Hledan Maung Nuei

မောင်နူးအိ ရဲ့ အမဲအူပြုတ် ပူပူလောလေ

01/02/2021
14/01/2021

Hello အမျိုးတို့ရေ...
မောင်နူးအိကို တော်တော်လွမ်းနေကြပြီလားခင်ဗျာ...
လှည်းတန်းမောင်နူးအိဆိုင်လေး ဒီနေ့ ညနေ ၆ နာရီမှာ ပြန်ဖွင့်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်
ပြန်ဖွင့်တဲ့ အထိမ်းအမှတ်နဲ့ အမဲအူပြုတ် နဲ့ အသုပ် ဝယ်စားကြသူတိုင်းကို ကြွပ်ကြွပ်အိတ်နဲ့ ထည့်ပေးမှာ ဖြစ်ပါတယ် ခင်ဗျာ (စတာဘာ...စတာဘာ...)
ကျွန်တော့ရဲ့ ဖောက်သည် Customerများအားလုံးက်ု Welcome Back ပါခင်ဗျာ
ဆိုင်မှာ ပါဆယ်လာအားပေးသူတိုင်း မောင်နူးအိရဲ့ အပြုံးတစ်ပွင့်ကို အလကားပေးသွားမှာပဲ ဖြစ်ပါတယ်။
ဒီနေ့ လာအားပေးသူတိုင်း အမဲအူ တစ်ဖက်ကို မေတ္တာလက်ဆောင် ထည့်ပေးသွားပါမယ်ခင်ဗျ....
ပျော်စေပျက်စေပါ... ကျွန်တော့ကို မမုန်းသွားကြပါနဲ့ ခင်ဗျ 😍😍😍

08/01/2021

မောင်နူးအိရဲ့ ဖောက်သည် ဘော်ဒါအပေါင်းတို့ခင်ဗျား...
ကျွန်တော်များ မောင်နူးအိ အိမ်မပြောင်းအရွှေ့လေး ရှိတဲ့အတွက်​​ေကြာင့် ၃ ရက် ၄ ရက်လောက် ဆိုင်ရော Online Delivery ရော ခေတ္တနားထားမှာဖြစ်ပါတယ်။ ပြန်လည်မှာယူနိုင်မယ့်ရက်ကို Pageမှတစ်ဆင့် ပြန်လည် အကြောင်းကြားပေးသွားပါမယ်ခင်ဗျာ... လိုင်းပေါ်က အော်ဒါ လှမ်းမှာကြတဲ့ ကျွန်တော့်ရဲ့ အမြဲမပြတ် Customer တွေကိုလဲ အနူးအညွှတ်ပန်ကြားအပ်ပါတယ်ခင်ဗျာ... နှစ်သစ်မှာ အားလုံး စိတ်​၏ချမ်းသာခြင်း ကိုယ်​၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လာဘ်လာဘတွေ ပေါများကြွယ်ဝကြပါစေလို့ ဆုတောင်းလိုကိပါတယ်ခင်ဗျာ 🙏🙏🙏

24/12/2020

မောင်နူးအိ အမျိုးတို့ရေ
ဒီနေ့နဲ့ မနက်ဖြန်မှာ မောင်နူးအိဆိုင်လေး နားမှာဖြစ်လို့
Home delivery လေးနဲ့ လိုချင်သူတွေ ကြိုတင်မှာပေးကြပါဦးခင်ဗျာ...
အားလုံး အားလုံးပဲ ဆောင်းတွင်းရဲ့ အငွေ့အသက်များနဲ့အတူ New Normal Life ရဲ့ Merry Christmas ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေခင်ဗျာ
🤗🤗🤗🍷🍷🍷🎊🎊🎊🎄🎄🎄🎁🎁🎁

🥙 မောင်နူးအိ စပါယ်ရှယ်
အမဲအူသုတ် ၁ ပွဲ - ၁၅၀၀
အမဲအူပြုတ် ၁ ပွဲ - ၁၅၀၀
ကြက်သားဆန်ပြုတ် ၁ ပွဲ - ၁၀၀၀
ငါးရံ့ဆန်ပြုတ် ၁ ပွဲ - ၁၀၀၀
ကြက်ခြေထောက်သုတ် (ဗမာသုတ်) ၁ ပွဲ - ၁၅၀၀
ငါးဖယ်သုတ် (ဗမာသုတ်) ၁ ပွဲ - ၁၀၀၀

🥞 အချိုပွဲများ

အုန်းနို့ဆန်ပြုတ် ၁ ပွဲ - ၅၀၀
နွားနို့ဆန်ပြုတ် ၁ ပွဲ - ၅၀၀
ကောက်ညှင်းငချိတ်သာခွေယိုင် ၁ ပွဲ - ၅၀၀
ငှက်ပျောပေါင်း ပွဲကြီး ၁ ပွဲ - ၁၀၀၀
ငှက်ပျောပေါင်း ပွဲသေး ၁ ပွဲ - ၅၀၀

🥩 တစ်ရက်ကြိုမှာနိုင်သော Menu များ
နွားမြှီး စွတ်ပြုတ် ပွဲသေး - ၃၀၀၀
နွားမြှီး စွတ်ပြုတ် ပွဲကြီး - ၅၀၀၀
အမဲကြော် ၁ ပွဲ - ၅၀၀၀
သန့်စင်ပြီးသား အမဲအူ အစိမ်း
အူစုံ ၁ ပိဿာ - ၁၂,၀၀၀
အူကြမ်း ၁ ပိဿာ - ၁၆,၀၀၀

ဖုန်းဆက်ပြီးမှာယူမယ်ဆိုရင်လဲ 09788859833 ကို ကြိုတင်မှာယူနိုင်ပါပြီခင်ဗျ။

15/12/2020

အထူးပန်ကြား ကြေငြာအပ်ပါသည် ခင်ဗျာ...
မောင်နူးအိ အမျိုးတို့ခင်ဗျား
ောဂါတိုက်ဖျတ်ရေးနှင့်မြို့တော်စည်ပင်သာယာရေးကိုပူးပေါင်းပါဝင်သည့်အနေဖြင့် 🤝🤝🤝
ကျွန်တော်များ မောင်နူးအိဆိုင်လေးကို ကမာရွတ်မြို့တော်စည်ပင်နှင့် တိုင်းဒေသကြီး လွှတ်တော်အစိုးရတို့မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းအတိုင်း ညနေ ၆ နာရီမှ ည ၉ နာရီအတွင်းသာ ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပါသည်။ From 🕕 6️⃣ PM to 🕘 9️⃣ PM
ထို့ကြောင့် ထိုအချိန်ပြင်ပတွင် အားပေးချင်ကြသူများအနေဖြင့် Online Delivery စနစ်ဖြင့်သာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း နှင့် မှာယူအားပေးလိုပါက 09770748624 ကို တိုက်ရိုက်ဆက်သွယ် အားပေးနိုင်ပါကြောင်း ကြေငြာအပ်ပါတယ် ခင်ဗျာ ☺️☺️☺️
နိုင်ငံသားအားလုံးလဲ ကပ်ဘေးကြီးမှ အမြန်ဆုံး ကျော်လွှားနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ် ခင်ဗျာ...🙏🙏🙏

