Forever sharing
Nearby beauty salons
Yangon
စမ်းချောင်း, Yangon
Sanchaung, Yangon
စမ်းချောင်း, Yangon
Sanchaung, Yangon
Sanchaung, Yangon
Sanchaung, Yangon
Yangon
Yangon
Sanchaung, Yangon
Yangon
လူသားတိုင်းအတွက် ခရစ်တော် ဖြစ်ရမည်။
❝ မျိုးဆက်ကျိန်စာကို ဖြတ်ပါ ❞
သင်က မကောင်းတဲ့စွဲလမ်းမှုတစ်ခုခုနဲ့ ရုန်းကန်နေရမှာပါ။ ဖြတ်နိုင်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒီအတိုင်းစွဲလမ်းနေတော့မယ်လို့ လူတွေလည်း ပြောခဲ့ကြတယ်။ သင့်မိသားစုမျိုးဆက်မှာလည်း စွဲလမ်းမှုပြဿနာ ရှိခဲ့တယ်။ ဒီနေ့က နေ့ရက်သစ်ပါ။ သင်လွတ်မြောက်ပြီဖြစ်ကြောင်း ကျွန်တော်ကြေငြာတယ်။ အတိတ်မှာ သင့်ကို ချုပ်နှောင်ခဲ့တဲ့အရာက အခုထပ်မချုပ်နှောင်နိုင်တော့ဘူး။ ဒီနှစ်က အောင်မြင်ကျော်လွှားတဲ့နှစ်ပါ။ ချိန်းကြိုးတွေ လျော့ရဲလာပြီ။ တုပ်နှောင်ခြင်းတွေ ပြိုလဲလာပြီ။ သင်မမြင်ဖူးသေးတဲ့ လွတ်မြောက်ခြင်းဆီ ခြေလှမ်း နိုင်တော့မယ်။ အရင်က ရုန်းကန်ခဲ့ရပေမဲ့ အခုလွယ်လွယ်ကူကူ ဖြတ်နိုင်တော့မယ်။ စွဲလမ်းမှုအပေါ် စိတ်ဆန္ဒတွေ တဖြည်းဖြည်းလျော့နည်းလာပြီ။ သင့်အပေါ် လွှမ်းမိုးနေတဲ့ စွဲလမ်းမှုအစွမ်းက အဆုံးသတ် ရတော့မယ်။ ကျမ်းစာက "မတရားသောသူတို့၏ ဦးချိုကို ငါချိုးမည်။ တရားသောသူ၏ ဦးချိုကား ချီးမြှောက်ခံရမည်" (ဆာ ၇၅း၁ဝ) လို့ပြောထားတယ်။ သင့်ကိုတားဆီးနေတဲ့အစွမ်းတွေ အချိုးခံနေရပြီ။ အခု သင့်ဘဝအပေါ် ဒီကောင်းချီးမင်္ဂလာကို နေ့တိုင်းပြောပါ "အဖဘုရား၊ ကျွန်တော်လွတ်မြောက်လို့ ကျေးဇူးပါ။ ဒီစွဲလမ်းခြင်းက ကျွန်တော့်ကို မထိန်းချုပ်နိုင်တော့လို့ ကျေးဇူးပါ။ ကိုယ်တော် ကျွန်တော့်ကိုဖန်ဆင်းခဲ့တဲ့အတိုင်း ကျွန်တော်ဖြစ်လာရမယ်"
အသက် ၄ဝ အရွယ် ဆေးစွဲနေတဲ့အမျိုးသမီးနဲ့ စကားပြော ဖြစ်ခဲ့တယ်။ ဆယ်ကျော်သက်ကတည်းက ဆေးစွဲခဲ့တာပါ။ မျိုးဆက် အလိုက် ဆေးစွဲခဲ့တယ်။ ဘဝတလျှောက် "မင်းလည်း ဆေးစွဲမှာ။ မင်း မိသားစုက ဆေးစွဲတဲ့မျိုးဆက်လေ" လို့ အပြောခံခဲ့ရတယ်။ ကြည်ရတာ ဒီပြဿနာက ဆက်ရှိနေမယ့်ပုံပါ။ တစ်ယောက်ယောက်က ကျွန်တော့် တရားဟောချက်လင့်တစ်ခုကို သူမဆီ ပို့ပေးခဲ့တယ်။ သူမလည်း နားထောင်ခဲ့တယ်။ ကျွန်တော်က "သင့်ကို ဆေးစွဲဖို့ဖန်ဆင်းခဲ့တာ မဟုတ်ကြောင်း၊ ဒါဟာ သင့်ဖြစ်တည်မှုမဟုတ်ပဲ လုပ်ရပ်တစ်ခုသာဖြစ်ကြောင်း၊ သင်က အမြင့်ဆုံးသောဘုရားသားသမီး၊ သင့်ကို လွတ်မြောက်သောသူအဖြစ် ဖန်ဆင်းခဲ့ကြောင်း" ပြောဆိုတာတွေကို သူမက ကြားခဲ့ရတယ်။ သူမအထဲမှာ တစ်ခုခုက အသက်ဝင်လာခဲ့တယ်။ ဒီယုံကြည်ခြင်းစကားတွေက သူမရဲ့ ဝိညာဉ်ထဲက လွတ်မြောက်ခြင်းကို လှုံ့ဆော်ပေးခဲ့တယ်။ သူမရဲ့ ဘဝအပေါ် ဒီလိုကောင်းချီးမင်္ဂလာပြောဆို ပေးတာမျိုး တစ်ခါမှမကြားခဲ့ရဘူး။ ဘယ်သူကမှ လွတ်မြောက်ခြင်းကို မကြေငြာခဲ့ဘူး။ နှစ်ပေါင်းများစွာ ကြားခဲ့ရတာဟာ မကောင်းတဲ့စကား၊ မလုပ်နိုင်တာ၊ ကန့်သတ်ချက်ရှိတာ၊ အရည်အချင်း မပြည့်မှီတာတွေပါ။ အဲဒီနေ့က သူမအတွက် အပြောင်းအလဲဖြစ်လာခဲ့တယ်။
မနက်တိုင်းမှာ သူမက "ငါလွတ်မြောက်ပြီ။ ဒီဆေးစွဲခြင်းက ငါ့ပန်းတိုင်မဟုတ်ဘူး" လို့ ပြောလာခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် မတူတဲ့ အမြင်မျိုး ရှိလာခဲ့တယ်။ ဆေးစွဲရုန်းကန်နေရသူလို့ မမြင်တော့ပဲ ကျန်းမာပြည့်စုံသူ၊ လွတ်မြောက်သူအဖြစ် မြင်တတ်လာခဲ့တယ်။ ၃လ အကြာ တစ်မနက်ခင်းမှာတော့ သူမက ဆေးသုံးချင်စိတ် လုံးဝမရှိတော့ဘူး။ ရုတ်တရက် လွတ်မြောက်ခဲ့တာပါ။ ဒါဟာ တစ်ယောက်ယောက်က သူမအပေါ် ကောင်းချီးမင်္ဂလာပြောပေးခဲ့လို့ပါ။ ကျွန်တော်က လွတ်မြောက်ခြင်းကို ကြေငြာခဲ့ချိန်မှာ သူမဘက်က ဝိညာဉ်ထဲ လက်ခံခဲ့လို့ပါ။ ဒီစာကို ဖတ်ရုံဆိုရင်တော့ ရက်အနည်းငယ် သင်ခွန်အားရမှာပါ။ ဒါပေမဲ့ သင့်ဝိညာဉ်ထဲ အမြစ်တွယ်စေပြီး "ဒါဟာ ငါ့အတွက်ပဲ" လို့ ပြောမယ်ဆိုရင် လက်တွေ့ဖြစ်လာမှာပါ။
