Teacher Aye
သီးသန့်စာသင်ဝိုင်းများလက်ခံပေးနေပ? B. Sc,M. Res (Chemistry)
Tr.Aye Pageမှ👩🏫 ပြန်လည် ကြိုဆိုပါတယ်ရှင့်
Tr.Aye Classများကို💁 ပုံမှန်အတန်းချိန် များအတိုင်း 25.4.2022(Monday) မှစ၍ ပြန်လည်ဖွင့်လှစ်ပါပြီရှင့်😍
မင်္ဂလာပါရှင့်🙏
💁 သင်္ကြန် နှစ်သစ်ကူးအခါသမယ မှာ ရောဂါဘယ ကင်းဝေးပြီး စိတ်ရွှင်လန်းချမ်းမြေ့ကြပါစေလို့💙 Teacher Aye Page မှ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်ရှင့်🙏
**Teacher Aye မှာ👩🏫 တက်ရောက်နေကြသော သင်တန်းများကို (9-4-2022 မှ 23-4-2022)အထိ သင်္ကြန် ပိတ်ရက်များ ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေရှင့် 😍😍
**ပိတ်ရက်လေးမှာ မိသားစုနဲ့ အတူပျော်ရွင်ကြည်နူးစွာ ဖြတ်သန်း နိုင်ကြပါစေရှင့် 👨👩👧👦💙
Teacher Aye Page👩🏻🏫 မှ ကြိုဆိုလိုက်ပါတယ်ရှင့်💁🏻
KG/Year -1 မီးမီးလေး💁🏻 ရဲ့ စာလုပ် ပြီး ပျော်နေတာလေး 😍
'sDailyActivities
မင်္ဂလာပါရှင်🙏🏻
Teacher Aye Page မှ👩🏻🏫 ကြိုဆိုပါတယ် နော်🤗
💁🏻💁🏻♂️ စာလုပ်၍📝 ပျော်ရွှင်နေကြသော တီချယ် အသည်း 😍
Grade -1 (Home Schooling) မီးမီးလေးများ 😘😘
'DailyActivities
မင်္ဂလာပါရှင့် 😍
Happy Chinese New Year 🎉🎉
恭喜发财 (gōng xi fã cái)💁🏻♂️💁🏻
Teacher Aye Page 👩🏻🏫 မှ ဆုတောင်း ပေးလိုက်ပါတယ်ရှင့်
မင်္ဂလာပါရှင့်💁🏻♂️💁🏻♂️
Teacher Aye Page👩🏻🏫 မှပြန်လည် ကြိုဆိုလိုက်ပါတယ်ရှင့်
KG😱 ဆိုပေမယ့် (Year -1)မီးမီးလေး ရဲ့
မြန်မာစာ အရေး📝 အဖတ်ရော📖
လက်ရေးပါ တိုးတက်လာပြီ😍
24.1.2022(10th birthday of Grade-4 Student)
မင်္ဂလာပါရှင့် 🙏🏻
Teacher Aye Page👩🏻🏫 မှ ကြိုဆိုပါတယ်ရှင့် 🤗
🎁🎁 ဆုရရှိသော📣📣 သားသား မီးမီးများဆီသို့ ပို့ဆောင်လိုက်ပါပြီရှင့် 😍 တီချယ်ရဲ့  ကိုယ်တိုင်ပြုလုပ်✂🖍🖌 (handmade) တစ်ခုချင်းစီတိုင်းက သားသားမီးမီးလေးတွေ အတွက်ပါရှင့်☺
မင်္ဂလာပါရှင့် 🙏🏻
Teacher Aye Pageမှ👩🏻🏫 ကြိုဆိုပါတယ်ရှင့်
ရောဂါဘယ ကင်းဝေးပြီ ကပ်ကြီးဘေးမှ ကင်းဝေးပါစေလို့ ပထမဦးစွာ ဆုတောင်းပါရစေရှင့်🙏🏻
(တကယ် လိုအပ်မယ့် ဖေဖေ၊မေမေတို့ အတွက် ရည်ရွယ်ဖွင့်လှစ်ထားတာပါ ရှင့်)😍
အောက်က🔽🔽 Page အသစ်လေးမှာ တီချယ်တွေ စုပေါင်းပြီး အသစ်ဖွင့်လှစ်တော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ရှင့်🤗🤗
✅ အသေးစိတ် သိရှိလိုသည်များကို Page🗯 Messengerတွင် ဝင်ရောက်လေ့လာ မေးမြန်းနိုင်ပါတယ်ရှင့် 😍😍
https://www.facebook.com/105481398674780/posts/107306645158922/
🙏🏻မင်္ဂလာပါရှင့်🙏🏻
တီချယ်တို့ရဲ့ Page အသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ ရှင့် 🤗
(အသေးစိတ် ရှင်းပြထားလို့ စာလေးရှည်နေပါတယ်ရှင့် 😊 မေတ္တာရပ်ခံပါတယ် သေချာလေးဖတ်ပေးပါဦးနော့်)
📣📣 ဒီ Pageက💁🏻♂️ ဖေဖေ၊မေမေတို့ရဲ့ သားသားမီးမီး👪🏻 တို့အတွက် Home Shooling အသစ်ထပ်မံ ဖွင့် လှစ်ပေးသွားမယ့်အကြောင်းပဲ ဖြစ်ပါတယ် ရှင့်🤗
✅ဘယ်အရွယ်တွေ အပ်လို့ရမှာလဲ❓
✅ဘယ်နှစ်ယောက်သင်ကြားပေးမှာလဲ❓
✅အတန်းချိန်တွေကရော ဘယ်လိုတွေ ရှိလဲ❓
💁🏻♂️ Home Schooling ပုံစံလေးရဲ့ အားသာချက်ကို အရင်ဆုံး ရှင်းပြပါရစေရှင့်
👩🏻🏫 Home schoolingပုံစံလေးကတော့.......
😍ကျောင်းမအပ်ခင် ကျောင်းမတက်ခင် ကြိုတင်ပြင်ဆင်မယ့် သားသား၊မီးမီးတို့ကို👪🏻 ပုံမှန်လေ့ကျင့် ပေးမယ့်ပုံစံမျိုးပါရှင့် (တနေကုန် မူကြိုကျောင်းမဟုတ်ပါဘူးရှင့်)🤗
✅Pre-KG အတန်းသစ်လေးပဲ ဖြစ်ပါတယ်ရှင့်
(3.6 years - 5.6yrs)
✅သင်ကြားပေးမယ့် ပုံစံကတော့ ဘာသာစုံ (အရေး၊အဖတ်၊အပြော၊နားထောင်စွမ်းရည်)အပြင် Social skills နှင့် Activities များပါဝင်သင်ကြားပေးမှာပါနော်
📣 သင်ကြားမှုမှာ တီချယ်👩🏻🏫 ၂ယောက်သင်ကြားပေးမှာ ဖြစ်ပြီးတော့ တစ်ဝိုင်းကို ကျောင်းသား/သူ (၅)ဦးသာ သင်ကြားပေးမှာ ဖြစ်ပါတယ်ရှင့်
🕘အတန်းချိန်များကို ......
