People Medic Force

ပြည်သူ့အတွက် P M F

15/11/2023

ခင်ဗျားတို့ကလည်း
အာ့လိုကြီး​တေ့ာ လာမနောက်ကြနဲ့လေဗျာ
ထမင်းစားရင်းဖတ်မိတာ ထမင်းပါသိးတယ်။

Photos from People Medic Force's post 16/09/2023

တောတွင်း တနေရာမှ People Medic Force ၏
First Aid အခြေခံသင်တန်းပြုလုပ်ခြင်း
10,8,2023 မှာ 19,8,2023 ရက်နေထိ
Basic First Aid Class


#ပြည်သူ့အတွက်pmf

10/06/2023

ဟဲဟဲ အထင်မလွဲနဲ့နော်

05/05/2023

မဟာမိတ်ဖွဲ့စည်းကြောင်း ကြေညာခြင်း

ကျွန်တော်တို့ People Medic Force ( pmf)တပ်ဖွဲ့ မှ ဧပြီလ ၈ရက် ၂၀၂၃ ခုနှစ်တွင်
ပတ္တမြားမြေ People Security Force (PSF) တပ်ဖွဲ့ဖြင့် မဟာမိတ်ဖွဲ့စည်းခဲ့ပါသည်။


#ရဲဘော်iris

17/04/2023

ဒီနေ့ဟာမြန်မာ့ရိုးရာနှစ်သစ်ကူးနေ့ ( သို့မဟုတ် ) တော်လှန်သောနှစ်သစ်ကူးနေ့ဖြစ်ပါတယ်
ဒါ့ပြင်ပဇီကြီးကျေးရွာမှကျဆုံးသွားသောကလေးငယ်များအပါဝင်ပြည်သူများရဲ့ရက်လည်လဲဖြစ်ပါတယ်
ဒီတစ်နှစ်တွင်းကျဆုံးသွားသောရဲဘော်များအပါဝင်သေဆုံးခဲ့ပြည်သူများအားငြိမ်းချမ်းစွာအနားယူနိုင်ဖို့ဆုတောင်းအပ်ပါသည် ။
နှစ်သစ်မှာလဲအကျဆုံးနည်းသောတော်လှန်ရေးဖြစ်ဖို့အများကြီးမျှော်လင့်ပါတယ်
စစ်ကောင်စီရဲ့ယုတ်မာမှုတွေဟာတနေ့ထက်တနေ့ပိုမိုးဆိုးရွားများပြားလာပါတယ်
ပြည်သူများခင်ဗျာဤအကြမ်းဖက်မှုကိုပြည်သူများအနေနဲ့သွေးမအေးပဲဆက်သွယ်တော်လှန်ပေးကြဖို့မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ
ကျွန်တော်တို့ PMF တပ်ဖွဲ့ဝင်ရဲဘော်များသည်လဲ စစ်အာဏာရှင်စနစ်အမြတ်ပြတ်သည်အထိပြည်သူနဲ့တသားထဲရပ်တည်တော်လှန်သွားမည်ဖြစ်‌ေကြာင်းကတိသစ္စာပြုအပ်ပါသည် ။ ။


လေးစားစွာဖြင့်
ရဲဘော်Iris

16/04/2023

အမိန့်ပြန်တမ်း ။ ။
ဧပြီလ ၁၆ ၂၀၂၃ ။ ။

အောက်ဖော်ပြပါကဗျာကတော့ရဲဘော်ပိုင်ဟိန်းမကျဆုံးခင်နောက်ဆုံးရေးခဲ့တဲ့ကဗျာလေးဖြစ်ပါတယ်

မျက်ရည်ခရီးသည်--

မျက်ရည်နဲ့စပြီး မျက်ရည်နဲ့ဆုံးတယ်
လူရယ်လို့ဖြစ်တယ်။
လက်သုံးချောင်းနဲ့စပြီး လက်ညှိုးအကွေးနဲ့ဆုံးတယ်
တော်လှန်ရေးဖြစ်လာတယ်။

အာ့ဒီလက်ညှိုးအကွေးက ငါတို့အသက်၊
အဲ့ဒီလက်ညှိုးအကွေးက ငါတို့အနာဂတ်၊
အာ့ဒီလက်ညှိုးအကွေးက ငါတို့မိသားစု၊
အဲ့ဒီလက်ညှိုးအကွေးက ငါတို့ဘဝ၊
အဲ့ဒီလက်ညှိုးအကွေးကပဲ ငါတို့နိုင်ငံဖြစ်ပြီးတော့
အဲ့ဒီလက်ညှိုးအကွေးကပဲ ငါတို့မျက်ရည်တွေဖြစ်တယ် ။

ငါတို့ဟာ လူမဖြစ်သေးဘူး။
ငါတို့ဟာလူဖြစ်ဖို့ လိုသေးတယ်။
ငါတို့ဟာ လူဖြစ်ပြီး လူလားမြောက်ရဦးမယ်။

ခရီးကဝေးသေးတယ် ငါ့ကောင်တို့
မျက်ရည်တွေစုထားကြ၊
အသက်တွေပုံထားကြ၊
ဘဝတွေထပ်ထားကြ၊
မိသားစုနဲ့အနာဂတ်ကိုကျောမှာလွယ်၊
မင်းဘေးကရဲဘော်ထိရင် ထမ်းဖို့တော့ပခုံးအားထား
မင်းထိရင်လည်း ငါထမ်းမယ် ၊
ငါထိရင်တော့ မင်းထားခဲ့ ။
မလဲနဲ့ ငါကတစ်ကောင်ကြွက်
ငါ့အတွက်လိုတာ
မျက်ရည်တစ်စက်နဲ့
လက်ညှိုးအကွေးရဲ့ one click တချက်။

Photos from People Medic Force's post 10/04/2023

ရဲဘော်ပိုင်ဟိန်း ( ခေါ် ) ရဲဘော် ကိုးပူး
၈.၄.၂၀၂၃ မနက်အစောပိုင်းတွင် ရွှေကုက္ကိုလ်တိုက်ပွဲ၌ပါဝင်ဆင်နွဲရင်း
သေနတ်ကျည်ထိမှန်၍ရဲဝံ့စွာအသက်ပေးခဲ့ပါသည် ။
People Medic Force အဖွဲ့ဝင်ရဲဘော်ပိုင်ဟိန်းအား
တပ်ဖွဲ့ဝင်များကအလေးပြုပါတယ်ဗျ

#ရဲဘော်iris

08/04/2023

Anifungal Agents (မှိုသတ်ဆေး)

Cause of dieases due to fungi
(မှိုကြောင့်ဖြစ်သောရောဂါဖြစ်သည် ။ ဥပမာ- မှိုတက်နေသောအဝတ်လှန်းပေါ်အဝတ်စားအစိုများလှမ်းမိခြင်း ၊ အိမ်သာသုံးရေအသန့်ခြင်း )

