Dagon University English Specialisation Educational Community

To Announce the Activity of DUESEC and to Inform the Related News of English Department to students

01/11/2018

You can now register for Hysan’s new trial classes

အစမ်းသင်တန်းတွေ ထပ်ဖွင့်ပေးဖို့ တောင်းဆိုနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် သတင်းကောင်းလေးပါ.။

စာရင်းပေးသွင်းရန် - bit.ly/hysanfreetrial

အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် အခမဲ့ အစမ်းသင်တန်းများ

English ဘာသာကို လေ့လာဖို့ စဉ်းစားတဲ့အခါ အတန်းတက်ဖို့ ဘယ်အတန်းက ကိုယ်နဲ့ ကိုက်ညီတဲ့အတန်းဖြစ်လဲ ဆိုတာ ဆုံးဖြတ်ဖို့ ခက်ခဲနေတတ်ပါတယ်။ ဒီ့အတွက် Hysan Education မှာတော့ ဖွင့်လှစ်တဲ့အတန်းတွေကို မအပ်ခင် အစမ်းလာေ၇ာက်တက်ကြည့်ဖို့အတွက် အားလုံးကို ဖိတ်ခေါ်ပါတယ်။

အချိန်စာရင်းတွေကတော့
✅10:00 AM - 12:00PM :
Free English 4 Skills (Elementary and Pre-intermediate)

✅1:00 PM - 3:00PM :
Free IELTS + English 4 Skills (Intermediate and above)

စာရင်းပေးသွင်းရန် - bit.ly/hysanfreetrial

နေရာ - အမှတ် ၂၃၂၊ ဗားကရာလမ်း၊ မြေနီကုန်း၊ စမ်းချောင်း။
Dagon Center ရှေ့ AYA Bank နဲ့ Myanmar Metropolitan College ရှိတဲ့ အဆောက်အဦးရဲ့ (6) လွှာမှာ ဖြစ်ပါတယ်။

========================

တစ်တန်းချင်းစီအတွက် အသေးစိတ် အကြောင်းအရာများကို အောက်တွင် ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

💡Free IELTS + English 4 Skills (Intermediate and above)
နိုင်ငံတကာ အင်္ဂလိပ်စာ အရည်အချင်း စစ် စာမေးပွဲ ဖြစ်တဲ့ IELTS အကြောင်းကို Hong Kong, New Zealand နဲ့ UK စတဲ့နိုင်ငံတွေမှာ ပညာသင်ကြားခဲ့တဲ့ အတွေ့အကြုံရှိ Native English Teacher မှ ရှင်းပြပေးမှာ ဖြစ်ပါတယ်။
IELTS နဲ့ ပတ်သတ်ပြီး အရေးကြီးတဲ့ အကြောင်းအရာတွေ၊ စာမေးပွဲ ဖြေဆိုပုံတွေကို ရှင်းပြမှာဖြစ်ပြီး အခြား အင်္ဂလိပ်စာ အရည်အချင်း တိုးတက်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေ သွားမှာ ဖြစ်ပါတယ်။

စာရင်းပေးသွင်းရန် - bit.ly/hysanfreetrial

💡Free English 4 Skills (Elementary and Pre-intermediate)
ဘာသာစကားတစ်ခုကို လေ့လာတဲ့အခါ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ သင်ယူစရာ မလိုပါဘူး။ ထိထိရောက်ရောက် လေ့လာတတ်ဖို့သာ လိုပါတယ်။ ဒီတော့ အင်္ဂလိပ်စာကို စတင်လေ့လာလိုသူတွေ အတွက် လမ်းညွှန်းပေးမယ့် Free English 4 Skills အခမဲ့ အစမ်းသင်တန်းကို လာရောက် တက်ကြည့်လိုက်ပါ။

စာရင်းပေးသွင်းရန် - bit.ly/hysanfreetrial

💡Free Placement Test
အခမဲ့ အစမ်းသင်တန်းတွေအပြင် Hysan Education မှ ဖွင့်လှစ်တဲ့ Certificate Course တွေကို စာရင်းပေးသွင်းမယ့်သူတွေအတွက် အခမဲ့ Placement Test ကို ပါ စစ်ပေးသွားမှာပါ။အခမဲ့ အစမ်းသင်တန်းတွေ တက်ရင်း မိမိရဲ့ အင်္ဂလိပ်စာ Level ကို ပါ သိရဖို့အတွက် အခုပဲ စာရင်းပေးသွင်းလိုက်ပါ။
စာရင်းပေးသွင်းရန် - bit.ly/hysanfreetrial

============
သင်တန်းတွေကို ဦးဆောင်သင်ကြားသွားမယ့် ဆရာမတွေကတော့

Teacher Chan
Teacher Chan ကတော့ Hysan Education ရဲ့ ဦးဆောင်ပညာရေးအတိုင်ပင်ခံဖြစ်ပါတယ်။ သူမဟာဆိုရင် Native English Speaker တစ်ဦးဖြစ်ပြီး UK Government ကပေးအပ်တဲ့ အကြီးမားဆုံး ပညာသင်ဆုတွေထဲက တခုဖြစ်တဲ့ Chevening Scholar တစ်ဦးလည်းဖြစ်ပါတယ်။ Hong Kong, New Zealand နဲ့ UK မှာ ပညာသင်ယူခဲ့ပြီး (7)နှစ် ကျော် စာသင်ကြားမှု ၊ ကျောင်းသားတွေကိုနိုင်ငံတကာတက္ကသိုလ်ဝင်ခွင့်တွေနဲ့ပညာသင်ဆုဝင်ခွင့်တွေကိုပြင်ဆင်ပေးမှုအတွေ့အကြုံတွေရှိသူ တစ်ဦးဖြစ်ပါတယ်။

============

Journeying with you towards international quality education
နိုင်ငံတကာ အဆင့်မီ အရည်အသွေးကောင်းမွန်သောပညာရေးသို့ သင်နှင့်အတူခရီးဆက်ခြင်း

နေရာ - အမှတ် ၂၃၂၊ ဗားကရာလမ်း၊ မြေနီကုန်း၊ စမ်းချောင်း။
Dagon Center ရှေ့ AYA Bank နဲ့ Myanmar Metropolitan College ရှိတဲ့ အဆောက်အဦးရဲ့ (6) လွှာမှာ ဖြစ်ပါတယ်။

08/08/2018

မင်္ဂလာ ညနေခင်းလေးပါ
DUESEC ရဲ့ ပရိတ်သတ်ကြီးတို့ရေ 🤗

ဒီနေ့ DUESEC မှာတော့ Writing Programme လေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ် !

DUESEC ရဲ့ ထုံးစံအတိုင်း Expressing Yourself ဆိုတဲ့ Activity လေးတစ်ခု နဲ့ အစပြုပေးခဲ့ပြီး

Instructor ဖြစ်တဲ့ Ko Thiha Aung မှ စာရေးတဲ့နေရာမှာ ဘယ်လို စနစ်ကျကျ ရေးမလဲ၊ Writing အမျိုးမျိုး၊ Essay အမျိုးမျိုး ရှိတဲ့အကြောင်း ပြောပြပေးခဲ့ပါတယ်။

ပြီးတဲ့နောက်မှာတော့ Essay အမျိုးမျိုးရေးဖို့ပြင်ဆင်တဲ့အခါမှာ T chart, Spidergram, Venn Diagram စတာတွေကို ဘယ်လိုအသုံးပြုရမလဲ ဆိုတာရှင်းပြပေးခဲ့ပြီး DUESEC ကြီးကို အဆုံးသတ်ခဲ့ပါတယ် ။

DUESEC Regular Programme ​တွေကို​တော့ အပါတ်​စဉ်​ အဂါင်္နဲ့ ဗုဒ္ဓဟူး​နေ့​တွေမှာ ၂:၁၅ မှ ၃:၁၅ အထိ run ​နေတာဖြစ်​လို့ စိတ်​ဝင်​စားတဲ့သူတိုင်း လှမ်းလာခဲ့ဖို့​ဖိတ်​​ခေါ်ပါတယ်​။

"Let's build English speaking community in Dagon University"

07/08/2018

HELLO DUESECians တို့​ရေ ...

