Shwe Kan Kaw Tea House - Kabaraye Branch

Delicious , Healthy, Fresh foods , Clean&Unique Area

02/06/2022

မေလ ရဲ့ လူကြိုက်အများဆုံး မီနူးများ😍✨

ကဲ အခုတစ်ခါမှာတော့ ရွှေကံကော် ကမ္ဘာအေးဆိုင်ခွဲမှာ မေလတစ်လလုံး အရောင်းရဆုံးနဲ့ လူကြိုက်အများဆုံး မီနူး (၆) ခု ကိုဖော်ပြပေးလိုက်ပါတယ်။ ဒီမီနူး (၆) ခုကတော့ မတူကွဲပြားတဲ့ အရသာတွေနဲ့ စားသုံးသူတိုင်း ကြိုက်နှစ်သက်စေ ခဲ့ပါတယ်။😍🤗

လူကြိုက်အများဆုံး မီနူး (၆) ခုကတော့
(၁) ပြည်ထမင်းသုပ်
(၂) မလိုင်နံပြား
(၃) နန်းကြီးသုပ်
(၄) ထမင်းပေါင်း
(၅) ဝက်လက်ပေါင်းစတူး
(၆) ဝက်လက်ထမင်းပေါင်း တို့ပဲဖြစ်ပါတယ်။🥰

ဒီ မီနူး (၆) ခုက ဘာလို့ လူကြိုက်များပြီး အရောင်းရဆုံးဖြစ်လဲဆိုတာကိုတော့ ကိုယ်တိုင်လာရောက် စားသုံးကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…….🥰

ရွှေကံကော် ကမ္ဘာအေးဆိုင်ခွဲ - အမှတ် (၄၀၈)၊ ဝါယာလက်(၃)လမ်းနှင့် ရေကူးရွာမလမ်းထောင့်, မရမ်းကုန်းမြို့နယ် ။
ဖုန်း - ၀၉ - ၂၆၄ ၇၀၉ ၁၁၀၊ ၀၉ - ၇၅၇ ၅၂၇ ၂၁၅
#ရွှေကံကော်

23/05/2022

"လက်ဖက်ရည်ဆိုင်ထိုင်ခြင်း ဓလေ့"

လက်ဖက်ရည်ဆိုင်ဆိုတာ လက်ဖက်ရည်သောက်စရာနေရာ၊ အစားအသောက် စားစရာနေရာထက် ပိုပါတယ်။

လက်ဖက်ရည်ဆိုင်မှာ မိသားစုအရေး ရပ်ရေးရွာရေး ပြောကြဆိုကြတယ်။ မနေ့ညက ဘောလုံးပွဲအကြောင်း ပြန်ပြောကြတယ်။ငြင်းကြခုန်ကြတယ်။ လက်ဖက်ရည်လေး တစ်ငုံလောက်သောက် ဆေးလိပ်လေး တစ်ဖွာလောက်ဖွာပြီး တွေးကြ ဆွေးကြတယ်။ ဒါဟာ လက်ဖက်ရည်ဆိုင်တွေရဲ့ ဓလေ့ပါပဲ။

လက်ဖက်ရည်ဆိုင်ဆိုတာ ငယ်ငယ်တုန်းက လူကြီးမိဘတွေ လက်ဖက်ရည်၊မုန့်သွားဝယ်ခိုင်းတဲ့ စားသောက်ဆိုင်နေရာတစ်ခု။ လူငယ်အရွယ်ရောက်လာတော့ သူငယ်ချင်းတွေနဲ့ ဆုံရာ စုရပ်တစ်ခု။ လူကြီးပိုင်းရောက်လာတော့လည်း အလုပ်ကိစ္စဆွေးနွေးရာ၊ ရပ်ရေးရွာရေး ဆွေးနွေးရာ နေရာတစ်ခုဖြစ်လာပါရော။ ဒါကြောင့် လက်ဖက်ရည်ဆိုင်ဆိုတာ အရွယ်သုံးပါးလုံးနဲ့ ကင်းတယ်ရယ်လို့မရှိပါဘူး။