Fungal infections
1-Ring worm ( ပွေး )
2-Candidiasis ( မှတ်ခရု )
3-Tinea versicolor ( ညှင်း )
4-Itching ( ယားနာ )
5-Viginal discharge ( အဖြူဆင်းခြင်း )
6-Tinea pedis ( ခြေဝဲစားခြင်း )

Classification ( ဆေးဝါးသုံးစွဲမှုဖော်ပြချက် )
-Amphotericin B, Nystatin
-Clotrimazole, econazole, ketoconazole, miconazole, fluconazole
-flucytosin

Among of adverse reaction ( တွေ့ရတတ်သောဆေးဝါးဆိုးကျိုးလက္ခဏာများ )
1-Nausea ( ပျို့ခြင်း )
2-headache ( ခေါင်းကိုက်ခြင်း )
3-diarrhoea ( ဝမ်းလျှောခြင်း )
4-rash ( အနီစက်ထွက်ခြင်း )
5-dizziness ( မူးဝေခြင်း )
6-somnolence ( အိပ်ငိုက်ခြင်း )
7-Dry mouth ( အာခေါင်ခြောက်ခြင်း )
8-vomiting ( အန်ခြင်း )
9-arthralgia ( အဆစ်နာခြင်း )
10-leucopenia ( သွေးကင်ဆာ )
11-abdominal discomfort ( ဝမ်းဗိုက်ပိုင်းမအိမသာဖြစ်ခြင်း )
12-hepatotoxicity ( အသည်းအဆိပ်သင့်ခြင်း )
13-flatulence ( လေပွခြင်း )
14-anaphy - laxis ( shock ဖြစ်ခြင်း )

** အထက်ဖော်ပြပါလက္ခဏာများတွေ့ခဲ့ပါကနီးစပ်ရာဆေးရုံး ၊ ဆေးခန်း သို့ပို့ဆောင်ပေးရမည် ။ **

ဆေးကလိမ်းဆေး နှင့် သောက်ဆေး နှစ်မျိုးရှိခြင်းကြောင့် သောက်ဆေးသုံးစွဲမည်ဆိုပါလျှင် ဆရာဝန် ခွင့်ပြုချက်ယူပီးမှသုံးစွဲသင့်ပါသည် ။

#ရဲဘော်iris

06/04/2023

ဒီရက်ပိုင်းစာမတင်ဖြစ်ရင်ခွင့်လွှတ်ပါနော်
ရဲဘော်တွေတိုက်ပွဲတွင်းရောက်နေလို့ပါ
တိုက်ပွဲအခြေနေအရပ်ရပ်ကြောင့်စာမတင်နိုင်တာပါဗျ
လိုအပ်တာတွေအများကြီးရှိနေသေးတာမို့ပါဝင်ကူညီပေးကြပါနော်

လေးစားစွာဖြင့်
ရဲဘော်iris

01/04/2023

Antiseptic ( အရေပြားပိုးသတ်ဆေး )

Substances that kill or prevent the group of micro-organisms when applied to the surface of living tissue.
( Micro-organisms ပိုး ကြီးထွားမှု နှင့် သတ်ဖြတ်မှုအပေါ် သုံးသောဆေး )

Use of antiseptic ( အရေပြားပိုသတ်ဆေးအသုံးပြုပုံ )

Classification (1)- Phenol
-Antiprurtic ( ယားယံခြင်း )
-Fungicide ( မှိုစွဲခြင်း )

Classification (2) -Chlorxylenol ( Dettol )
-Skin disinfectant ( အရေပြားပိုးသတ်ခြင်း )

Classification (3) -Hexachlorophane
-Disinfection of instruments ( ခွဲခန်းသုံးပစ္စည်းပိုးသတ်ခြင်း )

Classification (4)- Resorcinol
-Treatment of acne (ဝက်ခြံ )
-Ring worm ( ပွေးကွက် )
-Eczema ( နှင်းခူ )

Classification (5) -Ethanol
-Skin disinfection ( အရေပြားပိုးသတ်ခြင်း )

Classification (6) -Formalin
-Disinfect inanimate object ( သက်မဲ့ပစ္စည်းပိုးသတ်ခြင်း )

Classification (7) -Acetic acid
-Burn theraphy ( အပူလောင်ခြင်း )
-Vaginal do**he ( မွေးလမ်းကြောင်းဆေးကြောခြင်း )
-Irrigation of lower urinary tract ( ဆီးလမ်းကြောင်းဆေးကြောခြင်း )

Classification (8)- Boric acid
-Can be applied to delicate structure ( နူးညံ့သောအစိတ်ပိုင်းမှာသုံးနိုင် ဥပမာ -မျက်ကြည်လွှာ ) (eg - cornea)

Classification (9)- Lactic acid
-Use together with Salicylice acid for removal of warts ( ကြွက်နို့ဖယ်ရှားခြင်း )

Classification (10) -Iodine
-Treatment of wounds and abrasions ( အနာသန့်ရှင်းခြင်း )

Classification (11) -Chlorine
-Purification of water ( ရေသန့်စင်ခြင်း )

Classification (12)- Hydrogen peroxide
-Mouth wash ( ခံတွင်းသန့်ရှင်းခြင်း )
-Cleaning of wounds ( အနာသန့်ရှင်းခြင်း )

Classification (13) -Chlorohexidine
-Mouth wash for apthous ulcer ( ခံတွင်းပိုင်းအနာဆေးခြင်း )

Classification (14) -Silver
-Silver sulfadiazine 1% cream for burns ( အပူလောင်ခြင်း )

Classification (15)- Gention violet
-Effective against gram positive bacteria and fungi

#ရဲဘော်iris

Photos from People Medic Force's post 25/03/2023

Heat shock (အပူကြောင့်သွေးဆုတ်သွေးလန့်ဖြစ်ခြင်း)
ရာသီဥတုအလွန်ပူခြင်းကြောင့်ဖြစ်စေနိုင်သည် ။

တွေ့ရတတ်သောလက္ခဏာများ
1-ချွေးထွက်များခြင်း ( ချွေးစေးပြန်ခြင်း )
2-မူးဝေခြင်း
3-မျက်စိပြာခြင်း
4-သွေးဖိအား ( blood pressure ) ကျခြင်း

ဖော်ပြပါလက္ခဏာများတွေ့ခဲ့ပါလျှင် အောက်ပါအတိုင်းပြုစုနိုင်သည် ။
1-ဓာတ်ဆားများများ တိုက်ပေးခြင်း ( BPI )
2-အရိပ်ရှိသောနေရာတွင်နေခြင်း ( ဥပမာ - သစ်ပင်ရိပ် )
3-ပင်ပန်းစွာ အလုပ်လုပ်ခြင်းကို အချိန်အကန့်အသတ်ဖြင့် လုပ်ခြင်း ( ဥပမာ- မနက်စောစောအချိန် နှင့် ညနေစောင်းအချိန် )

