မိဘမေတ္တာ သူနာပြုအကူ သင်တန်း

အလုပ်ရှာနေတာလား သင်တန်းတစ်ခု အရင်တ?

11/08/2021

သူနာပြုသစ္စာအဓိဌာန်
*******************
၁။ ကျွန်ုပ်တို့သည် လူသားအားလုံး၏ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကို ကျွန်ုပ်၏အရေးကဲ့သို့ ယူဆပါအံ့။

၂။ ကျွန်ုပ်တို့သည် သူနာပြုများ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး အကျင့်စာရိတ္တပျက်ပြားမှုမှ ရှောင်ကြဥ်ပါအံ့။

၃။ ကျွန်ုပ်တို့သည် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဂီလာနပုဂ္ဂိုလ်များအား လူမျိုး၊ ဘာသာ၊ အဆင့်အတန်းမခွဲခြားဘဲ ပြုစုပါအံ့။

၄။ ကျွန်ုပ်တို့သည် လူသားတို့၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်မည့် မည်သည့်အပြုအမူမျိုးကိုမဆို တားဆီးကာကွယ်ပါအံ့။

၅။ ကျွန်ုပ်တို့သည် လူနာ၏ ဝေဒနာသက်သာမှုနှင့်ကျန်းမာရေး တိုးတက်မြင့်မားလာစေရန် အခြားကျန်းမာရေးဝန်ထမ်းများနဲ့ပူးပေါင်း၍ အစွမ်းကုန်ကြိုးစားဆောင်ရွက်ပါအံ့။

၆။ ကျွန်ုပ်တို့သည် လူနာ၏ ဂုဏ်သိက္ခာနှင့် ကိုးကွယ်ယုံကြည်မှုများကို အစဉ်လေးစားပါအံ့။

၇။ ကျွန်ုပ်တို့သည် လူနာ၏ အတွင်းရေးကိစ္စများကို ပြောဆိုသင့်သည့် အချက်များမှအပ လျှို့ဝှက်ချက်အနေဖြင့် စောင့်ထိန်းပါအံ့။

၈။ ကျွန်ုပ်တို့သည် သူနာပြုများ လိုက်နာရမည့် ကျင့်ဝတ်များကို စောင့်ထိန်းပြီး သူနာပြုအချင်းချင်းထာဝစဉ် စည်းလုံးညီညွှတ်ရန် အမြဲတစေဆောင်ရွက်ပါအံ့။

-Crush on Nurse-

09/08/2021

Covid ဖြစ်ပြီးသူတိုင်း
D-Dimer စစ်သင့်ပါတယ်။

D-Dimer မြင့်ရင်ထိုးရတဲ့ Enoxapirin သွေးကျဲဆေး ထိုးဆေးတွေဟာ ပစ္စည်းပြတ်လပ် ပြီးတော့ တချောင်း ၈ သောင်း ဝယ်မရတဲ့ အထိ ပြီးခဲ့တဲ့ ၁၀ ရက်လောက်က ဖြစ်သွားခဲ့ ပါသေးတယ်။ အခုတော့ တချောင်း၂ သောင်းဝန်းကျင် ပြန်ဖြစ်သွားပါပြီ။

COVID နှင့် D-Dimer
➖➖➖➖➖➖➖
ကိုဗစ်နှင့် သွေးပြစ်၊ သွေးခဲခြင်း
အကြောင်း ဖတ်ရှုလေ့လာမိသမျှ ။

ကိုဗစ်ဖြစ်တဲ့ လူနာတွေမှာ သွေးပြစ်မှုတွေရှိပါတယ်။ သွေးခဲမှုတွေ ရှိလာပါတယ်။
အဲ့ဒီအခြေအနေမှာ D-Dimer မြင့်တက်ပါတယ်။

✍️ D- Dimmer က အမြင့်ဆုံး 500 အောက် မှာပဲရှိရတယ်။ 1000 အထက်ဆိုရင် အသက်အန္တရယ်ရှိတယ်လို့ဆိုကြပါတယ်။

✍️ လူနာကို ပြုစုမည့်သူက လူနာ့ အခြေအနေကို ဆရာဝန်က နားလည်သလို နားလည်ဖို့ ခက်ပါတယ်။ ဒါပေမယ့် အထိုက်အလျှောက် နားလည်ထားသင့်ပါတယ်။

You Tube မှာနိုင်ငံတကာ ဆေးပညာရှင်တွေ ရှင်းပြထားတာတွေ လိုက်နားထောင် ပါတယ်။ နားလည် နေမှသာလျှင် ဘာကြောင့် ဘာဆေးတိုက်တယ် ၊ ဘာလုပ် ခိုင်းတယ် ဆိုတာကို သေသေချာချာ ရှင်းလင်း သိတာပါ။ ဒါမှသာ လူနာကို ပြုစုရတာ ထိရောက်တာပါ။

✍️D-Dimmer ဆိုတာဘာလဲ။

၁။ခန္ဓာကိုယ်ထဲမှာ သွေးကြောလေးတွေ ထိခိုက် မိပြီဆိုရင် သွေးယိုစိမ့်လာပါတယ်။ အဲ့ဒီအခါ သွေးယိုစိမ့်တဲ့နေရာမှာသွေးခဲပြီး ဖာထေးတဲ့ ဖြစ်စဉ်ပေါ်ပေါက်လာပါတယ်။

၂။ အဲ့ဒီနေရာမှာ Fibrin လို့ခေါ်တဲ့ ပရိုတိန်းအမျှင်လေးတွေ ထွက်လာပါတယ်။ အဲ့ဒီပရိုတိန်းအမျှင်လေးတွေကို Thrombin လို့ခေါ်တဲ့ ပျစ်ချွဲပရိုတိန်းတစ်မျိုးက ကော်လိုမျိုး ကပ်ပေးပါတယ်။ အဲ့ဒီနေရာမှာ သွေးကလဲ ခဲပါတယ်။ သွေးကြောထဲက အနာဖာတဲ့ ဖြစ်စဉ်ပါ။

၃။ သွေးကြောထဲက သွေးယိုစိမ့်စေတဲ့ထိခိုက်ဒဏ်ရာ ကောင်းသွားတဲ့အခါ စောစောကသွေးခဲထားတဲ့ ၊ ကပ်ထားတဲ့ Fibrin တွေကို Plasmin လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးက အပိုင်းအစ သေးသေးလေးတွေ ဖြစ်စေပြီး ကွာကျစေပါတယ်။

၄။ အဲ့ဒီကွာကျတဲ့ Fibrin အမှုန်အမွားလေးတွေကို Fibrin Degradation Products လို့ခေါ်ပါတယ်။ အဲ့ဒါကို D-Dimer လို့ခေါ်ပါတယ်။

၅။ ပုံမှန်အားဖြင့်အဲ့ဒီအမှုန်အမွားလေးတွေ တွေ့ပြီဆိုရင် သွေးခဲမှုဖြစ်စဉ် ဖြစ်ခဲ့တယ်ဆိုတာသိရပါတယ်။

✍️D-Dimer ကိုဘယ်အချိန်မှာ စစ်ဖို့လိုလဲ။

ပုံစံမမှန်သွေးခဲပြီး သွေးပြစ်ရောဂါတွေအတွက် သွေးထဲက D-Dimmer စစ်ကြည့်ရပါတယ်။

အောက်ပါ ရောဂါအခြေအနေတွေပါ။

1️⃣ Deep Vein Thrombosis ( DVT) ၊

သွေးပြစ်ရောဂါလို့ အသိများပါတယ်။ခြေထောက်တွေရောင်ကိုင်းပြီး နာ လာတာက ရောဂါလက္ခဏာပါ။

2️⃣ Pulmonary Embolism ( PE ) ၊

အဆုတ်ထဲက သွေးကြောပိတ်သွားတာပါ။ ခြေထောက်သွေးကြောထဲမှာ သွေးခဲသွားပြီး၊ အဲ့ဒီခဲသွားတဲ့သွေးဟာ သွေးကြော တစ်လျောက် ကနေ အဆုတ် သွေးကြောမျှင် လေးထဲရောက်ပြီး သွေးကြောပိတ် သွားတာပါ။ နှလုံးရောဂါ လက္ခဏာ နှင့် ခပ်ဆင်ဆင် တူပါတယ်။ အသက် ပြင်းပြင်း ရှုသွင်းလိုက်စဉ် စူးအောင့် သွားတာပါ။ အသက်ရှုမရတာ ၊ သွေးအန်တာတွေပါဖြစ်ပါတယ်။

3️⃣ Disseminated Intravascular Coagulation ( DIC)

ခန္ဓာကိုယ်နေရာအနှံ့ သွေးကြောတွေထဲ သွေးပြစ်၊ သွေးခဲပြီး၊ ခန္ဓာကိုယ်အနှံ့က အစိတ်အပိုင်းတွေဖြစ်တဲ့ ကျောက်ကပ်၊ အသည်း၊ နှလုံး၊ ဦးနှောက် တို့ဆီသွားတဲ့ သွေးကြောမျှင် လေးတွေကို သွားပိတ်နေတာပါ။ အသည်း၊ ကျောက်ကပ်၊ နှလုံး၊ ဦးနှောက်စတဲ့နေရာတွေကို သွေးမရောက် တော့တာပါ။
DIC က ပထမရောဂါ တစ်ခုရဲ့ နောက်ဆက်တွဲဖြစ်တာပါ။ ခန္ဓာကိုယ်ရောင်ကိုင်းခြင်း၊ ပိုးဝင်ခြင်း၊ ကင်ဆာ စတာတွေကြောင့် ကိုယ်ခံစွမ်းအား တုန့်ပြန်ရာကနေ DIC ဖြစ်တတ်ပါတယ်။

ကိုဗစ် နှင့် DIC အကြောင်းကို အောက်မှာဆက်လက်ရေးသားထားပါတယ်။

4️⃣ တစ်ခြား Thrombotic Condition သွေးကြောပိတ်ဆို့နိုင်တဲ့အခြေအနေများ တို့ဖြစ်ပါတယ်။

✍️ D-Dimmer ဆိုတာဘာလဲကိုဖတ်ပြီးရင် သွေးထဲမှာ D-Dimmer ရှိနေပြီဆိုရင် သွေးခဲမှု ဖြစ်ခဲ့တယ်ဆိုတာ ရှင်းသွားပါပြီ။

✍️ D-Dimmer မြင့်နေခြင်းဟာ

1️⃣ Venous Thromboembolism ( VTE ) သွေးကြောထဲသွေးခဲလို့ဖြစ်နိုင်ပါတယ်။

ဒါ့အပြင်

2️⃣ မကြာခင်ကမှ ခွဲစိတ်ကုသခံထားရတာ။

3️⃣ Trauma ရထားတာ။

4️⃣ ရောဂါပိုးဝင်နေတာ။

5️⃣ ကျောက်ကပ် နှင့် အသည်းရောဂါရှိနေတာ ။

6️⃣ Cancer ဖြစ်နေတာ။

7️⃣ ကိုယ်ဝန်လွယ်ထားတာ ။

စတဲ့အခြေအနေတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

✍️ ကိုဗစ် ၊ သွေးပြစ်ခြင်း နှင့် D-Dimmer

ကိုဗစ်ဖြစ်ရင် Disseminated Intravascular Coagulation ( အထက်မှာဖေါ်ပြခဲ့တဲ့ DIC ) ဖြစ်ပါတယ်။ သွေးပြစ်ပါတယ်။ သွေးပြစ်ရင် သွေးထဲက D-Dimmer ပမာဏတက်တာ သဘာဝပါ။

