အညာတန်ဆောင်_Anyar Tansaung
Local products
အထူးဧည့်သည်တော်ဝယ်သူလေးတွေ….. 🤍
ဂျုံနှံ 🌾🧺
A sunny day with 2in1 straw bag ⛅️
ရာသီဥတုကပူအိုက်အိုက် မီးကပျက်ပျက်နဲ့ ကျုပ်ကတော့ ဂျုံရိုးယပ်တောင်လေးပဲ အားကိုးနေရတယ်တော်……..
#ဂျုံရိုးယပ်တောင်
တော်ဝင်ဖျာလေးကပွဲတွေမှာဆို အဓိကဇာတ်ဆောင်ပဲတော်ရေ
ဘာလို့ဒီလိုပြောရလဲဆိုတော့…….
Pop up shop လေးတွေစသွားဖြစ်ကတည်းကဆိုပါတော့။တွေ့တာနဲ့ လူတိုင်းဆီက “ဟယ် လှလိုက်တာတော်” ဆိုတာ ကြားနေကျပဲပေါ့။ ၂ပေ/၃ပေ ဆိုဒ်လေးတွေရှိတုန်းကလည်း ဟိုနေရာလေးသုံးမယ် ဒီနေရာလေးသုံးမယ်နဲ့ ကျုပ်တောင်မှ မတွေးမိပါဘူးတော်။ ဝယ်သူလေးတွေဆီကကြားရမှပဲ အတွေးလေးတွေပိုရတော့တာအေ့။ (၄)ပေဆိုဒ်ဆိုရင်တော့ ပြောမနေပါနဲ့တော့။တချို့ပွဲတွေဆို ပါသွားတဲ့အချပ်ရေတောင်မလောက်လို့ preorder တွေတင်လိုက်ကြ၊ ပွဲမပြီးခင် ပစ္စည်းထပ်ထည့်ရနဲ့ တအားရောင်းကောင်းခဲ့တာတော့။ အခုတော့ အဲ့အချိန်လေးတွေ ပြန်သတိရမိပါရဲ့အေ။ တစ်ခါက ပွဲတစ်ခုမှာလည်း ဝယ်သူက ဝယ်ပြီးလိပ်သွားတာပေါ့။ ပွဲအမှတ်တရဓာတ်ပုံရိုက်တော့ အမှတ်တမဲ့ပါသွားတာ အဲ့ပုံလေးက။ ဖြစ်ချင်တော့ ပစ္စည်းက stock ကုန်နေပြီလေ။ နောက်တစ်ရက်ကျ အဲ့ပုံထဲကဖျာလေးဆိုပြီး လာပြပြီးဝယ်ကြတာ ကျုပ်ဖြင့် အားတွေနာလိုက်ရတာ။ ပစ္စည်းကမရှိ၊ ကျုပ်လည်း ရောင်းပေးချင်တာပေါ့တော်။ နောက်တော့ ကျုပ်လည်း ပွဲတွေသွားမယ်ဆို တော်ဝင်ဖျာလေးကို အလုံအလောက် ထည့်သွားမှ တော်ကာကျတော့တယ်ဗျို့။ ဒါကြောင့်မို့ တော်ဝင်ဖျာလေးက အညာတန်ဆောင်ရဲ့ ဇာတ်ဆောင်လေး ဖြစ်နေရတာပေါ့။
မရှိမဖြစ် 💁🏻♀️
ထန်းခေါက်ဖာ…….
