Htate

Quality ပြည့်မှီသော USA import ပစ္စည်းစစ်များကိုသာတင်သွင်းရာင်းချပါသည်။

01/12/2023

Sorry ပါရှင့်။ Messenger error လေးတက်နေလို့ reply တွေပြန်မရပါဘူးရှင့်။ မေးထားတာလေးတွေဖြေဖို့ရာ phone number လေးတွေပို့ထားပေးပါရှင့်။ ဆက်သွယ်လိုက်ပါမယ်။ 🤍

Send a message to learn more

Photos from Htate's post 18/11/2023

❗GNC လေးတွေ All In Stock ပါရှင့်။❗

💊 အမျိုးသားများအတွက် အိမ်ထောင်ရေးသုခပြည့်ဖို့ရာအဓိကဆို Men's Arginmax,
👉အသက် 50 အထက်ဆို Mega men 50 plus နှင့်
👉အသက် 50 အောက် supplement ဆိုပြီး အမျိုးမျိုးရှိလို့ နှစ်သက်ရာဝယ်ယူနိုင်ပါတယ်ရှင်။

💊 အမျိုးသမီးများအတွက်လည်း အသက် 50 ကျော်များအတွက် ခန္ဓာကိုယ်ရဲ့ တစ်နေ့တာလိုအပ်သည့် vitamin များကို ဖြည့်ဆီးပေးမည့်အပြင် Biotion & Collagen ပါလို့ collagen ထပ်သောက်စရာမလိုဘဲ အရွယ်တင်နုပျိုစေပါသည်။ ဒါ့အပြင် အသက် 50 အောက်များအတွက်လည်း ခန္ဓာကိုယ်အတွက်လိုအပ်သော Vitamin များ ၊ ဦးနှောက်၊ အရိုး၊ အဆစ်အမြစ်များအတွက် အားဖြည့်ပေးသည့်အပြင် ခေါင်းအစခြေအစုံ တစ်ခြား supplement များထပ်သောက်စရာမလိုအောင်ကောင်းသောဆေးလေးဖြစ်ပါတယ်။

💯%USA import
✅ ဆေးစစ်မှန်မှုအတွက် bar code စစ်ကြည့်နိုင်ပါသည်။✅
❎ တစ်ခြားနိုင်ငံ import များမရှိပါရှင့်။❎

Photos from Htate's post 25/10/2023

✨ All in Stock ✨
❗ Magnesium ချို့တဲ့နေသူများမှာ Pancreatic Cancer ဖြစ်နိုင်ချေ 75% တက်သွားတတ်ပြီး Magnesium လုံလုံ‌လောက်လောက် သောက်သုံးသူများမှာ ကင်ဆာဖြစ်နိုင်ချေအလွန်နည်းပါးသွားကြောင့် သုတေသနတွေမှာတွေ့ရှိရပါသည်။

Magnesium သတ္တုဓာတ် နည်းနေရင် တွေ့ရလေ့ရှိသည့် လက္ခဏာများ----

၁.ခြေသလုံး ကြွက်တက်/ ကြွက်သားတွေ တောင့်တင်းနေခြင်း

၂ နွမ်းလျပြီး ခွန်အားတွေ ဆုတ်ယုတ်နေခြင်း

၃.အရိုးတွေ ချိနဲ့နေခြင်း

၄.အိပ်ပျော်ဖို့ ခက်ခဲခြင်း

၅.ဝမ်းချုပ်ခြင်း

၆.ခေါင်းကိုက်ခြင်း

၇မျက်ခွန် လှုပ်ခြင်း

၈.စိတ်ပူ စိတ်စော စိတ်ဆတ်နေတတ်ခြင်း

၈.အချို့ဆေးများဟာလည်း Magnesium လျော့နည်းစေသည်။
ဥပမာအချို့ ——
Acid blockers/ Antacids

၉.နှလုံးခုန် မမှန်ခြင်း (Arrhythmias)

၁၀.ကိုယ်ဝန်ဆိပ်တက်ခြင်း/ လ မစေ့သေးဘဲ မွေးခြင်း နဲ့လဲ ဆက်စပ်နေတတ်ပါတယ်။

၁၁.အရေးကြီးနဲ့ နောက်တစ်ချက်ကတော့ Vitamin D3 မှန်မှန် သောက်ပြီး တွဲဖက် Magnesium ပါ မသောက်ရင် Magnesium ဓာတ် ချို့တဲ့နေတတ်ပါတယ်”

Vitamin D3 ဟာ အလုပ်လုပ်နိုင်ဖို့ Magnesiumကို အသုံးချရပါတယ်။ ပြန် ဖြည့်မပေးနိုင်ရင် Magnesiumဓာတ် လျော့နည်းလာတတ်ပါတယ်။

လိုအပ်နေတဲ့ Magnesium ကို ပြန်ဖြည့်ပေးဖို့ ကျတော့
အစားအသောက်ကဆိုရင် Magnesium rich food ကတော့ Almond ဖြစ်ပါတယ်။
1 oz of Almond= 71mg Magnesium
6 အောင်စ စားမှ လိုအပ်သည့် ပမာဏကို ရနိုင်မှာ ဖြစ်ပါတယ်။

Magnesium ဟာ ခန္ဓာကိုယ်ဇီဝဓာတုဖြစ်စဉ် အမျိုးပေါင်း ၃၀၀ ကျော်မှာ မရှိ မဖြစ်ပါ။

🏋️ အားကစားလုပ်နေသူများလည်း Magnesium ဓာတ်ချို့တဲ့ပါက ရုတ်တရက်သေဆုံးတတ်ပါသည်။

ဝမ်းပုံမှန်သွားသူများကတော့ Magnesium Malate or Citrate or Glycinate သောက်သင့်ပြီး၊ ဝမ်းချုပ်သူများကတော့ Life Extenstion ကထုတ်တဲ့ Magnesium Cap ကိုသောက်သင့်ပါတယ်ရှင်။

⚠️ ကျောက်ကပ်မကောင်းလို့ ဆီးဆိပ်( creatinine) တက်နေသူများမသောက်သင့်ပါ။

💸 ငွေစျေးကြောင့် Price ကို Cb တွင်မေးပေးပါ။

💯%USA import

☑️ ပစ္စည်းစစ်မှန်မှုအား ဗူးပေါ်ရှိ bar code ကို scan ၍ စစ်နိုင်သည်။☑️

✔️ စျေးမှန်စွာ လက်လီလက်ကားရနိုင်သည်။ ✔️

❎ တစ်ခြားနိုင်ငံ Import နှင့် အတုမရောင်းပါရှင်။❎

👍ဆေးမစစ်က ငွေပြန်အမ်းမည်။

27/09/2023

⚡ Centrum တွေအကုန် Instock ပါရှင့်။⚡

💁‍♀️သူ့မှာ အသက်၅၀ကျော်လူကြီးတွေ ၊ အသက်၅၀အောက် လူလတ်ပိုင်းအရွယ်တွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ vitamins နဲ့ minerals များစွာပါဝင်ပါတယ်။

✅နှလုံးနဲ့ မျက်စိကျန်းမာရေး၊ ဦးနှောက်စွမ်းဆောင်မှုတို့ကို တိုးတက်ကောင်းမွန်စေပါတယ်။

✅Antioxidant တွေဖြစ်တဲ့ Vitamin A, C နဲ့ Zinc တို့ကလည်း ခန္ဓာကိုယ် ခုခံအားစနစ်ကိုကောင်းမွန်စေပါတယ်။

✅အရိုးအဆစ်များ သွားများကို ကျန်းမာသန်စွမ်းစေတဲ့ Vitamin D , Calciumပါဝင်ခြင်း...

✅ဦးနှောက် ရဲ့လုပ်ဆောင်မှုတွေကိုအထောက်ကူပြုပြီးမှတ်ဉာဏ်အားကောင်းစေခြင်း နှင့် နှလုံးလုပ်ဆောင်ချက်အားကောင်းစေ Vitamin B & Zinc များပါဝင်ခြင်း

✅မျက်စိအားကောင်းစေတဲ့ Vitamin A,C,E , Lutein ဓာတ်များပါဝင်ပါတယ်။

👉တစ်နေ့တစ်လုံးသောက်သုံးရုံသာ💊

💯% USA Import

✅ bar code စစ်၍ဆေးစစ်မှန်မှုအားစစ်ဆေးနိုင်ပါသည်။✅

❎တစ်ခြားနိုင်ငံ import နှင့် အတုမရောင်းပါရှင်။❎

Photos from Htate's post 21/09/2023

🫁 သည်းခြေထုတ်ထားသူများ၊ ကျောက်တည်သူများ
အသည်းရောဂါရှိသူများအဓိကသောက်သုံးသင့်သော Ox Bile 500mg...

ဒါ့အပြင်----
✔️ အဆီပိုများကိုထိရောက်စွခြေဖျက်နိုင်ခြင်း၊
✔️ ဝမ်းလျောခြင်း၊
✔️ အသားအရယ် burn ဖြစ်ခြင်း၊
✔️ ရောဂါကူးစက်မှုဖြစ်ခြင်း၊
✔️ မျက်စိရောဂါများကိုလည်းသပ်သာပျောက်ကင်းစေပါတယ်။
Ox bile အကြောင်းအသေးစိပ်သိချင်သူများအတွက်
To A Better Health မှ ဆရာမကြီးပြောပြထားတာလေးတင်‌ပေးလိုက်ပါတယ် ။🙏

သည်းခြေ ရောဂါ အကြောင်း သိကောင်း စရာ------

သည်းခြေ ရောဂါ အလွန် များ လာ တာ ကို သတိ ပြု မိ ပါ တယ်။ပြန်စဉ်စား ကြည့် မယ် ဆို ရင် အံ့သြစရာ တော့ မရှိ ပါ။ဘာကြောင့် လဲ ဆို တော့ အခုခေတ် အခါ မှာ undiagnosed hypothyroidism အလွန် များ နေ လို့ ဖြစ် ပါ တယ်။ Thyroid ဟော်မုန်းဓာတ် နည်း နေ ခြင်း ဟာ သည်းခြေ ရောဂါ နဲ့ လက်တွဲ သွား နေ လို့ ဖြစ် ပါ တယ်။
ဒီ ဟော်မုန်းဓာတ် နည်း လာ ရင် အစာစား တဲ့ အခါ အဆီ ကို ချေ ဖို့ သည်းခြေ က နေ bile လို့ ခေါ် တဲ့ အစာချေ ရည် ကို ကောင်းစွာ ညွှစ် အား မရှိ ပါ။ ရေလှောက်ကန် သ ဖွယ် ဖြစ် တဲ့ သည်းခြေ အိပ် ဟာ ကောင်း ကောင်း သည်းခြေရည် တွေ ကို ညွှစ် မ ထုတ် နိုင် တာ ကြောင့် ကြာ လာ တဲ့ အခါ အနည် တွေ ထိုင် လာ ပြီး ကျောက် တည် တတ် ပါ တယ်။

ကျောက် တည် တဲ့ သူ တွေ မှာ အစာ စား တိုင်း အထူး သ ဖြင့် အဆီ စား တဲ့ အခါ သည်းခြေ က သည်းခြေရည် ကို ညွှစ် ထုတ် ဖို့ ကြိုးစား ပါ တယ်။ ညွှစ် ခြင်း ဖြင့် အထဲ မှာ ရှိ နေ တဲ့ ကျောက် က ထွက် လာ ပြီး ဗိုက် နာ တော့ တာ ပါ ပဲ။