ဒီ​နေ့မှာ​တော့ Ma Thet Htar Swe က Relationship ဆိုတဲ့ အကြောင်းကို DUESECian တွေနဲ့ ဆွေးနွေးခဲ့ပြီး Relationship နဲ့ ပက်သက်တဲ့ Usage, Phrasal Verb , Idioms စတာတွေ ကို ရှင်းပြ ဆွေးနွေးခဲ့ပါတယ် ။

Activity ​အနေနဲ့ Truth or Dare ဆိုတဲ့ ဂိမ်းလေးကို ကစားခဲ့ကြပြီး DUESECian အားလုံး ပိုမိုရင်းနှီးကျွမ်းဝင်လာတဲ့နောက်မှာ Relationship နဲ့ ပက်သက်တဲ့ Topic အချို့ကို DUESECian များက Public Speaking ပြုလုပ်ခဲ့ကြပါတယ်။

မနက်​ဖြန်​မှာတော့ ကျွန်တော်တို့ အင်္ဂလိပ်စာမှာ ၊ စာမေးပွဲတွေမှာ မပါမဖြစ် ပါလေ့ရှိတဲ့ အကြောင်းအရာ တခု အကြောင်း ဆွေးနွေးကြမှာမို့ ဆက်​ဆက်​လာခဲ့ကြနော်​။

DUESEC Regular Programme ​တွေကို​တော့ အပါတ်​စဉ်​ အဂါင်္နဲ့ ဗုဒ္ဓဟူး​နေ့​တွေမှာ ၂:၁၅ မှ ၃:၁၅ အထိ run ​နေတာဖြစ်​လို့ စိတ်​ဝင်​စားတဲ့သူတိုင်း လှမ်းလာခဲ့ဖို့​ဖိတ်​​ခေါ်ပါတယ်​။

"Let's build English speaking community in Dagon University"

24/07/2018

ဒီနေ့ DUESEC မှာ Ko Thiha Aung နဲ့ အတူ လေ့လာခဲ့တဲ့ Technology နဲ့ ဆိုင်တဲ့ Idioms တွေကို ပြန်လည် လေ့လာနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျ။

1. Push the panic button - lose your nerve
E.g. They have lost the last three football matches and now they are pushing the panic button.

2. not rocket science - not difficult to understand
E.g. Hey, come on ... 2 + 2 is not rocket science.

3. blow a fuse - lose your temper
E.g. If you keep making jokes of me, I’m going to blow a fuse.

4. get your wires crossed - have a misunderstanding with someone
E.g. I wanted a hot chocolate but she brought me a cappuccino. We had our wires crossed.

5. be light years ahead - be very advanced
E.g. India is light years ahead of Myanmar.

6. be on the same wavelength - have similar views
E.g. It’s so good to talk to you; we are on the same wavelength.

7. a well-oiled machine - a smooth-running organization
E.g. DUESEC is a well-oiled machine.

8. reinvent the wheel - waste time devising something that already exists
E.g. The company is often criticized for reinventing the wheel every time they produce a new product.

24/07/2018

HELLO DUESECians တို့​ရေ
ဒီ​နေ့က​တော့ DUESEC ရဲ့ Day 5 ဖြစ်​ပါတယ်​။

ဒီ​နေ့မှာ​တော့ ​နေ့စဉ်​လူ​နေမှုဘဝ​တွေမှာ ရင်းနီးပြီးသားဖြစ်​တဲ့ Technology အ​ကြောင်းကိုအ​ခြေခံပြီး ကို Thiha Aung နဲ့အတူတူ​ဆွေး​နွေးကြပါတယ်​။ ​​လက်​​တွေ့ဘဝမှာ အသုံးပြု​နေကြတဲ့ Electronic devices ​တွေရယ်​ သူတို့ရဲ့ အသုံးဝင်​ပုံ အ​ရေးပါပုံ စတာ​တွေရယ်​ကို ​ဆွေး​နွေးကြပါတယ်​။ ဒါ့အပြင်​ Tech နဲ့ ပါတ်​သတ်​တဲ့ Idioms ၈ ခုကိုလည်း မှတ်​သားခွင့်​ရကြပါ​သေးတယ်​။

ကိုHarry Min Khant က​တော့ Grammar အပိုင်းအ​နေနဲ့ 'prefer' ဆိုတဲ့ စကားလုံးကို မှန်​ကန်​စွာအသုံးပြုနိုင်​ဖို့ မျှ​ဝေ​ပေးခဲ့ပါတယ်​။ ဒါ့အပြင်​ အခြား​သော General knowledge ​တွေကိုပါ ​ဆွေး​နွေးခဲ့ပါတယ်​။

Activity ​တွေအ​နေနဲ့ concentration ​ကို trainingေ​ပးတဲ့ အမြန်​စဉ်းစား အမြန်​​ပြောရတာ​တွေ၊ whispering game ​တွေ​ဆော့ခဲ့ကြပါတယ်​။

မနက်​ဖြန်​က​တော့ Day 6 ဖြစ်​တာမို့ ဆက်​ဆက်​လာခဲ့ကြနော်​။ အတူတူဆုံကြမယ်​​။

DUESEC Regular Programme ​တွေကို​တော့ အပါတ်​စဉ်​ အဂါင်္နဲ့ ဗုဒ္ဓဟူး​နေ့​တွေမှာ ၂:၁၅ မှ ၃:၁၅ အထိ run ​နေတာဖြစ်​လို့ စိတ်​ဝင်​စားတဲ့သူတိုင်း လှမ်းလာခဲ့ဖို့​ဖိတ်​​ခေါ်ပါတယ်​။

"Let's build English speaking community in Dagon University"

18/07/2018

HELLO DUESECians တို့​ရေ
ဒီ​နေ့က​တော့ DUESEC ရဲ့ Day 4 ဖြစ်​ပါတယ်​။

ဒီ​နေ့မှာ​တော့ အားလုံးဘဲ သ​ဘောကျကြတဲ့ Food ဆိုတဲ့ ​ခေါင်းစဉ်​​လေးကို ကိုHarry Min Khant နဲ့အတူတူ​ဆွေး​နွေးကြပါတယ်​။ ​ပျော်​ဖို့​ကောင်းတာက​တော့ မြို့​တွေနဲ့ သူတို့​ဒေသမှာ နာမည်​ကြီးတဲ့ စားစရာ​တွေကို Matching တွဲတဲ့ activity ​လေးဖြစ်​ပါတယ်​။ ​နောက်​ပြီး Local food ​တွေ World food ​တွေကိုလည်း ​လေ့လာကြပါ​သေးတယ်​။ ​နောက်​ဆုံးမှာ​တော့ Favourite food ဆိုတဲ့​ခေါင်းစဉ်​​လေးကို​လေ့ကျင့်​ပြီး Presentation လုပ်​ခဲ့ကြပါတယ်​။

လာမယ့်​အပါတ်​ အင်္ဂါမှာ Day 5 ပြန်​စမှာဖြစ်​လို့ ဆက်​ဆက်​လာခဲ့​နော်​။ အတူတူဆုံကြမယ်​​။

DUESEC Regular Programme ​တွေကို​တော့ အပါတ်​စဉ်​ အဂါင်္နဲ့ ဗုဒ္ဓဟူး​နေ့​တွေမှာ ၂:၁၅ မှ ၃:၁၅ အထိ run ​နေတာဖြစ်​လို့ စိတ်​ဝင်​စားတဲ့သူတိုင်း လှမ်းလာခဲ့ဖို့​ဖိတ်​​ခေါ်ပါတယ်​။

"Let's build English speaking community in Dagon University"

17/07/2018

HELLO DUESECians တို့​ရေ
ဒီ​နေ့က​တော့ DUESEC ရဲ့ Day 3 ဖြစ်​ပါတယ်​။

ဒီ​နေ့မှာ​တော့ မMay Thet Khaing ရဲ့ True Love ဆိုတဲ့ ​ခေါင်းစဉ်​နဲ့ အင်္ဂလိပ်​စာ​လေ့လာခဲ့ကြပါတယ်​။ Vocabulary အသစ်​​တွေ မှတ်​သားရတဲ့အပြင်​ Critical thinking ပိုင်းပါ ​လေ့ကျင့်​ခဲ့ကြပါတယ်​။ အဆုံးသတ်​မှာ​တော့ ကိုHarry Min Khantရဲ့ Dream Partner ဆိုတဲ့ Activity ​လေးနဲ့ အဆုံးသတ်​ခဲ့ပါတယ်​။

Day 4 ဖြစ်​တဲ့ နက်​ဖြန်​မှာ အတူတူဆုံကြမယ်​​နော်

DUESEC Regular Programme ​တွေကို​တော့ အပါတ်​စဉ်​ အဂါင်္နဲ့ ဗုဒ္ဓဟူး​နေ့​တွေမှာ ၂:၁၅ မှ ၃:၁၅ အထိ run ​နေတာဖြစ်​လို့ စိတ်​ဝင်​စားတဲ့သူတိုင်း လှမ်းလာခဲ့ဖို့​ဖိတ်​​ခေါ်ပါတယ်​။

"Let's build English speaking community in Dagon University"

11/07/2018

HELLO DUESECians တို့​ရေ
ဒီ​နေ့က​တော့ DUESEC ရဲ့ Day 2 ဖြစ်​ပါတယ်​။

ဒီ​နေ့မှာ​လည်း ကိုHarry Min Khant က
MEN and WOMEN ဆိုတဲ့​ခေါင်းစဉ်​​အောက်​မှာ Society က လူ​တွေယူဆထားကြတဲ့ မိန်းက​လေးဆိုရင်​ ဒီလိုဖြစ်​ရမယ်​၊ ​ယောက်ျား​လေးဆိုရင်​​တော့ ဒီလိုဖြစ်​ရမယ်​ဆိုတဲ့ Stereotypes ​တွေ၊ ​ယောက်ျားနဲ့ မိန်းမမတူညီကြတဲ့ အပြုအမူအ​လေ့အထ​တွေ စိတ်​ပိုင်းဆိုင်​ရာကွဲပါးမှု​တွေကို DUESECians များနဲ့တူတူ ​ဆွေး​နွေးခဲ့ကြပါတယ်​။

