Tr. Kay

Tr. Kay

Maths Class , After School .

16/12/2023

" ဆရာ ၊ ဆရာမ အရည်အသွေး "
-
(၁) စိတ်ပါဝင်စားအောင် သင်တတ်ခြင်း

သင်ကြားသည့်လုပ်ငန်းဆိုသည်မှာ စာဖတ်ပြတတ်ရုံဖြင့် ဆရာ ၊ ဆရာမ မဟုတ်ဆိုသည်ကို အနည်းဆုံး သတိပြုနိုင်ရမည်။ ကိုယ်ကသင်သည် ကျောင်းသားက စိတ်မဝင်စားဆိုလျှင် သင်ကြားနေခြင်းမှာ အကျိုးမဲ့စွာဖြင့် လုပ်ဆောင်နေ သည့် လုပ်ရပ်ကြီးတစ်ခု ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် ကျောင်းသားတစ်ယောက်ကို မိမိသင်ကြားနေသည့် အပေါ်တွင် အာရုံစူးစိုက်နေရန် အရေးကြီးသည်။ ထိုသို့ သိနိုင်ရန်အတွက် ကျောင်းသား ဘာလိုအပ်သနည်း ဆိုခြင်းကို ဆရာ ဆရာမ က ဦးဆုံးသိနားလည်ထားရမည်။ ဘယ်လိုသင်မည်နည်း၊ ဘာကြောင့် သင်ရသနည်း၊ ဘယ်သူတွေကို သင်နေသနည်း၊ ဘယ်လောက်သင်ရမည်နည်း၊ ဘယ်တော့သင်ရမည်နည်းဆိုသည့် “ဘ” ငါးလုံးကို နားမလည်သည့် ဆရာ ၊ ဆရာမ တစ်ဦးသည် ကျောင်းသားကို ကောင်းစွာ စိတ်ပါဝင်စားအောင် သင်နိုင်မည် မဟုတ်ပေ။

(၂) ပိုင်းဖြတ်တတ်ခြင်း

ဆရာ၊ ဆရာမ ကောင်းတစ်ယောက်သည် သူ့တပည့်၏ သင်ယူနိုင်စွမ်းကို ကောင်းစွာ ပိုင်းဖြတ်နိုင်သူများဖြစ်သည်။ တပည့်တိုင်း ဉာဏ်ရည်မတူ။ မတူသည့်တပည့်များကို အားလုံး နားလည်စေရန် သင်ကြားနိုင်ခြင်းသည် ပညာဖြစ် သည်။ နိမ့်သူ မြင့်သူ တော်သူ ညံ့သူ အားလုံးတစ်တန်းတည်းထားပြီး ငါသိတာ တတ်တာတွေ လျှောက်ပြောနေ တတ်သူကို ဆရာဟု မခေါ်ပါ။ ဆရာ ၊ ဆရာမ ဆိုသည်မှာ ကိုယ့်တပည့်များ နောက်တစ်ဆင့် တက်သွားနိုင်စေရန် ပို့ဆောင် နိုင်သူများ ဖြစ်ရမည်။ မည့်သူ့ကို တွန်း၊ မည်သူ့ကို ပင့်၊ မည်သူ့ကို မြှောက်၊ မည်သူ့ကို တား နောက်ဆုံးတွင် အားလုံးရောက်သွားအောင် ပို့ဆောင်ပေးနိုင်စွမ်းရှိမှသာ ဆရာ၊ ဆရာမ ဖြစ်ပါသည်။

(၃) တီထွင်ဖန်တီးဆန်းသစ်တတ်ခြင်း

ဆရာ၊ ဆရာမ ကောင်းတစ်ယောက်ဖြစ်လိုလျှင် ကိုယ်တိုင်က မျက်စိကိုဖွင့်၊ နားကို စွင့်ထားရုံသာမက ဦးနှောက်ကိုပါ လွှင့်ပေးထားနိုင်ရမည်။ အဟောင်းတွေကို ပိုကောင်းအောင် မည်သို့လုပ်မည်နည်းဆိုသည့် ဆန်းသစ်သည့် အမြင်မရှိဘဲ ဆရာ ဆရာမ ကောင်းတစ်ယောက် မဖြစ်နိုင်ပေ။ ကိုယ်တိုင်လည်းလေ့လာ၊ တပည့်တွေကိုလည်း ဆန်းသစ်စွာ တီထွင်ပြီးသင်၊ လောကကို ပြောင်းလဲပြီး မြင်စေရန် အားထုတ်နိုင်စွမ်းရှိရမည်။ ဖတ်စာပါ ကမ္ဘာကြီးသည် လုံးဝန်းသော ပုံသဏ္ဍာန်ရှိကြောင်း သင်ကြားနေခြင်းမှာ ရိုးနေပါပြီ။ ကျောင်းသားကို အဘယ်ကြောင့် လုံးဝန်း ကြောင်း အမြင်တွေကို အထောက်အထားဖြင့် သက်သေပြခိုင်းနိုင်ရမည်။ ကိုယ်တိုင်က ဖတ်စာထဲကအတိုင်း ဆရာ ဆရာမ ဖြစ်လာသည်ဆိုလျှင်လည်း ဆန်းသစ်သည့်အမြင်အတွေးတစ်ခုခုဖြင့် ကလေးများနှင့် ပူးပေါင်းအဖြေထုတ်ရန် လိုနေပြီ။

(၄) စိတ်ကောင်းရှိခြင်း

ဆရာ ဆရာမ တစ်ယောက်အတွက် အရေးအကြီးဆုံးစိတ်ထားဖြစ်သည်။ စိတ်ကောင်းထားမှ စိတ်ထားကောင်းနိုင်ပါသည်။ ဆရာ ဆရာမ က အရာရာကို အဆိုးမြင်၊ အဆိုးပြော၊ အဆိုးဝေဖန်နေလျှင် ကိုယ့်တပည့်တွေကလည်း အဆိုးသဘောကို ကောင်းသောစိတ်ထားတစ်ခုဟု ယူဆသွားနိုင်ပါသည်။ ကိုယ်သိထား တတ်ထားသည်များကို ကိုယ့်တပည့်လေး များ သိသွားပါစေဆိုသည့် စိတ်စေတနာက အရေးကြီးသည်။ တာဝန်အရ လုပ်ခြင်းဆိုသည်ထက်၊ စေတနာဖြင့် လုပ်ကိုင်ခြင်းဆိုသည်က တပည့်များကို ပိုပြီးလေးစားချစ်ခင်စေနိုင်ပါသည်။

