Dr.Aung Lwin Phyo

Dr.Aung Lwin Phyo

တိုးတက်ပြောင်းလဲလာတဲ့နည်းပညာဆေးဝါးများနဲ့ကျားဆိုမှကျားပီသချင်တဲ့ဦးဦး၊ကိုကို၊မောင်မောင်တို့အတွက်

24/12/2022

အမျိုးသားများတွင် အဖြစ်များသော ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ဆီးကျင်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ဆီးလမ်းကြောင်းယားယံခြင်း၊ ရောင်ရမ်းခြင်း များသည် အမျိုးသားများ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ၏ အဓိက လက္ခဏာများဖြစ်ပါသည်။ တကိုယ်ရည်သုံးပစ္စည်းများ မျှဝေ သုံးစွဲခြင်းနှင့် ကျား/မ ဆက်ဆံမှုများမှလည်း ပိုးဝင်နိုင်ပါသည်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် ပြင်းထန်သောကူးစက်မှုဖြစ်သည့်အတွက် လိင်မှုဘဝမှတစ်ဆင့် အခြားလူများထံ ကူးစက်နိုင်ပါသည်။ အချိန်မီ မကုသနိုင်သော ဆီးလမ်းကြောင်းပိုးဝင်ခြင်းများကြောင့် ဆီးကျိတ်ရောင်ခြင်းနှင့် ဆီးအိမ်ရောင်ခြင်းစသည့် ရောဂါများ ပြန့်နှံ့နိုင်ပါသည်။ ထို့အပြင် အမျိုးသား မျိုးပွားမှုဆိုင်ရာ အခက်အခဲများ ၊ အူလမ်းကြောင်းရောင်ခြင်း ၊ မျက်မြှေးရောင်ခြင်း ၊ ဦးနှောက်အမြှေးရောင်ခြင်းများပါ ဖြစ်စေနိုင်ပါသည်။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် ပြင်းထန်သော ကူးစက်မှု ဖြစ်သည့်အတွက် အခြားသူများထံကူးစက်နိုင်ပါသည်။ အချိန်မှီ ကုသမှု မရှိပါက ဆီးကျိတ်ရောင်ခြင်း၊ ဆီးအိမ်ရောင်ခြင်းတို့ဖြစ်နိုင်ပါသည်။ မျိုးပွားမှုဆိုင်ရာ အခက်အခဲများ၊ အူလမ်းကြောင်းရောင်ခြင်း၊ မျက်မြှေးရောင်ခြင်း နှင့် ဦးနှောက်အမြှေးရောင်ခြင်းထိပါ

24/12/2022

လိပ်ခေါင်းအမျိုးအစားများ/နဲ့ လက္ခဏါများ

လိပ်ခေါင်းကိုအတွင်းလိပ်၊အပြင်လိပ်၊ အတွင်းနဲ့အပြင် တစ်ဆက်တည်းရောနှောနေတဲ့လိပ် ဆိုပြီးတော့အမျိုးအစားလဲခွဲထားပါတယ်။အပြင်ကိုပြူထွက်နေတဲ့အတိုင်းအတာပေါ်မူတည်ပြီးတော့လည်း အဆင့်၄မျိုး(degree)ခွဲထားပါတယ်။

ဘယ်သူတွေမှာရောဂါအဖြစ်များလဲ ❓

လိပ်ခေါင်းဟာ ကျားမ မရွေး အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။အသက် ၃၀ နဲ့ ၇၀ ကြားအဖြစ်များတတ်ပါတယ်။

ရောဂါလက္ခဏာ♨

ဝမ်းသွားလျှင်သွေးပါခြင်း၊ စအိုနားတဝိုက်ယားယံခြင်း၊ ချွဲများစိုနေခြင်း၊ နေထိုင်ရခက်ခြင်းများ ဖြစ်တတ်ပါတယ်။
အိမ်သာတက်ရင် ဝမ်းကိုစညှစ်လိုက်တဲ့အချိန် ဖောင်းနေတဲ့သွေးကြောလေးတွေပေါက်ထွက်ပြီး သွေးတွေအိမ်သာကမုတ်ပေါ်ကို ပန်းထွက်ပါတယ်။နောက်တစ်မျိုးက ဝမ်းစညှစ်တဲ့အချိန်မှာ သွေးကြောမပေါက်သေးပဲ စမြင်းတုံးနဲ့ပွတ်မိပြီးတော့မှ ပေါက်တာမို့လို့ ဝမ်းသွားပြီးနောက်မှ သွေးကကျလာခြင်းဖြစ်ပါတယ်။

✅ အကြံပြုချက် ✅

ရေများများသောက်ပေးခြင်း၊ အသီးအရွက် အသီးအနှံ များများစားပေးခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းကို သင့်တင့်မျှတစွာ လုပ်ပေးခြင်း အားဖြင့် လိပ်ခေါင်းရောဂါသက်သာအောင် ပြုလုပ်နိုင်ပါတယ်။

လိပ်ခေါင်းရောဂါနည်းတူ အသည်းရောဂါ အချို့သော အူမကြီးကင်ဆာတို့တွင်လဲ ဝမ်းသွားလျှင်သွေးပါတတ်သဖြင့် သွေးပါတိုင်း လိပ်ခေါင်းရောဂါ ဟု တထစ်ချမမှတ်စေလိုပဲ သတိမူစေချင်ပါတယ်
We care About your Health!

24/12/2022

👉🏻လိင်ပညာပေးနှင့် အလွဲအမှားများ

၁။ ကြီး ရှည်

အပြာစာအုပ်တွေကို မယုံပါနဲ့ ၈လက်မ၊ကိုးလက်မဆိုတာ မြန်မာထဲ့မှာ ရှားရှားပါးပါးပါ။ပုံမှန်မြန်မာတယောက်ဟာ ၅လက်မကျော်ကျော်သာရှိတတ်ပါတယ်။
အဲဒါကို ကြီးချင်ရင် သောက်ဆေး၊စားဆေး၊လိမ်းဆေးတွေ၊လေ့ကျင့်ခန်းတွေရှိပါတယ်။ဒါမဲ့အဲဒါတွေက ၁၀၀% အာမခံလို့မရပါဘူး လူအပေါ်ရော ဆေးအပေါ်ရော မူတည်ပါသေးတယ်။ထိုးဆေးကတော့ အားမပေးပါဘူး
စီလီကွန်တွေကလူကို
ကောင်းကြိုးမပေးပါဘူး။ကြီးလို့မက်တယ်ဆိုတာတွေက ဒိတ်အောက်နေတဲ့ အယူအဆတွေပါ။ငှက်ပြောသီးလိုပေါ့ အမြင်လှတာက အသီးချိုမချိုကို အာမမခံပါဘူး။

၂။ ကြာ

အဲဟာကိုလည်း အတော်ရူးကြတယ်။စော်က ၇ခါ ၈ခါပြီးမှ တခါပြီးတာတို့ဘာတို့ကို အဲဒါကလည်း ပြောရရင် မွေးလာကတည်းက အဲလိုသန်တာ ရှားပါတယ်။တစ်သောင်းမှာတယောက်လောက်ပဲရှိမှာပါ။
ပုံမှန်အရ လေ့လာဖူးသလောက်က ယောကျားတယောက်က ပုံမှန်အရ ၃မိနစ်ကနေဆယ်ငါးမိနစ်ထိရှိတတ်ပါတယ်။တစ်နာရီ၊နှစ်နာရီကြာတယ်ဆိုတာ ဆေး၊အရက်တခုခုသုံးထားတာဖြစ်နိုင်ပြီး တချို့လူတွေကတော့ လေ့ကျင့်ယူထားတာဖြစ်ပါတယ်။

အဲတော့ အဲဒါတွေပြည့်စုံပြီး ကိုယ့်ကောင်မလေးကတမ်းတမ်းစွဲဖြစ်အောင် ဘယ်လိုလုပ်မလည်း

ကျနော်စဉ်းစားစေချင်တာက ရိုးရိုးလေးပါ။လူတွေက အိပ်ယာပေါ်က ကိစ္စဆိုရင် လိင်ချောင်းပေါ်ပဲ အာရုံစိုက်နေတယ်။အဲအရာက ကိုယ်ခန္ဓာမှာကပ်ပေါက်နေတယ်ဆိုတာ မသိချင်တာလား မသိချင်ယောင်ဆောင်နေတာလား မသဲကွဲပါ။တကယ်တော့ ကျန်းမာသန်စွမ်းတဲ့သူဖြစ်ရင် ကျန်းမာသန်စွမ်းတဲ့ စွမ်းဆောင်ရည်ကိုရမယ်ဆိုတာကို မတွေးကြဘူး။ဒီမှာကျနော်ပြောချင်တာက အိပ်ယာပေါ်မှာစွမ်းဆောင်ရည်မြင့်ဖို့က ကိုယ်နေထိုင်စားသောက်ပုံမှန်ဖို့လိုတယ်။လူအားရှိတဲ့အစာတွေစားပါ သုတ်အားရှိတာတွေစားပါ။ကျန်းမာရေးမဲ့အညီ လေ့ကျင့်နေထိုင်ပါ။အဲ့လိုမျိုးပြည့်စုံလာရင် တဖြည်းဖြည်းနဲ့ ကိုယ်လိုရာသွားနိုင်လာလိမ့်မယ်။ပြီးတော့ လေ့ကျင့်ခန်းလုပ်ပါ ဇင်ရဲ့အသက်ရှုလေ့ကျင့်ခန်းတွေတခြားကီးဂယ်လေ့ကျင့်ခန်းတွေကိုလေ့ကျင့်။အဲ့အပေါ်မှာမှ အားဆေးသောက်။အဲ့လို ကျန်းမာရေးလိုက်စားရင် စွမ်းဆောင်ရည်မြင့်ဖို့ ဘာများခဲယဉ်းမှာလည်း

