Rise Up - Burma

Rise up- Burma is a social media news and magazine page.

Rise up-Burma hold up the following policies -
#Against the existing stream
#Anti Fascism
#Anti Sexism
#Anti Rascism
#Anti Neo liberalism and Capitalism

26/03/2022

ကရင်အမျိုးသားအစည်းအရုံး
ဒူးပလာယာခရိုင်
ကော့ကရိတ်မြို့နယ်

ထုတ်ပြန်ကြေငြာချက်

Photos from Rise Up - Burma's post 12/03/2022

မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် ကုန်တင်ယာဉ် ၂ စီး ပစ်ခတ်မီးရှို့ခံရ

မတ်လ ၁၂ ရက် ၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ယနေ့ မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ကုန်တင်ယာဉ် ၂ စီး ပစ်ခတ်မီးရှို့ခံရကြောင်း ခရီးသွားပြည်သူများ၏ ပြောပြချက်အရ သိရသည်။

ယနေ့ နံနက် ၈ နာရီကျော်ခန့်က မြဝတီ-ကော့ကရိတ် အာရှလမ်းတောနော်ရေတံအနီးတွင် ၁၂ ဘီးကားတစ်စီး နှင့် ဒေါနတောင်ခြေ ကော့နွဲတံတားအနီး နေရာတွင် ကုန်တင်ယာဉ် ၁ စီးတို့ မီးလောင်နေမှုကို တွေ့ရကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

"ဒီနေ့ မနက်ပိုင်းက အာရှလမ်းမှာ ကော့ကရိတ်ဘက်ကနေ မြဝတီဘက်ကိုလာတဲ့ ကုန်တင်ယာဉ် ၂ စီး မီးလောင်မှု ဖြစ်နေပါတယ်။ အာရှလမ်း တောနော်ရေတံခွန်နားမှာ တစ်စီး နဲ့ ဒေါနတောင်ခြေ ကော့နွဲတံတားအနီးမှာ တစ်စီး စုစုပေါင်း ကုန်တင်ယာဉ် ၂ စီး မီးလောင်နေတာကို တွေ့ခဲ့ရတယ်" ယနေ့နံနက်ပိုင်းက ကော့ကရိတ်ဘက်ကနေ့မြဝတီသို့ တက်လာသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါ ကုန်တင်ယာဉ် (၂) စီးမှာ ပစ်ခတ်ခံရမှုကြောင့် ကားမီးလောင်ကျွမ်းမှုဖြစ်ခဲ့သလို ယာဉ်မောင်းများလည်း သေဆုံးသွားရကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းများအကြား ပြောဆိုမှုများလည်းရှိနေသည်။

ယခု ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါးခန့်မှာ မြဝတီ-ကော့ကရိတ် အာရှလမ်းတစ်လျှောက် ချီတက်လာသည်ကို တွေ့ရကြောင်း ၊ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်မီးရှို့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောဆိုကြသည်။

ယမန်နေ့က မတ်လ ၁၁ ရက်နေ့မှာ အာရှလမ်း တောနော် ရေတံခွန်ဆိုင်းဘုတ်အနီးရှိ တံတားနေရာတွင် ပစ်ခတ်ပေါက်ကွဲမှုများ ရှိခဲ့သော်လည်း တံတားကျိုးပျက်သွားခြင်းမရှိဘဲ ယနေ့ နံနက်ပိုင်းအထိ ယာဉ်အသွားအလာမပျက် ဆက်ရှိနေခြင်း ဖြစ်သလို ယနေ့ မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက နှစ်ဖက် တိုက်ပွဲများ မရှိကြောင်းသိရသည်။

အမည်မဖော်လိုသည့် ဒေသအရင်းအမြစ်တစ်ခုကလည်း " ဒီနေ့ တိုက်ပွဲတွေမရှိဘဲနဲ့ စစ်ကောင်စီတပ်က ကမိုင်ကုန်းဘက်ကနေ အာရှလမ်းမဘက်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေရှိသလို အာရှလမ်းမှာ ကားတွေကိုလည်း ပစ်ခတ်မီးရှို့ဖျက်ဆီးတာတွေလုပ်တော့ အခြေအနေက ပြည်သူတွေအတွက် စိုးရိမ်စရာပါ။ "ကေအိုင်စီသို့ ပြောသည်။

သို့သော်လည်း ၃ လ နီးပါးကြာ တိုက်ပွားများ ဖြစ်ပွားခဲ့သည့် မြဝတီတောင်ခြမ်း လေးကေကော်ဒေသ နှင့် ကော့ကရိတ်တောင်ဘက်ခြမ်း ကျေးရွာများရှိ ဒေသခံများ အေးချမ်းစွာ နေရပ်ပြန်လာ နေထိုင်နိုင်ရေးအတွက် လက်ရှိတပ်စွဲထားသော စစ်ကောင်စီတပ်များအား မတ်လ ၉ ရက်နေ့ နောက်ဆုံးထား၍ တပ်ဆုတ်ပေးရန် ဒူးပလာယာခရိုင် (တပ်မဟာ ၆)က မတ်လ ၇ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အား စာပေးပို့ အသိပေးထားသည်။

ထိုသို့ နောက်ဆုံးတပ်ဆုတ်ပေးရန် အသိပေးသည့် မတ်လ ၉ ရက်နေ့မှာတော့ စစ်ကောင်စီတပ်မှ မြဝတီတောင်ခြမ်းလေးကေကော်ဒေသ နှင့် KNLA တပ်မဟာ ၆ နယ်မြေ အနီးပတ်ဝန်းကျင်အား လေယာဉ် ၂ စီး ဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သလို လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

ယမန်နေ့ မတ်လ ၁၁ ရက်နေ့ တွင်လည်း ကော့ကရိတ် တောင်ခြမ်းရှိ KNLA တပ်မဟာ ၆ နယ်မြေအနီးသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ နှစ်ဖက် ထိတွေ့တိုက်ပွဲ၏များလည်း ဖြစ်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီနှင့် အကျိုးတူစီးပွားရေးလုပ်ဆောင်သည့် ကုမ္ပဏီ တစ်ခုမှ လေယာဉ်ဆီကို ထိုင်းက တဆင့်တင်သွင်းပြီး မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ မန္တလေး လေဆိပ်အထိ လေယာဉ်ဆီတင်ယာဉ်များ ဖြတ်သန်းသွားလာမည်ဟု စစ်ကောင်စီ ဌာနချင်းပေးပို့သည့် ကြေးနန်းစာတစ်စောင် လူမှုကွန်ယက်ပေါ် ပြန့်နှံ့လာသည့် သတင်းကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းအား နယ်မြေစိုးမိုးမှု ရရှိရန် နှစ်ဖက်တပ်များ စစ်ရေးပြိုင်ဆိုင်မှု များလည်းတွေ့ရသည်ဟု မြေမြင်သတင်းအရ သိရသည်။