✍️ ကိုဗစ်ဖြစ်ရင် ဘာကြောင့် Disseminated Intravascular Coagulation ( DIC ) ဖြစ်လဲ ၊ သွေးပြစ်လဲကြည့်ရအောင်ပါ။

1️⃣ ဘာကြောင့်ဖြစ်လဲ ရှင်းလင်းပြတ်သားတဲ့ အဖြေမထုတ်နိုင် သေးပါဘူး။ သွေးပျစ်စေတဲ့ အကြောင်းရင်း များစွာ စုပေါင်းဖြစ်တာ လို့သာ ပညာရှင်တွေက ကောက်ချက်ချ ထားကြပါတယ်။

2️⃣ ကိုဗစ်ဖြစ်ရင် အဆုတ်ရောင်ကိုင်းလာပါတယ် ။ ဒါက သွေးပျစ်စေတဲ့ အကြောင်းတစ်ခုပါ။
၁။အဆုတ်ရောင်ကိုင်းခြင်းဟာ Cytokines Storm ကြောင့်ဆိုတာရှင်းပြဖူးပါတယ်။ ကိုဗစ်အကြောင်း Post အဟောင်းထဲမှာ ရှာဖတ် ကြည့်စေချင်ပါတယ်။
၂။အဆုတ်ရောင်ကိုင်းခြင်း နောက်တစ်ချက်က ကိုဗစ်ဗိုင်းရပ်ဟာ သွေးကြော တွေထဲက Endothelial Cell တွေကိုသွားပြီး ပူးကပ်သိမ်းပိုက် ထားလို့ပါ။ အဲ့ဒီလို လုပ်ထားတဲ့ အတွက် ကိုယ်ခံစွမ်းအားက Virus ကိုတိုက်ရင်း Endothelial Cell တွေကို ရန်သူမဟုတ်ပဲ တိုက်သလို ဖြစ်ပါတယ်။ ဒီလိုနဲ့ Cell တွေပျက်စီးတဲ့အခါ သွေးယိုစီးမှု ဖြစ်တဲ့အတွက် အထက်ဆုံးမှာ ရှင်းပြခဲ့တဲ့ အတိုင်း သွေးကြောတွေဖာထေးဖို့ သွေးခဲ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်လာပါတယ်။

3️⃣ Renin Angiotensin System ( RAS ) လုပ်ဆောင်ချက်နဲ့လည်း ဆိုင်ပါတယ်။
၁။သွေးပေါင်ချိန်ကျတဲ့အခါ ကျောက်ကပ်ကနေ Renin ထုတ်ပေးပါတယ်။
၂။အသည်းကနေ Angiotensinogen ထုတ်ပေး ကါတယ်။
၃။ Renin က Angiotensinogen အပေါ်သက်ရောက်ပြီး Angiotensin 1 ကိုဖြစ်စေပါတယ်။

👉 ဒီနေရာမှာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား စနစ်အလုပ်လုပ်ပုံကို အနည်းငယ် ရှင်းပြလိုပါတယ်။

၄။ ခန္ဓာကိုယ်ထဲမှာ Angiotensin Converting Enzyme 1 နှင့် 2 ဆိုတာရှိပါတယ်။
( ACE 1 ) ( ACE 2 )ဆိုတာရှိပါတယ်။
ACE 1 က Angiotensin 1 ကို Angiotensin 2 အဖြစ်ပြောင်းလဲပေးပါတယ်။
ACE 2 က Angiotensin 2 ကို Angiotensin 1-7 အဖြစ်ပြောင်းပေးပါတယ်။

၅။ Angiotensin 2 တွေက ကိုယ်ခံအားစနစ် တပ်မတော်ရဲ့ တပ်မှုးတွေပါ။ တပ်မှုး Angiotensin 2 တွေဟာ Macrophages လို့ခေါ်တဲ့ သူရဲကောင်းတွေကို ခိုင်းစေပြီး ရန်သူတွေကို တိုက်ခိုက် စေပါတယ်။ နောက်ပြီး Cytokines တွေကိုသုံးပြီး ပတ်ဝန်းကျင်က တစ်ခြား ကိုယ်ခံအားစနစ် တပ်သားတွေကို လှုံဆော်တပ်လှန့်လိုက်ပြီး ဝင်ကူ တိုက်စေပါတယ်။ အဲ့ဒိလိုတိုက်ပွဲတွေ ဖြစ်ပွါးတာကြောင့် ပျက်စီးရောင်ကိုင်းမှုတွေကို ဖြစ်စေပါတယ်။

ဒါကြောင့် Angiotensin 2 တွေဟာ ပျက်စီးရောင်ကိုင်းမှုတွေကို ဖြစ်ပေါ်စေသူတွေပါ။

၆။ Angiotension 1-7 ကတော့ အင်ဂျင်နီယာတပ်သားတွေ၊ ဆေးတပ်သားတွေပါ။ သူတို့က ပျက်စီးရောင်ကိုင်း မှုတွေကို လိုက်လံပြုပြင်ထိန်းသိမ်းကုသ ပေးသူတွေ ဖြစ်ပါတယ်။

ဒါကြောင့် Angiotensin 1-7 တွေဟာ ပျက်စီးရောင်ကိုင်းမှုကို တားဆီး ကုသပေးသူတွေပါ။

ဒါဟာ ခန္ဓာကိုယ် ခုခံအား စနစ်ရဲ့ တိုက်ခိုက်ချေမှုန်းမှု နှင့် လိုက်လံပြုပြင် ထိန်းသိမ်းပေးမှု သဘာဝပုံစံကြီးပါ။

၇။ ကိုဗစ်ဗိုင်းရပ်က အဆုတ်ထဲ ဝင်ရောက်တဲ့အခါ ACE 2 တွေထဲဝင်ပြီး ပုံတူပွါးလိုက်ကြပါတယ်။ ACE2 နှင့် COVID ခွဲမရအောင် ဖြစ်သွားပါတယ် ။ ကိုယ်ခံအား စနစ်ကလဲ ACE 2 ထဲမှာ ရန်သူရှိနေပြီဆိုပြီး ACE 2 ကို COVID နဲ့ရောပြီးတိုက်ပါတော့တယ်။

၈။ ACE 2 တွေမရှိတော့တဲ့ အခါ တိုက်ခိုက်ရေးသမား Angiotensin 2 ကို ပြုပြင်ကုသရေးသမား Angiotensin 1-7 အဖြစ် ပြောင်းလဲပေးမည့်သူ မရှိတော့ပါဘူး။

၉ ။ အဲဒီလို ပြုပြင်ရေးသမား Augiotensin 1-7 တွေ ဆက်လက် မဖြစ်ပေါ်၊ မဖြစ်ထွန်းတဲ့အတွက် ၊ တိုက်ခိုက်ရေးသမား Angiotensin 2 ကပဲ ထပ်ကာ၊ ထပ်ကာတိုးလာပြီး အဆုတ် Cell တွေကို ပိုမိုတိုက်ခိုက်ပါတော့တယ်။

၁၀။ ဒီလိုနဲ့ အဆုတ်ရဲ့လုပ်ဆောင်မှုတွေ ထိခိုက် ပျက်စီး ကုန်ပါတယ်။ ကိုယ်ခံအား စနစ်ကလည်း ဖျက်ဆီးရေးသာ ဆက်လုပ်ပါတယ်။ ဒါကြောင့်အဆုတ်ရောင်ကိုင်း လာပြီး သွေးပြစ်သွေးခဲခြင်းတွေ ဖြစ်ပါတယ်။

✍️ အဓိကမှတ်သားရမှာတော့ ကိုဗစ်တိုင်ခိုက်ခံရရင် ခန္ဓာကိုယ်ခံအားစနစ်ရဲ့ အချင်းချင်းမမှတ်မိတော့ပဲ တိုက်ခိုက်တဲ့လုပ်ဆောင်ချက်ကြောင့် အဆုတ်ရောင်ကိုင်းလာတယ်။ သွေးပြစ်သွေးခဲမှုတွေဖြစ်တယ် ။ အဆုတ်ယောင်ကိုင်းမှု၊ အဆုတ် Cell တွေတိုက်ခိုက်ခံရလို့ပျက်စီးတာတွေကြောင့် အသက်ရှုမရဖြစ်ပြီး လူနာ အသက်ဆုံးရှုံး ရတဲ့အထိ ဖြစ်တာပါ။

✍️ D-Dimmer အများကြီးတက်နေတာဟာ ခန္ဓာကိုယ်ထဲမှာ ရောင်ကိုင်းမှုတွေ အများကြီးဖြစ်တယ်။ Fibrin ပရိုတိန်း အမျှင်တွေ နဲ့ သွေးခဲမှုတွေပြုလုပ်ပေးပြီး သွေးယိုပြုပြင်ဖာထေးမှုတွေကို ခန္ဓာကိုယ်က အများကြီး ပြုလုပ်နေရတယ်။ အဲ့ဒီအသုံးပြုပြီးသား Fibrin ပရိုတိန်း အမျှင်တွေ အမှုန်စတွေအဖြစ် သွေးထဲ ပြန်ကျတဲ့ အမှုန်အမွှားတွေကို D-Dimmer လို့ ခေါ်ပါတယ်။ ဒါကြောင့် D-Dimmer အလွန်မြင့်တက် နေခြင်းဟာ ခန္ဓာကိုယ်ထဲအစိတ်အပိုင်း တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ခန္ဓာကိုယ် တစ်ခုလုံး စစ်ပွဲဒဏ် ခံနေရတယ် ဆိုတာ ပြနေပါတယ်။

✍️ အကြောင်းအရာက ရှုတ်ထွေးပြီး ၊ စာကရှည်ပါတယ်။ အတတ်နိုင်ဆုံး အရိုးရှင်းဆုံးဖြစ်အောင် ရှင်းပြထားပါတယ်။ တစ်ခေါက်နှင့် နားမလည်နိုင်ပါဘူး။ အနည်းဆုံးနှစ်ခေါက် ပြန်ဖတ်ပါဗျာ။

Crd, to Original

05/05/2020

https://www.facebook.com/746283849070708/posts/1083720001993756/

(Zawgyi)
သူနာျပဳယူနီေဖာင္းမ်ားျဖစ္ေပၚလာပံု

သူနာျပဳဝတ္စုံ (သို႔) သူနာျပဳယူနီေဖာင္းသည္ သူနာျပဳမ်ားျမတ္ႏိုး၊ တန္ဖိုးထားသည့္ ဂုဏ္ယူစရာမ်ားစြာထဲမွ တစ္ခုျဖစ္သည္။ သူနာျပဳဝတ္စုံတစ္ခုတည္းက သူနာျပဳအသက္ေမြးဝမ္းေၾကာင္းပညာရပ္ကို မျဖစ္ေစေသာ္လည္း ဌင္းတို႔က သူနာျပဳမ်ားအား သီးသန႔္ပညာရပ္တစ္ခုအျဖစ္ ထူးျခားစြာရပ္တည္ႏိုင္ရန္၊ သူနာျပဳတစ္ေယာက္အျဖစ္ျဖင့္ခြဲျခားသိရွိႏိုင္ရန္၊ ရာထူးအဆင့္အတန္းခြဲျခားႏိုင္ရန္ ႏွင့္ သန႔္ရွင္းစင္ၾကယ္မႈအတြက္ သူနာျပဳဝတ္စုံက မ်ားစြာကူညီေပးသည္။