ကျောက် က သည်း ခြေ ရည် ထွက် တဲ့ လမ်း ကြောင်း မှာ သွားဆို့ နေ မယ် ဆို ရင် နာ လွန်း လို့ အရေး ပေါ် အနေ နဲ့ ဆေး ရုံ ကို ရောက် တတ် ပါ တယ်။ပိုးပါ ဝင် သွား ရင် အဖျား တက် ပြီး ချမ်း တုန် လာ တတ် ပါ တယ်။ ဆေး ရုံ မှာ ပိုး သတ် ဆေး တွေ ပေး ပြီး အ ခွဲ ခံ ရ တတ် ကြ ပါ တယ်။အချို့ တွေ ကြ တော့ လဲ ကျောက် မရှိ ပါ။ သို့ ပါ သော် လည်း သည်း ခြေ ရည် ကို ကောင်း စွာ မညွှစ် ထုတ် ပေး နိုင် တာ ကြောင့် အစာ မ ကျေ ခြင်း၊ လေ ခံ ခြင်း၊ လေ တက် ခြင်း၊ ရင် ပြည့် ခြင်း တို့ ဖြစ် တတ် ပါ တယ်။များ သော အား ဖြင့် ဆရာဝန် ကို သွား ပြ ပြန် ရင် လည်း အထူး သ ဖြင့် ကျောက် မ တည် တဲ့ သူ ဆို ရင် ဆရာဝန် က အစာအိမ် ရောဂါ ဆို ပြီး အက်စစ် မ ထွက် အောင် ဆေး မျိုးစုံ ကို ပေး လေ့ ရှိ တာ ကို တွေ့ ရ တတ် ပါ တယ်။
အနာတခြား၊ဆေး တခြား ဖြစ် နေ တာ မို့။ ရောဂါ မသက် သာ ဘဲ၊ အက်စစ်ဓာတ် မ ထွက် အောင် ပေး တဲ့ ဆေး တွေ ရဲ့ ဘေးတွက် ဆိုး ကျိုး တွေ ကို ခံ ရ တော့ တာ ပါ ပဲ။အကောင်း ဆုံး က တော့ သည်း ခြေ ရောဂါ ရှိ တဲ့ လူ တွေ ၊ အထုး သ ဖြင့် ကျောက် တည် သူ များ က လို အပ် နေ တဲ့ ဓာတ် ကို ဖြည့် ပေး လိုက် မယ် ဆို ရင် အစာမကြေ ခြင်း၊ လေပွ ခြင်း၊ ရင်ခံ ခြင်း၊ လေ တက် ခြင်း တို့ မဖြစ် တော့ ပါ။
Ox bile 500mg ကို အစာစား တိုင်း သောက် မယ် ဆို ရင် သိသိသာသာ ကြီး ကောင်း လာ တာ ကို တွေ့ မြင် ရ ပါ လိမ့် မယ်။အရေး ပေါ် ဆေး ရုံ တက် စရာ လဲ မ လို သ လို၊ မလိုအပ် ဘဲ ခွဲခံ ရ ခြင်း မှ လဲ ရှောင် နိုင် မှာ ဖြစ် ပါ တယ်။သည်းခြေ ထုတ် သွား ပြီး လဲ ပြဿနာ က ရှိ သေး တာ ပါ ပဲ။
သည်း ခြေ ထုတ် ပြီး တော့ သည်းခြေရည် ကို သို လှောင် ထား စရာ အိမ် မရှိ တော့ တာ ကြောင့် နည်း နည်း ခြင်း တစိမ့် စိမ်ု့ အူ ထဲ ကို ကျ နေ တဲ့ သည်း ခြေ ရည် ဟာ အစာများများစား တဲ့ အခါ အဆီ ကို ခြေ ဖို့ မ လုံ လောက် တာ မို့ ကြာ လာ တဲ့ အခါ အဆီ ဓာတ် နည်း သွား တတ် ပါ တယ်။ဝမ်းသွား တဲ့ အခါ ဝမ်း မှာ အဆီ တွေ ပါ လာ တာ ကို သတိ ပြု မိ ပါ လိမ့် မယ်။
Fat soluble vitamin များ ဖြစ် ကြ တဲ့ Vitamin A D E K ဓာတ် တွေ လဲ နည်း ပါး လာ တာ နဲ့ အမျှ ခန္ဓာ ကိုယ် အ တွက် မ ကောင်း ပါ။သည်းခြေ ခွဲ ထုတ် ပြီး ပြီ ဖြစ် ရင် အဆီ စား တဲ့ အခါ အစာ မ ကြေ တာ ကို သတိ ပြု မိ ကြ ပါ လိမ့် မယ်။
သည်း ခြေ ရည် ဟာ အူ ထဲ ကို အမြဲ တစိမ့်စိမ့် ကျ နေ တဲ့ အ တွက် အူ ကို တစ် ချိန် လုံး လှုံ့ ဆော် နေ သ လို ဖြစ် နေ ပြီး အစာစား တဲ့ အခါ ဝမ်း ကို ထိန်းမရ လောက် အောင် သွား ချင် တတ် လာ ပါ တယ်။
အချို့ သူ များ ဆို အိမ် ပြင် တောင် မ ထွက် ရဲ ကြ ပါ။ အိမ်သာ ပြေး မ မှီိ မှာ စိုး သော ကြောင့် ဖြစ် ပါ တယ်။
လူ တွေ က ဒါ ကို လက်ခံ ကြ ပြီး ဘယ်သူ့ ကို မှ မ ပြော တတ် ကြ ပါ။
ဒီလို ဖြစ်လာရင် Ox Bile 500mg ကို အစာ စား တိုင်း သောက် ပါ က အဆီ ကို ချေ ပေး နိုင် မှာ ဖြစ် ပါ တယ်။
မိတ်ဆွေ များ အား လုံး ကျန်းမာ ချမ်းသာ ကြ ပါ စေ။

အောက်ဖော်ပြ ပါ ထွက်ဆိုချက် လေး နဲ့ ပတ်သက် လို့
ကျန်းမာရေး ဗဟုသုတ တွေ ထပ် ပေး ပါ ဦး မယ် ------

“ ကျတော့် မိန်းမ medical check up လုပ်ရင်း သည်းခြေကျောက်တွေ့ပါတယ်..1.2 cm တစ်လုံးထဲပါ..

ခွဲရမှာလည်း ကြောက်တယ်ဆိုတော့ အင်တာနက်ထဲ လှန်လျောကြည့်ပြီး apple cider ၂ ဇွန်းကို သံပုရာသီးအရည် ၁ ဇွန်း ပျားရည်လေးနဲ့ မနက်စာ မစားခင် နေ့တိုင်းသောက်ပါတယ်.. လေးလလောက် သောက်ပြီး 0.7 cm ထိ သေးသွားပါတယ်.. ဒါနဲ့ နောက် ၂ လ ဆက်သောက် 0.4 cm ထိ သေးသွားပြီး နောက်ပိုင်း သိပ်မသောက်ဖြစ်တော့ပါဘူး..စကားမစပ် ကျတော်တို့ လင်မယားနှစ်ယောက်လုံး ဆရာဝန်များ ဖြစ်ပါတယ်..”

ဒီ နေ ရာ မှာ ကျွန်မ ပြော ပြ ချင် တာ က တော့ ------

သည်းချေ မှာ ကျောက်တည် တယ် ဆို ရာ အကျိုး တရား တစ်ခု ဖြစ် ပါ တယ်။ဒီ အကျိုး တရား ( ကျောက်တည်ခြင်း ကို သဘာဝ ပန်းသီး ရှာလကာ ရည် သောက် ခြင်း ဖြင့် သေး သွား ပါ တယ် ) အခု လို သေး သွား ပေ မဲ့ လဲ သည်းခြေ ကျောက်တည် ရ ခြင်း အကြောင်း ကို မပြု ပြင် ရ သေး တာ မို့ အချိန် မရွေး ပြန် ကြီး လာ နိုင် တဲ့ အပြင်၊ သည်းခြေအိပ် ထဲ မှ လည်း ထွက် သွား နိုင် ပါ တယ်။
သည်းခြေ အိပ် ထဲ မှ ထွက် သွား တဲ့ အခါ bile duct မှ သွား ပိတ် နေ တတ် ပြီး ၊ အလွန် နာ တတ် ပါ တယ်။အသားဝါ၊မျက်စေ့ဝါတတ်ပါတယ်။ အဖျား လဲ တက် တတ် ပါ တယ်။ ဆေးရုံ ကို အရေးပေါ် အနေ နဲ့ လဲ ရောက် သွား တတ် ပါ တယ်။ အထူး သဖြင့် အဆီ တွေ စား လိုက် တဲ့ အခါ ဖြစ် တတ် ပါ တယ်။
အရေးပေါ် အနေ နဲ့ လဲ အခွဲ ခံ ရ တတ် ပါ တယ်။
သည်းခြေ ကျောက်တည် နေ သူ များ အတွက် အကြံ ပြု ချင် ပါ တယ်။လိုက်နာ တာ၊ မလိုက် နာ တာ က တော့ ကိုယ့် သဘော ဖြစ် ပါ တယ်။

၁. ကျောက် တည် နေ သူ တွေ၊ကျောက် မရှိ ပဲ အစာစား ပြီး ရင် လေပွ၊ ဗိုက်ကယ် နေ သူ တွေ၊ အစာ မကြေ ဖြစ် နေ သူ တွေ၊ ဟာ များ သော အား ဖြင့် အစာစား တဲ့ အခါ ( အထူးသဖြင့် အဆီ) သည်းခြေ က အဆီ ကို ရှေးဦးစွာ ချေ ပေး နိုင် တဲ့ သည်းခြေရည် bile ကို လုံလုံ လောက် လောက် မ ညှစ် ပေး နိုင် လို့ ဖြစ် ပါ တယ်။

ဒီ လို ဖြစ် ရ တဲ့ အကြောင်း ကို ပြန် ကြည့် ကြ ရ အောင်။
သည်း ခြေ မှာ ရှိ နေ တဲ့၊ ညှစ် အားကိုပေးတဲ့ကြွက်သား ( smooth muscle ) တွေ ကြား ထဲ မှာ mucin ဆို တဲ့ အချွဲဓာတ် ဝင် ရောက် တဲ့ အခါ ညှစ် အား မ ကောင်း တော့ ပါ။တဖြေးဖြေး နဲ့ လက်ကျန်တွေ များ လာ ပြီး ပြစ်လဲ ပြစ် လာ၊ အနည် လည်း ထိုင် လာ ပြီး၊ bile pigment stone , cholesterol stone တို့ ဖြစ် လာ ပါ တယ်။
ဒီ လို ဖြစ် လာ ရ တဲ့ အဓိက အကြောင်း ရင်း က တော့ Hypothyroidism ဖြစ် ပါ တယ်။ သွေး ဖောက်ကြည့်နေရုံ diagnosis မရ နိုင် ပါ။ ကျွန်မ ရေး ထား ပေး တာ တွေ ကို ပြန် ဖတ် ကြည့် စေ ချင် ပါ တယ်။
Principle က Hypothyroid ဖြစ် နေ တဲ့ လူ များ ဝမ်း ချုပ် သ လို ပေါ့။ Mucin ဟာ smooth muscle တွေ ထဲ ကို ဝင် လာ ရင် ညှစ်အား မကောင်း တော့ ပါ။
Pathonogmonic feature of hypothyroidism ဟာ Mucin ဖြစ် ပါ တယ် ဆို တာ ကျွန်မ တို့ ဆေး ကျောင်း မှာ တုန်း က တည်း က Pathology မှာ သင် ထား ခဲ့ ကြ ပါ တယ်။

