𝐈𝐧𝐠𝐲𝐢𝐧 𝐏𝐡𝐲𝐮 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐘𝐚𝐧𝐠𝐨𝐧

Ingyin Phyu Medical Centre & Laboratory (Yangon)

19/01/2024

ကုန်ကျစရိတ်ချိုသာစွာ အိမ်တိုင်ရာရောက် စစ်ဆေးပေးမယ့် အင်ကြင်းဖြူကို ဆက်သွယ်လိုက်ပါ 🚑 🩸🧪🔬

💙 အင်ကြင်းဖြူ အဆင့်မြင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်း ရဲ့ အိမ်အရောက် သွေးဖောက်စစ်ဆေးခြင်း ဝန်ဆောင်မှုက

👴🏻လူကြီိးသူမတွေ၊
👶🏻မွေးကင်းစအပါအဝင် အသက်ငယ်လွန်းတဲ့ ဘေဘီလေးတွေ၊
🧎🏻‍♂️ရောဂါအခံကြောင့် အထိုင်အထ၊ အသွားအလာခက်ခဲပြီး အပြင်ထွက်ဖို့ အဆင်မပြေသူတွေ၊
🛌နာတာရှည်လူနာတွေ၊
⏰ကိုယ်တိုင်လာရောက်ဖို့ အချိန်မလောက်ငတဲ့အတွက် သီးသန့် သွေးဖောက်စစ်ဆေးလိုသူတွေ၊
🩸အကြောင်းအမျိုးမျိုးကြောင့် အိမ်မှာပဲ သွေးဖောက်စစ်ဆေးချင်သူတွေ အတွက် အထူးအဆင်ပြေစေမှာပါ။

🧪အိမ်တိုင်ရာရောက် သွေးဖောက်စစ်ဆေးခြင်းနဲ့ ECG ဝန်ဆောင်မှု၊ ကာကွယ်ဆေးထိုးခြင်း ဝန်ဆောင်မှုတွေကို

✅ ပိတ်ရက်မရှိ
(မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ)

လက်ခံဆောင်ရွက်ပေးနေပါတယ်။

~~~~~~~~~~~~~~~

🥇 အရည်အသွေးမြင့် စက်ကြီးများ၊ ပစ္စည်းများကိုသာ အသုံးပြုတဲ့အတွက် အဖြေ အထူးတိကျမှန်ကန်ပါတယ်။ 💯✅

💙 ဖော်ရွေပျူငှာပြီး ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေကြောင့် လူကြီးမင်းနဲ့ မိသားစုဝင်တွေ စိတ်ကျေနပ်ရမှာ သေချာပါတယ်။ 😊🙏🏼

#အိမ်အရောက် #အိမ်တိုင်ရာရောက် #သွေးဖောက် #ဝန်ဆောင်မှု #ဆေးစစ် #အီးစီဂျီ #ကာကွယ်ဆေးထိုးခြင်း
~~~~~~~~~~~~~~~

အင်ကြင်းဖြူ အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း
🏥 အမှတ် ၄၇၀၊ သစ္စာလမ်း၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်အနီး၊ ဗဟိုဈေးမှတ်တိုင်၊ (၃) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

☎️ 09 76 545 2996, 09 76 545 2997

☎️ 09 76 545 3364, 09 76 545 3365

👨‍⚕️ 👩‍⚕️ လိုအပ်တဲ့ ဆေးစစ်ခြင်း
မနှောင့်နှေးရအောင်
စရိတ်သက်သာပြီး တိကျမှန်ကန်တဲ့
အင်ကြင်းဖြူကို ဆက်သွယ်လိုက်ပါ 😊🙏🏼💙

"Medical Check Up at Your Home"

07/01/2024

အမျိုးသမီးတိုင်း ရှောင်လွှဲလို့မရတဲ့ သွေးဆုံးကိုင်ဝေဒနာတွေကို ဘယ်လို ရင်ဆိုင်မလဲ

အပျိုဖော်ဝင်စတုန်းမှာ ရာသီလက္ခဏာတွေ စတင်ခံစားရသလိုပါပဲ။ မီးယပ်သွေးဆုံးချိန်ရောက်လာပြန်တော့လည်း သွေးဆုံးကိုင်ဝေဒနာကို ကြုံတွေ့ရမှာပါ။ ဒီလိုအချိန်မျိုးမှာ ပြင်းပြင်းထန်ထန်ခံစားရတာရှိသလို မသိလိုက် မသိဘာသာနဲ့ လက္ခဏာအနည်းအကျဉ်းပြပြီး ကျော်ဖြတ်သွားတာမျိုးလည်းရှိနိုင်ပါတယ်။

သေချာတာကတော့ သွေးဆုံးကိုင်လက္ခဏာတွေကို လွယ်လွယ်ကူကူကျော်လွှားနိုင်အောင် ကြိုတင်စီမံထားလို့ရတာပဲဖြစ်ပါတယ်။

(၁) နေ့စဉ်လူမှုဘဝနေထိုင်မှုတွေကို စတင်ပြောင်းလဲကြည့်ပါ။

အားကစား နေ့စဉ်လုပ်မယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို သမမျှတအောင်စားမယ်။ စိတ်ဖိစီးမှုလျော့ပါးအောင်နေမယ်ဆိုရင် သွေးဆုံးကိုင်ချိန်မှာ ပိုမိုလွယ်ကူပေါ့ပါးနေပါလိမ့်မယ်။

(၂) ဟော်မုန်းကုထုံးခံယူပါ။
လိုအပ်ရင် ဝေဒနာတွေ အရမ်းပြင်းထန်ရင် ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ဟော်မုန်းထိန်းညှိထားတာမျိုး ပြုလုပ်နိုင်ပါတယ်။

(၃) သဘာအီစရိုဂျင်ဖြည့်စွက်စာများ မှီဝဲပါ။

အမျိုးသမီးဟော်မုန်း အီစထရိုဂျင် အတွက် အပင်ထွက် ဖြည့်စွက်စာတွေက အန္တရာယ်ကင်းပါတယ်။ မှီဝဲတဲ့သူတွေက မမှီဝဲတဲ့သူတွေထက် အစစအရာရာ သက်သောင့်သက်သာ ရှိပြီး ကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိပါတယ်။ (ဥပမာ ပဲပိစပ်၊ လျှော်စေ့ စတာတွေကထုတ်ထားတဲ့ အာဟာရတွေ)

black cohosh နဲ့ လေးညှင်းနီလိုမျိုး သဘာဝနွယ်မြက်သစ်ပင်တွေက သွေးဆုံးကိုင်ဝေဒနာတွေကို သက်သာစေတယ်လို့ အယူရှိကြပါတယ်။ သောက်သုံးမယ်ဆိုရင်တော့ ဆရာဝန်နဲ့အရင်တိုင်ပင်ဆွေးနွေးစေချင်ပါတယ်။

(၄) ဗီတာမင် ဒီ နဲ့ Calcium (ထုံးဓာတ်) ကို မမေ့ပါနဲ့။

သွေးဆုံးခါနီးရင် အရိုးပွတာ စလာတတ်ပါတယ်။ အရိုးကျန်းမာမှုနဲ့ ပိုမိုသန်မာစေဖို့ ဒီနှစ်မျိုးကလည်း ခန္ဓာကိုယ်တွင်းမှာ လုံလောက်စွာ ရှိနေသင့်ပါတယ်။

(၅) စိတ်နဲ့ခန္ဓာ တသားတည်း ချိတ်ဆက်ပါ။
စိတ်ရောကိုယ်ပါ တွဲဖက်ချိတ်ဆက်နေတဲ့ ယောဂလို ကျင့်စဉ်မျိုးတွေ၊ ခန္ဓာကိုယ်ကနေ စိတ်ကိုပါ သက်ရောက်တဲ့ အပ်စိုက်ကုထုံး၊ အနှိပ် ခံယူတာတွေကလည်း သွေးဆုံးကိုင်လက္ခဏာတွေကို လျော့ပါးစေပါတယ်။

(၆) အပူသက်သာအောင်စီမံပါ။
အေးအေးလူလူဖြစ်စေမယ့် အဝတ်အစားမျိုးရွေးချယ်ဝတ်ဆင်ပါ။ လေအေးခံယူပါ။ နေထိုင်ရာပတ်ဝန်းကျင်ကို လေဝင်လေထွက်ကောင်းပြီး အေးမြနေအောင် စီမံထားပါ။

(၇) မတည့်တာတွေ ရှောင်ပါ။
မိမိနဲ့မတည့်တာဖြစ်စေ၊ လက်ရှိခံစားနေတဲ့ လက္ခဏာကို ပိုမိုပြင်းထန်လာအောင် တွန်းအားပေးတဲ့အရာမျိုးတွေ ဖြစ်စေ ရှောင်ကြဉ်ရပါမယ်။ (ဥပမာ - ကော်ဖီ၊ အပူအစပ်)

(၈) ကိုယ်အလေးချိန်ထိန်းသိမ်းပါ။
သင့်တော်တဲ့ကိုယ်အလေးချိန် ရှိနေခြင်းကလည်း သွေးဆုံးကိုင်လက္ခဏာတွေကို ဆိုးဆိုးရွားရွားမခံစားရအောင် ကူညီပေးနိုင်ပါတယ်။

