Myitta Oo Dental Aesthetic & Implant Center

One-Stop Dental Treatment Service

23/01/2024

အံဆုံးသွားပြဿနာဖြစ်ပြီဆိုရင် နေလို့ထိုင်လို့မရလောက်အောင် နာကျင်ကိုက်ခဲတယ်ဆိုတာ ကြုံဖူးသူတိုင်း သိကြပါတယ်💁🏻

🦷 အံဆုံးသွားဆိုတာ အံသွား ၃ ချောင်းရှိတဲ့အနက် နောက်ဆုံးမှပေါက်တဲ့ အံသွားပါ။ အများအားဖြင့် အသက် ၁၇ နှစ်မှ ၂၅ နှစ်အတွင်းပေါက်လေ့ရှိပါတယ်။

✅ အထက်အောက်ဘယ်ညာ အားလုံးပေါင်းရင် အံဆုံး ၄ ချောင်းရှိပါတယ်။ အံဆုံးသွားကို ပညာရှိသွားလို့လည်း ခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အံဆုံးက အသိဉာဏ်ပညာရင့်ကျက်တဲ့ အရွယ်ဖြစ်တဲ့ အသက် ၁၇ မှ ၂၅ နှစ်အတွင်းပေါက်တဲ့ သွား ဖြစ်လို့ပါပဲ။

အံဆုံးပေါက်တာကြောင့် နာနေပြီဆိုရင် နာတဲ့ဘက်ကို သန့်ရှင်းရေးအထူးဂရုစိုက်ပေးပါ ။ နာနေတဲ့နေရာကို အချိန်ကြာကြာဖွဖွလေး သွားတိုက်တံဖြင့် သွားတိုက်တဲ့အခါ နည်းနည်းနာနိုင် သွေးထွက်နိုင်ပေမယ့် ပုံမှန်လက်ဖိအား ဖော့ဖော့လေးနဲ့ပဲ သွားတိုက်ပေးပါ💁🏻

အံဆုံးပြဿနာဖြစ်နေတုန်း နာကျင်မှုသက်သာအောင် ဘယ်လိုဖြေရှင်းရမလဲဆိုရင်တော့....

🦷 ပလုတ်ကျင်းဆေးရည် သို့မဟုတ် ဆားရည်နွေးဖြင့် အစားစားပြီးတိုင်း ပလုတ်ကျင်းပေးပါ ။

🦷 ရေခဲကပ်ပေးပါ။

🦷 ဆရာဝန်ညွှန်ကြားချက်အတိုင်း အကိုက်အခဲပျောက်ဆေး သောက်ပေးပါ။

🍀 အထိရောက်ဆုံးနဲ့ဘေးအကင်းဆုံး နည်းလမ်းကတော့ ကျွမ်းကျင်သွားဆရာဝန်ကြီးတွေဆီမှာ ကုသမှုခံယူသင့်ပါတယ်ရှင်။

အံဆုံးပေါက်တာက လူတိုင်းဖြစ်လေ့ရှိကြသလို ဂရုမစိုက်ဘဲ နေမိရင်လည်း ခံတွင်းကိုထိခိုက်စေတာကြောင့် ဆေးမြီတိုတွေနဲ့ အလွယ်တကူ မကုသဖို့ အကြံပြုလိုက်ရင်းနဲ့

အံဆုံးပြဿနာတင်မက သွားနှင့်ခံတွင်းပြဿနာတိုင်းအတွက် အကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုအပ်ပြီဆိုရင် ကျွမ်းကျင်သွားနှင့်ခံတွင်း ပါမောက္ခကြီးတွေ ထိုင်တဲ့ Myitta Oo ဆေးခန်းကိုလှမ်းလာဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် 🤗🙏🏻


#အံဆုံးပြဿနာ
#အံဆုံးပေါက်ခြင်း

16/01/2024

အသက်အရွယ်ကြီးလာတာနဲ့အမျှ အကြောင်းအမျိုးမျိုးကြောင့် သွားတွေဝါလာတတ်ပါတယ် 😥

တချို့ကတော့ မျိုးရိုးအရ သွားဝါကြပေမယ့် တချို့ကတော့ Reason လေးတွေ ရှိနေတတ်တယ်။

ဘယ်လို Reason ကြောင့် သွားဝါတာလဲဆိုတာ မိတ်ဆွေတို့ထင်မိတာလေးတွေ Comment မှာ ရွေးပေးခဲ့ပါဦး 😍



#သွားဝါခြင်း

11/01/2024

ယနေ့ကျရောက်သည့် ကရင်နှစ်သစ်ကူး‌နေ့တွင် ပျော်ရွှင်ဖွယ်ကောင်းသော နှစ်သစ်ကူး‌လေး ဖြစ်ပါစေလို့ “Myitta Oo Dental Aesthetic & Implant Center " မှ တောင်းဆုပြုလိုက်ရပါတယ်🎉





#သွားနှင့်ခံတွင်း

09/01/2024

🦷 သတ္တိရှိရှိပြုံးပြလိုက်ပါ..🤍

🦷 အပြုံးတစ်ခုဟာ အရာရာကိုပြောင်းလဲပေးနိုင်ပါတယ်။✨

🦷 ဘဝမှာ ပြုံးထားနိုင်တဲ့သူဟာ အောင်နိုင်သူပါ။

🦷 ဒါကြောင့် ဘဝလှဖို့ဆို အပြုံးနဲ့အလှဆင်တတ်ဖို့ လိုပါတယ်။🌿

🦷 သူတစ်ပါးရဲ့ရင်ကိုလှုပ်ခတ်စေမယ့်အပြုံး ၊ ကိုယ့်ဘဝရဲ့တစ်နေ့တာကို ပိုပြီး အသက်ဝင်စေမယ့်အပြုံး ဖြစ်ဖို့ဆိုရင် ပုလဲလုံးလိုဖြူဖွေးပြီး ညီညာလှပတဲ့ ရှေ့သွားလေးတွေရှိမှ ပြီးပြည့်စုံစေမှာဖြစ်ပါတယ် ။✅

🦷ဒါပေမယ့် မိမိရဲ့ ရှေ့သွားလေးတွေက ဝါနေတာ ၊မညီညာဖြစ်နေတာ၊ ပိုးစားထားလို့ ကျိုးပဲ့နေတာ အစရှိတဲ့ ရှေ့သွားပြဿနာတွေရှိနေတယ်ဆိုရင် ပြုံးပြဖို့အတွက်ယုံကြည်မှုကင်းမဲ့ပြီး ပေါ်ပေါ်ထင်ထင်ပြုံးပြနိုင်ဖို့ ခက်ခဲစေမှာ အမှန်ပါပဲနော်။😔

🦷ဒီလိုမျိုး မိမိရဲ့စစ်မှန်တဲ့ အလှတရားကို ဖုံးကွယ်နေတဲ့ ရှေ့သွားပြဿနာတွေကို အမြန်ဆုံးဖယ်ရှားပြီး ညီညာလှပတဲ့ ရှေ့သွားများဖြင့် သတ္တိရှိရှိပြုံးနိုင်ဖို့အတွက်ဆို Myitta Oo သွားနှင့်ခံတွင်းဆေးခန်းကိုသာ အရောက်လှမ်းလာခဲ့လိုက်ပါရှင်။👩‍⚕👨‍⚕

🦷Myitta Oo မှာဆိုရင် ဂျာမဏီနိုင်ငံထုတ်အဆင့်မြင့်စက်ကိရိယာများ၊နောက်ဆုံးပေါ်ကုသနည်းများဖြင့် ကျွမ်းကျင်သော သွားဆရာဝန်ကြီးများကိုယ်တိုင်ကုသမှုပေးလျက်ရှိတာကြောင့် သတ္တိရှိရှိ မပြုံးပြနိုင်ခဲ့တဲ့နေ့တွေ ကုန်ဆုံးပြီး နေ့ရက်တိုင်းမှာ လှပသော အပြုံးသစ်များ ဝေဆာနိုင်တော့မှာဖြစ်ပါတယ်ရှင်။🥰

🦷ဒါကြောင့် ကျန်းမာကြံ့ခိုင်ပြီး ဖြူဖွေး ညီညာတဲ့သွားများဖြင့် သတ္တိရှိရှိ အလှဆုံးပြုံးနိုင်ဖို့အတွက် ကုသမှုနှင့် ဝန်ဆောင်မှုမှာ အရည်အသွေးအပြည့်အဝ စိတ်ချရတဲ့ Myitta Oo သွားနှင့်ခံတွင်းဆေးခန်းမှာ ကုသမှုခံယူကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။📣
_______________________________
သင့်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် မေတ္တာဦး
MYITTA OO Dental Aesthetic & Implant Center🥰

💢ဆေးခန်းပြဖို့ ကြိုတင်ရက်ချိန်းရယူရန် လိုအပ်ပါသည်ရှင်။💢

🗓️ ကြိုတင်ရက်ချိန်းရယူဖို့အတွက်နှင့် အသေးစိတ် သိရှိနိုင်စေရန်အတွက် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်ရှင်။

