Ye Naing

Financial Advisor
AIAinfinityWealth
AIAONEBILLION
Health & Business Consultant
AIA Myanmar Supplements Supplier

Photos from Ye Naing's post 08/12/2023

လ ဆန်း အတွက် ကူညီပေး ခဲ့ တဲ့ policy လေးတွေ ပါ
၁၂ ရက် နောက်ပိုင်း လဲ မိသားစုအသစ် လေး တွေ ကူညီပေး တာ ‌တွေ တင် ပေး သွားပါမယ် ခ ဗျ

08/12/2023
06/12/2023
06/12/2023

🙏မဂ်လာနံနက်ခင်းလေးပါ🙏🙏
ကောင်းကျိုးချမ်းသာ လိုရာဆန္ဒများ ပြည့်ဝကြပါစေ
သဘာ၀ ဘေး အန္တရာယ် အပေါင်းတို့မှကင်းဝေးကြပါစေ...

05/12/2023

Six Jars Rule
(ကရားခြောက်လုံး ငွေရေးကြေးရေး စီမံခံ့ခွဲမှုစနစ်)

New York Times ရဲ့ရောင်းအားအကောင်းဆုံး စာရေးဆရာလည်းဖြစ်၊ Multi-Millionaire တစ်ယောက်လည်းဖြစ်တဲ့ T.Harv Eker 6 Jars – Money Management System အကြောင်းပြန်လည်ဝေမျှပေးချင်ပါတယ်။
ကိုယ့်လုပ်အားနဲ့ရရှိလာတဲ့ငွေတွေကို ဘဝရှေ့ရေးအတွက် အကျိုးရှိစွာ ခွဲဝေသုံးစွဲနိုင်ဖို့ရန်အတွက် ညွှန်ပြထားတဲ့ System တစ်ခုဖြစ်ပါတယ်။
ဝင်ငွေကို (၆) ပုံခွဲပြီး ဖန်ပုလင်းတွေထဲမှာ ထည့်သွင်းစုဆောင်းတဲ့ ပုံစံမျိုးနဲ့တင်ပြထားတာဖြစ်တဲ့ အတွက် 6 Jars System လို့ခေါ်တာပါ။
တကယ့်လက်တွေ့မှာတော့ ဖန်ပုလင်း၊ စုဗူး၊ Bank Account အစရှိသဖြင့် အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။

1. Necessity Account (NEC - 55%)
NEC လို့ခေါ်တဲ့ ဒီ Account ထဲမှာ ဝင်ငွေရဲ့ 55% ကိုထည့်သွင်းဖို့ပြောပါတယ်။ ဒီ Account ကတော့ နေ့စဉ် စားဝတ်နေရေးတွေအတွက် လိုတဲ့အသုံးစရိတ်တွေကို သုံးဖို့ဖြစ်ပါတယ်။

2. Play Account (PLY - 10%)
ဒီ Account ကတော့ မိမိနှင့်တကွ မိသားစုရဲ့ပျော်စရာအချိန်လေးတွေကို ဖန်တီးပေးဖို့ အတွက်တစ်လတစ်ကြိမ် 10% မကုန် ကုန်အောင်သုံးရမယ့် Account ဖြစ်ပါတယ်။ ဥပမာ။ ။တစ်လတစ်ကြိမ် ရုပ်ရှင်ကြည့်တာမျိုး၊ စားသောက်ဆိုင်ကောင်းကောင်းမှာ သွားစားတာမျိိုးတို့အတွက် သုံးစွဲဖို့ဖြစ်ပါတယ်။ အလုပ်တွေပဲ စွပ်လုပ်နေပြီး မိသားစုအတွက်ပျော်ရွှင်စရာ အချိန်တွေမဖန်တီး နိုင်ခဲ့ရင် အချိန်ကြာလာတာနဲ့အမျှ အလုပ်နဲ့ ဘဝကိုငြီးငွေ့လာတတ်ကြလို့ပါ။ ဒီ Account ကို တစ်လတစ်ကြိမ်ကုန်အောင်သုံးဖို့ လိုအပ်ပါတယ်။

3. Financial Freedom Account (FFA – 10%)
ဒီ Account ကိုတော့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ စုဆောင်းတာဖြစ်ပြီး တစ်ချိန်မှာ ဒီ Account ထဲက ပိုက်ဆံတွေက ကိုယ့်အတွက် အလုပ်ပြန်လုပ်ပေးနိုင်ဖို့အတွက်ရည်ရွယ်ပါတယ်။ တစ်နေ့တစ်လုံး မှန်မှန်ဥပေးမယ့် ငန်းကိုမသတ်စားဖို့လည်း ပြောထားပါသေးတယ်။ ဆိုလိုတာကတော့ ဒီ Account ထဲက ပိုက်ဆံကို ဘယ်နည်းနဲ့မှ မသုံးမိဖို့ပါ။ ရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ်များ (RoT) ပြန်လည်ရရှိလာခဲ့ရင်တောင် အကျိုးအမြတ်များကိုသာသုံးစွဲပြီး ရင်းနှီးမတည်ငွေကိုတော့ မသုံးရပါဘူး။ မိမိအနေနဲ့ လုံးဝဥဿုံ ငွေကြေးအမှီအခိုကင်းပြီး (Financially Free) ဖြစ်သွားတဲ့ အချိန်ကျမှ ထုတ်သုံးသင့်ပါတယ်။

4. Education Account (EDU – 10%)
ဒီ Account ထဲက 10% ကတော့ ကိုယ့်ရဲ့ ပညာရေး (သို့) Personal Development အတွက် သုံးစွဲဖို့ဖြစ်ပါတယ်။ မိမိကိုယ်ဟာ ကိုယ့်အတွက် အဖိုးအထိုက်တန်ဆုံး ရရန်ပိုင်ခွင့် (Asset) ဖြစ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး မိမိကိုယ်မှာပြန်ပြီး ရင်းနှီးမြှုပ်နှံတာဟာ ဒီ 10% ကိုအသုံးချဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒီ 10% ထဲမှာ ပညာရေးနဲ့ပတ်သက်တဲ့ စာအုပ်များ၊ မဂ္ဂဇင်းများ၊ CD များဝယ်ယူခြင်းများလည်း ပါဝင်ပါတယ်။

5. Long-term Saving for Spending Acount (LTS – 10%)
ဒီ 10% ကတော့ ရေရှည်မှာ အကုန်အကျများမယ့် ကိစ္စတွေအတွက် ကြိုတင်စုဆောင်းထားခြင်းဖြစ်ပါတယ်။ အိမ်အတွက် ၃ နှစ် ၁ ခါ TV လဲတာမျိုး၊ ကလေးများအတွက် ပညာရေးစရိတ်၊ ကျန်းမာရေးစရိတ်စုဆောင်းထားတာမျိုး ဖြစ်ပါတယ်။ သုံးရမယ့် ခေါင်းစဉ်တွေများနေရင် LTS 10% ကို လိုသလို ထပ်ပြီးစိတ်ပိုင်းနိုင်ပါတယ်။