(၉) ပုံမှန်ဆေးစစ်ပါ။

အနည်းဆုံး တစ်နှစ်တစ်ခါ ပုံမှန်ဆေးစစ်တဲ့အကျင့် စတင်မွေးမြူသင့်ပါပြီ။

သွေးဆုံးပြီးနဲ့ သွေးဆုံးခါနီး အမျိုးသမီးတွေအနေနဲ့ သွေးတွင်း Vitamin D ပမာဏနဲ့ အရိုးပွရောဂါရှိမရှိ၊ ရင်သားကင်ဆာရှိမရှိ၊ အခြားကင်ဆာတွေ ရှိမရှိ၊ သားအိမ်နံရံနှင့် သားအိမ်ခေါင်းစစ်ဆေးမှုများ၊ သွေးပေါင်ချိန်နဲ့ ဆီးချိုဆိုင်ရာ စစ်ဆေးမှုတွေ၊ ကိုလက်စထရောတိုင်းတာမှုတွေ၊ သိုင်းရွိုက်အကျိတ်ဆိုင်ရာ စစ်ဆေးမှုတွေ၊ ကျောက်ကပ်နဲ့ အသည်းလုပ်ငန်းဆောင်တာ စစ်ဆေးမှုတွေ၊ အူမကြီးကင်ဆာစစ်ဆေးမှု စတာတွေ စစ်ဆေးထားသင့်ကြောင်းပါ။

________________________

ကျန်းမာရေးစစ်ဆေးဖို့ လိုအပ်ရင် ကုန်ကျစရိတ်ချိုသာစွာ အိမ်တိုင်ရာရောက် စစ်ဆေးပေးမယ့် အင်ကြင်းဖြူကို ဆက်သွယ်လိုက်ပါ 🚑 🩸🧪🔬

💙 အင်ကြင်းဖြူ အဆင့်မြင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်း ရဲ့ အိမ်အရောက် သွေးဖောက်စစ်ဆေးခြင်း ဝန်ဆောင်မှုက

👴🏻သက်ကြီးရွယ်အိုတွေ၊
👶🏻မွေးကင်းစအပါအဝင် အသက်ငယ်လွန်းတဲ့ ဘေဘီလေးတွေ၊
🧎🏻‍♂️ရောဂါအခံကြောင့် အထိုင်အထ၊ အသွားအလာခက်ခဲပြီး အပြင်ထွက်ဖို့ အဆင်မပြေသူတွေ၊
🛌နာတာရှည်လူနာတွေ၊
⏰ကိုယ်တိုင်လာရောက်ဖို့ အချိန်မလောက်ငတဲ့အတွက် သီးသန့် သွေးဖောက်စစ်ဆေးလိုသူတွေ၊
🩸အကြောင်းအမျိုးမျိုးကြောင့် အိမ်မှာပဲ သွေးဖောက်စစ်ဆေးချင်သူတွေ အတွက် အထူးအဆင်ပြေစေမှာပါ။

🧪အိမ်တိုင်ရာရောက် သွေးဖောက်စစ်ဆေးခြင်းနဲ့ ECG ဝန်ဆောင်မှု၊ ကာကွယ်ဆေးထိုးခြင်း ဝန်ဆောင်မှုတွေကို

✅ ပိတ်ရက်မရှိ
(မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ)

လက်ခံဆောင်ရွက်ပေးနေပါတယ်။

~~~~~~~~~~~~~~~

🥇 အရည်အသွေးမြင့် စက်ကြီးများ၊ ပစ္စည်းများကိုသာ အသုံးပြုတဲ့အတွက် အဖြေ အထူးတိကျမှန်ကန်ပါတယ်။ 💯✅

💙 ဖော်ရွေပျူငှာပြီး ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေကြောင့် လူကြီးမင်းနဲ့ မိသားစုဝင်တွေ စိတ်ကျေနပ်ရမှာ သေချာပါတယ်။ 😊🙏🏼

#အိမ်အရောက် #အိမ်တိုင်ရာရောက် #သွေးဖောက် #ဝန်ဆောင်မှု #ဆေးစစ် #အီးစီဂျီ #ကာကွယ်ဆေးထိုးခြင်း
~~~~~~~~~~~~~~~

အင်ကြင်းဖြူ အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း
🏥 အမှတ် ၄၇၀၊ သစ္စာလမ်း၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်အနီး၊ ဗဟိုဈေးမှတ်တိုင်၊ (၃) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

☎️ 09 76 545 2996, 09 76 545 2997

☎️ 09 76 545 3364, 09 76 545 3365

👨‍⚕️ 👩‍⚕️ လိုအပ်တဲ့ ဆေးစစ်ခြင်း
မနှောင့်နှေးရအောင်
စရိတ်သက်သာပြီး တိကျမှန်ကန်တဲ့
အင်ကြင်းဖြူကို ဆက်သွယ်လိုက်ပါ 😊🙏🏼💙

"Medical Check Up at Your Home"

01/01/2024

ပိုမိုကျန်းမာပျော်ရွှင်ပြီး အစစအရာရာ ပိုမိုကောင်းမွန်အဆင်ပြေသော နှစ်တစ်နှစ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

25/12/2023

ခရစ္စမတ်နှင့် ၂၀၂၄ နှစ်သစ်အကြိုအခါသမယတွင် ရွှင်လန်းချမ်းမြေ့ကြပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း အင်ကြင်းဖြူမိသားစုက မေတ္တာဆုမွန်များ တောင်းအပ်ပါသည်။

17/12/2023

ကနဦးဆီးချို ဆိုတာ ဘာလဲ ❓

ကနဦးဆီးချို ဆိုတာ ဆီးချိုမဖြစ်ခင် အကြိုအခြေအနေကို ရောက်နေတာ ဖြစ်ပါတယ်။ သွေးတွင်းသကြားပမာဏ စစ်ဆေးမှုအဖြေတွေဟာ သွေးချိုဆီးချိုလို့ ပြောလို့တော့ မရသေးဘူး၊ ဒါပေမဲ့ ပုံမှန်ရှိသင့်တာထက်လည်း များနေပြီဆို "ကနဦးဆီးချို" (Prediabetes) လို့ ဆိုနိုင်ပါပြီ။

ညအစာမစားဘဲ မနက်ဖောက်တဲ့ Fasting Glucose က ၁၀၀ နဲ့ ၁၂၅ ကြား၊ သို့မဟုတ် OGTT လို့ခေါ်တဲ့ အချိုစားပြီး ၂ နာရီအကြာဖောက်တဲ့ စမ်းသပ်မှုမှာ ၁၄၀ နဲ့ ၁၉၉ ကြား ရှိနေရင် ကနဦးဆီးချိုလို့ သတ်မှတ်ပါတယ်။

________________________

ဖြစ်နေပြီဆိုရင် ဘာလုပ်ရမလဲ❓

(၁) ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ

အသီးအနှံ၊ အစေ့အဆံ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပဲနဲ့ သဘာဝအတိုင်းဖြစ်တဲ့ အသား (ကြိတ်ပြီးပြုပြင်ထားတာတွေမပါ) တွေကို မျှတစွာ နေ့စဉ်စားပေးပါ။ ကစီနဲ့ အချိုရည်တွေ လျှော့ချပါ။ အစားအစာပမာဏရော ကယ်လိုရီပမာဏပါ တွက်ချက်စားတတ်တဲ့အကျင့်ကို စတင်မွေးမြူပါ။

(၂) ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးပါ

လှုပ်ရှားရတဲ့ လေ့ကျင့်ခန်း တစ်ပတ်ကို ၁၅၀ မိနစ်၊ ကြွက်သားသုံးရတဲ့လေ့ကျင့်ခန်း တစ်ပတ်ကို ၂ ကြိမ် အနည်းဆုံး ရှိသင့်ပါတယ်။

(၃) ကိုယ်အလေးချိန်မျှတအောင် ထိန်းသိမ်းပါ

ရှိသင့်တဲ့ BMI ရှိပါစေ။ ကိုယ်အလေးချိန် အနည်းဆုံး ၅% လောက် ကျအောင် လုပ်နိုင်ရင် ဆီးချိုဘေး နည်းနည်းသက်သာသွားပါမယ်။

(၄) ပုံမှန် စစ်ဆေးပါ

သွေးတွင်းသကြားဓာတ်ကို ဆရာဝန်လမ်းညွှန်ချက်နဲ့ အိမ်မှာ စစ်ဆေးပါ။ ဓာတ်ခွဲခန်းမှာ လိုတာတွေ ၃-၆ လတစ်ခါ စစ်သွားသင့်ပါတယ်။

(၅) စိတ်ဖိစီးမှု လျှော့ချပါ

အားကစား၊ ယောဂ၊ အာနာပါန စတာတွေ လုပ်ပေးပါ။ နာတာရှည်စိတ်ဖိစီးမှုကြောင့် ဆီးချို ဖြစ်စေတာ တွေ့ရှိထားရပါတယ်။

(၆) အိပ်ရေးဝပါစေ

တစ်ညကို ၇ နာရီအနည်းဆုံး အိပ်ပါ။ အဆင်ပြေတဲ့သူဆို အိပ်ချိန် ၉ နာရီအထိ ယူသင့်ပါတယ်။

(၇) အရက်သေစာ လျှော့ပါ

အရက်သေစာကို အကြိမ်အရေအတွက်ရော၊ ပမာဏပါ လျှော့ချခြင်းအားဖြင့် သင်ပိုကျန်းမာရွှင်လန်းလာပြီး ဆီးချိုအန္တရာယ် နည်းလာစေမှာပါ။