အဘိဓမ္မာ နဲ့ ရှင်း ပြ ရ ရင် Mucin ဆို တာ အာပေါဓာတ်။ ယိုစီးခြင်း၊ ဖွဲ့ စည်း ခြင်း ရှိ တယ်။
အာပေါဓာတ် ဟာ အလွန် သိမ်မွေ့ တာ မို့ ဖောဋ္ဌပ္ဗာရုံ ထဲ မှာ မပါ ပါ။ စမ်းကြည့် လို့ လဲ မရ ပါ။ဓမ္မဓာတ် အနေ နဲ့ သာ ဖော် ပြ ထား ပါ တယ်။

သည်းခြေ ကျောက် တည် သူ များ လိုက် နာ သင့် တဲ့ အချက် များ ကို အတိုချုံး ပြီး ပြော ပြ ရ မယ် ဆို ရင် ----

၁. အဆီ ကို ချေ ပေး နိုင် ဖို့ Ox bile 500mg ကို အစာ များများ စား တိုင်း သောက် သင့် ပါ တယ်။

အစာ မစား မီ မိနစ် ၂၀- ၃၀ လောက် ကြို သောက် ပါ။
သောက် ခြင်း အား ဖြင့် သည်း ချေ က ညှစ် ပေး စရာ မ လိုတော့သောကြောင့် သည်း ခြေ အိပ် ထဲ မှာ ရှိ တဲ့ ကျောက် ထွက် လာ စရာ အကြောင်း မရှိ တော့ ပါ။
အရေး ပေါ် ဆေး ရုံ ကို လဲ သွား စရာ မလို တော့ ပါ။ အရေး ပေါ် ခွဲ စရာ လည်း မ လို တော့ ပါ။

၂. ဒီ လို ထိန်း ထား ရင်း နဲ့ သဘာဝ အား ဖြင့် ကျောက် ကျေ သွား ရ အောင် ပန်းသီး ရှာလကာ ရည် ကို ဆက် သောက် ပါ။

၃. ရောဂါ နောက် ထပ် ပြန် မ ဖြစ် ရ အောင် အဓိက အကြောင်း ဖြစ် တဲ့ Hypothyroid ကို ပြု ပြင် ပေး လိုက် ပါ။
မိတ်ဆွေ များ အား လုံး ကျန်းမာ ချမ်း သာ ကြ ပါ စေ။

အမျိုးသမီးရောဂါအတွက် Oxibile
လူ အများ အကျိုး ရှိ စေ မဲ့ အမေး အဖြေ ကဏ္ဍ -------

စိတ်ဝင်စားသူ များ အတွက် ဖြစ် ပါ တယ်။
ရောဂါ တကယ် ပျောက် ချင်ရင် အကြောင်း ကို ဦးတည် ပြီး ကု ရ မှာ ဖြစ် ပြီး အကျိုး တွေ ကို လိုက် ပြီး ကု နေ လို့ မရ ဖူး ဆို တာ ကို ထပ် ပြီး ပြော ပြ ချင် လို့ တင် ပြ လိုက် ပါ တယ်။ ဥပမာ လေး တစ်ခု ပါ။

ကျွန်မ ဆီ ကို အကူ အညီ တောင်း တဲ့ စာ က တော့ ----

“ ဆရာမကြီးရှင်သမီးကိုကူညီပါရှင်သမီး၃လခံတာဆေးတစ်လုံး မာဘလွန်28တစ်နှစ်သုံးတာမီးယပ်မပေါ်တာတစ်နှစ်ခွဲရှိပါပီရှင်အိမ်ထောင်ကျတာ3နှစ်ပါရှင်ဆေးဖြတ်ထားတာတစ်နှစ်ခွဲပါရှင်မီးယပ်မပေါ်လို့ကူညီပါရှင်
သမီးကဆရာမကြီးနဲ့အရမ်းတွေ့ချင်းပါတယ်ရှင်
သူများရှယ်မှသိရပီface bookပေါ်မှာတွေ့ဘူးလို့ဆရာမကြီးတင်တာလေးတွေးသိရတော့အရမ်းဗဟုသုတရလို့အရမ်းစိတ်ဝင်စားရပါတယ်ရှင်။ သမီးအစားအိမ်gasထွက်မမှန်ဖြစ်နေပါတယ်ရှင်အစားအိမ်လဲယောင်နေပါတယ်ရှင်။ လေတွေပွပီညအိပ်မပျော်ပါဘူးရှင်။ သွားပြတဲ့ogတိုင်းကတားဆေးပြန်ပေးပါတယ်ရှင်သုံးလမှန်ပီမမှန်တော့ပြန်ဘူးရှင်။ ဝိတ်ချမှကလေးရမယ်ပြောလို့နည်းမမှန်လမ်းမမှန်ချမိရာကအစာအိမ်ထိသွားတာပါရှင်။ သမီးတော့ကလေးရချင်တာနဲ့ရူးတော့မှာပါရှင်။ကူညီပါဆရာမကြီးရယ်ဆရာဝန်ပြတိုင်းသူတို့ကသမီးကိုစိတ်လို့အမြဲပြောနေတောစိတ်ဓာတ်ကျရပါတယ်ရှင် ”

ဒီ အမျိုးသမီး ဖြစ် နေ တာ ကို ကျွန်မ ကြောင်း ကျိုး ဆက် ပြီး ဖြေ ပြ မှာ ဖြစ် ပါ တယ်။

ပြဿနာတွေ က တော့ ------

၁. ကိုယ် အလေး ချိန် များ နေ တယ်။
၂. ရာသီ က ကိုယ်ဝန်တားဆေး ထိုး မှ သုံးလ လောက် လာ ပြီး မလာ တော့ ပါ။
၃. သားသမီး လို ချင် နေ ပါ တယ်။
၄. လေတွေ ပွ ပြီး အစာအိမ် ရောဂါ ဖြစ် နေ ပါ တယ်။
ရာသီ မလာ တဲ့ အကြောင်း ကို ဦး တည် မှု မရှိ ပဲ၊ ရာသီ မလာ တာ ကို လူနာ စိတ် ကျေနပ် ရ အောင် ဟော်မုန်းဆေး တွေ ထိုး ပေး နေ တာ ဟာ အကျိုး ကို လိုက် ပြီး ကုသ နေ တာ ဖြစ် ပါ တယ်။

လူ နာ က ကိုယ်ဝန် ရှိ ချင် တယ် ဆို ကာ မှ ပဋိသန္ဓေတားဆေး ဟော်မုန်း တွေ ထိုး ပေး တယ် ဆို တော့ လဲ ဘယ် လို ကိုယ်ဝန် ရှိ နိုင် တော့ မှာ လဲ။
ဒီတော့ ကာ ဖြစ် နိုင် တဲ့ အကြောင်း တွေ ကို ကြည့် ကြ ရ အောင်။
ခေတ်မီ ဆေးပညာစာအုပ် တွေ မှာ သွား ဖတ် ကြည့် မယ် ဆို ရင် သားဥအိမ် က နေ သားဥ မှန်မှန် မထွက် လာ နိုင် တဲ့ အဓိက အကြောင်း တစ် ခု က တော့ Hypothyroid ဖြစ် ပါ တယ်။သားဥ မထွက် ရင် ရာသီ လဲ မလာ တော့ ပါ။
ကိုယ်အလေးချိန် လဲ တက် ပြီ ဖြစ် ပါ တယ်။ Hypothyroid ကို မကုမချင်း ကိုယ် အလေး ချိန် ချ ဖို့ အလွန် ခဲယဉ်း ပါ တယ်။ ရကိုယ် အလေး ချိန် သိပ် များ နေ ရင် လဲ သားဥ အိမ် မှ သား ဥ ထွက် တာ ခက် ခဲ ပါ လိမ့် မယ်။
ဒီ ပြဿနာ နဲ့ လက်တွဲ ပြီး ဖြစ် လေ့ ရှိ တာ က တော့ သည်းခြေ က နေ အဆီ ကို အစာချေ ပေး နိုင် မဲ့ bile ကို လုံလုံ လောက် လောက် မပေး နိုင် ခြင်း ဖြစ် ပါ တယ်။
နောက်တစ်မျိုး လှည့် ပြီး ပြော ရ ရင်၊ သည်း ချေ မှာ ကျောက် ရှိ သည် ဖြစ် စေ၊ မရှိ သည် ဖြစ် စေ သည်း ခြေ ရောဂါ ပါ ဖြစ် နေ ပြီ ဖြစ် ပါ တယ်။
လေပွ မယ်၊ အစာ မကျေ ဖြစ် မယ်။ ဗိုက် တင်း နေ မယ်။ လေ တွေ အံ မယ် ဖြစ် ပါ တယ်။

ကျွန်မ သာ ဆို ရင် ဒီ လူ နာ ကို basal body temperature သုံး ရက် ဆက် တိုက် တိုင်း ခိုင်း ပြီး 97.8 အောက် မှာ ရှိ မယ် ဆို ရင် -----

၁. Metabolic advantage ကို မနက် သုံး လုံး၊ နေ့ လည် သုံးလုံး သောက် မှာ ဖြစ် ပါ တယ်။
၂. Super selenium complex 200 microgram တစ်နေ့ တစ် လုံး
၃. OX bile 500mg ကို ထမင်းစား တိုင်း သောက်။
၄. လမ်း မှန်မှန် လျောက် ( ၄၅မိနစ် လောက် )
၅။ အချို တွေ အကုန် ဖြတ်၊ ထမင်း လျော့ စား ပါ။
၆. အူ ကျန်းမာရေး ကောင်း အောင် ပြုပြင်ပြီးသား အစာ တွေ ရှောင် ( ပြုပြင် ပြီး အစာ တွေ ထဲ မှာ ဓာတုဆေးတွေ၊ အချိုမှုံ့၊ fructose သကြား စ သည် ဖြင့် မလို အပ် သော ပစ္စည်း တွေ ပါ နေ လို့ ဖြစ် ပါ တယ် )
Probiotics မှန်မှန် သောက်ပါ။
အရိုးပြုပ် ရည် သောက် ပါ။
Folate 600 – 800 microgram သောက် ပါ။
ကံကောင်း လို့ ကိုယ်ဝန် ရှိ လာ တဲ့ အခါ Folate သောက် ထား ရင် သန္ဓေ သား အတွက် ကြီး ထွား ရာ မှာ အနှောက် အယှက် မရှိ ပဲ ကောင်း ကောင်း မွန်မွန် ဖြစ် ဖို့ လမ်း အများ ကြီး ရှိ လို့ ဖြစ် ပါ တယ်။
အဓိက အကြောင်း ကို ပြု ပြင် ပေး ဖို့ အကြံ ပြု ရ ခြင်း သာ ဖြစ် ပါ တယ်။မိမိ စိတ် တိုင်း ကျ ဆုံး ဖြတ် ပြီး ကြိုက် ရာ ကို လုပ် နိုင် ပါ တယ်။
အကြောင်း အကျိုး ကို စဉ်းစား တတ် သူ တွေ ဖြစ် ကြ ပါ စေ။

To A Better Health မှကူးယူဖော်ပြပါသည်။

💸 ငွေစျေးကြောင့် Price ကို Cb တွင်မေးပေးပါ။
💯%USA import
☑️ ပစ္စည်းစစ်မှန်မှုအား ဗူးပေါ်ရှိ bar code ကို scan ၍ စစ်နိုင်သည်။☑️
✔️ စျေးမှန်စွာ လက်လီလက်ကားရနိုင်သည်။ ✔️
❎ တစ်ခြားနိုင်ငံ Import နှင့် အတုမရောင်းပါရှင်။❎
👍ဆေးမစစ်က ငွေပြန်အမ်းပါမည်။

Photos from Htate's post 15/09/2023

✨ All Instock ✨

10/09/2023

🌟 အကောင်းဆုံး ဆရာဝန် (၇)ဦး-

◾၁/နေရောင်ခြည် ရေဓါတ် မြေဓါတ်ယူခြင်း (ခြံထဲမှာ ထွက်ပြီး စိုက်ပျိုးရှင်းလင်းလိုက်မယ်ဆိုရင်(၃)မျိုးလုံး တစ်ပြိုင်နက် ရနိုင်ပါတယ်)