6. Give Account (GIV – 5%)
ဒီ 5% ကတော့ လှူဖို့တန်းဖို့နဲ့ ပေးကမ်းစွန့်ကြဲဖို့ဖြစ်ပါတယ်။ လမ်းထဲက ကလေးတွေကိုမုန့်ဝယ်ကျွေးတာကစလို့ ဘုရားတည်ကျောင်းဆောက်တာတို့ ဖောင်ဒေးရှင်းထောင်တာတို့ အထိပါ ပါတယ်။ ဒီ Give Account ထဲမှာ ငွေကြေး 5% အပြင် အချိန်ကိုပါ ထည့်သွင်းပေးထားပါတယ်။ အများနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ တတ်နိုင်သလောက် Volunteer အဖြစ်ဝင်ရောက်လုပ်ကိုင်ပေးတာမျိုးကိုဆိုလိုပါတယ်။
တကယ်တမ်းလုပ်မယ်ဆိုရင် ဝင်ငွေ အနည်းအများထက် လုပ်နိုင်ဖို့က ပိုအရေးကြီးပါတယ်။ ဝင်ငွေများရင်လည်း များတဲ့အလျှောက် နည်းရင်လည်းနည်းတဲ့အလျှောက် အသုံးဝင်တဲ့ System တစ်ခုဖြစ်ပါတယ်။

Credit: Soe Wunna
Global Success

05/12/2023

Hello December အရမ်းကြီး မအေးပါ နဲ့
‌ပြေး ဖက် စရာ လူ မရှိ သေးလို့ပါ ခ ဗျာ 🤩

03/12/2023

ပတ်ဝန်းကျင်ကို ​ကြည့်ကြည့်လိုက်ပါ ။ ​ခေတ်ကို ဦး​ဆောင်​နေကြတာ လူငယ်​တွေချည်းပဲဆိုတာ သတိထားမိပါလိမ့်မယ် ။

ဟုတ်ပါတယ် ယ​နေ့​ခေတ်မှာ လူငယ်​တွဟာ အရင်တုန်းကလို ​ချောင်မှာခိုကပ်မ​နေ​တော့ဘဲ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက​နေ မိမိတို့လုပ်နိုင်စွမ်း​တွေကို ချပြလာကြပါပြီ ။ ဒီ​လို လူငယ်​တွေ ဦး​ဆောင်​နေတဲ့​ခေတ်က အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးတက်လာတာ ထူးဆန်းတာ​တော့ မဟုတ်ပါဘူး ။ သင်​ရော ဒီလို လူငယ်​တွေထဲက တစ်ဦးဖြစ်ချင်ပါသလား ။

ဒါဆိုရင် ဘာအရည်အချင်း​တွေ လိုအပ်မလဲဆိုတာသိရဖို့ စာကို အဆုံးထိ ဖတ်ကြည့်လိုက်ပါ ။




Leadership Skill ရှိရမယ် ။

​ခေါင်း​ဆောင်နိုင်မှုစွမ်းရည်ဆိုတာ လူငယ်ဖြစ်​စေ ၊ လူကြီးဖြစ်​စေ လူတိုင်းမှာရှိသင့်တဲ့အရည်အချင်းတစ်ခုပါ ။
အချို့က ​ခေါင်း​​ဆောင်​နေရာ​တော့ ယူထားပါရဲ့
တာဝန်ယူမှု ၊ တာဝန်ခံမှုမရှိ ၊ ​လက်​အောက်က လူ​တွေကိုပဲ ဖိနှိပ်​နေတာမျိုးကို ​ခေါင်း​ဆောင်လို့ယူဆလို့မရနိုင်ပါဘူး ။
​ခေါင်း​ဆောင်ဆိုတာ အရာရာကို ဦး​ဆောင်န်ိုင်စွမ်းရှိရမယ် ၊ တာဝန်ယူနိုင်ရမယ် ။ ဒါ​ကြောင့် Leadership skill ပြည့်ဝတဲ့သူ ဦး​ဆောင်တဲ့ Team က ပိုပြီး ရလဒ်​ကောင်း​တွေ ရလာတာ​ပေါ့ ။

Communication skillရှိရမယ် ။

ယ​နေ့​ခေတ်မှာ ဘယ်အလုပ်ပဲလုပ်လုပ် အသင်းအဖွဲ့​တွေနဲ့စု​ပေါင်းပြီး လုပ်​​ဆောင်ကြရတာမို့ communication skill က ရှိကို ရှိသင့်ပါတယ် ။ လူ့ခွစာ​တွေ ၊ လူ့ကန့်လန့်​တွေဆ်ိုတာ လုပ်ငန်းခွင်မှာရှိ​နေသင့်တဲ့ အကျင့်​တွေ မဟုတ်ပါဘူး ။
ဘယ်​လောက်​သေးငယ်တဲ့အလုပ်ကိုပဲ လုပ်​နေပါ​စေ ၊ ဘယ်​လောက် ​သေးငယ်တဲ့ Team နဲ့ လုပ်​နေရပါ​စေ အလုပ်​တွေ အဆင်​ပြေ​ပြေပြီး​မြောက်​အောင်မြင်ဖို့ Communication skill ​ကောင်းဖို့ သိပ်အ​ရေးကြီးပါတယ် ။
ဒါ​ကြောင့် ယ​နေ့​ခေတ်ရဲ့ မရှိမဖြစ် ရှိထားရမယ့် အရည်အချင်း​တွေထဲက တစ်ခုဖြစ်ရတာ​ပေါ့

Active ဖြစ်​နေရမယ် ။

အရှိန်အဟုန်နဲ့တိုးတက်​နေတဲ့​ခေတ်မို့ မျက်စိကိုဖွင့် နားကို​စွင့်ပြီး တက်တက်ကြွကြွ​နေရမှာကလည်း အရည်အချင်းတစ်ခုပါပဲ ။ ​ခေတ်နဲ့အညီ လိုက်​ပြေးနိုင်မှ ​နေရာတစ်ခုကို ​ရောက်မှာပါ ။ ရိုးသား​အေး​ဆေးတာနဲ့ တက်ကြွတာက မတူညီပါဘူး ။ ကိုယ့်ရဲ့အကျင့်စရိုက်က ​အေး​အေး​ဆေး​ဆေး​နေတတ်တယ်ဆိုရင်​တောင် ကိုယ့်ရဲ့ professional လုပ်ငန်းခွင်မှာ​တော့ up to date ဖြစ်​နေဖို့ လိုအပ်ပါတယ် ။
အပြိုင်အဆိုင်များတဲ့​ခေတ်ကြီးမှာ ​ခြေ​နှေး လက်​နှေးဆိုရင်​တော့ ​နေရာတစ်ခုကို ဆုပ်ကိုင်ဖို့ မလွယ်ပါဘူး​နော် ။

