Beautify with Suyi
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beautify with Suyi, Health/Beauty, southokkalapa, Yangon.
ဘဲမရှိ စော်မရှိ Fa တွေ
ဘဲပစ်ခံ စော်ပစ်ခံ တွေ ဆောင်ကိုဆောင်ထားသင့်တဲ့ အဖိုးတန် အိပ်ဆေး 🙄(ရှိတဲ့သူတွေကတော့ ကျော်သွားပေါ့နော် )
ပြီးတော့ ညည အိပ်ပျော်ဖို့ ခက်ခဲ တဲ့ သူတွေ ၊ အိပ်ဆေးတွေဘဲအမြဲမသောက်ချင်ဘူး လွယ်လွယ်နဲ့လဲအိပ်ပျော်ဖို့ခက်ခဲနေတယ်ဆိုတဲ့ သူတွေ ဆောင်ကိုဆောင်ထား
မအိပ်ခင် နာရီဝက်လောက်ကြိုပြီး နာထင်တို့ ၊ဂုတ်တို့ နားတို့ ပါးပါးလေး ကြိုလိမ်းထားလိုက်ရင် တန်းအိပ်ပျော်သွားတာမျိုး မဟုတ်ဘဲ သူ့အနံ့သင်းသင်းလေးကြောင့်တနေကုန်ပင်ပန်းထားသမျှကိုအနားပေးသလိုမျိုးနဲ့အိပ်ပျော်သွားတာမျိုး အဲ့တာကတော့ကိုယ်တွေ့💜💜
Lavender နံ့လေးမို့ စိတ်ပင်ပန်းတာတွေ ကိုလဲ relax ဖြစ်စေတာမို့ တစ်နေကုန်ပင်ပန်းထားသမျှတွေကို ညဘက်ဒါလေးပါးပါးလေးသာလူးအိပ် ပင်ပန်းတာတွေသက်သာပြီး ညဘက်ကိုကောင်ကောင်းအိပ်မပျော်မှာကိုစိတ်ပူစရာကိုမလိုဘူး 💜💜
ညကြီးမှ အရမ်းပြောပြချင်စိတ်တွေပေါ်လာလို့ ✅
ဝယ်ကိုဝယ်သင့်တဲ့ နှုတ်ခမ်းနီထဲမှာ ဒါလဲပါတယ်
ထွက်ထားတာလဲကြာပြီဖြစ်တဲ့ L'Oréal Paris Chiffon Signature Lipstick ထဲက #226( l SINK IN ) အရောင်လေး
💄သူ့ Type က Valvet Soft Matte မို့အိအိလေး
💄Longlasting လဲဖြစ်တယ် Mask Proof မို့ အစားစားလဲတော်ရုံနဲ့မပျက်ဖူး တစ်ခုခုစားပြီးရင်တောင် Tint အနေနဲ့ကျန်ခဲ့တာမို့ သဘာဝဆန်ဆန်လေးနဲ့အရမ်းလှ
💄texture လေးကနုနုလေးမို့စုကတော့ပါးနီရော Eyeshadow အနေနဲ့ပါသုံးတယ်
💄စုဆိုးကြည့်ရသလောက် mask တပ်တတ်တဲ့ကောင်မလေးတွက်လဲတော်တော်လေးအဆင်ပြေနိုင်မယ်ရေစိုလည်းခံတာမို့ တစ်နေကုန် အဆင်ပြေတယ်
💄Velvet type မို့ဆိုးရတာနူးညံ့တယ် ဆိုးထားရင်နှုတ်ခမ်းသားပေါ်မှာပေါ့ပါးပြီး နှုတ်ခမ်းလေးကို ဖူးဖူးလေးဖြစ်နေရော
💄မျက်နှာမှာဘာmakeupမှမလိမ်းချင်ဘူး sinkcare လေးဘဲလုပ်ထားတဲ့နေ့မျိုးဆို နှုတ်ခမ်းလေးကို အတွင်းသားလေးဘဲဆိုးဆိုး full lip ဘဲဆိုးဆိုး မျက်နှာလေးကိုလင်းသွားပြီး ပြည့်စုံသွားသလိုမို့ တော်တော်လေးမိုက်
💄အခုစုပြောတဲ့အရောင်လေးက အသက်အရွယ်အကုန်လုံးနဲ့လိုက်တယ်ဘယ်အသားရောင်နဲ့မဆိုလဲအဆင်ပြေတယ် အနီဘက်သွားတဲ့အရောင်လေးတွေကြိုက်တဲ့ တီတီတွေ မမတွေ ဆိုပိုတောင်သဘောကျပြီး ဝယ်သင့်တယ်
စုတော့တစ်ချောင်းဝယ်ပြီး ခုထိကို သုံးမကုန်ဘူး အရမ်းလဲအသုံးခံလို့ Budget save လဲ ဖြစ်တယ်
'Oreal Paris
#မိတ်ထီလာ
မနက်စာကို မိသားစုနဲ့ဘဲဖြစ်ဖြစ် ကိုယ့်ချစ်ရသူလေးနဲ့ဘဲဖြစ်ဖြစ် အချိန်ပေးပြီးအေးဆေးစားချင်တဲ့သူလေး တွက်တကယ့်ကိုနေရာကောင်းလေးတစ်ခု