ထိုသို့သော အခြေအနေများကြောင့် ယခုရက်ပိုင်းအတွင်း နှစ်ဖက်စစ်ရေးတင်းမာမှု အခြေအနေမှာ အမြင့်ဆုံးအနေအထားတွင်ရှိနေ၍ မြဝတီ-ကော့ကရိတ် အာရှလမ်း အသုံးပြု သွားလာနေသည့် ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများအနေဖြင့် ခိုင်လုံသည့်သတင်းများကိုနားစွင့်ပြီး အန္တရာယ်ကင်းနိုင်သည့် အခြေအနေမှသာ သွားလာမှု ပြုလုပ်ကြဖို့ ယာဉ်မောင်းများ အချင်းချင်းကြား တိုက်တွန်း နိုးဆော်လျက် ရှိကြောင်း သိရသည်။

Photo-CJ

မူရင်းလင့် - Karen Information Centre - KIC
https://www.facebook.com/225522737632555/posts/1908064989378313/

Photos from Rise Up - Burma's post 12/03/2022

ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းရှိ မာရီယူပိုလ်မြို့တွင် ရုရှားကျူးကျော်စစ်ကြောင့် သေဆုံးသူများအား အစုအလိုက်အပြုံလိုက် မြေမြုပ်သင်္ဂြိုဟ်နေကြရသည်။ ရုရှားတပ်များမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသဖြင့်သေ ဆုံးသူများအတွက် တခြားနည်းလမ်းဖြင့် ကောင်းမွန်စွာသင်္ဂြိုဟ်ခြင်းများ ပြုလုပ်မပေးနိုင်ကြကြောင်းသိရသည်။

မာရီယူပိုလ်မြို့တွင် အသက်ရှင်ကျန်ရစ်သူများသည်လည်း သောက်သုံးရေကအစ ခက်ခဲနေကြပြီး စား၊ဝတ်၊နေရေး ဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

Photos from Rise Up - Burma's post 12/03/2022

စစ်ကိုင်းတိုင်း ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို မတ် ၁၁ ရက်နေ့ တွင် ၃၉၇ ရက်မြောက်အဖြစ် ဆန္ဒပြခဲ့​ကြောင်းသ်ရသည်။

ဓာတ်ပုံ-CJ

Photos from Rise Up - Burma's post 12/03/2022

"ရန်ကုန်က အသံတိတ်လဲ မာန်ဟုန်အပြည့်ပဲ"

၁၁.၃.၂၀၂၂

ရန်ကုန်မြို့လယ်တွင် ''ရန်ကုန်က အသံတိတ်လဲ မာန်ဟုန်အပြည့်ပဲ'' ဘန်နာကိုင်ဆောင်ပြီး ဖက်ဆစ်ဆန့်ကျင်ရေးပြောက်ကျားသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါသပိတ်တွင် 𝗣𝗕𝗬𝗦𝗖 ( ပုဇွန်တောင်၊ ဗိုလ်တထောင် လူငယ်များသပိတ်ကော်မတီ) နှင့်အတူ
ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ (𝗞𝗬𝗦𝗖)
𝗥𝗮𝗻𝗴𝗼𝗼𝗻 𝗘𝗺𝗽𝗶𝗿𝗲 (𝗥𝗚𝗘)
𝗠𝗶𝗹𝗸 𝗧𝗲𝗮 𝗔𝗹𝗹𝗶𝗮𝗻𝗰𝗲 𝗬𝗮𝗻𝗴𝗼𝗻 (𝗠𝗧𝗔𝗬)
တာမွေသပိတ်ကော်မတီ (𝗧𝗦𝗖)
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (𝗗𝗣𝗡𝗦)
မင်္ဂလာဒုံသပိတ်ကော်မတီ (𝗠𝗚𝗟𝗗𝗦𝗖)
ဗမာ့လူငယ်ကွန်ရက် (𝗕𝗬𝗡)
များမှ ဝင်ရောက်ပါဝင်ပူးပေါင်းအားဖြည့်ပေးခဲ့ကြပါသည်။

Photo - 𝗡𝘄𝗮𝘆 𝗢𝗼
Video - 𝗬𝗮𝗻𝗴𝗼𝗻 𝗗𝗿𝗼𝗻𝗲

10/03/2022

ကသာ​နယ်တွင် အင်တာနက်ဖြတ်တောက်ပြီးနောက် စစ်အင်အားတိုးချဲ့မှုပိုမိုများပြားလာ

မတ်လ ၉ ရက်

စစ်ကိုင်းတိုင်း၊ ကသာနယ်တွင် စစ်ကောင်စီတပ်မှ မတ်လ ၃ ရက်နေ့မှစတင်ကာ အင်တာနက်ဖြတ်တောက်ပြီးနောက် စစ်ရေးပြင်ဆင်မှုအပြင် စစ်အင်အားတိုးချဲ့လှုပ်ရှားမှုများ ပိုများလာကြောင်း မြေပြင်သတင်းများအရ သိရသည်။

"တခါမှမမြင်ဖူးတဲ့မျက်နှာစိမ်းလူတွေ လိုင်းကားတွေနဲ့ဝင်လာတာ သတိထားမိတယ်။ တကယ်တော့ ကျွန်တော်တို့မြို့က သွားရင်းဟန်လွဲ လမ်းတိုက်တယ်ဆိုတာမရှိဘူး အသေချာဝင်လာတယ်ဆိုတာသိသာတယ် "ဟု ဒေသတွင်းသတင်းအရင်းမြစ်အရသိရသည်။

အင်တာနက်ဖြတ်တောက်လိုက်ပြီးနောက် မြို့တွင်းသို့ ၁၂ဘီးကား၊အိမ်စီးကားများဖြင့် ဝင်ရောက်မူများရှိလာသည့်အပြင် မတ်လ ၈ ရက် ယမန်နေ့ည ၈နာရီခွဲခန့် စစ်ကောင်စီတပ်အင်အား တစ်ရာကျော်ခန့်ပါသည့် ၁၂ ဘီးကားတစ်စီးသည် နဘားဖက်မှတဆင့် ကသာမြို့သို့ ဝင်ရောက်လာပြီး ကသာနယ်အထက်ဖက်ရှိ ကျေးရွာအချို့ရှိ ဘုန်းကြီးကျောင်းများတွင် တပ်ဖြန့်နေရာယူထားကြောင်းလည်းသိရသည်။