၁၉ ရာစုႏွစ္၊ ေခတ္သစ္သူနာျပဳမေပၚေပါက္မီက ဖ်ားနာသူႏွင့္ ဒဏ္ရာရသူမ်ားကို ျပဳစုေစာင့္ေရွာက္ေပးသည့္ သူနာျပဳအလုပ္မ်ားကို ခရစ္ယာန္၊ သီလရွင္မ်ားကသာ ေဆာင္႐ြက္ခဲ့ၾကေသာေၾကာင့္ သူနာျပဳမ်ား၏ ပထမဆုံးယူနီေဖာင္းသည္ သီလရွင္မ်ား၏ ဝတ္စားမႈအေလ့အက်င့္မွ ဆင္းသက္လာမည္ဟု ဆိုရေပမည္။ သို႔ေသာ္ ယေန႔သူနာျပဳမ်ားဝတ္ဆင္ေနေသာ ယူနီေဖာင္းမ်ား၏ ေျပာင္းလဲမႈအစသည္ ဖေလာရင့္စ္ႏိုက္တင္ေဂးလ္ ထံမွစတင္ၿပီး တေျဖးေျဖး ေျပာင္းလဲလာခဲ့သည္။

၁၈၀၀ ေႏွာင္းပိုင္းကာလတြင္ ႏိုက္တင္ေဂးလ္သည္ ဖ်ားနာသူမ်ား ႏွင့္ ဒဏ္ရာရသူမ်ားအတြက္ တာဝန္ထမ္းေဆာင္ျခင္း အတတ္ပညာရပ္ကို ျဖန႔္ေဝရန္အတြက္ သူနာျပဳသင္တန္းေက်ာင္း တစ္ခုကိုဖြင့္လွစ္ခဲ့သည္။ ေလ့က်င့္သင္ၾကားထားေသာ သူနာျပဳမ်ား ႏွင့္ ေလ့က်င့္သင္ၾကားျခင္းမရွိေသာ သူနာျပဳမ်ားအၾကား ခြဲျခားႏိုင္ရန္အတြက္ သူမ၏ ေက်ာင္းသူတစ္ဦးမွ ယူနီေဖာင္းပုံစံကိုဖန္တီးေပးခဲ့သည္။

ဝတ္စုံမွာ ဖ်ားနာမႈမွကာကြယ္ရန္အတြက္ ဂါဝန္၊လက္ရွည္အက်ႌတြင္ ေရွ႕ဖုံးခါးစည္း Apron အသုံးျပဳထားသည့္ပုံစံျဖစ္ၿပီး သူနာျပဳ၏ဆံပင္ကိုသိမ္းဆည္းရန္အတြက္ အလြန္အမင္း တန္ဆာဆင္ထားေသာ သူနာျပဳ ေခါင္းေဆာင္းဦးထုပ္ (Cap ) တို႔ပါဝင္သည္။ ၎ဝတ္စုံသည္ ေခတ္သစ္သူနာျပဳသမိုင္းတြင္ မွတ္တမ္းျပဳထားသည့္ ပထမဆုံးသူနာျပဳယူနီေဖာင္းျဖစ္သည္။

သူနာျပဳယူနီေဖာင္းစတင္ခဲ့သည့္ ထိုကာလမွ ပထမကမာၻစစ္အထိ ယူနီေဖာင္းေျပာင္းလဲမႈ အနည္းငယ္သာ ရွိခဲ့သည္။ စစ္ပြဲအတြင္း ဒဏ္ရာရသူအေျမာက္အမ်ား ေဆး႐ုံသို႔ေန႔စဥ္ ေရာက္ရွိလာသည့္အတြက္ သူနာျပဳမ်ား ပိုမိုထိေရာက္ေရာက္ ႏွင့္ ျမန္ျမန္ဆန္ဆန္ေဆာင္႐ြက္ရန္လိုအပ္လာသည္။ ထိုကာလအတြင္း သူနာျပဳယူနီေဖာင္းမ်ားသည္ နာမက်န္းမႈမွကာကြယ္ရန္ ရည္႐ြယ္ခ်က္တစ္ခုတည္းအတြက္သာမဟုတ္ဘဲ အမ်ိဳးသမီးမ်ား၏ မြန္ျမတ္ေသာအက်င့္သီလကို ေဖာ္ျပရန္အတြက္ အေလးေပးခဲ့ၾကသည္။

ထို႔ေၾကာင့္ ႀကီးမားေလးလံေသာ ဝတ္စုံ ႏွင့္ ေရွ႕ဖုံးခါးစည္းပုံစံမ်ားသည္ လက္ေတြ႕မက်ဘဲ သူနာျပဳဝတ္စုံဒီဇိုင္းကို ေျပာင္းလဲရန္လိုအပ္ေၾကာင္း သိရွိလာၾကသည္။ ထို႔ေၾကာင့္ ယခင္ ႀကီးမားေလးလံသည့္ဝတ္စုံမ်ားအစား စကတ္(Skirt)မ်ားျဖင့္ ေျပာင္းလည္း အစားထိုးလိုက္သည္။

ဒုတိယကမာၻစစ္ႀကီးက သူနာျပဳယူနီေဖာင္းဒီဇိုင္းမ်ားကို ပိုမိုေကာင္းမြန္ေစရန္ႏွင့္ တိုးတက္မႈမ်ားကို ယူေဆာင္လာခဲ့ျပန္သည္။ သူနာျပဳဝတ္စုံမ်ားကို အက်ႌလက္အတိုပုံစံမ်ားျဖင့္ ေျပာင္းလဲဝတ္ဆင္လာၾကသည္။ အဓိကရည္႐ြယ္ခ်က္မွာ ဘက္တီးရီးယား၊ဗိုင္းရပ္စ္ ႏွင့္ ေရာဂါကူးစက္မႈကို ပိုမိုသတိျပဳလာေစရန္ ႏွင့္ သူနာျပဳမ်ားအားဝတ္စုံမ်ားကို အလြယ္တကူညစ္ညမ္းမႈမရွိေစရန္ ျဖစ္သည္။ ထိုကာလမ်ားအတြင္း ခြၽတ္ရ၊ လဲရလြယ္ကူၿပီး အလြယ္တကူ ေလွ်ာ္ဖြတ္ႏိုင္သည့္ apron မ်ားက သူနာျပဳမ်ား၏အေရးႀကီးေသာ ဝတ္စုံမ်ားအျဖစ္ ေခတ္စားလာျပန္သည္။

ထို႔အခ်ိန္မွစ၍ သူနာျပဳယူနီေဖာင္းမ်ားသည္ ၾကမ္းျပင္အထိရွည္လ်ားေသာ ဂါဝန္ ႏွင့္ apron မ်ားမွ ယေန႔ေရာင္စုံ Scrub ဝတ္စုံအက်ႌမ်ားအထိ ယူနီေဖာင္း၏ဒီဇိုင္းမ်ားသည္ သက္ေတာင့္သက္သာရွိမႈ၊ လုပ္ေဆာင္ႏိုင္စြမ္း၊ ေ႐ြ႕လ်ားမႈႏွင့္ သူနာျပဳမ်ား၏ရာထူးအဆင့္အေပၚ မူတည္၍ အမ်ိဳးမ်ိဳး ေျပာင္းလဲသြားေတာ့သည္။ ထိုသို႔ ေျပာင္းလဲေစခဲ့သည့္ အဓိကအေၾကာင္းအရင္း ႏွစ္ရပ္မွာ ၁၉၆၀ တြင္ အမ်ိဳးသမီးဆန္ဆန္ ဝတ္စားမႈပုံစံမ်ာမွ ခြဲထြက္လာျခင္းႏွင့္ ၁၉၇၀ ျပည့္ႏွစ္တြင္ အမ်ိဳးသားသူနာျပဳမ်ား ဝင္ေရာက္လာျခင္းတို႔ျဖစ္သည္။

၁၉၈၀ ႏွင့္ ၁၉၉၀ ျပည့္ႏွစ္မ်ားမွစတင္၍ ေဆး႐ုံေဆးခန္းမ်ားတြင္ scrubs အက်ႌမ်ား စတင္ေခတ္စားလာသည္။ အေရာင္အဆင္းပုံစံအမ်ိဳးမ်ိဳး ႏွင့္ သက္ေတာင့္သက္သာရွိမႈ၊ အလြယ္တကူမတြန႔္ေက်ႏိုင္သည့္အျပင္ လြယ္လြယ္ကူကူ ေလွ်ာ္ဖြတ္နိင္သည့္အတြက္ ေကာင္းေသာ အခြင့္အေရးတစ္ခုအျဖစ္ ရႈျမင္ၾကသူမ်ားရွိသလို အျခားတဖက္တြင္လည္း သူနာျပဳယူနီေဖာင္းမ်ား၏ ရည္ရြယ္ခ်က္ျဖစ္ေသာ သူနာျပဳမ်ား၏ ဂုဏ္သိကၡာ နွင့္ ကြ်မ္းက်င္မႈမ်ားကို ေဖာ္ညႊန္းမႈမရွိျခင္း နွင့္ အကူသူနာျပဳမ်ားႏွင့္ အျခားေသာ က်န္းမာေရးဝန္ထမ္းမ်ား ႏွင့္ အလြယ္တကူခြဲျခားမသိနိုင္သည့္အတြက္ လက္မခံသူမ်ားလည္းရွိပါသည္။

သူနာျပဳယူနီေဖာင္းမ်ားျဖစ္ေပၚလာပံုနွင့္ပတ္သက္ျပီး သင္ဘယ္လိုထင္ျမင္မိပါသလဲ၊
သင္႔ထင္ျမင္ခ်က္ ဒါမွမွဟုတ္ သူနာျပဳ၀တ္စံုျဖစ္ေပၚလာပံုနဲ့ ပတ္သက္ျပီး သင္ပိုထားတဲ့အၾကာင္းအရာေတြကိုလည္း ကြ်နု္ပ္တို႔ကို မွ်ေ၀ခ့ဲပါဦး။

'_Week




----------------------------------------------------
(Unicode)
သူနာပြုယူနီဖောင်းများဖြစ်ပေါ်လာပုံ

သူနာပြုဝတ်စုံ (သို့) သူနာပြုယူနီဖောင်းသည် သူနာပြုများမြတ်နိုး၊ တန်ဖိုးထားသည့် ဂုဏ်ယူစရာများစွာထဲမှ တစ်ခုဖြစ်သည်။ သူနာပြုဝတ်စုံတစ်ခုတည်းက သူနာပြုအသက်မွေးဝမ်းကြောင်းပညာရပ်ကို မဖြစ်စေသော်လည်း ဌင်းတို့က သူနာပြုများအား သီးသန့်ပညာရပ်တစ်ခုအဖြစ် ထူးခြားစွာရပ်တည်နိုင်ရန်၊ သူနာပြုတစ်ယောက်အဖြစ်ဖြင့်ခွဲခြားသိရှိနိုင်ရန်၊ ရာထူးအဆင့်အတန်းခွဲခြားနိုင်ရန် နှင့် သန့်ရှင်းစင်ကြယ်မှုအတွက် သူနာပြုဝတ်စုံက များစွာကူညီပေးသည်။