*Scientist​s recently discovered that there are seventy-eight genetic differences between men and women.*

Grammar ပိုင်းမှာ​တော့
ဘယ်​အ​ခြေအ​နေမျိုးမှာ Simple Present, Simple Past, Present Continuous နဲ့ Past Continuous ​တွေကို သုံးသင့်​​ကြောင်း အလွယ်​ကူဆုံး​ပြောပြ​ပေးပြီး exercises ​တွေလုပ်​ခဲ့ကြပါတယ်​။ ဒါ့အပြင်​ ငယ်​ငယ်​က သိခဲ့ပြီးသား V1, V2 ​တွေကို V1, V2 ဆိုတာထက်​ Simple Present, Simple Past လို့​ပြောင်းလဲ​ခေါ်သင့်​ကြောင်း တိုက်​တွန်းခဲ့ပါ​သေးတယ်​။

Day 3 က​တော့ ​နောက်​တစ်​ပါတ်​ အင်္ဂါမှာ ပြန်​စမှာဖြစ်​လို့ တူတူဆုံကြမယ်​​နော်

DUESEC Regular Programme ​တွေကို​တော့ အပါတ်​စဉ်​ အဂါင်္နဲ့ ဗုဒ္ဓဟူး​နေ့​တွေမှာ ၂:၁၅ မှ ၃:၁၅ အထိ run ​နေတာဖြစ်​လို့ စိတ်​ဝင်​စားတဲ့သူတိုင်း လှမ်းလာခဲ့ဖို့​ဖိတ်​​ခေါ်ပါတယ်​။

"Let's build English speaking community in Dagon University"

10/07/2018

HELLO DUESECians တို့​ရေ
Second semester အတွက်​ DUESEC ရဲ့ Regular programme ​တွေပြန်​လာပါပြီ။

ဒီ​နေ့မှာ​တော့ ကိုHarry Min Khant က emotional adjectives ​တွေအပြင်​ ကိုယ့်​စိတ်​ထဲမှာ​ရော သူများ​ကိုကြည့်​လိုက်​ရင်​​ရော သိနိုင်​တဲ့ အ​ခြေခံအကျဆုံး 6 basic emotion​al adjectives ​တွေကို ​လေ့လာခဲ့ကြပါတယ်​။ ဒါ​တွေက​တော့
• Fear
• Angry
• Distress
• Joy
• Suprise
• Disgust တို့ဖြစ်​ပါတယ်​။

ပျော်​စရာအ​နေနဲ့ DUESEC's got talent ဆိုပြီး ဒီ Adjectives ​လေး​တွေကို သရုပ်​​ဆောင်​ကြည့်​ကြပါတယ်​။

ဒါ့အပြင်​ adjective ​တွေ​တွေ့လိုက်​ရင်​ ​ဝေဝါးသွား​လေ့ရှိတဲ့ -ing ​ပေါင်းမှာလား -ed ​ပေါင်းမှာလားဆိုတဲ့ tips ​လေး​တွေကိုပါ ​ဝေမျှ​ပေးပြီး exercise ​တွေလည်း လုပ်​ခဲ့ကြပါတယ်​။

DUESEC Regular Programme ​တွေကို​တော့ အပါတ်​စဉ်​ အဂါင်္နဲ့ ဗုဒ္ဓဟူး​နေ့​တွေမှာ ၂:၁၅ မှ ၃:၁၅ အထိ run ​နေတာဖြစ်​လို့ စိတ်​ဝင်​စားတဲ့သူတိုင်း လှမ်းလာခဲ့ဖို့​ဖိတ်​​ခေါ်ပါတယ်​။

"Let's build English speaking community in Dagon University"

04/07/2018

ဒီတစ်​ခါမှာ​တော့ DU English Department က Homies ​လေး​တွေအတွက်​ အရမ်းကိုအဆင်​​ပြေ​စေမယ့်​ DUESEC Corner ​လေးကို မိတ်​ဆက်​​ပေးသွားမှာဖြစ်​ပါတယ်​။

အ​​ဆောင်​ဝင်​ဝင်​လိုက်​ခြင်းမှာဘဲ ညာဘက်​အခြမ်းမှာ DUESEC Corner ​လေးက သင့်​ကို​စောင့်​ကြို​နေမှာပါ။

• DUESEC Corner ဆိုတာဘာလဲ?
DUESEC Corner မှာ Category ၄ ခုရှိပါတယ်​။
1) DUESEC's Activities
2) Literature
3) Information
4) Scholarships

• DUESEC's Activities အခြမ်းမှာ​တော့ ကျွန်​​တော်​တို့ DUESEC ရဲ့ info အပြည့်​အစုံကို ​လေ့လာနိင်​မှာဖြစ်​သလို Membership သတင်းများ၊ အပါတ်​စဉ်​ လစဉ်​ လှုပ်​ရှားမယ့်​ Programme များ၊ Activity များကို ​ဖော်​ပြ​ပေးထားပါတယ်​။ 🤓

• Literature အပိုင်းမှာ​တော့ ကမ္ဘာ​ကျော်​ စာ​ရေးဆရာကြီးများရဲ့ ​ကောင်းနိုးရာရာ Short story များ poem များကို အပါတ်​စဉ်​ တနင်္လာ​နေ့တိုင်း တစ်​ပါတ်​တစ်​မျိုးစီ Update လုပ်​​ပေးမှာဖြစ်​ပါတယ်​။ စာဖတ်​ရမှာပျင်းတဲ့ သူငယ်​ချင်း​တွေအတွက်​ တကူးတက Library သွားစရာမလိုဘဲ ​ကျောင်းသွား/​ကျောင်းပြန်​ရင်း အပျင်း​ပြေ ဖတ်​ရှု​လေ့လာနိုင်​ပါတယ်​။ 😉

ထူးထူးခြားခြားအ​နေနဲ့​တော့ စာ​ရေးသားရတာဝါသနာပါတဲ့ သူငယ်​ချင်း​တွေအ​နေနဲ့ မိမိတို့ က​လောင်​​သွေးတဲ့အ​နေနဲ့ စာမူများကိုလည်း ​အောက်​ပါ Email- [email protected] ကို တိုက်​ရိုက်​ဆက်​သွယ်​​ပေးပို့နိုင်​ပါတယ်​။ ဒဂုံတက္ကသိုလ်​ မည်​သည့်​​မေဂျာ အထူးပြု ​ကျောင်းသား/​သူမဆို အင်္ဂလိပ်​ဘာသာဖြင့်​ ​ရေးသားထား​သော ကဗျာများ၊ ဝတ္ထုတိုများကို အလျင်းသင့်​သလို ​ပေးပို့နိုင်​ပါတယ်​။ အ​ရွေးချယ်​ခံရ​သော စာမူများကို ရက်​သတ္တပတ်​ တင်​ပြထားမှာဖြစ်​ပါတယ်​။ 😊

• Information section မှာ​တော့ ​တက္ကသိုလ်​အတွင်းမှ သတင်းအ​ကြောင်းအရာအစုံစုံ၊ အားကစားပြိုင်​ပွဲများ၊ ပွဲလမ်းသဘင်​များ၊ Programme များ စတဲ့စိတ်​ဝင်​စားဖွယ်​ရာ အ​ကြောင်းအရာ​ပေါင်းစုံကို ​လေ့လာနိုင်​ပါတယ်​။ 😃

• Scholarships အပိုင်းက​တော့ တက္ကသိုလ်​​ကျောင်းသား/​သူ အားလုံးအတွက်​ အဆင်​အ​ပြေဆုံးနဲ့ စိတ်​ဝင်​စားဖွယ်​ရာအ​ကောင်းဆုံး Section ဖြစ်​မှာပါ။ ဒီအပိုင်းမှာ​တော့ ​ကျောင်းတွင်း/ အစိုးရမှ တိုက်​ရိုက်​​ခေါ်တဲ့ Scholarship များ/ Programme များ/ Exchange များအပြင်​ ပြင်​ပအဖွဲ့အစည်းများမှ ယခုလက်​ရှိ ​လျှောက်​ထားလို့ရနိုင်​မယ့်​ Scholarships ​ပေါင်းစုံကို ​ဖော်​​ပြ​ပေးထားမှာဖြစ်​ပါတယ်​။ 😍

• ဒီ Category ၄ ခုလုံးဟာ အချိန်​နဲ့ တ​ပြေးညီ အမြဲတမ်း Update လုပ်​​နေမှာဖြစ်​လို့
ကျောင်းလာချိန်​ဘဲ ဖြစ်​ဖြစ်
ကျောင်းဆင်းချိန်​ဘဲ ဖြစ်​ဖြစ်
Breaktime ဘဲ ဖြစ်​ဖြစ်
ဖြတ်​သွားဖြတ်​လာဘဲ ဖြစ်​ဖြစ်
DUESEC Corner ​လေးကို လှမ်းကြည့်​ဖို့ လိုမယ်​​နော်​။

03/07/2018

သင်လည်း DUESECian တစ်ယောက် ဖြစ်နိုင်ပြါ
ပီ ! !

သင်သိပါသလား
လာမယ့် အပတ် အင်္ဂါနေ့​မှာ DUESEC ကြီး ပြန်​စပြီဆိုတာ ...