(၈) ဆေးလိပ်ဖြတ်ပါ

ဒါကတော့ အထူးကို ညွှန်ကြားနေစရာ မလိုတဲ့အချက်ပါ။

(၉) ပုံမှန်ဆေးစစ်ပါ

မိမိတတ်နိုင်တဲ့ အချိန်အပိုင်းအခြားတစ်ခု မှန်မှန် ဆေးစစ်ပေးပါ။ ဒါဆို ထိရောက်တဲ့ ကာကွယ်ကုသမှုတွေ လုပ်နိုင်ပါလိမ့်မယ်။

________________________

ကျန်းမာရေးစစ်ဆေးဖို့ လိုအပ်ရင် ကုန်ကျစရိတ်ချိုသာစွာ အိမ်တိုင်ရာရောက် စစ်ဆေးပေးမယ့် အင်ကြင်းဖြူကို ဆက်သွယ်လိုက်ပါ 🚑 🩸🧪🔬

💙 အင်ကြင်းဖြူ အဆင့်မြင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်း ရဲ့ အိမ်အရောက် သွေးဖောက်စစ်ဆေးခြင်း ဝန်ဆောင်မှုက

👴🏻သက်ကြီးရွယ်အိုတွေ၊
👶🏻မွေးကင်းစအပါအဝင် အသက်ငယ်လွန်းတဲ့ ဘေဘီလေးတွေ၊
🧎🏻‍♂️ရောဂါအခံကြောင့် အထိုင်အထ၊ အသွားအလာခက်ခဲပြီး အပြင်ထွက်ဖို့ အဆင်မပြေသူတွေ၊
🛌နာတာရှည်လူနာတွေ၊
⏰ကိုယ်တိုင်လာရောက်ဖို့ အချိန်မလောက်ငတဲ့အတွက် သီးသန့် သွေးဖောက်စစ်ဆေးလိုသူတွေ၊
🩸အကြောင်းအမျိုးမျိုးကြောင့် အိမ်မှာပဲ သွေးဖောက်စစ်ဆေးချင်သူတွေ အတွက် အထူးအဆင်ပြေစေမှာပါ။

🧪အိမ်တိုင်ရာရောက် သွေးဖောက်စစ်ဆေးခြင်းနဲ့ ECG ဝန်ဆောင်မှု၊ ကာကွယ်ဆေးထိုးခြင်း ဝန်ဆောင်မှုတွေကို

✅ ပိတ်ရက်မရှိ
(မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ)

လက်ခံဆောင်ရွက်ပေးနေပါတယ်။

~~~~~~~~~~~~~~~

🥇 အရည်အသွေးမြင့် စက်ကြီးများ၊ ပစ္စည်းများကိုသာ အသုံးပြုတဲ့အတွက် အဖြေ အထူးတိကျမှန်ကန်ပါတယ်။ 💯✅

💙 ဖော်ရွေပျူငှာပြီး ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေကြောင့် လူကြီးမင်းနဲ့ မိသားစုဝင်တွေ စိတ်ကျေနပ်ရမှာ သေချာပါတယ်။ 😊🙏🏼

#အိမ်အရောက် #အိမ်တိုင်ရာရောက် #သွေးဖောက် #ဝန်ဆောင်မှု #ဆေးစစ် #အီးစီဂျီ #ကာကွယ်ဆေးထိုးခြင်း
~~~~~~~~~~~~~~~

အင်ကြင်းဖြူ အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း
🏥 အမှတ် ၄၇၀၊ သစ္စာလမ်း၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်အနီး၊ ဗဟိုဈေးမှတ်တိုင်၊ (၃) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

☎️ 09 76 545 2996, 09 76 545 2997

☎️ 09 76 545 3364, 09 76 545 3365

👨‍⚕️ 👩‍⚕️ လိုအပ်တဲ့ ဆေးစစ်ခြင်း
မနှောင့်နှေးရအောင်
စရိတ်သက်သာပြီး တိကျမှန်ကန်တဲ့
အင်ကြင်းဖြူကို ဆက်သွယ်လိုက်ပါ 😊🙏🏼💙

"Medical Check Up at Your Home"

05/12/2023

ဆေးစစ်သင့်ပြီဖြစ်ကြောင်း ညွှန်ပြနေတဲ့ အချက် (၁၈) ချက် 🚨

ဘယ်လိုခံစားရရင် ဆေးစစ်သင့်လဲ၊ ဘယ်လောက်နေရင်တစ်ခါ ဆေးစစ်သင့်လဲ၊ ဘယ်သူတွေ ဆေးစစ်သင့်လဲ စသဖြင့် သိချင်တတ်ကြပါတယ်။

တကယ့်စံချိန်စံညွှန်းတွေအရဆို ကျန်းမာနေသူတွေအတွက်တောင်

📌 အသက် ၁၈ ကနေ ၃၀ ဆိုရင် ၂ နှစ်ကနေ ၃ နှစ်အတွင်း တစ်ကြိမ်

📌 ၃၀ နဲ့ ၅၀ ကြားဆို ၁ နှစ်ကနေ ၂ နှစ်ကြား တစ်ကြိမ်

📌 ၅၀ အထက်ဆို တစ်နှစ်တစ်ကြိမ်

တွေတော့ အနည်းဆုံး စစ်သင့်ပါတယ်။

အစားအသောက်မဆင်ခြင်သူ၊ ကိုယ်လက်လှုပ်ရှား အားကစားမလုပ်သူတွေဆို ပိုတောင် ခပ်စိပ်စိပ် စစ်သင့်ပါတယ်။

ဘယ်အရွယ်ဖြစ်စေ၊ မြင်သာတဲ့ ရောဂါ ဘယ်လောက်ပဲ မရှိပါစေ၊ အောက်ပါအချက်တွေ ခံစားလာရရင်တော့ ချက်ချင်း ဆေးစစ်သင့်ပါတယ်။

(၁) တောက်လျောက် အကြောင်းမဲ့ မောပန်းနွမ်းနယ်လွယ်နေခြင်း

(၂) ရုတ်တရုက် အကြောင်းရင်းမရှိ ကိုယ်အလေးချိန်ကျဆင်းခြင်း

(၃) ခေါင်းကိုက်တတ်သော အကျင့် ဖြစ်လာခြင်း

(၄) အစာစားပြီးတိုင်းလိုလို စားချဉ့်ပြန်ခြင်း

(၅) ဝမ်းသွားသော အလေ့အထ ပြောင်းလဲလာခြင်း

(၆) အမြဲလိုလို လေပွနေခြင်း

(၇) အရေပြားတွေ ပြောင်းလဲမှုများ၊ မူမမှန်သော အခြင်းအရာများ ပေါ်လာခြင်း

(၈) ဆီးခဏခဏ လွန်ကဲစွာသွားခြင်း

(၉) အမျိုးသမီးများတွင် ရာသီစက်ဝန်း ပုံမှန်မှု ပျက်ယွင်းလာခြင်း

(၁၀) အဆစ်ကြီးငယ်များ နာခြင်း၊ ရောင်ခြင်း

(၁၁) အမြင်အာရုံစွမ်းရည် ရုတ်တရက် ပြောင်းလဲခြင်း

(၁၂) နာတာရှည် ချောင်းဆိုးခြင်း

(၁၃) ရင်ဘတ်ထဲက အောင့်နေတတ်ခြင်း၊ ကျပ်နေတတ်ခြင်း

(၁၄) မကြာခဏ မအီမသာဖြစ်ခြင်း

(၁၆) အိပ်မပျော်သော ပြဿနာ ကြုံတွေ့လာရခြင်း

(၁၇) အဖျားကာလ ရက်သတ္တနှစ်ပတ်ကျော်သွားခြင်း

(၁၈) သွေးခြည်ဥလွယ်ခြင်း၊ သွေးယိုလွယ်ခြင်း၊ သွေးတိတ်ရန် ကြာခြင်း

ဒါတွေက ယေဘုယျ လက်ကိုင်ပြုသင့်တဲ့ လမ်းညွှန်ချက်တွေသာ ဖြစ်ပါတယ်။ မိမိရဲ့ ခန္ဓာကိုယ်မှာ မူမမှန်တာ တစ်ခုခု ခံစားရရင် အမြန်ဆုံး ဆရာဝန်ပြသတိုင်ပင်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေကို ရွေးချယ်ပြီး အချိန်မီပြုလုပ်ကြသင့်ကြောင်း တင်ပြလိုက်ရပါတယ်။ ‼️

~~~~~~~~~~~~~~~

လူကြီးမင်းတို့ ဆေးစစ်မယ်ဆိုရင်
အင်ကြင်းဖြူကို ရွေးချယ်ပါ

🥇 အရည်အသွေးမြင့် စက်ကြီးများ၊ ပစ္စည်းများကိုသာ အသုံးပြုတဲ့အတွက် အဖြေ အထူးတိကျမှန်ကန်ပါတယ်။ 💯✅

🕙 ဘုတ်ကင်စနစ်နဲ့ သေချာစီစဉ်ပေးလို့ စောင့်ဆိုင်းရတာ အထူးသက်သာပါတယ်။

💙 ဖော်ရွေပျူငှာပြီး ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေကြောင့် လူကြီးမင်းနဲ့ မိသားစုဝင်တွေ စိတ်ကျေနပ်ရမှာ သေချာပါတယ်။ 😊🙏🏼

#အိမ်အရောက် #အိမ်တိုင်ရာရောက် #သွေးဖောက် #ဝန်ဆောင်မှု #ဆေးစစ် #အီးစီဂျီ #ကာကွယ်ဆေးထိုးခြင်း

