Prevent Plastics Myanmar

EU-funded project with the overall objective to promote Sustainable Consumption & Production Patterns

26/01/2024

အနုပညာမှသည် ကမ္ဘာမြေဆီ...
Art to Earth by YEAH Delegates

Prevent Plastics နဲ့ Thant Myanmar တို့ ပူးပေါင်းပြုလုပ်တဲ့ Youth for Environmental Action & Hope (YEAH Programme) ရဲ့ ပရိုဂရမ် Delegates လူငယ်များ ပြုလုပ်တဲ့ ပရောဂျက်များထဲက E ART H - Myanmar ကနေ ပြပွဲလေး ပြုလုပ်သွားမှာပါ။

“အနုပညာမှသည် မြေကမ္ဘာဆီ - သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးပြပွဲ (Art to Earth : Environmental awareness art exhibition & event)” လေးကို (၂) ရက်တာ ကျင်းပသွားမှာဖြစ်ပါတယ်။

🌱 ဒီပြပွဲလေးကတော့ သဘာဝပတ်ဝန်းကျင်အပေါ် လူငယ် Artist (၅)ဦးရဲ့ မတူညီတဲ့ရှုထောင့်များနဲ့ဖန်တီးထားတဲ့ အနုပညာလက်ရာများကို ပြသသွားမှာပဲဖြစ်ပါတယ်။

ပြပွဲကို (၂၀၂၄) ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နဲ့ (၂၈) ရက်မှာ ပြသသွားမှာဖြစ်ပါတယ်။ ပွဲရက်များမှာလည်း mini pop-up market လေးသဖွယ် responsible business နဲ့ artists merchandise လေးများကလည်း လာရောက် ရောင်းချပေးသွားမယ့် အစီအစဉ်လည်းရှိပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ (၂၈) ရက် (တနင်္ဂနွေနေ့) နေ့လယ် (၂:၀၀) နာရီမှ (၄:၀၀) နာရီမှာလည်း သဘာဝပတ်ဝန်းကျင်၊ လူမှုအကျိုးစီးပွားနဲ့ အနုပညာဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးပြောကြားသွားမယ့် “ ဆွေးနွေး အဖြေရှာ မြေကမ္ဘာ” စကားဝိုင်း Panel Discussion လေးတစ်ခုကို ကျင်းပပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။
ဒီစကားဝိုင်းကို မည်သူမဆို အခမဲ့ လာရောက်နားထောင်နိုင်ပြီး နေရာအကန့်အသတ်အရ ခုံ (၃၀) သာ စီစဉ်ထားတာ ဖြစ်လို့ အမြန်ဆုံး စာရင်းပေးသွင်းကြဖို့တိုက်တွန်းပါတယ်ခင်ဗျာ ‼️‼️

စကားဝိုင်းမှာ ပါဝင်ဖို့ စာရင်းပေးသွင်းရန် >> https://forms.gle/cZTVvQqDBg69B7cS6

🌏 နေ့ရက်: (၂၀၂၄) ခုနှစ်၊ ဇန်နဝါရီလ (၂၇) မှ (၂၈) ရက်
🌏 အချိန်: မနက် (၁၀:၀၀) နာရီ မှ ညနေ (၄:၀၀) နာရီ
🌏 နေရာ: Ahnanda Artspace - အနန္တ အနုပညာရပ်ဝန်း
အမှတ် ၉၇/၉၉၊ သီရိကွန်ဒို (ပထမထပ်)၊ ၄၉လမ်း(အလယ်ဘလောက်)၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။

စကားဝိုင်းသို့ လာရောက်တဲ့အခါ BYOC - Bring Your Own Cup ယူလာခြင်းဖြင့် ပလတ်စတစ်ကင်းကင်းနဲ့ Refreshment သုံးဆောင်နိုင်မှာပါနော်။

YEAH Projects တွေကို လေ့လာလိုသူများအတွက် အခွင့်အရေးကောင်းမို့လို့ လက်လွှတ်မခံဘဲ ယခုပွဲလေးမှာ လာရောက်ဖို့ ဖိတ်ခေါ်လိုပါတယ်။

EU SWITCH-Asia Programme European Union in Myanmar

Photos from Prevent Plastics Myanmar's post 25/01/2024

YEAH program ဟာဆိုရင် Prevent Plastics Myanmar နဲ့ Thant Myanmar တို့က ပူးပေါင်းပြုလုပ်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။🌿
ပြီးခဲ့တဲ့ (၂၀၂၃) ခုနှစ်၊ ဒီဇင်ဘာလ(၂၁) ရက်နေ့ မှာ YEAH delegates တွေရဲ့ Project အသီးသီးကို အဖွဲ့အလိုက် Turquoise Mountain Myanmar မှာ တင်ဆက်ပြသခဲ့ကြပါတယ်။ ပရောဂျက်များကို ဥရောပသမ္မဂ္ဂမှ တာဝန်ရှိသူများနှင့် Prevent Plastics ရဲ့ Team Leader Denis Schaefer ကလည်း လာရောက်အကဲဖြတ်ပေးခဲ့ပါတယ်။ လေ့လာခဲ့ကြတဲ့ (၃) လတာခရီးမှာ ကြိုးစားအားထုတ်မှုတွေနဲ့အတူ ရလဒ်အကျိုးဆက်‌ တွေလည်းပေါ်ထွက်လာခဲ့ပါပြီ။ တစ်ဖွဲ့ကို အဖွဲ့ဝင် လေး/ ငါးယောက်နဲ့ အဖွဲ့ ငါးဖွဲ့ ခွဲပြီး ပရောဂျက်‌တွေကို ကိုယ်စီ ကြိုးစားလျက်ရှိကြပါတယ်။
သူတို့လေးတွေရဲ့ ဆန်းသစ်တဲ့ idea တွေနဲ့အတူ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းတဲ့ project တွေကတော့

🔳 Plastics Thant Sin (ပလတ်စတစ်သန့်စင်)
https://www.facebook.com/share/p/SrYPnRfMZtYYDZVy/?mibextid=WC7FNe
နာမည်လေးအတိုင်း ကျွနု်ပ်တို့နေ့စဉ်ဘဝမှာ အသုံးပြုနေတဲ့ ပလတ်စတစ်သန့်စင်လျှော့ချနည်းလေး‌တွေကို စာတွေ့အပြင် လက်တွေ့ပါ သင်ကြားပို့ချပေးတဲ့ စကားဝိုင်းလေး တစ်ခုပဲဖြစ်ပါတယ်။ ✨🌱

🔳 BioGuardians
သဘာဝမျိုးစိတ်‌တွေကို ဘေးဖြစ်စေနိုင်တဲ့ Invasive Species ကျူးကျော်မျိုးစိတ်တွေကို "ဘယ်လိုတားဆီးကာကွယ်နိုင်မလဲ၊ ဘာကြောင့် Native Species တွေ အပေါ် အန္တရာယ်ဖြစ်စေတာလဲ" စတဲ့ အ‌ကြောင်း အရာတွေကို မျှဝေ‌ ပေးသွားမဲ့ Project လေးပဲ ဖြစ်ပါတယ်။ 🎏🐚
https://www.facebook.com/share/p/TQFKMQFnhgSaTPdx/?mibextid=WC7FNe

🔳 Organic Matters!
https://www.facebook.com/share/p/SrYPnRfMZtYYDZVy/?mibextid=WC7FNe
"သုံးပြီးသားပစ္စည်းတွေဟာ အမှိုက်တွေပဲလား" လို့ မေးခွန်းထုတ်ပြီး စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချလို့ရတဲ့ နည်းလမ်းတွေကိုမျှဝေပေးတဲ့ Training လေးပဲဖြစ်ပါတယ်။ ♻️💟