💁🏻♂️မနက်ပိုင်း အတန်းနှင့် ညနေတန်း (၂)တန်းသတ်မှတ်ထားပေးပါတယ်ရှင့်😍
✅တစ်ရက် တစ်နာရီခွဲ ဖြစ်ပြီး တစ်ပတ် (၃)ရက် တက်ရောက်ရမှာဖြစ်ပါတယ်ရှင့်
😍ECCD လက်မှတ်ရ ဆရာမများနှင့် လုပ်သက်တွေ့ ကြုံများသော ဆရာမများ၊ကလေးချစ်တတ်သော ဆရာမများမှ သင်ကြားပေးမှာဖြစ်ပါတယ်ရှင့်😍
🗯 အသေးစိတ်သိရှိလိုပါက Page messenger တွင် ဆက်သွယ် မေးမြန်းနိုင်ပါတယ် ရှင့်🗯
ကျေးဇူးတင်ပါတယ်ရှင် 🤗
🙏🏻🙏🏻
ရောဂါဘယ ကင်းဝေးပြီ ကပ်ကြီးဘေးမှ လွတ်မြောက်နိုင်ကြပါစေရှင့် 🙏🏻🙏🏻
မင်္ဂလာပါ သားသား၊မီးမီးတို့ရေ့
Teacher Aye😍 ဒီနေ့မှာ (24.12.2021) Christmas Theme အတွက် ပြိုင်ပွဲ ဝင်ကြတဲ့ ဆုရသူတွေကို ကြေငြာပေးပါ့မယ်ရှင့်
✂✂Crafts ဆုရရှိသူများစာရင်း
************************
😱ပထမဆု - မပိုးအိဝင့်ဖြူ (Grade-2)
🙂ဒုတိယဆု -မဆုမြတ်ထွန်း (Grade-4)
😊တတိယဆု -မောင်မင်းခန့်သွင် (GRADE -2)
😘Drawing & Painting🖍🖌 ဆုရရှိသူများ
********************************
ပထမဆု - မယွန်းပိုးဖြူ (Grade-4)
ဒုတိယဆု - မနန်းဆုမြတ်နေခြည် (Grade-1)
တတိယဆု - မောင်အာကာမင်းခန့်  (Grade-2)
😍အခုလို ဆုရရှိသူများနှင့် ကြိုးစားပြိုင်ပွဲဝင်ကြသော သားသား၊မီးမီးတို့အားလုံးကို တီချယ် ကျေးဇူးတင်ပါတယ်နော့်😍
ဆုများကို နှစ်သစ်ကူးမတိုင်မီ ပို့ဆောင်ပေးသွားမှာ ဖြစ်တာမို့ Supriseပါနော်
(Unicode)
မင်္ဂလာပါ သားသား၊မီးမီးတို့ရေ့
Teacher Aye😍 ဒီနေ့မှာ (24.12.2021) Christmas Theme အတွက် ပြိုင်ပွဲ ဝင်ကြတဲ့ ဆုရသူတွေကို ကြေငြာပေးပါ့မယ်ရှင့်
Crafts ဆုရရှိသူများစာရင်း
************************
😱ပထမဆု - မပိုးအိဝင့်ဖြူ (Grade-2)
🙂ဒုတိယဆု -မဆုမြတ်ထွန်း (Grade-4)
😊တတိယဆု -မောင်မင်းခန့်သွင် (GRADE -2)
😘Drawing & Painting ဆုရရှိသူများ
********************************
ပထမဆု - မယွန်းပိုးဖြူ (Grade-4)
ဒုတိယဆု - မနန်းဆုမြတ်နေခြည် (Grade-1)
တတိယဆု - မောင်အာကာမင်းထက် (Grade-2)
❤❤အထူးဆု - မဆုလာဘ်ထွန်း (KG)❤❤
😍အခုလို ဆုရရှိသူများနှင့် ကြိုးစားပြိုင်ပွဲဝင်ကြသော သားသား၊မီးမီးတို့အားလုံးကို တီချယ် ကျေးဇူးတင်ပါတယ်နော့်😍
ဆုမ်ားကို နှစ်သစ်ကူးမတိုင်မီ ပို့ဆောင်ပေးသွားမှာ ဖြစ်တာမို့ Supriseပါနော်
Merry christmas & Happy New Year
❄ Christmas Theme Competition 🖍🖌✂❄
Su Myat Tun
Grade 4
မင်္ဂလာပါ Teacher Aye👩🏻🏫 မှာ တက်ရောက်နေသောသားသားမီးမီးတို့ရေ့😍
🙋🏻Welcome Teacher Aye' Students🙋🏻♂️Christmas
Teacherရဲ့ Page မှာ💁🏻 Merry အတွက် ''Arts & Crafts 🎨🖌🖍✂ For Christmas Themes''
ပြိုင်ပွဲလေးတခုကို သားသား၊မီးမီးတို့နဲ့အတူ🙆🏻🙆🏻♂️
ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်နော့် 📢
Date & Timeကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်ရှင့်
🔽🔽🔽🔽
✔ Date -24.12.2021
✔ Time - 4:00 -4:40 PM (ကြာချိန် မိနစ် 40)
Teacher ရဲ့ သားသားမီးမီးတို့ရေ့ ပါဝင်ဆင်နွှဲ ကြဖို့ ဖတ်ခေါ်ပါတယ်နော့်🤗
***ပါဝင်ယှဉ်ပြိုင်တဲ့ သားသား၊ မီးမီးတို့ကို💁🏻
(ပထမဆု၊ ဒုတိယဆု၊ တတိယဆု) နဲ့🎁🎁🎁 အခြား လက်ဆောင် Giftလေးတွေပေးဦးမှာပါနော်📣📣
***ပြိုင်ပွဲ ပြီးဆုံးလျှင် ဆုရရှိသူများကို Pageမှာ ပြန်လည် ကြေငြာပေးသွားမှာ ဖြစ်ပါတယ်နော့် 😍😍
မှတ်ချက်။ ။သားသား၊မီးမီးတို့ ယှဉ်ပြိုင်ထားသော လက်ရာများကို ဓာတ်ပုံရိုက်ပီ Public Sharedလုပ်ပေးဖို့လိုပါမယ်နော့်
မင်္ဂလာပါရှင့်🎉🎉
Teacher Aye Page👩🏻🏫 မှကြိုဆိုပါတယ် ရှင့်🙏🏻🙏🏻
Post မတင်တာကြာပီမို့ သတိရနေကြပြီထင်တယ်နော့်😍😍
💁🏻♂️💁🏻♂️ဆုရရှိသော သားသားမီးမီး များဆီသို့
🎁🎁🎁ဆုလက်ဆောင်များ ပို့ဆောင်ပြီးပါပြီရှင့်🤗🤗
🤗 မင်္ဂလာ ပါရှင့်
💁🏻ယနေ့ ဝါလကင်းလွတ် သီတင်းကျွတ် လပြည့်နေ့ မှာ
😍 ဖေဖေ၊ မေမေတို့ရဲ့ သားသား၊မီးမီးတို့ အားလုံး👪
😍 ဘေးရန်ကင်းကွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုရာ ဆန္ဒထပ်တူကျကာ ပြည့်ဝကြပါစေ လို့🙏🏻🙏🏻🙏🏻
မင်္ဂလာပါ သားသား၊မီးမီးတို့ရေ့ 🤗🤗
Teacher Aye😍 ဒီနေ့မှာ (19.10.2021) *Thadingyut Festival Competition* အတွက် ပြိုင်ပွဲ ဝင်ကြတဲ့ ဆုရသူတွေကို ကြေငြာပေးပါ့မယ်ရှင့်
ဆုရရှိသူများစာရင်း
*******************
*Grade-2 အဆင့်*
😱ပထမဆု -မပိုးအိဝင့်ဖြု
😍ဒုတိယဆု - မောင်အာကာမင်းထက်
😘တတိယဆု -မောင်မင်းခန့်သွင်
*Grade-1 အဆင့်*
😱ပထမဆု -မဆုလာဘ်ထွန်း
😍ဒုတိယဆု -မနန်းဆုမြတ်နေခြည်
😘 တတိယဆု -မရွှန်းလဲ့
😍အခုလို ဆုရရှိသူများနှင့် ကြိုးစားပြိုင်ပွဲဝင်ကြသော သားသား၊မီးမီးတို့အားလုံးကို တီချယ် ကျေးဇူးတင်ပါတယ်နော့်😍
ဆုမ်ားကို မျကာမီ အိမ်အရောက် ပို့ဆောင်ပေးသွားမှာ ဖြစ်တာမို့ Supriseပါနော်📣📣📣📣
Arkar Min Khant
Grade-2
*Thadingyut Festival Competition*
Harry
Grade-2
*Thadingyut Festival Competition*
Arts & Craft
Poe Ei
Grade-2
*Thadingyut Festival Competition*
Shun Lae
Grade-1
*Thadingyut Festival Competition*
မင်္ဂလာပါ Teacher Aye👩🏻🏫 မှာ တက်ရောက်နေသောသားသားမီးမီးတို့ရေ့😍
🙋🏻Welcome Teacher Aye' Students🙋🏻♂️
*Happy Thadingyut Festival Competition*
ဝါလကင်းလွတ် သတင်းကျွတ် အခါသမယ ကာလကို ရောက်ရှိလို့လာပါပြီရှင့်........