၁၉ ရာစုနှစ်၊ ခေတ်သစ်သူနာပြုမပေါ်ပေါက်မီက ဖျားနာသူနှင့် ဒဏ်ရာရသူများကို ပြုစုစောင့်ရှောက်ပေးသည့် သူနာပြုအလုပ်များကို ခရစ်ယာန်၊ သီလရှင်များကသာ ဆောင်ရွက်ခဲ့ကြသောကြောင့် သူနာပြုများ၏ ပထမဆုံးယူနီဖောင်းသည် သီလရှင်များ၏ ဝတ်စားမှုအလေ့အကျင့်မှ ဆင်းသက်လာမည်ဟု ဆိုရပေမည်။ သို့သော် ယနေ့သူနာပြုများဝတ်ဆင်နေသော ယူနီဖောင်းများ၏ ပြောင်းလဲမှုအစသည် ဖလောရင့်စ်နိုက်တင်ဂေးလ် ထံမှစတင်ပြီး တဖြေးဖြေး ပြောင်းလဲလာခဲ့သည်။

၁၈၀၀ နှောင်းပိုင်းကာလတွင် နိုက်တင်ဂေးလ်သည် ဖျားနာသူများ နှင့် ဒဏ်ရာရသူများအတွက် တာဝန်ထမ်းဆောင်ခြင်း အတတ်ပညာရပ်ကို ဖြန့်ဝေရန်အတွက် သူနာပြုသင်တန်းကျောင်း တစ်ခုကိုဖွင့်လှစ်ခဲ့သည်။ လေ့ကျင့်သင်ကြားထားသော သူနာပြုများ နှင့် လေ့ကျင့်သင်ကြားခြင်းမရှိသော သူနာပြုများအကြား ခွဲခြားနိုင်ရန်အတွက် သူမ၏ ကျောင်းသူတစ်ဦးမှ ယူနီဖောင်းပုံစံကိုဖန်တီးပေးခဲ့သည်။

ဝတ်စုံမှာ ဖျားနာမှုမှကာကွယ်ရန်အတွက် ဂါဝန်၊လက်ရှည်အင်္ကျီတွင် ရှေ့ဖုံးခါးစည်း Apron အသုံးပြုထားသည့်ပုံစံဖြစ်ပြီး သူနာပြု၏ဆံပင်ကိုသိမ်းဆည်းရန်အတွက် အလွန်အမင်း တန်ဆာဆင်ထားသော သူနာပြု ခေါင်းဆောင်းဦးထုပ် (Cap ) တို့ပါဝင်သည်။ ၎င်းဝတ်စုံသည် ခေတ်သစ်သူနာပြုသမိုင်းတွင် မှတ်တမ်းပြုထားသည့် ပထမဆုံးသူနာပြုယူနီဖောင်းဖြစ်သည်။

သူနာပြုယူနီဖောင်းစတင်ခဲ့သည့် ထိုကာလမှ ပထမကမ္ဘာစစ်အထိ ယူနီဖောင်းပြောင်းလဲမှု အနည်းငယ်သာ ရှိခဲ့သည်။ စစ်ပွဲအတွင်း ဒဏ်ရာရသူအမြောက်အများ ဆေးရုံသို့နေ့စဉ် ရောက်ရှိလာသည့်အတွက် သူနာပြုများ ပိုမိုထိရောက်ရောက် နှင့် မြန်မြန်ဆန်ဆန်ဆောင်ရွက်ရန်လိုအပ်လာသည်။ ထိုကာလအတွင်း သူနာပြုယူနီဖောင်းများသည် နာမကျန်းမှုမှကာကွယ်ရန် ရည်ရွယ်ချက်တစ်ခုတည်းအတွက်သာမဟုတ်ဘဲ အမျိုးသမီးများ၏ မွန်မြတ်သောအကျင့်သီလကို ဖော်ပြရန်အတွက် အလေးပေးခဲ့ကြသည်။

ထို့ကြောင့် ကြီးမားလေးလံသော ဝတ်စုံ နှင့် ရှေ့ဖုံးခါးစည်းပုံစံများသည် လက်တွေ့မကျဘဲ သူနာပြုဝတ်စုံဒီဇိုင်းကို ပြောင်းလဲရန်လိုအပ်ကြောင်း သိရှိလာကြသည်။ ထို့ကြောင့် ယခင် ကြီးမားလေးလံသည့်ဝတ်စုံများအစား စကတ်(Skirt)များဖြင့် ပြောင်းလည်း အစားထိုးလိုက်သည်။

ဒုတိယကမ္ဘာစစ်ကြီးက သူနာပြုယူနီဖောင်းဒီဇိုင်းများကို ပိုမိုကောင်းမွန်စေရန်နှင့် တိုးတက်မှုများကို ယူဆောင်လာခဲ့ပြန်သည်။ သူနာပြုဝတ်စုံများကို အင်္ကျီလက်အတိုပုံစံများဖြင့် ပြောင်းလဲဝတ်ဆင်လာကြသည်။ အဓိကရည်ရွယ်ချက်မှာ ဘက်တီးရီးယား၊ဗိုင်းရပ်စ် နှင့် ရောဂါကူးစက်မှုကို ပိုမိုသတိပြုလာစေရန် နှင့် သူနာပြုများအားဝတ်စုံများကို အလွယ်တကူညစ်ညမ်းမှုမရှိစေရန် ဖြစ်သည်။ ထိုကာလများအတွင်း ချွတ်ရ၊ လဲရလွယ်ကူပြီး အလွယ်တကူ လျှော်ဖွတ်နိုင်သည့် apron များက သူနာပြုများ၏အရေးကြီးသော ဝတ်စုံများအဖြစ် ခေတ်စားလာပြန်သည်။

ထို့အချိန်မှစ၍ သူနာပြုယူနီဖောင်းများသည် ကြမ်းပြင်အထိရှည်လျားသော ဂါဝန် နှင့် apron များမှ ယနေ့ရောင်စုံ Scrub ဝတ်စုံအင်္ကျီများအထိ ယူနီဖောင်း၏ဒီဇိုင်းများသည် သက်တောင့်သက်သာရှိမှု၊ လုပ်ဆောင်နိုင်စွမ်း၊ ရွေ့လျားမှုနှင့် သူနာပြုများ၏ရာထူးအဆင့်အပေါ် မူတည်၍ အမျိုးမျိုး ပြောင်းလဲသွားတော့သည်။ ထိုသို့ ပြောင်းလဲစေခဲ့သည့် အဓိကအကြောင်းအရင်း နှစ်ရပ်မှာ ၁၉၆၀ တွင် အမျိုးသမီးဆန်ဆန် ဝတ်စားမှုပုံစံမျာမှ ခွဲထွက်လာခြင်းနှင့် ၁၉၇၀ ပြည့်နှစ်တွင် အမျိုးသားသူနာပြုများ ဝင်ရောက်လာခြင်းတို့ဖြစ်သည်။

၁၉၈၀ နှင့် ၁၉၉၀ ပြည့်နှစ်များမှစတင်၍ ဆေးရုံဆေးခန်းများတွင် scrubs အင်္ကျီများ စတင်ခေတ်စားလာသည်။ အရောင်အဆင်းပုံစံအမျိုးမျိုး နှင့် သက်တောင့်သက်သာရှိမှု၊ အလွယ်တကူမတွန့်ကျေနိုင်သည့်အပြင် လွယ်လွယ်ကူကူ လျှော်ဖွတ်နိင်သည့်အတွက် ကောင်းသော အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ကြသူများရှိသလို အခြားတဖက်တွင်လည်း သူနာပြုယူနီဖောင်းများ၏ ရည်ရွယ်ချက်ဖြစ်သော သူနာပြုများ၏ ဂုဏ်သိက္ခာ နှင့် ကျွမ်းကျင်မှုများကို ဖော်ညွှန်းမှုမရှိခြင်း နှင့် အကူသူနာပြုများနှင့် အခြားသော ကျန်းမာရေးဝန်ထမ်းများ နှင့် အလွယ်တကူခွဲခြားမသိနိုင်သည့်အတွက် လက်မခံသူများလည်းရှိပါသည်။

သူနာပြုယူနီဖောင်းများဖြစ်ပေါ်လာပုံနှင့်ပတ်သက်ပြီး သင်ဘယ်လိုထင်မြင်မိပါသလဲ၊
သင့်ထင်မြင်ချက် ဒါမှမှဟုတ် သူနာပြုဝတ်စုံဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး သင်ပိုထားတဲ့အကြာင်းအရာတွေကိုလည်း ကျွနု်ပ်တို့ကို မျှဝေခဲ့ပါဦး။

'_Week

18/03/2020

https://m.facebook.com/story.php?story_fbid=928467317519026&id=746283849070708

Zawgyi: သူနာျပဳအတတ္သည္ ေမတၱာ၊ က႐ုဏာ၊ မုဒိတာ၊ ဥေပကၡာ တည္းဟူေသာ ျဗဟၼစိုရ္တရားေလးပါးအေပၚအေျခခံထား၍ ေဝဒနာရွင္တို႔အား ကိုယ္က်ိဳးမငဲ့ဘဲ ျပဳစုလုပ္ကိုင္ေပးရေသာ လုပ္ငန္းတစ္ရပ္ျဖစ္၍ ေစတနာ့ဝန္ထမ္းလုပ္ငန္းတစ္ခုအျဖစ္မွ စတင္ခဲ့သည္။ ကမာၻတစ္ဝွမ္း၌ သူနာျပဳအတတ္သည္ လူမႈေရးက႑တြင္ အေရးပါေသာလုပ္ငန္းတရပ္အေနျဖင့္ လြန္ခဲ့ေသာႏွစ္ေပါင္း ၁ဝဝ နီးပါး ခန႔္ကမွ ထင္ရွားေခတ္စားလာခဲ့သည္။

လူေနမႈအဆင့္အတန္းနိမ့္က်စဥ္ ေရွးေခတ္အခါက နာဖ်ားမက်န္းရွိသူမ်ားကို ဂ႐ုတစိုက္ျပဳစုေစာင့္ေရွာက္ကုသျခင္းမျပဳၾကသည့္ျပင္ မေကာင္းဆိုးဝါး၏ေႏွာင့္ယွက္ျခင္းဟုသာ ယူဆၾကသျဖင့္ နာမက်န္းသူထံမွမေကာင္းဆိုး ဝါးထြက္သြားေစရန္ ႐ိုက္ေမာင္းပုတ္ေမာင္း ပင္ျပဳခဲ့ၾကသည္။

လူေနမႈအဆင့္အတန္း တစ္စတစ္စ တိုးတက္လာေသာအခါမွ နာဖ်ားမက်န္းမာသူမ်ား၊ မသန္မစြမ္းသူမ်ား၊ ကေလးသူငယ္မ်ားအား ေစာင့္ေရွာက္ျပဳစုရန္သည္ လူသားတို႔၏တာဝန္တစ္ရပ္ဟု သိရွိနားလည္လာၾကသည္။ သို႔ေသာ္သူနာျပဳစုျခင္းသည္ ကုသိုလ္ျဖစ္သက္သက္သာ ျဖစ္ခဲ့ၿပီး အသက္ေမြးဝမ္းေၾကာင္းတစ္ရပ္အေနျဖင့္ အသြင္ေျပာင္းလာခဲ့သည္မွာလည္း မၾကာလွေသးေခ်။

