E-Shopping Today 4U

E-Shopping Today 4U

UPS, Inverter နှင့် Battery များ ရောင်းချတပ်ဆင်ခြင်း၊ ပြုပြင်ခြင်းများကို အာမခံဖြင့်ဆောင်ရွက်ပေးပါသည် Hello!

At New Relic Techno, we import, sell and install many types of UPS and Solar system Inverters and Batteries with warranty. If you express your needs, our New Relic Techno Team will coordinate and advise you to make everything convenient.

28/12/2023

OWL 5KVA Hybrid Solar Inverter နှင့် Huawei 48V100Ah Battery package ကို Solar အပါ မှာယူတပ်ဆင်ပါသော အစ်ကိုကြီးအိမ်အတွက် သွားရောက်စစ်ဆေးပေးခဲ့ပါတယ်🧑🏻‍🔧

ယုံကြည်စွာမှာယူတပ်ဆင်သောအစ်ကိုကြီးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ဗျ🙏

27/12/2023

Generator တွေမှာ Capacitor Bankသုံးသင့်သလား???

ကောင်းကျိုးဆိုးပြစ်တွေကို အရင်လေ့လာထားပြီး သုံးစေချင်လို့မို့ ဒီပို့စ်ကို ရေးလိုက်ရပါတယ်ခင်ဗျာ။

ပထမဆုံး ပြောချင်တာက Generator တွေကို Power Factor တန်ဖိုး 1 နှင့် 0.8ကြားမှာ
သတ်မှတ်ထားတဲ့ Full Load Current အတိုင်း ထုတ်လုပ်ပေးနိုင်ဖို့ ဒီဇိုင်းထုတ်ထားတာပဲ ဖြစ်ပါတယ်။

၁။Power Factor တန်ဖိုး 1(Unity)ဖြစ်ရင်

pf=1ဖြစ်တဲ့အခါမှာ kW=kVAဖြစ်ပါလိမ့်မယ်။အဲဒီအခါမှာPrime Mover က pf=0.8မှာထက် 20%ပိုပြီးအလုပ်လုပ်ရပါလိမ့်မယ်။
ဒါကြောင့်မို့လို့ pf=0.8ထက်ပိုတဲ့တန်ဖိုးနဲ့ Generatorကို သူ့ရဲ့Full Load Current ရဲ့ 75%ကနေ 100%အတွင်းသုံးမယ်ဆိုရင်Engineပိုင်းအတွက် အထူးဂရုစိုက်ပါလို့ မှာချင်ပါတယ်။

၂။Power Factor 0.8ထက်လျော့ရင်

Welding Transformer,Autotransformer,
Motor Starting,Gas Discharge Lightingစတဲ့ pfတန်ဖိုး 0.8အောက်လျော့တဲ့ Loadတွေသုံးတဲ့အခါ
တော့ Full Load Ratingထက် လျှော့သုံးရမှာဖြစ်ပါတယ်။

၃။Leading Power Factorဖြစ်ရင်

တချို့ Fluorescent Lightingတွေနဲ့ Power Factor Correction Capacitor Bankတွေဟာ Power Factor တန်ဖိုး Leadingဖြစ်ပါတယ်။
Pure Capactive Loadတွေဟာ
Generator Control Systemကို
ထိခိုက်ပျက်စီးစေနိုင်ပါတယ်။pf Leadingဖြစ်တဲ့အခါမှာ Generatorရဲ့ Excitation Voltageကိုလျော့စေပြီး Load Currentကို တိုးစေပါတယ်။
AVRက Control မလုပ်ပေးနိုင်တော့တာ၊ဗို့အားမတည်မငြိမ်ဖြစ်တာနဲ့ GeneratorကHigh Voltage ဖြစ်ပေါ်တာအထိဖြစ်နိုင်ပါတယ်။

၄။ဘာတွေသတိထားရမလဲ

အထူးသဖြင့် Standbyအနေနဲ့
ထားတဲ့ Generator တွေဟာ
Main Electricity System ပြတ်တောက်သွားတာနဲ့ စလည်ပေးပြီး လိုအပ်တဲ့ Supply ကိုပေးကြရတာဖြစ်ပါတယ်။
မီးပြတ်သွားတဲ့အခါမှာတခြား Loadတွေအားလုံးက Main Supplyနဲ့ အဆင်အသွယ်ပြတ်သွားပေမယ့် pfတိုးစေမယ့်
Lightingနဲ့ Capactor Bankစတာတွေက ဒီအတိုင်း ကျန်နေမှာဖြစ်ပါတယ်။ဒီအခြေအနေမှာ နံပါတ် ၃မှာရှင်းပြထားတဲ့အတိုင်း Generatorဟာ မတည်မငြိမ်ဖြစ်တာတွေ ဗို့အားမြင့်တက်တာတွေဖြစ်ပါလိမ့်မယ်။

၅။ဒီလိုဆိုးကျိုးမဖြစ်ပေါ်ရအောင်လို့
Power Factor Correction Capactor Bankတွေ တပ်ဆင်သုံးစွဲတဲ့အခါမှာ Power Factor Controller တပ်ဆင်သုံးစွဲခြင်းဖြင့်
ရှောင်ရှားနိုင်ပါတယ်။Power Factor Controllerဟာ မီးပျက်သွားပြီး Generatorက Supply ပြန်ရရခြင်းမှာ Capactorတွေအားလုံးကို Disconnectဖြစ်နေစေမှာမို့
Power Factor Leadingကြောင့်
Generator Starting မှာ သက်ရောက်နိုင်တဲ့ဆိုးကျိူးတွေကနေ
လွတ်ကင်းပါလိမ့်မယ်ခင်ဗျာ။

Credit - လျှပ်စစ်ဝန်ဆောင်မှုလုပ်ငန်းစု

24/12/2023

ယခုကျရောက်လာသော 🎄🌟Christmas🌟🎄 ကာလလေးမှာ လူကြီးမင်းတို့အားလုံးချစ်သူခင်သူ မိသားစုများနှင့်အတူ စိတ်ချမ်းသာပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ

စီးပွားလာဘ်လာဘတွေလည်း ဒီရေအလားတိုးတက်အောင်မြင်ကြပါစေလို့ New Relic Techno မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ🙏🙏🙏

Photos from E-Shopping Today 4U's post 23/12/2023

လှိုင်မြို့နယ်မှ လူကြီးမင်း၏နေအိမ်အတွက် OWL 5KVA Hybrid Solar Inverter နှင့် OWL 48V100Ah battery 2pcs package အား သွားရောက်တပ်ဆင်ပေးခဲ့ပါတယ်ဗျ🧑🏻‍🔧🧑🏻‍🔧🧑🏻‍🔧