သူမလို ကျွန်တော်တို့မျိုးဆက်လည်း မကောင်းတဲ့စွဲလမ်းခြင်း ကို လက်ဆင့်ကမ်းနေမှာပါ။ ဆေးစွဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဆက်ဆံရေးမကောင်းခြင်းတွေ မိသားစုမှာရှိနေမယ်။ ဒေါသမထိန်းနိုင်တဲ့လူ တစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့တယ်။ သူက "ဂျိုးလ်၊ ငါက ဒေါသထွက်လွယ်တယ်။ ဘာမှားနေလဲ မသိပါဘူး" လို့ပြောလာတယ်။ သူအဖေနဲ့ အဘိုးလည်း ဒီအတိုင်းပါပဲ။ ဒီဝိညာဉ်ဆိုးတွေက မျိုးဆက်အလိုက် တည်ရှိနေတတ်တယ်။ တချို့မိသားစုတွေမှာ အိမ်ထောင်ကွဲခြင်းတွေ တစ်ခုပြီးတစ်ခု ဖြစ်နေကြတယ်။ ဒါကြောင့် တစ်နေရာရာမှာ သင်ရုန်းကန်နေရတာဟာ တိုက်ဆိုင်မှုကြောင့် မဟုတ်ဘူး။
သင်အနေနဲ့ အောင်မြင်ဖို့ခက်နေမယ်။ ရှေ့တစ်လှမ်းလှမ်းတိုင်း နောက် ၂ လှမ်းပြန်ဆုတ်နေရတယ်။ မထင်မှတ်ထားတဲ့ အသုံးစရိတ်တွေ ကြုံနေရတယ်။ တစ်ခုခုတော့ အမြဲပြဿနာဖြစ်နေတယ်။ ဒါတွေဟာ ကံဆိုးလို့မဟုတ်ဘူး။ မျိုးဆက်ကျိန်စာက သင့်ကိုကန့်သတ်နေတာပါ။ သင်ပိုင်ဆိုင်တဲ့ ကြွယ်ဝခြင်း၊ အောင်မြင်ခြင်းဆီ မရောက်ဖို့ တားဆီးနေတာပါ။ တစ်ယောက်ယောက်က ဒါကိုမရပ်တန့်နိုင်သရွေ့ မျိုးဆက်အလိုက် ဖြစ်နေမှာပါ။ ဒီတစ်ယောက်ယောက်က သင်မှန်း ကျွန်တော်ယုံတယ်။ အပြောင်းအလဲဖြစ်စေမယ့်သူဟာ သင်ဖြစ်လို့ ဒီစာကို သင်ဖတ်နေရတာပါ။ ကျွန်တော်ကြေငြာတယ် - သင့်မျိုးဆက်ထဲက ကျိန်ခြင်းအားလုံး ပြတ်တောက်ပြီ။ ယေရှုနာမ၌ ကျွန်တော်ကြေငြာ တယ် - ဆေးစွဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အိမ်ထောင်ကွဲခြင်း၊ မိမိကိုယ်ကို အထင်သေးခြင်း၊ ဆင်းရဲခြင်း၊ မလုံလောက်ခြင်း နောက်ကွယ်မှ မကောင်းဆိုးဝါးအားလုံး သင့်အပေါ်မအုပ်စိုးရ။ ကျွန်တော်ကြေငြာ တယ် - သင်က အပြောင်းအလဲဖြစ်စေမယ့်သူပါ။ ကျွန်တော်ကြေငြာ တယ် - အဆင့်အတန်းသစ်ကို သင်ချမှတ်နိုင်ပြီး မိသားစုကို နောက်တစ်ဆင့်ခေါ်ဆောင်သွားမယ်။ သဘာဝလွန်မျက်နှာသာ၊ သဘာဝလွန် အောင်မြင်ကျော်လွှားခြင်း၊ သဘာဝလွန် တိုးပွားခြင်းတွေကို ကျွန်တော် ကြေငြာတယ်။
Credit: Speak The Blessing
"သင့်ကိုသင် ယုံကြည်မှုရှိပါ''
အရွယ်ကောင်းတုန်းမှာ ကြိုးစားပါ
မဟုတ်ရင်
အိုသာသွားတယ် သာမန်ဘဝနဲ့
သူလို ငါလိုအခြေအနေ ဖြစ်မယ်
မင်းကို အကောင်းမမြင်တဲ့ လူတွေကို
ဂရုမစိုက်လေလေ မင်းဘဝက
ပိုပြီး အဆင်ပြေလာလေလေပဲ
ငါ လုပ်နိုင်လား မလုပ်နိုင်ဘူးလား
ဆိုတာ မရှိပါဘူး
ငါ အရ ယူမလား မယူဘူးလား
ဆိုတာပဲ ရှိတာပါ
ရော်နယ်ဒို ဘောလုံး စကန်တုန်းက
သူအောင်မြင်မယ်လို့ ဘယ်သူမှ မယုံခဲ့ကြပါဘူး
အောက်မြင်မှု အလာနှေးတာ မဟုတ်ပါဘူး
သင်ကြိုးစားတာ မပြင်းထန်သေးလို့ပါ
တွင်းထဲမှာ ရေမရှိတာ မဟုတ်ပါဘူး
သင်တူးတာ မနက်သေးလို့ပါ
အောင်မြင်အောင် ကြိုးစားပြလိုက်ပါ
ပြီးရင် အထင်သေးတဲ့ သူတွေကို အပြုံးနဲ့ အနိုင်ယူ
ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့
အောင်မြင်တဲ့သူတိုင်းရဲ့ နောက်ကွယ်မှာ
မအောင်မြင်ခဲ့တဲ့ အချိန်တွေ အများကြီးရှိခဲ့
တယ်။
crdt
ခွန်အားယူကြရအောင်
"ကမ္ဘာပေါ်မှာ အကောင်းဆုံး သမားတော် ၇ ဦး"
(၁) နေရောင်ခြည်
(၂) အနားယူခြင်း
(၃) ကိုယ်လက်လေ့ကျင်ခန်းပြုလုပ်ခြင်း
(၄) အစားအသောက်ကို ချင့်ချိန်စားသောက်ခြင်း
(၅) မိမိကိုယ်ကိုယုံကြည်မှု
(၆) လောဘ၊ ဒေါသ၊ မောဟ နည်းပါးအောင်နေထိုင်ခြင်း
(၇) အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်း
အဲ့ဒီ သမားတော် ၇ ဦးကို အသက်ရှိစဉ် ခေါင်းထဲမှာ အမြဲထည့်ထားပြီး ကျန်းမာအောင်နေထိုင်ပါ။
အချိန်ကျရင်တော့ ငါတို့ဟာ ကန့်လန့်ကာချပြီး နှုတ်ဆက်ထွက်ခွါကြရမှာပါ။ အဲ့ဒါကြောင့် အသက်ရှိနေစဉ်
သင့်မိသားစုကို ချစ်ပါ။
သူငယ်ချင်း၊ မိတ်ဆွေတွေကို ချစ်ပါ။
သင့်ရဲ့ဘဝလက်တွဲဖော်ကို ချစ်ပါ။
သင့်အပေါ် ကောင်းဖူးတဲ့လူတွေကို ချစ်ပါ။
သင့်ပတ်ဝန်းကျင်အပေါ် တတ်နိုင်တာလေး ကူညီလိုက်ပါ။
Credit - မူပိုင်း
ဆင်ခြင်တုံတရားမရှိသူတွေက
စိတ်ထဲကစကားကို နှုတ်ကတန်းထွက်တတ်တယ်.........
