Peti Toe Healthcare Clinic
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Peti Toe Healthcare Clinic, Medical and health, Yangon.
ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာအခါတော်နေ့)
ဩဂုတ်, ၁ ရက် ,၂၀၂၃ (အင်္ဂါနေ့) တွင်ကျရောက်သော ဝါဆိုလပြည့်နေ့ အခါသမယမှာ
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ လိုရာဆန္ဒများ အားလုံးပြည့်ဝကြပါစေ ဟု ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။🙏🏻🙏🏻🙏🏻
#ဝါဆိုလပြည့်နေ့
#ဓမ္မစင်္ကြာအခါတော်နေ့
" အာဇာနည်နေ့ တို့ မမေ့ "
2023 ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ တွင် ကျရောက်သော (၇၆) ကြိမ်မြောက် အာဇာနည်နေ့ကို
အောက်မေ့သတိရလျက် Peti toe Healthcare Clinic မှ ဂုဏ်ပြုအပ်ပါတယ်၊၊
#အာဇာနည်နေ့
✅ကာကွယ်ဆေးအမျိုးမျိုးထိုးနှံနိုင်ဖို့အတွက်
ယခု ချက်ချင်းစာရင်းပေးသွင်းနိုင်ပါပြီ၊၊
✅ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍
ကောင်းမွန်ပါသည်။ဒါကြောင့်ရောဂါပိုး
မကူးစက်ခံရခင် ကာကွယ်ဆေးထိုးခြင်းဖြင့်
သင်နှင့်သင်ချစ်ရတဲ့မိသားစုများကို ကာကွယ်လိုက်ပါ။
✅ကျွန်တော်တို့ Peti Toe Healthcare serviceမှ
Covid ကာကွယ်ဆေး အပါအ၀င် တခြား
ကာကွယ်ဆေးအမျိုးအစားများကိုလည်း
သက်သာသောစျေးနှုန်း ကောင်းမွန်သော
၀န်ဆောင်မှုများဖြင့် ၀န်ဆောင်မှုပေးလျက်ရှိပါသည်၊၊🧑⚕️
ရရှိနိုင်သည့် ကာကွယ်ဆေးအမျိုးအစားများမှာ-
💉Covid ကာကွယ်ဆေး
✅Covishield
✅Covaxin
✅Moderna Spikevax
✅ Pfizer
နောက်ဆုံးထွက်Bivalentရရှိနိုင်ပါသည်။
💉ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး
✅PREVNAR 13®
💉သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး
✅Gardasil 4 / 9
💉အသည်းရောင်အသား၀ါ(B)ပိုးကာကွယ်ဆေး
✅Euvax B
✅Bevac(India)
💉ရာသီတုပ်ကွေးရောဂါကာကွယ်ဆေး(4မျိုးစပ်)
✅vaxigrip tetra
✅အထက်ပါကာကွယ်ဆေးအမျိုးအစားများကို
Cold Chain စနစ်တကျစီစဉ်ထားပြီး
ဆေးစစ်မှန်မှုအာမခံပါသည်။🧑⚕️
✅အနယ်နယ်အရပ်ရပ်မှ ဆေးသီးသန့်
လက်မှတ်သီးသန့်ဝယ်ယူလိုပါကလဲ
စနစ်တကျပို့ဆောင်ပေးပါသည်။
✅ကာကွယ်ဆေးများကိုတစ်ကြိမ်မှ
မထိုးရသေးသည့်သူများနှင့်Booster ထိုးမည့်သူများ
စာရင်းပေးသွင်းနိုင်ပါသည်။
✅နိုင်ငံခြားနှင့် ပြည်တွင်းခရီးစဥ်များထွက်ရန်
QRပါသော လက်မှတ် လိုအပ်သူများအတွက်လည်း
ဦးစားပေးဆောင်ရွက်ပေးနေပါသည်။
📌သင်္ဘောသားများ yellow bookတပါတည်း
ယူဆောင်လာပါရှင် တံဆိပ်တုံး တစ်ခါတည်း
ထုပေးပါသည်။
📌နိုင်ငံခြားသားcompanyကြီးများနှင့်ဝန်ထမ်းများ
📌စက်ရုံလုပ်သားများ
📌ဘာသာရေးဆိုင်ရာအသင်းအဖွဲ့များ
📌NGO/UNအဖွဲ့အစည်း/သံရုံးဝန်ထမ်းနှင့်
မိသားစုဝင်များ စသည့်
✅အဖွဲ့အစည်းများကိုလည်းကာကွယ်ဆေး
ထိုးနှံခြင်းအားဆောင်ရွက်ပေးနေပါသည်။
✅အိမ်ပင့်(Home service) အစီအစဥ်များဖြင့်လည်း
လူကြီးမင်းတို့အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့်
ကာကွယ်ဆေးထိုးနှံနိုင်ပါပြီ၊၊
✅booking ရယူရန်အတွက် chatbox တွင်
အမည်၊ဖုန်းနံပါတ်ချန်ထားပေးပါရှင်၊၊
ကာကွယ်ဆေးနှင့်ပတ်သက်ပြီး
သိလိုသမျှမေးမြန်နိုင်ရန်
☎️ ဖုန်းနံပါတ် ☎️
09 785533768
09 785533817
ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။
#တုပ်ကွေး
® #ပြင်းထန်အဆုတ်ရောင်
ိုးကာကွယ်ဆေး
#အသည်းရောင်အသားဝါBပိုးကာကွယ်ဆေး
#သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး
#ရာသီတုပ်ကွေးကာကွယ်ဆေး၄မျိုးစပ်
#ပြည်ပထွက်မည့်သူများအတွက်လည်းထောက်ခံချက်စာရွက်စာတန်းများကိုပါဆောင်ရွက်ပေးပါမည်
ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် နောက်ဆက်တွဲကျန်းမာရေး🧑⚕️🧑⚕️
ဒီနေ့မှာတော့ ခေါင်းတစ်ခြမ်းကိုက်ခြင်းနဲ့ ပတ်သက်တဲ့အကြောင်းအရာအချို့ကို Peti toe Healthcare Clinic ကနေ အနည်းငယ် မျှဝေပေးချင်ပါတယ်။ 🧑⚕️🧑⚕️
ခေါင်းတစ်ခြမ်းကိုက်ခြင်းဆိုတာ ဦးနှောက်အပြင်ဘက်အပိုင်းမှာ ရှိတဲ့ အာရုံကြောစနစ်တစ်ချို့
မူမမှန်တာကြောင့် ဖြစ်ပွားခြင်းဖြစ်ပါတယ်။ခေါင်းတခြမ်းကိုက်ခြင်းဟာ ပြင်းထန်ခေါင်းကိုက်ဝေဒနာတစ်မျိုးဖြစ်ပြီး သွေးခုန်နှုန်းတိုးလာသလို တဒုတ်ဒုတ်မြည်သံခံစားမှုမျိုးနဲ့ ခေါင်းတခြမ်း (သို့မဟုတ်) ခေါင်းရဲ့နှစ်ဖက်လုံးမှာနာကျင်မှုကိုခံစားရတတ်ပါတယ်။🧑⚕️
လေ့လာ တွေ့ရှိချက်တွေအရ ခေါင်းတစ်ခြမ်းကိုက်ခြင်းက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုမို အဖြစ်များလေ့ရှိပါတယ်၊၊ဦးခေါင်းရဲ့ ဘယ် ညာ သို့မဟုတ် အရှေ့ခြမ်းအနောက်ခြမ်းတွေ ကိုက်တာမျိုးတွေဖြစ်နိုင်ပါတယ်၊၊ 🧑⚕️
ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့...
✅သွေးတိုးနေချိန် တဒိန်းဒိန်း ခေါင်းကိုက်ခြင်း
✅ကိုယ်လက်လှုပ်ရှားရာမှာ နာကျင်ခြင်း
✅ပျို့ခြင်း
✅အန်ခြင်း
✅အလင်းနှင့် အသံ အချို့ ရဲ့ အာရုံခံစားမှု မြင့်မားခြင်း
ခေါင်းတစ်ခြမ်းလုံး နေထိုင်လို့မရလောက်အောင်ကိုက်ခဲခြင်း စတဲ့ ရောဂါလက္ခဏာတွေကို ခံစားရစေပါတယ်။
ဘယ်လို သူတွေမှာ အဖြစ်များနိုင်လဲဆိုတော့ ....