ပြီးတော့ အပေးအယူမျှဖို့လိုတယ် ယောင်္ကျားဆိုတဲ့အမျိုးဟာဝုန်းဒိုင်းကြဲမြန်တတ်ပေမဲ့ မိန်းကလေးကတော့ တငြိမ်ငြိမ့်တက်လာတတ်တယ်။အဲ့ဒီအပေါ်မှာ အပေးအယူမျှပြီး သူ့ဘက်ကိုတွေးဖို့လိုတယ် ငါကောင်းပြီးရောမလုပ်ဖို။ပြီးတော့ ပုံစံစုံဖို့လုပ်သင့်တယ် တမျိုးနှစ်မျိုးဆို ဘယ်လောက်ကောင်းကောင်း အချိန်တန် ရိုးအီလာတတ်တာပဲလေ။

နောက်ဆုံးအရေးကြီးဆုံးအချက်က ကိုယ့်အဖော်စိတ်ကျေနပ်ရင် အရာရာအေးဆေးပါ သူ့စိတ်ကိုပဲနားလည်အောင်လုပ်ပါ။
ကျနော်တို့ဆီမှာ အကြီးဆုံးအမှားက ကြာကြာလုပ်နိုင် ပုံစံစုံနိုင်ရင် မိန်းမတွေက စွဲလမ်းတယ်ထင်ကြတယ်။မဟုတ်ပါဘူး မိန်းမတွေက တယောက်နဲ့တယောက်မတူကြပါဘူး။တချို့ကကြာတာကြိုက်တယ် တချို့က သိပ်မကြာလည်း အလေးမထားပါဘူး။
အဲ့တော့ အကြာကြီးဆက်ဆံနိုင်ဖို့တခုတည်း အာရုံမထားပါနဲ့ ကိုယ့်အဖော်အကြိုက်အလိုက်သိပါ

24/12/2022

👉🏻အမျိုးသားများသိသင့်တဲ့ အချက်များ

✅အကြီးဆုံး လိင်တံ

💥လိင်တံ အများစုဟာ ၃ လက်မလောက် ရှည်တတ်ပေမယ့် လိင်တံ ထောင်မတ်မှု ဖြစ်တဲ့အခါမှာ ၄.၅ ကနေ ၆.၅ လက်မ အထိ ကြီးထွားလာနိုင်ပါတယ်။ အကြီးဆုံးလိင်တံကတော့ ၁၃.၅ လက်မ ရှည်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေက ဒါကို စိတ်မပူသင့်ပါဘူး။ လိင်ဆက်ဆံစဉ်မှာ လိင်တံ အရွယ်အစားဟာ အရေးမကြီးဘူးလို့ သိပ္ပံပညာရှင်တွေက သက်သေပြခဲ့တာကြောင့် စိတ်လျှော့ပြီး မိမိရဲ့ ကျွမ်းကျင်မှုကိုသာ အသုံးပြုသင့်ပါတယ်။

✅လိင်တံတွေဟာ ကွေးနိုင်ပြီး ကျိုးလဲကျိုးနိုင်ပါတယ်။

💥၂၀၀၂ မှာ လုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ အမျိုးသားတွေရဲ့ လိင်တံဟာ boomerang သဏ္ဍာန်ရှိပြီး ဒါဟာ အမှန်ပဲဖြစ်ပါတယ်။ ဒါ့ပြင် လိင်ဆက်ဆံမှုသာ သိပ်ပြင်းထန်ခဲ့ရင် လိင်တံကျိုးနိုင်ပါတယ်။ လိင်တံမှာ အရိုးတွေ မရှိတာကြောင့် ကျိုးတယ်ဆိုတာဟာ အကွေးလွန်သွားတာဖြစ်ပြီး သူကိုယ်တိုင် ပုံမှန်အတိုင်း ပြန်ဖြစ်လာနိုင်ဖို့ ဆေးကုသမှု လိုအပ်နိုင်ပါတယ်။

💥အမျိုးသားတွေဟာ လိင်တံထောင်မတ်စဉ်မှာ ခုတင်ပေါ်က ပြုတ်ကျပြီး လိင်တံကျိုးသွားတဲ့ အဖြစ်အပျက်တွေ ရှိပါတယ်။ သေချာကုသဖို့နဲ့ လိုတာထက်ပိုပြီး လှုပ်ရှားမှုပြုတာကို ၆ ပတ်လောက် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

✅သုက်ရည်ဟာ ကယ်လိုရီ နည်းပါးပါတယ်။

💥သုက်ရည်ဟာ spinach တစ်ခွက်မှာ ပါဝင်တဲ့ ကယ်လိုရီလောက်ပဲ (၁-၇ ကယ်လိုရီသာ) ပါဝင်ပါတယ်။ သူဟာ ရေတွေ၊ အင်ဇိုင်းတွေ၊ citric acid၊ fructose နဲ့ amino acids တွေ ပါဝင်ပါတယ်။ သုက်ရည်ဟာ အာဟာရဓာတ်တွေနဲ့ ပြည့်နေတတ်ပါတယ်။

✅တိုင်းတာတဲ့ အရာမရှိဘူး။

💥ခြေထောက် အရွယ်အစားနဲ့ လိင်တံအရွယ်အစားဆက်စပ်မှုတွေဟာ ယုံတမ်းစကားတွေသာဖြစ်ပါတယ်။ ကိုယ်အလေးချိန်၊ အရပ်၊ ခြေထောက်အရွယ်အစား၊ လက် အရွယ်အစား၊ နောက်ဆုံး ခေါင်းအရွယ်အစားကပါ လိင်တံအရွယ်အစားကို ခန့်မှန်းခြင်းအတွက် အသုံးမဝင်ပါဘူး။

💥အချို့လူတွေမှာ ပျော့ပျောင်းနေတဲ့ လိင်တံအရွယ်အစားဟာ လိင်ဆက်ဆံစဉ်မှာလည်း ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ မဆိုလိုပါဘူး။ သုတေသနများစွာက ပျော့ပျောင်းစဉ် သေးငယ်တဲ့ လိင်တံတွေဟာ ကြီးမားတဲ့ လိင်တံတွေနဲ့စာရင် လိင်ဆက်ဆံစဉ် အဆမတန် ကြီးထွားလာတတ်တယ်လို့ ဆိုပါတယ်။

✅နေထိုင်မှုပုံစံက လိင်တံကျန်းမာရေးကို ထိခိုက်နိုင်တယ်

💥ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ လေ့ကျင့်ခန်း မလုပ်ခြင်းတွေ ရှိမယ်ဆိုရင် လိင်တံရဲ့ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ လေ့လာမှုတွေက အိပ်စက်ခြင်း အရည်အသွေးနဲ့ လေ့ကျင့်ခန်းတွေဟာ အမျိုးသားတွေမှာ ယောက်ျား ဟော်မုန်းပမာဏနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ဒါ့ပြင် ဆေးလိပ်သောက်ခြင်းဟာ လိင်တံထောင်မတ်မှုကို လျော့နည်းစေပြီး လိင်တံကိုလည်း တိုစေပါတယ်💯💯

24/12/2022

လိင်စိတ်နည်းလာတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်❗️

များသောအားဖြင့် လိင်စိတ်နည်းရခြင်းရဲ့ ယေဘုယျအကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင်

အမျိုးသားတွေမှာ
• စိတ်ဖိစီးမှုများလာတာ
• ကျားဟော်မုန်း ကျဆင်းခြင်း
• ရောဂါအတွက် ဆေးပြင်းများ သောက်ရခြင်း
• အိပ်ချိန်မမှန်ခြင်း
• အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်း
• စိတ်ကျန်းမာရေးပြဿနာများ ရှိခြင်း
• စိတ်ကျရောဂါရှိခြင်း
• ခြေထောက်ကို မကြာခဏဆန့်တန်းလိုတဲ့ ရောဂါရှိခြင်း
• ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှိခြင်း
• အသက်ကြီးလာခြင်း
• မိမိကိုယ်ကို ချစ်ခင်စိတ်၊ တန်ဖိုးထားစိတ် နည်းခြင်း
• လေ့ကျင့်ခန်း မလုပ်ခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေမှာတော့
• လိင်မှုကိစ္စဖြစ်ရမှာ အလွန်ရှက်တာ
• သွေးဆုံးချိန် ရောက်တာ
• မဟော်မုန်း မျှခြေပျက်ယွင်းတာ
• ရာသီစက်ဝန်းမှာ ကိုက်ခဲမှုဒဏ်တွေ
• စိတ်ဖိစီးမှုများခြင်း
• လိင်မှုကိစ္စမှာ စိတ်ဒဏ်ရာရခဲ့ခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

လိင်စိတ်နည်းပါးခြင်း ပြဿနာတွေဟာ လူကြီးပိုင်းမှာတော့ အသက်အရွယ်သဘောအရ ဖြစ်လေ့ရှိတယ်ဆိုပေမယ့် လူငယ်ပိုင်းမှာဆိုရင် များသောအားဖြင့် နေထိုင်စားသောက်မှုပုံစံ မှားယွင်းခြင်းနဲ့ စိတ်ကျန်းမာရေးပြဿနာတွေကြောင့် ပိုအဖြစ်များပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးကို အရင်ကထက် ပိုဂရုစိုက်ပေးပါ။

Dr.Aung Lwin Phyo
09444855886

Photos from Dr.Aung Lwin Phyo's post 18/12/2022
18/12/2022
18/12/2022

ကိုယ်သောက်နေကျ ဆေးတွေရဲ့ နာမည်ကို ဂရုစိုက် ဖတ်ဖူးပါသလား? တချို့ဆေးတွေရဲ့ နာမည်အဆုံးမှာ MR, SR, OD, CR, Re**rd, XL စသဖြင့် ရှိတာကို သတိထားမိပါသလား?