"အရင်ကဆို အခုလိုကားလမ်းကနေ မြို့တွင်းဝင်လာပြီး အင်အားဖြည့်တာ မရှိသလောက်ဘဲ အင်တာနက်ဖြတ်ပြီးနောက်ပိုင်း ၁၂ဘီးကားတွေ၊ အိမ်စီးကားတွေနဲ့ ဝင်တာလာတာရှိတယ်"ဟုအမည်မဖော်လိုသူ ဒေသခံတစ်ဦးကဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့တွင်လည်း ကသာမြို့ အမှတ် ၂ ရဲစခန်းဝင်းအတွင်းတွင် စစ်ကောင်စီတပ်မှ ပျူစောထီးအပါအဝင် စစ်တပ်ထောက်ခံသူ၊ ဒလန်အချို့တို့အား လက်တွေ့မိုင်းသင်တန်းများပေးခြင်းများရှိခဲ့ပြီး လက်ရှိတွင် ဒေသခံမဟုတ်သည့် လူစိမ်းများ ဒေသတွင်းဝင်ရောက်လာမှုများ ပိုမိုများသည့်အတွက် ဒေသခံများ စိုးရိမ်နေကြသည်။

လတ်တလော ကသာမြို့တွင် လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်မှုများရှိနေပြီး လာမည့် မတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်​နေ့အထိ ကသာမြို့နယ်အတွင်း လျှပ်စစ်မီးများ လုံးဝဖြတ်တောက်ထားမည်ဖြစ်ကြောင်း မြို့ခံပြည်သူများအကြား သတင်းများ ထွက်ပေါ်လျှက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ် ၅၂ မြို့နယ်ရှိသည့်အနက် မုံရွာ၊ ရွှေဘို၊ ကလေး၊ ရွှေဘိုမြို့နယ်မှ လွှဲ၍ ကျန်သည့်မြို့နယ်များသည် စစ်ကောင်စီတပ်မှ အင်တာနက်ဖြတ်တောက်ထားပြီဖြစ်သည်။

မူရင်းလင့် - Kachin News group

09/03/2022

မိုး​ကောင်းမှာ စစ်​ကောင်စီယာဥ်တန်းကို ​ကေအိုင်​အေနှင့် PDF ​တွေ မိုင်းဆွဲတိုက်ခိုက်

9 March 2022-Kachinwaves

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်သို့ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တောင်နီမင်းကုန်းအနီးတွင် တစ်ကြိမ်၊ မိုး​​ကောင်း ၂ မိုင်​တွင် တစ်ကြိမ်၊ ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်တို့ မတ်လ ၈ရက်နေ့ညက မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ အထိအခိုက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းမှ ကချင်ပြည်နယ်သို့ ဝင်လာသည့် စစ်ကောင်စီကား အစီး ၂၀ကျော်ခန့်ဖြင့် တက်လာသော ယာဉ်တန်းစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူတို့ ယာဉ်တန်းကို မိုင်းခွဲတာတော်တော်ထိတယ်လို့ကြားတယ်။ ကားအကြီးတွေရဲ့ မှန်တွေလည်း ကွဲနေတယ်။ စက်သုံး ဆီတွေလည်း ဖိတ်ကျနေတာကို ကြည့်ရင် တော်တော်လေးထိသွားတယ်လို့ မြင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဘက်မှ တက်လာစဥ် အစီး​ရေ ၂၀ ​ကျော်ပါသည့် စစ်​ကောင်စီတပ် စစ်​​ကြောင်းကလမ်းမှာ အကြိမ်ကြိမ် တိုက်ခိုက်ခံရသလို မတ် ၈ ရက်​နေ့ညကလည်း မိုး​ကောင်းမှာ တိုက်ခိုက်ခံရပြီး​နောက် ကား ၁၂ စီးခန့်သာ မြစ်ကြီးနားဘက်သို့ မမောင်းတက်သွားသည်ကို တွေ့ရ​ကြောင်းလည်း မိုး​ကောင်း​ဒေသခံတစ်ဦးက ဆိုသည်။

တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး မြို့မှ စစ်ကောင်စီတပ်များ စစ်ကူအနေဖြင့် ကားအများအပြားရောက်လာသည့်အတွက် အနီးရှိ ဒေသခံပြည်သူများမှ နေအိမ်တွင်မနေဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

မတ်လ ၇ရက်နေ့တွင်လည်း ကချင်ပြည်နယ် မိုးညှင်းမြို့နှင့် နန်းမားကြားတွင် တက်လာသည့် စစ်ကောင်စီယာဥ်တန်းကို ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ကာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး PDFတပ်ဖွဲ့ဝင် ၇ ဦးကျဆုံးခဲ့‌ကြောင်း သိရသည်။

ပုံ​ဟောင်းအသုံးပြုထားပါတယ်။
Photo: The Kachin Net

မူရင်းလင့် - Kachin Waves
https://www.facebook.com/504361519576965/posts/5295631827116553/

09/03/2022

ကေအဲန်ယူနယ်မြေတွင် တစ်လအတွင်း စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင် ၃၁၁ ဦးသေဆုံးပြီး ၂၂၈ ဦးဒဏ်ရာရရှိခဲ့

မတ်လ ၉ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ တစ်လတာဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့ဝင် ၃၁၁ ဦးသေဆုံးပြီး ၂၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထား သည်။

ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်တွင် "၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်လတာအတွင်းတွင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် -KNDO နှင့် အာဏာသိမ်းစစ် ကောင်စီ၏တပ်၊ နယ်ခြားစောင့်တပ် -BGF တို့အကြား ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုပေါင်း (၄၂၁) ကြိမ်ဖြစ်ပွားခဲ့ကာ အာဏာသိမ်းစစ်ကောင်စီ၏ တပ်နှင့် နယ်ခြားစောင့်တပ် -BGF တို့ဘက်မှ (၃၁၁) ယောက်သေဆုံးပြီး (၂၂၈) ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။"ဟု ပြောဆိုထားသည်။

၎င်းအပြင် အာဏာသိမ်းစစ်ကောင်စီ၏ကား ၃၅ စီးကိုလည်း ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် -KNDO တို့ ဖျက်ဆီးနိုင်ခဲ့သည်ဟု ကေအဲန်ယူဘက်က ပြောသည်။

ထို့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်- KNDO တို့ဘက်တွင်လည်း ၁၆ ဦးကျဆုံးပြီး ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ တစ်လတာအတွင်း စစ်ကောင်စီတပ်နှင့် BGF တပ်တို့ သည် ပြည်သူလူထုများ နေထိုင်ရာကျေးရွာများနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများအလုံးရေ ၄၀၀ ကျော် ပစ်ချခဲ့သည့်အပြင် မူတြော်ခရိုင် တပ်မဟာ-၅ နယ်မြေအတွင်း၌ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ရာတွင် နေရာ ၅ နေရာသို့ ဗုံး ၁၀ လုံးကျဲသွားခဲ့သည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

