HNP Smart Beauty

HNP Smart Beauty

�ကြည်လင်ဝင်းပတဲ့ အသားရေပိုင်ဆိုင်နိုင်ဖို့�
Pageကို like&followလုပ်ထားနော်���

Photos from HNP Smart Beauty's post 30/09/2023

I'Aura CEO တို့နှစ်ယောက် ကိုယ်တွေရဲ့အကြည်ဓာတ်လေးတွေ😍😍😍

30/09/2023

နေပူရင် နေကာကိုအဓိကထားလိမ်းရမယ်❗❗❗

နေကာရွေးတဲ့အခါမှာ UV ကာကွယ်ပေးနိုင်တာမျိူးကိုရွေးတဲ့အပြင်အသားရေအတွက်နူးညံ့တာကိုလည်းရွေးရမယ်နော် ME-U SUNUV လိုမျိူး‌ပေါ့
sensitive skin အတွက်နေကာ ‌အသားရေအတွက်နူးညံ့တယ်
DermScan Asia ကနေလည်းစမ်းသပ်မှုအောင်မြင်ပြီးပြီ
ယားယံမှုဖြစ်စေတဲ့ ရေမွှေး alcohol paraben မပါဘူး
SPF50+PA+++ အထိကာကွယ်ပေးတယ်
PM2.5 ရယ် blue light ကိုပါကာကွယ်ပေးတယ်
အာနိသင်ပြည့်ပြီးသား
✅ လိမ်းရလွယ်တယ် စိမ့်ဝင်လွယ်တယ် မကွက်ဘူး
✅ UVA1 / UVA2 / UVB ကာကွယ်ပေးတယ်
✅ ဖုန်မှုန့် blue light တွေပါကာကွယ်ပေးတယ်
✅ အဆီပြန်ခြင်းကို ၈ နာရီအထိထိန်းပေးတယ်
✅ အသားရေအတွက်နူးညံ့တယ်
✅ ပိတ်စို့မှုမဖြစ်ဘူး ဝက်ခြံအသစ်မထွက်ဘူး
✅ Plankton Extract နဲ့ Pollustop ကအသားရေကိုထိန်းသိမ်းပေးတယ်


🇲🇲🇲🇲 လည်းသုံးလို့ရတယ် များတယ် #ပြင်သစ်ကတင်သွင်းတဲ့ Plankton

17/08/2023

ဘဏ်ထဲကို စပန့် ဘောင်းဘီနဲ့ ဝင်သွားတော့

မတူသလိုမတန်သလိုအကြည့်တွေနဲ့
ဝိုင်းကြည့်နေကြတယ်

လုံခြုံရေးတစ်ယောက်ပြေးကပ်လာပြီး အမ ဘာလုပ်ချင်တာလဲမသိဘူး

အကောင့်ထဲမှာ သုံးထောင်ရှိတဲ့အထဲက တစ်ထောင်ထုတ်ပြီး ရှေ့မှာရပ်ထားတဲ့ ကားပေါ် တင်ပေးပါ

ပျာသလဲလဲနဲ့ လာပါအမ
အဆင်ပြေအောင်လုပ်ပေးပါမယ်ဖြစ်သွားရော

Counter ရောက်တော့ စာအုပ်နဲ့ မှတ်ပုံတင်ပေးလိုက်တာ

ခဏကြာတော့ အမရေ
စိတ်မရှိပါနဲ့ အမထုတ်ချင်တာ
သိန်းတစ်ထောင်လားမသိဘူး၊
အကောင့်ထဲမှာ ၃ထောင်ကျပ်ပဲရှိနေလို့ အကောင့်မှားနေသလားခင်ဗျာ

မမှားပါဘူး အဲ့ သုံးထောင်ထဲက
တစ်ထောင်ထုတ်ပေးပါ
ရှေ့မှာရပ်ထားတဲ့ ဆိုက်ကားဆရာကို ရှင်းပေးရမှာမို့ပါ

ဪ ဟုတ်ဟုတ် ခဏနော်အမ 😏😏

ရယ်မောနိုင်ကြပါစေ

31/07/2023

Good Luck😍

03/07/2023

မင်မင် ငယ်ငယ်တုန်းကပုံလေးပြန်တွေ့လို့😄

ချစ်စရာလေးနော့😜

24/06/2023

တင်ပြီးပါပြီ တောင်းပန်ပါတယ် ဖုန်းခနခနမဆက်ပါနဲ့😔

photo crd

Photos from HNP Smart Beauty's post 23/06/2023

ဝက်ခြံဘာကြောင့်ထွက်တာလဲ?????

