Nightingale Nursing

Nightingale Nursing

You may also like

Spectro Supplements
Spectro Supplements

Health Caregiver Service throughout Myanmar Home Care Registered Nurse, Physiotherapist, Nurseaid, Childcare, Health Care giver Service

18/10/2021

#𝙋𝙖𝙨𝙨𝙥𝙤𝙧𝙩စာအုပ်လျှောက်မယ်ဆိုရင်

#နိုင်ငံခြားကိုကိုယ်ဘယ်လိုပုံစံသွားမယ်

#𝙋𝙑𝙋𝙖𝙨𝙨𝙥𝙤𝙧𝙩
👉နိုင်ငံခြားသို့ အလည်းVisaဖြင့်သွားရောက်ပြီး အလုပ်ရှာ
မည်သူများ။နိုင်ငံခြားသို့ ကျောင်းတတ်ရန်ကျောင်းလျှောက်
မည်သူများ လျှောက်ထားရန်

#𝙋𝙅𝙋𝙖𝙨𝙨𝙥𝙤𝙧𝙩
👉နိုင်ငံခြားက အလုပ်ရှင်မှ ပေးပို့သော အလုပ်ခေါ်စာနဲ့သွားမည့်သူများ။(မြန်မာဘက်မှ တရားဝင်ပြည်ပပို့အေဂျင်စီးများဖြင့်ချိတ်ဆက်ပြီး အလုပ်ခေါ်စာပါတစ်ပါတည်းပါ
သော သူများ)လျှောက်ထားရန်။

#𝙋𝙀𝙋𝙖𝙨𝙨𝙥𝙤𝙧𝙩
👉နိုင်ငံခြားမှ ကျောင်းခေါ်စာရရှိပြီး ကျောင်းသွားတတ်မည့့်
သူများလျှောက်ထားရန်။

#𝙋𝙅𝙋𝙖𝙨𝙨𝙥𝙤𝙧𝙩ကိုင်ထားပြီးVisitVisaဖြင့်အလည်းသွားပြီးအလုပ်သွားရှာလို့မရပါဘူး.

#𝙋𝙑𝙋𝙖𝙨𝙨𝙥𝙤𝙧𝙩ကိုင်ထားပြီးအေဂျင်စီဖြင့်ချိတ်ဆက်ပြီအလုပ်ခေါ်စာဖြင့်သွားလို့မရပါဘူး။

👉 #𝙋𝙖𝙨𝙨𝙥𝙤𝙧𝙩စာအုပ်လျှောက်ဖို့အခက်အခဲဖြစ်နေသူများ။

👍 Credit to Over sea Job Agency

15/10/2021

👉အကူသူနာပြု သင်တန်းတက်မည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လက်တွေ့ကွင်းဆင်းခြင်း၊ ခရီးသွားလာခြင်းဆိုအဆင်ပြေစေရန် ကိုဗစ်ကာကွယ်ဆေးထိုးထားစေလိုပါသည်။

👉အချို့နေရာများတွင် ကာကွယ်ဆေးမထိုးထားပါက ၀င်ခွင့်မပြုကြပါ။

မေတ္တာဖြင့်
Vital Care Burma
09405555436
09776067727
09697114747

13/10/2021

💦ကလေးကိုဗစ်

✳️အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များလာပါတယ် တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီကကူးတာပါ

ကလေးမှာ ကိုဗစ်ကပြင်းထန်လေ့မရှိပါ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
( ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တေါ်တေါ်ရှားပါတယ် အဖျာကြီးပြီးရက်ကြာရင် စဉ်းစားရပါမယ်)

👉ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်ပါရာစီတမောတိုက်ပါ
ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လါရင် ပြောင်အေါင် မသုတ်ပါနဲ့ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူ ကို ခန္ဓာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ

👉၁နှစ်အောက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

👉၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ

👉၅ နှစ် အထက်
ဆေးပြားသောက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ တွက် ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသေါက်သင့်ပါ

😤နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အေါက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ

👉မိမိအနေနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်
ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်

✳️နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်

ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်

👉ဝမ်းသွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electrorush ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ
ဆေးလိုမ​သေါက်ရပါ ရေဆာ တိုင်းရေအစားသေါက်ရပါမယ်
ဓါတ်ဆားရည် မသေါက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သေါက်နိုင်ပါတယ်

🤮အံရင်
Domperidone အအံပျောက်ဆေး တကြိမ် သေါက်လို့ရပါတယ်
အစက်ချဆေးဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်
( Voneta/ Deflux / စသည်ဖြင့် )
အရည် ဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်
( Motilium syrup/ Cosy စသည်ဖြင့် )
ဆက်တိုက်အံ ဘာ မှမဝင်ရင်ဆေးရုံတက်ရပါမယ်

👩🏻‍🦰👶မိခင် ကိုဗစ်ဖြစ်ရင်လည်း နို့စို့ကလေးငယ်ကို မိခင်နို့ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ မိခင် မတ်စ်တပ်ပါ မျက်နှာအုပ် (face shield ) ပါတတ်ပါ

👶ကလေး ကိုဗစ်ဖြစ်ရင် လူကြီးတွေကိုကူးနိုင်ပါတယ် အထူးသဖြင့် အဖိုးအဖွားတွေကိုကူးရင် သူတို့မှာ အသက်အန္တရာယ်ရှိပါတယ် သတိ အရမ်းထားဖို့လိုပါတယ်

Crd-လေးစားစွာဖြင့် Prof Dr Saw Win
သားသားမီးမီးတို့covidမှကင်းဝေးကြပါစေ။

11/10/2021

Are You Ok?

Photos from Nightingale Nursing's post 29/09/2021

😁အတက်လေးတွေ။

12/09/2021

https://www.facebook.com/101000084677761/videos/288246149439130/
🥳🥳ဘေဘီလေးဖေဖေ၊ မေမေတို့အတွက်။

12/09/2021

တချို့အရာတွေက ဖြစ်ရမှာမို့ကို ဖြစ်လာကြတာ🍃🌸

-၉/၁၁ တိုက်ခိုက်မှုဖြစ်ပြီးနောက် World Trade Centre မှာ ရုံးခန်းတွေရှိတဲ့ ကုမ္ပဏီတစ်ခုက သူ့ရဲ့အသက်ရှင်ကျန်ခဲ့တဲ့ ဝန်ထမ်းတွေကို ခေါ်ယူမေးမြန်းခဲ့ပါတယ်

-အလွန်အရေးမပါတဲ့ အကြောင်းပြချက်လေးတွေကြောင့် ဒီလူတွေ အသက်ဆက်ရှင်နေကြတာတွေ့ခဲ့ရတယ်

-ကုမ္ပဏီဒါရိုက်တာတစ်ယောက်က သူ့သားလေးရဲ့ သူငယ်တန်းတက်မယ့် ပထမဆုံးနေ့မို့ နောက်ကျခဲ့တယ်

