Dagon University Geography Department
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dagon University Geography Department, Education, Building No. 16, 17 & 18, Cherry Street, Dagon University Campus, Yangon.
ဒဂုံတက္ကသိုလ် ပထဝီဝင်ကျောင်းသားဟောင်း
မဌေးဌေးရီ (ကထိက၊ ပထဝီဝင်ဌာန၊ ဒဂုံတက္ကသိုလ်) ၏ မိခင် ဒေါ်စိန်လှ အသက် (၈၉)နှစ်သည် 19.11.20 ရက်နေ့တွင် ကွယ်လွန်ကြောင်းသိရှိ
ရသဖြင့် မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းရပါသည်။
#ဒဂုံတက္ကသိုလ်_ပထဝီဝင်ကျောင်းသားဟောင်းမိသားစု
ဒဂုံတက္ကသိုလ် ပထဝီဝင်ဌာန ကထိကဆရာမ
ဒေါ်ဌေးဌေးရီ၏ မိခင် ဒေါ်စိန်လှ အသက် (၈၉)နှစ်သည် 19.11.20 ရက်နေ့တွင် ကွယ်လွန်ကြောင်းသိရှိ
ရသဖြင့် မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းရပါသည်။
#ဒဂုံတက္ကသိုလ်_ပထဝီဝင်မိသားစု
စိတ်ဝင်စားသူများလျှောက်ထားနိုင်ပါသည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ (နေပြည်တော်)သို့လှူဒါန်းငွေ - ၁၁၀၅၀၀၀ ကျပ် နှင့် ဒဂုံတက္ကသိုလ် COVID-19 ကော်မတီသို့ လှူဒါန်းငွေ - ၂၀၀၀၀၀ ကျပ် တို့ကို ဒဂုံတက္ကသိုလ်၊ ပထဝီဝင်ဌာနမှ လှူဒါန်းပါသည်။
Covid 19 အတွက် အလှူငွေများကိုလှူဒါန်းနိုင်ရန် အလှူရှင်များအနေဖြင့် ပထဝီဝင်ဌာနတွင် ပါဝင်လှူဒါန်းနိုင်ပါကြောင်းနှိုးဆော်အပ်ပါသည်။
ဒဂုံတက္ကသိုလ်၊ ပထဝီဝင်ကျောင်းသား/သူဟောင်းများ၏ ၃.၂.၂၀၁၉ ရက်နေ့ တွင် ကျင်းပသော ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲ နှင့် ၂.၂.၂၀၂၀ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် မြတ်ဆရာပူဇော်ပွဲ များသို့ ကန်တော့ခံဆရာမကြီးအဖြစ် ကိုယ်တိုင်ကြွရောက်ပြီး တပည့်များအား ဆုပေးဩဝါဒဆုံးမ စကားများချီးမြှင့်ပေးပါသော
ဒဂုံတက္ကသိုလ် ပထဝီဝင်ဌာန အငြိမ်းစား ပါမောက္ခ(ဌာနမှူး) ဆရာမကြီး ဒေါ်စန်းစန်းမြင့် (အသက်-၈၁) နှစ် အား ကောင်းရာသုဂတိလားပါစေဟု တပည့်များစွာက ဆုတောင်းလျှက်ပါ။
ပထဝီဝင်ကျောင်းသား/သူဟောင်းများအသင်း၊
ဒဂုံတက္ကသိုလ်
၂၃.၉.၂၀၂၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် ကွယ်လွန်သွားသော ဒဂုံတက္ကသိုလ် ပထဝီဝင်ဌာန အငြိမ်းစား ပါမောက္ခ(ဌာနမှူး) ဆရာမကြီး ဒေါ်စန်းစန်းမြင့် (အသက်-၈၁) နှစ် အား ရေဝေးသုသာန်အထိ ပို့ဆောင်မီးသင်္ဂြိုလ် ဂါဝရပြုပေးကြသော ဒဂုံတက္ကသိုလ်၊ ပထဝီဝင်ဌာန၊ ပါမောက္ခ (ဌာနမှူး) ဒေါက်တာဦးကြည်လင့်နှင့်တကွ ဆရာ၊ဆရာမများ၊ရုံးဝန်ထမ်းများအား လည်ကောင်း၊ ဒဂုံတက္ကသိုလ်၊ ပထဝီဝင်ကျောင်းသား/သူပောာင်းများအသင်း ဥက္ကဌ ကိုအောင်ကျော်မိုးနှင့်တကွ ကျောင်းသားဟောင်း EC များနှင့် 1993 (Intake) ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ နာရေးကိစ္စ အဝဝကို ကူညီဆောင်ရွက်ပေးပြီး ရေဝေးသုသာန်အထိ ကူညီဆောင်ရွက်ပေးသော ပရဟိတသမား၊ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ ကိုဝေဠုကျော်အားလည်းကောင်း အထူးပင်ကျေးဇူးတင်ရှိပါသည်။
ဒဂုံတက္ကသိုလ်၊ ပထဝီဝင်မိသားစု
Crd. Photo.