☎️ - 09 259 875 008, 09 259 875 009

📮အမှတ် (၂၄)၊ ဓမ္မဒါနလမ်း၊ မလွှကုန်းဌေးကြွယ် စံပြရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။





#သွားနှင့်ခံတွင်း

04/01/2024

“ယနေ့ကျရောက်သည့် ၇၆ နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။”






#သွားနှင့်ခံတွင်း

03/01/2024

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ (ကြာသပတေးနေ့)သည် "၇၆နှစ်မြောက် လွတ်လပ်ရေးနေ့ " ဖြစ်ပါသဖြင့် Myitta Oo Dental Aesthetic & Implact Center အား တစ်ရက်ပိတ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။





#သွားနှင့်ခံတွင်း

31/12/2023

🎉နှစ်သစ်ကူးအချိန်အခါ သမယကို ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း “Myitta Oo Dental Aesthetic & Implant Center" မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်။🎉🎉






#သွားနှင့်ခံတွင်း

25/12/2023

🎄ယခုလို ခရစ္စမတ် အချိန်ကာလလေးမှာ မိဘပြည်သူအပေါင်း ဘေးကင်းကျန်းမာခြင်းများနဲ့ အတူ ပျော်ရွှင်စရာ ခရစ္စမတ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Myitta Oo မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်။💌





#သွားနှင့်ခံတွင်း

15/12/2023

🦷Braces(သွားထိန်းကိရိယာ) တပ်ဖို့နောက်ကျသွားနိုင်တာမျိုးရှိလား။ ❓

🦷သွားမညီညာခြင်း၊ သွားကျဲခြင်း၊ သွားထပ်ခြင်း၊ အစရှိတဲ့ သွားပြဿနာတွေရှိတဲ့အခါ မိမိရဲ့လှပတဲ့အပြုံးကို မပေါ်လွင်စေလို့ ရုပ်ရည်ပေါ်မှာ ယုံကြည်မှုမရှိခြင်း တွေ ဖြစ်လာရပါတယ်။ 😓

🦷ဒီလိုမျိုး သွားပြဿနာတွေကိုဖြေရှင်းဖို့ဆိုရင် Braces (သွားထိန်းကိရိယာ) တပ်ခြင်းဖြင့်
ကြံ့ခိုင်သောသွားများနှင့် ညီညာလှပတဲ့ အပြုံးကို ပိုင်ဆိုင်စေနိုင်ပါတယ်နော်။💁

🦷Braces (သွားထိန်းကိရိယာ) တပ်မယ်ဆိုရင် အသက်ငယ်တုန်းတပ်တာက ပိုကောင်းတယ်လို့ အများက ညွှန်ကြားကြတာကြောင့် မိမိအနေနဲ့ သက်ကြီးပြီမလို့ Braces (သွားထိန်းကိရိယာ)
တပ်ဖို့နောက်ကျသွားပြီလားလို့ တွေးပူမိကြတာမျိုးရှိကြမှာပါ။

🦷 အမှန်တကယ်တော့ Braces (သွားထိန်းကိရိယာ) တပ်ဖို့ဆိုရင် နောက်ကျသွားတယ်ဆိုတာမျိုးမရှိပါဘူး။ ဒါပေမယ့် အသက် ငယ်တုန်း မှာ တပ်မယ်ဆိုရင်
ပိုပြီးကောင်းတာကတော့အမှန်ပဲဖြစ်ပါတယ်။✅

🦷ဒါကြောင့် မိမိအနေနဲ့အသက်ကြီးပြီမို့ Braces (သွားထိန်းကိရိယာ ) တပ်ရမှာ ကြောက်တာမျိုး၊ စိတ်ပူတာမျိုးဖြစ်နေရင် Myitta Oo ရဲ့ ကျွမ်းကျင်သော သွားဆရာဝန်ကြီးများ နှင့်တွေ့ဆုံ ဆွေးနွေးပြီး ကုသမှု ရယူနိုင်ပါတယ်။ 👨‍⚕👩‍⚕

🦷 Myitta Oo မှာ ဂျာမဏီနိုင်ငံသုံး အဆင့်မြင့် စက်ကိရိယာများအသုံးပြု၍ နောက်ဆုံးပေါ်
ကုသနည်းများဖြင့် ကုသမှုပေးလျက်ရှိတာကြောင့် သွားနှင့်ခံတွင်းကုသမှုများကို ယုံကြည်စိတ်ချစွာ ကုသမှုခံယူလိုပါက Myitta Oo သို့ လှမ်းလာခဲ့ဖို့
ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 📣
_______________________________
သင့်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် မေတ္တာဦး

MYITTA OO Dental Aesthetic & Implant Center🥰

💢ဆေးခန်းပြဖို့ ကြိုတင်ရက်ချိန်းရယူရန် လိုအပ်ပါသည်ရှင်။💢

🗓️ ကြိုတင်ရက်ချိန်းရယူဖို့အတွက်နှင့် အသေးစိတ် သိရှိနိုင်စေရန်အတွက် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်ရှင်။

☎️ - 09 259 875 008, 09 259 875 009

📮အမှတ် (၂၄)၊ ဓမ္မဒါနလမ်း၊ မလွှကုန်းဌေးကြွယ် စံပြရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။





#သွားနှင့်ခံတွင်း

11/12/2023

🦷သွားနုတ်ပြီးနောက် ဆောင်ရန်၊ ရှောင်ရန်များ။📌

🦷သွားကိုက်ဝေဒနာ ခံစားနေရတာကြောင့် သွားနုတ်လိုက်ရင် ချက်ချင်း ခံစားရတာပျောက်သွားမှာပဲလို့ ထင်နေရင်တော့ မှားပါလိမ့်မယ်နော်။❌

🦷ဘာကြောင့်လဲဆိုတော့ သွားကိုက်ဝေဒနာကြောင့် သွားနုတ်ပြီးတဲ့အခါမှာ နုတ်ရတဲ့ သွားအခြေအနေပေါ်မူတည်ပြီး နောက်ဆက်တွဲ ကိုက်ခဲမှုဒဏ်တွေကို ခံစားရသေးတာကြောင့်ပါ။😓

🦷ဒါကြောင့် သွားနုတ်ပြီးနောက် ကိုက်ခဲမှုဒဏ်ကို မပြင်းထန်စေဖို့အတွက် အထူးဂရုစိုက်ဖို့လိုအပ်တဲ့အချက်လေးတွေကို Myitta Oo ကနေမျှဝေပေးလိုက်ပါတယ်နော်။ 💁

🦷သွားနုတ် ပြီးနောက် ရှောင်ကြဥ်ရမည့်အရာတွေကတော့ -

☑️သွားနုတ်ပြီးတဲ့အခါ (၂၄) နာရီအတွင်း သွားတိုက်ခြင်း၊ ပလုတ်ကျင်းခြင်း၊ တံတွေးထွေးခြင်း တိုကိုရှောင်ကြဥ်ဖို့လိုအပ်ပါတယ်။

☑️ သွားကြားညှပ်လွယ်ပြီး မာကြောတဲ့အစားအစာများ၊ ပူလွန်း အေးလွန်းသောအစားအစားများကို ရှောင်ကြည်ရပါမယ်။

☑️ဆေးလိပ်သောက်ခြင်း၊ ရေကိုစုပ်သောက်ခြင်း တို့ကိုလည်းရှောင်ကြဥ်ဖို့လိုအပ်ပါတယ်။

🦷သွားနုတ်ပြီးနောက်မဖြစ်မနေလုပ်ဆောင်ရမည့်အချက်တွေကတော့ -

☑️ ရောင်ရမ်းတာ လျော့ကျစေဖို့ သွားနုတ်ထားတဲ့ဘက်ရှိ ပါးပြင်ပေါ်၌ ရေခဲကပ်ပေးဖို့လိုအပ်ပါတယ်။

☑️ (၂)ရက်၊ (၃)ရက်ခန့် ပျော့သော အစားအစာ
ကို သာ စားသုံးပေး ရပါမယ်။

☑️ သွားဆရာဝန် ကိုယ်တိုင် ညွှန်ကြားပေးသော ဆေးများကို ကုန်တဲ့ထိ သောက်ပေးဖို့လိုအပ်ပါတယ်။

☑️ စိတ်ချရဖို့အတွက် သွားဆေးခန်းသို့ ရက်ချိန်းများတွင် ပြန်လည် ပြသပေးဖို့လိုအပ်ပါတယ်။

🦷အထက်မှာဖော်ပြခဲ့တဲ့ ဆောင်ရန်၊ ရှောင်ရန်များအပြင် မိမိအနေနဲ့ သွားနုတ်တဲ့အခါမှာ မှားယွင်းမှုမရှိဘဲ ဝေဒနာ ပြင်းထန်မှုလည်းလျော့နည်းစေဖို့ဆိုရင် ကျွမ်းကျင်တဲ့ သွားဆရာဝန်ကြီးများကိုယ်တိုင်ကုသပေးတာကို ခံယူပြီး ညွှန်ကြားချက်များလိုက်နာဖို့ အရေးကြီးပါတယ်နော် ။ 🩺