Teacherရဲ့ Page မှာ💁🏻 Happy Thadingyut Festival အတွက် ''Arts & Crafts & Drawing Competition 🖌🖍✂
ပြိုင်ပွဲလေးတစ်ခုကို သားသား၊မီးမီးတို့နဲ့အတူ🙆🏻🙆🏻♂️
ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်နော့် 📢
Date & Timeကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်ရှင့်
🔽🔽🔽🔽
✔ Date -18.10.2021 (Monday)
✔ Time - 10:00 -10:40 AM (ကြာချိန် မိနစ် 40)
Meeting ID: 6936937599
Passcode: 123456
Teacher ရဲ့ သားသားမီးမီးတို့ရေ့ ပါဝင်ဆင်နွှဲ ကြဖို့ ဖတ်ခေါ်ပါတယ်နော့်🤗
***ပါဝင်ယှဉ်ပြိုင်တဲ့ သားသား၊ မီးမီးတို့ကို💁🏻
(ပထမဆု၊ ဒုတိယဆု၊ တတိယဆု) နဲ့🎁🎁🎁 အခြား လက်ဆောင် Giftလေးတွေပေးဦးမှာပါနော်📣📣
***ပြိုင်ပွဲ ပြီးဆုံးလျှင် ဆုရရှိသူများကို Pageမှာ ပြန်လည် ကြေငြာပေးသွားမှာ ဖြစ်ပါတယ်နော့် 😍😍
မှတ်ချက်။ ။သားသား၊မီးမီးတို့ ယှဉ်ပြိုင်ထားသော လက်ရာများကို ဓာတ်ပုံရိုက်ပီ Public Sharedလုပ်ပေးဖို့လိုပါမယ်နော့်
မင်္ဂလာပါရှင့် 😍
🤗Teacher Aye Page👩🏻🏫 မှကြိုဆိုပါတယ်ရှင့်🤗
Teacher Aye Pageမှာ👩🏻🏫 သင်ကြားပေးနေသော အတန်းများ အပြင် 💁🏻ကလေးများအတွက်👨🏻⚕️ ကျန်းမာရေး၊ လူမှုဆက်ဆံရေး🙆🏻 စသော ဗဟုသုတ အဖြာဖြာကို📝 မျှဝေပေးလျှက်ရှိတာ မို့ 
အောက်က ဝင်ရောက် လေ့လာနိုင်ပါပြီရှင့် 🔍🔍
⬇⬇⬇⬇
https://www.facebook.com/102568774824774/posts/243621100719540/
https://m.facebook.com/story.php?story_fbid=240883844326599&id=102568774824774
https://m.facebook.com/story.php?story_fbid=234423511639299&id=102568774824774
https://m.facebook.com/story.php?story_fbid=231963938551923&id=102568774824774
https://m.facebook.com/story.php?story_fbid=225128182568832&id=102568774824774
မင်္ဂလာပါရှင့်🙏🏻
TeacherAyePage👩🏻🏫 မှပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်😍
**ပထမဦးစွာ TeacherAyeမှ တောင်းပန်ပါရစေ**
🤗 ကျန်းမာရေး အခြေအနေတွေ အခြေအနေ အမျိုးမျိုးကြောင့် Pageလေးကို ပုံမှန် မလည်ပတ်နိုင်တဲ့အတွက် ဦးစွာ တောင်းပန်ပါရစေရှင့်🤗
ဖေဖေ၊မေမေ၊👪🏻 သားသားမီးမီး တို့ရေ.....
📢📢သတင်းကောင်းလေး ပါးပါရစေရှင့်.......
💁🏻 ယနေ့မှ စ၍ TeacherAyeOnlineClass 👩🏻🏫မှ အသစ်တဖန် ကျန်းမာရေး ဗဟုသုတ၊ စာအလေ့အကျင့်နဲ့ဆိုင်သော📝 သိမှတ်ဖွယ်ရာ ဗဟုသုတ၊ စာသင်ကြားနည်းတချို့ကို📖 ကျွန်မ သိကျွမ်းသလောက်လေး ပြန်လည် မျှဝေ ပေးသွားပါတော့မယ်ရှင့်😍😍
📣သင်တန်း📣 အသစ်များလည်း အတန်းလိုက် ပြန်လည်ဖွင့်ပေးပါတော့မည်။
👩🏻🏫ငါတို့ရဲ့ Next Generation ကြရင်လေ...
- စာတော်ဖို့ မသင်ဘူး၊
- ပိုက်ဆံတခုတည်း ရှာတတ်ဖို့မသင်ဘူး၊
- ရာထူးတွေချည်းမက်ဖို့မသင်ဘူး၊
- အထက်ကိုဖားတတ်ဖို့မသင်ဘူး၊
- အောက်ကို ဖိတတ်ဖို့မသင်ဘူး။
ငါတို့ရဲ့ Next Generation ကြရင်လေ...
+ ကိုယ်ချင်းစာတတ်အောင်သင်မယ်၊
+ ပြိုင်ဆိုင်ဖို့ထက် ကိုယ့်ကိုကိုယ်တည်ဆောက်တတ်အောင်သင်မယ်၊
+ ကိုယ့်ထက်နိမ့်ပါးတဲ့သူကို ကူညီတတ်အောင်သင်မယ်၊
+ ပညာတွေမျှဝေတတ်အောင်သင်မယ်၊
+ ပိုက်ဆံရှိတဲ့သူတိုင်းကို အထင်ကြီးစရာမလိုသလို၊
+ ဆင်းရဲတဲ့သူတိုင်းကိုလည်း
လေးစား တတ်အောင် သင်မယ်၊
+ မတရားတာမှန်သမျှ ခေါင်းမရှောင်တတ်အောင်သင်မယ်၊
+ အမှန်ကို အမှန်တိုင်းမြင်တတ်ပြီး
+ အမှားကိုပြင်ရဲတဲ့သူဖြစ်အောင်သင်မယ်၊
+ ရှုံးခဲ့ရင်လည်း အရှုံးကိုကျေကျေနပ်နပ်လက်ခံတတ်အောင်သင်မယ်၊
+ နိုင်ခဲ့ရင်လည်း ရှုံးတဲ့သူကိုလေးစားတတ်အောင်သင်မယ်၊
+ လူကြီးကိုဖားပြီးမှ ပိုက်ဆံရှာတတ်အောင်မသင်ဘူး၊
+ ကိုယ့်စွမ်းကိုယ်စနဲ့
အများအကျိုးပြုတဲ့သူ ဖြစ်အောင်သင်မယ်၊
+ လူသားချင်းစာနာထောက်ထားတတ်အောင်သင်မယ်၊
+ ဘာသာရေးမှိုင်းမမိအောင်သင်မယ်၊
+ မျက်စိပွင့်နားပွင့်အောင်သင်မယ်၊
+ ဘယ်အရာမဆို ကိုယ်တိုင်တွေးတောပြီး အမှန်ကိုလက်ခံစေမယ်၊
+ ကိုယ်တိုင်သိမြင်ပြီး ကိုယ်တိုင်လည်းမျှဝေနိုင်အောင်သင်မယ်။
ငါတို့မိဘတွေလည်း ငါတို့ကိုအဲ့လိုပဲသင်ခဲ့တယ်၊
ငါတို့ Next Generation လည်း အဲ့လိုပဲ ငါတို့သင်မယ်။
လွတ်လပ်စွာ share နိုင် copyနိုင်ပါတယ်
မင်္ဂလာညချမ်းလေးပါရှင့် 🙏🏻
ယနေ့ည Teacher Aye 👩🏻🏫မျှဝေပေးချင်တာကတော့.....