✅ဟော်မုန်းဓါတ်အတက်အကျမမှန်တဲ့ အမျိုးသမီးများ
✅စိတ်ဖိးစီးမှု များသူများ
✅ဆေးလိပ်သောက်ခြင်း (သို့) ဆေးလိပ်ငွေ့
ရှုရှိုက်မိခြင်း
✅အစာ မစားခြင်း
✅အရက်သေစာများအလွန့်အကျွံသောက်သုံးခြင်း
✅ပတ်၀န်းကျင်မှာ ပုံမှန်မဟုတ်တဲ့ ဆူညံသံ
ပုံမှန်မဟုတ်တဲ့ အလင်းရောင်တွေကို မကြာခဏ မြင်တွေ့နေရသူတွေမှာ ခေါင်းတစ်ခြမ်းကိုက်ခြင်း ကို ပိုပြီး အဖြစ်များလေ့ရှိပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်းက ပြင်းထန်ပြီး ရေရှည်ဖြစ်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။တစ်ခါခေါင်းကိုက်ရင် ၄ နာရီကနေ ၇၂ နာရီထိ ကြာရှည်တတ်ပါတယ်။ အချို့လူတွေမှာ
တစ်လတစ်ကြိမ် ပုံမှန်လိုမျိုးဖြစ်တတ်တာကြောင့် ရေရှည်မှာ စိတ်ကျန်းမာရေးနှင့် ကိုယ်ကျန်းမာရေးကို ဆိုး၀ါးစွာ ထိခိုက်စေပါတယ် ။
လေ့လာတွေ့ရှိချက်တွေအရ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို အနည်းငယ် သက်သာ ပျောက်ကင်းစေမဲ့ နည်းလမ်းအချို့လည်း ရှိနေပါတယ်။
🧑⚕️ယောဂကျင့်တာ
🧑⚕️လေကောင်းလေသန့်ကို ရှုရှိုက်တာ
🧑⚕️ဦးခေါင်းပတ်လည်ကို နှိပ်နယ်ပေးတာ
🧑⚕️အိပ်ရေး၀အောင်အိပ်ခြင်းနှင့်
🧑⚕️လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ပေးခြင်း
Co-Q-10 လို ဆေးမျိုးတွေကိုလနဲ့ ချီသောက်သုံးတာ စတာတွေကို ပြုလုပ်ပေးခြင်းဖြင့်ခေါင်းတစ်ခြမ်းကိုက်ခြင်းကို အတော်အသင့် သက်သာအောင် အထောက်အပံ့ဖြစ်စေပါတယ်။
တကယ်လို့ ခေါင်းတစ်ခြမ်းကိုက်တာကို ပုံမှန်မဟုတ်ဘူးလို့ ခံစားနေရနေပြီဆိုရင် နီးစပ်ရာ ကျွမ်းကျင်ဆရာ၀န်ကြီးများထံမှာ ပြသစစ်ဆေးပြီး ဆေးကုသမှု ခံယူသင့်ပါတယ်၊၊၊🧑⚕️
#ခေါင်းတစ်ခြမ်းကိုက်ခြင်း
#ပြင်းထန်ခေါင်းကိုက်ခြင်း
#ခေါင်းကိုက်ခြင်း
အမျိုးသမီးတိုင်းကာကွယ် သားအိမ်ခေါင်းကင်ဆာ ရောဂါ အန္တရာယ် ⚠️
သားအိမ်ခေါင်းကင်ဆာလို့ပြောလိုက်တာနဲ့ အမျိုးသမီးတိုင်းကို ဒုက္ခအပေးနိုင်ဆုံး ရောဂါတစ်ခုဆိုတာ
ပြောစရာမလိုလောက်ပါဘူး။ဘာလို့လဲဆိုတော့ သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေမှာပဲ
ဖြစ်တတ်တဲ့ ကင်ဆာ ရောဂါတစ်မျိုးဖြစ်လို့ပါ။ 🧑⚕️🧑⚕️
သားအိမ်းခေါင်းကင်ဆာက ကမ္ဘာတဝှမ်းလုံးမှာ ဒုတိယ ဖြစ်ပွားမှုအများဆုံး ကင်ဆာတစ်မျိုးပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ နှစ်စဉ်အမျိုးသမီးဦးရေ ၆၀၀၀ ကနေ ၈၀၀၀ ကြား ဖြစ်ပွားနေကြပြီး နေ့စဥ် သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးမှု ဦးရေကလည်း ၅ ဦးနှင့် အထက်သေဆုံးနေကြရတယ်လို့ စစ်တမ်းတွေ အရသိရပါတယ်။🧑⚕️🧑⚕️
ဒါဆို သားအိမ်ခေါင်းကင်ဆာက ဘယ်ကနေစဖြစ်လဲ?
သားအိမ်ခေါင်းကင်ဆာက HPV virus လို့ခေါ်တဲ့ (Human papilloma virus)ကြောင့်ဖြစ်ရတာပါ။
HPV Virus 100 ကျော်ရှိတဲ့ အထဲမှ နံပါတ် 16 နဲ့ 18 က သားအိမ်ခေါင်းကင်ဆာကို ဖြစ်နိုင်ခြေအမြင့်ဆုံးဖြစ်ပါတယ်။ တခြားနံပါတ်တွေကတော့ လိင်ကနေ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ဖြစ်ပွားပါတယ်။
သားအိမ်ခေါင်းကင်ဆာက စစကူးချင်းမှာ
ရောဂါ လက္ခဏာမှ မပြပဲ နှစ်အနည်းငယ်အကြာ
ကင်ဆာအဆင့်ရောက်မှ လက္ခဏာပြတာကြောင့် အသက် ၂၁ နှစ်ပြည့်ပြီးသူ အမျိုးသမီးတိုင်း
သားအိမ်ခေါင်းကင်ဆာကို မဖြစ်မနေစစ်ဆေးသင့်ပါတယ်။ 🧑⚕️🧑⚕️
ရောဂါလက္ခဏာတွေကတော့...
❗အတူနေစဥ်သွေးဆင်းတာ
❗ဆီးစပ်ကိုက်တာ
❗အတူနေစဥ်သာမန်မဟုတ်တဲ့ နာကျင်မှုမျိုး
ခံစားရတာ
❗အဖြူဆင်းတာ အနံ့နံတာ သွေးစတွေပါလာတာ
❗သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ
စတဲ့ မူမမှန်တဲ့ လက္ခဏာတွေကို ကြုံတွေနေရပြီဆိုရင်တော့ ကျွမ်းကျင်ဆရာ၀န်များနှင့် နောက်မကျခင်
အမြန်ပြသသင့်ပါတယ်။
ဒါဆို သားအိမ်ခေါင်းကင်ဆာကို ဘယ်လို ကာကွယ်ကြမလဲ?
သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကာကွယ်ဆေး ထိုးနှံခြင်းပါပဲ။အသက် ၉ နှစ်အရွယ်မှ စလို့ အရွယ်ရောက်ပြီးသူအမျိုးသမီးတိုင်း သားအိမ်ခေါင်းကင်ဆာ ရောဂါကို မဖြစ်မနေထိုးနှံသင့်ပါတယ်။🧑⚕️🧑⚕️
ကာကွယ်ဆေးက တစ်ကြိမ်တည်းထိုးနှံရတဲ့ ပုံစံမျိုးမဟုတ်ပဲ ဆေးအာနိသင် ကောင်းမွန်စွာ လည်ပတ်နိုင်အောင် 9 နှစ်ကနေ 14 နှစ်အတွင်း ကလေးငယ်များဆိုရင်( 2 ကြိမ်) 14 နှစ်အထက်ဆိုရင်( 3 ကြိမ်) ထိုးနှံပေးရပါတယ်။ဒါ့အပြင် 5 နှစ်ပြည့်ရင် နောက်တစ်ကြိမ်ထပ်မံထိုးခြင်းဖြင့် အမျိူးသမီးတိုင်းအတွက် အန္တရာယ်အရှိဆုံးနဲ့ ကြောက်ဖို့အကောင်းဆုံး သားအိမ်ခေါင်းကင်ဆာရောဂါရန်မှ ကာကွယ်လိုက်ပါ။🧑⚕️🧑⚕️
ဆေးအမျိုးအစားနဲ့ အသေးစိတ်ထိုးနှံခြင်းအကြောင်းအရာကို ကျွမ်းကျင်ရာဆရာဝန်ကြီးများနဲ့ သားဖွားမီးယပ်အထူးကုတွေနဲ့တိုင်ပင်ထိုးနှံပေးသင့်ပါတယ်။
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံလိုပါက
ကြိုတင် bookingရယူနိုင်ပါပြီ။
ဆက်သွယ်ရန်
☎️𝟬𝟵-𝟳𝟴𝟱𝟱𝟯𝟯𝟳𝟲𝟴
☎️𝟬𝟵-𝟳𝟴𝟱𝟱𝟯𝟯𝟴𝟭𝟳
#အမျိုးသမီးတိုင်းကာကွယ်သားအိမ်ခေါင်းကင်ဆာရောဂါအန္တရာယ်
#သားအိမ်ခေါင်းကင်ဆာ
#ကာကွယ်ဆေး
စိတ်ဖိစီးမှုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ?🤔
စိတ်ဖိစီးမှုဆိုတာ လူတိုင်းနီးပါးဖြစ်ဖူးကြပါလိမ့်မယ်။ မိသားစု လုပ်ငန်းခွင် နဲ့ relationship တွေမှာ အဆင်မပြေမှုတွေ ကြုံတွေ့ကြရတဲ့ အခါမှာ စိတ်ဖိစီးမှုတွေကို စတင် ခံစားရကြပါတယ်။🧑⚕️
စိတ်ပင်ပန်းလာတဲ့အခါ အဆင်မပြေတာတွေများလာတဲ့ အခါမှာ ခန္ဓာကိုယ်ထဲကနေ
Stress ဟော်မုန်းတွေ ထွက်လာပါတယ်။🧑⚕️
Stress ဟော်မုန်းတွေ ထွက်လာတဲ့
အခါမှာ ခန္ဓာကိုယ်က နှလုံးခုန်နှုန်းတွေမြန်လာတာ စိတ်အလိုမကျတော့တာ တစ်ခုခုဆို မဖြေရှင်းနိုင်တော့တာ ကြွက်သားတွေ တင်းရင်းလာတာ နဲ့ အသက်ရှူနှုန်းတွေ မြန်လာတာ စတဲ့ လက္ခဏာတွေကို ဖြစ်ပေါ်နိုင်ပါတယ်၊၊🧑⚕️
တစ်ခါတစ်လေ စိတ်ဖိစီးမှုတွေကို အများအပြားခံစားလာရပြီဆိုရင် အတွေးအမှားတွေ ၀င်လာပြီး ကိုယ့်ကိုယ်ကို Su***de လုပ်တဲ့ အခြေအနေတွေထိအောင် ရောက်နိုင်တာကြောင့်မို့ စိတ်ဖိစီးမှုကို မပေ့ါသင့်ပါဘူး ။
တကယ်လို့ စိတ်ဖိစီးမှုတွေကို ခံစားနေပြီဆိုရင်လည်း အကောင်းဆုံးနည်းလမ်းတွေကို ရှာဖွေပြီး မြန်မြန်ဖြေရှင်းဖြေရှင်းသင့်ပါတယ်။
စိတ်ဖိစီးမှုခံစားနေပြီဆိုရင်...