တခြား‌‌သော Shock ပြုစုနည်းကိုအောက်ဖော်ပြပါ link တွင်ဝင်ရောက်လေ့လာနိုင်ပါသည် ။

https://m.facebook.com/story.php?story_fbid=160382456235921&id=103698571904310&mibextid=Nif5oz

#ရဲဘော်iris

24/03/2023

Chronic Bronchitis ( လေပြွန်ရောင်ခြင်း )
Meaning ( အဓိပ္ပါယ် )
The airways in your lungs, your bronchi, become inflamed. ( အဆုတ်တွင်းရှိလေပြွန်များယောင်လာခြင်း )

Sings and symptoms ( ရောဂါလက္ခဏာများ )
1-Bluish fingernails, lips and skin because of lower oxygen level ( ခြေသည်းလက်သည်း ၊ နှုတ်ခမ်း ၊ အရေပြားများ အောက်စီဂျင်မလုံလောက်မှုကြောင့်ပြာနှမ်းလာခြင်း )
2-Wheezing and crackings sounds with breath ( အသက်ရှူလိုက်လျှင် ရွီ ရွီ နှင့်အသံမြည်ခြင်း )
3-Swollen feet ( ခြေထောက်ယောင်ရမ်းခြင်း )
4-Heart failure ( နှလုံးအားနည်းခြင်း )
5-Cough often with mucos ( ချောင်းဆိုးလျှင်တခါတရဲအချွဲပါခြင်း )
6-Tight Chest ( အဆုတ်တွင်းမှကျပ်ခြင်း )
7-Shortness of breath ( အသက်ရှူမှုတိုခြင်း )
8-Feeling tired ( ပင်ပန်းနေခြင်း )

Causes of dieases ( ရောဂါဖြစ်စေသောအကြောင်းအရင်း )
1-Smoking ( ဆေးလိပ်သောက်ခြင်း )
2-Dust ( ဖုန်မှုန့်များရှူမိခြင်း )
3-Air pullution ( လေထုညစ်ညမ်းခြင်း )

Diagnosis ( ရောဂါရှာဖွေခြင်း )
1-Chest X-ray ( အဆုတ်ဓာတ်မှန်ရိုက်ခြင်း )
2-Computed tomography -CT San ( ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း )

Treatment ( ကုသခြင်း )
1-Bronchodilators -Deriphyllin ( လေပြွန်ကျယ်စေသောဆေး )
2-Anti - inflammatory agents ( အရောင်ကျဆေး ) - Inj : Hydrocortisone ( ထိုးဆေး )
Oral - Predenisone, Beclomethasone ( သောက်ဆေး )
3-Antibiotics - Amoxicillin, Erythromycin ( ပိုးသတ်ဆေး )

တစ်ခုခုမရှင်းပါလျှင် page messenger မှာလာရောက်မေးမြန်းနိုင်ပါတယ်ဗျ

#ရဲဘော်iris

21/03/2023

Malaria Part 2

Complication of Malaria ( နောက်ဆက်ဆွဲလက္ခဏာများ )
1-Cerebral malaria ( ဦးနှောက်ထဲငှက်ဖျားပိုးဝင်ခြင်း )
2-Severe anaemia ( အပြင်းထန်သွေးအားနည်းခြင်း )
3-Shock ( သွေးဆုတ်သွေးလန့်ခြင်း )
4-Black water fever ( ဆီးရောင်ရင့်ရင့်သွားခြင်း )
5-Acute renal failure (ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း )
6-Pulmonary oedema ( သွေးလွှတ်ကြောယောင်ခြင်း )
7-Heart failure ( နှလုံးရုတ်တရက်အလုပ်မလုပ်ခြင်း )

Nursing action ( ပြုစုခြင်း )
1-Monitor for vital sign 4/hr (လေးနာရီခြားတစ်ခါသွေးပေါင်ချိန် ၊ သွေးခုန်နှုန်း၊ ကိုယ်အပူချိန် ၊ အစရှိသဖြင့်ကိုတိုင်းပေးခြင်း )
2-Promote rest( ကောင်းမွန်စွာအနာယူခြင်း )
3-Encourage fluid to produce 1 liter urine /day( တစ်ရက်ကိုအရည် ဆီးတစ်လီတာထွက်နိုင်အောင်အားပေးရမည် ။)
4-Record intake and output( အစာ၊အရည် အဝင်အထွက်ကိုစာရင်းပြုစုပေးခြင်း )
5-Sponge( ရေပတ်တိုက်ပေးခြင်း )
6-Increase nutrition intake( အစာ ၊ အရည် အဝင်တိုးတက်အောင်လုပ်ပေးခြင်း )

Therapeutic measure
အောက်ဖော်ပြပါပုံတွင်ကြည့်ရန်

အကယ်၍မသိမရှင်းတာရှိပါလျှင် Page messenger မှာလာမေးလို့ရပါတယ်ဗျ

#ရဲဘော်iris

Photos from People Medic Force's post 19/03/2023

Malaria ( ငှက်ဖျားရောဂါ )
Malaria (ငှက်ဖျား ) ရောဂါဟာဆိုရင်အဓိကအားဖြင့် "ခြင်" ကြောင့်ဖြစ်စေနိုင်ပါတယ်

Clinical features of malaria ( ရောဂါအစလက္ခဏာများ )
1- Fever stage 3 stages
1st stage - Cold stage ( 1-1/2 hr ) ( အေးသောအဆင့်၌တစ်နာရီသို့မဟုတ် တစ်နာရီခွဲလောက်ကြာခြင်း )
- Chill and rigor ( ချမ်းတုန်ခြင်း )
- Skin cold, pulse rapid ( အရေပြားအေးလာပီးနှလုံးခုန်မြန်ခြင်း )
2nd stage - Hot stage ( 1-2 hr ) ( ပူသောအဆင့်၌တစ်နာရီသို့မဟုတ်နှစ်နာရီလောက်ကြာတတ်ခြင်း )
- skin hot and dry ( အရေပြားပူခြင်း ၊ ခြောက်ခြင်း )
- Temperature ⬆️ 105 •F ( အပူချိန် ၁၀၅ထိတက်ခြင်း )
3rd stage - Sweating stage ( 3-5 hr ) ( သုံးနာရီကြာချွေးထွက်ခြင်း )
- Sweating whole body ( First on face ) ( မျက်မှာစ၍တစ်ကိုယ်လုံးချွေးထွက်လာခြင်း )
- Fatigue and asleep ( မောပန်းခြင်း ၊ အိပ်ချင်ခြင်း )
2- Abdominal - Epigastric discomfort and Dyspepsia ( ဝမ်းဗိုက်ပိုင်း အစာအိမ် မအီမသာဖြစ်ခြင်း နှင့် လေပွခြင်း )
3- Splenomegaly within 10 days achievable in child ( ကလေးများတွင်ဆယ်ရက်အတွင်းသရက်ရွက်ကြီးခြင်း )
4- Hepatomegaly on 2nd week ( နှစ်ပတ်အသည်းကြီးခြင်း )
5- Jaundice rare ( အသားဝါးဖြစ်ခြင်း ) **ရှားသည်**
6- Malaria parasite (+) ( ငှက်ဖျားပိုးစစ်လျှင်အဖြေထွက်ခြင်း )
7- Weight loss ( ကိုယ်အလေးချိန်ကျဆင်းခြင်း )
8- Thrist ( ရေငတ်ခြင်း )
Cerebral Malaria ( ဦးနှောက်ထဲငှက်ဖျားပိုးဝင်ခြင်း )
Clinical sign ( ရောဂါလက္ခဏာ )
1-severe headache (ဆိုးဆိုးရွားခေါင်းကိုက်ခြင်း )
2-nausea ( ပျို့ခြင်း )
3-drowsiness ( အိပ်ငိုက်ခြင်း )
4-coma
5-fits ( တက်ခြင်း )
6-severe anaemia with irregular fever ( အပြင်းအထန်သွေးအားနည်းခြင်း )