(၅) ရှင်းရှင်းပြော၊ ပြတ်ပြတ်ပြော

ဆရာ ဆရာမ အသံက ကြည်လင်ပြတ်သားပြီး နားထောင်ရသူများအား စွဲဆောင်မှုရှိနိုင်စေရမည်။ ဆရာ ဆရာမ ကိုယ်တိုင်က ပြောလျှင်လည်း မရှင်းလျှင်၊ မြန်လွန်းနေလျှင် တပည့်များ အာရုံစိုက်ရန် ခက်ခဲစေနိုင်သည်။ အဖြတ်အတောက်၊ အဆွဲအငင်၊ လေယူလေသိမ်း ဆရာ ဆရာမ ကောင်းတစ်ယောက်အတွက် အရမ်းအရေးကြီးသည်။ ကျောင်းသား၏ စိတ်ပါ ဝင်စားမှုသည် ဆရာ ဆရာမ အသံ၊ ဟန်၊ မာန်အပေါ်တွင် များစွာတည်ကြောင်း သိစေချင်ပါသည်။ စကားကို တောရောက် တောင်ရောက် လျှောက်ပြောတတ်လျှင်လည်း ခရီးမရောက်ပါ။ ပြောချင်သည့်အကြောင်းကို ပြတ်သားစွာ မဖြတ် နိုင်ပါကလည်း ကလေးများကို အိပ်ငိုက်သွားစေနိုင်သည်။

(၆) ဦးတည်ချက်ထား

ဆရာ ဆရာမ က ဘာသင်မည်ကိုလည်း သိထားနိုင်ရမည်ဖြစ်သလို ဘယ်လောက်အတိုင်းအတာအထိ သင်မည်ဆိုခြင်းကို လည်း ဦးတည်လာပြီး သင်ကြားပြသနိုင်ရမည်။ ဆရာ ဆရာမ တစ်ယောက်သည် သူ့ကန့်သတ်ချက်အတိုင်းအတာ အချိန် အတွင်း လှုပ်ရှားနေရသည်။ ကိုယ့်အတန်းထဲက ကလေးများသည် ဆရာ ဆရာမ တစ်ယောက်ပြီး တစ်ယောက် ပြောင်း သွားသော်လည်း မပြောင်းလဲစွာဖြင့် ငုတ်တုတ်ကျန်နေသူများဖြစ်သောကြောင့် သူတို့ အာရုံစိုက် စိတ်ဝင်စား နိုင်မည့် အတိုင်းအတာလေးလောက်သာ သင်ရန်ဦးတည်လာခဲ့ရမည်။

(၇) ကိုယ်ချင်းစာစိတ်ထားခြင်း

ကလေးတစ်ယောက်သည် ငါသင်သမျှ စိတ်ဝင်စားရမည်ဟု မသတ်မှတ်သင့်ပါ။ သူတို့၏ သင်ယူနိုင်မှုသည် သူတို့၏ အချိန်အပိုင်းအခြားအလိုက်ဖြစ်ပျက်နေသည့် ခံစားချက်တို့နှင့်လည်း သက်ဆိုင်တတ်ပါသည်။ ထမင်းဆာနေသည့် ကလေးတစ်ယောက်က ကိုယ်ကဘယ်လောက်ကောင်းအောင်သင်သည်ဖြစ်စေ စိတ်ဝင်စားမှု ရှိချင်မှရှိမည်။ သူတို့ ဟိုကြည့် သည်ကြည့် တောကြည့် တောင်ကြည့်လာလျှင် သတိပြုစေချင်သည်။ ကိုယ်သင်တာ များသွားပြီလား၊ နည်းနေသလား၊ သူတို့ ဘာဖြစ်လို့ အာရုံစိုက်နိုင်စွမ်းမရှိသလဲ ကိုယ်ချင်းစာစိတ်ဖြင့်သာ ပိုင်းဖြတ်ပေးနိုင်ပါသည်။

(၈) ပြောင်းလဲပြုပြင်

ကိုယ်က အကောင်းဆုံးပြင်ဆင်ခဲ့သော်လည်း သူတို့တွင် အခက်အခဲများရှိနိုင်ပါသည်။ ငါပြင်ခဲ့တဲ့အတိုင်း တာဝန်ကျေ သင်သွားမည်ဆိုလျှင် ဖြစ်နိုင်ပါသည်။ သို့သော် အခြေအနေနှင့် အချိန်အခါအလိုက် ကိုယ်သင်ကြားမှု အနေအထားပုံစံများကို ပြောင်းလဲပြုပြင် သင်ကြားနိုင်သူများဖြစ်ရန်လိုသည်။

(၉) စက်ရုပ်လား ပညာရှင်လား

စာဖတ် စာရွတ်ပြခြင်းသည် ဆရာ ဆရာမ မှမဟုတ် စက်ရုပ်များလည်း လုပ်နိုင်ပါသည်။ စပိန်နိုင်ငံတွင် ကျူရှင်ဆရာ ဆရာမ များကို စက်ရုပ်များဖြင့် တီထွင်နေသည်။ ကျောင်းသားသိချင်သည့် စာများကို စက်ရုပ်ဆရာ ဆရာမ က ရွတ်ပြနေလိမ့် မည်။ ဆရာ ဆရာမ ဆိုသည်မှာ ပညာရှင်ဖြစ်သည်။ ကလေး၏စိတ်နှင့် ကလေး၏ အနေအထားအလိုက် တန်ဖိုးကို တွက်ဆကာ သင်ကြားနိုင်ရသည်။