ဆင်ခြင်တုံတရားရှိသူက
စိတ်ထဲကပြောချင်တဲ့စကားကို
နှုတ်ကတန်းမထွက်ပဲ
ဦးနှောက်ဆီကို အရင်ပို့တယ်..
ဦးနှောက်ကနေမှ
ပြောသင့်တဲ့စကားလား
မပြောသင့်တဲ့စကားလား
ပြောလိုက်ရင် ဘယ်လိုအကျိုးရနိုင်လဲ
မပြောလိုက်ရင် ဘယ်လိုအကျိုးရနိုင်လဲ
သုံးသပ်ဝေဖန်ပိုင်းခြားတယ်.......
အသိရှိသူ သတိရှိသူတွေဟာ
စကားကို လွယ်လွယ်မပြောတတ်ကြဘူး
အသိနဲ့သတိမရှိသူတွေကတော့
ရင်ထဲကစကားလုံးတွေကို
ဦးနှောက်နဲ့ မဆက်သွယ်ပဲ
ပြောချင်ရာတွေ စွတ်ပြောတော့တာပါပဲ...
စကားပြောတဲ့အခါ
စိတ် နဲ့ နှုတ် နှစ်ခုထဲ
ဆက်သွယ်နေတာမျိုးမဟုတ်ပဲ
စိတ်ရယ် ဦးနှောက်ရယ် နှုတ်ရယ်
သုံးမျိုးနဲ့ ဆက်သွယ်ပြီးမှပြောရင်
မပြောသင့်တာတွေ မပြောမိတော့ပဲ
ပြောသင့်တာတွေပဲ ပြောမိလာပါလိမ့်မယ်.
minn
crd
ဘုရားသခင်က သူနဲ့ ပိုပြီးရင်းနှီးကျွမ်း၀င်နိုင်ဖို့ ဘာလိုအပ်လဲဆိုတာ သိတယ်။
သုညဘ၀ကနေ ချီးမြောက်နိုင်သူဟာ ဘုရားသခင်ပဲဖြစ်တယ်။ ကိုယ်တော်နဲ့ ပိုနီးချင်တယ်။
သမီးတွေကို ပြောပြသင့်တဲ့ အချက်များ ✅
1▪ ပိုက်ဆံမှာ ကျားမ မရှိဘူးဆိုတာ
မင်းသမီးကို ပြောပြပါ။
ယောက်ျားတွေ ပိုက်ဆံရှာနိုင်သလို
သူမလည်း ရှာနိုင်ကြောင်း နှင့် ယောကျာ်းတွေထက်တောင် ပိုရှာနိုင်သေးတယ်ဆိုတာ ပြောပြပါ။
2▪ ပိုက်ဆံရှာဖို့ အိပ်ယာထဲမှာ မဝင်ဘဲ
လုပ်ငန်းခွင်ထဲမှာ ဝင်ဖို့ပြောပြပါ။
လုပ်ငန်းခွင်မှရသောငွေသည် ဂုဏ်သိက္ခာရှိကြောင်း ပြောပြပါ။
3▪ ငွေရှာဖို့အတွက် သူ့ခန္စာကိုယ်
အစိတ်အပိုင်းတွေမသုံးပဲ
သူ့ဦးနှောက်ကို သုံးတတ်ဖို့
သင့်သမီးကို အသိပေးပါ။
4▪ သူဌေးနဲ့လက်ထပ်ဖို့ ဘယ်တော့မှ
ဆုမတောင်းဖို့နှင့် ချမ်းသာတဲ့
မိန်းကလေးဖြစ်ဖို့ လေ့ကျင့်ပေးပါ။
5▪ ဘုရင်ခံတစ်ယောက်နဲ့ လက်ထပ်ဖို့
ဘယ်တော့မှ ဆုမတောင်းဘဲ
သမ္မတဖြစ်ဖို့ သင့်သမီးကို လေ့ကျင့်ပေးပါ။
6▪ ပိုက်ဆံရှာတဲ့ကိရိယာဟာ ဦးနှောက်ထဲမှာရှိကြောင်း သင့်သမီးကို ပြောပြပါ။
7▪ သင့်သမီးကို ယောကျာ်းတွေကိုအာရုံစိုက်ဖို့ ဘယ်တော့မှ လေ့ကျင့်မပေးဘဲ သူ့အာရုံကို အာရုံစိုက်ပြီး သူမဟာ ယောက်ျားများစွာရဲ့ အာရုံစိုက်မှု ရရှိအောင် လေ့ကျင့်ပေးပါ။
8▪ သမီးကို အင်တာနက်က ဘယ်တော့မှ
ခွင့်မလွတ်နိုင် ကြောင်း ပြောပြပါ။
အင်တာနက်မှာ သူတင်တဲ့ မိုက်မဲတဲ့ ပို့စ်က မနက်ဖြန် သူ့ကို ရာထူးကနေ ဖြုတ်ချနိုင်ပြီး သူ့ဘဝပါ ပျက်စီးသွားစေနိုင်ကြောင်း အသိပေးပါ။
9▪ အချိန်သည်လူကိုမစောင့်ဟု သင့်သမီးကိုပြောပါ၊ လူမိုက်နှင့်အချိန်ဖြုန်းမိပါက တစ်နေ့နေ့ နောင်တရမယ်ဆိုတာ ပြောပြပါ။
10▪ ဘဝမှာ ကိုယ်လုပ်သမျှ
ကိုယ်ပြန်ခံရမယ်ဆိုတာ သင်ပေးပါ။
ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးပြန်ရမယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့
အကျိုးပြန်ရမယ်ဆိုတာ ပြောပြပါ။
11▪ အလှတရားသည် အဝတ်ပြတ်တွေ
ဝတ်ဆင်ခြင်းမဟုတ်ဘဲ၊ ဘုရင်မနှင့်တူအောင် ၀တ်ဆင်ထားခြင်းဖြစ်သည် ဆိုတာပြောပြပါ။
12▪ သူမသည် မင်းသမီးဖြစ်ကြောင်း သက်သေပြဖို့ ၀တ်ဆင်ရန်ပြောပါ။
13▪ အခြားမိန်းမ၏ခင်ပွန်းနှင့် အိပ်ခြင်းသည် အလွန် ဆိုးယုတ်ကြောင်း သင့်သမီးကို ပြောပါ။
14▪ အိမ်ထောင်သည်များသည် သူမကို မချစ်ကြောင်း သူမကို အသိပေးပါ၊ သူတို့သည် သူမကို လိင်အရုပ်ကလေးအဖြစ်သာ မြင်ကြောင်း ပြောပြပါ။
15▪ သမီးကို ထိန်းထားနိုင်တဲ့ အကောင်းဆုံးသူငယ်ချင်းက သူ့ကိုယ်သူဘဲဆိုတာ ပြောပြပါ။ဘယ်သူ့ကို မှ သိပ်မယုံကြည်ဖို့ အသိပေးပါ။
16▪ ဦးနှောက်မရှိသောအလှသည် အလှဆင်ထားသော ဝက်တစ်ကောင်ကဲ့သို့ဖြစ်နေကြောင်း သင့်သမီးကို အသိပေးပါ။
17▪ သမီးကို မိမိယုံကြည်ရာကို တတ်နိုင်သမျှ လုပ်နိုင်စွမ်းရှိလို့ ကိုယ့်ကိုယ်ကို ယုံကြည်တတ်အောင် သင်ပေးပါ။
19▪ သင့်သမီးကို ရုပ်ရည်ခန့်ညားသော