✅စိတ်ကို သက်တောင့်သက်သာဖြစ်အောင်ထား
ပါ။
✅အသက်ကို ဖြေဖြေးမှန်မှန်ရှူသွင်း/ရှူထုတ်ပေး
ရပါမယ်။
✅မလုပ်နိုင်တဲ့ အကြောင်းအရာ ကိစ္စတွေကို
မလုပ်နိုင်ဘူးပြောပါ။
✅ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပါ။
✅တစ်ရေးတစ်မော အိပ်ပါ။
✅ကိုယ်ခံစားနေရတာကို ယုံကြည်ရသူတွေမှာ
ရင်ဖွင့်ပါ။
✅သီချင်းများကို နားထောင်ပါ။
စိတ်ဖိစီးမှုတွေကို ကြုံတွေ့ရတဲ့အခါ စိတ်တွေရှုပ်ထွေးနေပြီးအပေါ်က အချက်လေးတွေကို လုပ်ကြည့်ပြီးဖြေရှင်းသင့်ပါတယ်။
တကယ်လို့အပေါ်က အချက်တွေကို မလုပ်ပဲထားလိုက်ရင် စိတ်အခြေအနေတွေ ပိုဆိုးလာပြီးရေရှည်မှာ စိတ်ရောဂါဖြစ်နိုင်တဲ့ အနေအထားထိရောက်နိုင်တာမို့လို့ လုံး၀ကို မပေါ့သင့်ပါဘူး။
အပေါ်က အချက်လေးတွေနဲ့ ဖြေရှင်းလို့မရဘူးဆိုရင် နီးစက်ရာဆေးရုံဆေးခန်းတွေကို သွားပြီး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။🧑⚕️🧑⚕️
#စိတ်ဖိစီးမှု
#စိတ်ဖိစီးမှုကိုဖြေရှင်းခြင်း
ဒီနေ့ဟာ ကမ္ဘာပေါ်က အမေအားလုံးကို ဂုဏ်ပြုတဲ့ “အမေများနေ့” အဖြစ်နိုင်ငံအရပ်ရပ်က သတ်မှတ်ကြခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ မေမေအားလုံးအတွက် ဂုဏ်ပြုအပ်တဲ့နေ့လေးတစ်နေ့ဖြစ်တာမို့လို့ မေမေတွေအားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပြီးတော့
လိုအင်ဆန္ဒတွေ အကုန်ပြည့်၀နိုင်ကြပါစေလို့ Peti Toe Healthcare Clinic မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။🙏🙏🙏
#အမေများနေ့
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား ဂုဏ်ပြုဆိုကြိုဆိုပါ၏။🧑🔧🧑🔧
မေလ(၁)ရက်နေ့မှာ ကျရောက်သော
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား
Peti Toe Healthcare Services မှ
အလုပ်သမားထုနဲ့ အတူရပ်တည်ပြီး ဂုဏ်ပြု
ကြိုဆိုအပ်ပါတယ်။🥰🥰
#အလုပ်သမားနေ့
လူငယ်တွေရေပန်းစားလာတဲ့ (K)လို့ခေါ်တဲ့
K Powdered milk Party Drug အကြောင်းတစေ့တစောင်း💯
🔹2020 ခုနှစ်နောက်ပိုင်းတွေမှာ K powdered milk (K) လို့ခေါ်တဲ့ တရားမ၀င် မူးရစ်ဆေးတစ်မျိုးဟာ မြန်မာ ထိုင်း အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံတွေမှာ သုံးစွဲမှု များပြားလာပါတယ်။🧑⚕️
🔹မြန်မာနိုင်ငံမှာလည်း K ကို Bar တွေ Club တွေ နဲ့ KTV တွေမှာ Party Drug အနေနဲ့ တရားမ၀င်သုံးစွဲနေကြတာကို တွေ့နေရပါတယ်။ သုံးစွဲသူအများစုကလည်း ဆယ်ကျော်သက်အရွယ်ကနေ 30 ၀န်းကျင်လူငယ်ပိုင်းတွေအများစုအသုံးပြုကြပါတယ်။🧑⚕️🧑⚕️🧑⚕️
🔹K တရားမ၀င်မူးရစ်ဆေးဝါးမက်သာဖက်တမင်း ၊
ဟီးရိုးအင်းနဲ့ စိတ်ကျရောဂါက်ိုကုသဆေး သို့မဟုတ် အိပ်ဆေးများပါဝင်တဲ့ Ketamine (ကက်တမင်း)တို့ကိုရောနှောပြီးအမှုန်ပုံစံပြုလုပ်ထားတဲ့ တရားမ၀င်မူးရစ်ဆေးဝါးတစ်မျိုးပဲဖြစ်ပါတယ်။🧑⚕️🧑⚕️🧑⚕️
🔹K က စွဲလမ်းမှုကို အလွန်အမင်ဖြစ်စေတဲ့ မူးရစ်ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။ဘိန်းဖြူ၊စိတ်ကြွဆေး(WY)တို့နဲ့ မတူတဲ့ အချက်ကတော့ သွေးထဲမှာအာနိသင်အကြာကြီး မကျန်စေပဲ (၃)ရက်ကနေ (၁)ပတ်အတွင်းပျက်ပြယ်စေတဲ့ အတွက်ကြောင့် Party တို့လို ပျော်ပွဲရွှင်ပွဲတွေမှာ K ကို အဓိက ထား အသုံးပြုလာတာကိုတွေ့ရပါတယ်၊၊🙅🙅🙅
🔹Kဟာ မူးရစ်ဆေး၀ါးဖြစ်တဲ့ အတွက်ကြောင့် နည်းနည်းလောက် သုံးစွဲလိုက်ယုံနဲ့ ရုပ်ပိုင်ဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေကို ခံစားရစေတယ်၊၊
🔹ဖြစ်ရပ်တစ်ခုကို ပြန်ကြည့်မယ်ဆိုရင် 2021 ခုနှစ် January လမှာဆိုရင် ကျွန်တော်တို့ အိမ်နီးချင်းထိုင်းနိုင်ငံမှာK ကို အလွန်အကျွံသုံးစွဲတဲ့ အတွက် လူ(၆)ဦးတစ်ရက်တည်းမှာပင် သေဆုံးခဲ့ ရပါတယ်၊၊
🔹K Powdered Milk ဟာ သုံးစွဲပြီးပြီးချင်း စိတ်ပျော်စေပြီး လေထဲလွင့်သလို ခံစားရစေတာကြောင့် Party Drug အဖြစ်လူသိများရခြင်းပဲဖြစ်ပါတယ်၊၊
🔹K ကိုနည်းနည်းပဲ သုံးသုံး အလွန့်အကျွံပဲသုံးသုံး ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးတွေကို ခံစားရစေပါတယ်။
ဒါတွေကတော့....
❗နှုတ်ခမ်းတွေပြာလာမယ်။
❗စိတ်နဲ့ ကိုယ်နဲ့ ကွာနေသလို ခံစားရစေမယ်။
❗မူးဝေအော့အန်ချင်သလိုခံစားရစေမယ်။
❗ထင်ယောင်ထင်မှားတွေဖြစ်မယ်။
❗မျက်လုံးများကြောင်တောင်တောင်ဖြစ်စေမယ် စတဲ့ ဆိုးကျိုးတွေကို ခံစားရစေပါတယ်။
အလွန့်အကျွံအများအပြားသုံးမိရင်တော့...
