Htet Aaron Beads Collection

Htet Aaron Beads Collection

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Aaron Beads Collection, Jewelry/Watches, Yangon.

26/11/2023

စိတ်သစ်ပင်
🇲🇲🇲🇲🇲🇲🇲🇲🇲🇲

တနေ့ကသတင်းထဲမှာကျင်စန်းကျော့ကားကွင်းက မီးလောင်သွားတဲ့ ကားတွေအကြောင်း #မူဆယ်ကျင်စန်းကျော့ကားကွင်းအတွင်းမီးလောင်မူ့ကြောင့် #မီးထဲပါပြီးနံပါတ်ကြည့်မရတဲ့ကားတွေကျန်ဦီးမယ်တဲ့။အစီးရေ ၁၂၀ ကျော် ပျက်စီးဟု ကြားသိရ။ဟုဖတ်လိုက်ရတော့

ကျွန်မ မူဆယ်သွားတုန်းက ကျင်စန်းကျော့ကိုသွားခဲ့တာသတိရသွားတယ်ရှင်

မူဆယ်တမြို့လုံးကဘုရားတွေရော ကိုးမြို့ရှင်သိုက်နန်းတွေရော အကုန်ရောက်ခဲ့ပြီးပြီ

၁၀၅မိုင် ကိုဖြတ်ပြီး ဘုရားဖူးထွက်ရင်းသွားတာကြောင့် ခြေတော်ရာတွေကိုဖူးရင်း ဓာတ်ပုံတဖျတ်ဖျတ်ရိုက်ရင်း

လမ်းကအကွေ့အကောက်များစွာနဲ့ကျောက်ထုစခန်းတွေမှာဝင်ပြီးကြည့်ခဲ့တယ် ရိုက်ထားတဲ့ပုံတွေလည်းမရှိတော့ပါဘူး
အကောင့်တွေလည်းထောင်းချီကျတာမို့

ဖုန်းကလည်းတစ်လုံးပြီးတစ်လုံးကျကွဲတာ ပျောက်တာ ဖြစ်ပျက်နေတာကြောင့်ပါ

မူဆယ်ခရီးစဥ်က အေးချမ်းတဲ့အချိန် ပျော်စရာမို့ကြောက်စိတ်တွေလဲမရှိပါဘူး
တည်းခိုတဲ့မိုတယ်ဘေးနားက
မနက်စာ ဒေါ်ချိုမှာသွားသွားစားသလို

နေ့လည်စာမှာလည်း ရဲစခန်းရှေ့ကဒေါ်ချိုထမင်း ဆိုင်မှာ သွားသွားစားနေတာ မြန်မာထမင်းဟင်းကောင်းကောင်းလေးစားလို့သိပ်ကောင်းတယ်

ပိုက်ဆံလဲမပေးရပါဘူး
ဆိုင်ရှင်မမနဲ့ကမိတ်ဆွေတွေမို့ပါ ဆိုင်ရှင်မမက စခန်းမှူးကတော်ဖြစ်ပါတယ် လတ်လတ်ဆတ်ဆတ်အသီးအနှံနဲ့အအေးသောက်ရတာမေ့မရပါဘူး ကျေးဇူးတင်ပါတယ် စခန်းမူးကတော်မမရေ

စခန်းမူးကတော်က ရေတံခွန် လိုက်ပို့ပေးတယ် ငါးနို့ဘူးတွေတိုက်ခဲ့တာလဲမေ့မရသလို

အရိပ်မဲ့ဘုရား ခြေတော်ရာဘုရားဖူးခဲ့ရတယ် ရွှေလီချောင်သာဆိုလား လိုက်ပို့သေးတာ ပုဏ္ဏားမြေတဲ့ အနီတခြမ်းအဖြူတခြမ်းသဲ​မြေကထူးခြားတာတွေပေါ့

မန်စီဘုရားမှာလည်းမြန်မာမှုတွေလက်ရာတွေစုံလို့ မြန်မာပြည်မှာတောင်မရှိတော့တဲ့ရှေးဟောင်းလက်ရာတွေ

တော်တော်ဝေးလံတဲ့
ဝူခုံးလှိုင်ဂူတော်အထိရောက်ခဲ့တာ အဲ့ဒီလိုအေးအေးလူလူသွားလာနိုင်ခဲ့တာက ဒေါ်ချိုထမင်းဆိုင်ပိုင်ရှင်က စခန်းမှူးဖြစ်နေလို့ပါ

စခန်းမှူးက သူ့အမျိုးသမီးနှင့်အတူမိတ်ဆွေအမျိုးသမီးရယ်တူမလေးတွေအဖော်ထည့်ပေးပါတယ် ပျော်ပျော်ပါးပါးပါခရီးစဥ်ပါ

စခန်းမှူးရဲ့တပည့်ကလိုက်ပို့တာကြောင့်နေရာအစုံရောက်ခဲ့သလို ကျင်စန်းကျော့သွားတဲ့လမ်းမှာတိုက်ပွဲ တွေခဏခဏဖြစ်တယ်လို့ စခန်းမှူးရဲ့တပည့်ဂိုက်ဆရာကပြောပါတယ်

အထူးဒေသလို့စိုက်ထူထားတဲ့ဆိုင်းဘုတ်မှာဓာတ်ပုံဆင်းရိုက်ခဲ့သေးတယ် မမောနိုင်မပမ်းနိုင် ပျော်တာပဲသိတာ ပါလာတဲ့မုန့်တွေအအေးတွေအသီးအနှံတွေစားလာရင်း

လမ်းကအကွေ့အကောက်များပေမဲ့ လမ်းကောင်းကောင်းခင်းထားလို့သွားရတာအဆင်ပြေတယ် ဝှစ်ကနဲ့ ဝှစ်ကနဲ့ တရိပ်ရိပ်လမ်းဘေးကအရာတွေကိုကြည့်လိုက် ပုံရိုက်လိုက်ပဲ

ကျောက်ထုစခန်းတစ်ခုပြီးတစ်ခုဖြတ်သွားတာ တချို့နေရာတွေဆင်းပြီး တဖက်ကမ်းမှာ ဘယ်ရွာတွေရှိကြောင်း ဂိုက်ဆရာကရှင်းပြတယ် ဓာတ်ပုံရိုက်တယ်

တောင်ကုန်းတွေပေါများပေမဲ့
လမ်းဘေးမှာ ရေတွေကစီးကျနေတာတွေ့ရတယ် ဂိုက်ဆရာကိုမေးလိုက်တယ် သဘာဝအတိုင်းပဲရေတွေကဒီလိုပဲ နေရာတော်တော်များပဲလို့ရှင်းပြတော့

ငယ်ငယ်ကအဖေလိုပဲချစ်ရတဲ့ဦးလေးဦးလှဆောင်ကိုသတိရမိတယ်

ဦးလေးဦးလှဆောင်ကစစ်မြေပြင်အတွေအကြုံတွေကိုပြောပြတတ်တယ် ရှမ်းပြည်ဘက် တာဝန်ကျတုန်းက အခုလိုသဘာဝကထွက်တဲ့ရေနဲ့အသက်ဆက်ခဲ့ရတာတွေ တိုက်ပွဲအတွေ့အကြုံများစွာကို အိပ်ယာဝင်ပုံပြင်လိုပြောပြတတ်တာကြောင့် လုံးဝမှတ်မိနေတာ

ထဃက်လာတဲ့ရေက ဝါးကိုထက်ခြမ်းခွဲပြီးရေတရောက်လုပ်ထားတာ ကားလမ်းတဖက်ကနေရေတွေစီးကျနေတာ

ရေတံခွန်လည်းမဟုတ်ဘူး ရေပိုက်ဝတစ်ခုစာရေ ကသဘာဝအတိုင်းထွက်နေတာရေအားဖျော့ဖျော့လေးပါ ရေကကြည်ပြီးအေးစိမ့်နေတာ
လမ်းဘေးကားရပ်ပြီသေချာသွားတို့ထိကြည့်လို့သိတာ

အခုလိုရေတွေရှိတယ်ဆိုတာကိုမျက်ဝါးထင်ထင်မမြင်ရရင် ပုံပြင်လို့သာထင်မြင်မိမှာပါ
မြန်မာ့ရေမြေရဲ့သဘာဝတရားက ထူးခြားဆန်းကျယ်လေစွ

ဦးလေးဦးလှဆောင်က သူ့ဘဝတသက်တာမှာမေ့မရတဲ့ အရာတွေထဲမှာ ဒီလိုကျတဲ့သဘာဝရေတွေကိုဝါးကျီတောက်နဲ့ခံပြီးရေကိုအသုံးပြုခဲ့ရတာတွေအကြောင်း

ဒါကြောင့်လမ်းဘေးကရေတွေ တနေ့ရာတည်းမဟုတ်ပဲ ဟိုတစ်နေရာဒီတနေရာ သဘာဝတရားရဲ့ထူးခြားဆန်းပြားပုံတွေကိုဆင်းပြီးလက်နဲ့တို့ထိမျက်နှာသစ်ခဲ့တာ

လမ်းတွေကအကွေ့အကောက်များတယ် တောင်တွေကလည်းအုံ့အုံ့ဆိုင်းဆိုင်းနဲ့ တကွေ့ပြီးတကွေ့ လမ်းခရီးရှည်တာကြောင့်

စိတ်ကလည်းမောလာတယ် လူတွေနဲ့ဝေးပြီးတစ်ခုခုဆိုကူရာကယ်ရာမဲ့နေမှာလို့တွေးမိတာကြောင့်ပါ

ဖရဲသီးပို့တဲ့ဂိတ်တဲ့ အသီးအနှံတွေ ပို့တာ စစ်ဖြစ်တတ်လို့လမ်းပိတ်တတ်တယ် လမ်းပိတ်ရင် အသီးအနှံတွေ ပုတ်ပွတတ်တယ်လမ်းဘေးမှာဒီအတိုင်းချထားခဲ့ရတာတွေ ကားသမားကပြောပြပါတယ်

စိတ်ကလည်းတွေးတာပေါ့ဒီလိုဝေးလံခေါင်သီတဲ့နေရာကို လမ်းပမ်းဆက်သွယ်ရေးကောင်းအောင်လုပ်ဆောင်နိုင်ကြတဲ့နိုင်ငံအကြီးအကဲတွေကိုလဲကျေးဇူးတင်မိပါတယ်

