Nectar Cosmetics Online Shop

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nectar Cosmetics Online Shop, Health/Beauty, Kamayut, Yangon.

08/10/2023

နည်းနည်းတော့ စိတ်ကြီးဝင်မိတယ်

17/07/2023

ကြည်တောက်ရှင်းတဲ့ နေ့ရက်တွေအတွက် …

တနေကုန် သင့်ရဲ့မျက်နှာလေးက ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် အလိုလို မျက်နှာလေးက ကြည်တောက်ရှင်းလာမှာ အသေချာပါပဲ 🫧

ကြည်တောက်ရှင်းဖို့ ကြည်တောက်တဲ့ Texture လေးနဲ့ Booster Moisturizing Gel လေးရှိပါတယ် 🌊🩷

သူ့မှာ Skin Barrier ကို အကောင်းဆုံး ရေဓာတ်ဖြည့်ပေးနိုင်ဖို့အတွက် Best Duo ဖြစ်တဲ့ HYA, Niacianamide ကို ထည့်သွင်းပြုလုပ်ထားပြီး 24 နာရီကြာ ရေဓာတ် မဆုံးရှုံးသွားအောင် ထိန်းသိမ်းပေးနိုင်စွမ်းရှိလို့ တနေကုန် ကြည်တောက်ရှင်းတဲ့ မျက်နှာလေး ပိုင်ဆိုင်ရရှိစေမှာ ဖြစ်ပါတယ်။

⚗️ Non-Greasy Formula နဲ့ ပြုလုပ်ထားလို့ လိမ်းတဲ့အခါ စေးကပ်ခြင်း လုံးဝမရှိဘဲ လိမ်းလို့လိမ်းထားမှန်းမသိအောင် အသားအရည်ထဲ စိမ့်ဝင်လွယ်တယ်။

Oil-Free Energy အပြည့်နဲ့ နေ့ရက်တိုင်းကို ကြည်တောက်ရှင်းတဲ့မျက်နှာလေးနဲ့ ဖြတ်သန်းဖို့အတွက် Booster Moisturizing Gel လေးက သင့်ရဲ့ အဖော်မွန်ပါပဲ 🌊🩷

ဈေးနှုန်း
➖➖➖
Booster Moisturizing Gel _ 25,000 Ks (30ml)

17/07/2023

Glow ချင်ရင် ကိုကို့ ကိုပူဆာလိုက်တော့နော် 🫠

ဘာလေးလဲဆိုတော့ Glow Sunscreen လေးပေါ့

ကိုကိုနဲ့ Date တဲ့အချိန်ကျရင် ကိုယ့်ရဲ့မျက်နှာလေး Glow ပြီး ပုလဲလေးလို ဝင်းလဲ့ချင်ရင်တော့ ဒီ Sunscreen လေးက အကောင်းဆုံးပဲပေါ့ 🤍

ဒီတော့ Glow Sunscreen လေးလိမ်းပြီး ကိုကိုနဲ့ Date လိုက် ကိုကိုတွေ ရူးခါသွားအောင် စွဲလန်းသွားစေရမယ်

ဘာလို့လဲဆိုရင် သူလေးက Glow Effect ကို အပြည့်အဝရအောင် သေးငယ်ပြီး Pigment ထွက်အားကောင်းတဲ့ Micro Pearl ကို ထည့်သွင်းအသုံးပြုထားကာ Niacinamide , Vitamin-C , Turmeric တို့နဲ့ ထပ်မံ အားဖြည့်ထားလို့ ဖြစ်ပါတယ် ✨✨✨

သူ့ကို မိတ်ကပ် Base အနေနဲ့ လိမ်းမယ်ဆိုရင် မိတ်ကပ်ကို ဝင်းဝင်းမွတ်မွတ်လေး ဖြစ်စေပြီး
သူ့တစ်မျိုးထဲပဲ လိမ်းမယ်ဆိုရင်လဲ သဘာဝကျကျလေး Glow Look လေးကို ရရှိစေမှာပါ 🌟

ဒါ့ကြောင့် ကိုကို့ ကို Glow Sunscreen လေးပူဆာပြီး ကိုကို့ ကိုစွဲလန်းစေမယ့် အသဲကျော် ပဲလှော်လေးလုပ်ရ‌အောင် 🩷

ဈေးနှုန်း
➖➖➖
Glow Sunscreen _ 20,000 Ks (15 ml)

13/07/2023

စ ကင်ကဲဖို့ တကယ်လိုနေပါပြီ😄😄

13/07/2023

✨✨✨24K ‌ရွှေမှုန်လေးတွေ ပါဝင်လို့ ZORA နဲ့ မျက်နှာတစ်ခါသစ်တိုင်း ရွှေလိုဝင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်စေမှာ အသေချာပါပဲ။

ဈေးနှုန်း
➖➖➖
ZORA Premium Snail Soap _ 8,000 Ks (45g)

#မျက်နှာသစ်24K

12/07/2023

အသားခြောက်တဲ့အသားအရည်ပဲဖြစ်ဖြစ် အဆီပြန်တဲ့အသားအရည်ပဲဖြစ်ဖြစ် အလိုအပ်ဆုံးက ရေဓာတ်ပါ 🌊🩵

အသားအရမ်းခြောက်လွန်းခြင်း၊ အဆီပြန်ခြင်း စတဲ့ ပြဿနာတွေရဲ့ အဓိက ရင်းမြစ်က ရေဓာတ်ကုန်ဆုံးလို့ပဲ ဖြစ်ပါတယ်။

Skin Barrier မှာ သဘာဝအတိုင်း တည်ရှိနေတဲ့ ရေဓာတ်က ပတ်ဝန်းကျင်ကြောင့် သူ့အလိုလို အလွယ်တကူ ခမ်းခြောက်ကုန်ဆုံးနိုင်ပါတယ်။
ဥပမာ _ မျက်နှာသစ်လိုက်တဲ့အခါ စက္ကန့်ပိုင်းလောက်ပဲ မျက်နှာ စိုစိုလေးဖြစ်သွားပြီး ခဏကြာတာနဲ့ အသားအရည်က ချက်ချင်းခြောက်ကပ်သွားတာမျိုးပါ 😶‍🌫️
Skin Barrier မှာ ရေဓာတ်ဆုံးရှုံးသွားတဲ့အသားခြောက်တဲ့အသားအရည်ပဲဖြစ်ဖြစ် အဆီပြန်တဲ့အသားအရည်ပဲဖြစ်ဖြစ် အလိုအပ်ဆုံးက ရေဓာတ်ပါ

အသားအရမ်းခြောက်လွန်းခြင်း၊ အဆီပြန်ခြင်း စတဲ့ ပြဿနာတွေရဲ့ အဓိက ရင်းမြစ်က ရေဓာတ်ကုန်ဆုံးလို့ပဲ ဖြစ်ပါတယ်။

Skin Barrier မှာ သဘာဝအတိုင်း တည်ရှိနေတဲ့ ရေဓာတ်က ပတ်ဝန်းကျင်ကြောင့် သူ့အလိုလို အလွယ်တကူ ခမ်းခြောက်ကုန်ဆုံးနိုင်ပါတယ်။
ဥပမာ _ မျက်နှာသစ်လိုက်တဲ့အခါ စက္ကန့်ပိုင်းလောက်ပဲ မျက်နှာ စိုစိုလေးဖြစ်သွားပြီး ခဏကြာတာနဲ့ အသားအရည်က ချက်ချင်းခြောက်ကပ်သွားတာမျိုးပါ 😶
Skin Barrier မှာ ရေဓာတ်ဆုံးရှုံးသွားတဲ့အခါ အသားအရည် ခြောက်လွန်းခြင်း (သို့) အဆီပြန်လွန်ခြင်းတို့ ဖြစ်တတ်ပါတယ်။
ဒါကြောင့် သင့်ရဲ့ Skin Barrier လေး အမြဲတမ်း ရေဓာတ်ပြည့်ဝနေဖို့ဆိုရင် Moisturizer လိမ်းကို လိမ်းရပါမယ်

AURA Plus Booster Moisturizing Gel က Skin Barrier မှာရှိတဲ့ ရေဓာတ်ကို မဆုံးရှုံးသွားအောင် 24 နာရီကြာ ထိန်းသိမ်းပေးထားနိုင်ပါတယ်
Skin Barrier ရဲ့ ရေဓာတ်ထိန်းသိမ်းနိုင်စွမ်းကို 2ဆ မြှင့်တင်ပေးနိုင်ဖို့ Powerful Productတွေ ဖြစ်တဲ့ Glycerin, HYA, Niacinamide စသဖြင့် ရေဓာတ်ကို အခြေခံတဲ့ Ingredients တို့ကို ထည့်သွင်းထားပါတယ်
Organic Aloe Vera, Vitamin E က မျက်နှာလေးကို နူးညံ့ချောမွေ့လာစေဖို့ ပံ့ပိုးပေးပါသေးတယ်

သူ့ရဲ့ အားသာချက်နောက်တစ်ခုကိုပြောရမယ်ဆိုရင် စေးကပ်မှုလုံးဝမရှိဘဲ စိမ့်ဝင်လွယ်လို့ လိမ်းရတာ သက်တောင့်သက်သာဖြစ်စေပြီး Healthy Fresh Look လေးကို ရရှိစေတာပါ