❗အသက်ရှုနှုန်းတွေ နှေးလာမယ်။
❗ဦးနှောက်စွမ်းဆောင်ရည်တွေကျဆင်း
လာမယ်။
❗အကြောဆွဲသလိုတွေဖြစ်လာတာ
❗သတိလစ်မေ့မြောစေတဲ့ အပြင်ကိုမာအဆင့်
ထိတောင်ရောက်နိုင်ပါတယ်၊၊
🔹ဒါတင်မကသေးပဲ ဆီး၊အူနဲ့ ကျောက်ကပ်ပိုင်းတွေမှာလည်း ရောဂါမျိုးစုံကို ခံစားရနိုင်ပါတယ်၊၊အရက်ဆေးခြောက်တို့လို တခြားမူးရစ်စေတဲ့ အရာတွေနဲ့ တွဲသုံးမိလိုက်ရင်တော့ အသက်အန္တရယ်ကို ထိခိုက်စေနိုင်လောက်ထိအောင် ဆိုးကျိုးတွေကို ခံစားရစေတတ်ပါတယ်၊၊
🔹ဒီတော့ Kကို အပျော်အပါးကိစ္စတစ်ခုတည်းနဲ့ သုံးမယ်ဆိုရင်တော့ မသုံးခင်အချိန်တည်းက ဖြစ်နိုင်ချေရှိတဲ့ ဆိုးကျိုးတွေကို အရင်လေ့လာကြည့်သင့်ပါတယ်၊၊ဒါမှသာ မိမိကိုယ်ကိုနှင့်ပတ်၀န်းကျင်အတွက် ဆင်ခြင်နိုင်မဲ့ အပြင်မူးရစ်ဆေးရဲ့ သားကောင်ဘ၀ကို မရောက်ရှိတော့မှာပဲဖြစ်ပါတယ်။
ဲ့ဆိုးကျိုးများ
🙏နှစ်သစ် သင်္ကြန်ဆုတောင်း🙏✨
မြန်မာ့ရိုးရာ နှစ်သစ်ကူးအချိန်အခါမှာ အတာပန်းရဲ့ လန်းဆန်းမှုနဲ့အတူ အာလုံးပဲ ဘေးဘယာ ကင်းကွာ ပြီး လူမှုရေး စီးပွားရေးပါမကျန် အစစအရာရာ အောင်မြင်နိုင်ကြပါစေလို့ Peti Toe Healthcare Clinic မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။
အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ။🙏🙏
#သင်္ကြန်ဆုတောင်း
အာရုံကြောအားနည်းနေလား ?🧑⚕️🧑⚕️
လမ်းလျှောက်နေရင်း မိုက်ခနဲ ဖြစ်သွားတာတို့
ခြေလက်တွေ အရမ်းကျဉ်တာပဲတို့ကို တော်တော်များများလည်း ကြားဖူးကြမှာပဲဖြစ်ပါတယ်။ဒီလို လက္ခဏာတွေကတော့ အာရုံကြောအားနည်းတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။💯
လူခန္ဓာကိုယ်ဟာ အာရုံကြောပေါင်း 7 ထရီလီယံလောက်နဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံးအာရုံကြော system တစ်ခုဖြစ်ပါတယ်။💯
အာရုံကြောအားနည်းခြင်းဆိုတာဟာ ဦးနှောက်နှင့် အာရုံကြောမကြီးကနေတစ်ဆင့် ခန္ဓာကိုယ်အနှံ့ပေးပို့ပေးလိုက်တဲ့ အာရုံကြောအမျှင်လေးတွေကို ပျက်စီးစေခြင်းကြောင့် ပဲဖြစ်ပါတယ်။
လေ့လာဆန်းစစ်မှုတွေအရ လူဦးရေ 5 ဦးမှာ 1 ဦးဟာအာရုံကြောအားနည်းခြင်းရောဂါကို ခံစားနေကြရပြီး ဆီးချိုရောဂါသည်အများစုမှာလည်း သွေးတွင်းသကြားဓါတ်လွန်ကဲမှုကြောင့် အာရုံကြောအမျှင်လေးတွေ ပျက်စီးစေပြီး အာရုံကြောအားနည်းခြင်းရောဂါကို ခံစားစေရပါတယ်။
အာရုံကြောအားနည်းရင် ခံစားတတ်ရတဲ့ရောဂါလက္ခဏာတွေကတော့....
🔰ခြေလက်များထုံကျင်သလိုခံစားရခြင်း။
🔰ခေါင်းမူးခြင်း။
🔰နှလုံးခုန်နှုန်းတွေမြန်လာခြင်း။
🔰ခန္ဓာကိုယ်နေရာအချို့စူးပြီးကိုက်သလိုခံစားရခြင်း။
🔰ဦးနှောက်လုပ်ဆောင်နိုင်စွမ်းတွေကမောက်ကမဖြစ်ခြင်း စတဲ့ လက္ခဏာတွေကို ခံစားရလေ့ရှိပါတယ်။
အာရုံကြောအားနည်းခြင်းကို ကာကွယ်နိုင်ဖို့အတွက် နည်းလမ်းများစွာရှိပါတယ်။
ဒါတွေကတော့...
✅ကျန်းမာရေးနှင့် ညီညွှတ်တဲ့ အစားအစာတွေစားရပါမယ်။
✅Vitamin နှင့်သတ္ထုဓါတ်ပြည့်၀တဲ့ အစားအစာတွေစားသုံးပေးရပါမယ်။
✅နေ့စဉ် မနက်တိုင်း နေရောင်ခြည်ထိတွေ့ပေးရပါမယ်။
✅လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးရပါမယ်။
✅အရက်၊ ဆေးလိပ်တို့ကို အတတ်နိုင်ဆုံးရှောင်ရှားပေးရပါမယ်။
✅သွေးတွင်းသကြားဓါတ်မများအောင် ထိန်းသိမ်းပေးခြင်းတို့ဖြစ် အာရုံကြောအားနည်းခြင်းမှ အထိုက်အလျှောက်ကာကွယ်မှုပေးနိုင်ပါတယ်။
အကယ်၍ အထက်ပါအချက်တွေကို ရှောင်ရှားနေရဲ့သားနဲ့ အားရုံကြောအားနည်းတယ်လို့ ခံစားနေရဆဲဆိုရင်တော့ သက်ဆိုင်ရာ ကျွမ်းကျင်ဆရာ၀န်များနှင့် တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်။🧑⚕️🧑⚕️🧑⚕️
#အာရုံကြောအားနည်းခြင်း
#ဦးနှောက်
#အာရုံကြောမကြီး
ကျန်းမာရေးကောင်းဖို့ နေ့စဥ်မှန်မှန် လမ်းလျှောက်ကြရအောင် ....🚶🚶🚶
လမ်းလျှောက်ခြင်းက ကုန်ကျမှုမရှိတဲ့ လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်၊၊🧑⚕️🧑⚕️
ကျန်းမာသန်စွမ်းတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ကလူတိုင်း ပိုင်ဆိုင်ချင်တဲ့ ရည်မှန်းချက်တစ်ခုပဲဖြစ်ပါတယ်၊၊လမ်းလျှောက်ခြင်းက အကူပစ္စည်းမလိုပဲ လူတိုင်းပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတစ်မျိုးဖြစ်တဲ့ အတွက်ကြောင့် ကလေးအရွယ်ကနေ အဘိုးအဘွားအရွယ်တွေထိ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းမျိုးဖြစ်ပါတယ်၊၊🧑⚕️🧑⚕️🧑⚕️
လမ်းလျှောက်ခြင်းက တကယ်ကို
အကျိူးသက် ရောက်မှုများစွာရှိပါတယ်၊၊
🔹မနက်ခင်းစောစော ၇ နာရီကနေ ၁၀ နာရီကြားလမ်းလျှောက်ထွက်ခြင်းက ခန္ဓာကိုယ်ကို ကျန်းမာနုပျိုစေတဲ့ အပြင် သဘာ၀ရဲ့ သန့်ရှင်းလက်ဆက်တဲ့ လေကောင်းလေသန့်တွေခံစားရစေတာကြောင့် စိတ်ကို လန်းဆန်းပျော်ရွှင်စေတဲ့ ဟော်မုန်းတိုးပွားလာစေပြီး တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်၊၊🧑⚕️🧑⚕️
🔹လမ်းလျှောက်ခြင်းက ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေတဲ့အပြင်ကနှလုံး၊ သွေးတိုး၊ ဆီးချို ၊ကင်ဆာ ၊လေဖြတ် စတဲ့ ရောဂါဖြစ်ပွားမှုတွေကို လည်းအထိုက်အလျောက် ကာကွယ်ပေးနိူင်ပါတယ်။🧑⚕️🧑⚕️
🔹ဒါ့အပြင် တစ်နေ့ကို မိနစ် ၃၀ လောက်
လမ်းလျှောက်ပေးခြင်းအားဖြင့် အရိုးတွေကို ပိုမို သန်မာလာစေပြီး ခန္ဓာကိုယ်အတွင်းကအဆီပိုတွေကို လောင်ကျွင်းစေတာကြောင့် အဆီပို မရှိကျစ်လစ် သန်မာစေပါတယ်ကြောင့် ကျန်းမာရေးအတွက်ကော ခန္ဓာကိုယ်သန်စွမ်းစေဖို့ အတွက်ကောများစွာအထောက်အကူဖြစ်စေတဲ့ သဘာ၀လေ့ကျင့်ခန်းတစ်မျိုးပဲဖြစ်ပါတယ်၊၊🧑⚕️🧑⚕️
🔹လမ်းလျှောက်ခြင်းက ခန္ဓာကိုယ်သန်စွမ်းစေခြင်းအပြင်စိတ်ဓါတ်ပိုင်း သန်စွမ်းဖို့အတွက်လည်းများစွာအထောက်အကူဖြစ်စေပါသေးတယ်၊၊🧑⚕️🧑⚕️
✅စိတ်ဖိစီးမှုကိုလျော့ကျစေတာ-
✅ပင်ပန်းနွမ်းနယ်မှုကို မဖြစ်စေတာ-
✅စိတ်ကျရောဂါဖြစ်နိုင်ချေလျော့နည်းစေတာ-
✅စိတ်ဓါတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးတာ-
✅တွေးခေါ်မှု ဉာဏ်ရည်ကိုတိုးတတ်စေတဲ့
စိတ်ဓါတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေကိုလည်းဖြစ်စေပါတယ်။
🔹ဒါကြောင့် လမ်းလျှောက်ခြင်းက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအပြင်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါအထောက်အကူပြုတဲ့ လေ့ကျင့်ခန်းဖြစ်တာကြောင့် လူတိုင်းတစ်ပတ်ကို ၅ရက်လောက်မနက်စောစောလမ်းလျှောက်ခြင်းအားကစားကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်၊၊🧑⚕️🧑⚕️
#မနက်စောစောလမ်းလျှောက်ခြင်း
#စိတ်ပိုင်းဆိုင်ရာ
#ရုပ်ပိုင်းဆိုင်ရာ
International Women's day
ယနေ့ မတ်လ(8)ရက်နေ့ 2023 ခုနှစ်မှာ
