Precious Kids by Tr.Cho

Your precious is my precious. We will nurture together.

02/12/2023

Tr.Cho နဲ့ စာသင်ဖို့joinချင်သူမိဘများရှင့်....။💖💖💖💖💖💖💖💖

Tr.Choကို Online သင်လားဆိုပြီး သတိတရ လာjoinကြလို့ ကျေးဇူးတင်ရပါတယ်ရှင့်။😍😍

ဒါပေမယ့် Trမှာ Onlineနဲ့သင်ဖို့ အဆင်မပြေတဲ့အခြေအနေလေးတွေ ရှိနေတဲ့အတွက် Onlineနဲ့တော့ စာမသင်ပါဘူးရှင့်။😊😊

နောက်တစ်ခုက ကျောင်းတွေမှာ ပြန်ဝင်လုပ်နေပြီထင်နေကြတာလေးတွေလည်းရှိကြလို့ Freelance ပဲ သင်ကြားပေးနေပါတယ်လို့ အသိပေးပါတယ်ရှင့်...။❤❤❤

Home Teaching / Guide ကို Pre-School Level မှ လက်ရှိ International School P3 ထိ သင်ကြားပေးနေပါတယ်နော်..။☺☺

အသေးစိတ်တိုင်ပင်လိုပါက Messager(or)ph သို့ တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။ 💟💟💟
ကျေးဇူးတင်ပါတယ်ရှင့်....။🙏🙏🙏

21/09/2023

မဂ်လာပါရှင့်။
Tr.Cho ဒီpageလေးကို ပြန်မrunဖြစ်သေးတဲ့အတွက် ပြန်runနိုင်အောင်ကြိုးစားပါ့မယ်။
ဗဟုသုတရစရာလေးတွေ၊ knowledge sharingလေးတွေ ပြန်တင်ပေးနိုင်အောင် ကြိုးစားပါမယ်နော်။
ချစ်သော
Tr.Cho

Photos from Precious Kids by Tr.Cho's post 02/04/2023

မြန်မာစာလုပ်ချိန်လေးတွေဆို အပေးအယူတည့်ချိန် အသဲအသန်လုသင်ရပါသော ချစ်ရသော သား။
ဒါက ဓာတ်ပုံရိုက်မခံလို့ ခိုးရိုက်ထားရတာ။😄

Photos from Precious Kids by Tr.Cho's post 17/10/2022

Hello Everyone!👋👋👋

These are our students made Craft for Thadingyut Festival.

Sorry for late Everyone!

30/08/2022

စာဖတ်မပျင်းဖို့ အတူတူဖတ်ရင်း၊ အားပေးရင်း ချစ်ရသော Precious လေးပါ။💗💗💗
Lin Thiri Aung
KG Level
Evening Class

30/08/2022

မိမိတို့ပတ်ဝန်းကျင်မှာ ကြုံတွေ့ရမယ့်အရာများကို Trနဲ့အတူ သင်ယူခဲ့ကြပါတယ်။
Lesson sheet ထဲမှသင်ခန်းစာများကို ပြန်လည် ဆွေးနွေးထားပါတယ်။
(Trအသံတော့ သည်းခံပါရှင့်)😊
Pre-KG level
Pyae Thiha, Min Paing Hein

28/08/2022

တစ်ပတ်တာရဲ့ သောကြာနေ့ကတော့ သူလေးတို့ အပျော်ဆုံးပေါ့။
Friday is Craft Day.

Photos from Precious Kids by Tr.Cho's post 28/08/2022

Phonics Classက သမီးလေး Lin Thiri Aungရဲ့ blending time.
အရမ်းတော်တဲ့သမီးလေး Good Job!👍👍👍
ပို့စ်ပေးလည်းတော်သော😘😘😘

Photos from Precious Kids by Tr.Cho's post 19/08/2022

စာတော်တော်များများက လွယ်နေတတ်တဲ့ကလေးလေးကို စိတ်ဝင်စားမှု Activity မျိုးစုံသုံးပြီး သင်ယူစေပါတယ်။ ရှေ့ရက်က မြန်မာစာ revision မရိုက်လိုက်ရတော့ မပါသွားဘူး။😊 ဒါက Maths လေးပါ။
Individual Student
Nyan Moe Myint
Grade-1 level
(Mon & Tue)