Gold Garden ဆိုတဲ့နာမည်နဲ့လိုက်အောင် 2.5 ဧကရှိတဲ့ ခြံဝန်းကျယ်ကြီးထဲမှာ မြက်ခင်းစိမ်းစိမ်းလေးတွေ ငှက်သံလေးတွေ သစ်ပင်၊ပန်းပင်လေးတွေ ခန်းစည်းအဖြူလေးတွေ ခုံအဖြူလေးတွေ ရယ်နဲ့ တကယ့်တောအုပ်လေး ဥယျာဉ်လေးထဲမှာလို ခံစားချက်မျိုးအပြည့်အဝကိုရတယ်(ဆိုင်လေးက ဖွင့်ထားတာမကြာသေးဘူးနော် )
အကြိုက်ဆုံးအချက်ကတော့ တခြားဆိုင်တွေလို ကားသံဆိုင်ကယ်သံတွေနဲ့ ဆူညံမနေဘဲ လုံးဝ မနက်စာကိုအေးဆေးလေးစားလို့ရတယ် ကားပါကင်က လဲ နေရာမရှိမှာ စိတ်ပူစရာမလိုဘူးကားပါကင် ( 1 , 2 ) ကိုထားပေးထားတာမို့ဆိုင်ကယ် ၊ကားလုံခြုံရေးတွက်လဲတော်တော်ကိုအဆင်ပြေတယ်
ခြံအကျယ်ကြီးထဲမှာဖွဲ့စည်းထားပုံလေးတွေက အရမ်း Luxury ဆန်ပြီး အပြင်အဆင်လေးတွေက အရမ်းလှလို့ ဓာတ်ပုံရိုက်စရာနေရာလေးတွေလဲများတယ်
ဘေးကသံတွေဆူဆူညံညံမကြိုက်တဲ့ သူတွေတွက် ဒီဆိုင်လေးကလုံးဝကိုရွေးချယ်သင့်တယ် ဆိုင်ရဲ့ဖွဲ့စည်းပုံအရ မနက်စာကိုအေးဆေးလေး စားလို့ရသလို ၊ ညဘက်လဲ အလှမီးလုံးလေးတွေ မီးဆိုင်းလေးတွေ အလှဆင်ထားတာမို့ ညဘက် မိသားစုတွေ သူငယ်ချင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေလုပ်မယ်ဆိုရင်လဲ နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့တော်တော်ကိုမှအဆင်ပြေသောပါ
မနက်စာ Menu လေးတွေလဲ အစုံရတဲ့အပြင် စျေးလေးတွေက စားရတဲ့အရသာနဲ့ တန်တယ်လို့ခံစားရတဲ့ထိကို fair ဖြစ်လို့သဘောကျတယ် စုတို့ လူ (၆) ယောက်လောက်သွားစားတာကိုမှ ၂သောင်းကျော်ဝန်းကျင်လေးဘဲကျခဲ့တယ် အရသာလေးတွေကအကုန်အရမ်းကောင်းဘဲ
ဆိုင်ရဲ့ထူးခြားချက်လေးက ဆိုင်ထဲဝင်လိုက်တာနဲ့ဆိုင်ရဲ့ ဝန်ထမ်းလေးတွေက လက်အုပ်ချီပြီးအပြုံးချိုချိုလေးတွေနဲ့ "မဂ်လာပါ" လို့နှုတ်ဆက်ကြတာလေးက တကယ်ကို သဘောကျစရာလေး customer serviceလည်းအရမ်းကောင်း
တကယ်ကို ဒီလိုဆိုင်မျိုးလေးမိတ္ထီလာမြို့မှာ ဒါပထမဆုံးတွေ့ဖူးတာဘဲ ဘယ်ဆိုင်နဲ့မှကို မတူတဲ့ vibe မျိုး ၊ အရသာမျိုး ၊စိတ်ကျေနပ်မှုမျိုးလိုချင်ရင်တော့ သွားကိုသွားသင့်တဲ့ဆိုင်ကောင်းလေး (ဒီဆိုင်လေးက မိတ္ထီလာမြို့ ပထမလမ်းမတော်က မိုးကုတ်ရှမ်းထမင်းဆိုင်ရဲ့ ဆိုင်ခွဲလေးမို့ ဆိုင်မှာ မနက်စာအစုံရတဲ့အပြင် ရှမ်းအစားအစာလေးတွေလဲရသေးတယ် )
နေရာက - မိတ္ထီလာမြို့ ကျည်တော်ကုန်းရပ်ကွပ် ရန်ကုန် မန္တလေးလမ်းမကြီးဘေး
ဆိုင်နာမည် - Gold Garden
Garden
#မိတ်ထီလာ
2010 Vs 2023
အခု လက်တလော ကိုယ့်ရဲ့လက်စွဲတော် 💥SASI loose Glow Powder လေး အရမ်းကောင်းသော 💗☀️
စျေးက မုန့်တစ်ခါစားသလောက်တောင်မရှိဘူး တော်တော်သဘောကျ ကိုယ့်လိုဒါလေးဘယ်သူသိပြီးသုံးကြသေးလဲ ချစ်တို့ 🤭
ဘဝမှာ နောက်ကျမှ သုံးမိလို့နောင်တရမိတဲ့ suncream ☀️
အကုန်လုံးသိနှင့်ပြီးသားဖြစ်တဲ့ ဂျပန်နိုင်ငံမှာရောင်းအားအကောင်းဆုံး တစ်ကမ္ဘာလုံးရဲ့ အသဲကျော် ANESSA suncream ☀️
အများကြီးတွေမပြောဘဲ ဘာလို့ အဲ့လောက်ထိ နာမည်ကြီးလဲဆိုတဲ့ အဓိကအချက်တွေဘဲပြောပြမယ် ...