◾၂/ကောင်းမွန်စွာအနားယူခြင်း အိပ်ရေးဝအောင်အိပ်ခြင်း

◾၃/လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်း

◾၄/အစားအသောက်အနေအထိုင် ပြုပြင်ပြိးအစားတွေရှောင်ခြင်း

◾၅/မိတ်ဆွေကောင်းများရှိခြင်း
(အလွန်အရေးကြိးပါတယ်)

◾၆/ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ဝရှိခြင်း

◾၇/ တရားဓမ္မ လေ့လာ ဆည်းပူးခြင်း တရားမှတ်ခြင်း တရားဓမ္မ၌ မွေ့လျော်ခြင်း တို့ဖြစ်ပါတယ်။

ရောဂါတွေဖြစ်လာရင် အဓိကပြင်ရမှာအစားအသောက်ဖြစ်ပါတယ်။ ဖြည့်စွက်စာက အရံသဘောမျှသာဖြစ်ပါတယ်။ ရောဂါတွေဖြစ်လာရင် ဘာသောက်ရမလဲလို့ စပြီးမမေးကြစေချင်ပါ။ အစားအသောက် အနေအထိုင်ဘယ်လို ပြုပြင်ရမယ်ဆိုတာ စပြီးမေးပါအစားအသောက်အနေအထိုင်မပြုပြင်ဘဲ ဘာဖြည့်စွက်စာ ဘာဆေးသောက်သောက် ရေရှည်မှာမရပါ။ ဖြည့်စွက်စာဝယ်ဖို့ မတတ်နိုင်သူတွေ အားမငယ်စေချင်ပါ။ အစားအသောက်ကိုပြုပြင်လိုက်မယ်ဆိုရင် ရောဂါအတော်များများ ချမ်းသာရာ ရနိုင်ပါတယ်။
အစာကြောင့် ဖြစ်တဲ့ရောဂါကို အစာနဲ့ဘဲပြန်ကုတာ အဓိပ္ပါယ်ရှိလှပါတယ်။ရောဂါတွေသက်သာလာစေရန် ပျောက်ကင်းစေရန် ကိုယ့်ခနွာကိုယ်နဲ့သင့်မြတ်အောင် နေရပါ့မယ်။ အပူဓါတ်လိုရင် အပူဓါတ်ပေး၊ ဝါယောဓါတ်လိုရင် ဝါယောဓါတ်ဖြည့်ဆည်းပေး၊ အာဘောဓါတ်လိုရင် အာဘောဓါတ်ဖြည့်၊ ခန္နာကိုယ်က ပြောနေတဲ့ဘာသာစကားကိုနားလည်အောင်ကြိုးစားပါ။ ဒါဆိုရင် ခန္နာကိုယ်ကြိးဟာ သူဘာသာသူ ဆေးကုပါလိမ့်မယ်။ ကုပေးမဲ့သူဟာ ဆေးတွေလည်းမဟုတ် မိမိဆရာဝန်လည်းမဟုတ် ဘာမှမဟုတ်ပါ။ ကိုယ့်ခန္မာကိုယ်ကြီးသာဖြစ်ပါတယ်။အစားအစာတွေဟာစားလိုက်ရင် ခနွာကိုယ်ထဲမှာ ဘာတွေဖြစ်နိုင်တယ်ဆိုတာ နားလည်ရင်ရပါပြီ။
အတွေးသစ် အမြင်သစ် ဗဟုသုတအသစ်တွေနဲ့ ကျန်းမာတဲ့ဘဝကို တည်ဆောက်ကြပါစို့၊၊မကျန်ခဲ့ကြစေနဲ့နော်
မှန်တဲ့ဘက်ကိုရွေ့ကြရအောင်ပါ။

Dr. Khin Nwe Win
Crd - To A Better Health

Photos from Htate's post 09/09/2023

✨ D-Ribose 300g- 95,000ks (exp-9/2025)

ကင်ဆာသမားများ အစားမဝင်သူများ ဒါလေးသာသောက်နော် အရမ်းအားဖြစ်ပါတယ်။

❤️‍🩹 နှလုံးသွေးကြော ပိတ်ပြီး heart attack ရတဲ့အခါ အောက်စီဂျင်ဓာတ် နည်းနေပြီဖြစ်တဲ့ အတွက် နှလုံးကြွက်သားများ ဆက်လက် အလုပ်လုပ်ရန် D ribose ကို အရေးပေါ် အနေနဲ့ ဖျော်သောက်မယ် ဆိုရင် နှလုံး ကြွက်သားများ ပျက်စီးခြင်းမှ အတော်လေး ကာကွယ်နိုင်မှာ ဖြစ်ပါတယ် (Damage to the heart muscle will be limited)

Stent ထည့်ထားသူတွေ၊ နှလုံးရောဂါသမားတွေ၊ ဥဏှောက်နဲ့ အာရုံကြော ရောဂါသမားတွေ၊ ကျောက်ကပ် အားနည်းနေသူတွေ၊ ကင်ဆာဝေဒနာရှင်တွေ၊ အားကစားသမားတွေ ကြွက်သားတွေကို အလွန် အသုံးပြုကြရသူတွေ၊ အသက် အရွယ် ကြီးသူတွေ အမြဲ မှီဝဲသင့်ပါတယ်။

တခါသောက်ရင် လ္ဘက်ဇွန်း တဇွန်း တနေ့ ၁ ကြိမ်မှ ၃ ကြိမ်အထိ သောက်ကြပါတယ် ဆီးချိုရှိသူများလည်း သောက်လို့ ရပါတယ်။

💯%USA import

☑️ ပစ္စည်းစစ်မှန်မှုအား ဗူးပေါ်ရှိ bar code ကို scan ၍ စစ်နိုင်သည်။☑️

✔️ စျေးမှန်စွာ လက်လီလက်ကားရနိုင်သည်။ ✔️

❎ တစ်ခြားနိုင်ငံ Import နှင့် အတုမရောင်းပါရှင်။❎

👍ဆေးမစစ်က ငွေပြန်အမ်းမည်။

Credit-To a better health and Original writer

Photos from Htate's post 04/09/2023

✨Instock✨

Healthy Origins D3 5000 IU= 48,000ks ( Exp-8/2025)
Nature Bounty D3 5000 IU = 60,000ks (exp- 6/2024)

🩸 Vitamin D3 သောက်ဖို့ရာ သွေးဖောက်စစ်ပြီး သွေးထဲတွင်လိုအပ်သောအတိုင်းအတာအလျောက် သောက်ရင်ပိုသင့်လျော်ပါတယ်ရှင်။

💊 Vitamin D3 အကြောင်းအသေးစိပ် ဆရာမကြီးရှင်းပြထားတာကိုမျှဝေပေးလိုက်သောကြောင့် စာရှည်သော်လည်း ဗဟုသုတဖတ်ကြည့်စေချင်ပါတယ်ရှင်။🙏

✅ D3 ဟာ နာတာရှည်နဲ့ ကင်ဆာရောဂါတွေကိုကာကွယ်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ Vitamin D3 ဟာ ပျက်စီးနေတဲ့ ကလာပ်စည်းတွေကို ပြုပြင်ပေးနိုင်စွမ်း ရှိလို့ပါ။ တကယ်တော့ Vitamin D3 ဟာ Vitamin အုပ်စုဝင်ဆိုတာထက် Seco-steroid လို့ပြောရင် ပိုမှန်ပါတယ်။

Biochemistry နည်းအရပြောရရင် Steroid ကဲ့သို့ ရောဂါမျိုးစုံကို ပျောက်ကင်းစေတဲ့ အာနိသင်ရှိပြီး Steroid လိုဘေးထွက်ဆိုးကျိုးမရှိတဲ့ Vitamin လို့ဆိုနိုင်ပါတယ်။ Steroid Hormone ကို SLE (အရေပြားလေးဘက်နာ) ရောဂါ၊ Gout (အဆစ်ရောင်) ရောဂါနဲ့ Autoimmune Diseases တွေကို ကုသရာမှာ သုံးစွဲနေကြပါတယ်။

ပုံမှန်အားဖြင့်တော့ Vitamin D ဆိုတာနေရောင်ခြည်ခံယူရုံနဲ့ ရရှိနိုင်ပါတယ်။ Vitamin D3 ဖြစ်ဖို့ကတော့ အသည်းနဲ့ ကျောက်ကပ်မှာ ရှိတဲ့ Enzyme တွေရဲ့ အကူအညီကိုယူပြီး ပြောင်းလဲရပါတယ်။ မြန်မာပြည်က လူတော်တော်များများက အာဟာရရှိတဲ့အစားအသောက်တွေကို ရွေးချယ်မစားသုံးတတ်ကြလို့ Enzyme ဓာတ်တွေချို့တဲ့ပြီး D3 ပြောင်းလဲမှုကို ကောင်းကောင်းမလုပ်ဆောင်နိုင်ပါဘူး။

Vitamin A D E K တို့ဟာ အဆီမှာ ပျော်ဝင်နေတဲ့ ဓာတ်တွေဖြစ်တာကြောင့် အဆီကိုခြေပြီးစုပ်ပေးနိုင်မယ့် သည်းခြေရည်နဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။ သည်းခြေရည်ထုတ်ပေးနိုင်ဖို့ဆိုတာ သည်းခြေကောင်းမှဖြစ်နိုင်ပါမယ်။ သည်းခြေကောင်းကောင်းအလုပ်လုပ်ဖို့ ဆိုရင် Thyroid Hormone အားကောင်းမှဖြစ်ပါမယ်။ ဒီ ဟော်မုန်းအားနည်းလို့ သည်းခြေပျက်စီးသွားပြီဆိုတာနဲ့ ကျောက်ရှိရှိ ၊ မရှိရှိ အစာမကြေတာတွေ ဗိုက်ကယ်တာတွေ လေပွတာတွေနဲ့ ရင်ထဲမှာ ဆို့နေသလိုခံစားရစေပါတယ်။ အဆိုးဆုံးကတော့ ခန္ဓာကိုယ်အတွက် အကျိုးပြုမယ့် အဆီတွေကို မစုပ်ယူပေးနိုင်တာကြောင့် အာဟာရဓာတ်ချို့တဲ့မှုနဲ့ အတူ ရောဂါပေါင်းစုံ ဝင်လာတော့တာပါပဲ။ သည်းခြေပျက်စီးနေကြောင်း သိသာစေမယ့်တစ်ချက်ကတော့
ဝမ်းသွားတဲ့အခါ တစ်ခါတရံမှာ အဆီဝေ့နေတတ်ပါတယ်။ Gall bladder ultrasound ကိုလည်း စစ်ဆေးကြည့်ကြဖို့ အကြံပြုလိုပါတယ်။

Vitamin D3 ကိုဘယ်လိုသောက်မလဲ
အရင်ဆုံး ဓာတ်ခွဲခန်းမှာ သွေးစစ်ရမှာပါ

ဘယ်လိုစစ်ရလဲ
သာမန်လူတွေအတွက် 25 HYDROXY D TEST

TB,Lymphoma, ရှိသူတွေက 1,25 (OH) D Test စစ်သင့်ပါတယ်။

VitaminD level အကြောင်း သိကောင်း စရာ -------

Holick MF. Calcium and Vitamin D. Diagnostics and Therapeutics. Clin Lab Med. 2000 Sep;20(3):569-90)