သင်သိပါသလား
သင် DUESECian တစ်ယောက်ဖြစ်နိုင်ပြီဆိုတာ ...

Member ဟောင်းတွေလည်း DUESEC member ဝင် ပြန်ဖြစ်နိုင်ပြီး Member သစ်တွေလည်း DUESECian ဖြစ်နိုင်မယ့် အခွင့်အရေးဟာ သင့်လက်တစ်ကမ်းမှာပဲ ဖြစ်ပါတယ် ။

ဒါကြောင့် Registration Form ဖြည့်ပြီး ခုပဲ member ဝင်လိုက်ပါ။

Registration နဲ့ ပက်သက်ပြီး နည်းနည်း လောက်ပြောပြချင်ပါတယ် 🤗

အားလုံး သိကျတဲ့ အတိုင်း DUESEC Registration Fee ဟာ 3000 kyats ဖြစ်ပါတယ်။

သတင်းကောင်း အနေနဲ့

Member ဟောင်းတွေ အရင်လို Registration Fee 3000 Kyats

*မဟုတ်တော့ပါဘူး*

Premium plan အတွက်​ 2000 kyats သာ ကျသင့်တော့ မှာဖြစ်ပါတယ် ! WOW!

Member ဝင်အသစ်တွေအနေနဲ့ Deluxe plan ကိုသာ ​လျှောက်​ထားခွင့်​ရှိပါတယ်​​နော်​။

Double Discount ရှိပါသေးတယ် !!!

ဒါကတော့ ဒီ post ကို ကိုယ့်​ သူငယ်​ချင်း ၃​ယောက်​ကို Tag ပြီး Share လိုက်ရုံနဲ့ 20 % Discount ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ Share ထားတဲ့ Screenshot ကို CB မှာ ပို့​ပေးရမှာဖြစ်​ပါတယ်​။
Deluxe ​ရော Premium ​ရော နှစ်​ခုလုံးအတွက်​ အကျုံးဝင်​မှာဖြစ်​ပါတယ်​။

ဟုတ်ပါတယ် ... DELUXE Member သစ်တွေကော PREMIUM Member တွေပါ ရယူနိုင်ပါတယ် ။
Member သစ်တွေ အနေနဲ့ 2400 သာ ကျသင့်တော့မည်ဖြစ်ပြီး
Member ဟောင်းတွေ အနေနဲ့ 1600 သာ ကျသင့်မှာဖြစ်ပါတယ် ။

ဘာကြည့်နေသေးတာတုန်း Share ကျတော့လေ 😜

Register လုပ်လိုပါက

Ko Myat Min Khant(2nd Year, Honours) - 09420133751
Ko Thiha Aung (Third Year Section A) - 09967715592
Ma Thet Htar Swe (Third Year Section D) - 09793689221
MaMay Thet Khaing (Third Year Section D) - 09799484020 တို့ထံမှာ Registration Form ကို ထုတ်ယူနိုင်ပါတယ် ။

*** July လအတွင်း Registration လုပ်​တဲ့ Member များကို DUESEC 1st Edition T-shirt မဲ​ဖောက်​​ပေးသွားမှာဖြစ်​ပါတယ်​ ***

အားလုံးပဲ နောက်တစ်ပတ် အင်္ဂါနေ့ ပြန်လည် တွေ့ဆုံကြမယ်နော် ။

ကောင်းသော ညလေးဖြစ်ပါစေ ။

22/06/2018

DUESEC ပြန်​စပါပြီ!
အခု 2nd Semester မှာ English Proficiency တစ်​မျိုးထဲအတွက်​မဟုတ်​ဘဲ အပြင်​လက်​​တွေ့ဘဝ/ လုပ်​ငန်းခွင်​မှာပါ တကယ်​လိုအပ်​ပြီး အကျိုးရှိ​စေမယ့်​ Soft skills ​တွေကိုပါ အဓိကထားပြီး ​လေ့ကျင့်​​ပေးသွားမှာ ဖြစ်​ပါတယ်​။ ယခင်​ပုံမှန်​သွား​နေကြ Regular programme ​​တွေထက်​ ယခု semester မှာ ပိုမိုစိတ်​ဝင်​စားဖွယ်​​ကောင်းတဲ့ Course အသစ်​​တွေနဲ့ တဖန်​ပြန်​လာပါပြီ။

Membership ပုံစံ​တွေကို မကြာခင်​မှာ ထုတ်​ပြန်​သွားမှာဖြစ်​ပါတယ်​။ Dagon University မှ မည်​သည့်​ ​မေဂျာအထူးပြု​ကျောင်းသား၊ ​ကျောင်းသူမဆို ​လျှောက်​ထားနိုင်​ပါပြီ။

တက္ကသိုလ်​တက်​​နေစဉ်​ကာလအတွင်း အချိန်​​တွေကို အကျိုးရှိစွာ အသုံးချလိုက်​ကြရ​အောင်​​နော်​။
သင်​လည်း DUESECian တစ်​​ယောက်​ဖြစ်​နိုင်​ပါပြီ။

21/06/2018

သင်သိပါသလား ???

DUESEC ပြန်စတော့မယ်ဆိုတာ

17/06/2018

ကဲ DUESEC ပရိသတ် တို့ ရေ
ပြန်လာပါပြီ
General Knowledge ပြန်လာပါပြီ
မနေ့က အကြောင်း အမျိုး မျိုး ကြောင့် မတင်ဆက် ပေးလိုက် ရတာပါ
ဒါကြောင့် ဒီနေ့ တော့ စိတ်ဝင်စား စရာ အ ကြောင်း အရာ အချို့နဲ့ ပြန်လာ ပါတော့မယ်......
ကဲ ဟုတိပြီ ဒီနေ့ တင်ဆက် ပေးချင်တာ ကတော့ အဖွဲ့အစည်း တစ်ခု ရဲ့ အကြောင်း ကို ပါ
ဘယ်လို အဖွဲ့ အစည်း လဲ ဆိုတော့ .....
ဥရောပ သမဂ္ဂ (အီးယူ)
European Union (EU) လို့ ခေါ်တွင်တဲ့ အဖွဲ့ ကြီး အကြောင်း ပဲ ဖြစ် ပါတယ်
ဒါဆို အတူတူ ဆကိပြီး လေ့လာ ကြရအောင် နော်
သူ့ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ် ဆို ရင် ၁၉၉၄ ခုနှစ် အထိ အဖွဲ့ အစည်း သုံးခု ပါဝင် ဖွဲ့စည်းထားတဲ့
ဥရောပ အဖွဲ့ ( European Community )EC
ဆိုပြီး ဖြစ်တည် နေခဲ့တာပါ......
ယခု အချိနိ အထိ လည်း အဆိုပါ အဖွဲ့ အစည်း ၃ ခုပေါင်းပြီးး ဆက်လက် တည်ရှိနေခဲ့တာ ဖြစိပြီး EC မှ ယခု အခေါ် EU ကို ပြောင်းလဲ ခဲ့တာပါပဲ
အဆိုပါ ပါဝင် စုပေါင်းထားတဲ့ အဖွဲ့ ၃ ဖွဲ့ ရဲ့ နာမည် တွေကို လည်း တင်ဆက် ပေးပါ့မယ်....
၁။ ဥရောပ စီးပွားရေး အဖွဲ့
European Community ( Common Market )
၂။ ဥရောပကျောက်မီးသွေးနှင့်သံမဏိအဖွဲ့
European Coal and Steel Community
၃။ ဥရောပ အဏုမြူ စွမ်းအင် အဖွဲ့ (ယူရေတွန်)
European Atomic Energy and Community ( Euratom ) စတဲ့ အဖွဲ့ တွေ ပဲ
ဖြစ်ပါတယ်....
အဖွဲ့ဝင် နိုင်ငံ တွေ အကြောငိးကို တင်ဆကိ ပေး ရမယ် ဆို ရင်တော့
၂၀၀၁ ခုနှစ် အထိ တင်းပြည့် အဖွဲ့ ဝင် တွေ အဖြစ် ၁၅ နို်င်ငံ အထိ ရှိပါတယ်...
ဩစတြီးယား ၊ ဘယ်လ်ဂျီယံ ၊ ဒိန်းမတ် ၊ ပြင်သစ် ၊ ဂျာမနီ ၊ ဂရိ ၊ အိုင်ယာလန် ၊ အီတလီ ၊ လူဇင် ဘတ် ၊ နယ်သာလန် ၊ ပေါ်တူဂီ ၊ စပိန် ၊ ဆွီဒင် နဲ့ ယူနိုက်တက် ကင်းဒမ်း တို့ပဲ ဖြစ်ကြပါတယ်
၂၀၀၄ ခုနှစ် မေလ ၁ ရက် နေ့မှာတော့ အဆိုပါ EU အဖွဲ့ ထဲမှာ ဆိုက်ပရပ်စ် ၊ ချက်သမ္မတ နိုင်ငံ ၊ အက်စတိုး နီးယား ၊ ဟန် ဂေရီ ၊ လတ်ဗီးယား ၊ လစ်သူရေးနီးယား ၊ မောလ်တာ ၊ ပိုလန် ၊ ဆလို ဗက်ကီးယား နဲ့ ဆလို ဗေးနီးယား တို့ ပါ အဖွဲ့ ဝင် အသစ် တွေ အဖြစ် ဝင်ရောက်လာခဲ့ကြလို့ EU ဟာ ဥရော ပ တစ်လွှားး ကို လွှမ်းခြုံ လာနိုင်တာပါပဲ
EU ရဲ့ အဓိက goal ကို ပြပါဆို ရင် တော့ ဘုံ ( common ) ပါပဲ...
အဖွဲ့ဝင် နိုင်ငံတွေအကြား ဘုံနိုင်ငံခြား ရေး ဝါဒ ၊ ဘုံကာကွယ် ရေး မူဝါဒ ၊ဘုံ လူမှုရေး ဝါဒ စတာ တွေ နဲ့ ရည်ရွယ်ထား ရှိတာပါ
ဒီဘက် နောက်ပိုင်း ထူးခြား ချက်ကို ပြောပါဆို ရင်တော့ တင်းပြည့် အဖွဲ့ ၁၅ နိုင်ငံ ထဲက ၁၁ နိုင်ငံမှာ ယူရို ဆိုတဲ့ ဥရောပ ငွေကြေး ကို အတူတူ သူံးစွဲ ကြတယ်
ဒါပေမယ့် နောက်ထပ် လတ်တလော ထူးခြား ချက်ကတော့ အားလုံး သိကြတဲ့ အတိုင်း ပဲ ဗြိတိန် နိုင်ငံက ( Brexit ) လို့ခေါ်တဲ့ EU က နေနုတ်ထွက်လိုက်တဲ့ ကိစ္စ ပါပဲ
ဒါပေမယ့်လည်း EU ကတော့ ရည်မှန်း ချက် တွေ နှင့် ရှေ့ကို ဆက်လက် ချီတက် နေဆဲပါပဲ
ကမ္ဘာ ပေါ်က အင်အား ကြီ အဖွဲ့ အစည်း တစ်ခု ဖြစ်တဲ့ ယခု EU အဖွဲ့ ကြီးရဲ့ ရုံးချုပ်ကိုတော့ ဘယ်လ်ဂျီယံ နိုင်ငံ
ဘရပ်ဆဲလ် မြို့မှာ အခြေစိုက် ထား ရှိပါတယ်