🔳 E ART H
https://www.facebook.com/profile.php?id=61554591077402&mibextid=hu50Ix
E (Environment) သဘာဝပတ်ဝန်းကျင်၊ A (Art) အနုပညာ၊ H (Humanity) လူသားဆန်မှု နဲ့အတူ ကျွန်ုပ်တို့ ကမ္ဘာမြေကို ပိုမိုသာယာလှပအောင် တည်ဆောက်ပုံဖော်သွားမဲ့ အဖွဲ့အစည်း‌လေးပဲ ဖြစ်ပါတယ်။ 🌿🥰

🔳 Equiverse
ခွဲခြားဆက်ဆံမှုတွေ၊ ကျား-မ တန်းတူအခွင့်အရေးတွေဟာ သဘာဝပဝတ်ဝန်းကျင်ရေရှည်တည်တံ့မှု နဲ့ ဆက်နွယ်နေပုံကို လူအများသိရှိအောင် ဖန်တီး‌ပေးသွားမဲ့ ပရောဂျက်လေးပဲ ဖြစ်ပါတယ်။ 💜⚧️
https://www.facebook.com/profile.php?id=61555142400912&mibextid=hu50Ix

အခုလို စိတ်ဝင်စားစရာကောင်းတဲ့ Project တွေကို YEAH Delegates တွေအ‌နေနဲ့ ဘယ်လိုကြိုးစားပြီး အကောင်အထည်ဖော်သွားမလဲ ဆိုတာကို ဆက်လက်စောင့်ကြည့်နေပေးပါဦးနော်။
လူငယ်မျိုးဆက်သစ်‌များ သဘာဝပတ်ဝန်းကျင်နဲ့ ကျွန်ုပ်တို့ကမ္ဘာမြေကြီးကို ဒီထက်မက ပိုမိုကာကွယ်ထိန်းသိမ်းကာကွယ်နိုင်ပါ‌စေ ဟု မျှော်လင့်လျက်။ 🥰

It is time to showcase the project of our YEAH delegates. As part of the Youth for Environmental Action & Hope (YEAH) programme, delegates implement their in-class learning skills into action.
YEAH Project empowers -
Integration: It's an opportunity to integrate the
knowledge and skills you've acquired during your time
here.
Demonstration: You'll demonstrate your ability to
apply what you've learned in a real-world context.
Assessment: It allows us to assess your overall
understanding of our program and your readiness to
move forward.
Remember, the YEAH Project is an opportunity for you
to shine and demonstrate your growth, as well as to
empower community.

YEAH delegates are encouraged to feature three primary segments - Apply, Sustain & Empower for their projects.

We are proud to feature the individual project ideas of our Delegates.

🔳 Plastics Thant Sin (ပလတ်စတစ်သန့်စင်)
https://www.facebook.com/share/p/SrYPnRfMZtYYDZVy/?mibextid=WC7FNe
Like its name, the team is inspired to imply the butterfly effect to fellow youths by resharing knowledge & behaviour change tips.

🔳 BioGuardians
https://www.facebook.com/share/p/TQFKMQFnhgSaTPdx/?mibextid=WC7FNe
Raising awareness of the danger of invasive species & educating the public on how plastic wastes are invading nature & disturbing biodiversity.

🔳 Organic Matters!
https://www.facebook.com/share/p/SrYPnRfMZtYYDZVy/?mibextid=WC7FNe
Their name says it all: They aim to promote composting methods to individuals and change-makers and empower them to apply them at home and retrain at the monastic compound.

🔳 E ART H
https://www.facebook.com/profile.php?id=61554591077402&mibextid=hu50Ix
Linking art with nature promotes sustainability through the eyes of artists.

🔳 Equiverse
https://www.facebook.com/profile.php?id=61555142400912&mibextid=hu50Ix

Aims to promote The United Nations Sustainable Development Goals ( SDGs): Goal 5-Gender Equality, Goal 13-Climate Change and Goal 4-Quality Education.
With a steadfast commitment to fostering inclusivity, empowerment, and sustainability, EquiVerse is dedicated to addressing the interconnected challenges of gender disparity and environmental issues.

Photos from Prevent Plastics Myanmar's post 23/01/2024

ပလတ်စတစ်ကင်းစင်တဲ့ ဇူလိုင်ရဲ့ အသီးအပွင့်လေးတစ်ခု 🌟

ပြီးခဲ့တဲ့ (၂၀၂၃) ခုနှစ်ရဲ့ ပလတ်စတစ်ကင်းတဲ့ ဇူလိုင်ကို ဆင်နွှဲဖို့ Prevent Plastics Myanmar က Café Deja Brew နှင့်အတူ ကာဖီ၊ အအေးသောက်တဲ့အခါ ပလတ်စတစ်အမှိုက် မထွက်ရှိစေဖို့ ကမ်ပိန်းလေး စတင်ခဲ့ပါတယ်။

ပလတ်စတစ်ကင်းတဲ့ လူနေမှုစတိုင်ကို စတင်တော့မယ်ဆို ကိုယ့်နေ့စဉ်ဘဝမှာ တဖြည်းဖြည်းချင်း စတင်ပြောင်းလဲလို့ရပါတယ်။ အလွယ်ကူဆုံးကတော့ အအေးသောက်၊ ကော်ဖီသောက်တဲ့အခါ ပလတ်စတစ်ပိုက် မတပ်ဘဲ မော့သောက်ပြီး ပလတ်စတစ်ပိုက်ကို စတင်လျှော့ချလို့ ရပါတယ်။ စားသောက်တဲ့အခါ၊ ပါဆယ်ဝယ်တဲ့အခါ ဘူးခွံတွေကြောင့် ပလတ်စတစ်တွေ အထွက်များပါတယ်။

ပလတ်စတစ်ပိုက် မပါဝင်တာက သဘာဝပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းက ထိန်းသိမ်းနိုင်ပါတယ်။ ကောင်းမွန်တဲ့ ပြောင်းလဲမှုကို စတင်ဖို Deja Brew ကနေ ပလတ်စတစ် ပိုက် "မပေးဘူးနော်" ကမ်ပိန်းလေး ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် Café Deja Brew ရဲ့ တာဝန်သိ ရောင်းချသူဖြစ်အောင် ကြိုးစား ခြေလှမ်းနေတာကြောင့် အအေးကို ပါဆယ်ယူမယ်ဆို ကိုယ်ပိုင်ခွက် BYOC ကို (၃၀၀) ကျပ် လျှော့ဈေး ပေးခဲ့ပါသေးတယ်။

ယခုဆိုရင် ဒီလိုမျိုး သဘာဝပတ်ဝန်းကျင်ကို ဂရုပြုတဲ့ ကာဖီယဉ်ကျေးမှု အလေ့အထလေးကို စတင်ခဲ့တာ အရွေ့တစ်ခုကို ရောက်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ (၂၀၂၃) နှစ် တစ်နှစ်တာလုံးအတွက် Cafe Deja Brew ကဖေးမှ Bring Your Own Cup အလေ့အထလေးကို စတင်ပြုလုပ်ခဲ့ကာ Take Away ပါဆယ်ခွက်ရေပေါင်း (၄၈၂) ခွက်ကို လျှော့ချပေးနိုင်ခဲ့ပါတယ်။ ထို့အပြင် “ပိုက်မပေးဘူး မော့သောက်နော်” အစီအစဉ်လေးကြောင့်လည်း ကာစတန်မာများရဲ့ ပါဝင်ငြင်းဆိုမှုနဲ့ တစ်နှစ်တာလုံး ပိုက် အရေအတွက် (၂,၃၀၀) ခန့်ကို လျော့ချပေးနိုင်ခဲ့ပါတယ်။

အခုလို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှု အလေ့အကျင့်ကောင်းလေးကို အမြဲလုပ်ဆောင်ဖြစ်ဖို့၊ မိမိရဲ့ဆိုင်က တာဝန်သိစွာ ရောင်းချနေတဲ့ဆိုင်ဖြစ်ဖို့ ကြိုးစားနေတဲ့ Deja brew ရဲ့ အားထုတ်မှုလေးတွေရဲ့ အပြုသဘောဆောင်တဲ့ ရလဒ်ကို မြင်တွေ့ရတာ ဝမ်းသာဂုဏ်ယူမိပါတယ်။

ကိုယ်တိုင်လည်း တာဝန်သိ ဝယ်ယူသူတစ်ဦး၊ ရောင်းချသူတစ်ဦးအနေနဲ့ ပူးပေါင်းပါဝင်ပြီး နေ့စဉ်ဘဝမှာ ပလတ်စတစ်ကို လျှော့ချရအောင်။ ဒါကြောင့် ပလတ်စတစ် လျှော့သုံးခြင်းကို ဂုဏ်ယူပြီး စတိုင်ကျကျ အမှိုက်လျော့ရင်း ကာဖီသောက်ကြရအောင်။

Let's celebrate the success of Plastic Free July!, which has a positive impact on reducing plastic waste.