25 HYDROXY D

၁. Less than 50 ng/ml Deficient -------- နည်း နေ ပါ သည်။

၂. 50 - 70 ng/ml Optimal ---------- သင့်မြတ် သော အတိုင်းအတာ

၃. 70 - 100 ng/ml Treat cancer and heart disease ---- ကင်ဆာ ရောဂါ ရှင် များ နှင့် နှလုံးရောဂါ ရှိ သူ များ အ တွက်

၄. Over 100ng/ml excess ---------ပို လွန် သော အတိုင်း အတာ

Multiply ng/ml by 2.5 to convert to nmol/litre

( အချို့ ဓာတ် ခွဲ ခန်း တွေ ဟာ အဖြေ ကို nmol/litre နဲ့ ပြ ကြ ပါ တယ်။ ဒီ လို အခါ မျိုး မှာ ng/ml အဖြေ ကို ၂.၅ နဲ့ မြှောက် လိုက် ရင် nmol/liter ရ ပါ တယ် )

ဓာတ် ခွဲ ခန်း အများစု ဟာ reference range အဟောင်း ကို သုံး နေ ကြ တတ် ပါ တယ်။

အထက်ပါ ဖော် ပြ ထား သော reference values တွေ ဟာ လတ်တလော value range ဖြစ် ပါ တယ်။

လူ အများစု ပေါ် မှာ ပြု လုပ် ထား တဲ့သုတေသန အကြီးစား ပေါ် တည် ပြီး ထွက် လာ တဲ့ reference range တွေ ဖြစ် ပါ တယ်။

နောက် အရေးကြီး တဲ့ တစ် ချက် က တော့ ------

Sarcoidosis, TB , Lymphoma ရှီ သူ တွေ Vitamin D သွေး ဖောက် စစ် သည့် အခါ

1, 25 (OH) D test က ပို ပြီး သင့် တော် ပါ တယ်။

ဒီ ရောဂါ များ မရှိ သူ တွေ က တော့ 25 hydroxy VitaminD test က ပို ပြီး ကောင်း ပါ တယ်။

သွေးစစ်ပြီးရလာတဲ့အဖြေက 50 ng-ml အောက်ဆိုရင် အရမ်းနဲပါတယ်၊ D3 5000iu နှစ်လုံးကို Super K
တလုံးနဲ့တွဲပြီးသောက်ပါ။နှစ်လကြာရင် သွေးပြန်စစ်ပါ။

ဘယ်အချိန်သောက်ရမှာလဲ မနက်စားစားပြီး သောက်ပါ၊

ဘယ်လောက်ကြာအောင် သောက်ရလဲ သာမာန်လူတွေက 70 ng-ml TB, ကင်ဆာရောဂါရှိသူတွေက 100 ng-ml
အထိ ရောက်အောင်သောက်ရမှာပါ။

အဲ့ဒီ အနေအထားထိ ရောက်ပြီဆိုရင်လည်း D3 5000iu နဲ့ Super k တလုံးစီကို ဆက်သောက်ရမှာပါ။

VitaminD နဲ့ ပတ်သက် ပြီး မိတ်ဆွေ တစိဦး ရေး လိုက် တဲ့ comment ပေါ် မှာ တည် ပြီး ဗဟုသုတ လေး မျှ ဝေ ချင် ပါ တယ်။

မိတ်ဆွေ က ပြော ပါ တယ်။

” နေပူလှမ်းရင် သဘာဝ အား ဖြင့် VitaminD ရ နိုင် ရင်သား နဲ့ ဘာ ဖြစ် လို့ စျေးကြီး ပေးပြီး ဝယ်သောက် ကြ ရ မှာ လဲ ” ဆို့တဲ့ အချက် ဖြစ် ပါ တယ် ”

ဒီ အချက် က ဟုတ် တော့ ဟုတ် ပါ တယ်။

ကျွန်မ VitaminD အကြောင်း ကို နည်းနည်း ထပ် ပြီး ရှင်း ပြ လို ပါ တယ်။

သေသေချာချာ နားလည် သွား ပြီ ဆို ရင် ၊ ကိုယ် အဆင်ပြေရာ၊ ကိုယ့် အခြေအနေ၊ ကိုယ့် စိတ်ကြိုက် လုပ် လို့ ရ ပါ တယ်။

တစ်ယောက် နဲ့ တစ် ယောက် က လဲ မတူ ကြ တာ မို့၊ ကိုယ့် အခြေအနေ၊ ကိုယ့် အနေအထား ကို ကြည့် ပြီး ကိုယ် နဲ့ သင့် တော် တာ လုပ် ကြ ရ မှာ ဖြစ် ပါ တယ်။

ကျွန်မ တို့ အရေပြား မှာ ရှိ တဲ့ cholesterol ကို နေရဲ့ စွမ်းအင် က နေ ပြီး Vitamin D3 ပြု လုပ် ပေး ပါ တယ်။

ဒီ ဗီတာမင် ကို အသည်း ဆီ ကို ပို့ ပေး ရ ပါ တယ်။

အသည်း က နေ တဆင့် ကျောက်ကပ် ဆီ ပို့ ရ ပြန် ပါ တယ်။

ကျောက်ကပ် ထဲ မှာ ဇီဝဓတုဖြစ်စဉ် တွေ ဖြစ် ပြီး မှ active vitaminD3 ကလာပ်စည်း တွေ မှာ အလုပ်လုပ် နိုင် တဲ့ vitamin D3 ဖြစ်သွား ပါ တယ်။

အသည်း ထဲ မှာ VitaminD ကို အပို အောက်စီဂျင် နဲ့ hydrogen molecules ထည့် ပေး လိုက် တာ ကြောင့် 25hydroxy vitaminD ဖြစ် သွား ပါ တယ်။
ကျွန်မ တို့ တ တွေ ဓာတ်ခွဲခန်း တွေ မှာ သွေး သွား ဖောက် တဲ့ အခါ တိုင်း တဲ့ 25 hydroxy vitamin D ဖြစ် ပါ တယ်။

ဒီ 25 hydroxy vitaminD3 ဟာ အလုပ်လုပ် လို့ မရ သေး ပါ။

အသည်း က နေ တဆင့် ကျောက်ကပ် ကို ပို့ ရ ပြန် ပါ တယ်။

ကျောက်ကပ် ရောက် တဲ့ အခါ မှာ နောက်ထပ် oxygen and hydrogen molecules တွေထပ်ထည့် ခံ ရ ပြီး
1,25 dihydroxy vitaminD ဖြစ် သွား ပါ တယ်။

သူ့ ရဲ့နောက် နာ မည် တစ် မျိုး က တော့ calcitriol ဖြစ် ပါ တယ်။

ယခုခေတ် မှာ တွေ့ ကြုံ နေ ရ တဲ့ ပြဿနာ တွေ က တော့ ——-

၁. ခေတ်ကြီး ဟာ ပြောင်း လာတာ နဲ့ အမျှ လယ်ယာ လုပ်ငန်း တွေ က နေ ရုံးခန်း အလုပ် တွေ ပို များ လာ ကြ ပါ တယ်။ရုံးခန်း အလုပ် တွေ က ကြ တော့ နေ မထိ တော့ ပါ။ တနေကုန် အရိပ် ထဲ မှာ ပဲ ဖြစ် ပါ တယ်။သဘာဝ VitaminD တွေ မရ နိုင် ကြ တော့ ပါ။

၂. အသားညို သူ များ မှာ melanin pigment တွေ အရေပြား မှာ များ နေ တာ ကြောင့် vitaminD ထုတ် လုပ် ေ၇း ဟာ သိသိသာသာ ကျဆင်း သွား ပါ တယ်။ အသားညို လေကျ ဆင်း လေ ပဲ ဖြစ် ပါ တယ်။

၃. အူလမ်းကြောင်း ရောဂါ ဖြစ် နေ သူ များ မှာ လည်း အစားအစာ ထဲ မှသော် လည်းကောင်း၊ သောက် သည့် ဗီတာမင် ကို လည်း ကောင်း၊ စုတ်ယူ မှု အား နည်း သွား တတ် ပါ သေး တယ်။

၄. အဆီ ကို အစာ မချေ နိုင် သူ များ ( ဥပမာ သည်းခြေ ရောဂါ ရှိ သူ များ ) စ သည် ဖြင့် ဟာလည်း ပြဿနာ ရှိ နိုင် ပါ တယ်။Vitamin D ဟာ အဆီ မှာ သာ ပြော် နိုင် သော ဗီတာမင် ဖြစ် နေ လို့ ပါ။

၅.အသည်းရောဂါ ရှိ သူ များ၊ ကျောက်ကပ် ရောဂါ ရှိ သူ များ မှာ လည်း သဘာဝ vitaminD ဓာတ် နည်း နေ တတ် ပါ တယ်။

၆. အချို့ ဆေး များ ဟာ လည်း ဗီတာမင် ဒီ ဓာတ် ကို လျော့ ပါး စေ ပါ တယ်။

၇. အထူးသဖြင့် သက်ကြီး ရွယ်အို များ မှာ ဗီတာမင်ဒီ ဓာတ် နည်း နေ တတ် ပါ တယ်။
အသက် ကြီး လာ တာ နဲ့ အမျှ အဟာဟာရ တွေ ချို့ တဲ့ လာ ခြင်းကြာင့် လည်း ကောင်း၊
အိမ် ပြင် မ ထွက် တော့ တာ ကြောင့် လည်း ကောင်း စ သည် ဖြင့် ဖြစ် ပါ တယ်။

၈. နေ ပူ ခံ တယ် ဆို တာ က လည်း အဝတ် တွေ ဝတ် ပြီး လှမ်း နေ ရင် လည်း အပြည့် အဝ မရ နိုင် ပါ။

အထူး သဖြင့် အသက်ကြီး သူ တွေ ဟာ လုံချည်ဝတ်၊ အပါ် က လဲ လက်ရှည်၊ လက်စက နဲ့ ဆို တော့ ထိ ရောက် မှု သိပ် ရှိ မည် မ ထင် ပါ။

ဒီ အချက် တွေ နား လည် ထား မယ် ဆို ရင် ကိုယ် နဲ့ သင့် တော် သ လို ၊
ကြိုက်ရာ နည်း နဲ့ အလွန် အရေး ကြီး လှ တဲ့ ဗီတာမင် ကို ရ အောင် ယူ ကြ ရ မှာ ဖြစ် ပါ တယ်။

မိတ်ဆွေ များ အား လုံး ဗဟုသုတ တွေ ကြွယ်ဝ ကြ ပါ စေ။

ဒေါက်တာဒေါ်ခင်နွယ်ဝင်း၏ ကျန်းမာရေး ဟောပြောချက်များမှ ကူးယူဖော်ပြပါသည်။

VitaminD အကြောင်း ပြော ဖို့ ကျန် ပါ သေး တယ် ----

Vitamin D3 သောက် နေ ကျ သော မိတ်ဆွေ အချို့ မှာ D3 အတိုင်း အတာ ဟာ လို သ လောက် မတက် လာ ပါ။ ကျွန်မ က 5000IU သောက် ခိုင်း တာ ဆရာဝန် အတော် များများ နဲ့ အချို့ လူများ လန့် နေ ကြ ပါ တယ်။

ဒီ လောက် သောက် ခိုင်း တာ တောင် လို သ လောက် မတက် နိုင် ကြ သေး ပါ။ သွေး ဖောက် စစ် လို့ သိ ရ တာ ဖြစ် ပါ တယ်။

ကျွန်မ လဲ ပြန် ပြီး စဉ်းစား ကြည့် ပါ တယ်။

ဖြစ် နိုင် တယ့် အကြောင်း တွေ က တော့ ------

၁. မသောက် ခင် က အ တိုင်း အတာ အလွန် နည်း တာ ကြောင့် ပြန် တိုင်း တယ့် အခါ ထင် သ လောက် မတက် လာ ခြင်း လဲ ဖြစ် နိုင် ပါ တယ်။