**လူမှုဆက်ဆံရေးကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်လာအောင် ဘယ်လိုလမ်းညွှန်ပေးကြမလဲ**
💁🏻♂️ လူမှုဆက်ဆံရေးကောင်းတဲ့🧒🏻👧🏻 ကလေးတွေက သူတို့ဖြတ်သန်းရတဲ့ဘဝကို ပိုမိုလွယ်ကူစေပြီး ဘဝမှာ အောင်မြင်မှုတွေရဖို့လဲ အခွင့်အလမ်းများပါတယ်။ ဒါဆိုရင် လူမှုဆက်ဆံရေးကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်လာအောင် ဘယ်လိုလမ်းညွှန်ပေးကြမလဲ။ လူကြားသူကြားထဲမှာ ရှက်ကြောက်မနေပဲ ရဲရဲဝံ့ဝံ့နဲ့ ပြောဆိုဆက်ဆံတတ်ပြီး လူမှုဆက်ဆံရေးကောင်းတဲ့ ကလေးတွေဖြစ်လာအောင် ဒီအချက်လေးတွေကို ဖော်ပြပေးလိုက်တယ်နော်။
✅ Good Behavior(ကောင်းသောအမူအကျင့်)
💁🏻အခြေခံ ပြုမူပြောဆိုပုံများကို သင်ပေးပါ။ တစ်ခါတစ်လေမှာ ကလေးတွေကို မသင်ပေးထားမိတာကြောင့် ပြုမူပြောဆိုနေထိုင်ပုံတွေကို မသိပဲဖြစ်တတ်ကြပါတယ်။ ဒီအပိုင်းကိုလဲ မိဘအတွေနဲ့ သင်ကြားပြသပေးဖို့ အရေးကြီးပါတယ်။ ကျေးဇူးပြု၍ ဆိုတာမျိုး၊ ကျေးဇူးတင်တယ်ဆိုတာမျိုး၊ တစ်ခါတည်း အလေ့အကျင့်ကောင်းရအောင် လုပ်ဆောင်ပေးသင့်ပါတယ်။ ဒါမှာလည်း ကလေးတွေအနေနဲ့ ကောင်းတဲ့အကျင့်အပြုအမူတွေကို နောက်ပိုင်း အတုယူတတ်လာမှာဖြစ်ပါတယ်။ (Please & Thank you)
✅ Empathy (ကိုယ်ချင်းစာ စိတ်)
💁🏻 ကိုယ်ချင်းစာတတ်ဖို့သင်ကြားပေးပါ။ ဒါကအရမ်းအရေးကြီးပါတယ်။ ကလေးတွေရဲ့🗯 အတွေးအခေါ်ရှုမြင်တတ်ပုံက လူကြီးတွေလိုမဟုတ်ပါဘူး။ သူတို့မှာ😇 တွေးခေါ်ပုံ ကန့်သတ်ချက် Limit လေးတွေရှိနေပါသေးတယ်။ သူတို့လေးတွေဖြတ်သန်းရတဲ့ နေ့စဉ်ဘဝကနေ ဘာတွေလေ့လာသင်ယူနိုင်မလဲ။🗨 ဥပမာပြလို့ရမယ့် အကြောင်းအရာလေးတွေကိုရှာပြီး သူ့နေရာမှာ သား/ သမီးဆိုရင်ရော ဘယ်လိုနေမလဲ၊❓ ဘယ်လိုခံစားရမလဲ ဆိုတာမေးမျိုးက❓ အဘက်ဘက်ကတွေးတတ်လာအောင် အထောက်အကူဖြစ်စေမှာပါ။
👪🏻 မိဘတွေအနေနဲ့ နမူနာစံပြမိဘတစ်ယောက်ဖြစ်ပါစေ🤗
☝🏻☝🏻အပေါ်ကပြောလာတဲ့အတိုင်းပဲ ကလေးတွေအနေနဲ့🧒🏻👧🏻 သူတို့မိဘတွေကို အမြဲစိတ်ဝင်တစားရှိကြပြီး အတုယူအရမ်းကောင်းကြပါတယ်💁🏻 မိဘတွေအနေနဲ့ ကလေးတွေရှေ့မှာဆိုရင် တခြားသူတွေနဲ့ ကောင်းကောင်းမွန်မွန်ပြုမူဆက်ဆံပြတာမျိုးတွေက ကလေးတွေအတုယူတတ်ဖို့ဖြစ်လာမှာပါ🙆🏻♂️
😍ယနေ့ည တီချယ် ဖတ်ဖူးသောစာစုများကို ဆက်စပ်၍မျှဝေခွင့်ရလို့ကျေးဇူးတင်ပါတယ်ရှင့်🙏🏻
Credit #
မင်္ဂလာညချမ်းပါရှင့် 🙏
ဒီနေ့ည Teacher Ayeမျှဝေပေးချင်တာကတော့.......
*ကလေးများ၏ ကျန်းမာရေးအကြောင်းမှ အရေပြားနှင့်ပက်သက်သော အကြောင်းလေး မျှဝေပေးပါ့မယ်ရှင့်*
အပိုင်း (၂)
********
ကလေးတွေမှာ အတွေ့ရများတဲ့ အရေပြားပြဿနာများ
ကလေးတွေရဲ့ အရေပြားမှာ အနီစက်လေးတွေ၊ အဖုလေးတွေဖြစ်နေတာ မြင်ဖူးကြမှာပါ။ ဒါဟာ😱 ကလေးတွေမှာ ဖြစ်တတ်တဲ့ အရေးပြား ပြဿနာတွေရဲ့ လက္ခဏာတွေပါ။ အများစုကို ထိထိရောက်ရောက်ကုသလို့ ရပါတယ်။
🗨🗨 ဒီဆောင်းပါးကို ဖတ်ခြင်းအားဖြင့် ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားရောဂါတချို့ကြောင်းကို သင်သိရမှာပါ။ ဒါပေမယ့် သင့်ကလေးမှာ အရေပြားရောဂါတွေ ဖြစ်လာပြီဆိုရင်တော့ ရောဂါကို အတိအကျသိဖို့နဲ့ ကုသဖို့ပေးနိုင်ဖို့အတွက် ဆရာဝန်နဲ့👨🏻⚕️ ပြသတိုင်ပင်ရပါမယ်။
💁🏻♂️
ဒီနေ့ပြောပြမယ့် အရေပြားရောဂါကတော့......