🦷ဒါကြောင့် လူကြီးမင်းတို့ရဲ့ သွားနှင့် ခံတွင်းရောဂါများအတွက် အကောင်းဆုံးကုသမှုခံယူလိုပါက ဂျာမဏီနိုင်ငံသုံး အဆင့်မြင့် စက်ကိရိယာများအသုံးပြု၍ ကျွမ်းကျင်သောသွားဆရာဝန်ကြီးများ ကိုယ်တိုင်နောက်ဆုံးပေါ်ကုသနည်းများဖြင့် အထူးဂရုစိုက် ကုသမှုပေးလျက်ရှိသော Myitta Oo သို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 👨‍⚕👩‍⚕
_______________________________
သင့်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် မေတ္တာဦး

MYITTA OO Dental Aesthetic & Implant Center🥰

💢ဆေးခန်းပြဖို့ ကြိုတင်ရက်ချိန်းရယူရန် လိုအပ်ပါသည်ရှင်။💢

🗓️ ကြိုတင်ရက်ချိန်းရယူဖို့အတွက်နှင့် အသေးစိတ် သိရှိနိုင်စေရန်အတွက် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်ရှင်။

☎️ - 09 259 875 008, 09 259 875 009

📮အမှတ် (၂၄)၊ ဓမ္မဒါနလမ်း၊ မလွှကုန်းဌေးကြွယ် စံပြရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။





#သွားနှင့်ခံတွင်း

04/12/2023

🦷ဖာထေးသင့်တဲ့သွားတွေကို လျစ်လျူရှုထားမိတဲ့အခါ ဘယ်လိုမျိုးသွားပြဿနာတွေရှိလာနိုင်လဲ။❓

🦷သွားပိုးပေါက်လေးတွေဆိုတာ လူတိုင်းနီးပါးမှာရှိပါတယ်။ ငယ်သွားတွေလဲပြီးတဲ့နောက်မှာလည်း သွားနှင့်ခံတွင်းသန့်ရှင်းရေး အားနည်းတဲ့အခါ သွားပိုးပေါက်တွေ ဖြစ်လာနိုင်ပါတယ်။

🦷 ဒီလိုသွားပိုးပေါက်တွေဖြစ်လာတဲ့အခါ လူ (၁၀၀) မှာ (၁၀)ယောက်လောက်ကသာ သွားဆေးခန်းကိုသွားပြီး ဖာထေးတာမျိုးပြုလုပ်ကြလေ့ရှိပြီး အများစုကတော့ သွားပိုးပေါက်တွေက ဘာမှမဖြစ်နိုင်ဘူးလို့ အသိမှားနေကြပါတယ်။

🦷 အမှန်တကယ်တော့ သွားပိုးပေါက်တွေကို အချိန်မှီဖာထေးမှုမပြုလုပ်ဘူးဆိုရင် -

👉သွားပိုးစားပေါက် ပိုပြီးကြီးလာနိုင်ပါတယ်။
သွားပိုးစားပေါက်ပိုကြီးလာတဲ့အခါ သွားကိုက်ဝေဒနာကိုခံစားရမယ့်အပြင် အစာတွေ ကြားညှပ်ဖို့ ပိုလွယ်ကူသွားတာကြောင့် သွားကိုအခေါင်းပေါက်သဖွယ်​ ဖြစ်စေပြီး ပိုပျက်စီးစေပါတယ်။ 😓

👉သွားတစ်ခုလုံးသွားပိုးစားတဲ့အချိန်ထိ ဖာထေးမှုမျိုးမပြုလုပ်ဘူးဆိုရင် သွားအမြစ်ကြောနုတ်ခြင်းကို ပြုလုပ်ရမှာဖြစ်ပြီး ကုန်ကျစရိတ်ပိုများစေမှာပါ။ ‼️

👉 တစ်ခါတစ်ရံမှာ ပိုးစားပေါက်ရှိနေတဲ့သွားက သွားအမြစ်ကြောနုတ်ဖို့အတွက် မကယ်နိုင်တော့တဲ့ အခြေအနေအထိ ဖြစ်သွားပြီဆိုရင် သွားကိုနုတ်လိုက်ရပြီး သွားတစ်ခုလုံးဆုံးရှုံးရစေနိုင်ပါတယ်။ 😢

🦷ဒါကြောင့် သွားပိုးပေါက်တွေရှိနေရင် မပေါ့ဆဘဲ အချိန်မှီဖာထေးထားမှ နောက်ထပ်ပိုဆိုးတဲ့ အခြေအနေ မဖြစ်လာဖို့ကာကွယ်နိုင်မှာဖြစ်ပါတယ်။ 💁

🦷ဖာထေးဖို့လိုအပ်နေတဲ့ သွားပိုးပေါက်တွေကို Myitta Oo မှာ သွားဖာခြင်း (Dental Restoration) ကုသမှုကိုရယူပြီး အချိန်တိုအတွင်း ကျန်းမာ ကြံ့ခိုင်သော သွားကိုပြန်လည်ရရှိနိုင်ပါပြီရှင်။ 👨‍⚕👩‍⚕

🦷 Myitta Oo မှာ ဂျာမနီနိုင်ငံသုံး အဆင့်မြင့် စက်ကိရိယာများအသုံးပြု၍ ကျွမ်းကျင်သောသွားဆရာဝန်ကြီးများ ကိုယ်တိုင် နောက်ဆုံးပေါ်ကုသနည်းများဖြင့် သွားနှင့်ခံတွင်းကျန်းမာရေးကို အထူးဂရုစိုက်မှုပေးလျက်ရှိတာကြောင့် သွားနှင့်ခံတွင်းကုသမှုအတွက်ဆို Myitta Oo သို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ ✨
_______________________________
သင့်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် မေတ္တာဦး

MYITTA OO Dental Aesthetic & Implant Center🥰

💢ဆေးခန်းပြဖို့ ကြိုတင်ရက်ချိန်းရယူရန် လိုအပ်ပါသည်ရှင်။💢

🗓️ ကြိုတင်ရက်ချိန်းရယူဖို့အတွက်နှင့် အသေးစိတ် သိရှိနိုင်စေရန်အတွက် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်ရှင်။

☎️ - 09 259 875 008, 09 259 875 009

📮အမှတ် (၂၄)၊ ဓမ္မဒါနလမ်း၊ မလွှကုန်းဌေးကြွယ် စံပြရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။





#သွားနှင့်ခံတွင်း

30/11/2023

🦷ကလေးတွေကို ဘာကြောင့်သွားဆေးခန်းပုံမှန်ပြပေးသင့်တာလဲ။❓

🦷 မိဘတွေအနေနဲ့ မိမိကလေးကို ကျန်းမာစွာကြီးပြင်းစေချင်ရင် ကလေးတို့ရဲ့ သွားကျန်းမာရေးကို လျစ်လျူရှုထားလို့မရပါဘူး။ ❌

🦷ကလေးတွေမှာ သွားပိုးစားတာ၊ သွားကျိုးတာ တွေက ပုံမှန်ကြုံရတာမှန်သော်လည်း ဒါကို ပုံမှန်ပါပဲဆိုပြီးကလေးရဲ့သွားတွေကိုသွားဆေးခန်းမှာ သွားဆရာဝန်ဖြင့် သေချာ စစ်ဆေးကုသခြင်း မပြုလုပ်တာက မှန်ကန်တဲ့ အရာမဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။📌

🦷သွားပိုးစားလို့ သွားကိုက်ခြင်း၊ သွားဖုံရောင်ခြင်းဝေဒနာတွေက လူကြီးတွေတောင် နာကျင်စွာခံစားရတဲ့ ဝေဒနာတွေဖြစ်လို့ မိမိရဲ့ ကလေးတွေမှာ ဒီလိုလသွားနှင့်ခံတွင်းဝေဒနာ မခံစားရအောင် ငယ်ငယ်တည်းက သွားဆေးခန်းပုံမှန်ပြကာ ကြိုတင်ကာကွယ်ပေးထားသင့်ပါတယ်။👨‍⚕👩‍⚕

🦷ကလေးငယ်တွေကို သွားဆေးခန်း ပုံမှန်ပြပေးခြင်းဖြင့် သွားပိုးပေါက်ဖြစ်ခြင်းနှင့် သွားယိုယွင်းပျက်စီးခြင်းကို ကာကွယ်နိုင်သလို အသက် ကြီးလာတဲ့အခါမှာလည်းညီညာလှပပြီး ကျန်းမာကြံခိုင်တဲ့ သွားများကိုပိုင်ဆိုင်စေမှာပါ။✅