လက်ဖက်ရည်ကို ဇိမ်နဲ့ မျှဉ်းသောက်၊ ဆေးလိပ်မီးခိုးကို ခေါင်းမော့ မှုတ်ထုတ်လိုက်ရင်း ရုပ်ရှင်ဆန်ဆန် ပျင်းတိလေးကန်လုပ်နေရတာကိုကလည်း လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့ အရသာတစ်မျိုးပါ။

ဘယ်နေရာ ဘယ်အရပ်ပဲ ရောက်ရောက်၊ ဘယ်အချိန်ပဲရောက်ရောက် လက်ဖက်ရည်ဆိုင် ဆိုတာ စိတ်ရဲ့ အပန်းဖြေရာ၊ စိတ် တဒင်္ဂလွတ်မြောက်ရာ၊ ခံစားချက်တွေ ဖြေဖောက်ဖို့ရာ အရပ်ပဲဖြစ်တယ်။

လက်ဖက်ရည်ဆိုင် ချစ်သူတွေလည်း ရွှေကံကော် ကမ္ဘာအေးဆိုင်ခွဲကို လာပြီး လက်ဖက်ရည်ဆိုင်ဓလေ့ကို လာခံစားပြီး စိတ် တဒင်္ဂလွတ်မြောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ရွှေကံကော် ကမ္ဘာအေးဆိုင်ခွဲ - အမှတ် (၄၀၈)၊ ဝါယာလက်(၃)လမ်းနှင့် ရေကူးရွာမလမ်းထောင့်, မရမ်းကုန်းမြို့နယ် ။
ဖုန်း - ၀၉ - ၂၆၄ ၇၀၉ ၁၁၀၊ ၀၉ - ၇၅၇ ၅၂၇ ၂၁၅
#ရွှေကံကော် #လက်ဖက်ရည်ဆိုင်ထိုင်ခြင်းဓလေ့

16/05/2022

လက်ဖက်ရည်မလိုင် (စီလုံတီး) လား? မလိုင်ကော်ဖီ လား ?

မလိုင်များများ ၊ နွားနို့ပျစ်ပျစ် ဖျော်စပ်ထားတဲ့ လဘက်ရည်တစ်ဝက်၊ နွားနို့မလိုင် တစ်ဝက် အချိုးကျ ရောစပ်ထားတဲ့ လက်ဖက်ရည်မလိုင် (စီလုံတီး) လား ချစ်သူလား?

ကော်ဖီကို နွားနို့ပျစ်ပျစ်၊ မလိုင်များများနဲ့ ဖျော်စပ်ထားတဲ့ မလိုင်ကော်ဖီ ချစ်သူလား?

လက်ဖက်ရည်မလိုင် (စီလုံတီး) ရော မလိုင်ကော်ဖီ ရော နှစ်မျိုးလုံးက လျှာစည်းစိမ်ကို အပြည့်အဝခံစားမှုပေးနိုင်တာကြောင့် ရွေးချယ်ဖို့ ဒွိဟဖြစ်နေမှာ အမှန်ပါပဲ ........

ရွှေကံကော် ကမ္ဘာအေးဆိုင်ခွဲ လာပြီး စီလုံတီးရော မလိုင်ကော်ဖီရော လာသောက်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်🤗

ရွှေကံကော် ကမ္ဘာအေးဆိုင်ခွဲ - အမှတ် (၄၀၈)၊ ဝါယာလက်(၃)လမ်းနှင့် ရေကူးရွာမလမ်းထောင့်, မရမ်းကုန်းမြို့နယ် ။

ဖုန်း - ၀၉ - ၂၆၄ ၇၀၉ ၁၁၀၊ ၀၉ - ၇၅၇ ၅၂၇ ၂၁၅
#ရွှေကံကော် #မလိုင်ကော်ဖီ #စီလုံတီး

11/05/2022

ရေနွေးကြမ်း သောက်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများ✨

ရေနွေးကြမ်းသောက်တယ်ဆိုတာ ကျွန်တော်တို့မြန်မာလူမျိုးတွေ ရှေးယခင်ကတည်းက စွဲစွဲမြဲမြဲလုပ်ဆောင်လာတဲ့ အရာတစ်ခုဖြစ်ပါတယ်။