19/08/2022

ပတ်ဝန်းကျင်အကြောင်း လေ့လာရင်း ဆေးရောင်လေးတွေခြယ်ကြမယ်။
🤒👉👩‍⚕️
💁👉💇
😬👉👩‍🔬
🐶👉👨‍⚕️
🚨👉👨‍🚒
📚📖👉🏢
video လေးတွေလည်း တင်ပေးပါမယ်နော်။
Pre-KG level
Min Paing Hein, Pyae Thiha

19/08/2022

ညှပ်မယ်၊ ကပ်မယ် ဘဲကလေး ကိုကွယ်။🐥🐥🐥

သားသား ပြည့်သီဟ၊ သားသား မင်းပိုင်ဟိန်း 👦👦

08/08/2022

မဂ်လာပါရှင့်။😍😍
ဒီတစ်ခါမှာတော့ မိဘများနဲ့ အုပ်ထိန်းသူများအတွက် Knowledge Sharing လေး တင်ပြပေးချင်ပါတယ်။
ဒါလေးက အရင် Tr.Cho ရဲ့ Page မှာတော့ တင်ပေးခဲ့ဖူးပါတယ်ရှင့်။ အခုက မဖတ်ရသေးတဲ့ မိဘများနဲ့ အုပ်ထိန်းသူများအတွက်ပါရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။😍😍
💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗
ကလေးများအတွက် သင့်လျော်သောအပြုအမူများ ပြသခြင်း👦👧👶

ကလေးများကို မိဘများမှ သင့်လျော်သော (ကောင်းသော) အပြုအမူများ လုပ်ဆောင် စေလိုပါ သလား။ ဟုတ်ကဲ့။ အားလုံးပဲ လုပ်ဆောင်စေလိုကြမှာပါ။ အထူးသဖြင့် မိသားစုဝင်များအပေါ်၊ လူကြီးမိဘများအပေါ်၊ သူငယ်ချင်းမိတ်ဆွေများအပေါ် သင့်လျော်သော (ကောင်းသော) အပြုအမူ များကို လုပ်ဆောင်စေချင်ကြမှာပါ။ ဒါဆို ကျွန်မတို့ဘယ်လိုလုပ်ကြပါမလဲ။ ဒီအကြောင်း လေးကို ပြောပြပေးသွားပါမယ်ရှင့်။

ကလေးများဟာ ကျွန်မတို့ လူကြီးမိဘများထံမှ သူတို့လေးတွေရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ တစ်ဦးနှင့် တစ်ဦး ဆက်သွယ်ပြောဆိုပုံ၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုတည်ဆောက်ပုံ စတာတွေကို သင်ယူ လေ့လာနေကြတာဖြစ်ပါတယ်။အဲဒီ့အခါမှာ ကျွန်မတို့ လူကြီးမိဘများမှ ကလေးအတွက် သင့်လျော်သော (ကောင်းသော) အပြုအမူများကို ကိုယ်တိုင် လုပ်ဆောင်ပြသပေးခြင်းအားဖြင့် သင်ပြပေးနိုင်မှာဖြစ်ပါတယ်။

အခြေအနေ✌✌✌

သင်က သင့်ကလေးကို စကားပြောတဲ့အခါ “ရှင်၊ ခင်ဗျာ” အသုံးပြုပြောစေချင်တာဆို သင် ကိုယ်တိုင်ကပါ သူတစ်ပါးနှင့်သော်လည်းကောင်း၊ ကလေးနှင့် သော်လည်းကောင်း ဆက်သွယ် ပြောဆိုတဲ့အခါ “ဟုတ်ကဲ့ရှင့်၊ ဟုတ်ကဲ့ခင်ဗျာ့” စသဖြင့် အသုံးပြု ပြောဆိုပေးသင့်ပါတယ်။ တစ်ခါမှ ကလေးနဲ့ ဒါမျိုးပြောဆိုနေတာမျိုးမရှိတဲ့ လူကြီးမိဘများအနေနဲ့ ဆိုရင်တော့ အစပိုင်းမှာ ခက်ကောင်းခက်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဟာ ကလေးအတွက် အကောင်းဆုံးသော သင်ပြသူ တစ်ယောက်ဖြစ်တဲ့အတွက် သေချာလုပ်ဆောင်နိုင်ဖို့ လိုအပ်ပါမယ်ရှင့်။ မိမိလိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက်ကတော့ ကိုယ်တိုင် သေချာပါဝင် လုပ်ဆောင်ပေးမှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်ရှင့်။