ကဲ ဒီနေ့တော့ အခုလို EU အဖွဲ့ ကြီး အကြောင်း တီးမိခေါက်မိ ရှိသွား လို့ နိုင်ငံ တကာ ရေးရာ စိတ်ဝင်စား တဲ့ သူတွေ အတွက်ပါ အထောက်အကူ ဖြစ်လိမ့်မယ် လို့ ယူဆပါတယ်

ကဲ နောက်အပတ် မှာ ရော ဘယ်လို မျိုး အကြောင်း အရာ တွေ နဲ့ ပြန် လာ ဦးမလဲ ဆိုတာကတော့.....
GENERAL KNOWLEDGE ကို စောင့်နေနော် .......

Text Source ... Wikipedia
Image Source.. Google Images

11/06/2018

Walkie Talkie Movie (Part 2)

ကျောင်းပြန်​ဖွင့်​ပြီဆို​တော့
အကုန်​လုံးလည်း ​ကျောင်းပြန်​တက်​​နေကြရပြီဟုတ်​?
လွန်​ခဲ့တဲ့ ပိတ်​ရက်​က DUESEC Gathering ​လေးကို​တော့ ဘယ်​​တော့မှ ​မေ့မှာမဟုတ်​ဖူးမလား?
ပျင်းရိညည်း​ငွေ့ဖွယ်​ ​ကျောင်းတက်​ရတဲ့ကာလမှာ Gathering တုန်းက အဖြစ်​အပျက်​​တွေကို ပြန်​လည်​ အမှတ်​ရ​စေဖို့ မျှ​ဝေလိုက်​ပါတယ်​။

11/06/2018

Walkie Talkie Movie (Part 1)

ကျောင်းပြန်​ဖွင့်​ပြီဆို​တော့
အကုန်​လုံးလည်း ​ကျောင်းပြန်​တက်​​နေကြရပြီဟုတ်​?
လွန်​ခဲ့တဲ့ ပိတ်​ရက်​က DUESEC Gathering ​လေးကို​တော့ ဘယ်​​တော့မှ ​မေ့မှာမဟုတ်​ဖူးမလား?
ပျင်းရိညည်း​ငွေ့ဖွယ်​ ​ကျောင်းတက်​ရတဲ့ကာလမှာ Gathering တုန်းက အဖြစ်​အပျက်​​တွေကို ပြန်​လည်​ အမှတ်​ရ​စေဖို့ မျှ​ဝေလိုက်​ပါတယ်​။

10/06/2018

Hi
DUESECians တို့ ရေ.....

မနေ့က ခရီးသွား လိုက်ရတာ ရေတံ ခွန် လေး တွေ
အကြောင်း လေ့လာ လိုက် ရတာ စိတ်ထဲ တစ်မျိုးတော့ အေးချမ်းသွားမယ် ထင်ပါတယ်

အခု နောက်ထပ် တစ်နေရာ အနေနဲ့တော့ နည်းနည်း ပူတဲ့ သဲကန္တာရ များ ဆီကို ထပ်ပြီးခရီးသွား ကြရအောင် နော်
ဟုတ်ပါတယ် ကမ္ဘာ ပေါ်က အကြီးဆုံး သဲကန္တာ ရ များ
အကြောင်း ကို တင်ဆက် ပေးချင်ပါတယ်

ကဲ ပူပေမယ့်လည်း မရောက် ဖူးတဲ့ နေရာ ဆန်းဆန်းလေးတွေ မို့ လေ့လာ ကြည့် ရအောင် နော်......

09/06/2018

ပရိသတ်ကြီးတို့ ရေ..... 😁

ဒီနေ့မှာတော့ ကမ္ဘာ ပေါ်က နေရာ အချို့ကို ယခု General Knowledge Program လေးကနေ တစ်ဆင့် တူတူ အလည် သွား ကြ ရအောင် 😉

ဟုတ်ပါတယ် ဒီ အပတ် တင်ဆက် ပေးမယ့် ဗဟုသု တ လေး ကတော့ Travelogue လေး တစ်ခု လို ကမ္ဘာပေါ် မှာ အလှဆူံးး ခရီးသွား လို့ အကောင်းဆုံး ရေတံခွန် နေရာ လေးတွေ ကို ပဲ စုစည်း ပြီး ဗဟုသုတ အနေနဲ့ရော စိတ်အပန်း ဖြေစရာ အနေနဲ့ပါ တင်ဆကိ ပေးသွားတော့
မှာပါ 😯

ကဲ ဒါဆို ဘယ် တွေ ကို စသွားမလဲ ဆိုတာ တစ်ပုံ ချင်းစီ လိုက်ပြီး စီးမျော ခံစား ကြည့်ကြတာပေါ့ 😍

06/06/2018

Wednesday : Idioms (Week 5)
------------------------------------------------------
ဗုဒ္ဓဟူး​နေ့တိုင်းမှာဆိုရင်​ လက်​​တွေ့မှာ အသုံးဝင်​နိုင်​မယ့်​ Idioms အသုံးနှုန်း​လေးတွေကို တင်​ဆက်​​ပေးသွားမှာဖြစ်​ပါတယ်​။

- would rather- prefer
e.g. I would rather have a cup of coffee in such cold weather.

- take turns- do something alternately with other persons
e.g. There is only one dictionary so you will have to take turns using it.

- look forward to something-anticipate with pleasure
e.g. I'm looking forward to going back to university.

- make the most of something- do the best one can in a situation; get as much as possible out of it
e.g. Make the most of lessons you have learnt at school.

- stand a chance- have a possibility
e.g. He stands a chance to become a pop star.

တင်​ပြီးသား Idioms ​တွေကို ပြန်​လည်​ရှာ​ဖွေ စု​ဆောင်းချင်​ရင်​​တော့ search bar မှာ လို့ရိုက်​နှိပ်​ပြီး ပြန်​လည်​ရှာ​ဖွေနိုင်​ပါတယ်​​နော်​။

03/06/2018

Hello 😊
DUESEC ပရိသတ် ကြီးတို့ ရေ
မနေ့က တင်ဆက် ပေးခဲ့တဲ့
ကမ္ဘာ့ ဖလား ရဲ့ ဘောလုံး ကွင်း တွေ အကြောင်းတော့ သိပြီး ကြပြီ ထင်ပါတယ်

ကွင်းကြီးတွေက တော့ အကျယ်ကြီး တွေနော်
အိမ်လုပ်ပြီး နေလို့ ရရင် ရှယ် ပဲ 😁

အိုကေ နောက်တာပါ

ဒါဆို ရင် ဒီနေ့ ဘာတွေ ထပ်ပြီး တင်ဆက် ပေးမှာ လဲ?
တကယ် တော့ ဒီ ရက်သတ္တပတ် က WORLD CUP SPECIAL လို့ ခေါ်လို့ ရမယ့် အပတ်ပါပဲ 😉

ဒါကြောင့် ဗဟုသုတ တွေကို ကမ္ဘာ့ ဖလား နဲ့ ပက်သက် တာ လေးတွေ ကို ပဲ အထူး ရွေး ချယ် တင်ဆက် ပေစနေတာပါ
ဒါဆို ရင်တော့ ဒိနေ့မှာ
WORLD CUP နဲ့ ပက်သက် တဲ့ အချက် အလက် တစ်ချို့ ကိုပဲ မှတ်သား ဖွယ် ဖြစ်အောင် တင်ဆက် ပေးချင်
ပါတယ်😎

ဒါဆို ရင် ဒီ WORLD CUP ကြီး ကို
ဘယ်တုန်းက ဘယ်လို စတင်ခဲ့ပြီးတော့ ဘယ်လိုများ ကမ္ဘာ ကျော်သွားတာ ပါလိမ့် လို့ သိချင် ကြလိမ့်မယ် ထင်ပါတယ်.....