(၁၀) ထာဝရကျောင်းသား

ဆရာ ဆရာမ ဆိုသည်မှာ ထာဝရကျောင်းသားတစ်ဦးဖြစ်နေသင့်သည်။ ဘွဲ့ သို့မဟုတ် သင်တန်းတစ်ခုခုက ဆရာ ဆရာမ တစ်ဦးကို အဆင့်အနေအထား သတ်မှတ်ပေးလိုက်ခြင်းသာဖြစ်သည်။ ဆရာ ဆရာမ ကို ထာဝရပညာရှင်တစ်ယောက် အနေဖြင့် အသိအမှတ်ပြုလိုက်ခြင်းမဟုတ်ပါ။ ဆရာ ၊ ဆရာမ ဆိုသည်မှာ ထာဝရလေ့လာသင်ယူနေသည့် ကျောင်းသား ကြီးများဖြစ်ရန်လိုသည်။ ဘဝထဲမှာ သင်ယူနိုင်သည်၊ စာအုပ်စာပေများ မပြတ်လေ့လာ သင်ယူနိုင်သည်။ တိုးတက်လာသည့်ခေတ်တွင် ခေတ်နှင့် မျက်ခြေမပြတ် ကွန်ပျူတာ အင်တာနက်များထဲတွင်လည်း သင်ယူနိုင်ရမည်။ သင်ယူခြင်းသည် သင်ကြားခြင်းအတွက် အားဆေးများဖြစ်သည်။ ပညာကို ဆက်မရှာလျှင် ခေတ်နောက်ကျကျန်ခဲ့သော ဆရာ ၊ ဆရာမ များဖြစ်သွားပါလိမ့်မည်။

(Qualities of Good Teacher)

02/02/2023

Summer Class
Maths ဘာသာရပ်အတွက် နွေရာသီအခြေခံသင်တန်းလေးဖွင့်ပါတော့မယ်ရှင့်

Only Online class ပါနော်☺️

အခြေခံသင်္ချာအတန်းလေးမှာဆိုရင်
အခြေခံ Calculation သီးသန့်ကိုသင်ပေးမှာပါ

ဘယ်အတန်းတွေတက်လိုရလဲဆိုင်ရင်တော့

KG to Grade 4 အထိဖြေဆိုခဲ့ပြီသော သားသားမီးမီးတို့ တက်လို့ရပါတယ်နော်

ဥပမာ - KG တန်းတက်ခဲ့သော ကလေးများအတွက် Grade 1အတန်းကို တက်ရမှာပါရှင့်။

Counting
Numbers Operation
Geometry
စသော သင်ခန်းစာများကို အတန်းလိုက်လေ့လာသင်ကြားရမှာဖြစ်ပါတယ်ရှင့် ။

အတန်းတခုမှာ ကလေးဦးရေ ( 4 )ဦးသာလက်ခံမှာပါ။
Zoom appကိုအသုံးပြုသင်ကြားရပါမည်ရှင့်။

Summer ( 3 )လအပြတ်သင်တန်းလေးပါ။

Fees 👉 30000 for per month
သူငယ်ချင်း ( 4 ) တဖွဲ့
( သို့ )
ကျောင်းသားဖြစ်ပါက Discount လေးယူပါရှင့်☺️

( 3 ) days in a week .
for( 1 ) day ( 1 ) hour
အချိန် နှင့် ရက် ပြန်လည်ကြောငြာပေးပါမည်ရှင့် ။

One to One အတန်းများအတွက်လဲစုံစမ်းနိုင်ပါပြီရှင့်။

Messenger or 09789646711 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

22/01/2023

ပျော်ရွှင်စရာ နှစ်သစ်ကူးရက်လေးပိုင်ဆိုင်ကြပါစေကြောင်း


🐰🐰🐰

02/01/2023

မင်္ဂလာရှိသော နှစ်သစ်အခါသမယလေးဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်ရှင်

✍️ကျွန်မတို့၏ Tr Kay Maths Tution page လေးငြိမ်သက်နေတာကြာပြီမို့ ယခုကာလမှစတင်၍ ပိုပြီးအသက်ဝင်အောင်ကြိုးစားပေးပါမည်။

✍️နောင်မှာသားသားမီးမီးတို့အတွက် ဥာဏ်စမ်းလေးတွေ၊ဗဟုသုတရာနိုင်ဖွယ်ရာများကို ရေးသားဖော်ပြပေးသွားပါမည်။

အတန်းချိန်အသစ်လေးတွေ ၊တန်းခွဲပုံစံအသစ်လေးများလဲစတင်ရန်ရှိနေကြောင်းကိုအသိပေးအပ်ပါသည်။

လက်ရှိမှာတော့ Online class 👩‍💻 လေးတွေရှိနေသေးပေးမဲ့ များမကြာမီ Offline👩‍🏫 အတန်းလးတွေလဲဖွင့်ပေးတော့မှာပါနော်

မေမေများအနေနှင့်လည်း ကျောင်းအသစ်အပ်ခြင်း၊ကျောင်းစုံစမ်းများအတွက်ပါ page chatbox မှမေးမြန်းဆွေးနွေးပေးသွားမည်ဖြစ်ပါသည်

သိလိုသည်များကို message box မှတဆင့်မေးမြန်းနိုင်ပါသည် ။

အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်
တီချယ်ကေ
သင်္ချာကျူ ရှင်

07/10/2022

🕯️🕯️🕯️🎉🎉🎉

02/10/2022

😍Hello 😍
မင်္ဂလာပါ ကလေးလေးတို့ရေ

TR.KAY Maths Tution ကနေပြန်လည်ကြိုဆိုပါတယ်နော်

အတန်းချိန်တွေကြောင့်ရယ် တီချယ် Exam ရှိတာရယ်ကြောင့် page လေးငြိမ်သက်နေတာပါနော်👩‍🎓👩‍🎓

အခု Tr.Kay Maths Tution မှာဆိုရင်တော့👩‍🏫👨‍🏫

Primary Maths
Secondary Maths
English 4 skill
စတဲ့အတန်းသစ်တွေ နှင့် ပညာဒါန အတန်းလးတွေဖွင့်ဖို့ရှိပါတယ်နော် ။

📚အတန်းသစ်စချင်သူများ အနေဖြင့်
School maths
Singpore maths စသည်တို့ကို လူဦးရေ ( 3 )ဦးပြည့်ရင် သင်ပေးပါတယ်နော် ။

🏠 one to one guide ခေါ်ချင်သော မေမေတို့အနေနှင့်လည်း စိတ်ချရပြီး အတွေ့အကြုံရှိသော ဆရာ ဆရာမ များနှင့်ချိတ်ဆက်ပေးပါသည်။

⏰အချိန်ညှိနှိုင်း နိုင်ပါသည်။
Place Online
📲 09789646711
📲 09455209863
📧 messenger သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

30/06/2022

Vocabulary Practice-2

What is a palindrome?