မိမိတို့ရဲ့မျက်နှာမှာ ဝက်ခြံမပေါက်ဖူးတဲ့သူ ရှားမယ်ထင်ပါတယ်😔

ဝက်ခြံဘယ်အချိန်မှာထွက်တတ်လဲဆိုရင်.....

1️⃣ အိပ်ရေးမဝခြင်း

2️⃣ ဝမ်းမမှန်ခြင်း

3️⃣ စိတ်ဖိစီးမှုများခြင်း

4️⃣ သွေးသားမမှန်ခြင်း

5️⃣အပူ အငံ အစပ် များများစားခြင်း

6️⃣ညအိပ်ယာဝင်ခါနီး မျက်နှာကိုသေချာမသစ်ခြင်း

7️⃣ဆေးလိပ် အရက်သောက်ခြင်း တို့ကြောင့် ဝက်ခြံထွက်တတ်ပါတယ်။

မိမိမှာ ဝက်ခြံပေါက်လာပြီဆိုရင် ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ပါ။

ကိုယ်ဘယ်အချက်တွေကြောင့် ဝက်ခြံထွက်လဲဆိုတာပြန်စဥ်းစားပြီး သေချာဂရုစိုက်မယ်ဆိုရင် မိမိတို့ရဲ့မျက်နှာက လှပတဲ့မျက်နှာလေးအမြဲဖြစ်နေမှာပေါ့နော်😍

Photos from HNP Smart Beauty's post 14/06/2023

Miss လေးတွေ လက်ထဲကကိုင်ထားတဲ့ I'Aura ဘူးလေးကိုပဲကြည့်နော်😜

I'Aura Gel = ဝက်ခြံ အဆီဖု တွေကိုသက်သာပျောက်ကင်းစေပြီး ရေဓာတ်အပြည့်အဝဖြည့်ပေးသော Gelလေး😗

I'Aura Suncream = ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမဲစက် တင်းတိတ်တွေကိုသက်သာပျောက်ကင်းစေသော UV😗

ကဲ့ ဒီနှစ်မျိုးတွဲလိမ်းတာနဲ့ Miss လေးတွေလိုလှနေမှာနော်😍

08/06/2023

ဒီလိုစာသားတွေ လက်မခံဘူး!!!

ငါတို့ဒုက္ခရောက်ရင် ကူညီဖို့ ဘယ်သူမှာမှတာဝန်မရှိဘူး။

ဒုက္ခရောက်အောင်လုပ်ခဲ့တာလည်း မင်းတို့မဟုတ်ဘူး။

ကိုယ်ဒုက္ခရောက်မှ မကူညီရကောင်းလားလို့ တွေးနေရင်မှားတာပေါ့လူတိုင်းမှာလည်းဒုက္ခကိုယ်စီရှိကြတာပဲ။

ငါကူညီထားလို့ ငါကိုပြန်ကူညီ ကိုညီရမယ်ဆိုရင် မင်းကူညီတုန်းကစေတနာမသန့်ပဲ ပြန်ရလိုမှု့နဲ့မျှော်လင့်ပြီးကူညီခဲ့တာလားမေးစရာရှိသွားပြီ။

အကောင်းဆုံးကတော့

ကိုယ်တိုင်ဒုက္ခမရောက်အောင်နေပါ။
တဖက်လူကို အပြစ်တင်စိတ်လျော့ပါ။
မကူညီနိုင်ရင်ပစ်ထားလိုက်ပါ။
ကူညီပြီးရင်မေ့လိုက်ပါ ။
အတုံ့အလှည့်ဆိုတာ ပူလောင်ရတယ်။