တိုက်ပွဲဖြစ်တတ်တယ် အချိန်မရွေးပဲ ဒါကြောင့်အပျော်တမ်းမလာကြဘူး မမလေးကလာချင်တယ်ဆိုလို့ပို့ပေးရတာလို့ပြောနေတာမို့

နယ်မြေစိမ်းတာရော သိတဲ့သူလဲမရှိဘူး စိုးရိမ်စိတ် ကြောက်စိတ်ကြောင့် ခရီးကပိုဝေးသယောင် စိတ်မကြည်မသာဖြစ်မိတယ် ခရီးစဥ်မှာ သားလေးနဲ့တူလေးကပါလာတာကြောင့်လဲပါတယ်ပေါ့

ကျွန်မလူတမျိုးကိုယ်လုပ်ဆောင်တဲ့အရာတွေက ကိုယ် ဖြစ်ကိုယ်ခံရဲတဲ့စိတ်ရှိတယ် အခုတော့ သားနဲ့တူလေး က ၁၀ တန်းအောင်ပြီးကာစ လူမမယ်လေးတွေမို့ပိုစိတ်ပူမိတယ်

စိတ်မအီမသာဖြစ်နေတာကိုထုတ်လဲမပြောရဲဘူး ပတ်ဝန်းကျင်က ကားအရှိန်ကြောင့်တရိပ်ရိပ်သွားနေတဲ့မြင်ကွင်းကိုပဲတောင်စဥ်ရေမရကြည့်ရင်း

စေတီဖြူဖြူလေးတွေကိုလှမ်းမြင်ရတော့စိတ်က အလိုလိုပျော်လာတယ် စိတ်ကလည်းအေးချမ်းလာတယ် လက်အုပ်ချီပြီ ရိုသေစွာ ကန်တော့လိုက်တယ်
ပူပန်နေတဲ့စိတ်တွေက ယူပြစ်သလိုပေါ့ပါးသွားတယ်

အားကိုးရာအမှန်က ဘုရားမှတပါးမရှိတော့တာသိလာတယ်
မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတွေကြီးမားလှတာလက်တွေ့သိမြင်လာခဲ့ရပါတယ်

ထို့အတူ စိတ်ကလည်းတချိန်ကဘိုးဘေးတို့ရဲ့တွေးခေါ်မျှော်မြင်ကြီးခဲ့ပုံတွေက တန်းစီပေါ်လာပါတယ်

Tilypgon (သို့) Tiligon
🐍🐍🐍🐍🐍🐍🐍🦅

တ်လိဖ်ရဂူး သို့မဟုတျ တ်လိဂူး
ဘုရားသုံးဆူကုန်း သို့မဟုတ် တြိကုန်း

​တ္လိကူး တ္လိဖ္ရးကူး (ကူး/ဂူး နှစ်ရပ်လုံးသုံး) ကို ခေါ်ရာက လဆွဲ ဗျည်းတွဲသံ မရှိသူများ ပါးစပ်ထဲ ​၊ စာထဲရောက်တော့ တြိ ဆိုတာ ပျောက်ပြီး တိ ဖြစ်လာတယ်။

ဖ္ရးက မထည့်လည်းရ ထည့်လည်းရတဲ့
ဖျောက်ပြောလည်း ရည်ညွှန်းရာကို ပြဆိုနိုင်လို့ ဖျောက်ထားတဲ့ ထားဝယ်စကားပင်ကိုယ် ဟန်၊ ဒီမှာတော့ ရည်ညွှန်းရာပြအတွက် အရေးမကြီးဘူးဖြစ်တဲ့ အလယ်လုံးကို ဖျောက်ထားတာပေါ့။

ကူး/ဂူး ဆိုတာ ကုန်း (တောင်ကုန်း၊ ကုန်းတော် စတာ)

ဒီဝေါဟာရတွေက AD-2 ရာစု တော်လမီမှတ်တမ်းက ဟာတွေ။ ဒီကာလကို ရင်းမြစ်ပြပြီး ငါ့ဟာလုပ်ဖို့ဆိုရင် အတော်ခက်ခဲတဲ့ကိစ္စပဲ။ အစိန္တေယျ လို့သာ ရွတ်နေ... 😄။

ဘုရားသုံးဆူ ရှိတဲ့ကုန်းကို ပြောတာလား၊ ရွှေတိဂုံကို ပြောတာလား ဆိုတာကိုတော့
ကိုသြဒိနိတ်တွေ စစ်ဆေးပြီးမှ ပြန်ပြောပေးပါမယ်။

ဒီမှာ ဘုရားသုံးဆူဆိုတာ ပြောလာရလို့ တဆက်တည်း ဘုရားသုံးဆူဆိုင်ရာ ထုံးတမ်းကိုအကျဥ်း ပြောသွားပါမယ်။

ဘုရားသုံးဆူ ဘာကြောင့် တည်ရတာလဲ။
ရည်ရွယ်ချက်က ဘာလဲ၊ ဘာကို ဆိုလိုချင်တာလဲဆိုတဲ့ အချက်ပြစကားတွေ ရှိတယ်။

ဘုရားသုံးဆူဆိုတာ စေတီငယ်သုံးဆူဟာ
တန်းနေတာ နှစ်နားညီဖြစ်တာ၊ သုံးနားညီဖြစ်တာ အနားမညီတာ စသဖြင့် ၆မျိုး ကျော်ရှိ ။ ဒါတွေကအလကား တည်ထားတာ မဟုတ်ဘူး။ ထားဝယ်မင်းတွေရဲ့
စစ်ရေး လုံခြုံရေးဆိုင်ရာ ပြတဲ့ ဘာသာ စကား ဖြစ်ပါတယ်။

သုံးဆူ နှစ်ဆူ တစ်ဆူ စတာတွေအရ အဆင့် ကွာခြားပါတယ်။ သုံးဆူတည်ထားတဲ့နေရာတိုင်းဟာ တပ်မကြီး စစ်စခန်းချရာနေရာ ဖြစ်တယ်၊ ဒီကမှတည်ထားဟန်ကိုလိုက်ပြီး ဘာဆိုလိုတယ် ဘာကိုပြလိုတယ်ဆိုတာကို တဆင့်ဆင့်ထပ်ခွဲပါတယ်။

နှစ်ဆူဆိုရင် Navy ကင်းတပ် အချက်ပြ ဖြစ်ပါတယ်။

တစ်ဆူကတော့ မြို့စောင့်တပ်တွေ အချက်​ပြဖို့သုံးတဲ့ မြိုရိုးပေါ်မှာ တည်ထားတာ ဖြစ်ပါတယ်။ ဘုရားနဲ့ မနီးမဝေးမှာ သူရဲတွင်း ရှိတယ်။ အတွင်း အပြင် လှုပ်ရှားဆက်သွယ်နိုင်အောင် စီမံထားတဲ့ လုံခြုံရေးဆိုင်ရာ ဆက်သွယ်ရေးအစီအမံ စစ်ဗျူဟာ ဖြစ်ပါတယ်။

ဘုရားသုံးဆူတည်ထားတာတွေဆိုရင် မြို့နဲ့နီးတဲ့ (နန်းမြို့နဲ့နီးတာ) နေရာတွေမှာ မရှိဘူး။ စစ်ကြောင်းထိုးရာ လမ်းကြောင်းပေါ် တလျောက်မှာပဲ ရှိပါတယ်။

နှစ်ဆူဆိုရင် အများစုက မြစ်ကမ်းနဖူးပေါ်မှာ အများစုဖြစ်ပါတယ်။

တစ်ဆူတည်းရှိပြီး ကုန်းမြင့်ပေါ် အထက် အောက် အလျင်အမြန်သွားလာနိုင်လောက်တဲ့ကုန်းအနေအထားဆိုရင် အဲဒါ ခံတပ်နေရာ (ခံတပ်ကြီး) ဖြစ် ပါတယ်။

တစ်ဆူတည်း တောင်အမြင့်ကြီးပေါ် တည်ထားတာမျိုး ဒီကနေ မိုင် ၃၀ ကျော် ပတ်လည်ထက် ပိုမြင်နိုင်တဲ့ အနေအထားရှိတဲ့တောင်ပေါ်မှာဆိုရင် အဲဒါ ကင်းထောက်မျော်စင်နဲ့ ရေကြောင်းထိန်းချုပ်ရေးဆိုင်ရာ မျော်စင်ကင်းစခန်း ကို ပြတာဖြစ်ပါတယ်။

ဒီဗျူဟာ ခင်းကျင်းပုံတွေက ဘယ်လောက်ဝေးနေနေ နေရာမတူတဲ့ဟာတွေဖြစ်နေလည်း ပထဝီအနေအထား ရွေးချယ်ပုံ ကာကွယ်ရေးအတွက် ပြင်ဆင်နေရာချထားပုံဟာ အကုန်လုံး ပုံစံတူတွေချည်း တည် ဆောက်ထား ဖြစ်ပါတယ်။

ရေကြောင်းကင်းထောက်စခန်းတွေ မျဥ်းယူပုံဆိုရင် ရေမိုင် ၁၅၀ လောက်ကွာနေလည်း လမ်းကြောင်းဟာ တဖြောင့်တည်းသာဖြစ်ပြီး ဒီကြားထဲမှာ တစ်နေရာကနေ နောက်တစ်နေရာကို မြင်နိုင်တဲ့နေရာတွေ ရောက်တိုင်း အဲဒီမှာ စေတီငယ် ညာဏ်တော်အမြင့် ၃ တောင်လောက်တစ်ဆူနဲ့ ကင်းထောက် ဆက်သွယ်ရေးစနစ်အတွက် နေရာချထားတဲ့ စခန်းငယ်ကိုပြတာ ဖြစ်ပါတယ်။

ကမ်း ရိုးတန်းတလျောက်လုံးမှာ စေတီသေးသေးလေးတွေ တည် တည်ထားတယ်ဆိုတာ ဟိုယခင်ခေတ်က ဆက်သွယ်ရေးဆိုင်ရာ ကင်း တပ် စခန်းငယ်တွေ နေရာချထားလို့ပဲ ဖြစ်ပါတယ်။