Reading Skill ​ကောင်းဖို့လိုတယ် ။

ဒီဘက်​ခေတ်ရဲ့အလုပ်အကိုင်​တွေက ဘွဲ့လက်မှတ်ထက် အသိပညာအ​ပေါ် ​အ​ခြေခံပြီး လုပ်ရတဲ့အလုပ်​တွေဖြစ်ပါတယ် ။ ​ကျောင်းမှာ သင်ခဲ့ရတဲ့စာနဲ့တင် လုံ​လောက်တဲ့အ​တွေ့အကြုံမဟုတ်​တော့ပါဘူး ။ ဒါ​ကြောင့် ကိုယ်က ကိုယ့်ရဲ့နယ်ပယ်အလိုက် လိုအပ်တဲ့ဗဟုသုတ​တွေကိုရှာမှီးဖို့ စာဖတ်နိုင်စွမ်းရှိဖို့ ၊ စာဖတ်တဲ့အရည်အချင်းရှိဖို့ လိုပါတယ် ။

Research Skill လည်းရှိသင့်တယ် ။

တိုးတက်လာတဲ့​​ခေတ်မှာ တစ်​ယောက်နဲ့တစ်​ယောက်ပြိုင်ဆိုင်ကြတဲ့အခါ ဘယ်သူက creative ဖြစ်သလဲဆိုတာနဲ့ ဆုံးဖြတ်လာကြပါတယ် ။ creative ဖြစ်ချင်ရင် ဘာလုပ်ရမလဲ? Research များများလုပ်ရမယ် ၊ များများ​တွေးရပါမယ် ။ အ​တွေးဆိုတာ အ​ခြေခံအ​ကြောင်းအရာ​တွေမရှိဘဲ ထွက်မလာနိုင်တာ​ကြောင့် သင့်အ​​နေနဲ့ creative ဖြစ်ချင်တယ်ဆိုရင် ကိုယ်သိချင်တဲ့အ​ကြောင်းအရာကို Detail ကျကျ research လုပ်တတ်ပါ​စေ ။

အလုပ်တစ်ခုကို ပြီး​​မြောက်တဲ့အထိ လုပ်တတ်ဖို့လည်းလိုပါတယ် ။

လူငယ်​တွေက အလုပ်​တွေကို ရဲရဲရင့်ရင့်​တော့ စတင်ကြပါရဲ့ ။ ​ကောက်ရိုးမီးလို အဆုံးသတ်သွားတာမျိုး​တွေက​တော့ မဖြစ်သင့်တဲ့ကိစ္စ​တွေပါပဲ ။ အလုပ်တစ်ခုကို စပြီးပြီဆိုရင် ပြီးဆုံးတဲ့အထိ လုပ်တတ်တဲ့သူကိုမှ တာဝန်ယူတတ်တဲ့သူလို့ ​​ခေါ်လို့ရမှာပါ ။ အ​သေးအဖွဲ​လေးကအစ တာဝန်မယူနိုင်ဘူးဆိုရင် ကိစ္စကြီး​တွေမှာ ကိုယ့်ကို တာဝန်​ပေးလာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး​နော် ။

အစားအ​သောက်အ​နေအထိုင်ဆင်ခြင်တတ်ဖို့ကလည်း အ​ရေးကြီးတဲ့အချက်အဖြစ်ပါဝင်လာပြန်ပါတယ် ။

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဆိုသလို တိုးတက်လာတဲ့​ခေတ်မှာ ​ရောဂါအသစ်အဆန်း​တွေကလည်း အများကြီးပါပဲ ။ ​နေ့စဥ်ဘဝမှာ လူငယ်​တွေက အစားအ​သောက်ကိုဆိုရင် မဆင်မခြင်စားတတ်ကြပါတယ် ။ ဒီလို အကြိမ်ဖန်များလာ​လေ​လေ ​သွေးတိုး ၊ ဆီးချို ၊ နှလုံး စတဲ့​ရောဂါ​​တွေကလည်း ကိုယ့်​နောက်ကို လိုက်လာပြီး အသက်တ်ို​စေမှာ အ​သေအချာပါပဲ ။ ဒါ​ကြောင့် အသက်ကို ဥာဏ်​စောင့်ပြီး လူသား​တွေအကျိုးကို သယ်ပိုးဖို့ အစား​အ​သောက်ကအစ ဆင်ခြင်တတ်ဖို့ သိပ်ကို လိုအပ်ပါတယ် ။

02/12/2023

သင်မမွေးမြင်ခင် သင့်ကို သူ အမျှော်ကြီးမျှော်ခဲ့တယ်။
သင် လူ့လောကထဲ ရောက်လာပြီဆိုတာနဲ့ သင့်အနား သူအပြေးလာတယ်။
သူ့အပေါ် သင်ဆိုးနွဲ့စိတ်ကောက်ပြလည်း သူပြုံးရယ်နေတတ်ခဲ့တယ်။
အိမ်က မိသားစုတွေ သင့်ကိုဆူငေါက်တဲ့အခါ ဆူငေါက်တဲ့သူတွေကို သူပြန်ဆူငေါက်တယ်။
သူဟာ သင်ကျေးဇူးတုန့်ပြန်ချင်သူတွေထဲက ကျေးဇူးတုန့်ပြန်ဖို့ မလွယ်ခဲ့တဲ့လူပါ။
သင့်မှာ အလုပ်အကိုင်၊ဝင်ငွေတွေရှိလာတော့ သူက သင့်အပါးကနေ ကွယ်ပျောက်ကောင်းကွယ်ပျောက်သွားခဲ့ပြီ။
သူ့ကို သင်ကျေးဇူးတုံ့ပြန်ဖို့ အခွင့်မရခဲ့တော့ဘူး။
သူဟာ အမြင့်မြတ်ဆုံးလို့ သင်ထင်ထားသူရဲ့ အမြင့်မြတ်ဆုံးသူ ဖြစ်တယ်။သူဟာ သင့်ရဲ့ ဘွားဘွားပဲ ဖြစ်ပါတယ်။

#နိုင်းနိုင်းစနေ

Photos from Dr Ye Naing Real Estate Service's post 02/12/2023
Photos from Ye Naing's post 01/12/2023

Dec 1*2023


2023 ခုနှစ်အတွက် Best Companies to Work in Myanmar ဆုရရှိသည့် ကုမ္ပဏီများအားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်ရပါသည်။

2023 Best Companies to Work in Myanmar ဆုရရှိသည့်ကုမ္ပဏီများသည် ၎င်းတို့ကုမ္ပဏီများ၏အတွေ့အကြုံများနှင့် ကျေနပ်အားရမှုများကို မျှဝေပေးခဲ့ကြသည့် ဝန်ထမ်းများအပေါ်အခြေခံထားသည်။ အဆိုပါ ကုမ္ပဏီတစ်ခုစီသည် အပြုသဘောဆောင်သော အလုပ်ယဉ်ကျေးမှုများ ဖန်တီးရန်၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးရန် ကတိကဝတ်ပြုထားပြီး ၎င်းတို့၏လုပ်ငန်းနယ်ပယ်အတွင်း မြန်မာနိုင်ငံတွင် ထိပ်တန်းအလုပ်ရှင်တစ်ဦးအဖြစ် ရပ်တည်လျက်ရှိသည်။
we extremely proud
AIA Myanmar is recognised as a winner of the *2023 Best Companies to Work in Myanmar*, for the second year in a row!