☀️သူက ချွေးထွက်များတတ်တဲ့ စုလိုလူတောင် လိမ်းထားပြီးရင် လုံးဝအဆင်ပြေတာမို့ sweat proof / water proof ဖြစ်တယ်
☀️texture ကလည်း တအား lightweight ဖြစ်ပြီး လိမ်းလိုက်တာနဲ့ အသားရေလေးထဲကို စိမ့်ဝင်လွယ်တယ် skin ကိုလဲ smooth ဖြစ်သွားတာ
☀️moisture လဲပါတာမို့ လိမ်းပြီးတာနဲ့စိုစိုအိအိလေး အရမ်းကောင်း
☀️suncream ဆိုတာနဲ့ အဓိက ပြဿနာက လိမ်းပြီးရင် white cast တွေကျန်တာ ၊ ပြာသွားတာ တွေဖြစ်တာဘဲ ANESSA ကတော့ လုံးဝ အဲ့လိုမဖြစ်တာအကြိုက်ဆုံး
☀️တစ်နေကုန်ဘာမှမလိမ်းရင်တောင် ဒါတမျိူးတည်းနဲ့တင် သဘာဝ healthy look လေးရတယ်
‼️full size ဆိုစျေးလေး အလစ်တဲလေးများတာမို့ half size လေးတွေကို အဆင်ပြေမပြေအရင် try ကြည့်ပြီးမှ သုံးကြနော် ချစ်တို့ 💗
making new memories with them 💞
📍GameJoe
📍나이스투미츄 nice two Meat u Myanmar
လိုင်းသုံးရင်း ဘူးသီးကြော်နံ့တွေရလာအောင်ဂယက်ထသွားတဲ့ ၃၀၀၀ တန်ဘူးသီးကြော် 🤭
ကိုယ်စားခဲ့ရတဲ့အနေအထားအရဆို ဂယက်ထသွားတဲ့ ၃၀၀၀ ဆိုတဲ့စျေးနှုန်းက အခုဖြစ်နေတဲ့ ကုန်စျေးနှုန်းတွေအရဆိုရင် အရမ်းစျေးများတဲ့ထဲမပါဘူးလို့တော့စုတော့ထင်တယ် 🙄
အရသာကတော့ နာမည်ရပြီးလူကြိုက်များပြီးသားမို့များကြီးပြောပြတော့ဘူးသူတို့ရဲ့အချဉ်ကဆလပ်ရွက်နဲ့ဘဲစားစား ဘူးသီးကြော်နဲ့ဘဲတွဲစားစား အရမ်းလိုက်တယ် 🥬
အဲ့ဆိုင်ရဲ့ မလှမ်းမကမ်းလေးက အအေးဆိုင်ကနေ လိမ္မော်ဖျော်ရည်ချဉ်ချဉ်လေးရယ်ဘူးသီးကြော်ပူပူလေးနဲ့ တွဲစားလိုက်ရရင် တကယ်ကို စားလို့ကောင်းမှကောင်း ...