16/11/2020

မောင်နူးအိရဲ့ စားသုံးသူတွေ စိတ်ပူနေမှာစိုးလို့ ပြန် Share ပေးပါတယ် ခင်ဗျ
😊😊😊

🦠 #အစားအသောက်ကကူးမကူးကိစ္စ။
~~~~~~~~~~~~~~~~~~~~~~~~~
🇨🇳 တရုတ်ပြည်ကို 🇸🇦 ဆော်ဒီကသွင်းတဲ့ အေးခဲပုဇွန်ပလတ်စတစ်ထုပ်တွေပေါ်မှာ သောကြာနေ့က ကိုရိုနာဗိုင်းရပ်စစ်ကိုတွေ့ရပါတယ်။

အဲ့ဒီလိုပဲ 🇨🇳 တရုတ်ပြည်ကို နယူးဇီလန်၊ ဘရာဇီးနဲ့ ဘိုလီးဗီးယားတို့ကပို့တဲ့ အမဲသားနဲ့ အမဲအူကြမ်းတွေပေါ်မှာ စနေတနင်္ဂနွေနေ့က ကိုရိုနာဗိုင်းရပ်စစ်ကိုတွေ့တယ်လို့ ကြေညာပါတယ်။

အဲ့ဒီလို #ကိုရိုနာဗိုင်းရပ်စစ်တွေ့တယ်လို့ကြေညာတိုင်း အသားငါးတွေ၊ delivery လာပို့တဲ့ အစားအသောက်တွေ၊ ဈေးကဝယ်လာတဲ့ဈေးခြင်းတောင်းနဲ့ အထုပ်အပိုးတွေကို #ကိုင်ရမှာလက်တွန့်ပါတယ်။

အဲ့ဒီတော့ #ကိုဗစ်ဟာအောက်ပါအချက်အလက်တွေကကူးမကူး သေချာသိဖို့လိုလာပါတယ်။

▪️အသားငါးတွေပေါ်က၊

ပိုးကရက်အနည်းငယ်အသက်ရှင်နိုင်တယ်ပြောပေမယ့် #အစိမ်းမစားရင်စိတ်ပူစရာမရှိပါ။ ပါတဲ့ပိုးပမာဏကလည်းမများပါ။

▪️ဟင်းသီးဟင်းရွက်တွေပေါ်က၊

အသားပေါ်လောက်ကြာကြာမခံပါ။ ရေသေချာဆေးရင် စိတ်ချရပါတယ်။ ပါလာနိုင်တဲ့ပိုးက မများနိုင်လို့ပါ။

▪️ဈေးကဝယ်လာတဲ့ ပဲပြုတ်၊ မုန့်ဟင်းခါး၊ မြန်မာမုန့်တွေပေါ်က၊

ပဲပြုတ်ပူပူ၊ ဟင်းပူပူက ပိုးသေနိုင်ခြေအရမ်းများပါတယ်။ ကျနော်ကစိတ်မပူပါ။ ပါမယ့်ပိုးနဲ့ ဒီအပူနဲ့ တွက်ပြီးစိတ်မပူတာပါ။

အခုထိအစားအသောက်ကကူးတဲ့ case #မတွေ့ရသေးပါ။

▪️ဈေးခြင်းတောင်းနဲ့ ဈေးကပါလာတဲ့ပလတ်စတစ်အထုပ်အပိုးတွေပေါ်က၊

ဈေးခြင်းကို တတ်နိုင်သလောက် ဆေးကြောသန့်စင်ပါ။ ပလတ်စတစ်အိတ်တွေကို အိမ်ကလူကြီးနဲ့ကလေးတွေ စပ်စပ်စုစုလာကိုင်တာကို သတိပေးပါ။ #လူကြီးတွေလုံးဝအကိုင်မခံပါနဲ့။

ပလတ်စတစ်အိတ်တွေအားလုံးဖယ်ပစ်လိုက်ပါ။ ပြီးရင် လက်ကိုရေသေသေချာချာဆေးပါ။

▪️အစားအသောက် delivery လာပို့တဲ့ အထုပ်အပိုးနဲ့ လူတွေဆီက၊

Delivery ပစ္စည်းလာပို့ရင် တံခါးဖွင့်ပစ္စည်းယူတာသေချာဂရုစိုက်ပါ။

ထုပ်ပိုးတဲ့ပလတ်စတစ်ပူနေရင်စိတ်မပူပါ။

delivery ကလေးတွေစုဝေးပြီး ဆေးလိပ်သောက်တတ်ကြတာဖုန်းပွတ်တတ်ကြတာကို သိပါတယ်။

Delivery အစားအသောက်ပစ္စည်းကိုစိတ်မပူပါ။ လူကိုပဲစိတ်ပူပါတယ်။

▪️ ပစ္စည်း delivery လာပို့တဲ့ အထုပ်အပိုးနဲ့ လူတွေဆီက၊

လူကြုံလာပို့လို့ ကျေးဇူးတင်ကြောင်းစကားကိုဖောင်ဖွဲ့ပြီးမပြောပါနဲ့။

အဝတ်အထည်နဲ့ ပစ္စည်း delivery လာပို့တဲ့အိတ်တွေကို လူကြီးနဲ့ကလေးတွေအထိမခံပါနဲ့။ တတ်နိုင်သလောက်အိတ်ခွံတွေကို လွှင့်ပစ်ပါ။ လူကြီးတွေကနှမျောပြီးလိုက်သိမ်းတတ်ပါတယ်။

သိပ်လည်းစိုးရိမ်မနေပါနဲ့။ အဓိကက လာပို့တဲ့လူပါ။ ပစ္စည်းမဟုတ်ပါ။

🇺🇸 CDC နဲ့ WHO ရဲ့အချက်အခက်တွေကို အခြေခံပြီး တစ်ချက်ခြင်းဖြေခဲ့တယဖြစ်ပါတယ်။

🦠 ဘာလို့ပိုးပါလာမလဲ ပြန်ကြည့်ရအောင်။

ကိုဗစ်ရောဂါရှိတဲ့သူက ဈေးရောင်းရင်း၊ အသားငါးကိုင်ရင်း၊ ဟင်းချက်ပြင်ဆင်ရင်း၊ ပစ္စည်းသယ်ယူပို့ဆောင်ရင်း 🦠 Sars-CoV-2 ဗိုင်းရပ်စ်က အဲ့ဒီအစားအသောက်နဲ့အထုပ်အပိုးတွေအပေါ်ကျရောက်သွားလို့ပါ။

တကယ်က အဲ့လိုကျရောက်သွားလည်း ကူးစက်မှုက မဖြစ်နိုင်သလောက်ပါ။

ပစ္စည်းတွေကိုကိုင်တွယ်မယ့်သူက အသက်ကြီးပြီးအားနည်းလွန်းရင်တော့ #မထိတွေ့မကိုင်တွယ်စေတာအကောင်းဆုံးပါ။

သူတို့ဟာခေါင်းလည်းမာပြီး Mask တပ်ဖို့နဲ့ အသေအချာလက်ဆေးဖို့လည်း ပြောရခက်ပါတယ်။

🦠 Sars-CoV-2 ဗိုင်းရပ်စ်က ပလတ်စတစ်ပေါ်မှာ ၂ ရက် ၃ ရက်အသက်ရှင်နိုင်ပြီး အသားတွေပေါ်မှာ ရက်နဲ့ချီပြီး ကြာကြာအသက်ရှင်နိုင်ပါသတဲ့။

ဒါပေမယ့် အဲ့ဒါက ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်မှုသာဖြစ်ပြီး #အပြင်မှာဘယ်လောက်အသက်ရှင်နိုင်သလဲ❓ ဘယ်သူမှမသိပါဘူး။

အခြေအနေမတူညီတဲ့ ရှုပ်ထွေးတဲ့ပြင်ပ settings and surfaces တွေကို လိုက်သုသေသနပြုလို့ခက်ပါတယ်။

🔬 ဓာတ်ခွဲခန်းထဲက controlled settings and surfaces တွေကိုပဲ သုသေသနပြုရတာ လွယ်ပါတယ်။

University of Leicester က AP ဖြစ်သူ Dr Julian Tang က အပြင်လောကမှာ enviromental conditions တွေအပြောင်းအလဲမြန်လို့ ဗိုင်းရပ်စ်ကကြာကြာအသက်မရှင်နိုင်ပါတဲ့။

Rutgers University က microbiology professor ဖြစ်သူ Dr Emanuel Goldman ကလည်း ဘာထောက်ပြသလဲဆိုတော့ ဓာတ်ခွဲမှာ နမူနာယူပြတာက ဗိုးပမာဏ (၁၀ သန်း) လောက်ကို နမူနာယူစစ်ဆေးတာဖြစ်ပြီး ...

👉 လူတစ်ယောက်နှာချေလိုက်လို့ လေထဲကနေ မျက်နှာပြင်ပြင်တစ်ခုအပေါ်ကျရောက်သွားမယ့် aerosol droplet 💧အစက်ထဲမှာ ပါသွားမယ့် ပိုးပမာဏက (၁၀၀) လောက်ပဲရှိပါမယ်တဲ့။

👉 အဲဒီပိုးပမာဏနည်းနည်းကလေးကို ကိုယ်ခံအားအားနည်းသူက နှာချေပြီးချင်းချင်း တစ်နာရီ၊ နှစ်နာရီအတွင်းလက်နဲ့ထိမိပြီး မျက်နှာပါးစပ်တို့ကိုထိမိမှ ကူးစက်နိုင်တာပါတဲ့။ ဒါတောင် #အခွင့်အရေးအလွန်နည်းပါသေးတယ်တဲ့။

WHO က "highly unlikely that people can contract Covid-19 from food or food packaging" လို့ ဆိုထားပါတယ်။

အစားအသောက်နဲ့ အစားအသောက်ကိုထုပ်ပိုးထားတဲ့ အထုပ်အပိုးကနေ ကူးစက်ဖို့ အလွန့်အလွန်ကို ဖြစ်နိုင်ခြေနည်းပါတယ်တဲ့။

"due to the fact that coronavirues require a living host to multiply " ဗိုင်းရပ်စ်အသက်ရှင်ဖို့ လက်ခံသက်ရှိလိုအပ်လို့ပါတဲ့။