ရေနွေးကြမ်းသောက်ခြင်းဟာ အာရုံတွေကို နိုးကြားထက်မြက်စေပြီး လူကိုလန်းဆန်းစေနိုင်တဲ့ အာနိသင်ရှိပါတယ်။

ရေနွေးကြမ်းသောက်ခြင်းရဲ့အကျိုးကျေးဇူးတွေကတော့ သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ဆာလောင်မွတ်သိပ်မှုကိုလည်း သက်သာစေပါတယ်။

ခေါင်းကိုက်ခြင်း၊ ခြေလက်တုန်ခြင်းတွေဖြစ်တဲ့အခါ လက်ဖက်ရည်ကြမ်းသောက်သုံးပေးနိုင်ပါတယ်။

ဒါ့အပြင် ရေနွေးကြမ်း သောက်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူး တွေကတော့
၁။ အဆီကျခြင်း
၂။ သွေးတိုးခြင်းမှ လျှော့ကျနိုင်ခြင်း
၃။ အသားအရေး လှပပြီ အရွယ်တင်စေခြင်း
၄။ ကင်ဆာဖြစ်ခြင်းမှာ ကာကွယ်ပေးနိုင်ခြင်း
၅။ နှလုံးရောဂါဖြစ်ခြင်းမှ လျှော့ကျစေခြင်း
၆။ သွားကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်

ရွှေကံကော် ကမ္ဘာအေးဆိုင်ခွဲ - အမှတ် (၄၀၈)၊ ဝါယာလက်(၃)လမ်းနှင့် ရေကူးရွာမလမ်းထောင့်, မရမ်းကုန်းမြို့နယ် ။ ဖုန်း - ၀၉ - ၂၆၄ ၇၀၉ ၁၁၀၊ ၀၉ - ၇၅၇ ၅၂၇ ၂၁၅

#ရွှေကံကော် #ရေနွေးကြမ်း

09/05/2022

Monday Blues လား? No! ရွှေကံကော်ကမ္ဘာအေးဆိုင်ခွဲ မှာတော့ Monday နန်းကြီးသုပ် ပဲရှိပါတယ်!🌞

Monday ရောက်တာနဲ့ အထူးတလည်စဉ်းစားစရာမလိုတာက ရွှေကံကော်ကမ္ဘာအေးဆိုင်ခွဲ က နန်းကြီးသုပ် ပါပဲ။

ရွှေကံကော်ကမ္ဘာအေးဆိုင်ခွဲမှာ လူကြိုက်များတဲ့ Menu တွေထဲက တစ်ခု ဖြစ်တဲ့ နန်းကြီးသုပ်ကို မနက်ခင်း Breakfast အတွက် ရွေးချယ်လိုက်ပါ။

အရသာပိုင်းမှာ စိတ်ချရသလို သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေကိုပဲ ရွေးချယ်အသုံးပြုထားတာဖြစ်လို့ အစားအသောက် ကွာလတီ အတွက် စိတ်ပူစရာမလိုပဲ စိတ်ချလက်ချစားလို့ရပြီပေါ့ ။

ရွှေကံကော် ကမ္ဘာအေးဆိုင်ခွဲ - အမှတ် (၄၀၈)၊ ဝါယာလက်(၃)လမ်းနှင့် ရေကူးရွာမလမ်းထောင့်, မရမ်းကုန်းမြို့နယ် ။
ဖုန်း - ၀၉ - ၂၆၄ ၇၀၉ ၁၁၀၊ ၀၉ - ၇၅၇ ၅၂၇ ၂၁၅
#ရွှေကံကော် #နန်းကြီးသုပ်

01/05/2022

ယနေ့ မေလ (၁) ရက်နေ့တွင် ကျရောက်သော "အလုပ်သမားနေ့" အား ရွှေကံကော်မိသားစုမှဂုဏ်ပြုကြိုဆိုပါသည်