~~~~~~~~~~~~~~~

အင်ကြင်းဖြူ အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း
🏥 အမှတ် ၄၇၀၊ သစ္စာလမ်း၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်အနီး၊ ဗဟိုဈေးမှတ်တိုင်၊ (၃) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

☎️ 09 76 545 2996, 09 76 545 2997

☎️ 09 76 545 3364, 09 76 545 3365

👨‍⚕️ 👩‍⚕️ လိုအပ်တဲ့ ဆေးစစ်ခြင်း
မနှောင့်နှေးရအောင်
စရိတ်သက်သာပြီး တိကျမှန်ကန်တဲ့
အင်ကြင်းဖြူကို ဆက်သွယ်လိုက်ပါ 😊🙏🏼💙

28/11/2023

ဒီရက်ပိုင်း ပတ်ဝန်းကျင်မှာ မဖျားဘဲ နှာစီး၊ချောင်းဆိုးဖြစ်တဲ့သူတွေ များပါတယ်။

သူတို့ ထဲက အချို့က

☘️ခေါင်းကိုက်ခြင်း
☘️ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ အဖျားတက်ခြင်း
☘️ခန္ဓာကိုယ် ချမ်းတုန်ခြင်း
☘️ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
☘️အားနည်းခြင်း၊ မောပန်းခြင်း
☘️နှာပိတ်ခြင်း
☘️လည်ချောင်းနာခြင်း
☘️ချောင်းဆိုးခြင်း
☘️အလင်းရောင်ကို မကြည့်နိုင်ခြင်း စတဲ့ လက္ခဏာများအပြင် ဝမ်းသွားခြင်းနှင့် အော့အန်ခြင်း များပါဖြစ်နေပြီဆိုရင် မပေါ့ဆသင့်ပါဘူး ။ နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြသသင့်ပါတယ်။

ဒီလက္ခဏာတွေဟာ တုတ်ကွေးရောဂါ လက္ခဏာများဖြစ်ပါတယ်။

တုပ်ကွေး ဆိုသည်တာ အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ကူးစက်မှု တစ်မျိုးဖြစ်ပါတယ်။ နှစ်စဉ် တုပ်ကွေးဖြစ်မှုပေါင်း ၁၀-၁၅ ရာခိုင်နှုန်းရှိပြီး လူပေါင်း ၂၅၀၀၀၀- ၅၀၀၀၀၀ လောက် ရောဂါခံစားနေကြပါတယ်။ တုပ်ကွေးဟာ လျင်မြန်စွာ စတင်ဖြစ်ပွားပြီးတော့ ၇-၁၀ ရက် အတွင်း ပျောက်သွားနိုင်ပါတယ်။ ဒါပေမယ့် အဆင့်မြင့် တုပ်ကွေးရောဂါပိုး ကူးစက်သောသူများတွေကတော့ သာမာန်ထက် အန္တရာယ် ရှိနိုင်ပါသည်။

လူအတော်အများမှာ တုပ်ကွေးဟာ ရုတ်တရက် စဖြစ်တတ်ပြီး ၇-၁၀ လောက် ကြာရင် ပျောက်သွားတတ်ပါတယ်။ လူအများစုဟာ လုံးဝပြန်လည်ကျန်းမာလာပါတယ်။ ဒါပေမယ့် အသက်ကြီးသူများ၊ ကလေးငယ်များနဲ့ ကိုယ်ခံအား အားနည်းသူများမှာ ပြင်းထန်နိုင်ပြီး ဆိုးကျိုးများကြောင့် သေဆုံးတဲ့ ဖြစ်စေနိင်ပါတယ်။

တုပ်ကွေးဖြစ်နိုင်ချေကို မြင့်စေသော အချက်များစွာရှိပါတယ်။ တုပ်ကွေးဖြစ်နိုင်ချေကိုမြင့်စေသော အချက်အချို့မှာ-

🌹 အသက်
ငါးနှစ်အောက် ကလေးများ (အထူးသဖြင့် ၂နှစ်အောက် ကလေးများ)။ အသက် ၆၅ နှစ်ကျော် သူများ။

🌹နေထိုင်မှုအခြေအနေ
ဘိုးဘွားရိပ်သာ၊ တန်းလျားများနှင့် သီးသန့်နေရာများတွင် နေထိုင်သောသူများ

🌹ကိုယ်ခံအားစနစ် အားနည်းခြင်း
ကင်ဆာကုသမှု များ၊ ခုခံအားထိန်းဆေးများ၊ corticosteroids ဆေးများနှင့် HIV/AIDS တို့ဟာ ကိုယ်ခံအားစနစ်ကို ကျဆင်း စေပါတယ်။ ထိုအခါ တုပ်ကွေးကူးရန် လွယ်ကူပြီး ဆိုးကျိုးများ ဖြစ်ရန်လည်း အခွင့်အရေးများလာပါတယ်။

🌹နာတာရှည်ရောဂါများ
ပန်းနာရင်ကျပ်၊ ဆီးချိုသွေးချိုနှင့် နှလုံးရောဂါစသော နာတာရှည်ရောဂါများသည်လည်း တုပ်ကွေး၏ ဆိုးကျိုးများကို မြင့်တက် စေပါတယ္

🌹ကိုယ်ဝန်
ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် တုပ်ကွေးကူးခံရရန် အခွင့်အရေးပိုများပါတယ်။

🌹အဝလွန်ခြင်း။
အရပ်နှင့် ကိုယ်အလေးချိန် အညွှန်း (BMI) ၄၀ နှင့် အထက်ရှိသော အလွန်ဝသောသူမှာလဲ တုပ်ကွေးရဲ့ ဆိုးကျိုးများခံစားရရန် အခွင့် အရေး မြင့်မားပါတယ်။

ဒါ့ကြောင့် တုတ်ကွေးရောဂါ လက္ခဏာ သံသယရှိပါက နီးစပ်ရာ ဆေးရုံ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက် ပြသသင့်ပါတယ်။

Accuracy, Timeliness, Expertise
အဆင့်မြင့် ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း

အမှတ် (၅၁/I)၊ လမ်း ၃၀၊ ၇၇x၇၈ လမ်းကြား၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
Hot Line: 09450855777

27/11/2023

မေတ္တာဆုမွန်ကောင်း တောင်းအပ်ပါသည်။ 😊🙏🏼🤍💙

12/11/2023

ယနေ့ ကျရောက်သော ဒီပါဝလီပွဲတော်ရက်မြတ် အခါသမယမှစတင်၍ လူသားတို့တစ်ဦးချင်းစီ၌ ကျန်းမာရွှင်လန်းခြင်း၊ ဘေးဘယာဝေးကွာခြင်း၊ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝခြင်းတို့ ခညောင်းပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာစေသော ကျင့်ကြံပွားများမှုများ ပြုလုပ်နိုင်ကြပါစေကြောင်း အင်ကြင်းဖြူမိသားစုက ချစ်ခင်နွေးထွေးစွာဖြင့် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

16/10/2023

တောင်ဥက္ကလာပမြို့နယ်ရှိ
Laboratory တွင် marketing လုပ်ရန်
ဝန်ထမ်း (၂) ဦး အလိုရှိသည်။

#ဘွဲ့ရ ဖြစ်ရမည်
#အလုပ်လုပ်ချင်စိတ်ရှိသူဖြစ်ရမည်
#အတွေ့အကြုံမရှိသူများလဲ လျှောက်ထားနိုင်သည်
#သင်တန်းကာလရှိသည်
#အနည်းဆုံး၂နှစ်တာဝန်ထမ်းဆောင်နိုင်ရမည်

09765452989 သို့ဆက်သွယ်ရန်။

15/10/2023

Medical Technologist. တစ် ဥိး
Technician (Grade 1) တစ်ဦး
အလိုရှိသည်။

Viber 09765452989 သို့ဆက်သွယ်ပါရန်။

15/10/2023

ကိုလက်စထရောကျဆေး သောက်နေတဲ့သူတွေနဲ့ မတည့်တဲ့ ဂရိတ်ဖရုသီး 🍋 ❌

သွေးတွင်းအဆီဓာတ် ကိုလက်စထရော များနေရင် လျှော့ချဖို့ ဆရာဝန်တွေ များသောအားဖြင့် ညွှန်ကြားလေ့ရှိတဲ့ ဆေးဝါးကတော့ Statin အုပ်စုဝင် ဆေးဝါးများဖြစ်ပါတယ်။

Atorvastatin, Fluvastatin, Lovastatin စသဖြင့် ဖြစ်ကြပါတယ်။ ညဖက်တစ်လုံးသောက်ဖို့ 1 hs လို့ ရေးပေးလိုက်လေ့ရှိတဲ့ ဒီဆေးဟာ ကာလကြာရှည်စွဲသောက်ရတဲ့ ဆေးမျိုးဖြစ်ပါတယ်။