မှာယူအားပေးပါသောလူကြီးမင်းအား ကျေးဇူးအထူးတင်ရှိပါတယ်ဗျ🙏🙏🙏

☎️09766885345

Photos from E-Shopping Today 4U's post 23/12/2023

Computer Backup System အတွက် Huawei brand UPS 1KVA, 3KVA တို့ကိုလည်း ကျွန်တော်တို့ New Relic Techno တွင် မှာယူနိုင်ပါတယ်ဗျ

လူကြီးမင်းတို့လေ့လာကြည့်လို့ရအောင် Specifications လေးလဲတင်ပေးလိုက်ပါတယ်ဗျ

ဆက်သွယ်ရန်
☎️09766885345

_________________________

Viber Channel
https://invite.viber.com/?g2=AQB6SyA%2Bu4MslVIPfMOYECkG3hFisUnREzygL0wSgduHCilq9bh4odzG2VLR92J5

Photos from E-Shopping Today 4U's post 22/12/2023

သာကေတမြို့နယ် ကိုမင်းသိန်းထွန်း၏နေအိမ်အတွက် OWL 5KVA Hybrid Solar Inverter နဲ့ Huawei 48V 100Ah Lifepo4 Battery 42သိန်းတန် package လေး တပ်ဆင်ပေးခဲ့ပါတယ်ဗျ🧑🏻‍🔧

မှာယူအားပေးပါသော အစ်ကိုကြီးလည်း စီးပွားရေးတွေဆထက်တပိုး တိုးတက်ပါစေလို့ ကျေးဇူးတင်စွာနဲ့ဆုတောင်းပေးပါတယ်ဗျ🙏

OWL Inverter လေးတွေ stock နည်းနေပြီမို့ တပ်ဆင်လိုသူများ Promotion အမီ မှာယူထားကြနော်💙

ဆက်သွယ်ရန်
09766885345

Photos from E-Shopping Today 4U's post 21/12/2023

မြောက်ဒဂုံမှ Sky Line Tea Shop အတွက် 5KVA Hybrid Solar Inverter နှင့် Huawei 48V100Ah Lifepo4 Battery 42သိန်းတန် package အား သွားရောက်တပ်ဆင်ပေးခဲ့ပါတယ်ဗျ🧑🏻‍🔧

ဖုန်းဆက်ပြီးတာနဲ့ချက်ခြင်းယုံကြည်စွာမှာယူတပ်ဆင်ပေးပါသော Sky Line Tea Shop ဆိုင်ပိုင်ရှင် ကိုသားကြီးအား အထူးပင်ကျေးဇူးတင်ပါတယ်ဗျ💙

ဆက်သွယ်ရန်
09766885345

20/12/2023

📣🎄Christmas အမီ တန်မှတန်တဲ့ Promotion လေးလာပါပြီ

✅ Promotion package လေးကတော့ OWL brand 5KVA Hybrid Inverter + Huawei 48V 100Ah Lifepo4 Battery set ပဲဖြစ်ပါတယ်

💯 Warranty 2 နှစ်ပေးတဲ့ Inverter နဲ့ warranty 5နှစ်(3+2) ပေးတဲ့ Grade A battery ကို ပုံမှန်ဈေး 49သိန်းကျော်ကနေ အခု 42သိန်းအတိနဲ့ ရန်ကုန်မြို့တွင်း တပ်ဆင်ခ free နဲ့ဆိုတော့ ဒီဟာမှမတန်ရင် ဘယ်ဟာတန်ဦးမလဲပြော

⚡ မီးလိုင်းခွဲပေးပါဆိုရင်လဲ သက်သာသော charges လေးနဲ့ ဝန်ဆောင်မှုပေးပါသေးတယ်

အသုံးပြုနိုင်တာတွေကတော့
⚡Aircon ⚡motor ⚡refrigerator ⚡lighting ⚡မီးပူ ⚡computer ⚡ထမင်းအိုး စတာတွေကိုအသုံးပြုလို့ရပါတယ်
⛑️ ဘာပဲသုံးသုံး အလှည့်ကျတော့သုံး... safety first လေနော့်

🏠အိမ်သုံး
📊အသေးစားလုပ်ငန်းသုံး
🏪24 hours ဈေးဆိုင်
☕လက်ဖက်ရည်ဆိုင် စသဖြင့်လိုအပ်ချက်ပေါ်မူတည်ပြီး အသုံးပြုလို့ရ‌တယ်နော်
⏳ အသုံးပြုတဲ့ပစ္စည်းပေါ်မူတည်ပြီး backup ကြာချိန်ကွာသွားတာဆိုတော့ များများသုံးချင်ရင် battery သာ ထပ်တိုးလိုက်

🩷Promotion အချိန်မှာ အတန်ဆုံးရတာမို့လို့ stock မရှိတော့မှ မရလိုက်ဘူးမဖြစ်ရလေအောင် တွေဝေမနေဘဲအမြန်ဆင်ထားလိုက်တော့နော်

ဆက်သွယ်ရန်
☎️ 09766885345

Photos from E-Shopping Today 4U's post 20/12/2023

သာကေတမှလူကြီးမင်း၏နေအိမ်အတွက် 5K backup system လေးတပ်ဆင်ခဲ့ပုံကိုမျှဝေပေးလိုက်ပါတယ်ရှင့်🧑🏻‍🔧

Owl 5KVA inverter လေးတွေလည်း လက်မလည်အောင်ဆင်နေရတာနော်💯

OWL 5K hybrid inverter နဲ့ Huawei 48V 100Ah Grade A battery package ကိုမှ 42သိန်းကျပ်နဲ့ promotion လေးလုပ်ထားတာမို့ လမကုန်ခင် အမြန်မှာယူတပ်ဆင်ကြတော့နော့်☺️

Promotion အသေးစိတ်ကိုလည်း ထပ်မံတင်ပေးသွားပါမယ်ရှင့်📣

ဆက်သွယ်ရန်
09 766 815 345
09 969 318 363

Photos from E-Shopping Today 4U's post 18/12/2023

3K backup system, 5K backup system စသဖြင့် site အသီးသီးကို မျှဝေပေးလိုက်ပါတယ်🧑🏻‍🔧
မှာယူအားပေးကြတဲ့ customer များကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်🙇‍♀️

အရည်အသွေးအာမခံပြီး ဈေးနှုန်းသက်သာတဲ့ပစ္စည်းလေးတွေရှာနေရင်တော့ New Relic Techno ကိုသာဆက်သွယ်လိုက်တော့နော်☎️