နောက်ထပ်ဥပမာအနေနဲ့ ကလေးက အမူအရာကြမ်းတမ်းနေတယ်၊ စကားပြောကြမ်းတမ်းနေတယ် စသဖြင့် ပြောတတ်ကြပါတယ်။ “အရင်က ဒါမျိုးမဟုတ်ဘူး။ အခုမှ အမူအရာ၊ အပြောအဆိုတွေ ပြောင်းလဲလာတာ” ဆိုတာလည်း ရှိတတ်ပါတယ်။ ဒါဆိုရင် ကလေးရဲ့လူကြီးမိဘ၊ အုပ်ထိန်းသူ များ၊ မိသားစုဝင်များ သေချာပြန်လည်သုံးသပ်ဖို့လိုပါတယ်။ အိမ်မှာ ဘယ်သူဒီလို အပြူအမူပြုလုပ် ခဲ့သလဲ၊ ဘယ်သူဒီလိုပြောဆိုခဲ့သလဲ။ အိမ်မှာမဟုတ်ရင် ဆွေမျိုး/ မိတ်ဆွေများ အိမ်သွားတုန်းက ဘာတွေဖြစ်ခဲ့သေးသလဲ။ အိမ်အနီးအနားဝန်းကျင်မှာရော ဘယ်သူတွေနဲ့ ပြောဆို ဆက်ဆံခဲ့ဘူး သလဲ။ ယခုတစ်လောမှာရော ကလေးကိုဘယ်လို ကာတွန်း၊ ရုပ်ရှင်၊ ဇာတ်လမ်းတွေ ကြည့်စေခဲ့ သလဲ။ ယခုခေတ်အချိန်အခါမှာဆိုရင်တော့ ကလေးကို ဖုန်းကြည့်ချိန် (Screen Time) ဘယ်လောက်ထိ ပေးပြခဲ့ဖူးသလဲ။ ကလေးက Game တွေ ကစားနေသလား၊ ဘယ်လိုGame ကစားသလဲ စသဖြင့် စဉ်းစားစရာတွေ အများကြီး ရှိပါမယ်။ အိမ်မှာ ဒါမျိုးတွေ လုံး၀မရှိတာ သေချာခဲ့ရင်တော့ ကလေးရဲ့ကျောင်းက တာဝန်ရှိဆရာမနဲ့ဒီအကြောင်းအရာကို သေချာတိုင်ပင် ဆွေးနွေးဖို့လိုပါမယ်။ ကျောင်းမှာရော ဘယ်လိုအခြေအနေရှိသလဲ၊ ဘာကြောင့်လဲဆိုတာကို ဆွေးနွေးဖို့လိုအပ်ပါမယ်ရှင့်။
ဒီလိုအဖက်ဖက်မှ သုံးသပ်ပြီးချိန်မှာတော့ အိမ်မှာ ဖေဖေကဒေါသထွက်ပြီး အော်ပြောလိုက်မိလို့၊ သူငယ်ချင်းတစ်ယောက်ထံမှ ဒီလိုပြောတာကြားခဲ့လို့၊ ဖုန်းကြည့်ချိန် (Screen Time) များလို့/ ကြည့်တာမ၀သေးချိန်မှာ သိမ်းပစ်လို့၊ ရုပ်ရှင်ထဲက လူကဒီလို ကြမ်းကြမ်းတမ်းတမ်း လုပ်ပြတာ တွေ့လို့ (လူသတ်သမားကား၊ သရဲကားစသဖြင့်) အဖြေတွေရရှိခဲ့ကြချိန်မှာ ကလေးအတွက် အကောင်းဆုံး ဘယ်လိုလုပ်ပေးမလဲ၊ ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လို အခြေအနေတွေနဲ့ ပြန်လည် ရှင်းပြမလဲ စသဖြင့် ပြဿနာကို အဖြေရှာကြရမှာ ဖြစ်ပါတယ်ရှင့်။

နည်းလမ်းများ👇👇👇

ကလေးတွေကို သင့်လျော်သော (ကောင်းသော) အပြုအမူများလုပ်ဆောင်စေလိုတယ်ဆိုရင်တော့ ဒီလိုနည်းလမ်းလေးတွေအသုံးပြုနိုင်ပါတယ်။ ထပ်မံဖြည့်သွင်း၍လည်း လုပ်ဆောင်ပေး နိုင်ပါသေး တယ်ရှင့်။