ဒီကနေ့တော့ ကျုပ်က တော်ဝင်ဖျာ ဖြစ်လာပုံကိုနည်းနည်း ပြောပြမယ်တော်ရေ။ “တော်ဝင်ဖျာ” ဆိုတဲ့နာမည်လေးက လွယ်လွယ်နဲ့ ရခဲ့တာတော့ မဟုတ်ဘူးအေ့။ ရွာက ပစ္စည်းတွေချုပ်အပြီး ရောက်လာတဲ့အခါမှာ ကျုပ်ကပစ္စည်းစာရင်းတွေစစစ်တော့တာပေါ့။ ဖွားဖွားအိပ်နေတာလည်း သတိမမူမိခဲ့ပေါင်။ ဒီလိုနဲ့ ခဏကြာ ဖွားဖွားက နိုးလာပါလေရော။ ကျုပ်ကိုလည်းပြောသေးတော်
“မိကညာ ကျုပ်တစ်ယောက်လုံး အိပ်နေတာကို ညည်းကဆူညံဆူညံတွေလုပ်နေတယ်၊ ကဲပြောစမ်းပါဦး၊ ဘာပစ္စည်းတွေအသစ်ပါလာတုန်း”
တဲ့။ ကျုပ်လည်း ဖွားဖွားစိတ်ဆိုးမှာ တစ်ကြောင်း ပစ္စည်းသစ်လေးကို လူကြီးအရင်ပြချင်သေးတာ တစ်ကြောင်းနဲ့
“ဗျို့ ဒီမှာတော့ဖျာပုံစံအသစ်လေးပါတယ်ဖွားဖွားရေ။ ကြည့်ပြီး နာမည်လေးပါပေးပေးပါဦး”
ဆိုပြန်တော့
“ညည်းဖျာက တယ်လှသကိုး၊ ဂျုံရိုးနဲ့ထန်းဖူးစပ်ထားတဲ့ အလှက ဒီလောက်တောင် တော်ဝင်ဆန်သလား။ တော်ဝင်ဖျာ လို့ပေးရင် ညည်းသဘောကျရဲ့လား မိကညာ”
ကညာတို့ခမျာလည်း သိပ်မကြိုက်ရှာပါဘူးအေ။ တန်းကိုသဘောတူလိုက်တာတော့တာပဲလေ။
ကဲ ဒါကတော့ “တော်ဝင်ဖျာ” လေး ဘယ်က ဘယ်လို ဖြစ်လာပုံလေးပေါ့နော်။ နောက်ရက်ကျ ဒီဖျာလေးကို ဘယ်လိုစိတ်ဝင်စားကြတယ် ဆိုတာလေးလည်း ပြောပြပါဦးမယ်ဗျို့။
#တော်ဝင်ဖျာ
တော်တို့ရဲ့ “အညာတန်ဆောင်” လေးက သုံးနှစ်တောင်ရှိသွားပြီတော်ရေ။ အခုချိန်ထိ အတူတူရှိနေပေးတဲ့အတွက် အားလုံးကို ကျေးဇူးအထူးပါ။ အရင်ပွဲကပုံလေးတချို့ကို အမှတ်တရ အနေနဲ့ပြန်တင်လိုက်ရပါတယ်ဗျို့။
နေသိပ်ပူတော့ ယပ်လေးခတ်မှပဲ စာအုပ်ဖတ်နိုင်တယ်တော့။ ခုရက်ပိုင်း လွှတ်ပူတော့ တော်တို့လည်းဂရုစိုက်ကြနော်။
#နွေ
အိတ်လေးအရမ်းကြိုက်တယ်ဆိုပဲတော်ရေ…….
သိပ်လှ 🫶🏻🥰
နွေရာသီနဲ့အလိုက်ဖက်ဆုံး 2 in 1 straw bag လေး
ဂျုံရိုးအိတ် - ၁၅၀၀၀ ကျပ်
ဂျုံရိုးဦးထုပ် - ၅၅၀၀ ကျပ်
ဂျုံရိုးအိတ်+ဦးထုပ် - ၁၉၅၀၀ ကျပ်
👒☀️⛱️
How cute they are 😻
ဘယ်ဘက်က ကြည့်ကြည့် သိပ်လှတဲ့တော်ဝင်ဖျာလေးလည်း ရှိပါသေးတယ်ဗျို့……
၄ပေ - (၂၀၀၀၀)ကျပ်
ဘာတွေပဲစျေးတက်သွားတက်သွား ဂျုံရိုးဖျာလေးတွေကိုတော့ အညာတန်ဆောင် မှာပုံမှန်စျေးလေးနဲ့ဝယ်လို့ရနေတုန်းပါဗျို့……
ဂျုံရိုးဖျာ - (၄)ပေ - ၂၀၀၀၀ ကျပ်
ဘီးလေးတွေရှိသေးတယ်ဗျို့ …..
နွေပေါက်ပြန်ပြီတော့……
ကညာ : မီးတွေကလည်း လွှတ်ပျက်။ခုရက်ပိုင်းရာသီဥတုပူရုံတင်မဟုတ်ဘူး ရင်တွေလည်းပူရတယ်တော့။
အရီး : ညည်းကများ ကြီးကြီးကျယ်ကျယ်အေ။ရင်ပူတာတော့ ကျုပ်လည်း တတ်နိုင်ပေါင်။ ရော့ ဒီမှာ အညာတန်ဆောင်က ဂျုံရိုးယပ်တောင်တွေ အများကြီး ဝယ်ထားတယ်။ အနည်းဆုံးရာသီဥတုပူတာကို ယပ်လေးခပ်နေတော့ အပူတွေတဝက်သက်သာတာပေါ့။
ကညာ : ယပ်တောင်တွေကအများကြီးပဲ အရီး။ ကျုပ်တို့ တူဝရီး နှစ်ယောက်တည်းဘယ်လိုလုပ်…..