Starting with a simple act of saying NO to straws, "Sip gracefully, without the need for a straw" & "Bring your Own Cup" approach saved 482 plastic cups and eliminated 2300 plastic straws at Cafe Deja Brew.
This may seem like a small change, but it significantly impacts our environment.
Let's continue embracing a sustainable lifestyle by refusing single-use plastic and bringing our cups to cafes. Cafe Deja Brew is creating positive changes with their 300MMk discount for customers who bring their own cups. Let's make our cups our companions in the journey towards a plastic-free future.
Embrace your cup, sip gracefully, and together, we shall fight the odds, crafting an Instagramable lifestyle that inspires the essence of eco-conscious living! 📸🌏

EU SWITCH-Asia Programme European Union in Myanmar

Photos from Prevent Plastics Myanmar's post 19/01/2024

ကွမ်းဖတ်ဘူးများ ပြုလုပ်ပြီး လူမှုစီးပွား တိုးတက်စေဖို့ စားသောက်ဆိုင်၊ စားသောက်ကုန်လုပ်ငန်းတွေမှာ ထုပ်ပိုးမှုပုံစံတွေကို သဘာဝကို ဂရုပြုပြီး ထုပ်ပိုးနိုင်ဖို့ - ထုပ်ပိုးမှုမှာ ပလတ်စတစ်ကင်းကင်းနဲ့ သဘာဝနဲ့ သဟဇာတဖြစ်အောင်ဆိုတဲ့ စိတ်စေတနာနဲ့ နည်းပညာပူးပေါင်းကာ ကွမ်းဖတ်ကနေ ပြုလုပ်တဲ့ ကွမ်းဖတ်ဘူးများကို ဆန်းသစ်ထုတ်လုပ်လာကြပါတယ်။ ကွမ်းဖတ်ဘူးတွေဟာဆိုရင် ပတ်ဝန်းကျင်ကို ဂရုပြုပြီးသား ဖြစ်ရုံသာမက ဖော့ဘူးတွေနဲ့မတူတာကတော့ အပူနဲ့ထိတွေ့တဲ့အခါ အဆိပ်အတောက်မဖြစ်စေတာကြောင့် ကျန်းမာရေးအတွက်ပါ ပိုမိုသင့်လျော်တဲ့ ထုပ်ပိုးမှု ပုံစံလည်း ဖြစ်ပါတယ်။ ပလတ်စတစ်အသုံးပြုမှု၊ အမှိုက်စီမံခန့်ခွဲမှု လျှော့ချရန်နှင့် သဘာဝနဲ့ သဟဇာတဖြစ်စေတဲ့ ရွေးချယ်သုံးစွဲမှုပုံစံကို မြှင့်တင်ရန် လုပ်ဆောင်နေတဲ့ EU SWITCH-Asia Programme Prevent Plastics နဲ့ မိတ်ဖက်အဖွဲ့အစည်း Thant Myanmar တို့ဟာ M-Treasure နဲ့အတူ ကွမ်းဖတ်ဘူးပြုလုပ်နည်းသင်တန်းကို ပြုလုပ်ခဲ့ပါတယ်။ M-Treasure ရဲ့ သဘောထားပြည့်ဝစွာ "ပညာဆီမီး ထိန်ထိန်ညီးတည့် တဖန်ကူးဘိ သူငါညှိလည်း မသိလျော့ရာ ထိန်မြဲသာတည့်" ဆိုရိုးလေးအတိုင်း မိမိတတ်သိနားလည်ထားတဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်ကို သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းပြီး ထိန်းသိမ်းလိုသူများအတွက် ပြန်လည် စာတွေ့ရော လက်တွေ့ပါ ပြောပြ မျှဝေပေးသွားခဲ့ပါတယ်။ သင်တန်းအတွင်း ကွမ်းဖတ်ဘူးထုတ်လုပ်တဲ့ နည်းပညာများကို စနစ်တကျ မျှဝေပေးရုံသာမက ရင်းနှီးမြုပ်နှံမှု အကူအညီလိုအပ်သူများ၊ ကိုယ်ပိုင်လုပ်ငန်းကို စတင်ရန် စိတ်ဝင်စားသူများအတွက် ထုတ်လုပ်စက်ငှားရမ်းရန် ပံ့ပိုးမှုများပါ လုပ်ဆောင်ပေးရန် အသင့်ရှိနေကြောင်း ပြောခဲ့ပါတယ်။
သင်တန်းကို လျှောက်ထားသူ (၄၀၀) ကျော်ထဲမှ လူကိုယ်တိုင် တက်ရောက်ရန်ရွေးချယ်ခံရသူ (၄၀) တို့ဖြင့် လူအများရဲ့ စိတ်ပါဝင်စားမှု များစွာ ရရှိခဲ့ပါတယ်။ သင်တန်းနေရာအတွက် Turquoise Mountain Myanmar မှလည်း ရုံးဆိုက်ရာ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံကို ပံ့ပိုးပေးခဲ့ပါတယ်။ Turquoise Mountain မှ ပြုပြင်ထိန်းသိမ်းထားတဲ့ အဆောက်အအုံကြီးဟာ ယခင်က လူနေအိမ်အဖြစ် နေထိုင်ခဲ့ကြပြီး ယခုအခါမှာတော့ အများပြည်သူဆိုင်ရာ ရိုးရာအမွေအနှစ် အသိပညာပေးရေး၊ ထိန်းသိမ်းရေး၊ မြှင့်တင်ရေး များကိုမျှဝေပေးနေတဲ့ လာရောက်ကြည့်ရှုနိုင်တဲ့ နေရာတစ်ခု ဖြစ်လာပါပြီ။ Turquoise Mountain အဖွဲ့အစည်းကို ဗြိတိန်နိုင်ငံ ဝေလမင်းသား (ယခုတတိယမြောက်ချားလ်စ်ဘုရင် ) က ၂၀၀၆ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ရှေးဟောင်းသမိုင်းဝင်နေရာတွေကို ပြန်လည်ပြုပြင်ပေးခြင်း၊ ရိုးရာလက်မှုပညာများ စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။ ဒီကနေမှတဆင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာပညာရပ်တွေ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဒေသတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ လက်မှုပညာဆိုင်ရာနဲ့ပတ်သက်တဲ့ပညာရပ်တွေ မပျောက်ကွယ်သွားစေရန်ကိုလည်း ကူညီပံ့ပိုပေးလျက်ရှိပါတယ်။