သူသည် ယောက်ျားကောင်းဖြစ်စေသည်မဟုတ်။ တာ၀န်ယူမှု ၊တာ၀န်ခံမှု လုပ်နိုင်သူသာ ဖြစ်ကြောင်း ပြောပြပါ။
20▪ မင်းရဲ့သမီးကို ''Runs girl'' မ ဖြစ်အောင် သင်ပေးပါ။ '' Runs girl'' တွေကသာမာန်အားဖြင့် ဒုက္ခထဲ ပြေးနေရကြောင်း သတိပေးပါ။
crd Original Writer
#ဖတ်ရန်မပျင်းသင့်သောစာ
သီးနှံသိုလှောင်ရာမှာ အသုံးပြုကြတဲ့ ဆေးပြားလေးတွေအကြောင်း ပြောပြမယ်။ အဆိပ်ငွေ့မှိုင်းတိုက်ပြီး ပိုးမကျအောင် ကာကွယ်တာ။ Celphos ဆဲဖော့ လို့ သိကြတယ်။ သူ့ရဲ့ အဆိပ်ရှိပစ္စည်းအမည်
က အလူမီနီယမ်ဖော့စဖိတ်။
သုံးစွဲရလွယ်အောင် ဆေးပြားလေးတွေပုံစံနဲ့
ဖော်စပ်ထုတ်လုပ်ထားပြီး သုံးစွဲသူတွေအနေ
နဲ့ သူနဲ့ပက်သက်တဲ့အကြောင်း သိသင့်တာ
ထက် အတော်လျော့နည်းပြီး သိကြတယ်။
ကျနော့် အတွေ့အကြုံအရ
မကွေးကပွဲရုံတခု (အမည်မမှတ်မိ)
ကျနော်နဲ့အဖွဲ့က agri eco စစ်တမ်းတခု
သွားကောက်တာ။ မေးရမယ့်မေးခွန်း
questionnaire ထဲမှာ သီးနှံတွေကို
သိုလှောင်ပုံနဲ့ ဆေးသုံးသလား၊
ဘာဆေးသုံးသလဲဆိုတာလေးပါတယ်။
(ဖြေတာ လူငယ်တယောက်ပါ။
ပွဲရုံကြီးဆိုတော့ ငွေကြေးပြည့်စုံသူ
လုပ်ငန်းရှင်ပီပီ ကျနော်တို့က သူ့ဝယ်သူ
လည်းမဟုတ်တော့ အချိန်ပေးရတာ
စိတ်မရှည်ပုံပါပဲ။)
မေးလိုက်တော့ ပိုက်ဆံအံဆွဲထဲကနေ အလွယ်ထုတ်ပြတာက ဒီဆေးသုံးတယ်တဲ့။
လက်နဲ့ ဖတ်ကနဲကိုင်ပြတာ။ ကျနော်
မျက်လုံးပြူးသွားတယ်။ အလန့်တကြားပဲ
ပြောမိလိုက်တယ် ဒီဆေးဟာ အန္တရာယ်ကြီး
ကြောင်း ဒီလိုမထားရကြောင်း
မကိုင်ရကြောင်းပြောမိတယ်။
ဘာပြန်ပြောတယ်ထင်သလဲ
"ကျနော်က ဆရာဝန်၊ ဆေးမကုချင်လို့
မိဘအလုပ်လုပ်နေတာ၊ အဆိပ်အကြောင်း
ခင်များထက်ပိုသိတယ်တဲ့"
ကျနော် ဆက်ပြောရင် ပွဲပြတ်မယ်
မထင်လို့ အော် ဟုတ်ကဲ့လို့ပဲ
စကားဖြတ်လိုက်တယ်။
ကျွမ်းကျင်ရာလိမ္မာဆိုတာ
သူသိဟန်မတူဘူး။ စိတ်တိုတိုနဲ့
ကျနော်တွေးလိုက်တာက သေရင်
သူသေမှာ ငါသေမှာမှမဟုတ်တာ နေပစေလို့။
တကယ်တော့ အချိန်သာရရင်
အပြန်အလှန်ဆွေးနွေးသင့်တဲ့ကိစ္စပေါ့။
ပြောချင်တာက ပိုးသတ်ဆေးအဆိပ်သင့်မှုမှာ
၁။ လုံးဝ မသိနားမလည်လို့
၂။ အသိခေါက်ခက် အဝင်နက်လို့
၃။ misunderstanding ဖြစ်လို့
၄။ overconfident ဖြစ်နေလို့
၅။ ပေါ့ဆလို့
၆။ လောဘတက်လို့
၇။ အဆိပ်ငွေ့ဆေးကို free ရောင်းလို့
(တကယ်ဆို ပြည်ပနိုင်ငံတွေမှာ သိုလှောင်ရုံ
အတွက် ပိုးသတ်ဆေးအသုံးပြုခွင့်လိုင်စင်
ရှိသူသာ တရားဝင်ဆောင်ရွက်ခွင့်ပြုပြီး
ကွင်းထဲမှာသုံးသော အခြားဆေးများလို
fumigant ကို လွတ်လပ်စွာပေးမရောင်းပါ)
ဘာလို့ဆို liquid, solid formulated
ဆေးတွေထက် fumigant နဲ့ ကြွက်သတ်
ဆေးဟာ လူကို acute poison ဖြစ်နိုင်စွမ်း
အလွန်မြင့်၊ persistance ကြာ၊
ပတ်ဝန်းကျင်မှာ အငွေ့အဖြစ်
တည်ရှိနိုင်မှုများလို့ပါ။
စိုထိုင်းဆများလေ အန္တရာယ်ကြီးလေပါ။
အလူမီနီယမ်ဖော့စဖိတ်ကို အဆိပ်ငွေ့ဆေး
အဖြစ် ဖော်စပ်ထုတ်လုပ်ပြီး Celphos,
Quickphos စတဲ့အမည်များနဲ့
စျေးကွက်မှာ ရှိနေပါတယ်။
သိုလှောင်သီးနှံများကို ပိုးကျရောက်မှုမှ
ကာကွယ်ရန် အဆိပ်ငွေ့မှိုင်းတိုက်ဆေးအဖြစ်
အသုံးပြုကြပါတယ်။
သူ့ရဲ action သည် phosphine gas
အဖြစ် ပျံ့နှံ့တာပါ။ အဓိက အဆိပ်သင့်မှု
အနေနဲ့က အစာအဆိပ်, အသက်ရှု
လမ်းကြောင်း, အရေပြားလောင်မှုနဲ့
အဆိုးဆုံး ရုတ်တရက် အသက်
ဆုံးရှုံးသည်အထိ အဆိပ်သင့်နိုင်ပါတယ်။
သူ့ရဲ့ အဆိပ်သင့်မှုက ဆိုင်ရာနိုက်
အဆိပ်သင့်မှုနဲ့ ဆင်ပါတယ်။
Phosphine သည် အရောင်မဲ့ အနံ့မဲ့
gas အမျိုးအစားဖြစ်ပါတယ်။
ထို့ကြောင့် phosphine ဆေးဘူးကို
ဖွင့်လိုက်သည်နှင့် ကြက်သွန်ဖြူအနံ့လို
အနံ့တခု ရနိုင်ပါတယ်။ ထိုအနံ့သည်
phosphine ရဲ့အနံ့မဟုတ်ပါ။
warning gas တခု ထည့်ထားခြင်း
ဖြစ်ပါတယ်။ diphosphines gas ပါ။
သဘောကတော့ အထဲမှာရှိသော
အရာသည် အဆိပ်ရှိတယ်ဆိုတဲ့သဘော
အနံ့နဲ့ သတိပေးထားတာပါ။