08/06/2023

Skin ကမကဲလို့မရဘူးလေနော်😜

ကုန်ချင်ကုန်ပလေ့စေ😄

07/06/2023

ဖြစ်ချင်တာက ဆရာမ🤣

Photos from HNP Smart Beauty's post 06/06/2023

ကိုယ့်ရဲ့တစ်နေ့တာကို ပျော်ရွှင် တက်ကြွစွာ ဖြတ်သန်း😊

ကိုယ့်ကာကာလေးတွေရော တစ်နေ့တာကို ဘယ်လိုဖြတ်သန်းကြလဲ😜

12/05/2023

Toner ကို ဘာကြောင့်နေ့စဉ်သုံးသင့်တာလဲ???

1.Toner ကို အဆီပြန်တဲ့ အသားအရည်သမားတွေနဲ့ ဝက်ခြံထွက်တတ်တဲ့သူတွေ ကတော့ မသုံးမဖြစ်ကို သုံးပေးရပါတယ်။

2. ဘာဖြစ်လို့လဲဆိုတော့ Toner ဟာချွေးပေါက်တွေကိုကျဉ်းသွားအောင် လုပ်ဆောင်ပေးနိုင်ပြီး
မျက်နာမှာရှိတဲ့ အဆီတွေ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါသေးတယ်။

3. တကယ်လို့ Toner ဝယ်မယ်ဆိုရင် Alcohol free လား Alcohol ပါလား ဆိုတာ ရွေးဝယ်ဖို့လဲပြောချင်ပါတယ်။

4. Alcohol free toner ကတော့ ချွေးပေါက်ကျဉ်းဖို့အဓိကလုပ်ဆောင်ပေးပြီး sensitive
အသားအရည်တော်တော်များများနဲ့လဲ
အဆင်ပြေပြီး ဝက်ခြံသမားအတွက်လည်း အဆင်ပြေပါတယ်နော်"

5. လူတစ်ယောက်ရဲ့ မျက်နာအသားအရည်
အတွင်းပိုင်းမှာ PH level 5 ကနေ 6 အထိ
ပုံမှန်ရှိပြီးတော့ မျက်နာသစ်ဆပ်ပြာတွေနဲ
သစ်လိုက်တဲ့အခါ PH level လျော့သွားတာမျိုး
ဖြစ်တတ်တယ်တဲ့ချစ်တို့။ အဲ့လို လျော့သွားတဲ့
PH level ကိုပြန်ရအောင် Toner က ပုံမှန်
ပြန်ဖြစ်အောင်စွမ်းဆောင်ပေးနိုင်ပါတယ်တဲ့။

6. တချို့Toner တွေမှာ မျက်နာအသားအရည်ကို
စိုစွတ်အောင်လုပ်ပေးနိုင်တဲ့အာနိသင်ပါ
ပါတာကြောင့် moisturizer တစ်ခုလိုလဲ
ပေးစွမ်းနိုင်ပါတယ်။

7. ပြီးတော့ Toner မှာ gylcolic acid ပါဝင်တာဖြစ်လို့ မျက်နာမှာ အမွှေးနုတွေပေါက်တာကို
သက်သာစေနိုင်သေးတယ်"

# # Toner ကိုတနေ့နှစ်ကြိမ် ပုံမှန်လေးသုံးပေးသင့်ပါတယ်နော်😍😍

Photos from HNP Smart Beauty's post 11/05/2023

I'AURA Sunscreen for Sensitive Skin.🇲🇲

03/05/2023

နာမည်မှာ Aura မှာတဲ့သူ I'Aura အတွဲလေး Free ယူ❤

Photos from HNP Smart Beauty's post 03/05/2023

ကဆုန်လပြည့် - ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့အကြောင်း
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

ကဆုန်လပြည့် ရက်မြတ်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။

#ကဆုန်လပြည့်နေ့၏
ထူးခြားချက်များမှာ !