ဒါ့အပြင် အွန်လိုင်းမှ ပါဝင်သူ (၆၀) ကလည်း ကွမ်းဖတ်ဘူးပြုလုပ်နည်း အဆင့်များကို လေ့လာရန်နှင့် အကြံဉာဏ်များ မျှဝေရန် Online (Zoom meeting) မှတစ်ဆင့် ပါဝင်ခဲ့ကြပါတယ်။ သင်တန်းသားအရေအတွက် ကန့်သတ်ချက်များကြောင့် ယခုသင်တန်းမှာ မပါဝင်နိုင်ခဲ့သူများအတွက် သင်တန်းမှတ်တမ်းအား မျှဝေပေးမှာဖြစ်လို့ စိတ်ပါဝင်စားသူ လူတိုင်း အသိပညာ၊ ဗဟုသုတများစွာ ရရှိဖို့ စီစဉ်ဆောင်ရွက်ပေးသွားမှာလည်း ဖြစ်ပါတယ်။ ယခုလို သဘာဝအတွက် သဟဇာတဖြစ်ကာ ရေရှည်တည်တံ့တဲ့ ကွမ်းဖတ်ဖြင့် ထုပ်ပိုးမှုပုံစံများကို ဆန်းသစ်ထုတ်လုပ်ပြီး လူမှုအဖွဲ့အစည်းနဲ့ ဈေးကွက်ထဲမှာပါ ရင်းနှီးကျွမ်းဝင်လာကာ သုံးစွဲလာစေဖို့ မြှင့်တင်ပေးတဲ့ M-Treasure ရဲ့ ကြိုးပမ်းအားထုတ်မှုများစွာအတွက် M-Treasure မှ ဦးကျော်ကျော်မိုးနဲ့အဖွဲ့သားများအား အထူးပင် ကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါတယ်။ M-Treasure မှ မြန်မာနိုင်ငံတွင် ကွမ်းဖတ်ထုတ်ကုန်များစွာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာစေဖို့ စိတ်ရင်းစေတနာဖြင့် ယခု သင်တန်းမှာ ထုတ်လုပ်တဲ့ နည်းပညာများကို စာတွေ့ရော၊ လက်တွေ့ရော၊ ကိုယ်ပိုင်အတွေ့အကြုံများစွာနဲ့ ပံ့ပိုးကူညီပေးခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်အတွက်ရော သက်ရှိတွေအတွက် ကျန်းမာရေးကိုပါ အန္တရာယ်ဖြစ်စေတဲ့ ဖော့ဘူး၊ ပလတ်စတစ်ဘူးတွေအစား… ပတ်ဝန်းကျင်ကိုလည်း ဂရုပြုပြီးသားဖြစ်၊ အမြင်လည်း လှတဲ့ ကွမ်းဖတ်ဘူးများ အသုံးလည်းပြု၊ ထုတ်လုပ်ခြင်းဖြင့် ယခုပဲ တာဝန်သိစွာ လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် စတင်လိုက်ပါ။

Introducing the eco-friendly solution for restaurant food packaging needs - areca food containers made from areca leaves. These containers are not only environmentally friendly but also a healthier option compared to Styrofoam boxes, which can be harmful when exposed to heat.
As part of our mission to reduce plastic usage and promote sustainable alternatives, Prevent Plastics and its project partner Thant Myanmar organised the training on areca box making. The training covered technical aspects and even provided machine rental options for those interested in starting their own business without a significant investment. The response was overwhelming, with over 400 registrants and 40 in-person attendees at our venue partner, Turquoise Mountain Myanmar. Turquoise Mountain, founded in 2006 by His Majesty King Charles III, is dedicated to reviving historic areas and traditional crafts and providing jobs and skills where cultural heritage is under threat. Turquoise Mountain is currently operating in Afghanistan, Myanmar, Saudi Arabia, and the Levant.
The charity was set up in Myanmar in 2016, initially focusing on the restoration of historic buildings in downtown Yangon, promoting traditional crafts like weaving, goldsmithing, and lacquerware production, and fostering arts education and economic development in artisan communities. Turquoise Mountain supports the sales of traditional Myanmar crafts to international markets and showcases the artisans' work on a global stage through a blend of exhibitions, creative and academic partnerships, and campaigns.
Sixty participants join us via Zoom calls to learn the steps of areca-making and share ideas. And for those who couldn't join us due to participant limitations, the training recording will be shared so that everyone can gain knowledge about this production.
We want to express our gratitude to U Kyaw Kyaw Moe and his team at M Treasure for their tireless dedication to promoting eco-friendly alternatives and their efforts to replace plastic packaging with areca packaging. M Treasure also generously supported this training to expand the availability of areca products in Myanmar.
Begins the from harmful foam box to areca box now and stand tall as a responsible & stylish business.
European Union in Myanmar

Photos from Prevent Plastics Myanmar's post 17/01/2024

Invasive Species Workshop by YEAH Delegates

သင်က သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုပြီး တိရစ္ဆာန်ချစ်တဲ့သူတစ်ယောက်လား?

ဒါဆိုရင်တော့ ဒီ Invasive Species Workshop လေးက သင့်အတွက်ပါပဲ။

Invasive IQ: Empowering communities through Education လို့ အမည်ရတဲ့ ဒီ Workshop လေးကတော့ Prevent Plastics Myanmar နဲ့ Thant Myanmar တို့ရဲ့ Youth program လေးတစ်ခုဖြစ်တဲ့ YEAH-Youth For Environmental Action And Hope Program ရဲ့ Delegates လူငယ်များက ဦးဆောင်ပြုလုပ်သွားမှာပါ။

Invasive IQ ဆိုတဲ့ နာမည်လေးအတိုင်း ဒီပရိုဂရမ်က မြန်မာနိုင်ငံ မှာ စိတ်ဝင်စားမှုမြင့်တဲ့ ကျူးကျော်မျိုးစိတ်တွေ အကြောင်း Workshop ပဲ ဖြစ်ပါတယ်။

💢 အတွေ့အကြုံရှိ Speakers တွေက invasive species ဆိုတာဘာလဲ။ ဘာလို့ native ecosystem အပေါ်မှာ ထိခိုက်မှုရှိလဲ။ ဘယ်လိုဖြေရှင်းကြမလဲ။ ဒါ့အပြင် ကျွန်မတို့ရဲ့ native species လေးတွေကော ဘာလို့ endangered ဖြစ်နေတာလဲ?
စတဲ့ အကြောင်းအရာတွေကို မျှဝေလေ့လာနိုင်သွားမှာပါ။

💢 Participants တွေရဲ့ လေ့လာမှုလေးကို evaluate လုပ်ချင်တာကြောင့် pre test, post test လေးလဲရှိမှာဖြစ်ပြီး Post Test Winners (၃) ဦးကတော့ ဆုလက်ဆောင်လေးတွေရမှာဖြစ်ပါတယ်။

(၂) ရက်တာ ကျင်းပသွားမှာဖြစ်ပြီး
Day 1: Jan 20 (Sat) 1-3 pm နဲ့
Day 2: Jan 21 (Sun) 1-3 pm တို့မှာ
Zoom Platform ကနေ ကျင်းပသွားမှာပဲဖြစ်ပါတယ်။

ဒီပရိုဂရမ်မှာ ပါဝင်ဖို့
🔎 ဆယ်ကျော်သက်တွေ၊ အသက် ၂၅ နှစ်အောက် လူငယ်တွေ ဖြစ်ကာ
🔎 သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို စိတ်ပါဝင်စားသူဖြစ်ပြီး Workshop မှာ တက်တက်ကြွကြွ ပါဝင်ပေးရမှာပဲ ဖြစ်ပါတယ်။

‼️ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က
အောက်ပါ Google form လေးကို Jan 18 (Thu) ည ၁၁ နာရီ ၅၉ မိနစ် မတိုင်ခင် အပြေးလေးသွားဖြည့်လိုက်နော်။

https://forms.gle/m4sYiTU6FUK4dgAM7

တက်ရောက်ဖို့ အရွေးချယ်ခံရသူများကို (၂၀၂၄) ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့မှာ Mail ကနေတဆင့် ပေးပို့သွားမှာဖြစ်ပါတယ်။
visual & content courtesy - bioGuardians
illustration - ဂျပွေး