-အမျိုးသမီးတစ်ယောက်ကတော့ နာရီ alarm မမြည်တာကြောင့် နောက်ကျနေခဲ့တယ်

-တစ်ယောက်ကတော့ လမ်းမှာ ယာဉ်တိုက်မှုတစ်ခုရှိလို့ ကားပိတ်နေခဲ့တယ်

-နောက်တစ်ယောက်ကတော့ ဘတ်စ်ကားလွှတ်သွားလို့

-တစ်ယောက်ကတော့ ကိုယ်ပေါ်ကို မုန့်တွေမှောက်ကျလို့ အဝတ်အစားပြန်လဲလို့ နောက်ကျနေခဲ့တယ်

-တစ်ယောက်က ကားစက်နှိုးလို့မရလို့

-တစ်ယောက်က ဖုန်းထွက်ပြောနေလို့

-နောက်တစ်ယောက်က မီးဖွားနေလို့

-တက္စီငွားမရလို့

-နောက်ဆုံး တစ်ယောက်ကတော့ အဲ့ဒီနေ့မှာ ရုံးကို ရှူးဖိနပ်အသစ်လေး စီးခဲ့ရာကနေ ဖိနပ်ပေါက်ပြီး ရေကြည်ဖုထလို့ ဆေးဆိုင်မှာ ပလာစတာ ဝင်ဝယ်နေရာကနေ အသက်ရှင်ကျန်ခဲ့ရတယ်

-အခု ကျွန်တော်တို့ ကားတွေပိတ်တဲ့အခါဓာတ်လှေကားမမှီလိုက်တဲ့အခါ

-အိမ်အပြင်ရောက်ပြီးခါမှ အိမ်ဖုန်းထမြည်လို့ အိမ်ထဲပြန်ဝင်ပြောရတဲ့အခါ

နှင့် အခြားအခြားသော စိတ်အနှောက်အယှက်ဖြစ်စရာများ ကြုံရတဲ့အခါ

“ဒီနေရာမှာ ငါ ရောက်သင့်လို့ရောက်နေတာ"လို့ ပထမဆုံးတွေးလိုက်တယ်

-နောက်တစ်ခါ သင့်ရဲ့မနက်တွေကို စိတ်ရှုပ်စရာနဲ့ စတင်ရတယ်... ကလေးတွေ အဝတ်လဲတာ ကြာနေတယ်... ကားသော့ရှာမတွေ့ဘူး... မီးနီဘဲ ဆက်တိုက် မိနေတယ်ဆို

-ဒေါသမထွက်ပါနဲ့ စိတ်မပျက်ပါနဲ့

သင်ဟာ ဒီနေရာမှာ ရှိကို ရှိရမှာမို့ ရှိနေတာပါ 🌈

**စိတ်ရှုပ်ရတဲ့ မနက်တွေတိုင်း ဒီစာလေးကို ပြန်ဖတ်ပါ**

Credit. .

11/09/2021
Nightingale Nursing 11/09/2021

https://www.facebook.com/100004675534444/posts/1963871177112048/

Nightingale Nursing Health Caregiver Service throughout Myanmar

06/09/2021

ဆေးခန်းတွေမှာအကြောဆေးသွားထိုးနေကြတုန်းလား?💉

ဆေးခန်းအများစုတွင် ထိုးပေးနေသည့် အကြောဆေး ဆိုတာ ခန္ဓာကိုယ် သွေးကြောထဲသို့ ဂလူးကို့စ်ဓာတ်၊ ဗီတာမင် B အုပ်စု ( များသောအားဖြင့် B1, B6, B12 )၊ ဗီတာမင် C တို့ကို ရောစပ်၍ ဖြစ်စေ၊ အသားဓာတ်အားဆေး ( ဥပမာ - မိုရီယာမင်) ဖြစ်စေ သွေးပြန်ကြောအတွင်းမှတစ်ဆင့် ထိုးသွင်းပေးခြင်းဖြစ်ပါတယ်။

အဓိက အားဖြင့် ပါးစပ်မှမစားနိုင်တော့သော သက်ကြီးရွယ်အိုများ ၊ အစာချေဖျက်စုပ်ယူမှုအားနည်းသည့် ရောဂါသည်များ၊ နာတာရှည်ရောဂါသည်များ၊ နလန်ထလူမမာများ နှင့် ရုတ်တရက် သွေးတွင်းအချိုဓာတ်ကျနေသော (သို့) သွေးပေါင်ကျနေသော လူနာများအတွက်သာ ထိုးပေးရန် လိုအပ်လေ့ရှိပါတယ်။

အာဟာရပြည့်ဝမျှတအောင် ပုံမှန်စားသောက်နေပါက အကြောဆေးသွင်းစရာ မလိုပါ။ အကြောဆေးသွင်းသည့်အတိုင်း အာနိသင်လည်းရ အန္တရာယ်လည်းကင်းအောင် ဒီအစားအသောက်တွေ စားသောက်ပေးနိုင်ပါတယ်။
✳️ ဂလူးကိုစ့်(သကြားဓာတ်) ရဖို့ဆိုရင်
အုန်းစိမ်းရည် ၊ ကြံရည် သန့်သန့် ၊ ပဲနို့ရည် ၊ ပြောင်းနို့ရည်၊ ဖရဲသီး၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ နာနတ်သီး၊ ရှောက်ချိုသီး စသည့်သဘာဝအသီးအနှံများ
✳️အသားဓာတ်ရဖို့ ဆိုရင်
အသား၊ ငါး၊ ဥအမျိုးမျိုး၊ ပဲ၊ မှို နှင့် အချို့သော အသီးအရွက်များ
✳️Vitamin B1 ရဖို့ဆိုရင်
ဆန်လုံးညို၊ ဂျုံကြမ်း၊ အစေ့အဆန်များ( ဗာဒံစေ့၊ ဖရုံစေ့၊ ကွာစေ့၊ သီဟိုဠ်စေ့ စသည်)၊ ကညွှတ်၊ အာလူး၊ ပန်းဂေါ်ဖီ၊ လိမ္မော်သီး၊ အမဲသား၊ အသည်း၊ တူနာငါး၊ ဥအမျိုးမျိုး
✳️Vitamin B6 ရဖို့ဆိုရင်
တို့ဖူး၊ ကန်စွန်းဥ၊ အာလူး၊ ငှက်ပျောသီး၊ ထောပတ်သီး၊ ကြက်သား၊ ကြက်ဆင်သား၊ ဝက်သား၊ ငါး၊ ပဲနို့
✳️Vitamin B12 ရဖို့ဆိုရင်
ဆာဒင်းငါး၊ အမဲသား၊ ကလီစာ၊ ပင်လယ်သတ္တဝါများ၊ နို့/ နို့ထွက်ပစ္စည်းနဲ့ ပဲအမျိုးမျိုး
✳️Vitamin C ရဖို့ဆိုရင်
ပန်းငရုတ်ပွ၊ ကီဝီသီး၊ မာလကာသီး၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး
ကိုယ်နေ့စဉ်စားသောက်နေတဲ့အရာတွေထဲမှာ ဒီအာဟာရဓာတ်တွေ ပါဝင်တယ်ဆို အကြောဆေးမလိုပါဘူးနော်။
Credit