ဆိုတော့ အသားလည်း မခြောက်၊ အဆီလည်း မပြန်ဘဲ တစ်နေကုန် ရေဓာတ်ပြည့်ဝနေပြီး ကြည်လင်အေးမြတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ဖို့ Booster Moisturizing Gel လေးက အလိုအပ်ဆုံးပါပဲရှင်

ဈေးနှုန်း

Booster Moisturizing Gel _ 25,000 Ks (30ml)

22/06/2023

သင့်ရဲ့ မျက်နှာလေး Glow ပြီး နုဖတ်ဥအက်နေဖို့ လိမ်းပါ 🌸✨

တစ်နေ့တစ်နေ့ မျက်နှာက မွဲခြောက်လာပြီး အရေးအကြောင်းတွေပေါ်လာလို့ စိတ်မညစ်ပါနဲ့နော် 😙

HYA (Hyaluronic Acid), Vitamin B3 (Niacinamide) နဲ့ ပြုလုပ်ထားတဲ့ Booster Serum လေး ရှိပါတယ် 🩷🫧

🫧 HYA ကြောင့် မျက်နှာပေါ်မှာ ရှိတဲ့ အရေးအကြောင်းတွေကို အထူးလျော့ပါးသက်သာစေပြီး မျက်နှာကို ရေဓာတ်ပြည့်ဝကာ စိုစိုအိအိလေးဖြစ်စေပါတယ်
🫧 Vitamin B3 ကြောင့် မျက်နှာကို ချောမွေ့ဝင်းပစေတယ်

အိုမင်းရင့်ရော်ခြင်းမရှိဘဲ Glow ပြီး နုဖတ်ဥအက်နေတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ဖို့အတွက် Skincare တိုင်း Booster Serum ကို လိမ်းပါ 💆🏻‍♀️

𝚄𝚜𝚎 𝚒𝚝.
𝚈𝚘𝚞𝚛 𝚜𝚔𝚒𝚗 𝚠𝚒𝚕𝚕 𝚐𝚕𝚘𝚠 & 𝚢𝚘𝚞𝚛 𝚏𝚊𝚌𝚎 𝚠𝚒𝚕𝚕 𝚕𝚘𝚘𝚔 𝚏𝚞𝚕𝚕 𝚘𝚏 𝚢𝚘𝚞𝚝𝚑 !

ဈေးနှုန်း
➖➖➖
Booster Serum _ 20,000 Ks (30ml)

21/06/2023

✨✨✨ ချိုင့်ခွက်အတွက် မျက်နှာသစ်မှာ ဆရာကြီး

မျက်နှာပေါ်က မညီညာတဲ့ ချိုင့်ခွက်တွေကို ပျောက်ကင်းသက်သာစေပြီး နူးညံ့ချောမွေ့တဲ့ မျက်နှာလေးကို ဆောင်ကျဉ်းပေးနိုင်တဲ့ မျက်နှာသစ်တွေထဲမှာ ဆရာကြီးတစ်ဆူရှိတယ်လေ 👑

သူကတော့ ZORA Premium Snail Soap ပါ 💛

သန့်စင်စွာ မွေးမြူထားတဲ့ ခရု‌လေးတွေကနေ ရရှိပြီး အမာရွတ်၊ ချိုင့်ခွက် နဲ့ အရေးအကြောင်းတွေအတွက် ဆေးတစ်ပါးဖြစ်တဲ့ Snail Secretion Filtrate ကို ထည့်သွင်းထားပါတယ် ⚗️🐌

သူ့ရဲ့ လုပ်ဆောင်ချက်လေးတွေကတော့
🔸မျက်နှာရဲ့ Collagen ဓာတ်ကို ပံ့ပိုးပေးနိုင်တဲ့အတွက် ချိုင့်ခွက်‌နေရာလေးတွေထဲ အသားပြန်ပြည့်စေပြီး မျက်နှာလေးကို ချောမွတ်ပြေပြစ်စေတယ်
🔸Photoaging ကြောင့် အိုမင်းရင့်ရော်စေတဲ့ အရေးအကြောင်းတွေကို လျော့ချပေးကာ Skin Elasticity ကို တိုးမြှင့်ပေးနိုင်ပါတယ်
🔸ရေဓာတ်ပြည့်ဝစေလို့ အသားအရည်ကို စိုပြေနူးညံ့စေပါသေးတယ်

ဒါကြောင့် ချိုင့်ခွက်သက်သာဖို့ဆိုရင် ZORA Premium Snail Soap လေးကို သုံးကိုသုံးရပါမယ်။

ချောမွေ့ပြေပြစ်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ဖို့အတွက် ZORA Premium Snail Soap က မျက်နှာသစ်မှာ ဆရာကြီးပဲပေါ့ 😎

ဈေးနှုန်း

ZORA Premium Snail Soap _ 8,000 Ks (45g)

#မျက်နှာသစ် #ဆပ်ပြာ

25/05/2023

မိုးလင်းတာနဲ့ မင်းကိုသတိရနေမိတာ ငါမမှားဘူးနော်💕💕💕

မနက်တိုင်း မင်းအရသာလေးကို မထိတွေ့ရရင်မနေနိုင်တော့ဘူး💕💕💕

အသက်အရွယ် တစ်ခုရောက်လာပြီး အမြဲလှနေတာ Aura Plus Collagen လေးကြောင့်ပါ💕💕💕

23/05/2023

ထိရောက်ကောင်းမွန်တဲ့ မျက်နှာသစ်ကို ဘယ်လို ရွေးချယ်ဝယ်ရမလဲ?

နူးညံ့တဲ့မျက်နှာကို ဆေးကြောသန့်စင်ဖို့ အသုံးပြုရတာကြောင့် မျက်နှာသစ်ကို ဝယ်တဲ့အခါ သေချာရွေးချယ်ဝယ်ယူသင့်ပါတယ်။

သို့သော် တော်တော်များများက မျက်နှာသစ်ကို သေချာမရွေးချယ်ကြဘဲ မျက်နှာသစ်ဖြစ်ရင် ပြီးရောဆိုပြီး ဝယ်ကြတယ်။

😔 နောက်ဆက်တွဲအနေနဲ့ ပြန်ရလာတဲ့ အရာတွေကတော့

အညစ်အကြေးတွေ မပြောင်စင်ဘဲ မျက်နှာက
ညစ်ထေးလာမယ်
ကြမ်းတမ်းလာမယ်
အဆီပြန်နှုန်း တိုးသထက်တိုးလာနိုင်တယ်
မျက်နှာသစ်ပြီးတိုင်း အသားအရည်က တင်းခြောက်လာမယ်
နီမြန်းယောင်ရမ်းလာတတ်တယ်
Skin Barriers Function တွေ ကမောက်ကမဖြစ်ပြီး Acne Breakout ဖြစ်လာမယ်
အရေးအကြောင်းတွေ ထင်းလာမယ်

ဒါကြောင့် မျက်နှာသစ်ဝယ်တဲ့အခါ အခြေခံအနေနဲ့ မဖြစ်မနေ သိကိုသိသင့်တဲ့ အချက် (3) ချက်ရှိပါတယ်။

မျက်နှာမှာရှိတဲ့ အညစ်အကြေး၊ ဖုန်မှုန့် တွေကို အလုံအလောက် သန့်စင်ပေးနိုင်ရမယ်
ရှိသင့်ရှိထိုက်တဲ့ pH Level နဲ့ Skin Barriers Function တွေကို မနှောင့်ယှက်ဘဲ Balance လုပ်ပေးနိုင်ရမယ်
အတတ်နိုင်ဆုံး အန္တရာယ်ဖြစ်စေတဲ့ Chemical ပစ္စည်းတွေ မပါဝင်ရဘူး
(အထူးသဖြင့် မျက်နှာအသားအရည်က အရမ်းကိုနူးညံ့တဲ့အတွက် Chemical ပစ္စည်းတွေအများဆုံးပါဝင်ပြီး အရမ်း Strong ဖြစ်တဲ့ မျက်နှာသစ်အစား Gently Clean လုပ်ပေးနိုင်တဲ့ မျက်နှာသစ်ကို ဝယ်သင့်တယ်လို့ ထင်ပါတယ်)

အပေါ်မှာ ပြောထားတဲ့ အချက် (3) ချက်နဲ့ ကိုက်ညီတဲ့ မျက်နှာသစ်ကိုသာ ရွေးချယ်ဝယ်ယူသင့်ပါတယ်
________________________________

အပေါ်က အချက် (3) ချက်လုံးနဲ့ ကိုက်ညီတဲ့ မျက်နှာသစ်တစ်ခုကို ညွှန်းပြရမယ်ဆိုရင်တော့ ZORA မျက်နှာသစ်လေးပါ။

✅မျက်နှာမှာရှိတဲ့ အဆီ၊ မိတ်ကပ်အညစ်အကြေး၊ ဖုန်မှုန့်တွေကို လုံလုံလောက်လောက် ဖယ်ရှားသန့်စင်ပေးနိုင်တယ်

✅Deep Cleansing လုပ်ပေးနိုင်လို့ မျက်နှာခြောက်သွေ့ကြမ်းတမ်းမှာကိုတော့ လုံးဝ လုံးဝ စိတ်ပူစရာမလိုပါဘူး

