Asia Haemo Care - AHC

(ဓာတ်ခွဲခန်းသုံးပစ္စည်းများ ဖြန့်ချီရေး)

Lab Supplies🔬💻🌹

Let's Grow Together with AHC 💪💪💪

27/02/2024

AHC Order 🍀🍀🍀

Update Contact ☎

09-420 142365
09-956 450984

or page messenger 🤗

20/01/2024

Contact us ☎ 09- 956 450 984

Photos from Asia Haemo Care - AHC's post 20/01/2024

စျေး​တွေ လိုက်မေးရင်းနဲ့ ၊လိုချင်တာတွေ တစစီ လိုက်ရှာရရင်းနဲ့
အချိန်ကုန်စရာမလိုရလေအောင် ⏰⏰⏰


.....

ကိုယ်တိုင်လဲ လိုင်းပေါ်မှာ လိုချင်တဲ့ ပစ္စည်းတွေလိုက်ရှာတဲ့အချိန်
Comment တွေမန့် ၊ Message box တွေသွား၊ Ph တွေခေါ်ရတာ
ကြာလာတော့
စိတ်မရှည်တော့တာ မို့လို့ 😅
.....

🍀

ဒီနေ့ ဒီရက်က စပြီး

AHC company မှာ ရနိုင်မယ့် ပစ္စည်း မှန်သမျှ - ဘာပဲ လိုလို

ချစ်ရတဲ့ Customer တွေ

တကူးတက စျေးမေးပြီး ဝယ်စရာမလို
အချိန်ကုန်စရာ မလို ရလေအောင်

ရနိုင်မယ့် ပစ္စည်းပုံနဲ့ Update စျေးလေးတွေ အပြောင်းအလဲရှိတိုင်း
ပုံမှန်လေး တင်ပေးသွားပါမယ်ရှင့် 🙏
......

လိုအပ်တာလေးများရှိရင် အမြန်ဆုံး မှာယူနိုင်ပါတယ် 🤗

Order Now! ☎ 09-956 450 984
or from AHC page message box 🗨

18/01/2024

Page ကို သေချာလေး Promote မလုပ်ဖြစ်တာတောင်

တွေမှာ - ရှာတွေ့တဲ့အခါမှာရော
ဒီအတိုင်း သတိတရ အနေနဲ့ရော

တကူးတက မှာယူအားပေးနေကြတဲ့
အကိုအမတွေ မောင်လေးညီမလေးတွေ အားလုံးကို
ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 😊💖



တနိုင်တပိုင်amountလေးနဲ့ တတ်နိုင်လောက်လေး
ကိုယ်ပိုင်အလုပ်စလုပ်ဖြစ်နေတဲ့
ကိုယ့်လိုလူမျိုး အတွက် အများကြီး အားတက်ရပါတယ် 🙏



စိတ်ဓာတ်ကျချိန်တိုင်းရောက်လာတဲ့ ဘဝရဲ့ဗီတာမင်လေးတွေပါပဲ 💌


🍀

15/01/2024

Good Luck 🍀 = Preparation + Attitude + Will to grab Chances + Action💖✨

Photos from Asia Haemo Care - AHC's post 27/12/2023

Liquid transfer လေးတွေ လွယ်လွယ်ကူကူလုပ်နိုင်ဖို့
Pasteur Pipette သုံးကြစို့ 💦‼
....

Liquid transfer ⚗

အရည်တွေ တနေရာက တနေရာကို စုပ်ယူ ပြောင်းရွှေ့တဲ့အခါ

pipette နဲ့ pipette tips တွေကိုသုံးပြီး
အခေါက်ခေါက် အခါခါ အပင်ပန်းခံနေမယ့် အစား😅

Transfer Pipette or Pasteur Pipette or Plastic Dropper လေးတွေကိုသုံးပြီး
တခါထဲ အလွယ်တကူ စုပ်လိုက်ပြောင်းလိုက်လုပ်တာက

ပမာဏ ပိုများများ ပါပြီး
အချိန်ကုန် ပိုသက်သာစေပါတယ် 😌
......
💫💫💫

အဓိက အားဖြင့် -

💧Serum / Plasma / Whole Blood တွေ
တခြား container or aliquot တွေထဲကို ပြောင်းထည့်ချင်တဲ့ အခါ

💧Urine /Stool / Sputum / Stains လေးတွေ test လုပ်ဖို့ယူတဲ့အခါ

💧Sample နဲ့ Reagent တွေ အလွယ်တကူ Mix လုပ်ချင်တဲ့အခါ

Pasteur Pipette လေးတွေကို သုံးကြည့်ကြပါနော်
Test တွေ run တဲ့အခါ ​ပိုပြီး အဆင်ပြေလာတာကို တွေ့ရပါလိမ့်မယ်။
.......

💛💛💛

Transfer Pipette/Pasteur Pipette (3ml/2ml) size လေးတွေကို
မိတ်ဆွေတို့ရဲ့ AHC page လေးမှာ ဝယ်ယူလို့ ရနေပါပြီ နော်။

Pipette လေးတစ်ချောင်းကိုမှ 34 ကျပ်ပဲ ကျပါတယ်။
အခုရေ 250 အနည်းဆုံးယူလို့ရပါတယ် ရှင့်။

(တစ်ထုပ်ကို 8500 ကျပ် ပါပဲ ရှင့်)!!!!
......
🍀🍀🍀

*2023 Year End Sale 🎄🔔💖

Year end promotion လေးအနေနဲ့ -

Pipette 3ml တစ်ချောင်းကို 30 ကျပ်
( အခု 250 ပါ - တစ်ထုပ်ကို 7500 ကျပ် ) နဲ့

ရက်နေ့အထိ ရောင်းချပေးနေပါတယ်ရှင့် 🤗
.....
🔔🔔🔔

Plastic Transfer Pipette / Pasteur Pipette (3ml/ 2ml)
*500 pcs/ Bag
*250 pcs/ Bag....

အခုရေ 250 ပါတဲ့တစ်ထုပ်ကို

မူရင်းစျေး - ၈၅၀၀ ကျပ်
Discount price - ၇၅၀၀ ကျပ်
....

အထုတ်ရေ 37 ထုပ်ပဲ ကျန်ပါတော့တယ် ရှင့် ‼

အခုပဲ မြန်မြန်လေး မှာယူလိုက်တော့နော် 🐰...

AHC - ☎ 09-956 450 984
or page messenger













-AHC

Photos from Asia Haemo Care - AHC's post 22/12/2023

Yellow Tips ⭐ - X.mas Sale 🎄💖🔔
......

Quality ကောင်း - ဘေးဘက်မှာ အမှတ်ရာလေးတွေပါတဲ့

အဝါရောင် Graduated Yellow Tips လေးတွေ ကို

အထူးလျှော့စျေး နဲ့ ရောင်းချပေးနေပါပြီ 🤗
.....

*10 - 100 ul
*Graduated, Glison
*1000 pcs/ Bag
....

အခုရေ ၁၀၀၀ ပါတဲ့တစ်ထုပ်ကို

မူရင်းစျေး - ၈၅၀၀ ကျပ်
Discount price - ၇၅၀၀ ကျပ် ‼
....

အထုတ်ရေ ၇၂ ထုပ်ပဲ ကျန်ပါတော့တယ် ရှင့် 🔔

အခုပဲ မြန်မြန်လေး မှာယူလိုက်တော့နော်

AHC -☎ 09-956 450 984
or page messenger

Photos from Asia Haemo Care - AHC's post 22/12/2023

Blue Tips 💧 - X.mas Sale 🎄✨🔔💖
......

Quality ကောင်း - ဘေးဘက်မှာ အမှတ်ရာလေးတွေပါတဲ့

အပြာရောင် Graduated Blue Tips လေးတွေ ကို

⭐ အထူးလျှော့စျေး နဲ့ ရောင်းချပေးနေပါပြီ 🤗

*100 - 1000 ul
*Graduated, Glison
*500 pcs/ Bag
....

အခုရေ ၅၀၀ ပါတဲ့တစ်ထုပ်ကို

မူရင်းစျေး - ၈၀၀၀ ကျပ်
Discount price - ၇၀၀၀ ကျပ်‼
....

အထုတ်ရေ ၆၆ ထုပ်ပဲ ကျန်ပါတော့တယ် ရှင့် ‼

အခုပဲ မြန်မြန်လေး မှာယူလိုက်တော့နော် 🍀🍀🍀

AHC - ☎ 09-956 450 984
or page messenger

Photos from Asia Haemo Care - AHC's post 22/10/2023

Lab အတွက် လိုအပ်တဲ့ စက်တွေ စ မဝယ်ခင်
အရေးတကြီး ကြိုတင် လုပ်ထားသင့်တဲ့ အရာ ‼

(သို့မဟုတ်)

Grounding or Earthing 🌎
.....