အဆိုပါ စစ်ကောင်စီတပ်၏ ပြည်သူလူထုများနေထိုင်ရာကျေးရွာများနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများပစ်ချမှုနှင့် လေယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်မှု ကြောင့် အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ရပြီး ၂၆ ဦး ထိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှုများပြုလုပ်သဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် ကေအဲန်ယူ - ဒူးသထူ(သထုံ)ခရိုင် ၊ ညောင်လေးပင်ခရိုင် ၊ ဘိတ်-ထားဝယ်ခရိုင် ၊ မူတြော်(ဖာပွန်)ခရိုင် နှင့် ဒူးပလာယာခရိုင်မှ အရပ် သားပြည်သူ ၇၀၀၀၀ (ခုနှစ်သောင်း) ကျော်သည် ကျေးရွာများကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

မူရင်းလင့် - Karen Information Centre - KIC
https://www.facebook.com/225522737632555/posts/1905974869587325/

Photo-KNU

09/03/2022

၃ရက်အတွင်း စစ်ကောင်စီတပ်များ ဆုတ်ခွာရန် ရတခတိုင်းမှူးထံ KNU ဒူးပလာယာခရိုင် အကြောင်းကြားစာထုတ်

မတ်လ ၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

လေးကေ့ကော်ဒေသနှင့် ကော့ကရိတ်ရိတ်တောင်ပိုင်းဒေသများအတွင်း ဝင်ရောက်တပ်စွဲအခြေပြုလှုပ်ရှားနေသော စစ် ကောင်စီတပ်များအနေဖြင့် ၃ရက်အတွင်း ပြန်လည်ဆုတ်ခွာရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာ ခရိုင်က အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ အသိပေး အကြောင်းကြားစာထုတ်လိုက်သည်။

စစ်ဘေးရှောင်ပြည်သူလူထုများသည် ၎င်းတို့ကျေးရွာနေအိမ်များသို့ အေးချမ်းစွာ ပြန်လည်နေထိုင်လုပ်ကိုင်စားသောက် နေထိုင်ရေးအတွက် လေးကေ့ကော်ဒေသနှင့် ကော့ကရိတ်တောင်ပိုင်းဒေသများအတွင်း ဝင်ရောက်တပ်စွဲကာ အခြေပြု လှုပ်ရှားနေကြသော စစ်ကောင်စီတပ်များကို ယခုအသိပေးအကြောင်းကြားသည့် စာထုတ်ပြန်သည့်နေ့ရက်မှစတင်၍ ၃ရက်အတွင်း ပြန်လည်ဆုတ်ခွာရန် အသိပေးအပ်ပါသည်ဟု မွန်ပြည်နယ်၊ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့ ကေအဲန်ယူ ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန် လက်မှတ်ဖြင့် အသိပေး အကြောင်းကြားစာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ပဒိုစောလစ္စတန်က "အခု ပြည်သူတွေ ခံစားနေရတာ လနဲ့ချီ နေပါပြီ။ ရာသီဥတုကလည်း ဖောက်ပြန်မှုတွေကြားထဲမှာ နေရာထိုင်ခင်း၊ မလုံလောက်တာ၊ မိခင်နဲ့ကလေးတွေ၊ သက်ကြီးရွယ်အိုတွေအတွက် တော်တော်လေးဆိုးရွားပါတယ်။ သူတို့နေအိမ်ကို အေးအေးချမ်းချမ်းနဲ့ ပြန်နေချင်ကြတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်တွေက ရွာထဲမှာ တပ်စွဲထားတဲ့ အတွက် ပြန်နေလို့မရဲကြဘူး။ ဒီအခြေအနေတွေကို တင်ပြလာတဲ့အပေါ်မှာ ကျနော်တို့ ခေါင်းဆောင်တွေ ခေါင်းချင်း ဆိုင် ရေးသား၊ အတည်ပြုပြီးမှ ကျနော်လက်မှတ်ထိုးတယ်။ ပြီးမှ ရတခတိုင်းမှူးဆီကို ပို့မယ်ပေါ့နော်။ ဆက်ဆံရေးရုံး က တစ်ဆင့်ပေါ့နော် အဲလိုပါပဲ။"ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စာပါသတ်မှတ်ရက်အတွင်း ပြန်လည်ဆုတ်ခွာခြင်းမရှိပါက နောက်ပိုင်းဖြစ်ပေါ်လာမည့် အကျိုးဆက်များ၊ ပြဿနာများသည် မိမိတို့ ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ အမှတ် ၆ တပ်မဟာ၏ တာဝန် မဟုတ်ကြောင်းနှင့် အာဏာသိမ်းစစ်ကောင်စီ၏ တာဝန်သာဖြစ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။

၎င်းအသိပေးစာတွင် ကေအဲန်ယူ၊ ဒူးပလာယာခရိုင် အမှတ် ၆ တပ်မဟာဒေသအတွင်း ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် နေ့မှစတင်၍ စစ်ကောင်စီတပ်များမှ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဒေါနအရှေ့ခြမ်းရှိ လေးကေ့ကော်မြို့သစ် အပါအ ဝင် အနီးအနားပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူလူထုများ၊ ဒေါနအနောက်ခြမ်း ကော့ကရိတ်တောင်ပိုင်းရှိ ကျေး ရွာများမှ ပြည်သူလူထုများမှာ မိမိတို့၏ ကျေးရွာများအား စွန့်ခွာထွက်ပြေးစစ်ဘေးရှောင်နေကြရသည်ဟု ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားရာဒေသများရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များမှ ယနေ့ထိတိုင် တပ်စွဲလှုပ်ရှားလျက် ပြည်သူတို့၏ အိုးအိမ်ပစ္စည်းများစွာကို အဓမ္မသိမ်းယူခြင်း၊ ဖျက်ဆီးခြင်းများကြောင့် စစ်ဘေးရှောင်ပြည်သူလူထုများမှ ၎င်းတို့၏ ကျေးရွာနေအိမ်များသို့ ပြန်လည်နေထိုင်ခြင်း မပြုရဲသည့်အခြေအနေသို့ ရောက်ရှိခဲ့သည်ဟု ပြောဆိုထားသည်။

၂၀၂၁ခုနှစ် ဒီဇင်ဘာလပိုင်းက စတင်ဖြစ်ပွားသည့် မြဝတီတောင်ဘက် လေးကေကော်ဒေသ စစ်ပွဲပဋိပက္ခနှင့် ကော့က ရိတ်တောင်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် သောင်းနှင့်ချီသော ဒေသခံပြည်သူများသည် အိုးအိမ်စွန့်ခွာပြီး အသက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုအချိန်ထိ ၎င်းတို့ ကျေးရွာများအတွင် စစ်ကောင်စီတပ်များ တပ်စွဲထားဆဲဖြစ်ရာ နေရပ်ပြန်နေထိုင် နိုင်ရန်မှာ မလွယ်ကူသေးကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