အရီး : မိကညာရယ် ဒါတွေကို ကျုပ်ကလည်း နှစ်ယောက်တည်း သုံးမယ် မပြောပါဘူးအေ။ နေအေးရင် ရွာထဲကို ယပ်တောင်တွေ ရောက်ထားတဲ့အကြောင်း သတင်းပို့လိုက်ပေါ့တော်။
ကညာ : စောစောကမပြောဘူး ဟွန့်။
ကဲ တော်တို့ရေ…… နွေပူပူအတွက် ဂျုံရိုးယပ်တောင်လေးတွေ ထပ်ရောက်ထားတယ်တဲ့ဗျို့။
ဂျုံရိုးယပ်တောင် _ (၃၅၀၀) ကျပ်
⛱️🌵☀️
လှလည်းလှ idea လေးကလည်းကောင်း ပြည်တွင်းဖြစ်ကိုလည်းအားပေးရာရောက် ဘယ်လောက်ကောင်းလဲလို့ 🫶🏻🥰
ဘီးသေးသေးလေး အရမ်းတန်ပြီး ပွဲတွေမှာဆိုအရမ်းကြိုက်ကြတယ်ဗျို့ 🤎
👱♀️ဆံသားအလှထိန်းသိမ်းဖို့ DT ရဲ့ Silky Hair Serum
👩🦰ဆံပင်မွဲခြောက်ပြီး ဝိတ်မရှိ နှစ်ခွဖြစ်နေတဲ့ဆံသားတွေ အရောင်ခဏခဏဆိုးလို့ ပျော့ပျောင်းမှုမရှိဘဲအဖျားတွေငြိနေတဲ့ဆံပင်လေးတွေအတွက် Argan Oil, Jojoba Oil, Avocado Oil တို့နဲ့ ထုတ်လုပ်ထားတဲ့ DT ရဲ့ ဘယ်လောက်လိမ်းလိမ်း လုံးဝမစေးကပ်တဲ့ Silky Hair Serum လေးသုံးကြည့်ဖို့အကြံပေးပါရစေ
💧လိမ်းပြီးတာနဲ့ ဆံပင်ကို ချက်ခြင်းစိုပြေတောက်ပနူးညံ့ခြောမွေ့စေကာ မွဲခြောက်နေတဲ့ ဆံပင်ကို ပြန်လည်အသက်ဝင်ပိုမိုစိုပြေစေပြီး နေ့စဉ် လေထု ညစ်ညမ်းမှုများမှလည်း ကာကွယ်ပေးပါတယ်
❤️ကဲဒါဆို လိမ်းလိုက်တာနဲ့ ဆံပင်ကို ချက်ချင်းစိုပြေတောက်ပစေပြီး မွဲခြောက်နေတဲ့ ဆံပင်ကို ပြန်လည်အသက်ဝင်လာစေဖို့ဆောင်ထားလိုက်တော့နော်…
"Transform Frizz to Fabulous with Our Silky Hair Serum. Shine On, Confidently!"
#မြန်မာပြည်တွင်ထုတ်လုပ်သည်
ဆောင်းတွင်းကြီးလည်းယပ်တောင်အော်ဒါလေးတွေတက်တယ်တော့။ဂျုံရိုးယပ်တောင်လေးတွေအများကြီးထပ်ရောက်ထားတယ်နော်။
ဂျုံရိုးယပ်တောင် - (၃၃၀၀) ကျပ်
2in1 straw bag လေးဘယ်ရောက်နေပါလိမ့် 🤔👜
🏞️👒
မနေ့က Cash Back Coupon လေးတွေကို အညာတန်ဆောင်မှာ အများကြီးသုံးပေးသွားကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ဗျို့။ Coupon နဲ့အများဆုံးလာဝယ်တာကတော့ ယပ်တောင်လေးတွေပေါ့။ တော်တို့ရော မနေ့က TFC cash back coupon နဲ့ ဘာပစ္စည်းလေးတွေ ဝယ်ခဲ့ကြလဲတော်။
Click here to claim your Sponsored Listing.
Videos (show all)
Category
Website
Address
Yangon
💥ယီးတောင်တဲ့ချိုချဥ်ဆိုတာ Flight Candy တစ်မျိုးဘဲ ရှိတာပါ အခြားနာမည်နဲ့ ချိုချဉ်တွေ တရုတ်ကနေ အတုဝင်လာနေပြီ သတိထားကြပါ💥
Yangon
Gogo online shopမှကြိုဆိုပါတယ်ရှင့်❤️ မြန်မာဝတ်စုံ ခေတ်ဆန်ဆန်လေးတွေအပြင် SHEIN productsများလည်း ဝယ်ယူနိုင်ပါတယ်ရှင့်❤️
Yangon, 11111
if you cannot do something but grandpa ngang can do whatever you want.
Tamwe
Yangon, 11211
စမတ်ကျကျနဲ့ လန်းနေနိုင်ဖို့ Vintage Color က ရှပ်လေးတွေကို ဝတ်ကြပါစို့😍