(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်
အညီ သုံးလောက ထွဋ်ထား
သဗ္ဗညု မြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့

#ဖွားမြင်တော်မူသောနေ့

#ဘုရားဖြစ်တော်မူသောနေ့

#ပရိနိဗ္ဗာန်စံတော်မူသောနေ့

ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့်၊

#ဤကဆုန်လပြည့်နေ့ ကို -

` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ! ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်
မူသောကြောင့် ဤနေ့ ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့
အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်
အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို
အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂ စေတီ ထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်း
လေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး
ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်း
အစဉ်လာကို ခေတ်အဆက်ဆက်
ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ လ ရာသီ
ပွဲတော်များအနက်၊
ကဆုန်လ ၌ ညောင်ရေသွန်းပွဲ
တော်ကို ရိုးရာပွဲတော်အဖြစ်
အစဉ်အလာ သတ်မှတ်ခဲ့ကြ
ပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိ ဿဘုရားရှင်
၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရ
သော ကုသိုလ်ကြောင့် နတ်ပြည်၌
ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်း
အကျိုးများကို ခံစားရကြောင်း
(ထေရာပဒါန်) ကျမ်းဂန်၌
ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိ ဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရား
ရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါ
မရှိခြင်း၊ သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရ
ပါသည်။

၉။ အထက်ပါအကြောင်းအရာများ
ကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်
သူတော်စင်များအနေဖြင့် နှစ်စဉ်
နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်
တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိ ဿစေတီ
တော်များကို အနေကဇာတင်
ဗုဒ္ဓအဘိသေက မင်္ဂလာသဘင်
ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူး
ကို ဆည်းပူးလေ့ ရှိကြပါသည်။

ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမှုများကို
ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို
အမှတ်တရ ဆင်နွှဲကြပါသည်။
======================================
#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]
တစ်ဆင့်ပြန်လည်ကူးယူဖော်ပြ
ပါသည်။
#မူရင်းရေးသားသူအား လေးစားစွာဖြင့် credit ပေးပါသည်။
🌹🙏🌹🙏🌹🙏🌹🙏🌹🙏🌹

02/05/2023

Skincare အသုံးပြုပုံ အဆင့်ဆင့်......

မနက်ပိုင်း

(၁) မျက်နှာသစ်ပါ။
(၂) Toner လိမ်းပါ။
(၃) ပြီးရင်serum လိမ်းပေးပါ။
(၄) အစိုဓာတ်ထိန်း moisturizer ဆက်သုံးနိုင်ပါတယ်။
(၅) ပြီးရင် နေလောင်ကာ sunscreen လိမ်းပေးပါ။
(၆) နောက်ဆုံးရောက်မှသာ makeup primer (သို့) foundation တခုခုသုံးရပါတယ်။

ညပိုင်း

ညဖက် Skincare သုံးတဲ့အခါ နံပါတ်(၄)ထိ အစဉ်တိုင်းသုံးနိုင်တယ်။
ဒါပေမယ့် sunscreen နဲ့ makeup လုံးဝမသုံးသင့်ပါ
အဆိုပါပစ္စည်းတွေက အဆီဂလင်း၊ချွေးဂလင်းတွေကို ပိတ်ဆို့စေတယ်။
အဆီပြန်စေပြီး ဝက်ခြံကို ဖြစ်စေတယ်။

သတိပြုစရာ အချက်များ.......

(၁) တိုနာသုံးတဲ့အခါ ခြောက်သွေ့အောင်အရင် ထားပြီးမှ အခြား skincare တွေဆက်သုံးပါ။
(၂) ညဖက်လိမ်းတဲ့အခါ moisturizer ကို နောက်ဆုံးမှလိမ်းရပါတယ်။ အဲဒီပေါ်မှာ ဘာမှ ထပ်မလိမ်းပါနဲ့။
(၃) မျက်နှာသစ်ဆပ်ပြာတွေကြောင့် အရေပြားရဲလာရင် ဘာမှမသုံးဘဲ ခဏစောင့်ပါ။ ရဲတာ သက်သာမှ skin care တွေ ဆက်သုံးသင့်ပါတယ်။