တရုတ်ပြည်နဲ့မြန်မာဂိတ်မှာ တည်ထားတဲ့စေတီကိုကြည့်ရင်း ဒီနေရာက မြို့စောင့်တပ်တွေ အချက်​ပြဖို့သုံးတဲ့ မြိုရိုးပေါ်မှာ တည်ထားတာ ဖြစ်ပါတယ်။

ဘုရားနဲ့ မနီးမဝေးမှာ သူရဲတွင်း ရှိမရှိတော့သေချာဆင်းမလေ့လာခဲ့ရပါဘူး

အတွင်း အပြင် လှုပ်ရှားဆက်သွယ်နိုင်အောင် စီမံထားတဲ့ လုံခြုံရေးဆိုင်ရာ ဆက်သွယ်ရေးအစီအမံ စစ်ဗျူဟာ ဖြစ်ပါတယ်ဆိုတာကသေချာတာမျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါတယ်

ထိုစဥ်က
မီးလောင်းသွားတဲ့ကားဝင်းကြီးကိုလည်းတွေ့ခဲ့ပါတယ်

သွားရတာ တမျှော်တခေါ်ပဲ
ဆိုတော့တွေးမိတယ်
ငါဘာလို့ဒီလိုနေရာကိုလာခဲ့တာလည်းဆိုတာ သွားခဲ့တဲ့အချိန်ကမသိပေမဲ့ အခုလိုတိုင်းပြည်အခြေအနေမှာ ဘယ်နေရာမှာဘာရှိတာကိုမျက်စိမိတ်နေရင်လဲမှတ်မိတဲ့အရာတွေဖြစ်ပါတယ်

အဲ့ဒီခရီးသွားတုန်းက
အန္တရယ်များတယ် တော့တွေးမိပါတယ် စိတ်ကဆောင်ရင် ရောက်ချင်တာရောက်နေတတ်တာမျိုး နောက်တခုက

ရောက်ဘူးတဲ့အရပ်ဒေသတခုနဲ့တခုကမတူညီတဲ့စိတ်ခံစားမှုနဲ့အတူ သိမှုတွေကလည်းကွဲပြားပါတယ်

တန်ဖိုးကလည်းမတူပါဘူး
တန်ဖိုးဆိုတာလူတွေကသတ်မှတ်တယ်ဆိုပေမဲ့ ကိုယ်တိုင်အတွေ့အကြုံနဲ့ခြေရာတွေက ကိုယ်တိုင်သိတဲ့အရာတွေမို့ ကိုယ့်ရေမြေရဲ့တန်ဖိုးကို ကိုယ်တိုင်သိနားလည်ပြီးတန်ဖိုးထား ကာကွယ်ထိန်းသိမ်းရမည်ဆိုတဲ့မျိုးချစ်စိတ်တွေရဲ့ အပင်ဟာရှင်သန်ကြီးထွားလာလျှက်

နန်းဝေ(ပျူပုတီး)

ကိုးကား။ ။အာကာဖြိုး Tilypgon (သို့) Tiligon

15/08/2023

ရခိုင်ကမ်း​မြောင်ဘက်ဆီက တွေးဆစရာအချို့
🕸🕸🕸🕸🕸🕸🕸🕸🕸🕸

မြိုသမိုင်းနဲ့ ပက်သက်လို့ ဝေါပေါ်တက်လာနေတော့ ဖတ်ရပါတယ်။ ဒီဟာနဲ့ဆက်စပ်
ပြောရင် ၊ဆက်စပ်နံဘေးက ရခိုင်ဧရိယာမြို့ဟောင်းတွေကိုပါ ချိတ်ဆက်ပြောမှ အဆင် ပြေတယ်။

ခေတ်ဦးသမိုင်းတွေကနေစလို့ ရခိုင်ဒေသက ရာဇဝင်တွေ ကျောက်စာတွေ မြန်မာ နိုင်ငံက ရာဇဝင်တွေ ကျောက်စာတွေက ပြောတဲ့ နာမည်တွေဟာ အစောပိုင်းခေတ်တွေအတွက်ကနေ ပုဂံနောက်ပိုင်းအထိကို တစ်လုံးမှ မှတ်တမ်းတင်ထားတာ မရှိဘူး။

မထင်မရှားမဟုတ်ဘဲ ရခိုင်မှာ ​ခေတ်ကြီးလေးခေတ်နဲ့ထင်ရှားတဲ့ ရာဇဌာနီမင်းနေပြည် နန်းစိုက်မြို့တွေတောင် မှတ်တမ်းတင်ထားတာ မရှိဘူး။

ဒါဟာ ဘယ်အချိန်ထိလဲဆိုရင် ၁၈ ရာစုအထိကို တလုံးမှ မတွေ့ရဘူး။ တွေ့ရတဲ့နာမည်တွေဟာလည်း ဒီရာဇဝင်မှတ်တမ်းတွေမှာ တစ်လုံးမှ မပါပါဘူး။

၁၉ ထဲမှာတောင် မပါသေးဘဲ ၂၀ ရာစုမှာ ဟိုဟာဒီဟာဆိုပြီး မျိုးစုံပေါ်လာတယ်။ ဒါတွေထဲက ပြည်တွင်းခေတ်ပြိုင်ကျောက်စာ
တွေကပြောတာကို ညှိစစ်ထုတ်ယူတာနဲ့၊
ကွိုင်တွေက ပြောတာကို အတည်ထား၊ ဒါတွေကို ကျန်တာတွေနဲ့ တိုက်စစ်ပြီး မပါတာ မရှိတာကို အကုန်ဖယ်ပစ်မှ ခင်ဗျားတို့သမိုင်းတွေ (ခင်ဗျားတို့ဆိုတာ ရခိုင် ချင်းဧရိယာတွေထဲနေထိုင်တဲ့ မျိုးနွယ်စုတွေ)
ရုပ်လုံးစထုဆစ်လို့ ရပါလိမ့်မယ်။

ဒီကနေ့ တွေ့တယ်။ မြို သမိုင်းဆိုင်ရာ သက္ကမ သမိုင်းဆိုင်ရာ ဒိုင်းနက် စတာတွေ သူ့ရာဇဝင်တွေနဲ့သူ၊ တည့်တည့်ပြောရင် လိုရာဆွဲ ထင်ရာပြော လုပ်နေတာပဲ တွေ့တယ်။

အကြံပြုပေးလိုတာက ခင်ဗျားတို့သိထားသမျှ အဲဒီရာဇဝင်တွေ ဘာတွေကို အကုန်လွတ်ချထားလိုက်ပြီး တစ်ကနေ စသင့်တယ် ဆိုတာပဲ။

ဟိုမှတ်တမ်းကဒီလို ဒီပညာရှင်ကဒီလိုရေးတယ် ကိုးကားပြောနေကြတာပါပဲ။ ခေတ်အဆက်ဆက် ​မြေပုံမှတ်တမ်း တစ်သောင်းကျော်မှာ မထင်ရှားတဲ့မျိုးစုတွေ မဆိုနဲ့ ၊ ရခိုင်လိုအင်အားကြီးဆိုရတဲ့ အုပ်စုက မြို့နာမည်တွေတောင် တစ်လုံးမှ မတွေ့ရပါဘူး။

ဥပမာ- ဓညဝတီ ဝေသာလီ လောင်းကျက် လေးမြို့ မြောက်ဦး စတာတွေလိုမြို့ပြတွေဆိုရင် ခေတ်ပေါင်းများစွာက မှတ်တမ်းတင်ချက်တွေမှာ တခုခုမှာ တစ်ခုတော့ ပါသင့်တယ် မဟုတ်လား။ တလုံးမှ မှတ်တမ်းမတင်ခံရတာ ဘာကြောင့်လဲ။

မြို့ဟောင်းတွေက ရှိကြတယ်။ ဒီနေ့သမိုင်းရေးနေတဲ့ နာမည်တွေနဲ့ မတူဘူး။ နာမည်တွေမှာ ကွိုင်ထဲကနာမည်တွေနဲ့ တူပါတယ်။
ခင်ဗျားတို့ သိထားတဲ့ ရာဇဝင်လာတွေကို ကိုင်ထားပြီး ရေးမယ်၊ မညီ ညီအောင် လိုရာလုပ်ယူ တည်ဆောက်နေမယ်ဆိုရင် ခင်ဗျားတို့ မကြာခင် အလဲထိုးခံရဖို့ ရှိတယ်ဆိုတာကို အချိန်တွေ ငွေကြေးတွေ အရင်းအမြစ်တွေ ဆုံးရှုံးနစ်နာမှု မဖြစ်ရလေအောင် ကြိုပြီး အသိပေးပါတယ်။

သူများနဲ့မတွေ့ခင် ကျွန်တော်နဲ့ အရင်တွေ့မှာ။😂။ အဲဒီ ရာဇဝင်ထဲကဟာတွေဆိုတာ ပေါက်တတ်ကရတွေလို့ပဲ ပြောရမယ့်သဘော၊ မှန်တယ်ထင်ရတာကနည်းနည်း ဂျင်းကများများ။ စေတနာကောင်းနဲ့ အကြံပြုလိုတာကတော့ အကုန်လုံးကို လွှတ်ချထားခဲ့ပြီး တစ်ကနေပြန်စ ရေးသင့်တယ်ဆိုတာပဲ။ ဒီလို စလေ့လာရေးသားကြမယ့်သူတွေကို အများကြီး ကူညီပေးလို့လည်း ရတယ်။ ခင်ဗျားတို့ အခုရေးထားပြီးသမျှတွေကတော့ ကျွန်တော့်ဖတ်ဖူးသလောက်မှာတော့ ဟာသတွေက များနေတာပဲ။

နိုင်ငံတကာပညာရှင်တွေ လက်ခံထားတာကို လိုက်သူရှိမယ်၊ အကုန်ရောသမမွှေထားတာကို လိုက်သူရှိမယ်။ ဘယ်လိုရှိရှိ ခင်ဗျားတို့ အဲလူတွေအာဘော်နောက်ကိုသာ လိုက်နေရင် ဘာတစ်ခုမှ တိကျသေချာတာ မရလာနိုင်ဘဲ အလဲထိုးခံရမှာပဲ။ ဒါက ချစ်လို့ပြောတာ။