၁၇.၈.၂၀၂၀ ရက်နေ့ (တနင်္လာနေ့) က ဒဂုံတက္ကသိုလ်တွင် ကျင်းပသော ပထဝီဝင်ဘာသာရပ်သင်ကြားရေးအဖွဲ့ (BoS) အစည်းအဝေးသို့ ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ၂၇.၈.၂၀၂၀ ရက်နေ့ (ကြာသပတေးနေ့) တွင် ကျင်းပသော ဒဂုံတက္ကသိုလ် ပထဝီဝင် မိသားစု
ဝါဆိုသင်္ဃန်း ဆက်ကပ်လှူဒါန်းပွဲသို့ ကိုယ်တိုင်တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ဃန်းများ ဆက်ကပ်လှူဒါန်းပေးခဲ့ပါသော ဒဂုံတက္ကသိုလ် ပထဝီဝင်ဌာန အငြိမ်းစား ပါမောက္ခ(ဌာနမှူး) ဆရာမကြီး ဒေါ်စန်းစန်းမြင့် (အသက်-၈၁) နှစ် ကောင်းရာသုဂတိလားပါစေ။
ဒဂုံတက္ကသိုလ်၊ ပထဝီဝင်မိသားစု
ဒဂုံတက္ကသိုလ်၊ ပထဝီဝင်ဌာန၊ အငြိမ်းစား ပါမောက္ခ (ဌာနမှူး) ဆရာကြီး ဒေါ်စန်းစန်းမြင့် အား ရည်စူး၍ မနက်ဖြန် ၂၉.၉.၂၀၂၀ ရက်နေ့ အင်္ဂါနေ့ တွင်ရက်လည် ဆွမ်းကျွေး တရားတော်နာယူ ပြုလုပ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
"ပညာသင်ထောက်ပံ့ကြေးဆု (Stipend) ရရှိသူပထဝီဝင်အထူးပြု (နေ့သင်တန်း) ကျောင်းသား၊ကျောင်းသူများအား ငွေထုတ်ပေးမည့်ရက်ပြင်ဆင်သတ်မှတ်ခြင်း"
၁။ COVID -19 ကူးစက်ရောဂါအတည်ပြုလူနာများ နေ့စဉ်နှင့်အမျှတိုးတက်များပြားလျှက်ရှိပါသည်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID -19 ကူးစက်ရောဂါ ကူးစက်ပျံ့နှံ့နှုန်းသည် လျင်မြန်စွာမြင့်မားလျှက်ရှိပါသည်။
၂။ အဆိုပါ COVID -19 ကူးစက်ရောဂါအား အမြန်ဆုံးထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး (ကိုကိုးကျွန်းမြို့နယ်မှအပ) နေအိမ်တွင်နေထိုင်ရေး (Stay@home) အစီအစဉ်များချမှတ်ဆောင်ရွက်လျှက်ရှိပါသည်။
၃။ ထို့အပြင်ရန်ကုန်မြို့တော်သို့ အဝင်/အထွက် ကိုလည်းကန့်သတ်တားမြစ်ထားပါသည်။ မလိုအပ်ဘဲ ခရီးမသွားလာရေး၊ နေအိမ်ပြင်ပသို့မထွက်ရေး အထူးလိုအပ်ပါသည်။
၄။ ****သို့ဖြစ်ပါ၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဒဂုံတက္ကသိုလ်၊ ပညာသင်ထောက်ပံ့ကြေးဆု (Stipend) ရရှိသော ပထဝီဝင်အထူးပြု (နေ့သင်တန်း) ကျောင်းသား၊ကျောင်းသူများအား (၁၅.၉.၂၀၂၀)ရက်နေ့ နှင့် (၁၆.၉.၂၀၂၀) ရက်နေ့များတွင် ငွေများထုတ်ပေးမည့်အစီအစဉ်ကို ယာယီ ရွေ့ဆိုင်းလိုက်ပါသည်။****
#ငွေထုတ်ပေးမည့်အစီအစဉ်ထပ်မံကြေညာပေးပါမည်။
ပါမောက္ခ (ဌာနမှူး)
ပထဝီဝင်ဌာန
ဒဂုံတက္ကသိုလ်