ပြုစုခြင်း ၊ ကုသခြင်း ၊ နှင့် နောက်ဆက်တွဲပြဿာနာများကိုနက်ဖြန်မှာဆက်လက်တင်ပေးပါ့မယ်ဗျ

#ရဲဘော်iris

14/03/2023

Diarrhoeal ( ဝမ်းပျက်ခြင်း )

ဖြစ်စေနိုင်သောအကြောင်းအရင်းများ
1-ရေ ( မသန့်ရှင်းသောရေ ( သို့မဟုတ် ) ကျိုချက်ပီးမသောက်မိခြင်း )
2-အစားအစာ ( ဥပမာ - ယင်နားစာ ၊ ရက်လွန်နေသောအစာများ ၊ အမှည့်လွန်နေသောအသီး နှင့် မှိုတက်နေသောအစားအစာများ )
3-လက်လုပ်ချဥ်များ
4-ယင်လုံအိမ်သာမရှိခြင်း

ဝမ်းပျက်လျှင်တွေ့ရတတ်သောလက္ခဏာများ
Abdominal cramps or pain. ( ဝမ်းဗိုက်တစ်ဝိုက်နာကျင်ခြင်း ၊ အောင့်ခြင်း )
1-Bloating. ( လေပွခြင်း )
2-Nausea. ( ပျို့ခြင်း )
3-Vomiting. ( အန်ခြင်း )
4-Fever. ( အဖျားတက်ခြင်း )
5-Blood in the stool. ( ဝမ်းသွားရင်သွေးပါခြင်း )
6-Mucus in the stool. ( ဝမ်းတွင်အချွဲပါခြင်း )
7-Dehydration ( ရေဓာတ်ကုန်ခမ်းခြင်း )

ဝမ်းပျက်ခြင်းဖြစ်ပေါ်လာလျှင်အောက်ပါတိုင်းပြုစုနိုင်သည် ။
1-အရည်များများတိုက်ခြင်း ( ဥပမာ - ဓာတ်ဆား ၊ ကြက်စွပ်ပြုတ် )
2-Antimotility drugs ( အူလှုပ်ရှားမှုဆန့်ကျင်သောဆေးတိုက်ပေးခြင်း ) ဥပမာ - Loperamide HCL, Neomycin , Metronidazole, etc. ..
3-ကောင်းမွန်သောပိုး ပွားလာစေသောဆေးတိုက်ပေးခြင်း ( ဥပမာ - Bioflor, Medilas -S

**မှတ်ချက် - ဝမ်းပျက်လျှင်ရေဓာတ်ဆုံးရှုံးမှုလွန်စွာဖြစ်တတ်သဖြင့်ခန္ဓာကိုယ်မှထွက်သွားသောအရည်ပမာဏတိုင်းလူနာကိုအရည်များများတိုက်ပေးရမည် ။

#ရဲဘော်iris

13/03/2023

First Aid Part 27

11/03/2023

First Aid Part 26 အရက်အဆိပ်သင့်ခြင်း

အရက်ကိုကြာရှည်စွဲသောက်လျှင် ကာယ ၊ စိတ်ဓာတ်စွမ်းဆောင်မှု များကို ထိခိုက်စေခြင်း ၊ အာရုံကြောစနစ်ကိုထိခိုက်စေခြင်း ၊ နှင့် အသည်းခြောက်ဝေဒနာများ ဖြစ်လာနိုင်ပါသည် ။

တွေ့ရတတ်သောလက္ခဏာများ
1-အိပ်လိုက်နိုးလိုက်ဖြစ်ခြင်း ( ဥပမာ - အိပ်ပျော်ရန်အတွက်ခက်ခဲစွာကြိုးစားနေရပီးအိပ်ပျော်ခဲ့လျှင်လဲလန့်နိုးခြင်း )
2-မျက်နှာနီမြန်းနေခြင်း
3-ချွေးစေးပြန်ခြင်း
4-သွေးခုန်နှုန်းမြန်ခြင်း
5-အသက်ရှူပြင်းခြင်း
6-အချိန်အကြာကြီးသတိလစ်နေနိုင်ခြင်း

အရက်အလွန်အကျွဲသောက်မိပါကအောက်ဖော်ပြပါအန္တရာယ်များကြုံတွေ့ရတတ်သည် ။
1-အန်ဖတ်ဆို့နင်ခြင်း
2-အစာဆို့နင်ခြင်း
3-အရက်ကြောင့်သွေးကြောကျယ်ပီးခန္ဓာကိုယ်အပူချိန်ကျဆင်း၍ Shock ရခြင်း
4-သတိလစ်၍ ဦးခေါင်း နှင့် အခြားအင်္ဂါအစိတ်အပိုင်းများ ကို ထိခိုက်ဒါဏ်ရာရခြင်း

မိမိပတ်ဝန်းကျင်တွင်အရက်အလွန်သောက်ခြင်းမှဖြစ်ပေါ်လာတတ်သောအဆိပ်သင့်ခြင်းကိုအောက်ပါတိုင်းပြုစုနိုင်သည် ။
1-လူနာကိုနွေးထွေးစွာထားခြင်း
2-သတိလစ်နေပါကစိတ်ချရသော ဘေးစောင်းအနေအထားဖြင့်ထားပေးခြင်း
3-အခြားဒါဏ်ရာရှိမရှိစစ်ဆေးခြင်း အထူးသဖြင့် ဦးခေါင်းဒါဏ်ရှိမရှိစစ်ဆေးခြင်း ဒါဏ်ရာရနေပါက ဒါဏ်ရာပြုစုနည်းတိုင်းပြုစုပေးခြင်း
4-သတိလစ်နေသောလူနာများအား တုန့်ပြန်မှု ၊ သွေးခုန်နှုန်း ၊ အသက်ရှူနှုန်းတို့ကို စောင့်ကြည့်မှတ်တမ်းတင်ထားခြင်း
5-နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်း သို့ပို့ဆောင်ပေးခြင်း