🕹💡

လျှပ်စစ်အသုံးပြုတဲ့ပစ္စည်း Electrical devices တွေတိုင်း မှာ လျှပ်စစ်ယိုစိမ့်မှု Electrical leakage တွေ ရှိတတ်ပါတယ်။

(စက်တစ်ခုကို သွားထိလိုက်တဲ့ အချိန် "ကျဥ်ခနဲ" ဖြစ်ဖူးကြတယ်
မဟုတ်လား - ဒါဟာ electric leakage ရှိနေတယ်ဆိုတဲ့ အမှတ်အသား တစ်ခုပါ။
အဲ့ဒီအချိန် Tester လေးနဲ့ စက်ရဲ့ body ကိုထောက်ကြည့်ရင် မီးမှိန်မှိန်လေး လင်းလာတာကို မြင်ရပါလိမ့်မယ်။)

☠⚠

လျှပ်စီးပတ်လမ်းတစ်ခု ရှိနေသရွေ့ လျှပ်စစ် အန္တရာယ် ဟာလည်း အချိန်တိုင်းရှိနေနိုင်ပါတယ်။

Electrical leakage များခြင်း၊ မိုးကြိုးပစ် လျှပ်စီးလက်ခြင်း၊
မီးအားအဝင် အတက်အကျ ကြမ်းခြင်း တွေမှာ
လျှပ်စစ်အန္တရာယ်တွေဟာ
သာမန်ထက်ပိုပြီး ဖြစ်ပေါ်နိုင်ချေ မြင့်လာပါတယ်။

ဒီလိုမျိုး လျှပ်စစ်အန္တရာယ်ကို အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး
ကာကွယ်ပေးနိုင်တဲ့ နည်းလမ်း ကတော့
Ground ထည့်ခြင်း - Earth ကြိုးချခြင်း ပဲ ဖြစ်ပါတယ်။

🚑🏥

Electrical devices တွေ ချင်းအတူတူမှာ တောင်
အိမ်သုံး လျှပ်စစ်ပစ္စည်းတွေထက်စာရင်

ဆေးရုံ ဆေးခန်း ဓာတ်ခွဲခန်းတွေမှာ အသုံးပြုတဲ့ စက်
(အထူးသဖြင့် -
Electrolyte analyzer, CP auto နဲ့ အခြား cell counting analyzers) တွေမှာ Ground ရှိဖို့ ပိုပြီးလိုအပ်ပါတယ်။

ဘာလို့လဲဆိုတော့ ဒီစက်တွေဟာ
အချို့သော ရောဂါရှာဖွေစမ်းသပ်မှု အဆင့်တွေမှာ

(အလွန်သေးငယ်တဲ့ - mili volt (mV) အဆင့်လောက်ပဲရှိတဲ့)
လျှပ်စစ်အချက်ပြ (electric signals) တွေကနေတဆင့် တိုင်းတာပြီး သွေးအဖြေတွေကို ဖော်ပြပေးတာ ဖြစ်တဲ့အတွက်ကြောင့်

ပုံမှန် လျှပ်စီးကြောင်းမှာ အနှောက်အယှက် တခုခု ရှိခဲ့မယ်ဆိုတာနဲ့
အဖြေလွဲမှားတာ ၊ အဖြေမထုတ်ပေးနိုင်တာ ၊
ခုစစ်တဲ့အဖြေနဲ့ တော်ကြာစစ်တဲ့အဖြေချင်း တူမနေတာမျိုးတွေ
ဖြစ်တတ်ပါတယ်။



အတော်ဆိုးတဲ့ case တွေမှာဆို
circuit board ထိတာ၊ electric shock ဝင်တာမျိုးတွေ ဖြစ်ပြီး

နောက်ဆက်တွဲ အနေနဲ့ -
ကိုယ်တန်ဖိုးအများကြီးပေးဝယ်ထားရတဲ့ စက်ဟာ လုံးလုံးသုံးမရတော့တဲ့ Failure အခြေအနေအထိ ရောက်သွားနိုင်ပါတယ်။

အဲ့ဒီ့အတွက်ကြောင့် စက်ပစ္စည်းတွေအတွက် Ground ချကိုချဖို့ လိုအပ်ပါတယ်။
......

ဘယ်လိုချရမလဲ?? 🌎

Ground or earth ချဖို့အတွက် အရင်ဆုံး
Electrode တိုင်တွေ လိုအပ်ပါတယ်။

အသုံးအများဆုံးကတော့ ကြေးနီ၊ သွပ်ရည်စိမ် steel ၊ pure steel နဲ့
လုပ်ထားတဲ့ Electrode တိုင်တွေပဲ ဖြစ်ပါတယ်။

Electrode တိုင်တစ်ခုဟာ
အနည်းဆုံး အရှည် ၈ပေ ၊ အကျယ် ၁လက်မခွဲလောက် ရှိသင့်ပြီး
အဲ့ဒီ တိုင်တွေ မြုပ်မယ့်ကျင်းဟာ
အနည်းဆုံး ၁၀ပေ အနက် ရှိရမှာ ဖြစ်ပါတယ်။
...

⤵⤴

Ground ချတဲ့အခါမှာ
ကိုယ်မြှုပ်လိုက်မယ့် Electrode နဲ့ တဖက်က ချိတ်ဆက်ပြီး
ကျန်တစ်ဖက်က ကိုယ် Ground safety ရချင်တဲ့ ပလပ်ပေါက်
(ဒါမှမဟုတ်) လျှပ်စီးပတ်လမ်းနဲ့ ချိတ်ဆက်မယ့် ဝါယာကြိုးဖြစ်ပါတယ်။

အများစုကို copper ကြေးနီနဲ့ လုပ်ထားတာဖြစ်ပြီး
အပြင်ဖက်ကို အစိမ်း/ အဝါ/ အစိမ်းနဲ့အဝါ ရောထားတဲ့ အရောင်ပါတဲ့
လျှပ်ကာပစ္စည်းနဲ့လုပ်ထားတဲ့ ကြိုးနဲ့ အုပ်ထားပါတယ်။
....

Plug 🆚 Grounding Wire 🔌🔌

3pin ပလပ်ပေါက်တွေ နဲ့ ပလပ်ခေါင်းတွေမှာ
ပုံမှန်အားဖြင့် -
အရောင်တွေနဲ့ခွဲထားတဲ့ wire ကြိုး ၃ခု နဲ့ ချိတ်ဆက်ထားပါတယ်။

အပေါ်ဆုံး တစ်ခုက Ground/Earth wire - green & yellow🔰
နောက်တစ်ခုက Line/ Live/ Phase wire - red or brown ♦🌰
ကျန်တဲ့တစ်ခုက Neutral wire - blue or black 🔹◾

3pin ပလပ်ပေါက်ရဲ့ အပေါ်ဆုံး နေရာဟာ
Grounding electrode က တဆင့်လာတဲ့
Grounding wire လာချိတ်ဆက် ဖို့အတွက် ဖြစ်ပြီး

3pin ပလပ်ခေါင်းရဲ့ အပေါ်ဆုံး pin ကတော့
ပလပ်ပေါက် ထိုးလိုက်ပြီဆိုတာနဲ့ အဲ့ဒီ Ground safety ကို
မိမိအသုံးပြုမယ့် စက်ပစ္စည်းကို တဆင့် ချိတ်ဆက်ပေးမယ့်
Ground wire လာချိတ်ထားတဲ့ pin ပဲ ဖြစ်ပါတယ်။
(အောက်က ပုံတွေမှာကြည့်ပေးနော်။🌁)

ဒါ့ကြောင့် စျေးပေါတဲ့ 2pin ပလပ်ပေါက်/ခေါင်း တွေပဲ သုံးမယ် ဆိုရင်
Ground ကြိုးနဲ့ ချိတ်ဆက်ပေးမယ့် နေရာ (wire) မရှိတဲ့အတွက်
Ground safety မရနိုင်ပါဖူး။🚫
.......

💯 ??
Ground ချထားတယ် ဆိုရုံနဲ့ ပြီးပြီလား... ?

မပြီးသေးဖူးနော်။

ကိုယ်ချထားတဲ့ Ground ကောင်းမကောင်း စစ်ကြည့်ဖို့လိုသေးတယ်။

မဟုတ်ရင် Ground တော့ချထားပါရဲ့
safety က ထင်သလောက်မရ၊
လျှပ်စီးကြောင်းမှာ အနှောက်အယှက် ဝင်တာက ဝင်နေတုန်းပဲ
ဖြစ်တတ်ပါတယ်။
.......