21/04/2022

စီလုံတီး နဲ့ လိုက်ဖက်တဲ့ အစားအစာတွေက ဘာတွေလည်း? 🤔

စီလုံတီးက ဘာလည်းဆိုတော့ မလိုင်များများ ၊ နွားနို့ပျစ်ပျစ် ဖျော်စပ်ထားတဲ့ လဘက်ရည်တစ်ဝက်၊ နွားနို့မလိုင် တစ်ဝက် အချိုးကျ ရောစပ်ထားတဲ့ မလိုင်များတဲ့ လဘက်ရည်ဟာ စီလုံတီးပါ။ 😊

ဒါဆိုရင် အခုပြောမှာက စီလုံတီးနဲ့ တွဲစားရင် လိုက်တဲ့ အစားအစာတွေပဲ။ ဘာတွေလည်းဆိုတော့ နံပြား၊ မလိုင်နံပြား၊ အာလူးစမူဆာ၊ ကြက်ဥပလာတာ နဲ့ အာလူးပူရီ တို့ပဲ။ အတွဲအစပ်က ထိမိလို့ ဆွေမျိုးပါ မေ့သွားနိုင်တယ်။ 🤩

လိုက်ဖက်မှု ရှိမရှိ သိချင်ရင်တော့ ရွှေကံကော်ဆိုင်လာပြီး လာစားကြည့်လိုက်ပါ။ 🤗

စီလုံတီးတဲ့ လိုက်ဖက်တဲ့ တခြား အစားအစာတွေ သိရင်လည်း comment မှာ ဖြေပေးခဲ့အုံးနော်….😊

ရွှေကံကော် ကမ္ဘာအေးဆိုင်ခွဲ - အမှတ် (၄၀၈)၊ ဝါယာလက်(၃)လမ်းနှင့် ရေကူးရွာမလမ်းထောင့်, မရမ်းကုန်းမြို့နယ် ။
ဖုန်း - ၀၉ - ၂၆၄ ၇၀၉ ၁၁၀၊ ၀၉ - ၇၅၇ ၅၂၇ ၂၁၅

#ရွှေကံကော် #စီလုံတီး

13/04/2022

မြန်မာနှစ်ကူးမှာ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာရှိပြီး ဘေးဘယာတွေ ကင်းဝေး နိုင်ပါစေလို့ ရွှေကံကော် မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်.... 🥰💦✨

ရွှေကံကော် မိသားစုကလည်း နှစ်သစ်မှာ ပိုမိုကောင်းတဲ့ ဝန်ဆောင်မှုများနဲ့အတူ စားသုံးသူများ စိတ်ကျေနပ်မှု ရရှိနိုင်အောင် ကြိုးစားသွားပါအုံးမယ် 😊🤗

12/04/2022

ဧပြီ ရဲ့ ပူပြင်းလှတဲ့ နွေအလယ်မှာ အေးမြတဲ့ အိုအေစစ် တစ်ခုကို ရှာပေးပါသလား? ☀️🥵

ဒီလို ကာလ ရာသီဥတုရဲ့ ပူပြင်းမှုကို ခံစားနေရရင်တော့ ရွှေကံကော် က ဖျော်ရည်အေးအေးလေးတွေ သောက်ကြည့်လိုက်ပါ။ 🍹

ရွှေကံကော် က ဖျော်ရည်အေးအေးလေးတွေက တစ်ငုံလောက် သောက်လိုက်တာနဲ့ ရင်ထဲကို အေးမြသွားစေမှာ အမှန်ပါပဲ။ ❄️🤗

ရွှေကံကော်မှာ သစ်သီးဖျော်ရည်တွေ အပြင် Menu အသစ်တွေဖြစ်တဲ့ Lime Soda, Bluelemon Soda, Strawberry Soda, Poison Love နဲ့ Passion Soda တို့ ရရှိနိုင်ပါပြီ။

ဒါကြောင့် ရွှေကံကော် က ဖျော်ရည်အေးအေးလေးတွေ လာစမ်းသောက်ကြည့်ပြီး အပူဒဏ်တွေကို ခဏတာ ရှောင်ရှားလိုက်ကြရအောင်!