စာအုပ်ပေါင်း မြောက်များစွာရေးထားတဲ့ မြောက်ဦးတို့ ဝေသာလီတို့တောင် တလုံးမှမတွေ့ရတာ၊ ဒါတွေအကုန် တနေ့တော့ ထိပ်တိုက်တိုးပြီး ​မေးခွန်းတွေအောက် ဝပ်တွားနေရမယ့်ဟာတွေ။ ရခိုင်ကိုထားလိုက်၊ မြိုအကြောင်းရေးမယ်ဆိုတာကို အကြံပြုရရင် ပထမဆုံး

၁။ မြိုဆိုတာ မူလက လူမျိုးစုဆိုတာ သေချာသလား။ ဒါကို အရင်စစ်ရမှာ။

၂။ မြိုလူမျိုးလို့ အထောက်အထားဘယ်အချိန်မှာ အစောဆုံး ပြနိုင်သလဲ။ ဒါကိုစစ်ဆေးတင်ပြရမယ့် တာဝန်ရှိတယ်။

ဒီနှစ်ချက်ကို စနစ်တကျတိကျတဲ့အထောက်အထားနဲ့ မတင်ပြနိုင်ရင် ခင်ဗျားတို့ ဘာတွေ ရေးထားရေးထား အလကားပါပဲ။

ဘူးသီးတောင် မောင်တော ဝန်းကျင်နေရာကို ဘယ်လို မှတ်တမ်းတင်လာသလဲဆိုရင် AD-14 ကနေစလိုက်တာကိုကြည့်ရင် နီတိနာဂရ၊ ကာလီဂါမ၊ burma၊ ​Mro၊ Moro၊ Moro houng ဒါတွေပဲ မှတ်တမ်းတင်လာခဲ့ပါတယ်။

မြို နားကပ်ရက် အရှေ့ဘက်မှာ
Tripra၊ tripa ဆိုတာ ရှိတယ်။ ဒီမြို့ဟောင်းက အရမ်းထင်ရှားတယ်။ ၁၄ ရာစုကနေစပြီး ခေတ်တိုင်းမှာ ထင်ရှားတဲ့မြို့ဟောင်း ဖြစ်ပါတယ်။ အာရကန်တောင် နောက်မှပေါ်တာ။ တောင်ဘက်မှာ အာရကန်ဆိုတာက နောက်ပိုင်းခေတ် ၁၆ ရာစုကနေစလို့ သီးသန့်တမြို့၊ ဒါလည်း ထင်ရှားတဲ့အထဲ ပါတယ်။

ကာလီဂါမဆိုတာ ဟိန္ဒူလို၊ စပိန်လိုဆို Haze ၊ သက္ကတလိုဆို Bhama ၊ မြန်မာ လိုဆိုရင် အရှေ့၊ အရှေ့ရွာ၊ အရှေ့ဘက်ဒေသလို့ ပြောတာ။

အဲတော့ ခင်ဗျားတို့ရာဇဝင်အသီးသီးမှာ အဲဒီနာမည်တွေ ပါသလား။ အစောဆုံးမှတ်တမ်းဆိုတာ ခင်ဗျားတို့ပြနိုင်ရင် ကျောက်စာကလွဲလို့ ကျန်တာ ၁၈ ရာစုထက် ပိုစောတာ ပြနိုင်မှာလား။

မပြနိုင်ဘဲ AD-1 တွေ၊ BC ဘယ် လောက်တွေဆိုပြီး လျောက်ရေးရင် နိုင်ငံ တကာပညာရှင်ဆိုတဲ့ သူများရေးထားတာကို ယူသုံးရင် ဘာကောင်ပဲဖြစ်ဖြစ် ဗေချိဆိုတာနဲ့ ကွဲမှာပဲ မဟုတ်လား။ အကျိုးမရှိတာတွေကို ဘာကြောင့်လုပ်မလဲ။

ရေးထားပြီးသားတွေ တော်တော်များများစာအုပ်တွေကို ဖတ်ကြည့်ပါတယ်။ အားမနာတမ်းပြောရင် အရည်မရ အဖတ်မရတွေက များများ။ လိုရာဆွဲတည်ဆောက်ထားကြတာချည်းပါပဲ။ မြေပြင်အရှိနဲ့ မကိုက်ညီတာတွေရေးရင် အရာရာဖြုန်းတီးတာပဲ ဖြစ်စေမှာပေါ့။

မြေပြင်မှာရှိတဲ့မြို့ဟောင်းတွေကို ခင်ဗျားတို့ဒီနေ့ နာမည်တပ် ခေါ်နေတာနဲ့ ယခင်နာမည်အစစ်တွေဟာ တူညီမှုရှိကြောင်း သက်သေခံပေးနိုင်ဖို့ ဆိုတာတောင် လွယ်လှတာ မဟုတ်ပါဘူး။ ဒီလိုမပေးနိုင်ဘဲ ရေးရင် အတ္တနောမတိ အနုမာန သို့မဟုတ် ထင်ရာစိုင်း ဇွတ်အဓမ္မသမိုင်းပဲ ဖြစ်မှာမဟုတ်လား။ ကိုယ်တိုင်တောင် မသေချာ မရေရာတာကို သူများကိုပြောပြီး လိမ်ချင်သေးတာလား။ (လုပ်စားတွေကတော့ ဘာဖြစ်ဖြစ် လိမ်မှာပါပဲ)

ဒီစာထဲမှာ ရခိုင်ဖြစ်ဖြစ် မြိုဖြစ်ဖြစ် အခြားအုပ်စုတွေဖြစ်ဖြစ် ခင်ဗျားတို့သမိုင်းရေးတာနဲ့ မဖြစ်မနေ စပြီးသတိထား စစ်ဆေးရမယ့် အစလောက်လေးတွေ ဆွဲထုတ်​ပြောထားပေးပါတယ်။

စာများများရေးနိုင်တာ၊ စာအုပ်များများရေးထုတ်ထားနိုင်တာက အဓိက မဟုတ်ဘူး။ သူများထိုးမှောက်တာမခံရဘဲ စင်ပေါ်မှာရပ်နေနိုင်အောင် ရေးထားတဲ့ စာအုပ်လေးဖြစ်နေဖို့က အဓိကပါပဲ။

အင်အားကောင်းလို့ ဓနတောင့်လို့ ဘယ်လောက်ပဲများအောင် ရေးထုတ်ထုတ် မာချာမှု မရှိရင် အမှိုက် ဖြစ်မှာပဲ။

စာရွက်ပေါ်က စာချင်းအတူတူ ရေးရတာချင်းလည်း အတူတူ အားထုတ်ရတာလည်းအတူတူ ၊ ကာဗွန်ချင်းအတူတူ စိန်လိုစာ ရေးမှာလား ပြာပုံစာ ရေးမှာလား အရင်ပိုင်းခြားသင့်ပါတယ်။ ပြီးတော့မှ ကိုယ်ရွေးသလို ရေးပေါ့။

Photos from Htet Aaron Beads Collection's post 12/08/2023

ပထမဆုံးသောစာပေဟောပြောခြင်းအနုပညာ

ကျမရဲ့ စာပေအနုပညာဟောပြောပွဲမှာပါဝင်ပြောဖြစ်ခဲ့တဲ့ ပထမဦးဆုံးသောပွဲက အမျိုးစောင့်လူငယ်များကွန်ရက်အသင်း နှင့်စေတနာရှင် (၇)ရက်သားသမီး ညီအကိုမောင်နှမများ၏ (၁၈)ကြိမ်မြောက် ပရဟိတအလှူတော်မင်္ဂလာ သာဓုဓမ္မ မိဘမဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း မှာဖြစ်လိမ့်မယ်လို့ အိမ်မက်မျှပင်မမက်ခဲ့ဘူးတဲ့ ဘဝမှတ်တိုင်ပါပဲ။

ဖိတ်ကြားပေးတဲ့ဆရာ ဦးသူရဇော်ကိုကျေးဇူးအထူးတင်ပါတယ် မျိုးချစ်မောင်နှမတွေ အားလုံးကိုလဲကျေးဇူးတင်ပါ
ရှင်🙏

ကျမက စာပေကိုချစ်တယ်
တန်ဖိုးထား မြတ်နိုးတယ် ကဗျာစာပေကို ငယ်စဥ်ကတည်းက ရူးသွပ်ခဲ့သလို စာတိုပေစလေးတွေ ရေးရတာဝါသနာပါတယ် သို့သော် စာပေလမ်းကြောင်းပေါ်ရောက်တဲ့အထိတော့ စိတ်မကူးဝံ့သူပါ

ကျမက စာအုပ်မိတ်ဆက်ပွဲတွေ ကျမပါဝင်ဆောင်ရွက်ခဲ့တဲ့အသင်းမှာ အစီအစဥ်တင်ဆက်တဲ့ပွဲတွေ လုပ်ငန်းနဲ့ပါတ်သက်တဲ့ အင်တာဗျူးတွေ မီဒီယာ ကနေ ရိုက်ကူးရေး တွေ
ပြပွဲအမျိုးစုံ စာပေဆွေးနွေးပွဲတွေ တရားဆွေးနွေးသူတွေ နဲ့အပြန်အလှန်မေးဖြေ စတာတွေလုပ်ဖူးပါတယ်

သော်တာဆွေ စာကြည့်တိုက်မှူးဖြစ်တော့ နှစ်ပတ်လည် ပွဲတွေမှာလည်း အမှာစကားတွေပြောရပါတယ် သို့သော် အခုလို စာပေဟောပြောပွဲ မဟုတ်ခဲ့ပါဘူး ကျမဘဝ တလျှောက် လုံးမှာ မတွေးထားပဲ ရဲရဲရင့်ရင့်ပြောထွက်ခဲ့တယ် မိုက်နဲ့အဆင်ပြေပြေပြောနိုင်ခဲ့ပါတယ်။စောင့်ရှောက်ပေးတဲ့ဘိုးဘေးများကိုကျေးဇူးအထူးတင်ပါတယ်။