ဒီဆေးသောက်ထားတဲ့ အချိန်မှာ ရှောင်ကြဉ်ရမယ့် အရာတွေထဲမှာ ရှားရှားပါးပါး သဘာဝသစ်သီးတစ်ခုလည်း ပါဝင်နေပါတယ်။ အဲဒါကတော့ ဂရိတ်ဖရုသီး (grapefruit) ပါပဲ။

သဘာဝသစ်သီးဖြစ်နေလို့ ယေဘုယျအန္တရာယ်ကင်းတယ်လို့ ထင်ရပေမဲ့ statin နဲ့ ယှဉ်တွဲစားသုံးမိရင် ဖြစ်တတ်တဲ့ ပြဿနာတွေက -

(၁) ကြွက်သားတွေ အားနည်းသလိုလို၊ နာသလိုလို ခံစားရတတ်ပါတယ်။

(၂) အသည်းကို ထိခိုက်နိုင်ခြေရှိပါတယ်။ Statin သောက်နေတဲ့သူ ဂရိုတ်ဖရုသီး များများစားထားတဲ့ ရက်ပိုင်းမှာ အသည်းနဲ့ ပတ်သက်တဲ့ သွေးဖောက်ဆေးစစ်မှုတွေ လုပ်ရင် ကမောက်ကမအဖြေတွေ ထွက်နေတတ်ပါတယ်။

(၃) Statin တွေဟာ တချို့သူတွေမှာ မအီမသာ ပျို့အန်ချင်သလိုလို ဖြစ်ခြင်း၊ ဝမ်းလျှောသလိုဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ နဂိုကကို ပေးတတ်ပါတယ်။ ဂရိတ်ဖရုသီးပါ ပါရင် အဲဒါတွေ ပိုဆိုးစေတာ တွေ့ရပါတယ်။

(၄) ကိုလက်စထရောချပေးမယ့် အာနိသင်ကို ထိခိုက်လျော့ပါးစေပါတယ်။

(၅) တခြားဆေးတချို့နဲ့လည်း မတည့်လို့ နာတာရှည် ဆေးစွဲသောက်နေရသူတွေ ဓာတ်စာအနေနဲ့ စားခြင်းကို ရှောင်သင့်ပါတယ်။ (အခြား citrus fruit တွေ အများကြီးရှိလို့ ဂရိတ်ဖရုတစ်မျိုးတည်း ရှောင်ရုံနဲ့ ပြဿနာမရှိပါဘူး)

ဒီပြဿနာကို ကျယ်ကျယ်ပြန့်ပြန့် မတွေ့ရတာ၊ မသိရတာက ဂရိတ်ဖရုသီးဟာ မြန်မာနိုင်ငံရဲ့ ဒေသတိုင်းမှာ ပေါများစွာ တွေ့ရတဲ့ အသီးမဟုတ်သလို statin သောက်နေတဲ့သူတွေကိုယ်တိုင် ဒါတွေ ခံစားရရင်တောင်မှ ဂရိတ်ဖရုနဲ့ တွဲစားမိတယ်လို့ သိကြမှာ မဟုတ်လို့ပါ။

~~~~~~~~~~~~~~~

လူကြီးမင်းတို့ ဆေးစစ်မယ်ဆိုရင်
အင်ကြင်းဖြူကို ရွေးချယ်ပါ

🥇 အရည်အသွေးမြင့် စက်ကြီးများ၊ ပစ္စည်းများကိုသာ အသုံးပြုတဲ့အတွက် အဖြေ အထူးတိကျမှန်ကန်ပါတယ်။ 💯✅

🕙 ဘုတ်ကင်စနစ်နဲ့ သေချာစီစဉ်ပေးလို့ စောင့်ဆိုင်းရတာ အထူးသက်သာပါတယ်။

💙 ဖော်ရွေပျူငှာပြီး ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေကြောင့် လူကြီးမင်းနဲ့ မိသားစုဝင်တွေ စိတ်ကျေနပ်ရမှာ သေချာပါတယ်။ 😊🙏🏼

#အိမ်အရောက် #အိမ်တိုင်ရာရောက် #သွေးဖောက် #ဝန်ဆောင်မှု #ဆေးစစ် #အီးစီဂျီ #ကာကွယ်ဆေးထိုးခြင်း

~~~~~~~~~~~~~~~

အင်ကြင်းဖြူ အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း
🏥 အမှတ် ၄၇၀၊ သစ္စာလမ်း၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်အနီး၊ ဗဟိုဈေးမှတ်တိုင်၊ (၃) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

☎️ 09 76 545 2996, 09 76 545 2997

☎️ 09 76 545 3364, 09 76 545 3365

👨‍⚕️ 👩‍⚕️ လိုအပ်တဲ့ ဆေးစစ်ခြင်း
မနှောင့်နှေးရအောင်
စရိတ်သက်သာပြီး တိကျမှန်ကန်တဲ့
အင်ကြင်းဖြူကို ဆက်သွယ်လိုက်ပါ 😊🙏🏼💙

08/10/2023

တီဂျီကိုလက်စထရော မြင့်တက်နေရင် ဘာလုပ်ရမလဲ

တီဂျီကိုလက်စထရော မြင့်တက်တဲ့အခါ လူနေမှုပုံစံပြောင်းလဲခြင်းကနေ လျှော့ချလို့ရသလို ကျွမ်းကျင်ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေနဲ့လည်း လျှော့ချနိုင်ပါတယ်။ တီဂျီကိုလက်စထရော မြင့်တက်မလာအောင် နေ့စဉ်နေထိုင်မှုကနေ ထိန်းထားချင်တယ်ဆိုရင် ထိရောက်စေမယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

၁။ စားသောက်မှုပုံစံပြောင်းလဲခြင်း
ပြည့်ဝဆီနဲ့ အရောင်ချွတ်သကြားများ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။ Omega-3 fatty acids ပါဝင်သော အစားအစာများ၊ အစေ့အဆန်၊ အသီးအနှံနဲ့ ဟင်းရွက်များစားပေးပါ။ အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

၂။ ပမာဏလျှော့စားခြင်း
မိမိတို့စားနေကျ အစားအသောက်ပမာဏထက် အနည်းငယ် လျှော့ချပေးပါ။

၃။ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း
တစ်ပတ်ကို ၁၅၀ မိနစ်အနည်းဆုံး ကိုယ်လက်လှုပ်ရှားပေးပါ။

၄။ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
BMI ဇယားအရ မိိမိအရပ်နဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားရှိသင့်ပါတယ်။

၅။ အချိုကဲစာများ လျှော့ချခြင်း
သကြားပါဝင်နှုန်းမြင့်တဲ့ ဖျော်ရည်နဲ့ စားစရာများကို အတတ်နိုင်ဆုံး လျှော့ချသင့်ပါတယ်။

၆။ သဘာဝအဆီဓာတ်များ ဖြည့်စွက်ခြင်း
ထောပတ်သီး၊ သံလွင်သီး၊ အစေ့အဆန်များကဲ့သို့ ကျန်းမာရေးအထောက်အကူပြုအဆီများပါဝင်တဲ့ အစားအစာများကို ရွေးချယ်စားသုံးသင့်ပါတယ်။

၇။ အမျှင်ဓာတ် ကြွယ်ဝစေခြင်း
အုတ်ဂျုံ၊ ပဲတောင့်တွေနဲ့ ပဲနီလေးလို အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာရင်းမြစ်တွေနဲ့ ဖြည့်တင်းနိုင်ပါတယ်။

၈။ အလျင်အမြန်စုပ်ယူလွယ်သော ကစီဓာတ်များ ရှောင်ကြဉ်ခြင်း
ကစီဓာတ်ပါတဲ့ ဆန်၊ ဂျုံ၊ ပြောင်း၊ အုတ် စတာတွေက သဘာဝအတိုင်း စားရင် သွေးတွင်းအချိုဓာတ် မြင့်တက်မှုမှာ ပုံမှန်အမြန်နှုန်းပဲ ရှိပါတယ်။ ဒါပေမဲ့ ကြိတ်ပြီး ပြန်လည်ပြုပြင်ထားတဲ့ ကစီဓာတ်တွေဆိုရင်တော့ မြန်ဆန်စေပြီး ဆီးချိုရောဂါဖြစ်ဖို့ အားပေးသလို တီဂျီကိုလည်း တက်စေပါတယ်။

၉။ ဆေးလိပ်ဖြတ်ခြင်း
ဆေးလိပ်သောက်လက်စရှိတယ်ဆိုရင် ဆေးလိပ်ဖြတ်ဖို့အကြံပြုလိုပါတယ်။

၁၀။ စိတ်ဖိစီးမှုများကို ကိုင်တွယ်ခြင်း
တရားထိုင်ခြင်း၊ ယောဂလေ့ကျင့်ခြင်း၊ သက်ပြင်းရှိုက်ခြင်းတို့ကဲ့သို့ လေ့ကျင့်ခန်းတွေက စိတ်ဖိစီးမှုကင်းဝေးစေဖို့ကူညီပေးပါတယ်။