🔍🔍
Ground ကောင်းမကောင်း ဘယ်လိုစစ်မလဲ။

လွယ်ပါတယ်။

Engineer တွေသုံးတဲ့ multimeter လေးနဲ့ 📟
ပလပ်ပေါက်ရဲ့
Earth အပေါက်ရယ် + Neutral အပေါက်ရယ် ကို တိုင်းကြည့်လို့

Resistance (1 - 5 ohm) or Voltage (1 - 5 V) ရမယ်ဆိုရင်
ကိုယ့်ရဲ့ Grounding က အကောင်းဆုံး အခြေအနေလို့ ပြောလို့ရပါတယ်။ ✅

အဲ့ဒီ (1 - 5) ဆိုတာလေးက
ပြင်ပလျှပ်စစ်စီးကြောင်းတွေကြောင့်မဟုတ်ပဲ
ကမ္ဘာမြေကြီးကနေ ထွက်နေတဲ့ ပုံမှန်ပမာဏတစ်ခုဖြစ်တဲ့အတွက်
Zero ဖြစ်တဲ့ အထိ ရောက်သွားဖို့တော့ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး ။🌏

တချို့ကလည်း ရိုးရိုးအိမ်သုံး လျှပ်စစ်ပစ္စည်း တွေ အတွက်ဆို
25 ohm or 25 V ထက်နည်းရင် ရပြီလို့ ပြောကြတာတွေရှိပေမယ့်
1 - 5 ohm/V ကပဲ အကောင်းဆုံးအခြေအနေဆိုတာ မှတ်ထားပါနော်။🆗

(ဗဟုသုတ အနေနဲ့ -🕵️‍♀️

Live နဲ့ Earth အပေါက်တွေ ကို တိုင်းကြည့်ရင် 220 - 230 V
Live နဲ့ Neutral အပေါက်တွေ ကို တိုင်းကြည့်ရင် 225 - 229 V
Neutral နဲ့ Earth အပေါက်တွေ ကို တိုင်းကြည့်ရင် 1 - 5 V

Live နဲ့ Earth က ကမ္ဘာမြေကြီးရဲ့ Resistance ကြောင့်
Live နဲ့ Neutral ထက် more or less 5V လောက် ပိုများနေတတ်ပါတယ်။)
......

Once 1️⃣ ??

Ground တစ်ခါ ချပြီးရင် ပြီးပြီလား။
လှည့်ကြည့်စရာမလိုတော့ဖူးလား။

No ပါနော်။

တစ်နှစ်တခါလောက် အပေါ်ကပြောသလို စစ်ပေးဖို့လိုပါတယ်။

မြေဆီလွှာရဲ့ စိုထိုင်းဆနဲ့ Chemicals တွေကြောင့်
Electrode တိုင်တွေ စားသွားတာမျိုးဖြစ်ပြီး
Resistance (1 - 5) အတွင်းမရှိတော့ပဲ တက်လာမျိုးတွေ ရှိတတ်လို့ပါ။ 📈

🔧🆕

အဲ့လိုအခြေအနေ ဖြစ်လာရင်

တိုင်အသစ်ပြန်စိုက်တာမျိုးဖြစ်ဖြစ် ၊
အနည်းဆုံး ၆ ပေခွါပြီး အသစ်တစ်ချောင်း ထပ်စိုက်တာမျိုးဖြစ်ဖြစ်
လုပ်ပေးဖို့ လိုအပ်ပါတယ်။
..............

📣📣📣

အနှစ်ချုပ်ပြောရရင်တော့

Ground ထားခြင်း ၊ Earth ကြိုးချခြင်းဟာ -

အန္တရာယ်ဖြစ်ပေါ်စေတဲ့ လျှပ်စီးကြောင်းတွေကို ⚡⚡⚡
မိမိတို့ရဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့ ဝေးရာကို သယ်ဆောင်သွားပြီး
ကမ္ဘာမြေကြီးဆီသို့ စီးဆင်းသွားစေတဲ့ အတွက်ကြောင့်

ဘယ်စက်တွေမဆို စ မဝယ်၊ စ မဆင်ခင်ကတည်းက -

သူတို့တပ်ဆင်ဖို့အတွက် ပြင်ဆင်ထားတဲ့ နံရံက ပလပ်ပေါက်တွေကို
3pin သုံးပြီး - Ground Safety ထည့်ထားဖို့ ဆိုသည်မှာ
အမှန်တကယ်ပဲ အရေးကြီးပါကြောင်း ။ ။

19/10/2023

Lab တစ်ခုမှာ - ( Analyzers ) ရောဂါရှာဖွေစမ်းသပ်ပေးတဲ့စက်တွေ
စ ဝယ်တော့မယ် ဆိုတာနဲ့ 🔬💻🕹
ပထမဆုံး စလုပ်ဖို့ အလိုအပ်ဆုံးက ဘာလဲ 🤔 ???

Photos from Asia Haemo Care - AHC's post 18/10/2023

Available Now in AHC 💛💛🔬

အခု လတ်တလော
Lab နဲ့ ပတ်သတ်တဲ့ ဒီ ပစ္စည်းလေးတွေ AHC မှာ လာဝယ်လို့ရနေပါပြီ 🤗




Serum Tube (with clot activator) (PET) - 4 ml
Serum Tube (with clot activator) (PET) - 6 ml

ETDA Tube (PET) - 3 ml

PT Tube (PET) - 2 ml

ESR Tube (Glass) - 1.6 ml

Khan Tube (PET) - 13x75mm

Yellow Tip (Graduated)
Blue Tip (Graduated)

1.5 ml Microcentrifuge Tube - Aliquot

Transfer Pipette (Pasteur Pipette) - 3 ml
Transfer Pipette (Pasteur Pipette) - 2 ml

Lancet

Urine Container - 40 ml
Urine Container (Sterile) - 40 ml

Stool Container - 40 ml

☎: 09-956 450 984 ကို "Ph" လေးတချက် ဆက်လိုက်ရုံ
🗨: Messenger က တချက်လေး "Hi"လိုက်ရုံနဲ့
ပစ္စည်းတွေ နဲ့ပတ်သတ်ပြီး သိလိုသမျှ အကုန်ရှင်းပြပေးမှာပါ။

မဝယ်ဖြစ်သေးလဲ သိချင်တာလေးတွေရှိရင် လာစုံစမ်းလို့ရပါတယ်။
စိတ်ရှည်ရှည်နဲ့ သေချာရှင်းပြပေးမယ့် မင်မင်ရှိပါတယ်။

Ygn မြို့တွင်းနဲ့ အနီးပတ်လည်ဆို Order confirm ပြီးတာနဲ့
24 hr အတွင်း လာပို့ပေးပါမယ် 🏃‍♀️

အခြားမြို့ကြီးများမှ မှာယူရင်လဲ အတတ်နိုင်ဆုံး အမြန်ဆုံးပို့ဆောင်ပေးပါမယ်နော် 🏃

12/10/2023

😱😱😁😁

Photos from Asia Haemo Care - AHC's post 04/10/2023

Sample အဝင်နည်းရဲ့သားနဲ့
Reagent တွေ ဘာလို့ ပိုကုန်နေရတာလဲ 🤔???

Sample အဝင်က အရင်နဲ့ သိပ်မကွာဘဲနဲ့ရော - Reagent တွေ ဘာလို့ ပိုကုန်နေရတာလဲ???

Why? Whying 😅
.....

1. စက်အဖွင့် အပိတ် အကြိမ်ရေ များတဲ့ အခါ 🕹

Electrolytes, Haematology, Biochemistry, Immunology analyzer စက် တွေ (တချို့ POCT စက်တွေက လွဲရင်) မှာ များသောအားဖြင့်

စက်ဖွင့်လိုက်တိုင်း၊ ပိတ်လိုက်တိုင်းမှာ
စစချင်း စက်အခြေအနေ run လို့ စိတ်ချရအောင်
Background check ​ဖို့အတွက်ဖြစ်စေ၊ ပိတ်ခါနီးစက်ကိုဆေးဖို့အတွက်ဖြစ်စေ
အသုံးပြုတဲ့ Reagent ပမာဏ တစ်ခုရှိပါတယ်။

အဲ့ဒီ အတွက်ကြောင့် အဖွင့်အပိတ်အကြိမ်ရေ များလာတာနဲ့အမျှ စက်ရဲ့ Reagent အသုံးပိုများလာတာ ဖြစ်ပါတယ်။
....

2. မီး အလာများတဲ့ အခါ🕯🕯🕯

(မီးပျက်တဲ့အသံကြားရပါများ စိတ်ညစ်မှာစိုးလို့ 😁)

မီး လာလိုက် ပျက်လိုက် ခဏ ခဏ ဖြစ်လာတဲ့အခါ
သင့်တော်တဲ့ UPS၊ အင်ဗာတာ၊ မီးစက် တို့ကို စက်တွေနဲ့
ချိတ်သုံးမထားမိဖူးဆိုရင် စက်ပိတ်ပိတ်ကျ သွားပြီး ပြန်ပြန်ပွင့်လာတာမျိုး ခဏ ခဏ ဖြစ်လာမှာဖြစ်တဲ့အတွက်
အပေါ်က No.1 အချက်အတိုင်းပဲ Reagent အကုန်များလာမှာ ဖြစ်ပါတယ်။
....