ကျရောက်တဲ့ International Women's day မှာ ကမ္ဘာတစ်၀န်းက အမျိုးသမီးတစ်ဦးချင်းစီတိုင်းကို Peti toe Healthcare Clinic မှ
ဂုဏ်ပြုကြိုဆိုအပ်ပါတယ်။💙💙💙
'sDay
တောင်သူလယ်သမားနေ့ (Myanmar peasants' Day)
၂၀၂၃ ခုနှစ် ၊ မတ်လ (၂)ရက်နေ့ (ကြာသပတေးနေ့) တွင် ကျရောက်တဲ့ တောင်သူလယ်သမားနေ့ (Myanmar Peasants' Day )တွင် ကျေးဇူးရှင် ဦးကြီး များအားလုံး ကိုယ်ရော စိတ်ပါကျန်းမာ ချမ်းသာ နိုင်ကြပါစေကြောင်း Peti Toe Helathcare Services မှ
ဂုဏ်ပြုဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
'day
#တောင်သူလယ်သမားနေ့
မနက်ခင်းတိုင်းပြုလုပ်ပေးသင့်တဲ့ အလေ့အကျင့်ကောင်းများ🧑⚕️🧑⚕️
တစ်နေကုန် လန်းဆန်းတက်ကြွနေဖို့အတွက် မနက်ခင်းအချိန်အခါက အရေးကြီးဆုံးပဲဖြစ်ပါတယ်။မနက်ခင်းမှာ လန်းဆန်းတက်ကြွနေမှသာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အဆင်ပြေချောမွေ့စေနိုင်ပြီးတော့ ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။🤗🤗
ဒါ့ကြောင့် ဒီနေ့မှာတော့ Peti toe ကနေ မနက်ခင်းတိုင်းပြုလုပ်သင့်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးချင်ပါတယ်။🧑⚕️
🔶1.မနက်ခင် အိပ်ယာက နိုးတိုင်း ရေတစ်ခွက် ကိုသောက်သုံးပေးခြင်း။
မနက်ခင်းတိုင်း ရေတစ်ခွက်ကို ပုံမှန်သောက်သုံးပေးခြင်းက ခန္ဓာကိုယ်ကို ပိုမိုလန်းဆန်းစေပြီး အာရုံစူးစိုက်မှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ဒါ့အပြင် ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကိုလည်း မြင့်တင်ပေးပြီး ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါတယ်။ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးပြီး ကျောက်ကပ်ကျောက်တည်ခြင်း
ကနေလည်း ကာကွယ်ပေးပါသေးတယ်။ဒါကြောင့် နေ့စဉ်အိပ်ယာကနိုးတိုင်း ရေတစ်ခွက်ကိုပုံမှန်သောက်သုံးပေးခြင်းက နေ့စဉ်လူနေမှုဘ၀ကို များစွာအထောက်အကူဖြစ်စေပါတယ်။
🔶2.မနက်ခင်းတိုင်း သင့်တင့်မျှတတဲ့ မနက်စာကို စားသုံးပေးခြင်း။
မနက်ခင်းမှာ အဟာရ ပြည့်၀တဲ့ မနက်စာကို
စားခြင်းအားဖြင့် တစ်နေ့တာလုံး လိုအပ်တဲ့ အာဟာရဓါတ်ကိုပြည့်၀စွာ ရရှိမှာဖြစ်ပြီးကျန်းမာတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။
ဒါတွေကတော့ ကြက်ဥ ၊ဒိန်ချဉ် နှင့် အသီးအရွက်အမျိုးမျိုး ၊ပရိုတင်းဓါတ်ပြည့်၀တဲ့ အသားတို့ကို စားသုံးပေးခြင်းအားဖြင့် တစ်နေ့တာ လိုအပ်တဲ့ အဟာရဓါတ်တွေကို ရရှိစေမှာပဲဖြစ်ပါတယ်။ဒါတင်မကသေးပဲ မနက်ခင်းမှာ ကော်ဖီတစ်ခွက် သောက်သုံးပေးခြင်းကလည်း စိတ်ကို ကြည်လင်လန်းဆန်းစေပြီး အာရုံစူးစိုက်မှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။
🔶3.မနက်ခင်းမှာ နေရောင်ခြည်ကိုထိတွေ့ခြင်း။
မနက်ခင်းစောစောလေးမှာ အချိန် 5 မိနစ်လောက် ရောင်ခြည်ကို ထိတွေ့ခြင်းကလည်း ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။မနက်ခင်းလေးမှာ နေရောင်ခြည်ဓါတ်ခံစားခြင်းအားဖြင့် ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ပိုမိုမြင့်မားစေပြီး ပျော်ရွှင်စေတဲ့ ဟော်မုန်း (serotonin) ကိုလည်း ထုတ်လွှတ်ပေးတာကြောင့် တစ်နေ့တာ စိတ်ပျော်ရွှင်မှုကိုလည်း ခံစားရစေပါတယ်။
ဒါ့အပြင်နေ့ရောင်ခြည်တွေထဲမှာ(VitaminD)ဓါတ်ပါ၀င်တဲ့အတွက်ကြောင့် အရိုးတွေကိုပိုမိုသန်မာစေတဲ့အပြင် ကင်ဆာရောဂါအချို့ကိုလည်း
ကာကွယ်နိုင်တဲ့အတွက် မနက်ခင်းမှာထွက်လာတဲ့ နေရောင်ခြည်ဓါတ်က လူခန္ဓာကိုယ်အတွက် များစွာအထောက်အကူဖြစ်စေပါတယ်။
🔶4.သွေးပူလေ့ကျင့်ခန်းနဲ့ အားကစားလုပ်ခြင်း။
မနက်ခင်းစောစော(15-20)မိနစ်လောက် အားကစားပြုလုပ်ခြင်းက အကြောအချဉ်တွေကိုပြေလျော့စေပြီး သွေးလည်ပတ်မှုကိုလည်း အားကောင်းစေတဲ့အပြင် ကြွက်သားတွေကိုလည်း ပိုမိုသန်မာလာစေပါတယ်။ဒါ့အပြင်
တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကိုလည်း
လန်းဆန်းတက်ကြွမှုအပြည့်နဲ့ လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။
အပေါ်က အချက်(4)ချက်ကို နေ့စဉ် မနက်ခင်းတိုင်း ပုံမှန် ပြုလုပ်ပေးခြင်းအားဖြင့် ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ပြီး နေ့စဉ်
လူနေမှုဘ၀ကိုလည်း များစွာ အထောက်အကူပေးနိုင်မှာပဲဖြစ်ပါတယ်ရှင်။
#ပီတိတိုး
#မနက်ခင်းတိုင်းပြုလုပ်ပေးသည့်သင့်အလေ့အကျင့်ကောင်းများ
"ပြည်ထောင်စုနေ့"🇲🇲
ယနေ့ ကျရောက်သော( ၇၆) ကြိမ်မြောက် ပြည်ထောင်စုနေ့အား Peti toe Healthcare Services မိသားစုမှ ကြိုဆိုဂုဏ်ပြုအပ်ပါတယ်။
#12.2.2023
#ပြည်ထောင်စုနေ့
🇲🇲လတ်လပ်ရေးနေ့ ဒိုမမေ့🇲🇲
ယနေ့ (4.1.2023) ရက်နေ့တွင်ကျရောက်သော (75) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို
Peti Toe Helathcare Clinic မှ
ကြိုဆိုဂုဏ်ပြုအပ်ပါတယ်။
#လွတ်လပ်ရေးနေ့ ဒိုမမေ့
Happy New Year To All !🎉
2023နှစ်သစ်မှစပြီးအရင်နှစ်တွေထက်
ပိုမိုကျန်းမာပြီးလန်းဆန်းတက်ကြွသော
နေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေလို့
ကျွန်တော်တို့ Peti Toe Helathcare Clinic မှ
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။🎉🎉🎉
#2023
Merry Christmas to all 🎄❄️☃️
အားလုံးပဲ ပျော်ရွှင်စရာ Christmas နေ့လေးမှာ
လိုအင်ဆန္ဒတွေအားလုံးပြည့်စုံကြပြီး
ချစ်ရသူများနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်း
နိုင်ကြပါစေလို ကျွန်တော်တိုရဲ့
Peti Toe Healthcare Service မှ
ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🎄❄️☃️
အဖြူဆင်းခြင်းနှင့် အမျိုးသမီးကျန်းမာရေး
အဖြူဆင်းခြင်းဆိုတာ အရွယ်ရောက်ပြီးသား မိန်းကလေးတိုင်းတွေ့ကြုံရတတ်တဲ့ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်တာကြောင့် ရှက်စရာကိစ္စမဟုတ်ပါ။🧑⚕️👩🏼⚕️
အဖြူဆင်းတာဟာ မိန်းမကိုယ်နဲ့ သားအိမ်ခေါင်းအတွင်းပိုင်းမှာရှိတဲ့ဂလင်းတွေကနေ ထုတ်ပေးတဲ့ အရည်ကြည်လေးတွေပါ။အဲ့ဒီ့အရည်ကြည်လေးတွေက မိန်းမကိုယ်အတွင်းရှိဆဲလ်သေတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားသန့်စင်ပေးခြင်းဖြင့် မိန်းမကိုယ် ပိုး၀င်ခြင်းကိုကာကွယ်တာဆီးပေးပါတယ်။
အဖြူဆင်းခြင်းမှာ သာမန်အဖြူဆင်းခြင်းနှင့် သာမန်မဟုတ်တဲ့ အဖြူဆင်းခြင်းဆိုပြီးရှိပါတယ်။သာမန်အဖြူဆင်းခြင်းမှာ အနံ့မရှိသော အရည်ကြည် သို့မဟုတ် နို့နှစ်ရောင်ရှိတဲ့ အဖြူဆင်းခြင်းတို့ဖြစ်ပါတယ်။သာမန်မဟုတ်တဲ့အဖြူဆင်းခြင်းမှာတော့...