၂. နောက် တစ် ချက် ကျွန်မ ပြော ဖို့ မေ့ သွား တာ က တော့ VitaminD3 သောက် သည့် အခါ အစာ အများဆုံးစား သည့် အချိန်၊ သို့ မဟုတ် အဆီ များများ စား တဲ့ အချိန် မှာ သောက် ရင် ပို ထိ ရောက် မှာ ဖြစ် ပါ တယ်။ ဘာ ဖြစ် လို့ လဲ ဆို တော့ VitaminD ဟာ အဆီ မှာ ပြော် သည့် ဗီတာမင် ဖြစ် လို့ ပါ။

၃. အ ဆီ မှာ ပြော် သည့် ဗီတာမင် တွေ က တော့ Vitamin A D E K ဖြစ် ပါ တယ်။

၄. နောက် အရေးကြီး သည့် အချက် က တော့ လူ အတော် များများ ဟာ လည်း thyroid hormone နည်း နေ ကြ ပါ တယ်။

ဒီ ဟော်မုန်း နည်း သွား ရင် သည်းခြေ ရောဂါ ဖြစ် တာ များ ပါ တယ်။

ကျောက် ရှိ ချင် လည်း ရှိ မယ်။ ကျောက် ရှိ ချင် မှ လည်း ရှိ မယ်။

ကျောက်ရှိရှိ၊ မရှိရှိ၊ သည်း ခြေ ဟာ အဆီ စား သည့် အခါ တိုင်း မှာ အဆီ ကို အစာချေ ပေး ဖို့ သည်းချေ ရည် လုံလုံ လောက် လောက် မ ထုတ် ပေး နိုင် တော့ ပါ။

သည်းခြေရည် မလုံလောက် ရင်၊ အဆီ ကို ကောင်း ကောင်း မချေ နိုင် တာ မို့၊ စား ပြီး ရင် ဗိုက် ကယ် နေ မယ်၊ လေ တွေ တ ချိန် လုံး တက် နေ မယ်၊ အစာမကြေ သ လို ဖြစ် နေ မယ်၊ ရင် ထဲ မှာ ဆို. နေ သလို ခံ စား တတ် ကြ ပါ တယ်။

သည်း ခြေ ထုတ် ထား သူ များ မှာ လည်း သည်း ခြေ အရည် ဟာ အဆီစား သည့် အခါ မှာ အစာ ချေ ဖို့ မ လုံ လောက် ပါ။

အဆီ ကို ကောင်း ကောင်း မ ချေ နိုင် ရင် အဆီဓာတ် တွေ ဟာ ဝမ်း ထဲ က နေ ပါ သွား မှာ ဖြစ် ပါ တယ်။
ဝမ်းသွား သည့် အခါ တစ်ခါတရံ အဆီဝေ့ နေ တတ် ပါ တယ်။

အဆီဓာတ် နည်း သွား ရင် အဆီ မှာ ပြော် နိုင် သည့် ဗီ တာ မင် ဓာတ် တွေ လဲ လျော့ ပါး သွား မှာ ဖြစ် ပါ တယ်။

ဒီ ဗီတာ မင် တွေ ကို သောက် ပြန် ရင် လည်း သွေး ထဲ မှာ ထင် သ လောက် မတက် လာ နိုင် တော့ ပါ။

ဒီ လို မျိုး ဖြစ် သည့် အခါ မှာ OX Bile 500mg ကို အစာ စား တိုင်း သောက် ပေး ရင် အကျိုး ရှိ နိုင် ပါ တယ်။

Gall bladder ultrasound လဲ ရိုက် ကြည့် သင့် ပါ တယ်။

မိတ်ဆွေ များ အား လုံး ၊ သည်းခြေ ကျန်းမာရေး နဲ့ လဲ ပြည့် စုံ ကြ ပါ စေ။

Vitamin D3 and D2 အာနိသင်ခြင်း မတူ ပါ။

Vitamin D2 ဟင်းသီ ဟင်းရွက် မှ ထုတ် တာ ဖြစ် ပါ တယ် ( plant origin )

Vitamin D3 က အသား မှ ထုတ် တာ ဖြစ် ပါ တယ်။ ( animal origin )

D2 နဲ့ D3 ဟာ သြဇာ ဓာတ် သတ္တိ ခြင်း မတူ ကြ ပါ။

သုတေသန ပညာရှင် တွေ က VitaminD guidelines တွေ ချ မှ တ် တဲ့ အစိုးရ အဖွဲ့ တွေ ကို သူ တို့ ချမှတ် ထား တဲ့ guidelines တွေ ကို ပြန် ပြီး သုံးသပ် ဖို့ တိုက် တွန်း လိုက် ပါ တယ်။

သုတေသန ပညာရှင် တွေ က ဘာ တွေ့ သ လဲ ဆို တော့ Vitamin D3 ဟာ D2 ထက် ခန္ဓာကိုယ် ထဲ မှာ
vitaminD ပမာဏ ကို နှစ်ဆ တက် စေ ပါ တယ် လို့ ဆို ပါ တယ်။

လူ အများ ထင် နေ ကြ တာ D3 နဲ့ D2 ဟာ အာနိသင် တူ တယ် ဆို တာ ဖြစ် ပါ တယ်.

များ သော အား ဖြင့် သွေး ဖောက်စစ် လိုက် လို့ VitaminD နည်း နေ တယ် ဆို ရင်၊ ဆရာဝန် အတော်
များ များ ဟာ VitaminD2 ကို အပတ်စဉ် သောက် ခိုင်းလေ့ ရှိ ပါ တယ်။

Dosage ပမာဏ များ တာ ကြောင့် ဆရာဝန် ဆေး လက် မှတ် က လည်း လို အပ် ပါ သေး တယ်။

တစ်ပတ် မှ တစ် ခါ ပဲ သောက် ရ ပါ တယ်။

အခု သိ လာ ရ တာ က ကျွန်မ တို့ တ တွေ သောက် နေ ကြ တဲ့ VitaminD 3 က အာနိသင် ပို ရှိ ပါ တယ် တဲ့။

ကျွန်မ တို့ တ တွေ လျှောက် နေ တဲ့ လမ်း ဟာ မှန် နေ တယ် ဆို တာ ထပ် ပြီး သိ သွား ရ ပြန် ပါ ပြီ။

ကိုယ် လုပ် သင့် လုပ် ထိုက် တာ တွေ ကို ပဲ ဆက် ပြီး လုပ် သွား ကြ ရ အောင် ပါ မိတ် ဆွေ အပေါင်း တို့။

Guidelines ညွှန် ကြား ချက် တွေ ပြောင်း သည် ဖြစ် စေ၊ မ ပြောင်း သည် ဖြစ် စေ၊ ကိုယ် သောက် နေ ကျ
VitaminD3 ကို သောက် ပြီး နာတာရှည် ရောဂါ မျိုးစုံ မှ လွတ် ငြိမ်း ချမ်းသာ ခွင့် ရ အောင် ကြိုးစား ကြ ပါ စို့ လား။

VitaminD အကြောင်း သိ ကောင်းစရာ ———-

ဗီတာမင် တွေ၊ ဖြည့်စွက်ဓာတ်စာ တွေ ကို သောက် တော့ မယ် လို့ ဖတ် ကြည့် လိုက် မယ် ဆို ရင် အကုန် လုံး လို လို ဟာ ပမာဏ Dosage ကို mg ( milligram ) နဲ့ ဖြစ် စေ၊
mcg ( microgram ) ဖြစ် စေ ရေး ထား တာ ကို တွေ့ ရ ပါ တယ်။

VitaminD ကြ တော့ ထူးထူး ဆန်းဆန်း IU( international unit )နဲ့ ပြ တာ ကို တွေ့ ရ ပါ တယ်။

စဉ်းစား ကြည့် စရာ ဖြစ် လာ တာ ပေါ့ နော်။

ကျွန်မ သတိ ထား မိ တာ တော့ ကြာ ပါ ပြီ။
သို့ ပါ သော် လည်း သေသေချာချာ မသိခဲ့ တာ အမှန် ပဲ ဖြစ် ပါ တယ်။

ဒီ လောက် တောင် ကျန်းမာရေး ကို ကောင်းစေ၊ အထောက် အကူပြု စေ သည့် VitaminD အကြောင်း ပို ပြီး သိ ချင် တာ နဲ့့ နှံ့နှံ့ စပ်စပ်ဖတ် ကြည့် မိ ပါ တယ်။

လောက မှာ ကိုယ် မသိ သေး တာ တွေ က အများကြီး မို့ ၊
စာ များများ ဖတ် ခြင်း ဟာ ဆို ရင် ပို ပြီး စဉ်းစား ချင့် ချိန် တတ် စေသည့် ဉာဏ် ရင့် သန် လာ ခြင်း အ ကြောင်း တစ်ပါး ဖြစ် ပါ တယ်။

ဖတ်လေ သဘော ပေါက် လေ မို့ ၊ အချို့ အချက် အလက် များမိတ်ဆွေ တို့ ပါ နား လည် သွား စေ ရန် ပြန်လည် ဝေငှ ပေး လိုက်တာ ဖြစ် ပါ တယ်။

လူ အတော် များများ က လဲ မေး လေ့ ရှိ ကြ ပါ တယ်။

လူကြီး တွေ ဆို ဘယ်လောက် ပမာဏ သောက်သင့် သ လဲ ?

ကလေး တွေ ဆို ရင် ကော ?

Milligram, Microgram နဲ့ International Unit ( IU ) ဟာ
ဘယ်လို ဆက်စပ် မှု ရှိ တာ ပါ သ လဲ ?

International Unit ( IU ) ဆို တာ ရှေး ကျ သော အတိုင်းအတာတစ်ခု ဖြစ် ပါ တယ်။

Number of international units ကို သုံး လိုက် ခြင်း ဖြင့်
ခေါင်းနောက် ပြီး ရှုပ်ထွေး သွား စေ တတ် ပါ တယ်။
ဘာ ကို ဆို လို နေ တယ် ဆို တာ သိ သူ ရှားလှ ပါ တယ်။

ဥပမာ 40,000 IU သောက် လို့ ပြော လိုက် ရင် ထိတ်လန့် ကုန်တတ် ပါ တယ်။ကိုယ် က မသိ တော့ များ လှ ခြေ လား ပေါ့ ။

အမှန် မှာ က. ———

40,000 IU equals 1 milligram ( mg ) or 1000micrograms ( mcg )

ဥပမာ —— 5000 IU သောက် နေ သူ ဟာ အများကြီး သောက်နေ တယ် လို့ ထင် ရ ပေ မဲ့ အမှန် တကယ်
125 microgram ( mcg ) ပဲ သောက် နေ တာ ဖြစ် ပါ တယ်။

ဘယ် လောက် သောက် သင့် သ လဲ ဆို တာ က တော့ ထောက်ခံ ချက် တွေ ဟာ မတူ တာ ကို တွေ့ ရ ပါ လိမ့် မယ်။

Institute of Medicine ( RDA ပြဌာန်း သူ များ ) ကတော့ Daily allowance က 600- 800 IU ပါ တဲ့။

ဒီ ပမာဏ ကို လိုက် နာ ရင်း နဲ့ လူ တွေ ဟာ ကမ္ဘာ တစ်ဝှမ်းလုံး မှာVitamin D deficient ဖြစ် လာ ကုန် ကြ တာ ကို တွေ့ နေ ရ ပါ တယ်။
နေပုံ ထိုင် ပုံ တွေ က လဲ တိုးတက် လာ သည့် ခေတ် မှာ ပြောင်းလဲကုန် ကြ တာ ဖြစ် ပါ တယ်။