(၁)ကလေးများရှေ့မှာ သူတစ်ပါးနဲ့စကားပြောနေစဉ် သူတစ်ပါးအပေါ် ချစ်ခင်ကြင်နာကြောင်း ပြသပေးပါ။ (ဒီလိုဆံပင်လေးညှပ်ထားတာလှလိုက်တာ၊ ဒီဝတ်စုံလေးနဲ့ သိပ်လိုက်တာပဲ စသဖြင့်)
(၂)သူတစ်ပါးက ခံစားရတယ်၊ နာကျင်နေရတယ်ဆိုတာကို ပြောပြချိန်မှာ ကိုယ်ချင်းစာတတ်အောင် ပြောပြပေးပါ။ (သူငယ်ချင်းက အရောင်ခြယ်ရင်း သူ့ရောင်စုံခဲတံလေးကျိုးသွားလို့ ငိုနေတာ။ သူအရမ်းဝမ်းနည်းနေမှာပဲ။အဲဒါ သူ့မေမေက သူကြိုက်လို့ဝယ်ပေးထားတာလေးလေ စသဖြင့်)
(၃)ကလေးဆီက တစ်ခုခုလိုချင်တယ်၊ တောင်းချင်တာရှိရင် ကလေးထံမှ ခွင့်တောင်းပြီးမှယူပါ။ (မေမေ့ကို သားသား ခဲတံလေးခဏလောက် ငှါးပေးပါလား။)
(၄)အိမ်သို့ဧည့်သည်လာလျှင်သော်လည်းကောင်း၊ အပြင်မှာ အသိမိတ်ဆွေနှင့် တွေ့လျှင် သော်လည်းကောင်း နှုတ်ဆက်တတ်ရန် ပြောပြပေးပါ။ (မဂ်လာပါ အန်တီ/ ဦးဦး စသဖြင့်)
(၅)ကလေးများအား မိမိအလှည့်စောင့်တတ်ရန်၊ သူ့အလှည့် ကိုယ့်အလှည့် စောင့်ဆိုင်းတတ် ရမည်ဖြစ်ကြောင်းကို နေရာတိုင်းမှာ လိုအပ်သလို ပြောပြပေးပါ။ (ငွေရှင်းကောင်တာ စသဖြင့်)
(၆)မိမိလုပ်ဆောင်ခဲ့သောအရာအတွက် တာဝန်ယူပြန်လည် ရှင်းလင်းသိမ်းဆည်း တတ်ရန်။ (သားသားကစားပြီးရင် ပုံးထဲပြန်သိမ်းရမယ် စသဖြင့်)
(၇)နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ချိန်တိုင်း စည်းကမ်းတကျ လုပ်ဆောင်တတ်စေရန် သင်ကြားပြသပေးခြင်း။(ထမင်းစားချိန်မှာ ကိုယ်တိုင်သေချာစားရမယ်၊ စားထားတဲ့နေရာ သန့်ရှင်းရေး ပြန်လုပ်ရမယ် စသဖြင့်)

သတိပြုရန်✋✋✋

ကလေးများမှာ ၎င်းတို့ပတ်၀န်းကျင်မှ အပြုအမူအသစ်များ၊ အချိန်ယူလုပ်ဆောင်နိုင်ဖို့ သည်းခံ ရတာ၊ ပုံမှန်လုပ်ဆောင်သွားနိုင်ဖို့ အချိန်ယူလုပ်ဆောင်ရတာ၊ လေ့လာသင်ယူနေရတာတွေရှိတဲ့အခါ မှာ လူကြီးမိဘများမှ ပါဝင်ကူညီပေးရတာမျိုး ရှိနိုင်ပါတယ်။ အဲဒီ့အခါမှာလည်း လူကြီးမိဘများမှ အချိန်ယူပြောပြပေးဖို့ လိုပါမယ်ရှင့်။

နောက်ထပ်အရေးကြီးတာတစ်ခုကတော့ ကလေးရဲ့အပြုအမူ၊ အပြောအဆို တစ်ခုခုကို ပြုပြင် ပြောင်းလဲချင်တယ်ဆိုရင် ကလေးပတ်ဝန်းကျင်ရှိသူများအားလုံး အတူတကွ သေချာ ပါဝင်လုပ်ဆောင် ပေးဖို့ လိုအပ်ပါမယ်ရှင့်။

ဒီစာစုကိုဖတ်ခြင်းအားဖြင့် မေမေဖေဖေ၊ မိဘအုပ်ထိန်းသူများနဲ့ သားသားမီးမီးလေးများရဲ့ ဆက်ဆံရေးမှာ အဆင်ပြေချောမွေ့လာပြီး သားသားမီးမီးလေးများအတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် ဝေမျှပေးရကျိုးနပ်ပါတယ်ရှင်…………။