#ရဲဘော်iris



#အဆိပ်သင့်ခြင်း

09/03/2023

First Part 25

07/03/2023

First Aid Part 24

06/03/2023

First Aid Part 23

05/03/2023

ကျွန်တော်တို့နက်ဖြန်မှာသင်ခန်းအသစ်လေးတစ်ခုတင်ပေးပါမယ်ဗျ
အဲ့ဒါကတော့ "အဆိပ်သင့်ခြင်း" အကြောင်းဖြစ်ပါတယ်

၄င်းမှာ-
1-စားမျိုမိခြင်းကြောင့်အဆိပ်သင့်ခြင်း
2-ရှူရှိုက်မိခြင်းကြောင့်အဆိပ်သင့်ခြင်း
3-အရေပြားတွင်းထိုးသွင်းမိခြင်းကြောင့်အဆိပ်သင့်ခြင်း
4-အရေပြားတွင်းစိမ့်ဝင်ခြင်းကြောင့်အဆိပ်သင့်ခြင်း
5-အရက်အဆိပ်သင့်ခြင်း
6-ရုတ်တရက်အရေပြားယားယံခြင်းကြောင့်အဖုပိတ်ထွက်ခြင်း

တို့ကိုတစ်ရက်လျှင် course တစ်ခုချင်းစီကျတင်ပေးသွားမှာဖြစ်ပါတယ်ဗျ
စောင့်မျှော်ပေးကြပါနော်

#ရဲဘော်iris

02/03/2023

Frist Aid Part 22

Photos from People Medic Force's post 27/02/2023

Frist Aid Part 21

24/02/2023

Frist Aid part 20

Photos from People Medic Force's post 19/02/2023

အားလုံးပဲမင်္ဂလာပါ
ကျွန်တော်ကလက်ရှိတောထဲမှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်Irisပါ
ကျွန်တော်အကူညီလေးတောင်းခံတဲ့ post လေးတင်ချင်လို့ပါ
ဆိုလိုတာကကျွန်တော်တို့တောထဲမှာဆေးဝါးအကူညီလိုအပ်လို့ပါ
ဆေးအတော်များများကသုံးလို့ကုန်တာတွေရယ်စခန်းအခြေနေမတည်ငြိမ်တဲ့ချိန်ဆုံးရှူံးလိုက်ရတွေကြောင့်သာအခုလိုအကူညီတောင်းခံရခြင်းဖြစ်ပါတယ်
အစပိုင်းမှာဆေးဝါးထောက်ပံ့မှုအားကောင်းခဲ့ပေမယ့်လက်ရှိအခြေနေမှာဆိုရင်ဖြင့်ဆေးဝါးပြတ်တောက်မှုနဲ့ကျွန်တော်တို့ကြုံတွေ့နေရပါတယ်
ကျွန်တော်တို့ရေမြေမသန့်ရှင်းခြင်းအပါရာသီဥတုအခြေနေအရပ်ရပ်ကြောင့်
အမျိုးသမီးတွေအနေနဲ့ မိန်းကလေးရောဂါ ၊ မိန်းမအင်္ဂါမှိုစွဲကပ်ခြင်း နှင့် ဆီးလမ်းကြောင်းပို့ဝင်ခြင်း တို့လို ရောဂါတွေကိုခံစားနေရပါတယ်
ယောက်ျားလေးတွေမှာဆိုရင်လဲလိင်အင်္ဂါမှာအနာပေါက်ခြင်း ၊ ယားနာတွေဖြစ်ခြင်း အပြင် ငှက်ဖျားရောဂါတွေလို ရောဂါတွေကိုလဲရင်ဆိုင်နေရပါတယ်
ဒီပြဿာနာတွေဖြေရှင်းဖို့ကျွန်တော်တို့မှာအခြေခံဆေးဝါးတွေပါလိုအပ်ချက်တွေဖြစ်ပေါ်နေပါတယ် ရသမျှမုန့်ဖိုးစုပြီးဖြည့်ခဲ့ပေမယ့်လုံလောက်မှုမရရှိခဲ့တာမို့ပြည်သူများအနေနဲ့ကူညီပါဝင်ပေးဖို့တောင်းဆိုရခြင်းဖြစ်ပါတယ်

လေးစားစွာဖြင့်
ရဲဘော်Iris

17/02/2023

First Aid part 19 >>-------

Photos from People Medic Force's post 15/02/2023

First Aid part 18 >>-------->>

အဆစ်လွဲခြင်း
အဆစ်လွဲခြင်းဆိုသည်မှာ-
ပြင်းထန်သောအရှိန် (သို့မဟုတ်) အဆစ်လိမ်သွားခြင်း အားဖြင့် အဆစ်ပတ်လည်တွင်ရှိသော အရိုးဆက်ကြောများ စုတ်ပြဲပြီး အရိုးတစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသော အရိုးများလွဲသွားခြင်း ကြောင့်ဖြစ်သည် ။ ။

မကြာခဏပြုတ်တတ်သော ( သို့မဟုတ် ) လွဲတတ်‌ေသာ အဆစ်များမှာ-
1-ပခုံးအဆစ်
2-လက်မအဆစ်
3-လက်ချောင်းအဆစ်ကလေးများ
4-ဒတောင်ဆစ် နှင့် လက်ကောက်ဝတ်ဆစ်
5-ပေါင်ဆစ်
6-မေးရိုးဆစ် ( သန်းခြင်း ၊ အထိုးခံရခြင်း တို့ကြောင့်ဖြစ်တတ်သည် ။ )

တွေ့ရတတ်သောလက္ခဏာရပ်များ
1-အဆစ်၏နေရာတွင်ပုံစံပြောင်းနေခြင်း
2-ရောင်ယမ်းခြင်း နှင့် ပတ်ဝန်းကျင်သွေးခြေဥခြင်း
3-ပုံမှန်မလှုပ်ရှားနိုင်ခြင်း
4-ကြွက်သားများမျက်ခြင်း ၊ စုတ်ပြဲခြင်း
5-အဆစ်ပေါ် (သို့မဟုတ်) ၄င်း၏ပတ်ဝန်းကျင်တွင်ပြင်းထန်စွာနာကျင်ခြင်း
6-အာရုံကြောများဆွဲဆန့်မှုကြောင့်နာကျင်ခြင်း
တို့အဖြစ်များလေ့ရှိသည် ။ ။