3. Rest or Sleep Mode ကနေ Standby Mode ပြန်အဝင်များတဲ့ အခါ😴 🌙

Analyzer အများစု မှာ

- Screen time out duration (to enter Sleep Mode)
(စက်ကို မသုံးပဲ ဘယ်လောက်ကြာကြာထားလိုက်ရင် စက်ကို ခဏနားခိုင်းမလဲ)

- Auto calibration duration ( အချိန် ဘယ်လောက်ကြာရင် စက်ကို သူ့ဘာသာသူ calibration ပြန်ဆွဲခိုင်းမလဲ)

- Cleaning request duration ( အချိန် ဘယ်လောက်ကြာရင် စက်ကို cleaner ပြန်တောင်းခိုင်းမလဲ) ဆိုပြီး
ကြာချိန်တွေ သတ်မှတ်ထားတာမျိုးရှိပါတယ်။

🕒🕒🕒

Sleep mode ကနေ Standby mode ပြန်ပြောင်းရင်
တချို့စက်တွေမှာ စက်သီးသန့်ကိုပဲ ပြန်နှိုးပေးတာဖြစ်ပြီး
တချိ့စက်တွေမှာတော့ reagent ပါသုံးပြီး စက်ကိုပြန်နှိုးတာမျိုး ရှိပါတယ်။

Auto calibration နဲ့ cleaning request ကတော့ ရှင်းပါတယ်။
သူတို့က Reagent သုံးကိုသုံးမှာပါ။♻

ဒါ့ကြောင့် စက်က သတ်မှတ်ထားတဲ့ အဲ့ဒီ duration တွေ
တိုရင် တိုသလောက်
ကြာချိန်နည်းရင်နည်းသလောက်
ခဏခဏ ပြန်run နေပြီး reagent တွေ ပြန်ပြန်သုံးနေမှာပဲ ဖြစ်ပါတယ်။ ​🔔

တချို့စက်တွေမှာ အဲ့ duration တွေကို ပြန်ချိန်လို့ရပြီး
တချို့မှာတော့ ပုံသေသတ်မှတ်ထားတာမျိုး ဖြစ်တတ်ပါတယ်။

(sample အဝင်ကနည်းပေမယ့် လာလိုက်ရင် urgent urgent တွေများတဲ့
Lab မျိုးမှာ ဒါတွေကို ပိုထည့်တွက်သင့်ပါတယ်။)
......

4. CBC + diff Mode CBC only Mode 🔻🔺

ဒါကတော့ Haematology analyzer တွေ အတွက်ပါ ။

တချို့ Differential count အဖြေမလိုချင်တဲ့
CP auto ကိုစျေးသက်သက်သာသာနဲ့ရချင်တဲ့ request မျိုးမှာ
lab တွေက CBC + diff Mode နဲ့ CBC only Mode ကို
ပြောင်းပြီး ဆွဲပေးလေ့ရှိပါတယ်။

အမှန်ပါပဲ ။

CBC only Mode မှာ CBC + diff Mode ထက် reagent အသုံးပိုနည်းပါတယ်။
(အဓိကအားဖြင့် Lyse reagent တွေ အသုံးသက်သာပါတယ်။)

ဒါပေမယ့် တစ်ခုသတိထားရမှာက

အဲ့ဒီ Mode 2ခုကို အကူးအပြောင်းမှာ test တစ်ခုစာနီးပါး
တချို့စက်တွေမှာ အဲ့ထက်ပိုတဲ့ Reagent ပမာဏကို သုံးဖို့လိုတယ်ဆိုတာပါပဲ။
💦
.....

5. Repair & Maintenance (R&M) အကြိမ်ရေ များလာတဲ့အခါ 🔧⚙

- Lab မှာသုံးနေရတဲ့ စက်တွေ ကြာလာလို့ ဟောင်းလာတဲ့အခါ
စက်မှာ error လေးတွေ မကြာခဏဆိုသလို ဖြစ်လာတတ်ပါတယ်။

ဒါ့အပြင်

- မကျွမ်းကျင်တဲ့ / technician မဟုတ်တဲ့ non-tech တွေကို စက် run ခိုင်းတဲ့အခါ🙅🙅‍♂️

- Lab မှာ environmental conditions ကောင်းကောင်းမရှိတဲ့အခါ
(electrical safety, ground, air-con, humidity, ventilation, sunlight, etc. )

- စက်တွေကို ကျွမ်းကျင်တဲ့ engineer တွေနဲ့ Yearly service maintenance ပုံမှန်မလုပ်တဲ့အခါ

- အကြီးစား R&M တွေမှာ Reagent ပိုအသုံးများတဲ့အပြင် တချို့ အစိတ်အပိုင်းတွေပါ လဲဖို့ လိုလာတတ်ပါတယ်။

p.s.
(- စက်အသစ်တွေမှာ
- စက်အကိုင်အတွယ် ကျွမ်းကျင်တဲ့၊ စက်တွေရဲ့ သဘောတရားကို သေချာနားလည်တဲ့၊ စက်တွေကို ကိုယ့်စက်လို သဘောထားတဲ့ Technician တွေ ရှိနေတဲ့ Lab မှာ
- Environment condition သေချာလုပ်ထားတဲ့ Lab တွေမှာ တော့

ဒီ (R&M) cost အတွက် သက်သာပါလိမ့်မယ်။)
.....

ဒီအချက်လေး (5)ချက်လောက်ကို သတိထားလိုက်ပြီ ဆိုတာနဲ့
ကိုယ့် Lab မှာ Reagent အသုံးများနေတဲ့ ပြဿနာအတွက်
အနည်းနဲ့အများတော့ အကျိုးရှိစေလိမ့်မယ်လို့ ယူဆပါတယ်။

Complain တွေကို ပြန်ချေဖို့အတွက်ပါ သုံးနိုင်ပါတယ် 😅

🍀🍀🍀

ဒီ post လေးက ကိုယ့်အတွက်
နည်းနည်းလေးဖြစ်ဖြစ် အထောက်အကူဖြစ်စေခဲ့မယ်ဆိုရင်

comment မှာ "Yes" လို့ မန့်သွားပေးပါအုံးနော်။
...

💛 Let's grow together 💪💪

01/10/2023

Help please 😁😅

29/09/2023

😎😎😎

25/09/2023

Stress တွေ များပြီး စိတ်ဓာတ်တွေကျနေရင် ၊
ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေတယ်လို့ခံစားနေရရင် ၊
ခု ချက်ချင်း ဒီလိုလေး ထ လုပ်ကြည့်လိုက်နော် 🌻💛
....

မှန်ရှေ့ကိုသွား
မှန်ထဲက ကိုယ့်မျက်နာလေးကို တစိမ့်စိမ့် ကြည့်ပြီး

"နင့်ကို အရမ်းချစ်တယ်နော်" လို့ ခုချက်ချင်း ထ ပြောကြည့်လိုက်ပါ။ " ❤
....

ခုလို လုပ်ချင်တိုင်းလုပ်လို့မရ ဖြစ်ချင်တိုင်းတွေ ဖြစ်နေတဲ့ ကာလမျိုးမှာ
ဘယ်လိုပဲ အားတင်းထား အားတင်းထား အချိန်တစ်ခုရောက်ရင်

- စိတ်အားငယ်လာတာ
- ဘာတွေလုပ်လို့ လုပ်ချင်နေမှန်း မသိတော့တာ
- ဘာလုပ်လုပ် ဘာမှဖြစ်မလာတော့ဖူးလို့ ထင်လာတာ မျိုးတွေ
ရှိလာ တတ်ပါတယ်။

အဲ့လိုအချိန်မျိုးရောက်တိုင်း
ကိုယ်ချစ်တဲ့သူတစ်ယောက် စိတ်အားငယ်နေရင်

သူ့ကို ကိုယ်ကဘယ်လို အားပေးစကားတွေပြောမလဲ။
သူ့ကို ပျော်ရွှင်လာအောင် ဘာတွေလုပ်ပေးဖို့ ကြိုးစားမလဲ။
အဲ့ဒီအတိုင်း ကိုယ့်ကိုယ်ကို လုပ်ပေးပါ။
မမေ့နဲ့နော်။

🌻 ကိုယ့်ကိုယ်ကို ကြင်ကြင်နာနာ ဆက်ဆံပါ။

🌻 ကိုယ့်ကိုယ်ကို ကြင်နာတဲ့ စကားတွေပြောပါ။

🌻 ကိုယ့်ကိုယ်ကိုပြောမိနေတဲ့ negative စကားတွေအစား positive စကားတွေ ပြောင်းပြီးပြောပေးပါ။

🌻 ကိုယ့်ကိုယ်ကို အချိန်ပေးလိုက်ပါ။

🌹 လိုချင်တာလေးတွေ လုပ်ပေးပါ။

🌹သာယာတဲ့ နေရာလေးတွေ သွားပါ။

🌹နားထောင်ချင်တဲ့ စကားတွေပဲ ပြောပါ။

🌹လှပတဲ့သံစဥ်လေးတွေ ကို နားထောင်ပါ။

🌹Movie ကောင်းကောင်းလေး တစ်ကားကြည့်ပါ။

🌹စားချင်တာလေးတွေ ဖြစ်နိုင်ရင်စားပါ။
...

ဘာပဲဖြစ်ဖြစ် အရှုံးမပေးလိုက်နဲ့နော်

💛I Love You 💛







ကိုယ့်ရဲ့ အနီးအနားမှာ စိတ်ဓာတ်ကျနေတဲ့သူ တစ်ယောက်လောက် တွေ့ခဲ့ရင်
ဒီစာလေးကို မျှဝေပေးပါနော် 🌻

Photos from Asia Haemo Care - AHC's post 17/09/2023

မိမိတို့ရဲ့ ဓာတ်ခွဲခန်းထဲမှာရှိတဲ့ စက်တွေကို သက်တမ်းကြာရှည်စွာသုံးစွဲလို့ရချင်တယ်ဆိုရင်
"အခုချက်ချင်း ထလုပ်သင့်တဲ့ အချက်တစ်ချက်"

💥 ** UPS ကောင်းကောင်းသုံးပါ **💥

စက်ကြီးတစ်လုံးလုံးကို $တန်ဖိုးအများကြီးပေးဝယ်ထားပြီး
UPS အတွက် ကျမှ

- Quality ကောင်းတာ၊ သင့်တော်တဲ့ Watt(W) storage ရှိတာကို
မသုံးချင်ဖူး။ စျေးသက်သာတာပဲသုံးမယ်။

- UPS ဝယ်တယ်ဆိုတာ အပိုကုန်တာ၊ ဒီစက်တွေက UPS မခံလဲ
ရတယ်။

- UPS အတွက် ပိုက်ဆံချွေတာမယ် လို့ တွေးလိုက်တာနဲ့

ကိုယ့်စက်ကို ကိုယ်တိုင် အနုနည်းနဲ့ ဖျက်မိနေပြီလို့သာ
တွေးလိုက်ပါ။📵
......