ုံးပြုနည်း

Photos from HNP Smart Beauty's post 25/04/2023

I'Aura Myanmar Team Vietnam Trip ပုံရိပ်များ😍

အမှတ်မှီသူတိုင်း Vietnam ကို Free လိုက်ခွင့်ရှိတာနော်😊

I'Aura ဆိုတာ Customer ကိုရော ကိုယ်စားလှယ်တွေကိုရော အမြဲကြည့်တဲ့ Brand❤

06/04/2023

အရေပြားဆရာဝန်တွေအကြံပေးထားတဲ့ အသားအရေထိန်းသိမ်းနည်း လျှို့ဝှက်ချက် (၆)ချက်

အရေပြားအထူးကုတွေနဲ့ တစ်ကြိမ်လောက်တော့ တွေ့ဆုံပြီး အသားအရေထိန်းသိမ်းနည်းကို သေသေချာချာမေးကြည့်ဖူးချင်တယ်ဟုတ်။

ဒါဆိုရင်တော့ဒီဆောင်းပါးလေးဟာ အရေပြားဆရာဝန်တွေ အကြံပေးထားတဲ့ အသားအရေထိန်းသိမ်းနည်း လျှို့ဝှက်ချက်လေးတွေဖြစ်လို့ ကွက်တိပဲနော်။

ဒီနည်းလမ်းလေးတွေအတိုင်း လိုက်နာပေးခြင်းဖြင့် ကျန်းမာပြီး လှပတဲ့အသားအရေလေးကို ရရှိမှာဖြစ်ပါတယ်။

(၁) ကောင်းမွန်စွာဆေးကြောပါ

မျက်နှာသစ်တဲ့အခါ ပြင်းထန်တဲ့ ဓာတုပစ္စည်းပါတဲ့ မျက်နှာသစ်ဆပ်ပြာတွေကို မသုံးပါနဲ့။ အသားအရေကို အတွင်းပိုင်းအထိ အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ မျက်နှာသစ်ဆေးမျိုးကို အသုံးပြုပေးပါ။

(၂) Sunscreen များများလိမ်းပါ

Sunscreen လိမ်းတဲ့အခါ နည်းနည်းလေးပဲမလိမ်းပါနဲ့။ ထူထူနဲ့များများလေး လိမ်းပေးလိုက်ပါ။

ဒါမှအသားအရေရဲ့ အတွင်းပိုင်း ၂လွှာလောက်အထိစိမ့်ဝင်ပြီး နေရောင်ခြည်ဒဏ်ကို ပိုကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၃) ဗူးအသေးရွေးဝယ်ပါ

အလှကုန်တွေ၊ Skincare တွေဝယ်တဲ့အခါ ဗူးကြီးထက် ဗူးသေးတွေကို ဝယ်ပါ။ အကြောင်းကတော့ ဝယ်တဲ့အချိန်ကြာလာတာနဲ့အမျှ အာနိသင်တွေက တဖြည်းဖြည်းနည်းသွားတာကြောင့်ပါ။

(၄) ဇောက်ထိုးနေပါ

ဦးခေါင်းကို မကြာမကြာအောက်စိုက်ပြီး မိနစ်အနည်းငယ်နေလိုက်ပါ။ ဒီနည်းလမ်းဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ..

အသားအရေကို စိုပြည်ဝင်းလက်နေစေပါတယ်။ ယောဂသင်တန်းတွေကိုလည်း အချိန်ပေးပြီးတက်နိုင်ရင် အရမ်းကောင်းပါတယ်။

(၅) မှန်ကန်တဲ့ အိပ်ရာခင်းတွေကိုအသုံးပြုပါ

အိပ်နေစဉ်မှာလည်း အရေးကြောင်းတွေဖြစ်နိုင်ပါတယ်။ သင်အသုံးပြုနေတဲ့ ခေါင်းအုံးစွပ်က သင့်ရဲ့ မျက်နှာအသားအရေကို ပျက်စီးစေနိုင်ပါတယ်။ ဖဲသားခေါင်းအုံးစွပ်က အကောင်းဆုံးဖြစ်ပါတယ်။

(၆) အုန်းရည်သောက်ပါ

အုန်းရည်ဟာ အသားအရေအတွက် ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ အရေပြားဆရာဝန်တိုင်း သိကြပါတယ်။