Inverter,UPS နဲ့ Battery မျိုးစုံကို တာဝန်ယူမှုအပြည့် After sales service အကောင်ဆုံးပေးပြီးရောင်းချပေးနေပါတယ်💯

Hybrid inverter, Solar, Lifepo4 Battery, Online UPS, Offline UPS, Gel Battery စသဖြင့် လူကြီးမင်းတို့အသုံးပြုချင်တဲ့ပစ္စည်း၊ brand၊ budget တွေကိုသာ အပွင့်အလင်းဆုံးပြောပြလိုက် ... မင်မင်တို့က အကြံပေးဖို့အသင့်ပဲ😎

Installer များ Reseller များကိုလဲ warmly welcome ပါရှင့်🥰

ဆက်သွယ်ရန်ဖုန်း
09 766 885 345(Engineer)
09 969 318 363(Sale)

Photos from E-Shopping Today 4U's post 18/12/2023

ဒဂုံဆိပ်ကမ်းမှ အစ်ကိုကြီးရဲ့နေအိမ်အတွက် OWL 7KVA Hybrid Inverter နှင့် OWL 48V 100Ah Battery 2လုံး သွားရောက်တပ်ဆင်ခဲ့တာလေးကိုမျှဝေပေးလိုက်ပါတယ်ရှင့်🧑🏻‍🔧🧑🏻‍🔧🧑🏻‍🔧

အပြိုင်အဆိုင်မှာယူအားပေးမှုတွေကြောင့် OWL 7KVA Inverter လေးက out of stock ဖြစ်သွားပါပြီနော်😲😲😲

စိတ်မပူပါနဲ့... လကုန်ပြီးရင်ထပ်ရောက်ဦးမှာမို့ Preorder တင်ထားလို့လဲရပါတယ်ရှင့်🤩🤩🤩

5KVA Inverter package လေးတော့ ပစ္စည်းလဲရှိ promotion 3,596,000ကျပ်နဲ့လဲရှိသေးတာမို့ မရလိုက်ဘူးမဖြစ်ရလေအောင် အမြန်ဆုံးဆက်သွယ်မှာယူထားကြတော့နော်📞📞📞

☎️09969318363(sale)
☎️09766885345(Engineer)

16/12/2023

ဆိုလာ စနစ် ကို လေ့လာမယ်
****************************

ပထမ ဆုံးက လက်ရှိဈေးကွက်ထဲ က ဆိုလာ cell တွေရဲ့ Specification/ Data sheet မှာ Cell အရေ အတွက် ( Numbers of cell ) ကို သိပြီး သူတို့ရဲ့ Nominal Voltage ကို သိရပါမယ် ။
လက်ရှိမှာ NoC ၃ မျိုးတွေ့နိုင်ပါတယ် ။

36 cells ( 12 VDC )
60 Cells ( 20 VDC )
72 Cells တွေပါ ( 24 VDC)

ဒါ ကို သိရင် ဆိုလာ watts အသေးတွေ သုံးတဲ့ သူဟာ Solar Controller Battery charger သုံးတဲ့ အခါ PWM လား MPPT သုံးသင့်လား ဆိုတာ သိနိုင်ပါတယ် ။
ဘယ်နေရာမှာ ဘယ်လို သုံးသင့်လဲ ဆိုတာ သိလာ နိုင်ပါ တယ်။ ဒါမှလဲ ကိုယ်သုံးတဲ့ Solar ရဲ့ output efficiency ကို အပြည့် နီးပါး ရမှာပါ ။ Series , parallel တွေ ဘယ်လို ဆက်သင့်လဲ ဆိုတာ လဲ သိနိုင်ပါတယ် ။ solar watts အကြီးတွေ သုံးတဲ့ grid tie ,off grid တွေ သုံးတဲ့ နေရာတွေ ကတော့ သိပ်ပြီး မထူးပါဖူး ။ သူတို့ က အဓိ က VoC , VmP တို့ က ပို အရေးကြီးပါတယ် ။

Thanks for reading
Credit: Kyaw Oo
EI Engineering
Credit : One Force Electrical

Photos from E-Shopping Today 4U's post 15/12/2023

ရွှေပေါက်ကံမှလူကြီးမင်းအတွက်တပ်ဆင်ပေးခဲ့သော OWL 7KVA Inverter နှင့် OWL 48V 100Ah battery 2pcs package လေးဖြစ်ပါတယ်🧑🏻‍🔧🧑🏻‍🔧🧑🏻‍🔧

Inverter warranty 2 years ရယ် battery warranty 5 years (2 years parts & service)+(3 years service) ဖြင့် Engineer team မှ အကောင်းဆုံးတပ်ဆင်ပေးခဲ့ပါတယ်💯💯💯

7K inverter အားပေးကြမ်းကြလို့ stock လေးတောင်ကုန်သွားခဲ့ပြီနော်🤩🤩🤩

3,600,000 ကျပ်တန် OWL 5KVA Inverter + OWL 48V 100Ah package လေးတော့ promotion ရှိသေးတာမို့ ပစ္စည်းမကုန်ခင်အမြန်ဆုံးမှာယူမှစိတ်ချရမယ်နော်💁‍♀️💁‍♀️💁‍♀️

အသေးစိတ်ကို ☎️ 09969318363 or Cb သို့ အချိန်မရွေးဆက်သွယ်နိုင်ပါတယ်ရှင့်

Photos from E-Shopping Today 4U's post 15/12/2023

Partner Company မှ မှာယူသော Growatt 5K 2pcs နှင့် OWL 48V 100Ah 4pcs package လေးအား New Relic Techno မှ Engineer team မှ သွားရောက်စစ်ဆေးပေးခဲ့ပါတယ်🧑🏻‍🔧🧑🏻‍🔧🧑🏻‍🔧

ယုံကြည်စွာလက်တွဲလုပ်ကိုင်ပေးသော Partner Company ကိုလည်း လုပ်ငန်းတွေဒီထက်မကတိုးတက်ပါစေကြောင်း အထူးပင်ကျေးဇူးတင်စွာဖြင့် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် ☺️☺️☺️

New Relic Techno နှင့် လက်တွဲလုပ်ကိုင်လိုသော New Partner Company များကိုလည်း နွေးထွေးစွာကြိုဆိုပါတယ်နော်❣️❣️❣️

📞 09969318363

Photos from E-Shopping Today 4U's post 14/12/2023

မှော်ဘီမှ လူကြီးမင်း၏နေအိမ်အတွက် OWL 7K Inverter နှင့် OWL 48V100Ah battery တို့ကို သွားရောက်တပ်ဆင်ပေးခဲ့ပါတယ်ရှင့်🧑🏻‍🔧🧑🏻‍🔧🧑🏻‍🔧
ယုံကြည်စွာမှာယူတပ်ဆင်ပါသောလူကြီးမင်းကို ကျေးဇူးအထူးတင်ပါတယ်ရှင့်😇