✅pH Level နဲ့ Skin Barriers Function တွေကို မပျက်စီးစေဘဲ Balance လုပ်ပေးနိုင်လို့ မျက်နှာသစ်ပြီးသွားရင်တောင် မျက်နှာလေးက စိုစိုအိအိလေး ဖြစ်နေမှာပါ

⏩အန္တရာယ်ဖြစ်စေတဲ့ Chemical ပစ္စည်း လုံးဝ မပါဝင်ဘဲ Anti-Oxidant ကြွယ်ဝတဲ့ ပျားရည် (Honey), Turmeric (နနွင်း), Tamarind (မန်ကျည်း), Snail Secretion Filtrate, 24K Gold & Panax Ginseng Root (ဂျင်ဆင်းဆေးမြစ်) တို့နဲ့ပြုလုပ်ထားလို့ အသားအရည်မညီညာခြင်း၊ ဝက်ခြံထွက်ခြင်းနှင့် အမဲစက် အမာရွတ် ချိုင့်ခွက်တွေကို သိသိသာသာလျော့ပါး သက်သာစေပြီး မျက်နှာက သဘာဝကျကျလေး ချော့မွေ့ဝင်းပစေပါတယ်

ZORA မျက်နှာသစ်ကို ထိရောက်ကောင်းမွန်တဲ့ မျက်နှာသစ်တစ်ခုမှာ ရှိသင့် အချက် (3) ချက်လုံးနဲ့ ကိုက်ညီအောင် ထုတ်လုပ်ထားတာကြောင့် စိတ်ချလက်ချ ရွေးချယ်အသုံးပြုနိုင်ပါတယ်နော်

ဈေးနှုန်း

ZORA Premium Snail Soap _ 8,000 Ks (45g)

22/05/2023

Moisturizer ဆိုတာဘာလဲ....??

နေ့စဥ်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရတွေကိုစားသုံးပေးရသလို မျက်နှာအတွက် လည်း လိုအပ်တဲ့ ရေဓာတ်ကိုပြည့်ဝစွာဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။

ဒါကြောင့်ရေဓာတ်ကို လုံလောက်စွာဖြည့်တင်းပေးနိုင်တဲ့ Moisturizer ကို နေ့စဥ်လိမ်းပေးဖို့လိုအပ်ပါတယ်။

Moisturizer ကိုပုံမှန်လိမ်းပေးခြင်းအားဖြင့်

နေရောင်ကြောင့်အသားအရေ ပျက်စီးမှုကိုလျော့ချပေးခြင်း

အသားခြောက်ခြင်းကိုကာကွယ်ပေးခြင်း
Skin Barrier တက်ခြင်း

ချွေးပေါက်အတွင်းပိုင်းအထိစိမ့်ဝင်စေကာအေးမြစေခြင်း

အရေပြား Cell အသစ်ထုတ်လုပ်ဖို့ကူညီပေးနိုင်ခြင်း

အချိန်မတိုင်မှီအိုမင်းရင့်လျော်မှုကိုကာကွယ်ပေးနိုင်ခြင်း

အရေးအကြောင်းများကိုလျော့နည်းစေခြင်း

စတဲ့အကျိုးကျေးဇူးများစွာကိုရရှိစေပါတယ်။

ရာသီတိုင်းနေ့စဥ် Moisturizer ကိုလိမ်းပေးရပါမယ်။

Oily, Normal,Combination,Dry,Sensitive စတဲ့ Skin အားလုံး Moisturizer ကို လိမ်းကိုလိမ်းပေးရပါမယ်။

Moisturizer ကိုရွေးချယ်တဲ့အခါမှာ Sticky ဖြည်ပြီးအရမ်း Creamy ဖြစ်တာတွေကိုမရွေးချယ်သင့်ပါဘူး။

ရေဓာတ်ပြည့်ဝစွာဖြည့်တင်းပေးနိုင်တဲ့ Water Base Moisturizer မျိုးကိုသာ ရွေးချယ်သင့်ပါတယ်။

Moisturizer ကိုပြည့်ဝတဲ့ အာဏိသင်ရရှိအောင်ဘယ်လိုလိမ်းမလဲဆိုရင်...

1. မျက်နှာသစ်ပြီးရေခြောက်မသွားခင်လိမ်းသင့်ပါတယ်

2. လုံလောက်တဲ့ ပမာဏလောက်ပဲလိမ်းသင့်ပါတယ်(ပိုလိမ်းရင်လည်းအဆီဖုထွက်တတ်သလို လုံလောက်အောင်မလိမ်းရင် အသားခြောက်တတ်ပါတယ်)

3. မျက်နှာအတွက်သာမကဘဲနဲ့ လည်ပင်းကိုပါလိမ်းပေးသင့်ပါတယ်

4. အရမ်းပွတ်ဆွဲပြီးလိမ်းတာမျိုးမဟုတ်ဘဲနဲ့ ညင်သာစွာစိမ့်ဝင်တဲ့အထိဖြည်းဖြည်းခြင်းလိမ်းပေးသင့်ပါတယ်

Aura Plus ရဲ့ Booster Moisturizing Gel လေးက Watery Base ကိုမှ Booster Effect ပါဝင်တာကြောင့်

အသားအရည် အောက်ဆုံးအလွှာအထိရေဓာတ်ကိုပြည့်ဝစွာ ဖြည့်တင်းပေးနိုင်ပါတယ် ။

All Skin Type လိမ်းလို့ရပြီး Alchol & Paraben Free ဖြစ်တာကြောင့် လုံးဝလုံးဝ အသားအရေပျက်စီးမှာကိုစိတ်ပူစရာမလိုပါဘူး။

ဒါအပြင် Nacinamide နဲ့ Centella Asiatica Extractနဲ့ Alpha Arbutin ပါဝင်တာကြောင့်

ဝက်ခြံ ၊ အဆီဖု တွေကိုပျောက်ကင်းစေကာ ချွေးပေါက်ကျဥ်းပြီး အဆီပြန်တာကိုထိန်းပေးတဲ့အပြင် အသားအရည်ကို ဖြူဖွေးကြည်လင်စေပါတယ်။

Vitamin E,Glycerin, HYA နဲ့ Aloe Vear Leaf Extract က အသားအရေအတွင်းပိုင်းအထိရေဓာတ်ကိုပြည့်ဝစွာဖြည့်တင်းပေးပြီး
24 Hr ကြာအောင်ရေဓာတ်ကိုထိန်းသိမ်းထားနိုင်ပါတယ်။

ဒါကြောင့် ရေဓာတ်ကိုပြည့်ဝစွာဖြည့်တင်းပေးနိုင်ကာ Healthy Glow Skin ရရှိစေဖို့
Aura Plus Booster Moisturizing Gel လေးကိုမျက်လုံးမှိတ်ပြီးရွေးချယ်လိုက်စို့နော်။

Price

Booster Moisturizer Gel _25000 Ks (30ml)

21/05/2023

Cleansing လုပ်ပြီးတိုင်း Brightening Toner သုံးမယ်

Cleansing လုပ်ပြီးတိုင်း မျက်နှာကတင်းခြောက်ပြီး ကြမ်းသွားတာကို ကြုံဖူးကြတယ်ဟုတ်

ဒီ ပြဿနာကို ဖြေရှင်းလို့ရမယ့် နည်းလမ်းတစ်ခုကတော့ မျက်နှာကို သေချာသန့်စင်အောင် Cleansing လုပ်ပြီးသွားရင် အခြေခံအနေနဲ့ pH Level ကို အပြည့်အဝ ညှိပေးနိုင်တဲ့ Toner ကို မဖြစ်မနေ သုံးရမှာပါ။

AURA Plus Brightening Toner လေးက မျက်နှာ ရဲ့ pH Level ကို Balance လုပ်ပေးနိုင်တာကြောင့် Cleansing လုပ်ပြီးသွားရင်တောင် ခြောက်ခြောက်ကပ်ကပ်ကြီး မဖြစ်ဘူး
ရှိသင့်ရှိထိုက်တဲ့ ရေဓာတ် နှင့် အဆီဓာတ်ကို ညှိပေးတဲ့အတွက် အဆီပြန်လွန်းခြင်း၊ အသားခြောက်ခြင်းတို့ကို လုံးဝမဖြစ်စေဘဲ မျက်နှာကို စိုစိုအိအိလေး ဖြစ်စေတယ်
မှန်မှန်သုံးမယ်ဆို အမဲစက်၊ ဝက်ခြံ၊ အမာရွတ်တွေကို မှေးမှိန်သက်သာစေပြီး ဖြူစင်ဝင်းပလာစေပါတယ်

စိုပြေဝင်းပတဲ့ မျက်နှာလေးပိုင်ဆိုင်ဖို့အတွက် AURA Plus Brightening Toner လေးကို Cleansing လုပ်ပြီးတိုင်း သုံးဖို့ မမေ့နဲ့နော် ...