မူရင်းလင့် - Karen Information Center
https://www.facebook.com/225522737632555/posts/1906123356239143/

Photos from Rise Up - Burma's post 09/03/2022

“ဣတ္ထိယတွေ ရှေ့သို့ချီ အကြမ်းဖက်မှုကို အမြစ်ဖြတ်မည်”

မတ်လ ၉ ရက်

ယင်းမာပင် အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်းရှိ ပြည်သူများ စုပေါင်း၍ ၃၆၄ ရက်မြောက်နေ့ အမျိုးသမီးသပိတ် စစ်ကြောင်းကို ယနေ့ မတ် ၉ ရက်နေ့တွင် “ဣတ္ထိယတွေ ရှေ့သို့ချီ အကြမ်းဖက်မှုကို အမြစ်ဖြတ်မည်” စာတန်းကိုင်ဆွဲပြီး ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မူရင်းလင့် - Khit Thit
https://www.facebook.com/385165108587508/posts/1443690269401648/

Photos from Rise Up - Burma's post 09/03/2022

ယူကရိန်းအတွက် တိုက်လေယာဥ်တွေ လွှဲပေးဖို့ ပိုလန်သဘောတူပြီ

ယူကရိန်း သမ္မတ ဇယ်လန်စကီး တောင်းဆိုထားသလိုမျိုး ရုရှားလုပ် တိုက်လေယာဥ်တွေ အစုလိုက် အပြုံလိုက် ရလာတော့မှာ ဖြစ်ပါတယ်။

ပိုလန်ဟာ သူတို့ဆီမှာ ရှိသမျှ ရုရှားလုပ် မစ်ဂ်- တွမ်တီးနိုင်း MiG-29 တိုက်လေယာဥ်တွေကို အမေရိကန်ကို လွှဲပေးဖို့ အဆင်သင့်ပဲ ဆိုပြီး ကြေညာပါတယ်။

ယူကရိန်း လေသူရဲတွေဟာ ရုရှားလုပ် တိုက်လေယာဥ် တွေကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်ကြတဲ့ အတွက် ရုရှားလုပ် ဖိုက်တာဂျက်တွေ ရအောင်ရှာပေးပါ ဆိုပြီး သမ္မတ ဇယ်လန်စကီးက တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒ့ါကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကင် ကိုယ်တိုင် နေတိုးစစ်ရေးမဟာမိတ် အဖွဲ့ဝင် ပိုလန်နိုင်ငံမှာ ရှိနေတဲ့ ရုရှားလုပ် တိုက်လေယာဥ်တွေကို ယူကရိန်းထံ လွှဲပေးနိုင်ရေး ညှိနှိုင်း နေခဲ့တာ ဖြစ်ပါတယ်။ ပိုလန်ကို တခြားအမျိုးအစား တိုက်လေယာဥ်တွေ အစားပြန်ပေးမယ် ဆိုပြီး အမေရိကန်က ကတိပြုထားပါတယ်။

အခုတော့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သူတို့ရဲ့ တိုက်လေယာဥ်တွေကို ဂျာမနီနိုင်ငံမှာ ရှိတဲ့ အမေရိကန် လေတပ် အခြေစိုက်စခန်း ‘ရမ်းရှတိုင်း’ Ramstein ဆီကို ပို့မယ်လို့ ဆိုပါတယ်။

ရမ်းရှတိုင်းကနေ ယူကရိန်းထဲ ဘယ်လိုသယ်မလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ယူကရိန်းထဲက လေယာဥ်ကွင်း တွေကို ဖျက်ဆီးထားတဲ့ ရုရှားကတော့ ဒေသတွင်း နိုင်ငံတွေ အနေနဲ့ ယူကရိန်းရဲ့ စစ်လေယာဥ်တွေကို အဆင်းအတက် လုပ်ခွင့်ပြုရင် ကိုယ်တိုင် စစ်ထဲ ပါတဲ့အနေနဲ့ သဘောထားမယ် ဆိုပြီး ခြိမ်းခြောက် ပြောဆိုထားပါတယ်။

Photo - BBC Burmese

မူရင်းလင့် - BBC Burmese
https://www.facebook.com/166580710064489/posts/5097837300272114/

09/03/2022

မိုးညှင်းတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို KIA ဦးဆောင်သော မိုးညှင်း PDF များ ဝင်ရောက်ပစ်ခတ်၊ ဗိုလ် ၁ ဦးအပါအဝင် ၁၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၈

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ တက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို မတ်လ ၈ ရက် ယနေ့နံနက် ၃ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်သော မိုးညှင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်ပြီး ဗိုလ်အဆင့်ရှိသူ အပါအဝင် ၁၂ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

ယမန်နေ့ မိုးညှင်းနှင့် နန်းမားကြားတိုက်ပွဲတွင် ကျဆုံးခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအတွက် သွေးကြွေးပြန်တောင်းခြင်းဖြစ်ကြောင်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ မတ်လ ၇ ရက်နေ့ နံနက်ပိုင်း၌ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားနှင့် ညောင်ကုန်းကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နန်းမား၊ ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ၇ ဦးကျဆုံးခဲ့ကာ စစ်ကား ၁ စီးပျက်စီးပြီး စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးခဲ့သည်။

ဓါတ်ပုံ - ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

မူရင်းလင့် - Khit Thit
https://www.facebook.com/385165108587508/posts/1443106482793360/

09/03/2022

Breaking News - အကြမ်းဖက်စစ်တပ်က ဝယ်ယူထားသော ဒေါ်လာ ၂၀၄ သန်းတန် ရုရှားလုပ် SU-30SME စစ်တိုက်လေယာဉ် ၆ စီး နေပြည်တော် ရောက်မည်