OWL 7KVA inverter 2 years warranty 💯
OWL 48V100Ah battery 2 years parts & service+ 3 years service warranty 💯

December Promotion လေးရှိတာမို့ သူများတွေအပြိုင်အဆိုင်တပ်ဆင်နေကြချိန် နောက်မကျရလေအောင် အမြန်ဆက်သွယ်လိုက်တော့နော်
📞 09969318363

Photos from E-Shopping Today 4U's post 14/12/2023

မင်္ဂလာပါ❕
ကျွန်တော်တို့ New Relic Techno တွင် UPS အမျိုးအစားများစွာနှင့် Solar system Inverter နှင့် Battery များကို အာမခံဖြင့် တာဝင်ယူရောင်းချတပ်ဆင်ပေးလျက်ရှိပါသည်။💯💯💯
Data center, ATM, Color Sorter, Printing, CCTV, Networking, IT, Solar, Beauty Clinic, Jewelry Shop, Small Business Shop အစရှိသည့် လုပ်ငန်းအမျိုးမျိုးတို့အတွက် အသုံးပြုရန်လိုအပ်သည့် ပစ္စည်းများကို ‌စနစ်တကျတွက်ချက်တပ်ဆင်ပေးပါသည်။💯💯💯
လူကြီးမင်းတို့ လိုအပ်ချက်ကိုဖော်ပြပါက ကျွန်တော်တို့ New Relic Techno Team ဘက်မှ အစစအရာရာအဆင်ပြေအောင် ညှိနှိုင်းအကြံပေးခြင်းများ ပြုလုပ်ပေးပါသည်။💯💯💯

Hello!
At New Relic Techno, we import, sell and install many types of UPS and Solar system Inverters and Batteries with warranty.
We systematically calculate and install equipment needed for various businesses such as Data Center, ATM, Color Sorter, Printing, CCTV, Networking, IT, Solar, Beauty Clinic, Jewelry Shop, Small Business Shop, etc.
If you express your needs, our New Relic Techno Team will coordinate and advise you to make everything convenient.

For more details
📞 Contact us - 09969318363, 09766885345

Viber Channel
https://invite.viber.com/?g2=AQB6SyA%2Bu4MslVIPfMOYECkG3hFisUnREzygL0wSgduHCilq9bh4odzG2VLR92J5

Photos from E-Shopping Today 4U's post 13/12/2023

UPS လောကမှ Famous Brand တစ်ခုဖြစ်တဲ့ SANTAK Brand UPS ကို ကျွန်တော်တို့ New Relic Techno တွင် မှာယူလို့ရနေပါပြီ...🧑🏻‍🔧🧑🏻‍🔧🧑🏻‍🔧

IT company များအတွက် အရောင်းရဆုံးပစ္စည်းဖြစ်တဲ့ 1K, 2K, 3K UPS တွေ ထပ်ရောက်ထားပြီမို့ ပစ္စည်းမကုန်ခင် အမြန်မှာယူထားမှ စိတ်ချရပါမယ်ဗျာ🧑🏻‍🔧🧑🏻‍🔧🧑🏻‍🔧

Product အကြောင်း လေ့လာလို့ရအောင် ‌Specifications လေးလည်းတင်ပေးထားပါတယ်ဗျ🧑🏻‍🔧🧑🏻‍🔧🧑🏻‍🔧

အသေးစိတ်စုံစမ်းရန်
📞 09969318363

Update လေးတွေတင်ပေးမှာဖြစ်လို့ Viber Channel လေးလဲ Join ထားနိုင်ပါတယ်ဗျ💯
https://invite.viber.com/?g2=AQB6SyA%2Bu4MslVIPfMOYECkG3hFisUnREzygL0wSgduHCilq9bh4odzG2VLR92J5

Photos from E-Shopping Today 4U's post 12/12/2023

ကမ္ဘာအေးရပ်ကွက် မရမ်းကုန်းမြို့နယ်မှ လူကြီးမင်း၏နေအိမ်အတွက် Aircon နှင့် တခြားအိမ်သုံးပစ္စည်းများအသုံးပြုရန် OWL 7KVA inverterနှင့် OWL 48V100Ah 3လုံး သွားရောက်တပ်ဆင်ပေးခဲ့ပါတယ်🧑🏻‍🔧

ယုံကြည်စွာမှာယူတပ်ဆင်ပါသော လူကြီးမင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်☺️

📞 09969318363
📞 09766885345

Photos from E-Shopping Today 4U's post 12/12/2023

Wire size တစ်ခုရဲ့ ခံနိုင်စွမ်း အမ်ပီယာ
============================
ဖေါ်ပြပါ ဇယားမှာ 1.5mm²wire က 12A-15Aလို့ ဖော်ပြထားသည်။
နောက်ပြီး 2.5mm² wireကိုလည်း 16A-21A လို့လည်းကောင်း ဝါယာအရွယ်အစားအလိုက် အသီးသီး ဘယ်လောက် အမ်ပီယာခံနိုင်ရည်ရှိတယ်လို့ ဇယားမှာ ဖော်ပြထားပါတယ်။
ဒီဇယားမှာတဲ့ 1.5mm² က 15Aလို့ ပြောထားချက်အရဆို
P=VI cosø
P=220×18×0.8
P=2816W အထိ သုံးလို့ရတာပေါ့နော်။
ဒါဆို 2000Wလောက်ဆို 11~12A ပဲရှိတာမို့ အေးဆေးအသုံးပြုလို့ရမယ်လို့ မထင်ကြပါနဲ့။
ဘာလို့လည်းဆို wire က သူခံနိုင်ရည် ရှိတဲ့ အမ်ပီယာကိုပဲ ပြောထားတာပါ။ ဘယ်လောက် load အထိ အသုံးပြုနိုင်ကြောင်း မပြောထားပါဘူး။
ဒီနေရာမှာ မျက်ိနည်းနည်း လည်သွားကြမယ်ထင်တယ်။ load ကြောင့် ampere ဖြစ်လာတာပဲဆိုပြီပေါ့။
ဘာလို့လည်းဆို တူညီတဲ့ load တစ်ခုတည်းကိုပဲ အကွာအဝေးမတူရင် ဝေးတဲ့ load က ampere များသွားလို့ပါ။
လူနေအိမ်၊ အဆောက်အုံတွေမှာ load side တွေကို နေရာအနှံ့မှာ ရှိနေကြပေမဲ့ MDB တွေကတော့ တစ်နေရာထဲမှာပဲ စုပြီးထားလေ့ရှိကြပါတယ်။
ဒီလိုဆို အပေါ်က ဥပမာပေးထားတဲ့ 2000Wရှိတဲ့ load တစ်ခုကို 100meters အကွာဝေးရှိတဲ့ breaker တစ်ခုကနေ supply ပေးမယ်ထားပါစို့။
ကိုယ်ထင်ထားတဲ့ wire size နဲ့ အဆင်ပြေမလား?
ဒီနေရာမှာ P=VI cosø တစ်ခုသိတာနဲ့ မလုံလောက်တော့ပါဘူး။ GP ‌တွေထဲမှာလည်း p=VI သိရင် လုပ်စားလို့ရပြီဆိုတာကို မကြာခဏပြောနေတာတွေ ရှိပါတယ်။ တကယ်စိတ်မကောင်းစရာပါပဲ။ ကျနော်တို့ လျှပ်စစ်က အဲလောက်မရိုးရှင်းပါဘူး။ ကြိုးနှစ်ချောင်း သွယ်လိုက်တာနဲ့ မီးလာတယ် အဆင်ပြေတယ်ဆိုပြီး မထင်စေချင်ဘူး။ ဒီလိုအတွေးတွေကြောင့် လျှပ်စစ်လောက ဈေးပေါလာကြတယ်။ ဆိုလိုရင်းပျောက်ပြီး စကားတွေ များမိတော့မယ်။
P= VI သိရုံနဲ့ မရဘူးဆိုတာကနေ ပြန်စပြောရအောင်။
ဘာလို့လည်းဆို wire အလျှားရှည်လာတာနဲ့အမျှ voltage drop လည်း များလာလိုပါ။
Voltage dropပုံသေနည်းကတော့
📝Single phase
Vd =2I(Rcos∅ +Xsin∅)×L/1000
📝3 phase
Vd=√3I (Rcos∅ +Xsin∅)×L/1000
ဆိုပြီး ဖြစ်ပါတယ် ။