04/09/2021

🤦တစ်ပတ်တစ်ခါစစ်ပြီးသကာလ အလိုဖြစ်‌ေနကြပြီ။

03/08/2021

📣📣📣📣📯📯📯📣📣📣
☎️09405555436 Viber
📞09776067727

03/08/2021

are trying as good as we can, leave the rest to the God.
🧬Covid 19 positive ဖြစ်တဲ့ဘိုးဘိုးဘွားဘွားတွေ။
🧬အကြောင်းအမျိုးမျိုးကြောင့် ဆံုးပါးသွားသူတွေ။
🧬ကိုဗစ်ရဲ့ ၁၄ရက်ခရီးကြမ်းကိုအောင်မြင်စွာလျှောက်ပြီးပန်း၀င်သူတွေ။
🧬ရလဒ်တွေမည်သို့ပင်ဖြစ်ပါစေ၊ ကျွန်မတို့နဲ့တွေ့ခွင့်ရသူတိုင်း စိတ်ချမ်းသားစေဖို့၊ ဝေဒနာသက်သာဖို့၊ အရည်အသွေးပြည့်၀တဲ့ nursing careရဖို့ လူနာ‌‌ေတွနဲ့ လူနာရှင်‌ေတွရဲ့ပြဿနာ‌ေတွ ပြေလည်စေဖို့၊ ဆရာ၀န်ရဲ့ကုသချက်တွေပိုထိရောက်စေဖို့ တက်စွမ်းသမျှကြိုးစားသွားပါမည်။

☸️နိုင်ငံအတွက် မိမိပညာဖြင့် caring and healingလုပ်ခွင့်ရသည့်အတွက် သူနာပြု တစ်ယောက်အနေနှင့် ဂုဏ်ယူမိပါသည်။
☸️လူနာကိုသေမင်းဆီက လုယူရခြင်းဟာ မိမိအသက်ကိုပါအရင်းထားကား skills တွေ၊ ဉာဏ်ပညာတွေနှင့် သတိကြီးကြီးထားကာ fightရသည့်တိုက်ပွဲမို့ အင်မတန် ကိုယ်စိတ်ပင်ပန်းရပါသည်။
👍၁၄ရက်ပြည့် လက်မထောင်ကာချောင်းဆိုးသံကြားမှ
"Thank youဆရာမ" ဆိုသည့် စကားလုံးများက ဆက်လက်တိုက်ပွဲ၀င်ရန် ခွန်းအားပြန်ဖြစ်စေပါသည်။
🧬 Covid 19 ကုသဖို့လေနဲ့ပြောရတာ ခက်ခဲပါသည်။
လက်တွေမြေပြင်မှာ လုပ်ကိုင်ရခြင်းဟာ အပြောထက် အဆပေါင်းများစွာ စွန့်စားရပါသည်။ ခက်ခဲပါသည်။
🧬သို့သော်
ကျွန်မတို့ သေမင်းကိုဆက်လက်တိုက်ပွဲ၀င်သွားမည်။
💪ဘိုးဘိုးဘွားဘွားများကို သူ့လက်ထဲမှလုယူမည်။

Nightingale Nursing
Smile Wave Training
09405555436

15/07/2021

Urgent calling for Home Health Caregivers
Viber 09405555436
No need to pay Agent fee.

Nightingale Nursing Send a message to learn more.

11/07/2021

မာယာ များတဲ့ကိုဗစ်

ဒီ Sister ကြီးပြောတာ အဓိပ္ပါယ်ရှိ
တယ်.....
."ကိုဗစ်ရဲ့မာယာ"

သမီးတို့ရေ ကိုဗစ်ဟာမာယာ တကယ်များတယ်နော်၊အဖျားတက်၊ချောင်းဆိုး၊ခေါင်းကိုက်၊အနံအရသာမရတဲ့သူတွေကို(Negative)နှစ်ကြိမ် တောင် ပြပြီးဘာရောဂါလက္ခဏာမှမပြတဲ့သူတွေကို(Positive) ပြပြန်ရော
ဒါကြောင့် Sister ကတော့လေ Positive ကိုလည်း Positive ၊Negative ကိုလည်း Positive၊ ကျန်တဲ့သူတွေကိုလည်းPositive လို့ဘဲသတ်မှတ်လိုက်တော့တယ်။
ကိုယ့်ဝမ်းနာ ကိုယ်သာသိရမှာဖြစ်ပါတယ်၊ Positive နဲ့ထိတွေ့ပြီးတဲ့သူတိုင်း
(1)ဖိန်းတိန်းရှိန်းတိန်းနဲ့ဖျားချင်သလိုဖြစ်လာကြတယ်၊ကျောကချမ်းစိမ့်စိမ့်ဖြစ်လာမယ်၊Fever ငွေ့ငွေ့လေးဖြစ်လာလိမ့်မယ်၊
(2)ဆီးပူလာမယ်၊
(3)လည်ချောင်းခြောက်ခြောက်ကြီးနဲ့နာလာကြတယ်၊
(4)တကိုယ်လုံးနှုံးခွေပြီးမလှုပ်ချင်မကိုင်ချင်ဖြစ်လာကြတယ်၊
(5)အစားအသောက်ပျက်ချင်လာမယ်၊၀မ်းပျက်လာမယ်၊
(6) ခေါင်းတစ်ချက်တစ်ချက်ထိုးကိုက်လာမယ်၊
ဒီ Minor အချက်တွေထဲကနှစ်ချက်လောက်နဲ့ငြိတယ်ဆိုရင်ဘဲကူးစက်ခံရပြီဆိုတာ သိသာပါတယ်၊
တရားဝင်အကူးခံရတာနဲ့တရားမ၀င်အကူးခံရတာသာကွာပါလိမ့်မယ်၊
Swab ဘယ်အချိန်စစ်စစ် Immune ကောင်းနေသ၍ Negative ဘဲထွက်ပါလိမ့်မယ်၊
သမီးတို့ကိုပြောပြချင်တာက

(1)Immuneကောင်းအောင်နေကြမယ်၊
(2)အိပ်ရေး၀၀အိပ်ကြမယ်၊
(3)ကိုယ်ခံအားကောင်းမယ့် အစိမ်းရောင်အရွက်တွေ၊မုန်လာဉနီ၊နွားနို့၊ကြက်ဉ၊သံပုရာရည်၊ဂျင်းပြုတ်ရည်၊အသားတွေငါးတွေများများစားကြမယ်၊ဒီအချိန်မှာ မချွေတာကြနဲ့ ကပ်စီးမနည်းကြနဲ့၊
(4)ဆားရည်နဲ့တစ်နေ့အနည်းဆုံးသုံးကြိမ် ပုလုပ်ကျင်းကြမယ်၊
(5)ချွေးထွက်အောင်လေ့ကျင့်ခန်းလုပ်ကြမယ်၊
(6)ပျော်ပျော်ရွှင်ရွှင်နေကြမယ်၊
(7)စိတ်ဓါတ်နဲ့အနိုင်တိုက်ကြမယ်၊ကိုဗစ်ကို ကိုယ့်ဘက်က မာမာထန်ထန်တုံပြန်ကြမယ်၊
(8)ဘာပြောပြောအဆိုးထဲက အကောင်းကတော့Antibody ရသွားတာ အမြတ်ဘဲလေ။
(9)နောက်ဆုံးအချက်ကတော့ Covid နဲ့အတူ ယှဉ်တွဲနေထိုင်ရင်းအကောင်းဆုံး ဆိုတဲ့ Nursing Care ကိုအပြည့်အဝပေးသွားကြပါစို့။

ချစ်သောSister နွယ်နီ ။
ပြန်လည်မျှဝေပါသည် BH 😍

11/07/2021

✅Male Nurseaid
Or
✅Student Nurse 2 posts
💉For Covid-19 patients
👍Attractive Fee
👉Viber 09405555436
👉Deadline 4pm/ 13.7.2021

09/07/2021

👍 Urgent
👍Covid 19 Fighter for Foreigner
👉Nurseaid or Student Nurse 1 post
👉 Able to Communicate in English
👉70000 MMK per day
👉 Transportation allowance 50000
👉Deadline 5pm/ 10.7 2021

Nightingale Nursing Send a message to learn more.