"ရေကျောက်''
**********
ရေကျောက်ရောဂါဆိုတာ အလွယ်တကူ ကူးစက်ပျံ့ပွားနိုင်တဲ့ ကူးစက်ရောဂါ တမျိုးဖြစ်ပါတယ်။ ကလေး🧒🏻 အများစုဟာ တချိန်ချိန်မှာတော့ ရေကျောက်ပေါက်ဖူးကြမှာပဲ ဖြစ်ပါတယ်။ ရေကျောက်ဟာ မျက်နှာ၊နားနဲ့🤷🏻 ရင်ဘတ်တွေပေါ်မှာ အနီရောင်အစက်လေးတွေ အနေနဲ့ စတင်ပေါ်လာပြီး ဒီအနီစက်လေးတွေဟာ အရည်ကြည်ဖုလေးတွေအဖြစ် ပြောင်းသွားပါလိမ့်မယ်။ အရည်ကြည်ဖုလေးတွေ ပေါက်သွားရင်တော့ အဖတ်လေးတွေ🤦🏻 ဖြစ်ပေါ်လာပါလိမ့်မယ်။
🧒🏻👧🏻 ကျန်းမာရေးကောင်းနေတဲ့ ကလေးတွေအနေနဲ့ ရေကျောက်ပေါက်ရင် စိုးရိမ်စရာ🙅🏻 မလိုပါဖူး။ သင့်ကလေး ရေကျောက်တခါ ပေါက်ပြီးရင် သူတို့အနေနဲ့ ဒီရောဂါအတွက် ကိုယ်ခံအားရရှိပြီးသားဖြစ်သွားလို့💪🏻 နောက်တခါ ထပ်မဖြစ်တော့ပါဖူး။ ရေကျောက်ကို အိမ်မှာပဲ ကုသလို့ရပါတယ်။ ဒီလို ကုသပေးမယ်ဆိုရင် အဖျားတက်တာ၊ ယားယံတာ စတဲ့ လက္ခဏာတွေကို တဖြည်းဖြည်း သက်သာလာစေပါတယ်။👍🏻 ဒါ့အပြင် ရေကျောက်ရောဂါကို ကာကွယ်ဆေးထိုးပြီး💉 ကာကွယ်လို့ရပါသေးတယ်။ ဆရာဝန်👩🏻⚕️ ညွှန်ကြားချက်မလိုဘဲ ဝယ်လို့ရတဲ့ ဆေးတွေဖြစ်တဲ့ calamine💁🏻 လိမ်းဆေး၊ ပါရာစီတမော နဲ့ ဂျဲလ်အေးအေးလေးတွေစတာတွေကို အသုံးပြုနိုင်ပါတယ်။
🤗 ဒါကြောင့် မို့ ဖေဖေ၊မေမေတို့ရေ ကလေးများ၏ အရေးပြားကို အထူးဂရုစိုက်ပေးဖို့ လိုအပ်တယ်ဆိုတာ အကြံပြုပါရစေရှင့်.....
😍 ယခုလို ဖတ်သိသမျှ အချို့ကို မျှဝေခွင့်ရလို့ ကျေးဇူးတင်ပါတယ်ရှင့်.......
Credit
မင်္ဂလာပါရှင့် 🙏🏻
ဒီနေ့ည Teacher Ayeမျှဝေပေးချင်တာကတော့👩🏻🏫.....
👦🏻*ကလေးများရဲ့ လေ့လာသင်ယူမှု ပြသနာတချို့*🧒🏻
အပိုင်း (၂)
********
✅ လက်ရေးလက်သားပြဿနာရှိခြင်း (ကောင်းကောင်း မရေးနိုင်ခြင်း)။
✅ သခ်ျာအတွက်အချက် စွမ်းရည်မှာ ပြဿနာရှိတဲ့ ကလေးတွေဟာ အောက်ပါအခက်အခဲတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။
✅သင်္ချာအသုံးအနှုံးများနဲ့ တွက်ချက်မှုများကို နားမလည်နိုင်ခြင်း။
✅ ပုစ္ဆာ၊ ပေးထားချက်တွေကို သင်္ချာသင်္ကေတသို့ မပြောင်းလဲတတ်ခြင်း။
✅ ဂဏန်းသင်္ကေတများကို နားမလည်ခြင်း။
✅ အရာဝတ္ထုများကို မျိုးတူရာအုပ်စုမခွဲတတ်ခြင်း။
✅ ဂဏန်းများကို ကူးမရေးနိုင်ခြင်း။
✅ သင်္ချာသင်္ကေတများကို မှန်ကန်စွာ မသုံးစွဲနိုင်ခြင်း။
✅ အပေါင်း၊အမြှောက်စသည်တို့ ပြုလုပ်ရာတွင် တဆယ်ကျော်လျှင် ထပ်ပေါင်းရမည့်ဂဏန်းကို မမှတ်မိခြင်း။
✅ သင်္ချာပုစ္ဆာ များကို အဆင့်လိုက် မှန်ကန်စွာ မတွက်နိုင်ခြင်း။
✅အရာဝတ္ထုများကို မှန်ကန်စွာ မရေတွက်နိုင်ခြင်း။
✅ အလီမရခြင်း။
😱 လေ့လာသင်ယူမှုပြဿနာတွေ ဘာကြောင့် ဖြစ်လာရတာလဲ။
ကလေးရဲ့ ဦးနှောက်ဟာ အချို့သော သတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး ကောင်းစွာအလုပ်မလုပ်နိုင်တဲ့အခါ လေ့လာသင်ယူမှုပြဿနာတွေ ဖြစ်လာရပါတယ်။❓❓
⏩⏩⏩ နောက်ဆက်တွဲအနေနဲ့ စကားပြောခြင်း၊စာဖတ်ခြင်း၊နားထောင်ခြင်း၊အချက်အလက် အကြောင်းအရာများကို မှတ်သားခြင်း၊စာရေးခြင်း၊စာလုံးပေါင်းခြင်း၊သင်္ချာတွက်ခြင်း နဲ့ အခြားသော လုပ်ငန်းဆောင်တာတွေကို ပြုလုပ်ရာမှာ ပြဿနာတွေ၊အခက်အခဲတွေ ဖြစ်ပေါ်လာရပါတော့တယ်။
⏬⏬⏬
လေ့လာသင်ယူမှုပြဿနာ ရှိနေကြောင်း ဘယ်လိုသိမလဲ။❓❓
👨🏻⚕️စိတ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း👨🏻⚕️
👧🏻🧑🏻ကလေးကို စိတ်ပိုင်းဆိုင်ရာအထူးကုဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးရမှာဖြစ်ပြီး ဆရာဝန်အနေနဲ့ ကြီးထွားဖွံ့ဖြိုးမှုနောက်ကျခြင်း ဒါမှမဟုတ် အာရုံခံစားနိုင်စွမ်း ချို့ယွင်းခြင်း အစရွိတဲ့ ပြဿနာတွေကို အရင်ဖယ်ထုတ်ပါလိမ့်မယ်။ ❌
🧒🏻👦🏻တကယ်လို့ ကလေးရဲ့ အရေး၊အဖတ် နဲ့ အတွက်စွမ်းရည်တွေဟာ သူတို့လေးတွေရဲ့ အသက်အရွယ်၊လေ့လာသင်ယူမှု၊တက်ရောက်နေတဲ့ အတန်း စတာတွေနဲ့ယှဉ်ရင် မျှော်လင့်ထားတာထက် အများကြီး နည်းပါးချို့ယွင်းနေပြီဆိုရင် သူတို့မှာ လေ့လာသင်ယူမှုပြဿနာ ရှိနေပါပြီ။❌
🤗ယနေ့ည မျှဝေပေးခွင့်ရလို့ကျေးဇူးတင်ပါတယ်ရှင့် 🤗
😍ဖေဖေ၊မေမေတို့လည်း ပြန်လည်မျှဝေပေးဖို့ဖိတ်ခေါ်ပါရစေရှင့်
Credit
မင်္ဂလာပါရှင့် 🙏🏻
🤗ဒီနေ့ည တီချယ်အေး မျှဝေပေးချင်တာကတော့........