ကျမက အမျိုးစောင့်လူငယ်များကွန်ရက်အသင်း နှင့်စေတနာရှင်(၇)ရက်သားသမီး ညီအကိုမောင်နှမများ၏ (၁၈)ကြိမ်မြောက် ပရဟိတအလှူတော်မင်္ဂလာ ဓမ္မ မိဘမဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း မှာရောက်တော့ မိဘမဲ့ကလေးတွေ ၂၀၀ ကျော် ကိုမြင်တွေ့ရတော့ စိတ်ထဲဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရတယ်။

ကိုယ်တွေးမွေးထားတဲ့သားတယောက်နဲ့မွေးစားထားတဲ့သမီးလေးတယောက် အဲ့နှစ်ယောက်ကိုတောင်ဘယ်လိုတွေကျော်ဖြတ်ခဲ့ရတာအသိဆုံးမို့ အခုလို ကလေးတွေ ၂၀၀ ကျော်မကဘူးလေ အခုက ကလေးဦးရေ ၂၀၀ ကျော်ပဲ ဆရာတော်ခေါ်ထားတာဖြစ်ပါတယ်။အဲ့ဒါတောင်ဆရာတော်က ကလေး တဝက်ပဲခေါ်ထားတယ်လို့သိရပါတယ်။

အခုလိုခေတ်ကာလအရ တော်တော်ခက်ခဲမယ်လို့လည်တဆက်တည်တွေးလိုက်မိပါတယ် ဘုန်းကြီးကျောင်းမှာ ကြီးလာတဲ့ကလေးတွေကတော့ အနည်းဆုံး ယဥ်ကျေးလိမ္မာတဲ့အခွင့်အရေးရှိပါတယ် ဘာကြောင့်လဲဆို ဘုရားတရားသံဃာတွေရဲ့စေတနာမေတ္တာတွေကို နေ့စဉ်နဲ့အမျှ ဒီကလေးတွေတွေ့မြင်ရတယ် ရိုသေမှု ကိုးကွယ်မှုဆိုင်ရာ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတွေနဲ့ကြီးပြင်းလာကြရတာကြောင့်ပါ

ကလေးငယ်အရွယ်မှာ မှတ်မိလွယ်ပါတယ်ဒါကြောင့်ကျမ စာပေဟောပြောခြင်းအစီအစီဥ်ကိုရဲရဲကီးချပြရဲတာဖြစ်တယ် ကလေးတွေနားထဲကို စကားစုတစု စာတကြောင်း စကားလုံးတလုံး ကြားသိနိုင်စေဖို့နဲ့ စာမဖတ်သူပပျောက်ရေးအတွက်ဖြစ်ပါတယ်

ယခုခေတ်ကာလက လူငယ်တွေစာမဖတ်ကြတော့လို့ မိမိပတ်ဝန်းကျင်မှာ အမျိုးစုံဖြစ်ပျင်နေတာတွေက သင်ခန်းစာယူစရာတွေမြင်တွေ့ကြရမှာပါဒါကြောင့်

ဆရာတော်ဘုရား ရဲ့မေတ္တာစေတနာတွေဟာ မျက်ဝါးထင်ထင် မြင်တွေ့ရတဲ့အခါမှာ မျက်ရည်တွေပါအလိုလိုဝဲလာစေပါတယ် ကလေးငယ်သေးသေးလေးတစ်ဦးက ဆရာတော်ဆီသွားမယ်
ဆိုပြီးငိုယိုနေတာ ချော့မရဘူး ဆရာတော်ဆီရောက်တော့ဆရာတော်ချီလိုက်မှ ပြုံးပျော်သွားတဲ့ကလေးလေး အဲ့ဒီလောက်များတဲ့ ကလေးတွေကို မေတ္တာရိပ်မိုးပေးနိုင်စွမ်းသောမေတ္တာတရားကား အဘယ်မှာရှိနိုင်မည်နည်း ယခုတော့တကယ်ပါပဲ အေးချမ်းတဲ့တရားရိပ်နှင့်အတူ တည်ရှိနေတဲ့ ဘုန်းတော်ကြီးပညာသင်ကြားရေးကြောင်းဖြစ်ပါတယ်

တိုင်းပြည်နဲ့ လူမျိုး၊ ဘာသာ သာသနာအတွက် အလေးထားတဲ့ ပုဂ္ဂိုလ်တိုင်းက တိုင်းပြည်နဲ့ လူမျိုး ကောင်းကျိုးဖြစ်စေမယ့် အလုပ်တွေကို စဉ်ဆက်မပြတ် လုပ်နေကြတာပဲ ဖြစ်ပါတယ်။

သီတဂူဆရာတော်ကြီး၊ ရွာမဆရာတော်ကြီး၊ အမျိုး ဘာသာ သာသနာရေးကို အလေးထားဆောင်ရွက်နေကြတဲ့ ဆရာတော်သံဃာတော်များ အားလုံးဟာ မိမိတို့ ကျွမ်းကျင်တဲ့ကဏ္ဍနယ်ပယ် အသီးသီးမှာ အများပြည်သူ ကောင်းကျိုးရမယ့် အလုပ်တွေ မပြတ်တန်း လုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။

လူမှု​ရေးဦးတည်ချက် အနေနဲ့
ကျန်းမာ​ရေး၊အားကစားနှင့်လူငယ်ကဏ္ဍဖြစ်၍ ဦးတည်ချက်တ​စ်ချက်တည်း​အဖြစ်
ပေါင်းစည်းချမှတ်နိုင်ပါတယ်
ပြည်​ထောင်စုတိုင်းရင်းသားများနှင့်အမျိုးသား​ရေးစရိုက်လက္ခဏာ ဆိုင်ရာအချက်များလိုအပ်​သောအချက်ဖြစ်၍ ဦးတည်ချက်တစ်ရပ်အဖြစ်ပြန်လည်ထည့်သွင်း ချမှတ်​ဖော်​ဆောင်သင့်ပါသည် တယ်လို့မြင်မိပါတယ်

သီတဂူဆရာတော်ကြီး ဆောင်ရွက်နေတဲ့ အများပြည်သူ အကျိုးပြု လုပ်ငန်းတွေဆိုရင် ဖွဲ့နွဲ့ပြောဆိုလို့တောင် ကုန်နိုင်ဖွယ် မရှိပါဘူး။

စစ်ကိုင်းတောင်ရိုး ရေပေးဝေးရေး၊ အနယ်နယ်အရပ်ရပ်မှာ ရှိတဲ့ စက္ခုဒါနဆေးရုံတွေ လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးနေတာနဲ့ကိုပဲ သာဓုခေါ်လို့ မဆုံးနိုင်ပါဘူး။

ကမ္ဘာအရပ်ရပ်မှာ သာသနာထွန်းလင်းစေဖို့ ဆောင်ရွက်နေတာတွေလည်း အံ့မခန်းပဲ မဟုတ်ပါလား။

အမေရိကန်မှာ သီတဂူဗုဒ္ဓသာသနာပြုကျောင်း ရှိတယ်။ ရုရှားမှာ ရွှေစည်းခုံဘုရားကို ဖူးမျှော်နိုင်ပြီ ဖြစ်ပါတယ်။ ရက်ပိုင်းအတွင်းကပဲ သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်က ဆရာတော်သံဃာတော်တွေကို ကူညီပံ့ပိုး လှူဒါန်းထောက်ပံ့ပေးနေတာတွေကို မြင်တွေ့ခဲ့ရပါတယ်။

ရပ်ရွာဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်အန္တရာယ် ခုခံကာကွယ်နိုင်ရေးအတွက် အလုပ် လုပ်နေပြန်တော့လည်း ဘုန်းကြီး အလုပ် ဘုန်းကြီးလုပ်လို့ ဆိုကြပြန်သေးတယ်။

အကြမ်းဖက်အုပ်စုကလည်း မလိုလားသလို တချို့သော နိုင်ငံရေးအစွန်းရောက်များကဲ့သို့သော အယူအဆရှိတဲ့ ရာထူးအာဏာနဲ့ ကိုယ်ကျိုးရှာသူများကလည်း မလိုလားကြပါဘူး။

ဘုန်းကြီး က သူတို့လုပ်ရမယ့် အလုပ်ကို ဝင်လုပ်နေတော့ ဘုန်းကြီးရှုပ်လို့တောင် ခေါင်းစဉ်တပ်ချင်နေကြပါသေးတယ်။

တကယ်တော့ တာဝန်ရှိသူတွေက တာဝန်ရှိသည့်အလျှောက် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ အတိဒုက္ခမရောက်အောင် ကာကွယ်ဆောင်ရွက်ပေးမယ်ဆိုရင် ဘုန်းကြီးက ဒီအလုပ်တွေ ဝင်လုပ်နေဖို့ လိုပါ့မလား။

ဒီနေရာမှာ ပြည်သူအများကို အလေးအနက်ထား ပြောကြားလိုတာက တချိန်က ဆရာတော် ဦးဝီရသူဟာ နိုင်ငံရေးဇာတ်ခုံပေါ်မှာ၊ အမျိုးသားရေးဇာတ်ခုံပေါ်မှာ ပြင်းထန်ထိရှတဲ့ စကားလုံးတွေ ပြောခဲ့ရတယ်။ အဲဒါလည်း အများပြည်သူအတွက် လိုအပ်လို့ ပြောခြင်းဖြစ်တယ်။

အများပြည်သူအတွက် လိုအပ်နေလို့ပဲ မဟုတ်ပါလား။
ပြည်သူများအနေနဲ့ နားလည်ရမှာက ဘုရားသားတော်တွေမှာ ဘာမှ တွယ်တာစရာ မရှိဘူး။ မြတ်စွာဘုရားရဲ့ လမ်းစဉ်ဖြစ်တဲ့ မိမိဘဝကို ငြမ်းအဖြစ် အသုံးချပြီး အများပြည်သူကောင်းကျိုး ဖြစ်အောင် လုပ်ဆောင်ဖို့ပဲ မဟုတ်ပါလား။