ရန်ကုန်၊ မတ် ၉

အကြမ်းဖက်စစ်တပ်က ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၄ သန်းဖြင့် စာချုပ်ချုပ်ပြီး ဝယ်ယူထားသော ရုရှားနိုင်ငံလုပ် SU-30SME စစ်တိုက်လေ ယာဉ် ၆ စီး နေပြည်တော်သို့ ယခုရက်ပိုင်းအတွင်းရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ရုရှားနိုင်ငံလုပ် IL-76TD အမျိုးအစား ကုန်တင်လေယာဥ်ဖြင့် ရုရှားလုပ် SU-30SME စစ်တိုက်လေယာဉ် ၆ စီးနှင့် အပိုပစ္စည်းများကို မတ်လ ၁၀ ရက်နေ့ ၊ မတ်လ ၁၂ ရက်နေ့ နှင့် မတ်လ ၁၄ ရက်နေ့တို့တွင် နေပြည်တော်သို့ လာရောက် ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်သည် ရုရှားနိုင်ငံလုပ် Sukhoi SU-30SME အမျိုးအစား စစ်တိုက်လေယာဉ် ၁ စီးလျှင် အမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် စုစုပေါင်း ၆ စီးအတွက် ဒေါ်လာ ၂၀၄ သန်း ဖြင့် ၂၀၁၈ ခုနှစ်တွင် စာချုပ်ချုပ်ဆို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ဝယ်ယူပြီး ၅ နှစ်နီးပါး ကြာမြင့်လာချိန်တွင် နေပြည်တော်သို့ လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရုရှားကုမ္ပဏီ Sukhoi က ထုတ်လုပ်သည့် SU-30SME စစ်တိုက်လေယာဉ်သည် လက်နက်ခဲယမ်းနှင့် ဒုံးကျည်များကို ပုံစံမျိုးဖြင့် တပ်ဆင်နိုင်ပြီး လေ ကြောင်းတိုက်ပွဲ၊ မြေပြင်တိုက်ပွဲများကို အဓိက ထောက်ကူ ပေးနိုင်သော စစ်တိုက်လေယာဉ်များဖြစ်ကြောင်း၊ လေယာဉ်မှူး ၂ ဦး လိုက်ပါ တိုက်ခိုက်ရသော စစ်လေယာဉ်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ်သည် ရုရှားနိုင်ငံလုပ် Yak-130 စစ်တိုက်လေယာဉ်များကို တိုင်းရင်းသား နယ်မြေများနှင့် ပြည်သူများကို ပစ်ခတ်တိုက်ရာတွင် အဓိက အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရုရှားထုတ် SU-30SME အမျိုးအစား စစ်တိုက်လေယာဉ်တစ်စင်း။

မူရင်းလင့် - Khit Thit
https://www.facebook.com/385165108587508/posts/1443658572738151/

Photos from Rise Up - Burma's post 09/03/2022

မတ်လ ပထမအပတ် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
၂၀၂၂ ခုနှစ်၊ မတ်လ (၈) ရက်နေ့။
ရှမ်းပြည်နယ် တောင်ဘက်မှစတင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ထိုးစစ်ဆင်မှုသည် ဒီးမော့ဆို မြို့နယ်၊ ဆောင်ဒူရွာသစ်ကျေးရွာအုပ်စု၊ ပူဖားရွာနှင့် သေးဆူလဲရွာ အထိရောက်ရှိလာပြီးဖြစ်သည်။ အကြမ်းဖက် စစ်ကောင်စီတပ်များသည် ၄င်းတို့ထိုးစစ်ဆင်မည့် လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို လမ်းကြောင်း ရှင်းလင်းသည့်အနေဖြင့် ကနဦးလေကြောင်းဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများပြု လုပ်ပြီး မြေပြင်စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်လျက်ရှိနေပါသည်။ ထိုသို့စစ်ကြောင်းထိုးသည့် လမ်းကြောင်းရှိ ကျေးရွာများအတွင်း အရပ်သားပြည်သူများအား သတ်ဖြတ်ခြင်း၊ နေအိမ်များကိုဖောက်ထွင်းကာ မီးရှို့ဖျက်စီး ခြင်းများလုပ်ဆောင်လျက်ရှိပါသည်။
မတ်လ (၁) ရက်နေ့ ဒီးမော့ဆိုမြို့နယ် အိုကေကျေးရွာအုပ်စု၊ ကျွန်းတောကျေးရွာအတွင်း အကြမ်းဖက် စစ်ကောင်စီမှ စစ်ကြောင်းထိုးလာရာ ကရင်နီပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထိုတိုက်ပွဲ အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ တင့်ကားများအသုံးပြုတိုက်ခိုက်ခဲ့သော်လည်း ၄င်းတို့ဘက်သာ ထိ ခိုက်မှုများပြားခဲ့ပါသည်။ မတ်လ (၂) ရက်နေ့တွင် ဒေါဘူးကူးနှင့် ဒေါပီတကျေးရွာအကြားတွင် စစ်ကြောင်းထိုး လာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်များ နှစ်ဖက်ထိတွေ့ကာ ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ၄င်းနေ့အစောပိုင်း ဒီးမော့ဆိုမြို့နယ် ဆင်‌တောင်ကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်မှ ကျေးရွာအတွင်း အရပ်သားပြည်သူ (၃) ဦးအား သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပါသည်။ ထို့နောက် မတ်လ (၃) ရက်နေ့တွင် ဆောင်ဒူရွာသစ်အုပ်စု ဒေါကမီး နှင့် ဆီးလီဒုန်းကျေးရွာအကြားတွင် တပ်စွဲ ထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ (၄) ဦးသေဆုံးခဲ့ပါသည်။
မတ်လ (၄) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာနှင့် သေးဆူလဲကျေးရွာအတွင်း ကရင်နီပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များ နှစ်ဖက်ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များဘက်မှ စစ်ကြောင်းသုံးကြောင်းနှင့် တင့်ကားများအပါအဝင် အတွဲလိုက်ပစ်ရော့ကဒ်ဒုံး (MLRS) များအသုံးပြုခဲ့သည်။
မတ်လ (၄) ရက်နေ့ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအတွင်း မွန်းတည့် (၁၁း၃၀) မှ မွန်းလွဲ (၁၆း၀၀) အထိ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် (KA) နှင့် KNDF တို့တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ နှစ်ဖက်ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ (၄) ဦးကျဆုံးခဲ့ပြီး မြေမြုပ်မိုင်းထိကာ အနည်းဆုံး (၅) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ ထို မတ်လ (၄) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် နန်းဖဲကျေးရွာ အုပ်စု၊ ကွက်သစ်ကျေးရွာအတွင်း အရပ်သားပြည်သူနှစ်ဦးအား အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပြီး ကွက်သစ်နှင့် သာယာကုန်းရပ်ကွက်အတွင်းရှိ နေအိမ် (၅) လုံးအား ၎င်းတို့မှ မီးရှို့ဖျက်ဆီးခဲ့ပါသည်။
မတ်လ (၄) ရက်နေ့ နန်းဖဲတိုက်ပွဲနှင့် ဒီးမော့ဆို ပူဖားတိုက်ပွဲအတွင်း မိမိတို့ KNDF မှ ရဲဘော် (၂) ဦး ကျဆုံးခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်ရင်းကျဆုံးခဲ့သော ရဲဘော် (၂) ဦးအား KNDF မှ အာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင်အလေးပြုပါသည်။
မတ်လ (၅) ရက်နေ့၊ ဒီး‌မော့ဆို ဆောင်ဒူရွာသစ်အုပ်စု ပူဖားကျေးရွာနှင့် သေးဆူလဲကျေးရွာတို့တွင် စစ်ကြောင်း ထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များမှ ပျောက်ကျား တိုက်ခိုက်မှု များပြုလုပ်ဆောင်ခဲ့ပါသည်။ မတ်လ (၆) ရက်နေ့ သေးဆူလဲကျေးရွာနှင့် ကျောက်ဆည်ကန် စိုက်ပျိုးလယ်ယာ ကွင်းတို့တွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များမှ ခုခံတိုက်ခိုက် ခဲ့ရာ ၎င်းတို့ဘက်မှ ထိခိုက်မှု များပြားခဲ့သဖြင့် တိုက်လေယာဥ်နှစ်စင်းဖြင့် (၇) ကြိမ် တိုင်တိုင် လာရောက် တိုက်ခိုက်ခဲ့ပါသည်။ ကျောက်ဆည်ကန် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ (၂ဝ) ဦး သေဆုံး ခဲ့ပြီး ကရင်နီပူးပေါင်းတပ်များမှ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိခဲ့ပါသည်။ ထို့ပြင် တိုက်ပွဲအတွင်း KNDF နှင့် ပူးပေါင်းတပ်များမှ အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပါသည်။
မတ်လ (၇) ရက်နေ့ မနက်ပိုင်းမှ စ၍ ကျောက်ဆည်ကန်၊ ကုန်းသာနှင့် သေးဆူလဲကျေးရွာ အနီးတွင် တိုက်ပွဲများ ဆက်လျက်ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ တိုက်လေယာဥ်နှင့် ရဟတ်ယာဥ်များ အသုံးပြုကာ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးအနားကျေးရွာများသို့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၁၂) ကြိမ်ပြုလုပ်ခဲ့ပါသည်။ အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ (၁၅) ဦး သေဆုံးခဲ့ပြီး ထိုတိုက်ပွဲအတွင်း KNDF မှ လက်နက်ငယ်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပါသည်။
မတ်လ (၈) ရက်နေ့ နံနက်အစောပိုင်း (၂း၃၀) နာရီတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအား လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပါသည်။ ထိုဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျေးရွာ အတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ဆောင် ပျက်စီးခဲ့ရပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်ပြည်သူများနှင့် အရပ်သားပြည်သူများသာ ခိုအောင်းနေသော ဆောင်ဒူကျေးရွာအား ဗုံးကျဲ တိုက်ခိုက်ခြင်းသည် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းသာဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန် ခြင်းပင်ဖြစ်သည်။ ထိုဗုံးကျဲတိုက်ခိုက်မှုအပြီး နံနက်ခင်း အာရုံဦးအချိန်တွင် ဆောင်ဒူလာ ကျေးရွာသို့ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့ဝင် လူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ပူဖားကျေးရွာအနီးတွင် တပ်စွဲထားလျက်ရှိပြီး ကျေးရွာ အတွင်း နေအိမ်များအား မီးရှို့ဖျက်စီးခြင်းများ လုပ်ဆောင်ခဲ့ပါသည်။ ထိုပြင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော လွိုင်ကောမြို့နယ် လယ်ထွဲကျေးရွာ အတွင်း လက်နက်ကြီးကျဉ်ကျရောက်ခဲ့ပြီး အမျိုးသမီးငယ် (၁) ဦး၊ အမျိုးသား (၂) ဦးနှင့် အသက် (၇) နှစ် (၁၀) နှစ် နှင့် (၁၂) နှစ် အရွယ်သာရှိသေးသော ကလေး စုစုပေါင်း (၃) ဦး သေဆုံးခဲ့ပြီး ဆယ်ကျော်သက်အရွယ် (၁၅) နှစ် မိန်းကလေးငယ် (၁) ဦးနှင့် သူမ၏ ဖခင်မှာ ဒဏ်ရာရရှိခဲ့ပါသည်။

