TAW Clinic

Please contact if you want any medical advice.

24/12/2023

မနက်ဖြန် တနင်္လာနေ့(Christmas နေ့)
ဆေးခန်း မပိတ်ပါ
ပံုမှန်အချိန်အတိုင်းဖွင့်ပါတယ်🙂

29/11/2023

အလွယ်တကူဝယ်စားလို့ရပြီးကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေတဲ့အသီး(သဘာဝ၊ဆေးမတို့တဲ့အသီး)

#ဝမ်းတစ်လုံးကောင်းခေါင်းမခဲ
ဝမ်းမချုပ်ဖို့တစ်နေ့ကိုအမျှင်ဓါတ်(၃၀)ဂရမ်လိုပါတယ်။ရေ၂-၃လီတာလိုပါတယ်။
ငှက်ပျောသီးတစ်လုံးမှာအမျှင်ဓါတ်၃.၅ဂရမ်ပါပါတယ်။
Prof-Thein Myint-GI
28-11-2023

Photos from Gastroenterology Department's post 29/11/2023

ဝမ်းတစ်လုံးကောင်းရင်ခေါင်းမခဲ🙂

23/11/2023

လပြည့်နေ့(တနင်္လာနေ့)ဆေးခန်းမပိတ်ပါ

ပံုမှန်အချိန်အတိုင်းဖွင့်ပါတယ်

လေးထောင့်ကန်-မနက်၁၀နာရီမှနေ့လည် ၁-နာရီ

သင်ဃန်းကျွန်း-ညနေ၄နာရီမှ ၇နာရီခွဲထိ

15/10/2023

ကလေးနဲ့ကြက်ဥမကျက်တကျက်

"ကလေးနဲ့ကြက်ဥမကျက်တကျက်"
ကြက်ဥမှာ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဗီတာမင်
နဲ့သတ္တုဓာတ်မျိုးစုံပါဝင်တာကြောင့် လူတိုင်းရဲ့အစာမီနူးထဲ
မှာ မပါမဖြစ်ပဲဖြစ်ပါတယ်။ကြက်ဥတစ်လုံးမှာ အသားဓာတ်/Vitamin A/Folate/Vitamin B5/B2/B12/phosphorus /Selenium တို့အပြင် Vitamin D/E/K/Calcium နဲ့ Zinc ဓာတ် အနည်းငယ်စီပါဝင်ပါသေးတယ်။
ကြက်ဥကို ပြုတ်တာ/ကြော်တာ/ဘေဘီလေးတွေအတွက် ပန်ကိတ်/ပူတင်း စသဖြင့် ပုံစံမျိုးစုံ ချက်ပြုတ်လို့ရပါတယ်။တချို့ကလည်း half-boiledလို့ခေါ်တဲ့ မကျက်
တကျက်ပြုတ်ပြီးစားရတာကို ကြိုက်ကြပါတယ်။တချို့
မေမေတွေက ကလေးအာဟာရပိုရအောင်ဆိုပြီး ကြက်ဥကို
ပြုတ်ကျွေးကြပါတယ်။ကြက်ဥကို ဘယ်လိုပဲချက်ချက်
အာဟာရတန်ဖိုးအတူတူပဲဖြစ်ပါတယ်။
ကလေးတွေကို မကျက်တကျက်ပြုတ်ထားတဲ့
ကြက်ဥကျွေးမယ်ဆိုရင် ပိုးမသေသေးတာကြောင့် Salmonella လို့ခေါ်တဲ့ ဝမ်းကိုက်ပိုးတစ်မျိုး ခံစားနိုင်ပြီး
ဝမ်းပျက်ဝမ်းလျှောဖြစ်လာနိုင်ပါတယ်။ဒါကြောင့် အမေရိကန်နိုင်ငံရဲ့ USDA Food Nutrition Srvice က မကျက်တ
ကျက်ပြုတ်ထားတဲ့ ကြက်ဥကို
(၁)ငါးနှစ်အောက် ကလေးငယ်များ
(၂)သက်ကြီးရွယ်အိုဖိုးဖိုးဖွားဖွားများ
(၃)ဖျားနာနေသူများ
(၄)ကိုယ်ဝန်ဆောင် မိခင်တွေ မစားသင့်ဘူးလို့ အကြံပြုထားကြပါတယ်။
ဒါကြောင့် မေမေတွေအနေနဲ့ ကြက်ဥကို ဘေဘီလေး
တွေအတွက် ချက်ပြုတ်မယ်ဆိုရင် ဘက်တီးရီးယားပိုးသေ
တဲ့အထိကျက်အောင် ချက်ပြုတ်သင့်ပါတယ်။ကလေးတွေ
ကို ကြက်ဥတစ်ရက်တစ်လုံး နေ့တိုင်းကျွေးလို့ရသလို
အများဆုံး နှစ်လုံးအထိ ကျွေးနိုင်ပါတယ်ရှင်။
(Ref:https/www.thekitchen.com)
ညနေမိုး(ကလေး)
-Kalay

14/10/2023

Parkinson’s disease

ပါကင်ဆန်ရောဂါနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ

➡️ ပါကင်ဆန်ရောဂါဆိုတာ အာရုံကြောရောဂါတစ်မျိုးပါ။ အသက်ကြီးတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။ ဖြည်းဖြည်း ဖြည်းဖြည်းချင်း ပိုဆိုးလာတဲ့ သက်ကြီးအာရုံကြောရောဂါလို့ ပြောလို့ရပါတယ်။

➡️ ပါကင်ဆန်ဖြစ်ရတဲ့ အကြောင်းအရင်းကလည်း တိတိကျကျ မရှိပါဘူး။ မျိုးဗီဇလို ရှုပ်ထွေးတဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ်နေပါတယ်။ အသက်ကြီးတဲ့သူ ဘယ်သူမဆိုမှာ ဖြစ်နိုင်ခြေ ရှိတယ်လို့ ယူဆထားရမှာပါ။ အသက် ၆၀ကျော်လာရင် ပါကင်ဆန်ရောဂါ ဖြစ်နိုင်ခြေ ရှိတယ်ဆိုတာ သိထားဖို့ လိုပါတယ်။

➡️ လက္ခဏာအနေနဲ့ကတော့ တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ကွာခြားပါတယ်။ လက္ခဏာကလည်း အဆင့်ဆင့် ရှိပါတယ်။ ရောဂါသဘာဝအရ ကြာလာလေလေ လက္ခဏာတွေ ဆိုးလာလေလေပါ။

စစချင်းမှာဆိုရင် လက္ခဏာတွေက မသိသာတဲ့အတွက် ပါကင်ဆန်ဖြစ်မှန်း သတိထားမိမှာတောင် မဟုတ်ပါဘူး။ နောက်ပြီးဖြစ်စမှာ ခန္ဓာကိုယ်တစ်ခြမ်းမှာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ လက္ခဏာတွေ ပိုသိသာလာသလို တစ်ဖက်ကနေ နှစ်ဖက်ဖြစ်လာပြီး စဖြစ်တဲ့ဘက်က ပိုဆိုးတာကို ‌တွေ့ရပါတယ်။

အတွေ့ရများတဲ့ လက္ခဏာတွေကတော့

- လက်တုန်တတ်ပါတယ်။ ဘာမှမလုပ်တဲ့အချိန်မှာတောင် တုန်ပါတယ်။ လက်မနဲ့ လက်ညှိုး ပွတ်နေတာကြောင့် ရုတ်တရက်ကြည့်လိုက်ရင် ပုတီးစိပ်တာနဲ့တောင် ဆင်တူပါတယ်။

- သွားတာ လာတာ နှေးလာပါတယ်။ အထိုင်အထလည်း နှေး၊ လမ်းလျှောက်ရင်လည်း တုံ့နှေးတုံ့နှေး ဖြစ်တတ်ပါတယ်။ မတ်တပ်ရပ်နေရာကနေ လမ်းလျှောက်ဖို့၊ တစ်ဖက်ကနေ တစ်ဖက်ကို လှည့်ဖို့ အချိန်ယူလာရပါတယ်။ လမ်းလျှောက်ရင် လျှပ်တိုက်လျှောက်တတ်ပါတယ်။

- ကြွက်သားတွေ တောင့်တင်းနာကျင်ပြီး လှုပ်ရှားရခက်လာပါတယ်။

- ဟန်ချက်ထိန်းဖို့ ခက်လာပါတယ်။ ဒါကြောင့် လမ်းလျှောက်ရင် ကုန်းကုန်း တောင့်တောင့်လေး ဖြစ်နေတတ်ပါတယ်။

- သတိနဲ့ ထိန်းစရာမလိုတဲ့ အလုပ်တွေကို လုပ်နိုင်စွမ်းကျလာပါတယ်။ ဥပမာ မျက်တောင်ခတ်တာဆိုရင် သတိနဲ့ ခတ်နေစရာမှမလိုတာ။ အလိုလိုဖြစ်နေတာပဲ။ ဒီလို မျက်တောင်ခတ်တာ၊ လမ်းလျှောက်ရင် လက်လွှဲတာတွေကို လုပ်နိုင်ရည် ကျလာတာကြောင့် လမ်းလျှောက်ရင် တောင့်တောင့်ကြီး ဖြစ်နေတတ်ပါတယ်။

- မျက်နှာက အပြုံးအရယ်မရှိ၊ ခံစားချက်မရှိတဲ့ပုံ ဖြစ်နေပါတယ်။

- စကားပြောရင်လည်း ခပ်ဖြည်းဖြည်း လေးလေးနဲ့ မပီမသ ပြောလာပါတယ်။

- စာရေးရင်လည်း လက်ရေးက သေးသေးလာပါတယ်။

- သွားရည်ကျတာ၊ အစားအသောက်မျိုချရခက်တာတွေလည်း ဖြစ်လာပါတယ်။

- ဒါတွေအပြင် စိတ်ဓာတ်ကျတာ၊ အိပ်စက်ခြင်းနဲ့ဆိုင်တဲ့ ပြဿနာတွေ ဖြစ်တာ၊ အာရုံစူးစိုက်ရခက်တာ စတာတွေလည်း ဖြစ်လာပါတယ်။