စျေးနှုန်း

Brightening Toner _ 20,000 Ks (100ml)

20/05/2023

🫧ခန္ဓာကိုယ် အသားအရည်ကို ထိန်းသိမ်း ဖို့အတွက် အခြေခံအကျဆုံးနဲ့ အလွယ်ကူဆုံးက ရေချိုးတာပါ🫧

ရေချိုးတဲ့ နေရာမှာ ပြောင်ရင်ပြီးရောဆိုပြီး ဖြစ်သလို ဆပ်ပြာနဲ့ ချိုးတာထက် အသားအရည်အတွက် အကျိုးပြုတဲ့ ဆပ်ပြာကို ရွေးချယ်အသုံးပြုသင့်ပါတယ် 🧼

Fruity Soap လေးက အသားအရည်ကို သဘာဝအတိုင်း စိုပြေကြည်လင်စေဖို့ ရည်ရွယ်ပြီး Antioxidant ကြွယ်ဝတဲ့ အသီးလေးတွေရဲ့ အဆီအနှစ်နဲ့ ပေါင်းစပ်ပြုလုပ်ထားပါတယ် ⚗️

🍏အသားအရည်ကို အစိုဓာတ်ဖြည့်ပေးပြီး ပျက်စီးကြမ်းတမ်းနေတဲ့ အသားအရည်ကို ပြုပြင်‌ပေးနိုင်တဲ့ ပန်းသီးအဆီအနှစ်၊
🍍အကြောပြတ်ရာ၊ အမာရွတ်၊ အမဲအစင်းရာတွေကို မှေးမှိန်စေတဲ့ နာနတ်သီး အဆီအနှစ်၊
♥️အသားညိုညစ်ခြင်းကို ဖြစ်စေတဲ့ Melanin ကို လျော့ချပေးနိုင်တဲ့ သလဲသီး အဆီအနှစ် တို့ကို ပေါင်းစပ်ပြုလုပ်ထားလို့ အသားအရည်အတွက် အလွန်အကျိုးပြုပါတယ်

ဒါ့အပြင် Fresh ဖြစ်တဲ့ သစ်သီးအဆီအနှစ်လေးတွေကိုပဲ အသုံးပြုထားတာကြောင့် ရေချိုးပြီးတာတောင် သူ့ရဲ့ ရနံ့လေးက အသားမှာ စွဲကျန်ပြီး အချိန်အတော်ကြာ မွှေးပျံ့လန်းဆန်းစေတယ်

Fruity Soap လေးနဲ့ ပုံမှန်ရေချိုးပြီး စိုပြေကြည်လင်တဲ့ အသားအရည်ကို ပိုင်ဆိုင်လိုက်တော့နော် ..

ဈေးနှုန်း

Fruity Soap _ 7,000 Ks (120g)

17/05/2023

Skin Care ကြပါလို့

16/05/2023

⛅တင်းတိပ်မဖြစ်ဖို့ Glow Sunscreen လေးကိုဆောင်⛅

Glow Sunscreen လေးကို လိမ်းမယ်ဆို တင်းတိပ်မဖြစ်အောင် ကာကွယ်ပြီးသားလည်းဖြစ်မယ် 🛡️
လိမ်းထားတဲ့အခါမှာလည်း Skin လေးဝင်းဝင်းမွတ်မွတ်လေးဖြစ်ပြီး သဘာဝဆန်တဲ့ Glow Look လေးရနေမှာနော် ✨✨✨

စျေးနှုန်း
➖➖➖
Glow Sunscreen _ 20,000 Ks (15ml)

15/05/2023

လှပခြင်းက အသက်အရွယ်နဲ့ မဆိုင်ပါဘူး။
ဘယ်အရွယ်ရောက်ရောက် လှချင်တိုင်း လှလို့ရပါတယ်
အချိန်တိုင်း၊ အရွယ်တိုင်း လှပခြင်းတွေနဲ့ ပြည့်စုံနေဖို့က AURA Plus Collagen ကို သောက်ဖို့ပဲ လိုတာပါ

စျေးနှုန်း

Collagen
21,500 Ks (10 Sachets)
62,000 Ks (30 Sachets)

14/05/2023

🩷စိတ်ရှုပ်ဖို့အကောင်းဆုံး Skin ပြဿနာတွေကို Booster Serum နဲ့ဖြေရှင်းပါ🩷

▪️အရေးအကြောင်းတွေထင်းလာခြင်း
▪️ဝက်ခြံဖြစ်လွယ်ခြင်း
▪️အမာရွတ်တွေ ပျောက်ဖို့ခက်လာခြင်း
▪️အသားခြောက်လွန်းခြင်း
▪️အဆီပြန်လွန်းခြင်း
▪️မွဲခြောက်ခြင်း
▪️ချွေးပေါက်ကျယ်ခြင်း စတဲ့ Skin ပြဿနာတွေကြောင့် စိတ်ရှုပ်နေပြီလား

အရေပြားအတွင်းပိုင်းထိဝင်ရောက်ကာ Skin ပြဿနာအားလုံးကို ဖြေရှင်းပေးမယ့် Booster Serum လေးရှိပါတယ်။

Booster Serum လေးရဲ့ အားသာချက်‌လေးတွေကတော့

🌸Active Molecules လေးတွေကြောင့် အရေပြားအတွင်းပိုင်းထိ ဝင်ရောက် ပြုပြင်နိုင်စွမ်းရှိတယ်
🌸HYA (Hyaluronic Acid) ပါဝင်လို့ Skin Barrier ကို ရေဓာတ်ပြည့်ဝစေပြီး အိုမင်းရင့်ရော်စေတဲ့ အရေးအကြောင်း‌တွေကို လျော့ပါးသက်သာစေပါတယ်
🌸Skin Barrier ကို ကျန်းမာကောင်းမွန်အောင် ပြုပြင်ပေးနိုင်တဲ့ Niacinamide ထည့်သွင်းထားတာကြောင့် Skin Barrier ပျက်စီးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်
🌸Berry သီး မျိုးစိတ်ကနေ ရရှိလာတဲ့ Alpha Arbutin ကြောင့် တင်းတိပ်၊ အမဲစက်၊ အမာရွတ်တွေကို မှေးမှိန်ကာ ဖြူစင်ဝင်းပစေပါတယ်
🌸Non-Sticky Formula နဲ့ ပြုလုပ်ထားလို့ စေးကပ်ခြင်းမရှိဘူး
🌸Alcohol, Paraban လုံးဝမပါဝင်လို့ Sensitive Skin တွေပါ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်

Skin နဲ့ ပတ်သက်တဲ့ ပြဿနာတွေကြောင့် စိတ်မရှုပ်ချင်ရင် Booster Serum လေးကို အသုံးပြုပြီး ဖြေရှင်းလိုက်တော့နော် ...

ဈေးနှုန်း
➖➖➖
Booster Serum _ 20,000 Ks (30ml)

10/05/2023

မျက်နှာအတွက် နွေရာသီဓာတ်စာလေး

ခန္ဓာကိုယ်အတွက် ရေများများသောက်ပေးဖို့ရသလို မျက်နှာလေးကိုလည်း ရေဓာတ်အာဟာရဖြည့်တင်းနေပေးဖို့လိုပါတယ်

အထူးသဖြင့် နွေရာသီလို အချိန်မျိုးမှာ မျက်နှာကို ရေဓာတ်အာဟာရဖြည့်တဲ့အခါ Heavy ဖြစ်တဲ့ Cream Moisturizer တွေထက် ပေါ့ပါးပြီး လိမ်းရအဆင်ပြေတဲ့ Gel Moisturizer ကို အသုံးပြုသင့်ပါတယ်

နွေမှာ မျက်နှာအတွက် အကောင်းဆုံးဓာတ်စာလေးကတော့ Booster Moisturizing Gel လေးပဲ ဖြစ်ပါတယ်

သူက HYA, Niacinamide, Glycerin ကို အခြေခံပြီး ပြုလုပ်ထားတဲ့ Gel Texture လေးဖြစ်လို့ 24 နာရီကြာ Moisture Barrier ရဲ့ ဟိုးအောက်ဆုံးအတွင်းပိုင်းထိ ရေဓာတ်ကို ထိန်းပေးထားနိုင်ပါတယ်။
လိမ်းလိုက်ရင် အေးအေးလေးနဲ့ စိမ့်ဝင်လွယ်တယ်

လုံးဝ မစေးကပ်တဲ့အပြင် Oil-Free Energy အပြည့်အဝပေးနိုင်တာကတော့ နွေမှာ သုံးဖို့အတွက် အကောင်းဆုံးအကြောင်းပြချက်ပါပဲ

သူက ရေဓာတ်ကို ဖြည့်တင်းပေးနိုင်ရုံတင်မဟုတ်ဘဲ Skin အတွက် တခြားလုပ်ဆောင်ချက်လေးတွေကို လုပ်ဆောင်နိုင်တဲ့ တခြား Ingredient တွေလည်း ပါဝင်ပါတယ်

အိုမင်းရင့်ရော်စေတဲ့ Aging Skin Cell တွေကို လျော့ချပေးပြီး ငယ်ရွယ်နုပျိုမှုကို ပေးစွမ်းနိုင်တဲ့ Skin Cell အသစ်လေးတွေကို လှုံ့ဆော်ပေးနိုင်ဖို့အတွက် Galactomyces ကို ကြိတ်ပြီး ပေါင်းစပ်ထည့်သွင်းထားပါသေးတယ်။
Alpha Arbutin ပါဝင်တာကြောင့် ရေရှည်မှာ မျက်နှာလေးကို ဖြူစင်ဝင်းပလာစေပါတယ်။

ဆိုတော့ နွေမှာ အလိုအပ်ဆုံး နဲ့ အကိုက်ညီဆုံး Booster Moisturizing Gel လေးသုံးပြီး မျက်နှာလေးကို ရေဓာတ်ဖြည့်ကြရအောင် ...