ဒါဆို ကြည့်ကြရအောင်....
ဒီ WORLD CUP ကြီး ကိုတော့ ၁၉၃၀ ပြည့်နှစ်မှာ စတင်ပြီးတော့ ကျင်းပ ခဲ့ တာပါ 🌏

ဒါပေမယ့် လို့ ၁၉၄၂ နဲ့ ၁၉၄၆ ခုနှစ် မှာတော့ ကမ္ဘာ စစ် ကြီး တွေ ဖြစ်ပွား နေခဲ့လို့ ကမ္ဘာ့ ဖလား ပွဲကြီးကို မကျင်း ပနိုင်ခဲ့တာ ပါ

ဒါဆို ရင် ဘယ်နှစ်သင်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရှိတာလည်း ကြည့်ရအောင် ပါ
စုစုပေါင်း FIFA အဖွဲ့ ဝင် ၂၂၁ အသင်း အထိ ဝငိ ရောက် ယှဉ် ပြိုင်တာ ပါ
ဒါဆိုရင် တော့ တစ်ခုခု မှားနေ ပြီ လို့ ထင် ကြပါလိမ့်မယ်

ရှင်းပြပါ့မယ် ခင်ဗျ 😉
ဒီ ၂၂၁ သင်း လူံး က ၄ နှစ် တစ်ကြိမ် ကျင်း ပတဲ့ ဒီပွဲကြီး နောက်ဆုံး အဆင့် မတိုင် ခင် နှစ် နှစ် ခန့် အလို ကတည်းက ကမ္ဘာ့ ဖလား ခြေစစ်ပွဲ ဆိုတဲ့ နာမည် နဲ့ အဆင့်ဆင့် ဒေသ အလိုက် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြတာပါ

နောက်ဆုံးမှာတော့ ယခု လက် ရှိ ၄ သင်း တစ်အုပ်စု နဲ့ ၈ အုပ်စု စာ အသင်း ပေါင်း ၃၂ နှစ် သင်း နဲ့ အဆင့် ကို ရောက်လာတာပါ

ဒါကိုတော့ အိမ်ရှင် နိုင်ငံ တစ်နိုင်ငံ ကနေ လက်ခံ ပြီးတော့ ကျင်းပပေး ရတာ ဖြစ်ပြီး ကံကောင်း တာ တစ်လုကတော့ အဲ့ဒီ အိမ်ရှင် နိုင်ငံ ဟာ ၂၂၁ အသင်း အဆင့်ကတည်း က ခြေစစ်ပွဲ ဝင် ရောက် စရာ မလိုပဲ ယှဉ် ပြိုင်ခွင့် ရရှိတာ ပါ.... 😯

ဒါဆို ရင် လက်ရှိ ချန်ပီယံ အသင်း က???

ဘောလုံး ပရိသတ် အစစ် အမှန် တွေတော့ သေချာပေါက် သိကြမှာ ပါ
၂၀၁၄ ခုနှစ်က ချန်ပီယံ ဖြစ်ခဲ့တဲ့ ဂျာမနီ အသင်းပါ အာဂျင်တီးနား အသင်း ကို တစ်ဂိုး ဂိုး မရှိ ဆိုတဲ့ ရလဒ် နဲ့ အချိန် ပို အထိ ကစား ပြီး အနိုင်ယူနိုင်ခဲ့တာပါ ⚽

ဒါဆို ရင် အအောင်မြင်ဆုံး အသင်း ကရော?

ဒါကတော့ ရှင်းပါတယ်
ကမ္ဘာ မှာ ဘောလုံး လို့ ပြော ရင် နာမည် တစ်လုံးတည်း ထွက်လာ တတ်ကြတဲ့ " ဘရာဇီး " အသင်း ပါပဲ
ဟုတ်ပါတယ် ဘရာဇီး အသင်းကတော့ ချနိပီယံ ဆု ၅ ကြိမ် အထိ ရထား ပြီးတော့ အအောင်မြင်ဆုံး အသင်းအနေနဲ့ ရပ်တည် နေ နိုင်ပါတယ် ⚽⚽⚽⚽⚽

ကဲ ဒါဆို ရငိတော့ ဒီ နှစ်ရော ဘယ် အသင်းတွေ ဘယ်လို ရလဒ် ယူနိုင် ကြမလဲ ဆိုတာကို စောင့်ကြည့် ကြရင်း ဒီ တစ်ပတ် အတွက် world cup special general knowledge program လေးကို ဒီမှာ ပဲ အဆုံး သတ်လိုက်ပါတယ်

အားကစား ဝါသနာ ရှင် ပရိသတ် များ... အဲလေ
ယောင်လို့ ....
DUESEC ပရိသတ် ကြီး တာ့တာပါ လို့
နောက်တစ်ပတ် ပိတ်ရက် မှာရော ဘယ် လို ဗဟုသုတ တွေ သယ်ဆောင်လာပေး မလဲ တူတူ စောင့်ကြည့်ရအောင် ပါ.......

Text Source....Wikipedia
Image Source...Google Images

02/06/2018

ပရိသတ် ကြီး ရေ
ဒီနေ့ တင်ဆက် ပေးမယ့် General Knowledge Program လေးကတော့ အတော်လေး စိတ်ဝင်စားဖို့ ကောင်းမှာ သေချာ ပါတယ် ခင်ဗျ
ဘာလို့လဲ ဆိုတော့ အခုတ လော နာမည် ကြီးပြီး အများ စိတ်ဝင် စားနေကြတဲ့ ပွဲ အကြောင်းနဲ့ ဆက်စပ် ပြီး တင်ဆက် ပေး ချင်တာ မို့လို့ ပါ ခင်ဗျ
ဒါဆို ဘာပွဲ များ လဲ?
ယောက်ျားလေး တွေဆို ပိုပြီး စိတ်ဝင်စား ကြလိမ့်မယ် ထင်ပါတယ်
ဟုတ်ပါတယ်
၂၀၁၈ ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲ ကြီးပါ
ဒီပွဲကြီး နဲ့ ပက်သက်တဲ့ အ ချက် အလက် တစ်ချို့ကို စတင် တင် ဆက် ပေး ပါရစေ
ဒီ ၂၀၁၈ ကမ္ဘာ့ ဖလား ပွဲကြီး ကို ရုရှား နိုင်ငံ က
အိမ်ရှင် အဖြစ် လက်ခံ ကျင်း ပပေး သွားမှာ ဖြစ်ပါတယ်
အဆိုပါ ပွဲကြီး မှာ အသုံး ပြုသွား မယ့် ကွင်းတွေ ကို ဗဟုသုတ ရဖွယ် တင်ဆက် ပေးပါတော့မယ်

01/06/2018

Friday : Review ( Week 5 )

——————WONDER——————

ဒီဇာတ်ကားကတော့ လူတိုင်း ကြည့်သင့်တဲ့ ဇာတ်ကားလေး တစ်ကားဖြစ်ပါတယ်။

အဓိကဇာတ်ကောင်လေးဖြစ်တဲ့ August Pullman (Auggie ) ဟာမွေးရာပါ ချို့ယွင်းချက်တွေနဲ့ခွဲစိပ်မှုပေါင်းများစွာ ပြုလုပ်ခဲ့ရပြီး ပုံမှန်လူတွေလို မျက်နှာအသွင်အပြင်မရှိရှာတဲ့ ကလေးတစ်ယောက် ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ချပြထားတဲ့ပုံလေးက ရည်ရွယ်ချက်ကောင်းပြီး နှစ်လိုဖွယ်ရှိလှပါတယ်။
သားသမီးတွေအပေါ်ထားတဲ့ မိဘတွေရဲ့မေတ္တာ၊ ကိုယ့်မောင်လေးအတွက် မိဘတွေရဲ့မေတ္တာကို ကြည်ကြည်ဖြူဖြူ ခွဲဝေပေးတဲ့ အစ်မတစ်ယောက်ရဲ့မေတ္တာ နဲ့ သည်းခံစိတ်၊ မိဘမောင်နှမတွေရဲ့ အားပေးမှု၊ ကူညီရိုင်းပင်းထောက်ပံ့မှုတွေနဲ့ အားတင်းအရှုံးမပေးတတ်တဲ့ Auggie စသည်ဖြင့် မိသားစုတစ်ခုမှာရှိရမယ့် မိသားစုစိတ်ဓာတ်ကိုအပြည့်အ၀ဖော်ညွှန်းထားပါတယ်။