English Language ကိုလေ့လာတဲ့အခါ နောက်ထပ်စိတ်ဝင်စားစရာစကားလုံးလေးတွေတချို့အကြောင်းပြောပြချင်ပါတယ်။
ဒါကတော့ palindrome လို့ခေါ်ပါတယ်။
A palindrome is a word, number, phrase or other sequence of characters which reads the same backward as forward. (Ref: Wikipedia)
စကားလုံးတစ်ခု သို့မဟုတ်စကားစုတစ်စုကို ရှေ့မှ နောက်မှဖတ်တဲ့အခါ မူလအဓိပ္ပါယ်မပြောင်းပဲ ရှိနေတဲ့စကားလုံးကို palindrome လို့ခေါ်တာပါ။
အလွယ်ဆုံးအနီးဆုံးဥပမာကတော့ Mom ၊ Dad ဆိုတဲ့စကားလုံးတွေပေါ့။ နောက်ကနေပြန်ဖတ်ကြည့်လည်း စာလုံးပေါင်းရော အဓိပ္ပါယ်ပါ အတူတူမပြောင်းလဲဘူး။
အခြားဥပမာတွေပြောရရင်
-deed
-kayak
-noon
-madam
-racecar စသဖြင့်ပေါ့။ စာကြောင်းအနေနဲ့ရေးထားတဲ့ palindrome တွေလည်းရှိပါတယ်။
မှတ်မှတ်ရရ Number palindrome တစ်ခုပြောရမယ်ဆိုရင် 22-02-2022 က 8 digit number palindrome ပါ။
မြန်မာဘာသာစကားမှာတော့ ထူးထူးခြားခြားမှတ်ထားမိတဲ့palindrome တစ်ခုက “ဘူးသီးမသီးဘူး”ဆိုတဲ့စာကြောင်းလေးပါ။ စာဖတ်သူတို့ရော တခြား palindrome တွေသတိထားမိကြပါသလား။ စဉ်းစားမှတ်သားမိတဲ့ palindromes တွေကိုလည်း Comment ရေးပေးကြပါနော်။
So, let’s learn English with fun. Have fun finding many more palindromes.

30/06/2022

In July တွင်

Time 7:00 -8:00pm
Date Sat and Sun
Fees 30000ပါရှင့်


Tr Kay math tution

In July တွင်
T & H math G - 1အတန်းလေးစဖို့ ရှိပါတယ်ရှင့်

Time 7:00 -8:00pm
Date Sat and Sun
Fees 30000ပါရှင့်

စိတ်ဝင်စားပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

Tr Kay math tution

03/06/2022

ကျောင်းဖွင့်ရာသီဖြစ်သောကြောင့် မေမေများရှင့်။

ကျူရှင်အတန်းချိန်များ အပြောင်းအလဲဖြစ်ရသည့်အတွက် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင့်

ဆရာ။ဆရာမ များလဲဝမ်းစာဖြည့်ရန် သင်တန်းများတက်ရသည်ရှိပါသဖြင့် လိုချင်သောအချိန်များ မရခဲ့ပါကနားလည်ပေးပါရန် ထမ်မံမေတ္တာရပ်ခံအပ်ပါသည်။

2nd week လောက်တွင်သာ အတန်းချိန်များ ပုံသေသက်မှတ် တက်ရောက်နိုင်ပါပြီရှင့် (လက်ရှိအတန်းများအဆင်ပြေသူများ မပါ။ပါရှင့် )

ရက်ပြောင်းလဲ အချိန်ပြောင်းလဲ အတန်းနားများပြုလုပ်လိုပါက ကြိုတင်အကြောင်းကြားပေးပါရှင့်။

ကျေးဇူးတင်စွာဖြင့်
တီချယ်ကေ

01/05/2022

ယနေ့ကျရောက်သော
အပြည်ပြည်ဆိုင်ရာ"အလုပ်သမားများနေ့"ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

Tr. Kay
Maths Tution

26/04/2022

May လအတွက်

အချိန်ပြောင်းခြင်း။
ကျောင်းသားအသစ်များ။ အဟောင်းများ ။
ပြန်လည်လက်ခံပေးနေပါပြီရှင့်။

tution အချိန်များ ညှိနှိုင်းပေးနေပါသောကြောင့်
( 30 April 2022 )ထက် နောက်မကျပဲအကြောင်းကြားနိုင်ပါသည်ရှင့်။

ကျေးဇူးတင်စွာဖြင့်

တီချယ်ကေ

21/03/2022

#အိမ်ဝိုင်းသင်သူဆရာဆရာမနှင့်မိဘအုပ်ထိန်းသူကြားအပြန်အလှန်စောင့်ထိန်းလိုက်နာရမည့်နားလည်မှုစာချွန်လွှာ

#ဉာဏ်ပူဇော်ခကဏ္ဍ
ဆရာ၏ စာသင်ချိန်မှာ
တစ်ပတ်လျှင် တစ်နာရီခွဲ စာသင်ချိန်
နှစ်ချိန်နှုန်းရှိပါ၍ တစ်လလျှင် ၈ချိန်
ရှိပါမည်။

တချို့လများတွင် စာသင်ချိန်မှာ ပြက္ခဒိန်
ကြောင့် ၉ချိန် /၁၀ချိန်ထိ ဖြစ်သွားနိုင်သော်လည်း ဉာဏ်ပူဇော်ခပိုမယူသလို
၈ချိန်ဖြစ်သွားပါလျှင်လည်း
ဉာဏ်ပူဇော်ခ လျှော့မယူပါ။