အလုပ် လုပ် သည့် သူ တွေ ဆို ရင် တစ်နေကုန် ရုံး ခန်း ထဲ မှာကလေးတွေ ဆို ရင် အပြင် က နေပူ ထဲ မှာ ကစားလေ့ မရှိ ကြ တော့ ပါ။computer game တွေ နဲ့ အိမ် ထဲ မှာအမျိုးသမီး တွေ က လဲ နေ ပူ မှာ ကြောက် ကြ တော့ တစ်ကိုယ် လုံး နေသိပ် မထိ လှ ပါ။

ဒီ ဓာတ် နည်း လာ တာ နဲ့ အမျှ နာတာရှည် ရောဂါ မျိုးစုံ ရဲ့ အောက်မှာ အလူး အလိမ့် ပါ ပဲ။

Non Profit Organization ဖြစ် သည့် VitaminD Council ရဲ့ အကြံပေး ချက်အရဆိုရင် ကျန်းမာနေ သည့် လူကြီး အတွက် က 5000 IU daily

ကလေး တွေ အတွက် က 1000 IU per 25 lbs ဖြစ် ပါ တယ်။

အကောင်း ဆုံး က တော့ 25 hydroxy vitaminD level ဖောက်ကြည့် ပြီး လို အပ် သ လို သောက် တာ ပဲ ဖြစ် ပါ တယ်။

ကျန်းမာ နေ သည့် လူ ( ခု ခေတ် မှာ အတော် ရှား သွား ပါ ပြီ ) ဆို ရင် ရှိ သင့် သည့် ပမာဏ က 50 ng/mL

နာတာရှည် ရောဂါ ဖြစ် နေ သည့် သူ ဆို ရင် 70 -80 ng/ml

လိုရင် လို သ လို ကိုယ့် ကျန်းမာရေး အခြေ အနေ ပေါ် မူ တည် ပြီး 100 ng/ml အထိ သွား လို့ ရ ပါ တယ်။

VitaminD ဟာ နာတာရှည် ရောဂါ များ ဖြစ် နေ သူ များ အတွက်အလွန် အထောက် အကူ ပြု တာ မို့ ဒီ ဗီတာမင် နဲ့ ပတ် သက် ပြီးဗဟုသုတ တွေ ဆက် ပြီး ပေး သွား မှာ ဖြစ် ပါ တယ်။

မိတ်ဆွေ များ အား လုံး ကျန်းမာရေး ဗဟုသုတ တွေ နဲ့ ပြည့်စုံ ကြ ပါ စေ။

VitaminD level ကို ကိုယ်ဝန်ဆောင် မိခင် များ.ကောင်း ဆုံး ဖြစ် အောင် လုပ် ထား သင့် ပါ သည်။——-

July24, 2017 က ၊ Protect our Children NOW project မှ ထုတ် ပြန် လိုက် တဲ့ သုတေသန စာ တမ်း ကို PLOS One မှာ ဖော် ပြ ထား တာ ဖြစ် ပါ တယ်။
ဒီ သူတေသန ကို Medical University of South Carolina က ကိုယ်ဝန် ဆောင် မိခင် ၁၀၀၀ ကျော် မှာ ပြု လုပ် ထား တာ ဖြစ် ပါ တယ်။

အတို ချုံး ပြီး ပြော ပြ ရ မယ် ဆို ရင် ——-

၁. VitaminD level အနည်းဆုံး 40ng/ml ( 100nmol/L ) ရှိ မယ် ဆို ရင် ကလေး လ မ စေ့ ခင် မွေး တဲ့ နှုံး ၆၀% ကျ ဆင်း သွား ပါ တယ် တဲ့။

၂. မိခင် ရဲ့ ကိုယ်ဝန်ဆိပ် တက် ခြင်း၊ ကိုယ်ဝန်ဆောင် နေစဉ် သကြား ဓာတ် များ နေ ခြင်း၊ရောဂါ ပိုး များဝင် ခြင်း ကို လည်း ၅၀% မျှ ချ ပေးနိုင် ပါ တယ် လို့ ဆို ပါ တယ်။

၃. VitaminD နည်း နေ တဲ့ မိခင် က နေ မွေးဖွား လာ ကြ သော ကလေး များ ဟာ ပန်းနာရင်ကြပ်၊ allergies၊ နှာစေး ချောင်း ဆိုး ခဏခဏ ဖြစ် တတ် ပါ သ တဲ့။
သွား ပိုး စား တာ တွေ၊ ဆီးချို ရောဂါ၊ အဖြစ် များ ပြီး အသက် ကြီး လာ တဲ့ အခါ မှာ နှလုံး နဲ့ သွေးကြောရောဂါ များ ဖြစ် တတ် ပါ တယ် လို့ ပြော ပါ တယ်။

ကျွန်မ တို့ မြန်မာပြည် မှ ကလေးငယ် များ ရဲကျန်းမာရေး တွေကောင်းမွန် လာ ကြ ရ အောင် မိဘ များ ကြိုးစား ကြ ရ အောင် ပါ။

Vitamin D နဲ့ ပတ်သက် ပြီး မေးလေ့ ရှိ ကြ သော မေး ခွန်း

Vitamin D 5000IU ကို ဘယ်လောက် ကြာကြာ သောက် သင့် ပါ သလဲ ?

အမြဲ သောက်သွားသင့် သည့် maintenance dose အတွက် အကြံပေး ထောက် ခံ ချက် က ဘယ် လို ရှိ ပါ သ လဲ ?

Vitamin D Expert တွေဖြေ ပုံ အရ ဆို ရင် —————

VitaminD 5000IU ကို နေ့ စဉ် ရှစ်ပတ် တိတိ သောက် မယ်ဆို ရင်blood level of 25 hydroxy vitaminD ဟာ
50ng/mL လောက် အထိ တက် လာ နိုင် ပါ တယ်။

သွေး ဖောက် စစ် ကြည့် တာ အကောင်းဆုံး ဖြစ် ပါ တယ်။

အခု လို 50ng/mL ရောက် လာ သည့် အခါ မှာ လည်း
5000IU နဲ့ ပဲ ဆက် ပြီး ထိန်း ထား သင့် ပါ တယ်။

သို့ ပါ သော် လည်း ၊ ရောဂါ ခံစား မှုတွေ ဟာ တစ်ယောက် နဲ့ တစ် ယောက် မတူ တတ် ကြ ပါ ။

ဥပမာ အား ဖြင့် ———

အဆစ် တွေ နာ နေ တတ် တာခါး အရမ်း နာ နေ တာ
အလွန် နွမ်းလျ နေ တတ် တာ စ သည် ဖြင့် ဖြစ် ပါ တယ်။

Level နည်း နေ သည့် အပြင် ရောဂါ ခံစား မှု တွေ ပါ ရှိ နေ ပါ က၊8000. - 10,000IU daily ကို နေ့စဉ် ရှစ် ပတ် လောက်သောက် ကြည့် ပါ။

သွေး ပြန် ဖောက် ကြည့် လို့ လို အပ် သ လို တက် လာ ပြီ ဆို လှ ျင်သော် လည်း ကောင်း၊ ရောဂါ ခံစားမှု များ မှ သက် သာ လာ လှ ျင် သော် လည်း ကောင်း ၊ 5000IU ကို ပြန် ချ လိုက် ပြီး maintenance dose အ နေ နဲ့ ဆက် သောက် သင့် ပါ တယ်။

အရေး အကြီး ဆုံး က ကိုယ့် ရဲ့ ခံစား မှု တွေ သက် သာ လာ တာ ပဲ ဖြစ် ပါ တယ်။

Vitamin D အကြောင်း ထပ် ပြော ပြ ချင် ပါ တယ်။

Vitamin D level ဟာ တောင်ပေါ် မှာ ရှိ သည့် ရေကန်ကြီး တစ်ခု ထဲ မှာရှိ နေ သည့် ရေ တွေ နဲ့ တူ ပါ တယ်။

တောင်ပေါ် ရေကန်ကြီး ဟာ ရေ တွေ နဲ့ ပြည့် နေ မှ တောင်အောက် မှာ ရှိ သည့် ရေကန် ငယ် များ သို့
စီးဆင်း ပြီး ရေ ကန် ငယ် များ ကို ပါ ပြည့် စေ မှာ ဖြစ် ပါ တယ်။

တောင်အောက် မှာ ရှိ သည့် ရေကန် ငယ် တွေ ဟာ လည်း အတော် လေး များ ပါ တယ်။

ရေကန်ကြီး မှာ ရေ တွေ ပြည့်ပြည့် ဝဝ ဖြစ် နေ တာ VitaminD blood level ကောင်း မွန် နေ တာ ကို
ဆို လို ပါ တယ်။
အနည်းဆုံး 50ng/mL ကို ဆို လို ပါ တယ်။
နာတာရှည် ရောဂါ သည် များ ဆို ရင် 70ng/mL
ကင်ဆာ သမား တွေ ဆို ရင် 100ng/mL

တောင်ပေါ်ကန် မှာ ပြည့် နေ သည့် ရေ က အဓိက ဖြစ် ပါ တယ်။
Vitamin D ရဲ့ အဓိက လုပ် ငန်း က ခန္ဓာကိုယ် ထဲ ရှိ calcium ကို မျှတ နေ ရ အောင် ထိန်းသိမ်း ပြု ပြင် ပေး သည့် အလုပ် ဖြစ် ပါ တယ်။

ဒီ အလုပ် ကို လုပ် ဖို့ ခန္ဓာကိုယ် က VitaminD ကို အသုံး ချ တာ ဖြစ်ပါ တယ်။

ပိုပို လျှံလျှံ ရှိ မှ သာ တောင် အောက် မှာ ရှိ သည့် ရေကန် အငယ် များသို့ စီး ဆင်း နိုင် မှာ ဖြစ် ပါ တယ်။

တောင် အောက် မှာ ရှိ သည့် ရေကန် ငယ် များ ဆို တာ က တော့ ခန္ဓာကိုယ် တွင်း ရှိ အခြား လုပ် ငန်း ဆောင် တာ များ ဖြစ် ပါ တယ်။တောင်အောက် မှာ ရှိ သည့် ရေကန် ငယ် များ ကို ပြည့် စေ သည့် သဘော ကို ပြော ပြ ရ မယ် ဆို ရင်-----

၁. အရိုး တွေ သန်မာ နေ ရ အောင်

၂. သွေး ပေါင် ချိန်ကို ထိန်းထား ပေး ရ အောင်

၃. နှလုံး ကျန်းမာ ရေး

၄. ခန္ဓာကိုယ် ခုခံ အား ကောင်းမွန် မျှတ ရေး

၅ ကင်ဆာရာဂါ မှ ကာကွယ် ပေး နိုင် ရေး

၆. စိတ် နေ စိတ်ထား ဟန်ချက် ညီ နေ ခြင်း

၇. အားကစား သမား တွေ စွမ်းဆောင် နိုင် မှု တိုးတက် လာ ရေး စ သည် တို့ ဖြစ် ပါ တယ်။
သွေး ထဲ မှာ Vitamin D level လိုအပ် သ လောက် မရှိ နိုင် ဖူး ဆို ရင်ခန္ဓာကိုယ် ကြီး ရဲ့ လိုအပ် သည့် လုပ်ငန်းဆောင် တာ များ လစ်ဟင်းနေ မှာ ဖြစ် ပါ တယ်။
တတ် နိုင် ရင် မိမိ တို့ ၏ သွေး ထဲ မှာ ဘယ် လောက် ရှိ နေ တယ် ဆို တာ သိ သင့် ပါ တယ်။

VitaminD 3 5000IU - 10,000IU သောက် တိုင်း Vitamin K2 ( MK4 and MK7 )နဲ့ တွဲ သောက်သင့် ပါ တယ်။