Photos from Prevent Plastics Myanmar's post 14/01/2024

EquiVerse ဟာ Prevent Plastics Myanmar နဲ့ Thant Myanmar တို့က ပူးပေါင်းပြုလုပ်သော Youth Environmental Action and Hope (YEAH) Programme ရဲ့ Delegates လူငယ်များ ဦးဆောင်ပြုလုပ်နေတဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။
Equiverse ဆိုတာကတော့ နေထိုင်ရာ လူ့အဖွဲ့အစည်း ပတ်၀န်းကျင်မှာ ကြုံတွေ့နေရတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ ကျား-မ တန်းတူညီမျှမှု အခွင့်အရေးတွေကို ပိတ်ပင်နေတဲ့ အတားအဆီးတွေ၊ ဘက်လိုက်မှုတွေကို လျှော့ချသွားဖို့ ရည်ရွယ်ပါတယ်။ ကျားမ တန်းတူညီမျှမှု နဲ့ သဘာ၀ပတ်၀န်းကျင် ရေရှည်တည်တံ့မှုတို့အ ချင်းချင်း ဆက်နွယ်နေပုံကို လူအများသိရှိနားလည်ပြီး သာတူညီမျှမှုရှိရှိ ရေရှည်တည်တံ့တဲ့ လူမှုပတ်၀န်းကျင်တစ်ခုကို ဖန်တီးပေးဖို့ EquiVerse Project လေး ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်။
ယခုဆို (၂) ရက်တာ Webinar ပြုလုပ်သွားမှာဖြစ်သလို ပါဝင်သူများကိုယ်တိုင် လုပ်ဆောင်နိုင်တဲ့ အစီအစဉ်များလည်း ရှိတာမို့လို့ ပါဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။

ကျား-မ ခွဲခြားဆက်ဆံခံရမှုတွေ
ကြောင့် လူသားတွေ၊ အထူးသဖြင့်အမျိုးသမီးအများစုဟာ သူတို့ရဲ့ရသင့်ရထိုက်တဲ့အခွင့်ရေးတွေဆုံးရှုံးနေကြပါတယ်။‼️ ဒီလိုမျိုးဆုံးရှုံးမှုတွေရဲ့နောက်ဆက်တွဲအကျိုးဆက်တွေအနေနဲ့ ပတ်၀န်းကျင်နဲ့လှုမှုရေးတွေကိုပါထိခိုက်စေတဲ့အထိဖြစ်လာပါတယ်။ ဒါကြောင့် ကျား-မ တန်းတူညီမျှမှုဆိုတာကို လူတိုင်း သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။

💜⚧️ဆိုတော့ ကျား-မ တန်းတူညီမျှမှု (Gender Equality) ရဲ့ အဓိပ္ပာယ်၊ ပတ်၀န်းကျင်မှာဖြစ်ပေါ်နေတဲ့ ခွဲခြားဆက်ဆံမှု၊ မညီမျှမှု၊ ဘက်လိုက်မှုတွေအကြောင်း၊ Gender equality၊ Plastic Waste နှင့် environmental sustainability တို့ရဲ့အပြန်အလှန်အကျိုးသက်ရောက်မှု စတဲ့အကြောင်းအရာတွေနဲ့ပတ်သတ်ပြီး ဆွေးနွေးသွားမယ့် Online Webinar လေးတစ်ခုကို EquiVerse ကနေပြီး ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။✨

▪️EquiVerse Organization ဆိုတာကတော့ Prevent Plastics Myanmar နဲ့ Thant Myanmar တို့ကပူးပေါင်းပြုလုပ်ထားတဲ့ Youth Environmental Action and Hope(YEAH) ဆိုတဲ့programလေးအောက်ကနေဖြစ်ပေါ်လာတဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။

▪️Equiverse မှ ပထမဆုံးအကြိမ်ကျင်းပတဲ့ Online Webinar ကတော့ “EquiSustain” လို့ အမည်တွင်ပြီး 2️⃣ ရက်တာကြာမြင့်မှာပဲဖြစ်ပါတယ်။

▪️ဒီ webinar လေးကတော့ ကျားမ တန်းတူညီမျှမှုနှင့် သဘာ၀ပတ်၀န်းကျင်ရေရှည်တည်တံ့မှုတို့အကြောင်းကို လူအများသိရှိနားလည်ပြီး သာတူညီမျှမှုရှိပြီး ရေရှည်တည်တံ့တဲ့ ပတ်၀န်းကျင်တစ်ခုကို ဖန်တီးပေးဖို့ ရည်ရွယ်ထားပါတယ်။⚧️🌍

▪️ဒီwebinarလေးမှာ သက်ဆိုင်ရာ နယ်ပယ်အသီးအသီးမှ guest speakers တွေလည်းပါ၀င်ထားတဲ့အပြင် စိတ်၀င်စားစရာကောင်းတဲ့ အစီအစဉ်တွေလည်း ထည့်သွင်းပေးထားပါတယ်ရှင်။🙆💞

ဒါကြောင့်စိတ်ဝင်စားသူများ အနေနဲ့ကတော့ “EquiSustain” Webinar လေးကို အောက်ပါအစီစဉ်အတိုင်းတက်ရောက်နိုင်ပါတယ်ရှင်။👇🏻

Day 1️⃣ : Lecture + Discussion
🌱 Topic : Plastic Waste and Environmental Sustainability
🗓 Date: 18.1.2024 (Thursday)
⏰ Time: 7:00-9:00 pm MMT
👩🏻‍💻 Platform : Zoom

Day 2️⃣ : Panel Talk
🚻 Topic : All about Gender Equality
🗓 Date: 19.1.2024 (Friday)
⏰ Time: 7:00-9:00 pm MMT
👩🏻‍💻 Platform : Zoom

✨ Special Session
▪️🎥 Video Presentation by Audiences
🚻 Topic : Gender Equality in our Society
🗓 Video Submission Deadline: 24 .1.2024 (11:59pm) (Wednesday)
🥇 Prize - 20000 mmk (Winner)
🥇 Prize - 20000 mmk (People's Choice )

‼️update လုပ်လိုက်တဲ့ EquiSustain Webinar လေးရဲ့ Day-3 အစီအစဉ်ကတော့ webinar မဟုတ်တော့ဘဲ Video Presentation လေးဖြစ်သွားပါမယ်ရှင်။📌

ဘယ်လိုပါ၀င်ရမလဲ။⁉️
Video Presentation by Audiences အစီအစဉ်လေးကို
ပါ၀င်ဖို့အတွက် တစ်ယောက်ထဲ ဖြစ်‌စေ ၊ 1-6 ယောက်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အနေနဲ့ဖြစ်စေ
အရင်ဆုံး စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ 🗳️

Video Presentation ကဘယ်လိုမျိုးလဲ။ Video ထဲမှာဘယ်လိုအကြောင်းအရာတွေကို ပြောပြရမှာလဲ❓။
ပါ၀င်သူတွေအနေနဲ့ Video တစ်ပုဒ်ဖန်တီးပေးရမှာပဲဖြစ်ပါတယ်။

အသေးစိတ်သိချင်ရင်တော့ အောက်ပါပုံထဲမှာ ၀င်ကြည့်ပေးပါရှင်။

ကဲ...ဒီ Online Webinar လေးကိုတက်ရောက်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်မှာ Register လုပ်နိုင်ပါတယ်နော်။🖇️👇🏻

https://forms.gle/Uq26ukZawvhxYycQ7

Video Presentation Session မှာ ပါ၀င်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်မှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်ရှင်။ 🖇️👇🏻

https://docs.google.com/forms/d/e/1FAIpQLSdQMhnVpn9mjj1P4-38jg5qZHWlYIe1P3CXrUdCz6pR35pIZg/viewform?usp=pp_url

Our Facebook Group Link 📌

https://www.facebook.com/groups/2102396466785611/?ref=share

EquiSustain Webinar လေးရဲ့ Guest Speakersတွေက ဘယ်သူတွေဖြစ်မလဲဆိုတာကိုတော့ မကြာခင်မှာ ကြေညာပေးသွားမှာမို့ ဆက်လက်စောင့်ကြည့်ပေး
ကြပါအုံးရှင်။🙆💜