KNDF သတင်းနှင့်ပြန်ကြားရေးဌာန
ဆက်သွယ်ရန်။ ၀၉၄၉၅၇၂၉၃၁၊ ၀၉၄၂၅၅၁၇၅၉၄။

မူရင်းလင့် - KNDF page
https://www.facebook.com/100670325574225/posts/264737565834166/

Photos from Rise Up - Burma's post 09/03/2022

မတ်လ ပထမတပတ်တွင် ကရင်နီပြည်နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲများ၌ စစ်သား ၄၃ ဦးထက်မနည်းသေဆုံးပြီး KNDF ၂ ဦးကျဆုံး၊ ပြည်သူ ၈ ဦး ကို စစ်ကောင်စီက သတ်ဖြတ်

ရန်ကုန်၊ မတ် ၉

၂၀၂၂ ခုနှစ်၊ မတ်လ ပထမတပတ်အတွင်း ကရင်နီပြည်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ဖြစ်ပွားသော တိုက်ပွဲများ၌ စစ်သား ၄၃ ဦး ထက်မနည်းသေဆုံးကာ KNDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး၊ ပြည်သူ ၅ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သလို လယ်ထွဲကျေးရွာရှိ ကလေးငယ် ၃ ဦးမှာ စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်တောင်ပိုင်းမှတဆင့် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုဘက်သို့ ထိုးစစ်ဆင်ဝင်ရောက်လာသော စစ်ကောင်စီတပ်သည် စစ်သားအင်အား အလွန်အကျွံအသုံးပြုသလို သံချပ်ကာအမြှောက်ကားများနှင့် MLRS ခေါ် အတွဲလိုက်ပစ်ခတ်နိုင်သည့် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေကြောင်းမှလည်း နေ့စဉ်ရက်ဆက် ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု သိရှိရသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့ စစ်ကြောင်းထိုးမည့် အများပြည်သူနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခြင်း လေယာဉ်ဖြင့် ဗုံးကျဲခြင်းများကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ စာသင်ကျောင်းများ၊ နေအိမ်များ ပျက်စီးခဲ့ကြောင်း KNDF က ဆိုသည်။

မတ်လ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်သည် ဆင်တောင်ကျေးရွာမှ အပြစ်မဲ့ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မတ်လ ၄ ရက်နေ့တွင် နန်းဖဲကျေးရွာအုပ်စု၊ ကွက်သစ်ကျေးရွာရှိ ပြည်သူ ၂ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ မတ်လ ၈ ရက် နေ့လယ်တွင် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည် ၁ လုံးသည် လွိုင်ကော်၊ လယ်ထွဲကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ဖခင်ဖြစ်သူနှင့် ၁၅ နှစ်အရွယ် မိန်းကလေး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