လူအများစု ဆေးတွေကို ခြမ်းပြီး ချိုးပြီး သောက်တာမျိုး ရှိဖူးမှာပါ။ နောက်ပြီးတော့ ဆေးဆိုင်မှာ ဝယ်တဲ့အခါမှာလဲ ကိုယ်သောက်နေကျ ပမာဏ mg ပစ္စည်း ကုန်နေတာမျိုးကြုံရင် ဥပမာ ကိုယ်က ၁ဝဝမီလီဂရမ် သောက်နေကျ ပေမယ့် ဆေးက မရှိတဲ့အတွက် ၅၀ မီလီဂရမ် ၂ လုံး သောက်လိုက်တာမျိုး ၂၀၀ မီလီဂရမ်ကို တဝက်ခြမ်း သောက်လိုက်တာမျိုး ဆေးဆိုင်တွေကလဲ ၁၀၀ မီလီဂရမ် ပစ္စည်းပြတ်လို့ ၅၀ မီလီဂရမ် ၂ လုံး သောက်လိုက်ပါ ဆိုတာမျိုး လုပ်ဖူးကြမှာပါ။

အဲ့ဒီအခါမှာ ယေဘုယျအားဖြင့်တော့ မှန်ကောင်းမှန်နိုင်ပေမယ့် အပေါ်မှာ ဆိုခဲ့တဲ့ MR, SR, OD, CR, Re**rd, XL စသည်တို့နဲ့ အဆုံးသတ်ထားတဲ့ ဆေးနာမည်တွေမှာ ပြဿနာရှိနိုင်ပါတယ်။ ဒီလိုအတိုကောက် MR, SR တွေကိုဆေးနာမည်မှာ ဘာလို့ ထည့်ထားရတာလဲဆိုတော့ တစ်ချို့ ဆေးတွေမှာ သောက်သောက်ပြီးချင်း အာနိသင်ပြပြီး ချက်ချင်း အာနိသင် ကုန်မသွားအောင် ဆေးရဲ့ အာနိသင် တစ်နေကုန်ရနေအောင် ဖေါ်စပ် ဖန်တီးထားပါတယ်။ သွေးကျဆေး ဆီးချိုဆေး စတာတွေမှာပေါ့။

MR SR စတာတွေရဲ့ အရှည်ကောက်ကတော့ Modified release, Slow release, substained release ပါတဲ့ ။ ဆိုလိုတာကတော့ ဆေးကို ချက်ချင်း အာနိသင် အကုန်မပြပဲ တနေကုန် ဖြည်းဖြည်းချင်း ထွက်နေအောင် လုပ်ထားတာပါ။ တစ်နေကုန် အာနိသင် ပြနေအောင် ဒါမှမဟုတ် တရက် ၂ ကြိမ် ၃ ကြိမ် သောက်နေစရာမလိုပဲ တစ်ကြိမ်ထဲနဲ့ အဆင်ပြေအောင် ဆေးကို စတင် ထုတ်လုပ်ကတည်းက တစ်ချို့ဆေးတွေကို ဓာတုဗေဒပစ္စည်း ပေါင်းထည့်ထားတာမျိုး coat လုပ်ထားပြီး အလွှာအုပ်ထားတာမျိုး ဖန်တီးထားလေ့ ရှိပါတယ်တဲ့။

ဆေးကိုချိုးပြီး သောက်လိုက်တာမျိုး ၁၀၀ အား မရှိလို့ ၅၀ အား ၂ လုံး သောက်လိုက်တာမျိုးမှာ ဖြေးဖြေး စိမ့်ထွက်လာရမယ့် အာနိသင်တွေဟာ အချိုးအစား မှန်မှန်ကန်ကန် မရပဲ ကမောက်ကမ ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့်မို့ မိမိသောက်နေကျ ဆေးတွေရဲ့ အနောက်မှာ MR, SR, OD, Re**rd, XL စသဖြင့်ပါ မပါ ကြည့်ပီး ပါနေခဲ့ရင် ခါတိုင်း သောက်နေကျ ပုံစံ အတိုင်းသာ သောက်ပြီး တစ်ဝက်ခြမ်းသောက်တာမျိုး ၂ လုံးသောက်တာမျိုး မလုပ်ပဲနဲ့ ကိုယ်သောက်တဲ့အား ပမာဏ အတိကျကိုသာ ရှာဝယ်သောက်သင့်ကြောင်း အကြံပြုလိုပါတယ်။

18/12/2022

#အရက်သောက်ခြင်းရဲ့ဆိုးကျိုးများ

🧑‍⚕️အရက်ဟာ စိတ်ခံစားမှု၊ စိတ်စူးစိုက်မှု၊ ဆုံးဖြတ်နိုင်စွမ်းနဲ့ အတူတကွ လုပ်ဆောင်နိုင်မှုတွေကို ယုတ်လျော့စေနိုင်ပါတယ်။

🍻ဒါ့အပြင် ရေရှည်ဆိုးကျိုးတွေလည်း အများအပြား ရှိပါသေးတယ်။

🍻ဒီလို ရေရှည်ဆိုးကျိုးတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူတတ်ကြပါဘူး။

🧑‍⚕️အရက်ဟာ စွဲလမ်းစေတတ်ပါတယ်။

🍻လူအများစုမှာ သောက်ရင်းသောက်ရင်းနဲ့ ကြာလာတဲ့အခါ သောက်နှုန်း ပိုပိုများလာပြီး ကျန်းမာရေးနဲ လူမှုဆက်ဆံရေးတို့ကို ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။

🍻အရက်ကို စွဲစွဲလမ်းလမ်း သောက်သုံးသူတွေမှာ ရုတ်တရက် ဖြတ်လိုက်တဲ့အခါ လက်တုန်ခြင်း၊ ကယောင်ခြောက်ခြားဖြစ်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ တက်ခြင်းနဲ့ အခြားဆိုးဆိုးရွားရွား ယင်းထခြင်း လက္ခဏာများ ဖြစ်ပေါ်လာတတ်ပါတယ်။

🍻လူအချို့မှာ အသက်အန္တရာယ် ရှိသည်အထိ ဆိုးရွားနိုင်ပါတယ်။

🍻ဒါပေမဲ့ အရက်စွဲနေသူတွေကို အရက်မဖြတ်ရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။

🍻ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်းထမ်းများနဲ့ တိုင်ပင်ပြီး စိတ်အချရဆုံးနည်းလမ်းဖြင့် ဖြတ်သင့်ပါတယ်။

🧑‍⚕️အရက်စွဲနေသူတွေမှာ ကြာလာတဲ့အခါ အသည်းရောင်ပြီး အသည်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

🍻တဖြည်းဖြည်းနဲ့ အသည်း အလုပ်မလုပ်နိုင်တော့သည်အထိ ဖြစ်စေတတ်ပါတယ်။

🍻အရက်ဟာ အသည်းအပြင် မုန့်ချိုအိတ်နဲ့ ဦးနှောက်တို့ကိုလည်း ဖျက်ဆီးနိုင်ပြီး သွေးလည်း တိုးစေတတ်ပါသေးတယ်။

🍻နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ကိုလည်း ပိုဖြစ်စေနိုင်တတ်ပါတယ်။

🧑‍⚕️ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အရက်အများအပြား သောက်သုံးခြင်းက ကလေးငယ်တွင် မွေးရာပါ ချို့ယွင်းချက်များနဲ့ အခြားပြဿနာများကို ဖြစ်စေတတ်ပါတယ်။

18/12/2022

#သွေး_မခဲကြစေဖို့

သွေးကျဲဆေး•ထိုးကြသူများ နှင့်
သွေးကျဲဆေး•••မတတ်နိူင်သူများ
အတွက်
အိမ်တွင်းအစားအစာ•
များနဲ့လည်းကုသ နိူင်ကြပါတယ်

🧄ကြက်သွန်ဖြူ•••စားပါ။

☕ရေနွေး ••• သောက်ပါ။

🦿ခြေသလုံးလေ့ကျင့်ခန်းလုပ်ပါ။

သွေးခဲပြီး မလိုလား အပ်တာတွေ
မဖြစ် စေလိုပါ။

အခုတလောမှာ
ကြုံတွေ့နေကြရတာက
သွေးခဲ ပြီး အသက်အန္တရယ်
ထိခိုက်စေတဲ့ အဖြစ် တွေပါပဲ။

(ကိုဗစ်) ရောဂါ.ကူးစက်ခံရလို့
နည်းမျိုးစုံနဲ့ ကုသပြီး
အသက်ဘေးက" လွတ်လာကြပေမဲ့
နောက်ပိုင်းမှာ သွေး ခဲပြီး
ရုတ်တရက်သေနေကြပါတယ်။

အဲဒီလိုသွေးခဲခြင်း မဖြစ်အောင် ဆိုပြီး
သွေးကျဲဆေးတွေသောက်နေရတယ်

သဘာဝနည်းနဲ့သွေးကျဲအောင်
လုပ်တဲ့ နည်းကိုအခု ပြောပြပါမယ်။

🧄ကြက်သွန်ဖြူဘဲဖြစ်ပါတယ်။

1. ကြက်သွန်ဖြူဟာသွေးကျဲဆေး
ထက်အများကြီး ••• ပိုကောင်းပါတယ်

ထမင်း•••စားရင်
ကြက်သွန်ဖြူ" သုံးလေးတက် လောက်စားပေးသင့်ပါတယ်။

2.နနွင်း•••ဖြစ်ပါတယ်။

3 .နောက်တစ်ခု•ကတော့
သံလွင်ဆီ•••ဖြစ်တယ်။

ဆံချည်မျှင်" သွေးကြောလေးတွေ
အတွင်းထဲအထိရှင်းလင်း
ပေးနိုင်ပါတယ်။

နနွင်း" ဖျော်သောက်•••ရာမှာ
သံလွင်ဆီ" နဲ့ပဲ ဖျော်သောက်ကြပါ

4 .သွေးခဲတဲ့သူတွေမှာ
သွေးပျစ် နေလေ့•••ရှိတယ်။

သွေး ပျစ်ရတာက ရေသောက်"နည်းလို့

ရေ"များများ•••သောက်မှ
သွေးက ကျဲလာတာ•••ဖြစ်တယ်။

ဒါကြောင့်တစ်နေ့ကို

ရေ(၄)လီတာ"လောက် သောက်ရမယ်။
ရေခပ်နွေးနွေး သောက်တာ
အကောင်းဆုံးပါပဲ။

သွေးပျစ်တဲ့•••သူတွေဟာ
အချဉ်"ကြောက်ကြသူတွေ ပိုများတယ်။

5 .အချဉ် ဓါတ်" စားပေးရင်
သွေးကျဲစေပါတယ်။

ဒါကြောင့်
သံပုရာ"ရည်•ချဉ်ချဉ်လေး
သောက်သုံး ပေးသင့်ပါတယ်။

ကင်ပွန်းချဉ်ဟင်းချို
သောက် လို့လဲ ရပါတယ်။

သွေးထဲ မှာရောနေတဲ့
အရည်ကြည်"တစ်မျိုးရှိပါတယ်။

အဲဒါကို
သွေးသည်းခြေ" လို့ခေါ်ပါတယ်။

သွေးသည်းခြေ နည်းနေရင်လည်း
သွေးက••• ပျစ်တတ်တယ်။

6. သွေး"သည်းခြေဓါတ်
အားကောင်းဖို့ အတွက်ကတော့
အခါး" ကြွယ်ဝတဲ့•••ကြောင်ရှာ၊
ခွေးတောက်၊ ငရုတ်ခါး၊
ဆင်တုံး မနွယ်၊ရဲယို၊ဒန့်ဒလွန်"
တွေ စားပေးသင့်တယ်။