ဖော်ပြပါလက္ခဏာများကိုမိမိပတ်ဝန်းကျင်တွင်ကြုံတွေ့ခဲ့ပါက
1-အဆစ်လွဲခြင်းကိုမကျွမ်းကျင်ဘဲဆွဲဆန့်ခြင်း
2-ပြန်လည်၍နေသားတကျဖြစ်အောင်ထည့်သွင်းခြင်းမပြုရ
3-ဒါဏ်ရာထပ်မံမရအောင်ပြုစုပေးခြင်း
4-RICE နည်းစနစ်ဖြင့်ပြုစုပေးခြင်း
5-လူနာကိုအားပေးစကားပြောခြင်း
6-နီးစပ်ရာဆေးရုံ ၊ ဆေးခန်းသို့ Shock အဖြစ်အောင်ကာကွယ်၍ပို့ဆောင်ပေးရမည် ။ ။

RICE နည်းစနစ်ဖြင့်ပြုစုခြင်း

R - Rest ( ဒါဏ်ရာရအစိတ်အပိုင်းအားအနားပေးခြင်း )
I - Ice ( ရေခဲကပ်ပေးခြင်း )
C - Compress ( Elastic Bandage နှင့်စည်းပေးခြင်း )
E - Elevate ( ဒါဏ်ရာကိုနှလုံးအထက်မြင့်အောင်ထားပေးခြင်း )

ရဲဘော်Iris




#အဆစ်လွဲခြင်း

13/02/2023

Fistr Aid part 17

Course Name - ဆို့နစ်ခြင်း

စားစရာ ( သို့မဟုတ် ) အရာဝတ္ထု တစ်ခုခု အစာရေမြိုလမ်းကြောင်း ( သို့မဟုတ် ) လေပျွန်လမ်းကြောင်းတွင် နင်သွားခြင်းကို ဆို့နစ်ခြင်းဟုတ်လေါ်သည် ။ ။

တွေ့ရတတ်သောလက္ခဏာများ
1-အသက်မရှူနိုင်၍အသက်ရှူရခက်ခဲခြင်း
2-စကားမပြောနိုင်ခြင်း
3-ကောင်းစွာချောင်းမဆိုးနိုင်ခြင်း
4-မျက်နှာနှင့်လည်ပင်းသွေးကြောများထောင် နေ‌ခြင်း
5-နှုတ်ခမ်းများပြာနှမ်းနေခြင်း
6-သတိလစ်ခြင်း
7-အသက်ဆုံးရှူံးခြင်း

ဤလက္ခဏာများဖြစ်ပေါ်လာပါကအောက်ပါတိုင်းပြုစုနိုင်သည် ။ ။
1-လူနာကိုချောင်းဟပ်ခိုင်း၍ထုတ်ခိုင်းခြင်း ( လူနာလက်ကိုလည်ပင်းနားတွင်ကပ်ထားရန် )
2-လူနာရဲ့ကျောကုန်းကိုလက်ဖနောင့်နှင် (၅) ချက်ခန့်ရိုက်ပေးခြင်း
3-လက်သီးဆုတ်၍နောက်ကသိုင်းဖတ်ထားသောပုံစံဖြင့်လက်သီးဆုပ်ကိုအရှိုက် နှင့် ချက် ကြားတွင်ထား၍လူနာကို အပေါ်သို့ဆွဲစောင့်ပေးခြင်း

**မှတ်ချက် - အဝလွန်သောလူနာကိုအနောက်ကဖက်၍ဖိပေးရမည် ။
လူနာစကားပြောနိုင်ခြင်း ရှိ / မရှိ ၊ ချောင်းဆိုးခြင်း ရှိ / မရှိ စစ်ဆေးပေးခြင်း
ပါးစပ်တွင်းအစာများ ( သို့မဟုတ် ) သွားတုများ ဖယ်ပေးခြင်း
၁ နှစ်မှ ၈ နှစ်တွင်း ကလေးများကိုပြုစုပုံသည် လူကြီးတစ်ယောက်ကိုပြုစုပေးပုံနှင့်တူတူပင်ဖြစ်သည် ။ ( ဆွဲငင်အားသည် လူကြီးထက်အားနည်းရမည် )
၁ နှစ်အောက်ကလေးများပြုစုရာတွင် ကလေးဝမ်းဗိုက် နှင့် ရင်ဘတ်ကို လက်ဖျံပေါ်တွင်ထားကာ ဦးခေါင်း နှင့် လည်ပင်း ကိုလက်ချောင်းများဖြင့်ထိန်းပြီး လက်ပြင် (၂) ခုကြားလက်ဖြင့် (၅) ချက်ရိုက်ပေးရပါမည် ။ ။

ရဲဘော်Iris

13/02/2023

𝐇𝐀𝐏𝐏𝐘 𝐁𝐈𝐑𝐓𝐇𝐃𝐀𝐘 𝐓𝐎 ,𝐆𝐄𝐍𝐄𝐑𝐀𝐋 𝐀𝐔𝐍𝐆 𝐒𝐀𝐍

"ငါတို့ စစ်တပ်ဟာ နိုင်ငံသူ၊နိုင်ငံသား တွေကို ညှဉ်းဖို့မဟုတ်။
လက်နက်အားကိုး တန်ခိုးပြဖို့မဟုတ်။

စစ်တပ်ဟာနိုင်ငံရဲ့ အစေခံဖြစ်ရမယ်
နိုင်ငံဟာစစ်တပ်ရဲ့ အစေခံ မဖြစ်ဘူး။''
အာဏာဟာဥပဒေအထက်မှာရှိနေရင် ဒီနိုင်ငံဟာမွဲနေဦးမှာဘဲ။