🦷မိမိကလေးငယ်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် သေချာဂရုစိုက်ကုသပေးမယ့် သွားဆေးခန်းမှာပြသလိုပါက ကျွမ်းကျင်သောသွားဆရာဝန်ကြီးများကိုယ်တိုင် အဆင့်မြင့်စက်ကိရိယာများဖြင့် ကုသမှုပေးနေတဲ့ Myitta Oo သွားနှင့်ခံတွင်းဆေးခန်းကိုသာ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။🥰

_______________________________
သင့်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် မေတ္တာဦး

MYITTA OO Dental Aesthetic & Implant Center🥰

💢ဆေးခန်းပြဖို့ ကြိုတင်ရက်ချိန်းရယူရန် လိုအပ်ပါသည်ရှင်။💢

🗓️ ကြိုတင်ရက်ချိန်းရယူဖို့အတွက်နှင့် အသေးစိတ် သိရှိနိုင်စေရန်အတွက် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်ရှင်။

☎️ - 09 259 875 008, 09 259 875 009

📮အမှတ် (၂၄)၊ ဓမ္မဒါနလမ်း၊ မလွှကုန်းဌေးကြွယ် စံပြရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။





#သွားနှင့်ခံတွင်း

27/11/2023

🪔မင်္ဂလာရှိသောတန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့) လေးဖြစ်ပါစေရှင်။🙏🏻

🙏🏻တန်ဆောင်မုန်းလပြည့် အခါသမယလေးမှာ “ Myitta Oo Dental Aesthetic & Implant Center “ရဲ့မိတ်ဟောင်းမိတ်သစ်များ၊ဆရာဝန်ကြီးများ၊ရုံးဝန်ထမ်းများအားလုံး ကျန်းမာ၊ချမ်းသာ စိတ်ရွှင်လန်းကာ ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း “ Myitta Oo Dental Aesthetic & Implant Center “မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်🙇🏼‍♀️🙇🏼



#တန်ဆောင်တိုင်wish

25/11/2023

🦷သွားတွေက ပေါက်ပေါက်ဆုပ်လိုဖြစ်နေပြီလား❔

🔹သွားပိုးစားခြင်း၊

🔹သွားကြိတ်တတ်တဲ့အကျင့်ရှိခြင်း၊

🔹သွားပဲ့ခြင်းတို့ကြောင့်
နဂိုရှိရမယ့်သွားတစ်ချောင်းရဲ့ပုံစံကနေ
သွားရဲ့အလျားလိုက်မျက်နှာပြင်က V ပုံသဏ္ဍာန်ချိုင့်ဝင်သွားတဲ့အခါ ပေါက်ပေါက်ဆုပ်လိုဖြစ်သွားကြပါတယ်။

🦷ဒီလိုအခြေအနေရှိကြတဲ့သူတွေမှာဆိုရင်
သွားအလှပျက်ရသလို၊ ရေခဲမုန့်၊ကောဖီလို ပူလွန်း၊အေးလွန်းတဲ့အစားအသောက်တွေကို စားတဲ့အခါ အလွန်အမင်းသွားကျဥ်ခြင်းဝေဒနာကို ခံစားရပါတယ်။😖

🦷သွားကျဥ်နေပြီဆိုရင် သွားကိုက်ခြင်း ၊ဝေဒနာခံစားရခြင်းအဆင့်မရောက်မှီ အချိန်မှီကုသပေးဖို့လိုပါလိမ့်မယ်။မဟုတ်ရင်
ကုသမှုပထမအဆင့်ဖြစ်တဲ့ သွားဖာခြင်းနဲ့တင်မကဘဲသွားအကြောထုတ်ကုသရခြင်းအဆင့်အထိပါရောက်နိုင်တာကြောင့်ပါ။‼️

🦷Myitta Oo မှာသွားနဲ့ပက်သက်တဲ့ရောဂါ
မှန်သမျှအတွက်ကျွမ်းကျင်တဲ့သွားဖက်ဆိုင်ရာ
အထူးကုဆရာဝန်များကိုယ်တိုင် အရည်အသွေးမြင့်စက်ကရိယာများကို
အသုံးပြုပြီးသွားပြဿနာများကို
အဖြေရှာပေးတဲ့အပြင်
သင့်ရဲ့သွားရောဂါနဲ့စပ်လျဥ်းပြီးအထိရောက်ဆုံးကုထုံးများဖြင့်ကုသပေးလျက်ရှိနေပါတယ်။👩🏻‍⚕️👨🏼‍⚕️

🦷ဒါကြောင့်သင့်ရဲ့သွားနှင့်ခံတွင်းကျန်းမာရေးအတွက်သွားဆေးခန်းရွေးချယ်မှုမှန်ကန်ချင်တယ်
ဆိုရင်ကောင်းမွန်တဲ့ဝန်ဆောင်မှုစနစ်နဲ့ပိတ်ရက်
မရှိဖွင့်လှစ်ထားတဲ့ Myitta Ooသွားနှင့်ခံတွင်းဆေးခန်းကိုသာ အရောက်လာခဲ့ပါ။📌

_______________________________
သင့်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် မေတ္တာဦး

MYITTA OO Dental Aesthetic & Implant Center🥰

💢ဆေးခန်းပြဖို့ ကြိုတင်ရက်ချိန်းရယူရန် လိုအပ်ပါသည်ရှင်။💢

🗓️ ကြိုတင်ရက်ချိန်းရယူဖို့အတွက်နှင့် အသေးစိတ် သိရှိနိုင်စေရန်အတွက် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်ရှင်။

☎️ - 09 259 875 008, 09 259 875 009

📮အမှတ် (၂၄)၊ ဓမ္မဒါနလမ်း၊ မလွှကုန်းဌေးကြွယ် စံပြရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။





#သွားနှင့်ခံတွင်း

15/11/2023

မေတ္တာဦး သီတင်းကျွတ်လက်ဆောင် ဖုန်းဘေလ်ကံထူးသူများကို ကြေငြာပေးတာဖြစ်ပါတယ်ရှင်။💚

နောက်ထပ်လည်း Give away အစီအစဉ်လေးတွေ ထပ်ရှိသေးလို့ Page ကိုLike and Follow လုပ်ပြီးပါဝင်ပေးကြပါဦးရှင့်။🥰

ကံထူးသူများတွေ Page Chat Box လေးမှာလာပြီး ထုတ်ယူပေးပါနော်။🙆




#သွားနှင့်ခံတွင်း

11/11/2023

🦷သင့်သွားတွေက သင့်ရဲ့တတိယမျက်နှာပါ။✨

🦷အပြုံးတိုင်းက လှပကြသော်လည်း ဖြူဖွေးတောက်ပပြီးညီညာတဲ့ သွားလေးတွေနဲ့ ပြုံးတဲ့အပြုံးကိုတော့ လူတိုင်းက သဘောအကျဆုံးဖြစ်မယ်ထင်ပါတယ်နော်။🥰

🦷အပြုံးတစ်ခုက လူတစ်ယောက် သင့်ကိုမြင်တဲ့အခါ မျိုးစုံသော ခံစားချက်ကိုပေးနိုင်ပြီး
သင့်ရဲ့ ရုပ်ရည်အသွင်အပြင်နဲ့ အလှအပကို ပေါ်လွင်စေတာ အမှန်ပါ။

🦷ဒါကြောင့်မို့လည်း ဆံပင်ဆိုတာ ဒုတိယမျက်နှာဖြစ်သလို သွားတွေကလည်း လူတိုင်းအတွက်တတိယမျက်နှာလို့ပြောလို့
ရပါတယ်။💁

🦷ဒီလိုတတိယမျက်နှာကို လှလှပပ မပေါ်လွှင်စေတဲ့ သွားထပ်ခြင်း၊ သွားမညီခြင်း၊ သွားခေါခြင်း စတာတွေကြောင့် အစားစားတဲ့အခါမှာ အဆင်မပြေခြင်း၊ စကားပြောဆိုတဲ့နေရာမှာ မပီသခြင်း အပြင် ပြုံးရယ်တဲ့အခါမှာဆိုလည်း မိမိရုပ်ရည်အပေါ် ယုံကြည်မှုကင်းမဲ့ခြင်း တွေ ခံစားနေရတယ်
ဆိုရင်တော့ ...😢

🦷ကျွမ်းကျင်သော သွား ဆရာဝန်ကြီးများကိုယ်တိုင် ကုသပေးမည့် Myitta Oo ရဲ့ သွားများကိုညီညာစေရန် သွားညှိကုသခြင်း (Orthodontics)(Braces) ကုသမှုကို ခံယူလိုက်ပါနော်။✅

🦷Myitta Oo သွားညှိကုသမှုကို အရစ်ကျစနစ်ဖြင့် ကုသမှုခံယူနိုင်တဲ့အပြင် ခေတ်မှီစက်ကိရိယာများ၊ ခေတ်မှီကုသနည်းများဖြင့် ကုသပေးလျက်ရှိတာကြောင့် စရိတ်စကသက်သာစွာဖြင့်ညီညာလှပတဲ့သွားတွေကို ပိုင်ဆိုင်ရစေမှာပါရှင်။😍