အုန်းရည်ကို နေ့စဉ်ပုံမှန် သောက်သုံးပေးခြင်းဖြင့် သင့်အသားအရေဟာ တစ်ပတ်အတွင်း ကြည်လင်ဝင်းပသွားတာကို တွေ့မြင်ရမှာပါ။

မျက်နှာပေါင်းတင်ရာမှာလည်း အသုံးပြုနိုင်ပြီး ဘယ်လိုအသားအရေမျိုးနဲ့မဆို တည့်ပါတယ်။
Credit

04/04/2023

အစဆိုတာ အမြဲခက်ခဲလေ့ရှိတယ်

စိတ်ဓာတ်မကျပါနဲ့။ ဘာကိုပဲ လုပ်လုပ် အစပိုင်းမှာတော့ ခက်ခဲတာအမှန်ပါ။

ဒီနေ့မှ အလုပ်စဝင်တာမျိုး။ ကိုယ်ဝါသနာပါတဲ့အရာကို အခုမှ စမ်းလုပ်ကြည့်တာမျိုး။

ကိုယ်လုံးဝမသိတဲ့ နယ်ပယ်တွေကို သွားရတဲ့အခါမျိုး စတဲ့ အခုမှ စလုပ်ရမယ့် အရာတွေကို လုပ်ဆောင်ရတဲ့အခါ ရင်ခုန်စရာကောင်းသလို ကြောင်တောင်တောင်လည်းနိုင်ပါတယ်။

လုပ်ရင်းနဲ့ ရင်းနှီးကျွမ်းဝင်လာတဲ့အခါ တဖြည်းဖြည်း လွယ်ကူလာပါလိမ့်မယ်။

ဒါ့ကြောင့်

အဲ့ဒီလို အခက်အခဲတွေကို တောင့်ခံနိုင်ဖို့ လိုပါတယ်။

ဖြစ်နိုင်ရင်တော့ စိတ်ဝင်စားတာကိုပဲလုပ်ပါ။ ဝါသနာပါတာကို လုပ်တဲ့အခါ အခက်အခဲတွေနဲ့တွေ့ဆုံရလည်း ကျော်ဖြတ်နိုင်တဲ့ သတ္တိတွေက ထွက်ပေါ်လာပါတယ်။

ဒါပေမယ့် တစ်ခါတစ်လေ အခြေအနေအရ မလုပ်ချင်တာတွေကိုလည်း လုပ်ရတတ်ပါတယ်။ အဲ့ဒီလို အချိန်မျိုးတွေမှာ သန်သန်မာမာနဲ့ တောင့်ခံနိုင်ဖို့လိုပါတယ်။

တစ်ခုပဲမှတ်ထားပါ။ ဘဝမှာ စိတ်မပါတာတွေကို လုပ်ရတဲ့အခါတိုင်း အောက်က quote လေးကို သတိရပေးပါ။

“ဘဝမှာ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ဘာပဲလုပ်ရလုပ်ရ အကောင်းဆုံးလုပ်ပါ”​


နောင်တစ်ချိန် အတိတ်ကိုပြန်ကြည့်တဲ့အခါ နောင်တမရအောင် လုပ်ခဲ့လိုက်ပါ။

အနည်းဆုံးတော့ အတွေ့အကြုံ ရပါတယ်။ အတွေ့အကြုံဆိုတာက ပိုက်ဆံပေးယူလို့မရပါဘူး။ အချိန်တွေပေးဆပ်ပြီးမှ ရတာမျိုးပါ။

ဒီတော့ အခုချိန်မှာ ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်ပါ။

04/04/2023

ဘယ်သူတွေ ဘာပြောပြော ငါကတော့ မင်းသမီး
ပိုးကြာဖြူခင် ကိုကျေးဇူးတင်တယ် ..😍😍

မိန်းမထုကြီးကို တပ်လှန့်ပေးလိုက်လို့ ...
အခုဆို ခေါင်းကိုက်တာကအစ ပါရဂူနဲ့ ပြမယ့်အဖွဲ့ရယ် ..