ဈေးနှုန်း

Booster Moisturizing Gel _ 25,000 Ks (30ml)

09/05/2023

ကြီးမားသော ပြောင်းလဲမှု့

07/05/2023

သစ်သီးရနံ့လေးနဲ့ စိတ်ကို ကြည်လင်လန်းဆန်းစေမယ့် သီးစုံအသားဖြူဆပ်ပြာ

သလဲသီး၊ ပန်းသီး၊ နာနတ်သီး၊ စတော်ဘယ်ရီသီးစတဲ့ အသီးလေးတွေကို ပေါင်းခံပြီး ရရှိလာတဲ့ အဆီအနှစ်တွေနဲ့ပြုလုပ်ထားလို့ ရေချိုးလိုက်တိုင်း စိတ်ကိုကြည်လင်လန်းဆန်းစေပြီး မိတ်ဖု၊ ဝက်ခြံဖုလေးတွေကို လျော့ပါးသက်သာစေပါတယ်။
ဒါ့အပြင် နေလောင်ကွက်၊ အမဲစက်၊ အမာရွတ်လေးတွေကို သိသိသာသာမှေးမှိန်လျော့ပါးပြီး အသားအရည်ကို ဖြူစင်ဝင်းပစေတယ်

တနေကုန် စိတ်ကို ကြည်လင်လန်းဆန်းစေပြီး ဖြူစင်ဝင်းပတဲ့ အသားအရည်ကို ပိုင်ဆိုင်ဖို့ဆိုရင် အော်ရာပလက်စ်ရဲ့ သီးစုံအသားဖြူဆပ်ပြာလေးပဲ လိုတယ်နော်

စျေးနှုန်း

Fruity Soap _ 7,000 Ks (120g)

05/05/2023

ကိုယ့်အကြိုက် ဂင်မ်ချီ

04/05/2023

ဒီအချိန်မှာ မင်းကိုလုံးဝ လက်မလွတ်ပေးနိုင်ဘူး

Photos from Nectar Cosmetics Online Shop's post 04/05/2023

Sunscreen မှာဆိုရင် 𝙈𝙞𝙣𝙚𝙧𝙖𝙡 𝙎𝙪𝙣𝙨𝙘𝙧𝙚𝙚𝙣 နဲ့
𝘾𝙝𝙚𝙢𝙞𝙘𝙖𝙡 𝙎𝙪𝙣𝙨𝙘𝙧𝙚𝙚𝙣 ဆိုပြီး 2မျိုး ရှိပါတယ် 🌞

ဆိုတော့ 𝙈𝙞𝙣𝙚𝙧𝙖𝙡 𝙎𝙪𝙣𝙨𝙘𝙧𝙚𝙚𝙣 နဲ့ 𝘾𝙝𝙚𝙢𝙞𝙘𝙖𝙡 𝙎𝙪𝙣𝙨𝙘𝙧𝙚𝙚𝙣 ဘာကွာလဲ ❓

1. Absorb/Reflect ↙ ↗

𝘾𝙝𝙚𝙢𝙞𝙘𝙖𝙡 𝙎𝙪𝙣𝙨𝙘𝙧𝙚𝙚𝙣 _ UV Rays ကို အသားအရည် အပေါ်ယံထိ စုပ်ယူပြီး Heat အဖြစ် ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်

𝙈𝙞𝙣𝙚𝙧𝙖𝙡 𝙎𝙪𝙣𝙨𝙘𝙧𝙚𝙚𝙣 _ UV Rays အသားအရည်ကို မထိလိုက်ခင်မှာပဲ Reflect လုပ်ပြီး ကာကွယ်ပေးတာဖြစ်ပါတယ်

2. Effective ⏰

𝘾𝙝𝙚𝙢𝙞𝙘𝙖𝙡 𝙎𝙪𝙣𝙨𝙘𝙧𝙚𝙚𝙣 _ လိမ်းပြီး 15Mins-20Mins ကြာမှ အစွမ်းအာနိသင် ပြတာဖြစ်ပါတယ်

𝙈𝙞𝙣𝙚𝙧𝙖𝙡 𝙎𝙪𝙣𝙨𝙘𝙧𝙚𝙚𝙣 _ လိမ်းပြီးပြီးချင်းကို အလုပ်လုပ်တာဖြစ်လို့ အပြင်သွားမယ်ဆို Sunscreen အစွမ်းအာနိသင် ပြတာထိ စောင့်စရာမလိုပဲ ချက်ချင်းနေပူထဲသွားလို့ရပါတယ်

3. Safe 💢

𝘾𝙝𝙚𝙢𝙞𝙘𝙖𝙡 𝙎𝙪𝙣𝙨𝙘𝙧𝙚𝙚𝙣 _ အသားအရည်ကို နီ​​မြန်းယားယံစေနိုင်တဲ့ Ingredients လေးတွေပါဝင်တယ်

𝙈𝙞𝙣𝙚𝙧𝙖𝙡 𝙎𝙪𝙣𝙨𝙘𝙧𝙚𝙚𝙣 _ အသားအရည် နီမြန်းယားယံတာမျိုး မဖြစ်စေဘူး

4. Environmental Impact 🌳

𝘾𝙝𝙚𝙢𝙞𝙘𝙖𝙡 𝙎𝙪𝙣𝙨𝙘𝙧𝙚𝙚𝙣 _ သူစီကနေ ပြန်လည်ထုတ်လွှတ်တ နဲ့
ဆိုပြီး 2မျိုး ရှိပါတယ်

ဆိုတော့ နဲ့ ဘာကွာလဲ

1. Absorb/Reflect

_ UV Rays ကို အသားအရည် အပေါ်ယံထိ စုပ်ယူပြီး Heat အဖြစ် ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်

_ UV Rays အသားအရည်ကို မထိလိုက်ခင်မှာပဲ Reflect လုပ်ပြီး ကာကွယ်ပေးတာဖြစ်ပါတယ်

2. Effective

_ လိမ်းပြီး 15Mins-20Mins ကြာမှ အစွမ်းအာနိသင် ပြတာဖြစ်ပါတယ်

_ လိမ်းပြီးပြီးချင်းကို အလုပ်လုပ်တာဖြစ်လို့ အပြင်သွားမယ်ဆို Sunscreen အစွမ်းအာနိသင် ပြတာထိ စောင့်စရာမလိုပဲ ချက်ချင်းနေပူထဲသွားလို့ရပါတယ်

3. Safe

_ အသားအရည်ကို နီမြန်းယားယံစေနိုင်တဲ့ Ingredients လေးတွေပါဝင်တယ်

_ အသားအရည် နီမြန်းယားယံတာမျိုး မဖြစ်စေဘူး

4. Environmental Impact

_ သူစီကနေ ပြန်လည်ထုတ်လွှတ်တဲ့ အပူတွေက သဘာဝပတ်ဝန်းကျင်နဲ့ ရေနေသတ္တဝါလေးတွေကို သက်ရောက်နိုင်ပါတယ်

_ ရေနေသတ္တဝါလေးတွေ အပေါ်မသက်ရောက်စေတဲ့ Ingredients တွေနဲ့ ပြုလုပ်ထားလို့ ပတ်ဝန်းကျင်ကို မထိခိုက်စေပါဘူး

ကဲ ဒါဆိုရင်တော့ ဘယ် Sunscreen အမျိုးအစားကို ရွေးချယ်ရမလဲဆိုတာ သိသွားပြီပေါ့

01/05/2023

အခြေအနေက

01/05/2023

ဘယ်အရွယ်ရောက်ရောက် အလှဆုံး ဖြစ်အောင်နေပါ

အသက်အရွယ်ရလာတာနဲ့အမျှ လှပမှုတွေ ဆုံးရှုံးလာပြီလို့ ခံစားရသလို ငယ်ရွယ်တဲ့သူလေးတွေ အနေနဲ့ကလည်း ကိုယ့်ရဲ့ အလှအပက မပြည့်စုံသေးဘူးလို့ တွေးနေတတ်ပါတယ် 😥

ဒါကြောင့် အသက်အရွယ်အကန့်အသတ်မရှိလှနေဖို့ဆိုရင် AURA Plus Collagen ရဲ့ အကူအညီလေးကို ယူဖို့တော့ လိုပါတယ်

AURA Plus Collagen က ဘယ်လို ကူညီမှာလဲ?

AURA Plus Collagen မှာ အလှအပအတွက် လိုအပ်မယ့် အရာတွေ ဖြစ်တဲ့ Fish Collagen Peptide 10,000 mg အပြင် Gluta & Vitamin C ပါ ထပ်တိုးထားပါတယ်။
ဒါကြောင့် အိုမင်းစေတဲ့ လက္ခဏာတွေကို အတတ်နိုင်ဆုံးလျော့ချပေးကာ ခေါင်းအစခြေအဆုံး လိုအပ်တဲ့ အလှတရားတွေကို ဖြည့်တင်းပေးပြီး ဘယ်အရွယ်ရောက်ရောက် လှနေအောင် ကူညီပေးမှာပါ

အလှတရားတွေကို ဖြည့်တင်းတယ်ဆိုတဲ့ နေရာမှာ ...