🦷ဒါကြောင့် သွားညှိချင်တဲ့အိမ်မက်တွေ အမှန်ဖြစ်လာဖို့ အရစ်ကျစနစ်ဖြင့် သွားညှိနိုင်ပြီး အကောင်းဆုံးကုသမှုများပေးနေတဲ့ Myitta Oo သို့ အရောက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။
_______________________________

သင့်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် မေတ္တာဦး

MYITTA OO Dental Aesthetic & Implant Center🥰

💢ဆေးခန်းပြဖို့ ကြိုတင်ရက်ချိန်းရယူရန် လိုအပ်ပါသည်ရှင်။💢

🗓️ ကြိုတင်ရက်ချိန်းရယူဖို့အတွက်နှင့် အသေးစိတ် သိရှိနိုင်စေရန်အတွက် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်ရှင်။

☎️ - 09 259 875 008, 09 259 875 009

📮အမှတ် (၂၄)၊ ဓမ္မဒါနလမ်း၊ မလွှကုန်းဌေးကြွယ် စံပြရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။





#သွားနှင့်ခံတွင်း

30/10/2023

🦷ခံစားရခက်တဲ့ သွားကျဥ်ခြင်း ဝေဒနာ သင့်မှာရှိနေပြီလား။❓

🦷လူ (၁၀)ယောက်မှာ (၈) ယောက်ကတော့ သွားကျဥ်ခြင်း ဝေဒနာ ခံစားဖူးကြမှာပါ။

🦷သွားကျဉ်ရတာက အပေါ်ယံကြွေလွှာတွေပွန်းပဲ့လာပြီး
အောက်ကဆင်စွယ်နှစ်လွှာပေါ်လာတဲ့အခါ
အပူအအေးလွန်ကဲသည့် အစားအစာများကိုစားသုံးချိန်မှာ ဆင်စွယ်နှစ်လွှာကဆစ်ဆင့် အတွင်း မွှသားလွှာမှာအာရုံခံစားမှုဖြစ်ပေါ်စေတာကြောင့် သွားကျဉ်ခြင်းကိုခံစားရတာပဲဖြစ်ပါတယ်။

🦷သွားကျဥ်ခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့
အပေါ်ယံ ကြွေသွားလွှာကို ပြုန်းတီး ပျက်စီးစေပြီး ဆင်စွယ် နှစ်လွှာကိုပေါ်လာစေနိုင်သော
စားသောက်နေထိုင်မှုများ​ဖြစ်တဲ့

🔹အက်စစ်ဓာတ်များသော အချဉ်တွေအလွန်အကျွန်စားသုံးခြင်း၊

🔹အချိုအစားများပြီး သွားပိုးစားခြင်း

🔹သွားနဲ့ပစ္စည်းများကိုကိုက်ဖွင့်ခြင်း အစရှိတဲ့ စားသောက်နေထိုင်မှုတွေကြောင့်ပဲဖြစ်ပါတယ်။

🦷သွားကျဥ်တဲ့အခါ ခံစားရတဲ့
စူးရှတဲ့ ခေတ္တနာကျင်ခြင်းက အချိန်ကြာကြာမဖြစ်သော်လည်း ခံစားရတဲ့အချိန်မှာ နာကျင်ပြီး အစားအသောက်များကောင်းမွန်စွာမစားနိုင်လို့ စိတ်သောကရောက်စေတာအမှန်ပါ။😓

🦷သွားကျဥ်ခြင်းကို ပိုပြီးဆိုးစေမယ့် အကျင့်တွေကတော့

◾️သွားကို ခပ်ကြမ်းကြမ်း ဖိတိုက်ခြင်း၊

◾အံကြိတ်တတ်သော အကျင့်ရှိခြင်း၊

◾️သွားဆရာဝန်ညွှန်ကြားထားမှုမရှိတဲ့ သွားဖြူစေသည့် သွားတိုက်ဆေးများ အသုံးပြုခြင်း၊

◾️ခံတွင်းသန့်ဆေးရည်ကိုလိုတာထက်ပိုပြီးအသုံးပြုတတ်ခြင်း၊

◾️အရည်အသွေးကောင်းတဲ့ သွားတိုက်တံကိုအသုံးမပြုခြင်း၊

◾️သွားနှင့်ခံတွင်းသန့်ရှင်းမှုမှာ အားနည်းခြင်း၊

အစရှိတဲ့အကျင့်တွေကြောင့် သွားကျဥ်ခြင်းဝေဒနာကိုပိုမိုဆိုးရွားစေနိုင်လို့ အကယ်၍ မိမိအနေနဲ့ပြုလုပ်မိနေပါက
ရှောင်ကြဥ် ဖို့လိုအပ်ပါတယ်နော်။📌

🦷သွားကျဥ်ခြင်းက အရမ်းစိုးရိမ်ရတဲ့ သွားရောဂါမျိုးမဟုတ်သော်လည်း မကြာခဏ သွားကျဥ်မှုခံစားနေရတယ်ဆိုရင် သွားဆရာဝန်နဲ့ပြသပြီး လိုအပ်တဲ့ကုသမှုကိုခံယူသင့်ပါတယ် ။ 👨‍⚕👩‍⚕

🦷သွားနှင့်ခံတွင်းသန့်ရှင်းကျန်းမာမှုရှိစေဖို့ဆိုရင် Dental Scaling (သွားကျောက်ခြစ်ခြင်း) နှင့် Dental Check up တို့ကို အနည်းဆုံး
(၆) လတစ်ကြိမ် ပြုလုပ်ပေးသင့်ပါတယ်။✅

🦷ဒါကြောင့် ထိုကုသမှုများအပြင် သွားနှင်ခံတွင်း ကုသမှုမျိုးစုံကို တစ်နေရာတည်းမှာ ကျွမ်းကျင်သောသွားဆရာဝန်ကြီးများနှင့်ကုသမှုခံယူလိုပါက Myitta Oo သွားနှင့်ခံတွင်းဆေးခန်းမှာ ယုံကြည်စိတ်ချစွာ ကုသမှုခံယူနိုင်ပါပြီရှင်။🥰
_______________________________

သင့်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် မေတ္တာဦး

MYITTA OO Dental Aesthetic & Implant Center🥰

💢ဆေးခန်းပြဖို့ ကြိုတင်ရက်ချိန်းရယူရန် လိုအပ်ပါသည်ရှင်။💢

🗓️ ကြိုတင်ရက်ချိန်းရယူဖို့အတွက်နှင့် အသေးစိတ် သိရှိနိုင်စေရန်အတွက် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်ရှင်။

☎️ - 09 259 875 008, 09 259 875 009

📮အမှတ် (၂၄)၊ ဓမ္မဒါနလမ်း၊ မလွှကုန်းဌေးကြွယ် စံပြရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။






#သွားနှင့်ခံတွင်း

29/10/2023

Myitta Oo ရဲ့သီတင်းကျွတ်လက်ဆောင်
ဖုန်းဘေလ် များ ရယူလိုက်ပါ။🎁

🦷သီတင်းကျွတ် အခါသမယလည်း ရောက်ရှိလာပြီဖြစ်လို့ Myitta Oo ကနေ သီတင်းကျွတ် လက်ဆောင် ဖုန်းဘေလ်များ ပေးမည့် အစီအစဥ်လေးပြုလုပ်ပေးလိုက်ပါတယ်။

🦷 Myitta Oo ရဲ့ သီတင်းကျွတ်လက်ဆောင်အနေနဲ့ ဖုန်းဘေလ် ( 5000 ) ကျပ်ကို ကံထူးရှင် ( 5 ) ယောက် စီ ပေးမှာဖြစ်ပါတယ်။😍

🦷ဒီအစီအစဥ်လေးမှာပါဝင်ပြီး ဖုန်းဘေလ် ရယူဖို့ဆိုရင်

✅Myitta Oo Page ကို Like & Follow လုပ်ပါ။

✅ ယခုPost ကို Public နှင့် Like & Share ပြုလုပ်ပါ။

✅ Share ထားတဲ့ Screenshot ကို ယခု Postရဲ့ Comment Boxမှာပြပြီး သီတင်းကျွတ် ဆုတောင်းစကားလေးတွေ မျှဝေပေးခဲ့ပါ။

🦷( 7.11.2023 ) နေ့မှာ ပါဝင်သူတွေထဲက ကံထူးရှင် ( 5 ) ဦး ကို Comment Pickerဖြင့် ရွေးချယ်ပြီး Myittt Oo မှ
ဖုန်းဘေလ် ( 5000 ) ကျပ်ကို ဆုလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်ရှင်။🥰

🦷ဒါကြောင့် ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ် အခါသမယမှာ Myitta Oo ရဲ့ သီတင်းကျွတ် လက်ဆောင် ဖုန်းဘေလ် လေးတွေ ရယူဖို့ အခုပဲ ပါဝင်ကံစမ်းလိုက်ပါတော့နော်။ 🏮
_______________________________