🧒🏻ကလေးများရဲ့ လေလာ့သင်ယူမှုပြသနာတစ်ချို့အကြောင်း👧🏻
အပိုင်း (၁)
*********
🤷🏻 လေ့လာသင်ယူမှု ပြဿနာရှိတဲ့ ကလေးတွေ
ကလေးတွေအားလုံးကတော့ ကျောင်းစာနဲ့ ပတ်သက်လို့ အခက်အခဲတွေ ကိုယ်စီရှိကြတာချည်းပါပဲ။ ဒါပေမယ့် လေ့လာသင်ယူမှုလုံးဝ မလုပ်နိုင်ဖူးဆိုရင်တော့ ဒါဟာ ပြဿနာအကြီးကြီး ဖြစ်ပါတယ်။🙅🏻🙅🏻♂️
💁🏻💁🏻♂️လေ့လာသင်ယူမှု အခက်အခဲရှိတဲ့ ကလေးအများစုဟာ ဉာဏ်ရည်အသင့်အတင့်ရှိတဲ့ ကလေးတွေဖြစ်ပြီး တချို့ကလေးတွေဆိုရင် သာမန်ထက်ပိုတဲ့ ဉာဏ်ရည်တောင် ရှိကြပါတယ်။ ဒါပေမယ့် သူတို့ဟာ အရေး၊အဖတ်နဲ့ အတွက်တို့ကို လေ့လာရာမှာ အခက်အခဲတွေ ရှိနေပါတယ်။
🗣 အဖတ်စွမ်းရည်မှာ ပြဿနာရှိတဲ့ ကလေးတွေဟာ အောက်ပါအခက်အခဲတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။👧🏻
✍🏻 ရေးထားတဲ့ စာကို အသံထွက်မဖတ်နိုင်ခြင်း🗣
စာလုံးတွေကို မှန်ကန်စွာ ခွဲခြမ်းစိတ်ဖြာပြီး အသံထွက်လာအောင် Phonological processing လို့ခေါ်တဲ့ လုပ်ငန်းစဉ်က ကူညီပေးပါတယ်။ ဒါ့အပြင် အဆိုပါ အသံနဲ့ စာလုံးတို့ကို ဆက်စပ်ပြီး စာဖတ်နိုင်အောင်လည်း ဒီလုပ်ငန်းစဉ်ကပဲ ပြုလုပ်စီမံပေးတာဖြစ်ပါတယ်။✍🏻
🗣 Phonological processing မလုပ်နိုင်တဲ့အတွက် ရေးထားတဲ့ စာတွေကို မဖတ်နိုင်တဲ့ ပြဿနာ(ဝါ)လက္ခဏာကို dyslexia လို့ခေါ်ပြီး အနည်းငယ်မဖတ်နိုင်တာကနေ လုံးဝမဖတ်နိုင်တာအထိ ပြင်းထန်မှု အဆင့်ဆင့် ရှိပါတယ်။🗣
✅ ချောမွေ့စွာ မဖတ်နိုင်ခြင်း၊မြန်မြန်မဖတ်နိုင်ခြင်း။
✅ ဖတ်လိုက်တဲ့စာကို နားမလည်နိုင်ခြင်း။
✅ အရေးစွမ်းရည်မှာ ပြဿနာရှိတဲ့ ကလေးတွေဟာ အောက်ပါအခက်အခဲတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။
သီကုံးဖွဲ့ဆိုခြင်း
***********
✅ စိတ်ကူးစိတ်သန်းတွေကို ရေးသားတာ၊စုစည်းရေးဖွဲ့တာ ဒါမှမဟုတ် ကိုယ့်အတွေးအမြင်တွေကို ထုတ်ဖော်ပြောဆိုတာ အစရှိတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။
✅ စာလုံးမပေါင်းနိုင်ခြင်း။
✅ သဒ္ဒါမမှန်ခြင်း
✅ လက်ရေးလက်သားပြဿနာရှိခြင်း (ကောင်းကောင်း မရေးနိုင်ခြင်း)။ စသည်တို့ပဲ ဖြစ်ပါတယ်ရှင့်......
🤗ခုလိုမျှဝေခွင့်ရလို့ ကျေးဇူးတင်ပါတယ်ရှင့်....
💁🏻💁🏻♂️ နောက်အပတ်တွေမှာ ဆက်ပြီတင်ပေးပါဦးမယ်ရှင့်......
Credit # Hellosayarwon
မင်္ဂလာညချမ်းပါရှင့် 🙏🏻
🤗 ဒီနေ့ည Teacher Ayeမျှဝေပေးချင်တာကတော့.......
*ကလေးများ၏ ကျန်းမာရေးအကြောင်းမှ အရေပြားနှင့်ပက်သက်သော အကြောင်းလေး မျှဝေပေးပေးပါ့မယ်ရှင့်*
အပိုင်း (၁)
********
🤱🏻 ကလေးတွေမှာ အတွေ့ရများတဲ့ အရေပြားပြဿနာများ
ကလေးတွေရဲ့ အရေပြားမှာ အနီစက်လေးတွေ၊အဖုလေးတွေဖြစ်နေတာ မြင်ဖူးကြမှာပါ။ ဒါဟာ😱 ကလေးတွေမှာ ဖြစ်တတ်တဲ့ အရေးပြား ပြဿနာတွေရဲ့ လက္ခဏာတွေပါ။ အများစုကို ထိထိရောက်ရောက်ကုသလို့ ရပါတယ်။ 🤗
💁🏻 ဒီဆောင်းပါးကို ဖတ်ခြင်းအားဖြင့် ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားရောဂါတချို့ကြောင်းကို သင်သိရမှာပါ။ ဒါပေမယ့် သင့်ကလေးမှာ အရေပြားရောဂါတွေ ဖြစ်လာပြီဆိုရင်တော့ ရောဂါကို အတိအကျသိဖို့နဲ့ ကုသဖို့ပေးနိုင်ဖို့အတွက် ဆရာဝန်နဲ့💉💊 ပြသတိုင်ပင်ရပါမယ်။👩🏻🔬👨🏻🔬
ဒီနေ့ပြောပြမယ့် အရေပြားရောဂါကတော့......
Contact dermatitis
********************
Contact dermatitis ဆိုတာ သင့်အရေပြားနဲ့ မတည့်တဲ့ အရာတခုခု ဒါမှမဟုတ် ဓါတုဗေဒ ပစ္စည်းတခုခု ထိတွေ့တဲ့အခါ ဖြစ်ပေါ်လာတဲ့ အရေပြားပြဿနာ တမျိုးပဲဖြစ်ပါတယ်။😱😱
>> အဆိုပါ အရာကြောင့် အရေပြားကိုထိခိုက်စေပြီး ဓါတ်မတည့်ခြင်းတွေကိုလည်း ဖြစ်စေပါတယ်။
🚫 ဆပ်ပြာ၊လိုးရှင်း၊ရေမွှေး၊သတ္တုတမျိုးမျိုး၊latex ရာဘာ၊အလှကုန်ပစ္စည်း ဒါမှမဟုတ် ဆေးတွေကြောင့် သင့်ကလေးမှာ Contact dermatitis ဖြစ်လာနိုင်ပါတယ်။
🚫 ရောဂါလက္ခဏာတွေက ကလေးတယောက်နဲ့ တယောက် တူချင်မှ တူမှာပါ။
✅ဒါပေမယ့် သင့်ကလေးမှာ Contact dermatitis ဖြစ်နေပြီဆိုရင်........
❌ နာကျင်တာ၊နီရဲတာ၊ယားယံတာ၊ရောင်ရမ်းနေတာ၊အရည်လေးတွေထွက်နေတာ ဒါမှမဟုတ် သွေးထွက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ အဓိက ထိတွေ့မိတဲ့ နေရာမှာ ရောဂါလက္ခဏာတွေ အဆိုးဆုံးဖြစ်နေမှာပါ။
✅ သင့်ကလေးရဲ့ ရောဂါအခြေအနေ၊အသက်နဲ့ တခြားကျန်းမာရေးအနေအထားတွေပေါ် မူတည်ပြီး လိုအပ်သလို ကုသပေးပါလိမ့်မယ်။
✅ အများအားဖြင့် ပြုလုပ်လေ့ရှိတဲ့ ကုသမှုတွေက အရေပြားကို ဆေးကြောသန့်စင်တာ၊ရောင်ရမ်းတာအပါအဝင် ရောဂါလက္ခဏာတွေကို သက်သာစေဖို့ စိုစွတ်တဲ့ အဝတ်စနဲ့ ပတ်ထားတာ၊ယားယံတာ သက်သာစေဖို့ အရေပြားကို ခရင်မ်ဒါမှမဟုတ် ဆေးရည်တွေ လိမ်းပေးတာ နဲ့ သောက်ဆေးတွေ ပေးတာတို့ပဲ ဖြစ်ကြပါတယ်။
🤗 ဒါကြောင့် မို့ ဖေဖေ၊မေမေတို့ရေ ကလေးများ၏ အရေပြားကို အထူးဂရုစိုက်ပေးဖို့ လိုအပ်တယ်ဆိုတာ အကြံပြုပါရစေရှင့်.....
