပြင် နှလုံးသွေးလည်ပတ်မှုကိုလည်း အားကောင်းစေတဲ့အတွက် ခန္ဓာကိုယ်ရဲ့ ဇီဝလုပ်ငန်းဆောင်တာ တွေကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။

✅ ဒူးနာခါးနာ ဝေဒနာတွေကို သက်သာပျောက်ကင်းစေတယ်

- Omega-3 နဲ့ Omega-6 နှစ်မျိုးလုံးမှာ ရောင်ရမ်းမှုများကို ကင်းဝေးစေနိုင်တဲ့အတွက် အဆစ်အမြစ်တောင့်တင်း နာကျင်တာတွေကို အံ့သြစရာကောင်းလောက်အောင် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

✅ မှတ်ဉာဏ်အားကောင်းစေတယ်

- သုတေသနပညာရှင်များက Omega 3,6,9 တို့မှာ မှတ်ဉာဏ်မချို့ယွင်းအောင် ကာကွယ်ပေးနိုင်ပြီး ဦးနှောက်ကောင်းစွာ အလုပ်လုပ်နိုင်အောင် ကူညီပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိကြောင်းကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့်လည်း အသက်ကြီးလာရင် ဖြစ်တတ်တဲ့ Dementia, အယ်လ်ဇိုင်းမား (Alzheimer’s disease) ဖြစ်ပွားမှုနှုန်းကို လျော့နည်းစေနိုင်ပါတယ်။

ဒီထက်ပိုတဲ့အကျိုးကျေးဇူးတွေ အများကြီးကျန်ပါသေးတယ်နော် 😊

🙏 မကြာခင် ကျရောက်တော့မယ့် သီတင်းကျွတ်ချိန်ခါသမယမှာ

လူကြီးမိဘ ဘိုးဘွား၊ ဆရာသမားများအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာနှင့် ဂါရဝတရားတို့ကို အကောင်းဆုံး ကိုယ်စားပြုနိုင်မယ့် ကျန်းမာရေးလက်ဆောင်လေးကို ရှာဖွေနေတယ်ဆိုရင်တော့ …

Omega 3,6,9 (၃) မျိုးပေါင်းစပ်ထားတဲ့ “ 𝐎-𝟑𝟔𝟗 “ က အဖိုးအတန်ဆုံးလက်ဆောင်လေးတစ်ခုဖြစ်မှာပါရှင့် 💫

“ ချစ်ခြင်းမေတ္တာများရဲ့ သင်္ကေတ 𝐎-𝟑𝟔𝟗 “

📣 အမြို့မြို့အနယ်နယ်ရှိ 🏥ဆေးဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပါပြီ။

💌 Page Messenger
m.me/CureLifeInternational

📲 ဖုန်းနံပါတ် - 09 78 32 730 28 ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်

27/10/2023

သီတင်းကျွတ်မှာ ကန်တော့ဖို့ရာ
𝐎𝐱𝐲𝐬𝐮𝐢𝐭-𝟒𝐆 သာ ရွေးချယ်ပါ 🙏🏻🪔

သီတင်းကျွတ်ရုံးပိတ်ရက်‌လေး ရောက်ပြီဆိုတော့
ကိုယ့်ရဲ့ ဇာတိမြို့လေးတွေ အသီးသီးကို ပြန်ကြမယ်။

လူကြီး မိဘနဲ့ ဘိုးဘွားဆွေမျိုးတွေ လိုက်ကန်တော့ဖို့
ဂါရဝလက်ဆောင် ဝယ်ဖို့စဉ်းစားတဲ့အခါ

အကောင်းဆုံးကတော့ ကျန်းမာခြင်း လက်ဆောင်
𝐎𝐱𝐲𝐬𝐮𝐢𝐭-𝟒𝐆 ပါပဲ။

🪔🪔🪔🪔🪔🪔🪔

🟢 𝐎𝐱𝐲𝐬𝐮𝐢𝐭-𝟒𝐆 သက်စောင့်အားဆေးမှာ

ဗီတာမင်နဲ့ သတ္ထုဓာတ်များစွာပါဝင်တဲ့အပြင်
သဘာဝ ဓာတ်စာတွေ ဖြစ်တဲ့ Green Tea, Gingko Biloba, Ginseng, Grape Seed Extract နဲ့ Anti Oxidant များစွာ ပါဝင်လို့