#ဗိုလ်ချုပ်အောင်ဆန်း


တော်လှန်ရေးမပီးဆုံးသေးပါဘူး
သွေးအေးမနေကြပါနဲ့

#ရဲဘော်iris

11/02/2023

FirstFirst Aid part 16 >>------<
Course No 1 - လျှပ်စစ်ဓာတ်လောင်ခြင်း
၄င်းလက္ခဏာများမှာ -
1-အပူလောင်ခြင်းဒုတိယအဆင့် (သို့မဟုတ် ) တတိယအဆင့်ရှိခြင်း
2-ရောင်ယမ်းခြင်း
3-မခံမရပ်နိုင်အောင်ပူအောင်ခြင်း
4-အရေပြားများတွန့်လိမ်နေခြင်း
5-ညိုမဲခြင်း ( သို့မဟုတ် ) နီရဲခြင်း
6-သတိလစ်ခြင်း
7-လျှပ်စစ်ဓာတ်အဝင်ပေါက်နှင့်အထွက်ပေါက်ရှိတာကိုတွေ့ရခြင်း
8-ခက်ခဲစွာအသက်ရှူရခြင်း
9-သွေးခုန်နှုန်းမမှန်ခြင်း
မိမိပတ်ဝန်းကျင်တွင်ဤအခြေနေမျိုးနှင့်ကြုံတွေ့ခဲ့ပါကအောက်ပါအချက်လက်များတိုင်းပြုစုနိုင်သည်
1-လျှပ်စစ်ခလုတ်ကိုဦးစွာပိတ်ခြင်း
2-လိုအပ်ပါကဒါဏ်ရာမရောင်ယမ်းလာခင်လောင်ကျွန်းထားသောအဝတ်အစားများချွတ်ပေးခြင်း
3-ဒါဏ်ရာပေါ်ခြောက်သွေ့သန့်စင်သော ( သို့မဟုတ် ) ပိုးသတ်ထားသောပိတ်ပါးစအုပ်ပြီးပတ်တီးဖွဖွစည်းပေးခြင်း
4-သတိလစ်နေပါကလေပြွန်လမ်းကြောင်းဖွင့်ပေးခြင်း
5-အသက်မရှူ ၊ နှလုံးမခုန် ခြင်းရှိပါက CPR လုပ်ပေး ပြီး Recovery position ထားပေးခြင်း
6-ချမ်းတုန်နေပါကနွေးထွေးစွာထားပြီး Shock ဖြစ်ခြင်းမှကာကွယ်ထားခြင်း
7-နီးစပ်ရာဆေးရုံ ၊ ဆေးခန်းပို့ပေးခြင်း
တို့ကိုပြုလုပ်ပေးရမည် ။ ။

Course No 2 - မျက်စိအပူလောင်ခြင်း
ဖြစ်တတ်သောလက္ခဏာများ
1-မျက်စိတွင်းနာကျင်ခြင်း
2-မျက်စိမဖွင့်နိုင်ခြင်း
3-မျက်စိတဝိုက်နီရဲခြင်း
4-ရောင်ယမ်းခြင်း
5-မျက်ရည်များထွက်ခြင်း
ဤအခြေနေများကိုပြုစုရာတွင်
1-ဒါဏ်ရာရသောမျက်စိဘက်ကိုစောင်း၍ရေဖြင့်ဆေးကြောခြင်း
2-ဆေးကြောရာတွင်အပေါ်မျက်ခွံ ၊ အောက်မျက်ခွံ ကိုညင်သာစွာလှန်၍ဆေးကြောပေးခြင်း
3-ဒါဏ်ရာမရှိသော‌‌ နေရာ (ဥပမာ - နှာခေါင်း ၊ မျက်စိ )တို့ကိုဓာတုဆေးရည်မစင်အောင်ဂရုစိုက်ခြင်း
4-ဒါဏ်ရာကိုသန့်စင်သောပိတ်ပါးစခံ၍ပတ်တီးစည်းပေးခြင်း
5-Shock ဖြစ်ခြင်းမှကာကွယ်၍ နီးစပ်ရာဆေးရုံ ၊ ဆေးခန်းသို့ပို့ဆောင်ပေးခြင်း
တို့ကိုပြုလုပ်ပေးရမည် ။ ။

Course No 3 - လေပြွန်လမ်းကြောင်းအပူလောင်ခြင်း
ဖြစ်ပေါ်နိုင်သောလက္ခဏာများ
1-နှာခေါင်းနှင့်အနီးတဝိုက်တွင်မိုးခိုးများတွေ့ရခြင်း
2-နှာခေါင်းမွှေးများမီးလောင်ထားသည်ကိုတွေ့ရခြင်း
3-လျှာတွင်အပူလောင်ထားပါကနီရဲနေခြင်း
4-ရောင်ယမ်းနေခြင်း
5-ပါးစပ်တဝိုက်အရေပြားများလောင်ကျွမ်းပျက်စီးနေခြင်း
6-အသက်ငင်ခြင်း
7-ခက်ခဲစွာအသက်ရှူနေရခြင်း
ဖော်ပြပါအခြေနေများကိုပြုစုရာတွင်
1-လေပြွန်လမ်းကြောင်းဖွင့်ပေးခြင်း
2-လည်ပင်းတဝိုက်တင်းကြပ်နေသောအဝတ်အစားများချွတ်ပေးခြင်း
3-သတိလစ်နေပါကအသက်ရှူမရှူ ၊ နှလုံးခုန်မခုန် စစ်ပေးပြီး လိုအပ်ပါ CPR လုပ်ပေးခြင်း
4-ဘေးစောင်းပေးထားခြင်း
5-သတိရှိပါကရေပတ်ဖြည်းညှင်းစွာတိုက်ပေးခြင်း
6-ဒါဏ်ရာကိုသန့်စင်သောပိတ်ပါးစခံ၍ပတ်တီးစည်းပေးခြင်း
7-Shock ဖြစ်ခြင်းမှကာကွယ်၍ နီးစပ်ရာဆေးရုံ ၊ ဆေးခန်းသို့ပို့ဆောင်ပေးခြင်း
တို့ကိုပြုလုပ်ပေးရမည် ။ ။

ဖြည့်စွက်ပြောပြမည့်အကြောင်းအရာများ

Course No 1 - မဖြစ်မနေဆေးအကူအညီယူရမည့်လူနာများ
1-အသက်ရှူရခက်ခဲနေသူများ
2-လျှပ်စစ်ဓာတ်ခံရသူများ
3-မျက်နှာ ၊ လည်ပင်း ၊ ရင်အုံ ၊ အသက်ရှူလမ်းကြောင်း နှင့် မျိုးပွားအင်္ဂါ လောင်ကျွမ်းခံရသူများ
4-ဓာတုပစ္စည်းလောင်ကျွမ်းခံရသူများ
5-ဒုတိယအဆင့် နှင့် တတိယအဆင့် လောင်ကျွမ်းခံရသူများ

Course No 2 - အပူလောင်ခြင်းကိုပြုစုရတွင်ရှောင်ရှားရမည့်အချက်များ
1-ဆေး ၊ အဆီ ၊ သွားတိုက်ဆေး လိမ်းပေးခြင်း
2-အရည်ကြည်ပုဖောက်ခြင်း
3-ဒါဏ်ရာရှိအသားစကိုမလိုအပ်ပဲညှပ်ခြင်း
4-ဒါဏ်ရာတွင်ကပ်နေသောအဝတ်အစားများကိုအတင်းဆွဲချွတ်ခြင်း
5-ရေခဲရေလောင်းခြင်း
6-ပလာစတာ ၊ ဂွမ်း ၊ အမွှေးနုချည် အသုံးပြုခြင်း
7-မီးဖိုချောင်သုံးပစ္စည်းများကိုဆေးအဖြစ်လိမ်းခြင်း
8-ဆပ်ပြာရည်လိမ်းခြင်း

အပူလောင်ခြင်းသင်ခန်းစာကိုအောက်ဖော်ပြပါ link တွင်ပြန်လည်လေ့လာနိုင်သည် ။ ။

https://m.facebook.com/story.php?story_fbid=170486048558895&id=103698571904310&mibextid=Nif5oz