အများပြည်သူကောင်းကျိုးအတွက် ငြမ်းအဖြစ် အသုံးချပြီး ပေးဆပ်နေကြတာပဲ မဟုတ်ပါလား။ ဘုန်းကြီးများဟာ အများပြည်သူ အကျိုးအတွက် လုပ်သင့်တဲ့အချိန်မှာ လုပ်သင့်တဲ့အလုပ်ကို လုပ်တယ်။ ဘုန်းကြီး အလုပ်၊ ဘုန်းကြီး လုပ်နေကြခြင်း ဖြစ်တာကို နားလည်ကြဖို့ ဖြစ်ပါတယ်။

နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေက ပြည်သူတွေ အတိဒုက္ခရောက်အောင် ရက်စက်ယုတ်မာရိုင်းစိုင်းလွန်းလှတဲ့ အကြမ်းဖက်လုပ်ရပ်တွေ အကြမ်းဖက်အန္တရာယ်ကာကွယ်ရေး လုပ်ဖို့မလိုပါဘူး။

ပြည်ပသြဇာခံ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေကတော့ တစ်ဘဝစံတွေ ဖြစ်တဲ့အတွက်ကြောင့် အများပြည်သူအတွက် ကောင်းကျိုးဖြစ်မယ့်ကိစ္စမျိုးကို မလိုလားဘူး။

တိုင်းပြည်ကို အတိဒုက္ခရောက်အောင် ဖန်တီးချင်တယ်။ သံဃာတော်တွေကိုလည်း သူတို့နဲ့ တသားတည်းရပ်တည်ပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်စေချင်တယ်။ တချို့သော သံဃာတော်တွေ ပြည်ဖျက်မီဒီယာတွေကနေပြီး သီတဂူဆရာတော်ကြီး၊ ရွာမဆရာတော်ကြီးတို့ကိုပါ မချန် အပုပ်ချ စော်ကားပြောဆိုနေကြတာကို တွေ့မြင်ကြဖူးလိမ့်မယ် ထင်ပါတယ်။

အထွေအထူးလည်း မပြောချင်ပါဘူး။ပြောဖို့လည်း လိုမယ် မထင်ပါဘူး။
ပြည်ပသြဇာခံ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီး မှိုင်းတိုက်မှုတွေနောက်ကို လိုက်ပါရင်း ပြည်သူများအနေနဲ့ အကုသိုလ်တွေ များခဲ့ကြပြီ။ အကုသိုလ်တွေ များခဲ့ကြတဲ့အလျှောက် အနိဋ္ဌာရုံတွေလည်း ကြုံခဲ့ကြရပြီးပြီ။ ဘုန်းကြီးတွေ ဘုန်းကြီး အလုပ်၊ ဘုန်းကြီး လုပ်နေတယ်။ ပြည်ပသြဇာခံ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေ တိုင်းပြည်ကို ဖျက်ဆီးလို့ အားမရနိုင်ကြသေးဘူး။ ပြည်သူအများအနေနဲ့ သိရှိနားလည်ပြီး သူတို့အလိုကျ သူတို့ကြိုးစွဲရ မကကြပါနဲ့တော့ အကုသိုလ်တွေ များလွန်းမက များခဲ့ပြီဖြစ်လို့ မိမိတို့ကိုယ်တိုင် စဉ်းစားဆင်ခြင်ပြီး ကုသိုလ်မများရင်တောင် အကုသိုလ်တွေမပွားကြဖို့တိုက်တွန်းလိုပါတယ်

ဆရာတော်သံဃာတော်များက အများပြည်သူကောင်းကျိုးဖြစ်စေမယ့် ဘုန်းကြီး အလုပ်မဟုတ်လည် ဘုန်းကြီး လုပ်နေရပြီ

လူသားအရင်းမြစ်တွေ ကိုကာကွယ်စောင့်ရှောက်ထိန်းသိမ်းခဲ့တယ် လိုအပ်တာတွေ စွမ်းစွမ်းတမံ ကြိုးစားဖြည့်စွက့ခဲ့တာက အမိမြန်မာနိုင်ငံ ကိုတန်ဖိုးထားချစ်မြတ်နိုတာလို့မြင်ပါတယ်

ကျမက ကလေးတွေကိုကြည့်ပြီးသိလို့တတ်လို့မဟုတ်ပေမဲ့ အုတ်တချပ်သဲတပွင့်ပါဝင်ချင်ခဲ့တာကြောင့် ကျမတခါမှမပြောဘူးတဲ့စာပေဟောပြောခြင်းကို စိတ်ရင်းနဲ့စိုးရွံ့စိတ်မရှိပဲ မိုပ် နှစ်လုံးနဲ့ကိုပြောဖြစ်ခဲ့တာမှတ်မှတ်ရရပါပဲ

ကလေးတွေကိုပေးချင်တဲ့မက်ဆေ့ကတော့ လူတိုင်းအမှားမကင်းကြပါဘူးသို့သော် အမှားကိုဆင်ခြင်ပြီး ကိုယ်တိုင်သတိလေးကပ်ကာ ပြင်ဆင်နေထိုင်သွားကြရမည့်အကြောင်းဖြစ်တဲ့ လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း

ကမ္ဘာပေါ်မှာ အထင်ရှားဆုံး စိတ်ကူးယဥ် စုံထောက် ရှားလော့ဟုမ်းကို ဆရာကြီးရွှေဥဒေါင်းက ဘာသာပြန်ထားပါတယ်။စိတ်ဝင်စားစရာကောင်းလို့ လေ့လားမှတ်သား ဖတ်ခဲ့ရပါတယ်။

ဆရာကြီးကွန်နယ်ဒွိုင်း၏ရှားလော့ဟုမ်းသည် အရမ်းတိကျသည်။မှန်ကန်သည်။
အတည်အခန့်၊အတွေးအခေါ်စရိုက်များပီပြင်လှသည့်ဇာတ်ကောင်အဖြစ်ဖန်းတီးထားပါတယ်။

ဆရာကြီးရွှေဥဒေါင်းက ရှားလော့ဟုမ်းကိုဘာသာပြန်ကာ ဦးစံရှာဖြစ်လာသည်။ဦးစံရှားမှတဆင့်ကာတွန်းဦးအောင်ရှိန်မှရှံစားဖြစ်လာသည်။

ကာတွန်းဦးအောင်ရှိန်မှရှံစားသည်ဟာသဖြစ်သည်။
ကွန်နယ်ဒွိုင်း၏ရှားလော့ဟုမ်းပဲဖြစ်ဖြစ်၊ဆရာကြီးရွှေဥဒေါင်း၏ဦးစံရှားဖြစ်ဖြစ်၊ကာတွန်းဦးအောင်ရှိန်မှရှံစားဖြစ်ဖြစ်မှားတတ်တာတွေရှိ ကြောင်း ဖော်ပြထားသည်။

ထူးထူးခြားခြား သတိပြုမိတာက ကာတွန်းဦးအောင်ရှိန်မှရှံစားဖြစ်တယ် "မှားတဲ့အခါလည်းမှားပေမပေါ့" ဆိုသည့်ပြုံးစရာ တွေကိုဖန်တီးထားတာကြောင့်ဖြစ်သည်။

အများစုကဦးစံရှားသည်အမြဲမှန်သည်ဟုယူဆရသည့်ဇာတ်ကောင်အဖြစ်ဖန်တီးထားသည်။ဦးစံရှားကလူတစ်ယောက်ကိုအကဲခတ်လျှင် သူလာသောအရပ်ကိုသိသည်။သူလုပ်သောအလုပ်ကိုလည်းခန့်မှန်နိုင်တယ် မှန်းသမျှမှန်တတတ်တယ်။

ကာတွန်းဦးအောင်ရှိန်မှရှံစားမှာမူမှန်သမျှလွဲတတ်သည်။ဒါဆိုရင် ဦးစံရှား၊ရှားလောဟုမ်း မမှားပြီလား။မှားပါသည်။လူသည်မှားတတ်သည်။အမှားနှင့်နေကြရသည်။ထိုအမှားကို သင်ခန်းစာယူနိုင်သည့်အခါ အောင်မြင်သူတစ်ယောက် ဖြစ်လာမည်ဖြစ်သည်။

မကြာသေးမှီက ဖတ်ခဲ့ရသော Reader'Digest မဂ္ဂဇင်းမှဆောင်းပါတပုဒ်မှာ လူငယ်တယောက်သည် သူပထမဦးဆုံးရသော ကားကိုအစမ်းမောင်းထွက်ခဲ့သည်။နောက်အဂေးပြေးကားလမ်းမကြီးပေါ်ကိုတက်မောင်းခဲ့သည်။အဝေးပြေးလမ်းမကြီးကိုမောင်းရသည်မှာအရသာရှိလှသည်။လမ်းပေါတွင်လူတယောက်မှမရှိ။လျောခနဲလျောခနဲမောင်းသွားနိုင်သည်။

သို့သော်မော်တော်ကားတစုံတခုဖြစ်ခဲ့လျှင်အတော်လေးခက်ခဲတာတွေ့ရသည်။ကားမောင်းနေရင်းလူငယ်၏ကားလေးသည်။ချောင်းဆိုးလာသည်။ဖွတ်ချက်ဖွတ်ချက်နှင့်ကားစက်ရပ်သွားသည်။စစ်ဆေးကြည့်တော့ဆီပြတ်၍ရပ်သွားခြင်းဖြစ်သည်။

ထိုအချိန်မှာပဲမိုးတအားရွာချလိုက်သည်။လူငယ်ရွှဲရွှဲစိုကုန်သည်။(၃)မိုင်ခန့်ဝေးသောဓာတ်ဆီဆိုင်ကိုအသွားအပြန်လမ်းလျှောက်သွားရသည်။
မိုးတွေလေတွေအကြားကြွက်စုတ်ဖြစ်သွားသည်။အေးချမ်းသည့်ရာသီဥတုဒါဏ်ကိုခံရသည်။အချိန်ကုန်လူပမ်းဖြစ်ခဲ့ရသည်။

အိမ်ပြန်ရောက်တော့အမေကသက်ပြင်းချသည်။အဖေကတော့ဘာမှမပြောပေ။အဖိုးကမေးတယ် ဘာဖြစ်တာလဲ ကားဆီကုန်သွားတယ် မသွားခင်ဆီမထည့်သွားဘူးလား။