အော် ဒါနဲ့ နေပူလို့ အပြင်မထွက်ချင်ဘူးဆိုရင်လည်း ရွှေကံကော် က အိမ်အထိ Delivery လာပို့ပေးအုံးမှာနော်။

ရွှေကံကော် ကမ္ဘာအေးဆိုင်ခွဲ - အမှတ် (၄၀၈)၊ ဝါယာလက်(၃)လမ်းနှင့် ရေကူးရွာမလမ်းထောင့်, မရမ်းကုန်းမြို့နယ် ။

ဖုန်း - ၀၉ - ၂၆၄ ၇၀၉ ၁၁၀၊ ၀၉ - ၇၅၇ ၅၂၇ ၂၁၅

#ရွှေကံကော် #ဖျော်ရည် #အအေး

10/04/2022

ထပ်တရာလား....? ပလာတာလား....? 🤔

ထပ်တရာနဲ့ ပလာတာက အတူတူပဲလားဆိုရင် ထပ်တရာနဲ့ ပလာတာက မတူပါဘူး။ ထပ်တရာက အလွှာတွေအများကြီးနဲ့ လေဖောင်းအောင် လုပ်ပြီးမှ ကြော်ရင်းပြားချတာဖြစ်ပြီး ပလာတာ ကတော့ အချပ်လိုက်ကြော်တာနော်။

ထပ်တရာက ဂျုံကို နှပ်၊ အပြားအကြီးကြီး ဖြစ်အောင်ရိုက်၊ ပြီးရင် အပြားကြီးကို ရှည်ရှည်လေး ဖြစ်အောင်လိပ်၊ လိပ်ပြီးသားကို ခွေ၊ ခွေထားတာကိုမှ ပြားပြားလေး ဖြစ်အောင် ထုပြီး အထပ်လေးတွေဖြစ် အောင် ဆီနဲ့ကြော်ရတာပါ။

ပလာတာကတော့ ဂျုံကို နှပ်၊ အပြားအကြီးကြီး ဖြစ်အောင်ရိုက်၊ ပြီးရင် အပြားကြီးကို ရှည်ရှည်လေး ဖြစ်အောင်လိပ်၊ လိပ်ပြီးသားကို ဆီနဲ့ကြော်ရတာပါ။

ပလာတာရော ထပ်တရာရော နှစ်မျိုးစလုံးကို ပဲ၊ သကြား၊ အာလူး တို့နဲ့ တွဲဖက်စားနိုင်ပါတယ်။😋

ကဲ အခု ထပ်တရာနဲ့ ပလာတာ ကွဲပြီဆိုတော့ ဘယ်ဟာကိုပိုကြိုက်လဲ ?

ထပ်တရာလား? ပလာတာလား?

ကွဲကွဲပြားပြား သိချင်ရင်တော့ ရွှေကံကော် ဆိုင်မှာ လာစားလိုက်တော့နော်…….🤗

ရွှေကံကော် ကမ္ဘာအေးဆိုင်ခွဲ - အမှတ် (၄၀၈)၊ ဝါယာလက်(၃)လမ်းနှင့် ရေကူးရွာမလမ်းထောင့်, မရမ်းကုန်းမြို့နယ် ။

ဖုန်း - ၀၉ - ၂၆၄ ၇၀၉ ၁၁၀၊ ၀၉ - ၇၅၇ ၅၂၇ ၂၁၅

#ရွှေကံကော် #ထပ်တရာ
#ပလာတာ

05/04/2022

ဖုန်းလေးသာ တစ်ချက်ဆက်လိုက် အိမ်ရှေ့ထိ လာပို့ပေးမှာနော်….. ☎️☎️

ပူပြင်းလှတဲ့ နွေရာသီမှာ ဗိုက်ကလည်းဆာတယ် တစ်ခုခုလည်းစားချင်တယ်။ 😎

ဒါပေမယ့် နေပြင်းလို့ အပြင်မထွက်ချင်ဘူးဆိုတဲ့ ဧည့်သည်တွေအတွက် ရွှေကံကော်က စီစဥ◌်ထားတာ တစ်ခုရှိပါတယ်။

စားတော့စားချင်တယ် နေအရမ်းပြင်းလို့ လာမဝယ်ချင်ဘူးဆိုရင်တော့ ဖုန်းလေးသာ တချက်ဆက်လိုက်ပါ ရွှေကံကော်ကမ္ဘာအေးဆိုင်ခွဲက အိမ်တိုင်ရာရောက်လာပို့ပေးမှာပါ။🥰