➡️ ဒီလက္ခဏာတွေက စစချင်းမှာ သိပ်မသိသာဘဲ နောက်ပိုင်းမှာ ပိုပိုဆိုးလာနိုင်ပါတယ်။ ဒီထဲက လက္ခဏာတော်တော်များများ ရှိနေရင် ဆရာဝန်နဲ့ ပြသစစ်ဆေးပြီး ကုသမှုခံယူသင့်ပါတယ်။

➡️ လက်ရှိအချိန်ထိတော့ ပါကင်ဆန်ရောဂါကို အပြီးပျောက်အောင် ကုသလို့ မရသေးပါဘူး။ ဒါပေမဲ့ ဆေးဝါးတွေ၊ ကုထုံးတွေကို သုံးပြီး လက္ခဏာတွေ သက်သာအောင်၊ တခြားသူအပေါ် မှီခိုရတာ နည်းအောင်၊ နေ့စဉ်ဘဝမှာ နေထိုင်သွားလာရအဆင်ပြေအောင်တော့ လုပ်ပေးလို့ ရပါတယ်။

➡️ ဒါ့အပြင် အာဟာရရှိတာတွေ စားသောက်မယ်၊ တတ်နိုင်သမျှ လှုပ်ရှားမှုလေးတွေ လုပ်မယ်၊ ချော်မလဲအောင် ဂရုစိုက်မယ်ဆိုရင် ရောဂါအတွက် အထောက်အကူ ဖြစ်မှာ ဖြစ်ပါတယ်။

➡️ ပါကင်ဆန်လူနာတွေက မိသားစုရဲ့ ကူညီဖေးမမှုလည်း လိုအပ်ပါတယ်။ ဝေဒနာခံစားနေရတာ၊ ခံရခက်တာ ဖြစ်တဲ့အတွက် အတူနေမိသားစုက ပစ်မထားဘဲ ဖေးဖေးမမနဲ့ ကူညီပေးမယ်ဆိုရင် နေရထိုင်ရတာ ပိုအဆင်ပြေမှာ ဖြစ်ပါတယ်။

Dr Htet Htet Zaw Win



#ကျန်းမာရေး #ပါကင်ဆန်ရောဂါ

02/10/2023

အောက်တိုဘာလ ၂၄ရက်(အင်္ဂါနေ့)မှ ၃၀ရက်နေ့(တနင်္လာနေ့)အထိဆေးခန်းပိတ်ပါမယ်
တီဘီဆေး ထုတ်မဲ့သူများ ၊ဆေးယူချင်သူများ ကြိုယူလို့ရပါတယ်

29/09/2023

October နောက်ဆံုးပတ်(သို့)November လဆန်းပိုင်းမှာဆေးခန်းပိတ်ရက်တွေရှိပါတယ်
ပိတ်ရက်အတိအကျတော့မပြောနိုင်သေးလို့ ဆေးယူနေကျလူနာများဆေးကြိုယူလို့ရအောင်ပါ

12/09/2023

လေးထောင့်ကန် ဆေးခန်းအတွက်ECG ဆွဲရန်လိုအပ်သောလူနာများ
ဆေးခန်းမှာ ရပါပီ🙂

15/08/2023

ဆေးခန်းဖွင့်ချိန်နဲ့ပိတ်ရက်လေးတွေပါ

Ph no-09978462492

03/08/2023

ဆီးချို လူနာများအတွက်ဆီးချိုဆေးထိုးရမယ့်နေရာလေးတွေပါ

01/08/2023

လပြည့်နေ့ဆေးခန်းမပိတ်ပါ

ပုံမှန်ပိတ်ရက်ဖြစ်တဲ့ ဗုဒ္ဓဟူး စနေ

တနဂနွေ ရက်များဘဲပိတ်ပါတယ်။

06/05/2023

ကြောက်စရာမလိုတော့ဘူး
ဂရုတော့စိုက်ပါ

24/04/2023

သတိပြုစရာ အပူဓါတ်ပါ

25/03/2023

၃၁-၃-၂၀၂၃သောကြာနေ့ဆေးခန်းပိတ်ပါတယ်
သောကြာ၊စနေ၊တနင်္ဂနွေ (၃)ရက်ဆက်ပိတ်ထားပါတယ်
တနင်္လာနေ့မှာတော့ပံုမှန်အတိုင်းပြန်ဖွင့်ပါမယ်ရှင့်
ဧပြီလမှာတော့သင်္ကြန်အကျနေ့မှနှစ်ဆန်းတစ်ရက်နေ့အထိပိတ်မှာဖြစ်ပါတယ်

21/03/2023

ယနေ့သည်

ကမ္ဘာ့ ကျန်းမာရေး နေ့

ဖြစ်ပါသည်။

ကမ္ဘာသူ ကမ္ဘာသားများအားလုံး

ကျန်းမာချမ်းသာကြပါစေကြောင်း

“တော် “ မိသားစုမှ

ဆုတောင်းအပ်ပါသည်။

05/03/2023

မိဘပြည်သူများခင်ဗျာ၊

ရွာသာကြီး လေးထောင့်ကန်

‘တော်’ဆေးခန်း(နံနက် ၁၀:၃၀ မှ နေ့လယ်

၁:၀၀ ထိ)

သင်္ဃန်းကျွန်း ဦးဘဘဟန်လမ်းမပေါ်

‘တော်’ ဆေးခန်း (ညနေ၄:၀၀ မှ ည၇:၃၀

ထိ)တို့ကို အပါတ်စဉ်

တင်္နလာ ၊အင်္ဂါ၊ ကြဿပတေး၊ သောကြာ

နေ့တိုင်း တပါတ်လျင် (၄) ရက်ပုံမှန်ဖွင့်

လှစ်ထားပါတယ်ခင်ဗျာ။

23/02/2023

နှုတ်ခမ်းခြောက်ပြီး ကွဲနေလို့

နှုတ်ခမ်းခြောက်ပြီးကွဲတာကို အင်္ဂလိပ်လို chapped lip လို့ခေါ်တယ်။ တချို့က cracked lip လို့လည်း သုံးတယ်။ ဆေးစာမှာတော့ cheilitis လို့ခေါ်တယ်။တကယ်တော့ နှုတ်ခမ်းရောင်ရာက ကွဲတာပါ။

နှုတ်ခမ်းကွဲတာ အစားအသောက် အနေအထိုင်နဲ့ ဆိုင်တယ်။ ရောဂါကြီး မဟုတ်ပေမယ့် ပြဿနာတော့ အတော်ပေးတယ်။ တချို့ကရာသီပေါ်လိုကြ်ပီးဖြစ်တယ်။ ပူလွန်းအေးလွန်းတဲ့ရာသီမျိုး၊ခြောက်သွေ့ပြီးရေဓာတ်နည်တဲ့ပတ်ဝန်းကျင်နဲ့ နေလောင်ဒဏ်ကြာင့် ဖြစစ်တတ်တယ်။ အလေ့အကျင့်တခုခုရှိရင်ပဖြစ်တယ်။ ဥပမာ (လျှာသတ်တတ်သူ၊ပါးစပ်နဲ့ အသက်ရှုသူတွေ)က သူများထက်ထူးဖြစ်တာ တွေ့တတ်တယ်။ အမျိုးသမီးတွေမှာ နှုတ်ခန်းလိမ်းဆေးတွေနဲ့ဓာတ်မတဲ့တာကလည်းဖြစ်ကြတယ်။ရေဓာတိနည်းတာ၊ အာဟာရဓာတ်ချို့တဲ့တာ၊အနာခွက်ပေါက်တာ၊အအေးမိတာတွေကနေလည်း နှုတ်ခမ်းကွဲတတ်သေးတယ်။

လက္ခဏာတွေက နှုတ်ခမ်းမျက်နှာပြင်ကကွဲလို့ နှုတ်ခမ်းကရဲပြီး နာတယ်။အလွှာသုံးလွှာကို ထိတယ်။ ပါးစပ်ဘေးပတ်လည်ကperioralskin ၊ နှုတ်ခမ်းစပ်က vermilion border နဲ့ နှုတ်ခမ်းအတွင်းသားlabialmucosa တွေမှာ ဖြစါလေ့ရှိတယ်။ ခြောက်သွေ့ရုံမက ကွဲတဲ့နေရာမက သွေးယိုတတ်တယ်။ အငန်ပါတာက နှုတ်ခန်းအပြင်လွှာကို ခြောက်သွေ့စေတယ်။ အပူအစပ်စားရင် ပိုဆိုးဦးမယ်။ ရေခဲ၊ချောက်ကလက် မစားပါနဲ့။

တခါတရံနှုတ်ခမ်းကွဲနတာကရေဓာတ်ခမ်းခြောက်မှုလွန်ကဲတာ(Severe dehydration) ကြောင့်ဘည်းဖြစ်တတ်တယ်။ ရုတ်တရက် အဖျားကြီးတာ၊အပူဓာတ်လွန်ကဲတာ၊ဝမ်းသွားတာ၊သတိလစ်တာ၊မေ့မြောတာတွေနဲ့တွဲလာတတ်တယ်။အသက်အန္တရာယ်စိုးရိမ်ရလို့ ချက်ချင်းကုသသင့်တယ်။ ရောဂါတွေကလည်း နှုတ်ခမ်းကွဲတာကို ဖြစ်စေတယ်။အောက်ပါရောဂါတွေရှိမရှိ သတိပြုသင့်တယ်။

* Diabetes.
* Kawasaki Disease.
* Sjogren's Syndrome.
* Macrocytosis.
* Sexually transmitted diseases.