08/07/2021

🏠 Home Care Nurseaid or
🏠BNSc/Dip in Nursing Student Nurse
🏠 Female 1, Male 1 post
👉 Viber 09405555436
👉 Deadline 9.7.2021/ 4pm

05/07/2021

🤸ဘေဘီလေးများကိုထိမ်းပေးဖူးသော
အကူသူနာပြုဆရာမ ၁ယောက်လိုပါသည်။
🤸အတွေ့အကြုံများသူဦးစားပေးမည်။
🤸 Viber 09405555436
👉 Deadline 6.7.2021

28/06/2021

💉 ???

26/06/2021

ကျွန်တော်တို့ ကျောင်းတက်နေစဉ်ကာလတလျှောက် အမြဲနားထောင်ရတဲ့ စကားတစ်ခွန်းရှိတယ်ဗျ။ ဒီစာသားလေးကို Library လိုနေရာမျိုးမှာလည်း ကပ်ထားသေးသဗျ။

“Once a nurse, always a nurse”

ဆိုတဲ့ Phrase လေးတစ်ခုပေါ့။

ဒီစာသားလေးကိုပဲ တချို့က

“Once You are a Nurse, Forever a Nurse”

ဆိုပြီး ပြန်ကွန့်ထားတာလဲရှိပါတယ်ဗျ။

ဘယ်လိုပဲ ရေးထား​ရေးထား၊ ဘယ်လိုပဲ ပြန်ကွန့်နေပါစေ
အဓိပ္ပာယ်ကတော့ မူရင်းအတိုင်း မပြောင်းလဲပါဘူး။

ဒါဆို သူနာပြုတစ်ယောက်ဖြစ်တာနဲ့ တစ်သက်လုံးသူနာပြု ဖြစ်​ရောလား … ဆိုပြီး မေးစရာရှိလာပါတယ်။

သူနာပြုတစ်ယောက်ဖြစ်လာဖို့ ဆေးပညာအပြင်
အခြေခံအားဖြင့် သူနာပြုစိတ်ဓာတ်ကို နှလုံးသွင်းပြီး လိုက်နာကျင့်သုံးနိုင်ဖို့၊ အမှားအမှန်ခွဲခြားနိုင်ဖို့၊ တွေးခေါ်ဆင်ခြင်နိုင်စွမ်းရှိဖို့၊ လူမှုဆက်ဆံရေးနယ်ပယ်မှာ ကျွမ်းကျင်ဖို့၊ လူအခွင့်အရေး အလေးထားပြီး လိုက်နာကျင့်သုံးဖို့ စတဲ့စတဲ့ ပညာရပ်တွေကို သင်ကြားရပါတယ်။ ဒီစာတွေအပြင် Nursing Ethics တွေလည်း လိုက်နာဖို့ အရေးကြီးပြန်ပါတယ်။

ဒီလိုသင်ကြားမှုတွေပြီးလို့ ကျောင်းပြီးတာနဲ့အလုပ်ဝင်ရင် သူနာပြုဖြစ်လားဆိုရင် မဖြစ်ပါဘူး။

ဒါဆို သူနာပြုဖြစ်မှု၊ မဖြစ်မှုကို ဘာက ဆုံးဖြတ်ပေးတာပါလဲ။

ဒါကတော့ရှင်းပါတယ်။
ကိုယ့်ရဲ့စိတ်နေစိတ်ထား၊ စိတ်ဓာတ်က အဓိကဆုံးဖြတ်ပေးပါတယ်။ နောက်ပြီး ကျွမ်းကျင်ပိုင်နိုင်မှုပေါ့ဗျာ။ ကိုယ့်ရဲ့စိတ်နေစိတ်ထားက သူနာပြုတို့ တကယ်ရှိသင့်ရှိထိုက်တဲ့ စိတ်နေစိတ်ထားရှိနေမှ၊ ကိုယ့်ရဲ့နယ်ပယ်မှာ ကျွမ်းကျင်ပိုင်နိုင်နေမှ သူနာပြုဖြစ်တာပါ။

သူနာပြုတစ်ယောက်အနေနဲ့ အမှန်အမှားကို လုံးဝခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိရပါမယ်။ မှားနေတာကို မှားကြောင်းထောက်ပြနိုင်စွမ်းရှိရပါမယ်။ ဒီလိုလုပ်နိုင်မှသာ လူနာရဲ့ကျန်းမာရေးစောင့်ရှောက်မှုမှာ တိကျမှန်ကန်သော ဆုံးဖြတ်ချက်များ အချိန်မီ ချမှတ်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ လူ့အခွင့်အရေး၊ လူသားတို့၏ရပိုင်ခွင့်ကို မိမိကိုယ်တိုင်က လေးစားလိုက်နာပြီး အခွင့်အရေးချိုးဖောက်ခံရသူတွေအတွက် ရှေ့နေရှေ့ရပ်လုပ်ပေးရပါမယ်။ ဒီအချက်တွေကို Role and Functions of Nurses မှာ အတိအလင်းပြောပြထားပြီးဖြစ်ပါတယ်။ လူသားတို့ရဲ့ ရပိုင်ခွင့်နဲ့ပတ်သက်ပြီးလည်း Code of Ethics မှာပါပါတယ်။ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးလို့ ဆိုထားပါတယ်။ နိုင်ငံရဲ့အခြေအနေ၊ ပြည်သူရဲ့အခြေအနေကိုပြန်ကြည့်ပါ။ ကိုယ့်ရပ်တည်ချက်ဟာ ပြည်သူနဲ့တသားတည်းရှိပါရဲ့လားဆိုတာ ပြန်တွေးကြည့်ပါ။ Code of Ethics က လုပ်ဖော်ကိုင်ဖက်တွေကိုလေးစားဖို့၊သစ္စာရှိဖို့နဲ့ စည်းလုံးဖို့ လည်းပြောထားသေးသဗျ။ (ဒလန်၊ ဒလက်လုပ်ဖို့တော့ မပါဘူးပေါ့ဗျာ။)