စာသင်သားကို စသင်သည့်နေ့မှစ၍
နောက်လ ယင်းနေ့မတိုင်မီတစ်ရက်အထိကို
တစ်လ သတ်မှတ်ပါသည်။

စာစသင်သည့် နေ့မှ စ၍ ဉာဏ်ပူဇော်ခကို ကြိုတင်(ကြိုတင်)‌ချီးမြှင့်ရပါမည်။
နောက်လ ယင်းနေ့သို့ရောက်ပါက
နောက်တစ်လစာအတွက်
ဉာဏ်ပူဇော်ခကို မပျက်မကွက်
ချီးမြှင့်ရပါမည်။
ဆရာမှ မိဘအား သတိပေးမည် မဟုတ်ပါ။
ဆရာမှ မိဘအား ဉာဏ်ပူဇော်ခ ပေးရန်
တောင်းမည် မဟုတ်ပါ။
အလိုက်တသိ ပေးအပ်ရန်
မိဘတွင်သာ တာဝန်ရှိပါသည်။

ဉာဏ်ပူဇော်ခကို စာအိပ်တွင် ထည့်သွင်းပြီးမှ
ချီးမြှင့်စေလိုပါသည်။

အကြောင်းကြောင်းကြောင့် တစ်စုံတစ်ရာ အခက်အခဲရှိပါလျှင် အပြည့်အဝ
နားလည် လက်ခံပေးမည် ဖြစ်၍
ဆရာ့ကို အသိပေးပါရန်
မေတ္တာရပ်ခံအပ်ပါသည်။

ဉာဏ်ပူဇော်ခ ပေးရမည့် နေ့ရက်မှ
စာသင်နှစ်ပြီးဆုံးမည့် နေ့ရက်အထိ
တစ်လ အပြည့် မရှိခဲ့ပါလျှင်လည်း
တစ်လစာ ဉာဏ်ပူဇော်ခ အပြည့်
ချီးမြှင့်ရမည် ဖြစ်ပါသည်။

အကြောင်းကြောင်းကြောင့်
ဆက်လက်သင်ယူရန် မဖြစ်နိုင်ခဲ့ပါလျှင်
ဆရာ့အား တစ်ပတ်ကြိုတင်
အသိပေးရပါမည်။
သင်ကြားမှုရပ်နားချိန်သည်
တစ်လမပြည့်ခဲ့ပါလျှင်လည်း
ကျန်အချိန်များအတွက် ဉာဏ်ပူဇော်ခ
ပြန်လည် အမ်းပေးမည် မဟုတ်ပါ။

အကြောင်းကြောင်းကြောင့် ဆရာက
ဆက်လက်သင်ကြားပေးရန်
မဖြစ်နိုင်ပါလျှင်လည်း ဆရာက
တစ်ပတ်ကြိုတင်၍
မိဘကို အသိပေးပါမည်။
ယင်းသို့ တစ်လမပြည့်ခင်
သင်ယူမှုရပ်နားခြင်းသည်
ဆရာ့တာဝန်ဖြစ်သွားသည့်အတွက်
ဆရာမှ ဉာဏ်ပူဇော်ခ တစ်လစာ
အပြည့် ပြန်လည်အမ်းပေးရမည်
ဖြစ်ပါသည်။

#အစားထိုးစာသင်ချိန်ကဏ္ဍ
သင်ပြသူဆရာ၏ ကျန်းမာရေး၊လူမှုရေး နှင့်အရေးကြီးကိစ္စများအတွက် စာသင်ချိန်ပျက်
ကွက်မှုရှိပါလျှင် စာသင်ချိန် အစားထိုး
ပြန်ဝင်ပေးပါမည်။

ဆရာ၏ အားလပ်သော အချိန်များပြသ၍ အစားထိုးစာသင်ချိန်အတွက် ရွေးချယ်ရယူ
ခွင့်ရှိပါသည်။ဆရာက ပေးနိုင်သည့် အချိန်
များထဲမှ အစားထိုးစာသင်ချိန် ရွေးချယ်ရန်
သာဖြစ်ပါသည်။
ကျောင်းသား/ကျောင်းသူ၏ အားလပ်ချိန်နှင့်
အစားထိုးအတွက် ပေးအပ်ချိန်တိုက်ဆိုင်မှုမရှိ
ခဲ့ပါက မည့်သို့မှမတတ်နိုင်ပါ။

ကျောင်းသား/သူ၏ ကျန်းမာရေး၊လူမှုရေး၊ နှင့်
တခြား အကြောင်းကိစ္စများအတွက် စာသင်ချိန်
ပျက်ကွက်မှုကို အစားပြန်မပေးပါ။ သို့သော်
စာသင်ချိန်ပျက်ကွက်မှုမှာ တစ်လအတွင်း
၃ ချိန်ထက်ပိုများခဲ့ပါက အစားထိုးစာသင်ချိန်
တတ်နိုင်သရွေ့ ဖြည့်စွက်ပေးပါမည်။

#ပိတ်ရက်နှင့်ခွင့်ကဏ္ဍ
ဂေဇက်ဝင် အစိုးရ ရုံးပိတ်ရက်များ (ဥပမာ-
တောင်သူလယ်သမားနေ့) နှင့် ဘာသာရေးအရ
ပိတ်ရက်များတွင် စာသင်ချိန်ရှိပါသော်လည်း
ပိတ်ရက်အဖြစ် သတ်မှတ်ပါသည်။ယင်းအတွက်
အစားထိုးစာသင်ချိန် ပြန်မပေးပါ။

ကျောင်းသား/သူ၏ စာမေးပွဲရက်များအတွင်း
စာသင်ချိန်ကို ကျောင်းသားက ခွင့်အဖြစ်ရယူ
နိုင်ပါသည်။ဆရာ သင်ကြားနေသည့် ဘာသာရပ်မဖြေဆိုမီတွင် စာသင်ချိန် ရယူလိုပါက ကြိုတင်
ညှိနှိုင်း နိုင်ပါသည်။