💕အသားအရည်လျော့တွဲခြင်းကို တင်းရင်းစေတယ်

💕လက်သည်း၊ ခြေသည်းလေးတွေကို သန်မာလှပစေတယ်

💕အသားအရည်ကို သိသိသာသာ ဖြူဝင်းစိုပြေမှုကို ပေးနိုင်တယ်

💕ဝက်ခြံ၊ အဆီဖုတွေကို လျော့ပါးသက်သာစေတယ်

💕ချွေးပေါက်လေးတွေ ကျဉ်းစေတယ်

💕ဆံပင်ဖြူထွက်ခြင်းကို လျော့ပါးစေပြီး ဆံနွယ်လေးတွေကို ကျန်းမာသန်စွမ်းမှုတွေ ပေးတယ်

ဆိုတော့ AURA Plus Collagen နဲ့သာဆို ဘယ်အရွယ်ရောက်ရောက် မလှမှာ လုံးဝ စိတ်ပူစရာ မလိုတော့ဘူးပေါ့ ...

ဈေးနှုန်း

AURA Plus Collagen
21,500 Ks (10 Sachets)
62,000 Ks (30 Sachets)

30/04/2023

နွေဆိုသူရှိမှ ဖြစ်မယ်

နွေရောက်ပြီဆိုတာနဲ့ မျက်နှာက အဆီပိုပြန်ပြီး မျက်နှာ ညစ်ညစ်ကြီး ဖြစ်လာတတ်ပါတယ် ...

ဒါပေမဲ့ စိတ်မပူပါဘူး သူရှိတယ်လေ 😚

သူက မျက်နှာလေးကို အဆီမပြန်အောင် ထိန်းသိမ်းပေးပြီး တနေကုန် Healthy Fresh Look လေး ရအောင် ပြုလုပ်ပေးနိုင်တယ်
သူ့ကို ပုံမှန်လိမ်းပေးမယ်ဆို မျက်နှာကိုပါတစ်ဆင့် ဝင်းဝင်းလေး ဖြစ်လာစေတယ်။

ဒါကြောင့် နွေမှာ တနေကုန် မျက်နှာလေးအေးမြပြီး အဆီမပြန်ဖို့ဆိုရင် သူရှိမှ ဖြစ်မှာနော်

သူ = Booster Moisturizing Gel

ဈေးနှုန်း

Booster Moisturizing Gel _ 25,000 Ks (30g)

29/04/2023

ဒို့ရွာမှာတော့ ဂတုံးမလို့ခေါ်တယ်😁

24/04/2023

🌸အသားဖြူဖို့ အချိန်အကြာကြီးပေးစရာမလိုတော့ဘူး🌸

Lotion လိမ်းတာ ဘာမှလည်း သိပ်မထူးခြားဘူးဆိုတဲ့ စကားသံတွေကြားနေရတာက AURA Plus ရဲ့ Gluta Glow Speed White Lotion လေးနဲ့ မတွေ့သေးလို့နော် 😏

Gluta Glow Speed White Lotion ထဲမှာ Collagen, Gluta, Niacinamide, Vitamin C & E တို့ကို Concentrated Serum အဖြစ် ပေါင်းစပ် ထည့်သွင်းထားတာကြောင့် အသားအရည် ဟိုးအတွင်းပိုင်းထိ 10ဆ ပြုပြင်ပေးပြီး 2 ပတ်အတွင်း သိသိသာသာ ဖြူဝင်းလာစေတယ် 🤍✨
ဒါ့အပြင် နွေလောင်ပြီး အသားအရည် မပျက်စီးအောင် SPF 50 PA +++ ထည့်ပေးထားပါတယ် ⛅

အချိန်အများကြီး ပေးစရာမလိုဘဲ အသားဖြူချင်ရင် Gluta Glow Speed White Lotion လေးကိုသာ လိမ်းကြည့်ပါ။

ဈေးနှုန်း
➖➖➖
Gluta Glow Speed White Lotion _ 20,000 Ks (250ml)

23/04/2023

တစ်မျိုးတည်းနဲ့ အဆီကင်း၊ ဝက်ခြံရှင်း၊ ချွေးပေါက်ကျဥ်းစေမယ့် Fruity Cream Mask

ပူအိုက်တဲ့ ရာသီမှာ Skincare Stepတွေ အဆင့်ဆင့်မလုပ်ချင်ဘူး 😑
တစ်မျိုးတည်းနဲ့ အသားအရည်ကို ထိရောက်ကောင်းမွန်စေချင်တယ်ဆိုရင် Fruity Cream Mask လေးနဲ့ ပုံမှန်ပေါင်းတင်ဖို့တော့ လိုမယ်နော်

Fruity Cream Mask လေးက သဘာဝအသီးအနှံလေးတွေထဲကရရှိတဲ့ Vitamin ဓာတ်များစွာကို ထည့်သွင်းထားလို့ တစ်နေ့ကို ၁၅ မိနစ်လောက် အချိန်ပေးပြီး ပေါင်းတင်ရုံနဲ့ အဆီကင်း၊ ဝက်ခြံရှင်း၊ ချွေးပေါက်ကျဥ်း စေပါတယ်

ဒါ့အပြင် ပါးပေါ်တင်လိုက်ရုံနဲ့ အေးမြပြီး စိတ်ကိုပါ ပေါ့ပါးလန်းဆန်းစေတယ် (ဒီထက်ပိုအေးချင်ရင် ရေခဲသေတ္တာထဲထည့်ပြီး ပေါင်းတင်...ရှယ်အေးမှာ )

ဆိုတော့ Skincare အဆင့်ဆင့်တွေမလုပ်ချင်ရင်တောင် တစ်မျိုးတည်းနဲ့ အလုပ်ရှုပ်သက်သာတဲ့ Fruity Cream Mask လေးကိုတော့ မဖြစ်မနေ ပေါင်းတင်ပြီး သင့်မျက်နှာလေးကို ဂရုစိုက် ထိန်းသိမ်းလိုက်ပါ

ဈေးနှုန်း

Fruity Face Mask _ 8,500 Ks (50g)

Photos from Nectar Cosmetics Online Shop's post 23/04/2023

အရမ်းပူတယ်နော်

ကျန်းမာလှပပြီး ရင်အေးစေမယ့် AURA Plus Collagen နဲ့ Homemade Ice Pop (ရေခဲချောင်း) လေးတွေ လုပ်စားကြမယ်

23/04/2023

ချွေးပေါက်ကျဉ်းစေဖို့ အမြန်ဆုံးနည်း

ချွေးပေါက်ကျယ်လို့ စိတ်ညစ်နေပါသလား။ လုံးဝမညစ်ပါနဲ့။ အခုပြောမယ့်နည်းက ချွေးပေါက်ကျယ်သူတွေကို အကောင်းဆုံး ပြုပြင်ပေးမယ့်နည်းတခု ဖြစ်လို့ပါ။ ပြီးတော့ မိတ်ကပ်လိမ်ပြီး အဆီပြန်တတ်သူတွေအတွက်လည်း အသုံးဝင်ပြန်တယ်။ ပြုလုပ်ရတာလည်း မခက်လှပါ။ အင်မတန် လွယ်ကူရိုးစင်းတယ်။ ပစ္စည်းကလည်း ကြက်ဥအကာကို သုံးရုံပါပဲ။ ပြောစရာတခုရှိတာက နည်းနည်းလက်ဝင်တာ။ ကြက်ဥအကာကို ခရင်မ်ပုံစံဖြစ်တဲ့အထိ အဆက်မပြတ်တော့ ခေါက်ပေးရပါတယ်။ ဒီနည်းက မျက်နှာချွေးပေါက်တွေကို သိသိသာသာ သက်သာစေပြီး အဆီပြန်ခြင်းကို ကင်းစင်စေတယ်။ တချို့က bubble foam mask လို့ခေါ်တယ်။

ဘာတွေလိုလဲ
ကြက်ဥအကာ - (၁) လုံး
သကြား - ထမင်းစားဇွန်း (၁) ဇွန်း

လတ်လတ်ဆတ်ဆတ် ကြက်ဥတလုံးကို ဖောက်ပြီး အကာကို ပန်းကန်လုံးတခုထဲထည့်ပါ။ အဝါနှစ် လုံးဝမပါစေရ။(အဝါနှစ်ပါရင် ဆက် လုပ်လို့မရတော့ပါ) ပန်းကန်ရွေးတဲ့အခါ စတီးပန်းကန်ကို သုံးရင် အကောင်းဆုံးဖြစ်တယ်။ ပန်းကန်ထဲကို သကြား ထမင်းစားဇွန်း (၁)ဇွန်း ထပ်ထည့်ပါ။ ကြက်ဥအကာနဲ့ သကြားကို ရောမွှေပြီး ခလောက်ပါ။ မွှေတဲ့အခါ ခလောက်တံ(whisk)တခုခုသုံးရပါမယ်။ ကြက်ဥအကာကို အရည်ကနေ ခရင်မ်ပုံစံဖြစ်တဲ့အထိ စိတ်ရှည်လက်ရှည် ခေါက်ရမယ်။လုပ်တဲ့အခါ ကြက်ဥအကာထဲ သကြားမထည့်လဲရပါတယ်။ သို့သော် သကြားထည့်ခြင်းအားဖြင့် ခေါက်ရလွယ်ကူသလို အရည်လည်း ပိုပျစ်လွယ်တယ်။