အဲ့နားလေးရောက်ရင် တကယ်ကိုဝင်စားသင့်တယ် ဆလပ်ရွက်အစိမ်းအပုံလိုက်ကြီးနဲ့ အချဉ်ရည်ကိုတော့လိုသလောက်ကြိုက်သလောက်စိတ်ကြိုက်ထပ်တောင်းလို့ရတယ်
အခုသွားစားမယ်ဆိုရင်တော့ပုံတွေထဲမှာ တွေ့ရသလို လူကတော့တော်တော်များပါတယ် (ဂယက်ထသွားလို့လားတော့မသိဘူး စားရဖို့ကို ပွဲ၅၀နီးပါးနာရီဝက်လောက်ထိုင်စောင့်ခဲ့ရတယ် )
တပွဲ -၃၀၀၀ ပါ
လိပ်စာ -အနော်ရထာလမ်းမကြီး နဲ့ သိမ်ဖြူလမ်းထောင့် ဝန်ကြီးများရုံးနား
Birthday vlog 🎂
📍Novotel Yangon Max
18+1 🎂
.
My fri : နင်ကျောင်းပိတ်ရက်တွေ အိမ်ကိုကူပြီးဆိုင်စောင့်ပေးရတာပင်ပန်းမှာပေါ့နော် ...
me :👉🏻အရမ်းပေါ့
With Homies ♡
📍Ace Badminton Club
စုရေ Tone Up လဲမပါချင်ဘူး အဆီပြန်နေသလို ကြီးလဲမဖြစ်ချင်ဘူး စျေးလဲအရမ်းများကြီးမသုံးချင်ဘူး တကယ်လဲပေးရတဲ့စျေးနဲ့ တန်ပြီး သုံးလို့ကောင်းမဲ့ suncream လေးမှသုံးချင်တဲ့သူတွေဆို ပြီးအောင်ဖတ် ...
စာအရှည်ကြီးနဲ့ ပြောမပြတော့ဘူး လိုရင်းနဲ့အဓိကအချက်တွေဘဲပြောပြမယ်
🌞ပထမတစ်ချက် လုံးဝ Tone up မပါတာမို့ လိမ်းလိုက်ရင်ပြာပြာကြီးဖြစ်သွားမှာစိတ်ပူစရာမလိုဘဲလိမ်းလိုက်တာနဲ့ မျက်နှာအသားရေလေးက ကြည်ကြည်တင်းတင်းလေးနဲ့တနေကုန်ဘာမှထပ်မလိမ်းရင်တောင်ကြည့်ကောင်းနေရော
🌞SPF 50+ PA ++++ မို့ နေရောင်ခြည်ဒဏ်ကို အလုံလောက်ကာကွယ်ပေးနိုင်တာမို့ တင်းတိတ်အမဲစက်တွေဖြစ်လာနိုင်စွမ်းလဲ လျှော့ချနိုင်တယ်
🌞စျေးကလဲ သိပ်အများကြီးမဟုတ်တာမို့ တစ်ဘူးသုံးရတဲ့အချိန်ကာလနဲ့ဆို တန်တယ် လို့ထင်တယ်
🌞အသားရေထဲစိမ့်ဝင်မှုမြန်တယ် လိမ်းရတာ ပေါ့ပါးပြီး တစ်ဘူး ကို 60 g တောင်ဆိုတော့ တစ်လနှစ်လအေးဆေးသုံးလို့ရတယ်
🌞super water proof ဖြစ်တာမို့ အစုလိုgym ဆော့တဲ့သူတွေဆို ချွေးထွက်လဲ suncream အရည်တွေမျက်လုံးထဲကို ဝင်ပြီး စပ်မှာကို စိတ်ပူစရာမလိုဘူးနော်
ဒီsuncream ကိုစုသုံးလာတာတော်တော်ကြာပြီမို့ ကမ်းခြေတွေသွားရင်လဲ အမြဲယူသွားဖြစ်တယ် ကိုယ်တကယ်အဆင်ပြေတာမို့ ပြောပြလိုက်ပြီနော် 💗🌞
အစုကတော့ ဝယ်နေကျဖြစ်တဲ့ Luxury Districtဆိုင်ကဝယ်တာနော် 💗🌞
https://www.facebook.com/luxurydistrictmyanmar?mibextid=LQQJ4d
ဘူးကြီးဝယ်ကိုဝယ်မှရတော့မယ် အရမ်းမှအရမ်းကြိုက်နေပီ 💗🤧
🕷️🕸️
မားသားကြီးနဲ့ ဂယက်တွေ 🥹🥴
#하드코어다이어트프로그램
အီစိမ့်ဆောင့်တက် 🧀🍝
အသဲကျော်ပဲလှော်တွေ အရမ်းမေးကြလွန်းလို့ ပြန် share ပေးလိုက်ပြီ 💗👀
Sweet Bigeye contact lens