🔍🔍🔍

UPS မဖြစ်မနေ သုံးဖို့ဘာလို့ လိုအပ်တာလဲ???

ရောဂါစစ်ဆေးတဲ့ Lab analyzer တွေ တစ်ခုစီတိုင်းမှာ
Power consumption လို့ခေါ်တဲ့
စက်က သုံးတဲ့ Watt ပမာဏ အလိုက်
သင့်တော်တဲ့ UPS ကို သုံးပေးဖို့လိုအပ်ပါတယ်။

(စက်တစ်ခုချင်းစီရဲ့ Specifications တွေမှာ
သူတို့ရဲ့ power consumption ပမာဏကို ရှာကြည့်လို့ရပါတယ်။
အောက်ကပုံလေးတွေမှာ နမူနာကြည့်ပါ။) 🕵️‍♀️

📟

-တချို့ စက်တွေမှာ Watt (W) ကို တခါထဲ ပြထားတာမျိုးရှိပါတယ်။

- တချို့စက်တွေမှာတော့ Volt (V) နဲ့ Ampere (A) ပမာဏတွေပဲ
ပြထားပါတယ်။ အဲ့လိုတွေ့ရင် အဲ့၂ခုကိုမြှောက်ပီး အနီးစပ်ဆုံး Watt(W)တန်ဖိုး ကို တွက်ယူလို့ရပါတယ်။

- တချို့စက်တွေမှာတော့ မြှောက်ပီးသားတန်ဖိုး (VA) ဆိုပြီး တခါထဲ ပြထားတာမျိုးလဲ ရှိပါတယ်။

✴ အဓိက က ကိုယ်သုံးတဲ့ UPS ရဲ့ Watt (W) ဟာ ကိုယ်သုံးထားတဲ့ စက်တွေရဲ့ စုစုပေါင်း Watt(W) ပမာဏထက်များနေဖို့ပါပဲ။‼

🤔
ဘယ်လောက်ထိ ပိုများဖို့လိုလဲ ဆိုတာကတော့ -

- ကိုယ့်ရဲ့ lab မှာ မီးပြတ်သွားရင် မီးစက် or အင်ဗာတာ မီးလိုင်း ကို ဘယ်လောက်မြန်မြန် ချိန်းနိုင်လဲ

- ကိုယ့်UPS ကို ဘယ်နှမိနစ်၊ ဘယ်နှနာရီစာလောက်ထိ
တောင့်ခံစေချင်တာလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။

(အကြမ်းအားဖြင့် ဆိုရင်တော့ -

ကိုယ်သုံးမယ့်စက်ရဲ့ or စက်စုစုပေါင်းရဲ့ Watt(W) ပမာဏ ထက်
2ဆ or 500W လောက် ပိုတဲ့ UPS ကိုသုံးရင် အဆင်ပြေတယ် လို့ ပြောနိုင်ပါတယ်။

e.g
Total Watt Usage = 1500 W
UPS Watt = 2000W or 3000 W )
.....

💸💸💸

UPS ကိုသေချာ မသုံးရင် ဘာတွေဖြစ်လာနိုင်လဲ???

UPS လုံးဝမသုံးတာ (or)
သုံးတဲ့ UPSအသစ်က Watt အားမနိုင်တာ (or)
လက်ရှိသုံး​နေတဲ့ UPS က ကြာလာလို့ အားမခံတော့တာ မျိုးတွေဖြစ်လာမယ် ​ဆိုရင်

မီးပျက်သွားတဲ့အချိန်၊
မီးအားမငြိမ် အတက်အကျ များလာတဲ့အချိန်တွေမှာ
စက်က လုံးဝပိတ်ကျသွားလိုက် ပြီးမှ ပြန်ပွင့်လာလိုက်
ခဏခဏ ဖြစ်လာတတ်ပါတယ်။

အဲ့ဒါတွေရဲ့ အကျိုးဆက်ကတော့ -

1.စက်အပိတ်အဖွင့်အတွက်သုံးရတဲ့ Reagent ပမာဏ ပိုများများကုန်နိုင်ပါတယ်။

2.ဒီထက်ပိုဆိုးလာရင် စက်ရဲ့ Main Power Supply (circuit board) တွေအထိ လောင်သွားတာမျိုး တွေဖြစ်လာနိုင်ပါတယ်။
......

🆗✅

UPS အရေးတကြီးသုံးစရာမလိုတဲ့ စက်များ

မီးပျက်သွားတဲ့အချိန်မှာ အရေးတကြီး သုံးဖို့ မလိုအပ်သေးဖူးဆိုရင်
1. Laboratory Centrifuges
2. Printers တွေကို
UPS မဖြစ်မနေခံပြီး သုံးဖို့ မလိုပါဖူး။
မီးပြန်မရခင်အထိ မသုံးသေးပဲ ရပ်ထားလို့ရပါတယ်။

* Power Watt(W) ကြီးတဲ့ UPS မျိုးဆိုရင်တော့ မီးပျက်နေတဲ့အချိန်
urgent centrifuge လှည့်ဖို့၊ urgent print ထုတ်ဖို့ လိုလာရင်
ချိတ်ပြီးသုံးနိုင်ပါတယ်။
......

🤗

အခုလိုမျိုး UPS ကို အသေအချာ ဝယ်ယူသုံးစွဲပုံ သုံးစွဲနည်း နဲ့
ဘာ့ကြောင့် UPS ဟာ Lab တစ်ခု အတွက်အရေးကြီးသလဲဆိုတာ
Lab familyအကိုအမများ၊ မောင်လေးညီမလေးများ သိကြပြီဆိုရင်

မလိုအပ်ပဲ ကိုယ့်ရဲ့စက်တွေ မထိခိုက်အောင်၊
မလိုအပ်ပဲ ငွေကုန်ကြေးကျမများအောင်
တဖက်တလမ်းက အကူအညီဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

P.S. သိထားတဲ့ Knowledge လေးတွေကို
သိသလောက်လေး ပြန်share ပေးတာဖြစ်တဲ့အတွက်
လိုအပ်ချက်များရှိရင်၊ ဆွေးနွေးချင်တာလေးတွေ ရှိရင်
comment မှာ ညွှန်ပြပေးပါ။ ဆွေးနွေးပေးကြပါနော်။ 😊🙏

12/09/2023
Photos from Asia Haemo Care - AHC's post 06/09/2023

A Story of Pipette Tips

သိပ်မကြာသေးခင်က -
Owner doctor တစ်ယောက် Lab ကို မလာစဖူးရောက်ချလာတယ်။

အကြောင်းရင်းက -
ညီမတို့ Lab Tech တွေ duty hour ပြီးလို့ ပြန်သွားတဲ့ အချိန်ကျရင်
Urgent Test တွေ (အထူးသဖြင့် Trop-I) လာရင် အဆင်မပြေလို့ ။
အဲ့ Test run နည်းလေး ပြောပြပါလား တဲ့။

ကိုယ်လဲ မပြောမဖြစ်တာနဲ့ Test run နည်းအကုန် အသေအချာ ပြောပြလိုက်တယ်။
ဆရာကလဲ Doctor ဆိုတော့ ဉာဏ်ကောင်းတော့ ခဏလေးနဲ့ အကုန်မှတ်မိသွားလို့ ကိုယ့်မှာ စိတ်ချပြီး ပြန်မယ်အလုပ် -

တစ်ခုပဲ.....