ဒါ့အပြင် မိသားစုတစ်စုတည်းကို ဦးတည်မသွားဘဲ ပတ်ဝန်းကျင်ကသူတွေရဲ့ ကိုယ်ပိုင်ပြဿနာတွေ နဲ့ ဒီပြဿနာတွေကို ဘယ်လို ပြန်လည် ကိုင်တွယ်ဖြေရှင်းခဲ့သလဲ စတာတွေကိုပါ ပြသခဲ့ပြီး လူတိုင်းဟာ သူ့အကြောင်းနဲ့ သူဆိုတာကို ချပြခဲ့ပါတယ် ။

ဒီဇာတ်ကားလေးကြည့်ရင်း ရင်ထဲခံစားရပြီး ကျန်ရစ်ခဲ့တာတွေ၊ ခေါင်းထဲတွေးမိတာတွေ ပေါ်လာတဲ့ထိ ရည်ရွယ်ချက်ကို ထိထိမိမိ ချပြနိင်ခဲ့တဲ့ ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။

လူတိုင်း ကြည့်သင့်ကြည့်ထိုက် ကြည့်ပျော်တဲ့ ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် ညွှန်းဆိုလိုက်ပါတယ် ။

Fun Fact : က​လေး​လေးမျက်​နှာကိုဖန်​တီးရာမှာ make up artists ​တွေက ၂နာရီနီးပါးအချိန်​​ပေးရခဲ့ပြီး Oscar nomination ပါ ဝင်​ခဲ့ပါတယ် ။

Eng Sub နဲ့ ကြည့်ဖို့ သတိရဦးနော် 😉

•••ဒီ Wonder ဆိုတဲ့ ရုပ်ရှင်လေးကို DUESEC မှာ အခမဲ့ ရရှိနိုင်ပါတယ် !!!•••

တင်​ပြီးသား Review ​တွေကို ပြန်​လည်​ရှာ​ဖွေ စု​ဆောင်းချင်​ရင်​​တော့ search bar မှာ လို့ရိုက်​နှိပ်​ပြီး ပြန်​လည်​ရှာ​ဖွေနိုင်​ပါတယ်​​နော်​။

31/05/2018

DUESEC Radio (Week 5)

E-readers
(Host- May Myat Min)

Listen every week broadcasting for free.

26/05/2018

ပရိသတ် ကြီး ရေ
စနေ နေ့ ညနေ ၆ ခွဲ ကို ရောက်လာ ပြီ ဆိုတာ နဲ့
DUESEC က တင်ဆက် ပေးမယ့် General Knowledge Program လေး ကို စောင့်မျှော်
နေမယ် ဆိုတာ ယုံကြည်ပါတယ် 😁

ဟုတ်ပါတယ် ဒီနေ့လည်း ဘယ်လို ဗဟုသုတ တွေ တင်ဆက် ပေး ဦးမလဲ ဆိုတာ အတူတူ စောင့်ကြည့်ကြရအောင် နော်
ဒီနေ့ တင်ဆက် ပေး ချင် တာကတော့.. ...
လက်ရှိ သတ်မှတ် ထားတဲ့ ကမ္ဘာ့ အံ့ဖွယ်ခုနှစ်ပါး အကြောင်းပါ..... 😉

အဲ့ဒီ ကမ္ဘာ့ အံ့ဖွယ်တွေ ကို တော့ ဒီနေ့ နဲ့ မနက်ဖြန် ခွဲပြီး ၂ ပိုင်း လေ့လာ လို့ ရအောင် တင်ဆက် ပေးပါ့မယ် ခင်ဗျ
Woww လို့ ဖြစ်သွား စေမှာ အမှန် ပါပဲ 😇

ဒါဆို တစ်ပုံ ချင်းစီ ထောက်ပြီး လေ့လာကြည့်ကြရအောင်

24/05/2018

"Every miracle happens at DUESEC"
THIS IS YOUR FUTURE.
We are launching a new channel soon.
Don't forget to subscribe. 😉
Learn English together. ☺️

23/05/2018

Wednesday : Idioms (Week 4)
------------------------------------------------------
ဗုဒ္ဓဟူး​နေ့တိုင်းမှာဆိုရင်​ လက်​​တွေ့မှာ အသုံးဝင်​နိုင်​မယ့်​ Idioms အသုံးနှုန်း​လေးတွေကို တင်​ဆက်​​ပေးသွားမှာဖြစ်​ပါတယ်​။

-make yourself at home- be comfortable, as if in one's own home
e.g. Please make yourself at home when you visit my house.

-get rid of something- destroy, throw away, sell
e.g. You'd better gid rid of your negative thoughts to be happy in your life.

-be hard on something- treat roughly
e.g. He's hard on phones. His phones get damaged after being used for about two months.

-see about- take responsibility; make arrangements
e.g. For this trip, I'll see about buying airplane tickets.

-be up to one's ears- have so much to do
e.g. I'd like to join with you to see that film but I'm up to my ears in work.

တင်​ပြီးသား Idioms ​တွေကို ပြန်​လည်​ရှာ​ဖွေ စု​ဆောင်းချင်​ရင်​​တော့ search bar မှာ လို့ရိုက်​နှိပ်​ပြီး ပြန်​လည်​ရှာ​ဖွေနိုင်​ပါတယ်​​နော်​။

21/05/2018

Monday : Daily Usages (Week 5)
------------------------------------------------------
တနင်္လာ​နေ့တိုင်းမှာဆိုရင်​ ကျွန်​​တော်​တို့ နေ့စဉ်​လူ​နေမှု ဘဝ​တွေမှာ အသုံးပြုနိုင်​တဲ့ Usage ​လေး​တွေကို တင်​ဆက်​​ပေးသွားမှာ ဖြစ်​ပါတယ်​။

ဝါကျ ၅ ​ကြောင်းထဲဆို​တော့ မိတ်​​ဆွေတို့လည်း မှတ်​ရတာလည်း လွယ်​လွယ်​ကူကူဖြစ်​မှာပါ။ တစ်​ပါတ်​ကို ​၅​ကြောင်းစီ​လောက်​ မှတ်​ထားပြီး အခက်​အခဲမရှိဘဲ ကျွန်​​တော်​တို့ရဲ့ mental dictionary ကို မြှင့်​တင်​ကြရ​အောင်​လားဗျာ။

ဒီဝါကျ ၅​ကြောင်းကို ဘယ်​လိုအ​ခြေအ​နေ​တွေမှာ သုံးနိုင်​တယ်​ဆိုတာ comment box မှာ အချင်းချင်း​ဝေမျှလို့ရပါတယ်​​။

တင်​ပြီးသား Daily Usages ​တွေကို ပြန်​လည်​ရှာ​ဖွေ စု​ဆောင်းချင်​ရင်​​တော့ search bar မှာ လို့ရိုက်​နှိပ်​ပြီး ပြန်​လည်​ရှာ​ဖွေနိုင်​ပါတယ်​​နော်​။

20/05/2018

ကဲ DUESEC ပရိသတ် ကြီး တို့ရေ.....

Sunday ရဲ့ General Knowledge Program လေးကနေ ပြန်လည် ကြိုဆို လိုက်ပါတယ် 😎
မနေ့ကတော့ ကမ္ဘာ ပေါ်မှာ ဖြစ်ပွား ခဲ့တဲ့
ကမ္ဘာ စစ်ကြီး ၂ ခု အကြောင်းနဲ့ သူတို့ အချက် အလက် တစ်ချို့ကို လေ့လာ ခွင့် ရခဲ့ကြလို့ စိတ်ကျေနပ် ကြလိမ့်မယ် ထင်ပါတယ်
ဒါဆို ရင် ဒီနေ့ ရော ဘာတွေ တင်ဆက် ပေးမှာ လဲ?
ဒီနေ့ တင်ဆက် ပေးမှာ ကလည်း ကမ္ဘာ နဲ့ ချီတဲ့ ကိစ္စ ပါပဲ

ဟုတ်ပါတယ် ဒီ တစ် ခေါက်ကတော့ ကမ္ဘာပေါ်က အမြင့်မားဆုံး အဆောက်အဦ ၅ ခု အကြောင်း ကို တင်ဆက် ပေး ချင်ပါတယ် 😱
အဆောက် အဦ တစ်ခု ချင်းစီ ရဲ့ အခြေခံ အချက် အလက် တွေ ဖြစ်တဲ့ အမြင့် တည်နေရာ စတာ တွေ ကို တင်ဆက် ပေး ချင်တာ ဖြစ် လို့ အချက် အလက် ဆိုင် ရာ ဗဟုသုတ အနေနဲ့ရော စိတ်ဝင်စား ဖွယ် အနေနဲ့ ရော မှတ်သား လိုက်ကြရအောင် လား ဗျာ...🏢
ကဲ လာပြီ
၁. ဘာ့ဂ်ျခါလီဖာ အဆောက်အဦ 🏢
ဒီ အဆောက် အဦကတော့ အားလုံးလည်း သိကြလိမ့်မယ် ထင်ပါတယ် ကမ္ဘာ ပေါ်မှာ လက်ရှိ အမြင့်မား ဆုံး အဆောက် အဦ လည်း ဖြစ်သလို ဒီဇိုင်းပိုင်း ကြံ့ခိုင်မှု အပိုင်း ဘာမှ အပြစ် ပြောစရာ မရှိတဲ့ လူသားတို့ ရဲ့ စွမ်းရည် တစ် ခု ပါပဲ 😎
ဒီ အဆောက်အဦကို တော့ ၂၀၁၀ ခုနှစ် မှာ ပြီးစီး ပြီးတော့ ဖွင့်လှစ် နိုင်ခဲ့ပါတယ် ...
အထပ်ပေါင်း ၁၆၃ ထပ် ၊ အမြင့် မီတာ ၈၂၈ နဲ့ ထီထီး ကြီး ရပ်တည် နေတဲ့ ဒီ အဆောက် အဦကတော့ အာရပ်စော်ဘွားများနိုင်ငံထဲ က ဒူဘိုင်းမြို့လယ် မှာပါပဲ....