Credit: Aung Thu
Credit: Electrical Knowledge Sharing AEEA

11/12/2023

🎶အိုး ဒီဇင်ဘာ! ကိုယ့် ရင်ခွင်မှာ! အချစ်ရေနှင်းတွေတဖွဲဖွဲကျ သိပ်သတိရ!🎶
အဲ့လိုတောင်မဆိုနိုင်တော့ဘူး အချစ်ရေ!!! လို့အော်ဟစ်နေတဲ့ကိုသိန်းမောင်တစ်ယောက် မီးပျက်လို့ အမှောင်ထဲမှာ ယပ်ခပ်နေရင်း ချစ်ရသူလေးကိုတောင်မလွမ်းနိုင်ဖြစ်နေရှာပါပြီ...

စိတ်ညစ်ညစ်နဲ့ ဖုန်းလေးကြည့်နေတုန်း "ဘာတဲ့! New Relic Techno က 12:12 package ဆိုပါလား??? Aircon နဲ့ဇိမ်ကျမှာဆိုပဲ စုံစမ်းဦးမယ်ကွာ"

ကိုသိန်းမောင် - ဟယ်လို! New Relic Techno ကလားဗျ!
NRT မင်မင် - ဟုတ်ကယ့်...ဟုတ်ပါတယ်ဗျ!

ကိုသိန်းမောင် - Inverter နဲ့ Battery လေးစုံစမ်းချင်လို့ဗျ! မီးပျက်တဲ့အချိန်လေးမှာ ကျွန်တော်က Aircon 1.5 hp တစ်လုံးသုံးမယ့်အပြင် lighting လဲထွန်းချင်တယ်ဗျာ! အော် ပီးတော့ ရေခဲသေတ္တာလဲ သုံးဦးမယ်ဗျာ! လူကြီးမိဘတွေက TVလည်းကြည့်ကြမှာဗျာ!
NRT မင်မင် - သုံးစရာတွေ ထပ်ရှိသေးလားအစ်ကို😁

ကိုသိန်းမောင် - အဲ့ဒါပါပဲဗျ😁
NRT မင်မင် - အဲ့ဒါဆိုရင် ကျွန်တော်တို့ဆီမှာ အစ်ကိုပြောတဲ့ဟာတွေသုံးဖို့ 𝙊𝙒𝙇 7𝙆𝙑𝘼 𝙄𝙣𝙫𝙚𝙧𝙩𝙚𝙧 လေး ရှိတယ်ဗျ! 𝙊𝙒𝙇 48𝙑100𝘼𝙝 𝘽𝙖𝙩𝙩𝙚𝙧𝙮 တစ်လုံးနဲ့ သုံးမယ်ဆိုရင် အစ်ကိုသုံးမယ့် load အတိုင်းဆို အများဆုံး watt 2500 နဲ့တွက်မယ်ဆိုရင်ဗျာ 2နာရီအသုံးခံမယ်ဗျ! 4နာရီအသုံးခံဖို့ဆို Battery နောက်တစ်လုံးတွဲလိုက်! OWL battery က parallel ချိတ်လို့ရတယ်ဗျ!💯

ကိုသိန်းမောင် - ဟုတ်လား! အဆင်ပြေတာပေါ့! ဒါနဲ့ 𝙒𝙖𝙧𝙧𝙖𝙣𝙩𝙮 ကကော ဘယ်လိုပေးလဲဗျ!
NRT မင်မင် - 𝙄𝙣𝙫𝙚𝙧𝙩𝙚𝙧 အတွက်ဆို warranty 2️⃣ years parts & service ပေးတယ်ဗျ! 𝘽𝙖𝙩𝙩𝙚𝙧𝙮 အတွက်ဆို 2️⃣ years parts & service နဲ့ 3️⃣ years service ပေးပါတယ်ဗျ!💯

ကိုသိန်းမောင် - ဝိုး!!! warranty ကတော့ မိုက်နေပြီ! ဈေးကကောဗျ!
NRT မင်မင် - ဈေးက 7K inverter နဲ့ 100Ah battery တစ်လုံးကို တပ်ဆင်ခအပြီးအစီး 4,040,000ကျပ်ဗျ! Battery နောက်တစ်လုံးစာအတွက်ကို 2,040,000ကျပ် ထပ်ပေါင်းပါတယ်ဗျ! မီးလိုင်းလေးချိတ်ပေးရင်တော့ charges ရှိမယ်ဗျ! မီးလိုင်းအတွက်ချိတ်ဖို့လိုတဲ့ Accessories လေးတွေကတော့ လိုသလောက်ပဲဝယ်ရမှာဆိုတော့ အများကြီးမကုန်ဘူးပေါ့ဗျာ!💯

ကိုသိန်းမောင် - ကြိုက်ပြီဗျာ! လာသာဆင်လိုက်တော့!!!