😍 မျှဝေခွင့်ရလို့ ကျေးဇူးတင်ပါတယ်ရှင့်......
Credit
မင်္ဂလာညချမ်းပါရှင့် 🙏🏻
🤗ဒီနေ့ည Teacher Aye မျှဝေပေးချင်တာကတော့.......
*ကလေးငယ်များအတွက် မှန်ကန်သော အစားအစာများရွေးချယ်ပေးခြင်း*
👪🏻 ကလေးငယ်လေးတွေကို ဘာကျွေးကြမလဲဆိုတာ သားသားမီးမီတို့ရဲ့မိဘတွေ တော်တော် စဉ်းစားရတဲ့ အလုပ် တစ်ခုပါ။ ကလေးငယ်လေးတွေ အာဟာရပြည့်ဖို့ ကျန်းမာဖို့ အစားအစာ ဟာ အရေးကြီးမှန်း သိကြပါတယ်။
မှန်ကန်တဲ့ အစားအစာဟာ ကလေးတွေရဲ့
✅ စွမ်းအင်လိုအပ်ချက်ကို မျှတစေတယ်
✅ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားပေးတယ်
✅ ခန္ဓာကိုယ်အလေးချိန်ကို မှန်ကန်စေတယ်
✅ စိတ်ပိုင်းဆိုင်ရာလည်း ပိုကျန်းမာစေပါတယ်။
✅ အစားအစာကို မှန်မှန်ကန်ကန်ရွေးချယ်ပြီး ကလေးတွေကို စားသုံးစေတာ တော်ရုံရောဂါ ဖျားနားတာတွေကို ကာကွယ်ပေးပါသေးတယ်။
🚫 ကလေးအသက် ၆လ အထိကေတာ့ မိခင်နို့တစ်မျိုးတည်းကို တိုက်ကျွေးပါနော်။ ရေတောင်မတိုက်ရပါဘူး။
✅ အသက် ၆လ ကျော်ပြီး ဖြည့်စွက်စာ ကျွေးတော့မယ်ဆိုရင် ဒီ Tips လေးတွေ ထပ်စဉ်းစားပြီး အစားအစာကို ရွေးချယ်ကြည့်ပါ။
😇 နေ့လယ်စာတို့ ညစာတို့က အဓိကအစားအစာဖြစ်ကြောင်း ကလေးငယ်တွေသိပါစေ။ အချိန်မှန်မှန် နဲ့ သေချာ ထိုင်စားခိုင်းပါ။ နေ့လယ်စာ ညစာ စားချိန်တို့ နီးလာပြီးဆို တခြား သရေစာ ကျွေးတာတွေမလုပ်ပါနဲ့တော့။
🍏🥔🍞🍗 ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ပြပြီး စားတဲ့အကျင့်ကို ကျင့်ယူပေးပါ။
🚫 အချို၊ အငန်၊ အဆီ စားသုံးတာတွေ ကန့်သတ်ထားပါ။ အချို၊ အငန်၊ အဆီတို့ကို ငယ်ငယ်ကတည်းက အများကြီးစားရင် မလိုလားအပ်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။❌
အသီးအနှံတွေများများစားဖို့🍏🍎 တိုက်တွန်းရပါမယ်။အိမ်မှာ သေရစာ သကြားလုံး အချိုမှုန့်တို့ အစား သစ်သီးတွေ🍒 ထားပေးခြင်းက🍅🍓🍇 ကလေးငယ်တွေ ဗိုက်ဆာတဲ့အခါ အသီးအနှံတွေ များများစားစေမှာဖြစ်ပါတယ်။🍉🍌🍊
☑ မိဘတွေအနေနဲ့ ကလေးတွေရဲ့ ရှေ့ဆောင်စံပြအနေနဲ့ မှန်ကန်တဲ့ အစားအစာတွေကို ရွေးချယ်ဖို့လည်းလိုအပ်ပါတယ်။👪🏻
ကလေးတွေ ကို ငယ်တဲ့ အရွယ်ကတည်းက အစားအစာမျိုးစုံကို စမ်းကျွေးကြည့်သင့်ပါတယ်။ ဒါသူကြိုက်တယ် ထင်လို့ ဒါတစ်မျိုးတည်း ကျွေးတာမျိုးတွေ မလုပ်ပါနဲ့။❌ စုံအောင်ကျွေးပါ။✔
🙏🏻 ခုလို ဖတ်ဖူးသမျှထဲမှ ကြိုက်နှစ်သက်သော ဗဟုသုတ တချို့ကို မျှဝေပေးလိုက်ပါတယ်ရှင့်...
🤗အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်.....
Credit - 2020
အပိုင်း (၃)
********
Child Psychology 🤱🏻(ကလေးများ၏ စိတ်ပညာတချို့)ကို မျှဝေပေးပါရစေရှင့် 🤗
👪🏻 မိဘများက ကလေးတွေအတွက် ပြောင်းလဲမှုတွေ ဖြစ်စေချင်ပြီဆိုရင်.........
👨🏻👩🏻👦🏻 လူကြီး၊ မိဘ၊ အုပ်ထိန်းသူတွေက ကလေးတွေအပေါ်မှာ ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်လိုစား၊ ဘယ်လိုသွား........စသည်ဖြင့် Guideလုပ်ပေးရမယ်ဆိုပြီ ထင်ကြပါတယ်နော့် (မှန်ပါတယ်၊ အားလုံးတော့ မမှန်ပါဘူးနော့်🙅🏻)
🤷🏻 အမှန်တကယ်မှာတော့.......
မိဘ၊👨🏻👩🏻👧🏻 အုပ်ထိန်းသူ၊ လူကြီးတစ်ယောက်အနေနဲ့ ကလေးတစ်ယောက်ရဲ့ပြောင်းလဲမှုကို မြင်ချင်တယ်ဆိုရင် ပထမဦးဆုံးလုပ်သင့်တဲ့အရာကတော့ ကိုယ်က Embodyလုပ်မှရပါမယ်နော့်👍🏻...
🤗 ယနေ့ခေတ်မှာ အများစုက အပြောသဘောဦးဆောင်နေသူက များလာကြပါတယ်။ အပြုသဘော ဆောင်တာ နည်းလာတတ်ကြပါပြီနော့်
အပြုသဘော ဆောင်တဲ့အရာဆိုတာ ဘာလဲ❓❓❓
💁🏻💁🏻♂️ မိဘတစ်ယောက်အနေနဲ့ဆိုရင်......
✅ ကိုယ်ဟာ ကိုယ့်သားသမီးရဲ့ Guideဆိုလည်းဟုတ်တယ်
✅ ကိုယ်ဟာ ကိုယ့်သားသမီးရဲ့ Friend ဆိုလည်းဟုတ်တယ်
🤱🏻 သားသမီးဆိုတာက....
မိဘက🤰🏻🤱🏻 မွေးလာတာ ဆိုပေမယ့် မိဘရဲ့ပိုင်ဆိုင်မှု မဟုတ်ပါဘူးရှင့်🙅🏻♂️
မိဘတွေ အနေနဲ့က Guideလုပ်ပေးဖို့ပါပဲနော့်👨🏻🏫
ဒါကြောင့်မို့ ကိုယ်ကိုယ်တိုင်က ဒီအရာတွေ ပြောင်းလဲပေးစေချင်ရင် ကိုယ်တိုင် အရင် လိုက်လုပ်သင့်ပါတယ်👍🏻
ဒါမှသာ ကလေးတွေက ကိုယ့်ရဲ့ စကားကို လိုက်နာမှာဖြစ်ပါတယ်ရှင့်🧏🏻🧏🏻♂️
🙆🏻🙆🏻♂️ အဓိက အကြံပေးချင်တာကတော့......