၂. ရှန်ဟိုင်း တာဝါ 🏢

နာမည် ကြားလိုက်တာ နဲ့တော့ တရုတ် နိုင်ငံက အထင် ကရ နေရာ ဖြစ်မယ် မှန်း ခနိ့မှန်း မိကြလိမ့်မယ် လို့ ထင်ပါတယ် ဟုတ်ပါ တယ်
တရုတ်နိုင်ငံ ၊ ရှန်ဟိုင်း မြို့ထဲက ၆၃၂ မီတာ မြင့်တဲ့ စီးပွားရေး ဆိုင်ရာ အဆောက် အဦ တစ်ခု ဆို လည်း
မမှား ပါဘူး...
အထပ်ပေါင်း ၁၂၈ ထပ် အထိ ရှိတဲ့ ဒီတာဝါကြီးကိုတော့ ၂၀၁၅ ခုနှစ်မှာ ဖွင့်လှစ် နိုင်ခဲ့ပါတယ် 😊

၃. အဘရာ့ဂ်ျ် အယ်လ်ဘိတ် နာရီစင် 🗼

ကဲ ဒါကလည်း အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံ ထဲက ပဲ မက္ကာ ဆိုတဲ့ မြို့မှာ တည်ရှိတဲ့ နာရီစင် တဲ့ ဗျာ
နာရီ စင် ဆိုလို့ သေးသေး လေး မမှတ် လိုက်ပါနဲ့ ဗျို့
အထပ်ပေါင်း ၁၂၀ ထပ် တောင် ရှိပြီး အမြင့်အားဖြင့် ၆၀၁ မီတာ တောင် မြင့်မား တဲ့ အဆောက်အဦ ပါပဲ
ဒီအဆောက် အဦ ကတော့ ၂၀၁၂ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီး အခု ထိတိုင် ကမ္ဘာ့ တတိ ယ အမြင့်ဆူံ အဆောက်အဦ အဖြစ် ရပ်တည် နေတာပါပဲ 😎

၎. ပင်အန်းစီးပွားရေး ဌာန 🏢

ကဲ နံပါတ် ၄ ကတော့ တရုတ် အလှည့် ပြန်ရောက် လာပါတယ် ခင်ဗျ
တရုတ် နိုင်ငံ ရှန်းကျန့် ပြည်နယ် မှာ ရှိပြီး တော့ ၂၀၁၇ ခုနှစ် ကမှ တည်ဆောက် ပြီးစီးပြီး ဖွင့်လှစ် ခဲ့တာပါ
သူကတော့ အထင်တော့ မသေးပါနဲ့
၅၉၉ မီတာ နဲ့ အထပ် ပေါင်း ၁၁၅ ထပ်တောင် ရှိသတဲ့ဗျာ

၅.လော့ထ် ကမ္ဘာ့မျှော်စင် 🗼
ရန်ကုန်မြို့ ပြည်လမ်းက Lotte Tower အသစ် ကြီးကို သိကြတယ် ဟုတ် ?
နောက်တာပါ အဲ့ ဟိုတယ် ကြီးတော့ မဟုတ်ပါဘူး 😂
အခု အဲ့ဒီ Lotte လုပ်ငန်း စု က အခု ကျနော် တို့ အရမ်းကြိုက်တဲ့ Lotteria ကိုပိုင်ဆိုင် တာလည်း ဖြစ်ပြန်ပါတယ်
အဲ့ ဒီ စီးပွားရေး လုပ်ငန်း စု က တော့ ဆိုးလ်မြို့ တောင်ကိုရီးယား နိုင်ငံ မှာ Lotte World Tower ဆိုပြီး အထပ်ပေါင်း ၁၂၃ ထပ် အမြင့် မီတာ ၅၅၄.၅ မီတာ နဲ့ တည်ဆောက် ထားကာ ကမ္ဘာ့ ပဉ္စမ မြောက် အမြင့်ဆုံး အဆောက်အဦ အဖြစ် ရပ်တည် လျက်ရှိပါတယ်
ရန်ကုန်က Lotte Hotel နဲ့ မှားမှာ ဆိုး လို့နော် 😁

ကဲ ဒါဆို ရင်တောအခု တင်ဆက် ပေးလိုက်တဲ့ ဗဟုသုတ လေးတွေကို ကြိုက်နှစ်သက် ကြလိမ့်မယ် လို့ ထင်ပါတယ်
အားလုံး ကို အက်မင် ရဲ့ ကမ္ဘာ့ အမြင့်ဆုံး မဟုတ်တဲ့ နှစ်ထပ် တိုက်ခန်း အပေါ် ထပ်ကနေ နှုတ်ဆက် လိုက်ပါ
တယ် 😜
မြင်ရလား ဗျို့ 😝😝😝
တာ့တာ
နောက်အပတ် မှာ ပြန်တွေ့ကြမယ်... 👋👋👋

Text Source... Knowledge Book
Image Source ... Google Images

Want your university to be the top-listed University in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

DUESEC ပြန်​စပါပြီ! အခု 2nd Semester မှာ English Proficiency တစ်​မျိုးထဲအတွက်​မဟုတ်​ဘဲ အပြင်​လက်​​တွေ့ဘဝ/ လုပ်​ငန်းခွင်...
"Every miracle happens at DUESEC"THIS IS YOUR FUTURE.We are launching a new channel soon.Don't forget to subscribe. 😉Lea...
DULSA vs DYDA
DUESEC vs DYDA
Intercultural Activity with HKU

Website

Address


2nd Floor, English Department, Dagon University
Yangon

Opening Hours

Tuesday 14:15 - 15:15
Wednesday 14:15 - 15:15

Other Yangon universities (show all)
Myanmar Maritime University Myanmar Maritime University
Thilawa, Thanlyin, Yangon, Syriam
Yangon, 95

Myanmar Maritime University (MMU) ( မြန်မာနိုင်ငံရေကြောင်?

မလေးစကားပြောသင်တန်း မလေးစကားပြောသင်တန်း
Shwepyithar
Yangon, 01

မလေးစကားသင်တန်း မှကြိုဆိုပါတယ်

ThanLwin Institute Of Technology - သံလွင် သင်တန်းကျောင်း ThanLwin Institute Of Technology - သံလွင် သင်တန်းကျောင်း
No-12A , Dagon Center-2(Residence Tower)
Yangon, 11111

မြန်မာနိုင်ငံရဲ့ လူစွမ်းအားအရင်းအမြစ်နှင့် နည်းပညာသင်တန်း

GTS Institute GTS Institute
Shwe Kabar Housing, Mindhama Road
Yangon, 11061

Information and Technology Institute

Bio Dent Institute Of Professional Development Bio Dent Institute Of Professional Development
No 70, Min Ye Kyaw Swar Road , 9th Ward , East Dagon Township , (Near 7/8 Junction North Dagon)
Yangon, 11421

We offer hands-on training programs designed to prepare students for a successful career

Asia Open Education Institute Asia Open Education Institute
Yangon

AOEI is the Higher Education revolution. It is the first non-profit online Blockchain University in t

Your Tutor Your Tutor
Yangon

Tutoring service for students studying business subjects

Legacy International School Legacy International School
(Level 3, Taw Win Centre) 45, Pyay Road
Yangon

The best quality education at the most affordable price! ❤️Following the Cambridge curriculums❤️

AU MIT Myanmar University AU MIT Myanmar University
No 135(A), Thanlwin Road, 10 Ward, Kamayut Township
Yangon, 11041

AU MIT Myanmar University provides dynamic academic programs for undergraduate, postgraduate and prof

Withee Bible College Yangon, Myanmar. Estd:2000 Withee Bible College Yangon, Myanmar. Estd:2000
No. 34/303 C-Nguwa Street Yuzana Garden City
Yangon

Religious Organizations

ATBC International College - BBA Program ATBC International College - BBA Program
No. 1203, Kone Baung Street, 6 Quarter
Yangon, 11091

ဒီဂျစ်တယ်မားကစ်တင်းနှင့် စီးပွားရေး ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းများ တက်ရောက်နိုင်ပါသည်။

Trinity International College Myanmar Trinity International College Myanmar
No. 110, Yeik Thar Lane No. 4, Mi Chaung Kan (1st) Quarter, Wai Zan Yan Tar Garden Housing, Thingangyun Township
Yangon

Trinity International College is founded on the principles of offering a learner centric and outcomes