Cotent Courtesy - EquiVerse Team

Exciting news from the YEAH Programme! YEAH mission is to equip youth for active contribution to sustainable development. Introducing our YEAH delegates' projects, a fusion of expert knowledge and passion crafted with fellow delegates within strict budgets.
YEAH Project is an opportunity for our delegates to shine and demonstrate their growth, as well as to empower the community.
Purpose >> APPLY, SUSTAIN, EMPOWER

12/01/2024

Update - Registration Confirmation ကို ဇန်နဝါရီလ (၁၆) ရက်နေ့ နေ့လယ် (၁:၀၀) နာရီမှာ ပေးပို့သွားပါမယ်နော်
လုပ်ငန်းစတင်လုပ်ကိုင်ရန် အစီအစဉ် ရှိသူများကို ဦးစားပေးရွေးချယ်သွားပါမယ်လို့ အကြောင်းကြားပါရစေနော်။

ကွမ်းဖတ်ဘူးလေးတွေ ခေတ်စားလာတော့ မိမိပတ်ဝန်းကျင်က လူမှုအဖွဲ့အစည်းတွေအတွက် အတူ တာဝန်သိသိ စီးပွားရေးလုပ်ရင်း အမှိုက်ကို လျှော့ချချင်ကြတဲ့ စိတ်တူကိုယ်တူ စိတ်ပါဝင်စားသူများရှိလာတာကို တွေ့မြင်လာရပါတယ်။ M-Treasure ရဲ့ သဘောထားပြည့်ဝစွာ
"ပညာဆီမီး
ထိန်ထိန်ညီးတည့်
တဖန်ကူးဘိ
သူငါညှိလည်း
မသိလျော့ရာ ထိန်မြဲသာတည့်" ဆိုရိုးလေးအတိုင်း မိမိတတ်သိနားလည်ထားတဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်ကို သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းပြီး ထိန်းသိမ်းလိုသူများအတွက် ပြန်လည် စာတွေ့ရော လက်တွေ့ပါ ပြောပြ မျှဝေပေးသွားမှာဖြစ်ပါတယ်။
သင်တန်းအတွင်းမှာ ကိုယ်တိုင် လုပ်ငန်းဘယ်လို စတင်ရမလဲအပြင် စက်ပစ္စည်း ငှားရမ်းပေးတာ၊ ထုတ်ကုန်အရောင်းအတွက် ချိတ်ဆက်ပေးတာတွေပါ ပါဝင်သွားမှာ ဖြစ်ပါတယ်။

ကွမ်းဖတ်ဘူးဆိုတာကတော့ ကွမ်းပင်ရဲ့ သစ်ရွက်သစ်ခေါက်ကနေ ပြုလုပ်ထားတာဖြစ်ပြီး သဘာဝက ရတာဖြစ်လို့ လွှင့်ပစ်ပြီးနောက် သဘာဝအလျောက် ပျက်စီးဆွေးမြေ့ပြီး မြေဆွေးဖြစ်ဖို့ လွယ်ပါတယ်။ ကျန်းမာရေးကိုရော သဘာဝပတ်ဝန်းကျင်ကိုရော ထိခိုက်မှုမရှိတဲ့အပြင် စွန့်ပစ်ပစ္စည်းထွက်ရှိမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ကောင်းကျိုးများစွာရှိတဲ့ ကွမ်းဖတ်ဘူးတွေကို သုံးတာက သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်ပြီးသားလည်း ဖြစ်၊ မိမိကျန်းမာရေးအတွက်လည်း မထိခိုက်သလို ပြည်တွင်းထုတ်ကုန်တွေကို အားပေးပြီးသားဖြစ်ပါတယ်။

သင်တန်းကို ရန်ကုန်မြို့တွင်းမှာ လူကိုယ်တိုင် ပို့ချပေးသွားမှာဖြစ်ပြီး အွန်လိုင်း Zoom ကနေလည်း ပါဝင်နိုင်အောင် Hybrid အနေနဲ့ ပြုလုပ်သွားဦးမှာပါ။
နေ့ရက် - ၁၇.၀၁.၂၀၂၄
အချိန် - နေ့လယ် (၁:၀၀) မှ (၄:၀၀) အထိ
သင်တန်းတွင် ပါဝင်ဖို့ စာရင်းပေးသွင်းရန် >> https://docs.google.com/forms/d/e/1FAIpQLSc5dyIxDvMlIFVRoQQMCiitDDaLB9fCDKzAcwSctAPAUbZnDQ/viewform

ရန်ကုန်သင်တန်းပြုလုပ်သွားမဲ့ လိပ်စာအသေးစိတ်ကို စာရင်းပေးသွင်းမှု အတည်ပြုခြင်းပြုလုပ်တဲ့အခါ အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။

လူဦးရေ ကန့်သတ်ထားတာကြောင့် (၂၀၂၄) ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီ မတိုင်ခင်မှာ စာရင်းပေးသွင်းဖို့ အသိပေးပါရစေနော်။

EU SWITCH-Asia Programme European Union in Myanmar

Photos from Prevent Plastics Myanmar's post 11/01/2024

ရေရှည်တည်တံ့အောင် လုပ်တယ် ဆိုတာကို စကားအဖြစ်ပဲ ပြောနေတော့မှာလား?
သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားသူတိုင်း Sustainable ဖြစ်အောင် တကယ် လုပ်မယ်ဆိုရင် Circular Economy ကို လုံးဝမေ့ထားလို့မရပါဘူးနော်။

ကျွန်ုပ်တို့ နေ့စဉ် အသုံးပြုနေတဲ့ (ထုတ်၊သုံး၊ပစ်) Linear Economy ကြီးဟာ ကမ္ဘာမြေကြီးနဲ့ ကျွန်ုပ်တို့ လူသားအားလုံးကို အလွန်အင်မတန် ထိခိုက်စေပါတယ်။ Linear Economy တစ်သမတ်စီးပွားရေးစနစ် ဆိုတာက ကျွန်ုပ်တို့ရဲ့ ကမ္ဘာမြေကြီးထံမှ သယံဇာတ(ကုန်ကြမ်း) တွေကို ထုတ်ယူ (take)၊ ပစ္စည်းတွေ ထုတ်လုပ် (make)ပြီး နောက်ဆုံးမှာ စွန့်ပစ်အမှိုက် (dispose) အဖြစ်သို့ ရောက်ရှိ‌သွားတဲ့ တစ်သမတ်သွား စီးပွားရေးစနစ် ဖြစ်ပါတယ်။ ထုတ်လုပ်မှု များလာတာနဲ့အမျှ သယံဇာတအရင်းအမြစ်တွေ လုံလောက်မှု မရှိတော့ဘဲ တစ်ဖက်မှာလည်း သုံးစွဲမှု များလာတဲ့အတွက် စွန့်ပစ်အမှိုက်တွေဟာ များသထက်များပြားလာပါတယ်။ ဒါ‌တွေဟာ စက်မှုတော်လှန်ရေး စတင်ကတည်းက ဖြစ်ခဲ့တာ‌ဆိုတော့ နှစ်ပေါင်း (၂၀၀) ကျော်လောက်ရှိခဲ့ပါပြီ။ ဒါပေမဲ့ အခုအချိန်မှာ သင့်အနေနဲ့ Circular Economy စက်ဝိုင်းပုံဆောင်စီးပွားရေး နဲ့ ထိန်းသိမ်းလို့ ရပါသေးတယ်။