🇺🇸 CDC ကလည်း အဲ့လိုပဲ ဖြစ်နိုင်ခြေနည်းတယ်လို့ပြောထားပါတယ်။ အကယ်လို့ မျက်နှာပြင်တွေအပေါ်မှာ ပိုးတွေ့ခဲ့ရင်လည်း အသေဖြစ်နိုင်ပါတယ်။

ကျနော့်အမြင်ကိုပြောပါမယ်။

👉 အဓိကကူးစက်တာက delivery ပစ္စည်းထွက်ယူတာ၊ ဈေးထွက်ဝယ်တာနဲ့ အမှိုက်ထွက်ပစ်တာပါ။

🛎️ တင်းတောင် ဆိုပြီးတံခါးကဘဲလ်မည်တာနဲ့ mask 😷 ကိုအသေအချာတပ်ပြီးမှ တံခါးသွားဖွင့်ပါ။

ဘာဂျာတံခါးအပြင်ကလူနဲ့ အိမ်တံခါးဖွင့်လိုက်တဲ့သူက ၆ ပေအကွာအဝေးအတွင်းမှာရှိပါတယ်။

#စကားခေတ္တရပ်ပြောပြီးအမေးအဖြေလုပ်တာ၊ #တံခါးဖွင့်ပြီးပစ္စည်းလက်ခံယူတာ၊ #ငွေပေးငွေယူလုပ်တာတွေက Mask 😷 သေသေချာချာတပ်ပြီး လက်အသေအချာပြန်ဆေးဖို့ အရေးကြီးပါတယ်။

ဘာဂျာတံခါးဝကနေ လုံခြုံရေးက mask မတပ်ပဲ "ကားလေးရွှေ့ပေးပါခင်ဗျ" လို့အပြော အိမ်ထဲကလူကလည်း "ခဏနော်" လို့ Mask မတပ်ပဲပြန်ပြောတာနဲ့ ကူးစက်နိုင်ပါတယ်။

အောက်မှာအမှိုက်ဆင်းပစ်တယ်။ ခဏဆိုပြီး ပြန်ဝင်လာတော့ လက်ကိုသေချာမဆေးမိဘူး။

လူကြီးတွေက အောက်မှာအမှိုက်ဆင်းပစ်တယ်။ ဓာတ်လှေခါးထဲမှာ အခြားသူတစ်ယောက်နဲ့တွေ့တယ်။ စကားပြောလိုက်တယ်။ အဲ့ခဏလေးက ကူးစက်နိုင်ပါတယ်။

မနက်ဈေးသွားဝယ်တာ လူတွေတိုးကပ်ပြီးဝယ်ရတယ်။ ဈေးစကားပြောရတယ်။ ကူးစက်ဖို့အခွင့်အလမ်းများပါတယ်။

ကျန်တာတွေက အခွင့်အလမ်းနည်းပါးပါတယ်။

အဲ့ဒီတော့ ကျနော်က ထိတွေ့မယ့်လူကိုသာအဓိက ဂရုစိုက်ဖို့ Mask တပ်ဖို့ ခပ်ခွာခွာဆက်ဆံဖို့ သတိပေးလိုပါတယ်။

ကားမောင်းသွားရင်း အသိတွေ့လို့ရပ်ပြီးနှုတ်ဆက်ရင်၊ ကားဆီသွားဖြည့်ရင် #သတိထားကြပါ။

ဒါကအရေးကြီးလို့သတိပေးတာပါ။

ကားထဲမှာအဲကွန်းဖွင့်ထားပြီး လေပူကိုစုပ်ထုတ်ကာ ကားထဲက negative pressure room သဘောဖြစ်နေတတ်ပါတယ်။

ပြင်ပကကားတံခါးနားကပ်ပြီး "92 လား 95 လား" မေးတာ၊ ကံစမ်းမဲအတွက်ဖုန်းနံပါတ်မေးတာနဲ့ အပြင်ကသူပြောသမျှလေက ကားထဲဝင်သွားပြီး အထဲမှာလှည့်လည်နေတဲ့လေထဲပါသွားနိုင်ပါတယ်။

👉 ပစ္စည်းနဲ့ အစားအသောက်ကို သိပ်စိတ်မပူကြပါနဲ့။

👉 ခဏလေးဆိုပြီး mask 😷 မတပ်ပဲ တံခါးဖွင့်တာမျိုးမလုပ်ပါနဲ့။

Richard Myo Thant
16-November-2020

Photos from Hledan Maung Nuei's post 14/11/2020

ဒီနေ့ မောင်နူးအိရဲ့ customer တစ်ယောက်မှာလို့ စေတနာထား လုပ်ပေးဖြစ်တာလေး... ☺️☺️☺️ ကျွန်တော်အရင်က မောင်နူးအိဆိုင်လေးမှာ ထမင်းကြော်နဲ့အမဲကြော်ကို တစ်နိုင်တစ်ပိုင်လေး တွဲရောင်းဖြစ်တော့ ခုထိ အမဲကြော်လာမေးတဲ့ customer တွေရှိပေမယ့် ပြန်မရောင်းဖြစ်ဘူးခင်ဗျ။
အခုလို မှာတော့ ကျွန်တော်လဲ ပြန်ရောင်းချင်စိတ်ပေါ်လာမိပါတယ်။ တကယ်လို့ မှာချင်တယ်ဆို တစ်ပွဲ ၅၀၀၀ ကျပ်နဲ့ ရောင်းပေးပါမယ်ခင်ဗျ။ (အခုပုံက တစ်ပွဲစာပါ။ လူမမာအတွက်ဆိုတော့ အမဲပြုတ်ရည်လေးပါ တွဲပြီး ပေးပါတယ်ခင်ဗျ အားရှိစေချင်လို့ပါ။)

ပုံမှရောင်းနေကျကတော့ ဆိုင်မှာပဲ လာဝယ်ဝယ် အော်ဒါပဲမှာမှာ အောက်က Menu တွေအတိုင်း ရနိုင်ပါတယ်။

🥙 မောင်နူးအိ စပါယ်ရှယ်
အမဲအူသုတ် ၁ ပွဲ - ၁၅၀၀
အမဲအူပြုတ် ၁ ပွဲ - ၁၅၀၀
ကြက်သားဆန်ပြုတ် ၁ ပွဲ - ၁၀၀၀
ငါးရံ့ဆန်ပြုတ် ၁ ပွဲ - ၁၀၀၀
ကြက်ခြေထောက်သုတ် (ဗမာသုတ်) ၁ ပွဲ - ၁၅၀၀
ငါးဖယ်သုတ် (ဗမာသုတ်) ၁ ပွဲ - ၁၀၀၀

🥞 အချိုပွဲများ

အုန်းနို့ဆန်ပြုတ် ၁ ပွဲ - ၅၀၀
နွားနို့ဆန်ပြုတ် ၁ ပွဲ - ၅၀၀
ကောက်ညှင်းငချိတ်သာခွေယိုင် ၁ ပွဲ - ၅၀၀
ငှက်ပျောပေါင်း ပွဲကြီး ၁ ပွဲ - ၁၀၀၀
ငှက်ပျောပေါင်း ပွဲသေး ၁ ပွဲ - ၅၀၀

🥩 တစ်ရက်ကြိုမှာနိုင်သော Menu များ
နွားမြှီး စွတ်ပြုတ် ပွဲသေး - ၃၀၀၀
နွားမြှီး စွတ်ပြုတ် ပွဲကြီး - ၅၀၀၀
အမဲကြော် ၁ ပွဲ - ၅၀၀၀
သန့်စင်ပြီးသား အမဲအူ အစိမ်း
အူစုံ ၁ ပိဿာ - ၁၂,၀၀၀
အူကြမ်း ၁ ပိဿာ - ၁၆,၀၀၀

ဖုန်းဆက်ပြီးမှာယူမယ်ဆိုရင်လဲ 09770748624 ကို ကြိုတင်မှာယူနိုင်ပါပြီခင်ဗျ။
#မူလလက်ဟောင်းလှည်းတန်းမောင်နူးအိ

08/11/2020

ယနေ့ 8.11.2020 တွင်ကျရောက်သော မြန်မာတစ်နိုင်ငံလုံး ရှိ နိုင်ငံသားများ တာဝန်ကျေပွန်စွာ မဲပေးရမည့် နေ့ဖြစ်ပါသောကြောင့် မောင်နူးအိဆိုင်လေးလဲ ပိတ်မည်ဖြစ်ကြောင်း စားသုံးသူများကို ကြိုတင် အသိပေးအကြောင်းကြားအပ်ပါသည် ခင်ဗျာ။ မြန်မာပြည်ကြီး အောင်နိုင်ပါစေ။

03/11/2020

Hello အမျိုးတို့ရေ...
ကျွန်တော်တို့ မောင်နူးအိဆိုင်လေး ညနေ 4:30 မှ 8:00 ထိ ပုံမှန်ပြန်ဖွင့်နေပါပြီခင်ဗျ။ ကလဲ ပြန်လည် မှာယူစားသုံးနိုင်ပါပြီ။

😋ရောင်းနေကြ

🟢အမဲအူသုတ် ၁ ပွဲ - ၁၅၀၀
🟡အမဲအူပြုတ် ၁ ပွဲ - ၁၅၀၀
🔴ကြက်သားဆန်ပြုတ် ၁ ပွဲ - ၁၀၀၀
🟢ငါးရံ့ဆန်ပြုတ် ၁ ပွဲ - ၁၀၀၀
🟡ကြက်ခြေထောက်သုတ် (ဗမာသုတ်) ၁ ပွဲ - ၁၅၀၀
🔴ငါးဖယ်သုတ် (ဗမာသုတ်) ၁ ပွဲ - ၁၀၀၀ တို့အပြင် Delivery ပို့နေကြ
🟡အုန်းနို့ဆန်ပြုတ် ၁ ပွဲ - ၅၀၀
🟡နွားနို့ဆန်ပြုတ် ၁ ပွဲ - ၅၀၀
🟡ငှက်ပျောပေါင်း ပွဲကြီး ၁ ပွဲ - ၁၀၀၀
🟡ငှက်ပျောပေါင်း ပွဲသေး ၁ ပွဲ - ၅၀၀ တို့ကိုလဲ မှာယူရရှိနိုင်ပါတယ်။ အွန်လိုင်းအော်ဒါ တိုက်ရိုက်ကိုလဲ ယခင်အတိုင်း ပုံမှန်မှာယူနိုင်ပါတယ်ခင်ဗျ။
ဖုန်းဆက်ပြီးမှာယူမယ်ဆိုရင်လဲ 09788859833 ကို ကြိုတင်မှာယူနိုင်ပါပြီခင်ဗျ။ (ဆိုင်ပြန်ဖွင့်ပြီဖြစ်လို့ အရင်လို နီးနီးနားနားက ဖောက်သည်တွေကိုတော့ ညနေပိုင်းမှာမယ်ဆို ဆိုင်မှာပဲ လာအားပေးကြဖို့ မေတ္တာရပ်ခံပါရစေ ခင်ဗျ)

#မူလလက်ဟောင်းလှည်းတန်းမောင်နူးအိ

29/10/2020