အခါး စားမှ••လည်း
ဝါယောအား•ကောင်းပြီးတော့

သွေးလည်ပတ်မှု့•••မှန်မှာဖြစ်တယ်။

အထိုင် များ•••အအိပ် များရင်
သွေး လေးပြီး•••သွေးခဲတတ်တယ်။

7 .ဒါကြောင့်
လမ်းလျှောက်ပေးရမယ်။
လမ်းလျှောက်လို့ခြေသလုံး ကြွက်သားတွေ ညှစ်"တော့မှ

သွေးက နှလုံး•••ကို
တွန်းအားနဲ့•••ရောက်တာဖြစ်တယ်။

ခြေသလုံး နှစ်ခုဟာ
(ဒုတိယ)နှလုံးတွေ••ဖြစ်တယ်။
ခပ်ဖြေးဖြေး ခပ်မှန်မှန်လျှောက်ပါ

သွေး ခဲတာဟာ
ခြေထောက်ပိုင်းမှာအဖြစ်များတယ်

ခဲတဲ့ သွေးဖတ်က
ပင်မ" သွေးကြောထဲမှာပါလာပြီး
နှလုံး၊ဦးနှောက်တွေမှာ
သွားပိတ်တာ•••များတယ်။

သွေး•••မခဲဖို့က
တစ်ခုကောင်း" လုပ်လို့မရပါဘူး။

အခုပြောခဲ့တာတွေကို
Networkနဲ့လုပ်မှ
ပြည့်စုံမှာဖြစ်တယ်

ဒီလိုပဲ ဉာဏ်ရှိရှိ" လုပ်သွားမယ်ဆိုရင်
သေဘေးကနေ လွန်မြောက်ကာ
ရှောင်ရှားနိုင်ကြမှာ•••ဖြစ်ပါတယ်။

ကျန်းမာခြင်း ကြောင့်
ချမ်းသာအဆင်း ရရှိကြပါစေ"

(ခြေသလုံးလေ့ကျင့်ခန်းလေးတွေ့လို့ထည့်ပေးလိုက်တယ်)

18/12/2022

#ကွမ်းစားခြင်းရဲ့ဘေးထွက်ဆိုးကျိုးများ

#ကွမ်းစားခြင်း

🧑‍⚕️ကွမ်းသီးမှာပါတဲ့ ဓါတုဗေဒဓါတ်တွေက ဦးနှောက်နဲ့ ပင်မအာရုံကြောရဲ့ အခြားအစိတ်အပိုင်းတွေကိုထိခိုက်စေနိုင်ပါတယ်။

🤐မြင်သာတဲ့ ကွမ်းစားခြင်းရဲ့ ဆိုးကျိုးတစ်ခုက သွားတွေကို အရောင်ပြောင်းစေတာနဲ့ ကွမ်းသီးကြောင့် လက်တွေမှာ အရောင်စွန်းတာတွေဖြစ်ပါတယ်။

🤐ကွမ်းစားတာကဆေးရွက်ကြီးတွေ အခြားကွမ်းစားဆေးတွေမပါဝင်ရင်တောင်မှ အစာရေမြိုကင်ဆာကိုဖြစ်စေနိုင်ပါတယ်။

🤐ကွမ်းသီးမှာပါတဲ့alkaloids နဲ့ polyphenols တို့ကကင်ဆာရောဂါကိုဖြစ်စေနိုင်ပါတယ်။

🤐ကွမ်းစားပါများတဲ့အခါ ခရိုမိုဆုန်းတွေ ပုံမှန်မဟုတ်တဲ့အနေအထားဖြစ်နိုင်ခြေများလာပြီး ခံတွင်းကင်ဆာဖြစ်နိုင်ခြကိုပုံမှန်ထက်ပိုများစေပါတယ်။

🤐ကွမ်းစားတဲ့အခါ ထည့်စားလေ့ရှိတဲ့ ထုံးနဲ့ကွမ်းသီးတို့ပေါင်းစုသွားတဲ့အခါမှာလည်း ခံတွင်းကင်ဆာဖြစ်နိုင်ခြေကို တိုးလာစေပါတယ်။

🤐ကွမ်းစားတဲ့အခါမှာပါတဲ့ ကွမ်းသီးကသွားဖုံးတွေကို ထိခိုက်စေပြီး ခံတွင်းအနာတွေကိုဖြစ်စေပါတယ်။

🤐ကွမ်းသီးက သွားဖုံးကျန်းမာရေးကို ထိခိုက်စေပါတယ်။

🤐ကွမ်းသီးမှာပါတဲ့ စိတ်တက်ကြွစေတဲ့ဓါတ်က ကဖင်းနဲ့နီကိုတင်းတို့မှာပါတဲ့ဓါတ်တွေနဲ့ တူပြီးစွဲလမ်းစေတတ်ပါတယ်။

🤐ကွမ်းသီးစားလိုက်တဲ့အခါ စိတ်တက်ကြွမှုနဲ့စွမ်းအင်ပြည့်ဝသွားသလိုမျိုးခံစားလိုက့်ပြီး ထပ်ကာထပ်ကာစားချင်စိတ်ဖြစ်လာနိုင်ပါတယ်။

🤐ကွမ်းစားတာကြောင့် စကားပြောဆိုရာမှာအခက်ကြုံတာ၊ အပူဒဏ်၊အအေးဒဏ်နဲ့ အရသာပြင်းတာတွေကို ခံနိုင်စွမ်းလျော့ကျတာ၊သွေးတိုးတာ၊ စိတ်ဂနာမငြိမ်တာ၊ စိတ်ဆိုးလွယ်တာ၊ စိတ်ဖိစီးတာ၊ အာရုံစိုက်နိုင်စွမ်းလျော့နည်းလာတာ။ကောင်းကောင်းအိပ်မပျော်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

🧑‍⚕️ဆေးလိပ်ဖြတ်တဲ့အခါမှာအသုံးပြုတဲ့ဆေးတွေကို ကွမ်းနဲ့ကွမ်းသီးစားသုံးတာကိုဖြတ်တဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။

🧑‍⚕️ကွမ်းစားတာကြောင့် ကျန်းမာရေးကိုထိခိုက်စေတဲ့အချက်တွေအများကြီးရှိပေမယ့်လည်း ကွမ်းဝါးတာကြောင့် ရနိုင်တဲ့အကျိုးကျေးဇူးလေးတစ်ခုကိုလည်းဖော်ပြပေးလိုက်ပါတယ်။

🤐ခံတွင်းခြောက်နေမယ်ဆိုရင် ကွမ်းဝါးလိုက်ပါ။

🤐ကွမ်းမှာပါတဲ့ ကွမ်းသီးက တံတွေးထွက်စေနိုင်တာကြောင့် ဆီးချိုကြောင့်ဖြစ်တဲ့ခံတွင်းခြောက်တာကိုလည်းသက်သာစေပါတယ်။

🤐တစ်ပတ်ကိုတစ်ကြိမ်လောက်ပဲစားပေးသင့်ပါတယ်။

🧑‍⚕️ကွမ်းကိုအကြာကြီးငုံထားတာမျိုး၊ အများကြီးစားတာမျိုးက မကောင်းပါဘူး။

🤐ကွမ်းသီးမှာပါတဲ့ ဓါတုဓါတ်အချို့က ကင်ဆာဖြစ်စေနိုင်ပြီး အချို့ အဆိပ်ဖြစ်စေပါတယ်။

🤐ကွမ်းသီး ၈ ဂရမ် ကနေ ၃၀ ဂရမ်အထိစားသုံးမယ်ဆိုရင်သေစေနိုင်ပါတယ်။

🤐ကွမ်းဝါးတာက ပါးစပ်၊နှုတ်ခမ်းတွေကို နီစေတဲ့အပြင် ဝမ်းတွေကိုလည်းအနီရောင်ပြောင်းစေပါတယ်။

🤐ကွမ်းစားရာမှာပါတဲ့ ကွမ်းသီးကအော့အန်တာ၊ဝမ်းလျှောတာ၊သွားဖုံးတွေမှာရောဂါဖြစ်တာ၊ တံတွေးအထွက်များတာ၊ ရင်ဘတ်အောင့်တာ၊နှလုံးခုန်မမှန်တာ၊သွေးပေါင်ကျတာ၊အသက်ရှုနှုန်းနှေးတာ၊ အသက်ရှုနှုန်းမြန်တာ၊ရုတ်တရက် နှလုံးရပ်တာ၊ကိုမာ ဝင်တာနဲ့သေဆုံးတဲ့အထိဖြစ်တာမျိုးတွေကိုဖြစ်ပေါ်စေပါတယ်။