#ရဲဘော်iris

First Aid Basic Part < 11 >

အပူလောင်ခြင်း
**************

ဒီနေ့တော့ အပူလောင်ခြင်းအကြောင်းနဲ့ ပြုစုပုံပြုစုနည်းတွေကိုပြောပြသွားပါမယ် ။ အပူလောင်ခြင်းမှာလဲအမျိုးမျိုးရှိပါတယ် ။ ဒီတော့ အပူလောင်ခြင်းအမျိုးအစားတွေကိုအရင်ပြောပါမယ် ။

( ၁ ) မီးလောင်ခြင်း

( ၂ ) ပူသောအရည်အငွေ့လောင်ခြင်း ( ဥပမာ - ရေနွေးပူလောင်ခြင်း )

( ၃ ) လျှပ်စစ်ဓာတ်ကြောင့်လောင်ကျွမ်းခြင်း ( ဥပမာ - ဓာတ်လိုက်ခြင်း ၊ မိုးကြိုးပစ်ခြင်း )

( ၄ ) အအေးဓာတ်ကြောင့်လောင်ကျွမ်းခြင်း ( ဥပမာ - ရေခဲလောင်ခြင်း ၊ အောက်ဆီဂျင်အရည်များလောင်ကျွမ်းခြင်း )

( ၅ ) ဓာတုဗေဒပစ္စည်းများလောင်ကျွမ်းခြင်း ( ဥပမာ - အက်စစ်လောင်ခြင်း )

( ၆ ) နေလောင်ခြင်း

ဒါတွေကတော့အဖြစ်များတဲ့အပူလောင်ခြင်းအမျိုးအစားတွေပါ ။ ဆက်ပြောပါမယ်... အပူလောင်ခြင်းကို အဆင့် ( ၃ ) ဆင့်နဲ့သတ်မှတ်ပါတယ် ။

ပထမအဆင့် - အရေပြားနီရဲရုံမျှလောင်ခြင်း
ဒုတိယအဆင့် - အရေပြားနီရဲရုံသာမက အရည်ကြည်ဖုများထလာခြင်း
တတိယအဆင့် - အရေပြားပေါက်ပြဲပြီး အရိုးအထိပါလောင်ကျွမ်းခြင်း

အပူလောင်ခြင်း အဆင့် ၃ ဆင့်အကြောင်းပြောပြီးရင်ပြုစုပုံပြုစုနည်းကိုဆက်ပြောပါမယ် ။

အပူလောင်ဒဏ်ရာပြုစုနည်း
*************************
- ဒဏ်ရာကိုမပြုစုခင်မှာ ဒဏ်ရာတစ်ဝိုက်မှာ အ၀တ်အစားတင်းကျပ်နေတာရှိရင် ဖြေလျှော့ပေးရပါမယ် ၊ လက်၀တ်လက်စား ၊ နာရီ ၀တ်ထားတာမျိုးရှိရင်ချွတ်ပေးပါ ။

- ပြီးရင် အပူလောင်တဲ့ဒဏ်ရာကို အေးသွားတဲ့အထိ ရေနဲ့ လောင်းပေးရပါမယ် ။ ( ရေခဲရေ မသုံးပါဘူး ၊ ရိုးရိုးရေနဲ့ပဲလောင်း‌ေပးရပါမယ် )

- ရေလောင်းတဲ့အချိန်မှာလဲ ဒဏ်ရာကို ခန္ဓာကိုယ်နဲ့ဝေးတဲ့ဘက်ကိုထားပြီးလောင်းပေးရပါမယ် ။ ( ဥပမာ - လက်မှာ အက်စစ်လောင်တယ်ဆိုရင် လက်ကို ခန္ဓာကိုယ်နဲ့ဝေးရာကိုဆန့်ပြီး ရေလောင်းရပါမယ် ၊ ဖြစ်သလိုလောင်းချလိုက်ရင် အဲ့ဒီ အက်ဆစ်အရည်ဟာ ခန္ဓာကိုယ်ပေါ်ကိုပြန်ကျပြီး တခြားနေရာတွေပါထပ်မံလောင်ကျွမ်း‌ေစနိုင်လို့ပါ )

- လူနာကို စိတ်အေးအေးထားဖို့နှစ်သိမ့်ပြီး လူနာကို shock မဖြစ်စေရန် ရေအေးအေး ( သို့ ) သစ်သီးဖျော်ရည်အေးအေးလေးကို တိုက်ပေးပါ ။ လူနာ shock ဖြစ်ပါက shock ပြုစုနည်းအတိုင်း ပြုစုပေးရပါမယ် ။

- နောက်ဆုံးမှာ ဒဏ်ရာကိုပိုးမ၀င်အောင် ပတ်တီးကိုဖွဖွလေးစည်းပြီး ဆေးရုံဆေးခန်းကိုပို့ဆောင်ရပါမယ် ။

** အပူလောင်ခြင်းခြင်း သင်ခန်းစာကတော့ဒီလောက်ပါပဲ **

ရဲဘော်ပြည့်စုံ

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ဒါကတော့ သတိလစ်နေတဲ့လူနာကို စိတ်ချရတဲ့ဘေးစောင်းအနေထား (recovery position) ထားပုံထားနည်းကိုပြပေးတာပဲဖြစ်ပါတယ်။#VdCrdToYouT...

Category

Address

Yangon

Other Public Services in Yangon (show all)
Ye Kyaw Ye Kyaw
Yangon

Myint Myat's Daily Forex Myint Myat's Daily Forex
ဗိုလ်မြတ်ထွန်းလမ်း (အောက်ဘလောက်) , So Ho Tower, No (606), 6 လွှာ, ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့
Yangon

Forex & World Gold Advisor

The BEST Friend The BEST Friend
Yangon, MINGALARDON

Philanthropic club

MARQUIS Toilet Cubicle Partition & Office Cubicle Partition MARQUIS Toilet Cubicle Partition & Office Cubicle Partition
No. 61, 101st Street(lower), Mingalar Taung Nyunt Township
Yangon

Toilet cubicle Partition and office cubicle partition

WebuyforU WebuyforU
Yangon

Safety,Convenience &Safe your time

GSD Alsatian Interested Group GSD Alsatian Interested Group
Bawlae
Yangon

public group

Objetivo Objetivo
59 AungTheikHti Road, Mayangone
Yangon, 11062

2023 Diversity Visa entry service for Myanmar မြန်မာတွေ များများ

Rayy Rayy
Yangon

MlBB Diamond 💎 Sellerလေးrayy mlbb diamond များကို ဒီpageလေးမာစိတ်ချစွာ၀ယ်ယူလို့ရပါတယ်ရှင့် telegram channel လေးကိုလဲဂျိုင်းထားပေးပါနော် telegram channel- https://t.me/rayy_diamond_...

Aung Tha Pyay Aung Tha Pyay
16. 8696521, 96. 1285800
Yangon, 11061

Service , Trust & Value