ကမ္ဘာအေး အနီးတစ်ဝိုက်ကို Free Delivery နဲ့ ပို့ပေးမှာဆိုတော့ အရမ်းအဆင်ပြေတယ်နော်။

မှာယူချင်တယ်ဆိုရင်တော့ ဖုန်း - ၀၉ - ၂၆၄ ၇၀၉ ၁၁၀၊ ၀၉ - ၇၅၇ ၅၂၇ ၂၁၅ တို့ကို ဖုန်းဆက် မှာ လို့ရပါတယ်။

ရွှေကံကော် ကမ္ဘာအေးဆိုင်ခွဲ - အမှတ် (၄၀၈)၊ ဝါယာလက်(၃)လမ်းနှင့် ရေကူးရွာမလမ်းထောင့်, မရမ်းကုန်းမြို့နယ် ။

ဖုန်း - ၀၉ - ၂၆၄ ၇၀၉ ၁၁၀၊ ၀၉ - ၇၅၇ ၅၂၇ ၂၁၅

#ရွှေကံကော်

01/04/2022

လဘက်ရည် တစ်ခွက် နဲ့ မလိုင်ကော်ဖီတစ်ခွက် ပိုက်ဆံပေးစရာမလိုဘဲ လာသောက်လိုက်ပါ 😎

ဟုတ်ပါတယ်။ ရွှေကံကော် ကမ္ဘာအေးဆိုင်ခွဲ မှာ တစ်ဝိုင်းကို လဘက်ရည် တစ်ခွက် နဲ့ ကော်ဖီမလိုင် တစ်ခွက် ကို ပိုက်ဆံပေးစရာမလိုဘဲ သောက်လို့ရပါတယ်။

ဒါပေမယ့် စည်းကမ်းချက်တစ်ခုတော့ရှိပါတယ်။ ဘယ်လိုလည်း ဆိုတော့ ရွှေကံကော် ကမ္ဘာအေးဆိုင်ခွဲ ရဲ့ pageကို Like လုပ်ပါ။ Like ထားတာကို ဆိုင်က ဝန်ထမ်း တစ်ယောက်ကို ပြလိုက်တာနဲ့ တစ်ဝိုင်းကို လဘက်ရည် တစ်ခွက် ရပါမယ်။ နောက်တစ်ခု ရှိပါသေးတယ် ဒီ Post ကို share လုပ်လိုက်ရင် မလိုင်ကော်ဖီ တစ်ခွက် ပါ ရမှာဗျို့ ။

ဒီ ပရိုမိုးရှင်း ကာလက ဧပြီ ၂ ရက် ကနေ ၃ ရက်အတွင်း မနက် ၈ နာရီကနေ ၁၂ နာရီ အထိ ပဲနော်‼️‼️

ကဲ ဘာတွေ စောင့်နေတာလဲ…… Page ကို Like လုပ်ပြီး ဆိုင်လာခဲ့တော့လေ

ရွှေကံကော် ကမ္ဘာအေးဆိုင်ခွဲ - အမှတ် (၄၀၈)၊ ဝါယာလက်(၃)လမ်းနှင့် ရေကူးရွာမလမ်းထောင့်, မရမ်းကုန်းမြို့နယ် ။
ဖုန်း - ၀၉ - ၂၆၄ ၇၀၉ ၁၁၀၊ ၀၉ - ၇၅၇ ၅၂၇ ၂၁၅

#ရွှေကံကော် #လဘက်ရည် #မလိုင်ကော်ဖီ

Photos from Shwe Kan Kaw Tea House - Kabaraye Branch's post 30/03/2022

☀️နွေရာသီမှာ☀️ မီးပျက်လို့ နေ့လည်စာနဲ့ အဆာပြေအတွက် စိတ်ပူနေပီလား

ဘာမှ စိတ်ပူမနေနဲ့နော်

ရွှေကံကော် (ကမ္ဘာအေး) မှာ စားစရာအစုံအလင်ကို တနေရာတည်း ရနိုင်တာမလို့ ခုပဲ လာခဲ့လိုက်တော့နော်