သူနာျပဳအတတ္သည္ ေရွးပေဝဏီကပင္ရွိခဲ့ေၾကာင္း ေရွးစာေပက်မ္းဂန္မ်ားအရ သိရွိရေပသည္။ အိႏၵိယႏိုင္ငံတြင္ ေဂါတမျမတ္စြာဘုရားလက္ထက္၌ ေပၚေပါက္ထင္ရွားခဲ့ေသာသမားအေက်ာ္အေမာ္ႀကီး ဇီဝကသည္ သူနာျပဳတို႔လိုက္နာေဆာင္႐ြက္အပ္ေသာ က်င့္ဝတ္မ်ားကိုသတ္မွတ္ထားရွိခဲ့သည္။

ဗက္ဗီလုံးေရွးေဟာင္းစာေပ၊ အီဂ်စ္ေရွးေဟာင္းစာေပတို႔၌လည္း သူနာျပဳအတတ္ႏွင့္စပ္လ်ဥ္းေသာအခ်က္အလက္မ်ားကို ေရးသားထားခ်က္မ်ားေတြ႕ရသည္ ဟုဆိုၾကသည္။ ခရစ္ေတာ္ေပၚၿပီးေနာက္တြင္လည္း ခရစ္ေတာ္၏အဆုံးအမအရ ခရစ္ယန္အမ်ိဳးသားသင္းေထာက္ႏွင့္အမ်ိဳးသမီးသင္းေထာက္ တို႔သည္ သူနာမ်ားကိုေကာင္းမြန္စြာျပဳစုေစာင့္ေရွာက္ခဲ့ၾကသည္။

သူနာျပဳမ်ားကိုျပဳစုေစာင့္ေရွာက္ရန္ ေနာင္အခါ အယူဝါဒဘာသာေရးဂိုဏ္းမ်ားက တည္ေထာင္ေဆာင္ ႐ြက္ေသာ သူနာ႐ုံမ်ား ဥေရာပတိုက္တြင္ တစ္စတစ္စ ေပၚေပါက္လာသည္။ ထိုမွ်သာမကက႐ူးဆိတ္စစ္ ပြဲမ်ားကို အေၾကာင္းျပဳ၍ စစ္ပြဲအတြင္းထိခိုက္ဒဏ္ရာရသူမ်ားအား ျပဳစုေစာင့္ေရွာက္ရန္အတြက္ စစ္သူနာျပဳ အဖြဲ႕အစည္းမ်ားလည္း ရွိခဲ့ေလသည္။ သို႔ေသာ္ ခရစ္ႏွစ္ ၁၅၃၆-၄ဝ ျပည့္ႏွစ္မ်ားတြင္ ဘုန္းႀကီးေက်ာင္းမ်ားကို ဖ်က္သိမ္းလိုက္သျဖင့္ သူနာျပဳလုပ္ငန္းသည္ ဥေရာပႏိုင္ငံမ်ားတြင္ ေမွးမွိန္သြားခဲ့ရသည္။

သူနာျပဳအလုပ္သည္ အညစ္အေၾကး ႏွင့္ဆက္စပ္သျဖင့္ ေအာက္တန္းက်ေသာအလုပ္ဟူ၍အထင္အျမင္လြဲမွားခဲ့ၾကသည္။ ထိုေၾကာင့္ က႐ုဏာရွင္သာသနာ ျပဳဝန္ထမ္းမ်ားႏွင့္ဆင္းရဲသူ ဆင္းရဲသားမ်ားသာလွ်င္ေဆာင္႐ြက္ခဲ့ၾကေလသည္။

တစ္ဆယ့္ကိုးရာစုႏွစ္တြင္မူ သူနာျပဳအတတ္သည္ တစ္စတစ္စျဖင့္ ျပန္၍ေခတ္စားလာေလသည္။ စက္မႈ ေတာ္လွန္ေရး အေရးေတာ္ပုံသည္ သူနာျပဳအတတ္ကိုျပန္၍ အေျချမႇင့္ေပးေသာ အေၾကာင္းတစ္ရပ္ျဖစ္၍ အျခား အေၾကာင္းတစ္ရပ္မွာ ေဆးပညာတိုးတက္လာမႈျဖစ္ေပသည္။ ထိုသို႔ေဆးပညာ တိုးတက္လာေသာအခါ သူနာျပဳသည္ဆရာဝန္မ်ား၊ သမားမ်ားအတြက္ အေရးပါေသာအကူအညီ တစ္ေယာက္ျဖစ္လာသည္။

လူအမ်ား၏ အထင္ေသးခံရေသာ အလုပ္တစ္ခုအျဖစ္မွ မြန္ျမတ္ေသာအလုပ္တစ္ခု အျဖစ္သို႔ ေရာက္ေအာင္ သူနာျပဳအတတ္၏ အဆင့္အတန္းကို ျမႇင့္တင္ေပးခဲ့သူမ်ားအနက္ အထင္ရွားဆုံးမွာ ကမာၻေက်ာ္သူနာျပဳ ဖေလာ္ရင့္ႏိုက္တင္ေဂး ျဖစ္ေပသည္။ ႏိုက္တင္ေဂး ေဆာင္႐ြက္ခဲ့မႈကိုအေၾကာင္းျပဳ၍ စစ္မက္ေရးရာမ်ားတြင္ စစ္သူနာမ်ားကို ျပဳစုေစာင့္ေရွာက္ရန္ ၾကက္ေျခနီအသင္းႀကီး ေပၚေပါက္ခဲ့သည္။

သူနာျပဳအတတ္ေပၚစဥ္က သူနာျပဳလုပ္ငန္း၏ နယ္ပယ္သည္ က်ဥ္းေျမာင္းလွသည္။ ထိုစဥ္ ကသူနာျပဳမ်ား၏ အလုပ္မွာ သူနာမ်ားကိုျပဳစုေပး႐ုံမွ်သာျဖစ္ေလသည္။ ထိုေနာက္ လူေလာက၏တိုးတက္ေျပာင္းလဲလာေသာအေျခအေနႏွင့္ လိုက္ေလ်ာညီစြာ သူနာျပဳလုပ္ငန္း၏ နယ္ပယ္သည္လည္း က်ယ္ဝန္းလာသည္။

ေခတ္အေလ်ာက္ ေပၚေပါက္ ထြန္းကားလာေသာ သိပၸံပညာရပ္မ်ားကလည္း သူနာျပဳအတတ္ႏွင့္နည္းစံနစ္မ်ားကိုေခတ္မွီအဆင့္အတန္းသို႔ ေရာက္ရွိႏိုင္ေစရန္ ျမႇင့္တင္ေပးခဲ့ၾကသျဖင့္ ယဥ္ေက်းမႈ တိုးတက္လ်က္ရွိေသာ ႏိုင္ငံႀကီးမ်ားတြင္ သူနာျပဳလုပ္ငန္းသည္ အေရးပါေသာ ျပည္သူ႔က်န္းမာေရးလုပ္ငန္းႀကီးတစ္ခုအျဖစ္ သို႔ ေရာက္ရွိခဲ့ေလသည္။

သူနာျပဳလုပ္ငန္းသည္အမ်ိဳးသမီးမ်ား၏ လုပ္ငန္းတစ္ခုသဖြယ္ ျဖစ္ေနသည္။ အမ်ိဳးသားသူနာျပဳမ်ား ရွိလင့္ကစား အမ်ိဳးသမီးမ်ား၏ဦးေရႏွင့္ ႏႈိင္းစာလွ်င္ မေျပာပေလာက္ေပ။ စစ္သူနာျပဳအဖြဲ႕ မ်ားတြင္သာ အမ်ိဳးသားသူနာျပဳဦးေရက ပိုမိုမ်ားျပားေလသည္။ အကူအညီ အထူးလိုအပ္ေနေသာ လူနာမ်ားအားယုယပိုက္ေထြး သက္သာမႈေပးရသည့္ မြန္ျမတ္ေသာလုပ္ငန္းသည္ မိခင္စိတ္ရွိၾကေသာအမ်ိဳးသမီး မ်ားႏွင့္ပိုမိုေလ်ာ္ကန္ သင့္ျမတ္ေပသည္။ သို႔ေသာ္သာမန္အမ်ိဳးသမီးတိုင္းလည္း ထိုအလုပ္ကိုမလုပ္ ႏိုင္ၾကေခ်။

ဒုတိယကမာၻစစ္ မတိုင္မီေခတ္အထိ ျမန္မာႏိုင္ငံတြင္ ဗုဒၶဝါဒီျမန္မာ အမ်ိဳးသမီးမ်ားထဲမွ သူနာျပဳအလုပ္လုပ္ကိုင္သူ အလြန္နည္းပါးခဲ့သည္။ အယူဝါဒေရးအရၾကည့္လွ်င္ ေမတၱာ၊ က႐ုဏာ၊ ေစတနာတို႔ကိုအရင္းထားကာ ေဝဒနာရွင္တို႔အား ေဝဒနာမွ သက္သာရာရရန္ေစာင့္ေရွာက္ျပဳစုျခင္း၊ အသက္ကယ္ဆယ္ျခင္းစသည္တို႔ကိုေဆာင္႐ြက္ရသျဖင့္ အလြန္မြန္ျမတ္၍ ကုသိုလ္ပြားႏိုင္ေသာ အလုပ္ ျဖစ္ျငားေသာ္လည္း ႐ိုးရာဓေလ့အစြဲကေလးမ်ားကို မေဖ်ာက္ႏိုင္ၾကသျဖင့္ အညစ္အေၾကးႏွင့္ဆက္ စပ္ေသာ အလုပ္တစ္ခုအျဖစ္ လုပ္ကိုင္သူနည္းပါးခဲ့ျခင္းျဖစ္ေလသည္။

စစ္ၿပီးကာလေနာက္ပိုင္းတြင္မူ ထိုလုပ္ငန္း၏ မြန္ျမတ္ျခင္းကို သိျမင္လာၾကသျဖင့္ ဝင္ေရာက္လုပ္ကိုင္သူျမန္မာ အမ်ိဳးသမီးေလးမ်ား မ်ားျပားလာသည္။ စစ္ၿပီးကာလ ေနာက္ပိုင္းမွစ၍ ေဆးခန္း၊ေဆး႐ုံတို႔၏ အက်ိဳးေက်းဇူးကို သိျမင္ လာၾက၍ေဆးခန္း၊ ေဆး႐ုံမ်ားတြင္ တက္ေရာက္ ကုသမႈခံယူၾကေသာေဝဒနာရွင္မ်ားကလည္း မ်ားျပား လာေပရာ သူနာျပဳအမ်ားအျပားရွိရန္လည္းလိုအပ္လာခဲ့ေလသည္။