ဒါကြောင့် သူနာပြုတစ်ယောက်အနေနဲ့ ကိုယ်လက်ရှိ ရပ်တည်နေတဲ့ ရပ်တည်ချက်ကဘာလဲ။ အမှန်/အမှားခွဲခြားသိမြင်နိုင်စွမ်း ကိုယ့်မှာရှိရဲ့လား။ မိမိကိုယ်တိုင်က လူအခွင့်အရေးကို လေးစားလိုက်နာသူဖြစ်ရဲ့လားဆိုတာ မိမိကိုယ်ကိုလေ့လာဆန်းစစ်ဖို့လိုပါလိမ့်မယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပြန်ပြီးဆန်းစစ်ကြည့်ပါ။ငါဟာ သူနာပြုတစ်ယောက်လား။ ငါအမှန်အမှားကို ခွဲခြမ်းနိုင်ရဲ့လား။ လုပ်ဖော်ကိုင်ဖက်တွေအပေါ် ငါရိုးသားရဲ့လား။သစ္စာဖောက်မိနေသလား။ Once a Nurse, always a Nurse ဟာ ငါနဲ့​ရော သက်ဆိုင်ပါရဲ့လား။

အကယ်၍ သင်ဟာ Once a Nurse, always a Nurse ဖြစ်တယ်လို့ အဖြေရရင် သင်ရဲ့ တရားသဖြင့်ရပ်တည်မှုအတွက် Congratulations ပါ ။သူနာပြုအလုပ်မှာ သင်တစ်သက်လုံး လိပ်ပြာလုံပါတယ်။ သင်ဟာ အမြဲတမ်းသူနာပြု တစ်ယောက်ပါ။
You’re always a Nurse
You’re forever a Nurse

14/06/2021

👍 Nightingale Nursing နှင့်
👍 Smile Wave Trainingမှာ လုပ်ခဲ့ဖူးသော
👉 မလုပ်ဖူးပါကအတွေ့အကြုံရှိသော
👉အမျိုးသားအကူသူနာပြု အလိုရှိပါသည်။
👉 In Yangon, attractive salary
👉 Viber 09405555436 မှာဆက်သွယ်နိုင်ပါသည်။

12/06/2021

👍 3 years experience အနည်းဆုံးရှိ
👍Male Nurseaid 3 posts for Covid-19 positive Cases
👉In Yangon
👉 deadline 15.6.2021
,👉ကျေးဇူးပြု၍ဖုန်းမဆက်ဘဲ Viber 09405555436ကို ဆက်သွယ်ပါ။
🙏ကျေးဇူးတင်ပါတယ်။

Photos from Nightingale Nursing's post 10/06/2021

👍အခုတလော Teleconsultation လုပ်တဲ့အခါမှာ အမေးများဆုံး မေးခွန်းလေးတွေရဲ့ informationလေးမျှဝေလိုက်ပါတယ်။
👍ပြည်ပကို relief flight ✈️နဲ့သွားမည့်သူများ Covid 19 test centerပါ။
👍ဆူးလေရောက်ရင်ရောက်ပါပြီ။
👍မသွားခင်72နာရီအတွင်းစစ်ထားရပါမယ်။
👍‌စစ်ခမြန်မာငွေ 2သိန်းပါ။

✈️ပြည်တွင်းနှင့် ပြည်ပ (Relief flight) ခရီးစဉ်များတွင် လိုက်ပါမည့်ခရီးသည်များအတွက် COVID-19 စစ်ဆေးခြင်းများကို အောက်ဖော်ပြပါနေရာများတွင် ယနေ့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်နေ့မှစတင်၍ စစ်ဆေးနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

- Airport Cargo Warehouse (ထန်းပင်ကုန်းမှတ်တိုင်အနီး၊ ပြည်လမ်းမပေါ်) နံနက် ၉ နာရီမှ ၁၁ နာရီ အတွင်း။
ဖုန်း - ၀၉၄၄၄၀၉၉၉၄၁ ~ ၄၂

- N Health Laboratory (ပြည်တွင်းခရီးစဉ်များအတွက် RDT Test စစ်ဆေးရန်)
Tourist Burma Building၊ ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် (ဆူးလေဘုရားအနီး) ကျောက်တံတားမြို့နယ်။ နံနက် ၈ နာရီမှ ၁၀ နာရီ အတွင်း။
ဖုန်း - ၀၉ ၈၈၉၀၀၂၃၂၃၊ ၀၉ ၅၁၉၉၁၂၂၊ ၀၉ ၉၅၅၁၉၉၁၂၂

✈️For traveling abroad, you can take Covid 19 test at NH health center near Sule, Yangon.
✈️Your clear result must be within 72 hours before on board.
✈️It cost 2 lakh MMK.

🙏 Enjoy your journey.
🙏Thank you

10/06/2021

ဘားလမ်း မွတ်စလင် ကုသိုလ် ဖြစ်ဆေးရုံ မှာ

OG ward (သားဖွား နဲ့ မီးယပ် ဆောင်) ကို အချိန်ပြောင်းလဲ ဖွင့်ထားပါတယ်

မွေးလူနာများ ပြရန် OPD အချိန်
ကိုယ်ဝန် ၇ လကျော် မှ လာပြလို့ ရပါမယ်

လူနာ အသစ် OPD အချိန် - တနလာ နဲ့ သောကြာ မနက် ၇ နာရီ အရောက်

လူနာအဟောင်း OPD အချိန် - အဂ်ါ နဲ့ စနေ မနက် ၇ နာရီ အရောက်

ရိုးရိုးလဲ မွေးပေးပါတယ်
ခွဲလဲ မွေးပေးပါတယ်

-၂၄ နာရီ ရိုးရိုးမွေးပေးပါတယ်
- ❌၂၄ နာရီ ခဲွမမွေးပေးပါဘူး / ဆရာဝန် ရှိတဲ့ ရက်ဆို မွေးပေးပါတယ်

အရင် အပြင်ဆေးရုံမှာအပ် ထားဖူးရင် အဲ့က‌ စာရွက်စားတမ်း များယူပြီး လာပြပေးပါ

မွေးဖို့ နီးပြီ ဆိုရင် အမြန် လာပြပေးပါ ။
လိုအပ်တာတွေ လုပ်ထားဖို့ လိုပါတယ် ။

မီးယပ်ကို Friday(သောကြာ) မနက် 7 အရောက်လာပေးပါ။

မှတ်ချက်
- 📌 (၁) ရက် အ​ေယာက် ၆၀ ဘဲ လက်ခံပါတယ်
- 📌❌ အားလုံးကို ပိုက်ဆံ ၅၀၀၀ နဲ့ မမွေးပေးပါဘူး ❌
-✅တတ်နိုင်ရင် စရိပ် မျှပေးရပါတယ်
-☑️မတတ်နိုင်ရင် အလှူရှင်များ ရဲ့ အလှူငွေနဲ့မွေးပေးပါတယ်

စရိပ်မျှပေး
-ရိုးရိုးမွေး ၇သောင်းဝန်းကျင်
-ခဲွမွေး ၄ သိန်းဝန်းကျင်

အသေးစိတ် သိရှိလိုပါ က 01255967 , ကို ရုံးအချိန် အတွင်း ဆက်သွယ်လို့ရပါတယ်

Photos from Nightingale Nursing's post 10/06/2021

🤸🏋️⛹️🤾🧑‍🦯🧑‍🦼လေဖြတ်ဘိုးဘိုးဘွားဘွားများအတွက် နေ့စဉ်လေ့ကျင့်ခန်းလေးများ။

05/06/2021

အင်ဆူလင်ထိုးရာတွင် သတိပြုရမည့် အချက်များ

🔹ဆေးထိုးမည့်သူအနေနှင့် အသုံးပြုမည့် ဆေးနှင့်ပစ္စည်းများ မကိုင်တွယ်မီ လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ပြည့်အောင် သေသေချာချာ ဆေးကြောသန့်စင်ရပါမည်။