Congratulations to each and every one of us for this achievement and for making AIA Myanmar the best in every aspect!

We Keep up the great work and have a great December as we aim to Reach Greater Heights - Together as One!

Crd
YK

01/12/2023
01/12/2023
သရုပ်ဆောင်တာ နှစ်(၅၀)ကြာပေမယ့် ဘာမှမပိုင်ဆိုင်ခဲ့ဘူးလို့ ဖွင့်ဟလာတဲ့ မတူး 30/11/2023

https://www.facebook.com/100066381676079/posts/672070141682369/?mibextid=Nif5oz

ကျနော်တို့ ဆရာ ပြော ဖူး ခဲ့ သော
စကား များ ထဲ ရင် ထဲ ထိသော
စကား။တခွန်း ✨
ကျနော်တို့ တွေ အလုပ် အရမ်းကြိုးစားကြ ပါ တယ်
ဒါမဲ့ အသက်ကြီး လာတဲ့ အခါ ဘာမှ လက်ထဲ မစု မိ ပိုင်ဆိုင်မူ assets မရှိ တာ ဘ။ကြောင့် လို့ ထင်ပါ သလဲ ?

အခု လမ်းပေါ်မှာ
မီးပွင့် တွေ မှာ ဈေး ထဲ ‌တွေ မှာ
လဲ များစွာ တွေ့ မြင် နေရ ပါသည်

မိတ်‌ဆွေ သင် သည် လဲ
သင့် အနာဂတ် အတွက် ဖြစ်စေ

မိသားစုအတွက် ဖြစ်စေ

နက်ဖြန် December လ အတွက်
2024 အတွက်
သင် ကြို တင် စီ မံ ပြီး ပြီ လား ခ ဗျာ

🚨🚨🚨🚨🚨🚨🚨🚨🚨

Planfuturewithdryenaing
AIA Myanmar

Financial Secure With
Dr Ye Naing AIA Myanmar

သရုပ်ဆောင်တာ နှစ်(၅၀)ကြာပေမယ့် ဘာမှမပိုင်ဆိုင်ခဲ့ဘူးလို့ ဖွင့်ဟလာတဲ့ မတူး Even though he has been an actor for 50 years, Matu revealed that he did not own anything

27/11/2023

ကျန်းမာရေး အာမခံ ဆောင်ထားဖို့ အကြံပေးခံရတဲ့အခါ ဘာတွေ စဉ်းစားကြလဲ

ကျန်းမာရေး ကောင်းနေတာ နေကောင်း နေတာမို့ ဖြည်းဖြည်းပဲ ပေါ့

ဟုတ်ပြီ အာမခံ က သူ့မတိုင်မီ ရှိထား/ဖြစ်ထားပြီးတဲ့ ကျန်းမာရေး ပြဿနာတွေ အတွက် အာမခံမပေးဘူး ဆိုတာ သိထား သား နဲ့

ဘာကြောင့် ကျန်းမာနေဆဲ မှာ မြန်မြန် စဖို့ အားမထုတ်ရတာလဲ?

ဖြစ်တော့မှ ကိုယ့်ပိုက်ဆံအများကြီးကို ဆရာဝန် နဲ့ ဆေးရုံကို ပေးသုံးမယ်ပေါ့လေ။

AIA Myanmar ရဲ့ နိုင်ငံမရွေး ဆေးရုံမရွေး ဆေးရုံတက်ကုသစရိတ်တွေ ကို ကျသလောက် ရှင်းပေးတဲ့ One Health Solution ကျန်းမာရေး အာမခံ မှာ Plan 1 to 7 ရှိရာမှာ plan အလိုက် ရနိုင်တဲ့ ဆေးကုသစရိတ်တွေကတော့ ဒီလိုတွေပါ။
Plan 1 - 37သိန်း 5 သောင်း
Plan 2 - 75သိန်း
Plan 3 - သိန်း 150
Plan 4 - သိန်း 300
Plan 5 - သိန်း 450
Plan 6 - သိန်း 750
Plan 7 - သိန်း 1200 ထိ

သိန်း ၁၅၀ ဖိုး ဆေးကုစရိတ် သုံးနိုင်ဖို့
အသက် ၄၁-၄၅ အရွယ်
အမျိုးသား အတွက် တစ်နှစ် အာမခံ ကြေး ၄၃၂,၀၀၀/- (တစ်ရက် မြန်မာငွေ ၁,၁၈၃ ကျပ်)

အမျိုးသမီး အတွက် ၅၀၁,၀၀၀ (တစ်ရက် မြန်မာငွေ ၁,၃၇၂ ကျပ်)

အသက်၅၆-၆၀ အမျိုးသား တစ်နှစ် အာမခံကြေး ၈၆၆,၀၀၀/- (တစ်ရက် မြန်မာငွေ ၂,၃၇၂ ကျပ်)

အမျိုးသမီး အတွက်ဆို တစ်နှစ် အာမခံကြေး ၇၆၆,၀၀၀/-(တစ်ရက် မြန်မာငွေ ၂,၀၉၈ ကျပ်)

ဒီတစ်ရက်စာ အာမခံကြေးတွေ ကို အာမခံ ကြေး အနေနဲ့ မသုံးဘဲ သိန်း ၁၅၀ ရအောင် စု ကြ မယ် ဆိုရင် တစ်ရက်တော့ ပြည့်မှာပါပဲ။ စုဆောင်းနေတုန်း ဆေးကုစရိိတ် တွေ မလိုအပ်ဖို့တော့ အရေးကြီးတာပေါ့။

ဒီနေရာမှာ အသက် ၆၀ ပြည့်ခါနီး အစ်ကိုကြီး၊ အစ်မကြီးတွေ အရမ်းကြီး တွေဝေ မနေဘဲ နိုင်ရာ အာမခံကြေး ကို သုံးပြီး အာမခံ ယူ ထား ဖို့ အထူးတိုက်တွန်းချင်ပါတယ်။
အသက် ၆၀ ပြည့်ပြီးမှဆို ဒီအာမခံ ယူ လို့ မရ လို့ပါ။ အသက် ၆၀ မတိုင်ခင် ရှိထားမှ အသက် ၈၀ အထိ အာမခံ ပိုင်ဆိုင်နိုင်မှာပါ။