၁၁။ ဆေးဝါးအကူအညီရယူခြင်း
တီဂျီကိုလက်စထရော မြင့်တက်မှု ပြင်းထန်ပါက အနေအစားပုံစံပြောင်းလဲရုံဖြင့် မလုံလောက်ဘဲ သက်ဆိုင်ရာဆရာဝန်ရဲ့ ကုသမှုကိုခံယူဖို့လိုအပ်ပါတယ်။

မိမိတို့ရဲ့ကျန်းမာရေးမှာ သီးသန့်ကုသမှုခံယူဖို့လိုအပ်ပါက ကျွမ်းကျင်ဆေးပညာရှင်များနဲ့ တိုင်ပင်ပြီး မိမိတို့ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီသင့်လျော်တဲ့ ဆေးဝါးကို မှီဝဲသင့်ပါတယ်။

~~~~~~~~~~~~~~~

လူကြီးမင်းတို့ ဆေးစစ်မယ်ဆိုရင်
အင်ကြင်းဖြူကို ရွေးချယ်ပါ

🥇 အရည်အသွေးမြင့် စက်ကြီးများ၊ ပစ္စည်းများကိုသာ အသုံးပြုတဲ့အတွက် အဖြေ အထူးတိကျမှန်ကန်ပါတယ်။ 💯✅

🕙 ဘုတ်ကင်စနစ်နဲ့ သေချာစီစဉ်ပေးလို့ စောင့်ဆိုင်းရတာ အထူးသက်သာပါတယ်။

💙 ဖော်ရွေပျူငှာပြီး ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေကြောင့် လူကြီးမင်းနဲ့ မိသားစုဝင်တွေ စိတ်ကျေနပ်ရမှာ သေချာပါတယ်။ 😊🙏🏼

#အိမ်အရောက် #အိမ်တိုင်ရာရောက် #သွေးဖောက် #ဝန်ဆောင်မှု #ဆေးစစ် #အီးစီဂျီ #ကာကွယ်ဆေးထိုးခြင်း

~~~~~~~~~~~~~~~

အင်ကြင်းဖြူ အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း
🏥 အမှတ် ၄၇၀၊ သစ္စာလမ်း၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်အနီး၊ ဗဟိုဈေးမှတ်တိုင်၊ (၃) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

☎️ 09 76 545 2996, 09 76 545 2997

☎️ 09 76 545 3364, 09 76 545 3365

👨‍⚕️ 👩‍⚕️ လိုအပ်တဲ့ ဆေးစစ်ခြင်း
မနှောင့်နှေးရအောင်
စရိတ်သက်သာပြီး တိကျမှန်ကန်တဲ့
အင်ကြင်းဖြူကို ဆက်သွယ်လိုက်ပါ 😊🙏🏼💙

29/09/2023

တီဂျီကိုလက်စထရော ထောင်တက်နေရင်
ဘာပြဿနာတွေ ရှိလဲ ⁉️

အတိုကောက် တီဂျီလို့ ခေါ်တဲ့ triglyceride ဟာ သွေးထဲမှာ ပုံမှန်ရှိနေတတ်တဲ့ ကိုလက်စထရော အဆီဓာတ်တစ်မျိုး ဖြစ်ပါတယ်။

ဆေးစစ်လိုက်လို့

📌 150 mg/dL အောက်ဆို ပုံမှန်

📌 150 ကနေ 199 mg/dL ထိဆို အကြိုမြင့်တက်တဲ့ အခြေအနေပါ

📌 200 ကနေ 499 mg/dL အထိ များနေတယ်၊ ပြဿနာရှိတယ်ဆိုတဲ့အခြေအနေပါ

📌 500 mg/dL အထက်ဆို အရမ်းများ၊ အန္တရာယ်ရှိ ဆိုတဲ့ အဆင့်ပါ။

ဒီအခြေအနေနဲ့ ကာလရှည်နေရင် အောက်ပါပြဿနာတွေ ရှိနိုင်ပါတယ်။

(၁) နှလုံးသွေးကြောကျဉ်းပိတ်ရောဂါတွေ ခံစားလာရနိုင်ပါတယ်။ တီဂျီတအားများလာရင် အဆီချိုးတွေအဖြစ် သွေးကြောနံရံတွေမှာ တွယ်ကပ်အနည်ကျပြီး ပိတ်စေပါတယ်။ နှလုံးသွေးကြောကျဉ်းပိတ်ပြီး နှလုံးကြွက်သားတွေ အောက်ဆီဂျင်မရတဲ့ heart attack နဲ့ လေဖြတ်လေဖျန်းဖြစ်နိုင်ခြေ အထူးမြင့်တက်လာစေပါတယ်။ (ဒီအခြေအနေမှာ ပိုဆိုးစေတာ မကောင်းတဲ့ LDL ကိုလက်စထရောအကြောင်းပါ။ ရှေ့ပို့စ်တွေမှာ ဖော်ပြခဲ့လို့ ရှာဖတ်ပါ။)

ဆေးသုတေသနလေ့လာချက်တွေအရ တခြားကိုလက်စထရောတွေ ကောင်းနေရင်တောင် တီဂျီတစ်ခုတည်း ထောင်တက်နေရုံနဲ့ အထက်ပါအန္တရာယ်တွေ ကြုံရနိုင်လို့ ကိုလက်စထရောကို အနည်းဆုံး ၆ လ ၁ ခါ၊ တစ်နှစ်တစ်ခါတော့ စစ်သင့်ပါတယ်။

(၂) တီဂျီ ၅၀၀ အထက် မတော်မတရား မြင့်တက်နေရင် ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရမ်းလာနိုင်ပါတယ်။ ရှောင်တခင် အာဂန္တု ဖြစ်တဲ့ ရောဂါမျိုးပေမဲ့ အခန့်မသင့်ရင် အသက်အန္တရာယ်အထိ ရှိပါတယ်။

(၃) နှလုံးရောဂါ၊ လေဖြတ်လေဖျန်း၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ စတဲ့ ရောဂါစုံပလုံစိတွေ တွဲဖြစ်တဲ့ မက်တာဘောလစ်ရောဂါစုမှာ တီဂျီမြင့်မားနေခြင်းဟာ အထူးအားပေးတဲ့ အချက်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ကောင်းတဲ့ HDL ပါ နည်းနေရင်တော့ ပိုဆိုးပြီပေါ့နော်။

(၄) တီဂျီများလွန်းရင် သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတဲ့ အင်ဆူလင်ဟော်မုန်းရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ ဆီးချိုရောဂါ (အမျိုးအစား ၂) ဖြစ်လာတဲ့သူအများစုဟာ တီဂျီများတာနဲ့ ဆက်စပ်နေတတ်တာ တွေ့ရှိရပါတယ်။

(၅) အရက်မသောက်ဘဲ အသည်းခြောက်၊ အသည်းအဆီဖုံး၊ အသည်းရောင်ရောဂါတွေကို တီဂျီအရမ်းများနေရင် အထူးအားပေးလို့ အသည်းမကောင်းသူတွေ အထူးသတိပြုရမယ့် အချက်တစ်ခုပါ။

(၆) ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးများလည်းရသတိထားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချို လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်ချိန်မှာပဲ ဖြစ်တဲ့ ဆီးချိုရောဂါနဲ့ လမစေ့ဘဲ မွေးခြင်းတွေကို ဖြစ်ဖို့ အားပေးလို့ပါ။ ဒါ့အပြင် ကိုယ်ဝန်ဆိပ်တက်နိုင်တဲ့ အကြောင်းရင်းတွေ ရှိပြီးသားလူဟာ တီဂျီပါ တက်နေရင် ပိုပြဿနာရှိတာ တွေ့ရပါတယ်။

(၇) လေးဖက်နာနဲ့ တခြားနာတာရှည်ရောဂါတွေမှာ ကိုယ်တွင်းရောင်ရမ်းမှုတွေ ခံစားရပါတယ်။ ဒီလူတွေမှာ တီဂျီတွေ အဆမတန်များနေရင် ရှိရင်းစွဲရောင်ရမ်းမှုတွေကို ပိုဆိုးစေ၊ တာရှည်စေလို့ သတိပြုစရာပါ။

~~~~~~~~~~~~~~~

လူကြီးမင်းတို့ ဆေးစစ်မယ်ဆိုရင်
အင်ကြင်းဖြူကို ရွေးချယ်ပါ

🥇 အရည်အသွေးမြင့် စက်ကြီးများ၊ ပစ္စည်းများကိုသာ အသုံးပြုတဲ့အတွက် အဖြေ အထူးတိကျမှန်ကန်ပါတယ်။ 💯✅

🕙 ဘုတ်ကင်စနစ်နဲ့ သေချာစီစဉ်ပေးလို့ စောင့်ဆိုင်းရတာ အထူးသက်သာပါတယ်။

💙 ဖော်ရွေပျူငှာပြီး ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေကြောင့် လူကြီးမင်းနဲ့ မိသားစုဝင်တွေ စိတ်ကျေနပ်ရမှာ သေချာပါတယ်။ 😊🙏🏼

#အိမ်အရောက် #အိမ်တိုင်ရာရောက် #သွေးဖောက် #ဝန်ဆောင်မှု #ဆေးစစ် #အီးစီဂျီ #ကာကွယ်ဆေးထိုးခြင်း

~~~~~~~~~~~~~~~

အင်ကြင်းဖြူ အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း
🏥 အမှတ် ၄၇၀၊ သစ္စာလမ်း၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်အနီး၊ ဗဟိုဈေးမှတ်တိုင်၊ (၃) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

☎️ 09 76 545 2996, 09 76 545 2997

☎️ 09 76 545 3364, 09 76 545 3365

👨‍⚕️ 👩‍⚕️ လိုအပ်တဲ့ ဆေးစစ်ခြင်း
မနှောင့်နှေးရအောင်
စရိတ်သက်သာပြီး တိကျမှန်ကန်တဲ့
အင်ကြင်းဖြူကို ဆက်သွယ်လိုက်ပါ 😊🙏🏼💙

17/09/2023

အားကစားလုပ်တာ တကယ်ရော အကျိုးရှိရဲ့လား?