ကမာၻ႔ႏိုင္ငံႀကီးမ်ားရွိ ၿမိဳ႕ႀကီးတိုင္းတြင္ သူနာျပဳ ဆရာမသင္တန္းမ်ားကို ေဆး႐ုံႀကီးမ်ားတြင္ ဖြင့္လွစ္သင္ၾကား ေပးၾကသည္။ ေဆး႐ုံအုပ္မ်ားသည္ သင္တန္းတက္လိုသူမ်ား၏ ေလွ်ာက္လႊာကို သင္တန္းမဖြင့္မီလအနည္းငယ္ခန႔္က ႀကိဳတင္ လက္ခံၾကသည္။ သင္တန္းတက္လို သူတို႔အတြက္ သတ္မွတ္ထားေသာအရည္အျခင္းမ်ားအနက္ က်န္းမာေရးေကာင္းမြန္ ျပည့္စုံမႈ၊ သတ္မွတ္ထားေသာ ပညာအရည္အျခင္း ျပည့္စုံမႈတို႔ကို အေရးထား၍ ေ႐ြးခ်ယ္ရေသာ္လည္း ထို လုပ္ငန္းအတြက္သည္းခံ ႏိုင္စြမ္းရွိမႈ၊ ဇြဲသတၱိ လုံ႔လဝိရိယႏွင့္ ျပည့္စုံမႈ၊ က႐ုဏာတရားျပည့္ဝမႈတို႔လည္း အေရးႀကီးေပသည္။

သင္တန္းတက္ရန္ေ႐ြးခ်ယ္ခံရသူတို႔သည္ လအနည္းငယ္ခန႔္ အစမ္းသင္တန္း တက္ၾကရသည္။ အစမ္းသင္ခ်ိန္ထားရျခင္းမွာ အလုပ္ကိုစိတ္ဝင္စားသလား၊ လိုက္ႏိုင္မလိုက္ႏိုင္ ခ်င့္ခ်ိန္ရန္ျဖစ္သည္။ သူနာျပဳအတတ္သည္သက္သာ လြယ္ကူေသာအလုပ္မဟုတ္ေပ။ အစမ္းသင္ခ်ိန္တြင္သင္ၾကားမႈ အရပ္ရပ္ကို ဇြဲေကာင္းေကာင္းျဖင့္လိုက္ႏိုင္ခဲ့ပါမွ သင္တန္း ကုန္ဆုံးသည္အထိသင္ယူရန္ဝန္ခံခ်က္ကို လက္မွတ္ေရးထိုးၾက ရသည္။

သူနာျပဳသင္တန္းတက္လိုသူမ်ားအတြက္ သတ္မွတ္ထားေသာအသက္အပိုင္းအျခားမွာ အဂၤလန္ျပည္၌ အငယ္ဆုံး ၁၈ႏွစ္မွ ၁၉ႏွစ္ျဖစ္၍ ျမန္မာႏိုင္ငံတြင္ ၁၈ႏွစ္မွ ၂၄ႏွစ္အထိျဖစ္သည္။ သင္တန္း ကာလအပိုင္းအျခားမွာ သုံးႏွစ္မွေလးႏွစ္အထိျဖစ္သည္။ အခ်ိဳ႕သင္တန္းမ်ားမွာ ထိုမွ်ေလာက္ကာလ အပိုင္းအျခားမရွည္ေခ်။ ႏိုင္ငံႀကီးအခ်ိဳ႕တြင္ သူနာျပဳေက်ာင္းမ်ားဖြင့္လွစ္ထားေလသည္။
သင္တန္းတက္ေနစဥ္အတြင္းေနရာထိုင္ခင္းႏွင့္ အစားအေသာက္တို႔ကို အခမဲ့ရၾကသည့္ျပင္သင့္တင့္ေသာ လစဥ္ေထာက္ပံ့ေၾကးလည္းရၾကသည္။

အနာေရာဂါ ကာကြယ္ေရး၊ေပ်ာက္ကင္းေအာင္ကုသေရးႏွင့္သက္ဆိုင္ေသာ အခ်က္အလက္မ်ား၊ေဆးဝါးႏွင့္ခြဲစိတ္မႈဆိုင္ရာ အခ်က္အလက္မ်ား၊ ခႏၶာေဗဒ၊အနာတမီစသည္တို႔ကို ဆရာဝန္မ်ားကဲ့သို႔ျပည့္စုံလုံေလာက္စြာမသင္ၾကားရေသာ္လည္း သူနာျပဳတို႔အဆင့္ႏွင့္ေလ်ာ္ညီစြာ အေျခခံအားျဖင့္ သိရွိ နားလည္ထားရန္အခ်က္အလက္မ်ားကို သင္ၾကားၾကရ သည့္ျပင္ လူနာအားသက္သာမႈရေစရန္ ျပဳစုေစာင့္ေရွာက္ နည္းမ်ားလည္းပါဝင္ေလသည္။

ျပင္းထန္ေသာဒဏ္ရာအနာတရျဖစ္ျခင္း၊ သို႔မဟုတ္ ေရာဂါေဝဒနာတစ္ခုစြဲကပ္ျခင္းသည္ ေဆးဝါးျဖင့္လည္းေကာင္း၊ ခြဲစိတ္ျခင္းျဖင့္လည္းေကာင္း၊ ကုသမႈအျပင္လူနာကို ေကာင္းစြာျပဳစုေစာင့္ေရွာက္မႈလည္းလိုအပ္ေပသည္။ ျပဳစုေစာင့္ေရွာက္မႈမဟုတ္သျဖင့္ လူနာတစ္ဦးတေယာက္ မတိမ္းပါးသင့္ပဲ တိမ္းပါးသြားရသည့္ ကိစၥမ်ားလည္းရွိခဲ့သည္။ ထို႔ေၾကာင့္အေရးႀကီးေသာ လူနာမ်ားကို ဆရာဝန္မ်ားက အထူးသူနာျပဳမ်ားကို ေစာင့္ေရွာက္ေစျခင္းျဖစ္ေလသည္။

ထို႔ေၾကာင့္ ေရာဂါေဝဒနာႀကီးႀကီးက်ယ္က်ယ္ ျဖစ္သည့္အခါ သူနာျပဳေကာင္းေကာင္းလိုအပ္သည္မွာ အေရးပါေသာအခ်က္တစ္ရပ္ ျဖစ္သည္။

သူနာျပဳတို႔၏အဓိက ဝတ္တရားမ်ားမွာ ဆရာဝန္ မွာၾကားခ်က္အတိုင္းလူနာအား အခ်ိန္မွန္ေဆး ဝါးတိုက္ျခင္း၊ ေဆးလူးေပးျခင္း၊ လူနာ၏ေရာဂါလကၡဏာမ်ားကို မွတ္သားထားျခင္း၊ အဖ်ားတိုင္းျခင္းေသြးခုန္ႏွင့္ အသက္ရႉႏႈန္းကိုမွတ္သားျခင္း၊ ဒဏ္ရာမ်ားအနာမ်ားကို ေဆးထည့္ေပးျခင္း၊ သင့္ေလ်ာ္ေသာအစားအေသာက္မ်ား ေပးေဝျခင္း၊ ကိုယ္တိုင္မစားႏိုင္ေသာလူနာမ်ားကို အစာေကြၽးျခင္းတို႔လည္းပါဝင္သည္။ ထို႔အျပင္ သက္ဆိုင္ရာ ဆရာဝန္မ်ားကၫႊန္ၾကားလွ်င္လူနာအားေဆးထိုးျခင္းစေသာ အထူးျပဳစုကုသမႈတို႔ကိုလည္း ေဆာင္႐ြက္ေပးရသည္။

ခြဲစိတ္ခန္းမ်ားတြင္ ခြဲစိတ္ကုသရမည့္လူနာမ်ားအတြက္ အသင့္ရွိရန္လိုအပ္သလိုျပင္ဆင္ရျခင္း၊ ခြဲစိတ္ရာတြင္ အသုံးျပဳရမည့္ပစၥည္းကရိယာမ်ားကို ေပါင္းတင္ျခင္းတို႔ကိုလည္း ျပဳလုပ္ရသည္။ အေရးတႀကီးကိစၥမ်ား၊ အေျခအေနမ်ား ျဖစ္ေပၚသည့္အခါမ်ားတြင္လည္း ၾကက္ေျခနီအသင္းႏွင့္တြဲဖက္၍ ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ရာ၌ကူညီၾကရ ေလသည္။

အေတြ႕အႀကဳံမ်ားၿပီးေသာ၊ သို႔မဟုတ္လုပ္သက္ ရင့္ၿပီးေသာသူနာျပဳတစ္ဦးသည္ ဆရာဝန္တစ္ေယာက္ နီးပါး အားထားရ၍ ဆရာဝန္အတြက္လည္း အလြန္အေရးပါေသာ အကူအညီကို ရရွိေစႏိုင္ေလသည္။ သူနာျပဳအတတ္သည္ လခကိုေသာ္လည္းေကာင္း၊ ရရွိမည့္အခေၾကးေငြလာဘ္ သပ္ပကာကို ေသာ္လည္းေကာင္း၊ ပဓာနမထားဘဲ က႐ုဏာ၊ ေမတၱာ၊ ေစတနာကို ေရွးရႈရေသာ လုပ္ငန္းသက္သက္ ျဖစ္ေသာေၾကာင့္ သင္တန္းေအာင္ျမင္၍ အလုပ္တတ္ေျမာက္႐ုံႏွင့္ မျပည့္စုံေသးေခ်။ လူနာအားၾကင္နာမႈ၊ သည္းခံႏိုင္မႈ၊ သက္သာေစမႈ၊ စသည့္စိတ္ရင္းခံသေဘာထားသည္ ပို၍အေရးႀကီးေပသည္။ သို႔မွသာလွ်င္မြန္ျမတ္ေသာ အလုပ္ကို ေဆာင္႐ြက္ရာ ေရာက္မည္ျဖစ္ေပသည္။





--------------------------------------------------
Unicode: သူနာပြုအတတ်သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တည်းဟူသော ဗြဟ္မစိုရ်တရားလေးပါးအပေါ်အခြေခံထား၍ ဝေဒနာရှင်တို့အား ကိုယ်ကျိုးမငဲ့ဘဲ ပြုစုလုပ်ကိုင်ပေးရသော လုပ်ငန်းတစ်ရပ်ဖြစ်၍ စေတနာ့ဝန်ထမ်းလုပ်ငန်းတစ်ခုအဖြစ်မှ စတင်ခဲ့သည်။ ကမ္ဘာတစ်ဝှမ်း၌ သူနာပြုအတတ်သည် လူမှုရေးကဏ္ဍတွင် အရေးပါသောလုပ်ငန်းတရပ်အနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၁ဝဝ နီးပါး ခန့်ကမှ ထင်ရှားခေတ်စားလာခဲ့သည်။

လူနေမှုအဆင့်အတန်းနိမ့်ကျစဉ် ရှေးခေတ်အခါက နာဖျားမကျန်းရှိသူများကို ဂရုတစိုက်ပြုစုစောင့်ရှောက်ကုသခြင်းမပြုကြသည့်ပြင် မကောင်းဆိုးဝါး၏နှောင့်ယှက်ခြင်းဟုသာ ယူဆကြသဖြင့် နာမကျန်းသူထံမှမကောင်းဆိုး ဝါးထွက်သွားစေရန် ရိုက်မောင်းပုတ်မောင်း ပင်ပြုခဲ့ကြသည်။