ပြည်တွင်းဖြစ်ဖြစ် ပြည်ပ ဖြစ်ဖြစ် AIA Myanmar နဲ့ ချိတ် ဆက် ထားတဲ့ ဆေးရုံတွေမှာ ကိုယ်က အရင် စိုက်ထုတ်ရှင်းစရာ မလို တဲ့ Cashless services သုံးနိုင်တာကြောင့် လက်ထဲရှိတဲ့ ငွေသား ၊ ဘဏ်ထဲရှိတဲ့ စုဆောင်းငွေ တွေ သုံးစရာ မလိုဘဲ စိတ်အေးချမ်းသာစွာ ဆေးကုနိုင်မှာ ဖြစ်ပါတယ်။

ဆိုတော့ ဘာတွေ ဘယ်လို ခက်ခက် ကြပ်ကြပ် AIA member အနေနဲ့ လွယ်လင့်တကူ သက်တောင့်သက်သာ ဆေးကုပါ။

Plan 2 နဲ့ အထက် ပိုင်ဆိုင်ထားသူများ အဖို့ကတော့ ကမ္ဘာတစ်ဝန်းမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ပေါင်း ၅၀,၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားတဲ့ Teladoc Healthcare Service မှအကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုကို ရယူနိုင်ပြီး ကုသမှု အစီအစဉ်တစ်လျှောက် ရောဂါရှာဖွေခြင်း၊ ကုသခြင်းနှင့် ပြန်လည်ကောင်းမွန်လာသည်အထိ ကူညီပံ့ပိုးပေးမှုများ ရရှိ မည်ဖြစ်ပါတယ်။

ဒါတင် ပဲ လား ဆို ဒါ့ထက် ပိုတဲ့ အကျိုးခံစားခွင့်တွေ သိရအောင် 09-5502581 မှတဆင့် Dr Ye Naing ကို ဆက်သွယ် စုံစမ်းပါ။

နေမကောင်းလို့ လူနာ ခေါ်ခံနေရတဲ့ အထဲ ငွေကုန်ရလို့ စိတ်ပါမနာရအောင် ကျန်းမာရေး အာမခံ ကို ဒီနေ့ပဲ စတင်ပါလို့ တိုက်တွန်း လိုက်ပါတယ်။

🌟💫Your Life is Your Choice. 💫🌟

Crd
Thu Thu Win
Financial Services Consultant
AIA Myanmar

Level 22, Junction City Office Tower
Bogyoke Aung San Road, Yangon


#အာမခံ

#ကျန်းမာရေးအာမခံ

27/11/2023

Awakening ဖြစ်တဲ့ ခရီးစဉ် အစမှာရော ... ခရီးစဉ် တလျောက်လုံးမှာပါ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ Ego နဲ့ Soul တို့ အထဲမှာ အားပြိုင်ပြီး အချင်းချင်း အပြန်အလှန် တိုက်ခိုက်နေကြရတာပဲ ဖြစ်ပါတယ် ...

Ego တို့ Soul တို့ ပြောရင်လဲ ကိုယ့်ရဲ့ အမဲကောင်နဲ့ အဖြူကောင်လို့ ပြောလို့ ရပါတယ် ... Randy တို့ မွေးစမှ စလို့ Awaken မဖြစ်ခင် အချိန်အတိုင်းအတာ တစ်ခုအထိ ကိုယ့်ရဲ့ အမဲကောင် Ego ကို အများကြီး အစာကျွေးခဲ့ကြပါတယ် ... ငါ, ငါ့မိဘ, ငါ့အိမ်, ငါ့ဉစ္စာ စသည်ဖြင့် ငါ, ငါ, ငါ ဆိုပြီး သင်ကြားခြင်းခံရသလို ... ကိုယ်တိုင်ကလဲ လိုလိုလားလား တည်ဆောက်ပြီး နေခဲ့ကြတယ် ...

ဒီအချိန်မှာ အမဲကောင်က အားကြီးသည်ထက် အားကြီး လာပြီး ... အဖြူကောင် Soul လေးက အားနဲလာတယ် ... အတွင်းမှာ သူ့နေရာ ပျောက်သည်ထက် ပျောက်လာပါတော့တယ် ... Awaken ဖြစ်လာတဲ့ အခါ ပထမဆုံး ရှာရတဲ့ အလုပ်က ကိုယ့်ကိုယ်ကို သိအောင်လုပ်ခြင်း ... ကိုယ့်ရဲ့ Soul ကို ပြန်ရှာဖွေခြင်း ... ကိုယ့်ရဲ့ အဖြူကောင်ကို အစာကောင်းကောင်း ပြန်ကျွေးတဲ့ အလုပ်တွေကို လုပ်ရင်း ... အရင်က လုပ်ခဲ့တာတွေက စစ်မှန်တဲ့ မှန်ကန်ခြင်း The Law of Truth မဟုတ်ပါလားဆိုတာကို သိလာကြရပါတယ် ...

ဒီအချိန်မှာ ကိုယ့်ရဲ့ အတွင်းမှာပဲ Soul ကလဲ သူနေရာ သူပြန်ရအောင် လုပ်တဲ့အခါ ... Ego ကလဲ သူ့နေရာ မပျောက်ပျက်ရေး တစ်ချိန်လုံး ခုခံတိုက်ခိုက်ရေးတွေ လုပ်နေတော့တာပါပဲ ... စိတ်ဒုက္ခ ဆိုတာက အဲ့ဒီမှာ စပြီး ကြုံရတာပါပဲ ... အထဲမှာ တစ်ခါ အားပြိုင်တိုင်း ... ကိုယ့်စိတ်နဲ့ကိုယ် အတွင်းမှာ ခံစားရခက်တာ ... ဖြစ်ချင်တိုင်း ဖြစ်မလာတာ ... လုပ်ချင်တိုင်း လုပ်မရတာ စသည်ဖြင့် ဒေါသတွေ, ဝမ်းနည်းရတာတွေ, စိတ်ပျက်စရာတွေ, Aggressive ဖြစ်တာတွေ စတာတွေဖြစ်နေပြီး Soul နဲ့ Ego တို့ လွန်ဆွဲနေကြတာပါပဲ ...

~ Myo Thiha Kyaw ~ Randy ~

တကယ့်တကယ် သေသေချာချာ ပြန်စဉ်းစားကြည့်တော့လဲ Ego ကလဲ သူ့အလုပ် သူလုပ်နေတာပါပဲ ... သူက အခု ဒီလက်ရှိဘဝမှာ တစ်ဘဝစာ အဆင်ပြေရေး … ကောင်းစားရေး ... သူ့ကိုယ်သူ ဖွံဖြိုးတိုးတတ်အောင် Develop လုပ်နေတာပါ ... ငါ ဘယ်လောက် အောင်မြင်ရမယ် ... ငါ ဘယ်လောက်တိုးတတ်ရမယ် ... ငါ ဘယ်လောက်ထိ ပိုင်ဆိုင်ရမယ် ... စသည်ဖြင့် ငါ,ကို Develop လုပ်ပေးနေတာပါ ... သူလဲ မှန်ပါတယ် ...