🧑‍⚕️ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ကွမ်းနဲ့ကွမ်းသီးစားတာမျိုးတွေမလုပ်သင့်ပါဘူး။

🫄ကင်ဆာဖြစ်တာနဲ့ အဆိပ်အတောက်ဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။

🫄ကွမ်းသီးက ပင်မအာရုံကြောစနစ်ကိုထိခိုက်စေပြီး ကိုယ်ဝန်ဆောင်တွေကို အန္တရာယ်ရှိစေနိုင်ပါတယ်။

🫄ကွမ်းသီးမှာပါတဲ့ ဓါတုဓါတ်တွေက နို့ကနေတဆင့် ကလေးဆီကိုရောက်သွားနိုင်ပြီး ကလေးကိုထိခိုက်စေနိုင်ပါတယ်။

🧑‍⚕️ကွမ်းစားတာက ပန်းနာရင်ကျပ်ဝေဒနာကိုပိုဆိုးစေနိုင်ပါတယ်။

🤐ကွမ်းယာမှာပါတဲ့ ကွမ်းသီးက နှလုံးခုန်နှုန်းကိုနှေးစေနိုင်တာကြောင့် နှလုံးခုန်နှုန်းနှေးတဲ့ အခံရှိသူတွေမှာ ပိုမိုဆိုးရွားစေပါတယ်။

🤐အူလမ်းကြောင်းတွေကို ပိတ်ဆို့စေတာမျိုးတွေဖြစ်စေနိုင်ပါတယ်။

🤐အစာအိမ်နဲ့အူလမ်းကြောင်းတွေမှာ အနာတွေဖြစ်စေနိုင်ပြီး ရှိပြီးသားအနာတွေကိုလည်းပိုဆိုးစေနိုင်ပါတယ်။

🤐ကွမ်းစားတာက အဆုတ်ထဲမှာရေတွေစုစေပါတယ်။

🤐ကွမ်းသီးက အတက်ရောဂါကို ပိုဆိုးစေပါတယ်။

🤐ကွမ်းစားတာက ဆီးကျောက်တည်ခြင်းမှတဆင့် ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း (Urinary tract obstruction) ကိုဖြစ်စေပါတယ်။

🤐ကွမ်းစားတာက ဆီးချိုနဲ့နှလုံးရောဂါလိုမျိုး နာတာရှည်ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။

🤐ကွမ်းစားတာကြောင့် ဆဲလ်တွေထဲက ဒီအန်အေကို ပျက်စီးစေပြီး ကင်ဆာဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါတယ်။

🤐ကွမ်းစားတဲ့ အချိန်ကာလအတိုင်းအတာနဲ့ စားသုံးတဲ့ပမာဏပေါ်မူတည်ပြီး ခံတွင်း၊ လည်ချောင်းနဲ့ အစာရေမြိုကင်ဆာတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

🧑‍⚕️ကွမ်းနဲ့ကွမ်းသီးက အတန်အသင့်ပမာဏလောက်စားသူံးရင် ကျန်းမာရေးအတွက်ကောင်းကျိုးရနိုင်တယ်ဆိုပေမယ့် အလွန်အကျွံစားသုံးမယ်ဆိုရင်တော့ပြင်းထန်တဲ့ဆိုးကျိုးတွေကိုဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

🤐ကွမ်းယာနဲ့ကွမ်းသီးကိုစားသုံးရတာနှစ်သက်သူတွေအနေနဲ့လည်း ချင့်ချိန်စားသုံးနိုင်စေလိုပါတယ်။

Photos from Dr.Aung Lwin Phyo's post 18/12/2022

ကာလသားရောဂါ (syphilis)

Treponema pallidum ဆိုတဲ့ bacteria
(ဘက်စ်တီးရီးယား)
ကူးစက်တာကနေ ဖြစ်ပါတယ်။

မကုသပဲထားရင် သေဆုံး/ဘဝဆုံးသည်အထိ အန္တရာယ် ရှိပါတယ်။

ကူးစက်နိုင်သောနည်းလမ်းများ

၁) ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံခြင်း
၂) ရောဂါပိုးရှိသူ၏ သွေးသွင်းမိခြင်း/ဆေးထိုးအပ်အတူ
သုံးခြင်း။
၃) ရောဂါပိုးရှိသူ ၏ အနာမှထွက်သောအရည်နဲ့ထိမိခြင်း
၄) ရောဂါပိုးရှိသူ မိခင်မှ သန္ဓေသားသို့ကူးစက်ခြင်း

ရောဂါပျိုးချိန် က ၁၀ရက် ကနေ ၉၀ထိ ကြာနိုင်တယ်။

ရောဂါလက္ခဏာကို အဆင့်လေးဆင့်ခွဲထားပါတယ်။
ပုံ တပုံ ချင်းဆီထောက်ကြည့်ပါ။

သံသယရှိပါက စစ်ဆေးမှုခံယူပြီးကုသပါ။
ရောဂါနုစဥ်ကုသပါက ပျောက်ပါသည်။
ဒီPostက ကိုယ့်ကို ကို သံသယရှိလျှင် အချိန်မှီကုသ
ရအောင်ရည်ရွယ်ပါတယ်။

18/12/2022

သွေးတိုးရောဂါကနာတာရှည်ကျောက်ကပ်ရောဂါဖြစ်ရခြင်းရဲ့အဖြစ်များဆုံးအကြောင်းရင်းပါ

နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ရင်ကျောက်ကပ်ဆေးတာ_ကျောက်ကပ်အစားထိုးတာတွေလုပ်ရပါတယ်

ဒါကြောင့်သွေးတိုးရောဂါရှိသူတွေမှာနာတာရှည်ကျောက်ကပ်ရောဂါမဖြစ်အောင်ကာကွယ်နိုင်ရင်အကောင်းဆုံးပါ

သွေးတိုးရောဂါမှသည်နာတာရှည်ကျောက်ကပ်ရောဂါဆီသို့

သွေးတိုးရောဂါနဲ့ နာတာရှည် ကျောက်ကပ်ရောဂါဟာ သင်သိထားတာထက် ပိုနီးစပ်ပါတယ်။

အခြေအနေတစ်ခုခုရှိခြင်းသည် အခြားတစ်ခုကို ဖြစ်လာစေနိုင်ပါတယ်။

သွေးတိုးခြင်းသည် ကျောက်ကပ်အပါအဝင် ခန္ဓာကိုယ်အနှံ့ရှိ သွေးကြောများနှင့် ကိုယ်တွင်းအင်္ဂါများကို ပျက်စီးစေနိုင်ပါတယ်။

အခြားတစ်ဖက်တွင်၊ သင့်တွင် ကျောက်ကပ်ရောဂါရှိနေပါက ခန္ဓာကိုယ်တွင်းရှိ အပိုအရည်များနှင့် အဆိပ်အတောက်များကို စစ်ထုတ်နိုင်မှုအားနည်းခြင်းကြောင့် သွေးတိုးရောဂါကို ဖြစ်စေနိုင်ပါတယ်။

🩺ဤသို့ဖြင့် ၎င်းတို့နှစ်ခုဟာ နီးကပ်စွာ ဆက်စပ်လျက်ရှိပါတယ်။

သွေးတိုးရောဂါ သို့မဟုတ် ကျောက်ကပ်ရောဂါ၏ အစောပိုင်းအဆင့်များတွင် သင်သည် မည်သည့်လက္ခဏာမျှ မခံစားရပါ။

သို့သော်လည်း အခြေအနေများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ ရောဂါလက္ခဏာများ ပေါ်လာနိုင်ပါတယ်။

အောက်ဖော်ပြပါ သင်ကြုံတွေ့နိုင်ခြေအရှိဆုံး လက္ခဏာ ၁၀ ချက် ပေါ်ပေါက်လာပါက သင့်တွင်နာတာရှည်ကျောက်ကပ်ဖြစ်နေပြီဟုယူဆကာ ဆေးရုံ‌/ဆေးခန်းသို့ အမြန်ဆုံးသွားရောက်၍ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ပါတယ်။

၁။ သင့်ခြေထောက်၊ ခြေကျင်းဝတ်၊ လက် သို့မဟုတ် မျက်နှာ ဖောရောင်ခြင်း။

ကျောက်ကပ်များပျက်စီးလာသောအခါ ခန္ဓာကိုယ်အတွင်းရှိ အပိုအရည်များနှင့် ဆားများကို မဖယ်ရှားနိုင်သောကြောင့် ရောင်ရမ်းခြင်း သို့မဟုတ် ဖောရောင်ခြင်း ဖြစ်ပွားနိုင်ပါတယ်။

ခြေထောက်၊ ခြေဖဝါး နှင့် ခြေချင်းဝတ်များတွင် ဖောရောင်ခြင်းမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။

လက် သို့မဟုတ် မျက်နှာတွင်လည်း ဖြစ်ပွားနိုင်ပါတယ်။

၂။ ကြွက်သားများ ကြွက်တက်ခြင်း။

ကျောက်ကပ်စစ်ထုတ်မှု အားနည်းလာသည့်အတွက် ခန္ဓာကိုယ်တွင်း အရည်နှင့် ဓာတ်ပစ္စည်း (ဆိုဒီယမ်၊ပိုတက်ဆီယမ် စသည်) မညီမျှခြင်းကြောင့် ကြွက်သားများ ကြွက်တက်ခြင်းကို ခံစားရနိုင်ပါတယ်။

သွေးစီးဆင်းမှုပြဿနာများကြောင့်လည်း သွေးတိုးရောဂါနှင့် ကျောက်ကပ်ရောဂါရှိသူများတွင် ကြွက်သားများ ကြွက်တက်ခြင်းကို ဖြစ်စေနိုင်ပါသေးတယ်။