✅မှိုရောဂါကြောင့်အဖြူဆင်းခြင်း။
✅ အဖြူဆင်းချိန်ဆီးပူတာ ဆီးကျင်တာမျိုးဖြစ်
ခြင်း။
✅ အဖြူဆင်းချိန်အနံ့ပြင်းများနံခြင်း။
✅သာမန်ထက်အရည်ပြစ်များဆင်းခြင်း။
✅ အမြုပ်ထွက်ခြင်း။
✅မိန်းမကိုယ်ယားယံခြင်း။
✅ အခဲပုံစံအဖြူဆင်းခြင်းစသည့်လက္ခဏာတွေပဲဖြစ်ပါတယ်။
သာမန်မဟုတ်တဲ့အဖြူဆင်းခြင်းကိုကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့.....🧑⚕️👩🏼⚕️
✅တစ်ကိုယ်ရည်သန့်ရှင်းမှုကို ပုံမှန်ပြုလုပ်ခြင်း။
✅PH level မျှတသောသန့်စင်ဆေးရည်အသုံးပြု
ခြင်း။
✅ပေါ့ပါးသော အတွင်းခံများ ၀တ်ဆင်ခြင်း။
✅လိင်ဆက်ဆံရာတွင် ကွန်ဒုံးအသုံးပြုခြင်း။
စသည့်နည်းလမ်းတွေနဲ့ အထိုက်အလျောက်ကာကွယ်နိုင်ပါတယ်။
သင့်အနေနဲ့ သာမန်မဟုတ်တဲ့ အဖြူဆင်းခြင်း လက္ခဏာများကို ခံစားနေရပြီဆိုရင်တော့ ဆေးရုံဆေးခန်းများသို့သွားရောက်ပြီး ဆေးကုသမှုအမြန်ခံယူဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။🧑⚕️👩🏼⚕️
အဆုတ်ကောင်းအာင်ဘာတွေစားသင့်သလဲ?🧑⚕️
အခုလို ကပ်ရောဂါတွေဖြစ်ပွားနေချိန်မှာ အဆုတ်ကျန်းမာရေးကို အထူးဂရုစိုက်သင့်ပါတယ်။
အဆုတ်ဟာ ခန္ဓာကိုယ်ရဲ့ လေသန့်စင်စက်ကြီးပဲ
ဖြစ်ပါတယ်။ 🧑⚕️
အဆုတ်ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ ပြင်ပမှ ရှူသွင်းလာတဲ့ အောက်ဆီဂျင်တွေကို ကိုယ်ခန္ဓာအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေနဲ့ ဖလှယ်ပေးတဲ့ တာ၀န်ကို အဓိက လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ဒါကြောင့် အဆုတ်ကို ကျန်းမာအောင် အဆုတ်ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။🧑⚕️
ဒါကြောင့် ဒီနေ့မှာတော့ Peti Toe Healthcare Clinic ကနေ အဆုတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေကို မျှဝေပေးချင်ပါတယ်။
အဆုတ်အားကောင်းအောင် ဘာတွေကို အဓိက စားသုံးသင့်လဲ။🧑⚕️
✅Protein ဓါတ်များများပါသောအစားအစာများ(ဥပမာ-ပဲအမျိုးမျိုး၊အနီရောင်ရှိသော အသားများ၊ဥအမျိုးမျိုးနဲ့ တူနာငါး ) တို့ကိုစားသုံးသင့်ပါတယ်။
✅အခွံမာသီးများနဲ့ အစေ့အဆံများ
✅အဆီပါ၀င်မှုနည်းသော နွားနို့နဲ့ ဒိန်ချဉ်များ
✅ချင်း၊နနွင်းနှင့် ကြက်သွန်ဖြူ၊ကြက်သွန်နီတို့ကိုလည်း စားသုံးပေးသင့်ပါတယ်။
✅အသီးအရွက်အမျိုးမျိုး(ဥပမာ - ဂေါ်ဖီထုပ်အမျိုးမျိုး၊ပန်းသီး၊ဘယ်ရီသီးနဲ့ carotenoids ဓါတ်ကြွယ်၀သော မုန်လာဥနီ၊ ခရမ်းချဉ်သီးနဲ့ ဖရုံသီးတို့ကိုလည်း စားသုံးပေးသင့်ပါတယ်။
ဒါ့အပြင် ခံတွင်းရဲ့အရသာခံစားမှုပိုမိုကောင်းမွန်အောင် သွားကျန်းမာရေးကိုလည်း ဂရုစိုက်ပေးသင့်ပါတယ် ။လိုအပ်ပါက ခံတွင်းသန့်စင်ဆေးရည်သုံးသင့်ပါတယ်။
အဓိကအရေးကြီးတာကတော့ ရေများများသောက်ပေးရပါမယ်။ဆေးလိပ်သောက်ခြင်းကို ရှောင်ဖို့လိုပါတယ်။အသက်ရှုလေ့ကျင့်ခန်းကိုလည်း ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အဆုတ်ကျန်းမာရေးကိုဂရုစိုက်ထိန်းသိမ်းကြရအောင်နော်။🧑⚕️
#အဆုတ်ကျန်းမာရေး
#အစားအစာများ
🙏🙏🙏သီတင်းကျွတ်ဆုတောင်း🙏🙏🙏
ဝါလကင်းလွတ်သီတင်းကျွတ်အချိန်အခါသမတွင်
မြန်မာပြည်သူ၊ ပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေကြောင်း
Peti Toe Healthcare Clinic မိသားစု မှ
ဆုမွန်ကောင်းမေတ္တာပို့သလိုက်ပါသည်။ 🙏🙏🙏
#သီတင်းကျွတ်ဆုတောင်း
#ပီတိတိုး
ခရုသင်းသမင်ဖြူ ရောဂါဆိုတာကူးစက်ရောဂါလား? 👩🏼⚕
ခရုသင်းသမင်ဖြူ (vitiligo)ရောဂါဆိုတာ
မြန်မာနိုင်ငံနှင့် ကမ္ဘာ့ နိုင်ငံအများအပြားတွေမှာ
ဖြစ်ပွားလေ့ရှိပြီး အရေပြားပေါ်မှာ အကွက်လိုက်
အရောင်ပြောင်းစေတတ်တဲ့ အရေပြားဆိုင်ရာ
ရောဂါတစ်မျိုး ဖြစ်ပါတယ်။ 👩🏼⚕
ခရုသင်းသမင်ဖြူရောဂါဟာ
ကူးစက်ရောဂါမျိုုးမဟုတ်ပါ။
ခန္ဓာကိုယ်မှာရှိတဲ့ (Melanin)လို့ခေါ်တဲ့
အရေပြားရောင်ခြည်ဆဲလ်မရှိတဲ့
နေရာတွေမှာ အဖြူအကွက်လေးများဖြစ်လာပြီ
ခရုသင်းသမင်ဖြူများစတင် ပေါ်ပေါက်လာခြင်း
ဖြစ်ပါတယ်။👩🏼⚕
ရောဂါ လက္ခဏာတွေကတော့
✅အများဆုံးဖြစ်သည့်နေရာတွေကတော့
မျက်နှာ လည်ပင်း လက်တွေမှာဖြစ်တတ်ခြင်း။
✅အရေပြားပေါ်တွင် အဖြူရောင်အကွက်များ
စတင်ပေါ်ပေါက်လာခြင်း။
✅လက်သည်းများ အဖြူရောင် သန်းလာခြင်း ။
✅အရွယ်မတိုင်မှီ ဆံသားများ ဖြူလာခြင်း ။
✅လျှာအတွင်းပိုင်များ ဖြူလာခြင်း။
✅ခန္ဓာကိုယ်အတွင်းရှိ သွေးဖြူဥများ
တိုးပွားလာခြင်းနှင့်
ခန္ဓာကိုယ်ခုခံအားစနစ်မူမမှန်ခြင်းကြောင့်ဖြစ်သော
သိုင်းရွိုက်ဟော်မုန်းလွန်ကဲသောရောဂါရှိရင်လည်း
ခရုသင်းသမင်ဖြူရောဂါ ဖြစ်တတ်ပါတယ်။👩🏼⚕
ခရုသင်း သမင်ဖြူရောဂါဟာ
နာတာရှည်ရောဂါအမျိူးအစားဖြစ်ပြီး
အသက်အရွယ်အားဖြင့် အရွယ်လတ်ပိုင်းတွေ
မှာပိုအဖြစ်များကြပါတယ်။👩🏼⚕
ခရုသင်း သမင်ဖြူ ရောဂါရဲ့
နောက်ဆက်တွဲပြသနာတွေကတော့….