ဘာတွှေဖြစ်မလဲ
မကုရင် ဘာဖြစ်မလဲနှုတ်ခမ်းကွဲတာကြာလာတာနဲ့ အပြင်လွှာက ပိုပျက်ဆီးလာတယ်။ အက်ကွဲကြောင်းတွေကနေ ဗက်တီးရီးယား၊မှိုပိုး စတာတွေဝင်လာရင် ကုသဖို့လိုတယ်။ ရေဓာတ်ခမ်းခြောက်မှုများရင် အမြန်ဆုံးကုပါ။ကြာရင် ကျောက်ကပ်ကိုထိခိုက်တာမျိုးဖြစ်နိုင်တယ်။

အကြံပြုချက်
(၁)ရေများများသောက်ပါ(နေ့စဉ် ရေခွက် ၈-၁၀ခွက်လောက်သောက်ပါ)။ရိုးရိုးရေပဲရွေးသောက်ပါ။
(၂)အများအားဖြင့် လိမ်းဆေးလိမ်းခိုင်းတယ်။ဆေးမလိမ်းခင် ပျက်ဆီးပြီး ကွဲနေတဲ့အရေပြားလွှာကို ခပ်ဖြညိးဖြည်းချင်း ခွါပြီးမှ ဆေးလိမ်းပါ။ သွေးထွက်အောင် မခွါပါနဲ့။
(၃) အစိုဓာတ်ထိန်းတဲ့လိမ်းဆေး vaseline or vitamin E or glycerin-based ointment ကိုအောက်ကခံပါ။ ဆေးတွေက ခြောက်သွေ့လွယ်လို့ ထပ်ကာထပ်ကာ လိမ်းပေးသင့်တယ်။
(၄)lip balm တွေလည်း သုံးလို့ရတယ်။ ဒီဆေးသုံးတဲ့အခါ သဘာဝပစ္စည်း beeswax, shea butter, coconut butter, almond oilပါတဲ့ဆေးတွေ ရွေးသုံးပါ။ လိုအပ်ရင် ထပ်လိမ်းပါ။
(၅) ပြီးမှအပေါ်က lip stick တထပ်ဆိုးသင့်တယ်။ သတိပြုရမှာက တချို့နှုတ်ခမ်းဆိုးဆေးတွေကလည်း နှုတ်ခမ်းကို ခြောက်သွေ့စေနိုင်တယ်။ နှုတ်ခမ်းဆိုးတဲ့အခါ အနံအရသာ ပါတာမျိုး ရှောင်ပါ။
(၆) သွားတိုကိဆေးသုံးတဲ့အခါ ဖလိုရိုက်ပါတာတွေ ရှောင်သင့်တယ်။သူက နှုတ်ခမ်းခြောက်တာကို ပိုဆိုးစေတယ်။
(၇) သောက်ဆေးတွေထဲက ဗီတာမင် အေ၊ဘီတူး၊စီ၊အီးပါတာတွေ ရွေးသောက်ပါ။ vitamin B2 5-30mg နေ့စဉ်သောက်ပါ။ ဘေးထွက်ဆိုးကျိုး ဆီးဝါတာ ရှိနိုင်တယ်။
(၈)နှုတ်ခမ်း ပိုးဝင်တာရှိရင် တက်ထွာ ဆိုက်ကလင်း လိမ်းဆေး တနေ့ သုံးကြိမ် လိမ်းပေးပါ။
(၉) ဝမ်းချုပ်လွယ်သူတွေ ဝမ်းမှန်ပါစေ၊ လိုအပ်ရင် ဝမ်းပျော့ဆေး milk of magnesia (သို့) bisacodyl မျိုးထည့်သောက်ပါ။

နှုတ်ခမ်းကွဲရင် ရှောင်စရာတွေလဲရှိနေဦးမယ်။
(၁)နှုတ်ခမ်းကိုက်တတ်တဲ့အကျင့်ရှိရင်ပြင်ပါ။နှုတ်ခမ်းကို လျှာနဲ့မသပ်နဲ့။ နှုတ်ခမ်းခြောက်မယ်။
(၂)အပူအစပ် အငန် လုံးဝရှောင်ပါ။ ပီကေမဝါးပါနဲ့။
(၃)နှုတ်ခမ်းဆိုးဆေးထဲမှာ propyl gallate ပါရင်မသုံးနဲ့။ ဓာတ်မတဲ့တာ အဓိကဖြစ်စေတဲ့ဓာတုဆေးတမျိုးဖြစ်တယ်။
(၄)သွားတိုက်ဆေးထဲမှာ အမြှုပ်ထစေတဲ့ sodium lauryl sulphateပါတာမျိုး မသုံးသင့်ဘူး၊ပြောင်းပါ။ အကောင်းဆုံးက fluoride free toothpaste ပဲသုံးပါ။
(၅)သွေးကျဆေး propranolol ရေရှည်သောက်ရင်လည်း နှုတ်ခမ်းကွဲတတ်သေးလို့ သတိပြုပါ။
(၆)ဖြစ်တာက တပတ်မက ကြာပြီးမသက်သာရင် ဆရာဝန်နဲ့ စနစ်တကျပြသင့်တယ်။ ရောဂါလား ပြဿနာလား ဆရာဝန်က ခွဲခြားပေးလိမ့်မယ်။ ရောဂါကြောင့်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆက်ကုသင့်တယ်။

crd

14/01/2023

Credit: ဆရာမကြီး ပါမောက္ခ ဒေါ်သန်းသန်းအေး

မက်ဖော်မင် မနက်တစ်လုံး၊ ညနေ တစ်လုံး
------------------------------------

“မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံး အမြဲသောက်နေပါတယ်” ။ ဒါကတော့ နေ့စဉ် ကြားနေရတဲ့ ဆီးချိုသွေးချိုလူနာတွေရဲ့ ဖြေကြားသံလေးတွေကို ပဲ့တင်ထပ်ပြီး ပြန်ပြောလိုက်ရခြင်းဖြစ်ပါတယ်။ ထပ်ခါတလဲလဲ ကြားနေကျဖြစ်ပြီး လူနာအသစ်ရောက်လာတိုင်း ဒီလေသံမျိုး ထပ်ကြားရဦးမယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့ ရပါတယ်။
ဒီလောက် ထပ်တူထပ်မျှ တူညီနေတဲ့ “မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံး” ကုထုံးနဲ့ပဲ သောက်နေကျသူတွေ နောက်ထပ် ဘယ်လောက်များ ရှိနေမလဲဆိုတာ လေ့လာကြည့်ဖို့ အလွန်ကောင်းနေပါတယ်။ ဘယ်သူက ဒီလိုသောက်ဖို့ ညွှန်ကြားထားတာလဲလို့ မေးစရာဖြစ်နေပါတယ်။ ဆရာဝန်တွေက ညွှန်ကြားထားလို့ သောက်တာရှိနိုင်သလို သူငယ်ချင်းမိတ်ဆွေတွေက အချင်းချင်း ညွှန်ကြားပြီး သောက်နေတာကို အတုယူပြီး မိမိသဘောနဲ့ လိုက်သောက်နေတာလဲ ရှိပါတယ်။ မက်ဖော်မင်ကို ဒီလိုပဲ မှီဝဲပြီး သောက်နေတဲ့ အလေ့အထဟာ နောင်တစ်နေ့မှာ အန္တရာယ်တွေ ရှိလာနိုင်တယ်ဆိုတာ သိရှိဖို့ လိုပါတယ်။
ဒီလိုပြောလိုက်တော့ စာဖတ်သူတွေရဲ့စိတ်ထဲမှာ မက်ဖော်မင်ကြောင့် ကျောက်ကပ် ပျက်စီးသွားနိုင်တဲ့ အန္တရာယ်ကို ပြောတော့မှာလားလို့ ထင်ကောင်းထင်မိမှာပါ။ “မက်ဖော်မင်ကြောင့် ကျောက်ကပ်ပျက်တတ်တယ်” ဆိုတဲ့ စကားသံကလည်း လူနာနဲ့ လူနာရဲ့ မိသားစုတွေထံမှ အမြဲတမ်းကြားနေရတဲ့ အသံတွေ ဖြစ်ပါတယ်။ ဒီလို သောက်နေတာက ကျောက်ကပ်တွေ ပျက်စီးနိုင်တဲ့ အန္တရာယ်ရှိတယ် ဆိုတဲ့ အချက်က မှန်ပေမယ့် မက်ဖော်မင်က ကျောက်ကပ်ကို ဖျက်နေတာ မဟုတ်ပါဘူး။
ဒါဆို ဘယ်အချက်က ကျောက်ကပ်ပျက်အောင် လုပ်နေတာလဲဆိုတာ စာဖတ်သူများ သိချင်ကြမှာ ဖြစ်ပါတယ်။ တကယ်တော့ တရားခံ အစစ်က ဒီလို မက်ဖော်မင်ကို တစ်နေ့ နှစ်ကြိမ်သောက်နေပြီး လုပ်သင့်လုပ်ထိုက်တာတွေ ဘာမှမလုပ်မိလို့သာ ဖြစ်ပါတယ်။ ဒီလိုအဖြစ်ကို ကြုံရသူတွေ အများကြီးရှိနေပါတယ်။ “မက်ဖော်မင်သောက်နေတာ အခုလည်း နေလို့ကောင်းနေတာပဲ။ ဘာတွေထပ်လုပ်ရဦးမှာလဲ” စတဲ့ မှားယွင်းနေတဲ့ အယူအဆတွေလည်း ရှိပါတယ်။
“လုပ်သင့်လုပ်ထိုက်တာ” တွေက ဘာတွေလဲ
လုပ်သင့်လုပ်ထိုက်တာတွေကတော့ “ဆီးချိုသွေးချို စောင့်ရှောက်ခြင်း” ဆိုတဲ့ Diabetes Care ပဲဖြစ်ပါတယ်။ ဒါတွေ မပါဘဲ မက်ဖော်မင်တွေသောက်နေမိတာက ကျောက်ကပ်ပျက်ခြင်းရဲ့ အဓိက တရားခံပဲဖြစ်ပါတယ်။
လူနာတွေလုပ်ဖို့ လိုအပ်တာတွေကတော့ ……