အင်ကြင်းဖြူရဲ့ ပရိသတ်တွေအတွက် ပုံမှန်အားကစားပြုလုပ်ခြင်းရဲ့ သိပ္ပံနည်းကျ အတည်ပြုပြီးသား ရလဒ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

🌟 ပိုကောင်းတဲ့ကျန်းမာရေး
နှလုံးကျန်းမာရေးတိုးတက်လာမယ်။ ကြွက်သားတွေသန်မာလာပြီး အရိုးအဆစ်တောင့်တင်းလာမယ်။ ကိုယ်အလေးချိန်ညီမျှပြီး သင့်တင့်တဲ့ခန္ဓာကိုယ်အချိုးအစား ရရှိလာပါလိမ့်မယ်။

🌟 စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများ
စိတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းများ လျော့နည်းလာပါမယ်။ စိတ်ဖိစီးမှုကင်းဝေးပြီး မှတ်ဉာဏ်အားလည်းကောင်းစေပါတယ်။

🌟 ရောဂါကာကွယ်နိုင်မှု
နှလုံး၊ ဆီးချိုနဲ့ အရိုးပွရောဂါလို နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ အင်ဆူလင်ဟော်မုန်းရဲ့ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးလို့ ဆီးချိုမဖြစ်သေးတဲ့သူတွေကို ဆီးချိုရောဂါမှ ကင်းဝေးစေပြီး ရှိပြီးသားသူတွေအတွက် အများကြီး အကျိုးပြုပါတယ်။

🌟 နှစ်ခြိုက်စွာအိပ်ပျော်ခြင်း
အားကစားပုံမှန်ပြုလုပ်ပေးခြင်းက အိပ်စက်ချိန်ကိုပုံမှန်ဖြစ်စေကာ ညဖက်အိပ်မပျော်ခြင်းအတွက်လည်း သက်သာစေပါတယ်။

🌟 ခွန်အားတိုးတက်လာခြင်း
ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေတာက တစ်ကိုယ်လုံးရဲ့ ခွန်အားပမာဏကို ယေဘုယျသဘော တိုးတက်စေပါတယ်။

🌟 ဇီဝကမ္မဖြစ်ပျက်နှုန်း မြင့်လာခြင်း
ကောင်းမွန်တဲ့ ကိုယ်တွင်းလုပ်ဆောင်မှုတွေ၊ ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်တိုးတက်စေပြီး သင့်တင့်တဲ့ကိုယ်အလေးချိန်ကို ထိန်းညှိဖို့၊ မကောင်းတဲ့ ကိုလက်စထရောတွေ တက်မလာဖို့ အထောက်အပံ့ပေးပါတယ်။

🌟 ကိုယ်ခံအားစနစ် တိုးတက်ခြင်း
အားကစားပုံမှန်လုပ်ပေးမယ်ဆိုရင် ကိုယ်ခံအားတိုးတက်လာပြီး မကြာခဏဖြစ်တတ်တဲ့ အအေးမိ၊ တုပ်ကွေး၊ နာမကျန်းမှုများကို ကာကွယ်ပေးပါတယ်။

🌟 နာကျင်ရောင်ရမ်းမှုသက်သာခြင်း
လေးဖက်နာအပါအဝင် အခြားသောနာကျင်ရောင်ရမ်းမှုဝေဒနာများကို အားကစားလုပ်ရင်း သက်သာစေနိုင်ပါတယ်။

🌟ပေါ့ပါးတဲ့ စိတ်ခံစားမှုနဲ့ ကျန်းမာသုခ
အားကစားလုပ်တဲ့အခါတိုင်း အန်ဒိုဖင်းဟော်မုန်းတွေထွက်လာတဲ့အတွက် ကောင်းမွန်တဲ့ စိတ်ခံစားမှုအခြေအနေများကို ရရှိစေပါတယ်။

🌟 ကျယ်ပြန့်တဲ့လူမှုဆက်ဆံရေး
အပေါင်းအသင်းမိတ်ဆွေကောင်းတွေနဲ့ ပိုမိုတွေ့ဆုံနိုင်တဲ့အခွင့်အရေးက gym မှာလည်းရရှိနိုင်ပါတယ်။

🌟 အသက်ရှည်ခြင်း
အားကစားပုံမှန်ပြုလုပ်သူတွေက သက်တမ်းရှည်ရှည်နေရကြောင်းလည်း သုတေသနပေါင်းများစွာအရ တွေ့ရှိရပါတယ်။

🌟 မှတ်ဉာဏ်စွမ်းအားတိုးတက်ခြင်း
ကိုယ်လက်လေ့ကျင့်ခန်းတွေက မှတ်ဉာဏ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို တိုးတက်စေပြီး သက်ကြီးပိုင်းမှာဖြစ်တတ်တဲ့ မှတ်ဉာဏ်လျော့ပါးမှု ကိုလည်း ကာကွယ်ပေးပါတယ်။

🌟 ကျန်းမာသန်စွမ်းတဲ့အရိုးများ
အလေးမ လေ့ကျင့်ခန်းများက အရိုးသိပ်သည်းဆကို တိုးမြှင့်ပေးပြီး အရိုးပွရောဂါကိုကာကွယ်ပေးပါတယ်။

🌟 နှလုံးကျန်းမာရေး
နှလုံးကြွက်သားတွေ သန်မာဖို့၊ သွေးဖိအားနဲ့ ကိုလက်စရောပမာဏကို ထိန်းညှိပေးနိုင်ဖို့ အားကစားလေ့ကျင့်လို့ရပါတယ်။

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေရဲ့ အမျိုးအစား၊ ပြင်းအားနဲ့ နည်းစနစ်တစ်ခုချင်းစီပေါ်မူတည်ပြီး အကျိုးသက်ရောက်မှုပြောင်းလဲနိုင်တာမျိုးတော့ ရှိပါတယ်။

ဒါကြောင့် မိမိအနေနဲ့ ဆေးဝါးကုသမှုတစ်ခုခု ခံယူလက်စရှိတယ်ဆိုရင် ကိုယ်လက်လေ့ကျင့်ခန်းတစ်ခု စတင်မလုပ်ဆောင်မီမှာ ဆရာဝန်နဲ့​ရော သက်ဆိုင်ရာ ကျွမ်းကျင်နည်းပြနဲ့ပါ ဆွေးနွေးတိုင်ပင်ဖို့လည်း အကြံပြုလိုပါတယ်။

~~~~~~~~~~~~~~~

လူကြီးမင်းတို့ ဆေးစစ်မယ်ဆိုရင်
အင်ကြင်းဖြူကို ရွေးချယ်ပါ

🥇 အရည်အသွေးမြင့် စက်ကြီးများ၊ ပစ္စည်းများကိုသာ အသုံးပြုတဲ့အတွက် အဖြေ အထူးတိကျမှန်ကန်ပါတယ်။ 💯✅

🕙 ဘုတ်ကင်စနစ်နဲ့ သေချာစီစဉ်ပေးလို့ စောင့်ဆိုင်းရတာ အထူးသက်သာပါတယ်။

💙 ဖော်ရွေပျူငှာပြီး ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေကြောင့် လူကြီးမင်းနဲ့ မိသားစုဝင်တွေ စိတ်ကျေနပ်ရမှာ သေချာပါတယ်။ 😊🙏🏼

#အိမ်အရောက် #အိမ်တိုင်ရာရောက် #သွေးဖောက် #ဝန်ဆောင်မှု #ဆေးစစ် #အီးစီဂျီ #ကာကွယ်ဆေးထိုးခြင်း

~~~~~~~~~~~~~~~

အင်ကြင်းဖြူ အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း
🏥 အမှတ် ၄၇၀၊ သစ္စာလမ်း၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်အနီး၊ ဗဟိုဈေးမှတ်တိုင်၊ (၃) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

☎️ 09 76 545 2996, 09 76 545 2997

☎️ 09 76 545 3364, 09 76 545 3365

👨‍⚕️ 👩‍⚕️ လိုအပ်တဲ့ ဆေးစစ်ခြင်း
မနှောင့်နှေးရအောင်
စရိတ်သက်သာပြီး တိကျမှန်ကန်တဲ့
အင်ကြင်းဖြူကို ဆက်သွယ်လိုက်ပါ 😊🙏🏼💙