သင့်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် မေတ္တာဦး

MYITTA OO Dental Aesthetic & Implant Center🥰

💢ဆေးခန်းပြဖို့ ကြိုတင်ရက်ချိန်းရယူရန် လိုအပ်ပါသည်ရှင်။💢

🗓️ ကြိုတင်ရက်ချိန်းရယူဖို့အတွက်နှင့် အသေးစိတ် သိရှိနိုင်စေရန်အတွက် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်ရှင်။

☎️ - 09 259 875 008, 09 259 875 009

📮အမှတ် (၂၄)၊ ဓမ္မဒါနလမ်း၊ မလွှကုန်းဌေးကြွယ် စံပြရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။





#သွားနှင့်ခံတွင်း

29/10/2023

သွားဆေးခန်းပိတ်ရက် အသိပေးကြေညာခြင်း

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့သည် အများပြည်သူရုံးပိတ်ရက် "သီတင်းကျွတ် လပြည့်နေ့" ဖြစ်ပါသဖြင့် "Myitta Oo Dental Aesthetic & Implant Center" အား ယနေ့ပိတ်ထားပါကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။

27/10/2023

ဝါလကင်းလွတ် သီတင်းကျွတ်အချိန်အခါ သမယလေးမှာ
“Myitta Oo Dental Aesthetic and implant Center ”ရဲ့
▪️Customer များ
▪️ဆရာဝန်ကြီးများ
▪️ရုံးဝန်ထမ်းများ
▪️မိတ်ဖက်အဖွဲ့အစည်းများအပါအဝင်
▪️မိဘပြည်သူအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့

လိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝပြည့်စုံနိုင်ပါစေကြောင်း “Myitta Oo Dental Aesthetic and implant Center” မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ် ရှင် ❤️

#သီတင်းကျွတ်လပြည့်နေ့

24/10/2023

🦷သွားကြမ်းကြမ်းတိုက်မှ သွားသန့်ရှင်းမယ်လို့ ထင်နေတုန်းလား။❓

🦷လူအများစုက သွားကို ခပ်ကြမ်းကြမ်းတိုက်မှ သန့်ရှင့်ပြောင်စင်ပြီး ဖြူဖွေးမယ်လို့ အယူမှားကြပါတယ်။

🦷သင့်အနေနဲ့လည်း ဒီလိုမျိုး ထင်ပြီး သွားကိုခပ်ကြမ်းကြမ်းတိုက်နေတုန်းဆိုရင်တော့ အခုပဲ ဒီအကျင့်လိုဖျက်ပစ်ဖို့လိုပါတယ်နော်။‼️

🦷 သွားကို ခပ်ကြမ်းကြမ်း တိုက်ခြင်းက သွားကြွေလွှာတွေကို ပိုမိုပျက်စီးနိုင်ချေများသလို သွားဖုံးကိုလည်းထိခိုက်စေလို့ သွားဖုံးသွေးယိုခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

🦷ဒါကြောင့် သွားကိုခပ်ကြမ်းကြမ်းတိုက်ခြင်းကို ရှောင်ကြဥ်ပြီး မှန်ကန်တဲ့နည်းလမ်း နဲ့သွားတိုက်မှာ သွားနှင့်ခံတွင်းကျန်းမာရေးအတွက်ကောင်းမွန်စေမှာပါ။✅

🦷သွားနှင့်ခံတွင်းကျန်းမာရေးအတွက် သွားတိုက်နည်းမှန်ကန်ဖို့လိုတဲ့အပြင် သွားဝေဒနာတွေခံစားနေရပါကလည်း ပိုမိုဆိုးရွားတဲ့ အခြေအနေမ​ဖြစ်လာစေဖို့
အချိန်မှီကုသပေးဖို့လိုပါတယ်။📌

🦷ဒါကြောင့် သွားနှင့်ခံတွင်းဝေဒနာတွေကို ကုသဖို့နဲ့ အခြား သွားနှင့်ပတ်သက်တဲ့ အလှပဆိုင်ရာ ကုသမှုတွေကိုလည်း တစ်နေရာတည်းမှာကုသမှုခံယူပြီး ကျွမ်းကျင်တဲ့သွားဆရာဝန်ကြီးတွေနဲ့ ပြသချင်တယ်ဆိုရင်တော့ Myitta Ooကို သာ လှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။🥰

_______________________________

သင့်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် မေတ္တာဦး

MYITTA OO Dental Aesthetic & Implant Center🥰

💢ဆေးခန်းပြဖို့ ကြိုတင်ရက်ချိန်းရယူရန် လိုအပ်ပါသည်ရှင်။💢

🗓️ ကြိုတင်ရက်ချိန်းရယူဖို့အတွက်နှင့် အသေးစိတ် သိရှိနိုင်စေရန်အတွက် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်ရှင်။

☎️ - 09 259 875 008, 09 259 875 009

📮အမှတ် (၂၄)၊ ဓမ္မဒါနလမ်း၊ မလွှကုန်းဌေးကြွယ် စံပြရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။





#သွားနှင့်ခံတွင်း

24/10/2023

👉 လက်တွဲဖော်အရွေးမမှားဖို့လိုသလို သွားဆေးခန်းအရွေးမမှားဖို့လိုပါတယ်။🦷

🦷 သွားတွေဆိုတာ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်သလို မျက်နှာရုပ်ရည်သွင်ပြင်လှပမှုအပေါ်လည်း သက်ရောက်မှုရှိတာမို့ သွားနှင့်ခံတွင်းကျန်းမာရေးကျု လျစ်လျူမရှုထားသင့်ပါဘူးနော်။💁

🦷သွားနှင့်ခံတွင်းကျန်းမာရေးအတွက် သွားနုတ်ခြင်း၊ သွားစိုက်ခြင်း၊ ​သွားညှိခြင်း ၊ သွားဖာခြင်း အစရှိတဲ့ ကုသမှုတွေက အသေးစိတ်ပြီး သေချာဂရုစိုက်ရတာမို့ ဘေးထွက်ဆိုးကျိုးကင်းစွာ ကုသမှုပေးမည့် ယုံကြည်စိတ်ချ
ရတဲ့ သွားဆေးခန်းကို ရွေးချယ်နိုင်ဖို့လိုပါတယ်။

🦷သန့်ရှင်းမှုမရှိဘဲ သေချာဂရုစိုက်ကုသပေးမှုမရှိတဲ့ သွားဆေးခန်းကို အရွေးမှားပြီဆိုရင် စိတ်တိုင်းကျ မရရှိနိုင်သလို သွားနှင့်ခံတွင်းဝေဒနာတွေလည်း အမြန်ဆုံးမပျောက်ကင်းစေလို့ အချိန်ကုန်၊ ငွေကုန်တာမျိုးပဲ ဖြစ်စေမှာပါ။😓

🦷ဒါကြောင့် သင့်ရဲ့သွားနှင့်ခံတွင်းကျန်းမာရေးအတွက် သွားဆေးခန်း ရွေးချယ်မှုမှန်ကန်ချင်တယ်ဆိုရင် Myitta Oo သွားနှင့်ခံတွင်းဆေးခန်းက ရွေးချယ်ဖို့အသင့်တော်ဆုံးပဲဖြစ်ပါတယ်နော်။✅

🦷Myitta Oo မှာဆိုရင် သွားနှင့်ခံတွင်းကုသမှု မျိုးစုံကို တစ်နေရာတည်းမှာပ One Stop Serviceဖြင့် ကုသမှု ရယူနိုင်ပါတယ် ။

🦷ကျွမ်းကျင်သော သွားဆရာဝန်ကြီးများကိုယ်တိုင် ဂျာမဏီနိုင်ငံထုတ် အရည်အသွေးမြင့် စက်ကိရိယာများ၊ ခေတ်မှီကုသနည်းများဖြင့် ဂရုစိုက် ကုသမှုပေးတာကြောင့်လည်း သွားဝေဒနာတွေ မပျောက်မှာ၊ စိတ်တိုင်းကျကုသမှုမရနိုင်မှာမျိုးကို စိတ်ပူပန်နေစရာမလိုပါဘူးနော်။ 👩‍⚕👨‍⚕

🦷ကုသမှုခံယူသူတိုင်းအတွက်လည်း Covid-19 နှင့်အခြားကူးစက်ရောဂါများကို ကင်းဝေးအောင် တစ်ခါသုံးပစ္စည်းများ၊ ပိုးသတ်ထားသောပစ္စည်းများကိုသာအသုံးပြုပေးပါတယ် ။ 💯

🦷Myitta Oo မှာရရှိနိုင်သည့် ကုသမှုများမှာ

🦷သွားနှုတ်ခြင်း၊ အံဆုံးနှုတ်ခြင်း(Dental Extraction)

🦷သွားဖာခြင်း (Dental Restoration)

🦷 သွားအသေစိုက်ခြင်း (Dental Crown and Bridge)

🦷သွားအရှင်(အံကပ်) ပြုလုပ်ခြင်း (Dentures)