ထိုဆေး၏ LD50 သည်
0.5 gm/ 70kg person ဖြစ်ပါတယ်။
****ဆိုလိုတာက ခန္ဓကိုယ်အလေးချိန်
၇၀ ကီလိုဂရမ်ရှိသောလူတယောက်အတွက်
ထိုဆေးငွေ့ ၀.၅ ဂရမ် ရှုမိ,
အစာလမ်းကြောင်းသို့ဝင်ခံမိပါက
သေဖို့ ၅၀ % ရှင်ဖို့ ၅၀% ပါ။****
၀.၅ ဂရမ်ဆိုတာ gaseous form အတွက်
အလွန်နည်းတဲ့ ပမာဏဖြစ်ပြီး
ထိုပမာဏသည် လူကို သေစေနိုင်ကြောင်း
သတိပြုပါ။
70 kg = 154 ပေါင်ဆိုတော့ လူ ခပ်ဝဝ
အရွယ်ပါ။ ထိုခန္ဓာကိုယ်အတွက် အန္တရာယ်
ဖြစ်စေတဲ့ပမာဏက ၀.၅ ဂရမ် gas ဆိုရင် ကလေးငယ်တယောက်အတွက်ဆို
ဒီထက် အလွန်နည်းတဲ့ပမာဏကို ရှုမိရုံ
အစာလမ်းကြောင်းထဲ အငွေ့ရရုံနဲ့
ချက်ချင်းအဆိပ်သင့်စေမှာဖြစ်ပါတယ်။
Post အရမ်းရှည်နေပါပြီ။ ပညာပေး post
မို့လို့ ဖတ်ရတာ ပျင်းပါလိမ့်မယ်။
သိထားသင့်တာအမှန်ပါ။
Phosphine ဆဲဖော့ ဆေးအဆိပ်
အကြောင်း ဆက်ပါမယ်။
သိုလှောင်သီးနှံတွေကို လူနေအိမ်
အောက်ထပ်၊ အိမ်နဲ့မနီးမဝေးမှာရှိတဲ့
အဆောက်အဦးမှာ သိုလှောင်မယ်။
ပိုးမကျအောင်လို့ Celphos ပဲ
အုပ်ဆေးကိုသုံးမယ်ဆိုပါစို့။ ......
Celphos ကထွက်တဲ့ phosphine gas
သည် အပူချိန် ၁၅C မှာ သူ့ရဲ့ molecular
weight သည် ၃၄.၀၄၊ သိပ်သည်းဆ ၁.၄၅
kg/m3 ရှိပါတယ်။ ၃ ဂရမ်အလေးချိန်ရှိတဲ့
ဆေးပြားလေး ၄ပြားသည် ကုန် ၁ တန် ကို
အဆိပ်ငွေ့မှိုင်းတိုက်ရန် လုံလောက်ပါတယ်။
ပဲတတင်းကို ၇၂ ပေါင်ရှိပါတယ်။
ဆေးပြား ၄ ပြားသည်
တင်း ၃၀ စာအတွက် လုံလောက်ပါပြီ။
သို့သော် အဲဒီပမာဏ ထက်မက
အသုံးပြုနေကြတာ တွေ့ရပါတယ်။
အပူချိန် ၃၅ ဒီဂရီမှာ ဆေးပြားတပြားကနေ
phosphine gas ၁ ဂရမ်
ထုတ်လွှတ်ပေးနိုင်ပါတယ်။
ပဲအိတ်တွေကိုထပ်၊ မြေပန်းကန်သေးသေး၊
ကော်ပန်းကန်သေးသေးလေးမှာ
ဆေးပြားတပြားစီထည့်။
လေးဘက် လေးတန်မှထား။
လေလုံအောင် အုပ်။
သေချာတင်းကြပ်စွာ
အငွေ့မထွက်အောင်အုပ်ထား။
****(အမှန်က silo, bin, special storage
structure တွေမှာ လုပ်ရမှာပါ။ ဒါပေမယ့်
ကိုယ့်ဆီက လုပ်နေကြတဲ့အခြေအနေတွေ
အပေါ်မှာ ရေးရတာပါ)
အထက်မှာရေးခဲ့တဲ့အတိုင်း အပူချိန် ၁၅C
မှာ ဓာတ်ငွေ့အလေးချိန် ၃၄ ရှိပြီး ဆေးအုပ်
ထားတဲ့ အဖုံးအကာအောက်မှာ အပူချိန်တက်
လာတာနဲ့အမျှ (လေဝင်လေထွက်လုံးဝမရှိတဲ့
အခြေအနေ) ဓာတ်ငွေ့အလေးချိန်သည်
တဖြေးဖြေးပေါ့လာကာ အပေါ်သို့
ပြန့်နှံ့လာမှာပါ။ ဒါကြောင့် ဆေးပြားလေး
တွေထည့်ထားတဲ့ ခွက်ကလေးတွေကို
အောက်ခြေမှာထားပေးရတာပါ။
အငွေ့က အပေါ်ကို ပြန့်တာမို့ပါ။
အကယ်၍ မီသိုင်းဘရိုမိုက်ကိုအသုံးပြုပြီး အဆိပ်ငွေ့မှိုင်းတိုက်မယ်ဆိုရင်(ဗဟုသုတအနေနဲ့ပါ၊ ကျနော်တို့ဆီမှာ သိပ်မတွင်ကျယ်ပါ) သူ့ရဲ့ gas molecular weight သည် ၉၄ ဖြစ်သောကြောင့် pressure down သဘောအတွက် ကုန်စည်တွေရဲ့ အပေါ်ပိုင်းကနေ gas ကိုပေးရပါတယ်။ အမြင့်မှ အနိမ့်သို့ ပျံ့နှံ့တာပါ။
ဆိုတော့ကာ
Celphos gas ရဲ့ upword movement အပူချိန်မြင့်လာတာနဲ့အမျှ အပေါ်ကိုပျံ့နှံ့တတ်တဲ့သဘာဝရယ် သိုလှောင်သည့်အဆောက်အဦးသည် အဆိပ်ငွေ့မှိုင်းတိုက်ရန် ရည်ရွယ်ချက်နဲ့ဆောက်ထားတာမဟုတ်တာရယ် (လေဝင်လေထွက်စိတ်မချရခြင်း၊ အစိုဓာတ် စိတ်မချရခြင်း)။ ထိုအခြေအနေမှာ phosphine gas သည် အနီးမှာနေထိုင်နေသောလူ
တိရိစ္ဆာန် သက်ရှိများ၏ အသက်ရှူလမ်းကြောင်းမှတဆင့် ဝင်ရောက်နိုင်သလို (ရေရှည်အဆိပ်သင့်မှု) အကယ်၍ အစာလမ်းကြောင်းမှသာ ဝင်ရောက်ရန်အကြောင်းရှိခဲ့ပါက ကျနော်ပထမ ရေးထားသော post မှာပါတဲ့အတိုင်း အစာအိမ်ကထုတ်တဲ့ အက်စစ်နဲ့ထိတွေ့ကာ ရုတ်တရက်အဆိပ်သင့်နိုင်တာပါ။
ကုန်ကအောက်ထပ် လူကအပေါ်ထပ်သာနေရင် စဉ်းစားသာကြည့်ပါ။ အန္တရာယ်အလွန်ကြီးပါတယ်။
နောက် phosphine gas ရဲ့ vertical movement သည် သူ့ရဲ့အလေးချိန်အရ ၁၀မီတာ အထိဖြစ်ပြီး horizontal movement သည် အတိုင်းအတာမရှိပါ။ အပူချိန်နဲ့ လေတိုက်နှုန်းအရ ပျံ့ချင်သလောက် ပျံ့ပါသည်။