လေယာဉ်လက်မှတ်ဖိုး မကုန်ဘဲ ရှောင်ကောကောတွေရှိတဲ့တရုတ်ပြည်က စီချွမ်အရသာစစ်စစ်လေးကိုစားချင်ရင် တရုတ်တန်းလမ်း၂၀က သွားကိုသွားသင့်တဲ့
ဘဲစပ် ဆိုင်လေး🦆
ဒီဆိုင်လေးက တရုတ်တန်း လမ်း ၂၀မှာ ရှိတယ် ဆိုင်အကျယ်အဝန်းလေးက ပုံမှန်ဆိုင်လေးတစ်ဆိုင်ပါ 🌶️🦆
တရုတ်အရသာ စီချွမ်အရသာအကင်အရသာစစ်စစ်လေးကိုစားချင်တဲ့ အသဲကျော်လေးတွေ တကယ်ကိုစားကိုစားသင့်တဲ့ တကယ့်ဆိုင်ကောင်းလေး🌶️
ဆိုင်မှာ ပုံမှန်တရုတ်အစားအစာဆိုင်တွေနဲ့မတူတဲ့ထူးထူးခြားခြားတရုတ်အစားအစာလေးတွေအကုန်အစုံကိုရနိုင်တယ် 🌶️🦆
ဘဲမြစ် ၊ ဘဲလည်ပင်း ၊ ဘဲအူ ၊ ပဲပြား ၊ ကြာစွယ် ၊အာလူး၊ ဘဲခေါင်း ကျန်တဲ့ အစုံအလင်ကို တရုတ်ငရုတ်ဆီမွှေးပါးပါးလေးသုပ်နယ်ပြီး စားလိုက်လို့ကတော့
တကယ်ကို နတ်ဘုံနတ်နန်းဘဲ အရမ်းကောင်း (အရသာက ငယ်ငယ်က အိမ်ကမစားခိုင်းလို့ ခိုးဝယ်စားရတဲ့ တရုတ်မုန့် အရသာစစ်စစ်တိုင်း စားရတာမို့ တရုတ်မုန့်ကြိုက်တတ်တဲ့ သူလေးတွေတွက်ကွက်တိဘဲနော်)
ဒါပေမဲ့ အဲ့ဆိုင်မှာ ပထမဆုံးစစားမဲ့သူလးတွေကိုသတိပေးခြင်တာက ကိုယ်အစပ်စားနိုင်မယ်ထင်ပြီး တရုတ်ငရုတ်ဆီမွှေးလေးကို အရမ်းအများကြီးမသုပ်လိုက်နဲ့နော် နှုတ်ခမ်းတွေပူထူပြီး မျက်ရည်တွေပါကျလာနိုင်တယ် နည်းနည်းလေးခွဲပြီးမှသုပ်နော် ချစ်တို့ 🌶️🦆
တခြား မာလာမောက်ချိုက် ၊ ဘီယာလေးနဲ့ အကင်လေးတွေ ၊ တရုတ်ခေါက်ဆွဲတွေ ၊အသားကင်တွေ အများကြီးရသေးတာမို့ တော်တော်လေးအဆင်ပြေတယ် တရုတ်အစားအစာလေးတွေကြိုက်တဲ့သူလေးတွက် 🌶️🦆
စျေးလေးတော့နည်းနည်းများတယ်လို့အစုကတော့ထင်တယ် 🙄👌
အစု စားခဲ့သမျှတွေထဲမှာ တော့ မာလာမောက်ချိုက်အရအသာလေးကိုတော့ နည်းနည်းမကြိုက်ဘူးပေါ့နော် စားနေကျ မောက်ချိုက်အရသာလေးနဲ့မတူတာမို့ အစုကတော့သိပ်မကြိုက်ပေမဲ့ တခြား အကင်လေးတွေ ဘဲစပ်အရသာလေးတွေကတော့ တကယ်ကိုအရမ်းကောင်းတာမို့ တရုတ်တန်းရောက်ရင် သွားကိုသွားစားသင့်ပါတယ်နော် 💗💗
စားနေကြတွေနဲ့မတူတဲ့အရသာနဲ့ အစားစာလေးတွေစားချင်ရင်တော့ စိတ်ကူးမမှားဘူးနော် စားကြည့်ကြ💗🤭
နေ့လယ် ၃နာရီလောက်ဆိုရင် တော့အစုံအလင်ရနိုင်တာမို့စုံစုံလေးစားချင်ရင်စောစောလေးသွားနော်🦆💗
လိပ်စာက- အမှတ် (68) လမ်း 20(အောက်ဘလောက်) လသာမြို့နယ်
ဆိုင်နာမည် - ဘဲစပ်
Cleansing Foam ကောင်းကောင်းလေးကို ပြောပါအုန်း ညွှန်းပါအုန်း အစုရေ ဆိုလို့ ပြောပြလိုက်ပြီနော် 🌱
Bring Green Artemisia pH Balance series ကို အစု အရင်တည်းက သုံးတယ်ဆိုတာ သိကြမှာပါ အရင်တည်းက set တစ်ခုလုံးကို သုံးပြီးအရမ်းကြိုက်သွားတာမလို့ review ရေးပေးထားပြီးသားပါ အဲ့တုန်းက မရေးပေးလိုက်ရတဲ့ Cleansing Foam လေးကိုအခုတော့ရေးပေးလိုက်ပြီ 🌱