မတ်လ ၈ ရက် နံနက် အစောပိုင်းတွင် ဒီးမော့ဆို ဆောင်ဒူလာကျေးရွာသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ပရဟိတ ကယ်ဆယ်ရေးလုပ်သား ၂ ဦး ဒဏ်ရာရခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ်၊ ပူးဖားကျေးရွာတွင် ယမန်နေ့ မတ်လ ၈ ရက်အထိ တပ်စွဲထားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်သည်။

မူရင်းလင့် - Khit Thit
https://www.facebook.com/385165108587508/posts/1443636299407045/

Photos from Rise Up - Burma's post 09/03/2022

က္ကတ္ထိယတွေရှေ့သို့ချီ အကြမ်းဖက်မှုကို အမြစ်ဖြတ်မည်

ရန်ကုန်၊ မတ်လ ၈ ရက်

အကြမ်းဖက်စစ်အာဏာရှင်စနစ် ချေမှုန်းရေးတွင် ကျရာအခန်းမှ ပါဝင်နေသည့် တော်လှန်တက်ကြွအမျိုးသမီးများကို လေးစားဂုဏ်ပြုသည့်အားဖြင့် ယနေ့ မတ်လ ၈ ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရန်ကုန်၌ သပိတ်စစ်ကြောင်းများ စုပေါင်းဆန္ဒပြကြသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို Women Alliance Burma က ဦးဆောင်ကာ ရေဘဝဲ (ပြည့်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ၊ Youth Association of Thingangyun (YAT) ၊ LGBT community Yangon ၊ လူငယ်များ သမဂ္ဂ (Youth Union) ၊ Revolution Force (RF) ၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ၊ Labour Alliance အဖွဲ့ဝင် CTUM ၊ တော်လှန်သွေးမကုန်တောင်ဒဂုံ သပိတ်အင်အားစု တို့မှ ပူးပေါင်းဆန္ဒပြခဲ့သည်။

Photo - AAMIJ

မူရင်းလင့် - https://www.facebook.com/385165108587508/posts/1442975252806483/

Photos from Rise Up - Burma's post 08/03/2022

တော်လှန်သွေးတွေပွက်ပွက်ဆူ ငါတို့ရန်ကုန်သူ

မတ်လ ၈ ရက် ၊ ၂၀၂၂ ခုနှစ်

မတ်လ ၈ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာအမျိုးသမီးများနေ့တွင် ရန်ကုန်မြို့မှ အမျိုးသမီးလူငယ်များမှ - တော်လှန်သွေးတွေပွက်ပွက်ဆူ ငါတို့ရန်ကုန်သူ ဟူသောစာသားနှင့် ဘက်လိုက်မှုတွေချက်ချင်းရပ် အာဏာရှင်စနစ် အမြစ်ဖြတ် ဟူသော စာသားများကိုင်ဆောင်ကာ ရန်ကုန်မြို့တစ်နေရာ၌ ချီတက်ဆန္ဒပြသပိတ်မှောက်ခဲ့ကြသည်။

Yangon Revolution Force - YRF (Soft Strike Community)၊ Rangoon Empire - RGE နှင့် အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ခွဲအင်အားစုမှ လူငယ်များမှပူးပေါင်းကာ အဆိုပါပြောက်ကျားသပိတ်အားပြုလုပ်ခဲ့တာ ဖြစ်သည်။

Photo - YRF

မူရင်းလင့် - https://www.facebook.com/104865695187532/posts/247518687588898/

08/03/2022

ရာသီဥတု တရားမျှတရေး မှ အလုပ်သမားအခွင့်အရေး ၊ လူမျိုးရေးတန်းတူညီမျှမှုမှ လိင်အခြေပြု ခွဲခြားမှုနှင့် အကြမ်းဖက်မှု အဆုံးသတ်ရေး၊ နယ်ချဲ့စနစ်ဆန့်ကျင်ရေးမှ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု၊ ဒီမိုကရေစီရေးမှ လွတ်လပ်ပြီး တန်းတူညီမျှသော လူ့အဖွဲ့အစည်းပေါ်ထွန်းလာရေးအတွက် ကမ္ဘာအနှံ့ရှိ တိုင်းပြည်အသီးသီးမှ အမျိုးသမီးများသည် ပိုမိုကောင်းမွန်ပြီး တရားမျှတသော အနာဂတ် လူ့အဖွဲ့အစည်းအသစ်အတွက် ရုန်းကန်တိုက်ပွဲဝင်ရာတွင် ရှေ့တန်းနေရာမှ ပါဝင်နေခဲ့သည်။⁠ အမျိုးသမီးတွေပါဝင်မှုမရှိပဲ တော်လှန်ရေးတစ်ရပ် မရှိနိုင်ဘူး။

📌ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများ သွေးစည်းကြ

📌တန်းတူညီမျှမှုနှင့် ငြိမ်းချမ်းမှု ကင်းမဲ့နေသော ကမ္ဘာဟောင်းကို ပြောင်းလဲကြ

07/03/2022

''Better to die fighting for freedom than be a prisoner all the days of your life.''
- Bob Marley

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon

Other Magazines in Yangon (show all)
MM Xpace MM Xpace
32 Street
Yangon, 0095

Space and Science News

Love Bike Love Bike
ထောက်ကြန်
Yangon

Biker.အာလုံကိုလေစာပါတယ်

သုတ စွယ်စုံ သုတ စွယ်စုံ
Yangon, 11121

ဗဟုသုတနှင့် ဟာသရသများ စုစည်းရာ

Key Key
Yangon

Key for Daily

2003 2003
Yangon

ความรู้สึกแย่ๆที่ไม่เคยหายไปไหน

Logistics & SCM Magazine Logistics & SCM Magazine
Yangon
Yangon, 11031

မြန်မာနိုင်ငံ၏ပထမဆုံး Logistics & Supply Chain Management မဂ္ဂဇင်း

Ko Zarni -က.ည.န ၀န်ဆောင်မှု Ko Zarni -က.ည.န ၀န်ဆောင်မှု
Pansodan Street
Yangon, 199

General Service-YGN

Crazy posts Crazy posts
Yangon

Happy Time - ကလေးရုပ်စုံစာစောင် Happy Time - ကလေးရုပ်စုံစာစောင်
Seik Kan Thar
Yangon, 11182

၂၀၁၈ ခုနှစ်က စတင်ထုတ်ဝေသော ကလေးရုပ်

Myanmar Celegram Myanmar Celegram
No. 30 30th Street Yangon
Yangon, 11191

Cele News For You !

ရောသမမွေ ရောသမမွေ
Yangon

စိတ်ဝင်စားရင်Likeလုပ်ခဲ့အုံး