မောင်နူးအိ အမျိုးတို့ရေ...
အလုပ်တွေပြန်စပြီး လမ်းတွေတော်တော်များများ ပြန်ပွင့်နေပြီဆိုပေမယ့်လဲ ကျွန်တော်တို့ အားလုံးကိုယ်စီ ရောဂါကြီးကို မေ့မထားပဲ သတိလေးနဲ့ ဂရုစိုက်ကြရအောင်လားခင်ဗျ။ "နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ" ဆိုတဲ့ ဆောင်ပုဒ်လေးကိုလဲ သတိရပြီး လက်ခဏခဏဆေး Mask တပ်ဖို့လဲ မငြီးငွေ့ကြပါနဲ့ခင်ဗျ 😷😷😷
အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြပါခင်ဗျ
ကျွန်တော်တို့ မောင်နူးအိဆိုင်လေးကိုလဲ လကုန်ထိ ပိတ်ထားဦးမှာမို့ Online delivery တစ်မျိုးထဲဖြင့်သာ မှာယူအားပေးနိုင်ဦးမှာ ဖြစ်ပါတယ်လို့ အထူး ပန်ကြားချင်ပါတယ်ခင်ဗျ။ 🚴‍♂️ 🚴‍♂️ 🚴‍♂️ ဖုန်းဆက်မှာယူလိုပါက 09770748624 ကိုဖြစ်စေ Page messenger ကဖြစ်စေ မှာယူနိုင်ပါတယ်ခင်ဗျာ...
မိဘပြည်သူအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ဘေးကင်းကြပါစေကြောင်း သီတင်းကျွတ်ဆုမွန်ကောင်းလေးလဲ တောင်းလိုက်ရပါတယ်။ 🙏🙏🙏


#မူလလက်ဟောင်းလှည်းတန်းမောင်နူးအိ
Photo from Internet source

16/10/2020

ကဲ အမျိုးတို့ရေ ဒီအပတ်မှာတော့ မောင်နူးအိ နဲ့ တွဲစားဖို့ မယ်ချောပို သာခွေယိုင်လေးပါ မှာလို့ရပါပြီ
တစ်ဗူးမှ ၅၀၀ ပဲခင်ဗျ... 👌👌👌
အမဲအူပြုတ် အမဲအူသုပ်လေးစားပြီး သာခွေယိုင်နဲ့ အချိုတည်းနိုင်ပါပြီခင်ဗျာ 🤤🤤🤤
သာခွေယိုင်ဆိုတာ မြိတ်၊ ထားဝယ် အစားအစာ တစ်မျိုးဖြစ်ပြီး ကောက်ညှင်းငချိတ် စေးစေးလေးကို အုန်းနို့ရည်ချိုချိုနဲ့ တွဲဖက် စားသုံးရတာပါခင်ဗျ။ ကျွန်တော်ကတော့ အရသာ ပိုကောင်းအောင် နို့စိမ်းလေးပါ ဆမ်းပေးထားပါတယ်ခင်ဗျာ ၅၀၀ ကျပ်တည်းနဲ့ အရသာပစ်ပစ်နှစ်နှစ် စားရမယ်ခင်ဗျ

ရောင်းနေကြ Menu တွေကိုလဲ ပုံမှန်အတိုင်း မှာယူနိုင်ပါတယ်။
အုန်းနို့ဆန်ပြုတ် ၁ ပွဲ - ၅၀၀
နွားနို့ဆန်ပြုတ် ၁ ပွဲ - ၅၀၀
အုန်းနို့ ငှက်ပျောပေါင်း ၁ ပွဲ - ၁၀၀၀
အမဲအူသုတ် ၁ ပွဲ - ၁၅၀၀
အမဲအူပြုတ် ၁ ပွဲ - ၁၅၀၀
နွားမြှီးစွတ်ပြုတ် ပွဲသေး - ၃၀၀၀
နွားမြှီးစွတ်ပြုတ် ပွဲကြီး - ၅၀၀၀
ကြက်သားဆန်ပြုတ် ၁ ပွဲ - ၁၀၀၀
ငါးရံ့ဆန်ပြုတ် ၁ ပွဲ - ၁၀၀၀
ကြက်ခြေထောက်သုတ် (ဗမာသုတ်) ၁ ပွဲ - ၁၅၀၀
ငါးဖယ်သုတ် (ဗမာသုတ်) ၁ ပွဲ - ၁၀၀၀

Page messenger မှာ မှာယူနိုင်သလို ဖုန်းဆက်ပြီးမှာယူမယ်ဆိုရင်လဲ 09788859833 ကို ကြိုတင်မှာယူနိုင်ပါပြီခင်ဗျ။
#မူလလက်ဟောင်းလှည်းတန်းမောင်နူးအိ

07/10/2020

မေမေတို့အတွက် အကျိုးများ အားရှိစေသော နွားမြှီးစွပ်ပြုတ်တစ်ခွက် 🍲🍲🍲🍲🍲
အမျိုးတို့ရေ ခုလို ခက်ခက်ခဲခဲ အိမ်တွင်းအောင်းပြီးနေနေရတဲ့ အချိန်ကာလတွေမှာ အိမ်မှာ ကလေးမွေးစ နို့တိုက်မိခင်တွေရှိရင် သူတို့တွေဟာ တကယ့်ကို သူရဲကောင်း မိခင်တွေပါပဲခင်ဗျ။
👍👍👍
ရောဂါတွေကြားက ခက်ခက်ခဲခဲ ဝမ်းနဲ့လွယ် မွေးခဲ့ရလို့ တကယ့်ရဲရင့်သူကြီးများလဲ ဖြစ်ပါတယ်။ ဒီလို အိမ်က မိခင်လောင်းတွေရှိခဲ့ရင် ပိုပိုပြီး ဖေးမ အားပေး အနားမှာ ရှိနေပေးဖို့လဲ ဖေဖေတွေက ပိုဂရုစိုက်ပေးလိုက်ကြပါခင်ဗျ။ 👨‍👩‍👦👨‍👩‍👦👨‍👩‍👧
ပူပူနွေးနွေး မေမေဘဝ ရောက်ရသူများအတွက် မိခင်နို့ရည် မထွက်ခြင်း၊ အထွက်နည်းခြင်း တို့အတွက်ကိုလဲ မောင်နူးအိဆိုင်မှာ အကျိုးများစေတဲ့ Menu တစ်ခွက် အနေနဲ့ နွားမြှီးစွတ်ပြုတ်ကို အော်ဒါ မှာယူလို့ရပါတယ်ခင်ဗျ။ သွေးနုနုသားနုနုမို့ စွတ်ပြုတ်အရသာ ညှီတာမျိုး ဖြစ်မှာတော့ လုံးဝ မစိုးရိမ်ပါနဲ့ခင်ဗျ။ ✋✋✋ကျွန်တော် မောင်နူးအိ လက်ရာကတော့ စားဖူးသူတိုင်း သိပြီးသားမို့ တာဝန်ခံပါတယ်။ မေမေတို့အတွက် အကျိုးကျေးဇူးများသလို အသက်ကြီးသူများ နာလန်ထစ လူမမာများ အတွက်လဲ ခွန်အားဖြစ်စေတာမို့ နွားမြှီးစွတ်ပြုတ်လေးကိုလဲ Menu အသစ် တစ်ခုအဖြစ် ထပ်တိုးပေးလိုက်ပါတယ်ခင်ဗျ။ နွားမြှီးစွတ်ပြုတ်ကတော့ တစ်ပွဲကို ပွဲသေး ၃၀၀၀ ကျပ် နဲ့ ပွဲကြီး ၅၀၀၀ ကျပ် ဆိုပြီး ၂ မျိုးရှိပါတယ်။ တစ်ရက်ကြိုတင်ပြီး မှာယူရရှိနိုင်တယ်ခင်ဗျ။
📞☎️ 09770748624




#လှည်းတန်းမောင်နူးအိ #မောင်နူးအိနွားမြှီးစွတ်ပြုတ်

Photos from Hledan Maung Nuei's post 02/10/2020

မောင်နူးအိ အမျိုးတို့ ခင်ဗျ...
ကျွန်တော်တို့ လှည်းတန်း မောင်နူးအိဆိုင်လေး ပိတ်ထားရတဲ့အတွက် Foodpanda နဲ့ မှာယူမှုတွေကိုလဲ ခေတ္တရပ်ဆိုင်းထားပါတယ် ခင်ဗျ
အကယ်၍ အော်ဒါ မှာယူလိုပါက ကျွန်တော့ ဖုန်းကို 09788859833 ကို တိုက်ရိုက်ဆက်သွယ်မှာယူနိုင်ပါတယ်။
နေ့စဉ် Delivery ရှိပြီး ကိုယ်တိုင် လိုက်လံ ပို့ဆောင်နေပါတယ်ခင်ဗျ

မှာယူရရှိနိုင်သော အစားအသောက်တွေကတော့

အုန်းနို့ဆန်ပြုတ် ၁ ပွဲ - ၅၀၀
နွားနို့ဆန်ပြုတ် ၁ ပွဲ - ၅၀၀
အုန်းနို့ ငှက်ပျောပေါင်း ၁ ပွဲ - ၁၀၀၀
အမဲအူသုတ် ၁ ပွဲ - ၁၅၀၀
အမဲအူပြုတ် ၁ ပွဲ - ၁၅၀၀
ကြက်သားဆန်ပြုတ် ၁ ပွဲ - ၁၀၀၀
ငါးရံ့ဆန်ပြုတ် ၁ ပွဲ - ၁၀၀၀
ကြက်ခြေထောက်သုတ် (ဗမာသုတ်) ၁ ပွဲ - ၁၅၀၀
ငါးဖယ်သုတ် (ဗမာသုတ်) ၁ ပွဲ - ၁၀၀၀

အထက်ပါ menu တွေအပြင် အမဲအူ သန့်စင်ပြီးသား အစိမ်းကိုလဲ မှာယူရရှိနိုင်ပါတယ်။ မှာယူအားပေးမှုများအတွက်လဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျ။ အားလုံးလဲ ဘေးကင်းရန်ကွာပြီး ကျန်းကျန်းမာမာရှိပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်ခင်ဗျ။ တတ်နိုင်သမျှ အိမ်ထဲမှာနေပြီး Covid ရန်ကို ကာကွယ်ကြပါစို့ခင်ဗျ။