အခုဆိုရင် ဒီ cleansing foam လေးကို သုံးတာ ၂ဘူးမြောက်ရှိသွားပါပြီ တစ်ဘူး" ကုန်ဖို့ကို မနည်းစိတ်ရှည်ရှည်ထားပြီး မသုံးချင်မှ အဆုံးသုံးမကုန်နိုင်အောင်ထိသုံးရတာပါ အဲ့တော့ Budget save ဖြစ်ပါတယ်🌱
အစုသုံးကြည့်ရသလောက် အတွေ့အကြုံလေးတွေကို ပြောပြရမယ်ဆိုရင်
🌱အနံလေးက Artemisia အနံ့လေးမို့ သင်းသင်းလေးနဲ့ ကောင်းတယ် fresh ဖြစ်စေတယ်
🌱မျက်နှာသစ်ပြီးရင် အသားခြောက်ခြောက်ကြီးဖြစ်မနေဘဲ စိုစိုအိအိလေးနဲ့ ရေဓာတ်အပြည့်ဝရတယ်
🌱နှာခေါင်းနဲ့ နှာခေါင်းကြားမှာရှိတဲ့ ဆားဝက်ခြံလေးတွေကို သိသိသာသာလေးကို သက်သာစေပါတယ်
🌱မျက်နှာမှ ထွက်တတ်တဲ့ အဆီဖုသေးသေးလေးတွေနဲ့ ဝက်ခြံလေးတွေကိုလဲပါးသွားစေပါတယ် (ဝက်ခြံထွက်နေတဲ့အချိန်မှာ သေချာလေးသုံးပေးရင် ချက်ချင်းသိသာတာကိုတွေ့ရတယ် )
🌱သူ့ရဲ့ အမြှုပ်လေးတွေက သေးသေးလေးတွေနဲ့ smooth ဖြစ်တယ် မျက်နှာလေးပေါ်ကို အမြှုပ်လေးတွေဘဲ တင်ပြီး စက်ဝိုင်းပုံသေချာ လေးနှိပ်နယ်ပြီးသုံးပေးရင် ပိုပြီး ချွေးပေါက် အတွင်းပိုင်းကအဆီတွေထိပါ သန့်ရှင်းပေးနိုင်တယ်
size က 250ml တောင်ပါတာမလို့ တစ်ယောက်တည်းသုံးမယ်ဆိုရင် ၈လ ၉လ လောက်ကတော့ ပျင်းနေအောင်သုံးရပါတယ် (size အသေးလေးတွေလဲ ရတယ်နော်)
အဓိကပြောချင်တာကတော့ Artemisia နဲ့ဓာတ်တည့်တဲ့ သူလေးတွေဆို တော်တော်လေးကိုအဆင်ပြေစေမဲ့ မျက်နှာသစ်လေး ဝက်ခြံထွက် အဆီဖုထွက် အဆီအရမ်းပြန်တတ်တဲ့ သူလေးတွ sink care အများကြီး ဝယ်နေစရာမလိုဘဲ ဒီမျက်နှာသစ်ဘူးလေး တစ်ဘူးဝယ်ထားတာနဲ့တင်အဆင်ပြေမှာအသေအချာဘဲ 🌱
skin problem ရှိတတ်တဲ့သူလေးတွေ ၊ Sensitive skin သမားတွေ ၊ အဆီအရမ်းပြန်ပြီး ဝက်ခြံအဆီဖုထွက်တတ်လွန်းလို့ စိတ်ညစ်နေရတဲ့ သူလေးတွေတွက် သုံးဖို့အတွက်ညွှန်းပေးချင်ပါတယ်နော် 🌱(all skin type တွက်အဆင်ပြေပါတယ်နော် )
အစုကတော့ ဝယ်နေကြဖြစ်တဲ့ Mi Mi Korean Cosmetics ဆိုင်လေးကဘဲ ဝယ်တာပါနော် 🌱🤍
ဟိုတပတ် free gift ပေးတုန်းက မဲပေါက်သွားတဲ့ သဲသဲလေး pg မှာလာပြောပေးပါအုန်းနော် ✨💗
ဒီအချိန်ဆို ဗိုက်ဆာနေကြရောပေါ့ သိတယ် အဲ့တာမို့ဒီအချိန်တမင်ရွေးတင်လိုက်တာ 😜🥶
ထိုင်းစာကြိုက်တတ်တဲ့အသဲကျော်လေးတွေအတွက် တောင်ဥက္ကလာ နန္ဒာဝန်စျေးနားက Thai Corner ဆိုတဲ့ထိုင်းဆိုင်လေးကိုခေါ်သွားပေးမယ် 😋