၁။ မိမိရောဂါအကြောင်း မိမိ သေချာစွာ အသေးစိတ် သိအောင် မလုပ်မိခြင်း၊ ဆီးချိုပညာပေးမှု မရှိခြင်း။ (Lack of Diabetes Education)
ဆီးချိုရောဂါက မိမိနဲ့ အမြဲ အတူရှိနေပြီး ဆရာဝန်တွေနဲ့ ခဏတာပဲ ထိတွေ့နိုင်တာဖြစ်ပါတယ်။ ဆီးချိုရောဂါဟာ မိမိပိုင်ဆိုင်ပြီး မိမိနဲ့ တစ်သက်လုံး အတူတကွရှိနေမယ့် ရောဂါပဲဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုနားလည်ဖို့ အလွန်အရေးကြီးလှပါတယ်။

၂။ ဘဝနေထိုင်မှု ပုံစံပြုပြင်ခြင်း (Lifestyle Modification) ကို မသိရှိခြင်း၊ မဆောင်ရွက်ခြင်း။
သွက်လက်စွာ ကိုယ်လက်လှုပ်ရှားနေထိုင်ခြင်းနှင့် အစားအသောက် ပြုပြင်ပြောင်းလဲခြင်းဟာ ဆီးချိုသွေးချိုအတွက် ဆေးတစ်ခွက်ဖြစ်လို့ မလစ်ဟင်းစေသင့်ပါဘူး။

၃။ တတ်ကျွမ်းတဲ့ ပညာရှင်တွေ (ဆရာဝန် သို့မဟုတ် ဆရာဝန် မရှိရင် သူနာပြု) နဲ့ ပြသဆွေးနွေးမှုကို မပြုလုပ်မိခြင်း (Proper Diabetes Management) မရရှိခြင်း
ဆီးချိုရောဂါရဲ့ အဓိက ပြဿနာကတော့ “နေကောင်းနေသေးတာ” ပဲဖြစ်ပါတယ်။ နာခြင်း၊ ဖျားခြင်း မရှိ၊ တခါတရံ ဆီးရွှင်တာ၊ နည်းနည်းပိန်သွားတာ၊ နုံးသလိုဖြစ်တာကလည်း လူတိုင်း အလုပ်ပင်ပန်းရင် ဖြစ်နေကျ တွေ့နေကျ လက္ခဏာလေးပဲ၊ သွားသွားလာလာနဲ့ လမ်းမှာ နေကောင်းလား နှုတ်ဆက်ရင် “အရမ်းကောင်း၊ စားကောင်း သောက်ကောင်းပါပဲ” လို့ ပြန်ဖြေကြတဲ့လူတွေ များပါတယ်။ ဆရာဝန်ပြဖို့ အခြေအနေ မဟုတ်သေးတာကြောင့် မိမိဘာသာ နေကောင်းတယ်ထင်ပြီး ဂရုမစိုက်ဘဲ လွှတ်ထားတာများပါတယ်။
တကယ်တော့ ဆီးချိုသွေးချိုရောဂါက အစောပိုင်းမှာ ရောဂါလို့ အမည်မတပ်လည်း မှန်နေသလိုပါပဲ။ သွေးချိုပုံမှန်ထက် မြင့်နေသူ များရယ်လို့ပဲ သတ်မှတ်ရင် ရမှာပါ။ ဘာလို့လဲဆိုတော့ နေကောင်းနေကြလို့ပါပဲ။ သွေးချိုအရမ်းများလာမှ ဆီးများပြီး ရေငတ်တာဖြစ်ပါတယ်။ အကြောတတ်တာ၊ ကျင်တာကလည်း လူတိုင်းမဖြစ်ပါဘူး။ ဆေးကုတာက ဒီဝေဒနာတွေ သက်သာပြီဆိုရင် လုံလောက်ပြီလို့ ထင်နေကြသူတွေများပါတယ်။ တကယ်တော့ ဆီးချို ကုသခြင်း၊ ပြုစုခြင်းဟာ ကာကွယ်ရေးလုပ်ငန်းတစ်ခုပဲ ဖြစ်ပါတယ်။
ရောဂါပေါင်း မြောက်မြားစွာကို ဖြစ်စေဖို့ တာစူနေတဲ့ အခြေအနေတစ်ခုကို တားဆီးကာကွယ်နေတဲ့ အလုပ်တစ်ခုပါပဲ။ ကာကွယ်လို့လည်း ရပါတယ်။ စောစောလုပ်မှလည်း ထိရောက်ပါတယ်။ ဒါကြောင့် တခြားရောဂါတွေနဲ့ မတူဘဲ ဆီးချိုရောဂါက နေကောင်းသူတွေကပဲ ကုနေကြရတာပါ။ အလားတူ သွေးတိုးနဲ့ သွေးအဆီဓါတ် များသူတွေဟာလဲ ဒီသဘောတရားအတိုင်းပါပဲ။ ဒါတွေက ပြုပြင်ဖို့၊ ကာကွယ်ဖို့ သိပ်မခက်ခဲလှပါဘူး။ နေကောင်းစဉ်မှာ ဆရာဝန်တွေနဲ့ အချိန်မှန်မှန်တိုင်ပင်ပြီး ပြုပြင်ပါ။ နေမကောင်းတဲ့ နောက်ဆက်တွဲရောဂါဝင်တဲ့ အဆင့်ရောက်ရင် တစ်နည်းအားဖြင့် တခြားအထူးကုတွေ ပါဝင်လာရပြီဆိုရင် ရောဂါရှိတဲ့ လူနာအစစ်ဖြစ်သွားပါပြီ။ ဒီအဆင့်ရောက်မှ ဆီးချိုစကုတဲ့သူတွေအဖို့ အများကြီး နောက်ကျခဲ့ပြီဖြစ်ပါတယ်။ ဒီအဖြစ်မျိုးတွေ အများကြီးတွေ့နေရတာမို့ ဒီနေ့နေကောင်းပေမယ့် ဆရာဝန်မှန်မှန်ပြရမှာဖြစ်ပါတယ်။ မိမိဘာသာ မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံးနဲ့ ပေါ့နေ၊ ခိုနေလို့ မဖြစ်ပါဘူး။ ဒါကြောင့် “ပြပါ”၊ တတ်ကျွမ်းတဲ့ ဆရာဝန်တွေကို ပြပါလို့ ဆိုလိုပါတယ်။ ဆရာဝန်တွေကလည်း မက်ဖော်မင် တစ်မျိုးပဲ ဆက်သောက်ခိုင်းပြီး Diabetes Care ဆီးချိုစောင့်ရှောက်မှု လုပ်သင့်တာတွေ မလုပ်မိတာမျိုး မဖြစ်အောင်သတိပြုရပါမယ်။

၄။ မက်ဖော်မင်ပဲသောက်နေပြီး မိမိကိုယ်မိမိစောင့်ရှောက်ခြင်း (Self care) ကို မလုပ်တတ်ခြင်း၊ မလုပ်ဖြစ်ခြင်း။
ဆီးချိုစင်တာရှိရာ သွားရောက်မှသာ လူနာတွေကို “မိမိကိုယ်တိုင်စောင့်ရှောက်ခြင်း” များပြုလုပ်နိုင်ရန်သင်ကြားပေးမှာ ဖြစ်ပါတယ်။
မိမိကိုယ်မိမိ ဘာတွေစောင့်ရှောက်ရမလဲဆိုရင် …
(က) အိမ်၌ မိမိဘာသာစစ်ဆေးတဲ့ သွေးချို (SMBG) ကို နည်းလမ်းမှန်ကန်စွာ သတ်မှတ်ထားသလို အချိန်နဲ့ စစ်ဆေးခြင်း၊
(ခ) မှန်ကန်စွာ ဇယားများအတိုင်း မှတ်တမ်းများ ပြုစုခြင်း၊
(ဂ) အဖြေကိုအနည်းအများ သုံးသပ်နိုင်ပြီး အစားအစာကိုသော်လည်းကောင်း၊ ဆေးကိုသော်လည်းကောင်း အနည်းငယ်ပြုပြင်တာတွေ လုပ်နိုင်အောင် သင်ကြားပေးခြင်း၊
(ဃ) သွေးချိုဓာတ် အကျလွန်ခြင်းအကြောင်းကို အသိပေးထားပြီး ဖြစ်လာရင် မိမိကိုယ်မိမိ ပြုပြင်နိုင်ဖို့လိုပါတယ်။ သွေးချိုအကျလွန်ခြင်းအကြောင်းကို ဆီးချိုလူနာတိုင်းသိအောင် လုပ်ထားပေးဖို့ လိုပါတယ်။

၅။ သွေးချိုထိန်းကောင်း၊ မကောင်း ဆုံးဖြတ်ပေးတဲ့ ၃ လပျမ်းမျှသွေးချို HbA1c (အေဝမ်းစီ) ကို လုံးဝမစစ်ဘဲ ကုသနေခြင်း။

၆။ HbA1c မစစ်ဆေးဘဲ နေ့စဉ်သွေးချိုပဲ စစ်ထားတဲ့အတွက် ဆီးချိုဆေးကို အချိန်နဲ့တပြေးညီ ထိရောက်အောင် ပြုပြင်ခွင့် မရဘဲ နှောင့်နှေးနေခြင်း။
ဒီလို ကြန့်ကြာနေတာက ဆရာဝန်တွေထံ လူနာက မသွားရောက်တာကြောင့် ဖြစ်နိုင်သလို၊ သွားရောက်သော်လည်း ဆရာဝန်တွေက ထိရောက်အောင် မပြုပြင်ပေးမိဘဲ ဒီအတိုင်းဆေးဆက်သောက်စေခြင်း၊ ဆက်လက်စောင့်ကြည့်နေမိခြင်း၊ မှန်မှန်လာပြဖို့မညွှန်ကြားဘဲ လွှတ်ထားမိခြင်း စတာတွေကြောင့်လည်းပါကြောင်း သတိပြုစေလိုပါတယ်။ HbA1c ကို ၇ ရာခိုင်နှုန်းကို မရောက်မချင်း တစ်ခုခုပြုပြင်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။