ကားဆိုတာ ဆီရှိမှသွားလို့ရတာ ဆီရှိမရှိစစ်ဆေးမသွားဘူးလား။ပစ္စည်းတစ်ခုကိုသုံးမယ်ဆိုရင် ဉာဏ်သုံးရတယ်လို့အဖိုးပြောတာခံခဲ့ရပါတယ်။

ကျနော်မစဥ်းစားမိခဲ့ဘူးဖိုးဖိုး

လူတွေဟာဦးနှောက်မသုံးရင်ခြေထောက်သုံးရတယ် အပြသ်တင်တာမဟုတ်ဘူး နောင်ကိုဦးနှောက်သုံးဖို့ ခုသင်ခန်းစာပဲလို့ဖိုးဖိုးပေးတဲ့သင်ခန်းစာကိုသဘောပေါက်သွားတယ်။

အမှားကိုလက်ခံပါ။
သင်ခန်းစာယူပါ။ဖြစ်နိုင်လျှင် မိမိအမှားကိုမှတ်တမ်းပြုစုထားပါ။သိပ္ပံပညာသည် အမှန်ချည်းသက်သက်မဟုတ်ပါ။အမှားများကိုမှတ်တမ်းတင်ထားရှိသည်။ အမှားကိုပယ်တယ်။ အမှားတွေကိုထုတ်ပစ်ပြီးအမှန်တွေကိုအထပ်ထပ် ဆန်းစစ်စုစည်းထားခြင်းသာဖြစ်တယ်။

သိပ္ပံပညာရှင်များသည်ပါရမှီရှင်များဖြစ်ကြသည်။သို့သော်
ထိုပါရမှီပညာရှင်များလည်းမှားကြသည်။

အာခီမီးဒီးသည်ရေချိုးခန်းမှ အဝတ်မပါပဲ နန်းတော်သို့ပြေးသွားခဲ့ဘူးသည်။အိုင်းစတိုင်းသည် ကြောင်ကြီးအတွက် အပေါက်နှင့်အတူကြောင်လေးတွေအတွက် အပေါက်ကလေးတွေ ထပ်ဖောက်ပေးသည်။

အက်ဒီဆင်သည် သူ့အနားတွင် စားပြီးသားပန်ကန်ပြားကိုချထားပါက သူစားသောက်ပြီးပြီဟုထင်မှတ်ကာ အလုပ်သာဆက်လုပ်နေတတ်သည်။ ဆိုလိုသည်က လူတို့သည် အမှားတွေနှင့်နေကြသည်။

အမှားတွေထဲကသင်ခန်းစာများကိုယူကာ လူ့ဘောင်ကြီးတိုးတက်လာခြင်းဖြစ်သည် သင်ကိုယ်တိုင်ကြုံတွေ့ရသောအမှားတွေကိုသင်ခန်းစာယူကာ အကောင်းဆုံးပြုပြင်ကာ
နောင်လာနောက်သားများအတွက် နည်းလမ်းကောင်းများကိုဖော်ပြရင်း အမှားအမှန်ကိုထောက်ပြကာ လူငယ်လူရွယ်တွေ သင်ယူတတ်စေဖို့
မှန်ကန်စွာ ရွေးချယ်မှုပြုပြီး
နေထိုင်သွားကြရမှာဖြစ်ပါတယ်လို့တိုက်တွန်းပါတယ်။

အမျိုးစောင့်လူငယ်များကွန်ရက်အသင်း နှင့်စေတနာရှင် (၇)ရက်သားသမီး ညီအကိုမောင်နှမများ၏ (၁၈)ကြိမ်မြောက် ပရဟိတအလှူတော်မင်္ဂလာပွဲမှာဟောပြောဖြစ်ခဲ့တဲ့ကျမရဲ့ပထမဦးဆုံးသော စာပေဟောပြောပွဲဖြစ်ပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်🙏

နန်းဝေ(ပျူပုတီး

12/08/2023
10/08/2023

မိသားစုဆိုတာ

သိုင်းပညာကို ဦးလေးအငယ်ဆုံးအတွက် အိမ်ခေါ်
သင်စေခဲ့တဲ့ဘိုးဘွားတွေကိုအမြဲသတိရမိတယ်။ကလေးအရွယ်ဆိုတော့ မောင်နှမတွေလဲလိုက်သင်ကြတာပျော်စရာပါပဲ သိုင်းပညာကိုချစ်တယ်။

လူငယ်တွေမှာ အပေါင်း အသင်းကြောင့် အတွေးမှားအမြင်မှား အသိမှားပြီး လမ်းမှားရောက်နေကြတာများတယ် ကျမတို့ကငယ်သေးတာပေါ့ မှတ်မိတဲ့အရွယ်ပါပဲ

တဆွေလုံးတမျိုးလုံးမှတ်သားလိုက်မိကြတာကတော့ မူးယစ်ဆေးဝါးဟာ လုံးဝ မသုံးသင့်ကြောင့်နှင့် လူတွေကိုလုံးဝကြောင်းကျိုးမပြုတဲ့အပြင်

ဘဝတွေပါဆုံးရှုံးပြီး လူညွှန့်တုံးစေနိုင်တာကြောင့် အဖိုးအဖွားတို့မှ တတပ်တအားပါဝင်ကာ အမြစ်ဖြတ်ခဲ့ကြရတာ

ရွာမှာရှိတဲ့ လူကြီး လူလတ် လူငယ် လူရွယ် အရွယ်စုံ ကလေးပါမကျန်း အသိပညာဗဟုသုတတွေနှင့်အတူ မှတ်ဉာဏ်ထဲရိုက်ထည့်ပေးစရာမလိုပဲ

မေတ္တာနဲ့ပြသပြီးသိနားလည်စေခဲ့တာ ဘဝတသက်တာမှာ ဘယ်တော့မှမေ့လို့မရတဲ့အရာတခုပါ။

ဦးလေးကငွေကြေးသုံးစွဲနိုင်တော့ မြို့တက်ကာ အပေါင်း အသင်းမှားပြီး ဆေးချနေတာလို့သိရတာပေါ့

အဘိုးအဖွားတို့က ဦးလေးကို မဆူမငေါက်ပါဘူး သိနား လည် အောင်ရှင်းပြခဲ့တယ် ဦးလေးကိုယ်တိုင် ဆေးဖြတ်တဲ့အချိန်တွေ

ကျမတို့မြင်တွေ့ရတော့ တကယ်ကြောက်ခဲ့သလို နောက်နောင်လည်း မူးယစ်ဆေးသုံးစွဲတာ မတွေ့ရှိကြရတော့ပါဘူး

ကိုယ်တိုင်ပြုပြင်ချင်စိတ်ရှိတဲ့ဦးလေးနဲ့သူအပေါင်းအသင်းတွေက ဆေးထတဲ့အချိန်တွေကိုကြိုးစားတောင့်ခံကြပြီး အတုယူကြဖို့ မကောင်းတာကိုဆက်မလုပ်ပဲ ဘာဖြစ်နေပါစေခက်ခဲပါစေ

ရအောင် ဖြတ်ခဲ့ကြတယ်
ချွေးတွေသံတွေနဲ့ ကြိုးတွေချည်ထားခဲ့ရတဲ့ပုံတွေ ဘယ်မေ့လို့ရမလဲ ကြောက်လဲကြောက်ခဲ့သလို အသွေး အသားထဲစိမ့်ဝင်တဲ့အထိမှတ်မိပါတယ်

စားရင်းငှားတွေပါမနေရ ပဲစောင့်ကြတ်ခဲ့ကြရပုံတွေပေါ့
အားရှိစေတဲ့အာဟာရတွေ အသီးအနှံတွေနဲ့ စကားချိုချိုသာသာပြောခဲ့တာတွေ မိသားစုရဲ့နွေးထွေးခြင်းတွေက အားလုံးကိုကျော်ဖြတ်နိုင်ခဲ့ကြတယ်။

ကိုယ်ကာယကြံခိုင်စေပြီး စိတ်ဓာတ်တွေ ပြောင်းလဲစေဖို့ သိုင်းပညာရှင်ကို လစာပေးခေါ်ယူသင်ကြားစေခဲ့တယ် မိသားစုရဲ့မေတ္တာတရားတွေ

ဦးလေးတယောက်တည်းမဟုတ်ပါဘူး ရွာမှာရှိတဲ့လူငယ်လူရွယ်တွေအကုန်ပါတယ် ရွာမှာရှိတဲ့လူငယ်အားလုံးကို တစုတစည်းတည်းပြုပြင်ပေးခဲ့တယ်လမ်းကြောင်းအမှန်ပေါ်ပြန်တင်ပေးခဲ့တဲ့တွေးခေါ်မြော်မြင်မှုကို ပြန်တွေးရင်း တစိမ့်စိမ့်ကျေးဇူးတင်မိတယ်

စည်းလုံးခြင်းကအရာရာကိုအောင်နိုင်ခဲ့ပါတယ် ဦးလေး နှင့်အတူလူငယ်တွေအကုန်လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ခဲ့ကြရုံမကပဲ နောင်လာနောက်သားတွေအတွက်အတုယူစရာ ရပ်မိရပ်ဖတွေဖြစ်နေကြပါပြီအခုတော့

ဦးလေးကိုယ်တိုင် မိသားစုနဲ့သိုက်သိုက်ဝန်းဝန်းအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တာကြောင့် သာရေးနာရေးကအစ အားလုံးစည်းလုံးစွာရှိနေကြတာ ယနေ့အထိမင်္ဂလာရှိနေတာတွေ့မြင်နေကြရပါတယ်။

နန်းဝေ(ပျူပုတီး)

10/08/2023

လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း

ကမ္ဘာပေါ်မှာ အထင်ရှားဆုံး စိတ်ကူးယဥ် စုံထောက် ရှားလော့ဟုမ်းကို ဆရာကြီးရွှေဥဒေါင်းက ဘာသာပြန်ထားပါတယ်။စိတ်ဝင်စားစရာကောင်းလို့ လေ့လားမှတ်သား ဖတ်ခဲ့ရပါတယ်။

ဆရာကြီးကွန်နယ်ဒွိုင်း၏ရှားလော့ဟုမ်းသည် အရမ်းတိကျသည်။မှန်ကန်သည်။
အတည်အခန့်၊အတွေးအခေါ်စရိုက်များပီပြင်လှသည့်ဇာတ်ကောင်အဖြစ်ဖန်းတီးထားပါတယ်။