New Relic Techno မှ စိတ်ရှည် သဘောကောင်းသော Engineer team ၏ သေသပ်စိတ်ချရအောင်တပ်ဆင်ပေးပြီးတဲ့နောက် ကိုသိန်းမောင်တစ်ယောက် သူများတွေမီးပျက်နေချိန်မှာတောင် Aircon လေးနဲ့ဇိမ်ကျရင်း မပိုင်ဆိုင်ရတဲ့ချစ်ရသူလေးကိုလွမ်းနေပါတော့တယ်!!!🥹🥹🥹

FA တစ်ယောက်ဖြစ်တဲ့ ကိုသိန်းမောင်လိုပဲ Aircon အေးအေးလေးနဲ့ ချစ်ရသူလေးကိုလွမ်းဖို့ New Relic Techno ကို ဆက်သွယ်လိုက်တော့နော်😉

📞 09969318363
📞 09766885345

Photos from E-Shopping Today 4U's post 09/12/2023

🦉𝗢𝘄𝗹 - 5𝗞 𝗶𝗻𝘃𝗲𝗿𝘁𝗲𝗿
🦉𝗢𝘄𝗹 - 48𝗩 100𝗔𝗛 𝗹𝗶𝗳𝗲𝗽𝗼4 𝗕𝗮𝘁𝘁𝗲𝗿𝘆
🦉𝗣𝗮𝗰𝗸𝗮𝗴𝗲 𝗣𝗿𝗶𝗰𝗲 - 3,596,000 𝗠𝗠𝗞
🦉𝗪𝗮𝗿𝗿𝗮𝗻𝘁𝘆 5 𝘆𝗲𝗮𝗿𝘀
(𝗽𝗮𝗿𝘁𝘀 & 𝘀𝗲𝗿𝘃𝗶𝗰𝗲 2 𝘆𝗲𝗮𝗿𝘀 + 𝘀𝗲𝗿𝘃𝗶𝗰𝗲 3 𝘆𝗲𝗮𝗿𝘀)

💰Budget ‌သက်သာရမယ်
🏠 အိမ်သုံးပစ္စည်းတွေဖြစ်တဲ့ Aircon, linghting, computer, Refrigerator စသည်တို့ကို အကောင်းဆုံး performance တွေနဲ့ အသုံးပြုနိုင်ရမယ်
💯 After sale service မှာလဲ တာဝန်ယူမှုအပြည့်နဲ့ အာမခံပေးနိုင်တဲ့နေရာရှာနေရင်တော့
New Relic Techno ကိုသာ အမြန်ဆုံးဆက်သွယ်လိုက်တော့

OWL Brand Inverter နဲ့ Battery များ ယုံကြည်စွာမှာယူတပ်ဆင်ကြသော customer များကို အထူးကျေးဇူးတင်ရှိပါတယ်ဗျ 🧑🏻‍🔧

Sale - 09969318363
Engineer - 09766885345

04/12/2023

📣 OWL Brand Inverter နှင့် Battery များ လိုအပ်သလောက်မှာယူနိုင်ပါပြီ📣

💯 အရည်အသွေးကောင်းပြီး ဈေးသက်သာတဲ့ Lifepo4 Battery ကို ရှာဖွေနေရင်တော့ OWL Brand ကိုသာရွေးချယ်လိုက်တော့
💯 အာမခံချက် 2️⃣နှစ်(parts & service) + 3️⃣နှစ်(service)ပါဝင်ပြီးတော့ Backup ပိုသုံးချင်သူတွေအတွက်ဆိုလည်း ဒီ Batteryလေးက Parallel ချိတ်သုံးလို့ရပါတယ်နော်
💯တခြားသော Inverter Brand များနှင့်လည်း တွဲဖက်အသုံးပြုလို့ရပါတယ်ရှင့်

💯 OWL Brand Inverter ဆိုရင်လည်း ပုံမှန် Aircon နဲ့ Lighting သုံးဖို့ 5K လိုချင်လား၊ load ပိုသုံးနိုင်ဖို့ 7K လား အစုံရှိ
💯 Hybrid inverter ဖြစ်တာကြောင့် ရေရှည်မှာ Solar တပ်ဆင်အသုံးပြုလို့ရပါသေးတယ်နော်

🤝Installer များ Reseller များ ကိုယ်စားလှယ်များအတွက်လဲ အထူးဈေးနှုန်းရှိပါတယ်ရှင့်

5K inverter နဲ့ 48V100Ah Package လေးလဲ December Promotion ထပ်ရှိသေးတာမို့ အသေးစိတ်ကို cb / viber 09969318363 သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်

Pocket Money 26/11/2023

🎆လူကြီးမင်းတို့အားလုံး စီးပွားရေးတွေပိုပြီးတိုးတက်အောင်မြင်ပြီး စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ ပျော်ရွှင်စရာတွေနဲ့ပဲပြည့်နေပါစေလို့ New Relic Techno မှာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်🎆

မုန့်ဖိုးလေးလဲတင်ပေးထားပါတယ်နော်☺️

အနည်းအများပဓာနမထားဘဲ အပျော်လေးကံစမ်းသွားပါဦးရှင့်🍀

923663

Pocket Money KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

22/11/2023

Networking ပိုင်းတွင် သိကိုသိထားသင့်သော Server (၁၀) မျိုးအကြောင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
1. ADDC Server (Active Directory Domain Controller)
Network ချိတ်ဆက်မှုမှာ အခြေခံအားဖြင့် Workgroup Network နဲ့ Domain Network ဆိုပြီး (၂) မျိုးရှိပါတယ်...
ချိတ်ဆက်မှုရရင်ပြီးရော လုံခြုံရေး Security ဗဟိုထိန်းချုပ်မှု Centralization မလိုအပ်တဲ့ Network လိုမျိုး ဥပမာ Net Game ဆိုင်၊ ကွန်ပျူတာအလုံးရေ အနည်းငယ်သာပါဝင်တဲ့ အိမ်တွင်းသုံး Home Network တွေမှာ Workgroup စနစ်ကို အသုံးပြုကြပါတယ်...
Workgroup Network စနစ်ဟာ Computer အလုံးရေ (20) ထိပဲ ကောင်းပါတယ်...
Domain Networking စနစ်ကို သုံးမယ်ဆိုရင် Server OS တစ်ခုခုကို အသုံးပြုကြရပါတယ်...
Server မှာ Active Directory (Domain Controller) Service ကို Install လုပ်ပေးရပါမည်...
IP Address ပေး၊ Domain နာမည်ပေး၊ ADDC Service Install, User Management, Computer Management, Backup စတာတွေကို Server ကနေလုပ်လို့ရပါတယ်...