🦷 သွားမြစ်အကြောထုတ်ကုသပေးခြင်း

(RCT - Root Canal Treatment)

🦷 သွားကျောက်ခြစ်သန့်စင်ပေးခြင်း (Dental Scaling)

🦷 ကွမ်းဂျိုးခြစ်သန့်စင်ပေးခြင်း (Dental Scaling and Polishing)

🦷သွားအမြစ်တု တိုင်စိုက်ကုသပေးခြင်း (Dental Implant)

🦷 လေဆာဖြင့်သွားများကို ဖြူဖွေးအောင်ပြုလုပ်ပေးခြင်း (Laser Dental Whitening)

🦷သွားများကိုညီညာစေရန် သွားညှိကုသခြင်း (Orthodontics)(Braces)

🦷သွားမျက်နှာပြင်ကြွေလွှာကပ်ခြင်း (Dental Veneer)

🦷 သွားစိန်အလှကပ်ခြင်း (Dental Skyce)

အစရှိသည့် ကုသမှုမျိုးစုံကို Privacy ရှိတဲ့Dental Studio ထဲမှာ သက်သောင့်သက်သာရှိစွာဖြင့်
ကုသမှုခံယူနိုင်ဖို့ မနက်(၉) နာရီမှ ည(၇) နာရီအထိ ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ရှင် ။🥰

🦷ဆေးခန်းအတွင်း ဝင်လာသူတိုင်းကိုလည်း စိတ်အေးချမ်းသွားစေမယ့်အပြင်အဆင်၊ သေသပ်သန့်ရှင်းတဲ့နေရာထိုင်ခင်းများနှင့် နွေးထွေးပြီး ဖော်ရွေပြူငှာတဲ့ ဝန်ထမ်းများက စောင့်ကြိုပေးနေမှာဖြစ်ပါတယ်။✨

🦷ဒါကြောင့် လက်တွဲဖော်ထက်အရေးကြီးတဲ့ သွားဆေးခန်းကို ရွေးချယ်ကြတဲ့အခါ အရွေးမမှားစေဖို့ အရည်အသွေးနှင့် ဝန်ဆောင်မှုမှာ အပြည့်အဝဆုံးMyitta Oo ကိုသာ ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါ။ 🤍
_______________________________
သင့်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် မေတ္တာဦး

MYITTA OO Dental Aesthetic & Implant Center🥰

💢ဆေးခန်းပြဖို့ ကြိုတင်ရက်ချိန်းရယူရန် လိုအပ်ပါသည်ရှင်။💢

🗓️ ကြိုတင်ရက်ချိန်းရယူဖို့အတွက်နှင့် အသေးစိတ် သိရှိနိုင်စေရန်အတွက် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်ရှင်။

☎️ - 09 259 875 008, 09 259 875 009

📮အမှတ် (၂၄)၊ ဓမ္မဒါနလမ်း၊ မလွှကုန်းဌေးကြွယ် စံပြရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။





#သွားနှင့်ခံတွင်း

23/10/2023

👨‍🦱👩‍🦱မိဘတွေရဲ့သွားကျန်းမာရေးကို ဂရုစိုက်ခြင်းဖြင့်
ဒီသီတင်းကျွတ်မှာ ကုသိုလ်ယူလိုက်ပါ။ 🏮

🦷သွားတွေဆိုတာ လူတိုင်းအတွက်အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပြီး ဖေဖေမေမေတို့အတွက်လည်း အသက်ကြီးလာတဲ့အလျောက် သွားရောဂါဝေဒနာတွေမခံစားရအောင် ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။

🦷အသက်အရွယ်အိုမင်းလာတဲ့အခါ သွားတွေက အရင်လို ကျန်းမာ ကြံ့ခိုင်မှုမျိုးမရှိတော့တာကြောင့် မိဘတွေမှာ ငယ်တုန်းကလို စားချင်ဝါးချင်စိတ်မရှိခြင်း​တွေဖြစ်နိုင်လို့ အာဟာရမပြည့်ဝခြင်းတွေ ကြုံတွေ့ရနိုင်ပါတယ်။ ❗️

🦷သွားနှင့်ခံတွင်းဝေဒနာတွေကို အသက်အရွယ်ကြီးမှခံစားရရင်လည်း ငယ်စဥ်ကလိုခံနိုင်ရည်မရှိနိုင်တာကြောင့် ဖေဖေမေမေ မိဘတွေမှာ ဝေဒနာပိုမိုခံစားရပြီး စိတ်ရောကိုယ်ပါ ပင်ပန်းစေတာအမှန်ပါ။😥

🦷မိမိအနေနဲ့ မိဘတွေရဲ့ကျန်းမာရေးကို ဂရုစိုက် ကုသပေးကာ စောင့်ရှောက်ပေးခြင်းကလည်း ကျေးဇူးဆပ်ခြင်း၊ ကုသိုလ်ယူခြင်း တစ်မျိုးဖြစ်ပါတယ်နော်။

🦷အခုလို သီတင်းကျွတ်ကာလအချိန်ခါမှာ ဖေဖေမေမေတွေရဲ့သွားနှင့်ခံတွင်းဝေဒနာတွေကို
Myitta Oo မှာ လာရောက်စစ်ဆေး ကုသပေးပြီးကုသိုလ်ယူဖို့အကောင်းဆုံးပါပဲရှင်။ 🥰

🦷Myitta Oo သွားနှင့်ခံတွင်းဆေးခန်းမှာ ဂျာမဏီနိုင်ငံသုံးအဆင့်မြင့်စက်ကိရိယာများဖြင့် ကျွမ်းကျင်သော သွားဆရာဝန်ကြီးများကိုယ်တိုင် သွားနှင့်ခံတွင်းဝေဒနာမျိုးစုံကို ကုသမှုပေးနေပြီဖြစ်ပါတယ်။ 👨‍⚕👩‍⚕

🦷ဒါကြောင့် သီတင်းကျွတ်ကာလမှာ ကုသိုလ်ရယူဖို့ မိဘတွေရဲ့သွားနှင့်ခံတွင်းကျန်းမာမှုအတွက်အကောင်းဆုံး ဂရုစိုက် ကုသမှုကိုပေးချင်တယ်ဆိုရင်တော့ Myitta Oo သို့သာ အရောက်လာခဲ့ဖို့
ဖိတ်ခေါ်လိုက်ပါတယ်ရှင်။🤗
_______________________________

သင့်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် မေတ္တာဦး

MYITTA OO Dental Aesthetic & Implant Center🥰

💢ဆေးခန်းပြဖို့ ကြိုတင်ရက်ချိန်းရယူရန် လိုအပ်ပါသည်ရှင်။💢

🗓️ ကြိုတင်ရက်ချိန်းရယူဖို့အတွက်နှင့် အသေးစိတ် သိရှိနိုင်စေရန်အတွက် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်ရှင်။

☎️ - 09 259 875 008, 09 259 875 009

📮အမှတ် (၂၄)၊ ဓမ္မဒါနလမ်း၊ မလွှကုန်းဌေးကြွယ် စံပြရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။