ဆရာကြီးရွှေဥဒေါင်းက ရှားလော့ဟုမ်းကိုဘာသာပြန်ကာ ဦးစံရှာဖြစ်လာသည်။ဦးစံရှားမှတဆင့်ကာတွန်းဦးအောင်ရှိန်မှရှံစားဖြစ်လာသည်။

ကာတွန်းဦးအောင်ရှိန်မှရှံစားသည်ဟာသဖြစ်သည်။
ကွန်နယ်ဒွိုင်း၏ရှားလော့ဟုမ်းပဲဖြစ်ဖြစ်၊ဆရာကြီးရွှေဥဒေါင်း၏ဦးစံရှားဖြစ်ဖြစ်၊ကာတွန်းဦးအောင်ရှိန်မှရှံစားဖြစ်ဖြစ်မှားတတ်တာတွေရှိ ကြောင်း ဖော်ပြထားသည်။

ထူးထူးခြားခြား သတိပြုမိတာက ကာတွန်းဦးအောင်ရှိန်မှရှံစားဖြစ်တယ် "မှားတဲ့အခါလည်းမှားပေမပေါ့" ဆိုသည့်ပြုံးစရာ တွေကိုဖန်တီးထားတာကြောင့်ဖြစ်သည်။

အများစုကဦးစံရှားသည်အမြဲမှန်သည်ဟုယူဆရသည့်ဇာတ်ကောင်အဖြစ်ဖန်တီးထားသည်။ဦးစံရှားကလူတစ်ယောက်ကိုအကဲခတ်လျှင် သူလာသောအရပ်ကိုသိသည်။သူလုပ်သောအလုပ်ကိုလည်းခန့်မှန်နိုင်တယ် မှန်းသမျှမှန်တတတ်တယ်။

ကာတွန်းဦးအောင်ရှိန်မှရှံစားမှာမူမှန်သမျှလွဲတတ်သည်။ဒါဆိုရင် ဦးစံရှား၊ရှားလောဟုမ်း မမှားပြီလား။မှားပါသည်။လူသည်မှားတတ်သည်။အမှားနှင့်နေကြရသည်။ထိုအမှားကို သင်ခန်းစာယူနိုင်သည့်အခါ အောင်မြင်သူတစ်ယောက် ဖြစ်လာမည်ဖြစ်သည်။

မကြာသေးမှီက ဖတ်ခဲ့ရသော Reader'Digest မဂ္ဂဇင်းမှဆောင်းပါတပုဒ်မှာ လူငယ်တယောက်သည် သူပထမဦးဆုံးရသော ကားကိုအစမ်းမောင်းထွက်ခဲ့သည်။နောက်အဂေးပြေးကားလမ်းမကြီးပေါ်ကိုတက်မောင်းခဲ့သည်။အဝေးပြေးလမ်းမကြီးကိုမောင်းရသည်မှာအရသာရှိလှသည်။လမ်းပေါတွင်လူတယောက်မှမရှိ။လျောခနဲလျောခနဲမောင်းသွားနိုင်သည်။

သို့သော်မော်တော်ကားတစုံတခုဖြစ်ခဲ့လျှင်အတော်လေးခက်ခဲတာတွေ့ရသည်။ကားမောင်းနေရင်းလူငယ်၏ကားလေးသည်။ချောင်းဆိုးလာသည်။ဖွတ်ချက်ဖွတ်ချက်နှင့်ကားစက်ရပ်သွားသည်။စစ်ဆေးကြည့်တော့ဆီပြတ်၍ရပ်သွားခြင်းဖြစ်သည်။

ထိုအချိန်မှာပဲမိုးတအားရွာချလိုက်သည်။လူငယ်ရွှဲရွှဲစိုကုန်သည်။(၃)မိုင်ခန့်ဝေးသောဓာတ်ဆီဆိုင်ကိုအသွားအပြန်လမ်းလျှောက်သွားရသည်။
မိုးတွေလေတွေအကြားကြွက်စုတ်ဖြစ်သွားသည်။အေးချမ်းသည့်ရာသီဥတုဒါဏ်ကိုခံရသည်။အချိန်ကုန်လူပမ်းဖြစ်ခဲ့ရသည်။

အိမ်ပြန်ရောက်တော့အမေကသက်ပြင်းချသည်။အဖေကတော့ဘာမှမပြောပေ။အဖိုးကမေးတယ် ဘာဖြစ်တာလဲ ကားဆီကုန်သွားတယ် မသွားခင်ဆီမထည့်သွားဘူးလား။

ကားဆိုတာ ဆီရှိမှသွားလို့ရတာ ဆီရှိမရှိစစ်ဆေးမသွားဘူးလား။ပစ္စည်းတစ်ခုကိုသုံးမယ်ဆိုရင် ဉာဏ်သုံးရတယ်လို့အဖိုးပြောတာခံခဲ့ရပါတယ်။

ကျနော်မစဥ်းစားမိခဲ့ဘူးဖိုးဖိုး

လူတွေဟာဦးနှောက်မသုံးရင်ခြေထောက်သုံးရတယ် အပြသ်တင်တာမဟုတ်ဘူး နောင်ကိုဦးနှောက်သုံးဖို့ ခုသင်ခန်းစာပဲလို့ဖိုးဖိုးပေးတဲ့သင်ခန်းစာကိုသဘောပေါက်သွားတယ်။

အမှားကိုလက်ခံပါ။
သင်ခန်းစာယူပါ။ဖြစ်နိုင်လျှင် မိမိအမှားကိုမှတ်တမ်းပြုစုထားပါ။သိပ္ပံပညာသည် အမှန်ချည်းသက်သက်မဟုတ်ပါ။အမှားများကိုမှတ်တမ်းတင်ထားရှိသည်။ အမှားကိုပယ်တယ်။ အမှားတွေကိုထုတ်ပစ်ပြီးအမှန်တွေကိုအထပ်ထပ် ဆန်းစစ်စုစည်းထားခြင်းသာဖြစ်တယ်။

သိပ္ပံပညာရှင်များသည်ပါရမှီရှင်များဖြစ်ကြသည်။သို့သော်
ထိုပါရမှီပညာရှင်များလည်းမှားကြသည်။

အာခီမီးဒီးသည်ရေချိုးခန်းမှ အဝတ်မပါပဲ နန်းတော်သို့ပြေးသွားခဲ့ဘူးသည်။အိုင်းစတိုင်းသည် ကြောင်ကြီးအတွက် အပေါက်နှင့်အတူကြောင်လေးတွေအတွက် အပေါက်ကလေးတွေ ထပ်ဖောက်ပေးသည်။

အက်ဒီဆင်သည် သူ့အနားတွင် စားပြီးသားပန်ကန်ပြားကိုချထားပါက သူစားသောက်ပြီးပြီဟုထင်မှတ်ကာ အလုပ်သာဆက်လုပ်နေတတ်သည်။ ဆိုလိုသည်က လူတို့သည် အမှားတွေနှင့်နေကြသည်။

အမှားတွေထဲကသင်ခန်းစာများကိုယူကာ လူ့ဘောင်ကြီးတိုးတက်လာခြင်းဖြစ်သည် သင်ကိုယ်တိုင်ကြုံတွေ့ရသောအမှားတွေကိုသင်ခန်းစာယူကာ အကောင်းဆုံးပြုပြင်ကာ
နောင်လာနောက်သားများအတွက် နည်းလမ်းကောင်းများကိုဖော်ပြရင်း အမှားအမှန်ကိုထောက်ပြကာ လူငယ်လူရွယ်တွေ သင်ယူတတ်စေဖို့
မှန်ကန်စွာ ရွေးချယ်မှုပြုပြီး
နေထိုင်သွားကြရမှာဖြစ်ပါတယ်လို့တိုက်တွန်းပါတယ်။

နန်းဝေ(ပျူပုတီး)

Want your business to be the top-listed Jewelery/watch Store in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Category

Website

Address

Yangon
Other Jewelry/Watches in Yangon (show all)
Htoo Gold and Jewelry ထူး စိန်ရွှေရတနာ Htoo Gold and Jewelry ထူး စိန်ရွှေရတနာ
42(C)Yaw Min Gyi Street, Dagon Township
Yangon, 11191

မင်္ဂလာပါရှင် 😊 ထူး ကျောက်မျက်နှင့် စိန်ရွှေရတနာဆိုင် မှကြိုဆိုပါတယ်ရှင့်

နာရီဆိုင်- Narre Sine နာရီဆိုင်- Narre Sine
Thingangyun
Yangon

Good Quality,Fair Price

Zappy 3D Jewel Design Training Zappy 3D Jewel Design Training
No(4), Ground Floor, , Dhama Wi Ha Ra, Short Street, Tamwe Tsp
Yangon, 11201

Success Together

KHIN Collections Gems & Jewellery KHIN Collections Gems & Jewellery
No. 22(B), Pyi Thar Yar Street, Qtr-16, Yankin Township
Yangon, 11081

You can buy confidently designed and beautiful Myanmar Jewelry.

Shwe Latyar-Goldsmith Shwe Latyar-Goldsmith
North Okkalapa
Yangon

Trusted & Quality Products

MSS jewellery MSS jewellery
Kabar Aye Pagoda Road
Yangon

(Jewelry shop)Quality products with reasonable price

Shi Jewellery Shi Jewellery
Shwe Pyi Aye Street
Yangon, 11181

All the pieces are pure silverware and Shi Jewellery is an enterprise of silversmith or any kinds of

MZKZ Jewellery MZKZ Jewellery
Yangon

We sell the natural burma gems and jewels.

Pretty Polly 925 Silver Collection Pretty Polly 925 Silver Collection
Yangon

Beauty and Smart

TIARA by Shun TIARA by Shun
B292, B293, 2F (Level 2), Times City Jewellery Mall, Corner Of Hanthawaddy Road & Kyuntaw Road
Yangon, R48H+QCYANGON

We provide fine jewelleries with high-quality diamonds and gemstones which are locally crafted.

PoMo Online Watch Store PoMo Online Watch Store
Yangon

Watches

Online Palace Shopping Online Palace Shopping
Yangon

Thailand direct online shopping