၇။ ဆီးချိုသွေးချို နောက်ဆက်တွဲရောဂါတွေကို ရှာဖွေပြီး စောစော ကာကွယ်ကုသခြင်းတွေလုပ်ရမယ့် အချိန်မှာ မလုပ်ဘဲနေခြင်း
စစ်ဆေးမှုတွေ ဘာမှမလုပ်မိလို့ နောက်ဆက်တွဲရောဂါ ရရှိနေမှန်းမသိဖြစ်ကာ ကြိုတင်ကာကွယ်ဖို့ အခွင့်အရေး လွတ်သွားတာဖြစ်နိုင်ပါတယ်။
“မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံး” ဆယ်နှစ်လောက် ဒီအတိုင်း ဆေးမညှိဘဲ သောက်နေပြီး ကျောက်ကပ်ပျက်၊ မျက်စိကွယ်သွားတော့မှ ကျန်းမာရေး ဌာနဆေးခန်းတွေကို ရောက်လာသူတွေတွေ့နေရလို့ ဒီဆောင်းပါးကို ရေးလိုက်တာဖြစ်ပါတယ်။ ဒီအချိန်မှာ နောင်တရနေမိရင်လည်း မတတ်နိုင်တော့ပါဘူး။ ဒါက တိုင်းရင်းဆေး တစ်ခုခုကို မနက် (၅) လုံး၊ ညနေ (၅) လုံး သွေးစစ်စရာမလိုဘဲ သောက်နေတာနဲ့ ချွတ်စွတ်တူနေပါတယ်။
နောက်ဆုံး မှာကြားလိုတာက ဒီဆောင်းပါးကို ဖတ်မိသူတွေ မိမိကိုယ်ကိုပဲ ဖြစ်စေ မိမိဆွေမျိုး မိတ်ဆွေတွေပဲဖြစ်စေ မက်ဖော်မင် မနက်တစ်လုံး ညနေတစ်လုံးနဲ့ မက်ဖော်မင်ကိုပဲ စွဲသောက်နေသူတွေရှိရင် ဒီနေ့ပြန်ပြင်ကြစေလိုပါတယ်။ အရင်ဦးဆုံး ဆီးချိုသွေးချိုထိန်းတဲ့ HbA1c ၃ လပျမ်းမျှ သွေးချိုစံနှုန်း ၇ ရာခိုင်နှုန်းကို မှီပြီလား စစ်ကြည့်လိုက်ပါ။ ကျောက်ကပ်အတွက် ဆီးကို မိုက်ခရိုအယ်လ်ဗြူမင်ခေါ် အသားဓာတ်တွေ ရှိ၊မရှိ စစ်ကြည့်ပါ။ “မက်ဖော်မင် မနက်တစ်လုံး ညနေတစ်လုံး” နဲ့ မှိန်းနေတဲ့ အိပ်ရာမှ နိုးထပြီး အမြန်ဆုံး ပြုပြင်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

Credit: ပါမောက္ခ သန်းသန်းအေး၏ ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါသည်။

08/01/2023

January နဲ့Februaryလထဲမှာလူမှု့ရေးကိစ္စလေးတွေကြောင့်ပံုမှန်ပိတ်နေကျဆေးခန်းပိတ်ရက်များအပြင်ထပ်ပိတ်ရတဲ့ရက်လေးတွေရှိနေပါတယ်
January ၁၃ရက် သောကြာနေ့ပိတ်ပါတယ်
January ၂၄ရက် အဂါနေ့ပိတ်ပါတယ်
February ၃ရက် သောကြာနေ့ပိတ်ပါတယ်

ဆေးခန်းလာပြမယ့်သူများနဲ့ဆေးယူမယ့်သူများအဲ့ဒိရက်လေးတွေရှောင်နိုင်အောင်ကြိုတင်အသိပေးအပ်ပါတယ်

29/11/2022

Credit to original one!

အ စာ အိမ် နှင့် အူ လမ်း ကြောင်း ကို မှန် ပြောင်း ကြည့် စစ် ဆေး ခြင်း

▪️ အ စာ အိမ် နှင့် အူ လမ်း ကြောင်း ကို မှန် ပြောင်း ကြည့် စစ် ဆေး ခြင်း ဆို တာ ဘာ လဲ

▫️ အစာအိမ်နှင့်အူလမ်းကြောင်းတလျှောက်ကို နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်သည့် မှန်ပြောင်းကြည့်စစ်ဆေးစက်ကို အသုံးပြု၍ ကင်မရာဖြင့် ကြည့်ရှုစစ်ဆေးခြင်းဖြစ်ပြီး လိုအပ်သော ကုသမှုများ (အသားစယူခြင်း ၊ အသားပိုဖြတ်ခြင်း) စသည်တို့ကိုတစ်ခါတည်း ဆောင်ရွက်နိုင်သော ကျန်းမာရေးဆိုင်ရာ နည်းပညာတစ်ခု ဖြစ်ပါတယ်။

🔸 အစာအိမ်ကို မှန်ပြောင်းဖြင့်ကြည့်ရှုရာတွင် နှာခေါင်းမှတဆင့်ထည့်ခြင်းဖြင့်လည်းကောင်း ၊ ပါးစပ်မှတဆင့်ထည့်ခြင်းဖြင့်လည်းကောင်း စစ်ဆေးနိုင်ပါတယ်။

🔸 နှာခေါင်းမှတစ်ဆင့် မှန်ပြောင်းထည့်၍ ကြည့်ရှုခြင်းဟာ ပါးစပ်မှတစ်ဆင့်မှန်ပြောင်း ထည့် ခြင်းထက် ပျို့အန်မှုနည်းသောကြောင့်ပို၍သက်တောင့်သက်သာရှိစေနိုင်ပါတယ်။မှန်ပြောင်းကြည့်ရှုစစ်ဆေးနေစဉ်အတွင်း စကားပြောနိုင်ပါတယ်။အကယ်၍ စစ်ဆေးမှု ခံယူမည့်သူ၏ နှာခေါင်းပေါက်မှာ သေးငယ် ကျဉ်းမြောင်းနေလျှင် မှန်ပြောင်းကိုထည့်သွင်း၍ မရနိုင်ခြင်း(သို့) နာကျဉ်မှုနှင့်သွေးထွက်ခြင်းများ ဖြစ်နိုင်ချေရှိသောကြောင့် ထို အခါ မျိုး တွင် ပါးစပ်မှတစ်ဆင့် မှန်ပြောင်း ထည့်ပြီး ကြည့်ရှု သည့်နည်းလမ်းကိုပြောင်းလဲ ရွေးချယ် နိုင်ပါတယ်။

🔸 မှန်ပြောင်းမှတဆင့် အတွင်းနံရံပုံရိပ်ကို တီဗွီဖန်သားပြင်ပေါ်တွင်ပြတ်သားစွာမြင်နိုင်ပါတယ်။ ထိုသို့စစ်ဆေးနေချိန်အတွင်း ပုံမှန်မဟုတ်သည်ကို တွေ့ရှိပါက နာကျင်မှုမရှိဘဲ အသားစအား မှန်ပြောင်းမှတဆင့် ထုတ်ယူ၍ ဓာတ်ခွဲစစ်ဆေးနိုင်ပါတယ်။ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါကို အချိန်မှီသိရှိကာကွယ်နိုင်ပါမယ်။ ထို့ပြင် အစာအိမ်ရောင်ခြင်း ၊ အစာအိမ်အနာ နှင့် အစာအိမ်ကင်ဆာရောဂါများကို ဖြစ်စေတတ်သော ဟုခေါ်သော Helicobacter pylori ပိုးရှိ/မရှိကိုလည်း တစ်ရှူးနမူနာယူရ်ျ စစ်ဆေးနိုင်ပါတယ်။

🔸 အူမကြီးမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းဆိုတာ အူမကြီးလမ်းကြောင်းတလျှောက် ဖြစ်ပွားသောရောဂါများ ၊ အူမကြီးကင်ဆာရောဂါကို ကြိုတင်သိရှိစစ်ဆေးနိုင်သည့် စမ်းသပ်မှုဖြစ်ပါတယ်။ စစ်ဆေးမှုပြုလုပ်ရာမှာ ပျော့ပြောင်းပြီး ကင်မရာပါတဲ့ပိုက်ကို စအိုမှတဆင့်ထည့်ကာ ဆရာဝန်မှတီဗွီဖန်သားပြင်ပေါ်တွင် အူမကြီးအတွင်းနံရံများကို တိုက်ရိုက်ကြည့်ရှုစစ်ဆေးခြင်း ဖြစ်ပါတယ်။ လိုအပ်လျှင် အသားပိုများ တွေ့ရှိပါက မှန်ပြောင်းမှတဆင့် ဖယ်ထုတ်နိုင်ခြင်း ၊ ပုံမှန်မဟုတ်သည်များကို တွေ့ရှိပါက အသားစယူ၍ စစ်ဆေးနိုင်ခြင်းများ ပြုလုပ်နိုင်ပါတယ်။


▪️ဘယ် သူ တွေ အစာအိမ်မှန်ပြောင်း ကြည့် သင့် သ လဲ

၁။ အစာအိမ်သွေးကြောပေါက်ခြင်း ၊ ၀မ်းအမဲရောင်သွားခြင်း ။
၂။ အစာမျိုရခက်ခဲသူများ ၊ အစာမျိုလျှင် နာကျင်မှုခံစားနေရသူများ ။
၃။ အသက် ၅၅နှစ် နှင့်အထက် နာတာရှည်အစာမကြေခံစားနေရသူများ ။
၄။ အခြားရောဂါကြောင့်မဟုတ်ဘဲ သွေးအားနဲနေသူများ ။
၅။ ရောဂါရှာမတွေ့ဘဲ ရုတ်တရက် ကိုယ်အလေးချိန်ကျနေသူများ ။
၆။ နာတာရှည်အစာအိမ်ရောဂါခံစားနေရသူများ ။
၇။ အသားစစစ်ဆေးရန်လိုအပ်သူများ ။