လူနေမှုအဆင့်အတန်း တစ်စတစ်စ တိုးတက်လာသောအခါမှ နာဖျားမကျန်းမာသူများ၊ မသန်မစွမ်းသူများ၊ ကလေးသူငယ်များအား စောင့်ရှောက်ပြုစုရန်သည် လူသားတို့၏တာဝန်တစ်ရပ်ဟု သိရှိနားလည်လာကြသည်။ သို့သော်သူနာပြုစုခြင်းသည် ကုသိုလ်ဖြစ်သက်သက်သာ ဖြစ်ခဲ့ပြီး အသက်မွေးဝမ်းကြောင်းတစ်ရပ်အနေဖြင့် အသွင်ပြောင်းလာခဲ့သည်မှာလည်း မကြာလှသေးချေ။

သူနာပြုအတတ်သည် ရှေးပဝေဏီကပင်ရှိခဲ့ကြောင်း ရှေးစာပေကျမ်းဂန်များအရ သိရှိရပေသည်။ အိန္ဒိယနိုင်ငံတွင် ဂေါတမမြတ်စွာဘုရားလက်ထက်၌ ပေါ်ပေါက်ထင်ရှားခဲ့သောသမားအကျော်အမော်ကြီး ဇီဝကသည် သူနာပြုတို့လိုက်နာဆောင်ရွက်အပ်သော ကျင့်ဝတ်များကိုသတ်မှတ်ထားရှိခဲ့သည်။

ဗက်ဗီလုံးရှေးဟောင်းစာပေ၊ အီဂျစ်ရှေးဟောင်းစာပေတို့၌လည်း သူနာပြုအတတ်နှင့်စပ်လျဉ်းသောအချက်အလက်များကို ရေးသားထားချက်များတွေ့ရသည် ဟုဆိုကြသည်။ ခရစ်တော်ပေါ်ပြီးနောက်တွင်လည်း ခရစ်တော်၏အဆုံးအမအရ ခရစ်ယန်အမျိုးသားသင်းထောက်နှင့်အမျိုးသမီးသင်းထောက် တို့သည် သူနာများကိုကောင်းမွန်စွာပြုစုစောင့်ရှောက်ခဲ့ကြသည်။

သူနာပြုများကိုပြုစုစောင့်ရှောက်ရန် နောင်အခါ အယူဝါဒဘာသာရေးဂိုဏ်းများက တည်ထောင်ဆောင် ရွက်သော သူနာရုံများ ဥရောပတိုက်တွင် တစ်စတစ်စ ပေါ်ပေါက်လာသည်။ ထိုမျှသာမကကရူးဆိတ်စစ် ပွဲများကို အကြောင်းပြု၍ စစ်ပွဲအတွင်းထိခိုက်ဒဏ်ရာရသူများအား ပြုစုစောင့်ရှောက်ရန်အတွက် စစ်သူနာပြု အဖွဲ့အစည်းများလည်း ရှိခဲ့လေသည်။ သို့သော် ခရစ်နှစ် ၁၅၃၆-၄ဝ ပြည့်နှစ်များတွင် ဘုန်းကြီးကျောင်းများကို ဖျက်သိမ်းလိုက်သဖြင့် သူနာပြုလုပ်ငန်းသည် ဥရောပနိုင်ငံများတွင် မှေးမှိန်သွားခဲ့ရသည်။

သူနာပြုအလုပ်သည် အညစ်အကြေး နှင့်ဆက်စပ်သဖြင့် အောက်တန်းကျသောအလုပ်ဟူ၍အထင်အမြင်လွဲမှားခဲ့ကြသည်။ ထိုကြောင့် ကရုဏာရှင်သာသနာ ပြုဝန်ထမ်းများနှင့်ဆင်းရဲသူ ဆင်းရဲသားများသာလျှင်ဆောင်ရွက်ခဲ့ကြလေသည်။

တစ်ဆယ့်ကိုးရာစုနှစ်တွင်မူ သူနာပြုအတတ်သည် တစ်စတစ်စဖြင့် ပြန်၍ခေတ်စားလာလေသည်။ စက်မှု တော်လှန်ရေး အရေးတော်ပုံသည် သူနာပြုအတတ်ကိုပြန်၍ အခြေမြှင့်ပေးသော အကြောင်းတစ်ရပ်ဖြစ်၍ အခြား အကြောင်းတစ်ရပ်မှာ ဆေးပညာတိုးတက်လာမှုဖြစ်ပေသည်။ ထိုသို့ဆေးပညာ တိုးတက်လာသောအခါ သူနာပြုသည်ဆရာဝန်များ၊ သမားများအတွက် အရေးပါသောအကူအညီ တစ်ယောက်ဖြစ်လာသည်။

လူအများ၏ အထင်သေးခံရသော အလုပ်တစ်ခုအဖြစ်မှ မွန်မြတ်သောအလုပ်တစ်ခု အဖြစ်သို့ ရောက်အောင် သူနာပြုအတတ်၏ အဆင့်အတန်းကို မြှင့်တင်ပေးခဲ့သူများအနက် အထင်ရှားဆုံးမှာ ကမ္ဘာကျော်သူနာပြု ဖလော်ရင့်နိုက်တင်ဂေး ဖြစ်ပေသည်။ နိုက်တင်ဂေး ဆောင်ရွက်ခဲ့မှုကိုအကြောင်းပြု၍ စစ်မက်ရေးရာများတွင် စစ်သူနာများကို ပြုစုစောင့်ရှောက်ရန် ကြက်ခြေနီအသင်းကြီး ပေါ်ပေါက်ခဲ့သည်။

သူနာပြုအတတ်ပေါ်စဉ်က သူနာပြုလုပ်ငန်း၏ နယ်ပယ်သည် ကျဉ်းမြောင်းလှသည်။ ထိုစဉ် ကသူနာပြုများ၏ အလုပ်မှာ သူနာများကိုပြုစုပေးရုံမျှသာဖြစ်လေသည်။ ထိုနောက် လူလောက၏တိုးတက်ပြောင်းလဲလာသောအခြေအနေနှင့် လိုက်လျောညီစွာ သူနာပြုလုပ်ငန်း၏ နယ်ပယ်သည်လည်း ကျယ်ဝန်းလာသည်။

ခေတ်အလျောက် ပေါ်ပေါက် ထွန်းကားလာသော သိပ္ပံပညာရပ်များကလည်း သူနာပြုအတတ်နှင့်နည်းစံနစ်များကိုခေတ်မှီအဆင့်အတန်းသို့ ရောက်ရှိနိုင်စေရန် မြှင့်တင်ပေးခဲ့ကြသဖြင့် ယဉ်ကျေးမှု တိုးတက်လျက်ရှိသော နိုင်ငံကြီးများတွင် သူနာပြုလုပ်ငန်းသည် အရေးပါသော ပြည်သူ့ကျန်းမာရေးလုပ်ငန်းကြီးတစ်ခုအဖြစ် သို့ ရောက်ရှိခဲ့လေသည်။

သူနာပြုလုပ်ငန်းသည်အမျိုးသမီးများ၏ လုပ်ငန်းတစ်ခုသဖွယ် ဖြစ်နေသည်။ အမျိုးသားသူနာပြုများ ရှိလင့်ကစား အမျိုးသမီးများ၏ဦးရေနှင့် နှိုင်းစာလျှင် မပြောပလောက်ပေ။ စစ်သူနာပြုအဖွဲ့ များတွင်သာ အမျိုးသားသူနာပြုဦးရေက ပိုမိုများပြားလေသည်။ အကူအညီ အထူးလိုအပ်နေသော လူနာများအားယုယပိုက်ထွေး သက်သာမှုပေးရသည့် မွန်မြတ်သောလုပ်ငန်းသည် မိခင်စိတ်ရှိကြသောအမျိုးသမီး များနှင့်ပိုမိုလျော်ကန် သင့်မြတ်ပေသည်။ သို့သော်သာမန်အမျိုးသမီးတိုင်းလည်း ထိုအလုပ်ကိုမလုပ် နိုင်ကြချေ။

ဒုတိယကမ္ဘာစစ် မတိုင်မီခေတ်အထိ မြန်မာနိုင်ငံတွင် ဗုဒ္ဓဝါဒီမြန်မာ အမျိုးသမီးများထဲမှ သူနာပြုအလုပ်လုပ်ကိုင်သူ အလွန်နည်းပါးခဲ့သည်။ အယူဝါဒရေးအရကြည့်လျှင် မေတ္တာ၊ ကရုဏာ၊ စေတနာတို့ကိုအရင်းထားကာ ဝေဒနာရှင်တို့အား ဝေဒနာမှ သက်သာရာရရန်စောင့်ရှောက်ပြုစုခြင်း၊ အသက်ကယ်ဆယ်ခြင်းစသည်တို့ကိုဆောင်ရွက်ရသဖြင့် အလွန်မွန်မြတ်၍ ကုသိုလ်ပွားနိုင်သော အလုပ် ဖြစ်ငြားသော်လည်း ရိုးရာဓလေ့အစွဲကလေးများကို မဖျောက်နိုင်ကြသဖြင့် အညစ်အကြေးနှင့်ဆက် စပ်သော အလုပ်တစ်ခုအဖြစ် လုပ်ကိုင်သူနည်းပါးခဲ့ခြင်းဖြစ်လေသည်။

စစ်ပြီးကာလနောက်ပိုင်းတွင်မူ ထိုလုပ်ငန်း၏ မွန်မြတ်ခြင်းကို သိမြင်လာကြသဖြင့် ဝင်ရောက်လုပ်ကိုင်သူမြန်မာ အမျိုးသမီးလေးများ များပြားလာသည်။ စစ်ပြီးကာလ နောက်ပိုင်းမှစ၍ ဆေးခန်း၊ဆေးရုံတို့၏ အကျိုးကျေးဇူးကို သိမြင် လာကြ၍ဆေးခန်း၊ ဆေးရုံများတွင် တက်ရောက် ကုသမှုခံယူကြသောဝေဒနာရှင်များကလည်း များပြား လာပေရာ သူနာပြုအများအပြားရှိရန်လည်းလိုအပ်လာခဲ့လေသည်။

ကမ္ဘာ့နိုင်ငံကြီးများရှိ မြို့ကြီးတိုင်းတွင် သူနာပြု ဆရာမသင်တန်းများကို ဆေးရုံကြီးများတွင် ဖွင့်လှစ်သင်ကြား ပေးကြသည်။ ဆေးရုံအုပ်များသည် သင်တန်းတက်လိုသူများ၏ လျှောက်လွှာကို သင်တန်းမဖွင့်မီလအနည်းငယ်ခန့်က ကြိုတင် လက်ခံကြသည်။ သင်တန်းတက်လို သူတို့အတွက် သတ်မှတ်ထားသောအရည်အခြင်းများအနက် ကျန်းမာရေးကောင်းမွန် ပြည့်စုံမှု၊ သတ်မှတ်ထားသော ပညာအရည်အခြင်း ပြည့်စုံမှုတို့ကို အရေးထား၍ ရွေးချယ်ရသော်လည်း ထို လုပ်ငန်းအတွက်သည်းခံ နိုင်စွမ်းရှိမှု၊ ဇွဲသတ္တိ လုံ့လဝိရိယနှင့် ပြည့်စုံမှု၊ ကရုဏာတရားပြည့်ဝမှုတို့လည်း အရေးကြီးပေသည်။