05/09/2023

ကောင်းတဲ့ကိုလက်စထရော HDL တွေတက်လာအောင် ဘာတွေလုပ်ရမလဲ ❓

“ကိုလက်စထရောတွေများတာ မကောင်းဘူး” လို့ ပြောကြတဲ့အထဲမှာမှ "ကိုလက်စထရောကောင်း" လို့ သိကြတဲ့ HDL ကတော့ များလေ ကောင်းလေလို့ ဆိုရမှာပါပဲ။

လူ့ခန္ဓာကိုယ်ရဲ့ သွေးထဲမှာ အဆီဓာတ်တွေရှိနေကြပြီး အကြမ်းဖျင်းအားဖြင့် သူတို့ကို ကိုလက်စထရောလို့ ခေါ်ကြပါတယ်။

HDL (High-Density Lipoprotein) Cholesterol နဲ့
LDL (Low-Density Lipoprotein) Cholesterol ရယ်လို့ နှစ်မျိုးပြန်ခွဲလိုက်တဲ့အခါ လူတွေကိုဒုက္ခပေးတယ်ဆိုတဲ့ ကိုလက်စထရောက LDL ဖြစ်နေတာ တွေ့ရပါတယ်။

မကောင်းတဲ့ LDL တွေရဲ့ သွေးကြောနံရံတွေမှာ အနည်ကျပိတ်ဆို့ခြင်းကဲ့သို့သော ဆိုးကျိုးတွေကို HDL က ဟန့်တားပေးတဲ့အတွက် HDL က ကိုလက်စထရောကောင်းလို့ လူသိများပါတယ်။

အကြောင်းကတော့ LDL တွေ မရှိတော့တဲ့အခါ နှလုံး၊ သွေးကြောဆိုင်ရာရောဂါတွေကို ဟန့်တားပြီးသား ဖြစ်သွားလို့ပါပဲ။

ပုံမှန်ရှိသင့်တဲ့ HDL level က အမျိုးသား၊ အမျိုးသမီးအလိုက်ကွာခြားမှု အနည်းငယ်တွေ့ရပါလိမ့်မယ်။

အမျိုးသားတွေမှာ 40 mg/dL နဲ့အထက်ရှိရင် ကောင်းတယ်လို့ယူဆရပြီး အမျိုးသမီးတွေကတော့ 50 mg/dL နဲ့အထက်ရှိသင့်ပါတယ်။

HDL level ကို ရှိသင့်တဲ့အတိုင်းအတာမှာ ပုံမှန်ထိန်းညှိထားချင်တယ်ဆိုရင် ဒီလိုအစားအစာတွေကလည်း ကူညီပေးဦးမှာပါ။

✅ ဆာမွန်၊ ငါးကွန်းရှပ်၊ ဆာဒင်းတို့လို omega-3 fatty acid ပါဝင်တဲ့ ငါးများ

✅ သံလွင်ဦးရည်ဆီသန့်

✅ သစ်ကြားသီးစေ့၊ ဗာဒံစေ့ တို့လို အစေ့အဆန်များ

✅ ထောပတ်သီး

✅ ပဲအမျိုးမျိုး

✅ ကိုကိုး ၇၀% နဲ့အထက်ပါဝင်တဲ့ dark chocolate

✅ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီစတဲ့ ဘယ်ရီသီးအုပ်စုဝင်များ

✅ လက်ဖက်စိမ်း

✅ ဝိုင်နီ တို့ကို သင့်တော်တဲ့ပမာဏ သုံးဆောင်ပေးမယ်ဆိုရင် HDL level ကိုပုံမှန်ထိန်းထားနိုင်ပြီး မလိုလားအပ်တဲ့ ကိုလက်စထရောတွေကို တိုက်ထုတ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

အစားအသောက်တွေသာမက နေထိုင်မှုပုံစံတချို့ကလည်း HDL level မြင့်တက်စေတာကို တွေ့ရပါသေးတယ်။ အဲ့ဒါတွေကတော့

🔹 လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊

🔹 သံလွင်ဆီ၊ ထောပတ်သီး၊ အစေ့အဆန်တို့လို သဘာဝအဆီဓာတ်ကိုစားသုံးပေးတာ၊

🔹 Omega-3 fatty acid ပါဝင်တဲ့ ငါးတွေစားပေးတာ၊

🔹 ဆေးလိပ်မသောက်တာ၊

🔹 ခန္ဓာကိုယ်ကို အဝမလွန်စေဘဲ ထိန်းသိမ်းထားတာ၊

🔹 အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစားတွေ သုံးဆောင်တာ၊

🔹 ဆီကြော်နဲ့ အမြန်စာတွေကို ရှောင်ကြဉ်တာ၊

🔹 အချိုဓာတ်နဲ့ သကြားစားသုံးမှုကို လျှော့ချတာ၊

🔹 စိတ်ဖိစီးမှုကင်းဝေးအောင် နေထိုင်တာတွေပဲ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~

လူကြီးမင်းတို့ ဆေးစစ်မယ်ဆိုရင်
အင်ကြင်းဖြူကို ရွေးချယ်ပါ

🥇 အရည်အသွေးမြင့် စက်ကြီးများ၊ ပစ္စည်းများကိုသာ အသုံးပြုတဲ့အတွက် အဖြေ အထူးတိကျမှန်ကန်ပါတယ်။ 💯✅

🕙 ဘုတ်ကင်စနစ်နဲ့ သေချာစီစဉ်ပေးလို့ စောင့်ဆိုင်းရတာ အထူးသက်သာပါတယ်။

💙 ဖော်ရွေပျူငှာပြီး ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေကြောင့် လူကြီးမင်းနဲ့ မိသားစုဝင်တွေ စိတ်ကျေနပ်ရမှာ သေချာပါတယ်။ 😊🙏🏼

#အိမ်အရောက် #အိမ်တိုင်ရာရောက် #သွေးဖောက် #ဝန်ဆောင်မှု #ဆေးစစ် #အီးစီဂျီ #ကာကွယ်ဆေးထိုးခြင်း

~~~~~~~~~~~~~~~

အင်ကြင်းဖြူ အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း
🏥 အမှတ် ၄၇၀၊ သစ္စာလမ်း၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်အနီး၊ ဗဟိုဈေးမှတ်တိုင်၊ (၃) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

☎️ 09 76 545 2996, 09 76 545 2997

☎️ 09 76 545 3364, 09 76 545 3365

👨‍⚕️ 👩‍⚕️ လိုအပ်တဲ့ ဆေးစစ်ခြင်း
မနှောင့်နှေးရအောင်
စရိတ်သက်သာပြီး တိကျမှန်ကန်တဲ့
အင်ကြင်းဖြူကို ဆက်သွယ်လိုက်ပါ 😊🙏🏼💙

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Category

Telephone

Website

Address


No. (470), 3rd Quarter , Corner Of Wayzayantar Road And Thitsar Road, South Okkalapa Township
Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Other Medical Labs in Yangon (show all)
ကောင်းသုခ - Kaung Thukha Clinic and Lab ကောင်းသုခ - Kaung Thukha Clinic and Lab
No 11, Kyaung Taw Yar Street, Daw Pone
Yangon, 11241

"ကောင်းသုခ" အထွေထွေရောဂါကုဆေးခန်းနှင့် ဓာတ်ခွဲခန်း ဖုန်း - 09973914030

Advanced Myanmar  Diagnostics -  AMDx Advanced Myanmar Diagnostics - AMDx
6B, Dagon Tower, Shwegondine Junction, Bahan
Yangon

STAY HOME Mobile Lab Services STAY HOME Mobile Lab Services
11-12, Shin Tayar Kyaung Street, North Dagon
Yangon

Home care service for Lab investigation, Imaging, doctor and nurse home healthcare services

Tha Mar Taw Specialist Clinic Tha Mar Taw Specialist Clinic
Pyay Road
Yangon, 11062

အမှတ်(၈/ခ) ၈မိုင်၊ပြည်လမ်း၊မရမ်းကုန်

Alpha Lab Alpha Lab
No. 440, May Dar Wi Road ( Corner Of Nwe Ni Street And May Dar Wi Street) Ga Ward, North Oakkalapa Township
Yangon

Advanced Diagnostic Medical Laboratory

Pyi Kyaw Specialist Clinic & Medical Checkup Centre Pyi Kyaw Specialist Clinic & Medical Checkup Centre
No 2622/A, 71 Quarter, Kyan Sit Ther Road, Kyan Sitthar Rd
Yangon, 11431

medical

Asia Haemo Care - AHC Asia Haemo Care - AHC
Kyaung Street, 19th Ward, Near Hlawgar Road, South Dagon
Yangon

(ဓာတ်ခွဲခန်းသုံးပစ္စည်းများ ဖြန့်ချီရေး) Lab Supplies🔬💻🌹 Let's Grow Together with AHC 💪💪💪

C&S Dental Lab C&S Dental Lab
120/C, Bargaya Street, Near Shan Lan Bus Stop
Yangon, 11111

Everything we do is aimed at helping you simplify treatment, optimize results and improve more lives.

WUTT YEE - Pharmacy WUTT YEE - Pharmacy
Yangon, ရန်ကုန်မြို့။

ဝတ်ရည် (ဆေးမျိုးစုံရောင်းဝယ်ရေး)

Myint Moh Myint Moh
၀င်္ကဘာလမ်း
Yangon

သွေးအမျိူးအမျိူးစစ်ပေးသည်