22/09/2020

ဗျို့ မောင်နူးအိ အမျိုးတို့ရေ...
သတင်းကောင်းလေးပေးချင်လို့ခင်ဗျ
အိမ်မှာ Stay Home မယ့် ကာလတွေမှာ အပြင်မထွက်ချင်ဘူး အိမ်မှာပဲ ချက်ပြုတ် စားသောက် ကြမယ်ဆိုသူများအတွက် သန့်စင်ပြီးသား အမဲအူ အစိမ်းတွေကို မှာယူရရှိနိုင်ပါပြီခင်ဗျ။
သန့်စင်ပြီးသာ: အမဲအူ 1 ပိဿာ #12,000 ကျပ်ပါခင်ဗျ
(ကြိုက်တာရွေးမှာချင်သူများ အတွက်ကတော့ 1 ပိဿာ #16,000 ကျပ်ပါခင်ဗျ)
အမဲကလီစာ ကို အိမ်မှာတင် မဆလာ နိုင်နိုင်နဲ့ ကိုယ်တိုင် ချက်ပြုတ် စားသောက်ချင်သူများ 09770748624 ကို ဆက်သွယ်မှာယူ လို့ရပါတယ်ခင်ဗျ။
အိမ်တိုင်ရာရောက် Home Delivery လဲ ရရှိနိုင်ပါပြီ။
Frozen လုံးဝမဟုတ်ပါဘူးခင်ဗျ။
လက်ရှိလဲ မှာယူနေကြသူရှိလို့ အခြားမှာယူ အားပေးချင်သူများရှိရင်လဲ မှာယူအားပေးနိုင်ပါပြီခင်ဗျ။

20/09/2020

Covid ကြီးရဲ့ ရိုက်ခတ်မှုတွေကလည်း ခုဆို တစ်နေ့ထက်တစ်နေ့ တိုးလို့လာနေပါပြီ။ ဒီကာလကြီး ဘယ်လောက်ထိ ရှည်မယ် ခုထိ မသိနိုင်သေးတာ COVID နှစ်ပက်လည်တောင် ရောက်တော့မယ်ခင်ဗျ။ လှည်းတန်းအနီးတဝိုက်မှာလဲ စားစရာသောက်စရာဆိုင်တွေက အများကြီး မရှိတော့တာ ဝမ်းနည်းစရာပါ။
👉 ကျွန်တော် မောင်နူးအိကတော့ ဝယ်နေကျ ကျွန်တော့ အမျိုးတို့ မခက်ခဲရအောင် နေ့စဉ်နေ့တိုင်း ပိတ်ရက်မရှိ ပါဆယ် ရောင်းချပေးနေပါတယ်ခင်ဗျ။ တကယ်လို့ အားပေးချင်သူများရှိလဲ မသိပဲ မနေရအောင် ညနေ ၅ နာရီခွဲလောက်ကစဖွင့်ပြီး ရောင်းချပေးနေကြောင်း သတင်းကောင်းပါးပါတယ်ခင်ဗျ။
👉 နေ့စဉ်နေ့တိုင်း Delivery ရှိတာကြောင့် အိမ်ထဲကအိမ်ပြင် မထွက်သူများအတွက်လဲ အဆင်ပြေစေရမယ့်အပြင် လှည်းတန်းအနီးတစ်ဝိုက် နေသူများအတွက် ဆိုင်ဖွင့်ချိန်များမှာ Foodpanda က တစ်ဆင့် မှာယူနိုင်မှာဖြစ်ပါတယ်။
👉 ပုံမှန် အမဲအူပြုတ်၊ အမဲအူသုပ်၊ ကြက်ခြေထောက်သုပ်၊ ငါးဖယ်သုပ်၊ ကြက်သားဆန်ပြုတ် တို့အပြင် အုန်းနို့ဆန်ပြုတ်၊ နွားနို့ဆန်ပြုတ် နဲ့ ငှက်ပျောပေါင်းတို့ကိုလဲ အသင့်စားဘူးလေးများဖြင့် နေ့တိုင်းရောင်းချပေးနေပါတယ်ခင်ဗျ။ အားလုံး အားလုံးပဲ ဒီကပ်ကြီးကနေ အမြန်ဆုံး ကျော်လွှားနိုင်ပြီး လှည်းတန်းကြီးလဲ အရင်လို ပြန်လည်စည်ကားနိုင်ပါစေ ခင်ဗျာ 💪💪💪

30/08/2020

🚦🚦🚦ရောဂါကူးစက်မှုတွေကလဲ တဖြည်းဖြည်းနဲ့ များပြာလာပါပြီ။ သို့ပေမယ့်လဲ လူတိုင်းလူတိုင်းမှာ စားဝတ်နေရေးဆိုတာ ရှိလေတော့ ပိုမိုဂရုစိုက်ပြီး သွားလာနေထိုင် စားသောက်နေကြရပါပြီ။ အခြေခံလူတန်းစားတွေကအစ သူဌေးတွေအဆုံး ဒီအခြေအနေကို ကြံ့ကြံ့ခံနိုင်ဖို့ ကြိုးစားရုန်းကန်နေကြရချိန်မှာ အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါစို့ဗျာ။ 💪💪💪 ကျွန်တော် မောင်နူးအိလဲ ယနေ့လို အခါမျိုးမှာ ဆိုင်ဖွင့်ချိန်လေး ပိုလျှော့ပြီး စားသုံးသူတွေ ပိုမိုလွယ်ကူစွာ မှာယူနိုင်ဖို့ online food delivery ပိုပြီးအားစိုက်သွားပါမယ်ခင်ဗျ။ 🚴‍♂️🚴‍♂️🚴‍♂️ အခုဆို ရက်သတ္တပတ် ၇ ရက်လုံး delivery service ရနိုင်ပြီမို့ အားလုံးပဲဆိုင်လာမစားနိုင်ကြလဲ messenger မှဖြစ်စေ 09770748624 သို့ဖုန်းဆက်သွယ်မှာယူခြင်းဖြင့် ဖြစ်စေ မှာယူစားသောက်နိုင်ပါပြီဖြစ်ကြောင်း ထပ်မံ အသိပေးပါရစေခင်ဗျ။ 📞📞📞 ဒီကပ်ဆိုးကြီး ကျော်လွန်သွားတဲ့အခါ အားလုံး ပျော်ပျော်ကြီး ပြန်လည် လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာကြဖို့ မျှော်လင့်ရင်း ဆုတောင်းလိုက်ပါတယ်။🙏🙏🙏

နေ့တိုင်းနေ့တိုင်း Food Delivery ရှိပါသောကြောင့် ဖုန်းလေးသာ ဆက်လိုက်ပါ။ (မနက်ပိုင်းအော်ဒါများအတွက် တစ်ရက်ကြိုတင် မှာယူပေးပါခင်ဗျ)။ တိုက်အပေါ်ထပ် များတက်ပို့ရမယ် ဆိုရင် (၅၀၀) ကျပ် ပိုမိုကောက်ခံမည်ကိုတော့ နားလည်ပေးစေလိုပါတယ် ခင်ဗျ။

မှာယူနိုင်သော Menu များကတော့

#အုန့်နို့ငှက်ပျောပေါင်း ၁ ပွဲ - ၁၀၀၀
#အုန်းနို့ဆန်ပြုတ် ၁ ပွဲ - ၅၀၀
#နွားနို့ဆန်ပြုတ် ၁ ပွဲ - ၅၀၀
#အမဲအူသုတ် ၁ ပွဲ - ၁၅၀၀
#အမဲအူပြုတ် ၁ ပွဲ - ၁၅၀၀
#ကြက်သားဆန်ပြုတ် ၁ ပွဲ - ၁၀၀၀
#ငါးရံ့ဆန်ပြုတ် ၁ ပွဲ - ၁၀၀၀
#ကြက်ခြေထောက်သုတ် (ဗမာသုတ်) ၁ ပွဲ - ၁၅၀၀
#ငါးဖယ်သုတ် (ဗမာသုတ်) ၁ ပွဲ - ၁၀၀၀

ဖုန်းဆက်ပြီးမှာယူမယ်ဆိုရင်လဲ 09770748624 ကို ကြိုတင်မှာယူနိုင်ပါပြီခင်ဗျ။

#မူလလက်ဟောင်းလှည်းတန်းမောင်နူးအိ

07/08/2020

Super Sunday မှာ အဝစားဖို့ TGIF ကစ အော်ဒါကောက်ပြီခင်ဗျ...
ပုံမှန် Menu တွေပဲလား မောင်နူးအိဆိုရင်တော့ အသစ်ကလေးပါပါတယ်ဗျ...
Menu သစ်လေးကတော့ #အုန်းနို့ငှက်ပျောပေါင်း ပါ။
တစ်ပွဲကိုမှ #1000ကျပ် ပါခင်ဗျ။ ဖီးကြမ်းငှက်ပျောသီး 4 လုံးပါပါမယ်။
ပုံမှန် မှာနေကြ Menu များလဲ မှာယူရရှိနိုင်မှာဖြစ်ပါတယ်။

အမဲအူသုတ် ၁ ပွဲ - ၁၅၀၀
အမဲအူပြုတ် ၁ ပွဲ - ၁၅၀၀
ကြက်သားဆန်ပြုတ် ၁ ပွဲ - ၁၀၀၀
ငါးရံ့ဆန်ပြုတ် ၁ ပွဲ - ၁၀၀၀
နွားနို့ဆနိပြုတ် ၁ ပွဲ - ၅၀၀
အုန်းနို့ဆနိပြုတ် ၁ ပွဲ - ၅၀၀
ကြက်ခြေထောက်သုတ် (ဗမာသုတ်) ၁ ပွဲ - ၁၀၀၀
ငါးဖယ်သုတ် (ဗမာသုတ်) ၁ ပွဲ - ၁၀၀၀

#မူလလက်ဟောင်းလှည်းတန်းမောင်နူးအိ

17/07/2020

Hello နူးအိ ပရိတ်သတ်တို့ ကျွန်တော်မောင်နူးအိ ဒီအပတ် Sunday မှာလဲ နွားနို့ဆန်ပြုတ်နဲ့ အုန်းနို့ဆန်ပြုတ် အော်ဒါရှိတာကြောင့် တစ်လက်စတည်း အော်ဒါ ထပ်ကောက်ပါဦးမယ်ခင်ဗျ။ မှာယူလိုရင် မနက်ဖြန် ည ၆ နာရီလောက်ထိ အော်ဒါမှာနိုင်ပါတယ်ခင်ဗျ။ ရန်ကုန်ကလဲ မိုးလေးက မပြတ်တော့ မနက်စာ နေ့လည်သားရေစာအတွက်ဆို အာဟာရရှိရှိ ဆန်ပြုတ်လေးနဲ့က ကွက်တိကျပါတယ်ခင်ဗျနော်။ တခြား Menu တွေကိုလဲ တစ်ခါတည်း မှာယူနိုင်ပါတယ်။