ဒီနေရာမှာ ခေါက်တဲ့အခါ အပေါ်အောက်ခေါက်ချက်ကို ခပ်တ်ိုတိုသာ သုံးရမယ်။ အစပိုင်းဖြည်းဖြည်းနဲ့ပုံမှန်ခေါက်ပါ၊ ပြီးရင် တဖြည်းဖြည်း မြန်လာပါ။ ခေါက်ခါစမှာ အမြှုပ်ထလာလိမ့်မယ်။ မရပ်ပါနဲ့။ ဆက်ခေါက်ပါ။ အမြှုပ်ကနေ ခရင်မ်ပုံစံ(stiff peak) ရောက်တဲ့အထိ အဆက်မပြတ်ခေါက်ရမှာ ဖြစ်တယ်။ ပုံမှန်အားဖြင့် ငါးမိနစ်ခန့် ခေါက်ရတယ်။ရလာတဲ့ ခရင်မ်ပုံစံ(ကြက်ဥအကာ)ကို မျက်နှာပေါ် လိမ်းပြီး ၁၅ မိနစ်ခန့် ထားပါ။ ပြီးရင် ရေနဲ့ မျက်နှာပြန်သစ်ပါ။ ဒီချွေးပေါက်ကျဉ်းတဲ့နည်းကို ညအိပ်ခါနီးတိုင်း ပြုလုပ်သင့်ပါတယ်။ နေ့စဉ်ပြုလုပ်ခြင်းအားဖြင့် တပတ်အတွင်း ချွေးပေါက်ကျယ်ခြင်းကို သိသိသာသာ သက်သာစေမှာ ဖြစ်တယ်။

ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကုဆရာဝန်

Photos from Nectar Cosmetics Online Shop's post 23/04/2023

💓ရေရှည်လှဖို့ AURA Plus ရဲ့ Glow Sunscreen လေးကို နေ့စဥ် လိမ်းကြမယ်💓

တော်တော်များများက Skincare တဲ့ အဆင့်တွေမှာ Sunscreen ကို မလိမ်းချင်ကြပါဘူး။
ဘယ်လောက်ပဲ Skincare တွေလုပ်လုပ် Sunscreen မလိမ်းဘူးဆိုရင် မျက်နှာကို ပျက်စီးစေမှာပါပဲ 😥
အစပိုင်းမှာတော့ ဆိုးကျိုးက သိပ်မသိသာပေမယ့် အချိန်တွေကြာလာတဲ့အခါ ဆိုးကျိုးတွေက သက်ရောက်လာနိုင်ပါတယ်။

တကယ်တမ်းကျ ရေရှည်မှာ လှပဖို့အတွက် Sunscreen က မဖြစ်မနေလိမ်းကိုလိမ်းသင့်ပါတယ် 💢

Sunscreen မလိမ်းဘဲ ကြာလာတဲ့အခါ နောက်ဆက်တွဲအနေနဲ့ ဘာတွေ ဖြစ်လာနိုင်ရမလဲ?

𝙋𝙧𝙚𝙢𝙖𝙩𝙪𝙧𝙚 𝘼𝙜𝙞𝙣𝙜 >> အရွယ်မတိုင်ခင် အိုမင်းလာမယ်။ အရေးအကြောင်း, တင်းတိပ်တွေ ဖြစ်လာပြီး ကိုယ့်ရှိရင်းစွဲ အသက်ထက် ပိုကြီးသလို ထင်လာရစေပါတယ်

𝙎𝙠𝙞𝙣 𝘾𝙖𝙣𝙘𝙚𝙧 >> Sunscreen မလိမ်းတဲ့အခါ ခရမ်းလွန်ရောင်ခြည်က မျက်နှာနဲ့ တိုက်ရိုက်ထိတွေ့ပြီး အကြိမ်ရေများလာရင် Skin Cancer အထိတောင် ဖြစ်နိုင်ပါတယ်

𝙎𝙪𝙣 𝘽𝙪𝙧𝙣 >> နေလောင်ပြီး Skin ကို ပျက်စီးစေတယ်

𝙎𝙠𝙞𝙣 𝘿𝙞𝙨𝙘𝙤𝙡𝙤𝙧𝙖𝙩𝙞𝙤𝙣 >> Sun Burn ရဲ့ နောက်ဆက်တွဲအနေနဲ့ Melanin ထုတ်လွှတ်မှုကို တိုးစေပြီး မျက်နှာကို ညိုညစ်စေပါတယ်

𝘿𝙧𝙮 𝙎𝙠𝙞𝙣 >> အသားအရည်ရဲ့ Elastic ဂုဏ်သတ္တိ တဖြည်းဖြည်း နည်းလာပြီး Skin ကို Tissue Paper လို ခြောက်ခြောက်သွေ့သွေ့ကြီး ဖြစ်လာစေတယ်

𝙎𝙘𝙖𝙧𝙧𝙞𝙣𝙜 >> ဝက်ခြံ အမာရွတ်တွေကို ပိုဆိုးစေပါတယ်

‌နောက်ဆက်တွဲ ဆိုးကျိုးတွေကို မဖြစ်လာအောင် ထိထိ‌ရောက်ရောက် ကာကွယ်ဖို့အတွက် နေ့တိုင်းလိမ်းရမယ့် Sunscreen ကို ကိုယ်နဲ့ Comfortable ဖြစ်တဲ့ Sunscreen ကို ရွေးချယ်တတ်ဖို့လိုပါတယ် ❄️

AURA Plus ရဲ့ Glow Sunscreen က Natural Ingredient တွေကိုသာ သုံးထားတဲ့ Mineral Sunscreen ဖြစ်တဲ့အတွက် Safe ဖြစ်တယ်။
Non-Greasy Formula ဖြင့် Lightweight Texture ပုံစံမျိုး ပြုလုပ်ထားပြီး မျက်နှာပေါ်တင်လိုက်တာနဲ့ အေးပြီး ပျော်ကျသွားသလို လန်းဆန်းတဲ့ Feeling လေးရရှိစေပါတယ် 🧊
မဲခြင်း၊ ပြာခြင်း၊ စေးကပ်ခြင်း၊ ပူအိုက်ခြင်းတွေ လုံးဝ မရှိလို့ အရမ်းကို Comfortable ဖြစ်တဲ့ Sunscreen လေးပါ 🏖️
Anti-Acne Effect ထည့်သွင်းထားလို့ ဝက်ခြံ အဆီဖုသမားတွေပါ လိမ်းလို့ရပါတယ်။

UV Filter အနေနဲ့ SPF 50 PA +++ တောင် ထည့်သွင်းထားလို့ နေရောင်ခြည်ကို 12 နာရီကြာ အပြည့်အဝ ကာကွယ်ပေးနိုင်ပါတယ် 🕛
နေရောင်ကာပေးရုံသာမက Makeup Foudation ထပ်လိမ်းစရာမလိုဘဲ ပေါ့ပေါ့ပါးပါးနဲ့ Glowy Look လေးရအောင် Micro Pearl, Niacinamide, Collagen & Gluta ကို ထည့်သွင်းထားပါသေးတယ် ✨

လိမ်းတဲ့အခါလည်း လှမယ် ရေရှည်လိမ်းရင်လည်း Healthy Skin လေးကို ပိုင်ဆိုင်ချင်ရင် Glow Sunscreen လေးကို နေ့စဥ်လိမ်းမှ ဖြစ်မယ်နော် ...

ဈေးနှုန်း
➖➖➖
Glow Sunscreen _ 20,000 Ks (15ml)

22/04/2023

⛅ Start every summer morning with ZORA ⛅

နွေမနက်ခင်းတိုင်းကို ကြည်လင်ချောမွေ့တဲ့မျက်နှာလေးနဲ့ စတင်နိုင်ဖို့ မျက်နှာပေါ်က အဆီ၊ အညစ်အကြေး၊ ဖုန်မှုန့်တွေကို ZORA နဲ့ သန့်စင်ဆေးကြောလိုက်ပါ 🐌✨

ဈေးနှုန်း
➖➖➖
ZORA Premium Snail Soap _ 8,000 Ks

18/04/2023

Booster Serum နဲ့ နုပျိုလှပတဲ့ အသားအရည်အဖြစ် တစ်ဖန်ပြန်လည်မွေးဖွားလိုက်ပါ

အသက်အရွယ်ရလာတာနဲ့အမျှ မျက်နှာပေါ်မှာ အရေးအကြောင်းတွေတဖြည်းဖြည်း ထင်းစပြုလာပါတယ် 😥
အရေးအကြောင်းလေးတွေက မိမိရဲ့ မျက်နှာပေါ်မှာ တဖြည်းဖြည်း နေရာယူလာပြီလို့ ခံစားလာရပြီဆိုရင် Skincare လုပ်တဲ့အခါ Rejuvenation အပြည့်အဝလုပ်ပေးနိုင်တဲ့ Skincare Product တွေကို ရွေးချယ် အသုံးပြုဖို့လိုလာပြီနော် ...