စိတ်ထဲမတင်မကျ ဖြစ်နေတာနဲ့

- ဆရာ အရင်က Pipette သုံးဖူးလား?
- Pipette နဲ့ tip သုံးပြီး Reagent or Sample အရည်တစ်ခုခု စုပ်ဖူးလားလို့
မေးကြည့်လိုက်တော့မှ

"Pipette ထိပ်မှာ Tip တပ်၊ အလည်ကခလုတ်လေးကို နှိပ်ချ ပြီးအရည်ကို ဒီအတိုင်း စုပ်လိုက် ရင် ပြီးတာပဲ မလား" တဲ့

အဲ့တော့မှ ကိုယ့်မှာ မျက်လုံးပြူးပြီး Pipette ကို ဘယ်လိုသုံးရလဲဆိုတာ သေချာထပ်ရှင်းပြဖြစ်တယ်။

(အရှင်းကောင်းသွားလို့ထင်တယ် -
အဲ့နောက်ပိုင်းတော့ ဆရာသူကိုယ်တိုင် Test runဖြစ် မ run ဖြစ် ခုထိမသိရ😅)

👩‍🔬👨‍🔬

Pipetting လုပ်ရတာ လွယ်လွယ်လေးလို့ ထင်ကြပါလိမ့်မယ်။
ဟုတ်ပါတယ်။ တကယ်လဲ လွယ်ပါတယ်။
သုံးနည်းသင်ပေးရင် ဘယ်သူမဆိုခဏနဲ့ တတ်ပါတယ်။

- ပထမအဆင့် အလယ်ကခလုတ်လေးကို တစ်ချက်နှိပ်ပြီး အရည်စုပ်
- ဒုတိယအဆင့် အလယ်ကခလုတ်လေးကို အဆုံးထိနှိပ်ချပြီး
တခြားခွက်တစ်ခုထဲကို အရည်ပြောင်းထည့်
- တတိယအဆင့် ဘေးကခလုတ်လေးကို နှိပ်ချပြီး Tipကို wasteထဲ ပစ်ဖို့လုပ်

ဒီလောက်လွယ်တဲ့အဆင့်လေး ၃ဆင့်ပဲရှိတာပါ။

ဒါပေမယ့်.....

-အရည်စုပ်တဲ့အချိန် လက်မငြိမ်လို့ Sample or Reagent ကို
လိုတာထက်ပို or လျော့ပြီးစုပ်မိတယ်ဆိုရင်

- ကိုယ်သုံးလိုက်တဲ့ Pipette က Quality မကောင်းတာ၊
သုံးတာ ကြာနေလို့ အရည်စုပ်တဲ့ ပမာဏ မမှန်တော့တာမျိုး ဖြစ်မယ်ဆိုရင်

- Pipette Tipက ချောင်နေတာ၊ ထိပ်မှာရေယိုပြီး တစက်စက်ကျနေတာမျိုး ဖြစ်ခဲ့မယ် ဆိုရင်

- အရည်တစ်မျိုးစုပ်ပြီး
နောက်ခွက်တစ်ခုထဲက အရည်ထဲကို ရောထည့်တော့မယ့် အချိန်၊
လိုအပ်တဲ့ပမာဏထက် ပိုပါသွားတာမျိုးမဖြစ်အောင်
tip ရဲ့ဘေးဖက်ကို tissue အကောင်းနဲ့ သေချာ မသုတ်ပစ်ဖူးဆိုရင်

- အရည်ထည့်ပြီးတဲ့နောက် သေချာ Mix မလုပ်ဖြစ်ဖူး ဆိုရင်

* ထွက်လာမယ့် Result က အနည်းနဲ့အများ ကွာခြားမှုရှိနိုင်ပါတယ်။

* အဲ့ဒိ Result ကို အတည်ယူမယ့် ဆရာဝန်နဲ့ လူနာတွေအတွက်ရော
ဘယ်လိုမှ မကောင်းနိုင်ပါဖူး။ 🙅‍♂️🙅

ဒီ Pipetting Skill ဆိုတာ အမှန်ပြောရရင်
Lab Tech တစ်ယောက်ရဲ့ အခြေခံအကျဆုံး skill တွေထဲက တစ်ခုပဲ
ရှိပါသေးတယ်။

⚠⚠⚠

အဲ့ဒီအတွက်ကြောင့် -
Labတစ်ခုမှာ အရေးကြီးတဲ့ Test တွေ runဖို့အတွက်

အရည်အချင်းရှိတဲ့ Lab Technician နဲ့
Quality ကောင်းတဲ့ lab ပစ္စည်းတွေ ဆိုတာလိုကို - လိုအပ်ပါတယ်။✅💯

💥

အရည်အချင်းရှိတဲ့ Lab Tech တွေမှာ တောင်မှ တခါတလေ

- ကိုယ်သုံးနေတဲ့ Pipette က သုံးတာ ကြာသွားလို့ အဆင်မပြေတော့တဲ့အချိန်

- ကိုယ်အသစ်မှာလိုက်တဲ့ Pipette Tips တွေက Quality မကောင်းလို့
ချောင်နေတာ ရေယိုနေတာမျိုးတွေဖြစ်တဲ့အချိန်

- Pipetteနဲ့ စုပ်လိုက်တဲ့အချိန် ပါလာတဲ့ Sample or Reagent အရည်ပမာဏကို မသင်္ကာလို့ confirmဖို့အတွက် Test ကို နောက်တစ်ကြိမ် ထပ် run ရတာမျိုး တွေ ရှိတတ်ပါတယ် ။

☑☑☑

ဒီလို အချိန်မျိုးတွေမှာ
ကိုယ်စုပ်လိုက်တဲ့ အရည်ပမာဏကို လွယ်လွယ်လေး
တစ်ချက်ပဲ ကြည့်လိုက်ယုံနဲ့ သိနိုင်မယ့် အချက်တစ်ခုရှိပါတယ်။

Lab Tech တော်တော်များများလဲ သိပါတယ်။

အဲ့ဒါကတော့- Graduated Pipette Tips တွေကို သုံးတာပါပဲ။
.....

✅✅✅

Graduated Pipette Tip တွေဟာဆိုရင် ဘေးဘက်မှာ
စုပ်လိုက်ရင်ပါလာမယ့် အရည်ပမာဏကို မှန်းဆလို့ရနိုင်တဲ့
အရစ်ကလေးတွေပါပါတယ်။

အဲ့ဒိ့ အရစ်လေးတွေမှာ ရောက်နေတဲ့ အရည်နေရာကိုကြည့်လိုက်တာနဲ့
ငါတော့ ဘယ်လောက် ပမာဏထိ စုပ်လိုက်ပြီးပြီဆိုပြီး
လွယ်လွယ် မှန်းဆကြည့်လို့ရနိုင်တဲ့အတွက်

*ထွက်လာတဲ့ Test Result ကိုလဲ အနည်းနဲ့အများ confident ရှိစေပါတယ်။ 💪
....

🔔🔔🔔🔔🔔



အပေါ်က ပြောသွားတဲ့ အချက်​လေး တွေက လုပ်သက် ၁၀နှစ်ဝန်းကျင်အတွင်းမှာရခဲ့တဲ့ Lab experience တွေထဲက တစ်ခုကို Just knowledge sharing လေး လုပ်ပေးတာပဲဖြစ်ပါတယ်။

အောက်မှာတော့-

AHC company မှာ ဝယ်ယူရရှိနိုင်မယ့် Pipette Tipလေးတွေရဲ့အကြောင်းကို အနည်းငယ် ပြောပြပါရစေနော်။....



1-200 ul, Yellow Tips, Graduated, Glison

1000pcs/ bag (တစ်ထုပ်မှာ အခု ၁၀၀၀ပါပါတယ်)
50 bags/ ctn (တစ်ပုံးမှာ အထုပ် ၅၀ ပါပါတယ်)

$$$
Selling Price - တစ်ထုပ်ကို ၈၅၀၀ ကျပ်
💵
....



100-1000 ul, Blue Tips, Graduated, Glison

500pcs/ bag (တစ်ထုပ်မှာ အခု ၅၀၀ပါပါတယ်)
30 bags/ ctn (တစ်ပုံးမှာ အထုပ် ၃၀ ပါပါတယ်)

$$$

Selling Price - တစ်ထုပ်ကို ၈၀၀၀ ကျပ်
💵
....

🙏

Customers များ သိထားကြ တဲ့အတိုင်း - လက်ရှိ exchange rate အခြေအနေ​တွေ ကြောင့်

အတတ်နိုင်ဆုံး COD (Cash on Delivery) Labအရောက်ငွေချေစနစ်ဖြင့် အားပေးကြဖို့ရယ် မေတ္တာရပ်ခံပါတယ်နော် 🙏🙏🙏)
....

🏃‍♀️🏃

ရန်ကုန်မြို့ အတွင်း -
၅၀,၀၀၀ ကျပ်နှင့်အထက် order များ

အခြားမြို့ကြီးများ -
၁၀၀,၀၀၀ ကျပ်နှင့်အထက် order များ
....



AHC company မှ ကုန်ပစ္စည်းများကို ဝယ်ယူအားပေးရာတွင် ကြုံတွေ့ရသော

1️⃣Product Quality ပိုင်း ဆိုင်ရာများ

2️⃣သယ်ယူပို့်ဆောင်ရာတွင် ဖြစ်ပေါ်လာသော အပျက်အစီးများ အတွက်

၇ရက်အတွင်း

💯%

တာဝန်ယူဖြေရှင်းပေးပါမယ်နော် 🙏💪
....

Order Now 📞📱☎ 09- 956 450 984
or
Asia Haemo Care -AHC (page messenger)

*Thanks in Advance for considering our service 🙏

Photos from Asia Haemo Care - AHC's post 04/09/2023

Product Introduction🌹 - with Warm Welcoming!