🔹ဆေးထိုးမည့်လုပ်ငန်းစဉ် အသေးစိတ်ကို မိမိအားကုသနေသည့် ဆရာဝန်ထံမှ သေသေချာချာ သင်ယူမှတ်သား၍ တိတိကျကျ လိုက်နာဆောင်ရွက်ရပါမည်။

🔹အင်ဆူလင်ထိုးဆေးပုလင်းကို ကြာရှည်ခံစေရန် ရေခဲသေတ္တာအတွင်း သိမ်းထားပါက အသုံးမပြုမီ တစ်ရက်ကြိုတင်၍ ပြင်ပသို့ထုတ်ကာ သာမန်အခန်းအပူချိန်၌ ထားရပါမည်။ ရေခဲသေတ္တာထဲက ထုတ်ပြီးပြီးချင်း တန်းမထိုးရပါ။

🔹အင်ဆူလင်ထိုးသည့် ဆေးထိုးအပ်အရှည်မှာ လူနာ၏အသက်နှင့် ပိန်ခြင်း၊ ဝခြင်းပေါ် မူတည်၍ အတိုအရှည်ကို အသင့်တော်ဆုံး ရွေးချယ်အသုံးပြုရပါမည်။ ကလေးများ နှင့် ပိန်သူများအတွက် အပ်အတိုကိုသုံး၍ လူကြီးများနှင့် ဝသူများအတွက် အပ်အရှည်ကို အသုံးပြုရပါမည်။

🔹ဆေးမထိုးခင် အပ်ထဲမှလေများကုန်အောင် ဆေးရည်ကို ထိပ်မှအနည်းငယ်ထွက်အောင် ပြုလုပ်ပြီးမှ ထိုးရပါမည်။ အပ်အတွင်း လေကျန်ပါက ထိုးသည့်နေရာတွင် ပြဿနာအနည်းငယ် ရှိတတ်ပါသည်။

🔹တစ်ခါသုံး အင်ဆူလင်ဆေးထိုးအပ်ကို အသုံးပြုပါက ဆေးရည်စုပ်ယူရာတွင် ဆေးပုလင်း၏ ရာဘာအဖုံးထဲသို့ အပ်ကို တစ်ဆုံးထည့်သွင်းပြီးမှ မိမိလိုသည့်ပမာဏကို စုပ်ယူရပါမည်။ အပ်ကိုမထိုးသွင်းမီ မိမိစုပ်ယူမည့်ပမာဏကို လေထဲ၌ လေကိုစုပ်ယူကာ ပုလင်းအတွင်း လေကို ကုန်အောင်ထိုးသွင်းခြင်းဖြင့် စုပ်ယူရာ၌ ပိုမိုလွယ်ကူစေပါသည်။

🔹အင်ဆူလင်ဆေးရည်ထဲတွင် လေပူဖောင်းများမပါအောင် စုပ်ယူရပါမည်။ အကယ်၍ ပါလာပါက အပ်ကိုအပေါ်ထောင်ပြီး ပစ်စတင်ကို ဆေးထိုးသည့်ပုံစံပြုလုပ်ကာ ထုတ်ပစ်နိုင်ပါသည်။

🔹အကယ်၍ အင်ဆူလင်ထိုးဆေးပင် (Pen) ကို အသုံးပြုပါကလည်း ယင်းတွင်ဖော်ပြထားသည့် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရပါမည်။

🔹ဆေးထိုးရမည့်နေရာကို ရွေးချယ်ပြီး အရက်ပြန်ဖြင့် သန့်ရှင်းပေးရပါမည်။ တစ်ကြိမ် ဆေးထိုးပြီးသည့်နေရာကို နောက်တစ်ကြိမ် ထပ်မထိုးရပါ။ အနည်းဆုံး တစ်နေရာ နှင့်တစ်နေရာ လက်နှစ်လုံးခန့်ခြားပြီးမှ ထိုးရပါမည်။ အချိန်ကြာမှ ပြန်ထိုးနိုင်သော်လည်း အတတ်နိုင်ဆုံး အပ်ရာမထပ်အောင် ထိုးရပါမည်။

🔹ဆေးထိုးရာတွင် အရေပြားနှင့် ၉၀ ဒီဂရီ ဒေါင်လိုက်တည့်မတ်စွာ ထိုးရပါမည်။ ဆေးရည်ကို အရေပြားအောက်ရှိ အဆီပြင်ထဲသို့ ထိုးသွင်းခြင်းဖြစ်၍ ကြွက်သားအတွင်းသို့ မဝင်ရောက်စေရန် ဂရုပြုရပါမည်။ ထို့ကြောင့် အဆီပြင်မရှိသောနေရာ၌ မထိုးရပါ။

🔹ဆေးထိုးပြီးလျှင် ချက်ချင်းအစာစားရန် သို့မဟုတ် နာရီဝက်အတွင်း အစာစားရန် စသည်ဖြင့် ဆေးအမျိုးအစားပေါ်မူတည်၍ ညွှန်ကြားချက်အတိုင်း အစာစားရန် လိုပါသည်။

🔹ဆေးထိုးပြီးနောက် အပ်ကို စနစ်တကျ အစွပ်ပြန်စွပ်ပြီး စနစ်တကျ စွန့်ပစ်ရပါမည်။

** အရေးကြီးဆုံးအချက်မှာ အင်ဆူလင်ဆေးထိုးပြီး အစာကို သတ်မှတ်ချိန်အတွင်း မပျက်မကွက်စားရန် ဖြစ်ပါသည်။ အကယ်၍ ဆေးထိုးပြီး အစာမစားမိပါက သို့မဟုတ် ဆေးထိုးသည့်ပမာဏ များသွားပါက သွေးတွင်း၌ဂလူးကို့စ်များ လိုသည်ထက် ပိုမိုကျဆင်းသွားကာ ချွေးစေးများထွက်ခြင်း၊ ရင်တုန်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ မူးဝေခြင်းမှသည် သတိလစ်သည်အထိ ဖြစ်သွားတတ်ပါသည်။ ထိုသို့သော အခြေအနေမျိုးဖြစ်ပါက ဂလူးကို့စ်ကို ရေဖျော်၍သောက်ခြင်း၊ အချိုရည်များသောက်ခြင်း၊ သကြားလုံးများငုံခြင်းတို့ အမြန်ဆုံးပြုလုပ်ပေးရန် လိုပါသည်။ **

ဒေါက်တာခင်မောင်လွင် (FAME)