#သွားနှင့်ခံတွင်း

23/10/2023

🦷သင့်ရဲ့သွားတွေဝါနေတာ ဘယ်လောက်ကြာပြီလဲ။❓
🦷သွားဝါခြင်းဆိုတာ အဖြစ်များတဲ့ကိစ္စတစ်ခုပါ။
🦷 သွားဝါခြင်းကိုဖြစ်စေတဲ့ အဓိက အကြောင်းအရာ (၃) ခုရှိပါတယ်။
🔷Extrinsic
( ကော်ဖီ၊ ဝိုင်၊ကိုကာကိုလာ
စတာတွေကို မကြာခဏ သောက်ခြင်းနှင့် ကွမ်းဝါးခြင်း၊ဆေးလိပ်သောက်
ခြင်းတို့ကြောင့်သွားအရောင်
ပြောင်းခြင်း )
🔷Intrinsic
( သွားနှင့်ခံတွင်းသန့်ရှင်းမှုမရှိခြင်း၊ သွားကျန်းမာရေး ဂရုမစိုက်ခြင်း၊ သွားတွင်းပြဿနာရှိနေခြင်း သို့မဟုတ်ခန္ဓာကိုယ်တွင်း
ရောဂါတစ်ခုခု ကြောင့် သွားအရောင်ပြောင်းခြင်း )
🔷Age-related (အသက်အရွယ်အိုမင်းလာပြီး ဇီဝပြောင်းလဲမှုများကြောင့် သွား အရောင်ပြောင်းခြင်း )
အစရှိတဲ့အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။
🦷 သွားဝါခြင်းက စိုးရိမ်ရတဲ့ သွားရောဂါတစ်ခုမဟုတ်သော်
လည်း သွားတွေက မိမိရဲ့အပြုံးနဲ့ ရုပ်ပိုင်းဆိုင်ရာ ယုံကြည်မှုရှိခြင်းအပေါ် သက်ရောက်မှုရှိတာကြောင့် သွားတွေ ဝါနေမယ်ဆိုရင် စိတ်ညစ်ညူးရတာ
အမှန်ပါ။😓
🦷ဒီလို သွားဝါကြီးနဲ့ လွတ်လွတ်လပ်လပ် မရယ်ပြုံးနိုင်သလို ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘဲနေရတာ ကြာပြီဆိုရင် ဘေးထွက်ဆိုးကျိုး မရှိဘဲ အချိန်ခဏအတွင်း ဖြူဖွေးလှပတဲ့ သွားလေးတွေပိုင်ဆိုင်စေမယ့် Whitening Treatment ကို
Myitta Oo မှာလာရောက်
ကုသမှုခံယူနိုင်ပါတယ်နော်။ 🥰
🦷Myitta Ooမှာ ဂျာမဏီနိုင်ငံထုတ် အဆင့်မြင့် စက်ကိရိယာများဖြင့် ကျွမ်းကျင်သော သွားဆရာဝန်ကြီးများကိုယ်တိုင် စစ်ဆေးကုသမှုပေးနေလို့ ဝါနေတဲ့သွားတွေကြောင့် စိတ်ညစ်ခဲ့ရတဲ့ရက်တွေ ပြီးဆုံးပြီး
ပုလဲလို ဖြူစင်လှပတဲ့ သွားလေးတွေ ရရှိအောင်
အခုပဲ Appointment ယူထားလိုက်ပါတော့နော်။ 👨‍⚕👩‍⚕
_______________________________
သင့်ရဲ့သွားနှင့်ခံတွင်းကျန်းမာရေးအတွက် မေတ္တာဦး
MYITTA OO Dental Aesthetic & Implant Center🥰
💢ဆေးခန်းပြဖို့ ကြိုတင်ရက်ချိန်းရယူရန် လိုအပ်ပါသည်ရှင်။💢
🗓️ကြိုတင်ရက်ချိန်းရယူဖို့အတွက်နှင့် အသေးစိတ် သိရှိနိုင်စေရန်
အတွက် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်ရှင်။
☎️ - 09 259 875 008, 09 259 875 009
📮အမှတ် (၂၄)၊ ဓမ္မဒါနလမ်း၊ မလွှကုန်းဌေးကြွယ် စံပြရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။




#သွားနှင့်ခံတွင်း

29/09/2023

ပုန်းကာဝှက်ကာ braces တပ်မယ်🤗

သွားလေးတွေ ညီညီညာညာ နဲ့ ကြည်လင်တောက်ပတဲ့ အပြုံးလေးတွေ ပိုင်ဆိုင်ဖို့ သာမန် Braces တွေလို မဟုတ်ပဲ ပိုမိုခေတ်မီကောင်းမွန်တဲ့ ကုသမှုကို ရှာဖွေနေပါသလား?

🦷လှပသေသပ်တဲ့ အပြုံးတွေ ပိုင်ဆိုင်ဖို့ သွားညှိ ကုသရာမှာ စတီးတုံးလေးများ စတီးကြိုးတွင် ချိတ်ဆက်ပြီး ကုသတဲ့နည်းလမ်းမျိုး အပြင်….💁‍♂️

🦷သွားညှိကုသမှုခံယူနေချိန်မှာတောင် ပိုမိုသက်သောင့်သက်သာရှိပြီး ကုသမှုခံယူနေသည်ကို လုံးဝ မသိသာစေတဲ့ နောက်ဆုံးပေါ် နည်းပညာဖြစ်သည့် Clear Aligners ဖြင့် မိတ်ဆွေတို့ရဲ့ သွားလေးများကို တညီတညာတည်း ဖြစ်စေနိုင်ပါတယ်🧑‍⚕️👩‍⚕️

Clear Aligners Braces လေးများရဲ့အားသာချက် တွေကတော့

✅ သက်သောင့်သက်သာရှိခြင်း

✅နာကျင်မှုမရှိခြင်း

✅အကြည်ရောင်ဖြစ်တာကြောင့် အလွယ်တကူ မမြင်နိုင်ခြင်း

✅အစာစားချိန်မှာ ဖြုတ်ထားနိုင်ခြင်း

တို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ သွားညှိကုသချင်ပေမယ့် နာမှာ ကြောက်တယ် ဆိုသူလေးတွေနဲ့ Brace ပေါ်တာမျိုးကို မကြိုက်တဲ့သူလေးတွေအတွက် Clear Aligners က ရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ💙

_____________________________

သင့်ရဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် မေတ္တာဦး

MYITTA OO Dental Aesthetic and Implant Center🥰

💢ဆေးခန်းပြဖို့ ကြိုတင်ရက်ချိန်းရယူရန် လိုအပ်ပါသည်ရှင် ။💢

🗓️ ကြိုတင်ရက်ချိန်းရယူဖို့အတွက်နှင့် အသေးစိတ် သိရှိနိုင်စေရန်အတွက် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်ရှင်။

☎️ - 09 259 875 008, 09 259 875 009

📮အမှတ် (၂၄)၊ ဓမ္မဒါနလမ်း၊ မလွှကုန်းဌေးကြွယ် စံပြရပ်ကွက်၊ တာမွေမြို့နယ် ၊ရန်ကုန်မြို့။





#သွားနှင့်ခံတွင်း

Want your practice to be the top-listed Dentist in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 24 Dama Darna Street, Yangon1, Myanmar (Burma)
Yangon
1121

Opening Hours

Monday 10:00 - 20:00
Tuesday 10:00 - 20:00
Wednesday 10:00 - 20:00
Thursday 10:00 - 20:00
Friday 10:00 - 20:00
Saturday 10:00 - 20:00
Sunday 10:00 - 20:00

Other Yangon dentists (show all)
Shwe Pin Lon Dental Specialist Clinic Shwe Pin Lon Dental Specialist Clinic
No. 445 (B) Ground Floor, Innwa Street, 16 Quarter, Shwe Pauk Kan Town, North Oakkalar Township
Yangon

LaMin Dental Clinic LaMin Dental Clinic
La Min Dental Clinic (No44, Corner Of Hyuparyone Street & Moe Tauk Pan Street, Ward (1), Tharketa Township
Yangon, 11231

Keep your Smile

Jasmine Dental Pediatric Center Jasmine Dental Pediatric Center
218(The Century Building), Yangon/Insein Road, Near Than St Bus Stop, Hlaing Township Yangon, Myanmar
Yangon, 11051

First fully digitalized dental clinic in Myanmar

SMILE Shwepyithar Orthodontic and Aesthetic Dental Clinic SMILE Shwepyithar Orthodontic and Aesthetic Dental Clinic
X34F+3R6 SMILE (Shwe Pyi Thar) Orthodontic And Aesthetic Dental Clinic
Yangon, SMILE(SHWEPYITHAR) HTTPS://GOO.GL/MAPS/RSYKPEIAHFTWVZPA7

Bright Your Confident Smile

Dr Nay Win Modern Dental Office Dr Nay Win Modern Dental Office
72 B Juction Of U Chit Mg Road And 167st, Tamwe Tsp
Yangon

More Economic,More Effective ,More Preventive & More Protective Measures for COVID-19 Infection in Our Modern Dental Office . Do not hesitate to place a call to 09587739,0996518773...

ဇေယျာ သွားနှင့်ခံတွင်းဆေးခန်း ဇေယျာ သွားနှင့်ခံတွင်းဆေးခန်း
164 A. Myin Thaw Dar Str, 6 Quarter, Tharkayta
Yangon, 11231

Dental Clinic

လှိုင်မေတ္တာ သွားနှင့်ခံတွင်းဆေးခန်း လှိုင်မေတ္တာ သွားနှင့်ခံတွင်းဆေးခန်း
32(A) ကန်လမ်း၊ (၉)ရပ်ကွက်၊ လှိုင်မြို့နယ်
Yangon, 11051

Welcome to Hlaing Myittar Dental Implant & Orthodontic Clinic, conveniently located at (32)A Kan Road, (9)Qtr Hlaing Township, Yangon. Here we provide a wide range of oral health ...

Aung Nyein Aye Dental Clinic Aung Nyein Aye Dental Clinic
May Dharwi Road
Yangon

အောင်ရတနာ သွားနှင့်ခံတွင်းအထူးကုဆေးခန်း - AungYadanar Dental Clinic အောင်ရတနာ သွားနှင့်ခံတွင်းအထူးကုဆေးခန်း - AungYadanar Dental Clinic
No. 61 (Ground Floor), 124street , Mingalartaungnyunt (Near Mingalarzay Bus-stop)
Yangon, 11221

ခေတ်မှီစက်ကိရိယာစုံလင်စွာထားရှိပီ?

Jasmine Orthodontic Treatments Center Jasmine Orthodontic Treatments Center
218(The Century Building), Yangon/Insein Road, Near Than St Bus Stop, Hlaing Township Yangon, Myanmar
Yangon, 11051

သွား နှင့် ခံတွင်း အထူးကု ဆေးခန်း