၃။ အစာစားချင်စိတ်မရှိခြင်း။

ကျောက်ကပ်များသည် ၎င်း၏လုပ်ငန်းဆောင်တာများကို ကောင်းစွာ မလုပ်နိုင်သောအခါတွင် မကောင်းသည် ဓာတ်ပစ္စည်းများသည် ခန္ဓာကိုယ်ထဲတွင် တိုးပွားလာကာ ဖျားနာခြင်း၊ မောပန်းခြင်း သို့မဟုတ် အစာမစားပဲ ဗိုက်ပြည့်နေသလိုခံစားရခြင်းတို့ကို ဖြစ်စေပါတယ်။

အရသာခံစားမှုကိုလည်း ချို့ယွင်းသွားစေနိုင်ပါတယ်။

ဒါတွေအားလုံးဟာ အစာစားချင်စိတ်မရှိခြင်းကို ဖြစ်စေနိုင်ပြီး ကိုယ်အလေးချိန်ကိုလည်း လျော့ကျလာစေနိုင်ပါတယ်။

၄။ ပျို့အန်ခြင်း။

ပျက်စီးသွားသောကျောက်ကပ်များသည် ခန္ဓာကိုယ်အတွင်း အညစ်အကြေးများနှင့် အရည်များစုပုံလာစေသောကြောင့် ပျို့အန်ခြင်း ခံစားချက်များကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။

🧑‍⚕️၅။ ခေါင်းကိုက်ခြင်းနှင့် အာရုံစူးစိုက်နိုင်စွမ်းမရှိခြင်း။

🩺သွေးတိုးရောဂါသည် ခန္ဓာကိုယ်အနှံ့ရှိ သွေးလွှတ်ကြောများတွင် သွေးဖိအားများ တိုးလာစေသည့်အတွက် ဦးနှောက်အတွင်းရှိ သွေးလွှတ်ကြောများတွင်လည်း ဖိအားများလာ‌စေကာ ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုပုံလာတာကြောင့် ဦးနှောက်ကို ထိခိုက်စေပြီး စိတ်ရှုပ်ထွေးမှုတွေကိုလည်း ဖြစ်စေနိုင်ပါ‌ေသးတယ်။

၆။ သွေးပေါင်ချိန်တက်ခြင်း။

သွေးတိုးရောဂါနှင့် ကျောက်ကပ်ရောဂါသည် ဆက်စပ်လျက်ရှိပြီး တစ်ခု၏ ပြင်းထန်လာမှုသည် အခြားတစ်ခု၏ ပြင်းထန်မှုကို စတင်စေနိုင်ပါတယ်။

မြင့်မားနေပြီဖြစ်သော သွေးပေါင်ချိန်သည် ကျောက်ကပ်၏ လုပ်ဆောင်မှုကို အားနည်းစေပြီး ‌ခန္ဓာကိုယ်အတွင်း အရည်များကို ပိုမိုစုပုံစေပါတယ်။

၇။ ဆီးခဏခဏသွားခြင်း။

ဆီးသွားချင်စိတ် ပိုများလာခြင်း (အထူးသဖြင့် ညအချိန်) သည် ကျောက်ကပ်ရောဂါ ဖြစ်ပေါ်လာခြင်း၏ လက္ခဏာတစ်ခုဖြစ်ပါတယ်။

သို့သော် ကျောက်ကပ်ရောဂါ ဆိုးလာသည်နှင့်အမျှ ပျက်စီးသွားသော ကျောက်ကပ်များသည် သွေးထဲမှ အရည်များနှင့် အညစ်အကြေးများကို မစစ်ထုတ်ပေးနိုင်‌တော့သောကြောင့် ဆီးသွားနည်းလာလေ့ရှိပါတယ်။

၈။ လေးလံထိုင်းမှိုင်းခြင်းနှင့် အိပ်ရခက်သော ပြဿနာများ။

နာတာရှည် ကျောက်ကပ်ရောဂါရှိနေခြင်းက အိပ်စက်နေစဉ် ခဏတာ အသက်ရှူရပ်သည့်ရောဂါ နှင့် အခြားသော အိပ်စက်၍မရ‌သော ပြဿနာများ ဖြစ်နိုင်ခြေကို တိုးလာစေပါတယ်။

သွေးထဲမှာ အဆိပ်အတောက်တွေ ပိုများလာတာကြောင့် အိပ်ပျော်ဖို့ ပိုမိုခက်ခဲလာစေနိုင်ပါတယ်။

၉။ အရေပြားခြောက်သွေ့ပြီး ညိုမဲခြင်းနှင့်အတူပေါ်ပေါက်လာသော ယားယံခြင်း။

ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုပုံလာတာနဲ့အမျှ ယားယံတာ ဒါမှမဟုတ် အဖု၊အ‌ကွက်တွေ ပေါ်ပေါက်လာတာကို ခံစားရပါလိမ့်မယ်။

သွေးထဲတွင် သတ္တုဓာတ်နှင့် အာဟာရဓာတ်မျညးမညီမျှခြင်းသည် အ‌သားအ‌ရေ အရောင်ပြောင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

၁၀။ ရင်ဘတ်အောင့်ခြင်းနှင့် အသက်ရှုကြပ်ခြင်း။

ခန္ဓာကိုယ်ထဲမှာ အရည်တွေ ပိုလျှံလာတဲ့အခါ အဆုတ်ထဲမှာ အရည်တွေ စုပုံလာ‌စေနိုင်ပါတယ်။

ဒါက အသက်ရှုရခက်စေပြီး ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ထို့အပြင် သွေးတိုးရောဂါသည် သွေးလွှတ်ကြောများ၏ တောင့်တင်းမှုကို လျော့ကျလာစေတဲ့အတွက် ရင်ဘတ်အောင့်ခြင်းကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ကျောက်ကပ် ရောဂါနဲ့ ပတ်သက်တာတွေ စဉ်ဆက်မပြတ် ရေးပေးသွားမှာမို့ Like and Follow လုပ်ခဲ့ကြပါဦးနော်

ဤစာကို မိတ်ဆွေတို့ ကြိုက်နှစ်သက်ပါက သို့မဟုတ် မိတ်ဆွေတို့အတွက် အကျိုးရှိသည်ဟု ခံစားရပါက Page ကို Like လုပ်ခြင်း၊ Post ကို share ပေးခြင်းဖြင့် ကူညီပေးကြပါနော်။

18/12/2022

🍀ရေသောက်ခြင်း အနုပညာ🍀

ရေသောက်ခြင်းဟာ ကျန်းမာရေးအတွက်အထောက်အကူဖြစ်တယ်ဆိုတာ အားလုံးသိနှင့်နေပြီးသားဖြစ်မှာပါ

မှန်ပါတယ် လုံလောက်တဲ့ရေဓာတ်ရှိခြင်းဟာ ကျန်းမာရေးခြင်းနဲ့ တ်ိုက်ရိုက်အချိုးကျနေပါတယ်
ဒါပေမယ့် ရေသောက်တဲ့ အခါ မှန်ကန်သင့်တော်တဲ့အချိန်မှာသောက်ခြင်းဟာ အကောင်းဆုံးဖြစ်ပြီး ရေသောက်လွန်ကဲပါကလည်း ဘေးဖြစ်စေတတ်ပါတယ်

ရေသောက်ဖို့အသင့်တော်ဆုံးအချိန်တွေက
☘️ မနက်အိပ်ရာနိုးတဲ့အချိန်
မနက်နိုးနိုးခြင်း ရေသောက်ပေးခြင်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ် ကိုပိုမိုကောင်းမွန်စေပါတယ်
☘️ နေ့လည်စာ မစားခင်
နေ့လည်စာမစားခင် ရေတခွက်သောက်ခြင်းဟာ အစာလွန်ခြင်းကိုကာကွယ်ပြီး လွန်ကဲအောင်စားမိခြင်းမှကာကွယ်စေပါတယ်
☘️ နေ့လည်ခင်း ငိုက်မြည်းချိန်
နေ့လည်ခင်း ၃ နာရီလောက်မှာ ကော်ဖီတခွက်အစားရေသောက်ခြင်းဟာ လည်း ကော်ဖီနည်းတူလန်းဆန်းစေမှာပါ
☘️ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ချိန်
ဒီလိုအချိန်မှာရေသောက်ပေးခြင်းက ချွေးထွက်လွန်ပြီးရေဓာတ်ဆုံးရှုံးမှုကိုကာကွယ်စေပါတယ်
☘️ ညဘက်အိပ်ရာမဝင်ခင်
ညဘက်အိပ်ရာမဝင်ခင် ရေအနည်းငယ်သောက်ပေးခြင်းက ခံတွင်းခြောက်ခြင်းမှကင်းဝေးပြီး ကောင်းစွာအိပ်ပျော်စေပါတယ်

ရေသောက်ခြင်းနဲ့ပတ်သတ်လို့ အနည်းငယ်လွဲမှားနေတဲ့ ယူဆမှုလေးတွေလည်းရှိပါတယ်

♦️ ရေသောက်ရင် အဆီကျတယ်
ဒါဟာ မှားယွင်းပါတယ် ရေသောက်လို့ အဆီမကျပါဘူး ဗိုက်ပြည့်သွားလို့ မဆာတော့လို့ အများကြီးမစားတော့တာမျိုးပါ

♦️ရေသောက်ခြင်းက အသားခြောက်ခြင်းကိုကာကွယ်တယ်
အသားခြောက်ခြင်းဟာ vit A ချို့တဲခြင်းကြောင့် ဖြစ်တာပါ ဒါဟာအပေါ်ယံအရေပြားပြဿနာဖြစ်ပြီး အသားအရည်စိုပြေအောင် အလှဆီ lotion တခုခု လိမ်းရမှာပါ

♦️ရေသောက်ရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ကို ဆေးကြောပေးတယ်
ရေသောက်ခြင်းဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ကို မဆေးကြောနိုင်ပါဘူး အဆိပ်အတောက်ဖယ်ရှားခြင်းအလုပ်ကို ကျောက်ကပ်ကသာလုပ်ပါတယ်