ပိုင်ဆိုင်တာတွေ သားသမီးနာမည်နဲ့ လွှဲဖို့စာချုပ်ပြေးဝယ်တဲ့အဖွဲ့တွေရယ် ပေါ်လာပြီ 😅😅

သေရင်ကိုယ့်နောက်မပါမဲ့အတူတူ မျက်ခုံးတက်တူးထိုး
မျက်တောင်စိုက် နှုတ်ခမ်းအလှဖော်တွေလုပ် အသားအရေတင်းပြီး နုပျိုအောင် နေမယ့်အဖွဲ့ရယ် ..

အာချီ ပရိုမီနာ နဲ့ သနပ်ခါး ပဲအမြဲသုံး လိမ်းတတ်တဲ့ အသိအမတစ်ယောက်တောင် SkinCare တွေပြောင်းသုံးဖို့ setလိုက် အားပေးကြမ်း လာတဲ့ မမတို့ အဖွဲ့တွေရယ်...😍😍

အသီးသီးပေါ်လာကြကုန်ပြီ 😂😂

ကျေးဇူးတင်လိုက်တာ မင်းသမီးရယ် 😅😅
ကဲ...မဝယ်ရသေးရင် မမဆီ အမြန်ဆုံးဆက်သွယ်လိုက် တော့ 😆😆

Photos from HNP Smart Beauty's post 29/03/2023

Customer တွေအတွက် ရှယ်အမ်းသော I'Aura Special Promotion ❤❤❤

I'Aura ဘူးမှာပါတဲ့ Scan ဖတ်ရုံနဲ့ အထူးကံစမ်းမဲကြီးပေးထားတဲ့ I'Aura😘

I'Aura Me-U Sun UV ကိုဝယ်ပြီး scan ဖတ်ရင်😊

ပထမဆု = သိန်း 240😍
ဒုတိယဆု = သိန်း 160😍

(21,000 ရင်းပြီး ကိုယ့်ရဲ့ skin လည်းလှ ကံစမ်းမဲကြီးလည်းပေါက်😗)

I'Aura Gel ကိုဝယ်ပြီး Scan ဖတ်မယ်ဆိုရင်

တတိယဆု = သိန်း 80 😍

(12,900 ရင်းပြီးဝက်ခြံကင်းစင်ပြီး skin လည်းအရမ်းကောင်း ကံစမ်းမဲလည်းပေါက်..😙)

ကဲ.....ထီမထိုးရတာကြာတော့ I'Aura သုံးပြီးကံစမ်းကြမယ်ကွာ😗

I'Aura သုံးပြီး Scan မဖတ်ရသေးရင် အခုပဲဘူးခွံရှာပြီး မြန်မြန်ဖတ်လိုက်နော်😍😍😍

Photos from HNP Smart Beauty's post 25/03/2023

ဒီနေ့အပြင်မသွားခင် အခန်းထဲ ချလပ်😄😄😄

Photos from HNP Smart Beauty's post 24/03/2023

ဘာလို့ Hnin Nu ဆီမှာစျေးဝယ်သင့်တာလဲ?????

✅ကိုယ်ရောင်းပစ္စည်းကို ကိုယ်တိုင်သုံးပြီးပြန်ရောင်းတဲ့အတွက် Customer တွေသိချင်တာကိုချက်ချင်းပြောပြပေးနိုင်တယ်

✅လူအယောက်100 မှာ 99 ယောက်အတွက်ကို quality ကောင်းအောင်လုပ်ပေးထားတဲ့ I'Aura Brand ဖြစ်နေလို့

ကျန်တစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် skintone မတူတဲ့အတွက် တစ်ခါတလေ ဓာတ်မတည့်တာမျိုးဖြစ်တတ်တယ်နော်

✅Boy ရော Girl ရော နှစ်မျိုးလုံးသုံးလို့ရတဲ့ I'Aura Brand မိုလို့

✅လူတိုင်းရဲ့အလှတွေကိုဖန်တီးပေးချင်လို့

✅ဝက်ခြံကင်းတဲ့မျက်နှာလေးတွေကိုပိုင်ဆိုင်စေချင်လို့

✅ sensitive skin အတွက်အဓိကထားပြီးထုတ်လုပ်ပေးထားမို့ All Skin Type သုံးလို့တဲ့ Brand ဖြစ်နေလို့

✅collegen ပါတဲ့အတွက် မျက်နှာအသားအရေ တင်းရင်း​ပြီးပိုလှစေချင်လို့

Photos from HNP Smart Beauty's post 23/03/2023

Online Business ကိုဘာလို့လုပ်ခဲ့တာလဲ??????