Hello

ဒီ AHC page လေးကိုဂရုတစိုက်ရှိပေးကြတဲ့
အကို အမများ၊ မောင်လေး ညီမလေးများရှင့်...... 🤗

တနိုင်တပိုင်လေး ဖြန့်ဖြူးနိုင်အောင် ကြိုးစားထားတဲ့
ဓာတ်ခွဲခန်း တစ်ခါသုံးပစ္စည်း(Laboratory consumable) လေးတွေနဲ့

ဒီနေ့ကစပြီး -
အသေအချာ မိတ်ဆက်ပေးပါရစေ နော် 🌸


⚗🔬💈

Serum Tube (with clot activator) (PET) - 4 ml
Serum Tube (with clot activator) (PET) - 6 ml

ETDA Tube (PET) - 3 ml

PT Tube (PET) - 2 ml

ESR Tube (Glass) - 1.6 ml

Khan Tube (PET) - 13x75mm

Yellow Tip (Graduated)
Blue Tip (Graduated)

1.5 ml Microcentrifuge Tube - Aliquot

Transfer Pipette (Pasteur Pipette) - 3 ml
Transfer Pipette (Pasteur Pipette) - 2 ml

Lancet

Urine Container - 40 ml
Urine Container (Sterile) - 40 ml

Stool Container - 40 ml

Glass Slide (Plain) - 7101
Glass Slide (Frosted ) - 7105

🤗🤗🤗
......

Order Now: 📞📱☎ 09 - 956 450 984......

Photos from Asia Haemo Care - AHC's post 29/08/2023

Cortisol Test

Cortisol ဟာ ခန္ဓာကိုယ် မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေအားလုံးနီးပါးကို အကျိုးသက်ရောက်မှု ရှိတဲ့ Hormone တစ်မျိုး ဖြစ်ပါတယ် ။

(ရှေ့က post တစ်ခုမှာ cortisol နဲ့ ACTH ကြားဆက်နွယ်မှု
အကြောင်းရေးရင်းနဲ့
cortisol hormone အကြောင်းပါ ထည့်ရေးထားတာကို
အရင်ပြန်ဖတ်ချင်ရင်

https://m.facebook.com/story.php?story_fbid=191990013861947&id=100091528496908&mibextid=2JQ9oc

ဒီlink မှာ ဝင်ဖတ်လို့ရပါတယ်။

Cortisol ဟာ

- ရောင်ရမ်းမှုတွေကို လျှော့ချပေးတယ်
- သွေးတွင်းသကြားဓာတ် ကိုထိန်းညှိပေးတယ်
- သွေးဖိအားကို ပုံမှန်ဖြစ်အောင်ထိန်းပေးတယ်
- စိတ်ဖိစီးမှု ကို ထိန်းချုပ်ပေးတယ်

(အဲ့ဒီအတွက်ကြောင့် Cortisol test ကို Stress level တိုင်းတဲ့ test လို့
အလွယ်မှတ်လို့လဲ ရပါတယ်။)

Cortisol ကို
ကျောက်ကပ်ရဲ့ အပေါ်ဖက်မှာရှိတဲ့ Adrenal glands လို့ခေါ်တဲ့
gland သေးသေးလေး ၂ ခုကနေ ထုတ်ပေးပါတယ်။

ဦးနှောက်ထဲမှာ ရှိတဲ့ Pituitary gland ဟာ Adrenal glands တွေကို
cortisol ပမာဏ ဘယ်လောက်ထိ ထုတ်ပေးရမလဲဆိုတာ သွားပြောပေးတဲ့ နောက်ထပ် hormone တစ်မျိုး (ACTH) ကိုထုတ်ပေးတယ်။

Cortisol Test Result မှာ-
Cortisol level အရမ်းမြင့်/အရမ်းကျနေခြင်းဟာ

- Adrenal glands ဒါမှမဟုတ် Pituitary gland မှာ တခုခု ပုံမမှန်ဖြစ်နေတာ

- Cortisol ထုတ်ပေးတဲ့ Tumour အကျိတ် တခုခု ရှိနေတာ
ဖြစ်နိုင်ပါတယ်။

- Steroid ပါတဲ့ ဆေးတွေ (e.g. Prednisone)ကို
အကြာကြီး စွဲသောက်ထားတဲ့သူတွေ မှာလဲ Cortisol level တက်နိုင်ပါတယ်။
ဆေးသောက်တာရပ်လိုက်မယ်ဆိုရင်တော့ Cortisol level တဖြည်းဖြည်း
ကျသွားနိုင်ပါတယ်။

-Cushing's Syndrome (link ထဲတွင်ဖတ်ရန်)
-Addison disease (link ထဲတွင်ဖတ်ရန်)
-Secondary Adrenal Insufficiency
( Pituitary gland တွေ သေချာအလုပ်မလုပ်နိုင်တော့လို့
Adrenal glands တွေက cortisol အလုံအလောက် မထုတ်ပေးနိုင်တော့တဲ့ ရောဂါ) တွေကို

စောင့်ကြည့် လေ့လာဖို့အတွက်လည်း Cortisol Test ကို စစ်ကြပါတယ်။
..........

🌻🌻🌻

Cortisol Tests

Cortisol Level ကို တံတွေး၊ ဆီး၊သွေးတို့ကနေ စစ်ဆေးနိုင်ပါတယ်။
1. Cortisol Saliva Test
2. Cortisol Urine Test
3. Cortisol Blood Test

💧💧💧

1. Cortisol Saliva Test

- Saliva test နဲ့ စစ်မယ်ဆိုရင် sampleကို နေ့လည် ၁၁နာရီကနေ ၁နာရီကြား collect လုပ်တာ အဆင်အပြေဆုံး ဖြစ်ပါတယ်။

Patient သည်

- Sample မယူခင် ၁နာရီအတွင်း အစာမစားထားရ။

- အရက် or alcohol ပါဝင်သော အရာများကို ၁၂ နာရီအတွင်း
မသောက်ထားရ။

- သွားတိုက်ခြင်း ၊ သွားကြားထိုးခြင်း အစရှိတဲ့ သွားဖုံးကိုသွေးထွက်စေသောအပြုအမူများ မလုပ်ထားရ။

- Sample မယူခင် ၁၀မိနစ်အလိုမှာ ပါးစပ်ကို အသေအချာဆေးထားရပါမယ်။

- Sample ရဲ့ pH က > 9.0 (or) < 3.5 ဆိုရင် re-collect လုပ်ရပါမယ်။

- Sample က ကြည်မနေပဲ blood/ mucus/ စားကြွင်းစားကျန် တွေပါလာရင် re-collect လုပ်ရပါမယ်။

- Saliva sample ကို cortisol saliva test အတွက် သီးသန့်ထုတ်ထားတဲ့
kit တွေနဲ့သာ collect လုပ်ရပါမယ်။

- အကယ်၍ Patient က အိမ်မှာပဲ collect လုပ်ပြီးမှ Lab ကိုလာပို့ချင်ရင် Instruction သေချာပေးပြီး lab ကို အမြန်ဆုံးလာပို့ခိုင်း / မပို့ခင် sampleကို 2-8°C မှာ သိမ်းခိုင်းထားရပါမယ် ။
....

🔶🔶🔶

2. Cortisol Urine Test

- 24 hr urine sample test ဖြစ်ပါတယ်။

- Patient ရဲ့အရေပြားကိုမထိခိုက်အောင် သီးသန့်ခွက်တစ်ခုနဲ့ဆီးသွားခိုင်းပြီး၊ 16g of boric acid or 25 ml of 50% acetic acid ကို
Preservative ကြာရှည်ခံဆေးအနေနဲ့ ထည့်ထားတဲ့ ဘူးထဲကို ပြန်ထည့်တဲ့နည်းနဲ့
၂၄ နာရီပြည့်အောင် Sample စုပါတယ်။

- Day 1 အစမှာ တညလုံး မသွားရပဲ ကျန်နေတဲ့ ဆီးတွေကို
ဆီးအိမ်ကနေ ရှင်းထုတ်ခိုင်းတဲ့အနေနဲ့ ဆီး၁ကြိမ် စသွားခိုင်းပြီး
အချိန်မှတ်ထားလိုက်ပါ။
ဒီပထမဆုံးဆီးကို မယူပဲ သူ့နောက်မှစသွားမယ့် ဆီးက စပြီး
တောက်လျှောက်ရတဲ့ ဆီးတွေကို ၂၄နာရီပြည့်အောင် စုရပါမယ်။

- Day 2 မှာ Day 1 တုန်းက စတဲ့အချိန်နဲ့ နီးနိင်သမျှနီးအောင်
ဆီးကို collect လုပ်ခိုင်းပြီးမှ ရပ်ရပါမယ်။
တညလုံးကျန်နေတဲ့ဆီးကိုလဲ မပါမဖြစ် collect လုပ်ပေးရပါမယ်။

- စ collect လုပ်ထဲက preservative ထည့်ထားတဲ့ဘူးကို
နောက်ဆုံး အကြိမ် collect လုပ်ပြီးလို့ Lab ကို မပို့ခင်အချိန်အထိ
2 - 8°C မှာ ထည့်သိမ်းထားဖို့ Instruction ပေးထားရပါမယ်။
.....