အပူချိန် ၃၅ -၄၀ Cမှာ ၃ ဂရမ်ဆေးပြားလေး တပြားမှ gas ၁ ဂရမ်ထုတ်ပေးပြီး gas ၄ ဂရမ် သည် လေလုံသော အခြေအနေတွင် ပဲ ၁ တန်ကို ပိုးမွှားကာကွယ်ရန် လုံလောက်ပါသည်။
သိုလှောင်သူများအနေဖြင့် အချိန်အဆမျိုးစုံ အသုံးပြုနေသည်ဟုသိရပါသည်။ ထိုသို့ အသုံးပြုခြင်းသည် အန္တရာယ်ဖြစ်စေသော phopohine gas ၏ ပတ်ဝန်းကျင်မှာ ပျံ့နှံမည့်ပမာဏကို တွေးသင့်ပါသည်။
အဆိပ်ငွေ့မှိုင်းတိုက်ပြီး အဖုံးအကာကို ၁၀ ရက်မှ ၁၄ ရက်အတွက် ဖြေးဖြေးခြင်းစီဖယ်ရာမှ အားလုံးဖယ်ပြီး လေဝင်လေထွက်ခွင့်ပြုချိန်မှစ၊ နောက် ၁ လအချိန်ထိ phosphine gas ၏ အာနိသင်များ သိုလှောင်သီးနှံပေါ်မှာ တည်ရှိနေနိုင်ပါတယ်။
ဒါကြောင့် ဆေးအုပ်ထားသော သိုလှောင်သီးနှံများကို ကိုင်တွယ်ရာမှာ အလုပ်သမားများအနေနဲ့ အကျီမဝတ်ပဲ အိတ်ကိုထမ်းပိုးသယ်ယူတာမျိုး၊ ကာကွယ်ရေးဝတ်စုံမပါပဲ သိုလှောင်ရုံထဲဝင်တာမျိုး မလုပ်သင့်ပါဘူး (လုပ်နေတာလည်း မြင်တွေ့နေရတာပါ၊ ဒီစာကိုဖတ်မိချိန်မှစပြီး ဆင်ခြင်ရင် ဝမ်းသာပါတယ်။ အလုပ်ရှင်များအနေနဲ့လည်း မိမိဝန်ထမ်းရဲ့ ကျန်းမာရေးအတွက် ကုသိုလ်ယူတယ်သဘောထားပြီး နှာခေါင်းစည်း၊ လက်အိတ် စသည်တို့ကို ပေးသင့်ပါတယ်လို့ အကြံပြုချင်ပါတယ်)
အထူးသဖြင့်တော့
သိုလှောင်ရုံမဟုတ်ပဲ မသိုလှောင်သင့်ပါ။ တာဝန်ရှိဌာနများမှလည်း သိုလှောင်သီးနှံများအတွက် အန္တရာယ်ကင်းစွာ ဆေးသုံးနည်း လက်ကမ်းစာစောင်များ၊ ရက်တိုသင်တန်းများ (ဆေးဆိုင်များ၊ တိုးချဲ့ပညာပေးဝန်ထမ်းများ) ၊ တောင်သူ/ကုန်သည် ပညာပေးဆွေးနွေးပွဲများ စသည်တို့ကို ဆောင်ရွက်ပေးခြင်းဖြင့် အဆိပ်ငွေ့မှိုင်းတိုက်ဆေးပြား Celphos မှဖြစ်စေတတ်သော ရုတ်တရက်အန္တရာယ်ဖြစ်မှု ရေရှည်အဆိပ်သင့်မှု စတဲ့ အသိပညာများပေးနိုင်
မည့်အပြင် ဓာတ်ကြွင်းပြသနာကိုလည်း လျော့ချနိုင်မည်ဖြစ်ပါသည်။
ပြည်ပပို့ကုန် ပိုးသတ်ရေး လိုင်စင်ကို တရားဝင်ဆောင်ရွက်ပေးနေသော်လည်း တနိုင်တပိုင်သိုလှောင်သူများ ပွဲရုံများ စသည်တို့အတွက် အသိပညာပေးရန် လိုအပ်ရုံသာမက နီးစပ်ရာ နေထိုင်သူများ၏ကျန်းမာရေးအတွက်လည်း လွန်စွာအရေးကြီးပါကြောင်း။
credit
ဒေါက်တာကြူကြူသင်း
Ph.D Entomology
ဦးစီးအရာရှိ။ ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာန (CARTC)၊
ဇရပ်ကွင်း၊ စိုက်ပျိုးရေးဦးစီးဌာန။
ဝင်ငွေမရှိတဲ့ မိန်းမတစ်ယောက်ဟာ
မပျံသန်းနိုင်တဲ့ ငှက်တစ်ကောင်နဲ့တူတယ်
ကောင်းကင်ကို ကြည့်ပြီးမျှော်လင့်နေရုံပဲ
အမြင့်ဆိုတာ သူမအတွက်အိပ်မက်တစ်ခုမျှသာ
အိမ်ထောင်ရှင် မိန်းမဆိုတဲ့ဂုဏ်ပုဒ် ဖက်တွယ်မက်မောနေတဲ့ မိန်းမတစ်ယောက်ဟာ အခန်းကျဉ်းလေးထဲက မီးလုံးလေးတစ်ခုနဲ့တူတယ်
ဖွင့်ခြင်း ပိတ်ခြင်း ခံနေရတဲ့ သူ့အလင်းဟာ
ကန့်သတ်နယ်မြေတစ်ခုနဲ့
တကယ်တော့ မိန်းမတစ်ယောက်ဟာ
အများနည်းတူ တောင်ပံဖြန့် ပျံသန်းနိုင်ရမယ်
ဘ၀ဆိုတာ မျှော်လင့်အိပ်မက်နေရုံနဲ့ တင်းတိမ်မနေသင့့်ဘူး
မိသားစုအတွက် လွယ်အိတ်လိုလူမဖြစ်သင့်ဘူးပေါ
မိန်းမတစ်ယောက်ဟာ နေမင်းလို ကိုယ်ပိုင်အလင်းလဲရှိသင့်တယ် နေ့အခါလုံလောက်တဲ့ အလင်းရောင်ကိုကြဲဖြန့်ရင်းညခင်းမှာလမင်းအတွက်လည်း မျှဝေထွန်းလင်းခွင့်ပေးရမယ်
လေးစားစွာဖြင့်
#ဘဝမှစာမေဦး
အရမ်းကောင်းတဲ့စာသားပါ
===================
ပန်းတိုင်ကိုရောက်ဖို့အတွက်
လူတွေရဲ့ မျက်လုံးတွေကို မကြည့်ပါနဲ့
ကိုယ့်လမ်းကိုသာကြည့်ပါ။
အောင်မြင်မှု ရဖို့အတွက်
လူတွေရဲ့စကားတွေကို နားထောင်မနေပါနဲ့ ။
ကိုယ့်ဆုံးဖြတ်ချက်ကိုသာ
ခိုင်ခိုင်မာမာချပါ။
ဘဝတက်လမ်းအတွက်
လူတွေရဲ့ အမူအယာတွေကို ဂရုမစိုက်ပါနဲ့။
ကိုယ်လုပ်သင့်တာကို ရဲရဲဝံ့ဝံ့လုပ်ပါ။
စကားများများ ပြောမိရင်
ရူးနေလားလို့ အထင်ခံရလိမ့်မယ်။
စကားပြန်မပြောရင်လည်း