✅ခန္ဓာကိုယ်တွင်(Melanin) ရောင်ခြည်ဓါတ်မရှိ
သောကြောင့် နေရောင်ခြည်ဒဏ်ကို ပိုမိုခံရခြင်း။
✅မျက်လုံးအတွင်းသားများ
အရောင်ပြောင်းလဲလာခြင်း။
✅မိမိကိုယ်ကိုယုံကြည်မှုကျဆင်းလာခြင်းနှင့်
✅စိတ်ကျရောဂါများ ခံစားရခြင်းစသည့်
အကျိုးဆက်များကိုပါ ခံစားရစေပါတယ်။ 👩🏼⚕
ဒါကြောင့် မိမိအနီးနားပတ်၀န်းကျင်မှာ
၄င်းရောဂါဝေဒနာရှင်တွေကိုတွေ့ ရှိမယ်ဆိုရင်
ရောဂါကူးစက်နိုင်ခြင်းမရှိတဲ့အတွက်
ရှောင်ဖယ်ခြင်းမပြုကြပဲ
နွေးထွေးစွာထိတွေ့ဆက်ဆံပြီး စိတ်ဓါတ်မကျဖို့
ကူညီပံ့ပိုး အားပေးသင့်ပါတယ်။
ရောဂါလက္ခဏာများ စတင်ခံစားရပြီဆိုရင်လည်း
အရေပြားဆိုင်ရာ ကျွမ်းကျင်ဆရာဝန်တွေနှင့်
အမြန်ဆုံး တိုင်ပင်ပြီးကုသမှုခံယူခြင်းက
အကောင်းဆုံးပါပဲရှင် 👩🏼⚕
#ပီတိတိုး
#ခရုသင်းသမင်ဖြူရောဂါ
#အရေပြားပေါ်တွင်အဖြုူရောင်အကွက်များ
#ခရုသင်းသမင်ဖြူ
#ကူးစက်ရောဂါမဟုတ် #အားပေးပါ
#အကွက်ဖြူ #ဗဟုသုတ #ထိတွေ့
Covidရောဂါဆိုးကို ကာကွယ်ဖို့
ယခုချက်ချင်း စာရင်းပေးပါ။
✅၁၈နှစ်အောက်ကလေးများအတွက်
အိန္ဒိယနိုင်ငံ ထုတ် Covaxin
✅18နှစ်အထက်လူကြီးများအတွက်
အိန္ဒိယနိုင်ငံ ထုတ် Covishield
Booster သမားများနှင့် တစ်ကြိမ်မှ
မထိုးရသေးသော သူများလဲထိုးနှံနိုင်ပါသည်။
အိမ်ပင့်ဝန်ဆောင်မှုလည်း ရှိပါသည်။
📌သင်္ဘောသားများ yellow book တပါတည်း
ယူဆောင်လာပါရှင် တံဆိပ်တုံး တစ်ခါတည်း
ထုပေးပါသည်။
နိုင်ငံတကာထွက်မည့်သူများကို
ဦးစားပေးဆောင်ရွက်ပေးနေပါသည်။
📌နိုင်ငံခြားသားcompanyကြီးနှင့်ဝန်ထမ်းများ
📌စက်ရုံလုပ်သားများ
📌ဘာသာရေးအသင်းအဖွဲ့များ
📌NGO/သံရုံးဝန်ထမ်းနှင့်မိသားစုဝင်များ စသည်တို့ကို လူဦးရေ ထောင်ချီ ထိုးနှံပေးပြီး ဖြစ်ပါသည်။
✅cold chainကိုစနစ်တကျ စီစဥ်ထားပြီး
ဆေးစစ်မှန်မှုကို အာမခံပါသည်။
ဆေးထိုးပြီးကြောင်း QR ပါသော
နိုင်ငံတကာ အသိအမှတ်ပြုထောက်ခံချက်
လက်မှတ် ရရှိမည်ဖြစ်ပါသည်။
booking ရရန်အတွက် chatbox တွင်
အမည်ဖုန်းချန်ထားပေးပါရန်
☎️ ဖုန်းနံပါတ် ☎️
𝟬𝟵-𝟳𝟴𝟱𝟱𝟯𝟯𝟴𝟭𝟳
𝟬𝟵-𝟳𝟴𝟱𝟱𝟯𝟯𝟳𝟲𝟴 ကို မနက် ၉နာရီမှ ညနေ ၅နာရီ
အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Chat box တွင် ဖုန်းနံပါတ်ချန်ထားပါက
ပြန်လည်ဆက်သွယ်ပေးပါတယ်။
( စာရင်းပေးလိုပါက နာမည်၊ ဖုန်းနံပါတ် ကို
Chat box တွင်ပို့ထားပေးပါရန် )
Company ပင့်၊ အိမ်ပင့်ဝန်ဆောင်မှုရှိပါတယ်။
နောက်ထပ်ပေါ်လာတဲ့ မျိုးကွဲအသစ်တွေက
ရောဂါပိုးပြင်းထန်မယ်၊ ပျော့မယ်ဆိုတာ
ဘယ်သူမှမခန့်မှန်းနိုင်သေးပါဘူး။
🚨 မျိုးကွဲအသစ်များ ထပ်မံဖြစ်ပေါ်နေတာကြောင့် ..