🔹 ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည်ပြည့်ဝစေခြင်း၊
🔹 ကိုယ်ခံစွမ်းအားမြင့်မားစေခြင်း
🔹 လန်းဆန်းတက်ကြွစေခြင်း
🔹 သွေးတွင်း Cholesterol ထိန်းညှိ‌ပေးခြင်း
🔹 သက်ကြီးရွယ်အို မိဘများမှာ ဖြစ်ပေါ်တက်တဲ့
ခြေလက်ထုံကျင်ကိုက်ခဲခြင်းများကိုလည်း သက်သာစေတဲ့အပြင်
🔸 ရုတ်တရက်လေဖြတ်ခြင်းတွေကိုလည်း ကာကွယ်ပေးပါတယ်။

🪔🪔🪔🪔🪔🪔🪔

သီတင်းကျွတ် ပရိုမိုးရှင်း 𝟏𝟎% 𝐎𝐅𝐅 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭
လည်း ရှိတာကြောင့်

ကန်တော့ဂါရဝလက်ဆောင်ဝယ်တော့မယ်ဆို
𝐎𝐱𝐲𝐬𝐮𝐢𝐭-𝟒𝐆 ကို သတိရလိုက်ပါ။

ယခင်ဈေး - ၄၅,၅၀၀ ကျပ် ❌
ယခု - ၄၁,၀၀၀ ကျပ် ✅ သာ

𝐎𝐑𝐃𝐄𝐑 𝐍𝐎𝐖!
Page Messenger m.me/CureLifeInternational
ဖုန်းနံပါတ် - 09 78 32 730 28

Photos from CureLife International Limited's post 21/10/2023

🔰 ကမ္ဘာ့အရိုးပွရောဂါနေ့
𝐖𝐨𝐫𝐥𝐝 𝐎𝐬𝐭𝐞𝐨𝐩𝐨𝐫𝐨𝐬𝐢𝐬 𝐃𝐚𝐲 𝟐𝟎𝟐𝟑

အောက်တိုဘာလ ၂၀ ရက်နေ့တွင်ကျရောက်သော
ကမ္ဘာ့အရိုးပွရောဂါနေ့ အထိမ်းအမှတ်အဖြစ်

Dr.Bone အရိုးအကြောအဆစ် အထူးကု‌ဆေးခန်း၌
ပြုလုပ်ခဲ့‌သော Curelife Co.,LTD ၏
Campaign ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ 😊

ပိုမိုကျန်းမာသော အရိုးများကို ပိုင်ဆိုင်ဖို့
Curelife International LTD မှ တင်သွင်းဖြန့်ချီသော

🔹 Jointcure 🔹 BONLIFE UC II 🔹 CalcivitaD
တို့ကို မှာယူသောက်သုံး အားဖြည့်နိုင်ပါပြီ 🥰

𝐓𝐡𝐢𝐝𝐢𝐧𝐠𝐮𝐲𝐭 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧
𝟏𝟎% 𝐎𝐅𝐅 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 လည်းရှိပါတယ်နော်…..

𝐎𝐑𝐃𝐄𝐑 𝐍𝐎𝐖!
📲 Page Messenger m.me/CureLifeInternational
☎️ ဖုန်းနံပါတ် - 09 78 32 730 28

19/10/2023

✨ 𝐂𝐮𝐫𝐞𝐥𝐢𝐟𝐞 𝐓𝐡𝐢𝐝𝐢𝐧𝐠𝐮𝐲𝐭 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ✨
🤩 (𝟏𝟎% 𝐎𝐅𝐅 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭)

ကျန်းမာလှပခြင်းကို တန်ဖိုးထားသူတို့ရေ.....
𝐂𝐮𝐫𝐞𝐥𝐢𝐟𝐞 ကနေ 𝐓𝐡𝐢𝐝𝐢𝐧𝐠𝐮𝐲𝐭 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 လေးတွေ ပေးနေပြီနော်။

ဒီနေ့ကနေ October လကုန်အထိ
Curelife ရဲ့ မည်သည့်အားဆေးကို ဝယ်ဝယ်
𝟏𝟎% 𝐎𝐅𝐅 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ရရှိမှာပဲ ဖြစ်ပါတယ်။ 😍

📌 𝗣𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻 𝗣𝗲𝗿𝗶𝗼𝗱
𝟭𝟵.𝟭𝟬.𝟮𝟬𝟮𝟯 𝘁𝗼 𝟯𝟭.𝟭𝟬.𝟮𝟬𝟮𝟯

🚚 𝑭𝑹𝑬𝑬 𝑫𝒆𝒍𝒊𝒗𝒆𝒓𝒚 ✨

𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 လေးက လကုန်ထိပဲမို့ စောစော မှာထားမှ စိတ်ချရမယ်နော်။