အထူးသဖြင့် ထိထိရောက်ရောက် Rejuvenation လုပ်ပေးနိုင်တဲ့ Serum ကတော့ မဖြစ်မနေ သုံးကို သုံးရမှာပါ

AURA Plus ကထုတ်လုပ်ထားတဲ့ Booster Serum ရဲ့ Main Ingredient က HYA (Hyaluronic Acid) ဖြစ်တာကြောင့် အရေးအကြောင်း မှန်သမျှကို လျော့ချပေးပြီး ချောမွေ့တင်းရင်းစေပြီး နုပျိုလှပတဲ့ အသားအရည်ကို မွေးဖွားပေးမှာပါ။

အရေးအကြောင်းကိုပဲ ပြုပြင်ပေးနိုင်တာ မဟုတ်ဘူးနော်
Skin Barrier ကိုလည်း ကျန်းမာစေလို့ Breakout ဖြစ်ခြင်းမှလည်း သက်သာစေပါတယ်

ဒါကြောင့် မျက်နှာလေး အရေးအကြောင်းကင်းပြီး နုပျိုလှပချင်ရင် Booster Serum လေးကို သုံးဖို့ မမေ့နဲ့နော် 😚

ဈေးနှုန်း

Booster Serum _ 20,000 Ks (30ml)

18/04/2023

Fruity Soap လေးက အသားအရည်ကို ကြည်လင်ဝင်းပစေရုံသာမက ချိုမွှေးတဲ့ သီးစုံရနံ့လေးကြောင့် ရေချိုးပြီးတိုင်း မွှေးပျံ့လန်းဆန်းမှုကို အပြည့်အဝ ခံစားရစေပါတယ်

PRICE _ 7,000 Ks (120g)

17/04/2023

Aura Plus Milk Soap လေးနဲ့အတူပုံမှန်ရေချိုးပေးရုံနဲ့ အသားရေဖြူနိုင်ပြီနော်

အသားဖြူချင်တယ် ဒါပေမဲ့ scrub တိုက်ဖို့၊Lotion အများကြီးလိမ်းဖို့အချိန်မပေးနိုင်တဲ့သူလေးတွေအတွက် Aura Plus Milk Apricot Scrub Soap လေးရှိတယ်နော်။

ပုံမှန်ရေချိုးရင်းနဲ့ဆပ်ပြာတိုက်ကြတယ်ဟုတ်?ကိုယ်သုံးနေကျ ပုံမှန်ဆပ်ပြာလေးနေရာမှာ Aura Plus Milk Apricot Scrub Soap လေးကိုသုံးကြည့်နော်။ရေချိုးပြီးတိုင်း တစ်နေ့ပြီးတစ်နေ့ကြည်လင်ဖြူဖွေးလာမယ့် ကိုယ့်ရဲ့အသားရေကိုမြင်ပြီးကြည်နူးနေရမှာနော်။

ခန္ဓာကိုယ်ပေါ်က နေလောင်ဒဏ်ကြောင့်ညိုမဲနေ‌တာတွေ၊အမဲစက်၊အမာရွတ်လေး‌တွေကို မှေးမှိန်ပြီးပျောက်ကင်းစေဖို့ Apricot အသီးကိုသုံးပေးထားပြီး Vitamin E,C ကြွယ်ဝလို့အသားရေကိုအရင်နဲ့မတူပဲကြည်လင်ဖြူဖွေးစေပါတယ်။ပိုပြီးသိသာစွာဖြူဖွေးလာဖို့ AHA ကြွယ်ဝတဲ့ Milk သုံးပေးတာမို့ရေဆေးချပြီး သိသာတယ်နော်။

Scrub တိုက်ရမှာပျင်းတဲ့သူတွေအတွက် တစ်ခါထဲပါပြီးသားဆိုတော့ဘာလိုသေးလဲ?လိုအပ်နေတာက အသားဖြူစေတဲ့ Aura Plus Milk Apricot Scrub Soap လေးဆိုရင်တော့ အမြန်ဆုံး မှာယူလိုက်နော်။

Price _ 7000ks

10/04/2023

ဘယ်လောက်ပူပူ Whitening Gel Lotion လေးနဲ့ ပျော်မြူးကြမယ်...တုန်ချမ်းချမ်း တုန်ချမ်း...

Whitening Gel Lotion လေးက Water, Betaine, Glycerin စတဲ့ Water-Based Ingredients တွေနဲ့ အဓိက ပြုလုပ်ထားလို့ Jelly တုံးလေးလို Texture နဲ့ အသားပေါ်တင်လိုက်ရင် သင်္ကြန်ရေလေး ပက်ဖြန်းလိုက်သလို တုန်ချမ်းချမ်း တုန်ချမ်း ဖြစ်သွားစေပါတယ်
ဒါ့အပြင် SPF 50 PA +++ ပါဝင်တာကြောင့် နေလောင်ဒဏ်ကိုပါ ကောင်းကောင်းကြီး အံတုနိုင်မှာပါ။
ဒီနွေနဲ့တော့ အကိုက်ညီဆုံးပဲပေါ့

ဒါကြောင့် ဘယ်လောက်ပူပူ တုန်ချမ်းတုန်ချမ်း ဖြစ်နေဖို့ Whitening Gel Lotion ပဲလိုတယ်နော်

ဈေးနှုန်း

Whitening Gel Lotion _ 12,000 Ks (350g)

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ဒေါသထွက်နေလား? Aura plus Collagen သောက်လိုက်
စိတ်မရှည်တတ်သောချစ်သူ
ကိုယ်ဆိုလည်းသူများကိုပုံထည့်ပြီးနှိပ်စက်လိုက်ရမှ
Glow&Glass Skin လေးပိုင်ဆိုင်နိုင်ဖို့
တင်းတိပ် အမဲစက် ဝက်ခြံ တွေကိုနှိမ်နင်းပေးနိုင်တဲ့ Zora Brightening Facial Cleanser
ရေဓာတ်ပြည့်ဝတဲ့မျက်နှာလေးပိုင်ဆိုင်ချင်လား?
Aura Plus ဆိုတာ
Aura Plus Sunscreen က ပြာသွား|ကွက်သွားချင်းလုံးဝမရှိပါ
နေပူထဲလဲ အလှမပျက်အောင် AURA plus Sunscreen ကို လိမ်းဖို့ မမေ့နဲ့နော်   Price _ 20,000 Ks (15ml)  #AURAplus #AuraPlus #Au...
လစာထုပ်ရက်ဆိုရင်😁😁😁 #crd video
တနေကုန် Glow Glass Skin လေးပိုင်ဆိုင်နိုင်ဖို့
ကျွန်မကောင်လေးပါးကိုအဲ့လောက်ဆွဲမညစ်ပါနဲ့ ကျွန်မညစ်ဖို့လည်းချန်ထားအုံး  video crd#

Category

Telephone

Website

Address

Kamayut
Yangon

Other Health/Beauty in Yangon (show all)
MANA Brand CEO Myanmar - Naw Chit MANA Brand CEO Myanmar - Naw Chit
Thudama Road, Thiri Yadanar Wholesale Market , North Okkalarpa
Yangon, 11031

အသားရေ ကြည်လင် ဖြူဝင်စေပီး တင်းတိတ် အမဲစက် ဝက်ခြံကို သက်သာပျောက်ကင်းစေတဲ့ MANA Brand

May Thazin Phyo May Thazin Phyo
Yangon

2004. born မမ

SMART Beauty & Health Online Shopping SMART Beauty & Health Online Shopping
Yangon

Healthy and Beauty

Ido Fra grance Yangon online shop Ido Fra grance Yangon online shop
ကံ့ကော်လမ်း
Yangon

တစ်နေကုန် မွှေးစေမယ့် ido ရေမွှေး

Fairy Jelly&Fiber By May Fairy Jelly&Fiber By May
Yangon

အဆီကျ လှပချင်သူများအတွက် Fairy

Comestic By M.T Comestic By M.T
North Dagon
Yangon, 11421

Shwe Htee Table Tennis Club Shwe Htee Table Tennis Club
Thamine Railway Road
Yangon

Phoo & Htoo Phoo & Htoo
Htaw Paing Street
Yangon

အလှကုန်ပစ္စည်းများ လက်လီ လက်ကား

AMIRA Esthetique De LUXE AMIRA Esthetique De LUXE
No. 150, Corner Of Dhamma Seti Road And Link Road, Bahan Township
Yangon, 11201

Luxury Aesthetic Clinic

K Cube Collection K Cube Collection
Yangon, 11011

အားလုံးပဲမင်္ဂလာပါ။ဒီpage​လေးက​နေ အလ?

SH Bkk Cosmetic Online Shop SH Bkk Cosmetic Online Shop
AungThapyay Road; Thingangyun
Yangon, 11071;11072

Colla Yogurt Detox Yangon Colla Yogurt Detox Yangon
Yangon/SouthDagon
Yangon, 09786476994

Yangon-Mandalay အိမ်အရောက်ငွေချေ ရပီနော် 09786476994