♦♦♦

3. Cortisol Blood Test

များသောအားဖြင့် cortisol blood test ကို တစ်နေ့ ကို ၂ကြိမ် စစ်ပါတယ်။

*Cortisol Awakening Response (CAR) 🕘🕓

ပုံမှန်လူတစ်ယောက်ဟာ မနက်အိပ်ရာနိုးပြီးလို့ (10 - 30 min) အတွင်းမှာ
နေ့စဥ်လုပ်ငန်းဆောင်တာတွေလုပ်ဆောင်ဖို့ Energy level ကို
မြှင့်တင်ပေးတဲ့အနေနဲ့ သွေးတွင်း cortisol level မြင့်တက်လာလေ့ရှိပါတယ်။
ပြီးမှ တစ်နေ့လုံးအတွင်းမှာ တဖြည်းဖြည်း ပြန်ကျသွားလေ့ ရှိပါတယ်။
ဒီဖြစ်စဥ်ကို Cortisol Awakening Response (CAR) လို့ခေါ်ပါတယ်။

ဒီလိုမျိုး တစ်နေ့လုံး အပြောင်းလဲ ရှိတဲ့ Cortisol level ကို
အကောင်းဆုံးတိုင်းတာစစ်ဆေးနိုင်ဖို့အတွက်
- cortisol level အမြင့်ဆုံးဖြစ်နိုင်မယ့် မနက် ၈နာရီကနေ ၉နာရီအတွင်းမှာ တစ်ကြိမ်
- cortisol level တော်တော်လေးကျသွားပြီဖြစ်တဲ့ ညနေ ၄နာရီ ဝန်းကျင်မှာတစ်ကြိမ်
Patient ရဲ့သွေးကို ၂ကြိမ် collect လုပ်ပါတယ်။

* Collection tube type💈

Cortisol blood test မှာ serum ရော plasma ကိုပါ အသုံးပြု လို့ ရပါတယ်။

Blood collection tube တွေအနေနဲ့ အဖုံးအနီ၊ လိမ္မော်၊ အဝါရောင်ရှိတဲ့
Plain tube, pro-coagulating tube, Serum separating tube တို့အပြင်
အဖုံးအစိမ်းရောင် ​Lithium Heparin tube ကိုပါ အသုံးပြုနိုင်ပါတယ်။

Blood tube တွေကို Lab ကိုရောက်ပြီး ၂နာရီအတွင်း centrifuge လှည့် Aliquot or 1.5ml microcentrifuge tubeတွေထဲမှာ serum or plasma
ခွဲထားရမှာဖြစ်ပြီး

* Sample result stability အနေနဲ့ကတော့ ⏰

Room Temperature မှာ - 12 hr
2-8°C မှာ - 72 hr
Aliquot ထဲထည့် ခဲထားမယ် ဆိုရင်တော့ အဲ့ထက်ပိုပြီး ခံပါတယ်။

* ACTH Stimulation Test 💉

ACTH ဆေး (cosyntropin) မထိုးခင် ၁နာရီ နဲ့ ထိုးပြီး ၁နာရီ အကြာမှာ သွေးကို collect လုပ်ပြီးတော့
Pituitary နဲ့ Adrenal glands တွေရဲ့ function တွေ ကောင်းမကောင်းကို စစ်ဆေးဖို့ အတွက် လည်း cortisol blood test ကို လုပ်ဆောင်ပါတယ်။

ဒီစစ်ဆေးမှုကိုတော့ ACTH hormone ကို လှုံ့ဆော်ပေးတဲ့
ACTH Stimulation Test လို့ခေါ်ပါတယ်။
.......

💻💻💻

* Test Type & Analyzers

Cortisol test ကို များသောအားဖြင့် -

Biochemistry test အမျိုးအစား ထဲမှာ ထည့်စစ်ဆေးခြင်းထက် Immunoassay test အမျိုးအစားဖြင့် စစ်ဆေးခြင်းက ပိုပြီးများပါတယ်။
အဲ့ဒိ့အတွက်ကြောင့်
Biochemistry analyzer တွေ အများစုမှာ ထည့်စစ်လို့မရပဲ
Bio-Immuno တွဲရက် စက်တွေရယ်
Immuno- analyzer သီးသန့်စက်တွေမှာပဲ စစ်လို့ရပါတယ်။

Enzyme-linked immunosorbent assay (ELISA) kit တွေသုံးပြီး
Reader (immuno-semiauto) စက်တွေပေါ်မှာလည်းစစ်ကြသလို
POCT analyzer တွေ
Test kitတွေနဲ့လည်း စစ်ကြတာတွေ့ရပါတယ်။
....

🔢🔢

*Normal Values of Cortisol Tests

Cortisol tests တွေရဲ့ normal range တွေဟာ -
အချိန်တစ်ချိန်နဲ့ တစ်ချိန် မတူ သလို
အသုံးပြုတဲ့ စက် analyzer အမျိုးအစားပေါ်မူတည်ပြီး
Lab တစ်ခုနဲ့တစ်ခု လည်း ကွဲပြားသွားနိုင်ပါတယ်။

အောက်မှာတော့ အတွေ့များတဲ့ normal values လေးတွေကို
ဖော်ပြပေးလိုက်ပါတယ်။

For Cortisol Saliva Test
9.6 - 19.3 ng / ml

For Cortisol Urine Test
3.5 - 45 ug / 24hr
30 -145 nmol / 24hr

For Cortisol Blood Test
8.a.m : 5-25 ug / dl
a.m. : 6-22 ug / dl
p.m. : 3-14 ug / dl

🤗🤗🤗

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Year End Sale Items🎄‼🔔#4u#BlueTips #pasteurpipette #pipette #yellowtips #testtube #khantube #AHC #AsiaHaemoCare #YearEnd...
#laboratory #testing #value
3 Pin Plug with earth/ ground#grounding #3pin #earth #Shocking #safety
Aliquot (1.5ml microcentrifuge tube) ရဲ့ အပြင်ပုံ လေးကို ရိုက်ပြထားတာပါ။(အဖုံး အပိတ်အဖွင့် အဆင်ပြေ Good Quality!!! )တစ်ထ...
Plastic Transfer Pipette (Pasteur Pipette)PET Test Tube (Khan Tube) (13x75 mm)Order Now 📱📞☎ 09-956 450 984#plastics #pip...

Telephone

Website

Address

Kyaung Street, 19th Ward, Near Hlawgar Road, South Dagon
Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Other Yangon clinics (show all)
Myanmar Chemdyes Co. Ltd. Myanmar Chemdyes Co. Ltd.
122, 124, 126. Mahabandoola Garden Street
Yangon, KTDA11181

We specialize in and point-of-care (POC) diagnostics equipment and health food products.

Global Maven Medical Supplies & Equipment Wholesale Global Maven Medical Supplies & Equipment Wholesale
No-131(Ground Floor), 23rd Street , (8)Quarter, Latha Township
Yangon, 11131

Global Maven Medical Supplies & Equipment Wholesale

Ezee Life Myanmar Ezee Life Myanmar
No. 793(A), Sarga 17th Street, 4 Quarter, South Okkalapa Tsp
Yangon

အရည်အသွေးမှန်စိတ်ချရသော ကျန်းမာရေးပစ္စည်း Medical Productများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချပေးနေပါတယ်

Kaung Thit Oo Medical Equipments and Instruments Kaung Thit Oo Medical Equipments and Instruments
New BoGyoke Market At Junction City
Yangon

သွေးချိန်/ဆီးချိုစက်/Oximeter/OT table/OT Lamp/Diathermy/ ECG/ Patient monitor/Suctionစက်/forcepsအစုံ

ကောင်းသုခ - Kaung Thukha Clinic and Lab ကောင်းသုခ - Kaung Thukha Clinic and Lab
No 11, Kyaung Taw Yar Street, Daw Pone
Yangon, 11241

"ကောင်းသုခ" အထွေထွေရောဂါကုဆေးခန်းနှင့် ဓာတ်ခွဲခန်း ဖုန်း - 09973914030

Medical Equipment Supplier Medical Equipment Supplier
4th Street, Lanmadaw
Yangon, 11131

Fair Price and Best Quality

SGL Trading SGL Trading
, အထက်ဗဟိုလမ်း နှင့် ရွှေတဆုပ် လမ်းထောင့်
Yangon

ဆေးကိရိယာ ပစ္စည်း များ လက်လီလက်ကား ဖြန်ချိရေး

AdvaMed Medical Innovation Co., Ltd. AdvaMed Medical Innovation Co., Ltd.
No. 531(F), Marlar Myaing Yeik Thar Street, Kamayut Township
Yangon, 11041

AdvaMed Medical Innovation Co., Ltd. is a medical devices distribution company in Myanmar established

Kyal Sin Laboratory ကြယ်စင် အထွေထွေရောဂါရှာဖွေရေးဓါတ်ခွဲခန်း Kyal Sin Laboratory ကြယ်စင် အထွေထွေရောဂါရှာဖွေရေးဓါတ်ခွဲခန်း
No. 692, Myithar Street, 12 Quater, South Okkalapa Township
Yangon, 11091

Clinical Laboratory Service

Advanced Myanmar  Diagnostics -  AMDx Advanced Myanmar Diagnostics - AMDx
6B, Dagon Tower, Shwegondine Junction, Bahan
Yangon

Myanmar Zircon Co., Ltd. Myanmar Zircon Co., Ltd.
No. 797, Room. 004-A, MAC Tower Ll, Corner Of Bogyoke Aung San Road And Wardan St, Lanmataw Township
Yangon