01/06/2021

🚨ပြည်သူ့အတွက်လိုအပ်မယ်ထင်လို့
ဆေးရုံတွေအကုန်စုထားပေးပါတယ် 🚨

🏥 ထိခိုက်ဒဏ်ရာနှင့်ရောဂါဝေဒနာများအတွက် စမ်းသပ်ခ (အခမဲ့)
ခွဲစိတ်ခ (အခမဲ့) ဖြင့်
အောက်ပါဆေးရုံများတွင်
ကုသပေးနေပါပြီ
အာရှတော်ဝင်ဆေးရုံ
( 7am -9am ,,4:pm-6pm, Monday, Wednesday;Friday)
နှင်းဆီကုန်းဆေးရုံ (နေ့စဉ် ညနေ 5:30)
OSC ဆေးရုံ
(3pm ,Saturday , Sunday )
ပင်လုံဆေးရုံ
(4 pm Tuesday, Saturday,Sunday)
Sakura Hospital - Prof ခင်မောင်မြင့်
Insein Fever Clinic - Dr Saw Phone Ni
(Tuesday , Friday 9:00 AM)
လူနာများမတတ်နိုင်ပါက implant ဖိုး အခမဲ့
( k wire , plate , interlocking nail,DHS )
Crd:KWYT, Prof Mar Mar Kyi

🚑 For Free Ride - Sanchaung
09773734645

💊For medical cover - Sanchaung
095085729
Source- Yangon Protest Updates

👨‍⚕️မြေနီကုန်းထိခိုက်ဒဏ်ရာရပါကဆရာဝန်များရှိပါတယ် ဆက်သွယ်ရန်....
095085729
လှိုင် Emergency Medical Center
09963636625
Myanmar centre of churches
မာလာကားမှတ်တိုင်၊ KBZ ဘဏ်ဘေး ပြည်လမ်း
အလုံ Emergency Medical Center
09965988393
သာဓု ကျောင်းဝင်း
ကြည့်မြင်တိုင်
နတ်စင်လမ်း နဲ့ သာဓု လမ်းထိပ်
ကမ်းနားလမ်းမှ ဝင်ရန်
တာမွေ Emergency Medical Center
09950412663
အမှတ် ၃၇၊ ဦးထွန်မြတ်လမ်းနှင့် ဗညားဒလ လမ်းထောင့်၊ ရတနာမြိုင် ကွန်ဒို
လှည်းတန်း 📞09963636625
ForeverVolunteerGroup 📞09421111019,09254541474
မတော်လို့ ပစ်ခတ်ခံရလျှင် ဆေးကုသ နိုင်မဲ့ နေရာ ပါ
အမှတ်-500 ခါတော်မှီ 1 လမ်း , 6 ရပ်ကွက်
အရှေ့ ဒဂုံ , HCCP ဗိုလ်ဗထူး လမ်း နဲ့ ကျန်စစ်သား လမ်းထောင့်နား 📞09792827355
ဆရာဝန် 100 လောက်ရှိတဲ့အဖွဲ့
*YGH ( ရန်ကုန်ပြည်သူ့ဆေးရုံကြီး) မှာ Emergency နဲ့
Operation Theaters
အဆင်သင့်လုပ်ထားပါတယ်။ 09787846952
* သာကေတ ဝန်းကျင်
Medical Cover လိုရင် ဖုန်းဆက်ပေးပါ
095086538
* သင်္ဃန်းကျွန်းဆေးရုံမှာလည်း
အရေးပေါ်၊ မေ့ဆေး၊ အရိုး၊
ခွဲစိတ်ဆရာဝန် အသင့်ပါတဲ့… လူနာ ပို့ ပေးလို့ ရပါ တယ်။
* အောင်ရတနာဆေးရုံ
လိပ်စာ- အမှတ်(၅/၂၄)၊ သီရိဂုဏ်အိမ်ယာ၊ ၁၆/၂ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
* သုခကမ္ဘာဆေးရုံ က အခမဲ့ဆေးကုသပေးပါတယ်။
လိပ်စာ-အမှတ်(၆၁၅ - E )၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
မတော်တဆအရေးတကြီးသွေးလိုအပ်လာလျှင်ဆက်သွယ်ပေးပါ
📞 09254211677
📞 09977124348
ကိုဆက်သွယ်ပါ
A Compiled List of Blood Donor Numbers (constantly updated)

❣️သွေးအလှူရှင်ဖုန်းနံပါတ်များ
All types (Blood Bank)
095413773
AB Types
09975275674 (AB+) (Thamine)
095044954 (AB+)
09969711135 (AB) (South Okkalapa)
09798808897 (AB+)
095037061 (AB)
09795444781 (AB)
O Types
0943033746 (O+)
09799853069 (O)
09764615094 (O)
09773570389 (O)
09445205778 (O)
09751786234 (O)
09796776176 (O)
09250851519 (O)
09420150005 (O) (Shin Par Ku, Tamwe)
09795858525 (O-)
B Types
09768927123 (B) (Yay Kyaw)
09977907258 (B)
095086351 (B)
09795913942 (B)
09970670869 (B)
09250180085 (B)
09798198760 (B)
09450016882 (B)
09253105203 (B)
A Types
09691050762 / 09421088102 (A+)
09454157100 (A+)
09420285013 (A)
09420157477 (A)
09798459640 (A)
09979852042 (A)
09781725278 (A)
09978963304 (A)
09779476212 (A)
ရှားပါး Rh (-) အမျိုးအစား သွေးလှူရှင် စာရင်း
A(-) 09 972094977 တောင်ဒဂုံ
A(-) သမိုင်း 09795600747
A(-) 09784918909, 09428188757
O (-) 095231246 တာမွေ
A (-) 09967636858
A(-) B (-) 09971219131 မြောက်ဒဂုံ
A(-) 09253269215 လှိုင်
A(-) 09779989842 09458020887 စမ်းချောင်း
A(-) 09442489809 ဗိုလ်တထောင်

CRD-မြန်မာသံတော်ဆင့်

14/05/2021

😁 future medical play set for Myanmar.
😁ဘယ်သူကစားဖူးလဲအလိုလေး။

11/05/2021

Voice to Lead
Vision for Health Care
မေလ၁၂ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့အားကြိုဆိုဂုဏ်ပြုပါသည်။

Photos from Nightingale Nursing's post 11/05/2021

👉အန္ဒိယ ရိုးရာယုံကြည်မှု့အရ cow dung နွားချေးကို ‌အရေပြားပေါင်းတင်၊ ဘာသာရေးယုံကြည်ချက်အရ စားသုံးကြသူအချို့ရှိနေပါတယ်တဲ့။
👉ယခုဖြစ်နေတဲ့ Covid 19 ပိုးအသစ်ကို နွားချေးစားကုလို့ ဆရာ၀န်းများကသတိပေးပိတ်ပင်ရပါတယ်တဲ့။

Photos from Nightingale Nursing's post 06/05/2021

မေး👉အဘိုးက ဆီးချို၊ သွေးတိုးလည်းရှိတယ် အိပ်ယာနာလည်းရှိတယ် အနာမြန်မြန်ကျက်စေချင်တယ်။
အသီးကျ‌ေတာ့ ဘာအသီးတွေကြွေးလို့ရပါသလဲ။