အုန်းနို့ဆန်ပြုတ် ၁ ပွဲ - ၅၀၀
နွားနို့ဆန်ပြုတ် ၁ ပွဲ - ၅၀၀
အမဲအူသုတ် ၁ ပွဲ - ၁၅၀၀
အမဲအူပြုတ် ၁ ပွဲ - ၁၅၀၀
ကြက်သားဆန်ပြုတ် ၁ ပွဲ - ၁၀၀၀
ငါးရံ့ဆန်ပြုတ် ၁ ပွဲ - ၁၀၀၀
ကြက်ခြေထောက်သုတ် (ဗမာသုတ်) ၁ ပွဲ - ၁၅၀၀
ငါးဖယ်သုတ် (ဗမာသုတ်) ၁ ပွဲ - ၁၀၀၀

ဖုန်းဆက်ပြီးမှာယူမယ်ဆိုရင်လဲ 09770748624 ကို ကြိုတင်မှာယူနိုင်ပါပြီခင်ဗျ။
#မူလလက်ဟောင်းလှည်းတန်းမောင်နူးအိ

02/07/2020

ကျွန်တော်မောင်နူးအိ လကုန်ရက်တွေဆို ဆိုင်မှာ လူများပြီး အုံကျလွန်းလို့ Page မှာ သိပ်တောင်မတင်ဖြစ်တော့ ကျွန်တော့ customer တွေ မေ့ပြီထင်ပါရဲ့ဗျာ 😬😬😬
စကားမစပ် ဆန်းဒေးရဲ့ မဟားဒရား အော်ဒါလေးတွေမှာလို့ရပြီနော် ခင်ဗျ။ နေ့တိုင်းလဲ Direct Online delivery လဲ ရှိသလို အနီးအနားက မိတ်ဆွေတို့အတွက် Foodpanda delivery လဲ ရှိနေပါတယ်။ မှာသာမှာကြပါခင်ဗျ 😊😊😊

16/06/2020

ကျွန်တော်မောင်နူးအိ ယခုလာမယ့်အပတ် Sunday မှာ နွားနို့ဆန်ပြုတ် အော်ဒါလေးရှိပါသောကြောင့် တစ်လက်စတည်း Menu ထဲမှာ နွားနို့ဆန်ပြုတ်နဲ့ အုန်းနို့သာကူဆန်ပြုတ်လေးကို တစ်ပွဲကို ၅၀၀ ကျပ်နှုန်းနဲ့ အများသူငါ စားသောက်နိုင်ဖို့ အော်ဒါလေး ကောက်ပါရစေ
မနက်ပိုင်း လိုချင်ရင်လဲ မနက် ၉ နာရီ အမှီ ပို့ပါမယ်ခင်ဗျ
အမဲအူပြုတ် အမဲအူသုတ်နဲ့ ကျန်တဲ့အမယ်တွေကိုတော့ နေ့လည် ၃:၀၀ နာရီမှာ ပုံမှန်အတိုင်း နေ့စဉ် Delivery ရှိပါတယ်ခင်ဗျာ မှာမယ့်သူတွေ ကြိုတင်မှာနိုင်စေကြောင်း အသိပေးလိုက်ရပါတယ်။

မှာယူနိုင်မည့် စားသောက်ဖွယ်ရာများ
အာဟာရပြည့် မနက်စာ နေ့လည်စာ ညအဆာပြေ
(၁) နို့စိမ်းမွှေးမွှေးလေး ဆမ်းပေးမည့် နွားနို့ဆန်ပြုတ် တစ်ပွဲ ၅၀၀ ကျပ်
(၂) သာကူစေ့လေးနဲ့ အုန်းနို့ဆန်ပြုတ်မွှေး တစ်ပွဲ ၅၀၀ကျပ်

နေ့လည် ၃:၀၀ မှ ပုံမှန်မှာယူနိုင်မည့် စားသောက်ဖွယ်ရာများ
(၁) အမဲအူပြုတ် တစ်ပွဲ ၁၅၀၀
(၂) အမဲအူသုပ် တစ်ပွဲ ၁၅၀၀
(၃) ကြက်ခြေထောက် (ဗမာသုပ်) တစ်ပွဲ ၁၅၀၀
(၄) ကိုယ်တိုင်ကြော် ငါးဖယ် (ဗမာသုပ်) တစ်ပွဲ ၁၀၀၀
(၅) ငါးရံ့ဆန်ပြုတ် တစ်ပွဲ ၁၀၀၀
(၆) ကြက်သားဆန်ပြုတ် တစ်ပွဲ ၁၀၀၀

#မူလလက်ဟောင်းလှည်းတန်းမောင်နူးအိ

Added 1 media to this post.

13/06/2020

လှည်းတန်း မောင်နူးအိဆိုင်လေး Foodpanda မှာ ရှာပြီး နေ့စဉ် နေ့လည် 3:30 ကစ ည 9:00 နာရီထိ မှာလို့ရပါပြီခင်ဗျ။ မနက်ဖြန် Sunday တွက် အော်ဒါလေးတွေ ကြိုမှာကြဖို့လဲ မမေ့ကြပါနဲ့ဦးဗျ နော်။

09/06/2020

မောင်နူးအိ အနေနဲ့ အတတ်နိုင်ဆုံး စျေးကို အများဝယ်ယူနိုင်အောင်ရောင်းပေးချင်တယ်ဗျာ...
ဒါပေမယ့်လဲ စျေးရောင်းတဲ့ အခါ ကုန်ကြမ်းရှာမရရင် သိပ်စိတ်ညစ်ရပါတယ်။ ကြက်ခြေထောက်တွေ ခုစျေးထဲမှာတစ်ခါတစ်လေ ရှာမရတာနဲ့ နောက် ရရင် အသေးလေးတွေတောင် စျေးကြီးတာနဲ့ ကြက်ခြေထောက်သုပ်တစ်ပွဲ ၁၅၀၀ ပြောင်းရောင်းရတော့မယ်ခင်ဗျ ကျွန်တော် ယခင် ကြက်ခြေထောက် ကြီးရင် ၂ ချောင်း သေးရင် ၃ ချောင်းထည့်ပေးနေရင်းက အခု ၄ ချောင်းပိုထည့်ပေးပါမယ်ခင်ဗျ။ ဝယ်စျေးတက်သွားလို့ ကျွန်တော် စျေးလိုက်တက်ရပေမယ့် စိတ်မပျက်သွားပဲ ဆက်ပြီး အားပေးကြပါဦးလား ခင်ဗျာ။
#မူလလက်ဟောင်းလှည်းတန်းမောင်နူးအိ #လှည်းတန်းအမဲအူပြုတ်အမဲအူသုပ်

07/06/2020

မောင်နူးအိရဲ့ Sunday Surprise
ဒီနေ့အော်ဒါပွဲတွေအားလုံးတွက် ကျွန်တော် နွားနို့ဆန်ပြုတ် တစ်ပွဲစီ လက်ဆောင်ထည့်ပေးထားပါတယ်ခင်ဗျာ အားပေးမှုကို ကျေးဇူးတင်ပါတယ်
Covid ကာလအတွင်း အားရှိစွာ နေထိုင် စားသောက်ကြပါခင်ဗျ
Hope you enjoy your Sunday with our milk porridge
🥣🥣🥣🥣🥣
#မူလလက်ဟောင်းလှည်းတန်းမောင်နူးအိ

06/06/2020

မောင်နူးအိကို မနက်ဖြန်တွက် အော်ဒါတွေ
ဒီနေ့ကြိုတင်ကြဖို့ မေ့မနေကြပါနဲ့ဦးဗျ နော်
ဆိုင်ဖွင့်တဲ့ ရက်တွေဆို ဒီနေ့မှာ ဒီနေ့ပို့က ပြဿနာမရှိပေမယ့် ကျွန်တော်က Sunday ဆိုင်ပိတ်တော့ မှာသလောက်အပြင် ပစ္စည်းပို မဝယ်ထားမိရင် Weekend တစ်ရက် လွတ်သွားမှာ စိုးလို့ပါဗျ
Delivery နေ့တိုင်း မပို့ရတဲ့နေ့မရှိအောင် အားပေးကြသူတစ်ဦးတစ်ယောက်စီတိုင်းကိုလဲ ကျွန်တော် ကျေးဇူးအထူးတင်ပါတယ်ဗျ။

#မူလလက်ဟောင်းလှည်းတန်းမောင်နူးအိ #

03/06/2020

မောင်နူးအိမယ် နောက်ဆို အော်ဒါတွေ မဟားဒရားကောက်ဖို့ မကြော်ငြာရဲတော့ပါဘူးနော်။ အားပေးကြမ်းကြတဲ့ ကျွန်တော့်ကျေးဇူးရှင် customer တွေရဲ့ မှာယူအားပေးမှုတွေနဲ့ကြောင့် ပျော်ရသလို မနိုင်ဝန်ထမ်းမိတော့လဲ ညစာအချိန်မှီ မပို့နိုင်ရင် ကျွန်တော် စိတ်မချမ်းသာရဘူးဗျ။ ဒါကြောင့် အော်ဒါကို နေ့တိုင်းပုံမှန်လေးပဲ ကောက်သွားပါတော့မယ်။ (တစ်ရက် ပွဲ ၃၀ လောက်ပဲ လက်ခံပါမယ်ခင်ဗျ၊ Sunday တစ်ရက်တော့ အမုန်းမှာကြပါခင်ဗျ ပို့ပါ့မယ်) နေ့တိုင်း Deliveryရှိပါမယ်။ Sunday ဆိုရင်တော့ ဆိုင်ပိတ်ပြီး Online Delivery သီးသန့် ပဲရောင်းပေးပါမယ်ခင်ဗျ။ အော်ဒါကို တစ်ရက်အနည်းဆုံးကြိုမှာပေးကြပါဦးခင်ဗျ။ ညနေပိုင်းပဲပို့လို့ရပါမယ်ခင်ဗျာ။

Menu လေးတွေပြန်ရေးပေးလိုက်ပါတယ်ဗျနော်။ (အကြွေ အခက်အခဲ ရှိပါသောကြောင့် ဆန်ပြုတ်ကို 800 မှ 1000ကျပ်သို့ ပြောင်းလဲထားပါတယ်ခင်ဗျာ)