ဒီဆိုင်လေးက ဆိုင်အသစ်လေးနော် ဖွင့်ထားတာ သိပ်မကြာသေးဘူးဆိုပေမဲ့ သွားရလာရတာလဲလွယ်တယ် ပြီးတော့ အစားအသောက်လေးတွေက တခြားထိုင်းအစားအစာဆိုင်တွေနဲ့မတူဘဲ ထူးထူးခြားခြားလေးတွေ ရတယ် 😋
အရသာပိုင်းအနေနဲ့ပြောရမယ်ဆို တော်တော်လေးကောင်းတယ်ပြောရမယ် အစုတို့မှာစားခဲ့တာလေးတွေက ဆိုင်မှာလူစားအများဆုံးဖြစ်တဲ့Scallop Glass Noodle ရယ်၊ ပြောင်းဖူးထောင်း ၊ ဝက်နံရိုးနုကြော်လေး ၊ Mango Sticky Rice ၊ထိုင်းငပိထမင်းကြော်လေး နဲ့ ထိုင်းဆန်ပြားကြော် လေးတွေ စားခဲ့တယ်အကုန်လုံးကအရသာလေးတွေကရှယ်တွေကျိဘဲ🤭တခြား menuလေးတွေDessertလေးတွေလဲအများကြီး ရသေးတာမို့ ထိုင်းစာကြိုက်တဲ့သူလေးတွေ တကယ်သွား try ကြည့်သင့်တယ်နော်
စျေးလေးတွေကလဲ အစားအသောက်လေးတွေနဲ့အလိုက် သင့်တင့်တဲ့စျေးလေးတွေမို့ စားရတာ တန်တယ်ပြောရမယ်👌
အရသာလေးတွေက ကိုယ့်အကြိုက်နဲ့မကိုက်တာမျိုးဆိုရင်လဲ ဆိုင်ကိုပြန်ပြင်ခိုင်းလို့ရတယ်နော် ဆိုင်ကအကိုတွေအမတွေကသေချာလေးအဆင်ပြေအောင်ပြန်ပြင်ပေးကြတယ် 💗
ဆိုင်အကြီးကြီးမဟုတ်ပေမဲ့အပြင်အဆင်လေးကလဲ အေးအေးဆေးဆေးပေါ့ပေါ့ပါးပါးလေးမို့ အေးဆေးdateချင်တဲ့coupleလေးတွေဘဲဖြစ်ဖြစ် ၊ Bd ကိုအဖွဲ့လိုက်ကျင်းပချင်တာမျိုးဘဲဖြစ်ဖြစ် နေရာအကျယ်အဝန်းလေးနဲ့ အပြင်အဆင်မီးလေးတွေနဲ့ ဖွင့်ပေးထားတဲ့သီချင်းလေးတွေနဲ့တကယ်ကို good vibe လေးကိုရစေတယ်✨🤭
Bus ကားတော်တော်များများနဲ့လာရတာလွယ်တဲ့နေရာလေးမို့ သွားရလာရတာအဆင်ပြေတဲ့ဆိုင်လေး💗✨
ဆိုင်လိပ်စာက -အမှတ် ၅၈၄ ၊သုမဂ်လာလမ်းမကြီး
တောင်ဥက္ကလာမြို့နယ် (ဒေါ်ပုလျှပ်စစ်ပစ္စည်းဆိုင်ဘေးကပ်ရပ်)
ဆိုင်လေးက မနက်၁၀နာရီကနေ ည၉နာရီထိဖွင့်တယ်နော်
အဆီဖုတွေ ဝက်ခြံတွေ စိတ်ညစ်ရလောက်အမြဲထွက်တတ်တဲ့ ဘေဘီလေးတွေဒီစာလေးကိုအပြီးထိဖတ်စေချင်တယ် 🍃
ဒီ Calming Gel လေးက လူသိများပြီးသားဖြစ်တဲ့ Graymelin ရဲ့ Mugwort အရွက် 70% နဲ့ပြုလုပ်ထားတားတဲ့ Mugwort Gel လေးမို့ ဝက်ခြံအဆီဖုတွေကို သိသိသာသာလေးကို သက်သာစေတယ် 🍃
🍃ဒါလေးက Mugwort အရွက်နဲ့အဓိကထုတ်ထားတဲ့gel မို့ မျက်နှာကို အစိုဓာတ်ကို 100%အပြည့်အဝပေးနိုင်တယ်
🍃ဘာလိမ်းလိမ်း အဆီပြန် တဲ့oily skin သမားတွေ ၊ skin အရမ်းခြောက်တတ်တဲ့သူလေးတွေ လဲ လိမ်းပြီးအဆီမပြန်မဲ့ Gel type အမျိုးအစားလေး
🍃လိမ်းရတာ အရမ်းပေါ့ပါးပြီး အသားထဲကို စိမ့်ဝင်မှုမြန်တယ် လိမ်းပြီးတာနဲ့မျက်နှာအသားအရေလေးက အေးပြီး ကြည်ကြည်ပြောင်ပြောင်တင်းတင်းလေးနဲ့ Glow glass skin လေးကိုရစေတယ်