ဒါပေမဲ့ Soul ကလဲ စတင် ဖြစ်ပေါ်လာတဲ့ အချိန်ကနေ စပြီး သံသရာတစ်လျောက်မှာ Evolve ဖြစ်ဖို့ Develop ဖြစ်ဖို့ ကြိုးစားနေရင်း လွတ်မြောက်ရာ ပန်းတိုင်ကို ရှာဖွေနေပါတယ် ... သင်ယူစရာရှိတာတွေကို ဘဝပေါင်းမြောက်များစွာကို ဖြတ်သန်း သင်ယူလာပြီး Soul Growth ဖြစ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ် ... ပြောရရင် သူကလဲ သူ့အလုပ် သူလုပ်နေတာပါပဲ ...

ဒီတော့ ကြားမှာ Randy တို့ရဲ့ အငှားခန္ဓာကိုယ်ကြီးက Ego နောက်လိုက်ရ Soul နောက်လိုက်ရနဲ့ ... အမှန်တော့ အားလုံးက သူ့အလုပ် သူလုပ်နေကြတာပါ ... Matrix ကို မသိ နားမလည်ခင် ... The Law of Truth ကို နားမလည်ခင်က တော့ Ego က အနိုင်ရတယ်လို့ ထင်ကောင်း ထင်နေနိုင်ပါတယ် ... ဒါပေမဲ့ စစ်မှန်တဲ့ Soul Journey နဲ့ ကြုံလာရတဲ့ အခါမှာတော့ Soul နဲ့ Ego တို့ အားပြိုင်တိုင်း အဖြူကောင်က အမြဲ နိုင်ကို နိုင်ပါတယ် ...

ကြားမှာတော့ ကိုယ်က ကိုယ့်စိတ်နဲ့ကိုယ် အားပြိုင်ရတာပေါ့ ... ခံစားရခက်တာပေါ့ ... စာမေးပွဲတွေလဲ အကြီးအကျယ် အစစ်ခံရတာပေါ့ ... ဒီတော့ Randy တို့က Ego ကို ခွာချနိုင်ရင် ခွချ ... မခွာချနိုင်ရင် ခွာချခြင်း ခံရပေါ့ ... ဒီလိုနဲ့ Painful Process ကို ဖြတ်သန်းရင်း ... ကံကြွေးဆပ်စရာရှိတာတွေ ဆပ်ရင်း ... Soul Growth အတွက် Learn လုပ်, လုပ်ပြီး ရှေ့ကို ဆက်သွားနေရပါတော့တယ် ...

ဒါက Awakening Journey Sharing Zoom Session ထဲမှာ ပြောဖြစ်တာလေးကို ပြန်ရေးပေးထားတာပါ ... ဒီ Spiritual ခရီးစဉ်မှာ ဖြစ်တတ်တဲ့ သဘောသဘာဝတွေ ဆောင်ရန် ရှောင်ရန်လေးတွေ အသေးစိတ် သိချင်ရင် Replay ကို 44444 Ks နဲ့ ဒီနေ့က စပြီး Dec 3 နေ့အထိ Join ခွင့်ပေးထားပါတယ် ... စိတ်ဝင်စားလျှင် CB မှ ဖြစ်စေ Comment မှ ဖြစ်စေ ဆက််သွယ်မေးမြန်းနိုင်ပါတယ် … ကိုယ် ချစ်ရတဲ့ Spiritual လမ်း လျောက်လှမ်းနေသူတွေကိုလဲ လက်ဆောင် ဝယ်ပေးလို့ ရပါတယ် …

Have A Nice Day! 💜💜💜

လိုအပ်လျှင် Life Coaching ယူပါ …
Randy’s အတန်းတွေ Join ပါ …

🍀 မျိုးသီဟကျော် ~ Randy 🍀

⭐️ Life Coach & Spiritual Mentor
⭐️ Law of Attraction & Manifestation
⭐️ Chakra Balancing & Activation
⭐️ Personal Development Trainer & Reiki Energy Healer

27/11/2023

တန်ဆောင်တိုင်ချိန်ခါသမယဟာ ချစ်ခင်မြတ်နိုးသူတွေအပေါ် ဂါရဝတရားကိုဖော်ကျူးပြီး ကောင်းမှုကုသိုလ်ပြုကြတဲ့ ရက်မြတ်ရာသီပဲဖြစ်ပါတယ်။

ဆီမီးမြိုင်မြိုင် ထိန်ထိန်လင်းတဲ့ လတန်ဆောင်တိုင်ရဲ့ အလင်းရောင်နဲ့အတူ AIA Myanmar က သင်နဲ့သင့်မိသားစုတွေအတူတကွ ဆုံဆည်းပျော်ရွှင်ပြီး ကျန်းမာသုခနဲ့ ပြည့်စုံတဲ့ အနာဂတ်ကို ပိုင်ဆိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

Tazaungdaing is a season of expressing gratitude towards our loved ones and helping people in need.

As you spend this auspicious Tazaungdaing with your loved ones in the stunning spectacle of lights, AIA Myanmar would like to wish that you and your families' futures are as bright as the Tazaungdaing lights, filled with togetherness, joy and good health!

26/11/2023

တွေ့ကြသည်။

ဆုံကြသည်။

ဆွေး​နွေးကြသည်။

အဖြေရှာကြသည်။

26/11/2023

သူဌေးသုံးယောက်နဲ့ပေါင်းရင်
လေးယောက်မြောက်သူဌေးဟာ
မိမိကိုယ်တိုင်ဖြစ်လာနိုင်တယ်။

လူညံ့သုံးယောက်နဲ့ပေါင်းရင်
လေးယောက်မြောက်လူညံ့ဟာ
မိမိကိုယ်တိုင်ဖြစ်လာနိုင်တယ်။

MDRt တွေ နဲ့ ပေါင်းရင်
ကိုယ်တိုင်လည်း MDRT ဖြစ် လာ နိုင်တယ်

Crd ပေးပါတယ်

26/11/2023

🤗 hello Everyone

" 𝘿𝙤 𝙣𝙤𝙩 𝙨𝙖𝙫𝙚 𝙬𝙝𝙖𝙩 𝙞𝙨 𝙡𝙚𝙛𝙩 𝙖𝙛𝙩𝙚𝙧 𝙨𝙥𝙚𝙣𝙙𝙞𝙣𝙜 𝙗𝙪𝙩 𝙨𝙥𝙚𝙣𝙙 𝙬𝙝𝙖𝙩 𝙞𝙨 𝙡𝙚𝙛𝙩 𝙖𝙛𝙩𝙚𝙧 𝙨𝙖𝙫𝙞𝙣𝙜"