👪🏻 သားသား၊ မီးမီး တွေကို ပြောင်းလဲစေချင်တယ်ဆိုရင်တော့
ပြောင်းလဲပြီးသားဆိုတဲ့ Energyကို မိဘ၊ လူကြီး၊ အုပ်ထိန်းသူ အနေနဲ့ ဒီကလေးကို ခေါင်းဆောင်ပေးနေတဲ့ လူကြီးတစ်ယောက် အနေနဲ့ အရင်ဆုံး Embody လုပ်ဖို့၊ စတင်ပြောင်းလဲဖို့လိုပါမယ်လို့ မျှဝေပေးပါရစေရှင့်👩🏻👦🏻👨🏻👦🏻
😍 ဖတ်ရှုပြီးသော ဖဖေ၊မေမေ တို့မှလည်း Sharing လုပ်ရင်း
အောက်က Comments 🔽🔽🔽မှာ ပြန်လည်မျှဝေပေးဖို့ ဖိတ်ခေါ်ပါရစေရှင့် 😍
Credit Yee
🙏မင်္ဂလာ ပါရှင့်🙏
🇲🇲(၇၃)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသော အားဖြင့် 🎉Double Discount 🎉အစီအစဉ် (50%+5%) ဖေဖေ၊မေမေ👨👩👦👦တို့ ထံ ရောက်ရှိလို့လာပါပြီ
🔔ယခုလမှ စတင်၍ Grade-4 (၄လပြတ်)သင်တန်း ကို စတင်ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း သတင်းကောင်းပါး ပါရစေရှင့်
👉*ဘယ်သူတွေတက်ရောက်သင့်လဲ?*
🧑💻Grade-4ကိုအခုမှ စတင်လေ့လာစေလိုသော သားသား၊ မီးမီး များတက်ရောက်သင့်ပြီ.....
✅ဘာကြောင့် တက်ရောက်သင့်လဲ?
⚠️စတုတ္ထတန်း အစိုးရစစ် စာမေးပွဲကို ကြောက်ရွံ့ခြင်းမရှိစေရန်
💎ဘယ်လိုသင်ကြားပေးမှာလဲ?
✅Grade-4 အစိုးရသင်ရိုးညွှန်းတန်းနှင့်အညီ တွက်နည်း၊မှတ်နည်း အဖြာဖြာကို မမေ့မလျော့မှတ်သားနိုင်အောင် လေ့ကျင့်သင်ကြားပေးမည်။
🕰သင်တန်းကြာမြင့်ချိန်လေးကတော့......
-၄လ
-သောကြာ၊စနေ၊တနင်္ဂနွေ
🛑သင်ကြားပြီးသော သင်ခန်းစာများအတွက် တတ်မြောက်မှု စာမေးပွဲ ဖြေဆိုရပါမည်။🏆
🎁Big Promotion အစီအစဉ် 🎁
သင်တန်းကြေးကို 50% Discount အပြင် 4လစာ ကို Cash Downပေးချေမည်ဆိုပါက 5% ထပ်မံခံစားခွင့် ရရှိဦးမှာ ဖြစ်ပါတယ်ရှင့်😊
👉January (2.1.2021)မှ(11.1.2021)ရက်များတွင်သာ အပ်နှံသူများအတွက် အထူး Super Double Promotion ပေးနေပြီဖြစ်လို့ အမြန်ဆုံး အပ်နှံကြပါစို့.......🥰
🙏🏻2021 မှ စ၍ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံကြပြီး 💁🏻ပညာ အရည်အချင်းများ ဆထပ်တိုးလို့ လူတော်လူကောင်းလေးများ ဖြစ်လာကြပါစေလို့ Teacher Ayeမှ👩🏻🏫 ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်😍
မင်္ဂလာပါရှင့် 🤗
ဒီနေ့ည Teacher Aye ကျန်းမာရေးနဲ့ပက်သက်ပြီး မျှဝေပေးမှာကတော့......
*ကလေးများ၏ ကျန်းမာရေးအတွက် သင်ပေးသင့်သော အလေ့အကျင့်များ*
(၁) မနက်စာ ကျွေးဖြစ်အောင် ကျွေးပါ🍚🍱
(၂) လက်ဆေးတတ်ဖို့ သင်ပေးပါ🤲🏻
(၃) ချောင်းဆိုး နှာချေလျှင် ပါးစပ်နှင့် နှာခေါင်းကို အုပ်တတ်အောင် သင်ပေးပါ😷
(၄) Toilet (အိမ်သာ)ကိုယ်တိုင် သွားတတ်အောင်သင်ပေးပါ💁🏻
(၅) လှုပ်လှုပ် ရှားရှား ကစားတာကို ပျော်တတ်အောင် သင်ပေးပါ 🤸🏻🤾🏻
(၆) မိသားစု ဆုံပြီ ညစာစားပါ👪🏻🍽
(၇) အိပ်ယာဝင်ခါနီး ပုံပြင်ဖတ်ပြပါ🗣
(၈) ရေချိုးပေးပါ🙂
(၉) အအေးတွေ လျှော့သောက်တတ်အောင် သင်ပေးပါ 🙅🏻
(၁၀) သွားတိုက်တဲ့ အလေ့အကျင့် လုပ်ပေးပါ🙋🏻♂️
(၁၁) ကလေးတွေကို အိပ်ရေးဝဝ အိပ်တတ်အောင် အကျင့်လုပ်ထားပါ🤱🏻
(၁၂) ကလေးတွေကို ကာကွယ်ဆေးတွေ ပြည့်အောင် ထိုးပေးပါ💉
(၁၃) ကလေး အန္တာရာယ်ဖြစ်စေမယ့် အိမ်မွေးတိရစ္ဆာန်တွေ မမွေးပါနဲ့🐈🐕
(၁၄) TV တီဗွီ၊ ဖုန်း၊ ဂိမ်းဆော့/ ကြည့်တဲ့အချိန်တွေကို ကန့်သတ်ပါ🙅🏻📱🙅🏻♂️
(၁၅) ပုံမှန် ကျန်းမာရေး စစ်ဆေးတဲ့ အလေ့အကျင့် လုပ်ပါ💁🏻
(၁၆) ကလေးရဲ့ စိတ် ကျန်းမာရေး အခြေအနေကို ဂရုစိုက်ပါ🙆🏻♂️
(၁၇) အသက်ကယ် ပစ္စည်းတွေကို သုံးတတ်အောင် သင်ပေးပါ🙋🏻
(၁၈) မိမိခန္တာကိုယ်ကို ကိုယ်တိုင် သန့်ရှင်းရေး လုပ်တတ်အောင် သင်ပေးပါ👩🏻🏫
🔼🔼🔼🔼🔼
အထက်ပါ အချက်များကတော့........
💁🏻ကလေးများကို ကျန်းမာရေးနဲ့ပက်သက်ပြီး ငယ်ရွယ်စဉ်မှ စ၍
အလေ့အကျင့်ကောင်း တစ်ခုအဖြစ်သင်ကြားပေးသင့်တယ်လို့ အကြံပြု မျှဝေပေးပါရစေရှင့် 🤗🤗
🙏🏻အားလုံးကိုမျှဝေခွင့်ရလို့ ကျေးဇူးတင်ပါတယ်ရှင့်🙏🏻
😷 ရောဂါဘယ ကင်းဝေးကြပါစေ😷
. AungZinKo(www.momjunction.com)
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the school
Telephone
Website
Address
Yangon
Opening Hours
Monday | 09:00 - 19:00 |
Tuesday | 09:00 - 19:15 |
Wednesday | 09:00 - 19:00 |
Thursday | 09:00 - 19:00 |
Friday | 09:00 - 19:00 |
Saturday | 09:00 - 19:00 |