အမဲအူသုတ် ၁ ပွဲ - ၁၅၀၀
အမဲအူပြုတ် ၁ ပွဲ - ၁၅၀၀
ကြက်ခြေထောက်သုတ် (ဗမာသုတ်) ၁ ပွဲ - ၁၅၀၀
ငါးဖယ်သုတ် (ဗမာသုတ်) ၁ ပွဲ - ၁၀၀၀
ကြက်သားဆန်ပြုတ် ၁ ပွဲ - ၁၀၀၀
ငါးရံ့ဆန်ပြုတ် ၁ ပွဲ - ၁၀၀၀

#မူလလက်ဟောင်းလှည်းတန်းမောင်နူးအိ

01/06/2020

မောင်နူးအိနှင့် စိတ်မကောင်းဖြစ်ခဲ့ရသော နေ့ရက်များ
ကျွန်တော် မနေ့က တနင်္ဂနွေမှာ online delivery ဘဝမှာ ပထမဆုံး ထွက်နေကြဆိုင်ပိတ်၍ရောင်းဖူးခြင်းမှာ တစ်ပတ်လုံးစာ တစ်ရက်ပဲ အော်ဒါကောက်မိလို့ အော်ဒါတွေများပြီး မနိုင်မနင်းဖြစ်ခဲ့ရပြီး တစ်ချို့သော စားသုံးသူများ နောက်ကျမှ ရရှိခဲ့ရ၊စောင့်မျှော်ပြီး စားသုံးခဲ့ရတဲ့ တစ်ဦးတစ်ယောက်ဆီတိုင်းကို ကျွန်တော် အနူးအညွှတ်တောင်းပန်အပ်ပါတယ်ခင်ဗျ။ ကျွန်တော်ဟာ စျေးသည်သက်သက်သာဖြစ်ခဲ့လို့ လိုင်းပေါ်ရောင်းရတာ ရောင်းစမရှိတဲ့အတွက်တစ်ကြောင်း စားသုံးကုန်ပစ္စည်းဖြစ်နေသည်က တစ်ကြောင်းမို့ အခက်အခဲလေးတွေကြား နားလည်ပေးရင်း ကြည်ဖြူပေးကြတဲ့ မှာယူစားသုံးသူ မိဘပြည်သူအပေါင်းကို နောင်များ ကျွန်တော် အမှားအယွင်း ပိုပြီး နည်းနိုင်သမျှနည်းအောင် ပို့ဆောင်ပေးပါ့မယ်ခင်ဗျာ။ ကျွန်တော့အပေါ် အမျတ်တော်တွေမဝင်ပဲ အချစ်တော်တွေ မပျက်ကြစေလိုကြောင်းလဲ ဒီနေရာကပဲ အနူးအညွှတ်တောင်းပန်လိုက်ပါရစေခင်ဗျ။ 🙏🙏🙏 မှာယူအားပေးခဲ့သူ တစ်ဦး တစ်ယောက် စီတိုင်းရော အဆင်ပြေပြေစားသုံးနိုင်ပြီး နောက်ထပ် အော်ဒါပါ တစ်ခါတည်း မှာပေးယူအားပေးသွားသူများရော နစ်နာသွားသူ customer အားလုံးကိုပါ ကျွန်တော်ပိုပိုပြီးကောင်းလာအောင် နောင်မှာပြင်ဆင်ပါ့မယ်ခင်ဗျာ။ အားပေးမှုကို ကျေးဇူး အထူး တင်ရှိပါတယ်။
#မူလလက်ဟောင်းမောင်နူးအိ #မောင်နူးအိအမဲအူပြုတ်

30/05/2020

ကျွန်တော် မနက်ဖြန်အတွက် Sunday အော်ဒါလေး ယခုပဲ ပိတ်လိုက်ပါပြီခင်ဗျ
နောက်အပတ်မှာ အင်္ဂါ၊ သောကြာ၊ တနင်္ဂနွေ အတွက် အော်ဒါ ကြိုလက်ခံပါမယ်

Photos from Hledan Maung Nuei's post 29/05/2020

မောင်နူးအိရဲ့ အမဲအူပြုတ်ကိုလာအားပေးရင်း အရမ်းကြိုက်လို့ စားကြတဲ့ Customer တွေက ကျွန်တော့်ဆီကို အမဲအူပြုတ်နည်း လာလာမေးကြတယ်ဗျ။ ကျွန်တော် ပြုတ်တဲ့နည်းက လျှို့ဝှက်ချက် ဘာမှ မပါပါဘူးခင်ဗျ။ အမဲအူကို ဂျင်း စပါးလင် ဆား ဆနွင်း ကြက်သားမှုန့် ထည့်ပြီး ရိုးရိုးတန်းတန်းပဲ ပြုတ်ပါတယ်ဗျ။ ဒါပေမယ့် မီးသွေးမီးတစ်ခုတည်းကိုသာ အသုံးပြုပါတယ်။ အဓိကက သန့်ရှင့်ရေး လုပ်တဲ့နေရာမှာ ကြာတာပဲဗျ။ အောက်ကပုံနှစ်ပုံကို ကြည့်တဲ့အခါ သိပါလိမ့်မယ်။ ကျွန်တော် အာမခံရဲတာကတော့ ကျွန်တော့်အမဲအူပြုတ်က အညှီနံ့မရှိဘူး အမဲတွေ မပါဘူး အူတွေမခါးဘူးခင်ဗျ။ ပြီးတော့ နူးအောင် ပြုတ်ပါတယ် ဒါလေးပါပဲဗျာ။ ပြုတ်တာ ၂ နာရီကြာရင် ကျွန်တော် အူတွေသန့်တာ ၃ နာရီလောက် ကြာတယ်ခင်ဗျ။
#မူလလက်ဟောင်းလှည်းတန်းမောင်နူးအိ

27/05/2020

မောင်နူးအိရဲ့ ဆရာသခင် ကျေးဇူးရှင်များ
ကျွန်တော်မောင်နူးအိ ဒီလိုဆိုင်လေးထွက်ပြီး စားဝတ်နေရေး တစ်ဝမ်းတစ်ခါးရပ်တည်နိုင်ဖို့ရာ အတွက် ကျေးဇူးတင်ရမည့် ဆရာသခင်တွေရှိခဲ့ပါတယ်။ အမဲအူပြုတ်နည်းကို သင်ကြားပေးခဲ့တဲ့ ရတနာမြိုင်လမ်း အရှေ့အိမ်က အိမ်နီးချင်း မောင်သိန်းမြင့်( ယခုတော့ အဆက်အသွယ် မရှိတော့ပါဘူးခင်ဗျာ)။ ဆန်ပြုတ်ကိုလဲ သူ့နည်းသူ့ဟန် အသွယ်သွယ်နဲ့ သင်ကြားပေးခဲ့တဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကျေးဇူးရှင်မည်ထိုက်တဲ့ ဦးယုန် (ကြေးအိုးဆီချက်)၊ ဦးယုန်ရဲ့ သားတွေ သမီးတွေကတော့ ကျွန်တော့ဆီ အခုထိ ဆန်ပြုတ်ဝယ်စားတုန်းပေါ့ဗျာ။ ဆရာသခင် အားလုံးကို ကျွန်တော် ဒီ Post လေးကနေ ကျေးဇူးတင်ကြောင်း ရေးသားလိုက်ရပါတယ်။ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေခင်ဗျာ။ 🙏🙏🙏စာရှည်လို့ စိတ်မရှည်မဖြစ်ကြပါနဲ့ဗျာ။ ကျေးဇူးတင်ချင်လွန်းလို့ပါ 😊😊😊
#မူလလက်ဟောင်းလှည်းတန်းမောင်နူးအိ

25/05/2020

ကဲ ဒီနေ့လာဝယ်ကြမယ့်
မောင်နူးအိရဲ့ အမျိုးတို့ရေ
အထပ်တစ်ရာနဲ့ ပုဆိုးကြမ်းကွက် ရမယ်နော်
ရှားရှားပါးပါးလေးပါ

Photos from Hledan Maung Nuei's post 24/05/2020

မောင်နူးအိ ရာဇဝင်
ကျွန်တော် မောင်နူးအိ ဒီနေ့ Super Sunday လဲဖြစ်တော့ စာနဲနဲရှည်ရှည်လေးရေးမယ်ဗျာ။ သည်းခံပြီးဖတ်ကြပါဦး။ မောင်နူးအိအမဲအူပြုတ်ဆိုင်လေးဖွင့်တာ နှစ်၂၀ကျော် ကျုပ်သမီး တစ်သက်ပဲဆိုပါတော့။ ဆိုင်လေးကတော့ ဒီနေရာက ဒီနေရာ ပိုပိုသာသာကြီး မတိုးတက်တာ ကျွန်တော်ညံ့ဖျင်းမှုလား မသိပါဘူးဗျာ။ ဒါပေမယ့် ဝမ်းသာစရာ တစ်ခုက ကျွန်တော်မောင်နူးအိကိုတော့ လှည်းတန်းမှာလူတော်တော်များများ သိတယ်ပေါ့ဗျာ။ ကျွန်တော်က စျေးရောင်းရင် စေတနာလေးထည့်ရောင်းသလို လာဝယ်သူတွေကို ဟာသလေး နှောစကားပြောတတ်တာကတော့ အားသာချက်လေးတစ်ခုပေါ့။ ကြွားရဦးမယ်ဆိုရင် ကျုပ်ဆိုင်ကို ပုံမှန်လာအားပေးတဲ့အထဲမှာ မင်းသားနိုင်နိုင်းတို့မိသားစု မင်းသမီးဆုပန်ထွာတို့ ဗိုလ်ချုပ်ကြီးဟောင်း ဦးစောမောင်ရဲ့သားတို့ ပါပါတယ်။ ကျွန်တော့်ဆိုင်ကို ကောင်းကောင်းကြီးသိကြတယ်ဗျ။ ဒါမျိုးလေးတွေကြောင့် ကျွန်တော်အားတက် ပျော်ရွှင်မဆုံးပါဘူးဗျာ။ ယခုအခါ Covid ကြီးဖြစ်ပြန်တော့ ကျွန်တော်တို့ဆိုင် တစ်လခွဲလောက်နားလိုက်ရတာနဲ့ စိတ်တော့မကောင်းဘူးပေါ့ဗျာ...