ရေကို လိုတာထက်ပိုသောက်မိရင်လည်း အန္တရယ်ရှိနိုင်ပါတယ် ရေကို အများကြီးသောက်မိရင် ခန္ဓာကိုယ်မှရှိတဲ့ electrolytes တွေဖြစ်တဲ့ Potassium, Sodium, Magnesium, Calcium တွေဟာ dilute ဖြစ်ပြီးနည်းသွားမယ်
ရှိရမယ့် ပမာဏထက်ပိုနည်းသွားရင် Hyponatremia ဖြစ်နိုင်ပြီး နောက်ဆက်တွဲ အနေနဲ့ ကြွက်တက်ခြင်း ခေါင်းမူးခြင်း ပျို့အန်ခြင်း သတိလစ်ခြင်း တက်ခြင်း နှင့်အသက်သေဆုံးတဲ့အထိပါ ဖြစ်တတ်ပါတယ်
မတော်တဆတော့ ရေအများကြီးသောက်ဖို့ ခဲယဥ်းပါလိမ့်တယ် သောက်လေ ကောင်းလေဆိုပြီး လိုတာထက်ပိုသောက်မိရင်တော့ အန္တရယ်ဖြစ်စေမှာပါ

ဒါကြောင့် ရေဆာ လျှင် ရေသောက်ပါ
ဒါကအမှန်ကန်ဆုံးနည်းလမ်းဖြစ်ပြီး တနေ့ကိုရေသုံး လေး လီတာပြည့်အောင်သောက်မယ်ဆိုတဲ့စိတ်နဲ့ မဝင်နိုင်ပဲမသောက်ပါနဲ့လို့ အကြံပေးပါရစေ

18/12/2022

ကြီးနေသော ဆီးကြိတ် Prostate
ကျုံ့သွားစေတဲ့ နည်း ၉မျိုး ပါ ခင်ဗျာ ။

၁။ လီမွန်အရေ ၊ သံလွင်ဆီ ၊ ရွှေဖရုံစေ့ ၊ တရုပ်နံနံအမြစ် ကို ရောမွှေကြိတ်ပါ ။
အိပ်ရာဝင်မှာ လက်ဘက်ရည်ဇွန်း တဇွန်း စားသုံးပေးပါ ။
( အချိုးအဆ က တဇွန်းစာရအောင် မှန်းလုပ်ဖို့ပါပဲ )

၂။ နေကြာစေ့ ကို ညနေ ၅ နာရီ နဲ့ ည ၇ နာရီအတွင်းမှာ စားပေးရပါမယ် ။
( ပမာဏ အတိအကျ မဖော်ပြထားပါဘူး ၊ စားနိုင်သလောက် စားဖို့ပါပဲ )

၃။ ကြက်သွန်အတက် နှင့် ပျားရည်ကို သမအောင်ကြိတ်မွှေပြီး နေ့စဉ် လက်ဘက်ရည်တဇွန်းစာ
စားပေးရပါမယ် ။
( တဇွန်းစာ မှန်းကြိတ်ဖို့ပါပဲ )

၄။ နွားနို့ပူပူ ခွက်တစ်ဝက် မှာ အရက် Alcohol အစက် ၄၀ ထည့်မွှေပြီး တနေ့ ၃ကြိမ်
အစားမစားမီ သောက်ပေးရပါမယ် ။

၅။ ကြိတ်ချေထားသော ကညွတ်
လက်ဘက်ရည် ၃ဇွန်းစာကို ဆူနေသော
ရေနွေး ဟင်းစားဇွန်း ၂ ဇွန်းစာနှင့်
ရောသမမွှေ ပြီး နေ့စဉ် စားသုံးပေးရ
ပါမယ် ။

၆။ ရေနွေးပူပူ အကြမ်းပုဂံ ၄ လုံးစာမှာ
နုတ်နုတ်စဉ်းထာတဲ့ ထင်းရူးသား
၁ကျပ်သားခန့် ထည့်မွှေပါ ။
အတန်ကြာထားပြီး စစ်ယူပါ ။
နေ့လည်ခင်းအချိန်မှာ သောက်ပေးပါ ။

၇။ ရေနွေးဆူဆူ မတ်ခွက်တစ်လုံးစာမှာ
သစ်အယ်သီးခြောက် ထည့်ပါ ။
အအေးခံပြီး လက်ဘက်ရည် ၂ဇွန်းစာ
နေ့စဉ်သောက်ပါ ။

၈။ ဖရုံသီးဆီ လက်ဘက်ရည် ၁ဇွန်းစာ
တနေ့ ၃ကြိမ် စားသုံးပေးပါ ။
တစ်လလောက် စားရပါမယ် ။

၉။ ငုံးဥ တစ်နေ့ ၃-၄လုံး နေ့စဉ်
၂ပတ် စာသုံးပေးပါ ။

၉ နည်းပေးထားသော်လည်း
မိမိအစဉ်ပြေသလို ချင့်ချိန်သုံးစွဲဖို့ပါ
ခင်ဗျာ ။
ဘေးဥပါဒ်ပေးတဲ့ စားစရာ မပါတာမို့ပါ ။

ကျန်းမာချမ်းသာကြပါစေ

Dr.Aung Lwin Phyo
09444855886

18/12/2022

ပန်းညှိုးခြင်းပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

ပန်းညှိုးခြင်း (သို့) အမျိုးသားများ လိင်တံမထောင်မတ်နိုင်ခြင်းဟာ သက်လတ်ပိုင်းအရွယ်အမျိုးသားတွေမှာ အတွေ့ရများပါတယ်။ ဒီပြဿနာဟာ ဖြေရှင်းနိုင်တဲ့ ပြဿနာတော့ ဖြစ်ပါတယ်။ နေထိုင်မှုပုံစံပြောင်းလဲခြင်းဟာ အဓိကကျကြောင်း သုတေသီတချို့က ဆိုပါတယ်။

နှလုံးကျန်းမာရေး ထိန်းသိမ်းခြင်း

နှလုံးနဲ့သွေးကြောအဖွဲ့အစည်း လုပ်ဆောင်နိုင်မှုအားနည်းခြင်းဟာ အမျိုးသားများ လိင်တံထောင်မတ်ရာမှာ အရေးကြီးတဲ့ သွေးရောက်ရှိမှုကို လျော့နည်းစေပါတယ်။ နှလုံးရောဂါအခံရှိသူ အမျိုးသားများဟာ နောင်မှာ လိင်တံထောင်မတ်နိုင်ဖို့ ချို့ယွင်းနိုင်ခြေ များပါတယ်။ ပန်းညှိုးခြင်းနဲ့ ဆက်နွယ်နေတဲ့ နှလုံးကျန်းမာရေးကို ထိခိုက်နိုင်ခြေရှိတာတွေကတော့

– ဆေးလိပ်သောက်ခြင်း

– အရက်အလွန်အကျွံသောက်ခြင်း

– ကိုယ်အလေးချိန်များခြင်း

– ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း စတာတွေ ဖြစ်ပါတယ်။

တက်စတိုစထရုန်းပမာဏ မြှင့်တင်ခြင်း

အမျိုးသားများအတွက် အရေးကြီးတဲ့ တက်စတိုစထရုန်းပမာဏ နည်းပါးရင်လည်း လိင်တံထောင်မတ်နိုင်ခြေ နည်းတာမို့ တက်စတိုစထရုန်းပမာဏကို မြှင့်တင်ပေးသင့်ပါတယ်။ သဘာဝနည်းလမ်းများနဲ့ မြှင့်တင်မယ်ဆိုရင်တော့

– ကိုယ်အလေးချိန်လျှော့ချခြင်း

– စိတ်ဖိစီးမှုလျှော့ချခြင်း

– ဗီတာမင်ဘီနှင့် ဇင့် သုံးစွဲခြင်း

– ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း စတဲ့နည်းလမ်းတွေ ကျင့်သုံးနိုင်ပါတယ်။

အိပ်ရေး၀၀အိပ်ခြင်း

အိပ်ရေးပျက်ခြင်းဟာ ရေရှည်မှာ လိင်မှုစွမ်းဆောင်ရည်ကို ထိခိုက်စေပါတယ်။ အိပ်ပျော်နေချိန် အသက်ရှူရပ်သွားတတ်တဲ့ အမျိုးသားများအနေနဲ့ အသက်ရှူအားကူပေးတဲ့ ကိရိယာသုံးပြီးချိန်မှာ ပန်းညှိုးခြင်း သက်သာတယ်လို့ သိရပါတယ်။

စက်ဘီးစီးတာလျှော့ပါ

သုတေသနတချို့အရ ပန်းညှိုးခြင်းဟာ စက်ဘီးစီးခြင်းနဲ့ ဆက်စပ်နေပါတယ်။ စက်ဘီးပေါ်ထိုင်တဲ့အခါ တင်ပဆုံပတ်လည်က အာရုံကြောနဲ့ သွေးကြောတွေကို ဖိမိစေပါတယ်။ တကယ်လို့ စက်ဘီးစီးဝါသနာပါသူဖြစ်မယ်ဆိုရင်တော့ အထူးဒီဇိုင်းပြုလုပ်ထားတဲ့ ဖင်ထိုင်ခုံကိုပဲ အသုံးပြုသင့်ပါတယ်။

လိင်ဆက်ဆံတဲ့အကြိမ်ရေမြှင့်တင်ပါ

မကြာခဏ (သို့) ပုံမှန် လိင်ဆက်ဆံခြင်းဟာ စွမ်းဆောင်ရည်ကို တက်လာစေပါတယ်။ တပတ်ကို တကြိမ်ထက် လျော့နည်းပြီး လိင်ဆက်ဆံသူ အမျိုးသားများဟာ အနည်းဆုံးတကြိမ်ခန့် လိင်ဆက်ဆံသူ အမျိုးသားများထက် ပန်းညှိုးနိုင်ခြေ နှစ်ဆရှိနေပါတယ်။