🍃သူက Mugwort နဲ့ Aloe vera ပေါင်းစပ်ပြီး လုပ်ထားတာမို့ Mugwort အရွက်က အသားအရေတွေ နီရဲယောင်ယမ်းခြင်း ၊ အဆီဖုဝက်ခြံထွက်ခြင်း တွေကိုသိသိသာသာလေးသက်သာသေတဲ့အပြင် Aloe vera က အသားအရေကို ချောမွတ်စေနိုင်ခြင်း ၊ အသားအရေကိုနုညံ့စေပြီး ရေဓာတ်ကိုအပြည့်ဝပေးသွင်းနိုင်တာမို့ all skin type အကုန်လုံးတွက် Moisturizer gel အနေနဲ့ အသုံးပြုနိုင်ပါတယ်ရှင့််( Aloe vera နဲ့ဓာတ်မတည့်တဲ့သူများတော့ မသုံးသင့်ပါဘူးနော်)
🍃Texture လေးကလဲ light weight ဖြစ်ပြီး လိမ်းလိုက်ရင်အေးသွားတာမို့ နွေရာသီမှာ ဘာမှမလိမ်းချင်တဲ့ သူတွေတွက်လဲ အရမ်းအဆင်ပြေတယ် အဆီဖုဝက်ခြံတွေကိုလဲ ရက်အနည်းငယ်လေးနဲ့ ချပ်သွားစေပြီး အမြန်ကို သက်သာစေတာမို့ သုံးကိုသုံးကြည့်သင့်တယ်
အရမ်းကြိုက်သောလေးအရမ်းကောင်းသောလေးမို့ အသဲကျော်တွေကိုသုံးကြည့်ဖို့ လက်တို့လိုက်ပြီနော် 🍃
ဘယ်လောက်အနံ့စွဲပါတယ် ဘယ်လောက်အနံ့လေးကောင်းပါတယ်လို့နာမည်ကြီးတဲ့ ရေမွှေးတွေတော့အနံ့ဘယ်လောက်စွဲမစွဲ အနံ့ဘယ်လောက်ကောင်းမကောင်းတော့မသိဘူး အိမ်ကဒို့မားသားကြီးဟိုးအရင်တည်းကသုံးနေကျ ဒီ Fuji (ဖူဂျီ )အမွှေးဆီလောက်တော့ အနံ့စွဲမယ်မထင် အနံ့စွဲချက်ကတော့ ဝတ်ပြီး ပြန်မလျှော်မချင်းကိုအနံ့ကစွဲပြီးမွှေးနေရော တကယ်တကယ်အနွေးထည်တွေဆို လျှော်ရမှာပျင်းတဲ့ငပျင်းလေးတွေ ဆို တခါဝတ်ချိတ်လေးချိတ်ပြန်လှန်းထား အနံ့လေးကိုစွဲပြီးမွှေးနေရောဘဲ 💜💜
gift လေးပေးချင်လို့ ✨🎁
အချစ်လေးတွေ အစုအရင်နှစ် BD တုန်းက bd photoshoot တွက်ဘဲဝယ်ထားပြီး ပုံရိုက်တုန်းတစ်ချိန်ဘဲ ဝတ်ထားတဲ့ floral dress အဖြူလေးကိုလက်ဆောင်လေးပြန်ပေးချင်လို့ တကယ်တန်ဖိုးထားပြီး ဝတ်မဲ့ သူလေးတွေဘဲ ယူပေးကြနော် ✨🎁
local brand ဖြစ်တဲ့ N & N Coutureကdressလေးမို့လုံးဝတကယ့်အမိုက်လေး💗
post လေးကိုpublic နဲ့shareပြီး cmမန့်မှာshare ထားတာလေးကို ssလေးမန့်ပေးရုံဘဲ💗
✨နောက်အပတ်Monday ကျ winner လေးကိုရွေးပေးမယ်နော်
Click here to claim your Sponsored Listing.
Videos (show all)
Category
Website
Address
Yangon
Thudama Road, Thiri Yadanar Wholesale Market , North Okkalarpa
Yangon, 11031
အသားရေ ကြည်လင် ဖြူဝင်စေပီး တင်းတိတ် အမဲစက် ဝက်ခြံကို သက်သာပျောက်ကင်းစေတဲ့ MANA Brand
ကျန်စစ်သားလမ်း, (၁၀၈)ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်
Yangon, HARMONY
We are selling Thailand & Korea cosmetic, skin care