ကျောင်းသား/သူ ဘက်မှ စာသင်ချိန်ခွင့်ယူလိုပါက
ဆရာ စာလာသင်ရမည့်နေရာသို့ မရောက်မီအချိန်
အထိ ကြိုတင်ခွင့်တိုင်ကြားရန် လိုအပ်ပါသည်။
ဆရာ့ဘက်မှလည်း စာသင်ချိန်မရောက်မီတွင်
စာသင်ချိန်ဖျက်မည်ဖြစ်ကြောင်း ခွင့်တိုင်ကြားထား
ရန်လိုအပ်ပါသည်။

#သင်ကြားမှုကဏ္ဍ
ဆရာ၏ သင်ကြားပေးမှု အပေါ် မိဘမှ စွက်ဖက်
ခွင့်မရှိသော်လည်း အလိုရှိရာကို ညှိနှိုင်း တိုင်ပင်နိုင်ပါသည်။

တက္ကသိုလ် ဝင်တန်း ကျောင်းသား/သူများအတွက် သင်ကြားမှုတိုင်းသည် အစိုးရစစ်
စာမေးပွဲကိုသာ ဦးတည်သင်ကြားလေ့ကျင့်ခြင်း
ဖြစ်ပါသည်။ယင်း ကျောင်းသား/သူ တက်ရောက်နေသည့် ကျူရှင်/ကျောင်းမှ စစ်‌ဆေး
သည့် စာမေးပွဲများအတွက် ဦးတည်သင်ကြားခြင်း မဟုတ်၍ ယင်းစာမေးပွဲများအတွက် ဦး
တည်၍ ကြိုတင်ပြင်ဆင်ပေးခြင်းနှင့် ပြန်လှန်
သင်ကြားခြင်းများ ပြုလုပ်ပေးမည် မဟုတ်ပါ။
သို့သော် အခက်အခဲ တစ်စုံတရာ ရှိပါလျှင်
မိဘ၊အုပ်ထိန်းသူကိုယ်တိုင် ဆွေးနွေးညှိနှိုင်းအကူအညီ ရယူနိုင်ပါသည်။

သင်ကြားခြင်းသည် အနုပညာဖြစ်ရာ ဆရာ့၏
သင်ကြားမှုတွင် စကားစမြည်ပြောခြင်းသည်လည်း အကြုံးဝင်ပါသည်။တခါတရံ သင်ကြားနေစဉ်တွင် ခေတ္တ အနားပေးခြင်း အနားယူခြင်း
များရှိနိုင်ပါသည်။
သင်ကြားချိန်အတွင်း သင်ထောက်ကူများပြသ
ရန်အတွက် ဆရာက ဖုန်းအသုံးချခြင်းကို လက်ခံ သဘောတူ ခွင့်ပြုရပါမည်။

ကျောင်းသား/သူ၏ အခြေခံနှင့် လိုက်ရောညီထွေရှိသော သင်ရိုးကိုသာ သင်ကြားပါမည်။

ဂုဏ်ထူးမှတ်လွန် ရရှိနိုင်သော ကြိုးစားအားထုတ်မှုကောင်းသည့် ကျောင်းသား/သူအတွက်သာ သင်ရိုးကုန်သည်အထိ သင်ကြား
မည်ဖြစ်ပါသည်။
မိဘ အလိုရှိသည့် သင်ရိုးကို မိဘက ဆရာနှင့်ညှိနှိုင်းဆွေးနွေးသတ်မှတ်နိုင်ပါသည်။

#စည်းကမ်းကဏ္ဍ
စာသင်‌နေချိန်တိုင်းတွင် ကျောင်းသား/သူမှာ
ဆရာ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိရမည်
ဖြစ်သဖြင့် မိဘ၊အုပ်ထိန်းသူက စာသင်သားကို
တစ်စုံတစ်ခု ပြောလို၊ခိုင်းလိုပါလျှင် သင်ပြနေသူ
ဆရာအားခွင့်တောင်းရပါမည်။

#ဆုပေးဒဏ်ပေးစနစ်
မိဘ အုပ်ထိန်းသူသည် စာသင်သား၏ ကျန်းမာရေး အခြေအနေမှန်ကို ဆရာအား
ကြိုတင်အသိပေးထားရမည် ဖြစ်ပါသည်။
ပြစ်ဒဏ်ပေးခြင်းနှင့်ပတ်သက်သော စည်းမျဉ်း
စည်းကမ်းကို မိဘကိုယ်တိုင် ထုတ်ပေး၊
ကြိုတင်သတ်မှတ် ခွင့်ပြုပေးထားရန် လိုအပ်
ပါသည်။မိဘ သဘောမတူသော မည်သည့်
ပြစ်ဒဏ်ပေးမှုကို မဆို ဆရာမှ ပြုလုပ်မည် မဟုတ်ပါ။

ကြိုတင်အသိပေးထားခြင်းမရှိသည့်အတွက်
ဆရာက ကျောင်းသား/သူ၏ အမှားအယွင်းအတွက် အပြစ်ဒဏ်ပေးသည့်အခါ ဖြစ်ပေါ်လာသည့် ဖြစ်ရပ်များနှင့် အကျိုးဆက်များ အတွက် တာဝန်မယူပါ။

#ဆွေးနွေးညှိနှိုင်းခြင်း
မိမိသားသမီး၏ပညာရည် တိုးတက်မှုအခြေအနေကို လစဉ် တစ်လ တစ်ကြိမ်
ဆရာနှင့် မဖြစ်မနေ တိုင်ပင်ဆွေးနွေးပေးရန်
လိုအပ်ပါသည်။

ကျောင်းသား/သူ၏ အခြေခံ နှင့်နာခံမှု၊ မိဘ၏
လိုအပ်သလိုဖြည့်ဆည်းပေးမှု၊ဆရာ၏ အထူးဂရုစိုက်အကဲဖြတ်သင်ကြားမှုများ တို့အပေါ်တွင်
ကျောင်းသား/သူ၏ တိုးတက်မှုတည်ရှိသည်ကို
ဦးစွာနားလည်သဘောပေါက်ထားရန် လိုအပ်ပါသည်။