စိတ်ပိုင်းဆိုင်ရာပြဿနာများ

လိင်ဆက်ဆံရာမှာ စွမ်းဆောင်နိုင်ပါ့မလား စိတ်ပူပန်ခြင်းဟာလည်း ပန်းညှိုးခြင်းကို ဖြစ်စေပါတယ်။ အဓိကပြဿနာရင်းမြစ်ကို ဖော်ထုတ်နိုင်ရင် ပန်းညှိုးခြင်းပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ စုံတွဲများကြားဖြစ်တတ်တဲ့ ပဋိပက္ခများ၊ စိတ်ပူပန်ခြင်း၊ စိတ်ကျခြင်း စတာတွေဟာလည်း ပန်းညှိုးခြင်း ဖြစ်စေနိုင်ပါတယ်။

စုံတွဲများကြား ဆက်ဆံရေး

မိမိအဖော်နဲ့ကြားမှာ ဆက်ဆံရေး အဆင်မပြေဘဲ အဖုအထစ်ဖြစ်ပေါ်ခြင်းဟာလည်း လိင်တံထောင်မတ်ရာမှာ အနှောက်အယှက်ပေးပါတယ်။ တယောက်နဲ့တယောက် နှိုးဆွမှု၊ စိတ်အားထက်သန်မှုလည်း လိုအပ်ပါသေးတယ်။ ပွင့်လင်းစွာဆက်ဆံတတ်ခြင်းလည်း အရေးပါပါတယ်။

ဆေးဝါးများ

သင်သုံးစွဲနေတဲ့ဆေးဝါးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးများဟာ ပန်းညှိုးခြင်းနဲ့ ဆက်စပ်နေပါတယ်။ အဓိကဖြစ်စေတတ်တဲ့ ဆေးတွေကတော့ စိတ်ကျကုသဆေးများန့ thiazide အမျိုးအစား ဆီးဆေးဖြစ်ပါတယ်။ ဆေးဝါးကြောင့် ပန်းညှိုးခြင်းဖြစ်တယ်ယူဆရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ သောက်သုံးနေတဲ့ ပမာဏကို လျှော့ချခြင်း၊ အခြားဆေးများ သုံးစွဲခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။

…………………………

လိင်တံမထောင်မတ်နိုင်ခြင်းဟာ ရေရှည်မှာ လိင်မှုဘဝကို ထိခိုက်လာနိုင်ပါတယ်။ များသောအားဖြင့် ဖြေရှင်းနိုင်တဲ့ ပြဿနာဖြစ်ပါတယ်။ အာရုံကြောထိခိုက်ထားခြင်း၊ သွေးလည်ပတ်မှုမကောင်းခြင်း စတဲ့တခြားပြဿနာတွေပါ ရှိနေမယ်ဆိုရင်တော့ သက်ဆိုင်ရာရောဂါအခြေအနေတွေအတွက် ဆေးဝါးကုသဖို့ လိုအပ်ပါ။
Biomanixသုံးပါလို့ အကြံပြုပါတယ်။

Dr.Aung Lwin Phyo
09444855886

18/12/2022

ညအိပ်ရာဝင်ချိန်ခြေထောက်ရေဆေးခြင်း

၁။ တစ်နေကုန်အောင်းနေသော
အပူများ အောက်သို့လှည့်ပြီး
ခြေဖဝါးမှထွက်သွားနိုင်သည်။

၂။ ညအိပ်ပျော်နေချိန် ဟောက်ခြင်း
သွားကြိတ်ခြင်း၊ လျှာဝါးခြင်း
သွားရည်ကျခြင်းများ သက်သာ စေသည်။

၃။ ရင်ညွှန့်သို့တက်သောလေ
ဘဝင်သို့တက်သောလေ၊ နှလုံးသို့
တက်သော လေပူတို့ကို သက်သာစေသည်။

၄။ ခြေထောက်ကို သန့်စင်စွာဆေးပြီး
အိပ်ခြင်းကြောင့် မကောင်းသော အိပ်မက်ဆိုးများမက်ခြင်းမှ သက်သာစေနိုင်သည်။

၅။ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်း
မှ သက်သာစေသည်။

၆။ နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်း
မျက်စိဖွင့်မကောင်းခြင်းမှ သက်သာစေသည်။

၇။ ခန္ဓာကိုယ်အပူအအေးမျှတပြီး
ဦးခေါင်းသို့ အပူတက်ခြင်းကို သက်သာစေသည်။

၈။ အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာ
သွားကိုက်ခြင်းများမှ သက်သာစေသည်။

၉။ ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်
ပြောင်ခြင်းမှ သက်သာစေသည်။

၁၀။ ဆံပင်ဖြူခြင်းကို သက်သာစေသည်။

၁၁။ ကျွတ်သောဆံပင်ကို ပြန်ပေါက်စေနိုင်သည်။

၁၂။ မျက်တွင်းကျခြင်း၊ မျက်ကွင်း
ညိုခြင်းမှ သက်သာစေနိုင်သည်။

ညအိပ်ရာဝင်ချိန်
ခြေထောက်ရေဆေးခြင်းဖြင့် ရောဂါအမျိုးမျိုးကို သက်သာစေနိုင်သည်။

ကြွက်တက် ရောဂါ၊ အဆစ်ရောင်
အဆစ်ကိုက်ရောဂါ၊ လေးဘက်နာရောဂါ
သွားနှင့် သွားဖုံးရောင်၊ သွားဖုံးကြွရောဂါ
မျက်စိတိမ်ရောဂါနှင့် မျက်မှန်ဒီဂရီတိုးခြင်းအစာအိမ်လေပူထခြင်း၊ လေပူအထက်တက်၍မူးမော ရင်တုန်၊ နှလုံးလေရိုက်ရောဂါများပင်သက်သာသည်ဟုဆိုသည်။

ခြေဆေးလျှင်လုံချည်၊ ထဘီကို
ပေါက်လယ်ထိအောင်မတင်ပြီး ရေအေးဖြင့်ခုနှစ်ခွက်ခန့် လောင်းဆေးသင့်သည်။
ခြေဆေးပြီးနောက် ခေတ္တအပူထွက်အောင်စောင့်ပြီးမှသာ အဝတ်ခြောက်ဖြင့် သုတ်သင့်သည်။

နေ့စဉ် မှန်မှန်ပြုလုပ်မှသာ
အကျိုးရှိမည့်နည်းဖြစ်ပါသည်။

Dr.Aung Lwin Phyo
09444855886

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

Parami Road
Yangon
11061

Other Medical Centers in Yangon (show all)
Mingalar Care Specialist Clinic and Medical Check Up Center Mingalar Care Specialist Clinic and Medical Check Up Center
No. 993/B, Thu Mingalar Road, South Okkalapa Township
Yangon, 11091

Always in All Ways: Mingalar Care

ဇီဝသုခ အထွေထွေအထူးကုဆေးခန်း နှင့် သားဖွားစင်တာ ဇီဝသုခ အထွေထွေအထူးကုဆေးခန်း နှင့် သားဖွားစင်တာ
အမှတ်(၁)၊ ဘုရင့်နောင်လမ်းနှင့် ဗညားဒလလမ်းထောင့်၊ အမှတ်(၇)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်
Yangon, 11411

ဇီ၀သုခ အထွေထွေအထူးကုဆေးခန်းအား နေ့စဥ်နံနက်(၈)နာရီမှ ည(၈)နာရီအထိပိတ်ရက်မရှိဝန်ဆောင်မှုပေးလျက်ရှိပါသည်။

SGL Trading SGL Trading
, အထက်ဗဟိုလမ်း နှင့် ရွှေတဆုပ် လမ်းထောင့်
Yangon

ဆေးကိရိယာ ပစ္စည်း များ လက်လီလက်ကား ဖြန်ချိရေး

Maykhalar Specialist Clinic Maykhalar Specialist Clinic
327, Shwe Bon Thar Street (Upper Block), Pabedan Township
Yangon

Specialist Clinic

HSU Clinic HSU Clinic
Daw Hnin Yin Street , Insein Township
Yangon, 11011

ဆု-​ဆေးကုခန်းက ကြိုဆိုပါသည်

ကချင်ဆေး - KachinMedicine OnlineShop ကချင်ဆေး - KachinMedicine OnlineShop
Yangon

ဝေဒနာတစ်ခုခုခံစား နေရသူများအတွက်ကခ

သီရိရတနာ အရိုး အကြော အထူးကု တိုင်းရင်းဆေးခန်း သီရိရတနာ အရိုး အကြော အထူးကု တိုင်းရင်းဆေးခန်း
အမှတ်၄၅၅၊ မာန်ပြေ ၁၁လမ်း(အရှေ့)၊ ၃ရပ်ကွက် သာ‌ကေတ၊ ရန်ကုန်မြို့
Yangon

သီရိရတနာ အရိုး အကြော အထူးကု တိုင်းရင်းဆေးခန်း

Htet Asia Specialist Clinic_ထက်အာရှအထူးကုဆေးခန်း Htet Asia Specialist Clinic_ထက်အာရှအထူးကုဆေးခန်း
Shwe Bon Thar Road
Yangon

This is the official page of Htet Asia Clinic which is located in the Upper block of Shwe Bon Thar Street. Please let us take care of your health.

Aung Tharaphu အထူးကုဆေးခန်း နှင့် ဆေးဆိုင် Aung Tharaphu အထူးကုဆေးခန်း နှင့် ဆေးဆိုင်
အမှတ် ၁၀၀၇/အခန်း ၃၊ ၂ရပ်ကွက် ၊ သုဓမ္မာလမ်းမ၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့
Yangon, 11031

Medical Center

May Thu - Medical Service May Thu - Medical Service
Yangon, 05041

medical

DSC Medical Specialist Clinic - ဒီအက်စ်စီ အထူးကုဆေးခန်း DSC Medical Specialist Clinic - ဒီအက်စ်စီ အထူးကုဆေးခန်း
G11, Ground Floor, Building A, Pearl Condo, Beside Of Promart , Corner Of Kabar Aye Pagoda Road And Sayar San Road, Bahan Township
Yangon, 11201

Providing Medical Treatment with “Best Quality, Good Service & Reasonable Price.” Health and Wellness for you and your family!

H.C.G Myanmar H.C.G Myanmar
Yangon

Active 24/7