နောက် ပိုင်း ထွက် လာ သော တွေ့ ရှိ ချက် တွေ အရ K1 က လဲ အာနိသင် တွေ အပြည့် ပဲ ဖြစ် ပါ တယ်။

ဒါ မှ လို အပ် သ လို ဖြည့်ဆည်း ပေး နိုင် မှာ ဖြစ် ပြီး ကျန်းမာရေး ကောင်း လာ နိုင် ကြ မှာ ဖြစ် ပါ တယ်။

Vitamin D deficiency is a world problem

Vitamin D ချို့ တည့် နေ ခြင်း ဟာ ကမ ္ဘာ ၏ ပြဿနာ ဖြစ် ပါ တယ်။


Vitamin D Day ——- November 2, 2017

Vitamin D အကြောင်း သိစရာ အဓိက ၈ ချက် ———

၁. Vitamin D ဟာ နေရောင်ခြည် နှင် ထိ တွေ့ ခြင်း အား ဖြင့် ရ တာ ဖြစ် ပါ တယ်။အစား အသောက် မှ မဟုတ် ပါ။အရေပြား ကို နေ ပူ ခံ သော အခါ မိမိ ခန္ဓာကိုယ် မှ Vitamin D တွေ
အများ ကြီး ထုတ် လုပ် ပါ တယ်။အစား အသောက် မှ ရ နိုင် သည့် ပမာဏ ဟာ နည်း လှ ပါ တယ်။ဆို လို ချင် တာ က တော့ Vitamin D လုံလုံ လောက် လောက် ရ နိုင်
ဖို့ ဟာ နေရောင်ခြည် နဲ့ ခဏခဏ ထိ ရ မှာ ဖြစ် ပြီး ၊ အစား အသောက် မှ လုံလုံ လောက် လောက် မရ နိုင် ပါ။

၂. သိပ္ဗံ ပညာရှင် များ နှင့် ဆရာဝန် များ သဘောတူ သည့် အချက် က တော့ ကမ ္ဘာ ပေါ် ရှိ လူ အား လုံးရဲ့ သုံးပုံ တစ်ပုံ ဟာ Vitamin D ဓာတ် ချို့ တည့် နေ ကြ ပါ တယ်။
အချို့ သိပ္ဗံ ပညာ ရှင် များ က ဆို ရင် ဒီ ထက် တောင် ပို ပြီး များ တယ် လို့ ထင် ပါ တယ်။ ဘာ ကြောင့် လဲ ဆို တော့ အခု ခေတ် မှာ လူ တွေ ဟာ အိမ် ထဲ၊ ရုံးခန်းထဲ မှာ သာ နေ လေ့ ရှိ ကြ သည့် လူ့ အဖွဲ့ အစည်း မျိုး ဖြစ် နေ ကြ လို့ ပါ ပဲ။
လူ တွေ ရဲ့ သမိုင်း မှာ အိမ်ထဲ နေ ကြ တာ ဒီ ခေတ် မှာ အများ ဆုံး ဖြစ် ပါ တယ်။

၃. မကြာခဏ ထိထိ ရောက် ရောက် နေထိ ပေး ခြင်း၊ မရှိ သည် ဖြစ် စေ၊ Vitamin D မ သောက် သည်ဖြစ်စေ၊ သင့် မှာ Vitamin D ဓာတ် နည်း နေ ဖို့ များ ပါ တယ်။

အချို့ လူ များ ၊ မိမိ ၏ ဆရာဝန် က သွေး ဖောက် စစ် ကြည့် အ ခါ ၊ Vitamin D နည်း နေ တာ ကို အံ့သြ စွာတွေ့ ရ ပါ လိမ့် မယ်။အဆီ များ သော ငါး ၊ Vitamin D ဖြည့်စွက် ထား သော နို့ ကို သောက် ခြင်း ဖြင့် လုံလုံ လောက် လောက် Vitamin D level မရှိ နိုင် ပါ။

၄. နေ့လည် မွန်းတည့် ချိန် မှာ၊ အသင့် အတင့် နေပူခံ ခြင်းဖြင့် ရ နိုင်
သည့် နေ ရောင်ခြည်း ဟာ Vitamin Dထုတ် လုပ် ရေး အတွက် အ ကောင်း ဆုံး ဖြစ် ပါ တယ်။နေ ထဲ မှာ ရပ် သည့် အခါ ကိုယ့် ၏ အရိပ် ဟာ ကိုယ့် အရပ် ထက် ပု နေ ရ မှာ ဖြစ် ပါ တယ်။မွန်းတည့် အချိန် ဟာ အကောင်း ဆုံး အချိန် ဖြစ် ပါ တယ်။

၅. Vitamin D ရ ဖို့ အရေး နေ လောင် စရာ မလို ပါ။
နေ မ လောင် စေ ရ ပါ။

၆. ဆောင်းတွင်း ရောက် သည့် အခါ နောက် တစ်ခု လုပ် နိုင် တာ က တော့ Vitamin D supplement သောက် ခြင်းဖြစ် ပါ တယ်။

၇. Vitamin D ဟာ ခန္ဓာကိုယ် အတွက် အရေး ပါ အရာ ရောက် လှ ပါ တယ်။ အရိုး၊ နှလုံး၊ အဆုပ်၊ ဥဏှောက် စ သည် တို့ အပြင် ကင်ဆာ ရောဂါ
မှ ကာ ကွယ် ပေး ခြင်း လဲ ပါ နိုင် ပါ တယ်။

သုတေသန ပညာ ရှင် တွေ အရ ဆို လျှင်-
Autoimmune diseases တွေ၊ Type 1 diabetes ကင်ဆာ ရောဂါ မှ ကာ ကွယ် ပေး ခြင်း အထူး သ ဖြင့် ရင်သား ကင် ဆာ၊ အူမကြီး ကင် ဆာ တို့ ဖြစ် ပါ တယ်။နှလုံး ကြွက် သား များ ကို ပံ့ ပိုး ပေး ခြင်း ၊အား ဖြင့် နှလုံး ဟာ ကျန်း မာ လာ နိုင် ပါ တယ်။

၈. Vitamin D ဓာတ် ဘယ် လောက် အနေ အထား မှာ ရှိ နေ သ လဲ ဆို တာ သွေး ဖောက် စစ် ကြည့် သင့် ပါ တယ်။ဘယ် လောက် ပမာဏ လို သ လဲ ဆို တာ ကို ဆရာဝန် တွေ က သဘောမတူ ကြ သေး သော် လည်း၊
ကမ ္ဘာ ပေါ် မှာ Vitamin D ထိပ်သီး သုတေသန ရှင် ၄၂ ယောက် က
တော့ 40-60 ng/mL,ရှိ သင့် တယ် လို့ ထင် ပါ တယ်။
ကမ ္ဘာ ပေါ် မှာ ဒီ လောက် အနေ အထား ရှိ နေ သူ များ အ လွန် နည်း နေ ပါ သေး တယ်။

VitaminD အ ကြောင်း သိ ကောင်း စရာ ———

Vitamin D လို့ ခေါ် တဲ့ အတွက် ဗီတာမင် အမျိုးအစား လို့ လူ အတော် များ များ က ထင် နေ ကြ ပါ တယ်။

သို့ ပါ သော် လည်း သူ ဟာ ဗီတာမင် မဟုတ် ပါ။

VitaminD system ဟာ steroid hormone system ဖြစ် ပါ တယ်။

VitaminD ဟာ အရေပြား မှ cholesterol ကို အသုံး ပြု ကာထုတ်လုပ် ပေး သော ဓာတ် ဖြစ် ပါ တယ်။

သူ ဟာ VitaminD steroid ဖြစ် ပေါ် လာ ရေးမှာ အရေး ကြီး သော တည်ဆောက် ပစ္စည်း
တစ်ခု ဖြစ် ပါ တယ်။
သိပ္ဗံ ပညာရှင် တွေ က တော့ သူ့ ကို Cholecalciferol လို့ ခေါ် ပါ တယ်။

2. 25 hydroxy vitamin D က တော့ အသည်း မှ ထုတ် လုပ် သော ဓာတ် ဖြစ် ပါ တယ်။
အသည်း ထဲ က နေ တဆင့် သွေး ထဲ ရောက် ပါ တယ်။
Most active vitamin D hormone ရဲ့ တည်ဆောက် ပစ္စည်း တစ် ခု လည်း ဖြစ် ပါ တယ်။
Building block
အချို့ သိပ္ဗံ ပညာရှင် များ က Calcidiol လို့ ခေါ် ပါ တယ်။
သူ ဟာ အားပြော့ တဲ့ steroid hormone ဖြစ် ပါ တယ်။
Weak steroid hormone

3. Activated Vitamin D က တော့ most active VitaminD steroid hormone ဖြစ် ပါ တယ်။
ဒီ ဓာတ် ဟာ ဗီဇ တွေ ကို ပေါ် ထွက် လာ အောင်၊ ငြိမ် နေ အောင် လုပ် ပေး တဲ့ အရေး ကြီး သည့်
သော့ ချက် ဖြစ် ပါ တယ်။ ကျောက်ကပ် မှာ ဖြစ် တာ ဖြစ် ပါ တယ်။
သိပ္ဗံ ပညာရှင် များ က Calcitriol လို့ လဲ ခေါ် ပါ တယ်။

သူ က steroid hormone အာနိသင် ရှိ တာ ကြောင့် နာတာရှည် ရောဂါ သည် များ အကျိုး ခံစား ရ တာ လည်း မဆန်း တော့ ပါ။

သို့ ပါ သော် လည်း အခြား ဥပါဒ် ဖြစ် စေ တတ် တဲ့ steroid hormone တွေ လို ဘေးတွက် ဆိုးကျိုး
မရှိ တာ ကြောင့် ၊ အင်မတန် အကျိုး များ ပါ ပေ တယ်။

Credit - To A Better Health

💌 ငွေစျေးကြောင့် စျေးနှုန်းကို Cb တွင်မေးပေးပါ။

💯%USA import
✅ လက်လီ၊ လက်ကားစျေးမှန်စွာဝယ်ယူနိုင်သည်။✅
✅ စျေးစစ်မှန်မှုအားဗူးပေါ်ရှိ bar code ကို scan ၍စစ်နိုင်သည်။✅
❌ တစ်ခြားနိုင်ငံ import နှင့် အတုမရောင်းပါရှင်။ ❌

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Baho Street
Yangon

Other Shopping & Retail in Yangon (show all)
Phyu Lay Onlineshop Phyu Lay Onlineshop
Yangon

လက်လီလက်ကား အားပေးနိုင်ပါတယ်

U KYAW GYI U KYAW GYI
23/146 Thandar Street
Yangon, 528638

Bram new. You may like this.

Eaint Collection Eaint Collection
No 469 , Yarzadrit Street, 7 Quarter , South Okkalapa
Yangon

Magic Jelly Magic Jelly
Yangon, HELLO

📱09427849878📱

Phue Phue Phue Phue
Yangon

Online Shop

Yone Online Shop Yone Online Shop
Yangon

ပစ္စည်းမှန် ဈေးနှုန်းမှန်ဖြင့် စိတ?

Double H Electric Accessories Double H Electric Accessories
Yangon, 11071

Box Mod, Mech Mod,Pod System,USA E-Juice, Malay E-Juice,Saltnic,Vape Accessories

Golden Pin Branded Collections Golden Pin Branded Collections
Yangon

100% Authentic

SH Bkk Cosmetic Online Shop SH Bkk Cosmetic Online Shop
AungThapyay Road; Thingangyun
Yangon, 11071;11072

Tgirl Tgirl
Tharkayta
Yangon