✅မပေါ့ဆကြပါနဲ့ ။
✅အကြောက်လဲမလွန်ကြပါနဲ့။
✅Mask တပ်ပါ။
✅လက်မကြာခဏဆေးပါ။
✅လူစုလူဝေးနေရာတွေရှောင်ပါ။
✅ အာဟာရပြည့်ဝအောင်စားသုံးပါ။
✅ လေ့ကျင့်ခန်းလုပ်ပါ။
✅ အိပ်ရေးဝအောင် အိပ်ကြပါ။
#အိမ်ပင့် #အိမ်ပင့်ဝန်ဆောင်မှု #အိမ်ပင့်ကာကွယ်ဆေးထိုးခြင်း
#ကာကွယ်ဆေး
#ကာကွယ်ခြင်းသည်ကုသခြင်းထက်ပို၍ကောင်းသည်။
#အသက်၁၈နှစ်အထက်ကာကွယ်ဆေး
#အသက်၁၈နှစ်အောက်ကာကွယ်ဆေး
ဝါဆိုလပြည့်၊ ဓမ္မစကြာအခါတော်နေ့ ကစပြီး
သတ္တဝါအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ Peti Toe Helath Care Clinic မှ
ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ 🙏🙏
#ဝါဆိုလပြည့်
Covid 19 Update ‼️‼️
နောက်ဆုံး ပေါ် အိုမီခရွန်
Omicron BA.4 and BA.5
အိုမီခရွန် ပိုးအသစ် ကိုဗစ်လှိုင်းအသစ်
ပြန်စနေပါပြီ 🚨🚨🚨
BA.4 နဲ့ BA.5 လို့ခေါ်တဲ့ ကိုဗစ်ပိုးအသစ်ဟာ
ကာကွယ်ဆေး ၂ လုံး ထိုးထားသူတွေရော၊
ကိုဗစ်ဖြစ်ပြီးသားသူတွေမှာလဲ ထပ်မံဖြစ်ပေါ်
နိုင်ကြောင်း သိရှိရပါတယ်။
BA.4 ကို တောင်အာဖရိက၊ ဘော့စဝါးနား၊
ဒိန်းမတ်၊ စကော့တလန်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ ဖြစ်ပေါ်နေကြောင်း တွေ့ရှိခဲ့ကြပြီး
BA.5 ကိုတော့မေလမှာ ပေါ်တူဂီနိုင်ငံမှာ
တွေ့ရှိခဲ့ရကြောင်း သိရှိရပါတယ်။
ဇွန်လမှာတော့ BA.4 နဲ့ BA.5 ကိုပါ
အင်္ဂလန် နဲ့ ဂျာမဏီနိုင်ငံမှာ တွေ့ရှိခဲ့ပြီး
ပြင်သစ်နိုင်ငံမှာလဲ ထပ်မံ တွေ့ ရှိခဲ့ကြောင်း
သိရှိရပါတယ်။
ဇွန်၂၈ရက်မှာတော့ အမေရိကား
မှာတွေ့ရှိရပြီး ယခုအချိန်တွင် နယူးယောက်နဲ့
ကယ်လီဖိုးနီးယားမှာ BA.4 နဲ့ BA.5
စပြန့်နေပြီဖြစ်ပါတယ်။
အာရှမှာဆိုရင် ယိုးဒယား နဲ့ မလေးရှား မှာ
ပြန့် နေ ပြီဖြစ်တာကြောင့် မြန်မာပြည်ကိုလဲ
အနှေးနဲ့အမြန် ကူးစက်ပျံ့နှံ့လာနိုင်တာကြောင့်
တစ်ဦးတစ်ယောက်ချင်းစီ သတိထားကြဖို့
လိုအပ်ပါတယ်။
မျိုးကွဲအသစ်ဖြစ်တာကြောင့်
ရောဂါပိုးပြင်းထန်မယ်၊ ပျော့မယ်ဆိုတာ
ဘယ်သူမှမခန့်မှန်းနိုင်သေးပါဘူး။
ပိုးရှိပေမယ့် Rapid test kits မှာ Negative
ပြနိုင်ကြောင်း ထပ်မံသိရှိရပါတယ်။
ရှန်ဟိုင်းမှာလည်း အခြေနေဆိုးနေကြောင်း
ထပ်မံသိရှိရပါတယ်။
Dr William Aye post မှမှီငြမ်း
ကိုးကားဖော်ပြလိုက်ပါသည်။
🚨မျိုးကွဲအသစ်ဖြစ်တာကြောင့် ...
✅မပေါ့ဆကြပါနဲ့ ။
✅အကြောက်လဲမလွန်ကြပါနဲ့။
✅Mask တပ်ပါ။
✅လက်မကြာခဏဆေးပါ။
✅လူစုလူဝေးနေရာတွေရှောင်ပါ။
✅ အာဟာရပြည့်ဝအောင်စားသုံးပါ။
✅ လေ့ကျင့်ခန်းလုပ်ပါ။
✅ အိပ်ရေးဝအောင် အိပ်ကြပါ။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို မိမိမှစပြီး
ကာကွယ်လိုက်ရအောင်နော် 🙏🙏
.BA5
#ကိုရိုနာမျိုးစိတ်အသစ်
#ကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုကောင်းသည်
သွေးတိုးရောဂါ ဆိုတာဘာလဲ။
သွေးတိုးရောဂါဆိုတာက သွေးဖြတ်သန်း
စီးဆင်းတဲ့ သွေးလွှတ်ကြောတွေဟာ ပုံမှန်
ဖိအားထက်များနေတဲ့ သွေးပေါင်တက်တဲ့
အခြေအနေကို ခေါ်တာ ဖြစ်ပါတယ်။ 👨🏻⚕️
သွေးတိုးရောဂါဟာအဖြစ်များပြီး
သွေးတိုးရှိသူတွေဟာ နှစ်ပေါင်းများစွာ
ဘာလက္ခဏာမှ မပြတာလဲ ဖြစ်နိုင်ပါတယ်။💁🏻♀️
ရောဂါလက္ခဏာတွေ မရှိပဲနဲ့ ရေရှည်မှာဆိုရင်
သူဟာ ကျန်းမာရေး ပြဿနာတွေ ဖြစ်တဲ့
နှလုံးရပ်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကိုပါ
ဖြစ်စေနိုင်ပါတယ်။🧑🏻⚕️
သွေးပေါင်တက်ခြင်းရဲ့ လက္ခဏာတွေက
ဘာတွေလဲ။ 👩🏻⚕️👨🏻⚕️
သွေးတိုးရောဂါ လက္ခဏာ တွေကတော့ …
❗️ခေါင်းကိုက်ခြင်း
❗️မောခြင်း
❗️နှာခေါင်းသွေးယိုခြင်း
❗️သွေးရောင်ဖြန်းခြင်း
❗️ခေါင်းမူးခြင်း
❗️ရင်ဘတ်အောင့်ခြင်း
❗️အမြင်အာရုံပြောင်းလဲခြင်းနဲ့
❗️ဆီးထဲ သွေးပါခြင်း တို့ ဖြစ်ပါတယ်။
သွေးတိုးရှိမရှိ သိဖို့ကတော့ ပုံမှန်သွေးပေါင်ချိန်
ခြင်းဟာ အကောင်းဆုံးနည်းဖြစ်ပါတယ်။
အိမ်မှာ ကိုယ်တိုင် သွေးပေါင်ချိန်နိုင်ပြီး
ဆေးရုံမှာလည်း ပုံမှန် သွားရောက်
စစ်ဆေးနိုင်ပါတယ်။ သွေးတိုးသတ်မှတ်ရန်
သွေးပေါင်ချိန်ခြင်းကို ၂-၃ကြိမ်ကို
၃ရက်တိတိပြုလုပ်သင့်ပါတယ်။ 👨🏻⚕️🧑🏻⚕️
သွေးတိုးရောဂါ နှစ်မျိုးရှိပြီး တစ်မျိုးစီမှာ
ဖြစ်စေတဲ့ အကြောင်းရင်း တစ်ခုစီရှိပါတယ်။
✅ပထမအဆင့် သွေးတိုးခြင်း
ပထမအဆင့်သွေးတိုးခြင်းကို
essential hypertension လို့လည်းခေါ်ပါတယ်။
အပေါ်သွေး ၁၄၀-၁၅၉ အထိရှိပြီး
အောက်သွေး ၉၀-၉၉ အထိရှိနိုင်ပါတယ်။
အကြောင်းရင်းကတော့ မိသားစုမျိုးရိုး
လိုက်တာ ဖြစ်နိုင်ပါတယ်။ အောက်ပါ
အချက်တွေတော့ ပေါင်းစပ်ပါဝင်နိုင်ပါတယ်။
❗️မျိုးရိုးဗီဇ
❗️ကိုယ်ခန္ဓာ ပြောင်းလဲမှု
❗️ပတ်ဝန်းကျင်
✅ဒုတိယအဆင့် သွေးတိုးခြင်း
ဒုတိယအဆင့် သွေးတိုးခြင်းဟာ
ပထမအဆင့် သွေးတိုးခြင်းထက်
ပိုမိုပြင်းထန်ပါတယ်။ အပေါ်သွေး
၁၆၀အထက်ရှိနိုင်ပြီး အောက်သွေး
၁၀၀ mmHg အထက်ရှိနိုင်ပါတယ်။
ဖြစ်စေတဲ့ ရောဂါတွေကတော့
❗️ကျောက်ကပ်ရောဂါ
❗️မွေးရာပါ နှလုံးရောဂါ
❗️သိုင်းရွိုက် ပြဿနာများ
❗️ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ
❗️တရားမဝင်တဲ့ ဆေးတွေသုံးစွဲခြင်း
တွေပဲ ဖြစ်ပါတယ်။
သွေးပေါင်ထိန်းပေးနိုင်တဲ့ အလေ့အကျင့်
တွေကတော့…
✅ကျန်းမာရေးနဲ့ ညီညွတ်တဲ့
အစားအသောက်တွေ စားခြင်း
✅လှုပ်လှုပ်ရှားရှား ရှိခြင်း
✅အရက်အလွန်သောက်ခြင်းမှ ရှောင်ကျဉ်ခြင်း
✅ဆေးလိပ်ဖြတ်ခြင်း (သို့)
ဆေးလိပ်ငွေ့ရှူရှိုက်မှုက ကာကွယ်ခြင်း
✅စိတ်ဖိစီးမှု ထိန်းချုပ်ခြင်း
✅မိသားစုနဲ့ သူငယ်ချင်းတို့ထံမှ
အားပေးမှုရခြင်း တွေပဲဖြစ်ပါတယ်။
ဒါ့အပြင် ဆရာဝန်နဲ့တိုင်ပင်ပြီး
သွေးတိုးဆေးတွေကိုလဲ သောက်သုံးပြီး
သွေးတိုးရောဂါကို ထိန်းနိုင်ပါတယ်ရှင် 🧑🏻⚕️👨🏻⚕️
#အဖြစ်များတဲ့သွေးတိုးရောဂါ
Click here to claim your Sponsored Listing.