ကျွန်တော်က နာဂစ်မုန်တိုင်းတုန်းကတောင် ဆိုင်ကို မပျက်မကွက် ထွက်ခဲ့တာကိုး။ နေ့တိုင်းကျွန်တော့်ဆိုင်မှာ ဆန်ပြုတ်နဲ့ အမဲအူပြုတ်ပုံမှန်လာဝယ်ကြတဲ့ လူကြီး လူငယ်တွေလဲ မနည်းကြတော့ စျေးမရောင်းရတာ စိတ်ထဲတော့ မကောင်းပါဘူး။ အခု ကျွန်တော် အသက်ကလဲ နည်းနည်းရလာတော့ မောင်နူးအိကို Promote လုပ်ချင်တာနဲ့ Page လေးထောင်ပြီး Delivery Service လေးပါ ပေးချင်လာတယ်ဗျာ။ တကယ်လို့ မှာမယ့်သူများရှိရင် ကျွန်တော် Sunday တစ်ရက်ကို ဆိုင်မဖွင့်ပဲ Delivery လိုက်ပို့ဖို့ စီစဉ်နေပါတယ်ဗျ။ အဝေးကလူတွေလဲ ဝယ်ယူအားပေးလို့ရအောင်ပေါ့ဗျာ။ လိုင်းပေါ်ကနေမှာယူပြီး အားပေးမယ့်သူများရှိရင် ကျွန်တော့် ဒီ post လေးအောက်မှာ မန့်ခဲ့ပေးပါဦးခင်ဗျာ။ အနည်းဆုံး ၅၀၀၀ ဖိုးကစမှာတာနဲ့ Sunday တိုင်းအတွက် အော်ဒါကြိုကောက်ထားပါရစေ။ လှည်းတန်းလမ်းမနဲ့ အနီးတဝိုက်ကိုတော့ Delivery free နဲ့ ပို့ပေးပါ့မယ်ဗျ။ တစ်ခုရှိတာ နူးနေအောင်ပြုတ်ရတာဖြစ်လို့ ညနေ ၄ နာရီလောက်မှာ အော်ဒါတွေစပို့လို့ရပါမယ်။ လောလောဆယ် Sunday တစ်ရက်တည်းပါ။
စျေးနှုန်းလေးတွေကတော့
အမဲအူသုတ် ၁ ပွဲ - ၁၅၀၀
အမဲအူပြုတ် ၁ ပွဲ - ၁၅၀၀
ကြက်သားဆန်ပြုတ် ၁ ပွဲ - ၈၀၀
ငါးရံ့ဆန်ပြုတ် ၁ ပွဲ - ၈၀၀
ကြက်ခြေထောက်သုတ် (ဗမာသုတ်) ၁ ပွဲ - ၁၀၀၀
ငါးဖယ်သုတ် (ဗမာသုတ်) ၁ ပွဲ - ၁၀၀၀
ဒါလေးတွေ အော်ဒါတက်နိုင်ပါပြီ။ သင့်တင့်မျှတတဲ့ စျေးနှုန်းလေးတွေနဲ့ လူတိုင်း စားသုံးနိုင်အောင် ကျွန်တော် ရောင်းချပေးနေပါပြီဗျ။ မောင်နူးအိရာဇဝင်လေးလဲသိ ရောင်းချပေးနေတဲ့ အမယ်တွေနဲ့ စျေးလဲ သိရအောင် ကျွန်တော် ဒီ post လေးကနေ ကြေငြာလိုက်ပါတယ် ခင်ဗျာ။ နောက်အပတ် Sunday အတွက်ကို ကြိုတင်မှာယူနိုင်ပါပြီ ခင်ဗျာ။ မောင်နူးအိကို ဆက်သွယ်ရန်ဖုန်း 09770748624 ပါဗျာ။ Chat Box ကနေ နောက်အပတ်အတွက် ကြိုတင်မှာယူနိုင်ပါပြီ။ အားလုံးရွှင်လန်းချမ်းမြေ့ပြီး ဒီရောဂါကပ်ကြီးလဲ အမြန်လွန်မြောက်ပါစေဗျာ။ 🙏🙏🙏

24/05/2020

ယနေ့အစ်နေ့ဖြစ်ပါသောကြောင့်
မောင်နူးအိ အမဲအူပြုတ်ဆိုင်လေး
နားပါတယ်ဗျာ။အမဲအူ မှာလို့မရလို့ပါ။
မနက်ဖြန် ဆိုင်ပြန်ဖွင့်ပါမယ်။

23/05/2020

မောင်နူးအိရဲ့ လျှို့ဝှက်ချက်တွေထဲက တစ်ခုကို ပြောရမယ်ဆိုရင် အတတ်နိုင်ဆုံး အမဲအူရဲ့ အရောင် ဝါထိန်မနေအောင် အဆင်းလေးနဲ့ ထိန်းပါတယ်။ 😋😋😋 အားသာချက်ကတော့ ဆနွင်းအနံ့ ထောင်းမနေဘူးပေါ့ဗျာ... ☺️☺️☺️ ဆိုင်ပြန်ဖွင့်တဲ့အချိန်လေးမှာ ဆိုင်လေးကိုလာရောက်အားပေးကြတဲ့ ဝယ်ယူသူ မိတ်ဟောင်း မိတ်သစ်များကို ကျေးဇူး အထူးပင် တင်မိပါတယ်။ 🙏🙏🙏
#လှည်းတန်းမောင်နူးအိ #ဆိုင်ခွဲမရှိသေးပါ #လှည်းတန်းအမဲအူပြုတ်အမဲအူသုတ်

23/05/2020

ကျွန်တော်ရဲ့ မောင်နူးအိဆိုင်လေးမှာ အမဲအူသုတ် နဲ့ အမဲအူပြုတ်အပြင် ကြက်သားဆန်ပြုတ်နဲ့ ငါးရံ့ဆန်ပြုတ်ကိုလည်း ရရှိနိုင်ပါတယ်။ ဝယ်ယူသူလာမှသာ ကြက်သား နဲ့ ငါးရံ့ကို ထည့်ပေးလေ့ရှိတာဖြစ်ပေမယ့် ဘာမှမပါတဲ့ ဆန်ပြုတ်ကတင် အရသာရှိတယ်ဆိုတာ ဝယ်သူတွေ ခဏခဏပြောလို့ကြားဖူးပါတယ်ဗျ။ ခုလိုမိုးတွင်းလေးကတော့ အမဲအူပြုတ်ပူပူလေးနဲ့ ဆန်ပြုတ်ပူပူလေးကြိုက်သူတွေအတွက် ရာသီစာလေးပေါ့ဗျာ။ လှည်းတန်းရောက်ရင် အားပေးကြပါဦးခင်ဗျ။ အလှူအတွက်ပဲဖြစ်ဖြစ် ဆန်ပြုတ်ကို အော်ဒါမှာချင်ရင် ၂၅ ပွဲကနေစ အော်ဒါလက်ခံပါတယ်ဗျာ။ အော်ဒါဆန်ပြုတ်ကတော့ ကြက်သားနဲ့ ငါးအပြင် နွားနို့ဆန်ပြုတ်နဲ့ အုန်းနို့ဆန်ပြုတ်ကိုပါ လက်ခံပါတယ်ဗျ။
ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ 09788859833 ပါခင်ဗျာ။
#လှည်းတန်းမောင်နူးအိ

Want your business to be the top-listed Shop in Kamayut?
Click here to claim your Sponsored Listing.

Videos (show all)

မူလလက်ဟောင်း လှည်းတန်း မောင်နူးအိ

Telephone

Website

Address


Kamayut

Other Kamayut shops (show all)
AWEI Myanmar AWEI Myanmar
၃၅/B ခိုင်ရွှေဝါလမ်းဘေး၊အင်းစိန်လမ်းမပေါ်၊ကမာရွတ်မြို့နယ် (လှည်းတန်း Center အနီး)
Kamayut, 11041

AWEI Sole Distributor in Myanmar (By V.Jun Myanmar)

Phyo BicycleAccesories Phyo BicycleAccesories
No. 012A. BuildB HninSi/Street. Kamayut
Kamayut, 11041

🌤Never Give Up If You Fall Get Up

Handmade by Chel Handmade by Chel
Phaya Street
Kamayut

Fone Club Phone Spare Parts Fone Club Phone Spare Parts
Corner Of San Yeik Nyein 5th St, Insein Road, Kamayut Ts, Yangon
Kamayut, 11041

Pinky Boo Skincare&Cosmetics Pinky Boo Skincare&Cosmetics
Yangon
Kamayut, 11041

Instock တွေပဲရောင်းတာမို့ မစောင့်ရပါရှင် Date fresh & Authentic ✅

Innisfree Myanmar- 이니스프리 Innisfree Myanmar- 이니스프리
Kamayut

Korea official မှ 𝐈𝐧𝐧𝐢𝐬𝐟𝐫𝐞𝐞 အစစ်အမှန်တွေကို ဝယ်ယူနှိုင်ပါပြီ ��

Robert Sneakers & Boots Branded Second Hand Shop Robert Sneakers & Boots Branded Second Hand Shop
Yadanar Street
Kamayut, 11041

Branded Second Hand shoes

Ko myo Ko myo
1 Street
Kamayut

Flore Flore
Kamayut

Novel ,story and educational book

Ammy Ammy
Kamayut, 11041

Mobile Legends Diamonds / Accounts Seller

Kyaw Kyi Foodie Kyaw Kyi Foodie
Kamayut

Spicy and Malar Xiang Guo

Glitz-Nann Glitz-Nann
Kamayut