ပျော်ရွှင်စရာသီတင်းကျွတ်အချိန်အခါလေး ဖြစ်ပါစေ ✨🪔

𝐎𝐑𝐃𝐄𝐑 𝐍𝐎𝐖!
📲 Page Messenger m.me/CureLifeInternational
☎️ ဖုန်းနံပါတ် - 09 78 32 730 28

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

💚 𝐎-𝟑𝟔𝟗 ရှိနေမှတော့ဦးနှောက်‌လေးက ကြည်လင် လန်းဆန်းပြီးမှတ်ဉာဏ်စွမ်းရည်တွေ တိုးတက်လာမှာ အမှန်ပဲပေါ့ 😊လအဟောင်းကုန်လို့ လအသစ...
𝐁𝐎𝐍𝐋𝐈𝐅𝐄 𝐔𝐂-𝐈𝐈 💗
“ကျန်းမာ လှပ နေ့စဉ်ဘ၀ 𝐎-𝟑𝟔𝟗 နဲ့ မှ”
𝐏𝐫𝐞𝐠𝐧𝐚 𝐂𝐮𝐫𝐞
𝐋𝐢𝐯𝐜𝐮𝐫𝐞
🔰 ပျိုမေတို့ရဲ့ အားထားရာ 𝑬𝑷𝑶-𝑪𝑼𝑹𝑬
🔰 ပျိုမေတို့ရဲ့ အားထားရာ 𝑬𝑷𝑶-𝑪𝑼𝑹𝑬
𝐂𝐎𝐃𝐕𝐈𝐓𝐀 Syrup
𝐁𝐨𝐧𝐥𝐢𝐟𝐞 𝐔𝐂.𝐈𝐈 Collagen
✅ Take 𝐋𝐢𝐯𝐜𝐮𝐫𝐞 a dose daily to enhance your liver health in new year,2023.

Address

1505 Chanthar Condo
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 05:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Other Pharmaceutical Companies in Yangon (show all)
Cobra King Essential Spray Cobra King Essential Spray
Rangoon Street
Yangon, 11181

Cobra King Essential Spray Usa Direct

Golden Arms Distribution Company Limited Golden Arms Distribution Company Limited
No. 128, Hantharwaddy 21st Street , 6th Quarter , South Okkalapa Township
Yangon, 11201

SKY VIT CZ SKY VIT CZ
No 1239, Room 3A, 6th Ward, Waizayandar Road, South Okalapa Township
Yangon

လန်းဆန်းတတ်ကြွမှုအပြည့်ဖြင့် စိတ်သ

Healthcare Mandalar Pharma & Lab Healthcare Mandalar Pharma & Lab
No. 449(A)4, Moe Ma Kha Street, Bo Cho 2nd Quarter, Bahan Township
Yangon, 11201

Glorious Light Glorious Light
55th Street
Yangon, 11161

Welcome to the official page of Glorious Light (a member of the GL Group of Companies).

SAYS Company Ltd. SAYS Company Ltd.
Yangon, 11211

S.A.Y.S Co., Ltd is dealing pharmaceutical products importing, marketing, promotion and distribution company based in Myanmar to do marketing and distribution of quality pharmaceut...

BIO BONE BIO BONE
No. 83, 8Floor(Panthouse), 122 Street, Near Mingalar Market
Yangon, 11221

ဒူးနာ၊ခါးနာ၊အရိုးအကြောကျီးပေါင်းအပြင် လိုအပ်တဲ့ခြင်ဆီဓာတ်ဖြည့်ပေးတဲ့ ဖြည့်စွက်အားဆေး

Ferrocare Ferrocare
No. 19, Ma Kyee Kyee Street
Yangon, 11111

Iron & Folic Acid Complex

ခိုင်သစ္စာ တိုင်းရင်းဆေး - Khine Thitsar ခိုင်သစ္စာ တိုင်းရင်းဆေး - Khine Thitsar
26 Street
Yangon

နှစ်ပေါင်း(၃၀)ကျောက်သက်တမ်းရှိ မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်း

MOE ZET Pharmacy MOE ZET Pharmacy
No. 008, Shwe Late Pyar Housing, Lower Kyeemyindaing Road, Kyeemyindaing Township
Yangon

MOE ZET Pharmacy

Imperial Phoenix Company limited Imperial Phoenix Company limited
179, 181 47th Street
Yangon

We are importing and distributing medical devices and pharmacautical products.