#ဖြည့်စွက်ခြင်း
အခြားဖြည့်စွက်လိုသော စည်းကမ်းချက်များကို
မိဘ အုပ်ထိန်းသူက ဆရာနှင့်သဘောတူညီမှု ယူကာ ဆက်လက်ဖြည့်စွက်နိုင်ပါသည်။
_______________________________
_______________________________
_______________________________
_______________________________
_______________________________
_______________________________
_______________________________
_______________________________
_______________________________
_______________________________
_______________________________
_______________________________

သင်ပြသူဆရာ
လက်မှတ်____________
အမည်______________
နေ့စွဲ_______________

မိဘ/အုပ်ထိန်းသူ
လက်မှတ်____________
အမည်______________
နေ့စွဲ_______________

(လိုအပ်ပါက ကူးယူနိုင်ပါသည်)

ဦးနိုင်ဝင်းလတ်
(ဂုဏ်ထူးဇီဝ)

#ပြန်လည်ကူးယူဖော်ပြပါသည်။

28/02/2022

Tr.Kay Online Classတွင်တက်ရောက်နေကြသော ကျောင်းသူ။ကျောင်းသားများရှင့်

ယခုအခါ အတန်းစာမေးပွဲများဖြေဆိုကြသောကာလရောက်လာသောကြောင့် ဘာသာရပ်တိုင်းတွင် ထူးချွန်စွာဖြေဆိုနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင့်။

သို့ဖြစ်ပါ၍ နွေရာသီအတန်း ဆက်လက်တက်ရောက်ခြင်း ။ အတန်းရပ်နားခြင်းတ်ု့ကို ကြိုတင် အကြောင်းကြားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

စာသင်ရက်။စာသင်ချိန် ညိနှိုင်းခြင်းများလက်ခံဆောင်ရွက်ပေးနေပါသဖြင့် ကြိုတင်ညှိနှိုင်းနိုင်ရန် အသိပေးအပ်ပါသည်။

ကျေးဇူးတင်စွာဖြင့်
တီချယ်ကေ

02/02/2022

🔔 Summer maths Class📢
မင်္ဂလာပါ ကလေးတို့ရေ
TR.KAY Maths Tution ကနေကြိုဆိုလိုက်ပါတယ်😊

🏖️📚နွေရာသီသင်္ချာ အတန်းလေးရှိကြောင်းပြောပြချင်လို့ပါ

👉Summer Class မှာဆိုရင် 👈

📕International Singpore Maths & Casco Step by step mathematics Syllbus ကိုသင်ကြားပေးပါ။

📗Interntional Singpore mathematics မှာဆိုရင်
အခြေခံလေးကစပြီးသင်ပေးတာဖြစ်လို့ IS သို့ ကူးပြောင်းတက်ရောက်မည့် သားသားမီးမီးများအဆင်ပြေစေပါသည်။

📔Casco step by step maths မှာဆို
Step by step calculation
Problem Solving
Thinking Skills တို့ပါဝင်သည့်အတွက် ပုစ္ဆာများတွေးတတ် ဖြေရှင်းတတ်လာမှာပဲဖြစ်ပါတယ်ရှင့်

👩‍🏫စာသင်ချိန်များညှိနှိုင်းပြီ 1 on 1 တက်ရောက်နိုင်သလို
သူငယ်ချင်းများနှင့် group အလိုက်တက်ရောက်နိုင်ပါတယ်ရှင့်

#အသေးစိတ်သိရှိလို့ပါကmessenger
#📲📲09789646711 သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

Crd : Photo internet

09/01/2022

Tr.Kay Thi
၏ဖုန်းခါးပိုက်အနှိုက်ခံရပါသဖြင့်
ငွေကြေးများ လစာများ တောင်းခံလာပါက မလွှဲကကြပါရန် မေတ္တာရပ်ခံအပ်ပါသည်
ဆက်သွယ်စရာရှိပါက
09768662214သို့ဆက်သွယ်ပါရန်

Account။ဖုန်းဖြင့်ဆက်သွယ်ပါကကျွန်မ မဟုတ်ပါရှင့်

31/12/2021

💙မင်္ဂလာပါရှင့်💙
ကျွန်မရဲ့ Tr. Kay maths Tution လေးတို စတင်ဖွင့်လှစ်ခဲ့သည်မှာ တနှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါသည်ရှင့်။

🤗ကုန်လွန်ခဲ့သော အချိန်များတွင်းမှာလည်း ကျူရှင်တက်ရောက်ခဲ့ကြသော။တက်ရောက်ဆဲကျောင်းသား‌ကျောင်းသူများကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ရှင့်။

🤗အခက်အခဲများကြားကနေပြီးတက်ရောက်ပေးကြလို့လဲအရမ်းဝမ်းသာမိပါသည်။

📚Tr. Kay Maths Tutionမှာဆိုရင် ကျောင်းအလိုက်သင့်တော်သော syllabusကိုရွေးချယ်လေ့ကျင့်ပေးခဲ့ပါသည်။

အတန်းများကိုလည်း ကျောင်းသူကျောင်းသားများအဆင်ပြေချောမွေ့စေရန် ဆရာတစ်ယောက် ကလေးတစ်ယောက်စနစ်ဖြင့်သင်ကြားပေးပါသည်။

📚ယခုအခါတွင် Tr.Kay Maths Tution အတန်းတွင်သင်္ချာဘာသာရပ်အတွက်

- Basic Calculation
- Problem Solving ပါဝင်သောသင်ရိုးဖြင့်လေ့ကျင်သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း သတင်း‌ေကာင်းပါးအပ်ပါသည်။

- ကျောင်းသားကျောင်းသူများလဲစတင်လက်ခံနေပါပြီရှင့်။
တစ်ဦးအတန်းချိန် ( သို့ ) သူငယ်ချင်းအဖွဲ့လိုက် စာရင်းပေးသွင်းနိုင်ပါပြီရှင့်။
- တဝိုင်းလျှင် ( ၃ )ဦးသာလက်ခံသင်ကြားပေးမည်ဖြစ်ပါသည်။