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် နေ့သင်တန်း ပထဝီဝင်အထူးပြု ပထမနှစ်မှ နောက်ဆုံးနှစ်အထိ ပညာသင်ထောက်ပံ့ကြေးဆု (Stipend) ရရှိသောကျောင်းသား၊ကျောင်းသူများ အားလုံးကို
အခြေအနေကြောင့်15.9.2020 ရက်နေ့ နံနက် ၉:၃၀ နာရီ မှ ညနေ ၄:၃၀ နာရီ အထိ ကို ပထမနှစ်ကိုလည်းကောင်း၊ 16.9.2020 ရက်နေ့ နံနက် ၉:၃၀ နာရီ မှ ညနေ ၄:၃၀ နာရီ အထိ ကို ဒုတိယနှစ်နှင့်အထက်ကိုလည်းကောင်း ငွေထုတ်ပေးပါမည်။
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် နေ့သင်တန်း ပထဝီဝင်အထူးပြု ပထမနှစ်မှ နောက်ဆုံးနှစ်အထိ ပညာသင်ထောက်ပံ့ကြေးဆု (Stipend) ရရှိသော ကျောင်းသား၊ကျောင်းသူများ အားလုံး ဓါတ်ပုံ ၁ ပုံ၊ ကျောင်းသားကဒ် မိတ္တူ ၁ စောင်နှင့်အတူ 15.9.2020 ရက်နေ့ ဒဂုံတက္ကသိုလ် ပထဝီဝင်ဌာနတွင် လာရောက်ထုတ်ယူပါရန်။
အခြေအနေကြောင့်15.9.2020 ရက်နေ့ နံနက် ၉:၃၀ နာရီ မှ ညနေ ၄:၃၀ နာရီ အထိ တစ်ရက် တည်းသာ ထုတ်ပေးပါမည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဒဂုံတက္ကသိုလ် ပထဝီဝင်အထူးပြု နေ့သင်တန်းသား ပညာသင်ထောက်ပံ့ကြေးဆု (Stipend) ရရှိသူ ကျောင်းသား၊ကျောင်းသူများ ပထဝီဝင်ဌာနတွင် ကျောင်းသားကဒ်၊ ပတ်စပို့စ်ဓာတ်ပုံ (၁) ပုံနှင့်အတူ လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။
- ပထမနှစ်ကျောင်းသား၊ ကျောင်းသူများ ငွေထုတ် ပေးမည့်ရက်ကြေညာသည့်အခါမှသာတစ်ပါတည်းအတန်းအားလုံးထုတ်ပေးပါမည်။
#ငွေထုတ်ရမည့်ရက်ကိုထပ်မံကြေညာပေးပါမည်။
ပထမနှစ် (နေ့သင်တန်း) ပထဝီဝင်အထူးပြု ပညာသင်ထောက်ပံ့ကြေးဆုလျှောက်ထား သောကျောင်းသားကျောင်းသူများသာ ပထဝီဝင်ဌာနသို့ မနက်ဖြန် မနက် ၉:၃၀ နာရီ အရောက် လာရောက်ကြပါရန် အကြောင်းကြား အပ်ပါသည်။
ပထမနှစ် ပထဝီ၀င်အထူးပြု မှ**ပညာသင်ထောက်ပံ့ကြေး လျှောက် ထားသူများ**သည် လူတွေ့စစ်ဆေး ရွေးချယ်နိုင်ရန်အတွက် 20.8.2020 ရက်နေ့
နံနက် 9:30နာရီ ပထဝီဝင်ဌာနကို လာရောက်ပါရန်။
၂၀၁၉ ခုနှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲအောင်
ပထမနှစ်သင်တန်းတက်ရောက်နေသော
ပထဝီဝင်ကျောင်သား ကျောင်းသူများ ပထဝီဝင်ဌာန တွင် ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာများထုတ်ယူနိုင်ပါသည်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
Monday | 09:00 - 16:00 |
Tuesday | 09:00 - 16:00 |
Wednesday | 09:00 - 16:00 |
Thursday | 09:00 - 16:00 |
Friday | 09:00 - 16:00 |