▪️ဘယ် သူ တွေ အူမကြီးမှန်ပြောင်း ကြည့် သင့် သ လဲ

၁။ ၀မ်းထဲတွင် သွေးပါသူများ ။
၂။ အသက် ၄၀ကျော်ရ်ျ အူမကြီးကင်ဆာမျိုးရိုးရှိသူများ ။
၃။ ကာလရှည်ကြာ၀မ်းလျှော ၊ ၀မ်းချုပ်နေသူများ ။
၄။ ၀မ်းသွားခြင်းအလေ့အထပုံမှန်မဟုတ်ဘဲပြောင်းလဲလာသူများ ။
(ဥပမာ-၀မ်းသွားလိုက် ၊ ၀မ်းချုပ်လိုက်)
၅။ ရောဂါရှာမတွေ့ဘဲ သွေးအားနဲနေသူများ ။
၆။ ရောဂါရှာမတွေ့ဘဲ ကိုယ်အလေးချိန်ကျနေသူများ။
၇။ ရောဂါရှာမတွေ့ဘဲ နာတာရှည်ဗိုက်နာနေသူများ ။

▪️ မှန် ပြောင်း ကြည့် တာ အ န္တ ရာယ် ရှိ မ လား

စိတ်ချရသော ပုံမှန်လုပ်ရိုးလုပ်စဉ်စစ်ဆေးမှုဖြစ်ပါတယ်။ တခါတရံ အောက်ဖော်ပြပါ အချက်လေးတွေ ဖြစ်တတ်ပါတယ်။
၁။ အစာအိမ် အူနံရံအမြှေးပါးများ ပေါက်ပြဲခြင်း ၊ထိခိုက်မိခြင်း၊ သွေးထွက်ခြင်း။
၂။ စစ်ဆေးမှုပြုလုပ်စဉ်သုံးစွဲသည့်ဆေးဝါးများနှင့်ဓာတ်မတည့်ခြင်း၊ရှော့ခ်ရခြင်းနှင့် ဆေး၏ ဘေးထွက်ဆိုးကျိုးများ(အမြင်အာရုံ မကြည်လင်ခြင်း၊ ခံတွင်းခြောက်ခြင်း၊ရင်တုန်ခြင်း၊ ဆီးသွားရခက်ခဲခြင်းနှင့် အခြားလက္ခဏာများစသည်တို့) ရနိုင်ခြင်း။
၃။ လည်ချောင်းနာခြင်း၊အသံ၀င်ခြင်း ၊အဆုတ်ထဲရေ၀င်ခြင်း ၊အဆုတ်ရောင်ခြင်း ။
၄။ နှာခေါင်းမှတဆင့် မှန်ပြောင်းထည့် ၍ ကြည့်ရှုစစ်ဆေးခြင်းတွင် နှာခေါင်းသွေးထွက်ခြင်း။
၅။ စိတ်ငြိမ်ဆေး ထိုးသွင်းရပါက အိပ်ငိုက်ခြင်း၊ခေါင်းမကြည်ခြင်း။ ဒါပေမဲ့ လူနာအခြေအနေပေါ်မူတည်သေးတာကြောင့်လည်း စိတ်ပူစရာတော့ မလိုပါဘူး။

▪️ မှန် ပြောင်း ကြည့် ပြီး လျှင် ဘယ် လို အ စာ မျိုး စား ရ မ လဲ

အစာပြန်စားလို့ရမယ့် အချိန်ကို ဆရာဝန်က တစ်ခါတည်းပြောပြပေးကြပါတယ်။ စားတဲ့အခါမှာ ကြေညက်လွယ်တဲ့အစာ၊ နူးညံ့တဲ့အစာမျိုးကို နည်းနည်းကနေစစားကြည့်ဖို့ အကြံပေးလိုပါတယ်။ များသွားရင် အောင့်တာ အန်တာဖြစ်တတ်လို့ဖြစ်ပါတယ်။
နီတဲ့ညိုတဲ့အရောင်ရှိသော အစားအစာများစားသောက်ခင်းမပြုရပါဘူး။ သွေးပါလျှင် ခွဲခြားရခက်စေလို့ဖြစ်ပါတယ်။

Credit to Ref.
Mayo Clinic Facts
YJMC Yangon Japan Medical Centre
Credit to photo

29/11/2022

Credit to original one

အ စာ အိမ် နှင့် အူ လမ်း ကြောင်း ကို မှန် ပြောင်း ကြည့် စစ် ဆေး ခြင်း

▪️ အ စာ အိမ် နှင့် အူ လမ်း ကြောင်း ကို မှန် ပြောင်း ကြည့် စစ် ဆေး ခြင်း ဆို တာ ဘာ လဲ

▫️ အစာအိမ်နှင့်အူလမ်းကြောင်းတလျှောက်ကို နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်သည့် မှန်ပြောင်းကြည့်စစ်ဆေးစက်ကို အသုံးပြု၍ ကင်မရာဖြင့် ကြည့်ရှုစစ်ဆေးခြင်းဖြစ်ပြီး လိုအပ်သော ကုသမှုများ (အသားစယူခြင်း ၊ အသားပိုဖြတ်ခြင်း) စသည်တို့ကိုတစ်ခါတည်း ဆောင်ရွက်နိုင်သော ကျန်းမာရေးဆိုင်ရာ နည်းပညာတစ်ခု ဖြစ်ပါတယ်။

🔸 အစာအိမ်ကို မှန်ပြောင်းဖြင့်ကြည့်ရှုရာတွင် နှာခေါင်းမှတဆင့်ထည့်ခြင်းဖြင့်လည်းကောင်း ၊ ပါးစပ်မှတဆင့်ထည့်ခြင်းဖြင့်လည်းကောင်း စစ်ဆေးနိုင်ပါတယ်။

🔸 နှာခေါင်းမှတစ်ဆင့် မှန်ပြောင်းထည့်၍ ကြည့်ရှုခြင်းဟာ ပါးစပ်မှတစ်ဆင့်မှန်ပြောင်း ထည့် ခြင်းထက် ပျို့အန်မှုနည်းသောကြောင့်ပို၍သက်တောင့်သက်သာရှိစေနိုင်ပါတယ်။မှန်ပြောင်းကြည့်ရှုစစ်ဆေးနေစဉ်အတွင်း စကားပြောနိုင်ပါတယ်။အကယ်၍ စစ်ဆေးမှု ခံယူမည့်သူ၏ နှာခေါင်းပေါက်မှာ သေးငယ် ကျဉ်းမြောင်းနေလျှင် မှန်ပြောင်းကိုထည့်သွင်း၍ မရနိုင်ခြင်း(သို့) နာကျဉ်မှုနှင့်သွေးထွက်ခြင်းများ ဖြစ်နိုင်ချေရှိသောကြောင့် ထို အခါ မျိုး တွင် ပါးစပ်မှတစ်ဆင့် မှန်ပြောင်း ထည့်ပြီး ကြည့်ရှု သည့်နည်းလမ်းကိုပြောင်းလဲ ရွေးချယ် နိုင်ပါတယ်။

🔸 မှန်ပြောင်းမှတဆင့် အတွင်းနံရံပုံရိပ်ကို တီဗွီဖန်သားပြင်ပေါ်တွင်ပြတ်သားစွာမြင်နိုင်ပါတယ်။ ထိုသို့စစ်ဆေးနေချိန်အတွင်း ပုံမှန်မဟုတ်သည်ကို တွေ့ရှိပါက နာကျင်မှုမရှိဘဲ အသားစအား မှန်ပြောင်းမှတဆင့် ထုတ်ယူ၍ ဓာတ်ခွဲစစ်ဆေးနိုင်ပါတယ်။ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါကို အချိန်မှီသိရှိကာကွယ်နိုင်ပါမယ်။ ထို့ပြင် အစာအိမ်ရောင်ခြင်း ၊ အစာအိမ်အနာ နှင့် အစာအိမ်ကင်ဆာရောဂါများကို ဖြစ်စေတတ်သော ဟုခေါ်သော Helicobacter pylori ပိုးရှိ/မရှိကိုလည်း တစ်ရှူးနမူနာယူရ်ျ စစ်ဆေးနိုင်ပါတယ်။

🔸 အူမကြီးမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းဆိုတာ အူမကြီးလမ်းကြောင်းတလျှောက် ဖြစ်ပွားသောရောဂါများ ၊ အူမကြီးကင်ဆာရောဂါကို ကြိုတင်သိရှိစစ်ဆေးနိုင်သည့် စမ်းသပ်မှုဖြစ်ပါတယ်။ စစ်ဆေးမှုပြုလုပ်ရာမှာ ပျော့ပြောင်းပြီး ကင်မရာပါတဲ့ပိုက်ကို စအိုမှတဆင့်ထည့်ကာ ဆရာဝန်မှတီဗွီဖန်သားပြင်ပေါ်တွင် အူမကြီးအတွင်းနံရံများကို တိုက်ရိုက်ကြည့်ရှုစစ်ဆေးခြင်း ဖြစ်ပါတယ်။ လိုအပ်လျှင် အသားပိုများ တွေ့ရှိပါက မှန်ပြောင်းမှတဆင့် ဖယ်ထုတ်နိုင်ခြင်း ၊ ပုံမှန်မဟုတ်သည်များကို တွေ့ရှိပါက အသားစယူ၍ စစ်ဆေးနိုင်ခြင်းများ ပြုလုပ်နိုင်ပါတယ်။