မာနကြီးတယ်လို့ အထင်ခံရလိမ့်ယ်။
အမြဲတမ်းပြုံးနေရင်
ပေါတောတောလို့ အထင်ခံရလိမ့်မယ်။
တည်တည်ကြည်ကြည် နေမိရင်လဲ
ဘဝင်မြင့်နေတယ်လို့ အထင်ခံရလိမ့်မယ်။
ကိုယ့်ဘဝကို ကိုယ်တိုင်သိနေတာပဲ လို့
သူတစ်ပါးကို မထိခိုက်ပဲ
ကိုယ်အဆင်ပြေသလို နေထိုင်တတ်ဖို့က အရေးကြီးပါတယ်။
သူတစ်ပါးလဲကျနေရင် စေတနာသန့်သန့်နဲ့
ကိုယ်တတ်နိုင်သလောက် ဆွဲထူပေးလိုက်ပါ။
ကိုယ်လဲကျနေရင်တော့ ကိုယ်တိုင်ပဲ
ပြန်ထနိုင်အောင်ကြိုးစားပါ။
ဘာကြောင့်လဲဆိုတော့
ကိုယ့်လို စိတ်ဓာတ်မျိုးက သူတစ်ပါးဆီမှာ ရှိချင်မှရှိမှာ။
မနေ့ကဆိုတာ အတိတ်တခုပါ
မနက်ဖြန်ဆိုတာလဲ အိပ်မက်တစ်ခုပါပဲ။
ဒီနေ့သာလျှင် ဘဝတစ်ခုလေ
ဘဝဆိုတာ ပျော်လည်းတစ်နေ့ မပျော်လည်းတစ်နေ့ပါပဲ။
အကောင်းဆုံးဖြစ်အောင်
ဘယ်လိုဖြတ်သန်း ရမလဲဆိုတာ
ကိုယ့်အပေါ် မှာပဲ မူတည်တယ်။
အရိုးသားဆုံး လူတစ်ယောက် မဖြစ်သေးရင်တောင်
ကိုယ့်ကိုယ်ကို မလိမ်မိစေနဲ့၊ ယုံကြည်မှု မပျက်စေနဲ့
ကိုယ်အတွက် ယုံကြည်ရဆုံးက
ကိုယ်တစ်ယောက်တည်းပဲ ရှိပါတယ်။
စာဖတ်မိတ်ဆွေအားလုံး အောင်မြင်မှုပန်းတိုင်ကို
အမြန်ဆုံးလျှောက်လှမ်းနိုင်ကြပါစေ..............
"အချိန်တန်ရင် ပြီးသွားမှာပါ"
•••••••••••••••••••••••••••
စိတ်ကို ပေါ့ပေါ့ပါးပါးထားပါ။ အသက်ကို ဝဝရူပါ။ စိတ်လေးနေတာမျိုး မဖြစ်စေနဲ့ အသက်ရူ ကျပ်နေတာမျိုး မဖြစ်စေနဲ့။
အချို့အရာတွေဟာ ကိုယ်ထင်ထားသလောက်ကြီးလည်း သိပ်ခက်ခဲမနေပါဘူး။ ခက်ခဲမယ်လို့ ထင်ထားတဲ့အရာတွေဟာ အချိန်တန်တော့လည်း ပြီးသွားတာပါပဲ။ မလုပ်ရသေးခင် ကြိုတွေးပြီး စိုးရိမ်ပူပန်မနေပါနဲ့။ စိတ်ပင်ပန်း မခံပါနဲ့။
မလွဲမသွေ လုပ်ရမယ့်အရာတွေအတွက် ကြိုးတွေးပြီး စိုးရိမ်ပူပန်နေမယ့်အစား၊ စိတ်လေးနေမယ့်အစား၊ အသက်ရူကျပ်နေမယ့်အစား လုပ်ရမယ့်အတူတူ စိတ်ကို ပေါ့ပေါ့ပါးပါးထား၊ အသက်ကို ဝဝရူပြီး အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲပဲ စဉ်းစားပါ။
လောကမှာ စွမ်းအားအကြီးဆုံးအရာသည် စိတ်ဖြစ်ပြီး ခွန်အားအကြီးဆုံးသတ္တဝါဟာ လူသားဖြစ်ပါတယ်။ စွမ်းအားအကြီးဆုံးစိတ်ကို အသုံးချပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ထားကာ အခက်အခဲတွေကို ရဲရဲဝံဝံ ရင်ဆိုင်ဖြေရှင်းပါ။ ဘယ်လောက်ခက်ခဲတဲ့ အရာပဲဖြစ်ဖြစ် အချိန်တန်ရင် ပြီးသွားမှာပါ။
ကိုယ်လိုချင်တဲ့ဘဝကို ဖန်တီးဖို့ နေ့စဥ်လုပ်သွားရမယ့် အချက် ၅ချက်ကို မျှဝေလိုက်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လုပ်ဆောင်နေတဲ့အချက်တွေဖြစ်ပါတယ်။
၁။ လေ့လာ (Learn)
ကိုယ်သွားချင်တဲ့လမ်းကြောင်းနဲ့ပတ်သက်ပြီး သိဖို့လိုတဲ့အသိပညာတွေကို စာအုပ်ဖတ်တာ၊ သင်တန်းတက်တာ၊ အတွေ့အကြုံနဲ့ လူတွေဆီကလေ့လာတာလုပ်ပါ။
၂။ အသုံးချ (Apply)
ကိုယ်လေ့လာထားတဲ့အသိတွေကို လုပ်ငန်းခွင်မှာဖြစ်စေ၊ အသိတွေကိုကူညီပေးရင်းဖြစ်စေ၊ ကိုယ်ပိုင်လုပ်ငန်းမှာဖြစ်စေ နက်နက်နဲနဲလက်တွေ့အသုံးချပါ။
၃။ သုံးသပ် (Reflect)
ကိုယ်လုပ်ဆောင်နေတဲ့အရာတွေနဲ့ပတ်သက်ပြီး လမ်းကြောင်းမှန်ကိုရောက်နေလား၊ ဘာတွေလွဲနေလား၊ ဘာတွေပိုကောင်းအောင်လုပ်လို့ရမလဲဆိုတာ နေ့စဥ်သုံးသပ်ပါ။
၄။ ပဲ့ကိုင် (Create)
ရှေ့က လေ့လာ၊ အသုံးချ၊ သုံးသပ်ထားတဲ့အချက်တွေအပေါ်မူတည်ပြီး ကိုယ်လိုချင်တဲ့ဘဝကို ရည်ရွယ်ချက်ရှိရှိ တစ်လှမ်းချင်း၊ တစ်ရက်ချင်းသွားပါ။ နေ့တွေပေါင်းရင် နှစ်ဖြစ်သလို လုပ်ရပ်တွေပေါင်းရင် ရလဒ်ရပါလိမ့်မယ်။
၅။ အနားယူ (Rest)
ဒါပြီးရင်တော့ စိတ်နဲ့ခန္ဓာကို အနားယူဖို့အချိန်ပေးပါ။ မမောခင်နားပါ၊ မခမ်းခင်ဖြည့်ပါ။
ဒီအချက် ၅ချက်ကို နေ့စဥ်ဟန်ချက်ညီညီလုပ်သွားရင်း ကိုယ်လိုချင်တဲ့ဘဝပုံစံကို တည်ဆောက်နိုင်ပါလိမ့်မယ်။
Dr. Pyae Sone Ko Ko
Credit
အဓိက အကျဆုံးက Respect ပါပဲ
လူဝင်ဆံ့ချင်ပါသလား ?