ဖြေ👉 ဆီးချိုရှိလို့ အစားရှောင်ရတဲ့ခေတ်ကုန်သွားပါပြီ။ လိုအပ်တဲ့အာဟာရ ရရှိမှဆီးချိုထိန်းနိုင်ကြောင်း နောက်ဆုံးပေါ်တွေ့ ရှိချက်တွေရှိလာပါပြီ။ ဆရာ၀န်နဲ့ ပြပြီးဆီးချိုထိန်းပါ။ သကြား၊‌ေဆးသကြားတို့ ရှောင်ပါ။
လက်ဆက်တဲ့အသီးအကုန်ကြွေးလို့ရပါတယ်။ ချိုတဲ့အသီးဆို အယွန်းအနေအထားကြွေးပါ။ အမှည့်လွန်အသီး‌များမကြွေးရ။ နည်းနည်းမှည့်သွားရင်ကိုက မကြွေးသင့်ပါ။ တစ်နေ့အသီးတစ်မျိုးနေ့တိုင်းမထက်အောင်ကြွေးပါ။
ဒါမှသာ အနာကျတ်ဖို့လိုအပ်တဲ့ အင်ဇိုင်းတွေ၊ ဗိုက်တာမင်‌တွေအမျိုးစုံရမှာပါ။ အသီးကြွေးရင်း (chocking)မသီးဖို့တော့လိုပါတယ်။ နှာခေါင်းပိုက်နဲ့ဆို blenderနဲ့ကြိတ်ပြီးကြွေးပါ။ ရေမျိုနိုင်ရင် အသီးနှစ်လေး လက်ဖက်ရည်တစ်ဇွန်းစာကြွေးပြီး အစာရေမျိုပြွန်အလုပ်လုပ်လာဖို့ကျင့်နိုင်ပါတယ်။ နှာခေါင်းပိုက်မထည့်ထားရင်ဇွန်း‌ေသး‌ေလးနဲ့ ဖြည်းဖြည်းချင်း ကြွေးပါ။

👉(star fruit)စောင်းရှားသီးစားလို့ဖျားတဲ့ခေတ်လည်းကုန်ပါပြီ။
👉လတ်ဆက်တဲ့သစ်သီးများဟာ အကျိုးပြုအင်ဇိုင်းများ၊ ပရိုဘိုင်အော့တစ် များပါသည့်အတွက် ဆီးချိုအတွက်များစွာအထောက်အကူဖြစ်စေပါတယ်။

👉မြန်မာနိုင်ငံရဲ့မည်သည့်ဒေသ ကျေးရွာ၊ မြို့နယ်၊ တိုင်း၊ ပြည်နယ်ကမဆို အခမဲ့ ကျန်းမာရေးဆွေးနွေးနိုင်ပါသည်။

👉094055554360
👉09697114747

05/05/2021

🥰အပြည်ပြည်ဆိုင်ရာသားဖွားဆရာမများနေ့အားကြိုဆိုဂုဏ်ပြုပါသည်။👍

04/05/2021

🧘စိတ်ကျန်းမာရေးကရုပြုပါ။
🧘နေ့စဉ်ယုံကြည်ရာဘာသာတရားမှတ်ပါ။
🧘‌အိပ်ရေး၀၀အိပ်ပါ။
🧘အာကစားလုပ်ပါ။
🧘မနက်စာကောင်းကောင်းစားပါ။
🧘 social media လျှော့သုံးပါ။
🧘အထက်ပါအကျင့်များကိုစဉ်ဆက်မပျက်လက်တွေကျင့်နိုင်ကြပါစေ။

04/05/2021

👍 Critical thinking of Nurses and Doctors in India.

04/05/2021

👉အိပ်ယာနာမဖြစ်စေရ။
👉ဖြစ်ခဲ့ရင်အနာအမြန်ကျက်စေရန်။
👉ပညာခမယူဘဲ free consultationပေးပါသည်။
👉09405555436
👉09697114747

01/05/2021

“The miracle is not that we do this work, but that we are happy to do it.”

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

well-experienced senior nurseaid

can hire now

Videos (show all)

🐝 First Aid for Bee Sting🐝🐝ဘေဘီတို့ပျားတုတ်ခံရလျင်🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝😅🧚🤸ဘေဘီဆိုတဲ့ သတ္တဝါလေးများဟာLittle Scientists, Little Re...
#2021 New Year Resolution#👍အမိမြန်မာနိုင်ငံကျန်းမာ‌ေပျာ်ရွှင်ဖို့အတွက် မိမိတက်ထားသောအတက်ပညာဖြင့် ‌တစ်နေ့ထက်တစ်နေ့ပိုပိုက...
👱Meet the oldest gymnast in the world —👱 Johanna Quaas. She lives in Germany and turned 95 this year. Age is only a numb...

Telephone

Website

Address


Yangon
18111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Other Yangon clinics (show all)
Hinthar A Linn -Yangon School Hinthar A Linn -Yangon School
No. 1194, 4th Floor(B), Pinlon Road, 35th Qtr. , North Dagon Township
Yangon, 11191

သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင?

Doctor Home Visit -ဆရာ၀န်အိမ်ပင့်၀န်ဆောင်မှု Doctor Home Visit -ဆရာ၀န်အိမ်ပင့်၀န်ဆောင်မှု
Hnin Si Street Alal Village
Yangon, 11401

မိမိအမျိုးထဲဆရာ၀န်တစ်ယောက်ရှိနေသက?

Than Aung Than Aung
Yangon, 05061

First Aid Educators First Aid Educators
YANGON
Yangon

First Aid Educators is a program of dissemination for safety and first aid. It aims to provide capac

Dr.Shwe Dr.Shwe
Yangon, 11211

Jerry Shop Jerry Shop
Yangon

Kitchen Accessories Kitchen Accessories
Yangon, 22141

Kitchen Accessories / Home Furniture/ Bathroom Accessories/

Central သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း Central သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း
No(22) Building No(4) Insein Road Hlaing Township
Yangon

ကျွမ်းကျင်စွာတက်မြောက်စေဖို့ central မှတာဝန်ယူသင်ကြားပေးပါမယ်❤

ရွက်သစ် ဆေးခန်း - Ywat Thit Specialist Clinic ရွက်သစ် ဆေးခန်း - Ywat Thit Specialist Clinic
No. 19, Padaythar Street, 8 Quarter, Kamayut Township
Yangon, 11041

Specialist ဆရာဝန်ကြီးများ၏ အထူးကု ဆေးခန်း

မရှက်နဲ့ သားကြီးတို့ by Dr.Kyaw မရှက်နဲ့ သားကြီးတို့ by Dr.Kyaw
Yangon

မျိုးဆက်ပွားကျန်းမာရေးနှင့်ဆိုင်သ?

Chanthar Thukha Clinic & Training Center Chanthar Thukha Clinic & Training Center
Chanthar Thukha Clinic, No (863), No(4) Yin Mar Street, No (12) Quarter, Shwe Pyi Thar
Yangon, 11211

လူနာနဲ့ လက်တွေ့ ထိတွေ့သင်ကြားရမယ့်အပြင် ဆရာဝန်တွေကိုယ်တိုင် အနီးကပ် သင်ပေးမယ့် သင်တန်းဆိုတော့.......