2. DHCP Server (Dynamic Host Configuration Protocol)
Network Engineer က ချိတ်ဆက်ထားတဲ့ Computer တွေအချင်းချင်း အပြန်အလှန် ချိတ်ဆက်လို့ရအောင် Reply ပြန်အောင် စက်တိုင်းကို IP Address ပေးရပါတယ်...
Computer အလုံးတွေ ရာထောင်ချီ များလာရင်တော့ Automatic IP Address ချပေးဖို့ လိုအပ်လာပါတယ်...
Networking မှာ ဒီအလုပ်ကို DHCP Server က ပြုလုပ်ပေးပါတယ်...

3. DNS Server (Domain Name System)
Website အားလုံးဟာ DNS System ပေါ်မှာ အခြေခံပြီး ပြုလုပ်နေတာပါ...
လူတစ်ယောက်ချင်းစီမှာ နာမည်တစ်ခု ကိုယ်စီ ရှိသလို ကွန်ပျူတာ တစ်လုံးစီမှာလည်း သူတို့ကိုလာရောက် ဆက်သွယ်လို့ရတဲ့ လိပ်စာတစ်ခု ရှိပါတယ်...
ဒါကို IP Address လို့ ခေါ်ပါတယ်...
Computer တွေက Machine Language တွေ ဖြစ်တဲ့ 0 နဲ့ 1 ဘာသာစကားကို အသုံးပြုပြီး လူတွေကတော့ အရောင်တွေ၊ နာမည်တွေ၊ စာသားတွေ၊ ဓာတ်ပုံ ဗွီဒီယို မီဒီယာဖိုင်တွေ နားလည်အသုံးပြု ကြပါတယ်...
ဂဏန်းနံပါတ်တွေ အများကြီးကို လူတွေ အလွယ်တကူ မမှတ်မိနိုင်ပါဘူး...
IP Address ကဲ့သို့သော ဂဏန်းအများကြီးထက် www.pnamyanmar.com ကပိုမှတ်မိပါတယ်...
ဒါကြောင့် DNS Server ကို အသုံးပြုကြရပါတယ်...
IP Address ဂဏန်းတွေကို လူတွေ နားလည်တဲ့ နာမည် Web Server တွေ ပြောင်းနိုင်အောင် အပြန်အလှန်အားဖြင့် Name တွေကို IP Address ပြောင်း၊ IP Address ကို Name ပြောင်း စတဲ့ အလုပ်တွေကို DNS Service က လုပ်ပေးပါတယ်...

4. ICS Gateway Server
အင်တာနက်စနစ်ကို Network အတွင်း ဖြန့်ဝေပေးတဲ့လုပ်ငန်းစဉ်ကို Internet Gateway Server လို့ ခေါ်ပါတယ်...
Internet Gateway Server ထိုင်နည်း အမျိုးမျိုး ရှိတဲ့အထဲမှာမှ အခြေခံအကျဆုံး၊ အလွယ်ကူဆုံး၊ အမြန်ဆုံးဖြစ်တဲ့ ICS (Internet Connection Sharing) ဖြစ်ပါတယ်...

5. NAT Gateway Server
ICS စနစ်ကို Windows Version တိုင်းမှာ ထည့်သွင်းပေးထားသော်လည်း NAT ကို Windows Server Version တွေမှာပဲ အသုံးပြုနိုင်ပါတယ်...
ICS ထက် Security ပိုကောင်းတာကလည်း NAT ရဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်...
အင်တာနက်ခြမ်းကနေ Private LAN Network ထဲက Computer တွေကိုမြင်တွေ့ခွင့်မရှိအောင် ပြုလုပ်နိုင်ပါတယ်...

6. File Server
ကျောင်း၊ ရုံး၊ ကုမ္မဏီ အစရှိသည့် network တွေမှာ သက်ဆိုင်ရာ ဖိုင် အသီးသီး (document, photo, video, sound, data, etc.) ကိုသိမ်းဆည်းရန်အတွက် File Server လိုအပ်ပါတယ်...
File Server ကို အများအားဖြင့် RAID level တည်ဆောက်၍ရသော server များဖြင့် ပြုလုပ်ကြပြီး၊ file access လျှင်မြန်မှုရှိစရန်၊ SCSI interface, SCSI drive များကို အသုံးပြုကြပါတယ်...
File Server ပြုလုပ်ရခြင်း ၏ အဓိကအကြောင်းအရင်းမှာ File Server ကိုတချိန်တည်း၊ တပြိုင်တည်းတွင် လူပေါင်းများစွာ သုံးစွဲနိုင်သောကြောင့်ဖြစ်ပါတယ်...

7. Web Server
Web Server ဆိုတာကတော့အလွယ်ကူဆုံးပြောရမယ်ဆိုရင် Website တစ်ခုလွှင့်တင်ဖို့အတွက် အခြေခံအနေနဲ့တည်ထားရမဲ့ Server တစ်ခုပဲဖြစ်ပါတယ်...
Website ဆိုတာ အင်တာနက်ဝက်ဆိုဒ်တွေအတွက်တင်မဟုတ်ပဲ Local site တွေ monitoring tools တွေအတွက်သုံးမယ့် Web Interface တွေအတွက်လည်း Web Server ကနေ အခြေတည်ရတာပါပဲ...
အဲဒီတော့ Network Monitoring System တစ်ခုကို Web Interface နဲ့ တည်ဆောက်မည်ဆိုရင်၊ Local E-book Library လေးတစ်ခုတည်ဆောက်တော့မယ်ဆိုရင် Web Server ကိုအသုံးပြုပါတယ်...

8. ISA Server (Internet Security & Acceleration)
Security မြင့်မြင့်မားမားထားလို့ရနိုင်တဲ့ Policy တွေကိုချမှတ်နိုင်ပါတယ်...
ISA ကို Firewall Software တစ်ခု အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်...
အရင်က ထုတ်ဝေခဲ့တဲ့ NAT Internet Gateway ကိုလည်း ISA မှာ Setting ချပြီး အသုံးပြုနိုင်ပါတယ်...
Web Proxy, Cache Memory, Virtual Private Network တို့ကိုလည်း ISA Server မှာ အသုံးပြုနိုင်ပါတယ်...