Circular economy ဆိုတာ ဘာလဲ

Circular Economy စက်ဝိုင်းပုံဆောင် စီးပွား‌ရေးစနစ် ဆိုတာ Linear Economy တစ်သမတ်စီးပွားရေးစနစ် ရဲ့ ဆန့်ကျင်ဘက်ပါ။ အသုံးပြုပြီး ပစ္စည်းများကို အမှိုက်ပုံထဲသို့ လွှင့်ပစ်မယ့်အစား ပြန်လည်ပြုပြင်ခြင်း (repair)၊ အဆင့်မြှင့်တင်ခြင်း(upgrade)၊ ပြန်လည်ထုတ်လုပ်ခြင်း (remanufacture) စတဲ့အရာတွေကို လုပ်ဆောင်ပြီး ပစ္စည်းရဲ့တန်ဖိုးနဲ့ အသုံးဝင်မှုကို သက်တမ်းရှည်ကြာအောင် ထိန်းသိမ်းပေးတဲ့ စီးပွားရေးစနစ် ဖြစ်ပါတယ်။ ဒါ့အပြင် ပြန်လည်အသုံးပြုသည့် လမ်းစဉ်တစ်လျှောက် ပစ္စည်းမှာပါဝင်တဲ့ အက်တမ်နဲ့မော်လီကျူး‌တွေကို မူလတန်ဖိုးအတိုင်း သန့်စင်နေအောင် ထိန်းသိမ်းပေးတဲ့ စီးပွားရေးစနစ်လည်းဖြစ်ပါတယ်။ ဒါကြောင့် Circular Economyမှာ (waste )စွန့်အပစ်အမှိုက် ၁ရာခိုင်နှုန်းတောင် မရှိပါဘူး။ ဥပမာ- သင်က အအေးတစ်ပုလင်းဝယ်သောက်လိုက်တယ်ဆိုပါစို့၊ အဲဒီ အအေးပုလင်းကို အမှိုက်ပုံးထဲ မလွှင့်ပစ်ဘဲ ပြန်လည်အသုံးပြုတာမျိုး ဒါမှမဟုတ် ဈေးဝယ်ထွက်တဲ့အခါ ပလတ်စတစ်အိတ်မယူဘဲ ကိုယ်ပိုင်အိတ်နဲ့သာ ဈေးဝယ်ထွက်တာမျိုး၊ နောက်ပြီး ထုတ်ပိုးပြင်ဆင်ထားတဲ့ ပစ္စည်းတွေကို မဝယ်တာတွေဟာ Circular Economy ကိုကျင့်သုံးတဲ့ အလေ့အထ‌ပါပဲ။

Circular Economyရဲ့ Founding Father တစ်ဦးဖြစ်တဲ့ Dr. Walter Stahel ဟာ Circular Economy ဟာ Caring Economy ပါလို့ ပြောပါတယ်။

ဒါဆို ဘာကြောင့် Caring Economy လို့ပြောရတာလဲ

စက်မှုလုပ်ငန်းတွေ မတိုးတက်သေးခင် ထုတ်ချင်တိုင်း ထုတ်လို့မရတဲ့ကာလမှာ လူတွေဟာ မိမိပစ္စည်းကိုသာ အလေးထားသုံးစွဲခဲ့ပါတယ်။ ထိုသို့ အလေးထားသုံးစွဲခြင်း‌ဖြင့် ကျွန်ုပ်တို့ရဲ့ သယံဇာတများကို အလေအလွင့်မရှိစေဘဲ ရေရှည်တည်တံ့ခိုင်မြဲစေပါတယ်။ ဒီလို သယံဇာတများကို ထိန်းသိမ်းပေးခြင်းဟာ Economy တစ်ခုလုံးကို ဂရုစိုက်ခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် "Circular Economy is the Caring Economy" လို့ပြောရခြင်းဖြစ်ပါတယ်။

ယခုအခါမှာ Circular Economy စက်ဝိုင်းပုံဆောင်စီးပွားရေး ပိုမိုတွင်ကျယ်လာစေဖို့
-တစ်ပတ်လည် အသုံးပြုနိုင်သော ထုတ်ကုန်/ဝန်ဆောင်မှု ပုံစံရေးဆွဲခြင်း၊
- မုန့်ပဲသရေစာတွေ ဝယ်စားတဲ့အခါမှာ ပလတ်စတစ် ဇွန်းခရင်းအစား အကုန်လုံး ဝါးစားလို့ရတဲ့ ဇွန်းခရင်းတွေ၊
-ဆပ်ပြာရည်ဘူး၊ ခေါင်းလျှော်ရည်ဘူး စတဲ့ထုတ်ပိုးမှုပါတဲ့အရာတွေအစား အခဲလုပ်ပြီးအသုံးပြုတာတွေ ၊
-အင်္ကျီအသစ်တွေ၊ အရုပ်အသစ်‌တွေဝယ်မဲ့အစား ငှားရမ်းလဲလှယ် အသုံးပြုလို့ရတဲ့ ဝန်ဆောင်မှုတွေ၊
-ပျက်စီးနေတဲ့ပစ္စည်းတွေကို ပြန်လည်ပြုပြင်ပေးတဲ့ဆိုင်တွေ စသည်တို့ကို တီထွင်ဖန်တီး လာကြပါပြီ။

အဓိက သိထားရမှာကတော့ Circular Economy စက်ဝိုင်းပုံဆောင် စီးပွားရေးစနစ်မှာ 3Rs (Reduce,Reuse, Recycle) ဆိုတဲ့ အရေးကြီးတဲ့ ကဏ္ဍသုံးရပ် ပါဝင်ပါတယ်။ Reduce and Reuse က အထက်မှာပြောခဲ့သလို စွန့်ပစ်ပစ္စည်း လုံးဝ မထွက်စေဘဲ ကျင့်သုံးရ လွယ်ကူလွန်းလှပါတယ်။ Recycle ကကျတော့ 3Rs ထဲမှာ ပါသော်ငြားလည်း Waste အနည်းငယ် ထွက်နိုင်ပါတယ်။ Plastic Recycling လုပ်မယ်ဆိုရင် (၆) ရာခိုင်နှုန်းကနေ (၉) ရာခိုင်နှုန်းလောက်ထိ waste ထွက်နိုင်ပါတယ်။ အကောင်းဆုံးကတော့ တတ်နိုင်သလောက် လျှော့ချပြီး ပြန်လည်အသုံးပြုခြင်းပါပဲ။

အထက်မှာပြောခဲ့တဲ့အတိုင်း Circular Economy စက်ဝ်ိုင်းပုံဆောင်စီးပွားရေးဟာ ကိုယ့်အကျိုးစီးပွားကိုလည်း မဆုတ်ယုတ်စေဘဲ သဘာဝအတွက် ရေရှည်တည်တံ့ကောင်းမွန်စေပြီး ကျင့်သုံးရ လွယ်ကူတဲ့စီးပွားရေးပုံစံဖြစ်တာမို့ ယနေ့ပဲ စတင်ကျင့်သုံးလိုက်ကြရအောင်နော်။

Burmese Content Courtesy - Dar Dar, YEAH Delegates Myo Pa & Celine

Rajat Batra, Chief Executive Officer of STENUM Asia, brought insightful wisdom to our YEAH delegates in Yangon through seasoned in-person training on the Circular Economy.

During his visit, Rajat enlightens our delegates on their pivotal role in this sustainable model. The training session left our YEAH delegates blessed with immersive knowledge about their contribution to a more sustainable future.

"No one could explain the circular economy better than Rajat!" - An appreciative endorsement from one of our inspired delegates.