1️⃣ အရင်းအနှီးနည်းနည်းနဲ့ ကိုယ်ပိုင်လုပ်ငန်းစလုပ်လို့ရလို့✅
2️⃣ အလုပ်တစ်ဖက်နဲ့လည်း ကိုယ်အားတဲ့အချိန်ဖုန်းသုံးပြီးအလုပ်လုပ်လို့ရလို့✅
3️⃣ဝင်ငွေပိုရချင်လို့✅
4️⃣အရင်ကထက်ပိုပြီး Self Confidence ပိုရှိလာလို့✅
5️⃣ကိုယ်ကြိုးရင်ကြိုးစားသလောက်ဝင်ငွေရနိုင်လို့✅
6️⃣နေရာဒေသမရွေး ဖုန်းတစ်လုံးရှိရုံနဲ့ဝင်ငွေရှာနိုင်လို့✅
7️⃣ အောင်မြင်တဲ့ပတ်ဝန်းကျင်ဆီအရောက်သွားချင်လို့✅

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ဖြစ်ချင်တာက ဆရာမ🤣#HNPSmartBeauty
Hnin Nu ကိုမေးကြတယ် Brand တွေအများကြီးထဲမှဘာလို့ I'Aura Brand ကိုရွေးရတာလဲလို့ ???????1️⃣I''Aura ဆိုတာ Customer တွေအတွက်...
‼️အသားဖြူချင်သူတိုင်း သိထားသင့်တဲ့ အလှအပရေးရာအကြောင်း ‼️ ဒီဘက်ခေတ်မှာ ကျား၊ မ အသက်အရွယ်မရွေး ကိုယ့်ရဲ့ အသားအရေနဲ့ အလှအပက...
❗ဝက်ခြံတွေတိုင်း ကုသနည်းကအတူတူပဲလား..........❗ လူတိုင်းလိုလိုမှာဖြစ်နေတဲ့ အရေပြား ပြဿနာတစ်ရပ်ရှိနေပါတယ်။ ဒါကတော့ ဝက်ခြံ ...
I like you but........
I'Aura Leader 350 PV အတွက်အသိပညာပေးတဲ့ Seminar ပွဲရဲ့ video😍#Mandalay trip#မနက်ပိုင်းပွဲ#IAURAMyanmar#IAURALeader210ယောက...
I'Aura 350 PV Leader Skill Update😍ချယ် Htet Htet ရဲ့ Personal Branding သင်တန်းက ရလာတဲ့ သင်ခန်းစာ😊Personal Branding ဆိုတာ...
မကြည့်နဲ့နော်😜
ဘာကြောင့် နေကာခရင် (sunscreen) ကိုလိမ်းသင့်တာလဲ???​လူတော်တော်များများက Sunscreen လိမ်းဖို့မေ့နေတတ်ကြတယ် Sunscreeen ဆိုတာ...
အပြင်သွားရင် အလှပြင်ဖို့အချိန်အများကြီးမပေးချင်တဲ့ customer လေးတွေအတွက်😍😍😍3 minutes Makeup Look😗Angel's Secret ရဲ့ DD လေ...
Teddy ပြောသလိုပဲ😍သူံးဖူးသူတိုင်းအသဲစွဲ I'Aura Sunscreen 😗#HNPSmartBeauty#iaurasunscreen
အကိုချောချောလေးတစ်ယောက် ဘာ skincare သုံးလဲသိလား😉သူလေးသုံးတာ I'Aura Sunscreen လေးပါ😍ယောကျာ်းလေးတွေရော အသဲစွဲတဲ့ UV လေးနော...

Category

Telephone

Website

https://www.facebook.com/profile.php?id=100015158195554

Address

Yangon