9. VPN (Virtual Private Network)
လုပ်ငန်းတွေမှာ ရုံးချုပ်၊ ရုံးခွဲ၊ စက်ရုံ၊ ကုန်ပစ္စည်းသိုလှောင်ရုံ၊ Whole Sale Shop၊ Retail Sale Shop၊ ဖြန့်ချိတဲ့ ကိုယ်စားလှယ်ဆိုင်များ စသဖြင့် Business Infrastructure ရှိပါတယ်...
ဒါတွေ အကုန်လုံးကို တစ်ပေါင်းတည်း Network ချိတ်ချင်ရင် VPN System ကို အသုံးပြု ရပါတယ်...

10. Window Development Server
Window Development Server မှာ Computer အားလုံးကို တပြိုင်နက်တည်း Window တင်နိုင်တဲ့အတွက် အချိန်ကုန်သက်သာပါတယ်...
Network မှာ ရှိတဲ့ ကွန်ပျူတာအလုံးရေ အများကြီးကို Clone မရိုက်ချင်ဘူး ဆိုရင် ဒီစနစ်နဲ့ Window တင်ရလို့ရနိုင်ပါတယ်...

Credit….Original Writer

21/11/2023

အိမ်သုံးမလား❓ အသေးစားလုပ်ငန်းသုံးမလား❓ အကြိုက်သုံးနိုင်ဖို့ 𝙊𝙒𝙇 𝘽𝙧𝙖𝙣𝙙 7𝙆𝙑𝘼 𝙋𝙪𝙧𝙚 𝙎𝙞𝙣𝙚 𝙒𝙖𝙫𝙚 𝙎𝙤𝙡𝙖𝙧 𝙄𝙣𝙫𝙚𝙧𝙩𝙚𝙧 လေးကို မိတ်ဆက်ပေးလိုက်ပါတယ်နော်

🔷 Input Rated Power 7000VA/6200W ရှိပြီးတော့ 50Hz/60Hz (Auto sensing) frequency range ရှိပါတယ်ရှင့်

🔷 Surge Power 14000VA ဖြစ်ပြီး Personal computers တွေအတွက်ဆို transfer time 10ms ၊ အိမ်သုံးစက်ပစ္စည်းတွေအတွက်ဆို 20ms ဖြစ်ပါတယ်ရှင့်

🔷 48VDC Battery နှင့်ချိတ်ဆက်အသုံးပြုနိုင်ပြီး Maximum Charge Current မှာ 80A ဖြင့် အသုံးပြုနိုင်ပါတယ်ရှင့်

Inverter နဲ့အသုံးပြုဖို့ Battery တွေလဲမှာယူတပ်ဆင်နိုင်တာကြောင့် လူကြီးမင်းတို့ရဲ့သုံးချင်တဲ့ Budget နဲ့ လိုအပ်ချက်တွေကိုပြောပြပေးပါက သေချာရှင်းပြတွက်ချက်ပေးတာဖြစ်လို့ cb/ phone - 09969318363 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

15/11/2023

Computer သုံးရင်း EPC power ပြတ်တောက်သွားချိန်တွေမှာ မိမိတို့လုပ်လက်စ file တွေ Data တွေ သိမ်းဆည်းဖို့ UPS အသုံးပြုကြတာတော့ အကုန်သိပြီးသားဖြစ်မှာပါနော်

✅ဒီလို UPS တွေထဲကမှ Design လန်းပြီး Quality ကောင်းတဲ့ပစ္စည်းလေး New Relic Techno မှာ မှာယူလို့ရနေပါပြီ

✅Battery %, Input/ Output Voltage, Load Capacity, အစရှိသည်တို့ကို LCD Display နဲ့ ဖော်ပြပေးတာမို့ လုံးဝ Smart ပဲ

✅Warranty 1-year ပေးထားပြီး ပစ္စည်းလဲ အဆင်သင့်ရှိပါတယ်နော်

✅Computer အပြင် CCTV, Radio, Network router/switch, sensor door တို့မှာလဲ အသုံးပြုနိုင်ပါတယ်

✅ဆိုင်တွေအတွက်လဲ အရေအတွက်များများရှိပါတယ်ရှင့်

စျေးနှုန်းလေးကတော့ နေ့စဉ်အနည်းငယ်ပြောင်းလဲမှုလေးတွေရှိတာမို့ cb/ ph - 09969318363 ကို အားမနာတမ်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

13/11/2023

SANTAK An Eaton Brand 12V batteries တွေ မှာယူလို့ရနေပါပြီ

✅အရည်အသွေးအထူးကောင်းမွန်ပြီး Warranty 1 year ပါဝင်ပါတယ်ရှင့်

⚡10 years design life @ 25C floating charge condition
⚡Excellent high rate discharge performance
⚡UL94-V0 level frame retardant ABS container
⚡Best compatibility with UPS
⚡Convenient installation and maintenance

အသုံးပြုလိုတဲ့ KVA အပေါ်မူတည်ပြီး အမျိုးမျိုးရှိတာမို့ အားမနာတမ်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

08/11/2023

🎉တန်ဆောင်တိုင်အတွက် အထူးpromotion package ပြန်လည်စီစဉ်ပေးလိုက်ပါပြီ🎉

အပြိုင်အဆိုင်အားပေးတပ်ဆင်ခဲ့တဲ့ Growatt 5K inverter နဲ့ OWL 48V100Ah Battery package လေးကို သီတင်းကျွတ် promotion မှာ မရလိုက်တဲ့သူတွေအတွက် ဒီတစ်ခါတော့ လက်မလွှတ်ရလေအောင် အမြန်လေးမှာယူလိုက်တော့နော်🍀

အသုံးပြုချင်တဲ့နေရာ၊ သုံးမယ့်ပမာဏ၊ ကြာချိန်နဲ့ Budget တွေပေါ်မူတည်ပြီး စိတ်ရှည်ရှည်နဲ့အကြံပေးရှင်းပြပေးပြီး ရန်ကုန်တွင်းဆို အိမ်တိုင်ရာရောက်အခမဲ့ (Note - မီးလိုင်းများခွဲရပါက charges ရှိပါသည်) လာဆင်ပေးမှာဖြစ်လို့ cb or 09969318363, 09766885345 သို့ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်☎️

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

OWL 5KVA Hybrid Solar Inverter နှင့် Huawei 48V100Ah Battery package ကို Solar အပါ မှာယူတပ်ဆင်ပါသော အစ်ကိုကြီးအိမ်အတွက် ...
ယခုကျရောက်လာသော 🎄🌟Christmas🌟🎄 ကာလလေးမှာ လူကြီးမင်းတို့အားလုံးချစ်သူခင်သူ မိသားစုများနှင့်အတူ စိတ်ချမ်းသာပျော်ရွှင်စွာဖြတ...

Telephone

Website

Address

No. 189, Yeik Thar (1) Street, Waizayandar Housing, Thingamgyun Township
Yangon