EU SWITCH-Asia Programme European Union in Myanmar

Photos from Prevent Plastics Myanmar's post 03/01/2024

မကြာမီ လာမည်ဖြစ်တဲ့ YEAH Program ရဲ့ Sharing အစီအစဉ်သစ်

Prevent Plastics နဲ့ Thant Myanmar ကနေ ပူးပေါင်းစီစဉ်နေတဲ့ YEAH Program ဟာ အခုဆိုရင် ပရိုဂရမ် ခရီးတစ်ဝက်ကို ရောက်လာပါပြီ။ မြန်မာနိုင်ငံအနှံ့က YEAH Delegates လူငယ်လေးများကလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပိုမိုရင်းနှီးကျွမ်းဝင်လာကြကို မြင်တွေ့ရတာ ပီတိဖြစ်စရာပါ။

ယခုဆို ပရိုဂရမ်မပြီးဆုံးခင် လူငယ်များနဲ့ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးကို သိနားလည်လာစေဖို့ Activities များ ထပ်မံစီစဉ်ထားပါတယ်။

Heritage & Sustainability (အမွေအနှစ်နှင့်ရေရှည်တည်တံ့မှု)

မြန်မာနိုင်ငံမှာ ယဉ်ကျေးမှုအမွေအနှစ်များစွာ တည်ရှိပေမဲ့ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်မှသာလျှင် ရေရှည်တည်တံ့မှာဖြစ်ပါတယ်။ ဒီလို အမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းစဥ◌်တွေမှာ လူငယ်တွေ တက်တက်ကြွုကွ ပါဝင်လာစေဖို့ Turquoise Mountain Myanmar အဖွဲ့ရဲ့ Outreach, Education, and Events Officer ဖြစ်တဲ့ မမြသဉ္ဇာခိုင်ကနေ ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးဆိုင်ရာ ဗဟုသုတများနဲ့ အတူ ယဉ်ကျေးမှု အမွေအနှစ်နှင့် ရေရှည်တည်တံ့မှုအကြား အပြန်အလှန်ဆက်နွှယ်မှုများ၊ ဒါတွေနဲ့ဆက်စပ်နေတဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင် များ စသည်တို့ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ လူငယ်များ အနေနဲ့ အမွေအနှစ်များ ထိန်းသိမ်းရာမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများကိုပါ လေ့လာသွားမှာဖြစ်ပြီး၊ ကာကွယ်ထိန်းသိမ်းဖို့အတွက် လူငယ်တို့ ရဲ့ အခန်းကဏ္ဍကိုပါ မျှဝေပေးသွားမှာပါ။ Turquoise Mountain အနေနဲ့ မြန်မာနိုင်ငံမှာ ယဉ်ကျေးမှုအမွေအနှစ်းထိန်းသိမ်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အစရှိတဲ့ အပိုင်းတွေမှာ ဘယ်လို အားဖြည့်ပါဝင်ပေးနေလဲဆိုတာကို case study မှတဆင့် လေ့လာသွားရဦးမှာလည်းဖြစ်ပါတယ်။

ယခု မျှဝေခြင်းကနေတဆင့် YEAH Delegates လူငယ်များလည်း အသိပညာ၊ ဗဟုသုတအသစ်များစွာ ရရှိကာ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းတတ်လာစေဖို့နဲ့ မိမိနေထိုင်ရာဝန်းကျင်မှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ကို စတင် ဦးဆောင် ပြောင်းလဲနိုင်စေဖို့ မျှော်လင့်ပါတယ်။

We're thrilled to unveil a new course for our YEAH delegates, diving deep into heritage, sustainability, and their interconnected beauty! YEAH Delegates will explore the essence of heritage, the discourse surrounding it, and the crucial importance of safeguarding our shared legacy.

Insights into sustainability concepts, featuring the Sustainable Development Goals (SDGs).
Understanding the profound link between cultural heritage and sustainable themes.
Unveiling the challenges and threats faced by our heritage with strategies to protect and sustain it.
An immersive case study on Turquoise Mountain's contributions to heritage preservation and sustainable development.

Introducing Mya Thinzar Khine, Outreach, Education, and Events Officer at Turquoise Mountain Myanmar. Her expertise will add a real-world dimension to your learning experience!

YEAH's Mission:
We're on a mission to empower youth with the skills and knowledge to contribute actively to sustainable development. Our comprehensive curriculum spans a wide range of environmental topics, fostering a deep passion for conservation and positive change while promoting the EU green deal in Myanmar and making a lasting impact!

EU SWITCH-Asia Programme European Union in Myanmar

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ဒီပလတ်စတစ်တွေကြောင့် ကမ္ဘာကြီး ပျက်စီးသွားနိုင်တယ်!
🌏ကမ္ဘာမြေကြီး 🌳စိမ်းလန်းစိုပြည်ဖို့ ခြေ တစ်လှမ်း👣 မှစကြစို့
🏙️🌇စည်ကားတဲ့ မြို့ပြနေရာ… ဘဝရဲ့ ရိုက်ခတ်မှုတွေအကြား လှုပ်ရှားသွားလာသူတွေရဲ့ နေ့စဉ်ဘဝတွေမှာ ပိုမို မြန်ဆန်လွယ်ကူဖို့ တစ်ခ...
မိတ်ဆွေတို့ရော အဆင်သင့်ဖြစ်ပြီလား?  Breaking the Plastic Cycle: Conquering the Pollution Crisis | World Environment Day ...
ဒီပလတ်စတစ်တွေကြောင့် ကမ္ဘာကြီး ပျက်စီးသွားနိုင်တယ်!
သဘာဝမြေဆွေး လုပ်ပြီး သစ်ပင်စိုက်ရအောင်
👶 ကဗျာရွတ်ရင်း ကကြမယ်
မိတ်ဆွေတို့ရော အဆင်သင့်ဖြစ်ပြီလား?  Breaking the Plastic Cycle: Conquering the Pollution Crisis | World Environment Day ...
ပလတ်စတစ် အစားထိုး ကြက်ဥဘူးကလေးများ ဖန်တီးခြင်း
လာ...အတူတူ ပလတ်စတစ်မယူဘဲ ဈေးဝယ်မယ်လေ
မယူဘူးနော်"❌ ပြောပြီး ဈေးသွားမယ်
မယူဘူးနော်"❌ ပြောပြီး ဈေးသွားမယ်

Address


56, M1 Thiri Marlar Street
Yangon
11061

Other Environmental Conservation in Yangon (show all)
Save the Leaf Save the Leaf
Yangon

This page is intended to promote awareness for environmental issues and air pollution caused by burning dry leaves and trash.

WASH Nexus for Myanmar WASH Nexus for Myanmar
Yangon

As a group of inspired young leaders from the Myanmar Environmental Leadership Accelerator Program organized by 10 Billion Strong and Her Organizations, we are here to provide an o...

Yangon is Sick Yangon is Sick
Yangon
Yangon

အများပြည်သူအတွက် အကျိူးရှိသည်များကို မျှဝေပေးရန် ရည်ရွယ်ပါသည်။

Earth Wise Earth Wise
Yangon

promoting environmental awareness among youths

Environmental Science Online Environmental Science Online
Yangon, 11041

ပတ်ဝန်းကျင်ရေးရာဆိုင်ရာ အသိပညာရပ်များ မျှဝေဖြန့်ဝေပေးနိုင်ရန်

Mandafe Van RENT Mandafe Van RENT
Padada Davao Del Sur
Yangon, 2005

Mandafe VAN RENT Address: Lindahomes block2 lt 27 Email: [email protected] TM#: 09518189389 TNT#: 09486377523 You can message us in this page if you want to rent, prices wi...

Miss Earth Myanmar Miss Earth Myanmar
Yangon

MISS EARTH MYANMAR, environmentally - dedicated national beauty pageant for Myanmar! 🇲🇲

Super Solar Super Solar
Nawaday Garden Housing
Yangon

Our Vision Through a social enterprise, we are creating products that provide jobs and improve the quality of life for families living in poverty.

Myanmar Underwater Federation Myanmar Underwater Federation
Building 11, MICT Park, Hlaing Township
Yangon, 11051

WM Daigo Wastewater Treatment WM Daigo Wastewater Treatment
116, Thamine Station Road, Mayangone Township
Yangon

Wastewater Treatment Services and Water Solution

Nature Conservation Society-Myanmar Nature Conservation Society-Myanmar
No. 72, B-5, Marlarmyaing 6th Street, 16 Ward, Hlaing Township, Postal Code, Yangon Region
Yangon, 11051

Nature Conservation Society-Myanmar is Non-Profit, Non-Religious and Non-Politic, environmental conse

Birds and Wildlife Assist - Myanmar Birds and Wildlife Assist - Myanmar
No. 210 , Pi Moe Ning Street
Yangon, 11201

Myanmar@Burma is one of richest biodiversity in South East Asia.It has about 1100 bird species;8 endemic species,about 300 species of mammals,32 species of turtle,1169 butterflies,...