▪️ဘယ် သူ တွေ အစာအိမ်မှန်ပြောင်း ကြည့် သင့် သ လဲ

၁။ အစာအိမ်သွေးကြောပေါက်ခြင်း ၊ ၀မ်းအမဲရောင်သွားခြင်း ။
၂။ အစာမျိုရခက်ခဲသူများ ၊ အစာမျိုလျှင် နာကျင်မှုခံစားနေရသူများ ။
၃။ အသက် ၅၅နှစ် နှင့်အထက် နာတာရှည်အစာမကြေခံစားနေရသူများ ။
၄။ အခြားရောဂါကြောင့်မဟုတ်ဘဲ သွေးအားနဲနေသူများ ။
၅။ ရောဂါရှာမတွေ့ဘဲ ရုတ်တရက် ကိုယ်အလေးချိန်ကျနေသူများ ။
၆။ နာတာရှည်အစာအိမ်ရောဂါခံစားနေရသူများ ။
၇။ အသားစစစ်ဆေးရန်လိုအပ်သူများ ။

▪️ဘယ် သူ တွေ အူမကြီးမှန်ပြောင်း ကြည့် သင့် သ လဲ

၁။ ၀မ်းထဲတွင် သွေးပါသူများ ။
၂။ အသက် ၄၀ကျော်ရ်ျ အူမကြီးကင်ဆာမျိုးရိုးရှိသူများ ။
၃။ ကာလရှည်ကြာ၀မ်းလျှော ၊ ၀မ်းချုပ်နေသူများ ။
၄။ ၀မ်းသွားခြင်းအလေ့အထပုံမှန်မဟုတ်ဘဲပြောင်းလဲလာသူများ ။
(ဥပမာ-၀မ်းသွားလိုက် ၊ ၀မ်းချုပ်လိုက်)
၅။ ရောဂါရှာမတွေ့ဘဲ သွေးအားနဲနေသူများ ။
၆။ ရောဂါရှာမတွေ့ဘဲ ကိုယ်အလေးချိန်ကျနေသူများ။
၇။ ရောဂါရှာမတွေ့ဘဲ နာတာရှည်ဗိုက်နာနေသူများ ။

▪️ မှန် ပြောင်း ကြည့် တာ အ န္တ ရာယ် ရှိ မ လား

စိတ်ချရသော ပုံမှန်လုပ်ရိုးလုပ်စဉ်စစ်ဆေးမှုဖြစ်ပါတယ်။ တခါတရံ အောက်ဖော်ပြပါ အချက်လေးတွေ ဖြစ်တတ်ပါတယ်။
၁။ အစာအိမ် အူနံရံအမြှေးပါးများ ပေါက်ပြဲခြင်း ၊ထိခိုက်မိခြင်း၊ သွေးထွက်ခြင်း။
၂။ စစ်ဆေးမှုပြုလုပ်စဉ်သုံးစွဲသည့်ဆေးဝါးများနှင့်ဓာတ်မတည့်ခြင်း၊ရှော့ခ်ရခြင်းနှင့် ဆေး၏ ဘေးထွက်ဆိုးကျိုးများ(အမြင်အာရုံ မကြည်လင်ခြင်း၊ ခံတွင်းခြောက်ခြင်း၊ရင်တုန်ခြင်း၊ ဆီးသွားရခက်ခဲခြင်းနှင့် အခြားလက္ခဏာများစသည်တို့) ရနိုင်ခြင်း။
၃။ လည်ချောင်းနာခြင်း၊အသံ၀င်ခြင်း ၊အဆုတ်ထဲရေ၀င်ခြင်း ၊အဆုတ်ရောင်ခြင်း ။
၄။ နှာခေါင်းမှတဆင့် မှန်ပြောင်းထည့် ၍ ကြည့်ရှုစစ်ဆေးခြင်းတွင် နှာခေါင်းသွေးထွက်ခြင်း။
၅။ စိတ်ငြိမ်ဆေး ထိုးသွင်းရပါက အိပ်ငိုက်ခြင်း၊ခေါင်းမကြည်ခြင်း။ ဒါပေမဲ့ လူနာအခြေအနေပေါ်မူတည်သေးတာကြောင့်လည်း စိတ်ပူစရာတော့ မလိုပါဘူး။

▪️ မှန် ပြောင်း ကြည့် ပြီး လျှင် ဘယ် လို အ စာ မျိုး စား ရ မ လဲ

အစာပြန်စားလို့ရမယ့် အချိန်ကို ဆရာဝန်က တစ်ခါတည်းပြောပြပေးကြပါတယ်။ စားတဲ့အခါမှာ ကြေညက်လွယ်တဲ့အစာ၊ နူးညံ့တဲ့အစာမျိုးကို နည်းနည်းကနေစစားကြည့်ဖို့ အကြံပေးလိုပါတယ်။ များသွားရင် အောင့်တာ အန်တာဖြစ်တတ်လို့ဖြစ်ပါတယ်။
နီတဲ့ညိုတဲ့အရောင်ရှိသော အစားအစာများစားသောက်ခင်းမပြုရပါဘူး။ သွေးပါလျှင် ခွဲခြားရခက်စေလို့ဖြစ်ပါတယ်။

Credit to Ref.
Mayo Clinic Facts
YJMC Yangon Japan Medical Centre
Credit to photo

17/11/2022

ကျန်းမာရေးနှင့်ကိုယ်လက်လှုပ်ရှား အားကစား

🚴🏻‍♂️🏌🏼‍♂️⛹🏼‍♂️🧘🏻‍♂️⚽️

15/11/2022

အဝလွန်ခြင်း၏နောက်ဆက်တွဲကျန်းမာရေးပြသနာများ

10/10/2022
10/10/2022

လာမည့်သောကြာနေ့ ၁၄.၁၀.၂၀၂၂ နေ့

ဆေးခန်းပိတ်ပါတယ်၊၊

တနလာ်နေ့မှစ၍ပံုမှန်အတိုင်း

တစ်ပတ်လေးရက်ပြန်ဖွင့်ပါမယ်၊

ဗုဓဟူး ၊စနေ၊တနဂ်နွေ ကတော့ပံုမှန်ပိတ်

ရက်ပါရှင့်။

16/09/2022

ပန်းနာရင်ကြပ် Asthma ရောဂါဆိုတာက
အဖြစ်အများဆုံး အသက်ရှုလမ်းကြောင်း
ဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါတယ်

Asthma ဆိုတာ လေပြွန်တွေရောင်ရမ်းတဲ့
ရောဂါတစ်မျိုးဖြစ်ပြီး အဆုတ်ရဲ့
လေပြွန်ငယ်လေးတွေ ကျဉ်းမြောင်းခြင်းကြောင့်
ချွဲတွေနဲ့ပြည့်လာပြီး အသက်ရှူရခက်တဲ့
နာတာရှည် ရောဂါတစ်မျိုး ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီနေ့မှာတော့ ပန်းနာရင်ကြပ်နဲ့
ပတ်သက်ပြီး ဘယ်လိုအချက်တွေကို
သိထားသင့်လဲဆိုတာ
ပြောပြပေးသွားမှာဖြစ်ပါတယ်။ 👩‍⚕👩‍⚕

ပန်းနာရင်ကြပ်ရောဂါအစပြုပုံက တစ်ယောက်နဲ့
တစ်ယောက် မတူတာကြောင့် အတိအကျတော့
မပြောနိုင်သေးပါဘူး။
အများစုကတော့ .....

❗️အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း
❗️မျိုးရိုး
❗️ဓာတ်မတည့် ရောဂါ
❗️ဆေးလိပ်သောက်ခြင်း
❗️အဝလွန်ခြင်း
❗️လေထုညစ်ညမ်းခြင်း
စသဖြင့် အမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်။

ရောဂါလက္ခဏာတွေကတော့ ...

❕အသက်ရှူမဝခြင်း
❕ချောင်းဆိုးခြင်း
❕အအေးမိလျှင် ချောင်းပိုဆိုးလာခြင်း
❕အသက်ရှူထုတ်ရာတွင် တရွှီးရွှီးမြည်ခြင်း
စတာတွေဖြစ်ပါတယ်။

Asthma ရောဂါရှင်တွေ သိထားရမယ့်
ဆောင်ရန်၊ ရှောင်ရန်တွေကတော့ ...

✅ကုသမှုသေချာခံယူပါ။
✅အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ။
✅ဆေးတွေကို ဆရာဝန်ညွှန်ကြားထားတဲ့
အတိုင်းသုံးပါ။
✅ဝတ်မှုန်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေ
သတိထားပေးပါ။
✅တိရစ္ဆာန်အမွှေးနဲ့ မတည့်တဲ့သူတွေ
သတိထားပေးပါ။
✅ အခန်းတွင်း စိုထိုင်းဆ မများပါစေနဲ့။
✅ ဓာတ်မတည့်တဲ့ အစားအစာတွေကို ရှောင်ပေးပါ။
✅ စိတ်ထိခိုက်မခံပါနဲ့။
✅ကိုယ့်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ။
✅ကြိုတင်ကာကွယ်နိုင်ဖို့အတွက်
Inhaler ဆောင်ထားသင့်ပါတယ်။

ပန်းနာရင်ကြပ်ဝေဒနာရှင်တွေအနေနဲ့
ဆရာဝန်ညွှန်ကြားသည့်အတိုင်း သေချာလိုက်နာ
နေထိုင်ပါက သာမန်လူများအတိုင်း
တစ်နေ့တာလုပ်ငန်းတွေကို ပုံမှန်လုပ်ဆောင်နေထိုင်နိုင်မှာဖြစ်ပါတယ်

16/09/2022

Credit;

ယ​နေ့​ခေတ် လူအများစု၊ အထူးသဖြင့်လူငယ်​တွေ အချိန်နဲ့အမျှ ပညာရှာ​ငွေရှာနဲ့ ရုန်းကန်​နေရတဲ့​ခေတ်မှာ နံနက်စာကို
သိပ်အ​လေးမထားကြတာများပါတယ်။ နံနက်စာစားဖို့ မမှီလို့ အိပ်ရာထ​နောက်ကျလို့ စတဲ့အ​ကြောင်းပြချက် အမျိုးမျိုးနဲ့
နံနက်စာကို ​ရှောင်ကြပါတယ်။ စားတယ်ဆိုရုံ​လောက်ပဲ စားကြသလို
လုံးဝမစားပဲ နံနက်စာနဲ့ ​နေ့လည်စာ ​ပေါင်းစားတာမျိုးလဲရှိပါတယ်။

✦ တကယ်​တော့ နံနက်စာက ​နေ့တစ်​နေ့ရဲ့လုပ်ငန်း​တွေကို
ထမ်း​ဆောင်ဖို့ရာမှာ ပြည့်ပြည့်ဝဝ အ​ကောင်းမွန်ဆုံး ထမ်း​ဆောင်နိုင်ဖို့
အချိန်မှီ အင်အားများကို ဖြည့်​ပေးနိုင်တဲ့အတွက်
နံနက်စာက ​နေ့လည်စာနဲ့ ညစာထက် ပိုအ​ရေးကြီးပါတယ်။
____________________________________________________

⏰ ဘယ်လိုအချိန်မှာ နံနက်စာစားရမလဲ?