သင့်အတွက်၊ သင့်မိသားစုအတွက်၊ သင့်မိတ်ဆွေသူငယ်ချင်းများအတွက် အကျိုးရှိစေနိုင်မယ်ဆိုရင် ဒီစာစုကို ဝေမျှပေးနိုင်ပါတယ်ရှင့်။

သင်ကြားပြသပေးခဲ့သော ဆရာကြီး၊ ဆရာမကြီးများနှင့် စီနီယာဆရာမများအားအလေးထားလျက်

ချစ်ခြင်းများစွာဖြင့်
Tr-Khin Cho Thet
Precious Kids by Tr.Cho

08/08/2022

Afternoon Class(12:30-2:30)pm
Individual Student 👧
Ei Thansin Mhoon
Grade-2 Level
English Reading လေးတွေကို ဖတ်ရတာ စိတ်ဝင်စားတဲ့သမီးလေး။😍😍😍
စာဖတ်ပြီး ကလေးနားလည်သလောက် ဘာသာပြန်စေပြီး ပြန်ရှင်းပြပေးတဲ့အတွက် ကလေးလည်းသေချာနားလည်၊ စာဖတ်ရတာလည်း မပျင်းစေတော့ဘူးပေါ့ရှင်။😍😍😍
ps.video ရိုက်တာကို ချက်ချင်းရပ်လိုက်တဲ့အတွက် ကလေးကို praise လုပ်တာ video ထဲတော့ ပါမသွားပါဘူးရှင်။😊

08/08/2022

Morning Class(9:00-11:00)am
(Sun,Mon,Tue)
Kaung Myat Khant
Grade 2 Level
မြန်မာစာမှာ အားနည်းလို့ များများကူညီပေးရင်း ပါဝင်ကြိုးစားတဲ့သားသားပါ။
မြန်မာစာကို စိတ်ပါဝင်စားတတ်စေဖို့ game လေးပေးလုပ်ရင်း သင်ကြားမှုလေးပါ။😍😍😍

08/08/2022

Afternoon Class(12:30-2:30)pm
Individual Student 👧
Ei Thansin Mhoon
Grade-2 Level
English Lesson များကို စိတ်ဝင်တစားရှိပြီး သင်ယူဖို့ အမြဲ ready ဖြစ်နေတတ်တဲ့ မမကြီးလေးပါ။😍😍😍

08/08/2022

Tr.Cho ရဲ့ Precious kids လေးများရဲ့ လုပ်ဆောင်မှုတိုင်းအတွက် Reward🏆🥉🥈🥇🎖🏅

08/08/2022

Morning Class(9:00-11:00)am
Pre.KG Level
Pyae Thiha & Min Paing Hein
Cut and Paste Activity (house)
ကလေးလေးများရဲ့ Fine Motor Skill-ကြွက်သားငယ် ဖွံ့ဖြိုးမှု နဲ့ လက်ချောင်းအားလေးများ သန်မာစေရန်အတွက် လုပ်ဆောင်ခဲ့ကြပါတယ်ရှင်။😍😍

08/08/2022

မဂ်လာပါရှင့်။😍😍
ဒီ Page လေးကနေ Tr.Cho ရဲ့ Precious လေးများရဲ့ လုပ်ဆောင်မှုလေးများကို ဖော်ပြပေးသွားမှာမို့ Like လေးနဲ့ အားပေးဖို့ မမေ့ကြနဲ့နော်။
ကျေးဇူးတင်ပါတယ်ရှင့်။😊😊😍😍

08/08/2022

မဂ်လာပါရှင့်။🙏
ချစ်ခင်လေးစားရတဲ့ မိဘများနဲ့ အုပ်ထိန်းသူများအတွက် Tr.Cho မှ ကလေးများအတွက် အထောက်အကူဖြစ်စေမယ့် အသိပညာ ဗဟုသုတများကို တတ်အားသ၍ ဝေမျှပေးသွားမှာ ဖြစ်တဲ့အတွက် ဒီ Page လေးကို Like လုပ်ထားပေးစေချင်ပါတယ်ရှင့်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။😊😊😍😍

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

စာဖတ်မပျင်းဖို့ အတူတူဖတ်ရင်း၊ အားပေးရင်း ချစ်ရသော Precious လေးပါ။💗💗💗Lin Thiri AungKG LevelEvening Class
Min Paing Hein 💗
Pyae Thiha 💗
Afternoon Class(12:30-2:30)pmIndividual Student 👧Ei Thansin MhoonGrade-2 LevelEnglish Reading လေးတွေကို ဖတ်ရတာ စိတ်ဝင်စာ...

Category

Telephone

Website

Address

Hnin Si Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.