Car Parkingအတွက်လဲ လုံးဝပူစရာမလို 😉

Phတချက်ဆက်တာနဲ့ အိမ်အရောက်လဲ ပို့ပေးနေပီနော်

Shwe Kan Kaw Tea House Kabaraye Branch

📍No 408, Corner of Wireless Street 3 & Ywarma Street, Mayangone Township, Yangon
09 264 709 110, 09 757 527 215

Photos from Shwe Kan Kaw Tea House - Kabaraye Branch's post 22/03/2022

ရွှေကံကော်ကို အမြဲအားပေးနေတဲ့
customerလေးတွေအတွက် ကမ္ဘာအေးဆိုင်ခွဲလေးကို ထပ်မံဖွင့်လှစ်လိုက်ပီနော် 🥳

စိတ်ငြိမ်ရပ်ကွက်လေးမှာ Shwe Kan Kawရဲ့ ရှယ် teaလေးဆွဲပီး ဘော်ဒါတေနဲ့ပဲ အေးဆေးထိုင်မလား
မိသားစုနဲ့ပဲ လာမလား
Car Parking ကျယ်ကျယ်ဝန်းဝန်းနဲ့ဆိုတော့ ခေါင်းမခြောက်ရတော့ဘူးပေါ့ 🥳

အစားအသောက်စုံစုံလင်လင်ကို phလေးတချက်ဆက်ရုံနဲ့လဲ အိမ်အရောက်ပို့ပေးနေပီနော်... 🥰☕️

Shwe Kan Kaw Tea House Kabaraye Branch

📍အမှတ်(၄၀၈), ဝါယာလက်(၃)လမ်းနှင့် ရေကူးရွာမလမ်းထောင့်, မရမ်းကုန်းမြို့နယ်

09 264 709 110, 09 757 527 215

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No 408, Corner Of Wireless Street(3) & Yaykuywarma Street, Myangone
Yangon

Other Tea Rooms in Yangon (show all)
Tablehood Tea House Tablehood Tea House
202, Joe Phyu Road, South Dagon Township
Yangon, 11431

Mingalabar! TABLEHOOD is part of a social ecosystem, HOOD. Within this ecosystem is HOOD HOSTEL, TAB

Daily Fresh Coffee & Tea Daily Fresh Coffee & Tea
No. 44 . Pyay Road. Sein Gay Har (pyay)
Yangon

FruiTee FruiTee
Yangon

Fresh Juice

The Maharaaj Indian Restaurant The Maharaaj Indian Restaurant
Unit (G-01), Bo Myat Tun Tower, Bo Myat Tun Street (Lower Block), Botahtaung Township
Yangon, 11162

•••••Indian restaurant in the heart of downtown••••• HALAL restaurant ••••••Vegetarian options available

Herb’s Tea Herb’s Tea
Bo Yar Nyunt Street, Myanmar, Burma (Myanmar)
Yangon

Lumbini Tea Room - Terminal M Lumbini Tea Room - Terminal M
02-05, Level 02, Terminal M Leisure Mall, Mingaladon
Yangon

Delicious Tea, Foods, and Snacks

နန်းရွှေအိ "Okra Green Tea" Official နန်းရွှေအိ "Okra Green Tea" Official
No(10), Pan Hlaing Street , Sanchaung Township
Yangon

For your HEALTHY ďż˝

ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင် - Shwe Htet Kaung Tea Shop ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင် - Shwe Htet Kaung Tea Shop
No. (1), No. 2 Main Road, East Dagon Township
Yangon

မိတ်ဆွေများနားခို စားသောက်ရာ ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်

Yang Yang Tea House Yang Yang Tea House
No. 58, Corner Of Khayae Street & Pearl Road, Shwepyithar Township
Yangon

Kant Kaw Tea House Kant Kaw Tea House
Yangon

Tea , Coffee, Juice and Foods

ကိုကံကောင်း - Tea House ကိုကံကောင်း - Tea House
No. 49, Sayasan Road, Bahan Township
Yangon, 11201

ပြီးပြည့်စုံတဲ့ မနက်စာနဲ့နေ့လည်စာကို ကိုကံကောင်းမှာ သုံးဆောင်ပါ။ ☕