#အသေးစိတ်သိရှိလိုပါက messenger or 09983852589 သို့ဆက်သွယ် မေးမြန်းနိုင်ပါသည်။

❤️ နှစ်သစ်ကူးအခါသမယမှစ၍ ဘေးဘယာများဝေးကွာ
လိုချင်နေသောပန်းတိုင်များလည်း အမြန်ဆုံးရောက်ရှိနိုင်ကြပါစေကြောင်းဆုမွန်ကောင်း တောင်းအပ်ပါသည်ရှင့်💙

24/12/2021

📣 သင်တန်းကျောင်းပိတ်ရက်ကြေငြာခြင်း📢

( 25. 12.2021 - Saturday)သည်
Happy Merry Christmas ကျရောက်သောကြောင့်
Tr.Kay သင်တန်းများအားလုံး (၁)ရက်ပိတ်ထားပါသည်။

26.12.2021 Sundayတွင်အတန်းများပုံမှန်ပြန်လည်တက်ရောက်ရမည် ဖြစ်ပါသည်ရှင့်။

Happy Merry Christmas ဖြစ်ပါစေကြောင်းဆုမွန်းကောင်းတောင်းအပ်ပါသည်။

27/11/2021

အမျိုးသား အောင်ပွဲနေ့ "🇲🇲🇲🇲🇲🇲 ကျောင်းပိတ်ရက်များ ကြေငြာခြင်း။

(၂၈.၁၁.၂၀၂၁) တနင်္ဂနွေနေ့ သည် အမျိုးသား အောင်ပွဲနေ့ ကျောင်းပိတ်ရက် ဖြစ်သောကြောင့် ထိုနေ့တွင် သင်တန်းများ( Online class )အားလုံးကို ပိတ်ထားမည် ဖြစ်ပါသည်။

Photos from Tr. Kay's post 25/11/2021

Algebraic Expansions
Basic Methods of Factorisation

16/11/2021

📣📣တန်ဆောင်တိုင်ကျောင်းပိတ်ရက်ကြေငြာခြင်း📣

(၁၈. ၁၁.၂၀၂၁-ကြာသပတေးနေ့)သည်🎇🎆တန်ဆောင်မုန်းလပြည့်နေ့🌝🌝ဖြစ်သောကြောင့်

Tr.Kay maths online class များအားလုံးပိတ်ပါသည်။

တန်ဆောင်တိုင်အခါ ကျန်းမာပျော်ရွှင်ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

04/11/2021

🎆🎇 Happy Diwali 🎆🎇

ပျော်ရွှင်စရာ ဒီပါဝလီနေ့လေး ဖြစ်ပါစေကြောင်း

Tr.Kay onlin maths Tutionမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။

01/11/2021

👩‍🏫November လအတွက်👩‍🏫

Tr.Kay Online Maths Classတွင်

Governments syllabus Maths l
Singapore Syllabus Maths
Casco Syllabus Maths
ILBC Syllabus Maths
Basic Olympiad Mathsတို့ကို

One to One (or) Groupအလိုက် တက်ရောက်နိုင်ပါပြီရှင့်
အချိန်များကို ညှိနှိုင်းဆွေးနွေးပေးပါသည်ရှင့်။

အသေးစိတ်ကို messenger
📱📱09983852589/09789646711သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်ရှင့်။

30/10/2021

November လအတွက်

အတန်းချိန်သစ်များ လက်ခံခြင်းနှင့် အချိန်ပြောင်းလဲတက်ရောက်လိုသူများ အချိန်စတင်ညှိနှိုင်းနိုင်ပါပြီရှင့်။

ကျောင်းသားသစ်များလည်းအတန်းချိန်များစုံစမ်းနိုင်ပါသည်။

တီချယ်ကေ
Maths Tution
09983852589

17/10/2021

💐မင်္ဂလာပါရှင့်💐

Tr.Kay Online class ပိတ်ရက်

လာမည့် ( ၁၉.၁၀.၂၀၂၁ ကြာသပတေးနေ့ အဖိတ်နေ့။၂၀.၁၀.၂၀၂၁ ဗုဒ္ဓဟူးနေ့ သီတင်းကျွတ်လပြည့်နေ့) ဖြစ်သောကြောင့် Online class များပိတ်ပါကြောင်း
အသိပေးအကြောင်းကြားအပ်ပါသည်ရှင့်။

ပျော်ရွှင်သီတင်းကျွတ်ကာလဖြစ်ပါစေကြောင်းနှင့် အားလုံးကျန်းမာပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်ရှင့်။

Photos from Tr. Kay's post 05/10/2021

All Teachers
Be happy and healthy ❤️
သင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ💐🌸

Photos from Tr. Kay's post 02/10/2021

Maths Online class ဗီတာမင်လေးတွေလက်ရာ

30/09/2021

👩‍🏫October အတွက်အတန်းချိန်များ စုံစမ်းနိုင်ပါသည်ရှင်။

📚📚Maths ဘာသာရပ်အတွက်

Kg to Secondary I
အထိ တစ်ဦးချင်း (သို့မဟုတ်) သုံးဦးတစ်ဝိုင်းစတင်လက်ခံပါပြီရှင့်

Date and Time
Sat -Sun
7:00 - 8:00 (a.m)
8:15 - 9: 15(a.m)
5:00 - 6:00(p.m)

ရရှိနိုင်သောအတန်းချိန်အတိုင်းသာသင်ကြားပေးပါမည်။

တီချယ်ကေ
Online maths class

Photos from Tr. Kay's post 29/08/2021

💙အသည်းကျော်လေးတွေအတွက်💙

Singapore Syllabus

Photos from Tr. Kay's post 28/08/2021

Math in my world
----------------------------------------------

♦️♦️Math Activity books 5အုပ် Answer key5အုပ်တွဲတင်ပေးလိုက်ပါတယ်။

👇👇👇 Download link:

https://drive.google.com/folderview?id=1M0ONu6B9_deEyLwHR3y_bCewzK9B6bim

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11031
Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.