သင်တန်းတက်ရန်ရွေးချယ်ခံရသူတို့သည် လအနည်းငယ်ခန့် အစမ်းသင်တန်း တက်ကြရသည်။ အစမ်းသင်ချိန်ထားရခြင်းမှာ အလုပ်ကိုစိတ်ဝင်စားသလား၊ လိုက်နိုင်မလိုက်နိုင် ချင့်ချိန်ရန်ဖြစ်သည်။ သူနာပြုအတတ်သည်သက်သာ လွယ်ကူသောအလုပ်မဟုတ်ပေ။ အစမ်းသင်ချိန်တွင်သင်ကြားမှု အရပ်ရပ်ကို ဇွဲကောင်းကောင်းဖြင့်လိုက်နိုင်ခဲ့ပါမှ သင်တန်း ကုန်ဆုံးသည်အထိသင်ယူရန်ဝန်ခံချက်ကို လက်မှတ်ရေးထိုးကြ ရသည်။

သူနာပြုသင်တန်းတက်လိုသူများအတွက် သတ်မှတ်ထားသောအသက်အပိုင်းအခြားမှာ အင်္ဂလန်ပြည်၌ အငယ်ဆုံး ၁၈နှစ်မှ ၁၉နှစ်ဖြစ်၍ မြန်မာနိုင်ငံတွင် ၁၈နှစ်မှ ၂၄နှစ်အထိဖြစ်သည်။ သင်တန်း ကာလအပိုင်းအခြားမှာ သုံးနှစ်မှလေးနှစ်အထိဖြစ်သည်။ အချို့သင်တန်းများမှာ ထိုမျှလောက်ကာလ အပိုင်းအခြားမရှည်ချေ။ နိုင်ငံကြီးအချို့တွင် သူနာပြုကျောင်းများဖွင့်လှစ်ထားလေသည်။
သင်တန်းတက်နေစဉ်အတွင်းနေရာထိုင်ခင်းနှင့် အစားအသောက်တို့ကို အခမဲ့ရကြသည့်ပြင်သင့်တင့်သော လစဉ်ထောက်ပံ့ကြေးလည်းရကြသည်။

အနာရောဂါ ကာကွယ်ရေး၊ပျောက်ကင်းအောင်ကုသရေးနှင့်သက်ဆိုင်သော အချက်အလက်များ၊ဆေးဝါးနှင့်ခွဲစိတ်မှုဆိုင်ရာ အချက်အလက်များ၊ ခန္ဓာဗေဒ၊အနာတမီစသည်တို့ကို ဆရာဝန်များကဲ့သို့ပြည့်စုံလုံလောက်စွာမသင်ကြားရသော်လည်း သူနာပြုတို့အဆင့်နှင့်လျော်ညီစွာ အခြေခံအားဖြင့် သိရှိ နားလည်ထားရန်အချက်အလက်များကို သင်ကြားကြရ သည့်ပြင် လူနာအားသက်သာမှုရစေရန် ပြုစုစောင့်ရှောက် နည်းများလည်းပါဝင်လေသည်။

ပြင်းထန်သောဒဏ်ရာအနာတရဖြစ်ခြင်း၊ သို့မဟုတ် ရောဂါဝေဒနာတစ်ခုစွဲကပ်ခြင်းသည် ဆေးဝါးဖြင့်လည်းကောင်း၊ ခွဲစိတ်ခြင်းဖြင့်လည်းကောင်း၊ ကုသမှုအပြင်လူနာကို ကောင်းစွာပြုစုစောင့်ရှောက်မှုလည်းလိုအပ်ပေသည်။ ပြုစုစောင့်ရှောက်မှုမဟုတ်သဖြင့် လူနာတစ်ဦးတယောက် မတိမ်းပါးသင့်ပဲ တိမ်းပါးသွားရသည့် ကိစ္စများလည်းရှိခဲ့သည်။ ထို့ကြောင့်အရေးကြီးသော လူနာများကို ဆရာဝန်များက အထူးသူနာပြုများကို စောင့်ရှောက်စေခြင်းဖြစ်လေသည်။

ထို့ကြောင့် ရောဂါဝေဒနာကြီးကြီးကျယ်ကျယ် ဖြစ်သည့်အခါ သူနာပြုကောင်းကောင်းလိုအပ်သည်မှာ အရေးပါသောအချက်တစ်ရပ် ဖြစ်သည်။

သူနာပြုတို့၏အဓိက ဝတ်တရားများမှာ ဆရာဝန် မှာကြားချက်အတိုင်းလူနာအား အချိန်မှန်ဆေး ဝါးတိုက်ခြင်း၊ ဆေးလူးပေးခြင်း၊ လူနာ၏ရောဂါလက္ခဏာများကို မှတ်သားထားခြင်း၊ အဖျားတိုင်းခြင်းသွေးခုန်နှင့် အသက်ရှူနှုန်းကိုမှတ်သားခြင်း၊ ဒဏ်ရာများအနာများကို ဆေးထည့်ပေးခြင်း၊ သင့်လျော်သောအစားအသောက်များ ပေးဝေခြင်း၊ ကိုယ်တိုင်မစားနိုင်သောလူနာများကို အစာကျွေးခြင်းတို့လည်းပါဝင်သည်။ ထို့အပြင် သက်ဆိုင်ရာ ဆရာဝန်များကညွှန်ကြားလျှင်လူနာအားဆေးထိုးခြင်းစသော အထူးပြုစုကုသမှုတို့ကိုလည်း ဆောင်ရွက်ပေးရသည်။

ခွဲစိတ်ခန်းများတွင် ခွဲစိတ်ကုသရမည့်လူနာများအတွက် အသင့်ရှိရန်လိုအပ်သလိုပြင်ဆင်ရခြင်း၊ ခွဲစိတ်ရာတွင် အသုံးပြုရမည့်ပစ္စည်းကရိယာများကို ပေါင်းတင်ခြင်းတို့ကိုလည်း ပြုလုပ်ရသည်။ အရေးတကြီးကိစ္စများ၊ အခြေအနေများ ဖြစ်ပေါ်သည့်အခါများတွင်လည်း ကြက်ခြေနီအသင်းနှင့်တွဲဖက်၍ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ကူညီကြရ လေသည်။

အတွေ့အကြုံများပြီးသော၊ သို့မဟုတ်လုပ်သက် ရင့်ပြီးသောသူနာပြုတစ်ဦးသည် ဆရာဝန်တစ်ယောက် နီးပါး အားထားရ၍ ဆရာဝန်အတွက်လည်း အလွန်အရေးပါသော အကူအညီကို ရရှိစေနိုင်လေသည်။ သူနာပြုအတတ်သည် လခကိုသော်လည်းကောင်း၊ ရရှိမည့်အခကြေးငွေလာဘ် သပ်ပကာကို သော်လည်းကောင်း၊ ပဓာနမထားဘဲ ကရုဏာ၊ မေတ္တာ၊ စေတနာကို ရှေးရှုရသော လုပ်ငန်းသက်သက် ဖြစ်သောကြောင့် သင်တန်းအောင်မြင်၍ အလုပ်တတ်မြောက်ရုံနှင့် မပြည့်စုံသေးချေ။ လူနာအားကြင်နာမှု၊ သည်းခံနိုင်မှု၊ သက်သာစေမှု၊ စသည့်စိတ်ရင်းခံသဘောထားသည် ပို၍အရေးကြီးပေသည်။ သို့မှသာလျှင်မွန်မြတ်သော အလုပ်ကို ဆောင်ရွက်ရာ ရောက်မည်ဖြစ်ပေသည်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon

Other Nursing Schools in Yangon (show all)
The Silver Moon Healthcare Training Center The Silver Moon Healthcare Training Center
No 208, Pinlon Road, 32 Quarter, North Dagon Township
Yangon, 208/32

တက်ရောက်သူတိုင် ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးသော သင်တန်းဖြစ်သည်

Bright Future Institute သူနာပြုအကူနှင့်ဆေးဝါးအကူသင်တန်းကျောင်း Bright Future Institute သူနာပြုအကူနှင့်ဆေးဝါးအကူသင်တန်းကျောင်း
Yangon

သူနာပြုနှင့်ဆေးဝါးအကူဘာသာရပ်ကိုလုပ်ငန်းခွင်ဝင်နိုင်အောင်သင်ကြားပေးသောကျောင်းဖြစ်ပါတယ်

Success ဆေးဝါးကျွမ်းကျင် နှင့် သူနာပြုအကူသင်တန်း Success ဆေးဝါးကျွမ်းကျင် နှင့် သူနာပြုအကူသင်တန်း
No(12), Yu Par Yone Lane, Dana Deikhti Street, Near Thamine Myoh Thit Bus Stop, Mayangon Township
Yangon, 11061

Define Your Success in "Success"

Aung Pyit Sone - Nurse Aid & Pharmacist Aid Training Center Aung Pyit Sone - Nurse Aid & Pharmacist Aid Training Center
No(30/A), 3rd Floor, U Tun Lin Chan Street, Heldan Bus Stop, Insein Main Road, Kamayut Township
Yangon, 11041

Aung Pyit Sone - Nurse Aid & Pharmacist Aid Training Center in Myanmar Country.

FIRST CARE Nurse Aid & Pharmacist Training Centre FIRST CARE Nurse Aid & Pharmacist Training Centre
တိုက်(၁)၊အခန်း(၃-က)၊ဒုတိယထပ်၊ဦးထွန်းလင်းခြံလမ်း၊လှည်းတန်း၊ကမာရွတ်၊ရန်ကုန်။
Yangon

Mudita May- သူနာပြုအကူနှင့်ဆေး၀ါးကျွမ်းကျင်အကူသင်တန်းကျောင်း Mudita May- သူနာပြုအကူနှင့်ဆေး၀ါးကျွမ်းကျင်အကူသင်တန်းကျောင်း
No. 66, Nate Ban Street, Kyi Myin Dine
Yangon, 11101

မုဒိတာမေ-သူနာပြုအကူနှင့်ဆေး၀ါးကျွမ်းကျင်သင်တန်းကျောင်းမှ ကြိုဆိုပါတယ်

ပြုံးပန်းတစ်ရာဆေးဝါးကျွမ်းကျင်နှင့်  သူနာ ပြု အကူသင်တန်း ပြုံးပန်းတစ်ရာဆေးဝါးကျွမ်းကျင်နှင့် သူနာ ပြု အကူသင်တန်း
အိမ်အမှတ် ၄၁၈၊ ဓမ္မသုခအပြင်လမ်း၊ ၂(က)ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့
Yangon, 11021

Pyone Pan Ta Yar

aungsinkyar aungsinkyar
Naungyoe Street
Yangon, 11181

Aungsinkyar.com.mm

အောင်ကြယ်ဖြူ - Aung Kyal Phyu Training Center အောင်ကြယ်ဖြူ - Aung Kyal Phyu Training Center
No. 47, Lay Daungkan Road, Thingangyun Township
Yangon, 11071

AUNG KYAL PHYU TRAINING CENTER

SML CNA Training Centre SML CNA Training Centre
အမှတ် ၆၈၁၊ ပြည်လမ်း၊ ၁၀မိုင်ကုန်း၊ ရန်ကုန်မြို့
Yangon, 11011

SML CNA training centre offers one of the most comprehensive nurse assistant programs.

Phyu Sin Myittar Health Care Training Centre Phyu Sin Myittar Health Care Training Centre
No/818. Yin Mar Street , 45 Quartar , , , North Dagon
Yangon, 11111

ဖြူစင်မေတ္တာသူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်းကျောင်း