💰"သုံးပြီးမှ ကျန်တာကို မစုပါနဲ့၊ စုဆောင်းပြီးမှ ကျန်တာကို သုံးပါ" တဲ့။

💰 ငွေစုဆောင်းတက်ခြင်းသည်ကောင်းမွန်တဲ့အလေ့အကျင့်ကောင်းတခုဖြစ်တဲ့အပြင်အနာဂတ်အတွက်အကောင်းဆုံး ကြိုတင်ပြင်ဆင်ခြင်းတွင် အသက်အာမခံ ထားရှိခြင်းဟာလည်း အကောင်းဆုံးသောပြင်ဆင်မှုတစ်ခုပါပဲ။

💰သင့်အနာဂတ်ရေးအတွက်စနစ်တကျငွေစုဆောင်းလို့လည်းရတဲ့အပြင်
တခြားအသက်အာမခံအကျိုးကျေးဇူး
သုံးထပ်ကွမ်းရနိုင်တဲ့
AIA Universal Life ရဲ့တမူထူးခြားတဲ့
တသက်တာ ရွေးချယ်
အသက်အာမခံ Smart Savings Life insurance လေးရှိနေပါပြီ။

💰 ဘဏ်တွင်ငွေကြေးစုဆောင်းထားသကဲ့သို့အလားတူ အတိုးမျိုးလည်းရမယ်၊1️⃣မတော်တဆထိခိုက်မှုတွေ ကြုံလာခဲ့ရင်လည်းအကာအကွယ်ဖြစ်စေတဲ့စုဆောင်းမှုအာမခံမျိုးဖြစ်တဲ့အပြင် 2️⃣
ကင်ဆာဆေးကုသစရိတ် လဲ ကြိုတင် ထုတ် ပေး တဲ့ အာမခံ အမျိုးအစား3️⃣
ကြိုတင် အမွေ ပေး လို့ လဲ ရ တဲ့ အာမခံ အမျိုးအစား လဲ ဖြစ် တယ်


💰 ဒါ့အပြင်ပေးသွင်းထားတဲ့ပရီမီယံကြေးအပေါ်အခွန်ကင်းလွတ်ရမှာမို့လစာငွေကောင်းတဲ့သူတွေအနေနဲ့အခွန်လည်းသက်သာငွေလည်းစုဆောင်းပြီးသားဖြစ်မှာအသေချာပါပဲ။

💰 AIA Myanmar ရဲ့ universal
Life Insurance ရဲ့ "တမူထူးခြားသည့်
တသက်တာ ရွေးချယ်
အသက်အာမခံ (Smart Saving Life Insurance)" ကို
အသေးစိတ်သိရှိလိုပါက Messenger (သို့မဟုတ်) - 09 5502581” သို့ ခုပဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

24/11/2023

နေ့စဉ် အများအတွက်ဆိုတဲ့ ဦးတည်ချက်နဲ့ပဲ ရှေ့ဆက်နေမိပါတယ်….

Crd
Zayar

24/11/2023

Knowledge Sharing

အသက် ၈၀ အရွယ်ထိ အရက် သောက်နေတဲ့ အဖေ ကို အရက်ဖြတ်ဖို့ လာလာပို့ ပေးနေတဲ့ သား က.... ပန်ကရိယ ကင်ဆာ နဲ့ အခြား အင်ဂါတွေကိုပါ ကင်ဆာ ပြန်နေပြီဆိုတဲ့ လူနာဘဝ ကိုမထင်မှတ်ပဲ ရောက်သွားတဲ့အခါ 😞😞

ကိုဟာ သူမှာ.. ရောဂါဖြစ်ဖို့ ဘယ်လို အကြောင်းခံ တွေ ရှိလဲ ဆိုပြီး ပြူးပြဲ ရှာရ။
ဘာမှ လဲ မဖြစ်ဖူး..
ဗိုက်တောင်တချက်မအောင့်ဘူးတဲ့

ယူထားတဲ့မိန်းမ နဲ့ ကျန်ခဲ့တဲ့ အဖေအိုကိုပါ ဂရုစိုက်တတ်တဲ့ လူကောင်း သူကောင်း တယောက်က... ဝုန်းကနဲ ထွက်ခွာဖို့ ပြင်ဆင် နေရတဲ့ အခါ...။

ဆေးခန်း လာ တဲ့ လူနာကို... ဆရာဝန်က... ဘာသာရေး လုပ်ဖို့ ပြောပြ ဆွေးနွေးရတဲ့ အခါ 😞😞
.............

ဆီးချိုကြောင့် ကျောက်ကပ် ပျက်စီးစ ပြုနေလို့.. ပါလာတဲ့ လူနာ စောင့်ဖြစ်တဲ့... သူ့သမီး (မွေးထားတဲ့၇ ယောက်ထဲ သူပဲ ကျွန်မကို ပြန်ကြည့်တယ်
ဆိုတဲ့ သူ့ရဲ့ သမီး)ကို အမေ့ကိုအလိုမလိုက်ဖို့ ပြောနေချိန်

အစားအစာ လုံးဝ မဆင်ခြင်တဲ့... လူနာ ကိုရော.. ဆူနေချိန်မှာ.......

ဆရာ ကျွန်မ ဖြစ်တာကြာပြီ.. ခေါင်းတွေကိုက်ကိုက်နေလို့ ဆိုရာကနေ CT ထိ သွားခိုင်းမိတဲ့ လူနာဟာ secondary Brain Tumour( ဦးနှောက်ကင်ဆာ) တွေ ဖြစ် နေတဲ့ အခါ

သူ့မှာ ဘာများ Risk Factors တွေရှိလို့လဲ ဆိုပြီး ရှာလဲ မတွေ့ရတဲ့ အခါ

လပိုင်းအတွင်းမှာ တင် ရောဂါဒါဏ်နဲ့ ပြောင်းလဲ သွားတဲ့ သူ့ကို ကြည့်မိတဲ့အခါ
............

ကိုဟာ...ဟားတိုက်ရယ်မောနေတတ်ခဲ့ပြီ။

မယုံကြည်ခြင်း ချောက်ကမ်းပါးပေါ် ရပ်နေခဲ့ မိပြီ

ဆေးပညာကိုလဲ မယုံဘူး
လေ့လာတွေ့ရှိမှုတွေကိုလဲ မယုံဘူး

ငါတို့ဟာ မျက်စိ တမှိတ် လျပ်တပြက် ပါပဲ လားလို့ သ်ိလိုက်ရချိန်တွေပေါ့။

မင်းသေဖို့အတွက် ဘားမှ မလို ဘူး လို့ သိလိုက်ရတဲ့ အခိုက်အတန့်တွေပေါ့။

ဘာတွေကို များ ယုံကြည်ရအုံးမလဲ။

လူကောင်းတွေကို
ဆုံးရှုံးသွားတဲ့ မိသားစု တွေနေရာမှာ ကိုဟာ

အော်..သူတို့ကျမှ ဖြစ်ရလေတယ် ဆိုပြီး...