✦ အိပ်ရာမှ နိုးနိုးခြင်း နံနက်စာ မစားသင့်ပါဘူး။
နံနက်စာ စားသင့်တဲ့အချိန်က​တော့ အိပ်ရာထပြီး နံနက်၆နာရီက​နေ ၉နာရီအတွင်း ဖြစ်ပါတယ်။ နံနက် ၁၀နာရီ​လောက် အိပ်ရာထပြီး ​
နေ့လည် ၁၁နာရီမှာ စားတဲ့အရာကို​တော့ နံနက်စာလို့မ​ခေါ်ပါဘူး။

✦ နံနက်စာစားသည့်အချိန်ဟာလဲ ​နေ့စဥ်အိပ်ရာထပြီး ၂နာရီအတွင်း
အချိန်မှန်မှန်စားသင့်ပါတယ်။ နံနက်စာစားချိန်ကျော်သွားမှ စား​သော
အစားအစာသည် စား​နေကျနံနက်စာကို အစားမထိုးနိုင်ပါဘူး။
____________________________________________________

🍓🥛အာဟာရပြည့်ဝတဲ့ နံနက်စာကို ဘယ်လိုစားသုံးမလဲ?

✦ နံနက်စာစားတဲ့ အခါမှာလဲ အာဟာရဖြစ်​စေမဲ့ အရာ​တွေ စား​ပေးဖို့လိုပါတယ်။ အသား၊ ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်၊ ဟင်းရည် စုံလင်စွာစားပါက ကျန်းမာ​ရေးအတွက် ပိုအကျိုးရှိ​စေပါတယ်။
နွားနို့၊ ​ကွေကာအုပ်၊ ​ကော်ဖီ၊ ဘယ်ရီသီး​တွေနဲ့ သစ်သီးသစ်ဥများ၊
အခွံမာသီး​တွေကလဲ စား​ပေးသင့်တဲ့ နံနက်စာ​တွေပါပဲ။

✦ သစ်သီးသစ်ဥများကို နံနက်စာအဖြစ်စားသုံးနိုင်​သော်လည်း နာနတ်သီး​တော့ မစားသင့်ပါဘူး။ အစာအိမ်အတွက် အန္တရာယ်
ရှိနိုင်လို့ပါ။ ​ရေခဲများနှင့် ​အေးစက်​နေ​သော ​ဖျော်ရည်တို့ကို
နံနက်စာအဖြစ် ​ရှောင်သင့်ပါတယ်။ ဆီ​ကြော်မုန့်များ၊
ဆီများလွန်း​သော အဆီအဆိမ့် အစားအစာများကိုလဲ
နံနက်စာအဖြစ် မစားသုံးသင့်ပါ။
____________________________________________________

📌 နံနက်စာမစားခြင်း၏ ​နောက်ဆက်တွဲ ဆိုးကျိုးရလဒ်များ

✦ ​သွေးတွင်း သကြားဓါတ်နည်းလာပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်စိတ်​တွေ မြင့်တက်လာ​စေနိုင်လို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာပါလိမ့်မယ်။

✦ မှတ်ဥာဏ်စွမ်းရည် ကျဆင်းလာပြီး အာရုံစူးစိုက်နိုင်စွမ်း ​လျော့နည်းကာ ဦး​နှောက်ကျန်းမာ​ရေး ထိခိုက်နိုင်ပါတယ်။

✦ ​​လေ့ကျင့်ခန်းများလုပ်​သော်လဲ ခန္ဓာကိုယ်ဟာ ​မျှော်လင့်ထားသလို
ပုံကျပန်းကျ လှပနိုင်မှာ မဟုတ်ပါဘူး။

✦ Protein ဓါတ်ကို ပြည့်ဝစွာ မရနိုင်​သော​ကြောင့်
ဆံပင်ကျွတ်နိုင်ခြင်း။

✦ နံနက်စာ​ရှောင်တဲ့သူ​တွေက ​နေ့လည်စာနဲ့ ညစာကို
ပိုစားတတ်ကြလို့ ဝမ်းဗိုက်အဆီ​တွေ ပိုဖြစ်လာနိုင်ပါတယ်။

✦ ​ခေါင်းကိုက်တာ၊ ​ခေါင်းတစ်ခြမ်းကိုက်တာ​တွေ ဖြစ်နိုင်ပြီး
အာရုံ​ကြောအားနည်းပါက ပိုပီးပြင်းထန်စွာ ခံစားရနိုင်ပါတယ်။

✦ ပုံမှန်လူ​တွေထက် ကျန်းမာသန်စွမ်းမှုနဲ့ အရွယ်မတိုင်ခင်
လျင်မြန်သွက်လက်မှု​တွေ ကျဆင်းလာနိုင်ပါတယ်။

✦ နံနက်စာ မစားတဲ့သူဟာ တဖြည်းဖြည်း နှလုံးအားနည်းလာနိုင်ပြီး
နှလုံး​ရောဂါ ဖြစ်လာနိုင်ပါတယ်။

✦ Insulin လုံလုံ​လောက်​လောက် မထွက်နိုင်တာ​ကြောင့် ​
သွေးတွင်းသကြားဓါတ်များ စုပုံရာက​နေ ဆီးချို​ရောဂါ
ဖြစ်ပွားနိုင်​ချေလဲ များပါတယ်။
------------------------------------------------------------------------------------

လူတစ်ဦးတစ်​ယောက်တိုင်းဟာ ​နေ့စဥ်အာဟာရပြည့်ဝ​သော
နံနက်စာကို စားရပါမယ်။ နံနက်စာကို ကျန်းမာ​ရေးနဲ့ ညီညွတ်​အောင်
စားခြင်းဖြင့် ဦး​နှောက် မှတ်ဥာဏ်လဲ ပို​ကောင်း လာနိုင်ပါတယ်။
မိမိကိုယ်ကိုချစ်ရင် မနက်ဖြန်တိုင်းမှာ နံနက်စာကို မ​မေ့မ​လျော့
စားသုံး​ပေးကြပါ။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon

Other Family Doctors in Yangon (show all)
Aung Myittar Specialist Clinic Aung Myittar Specialist Clinic
No. 453, (132) Qt. , Min Ye Kyaw Swar Street , East Dagon Tsp
Yangon, 11451

၂၄ နာရီ ပိတ်ရက်မရှိအထွေထွေကျန်းမာရေးစောင့်‌ရှောက်ခြင်း, အထူးကုသခြင်း, မီးဖွားခြင်း, ဓာတ်မှန်, ဓာတ်ခွဲ

HOPE TeleCare Myanmar HOPE TeleCare Myanmar
No-148, Pyay Road, Corner Of A1 Street, Mayangone Township
Yangon, 11061

ဆရာ၀န်နှင့်Onlineမှဆွေးနွေးမှုများ၊ ကျန်းမာရေးဆောင်းပါးများ ဖတ်ရှုနိုင်မယ့် HOPE TeleCare Myanmar

ကောင်းသုခ - Kaung Thukha Clinic and Lab ကောင်းသုခ - Kaung Thukha Clinic and Lab
No 11, Kyaung Taw Yar Street, Daw Pone
Yangon, 11241

"ကောင်းသုခ" အထွေထွေရောဂါကုဆေးခန်းနှင့် ဓာတ်ခွဲခန်း ဖုန်း - 09973914030

Hsu Sandi Hsu Sandi
Yangon

Thant Sin Clinic Thant Sin Clinic
No. 1172/A, Thamardi Street, Myittarnyunt Quarter, Tarmwe Township
Yangon, 11212

မိသားစု အထွေထွေရောဂါကုဆေးခန်း

Dr Nyunt Dr Nyunt
Yangon

ကျန်းမာရေးဗဟုသုတသိသင့်သည်များကို ဝ

Myittar Swan Clinic -Hlaing Tharyar Myittar Swan Clinic -Hlaing Tharyar
1492/1494, Bawga Mying 1st Street, 5 Ward Hlaing Tharyar Township
Yangon, 1080

General practice, Family medicine, Family medicine, Health Care Services, Online Consultation, Home

Yangon Wife Yangon Wife
Yangon

This page is created to record my Wifey-Mommy life. On the other hand, wish I could live my best and

ဖြူစင်မေတ္တာအထွေထွေရောဂါကုဆေးခန်း ဖြူစင်မေတ္တာအထွေထွေရောဂါကုဆေးခန်း
သမိုင်း အမှတ်(၁)ရပ်ကွက်၊(၇)လမ်း၊မရမ်းကုန်းမြို့ နယ်
Yangon, 11062

မိဘပြည်သူများခံစားနေရသည့်ဝေဒနာမျာ?