နောက်လူနာ ထပ်ကြည့်ဖို့... မခေါ် သေးပဲ... သက်ပြင်းတွေအကြိမ်ကြိမ် ချရတယ်။

Crd

Dr Myo Ko Ko

22/11/2023

အိပ်ယာမ၀င်ခင် 🙏🙏🙏 ဘုရား၀တ်ပြုပါ။ မိဘကို ကန်တော့ပါ🙏🙏🙏။ ဆရာသမားကို ကန်တော့ပါ🙏🙏🙏။ကျေးဇူးရှိဖူးသူအားလုံးကို ဦးချကန်တော့ပါ။🙏🙏🙏

18/11/2023

Save for ☔ Rainy day



Dr Ye Naing AIA
Financial Advisor

Photos from Ye Naing's post 17/11/2023

"ဝန်ထမ်းများအတွက် (၃၂၂)သိန်းကျော်ဖိုး ကျန်းမာရေးနှင့်အသက်အာမခံဝယ်ယူပေးခြင်း"

ဝန်ထမ်းများအားလုံးကို လစဉ် ကျန်းမာရေးစရိတ်ထည့်ပေးထားတဲ့အပြင်
နှစ်ရှည်ဝန်ထမ်းများ(၁၈၂)ဦးအတွက် AIA Myanmar မှ ကျန်းမာရေးနှင့်အသက်အာမခံကြေး (၃၂၂)သိန်းကျော်ဖိုး ထပ်မံဝယ်ယူပေးထားပါတယ်။မြန်မာနိုင်ငံတွင်းသာမက နိုင်ငံခြားထိပါဆေးကုသခွင့်ရတဲ့အပြင် တစ်နှစ်ကို သိန်း (၁၅၀) အထိအကျိုးခံစားခွင့်ရှိပါတယ်ရှင့်။
အခုလို ဝန်ထမ်းများကို မိသားစုကဲ့သို့ အမြဲဂရုစိုက်ပေးတတ်တဲ့ ထာဝရဝိန့်စိန်မိသားစုကို ဝန်ထမ်းများအားလုံးကလည်း ကျေးဇူးအထူးတင်ရှိပါတယ်🙏🏻🙏🏻🙏🏻

ထာဝရဝိန့်စိန်မိသားစုအားလုံးလည်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီး ပျော်ရွှင်အောင်မြင်တဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ်ခ ဗျာ🙏🏻🙏🏻🙏🏻

မိတ်‌ဆွေ တို့ ကော ဗျ မိမိ တို့ ဝန်ထမ်း တွေ နဲ့ သူတို့ မိသားစုတွေ ကို မိမိ တို့ ချစ်ခင် မေတာ ကို အာမခံ policy certificate လေး တွေ နဲ့ သက်သေပြ လိုက် ကြရ အောင် လား ဗျ





#ကျန်းမာရေးအာမခံ


Planfuturewithdryenaing

17/11/2023
16/11/2023

အာမခံ ထား ခြင်း ဆို သည် မှာ မိမိ ပိုင်ဆိုင် ထားသော ငွေ ကြေး များ ထဲ မှ ပမာဏတချို့ ကို နောက် ထပ် တနေရာ မှာ ‌ရွှေ့ ပြောင်း ထား ခြင်း ပင် ဖြစ်သည်

တ‌နည်း အားဖြင့် ဆို သော်
အိတ် အသေး မှ အကြီး ပြောင်း ထား သလို
ပင် ဖြစ်သည်။

မိမိ အရေး ပေါ် လာ လျှင် ပြန် လည် ထုတ် ယူ နိုင်သော Emergency fund တခု လဲ ဖြစ်ပါသည်
အသေးစိတ် ဆွေးနွေးလို လျှင် 💭💬

Dr Ye Naing AIA
Financial Advisor

14/11/2023

အသက်လည်း ၄၀ နားနီးလာပြီဆိုတော့
တခါလေ ဘဝမှာကိုယ်လုပ်ချင်တာလေးတွေ လုပ်ဖို့ အချိန်ပိုပေးတော့မယ်

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

team က မိတ် ဆေွ တွေ နဲ့
ဆင်လေးတွေ က ပြ
Thadingyut festival nightAIA Myanmar
တိမ်ညိုတွေအုံ့မှိုင်းတဲ့ရာသီ☔️🌦️
စကားလုံးတွေနဲ့ပဲဖြစ်ဖြစ်အထိအတွေ့တွေနဲ့ပဲဖြစ်ဖြစ်မင်းကိုပျော်အောင်ထားမယ်မင်းပြုံးတဲ့အခါ ကမ္ဘာမြေဟာလှသထက်လှပနေတာမို့မင်းကိ...
ပြည် ပွဲ ဖိတ်လိုက်ပါ တယ် ခင် ဗျ🌟095502581
ခဏတင်မယိ နော်််ငယ်ငယ်တုန်းက
Morning 🌞
HelloNpt 💟

Category

Telephone

Website

Address

Min Street
Yangon

Opening Hours

09:00 - 17:00

Other Entrepreneurs in Yangon (show all)
htetmyat7739 htetmyat7739
Yangon

age=2004

Zawlin aung ကိုရီးယားကားအရောင်းအဝယ် Zawlin aung ကိုရီးယားကားအရောင်းအဝယ်
Yangon, ကိုရီးယားကားအရောင်းအဝယ်

ကားအကြောင်းလေးများ မျှဝေကြမယ်

lady htae law firms lady htae law firms
No. 797
Yangon

can help you

Phyo Automobile Phyo Automobile
1229, Padauk Myaing 2street, 34Quarter, North Dagon
Yangon

car

KO KO AUNG FOLLOW ME AGENCY KO KO AUNG FOLLOW ME AGENCY
Zambu Sri 6 Road
Yangon, KKA

☎:0️9️5️4️1️7️6️5️8️ ❌Messenger မသုံးပါ...

MYE - Design & Construction MYE - Design & Construction
Yangon

BE Civil(TU MKN) bechlor in Business Adliministration (Kaplan Higher Education Institute Singapore)

AdSage Marketing AdSage Marketing
Yangon

AdSage is operated by a team of seasoned marketing experts who cater to a selected group of clients.

17Shopping Zome 17Shopping Zome
Yangon

ပစ္စည်းမှန် ဈေးမှန် နေရာမှန် ဝန်ဆောင်မှု့ အကောင်းဆုံး အားပေး ကြ ပါဦး 🍀🍀🍀🛍️🛒🙆 Shopping Zone🛍️

AmyMyint-Digital Entrepreneur AmyMyint-Digital Entrepreneur
Yangon, 11101

Helping people to be a successful digital business.

Contemporary Art Myanmar YgN Contemporary Art Myanmar YgN
Yangon, 11111

Contemporary Art Myanmar is dedicated to distribute the uprising art of today and culture in Myanmar.

Pinsi Pinsi
No. 818 , Mahawthada (5) Street, East Dagon
Yangon, 11451

Clothing, Beauty, Accessories