ပျော်ရွှင်ချင်ပါသလား ?
ဒီတြိဂံလေး မမေ့ပါနဲ့
အမြဲပြောလေ့ရှိတဲ့
ပေါင်းသင်းဆက်ဆံရေး တြိဂံလေးက ...
၁ ။ Respect လေးစားမှု
၂ ။ Trust ယုံကြည်မှု
၃ ။ Love ချစ်ခြင်းမေတ္တာ
Respect လေးစားမှုဆိုတာ သိပ်ခင်တဲ့ သူငယ်ချင်းတွေ ၊ ရင်းနှီးတဲ့ မိတ်ဆွေတွေ ၊ လုပ်ငန်းခွင် လုပ်ဖော်ကိုင်ဖက်တွေ၊ လင်မယားတွေကြားမှာ
အပြန်အလှန် respect ထား ဆက်ဆံစရာ လိုသေးလို့လားလို့မေးကြတယ် ။
" လိုတယ် ။ လိုတာမှ အကြီးကြီးကို လိုတာ "
လူလူခြင်း လူ့ဂုဏ်သိက္ခာကို လေးစားပေးရတယ် ။
ခင်လို့မင်လို့ စနောက်ရင်တောင် သူ့သိက္ခာကျစေတဲ့ စကားမသုံးရပါဘူး ။
သုံးရင် ဘာဖြစ်လဲဆိုတော့ မိတ်ပျက်ပါတယ် ။
ဒါလေးတောင် သည်းမခံနိုင်ဘူး မတွေးပါနဲ့ ။ တချို့လူတွေမှာ နဲနဲမှအထိမခံနိုင်တဲ့ တန်းဖိုးထားခြင်းတွေ ရှိနေတတ်ပါတယ် ။
ခင်ခင်မင်မင်ဆက်ဆံပါ ။ ရင်းရင်းနှီးနှီးစနောက်ပါ ။ ဒါပေမယ့် လူ့ဂုဏ်သိက္ခာကိုတော့ လေးစားပါ ။
Trust ယုံကြည်မှု
ရှင်းပါတယ် ။
ယုံကြည်နိုင်လောက်အောင် ရိုးသားပါ ။
ပွင့်လင်းမြင်သာရှိပါစေ ။
ယုံကြည်မှုဆိုတာ တစ်ခါပျက်သွားရင် ထိုသူအပေါ် တစ်သက်လုံး ယုံကြည်မှု ရှိတော့မှာ မဟုတ်တော့ပါ ။
Love ချစ်ခြင်းမေတ္တာ
ဒီနေရာမှာပြောတဲ့ ချစ်ခြင်းမေတ္တာဆိုတာ ကိုယ် ချင်းစာမှုပေါ် အခြေတည်ပါတယ် ။ သူ့နေရာမှာ ငါသာဆိုရင်လို့ တွေးပြီး နားလည်ပေး ချစ်ပေးကြပါ ။
လူဆိုတာ ပေါင်းသင်းဆက်ဆံရေး သတ္တဝါပါ ။
လူတွေရဲ့ ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်း အများစုက ပေါင်းသင်းဆက်ဆံရေးတွေအပေါ် မူတည်ပါတယ် ။
ကိုယ့်ပတ်ဝန်းကျင်ကို ပိုပြီး အကျိုးပြုနိုင်သူတွေဖြစ်ပြီး ပျော်ရွှင်စွာနဲ့ လူဝင်ဆံ့တဲ့ မျိုးဆက်သစ်တွေ ... လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတတ်တဲ့ လူကြီး လူကောင်းတွေ ဖြစ်ပေါ်လာဖို့ မျှော်လင့်လျက် ...
- ကျန်းမာပျော်ရွှင်ချမ်းမြေ့ကြပါစေ။
- အလုပ်အကိုင် လုပ်ငန်းများ အောင်မြင်တိုးတက်ကြပါစေ။
Credit;
“အခက်ခဲဆုံး ကာလတွေကို ဖြတ်ကျော်ရတဲ့အခါ”
ဘယ်သူ့ရဲ့ ဘဝမှာမဆို အခက်ခဲဆုံး ကာလတွေဆိုတာ ရှိတတ်ကြပါတယ်။ အလုပ်အကိုင် အဆင်မပြေတာ၊ ငွေကြေးကြပ်တည်းတာ၊ မိသားစု၊ အိမ်ထောင်ရေး ပြဿနာ၊ ကျန်းမာရေး ချို့ယွင်းတာ စတဲ့ အကြောင်းရင်းတွေကြောင့်ပေါ့။
အဲဒီလို အခိုက်အတံ့တွေမှာ ထားရှိသင့်တဲ့ ခံယူချက် ၉ ခုကို မျှဝေချင်ပါတယ်။
💟 ၁။ ကိုယ့်မှာ 'ရှိ'တာတွေကို အာရုံစိုက်ပါ။
စိတ်တွေ ပင်ပန်းဖိစီးလာတဲ့အခါ ကိုယ့်မှာ မရှိတာတွေကိုပဲ စဉ်းစားမိပြီး ဝမ်းနည်းတတ်တယ်။ ပူဆွေးတတ်တယ်။ ကိုယ့်မှာ ရှိနေသေးတာတွေကိုတော့ မေ့လျော့သွားတတ်တယ်။ ငွေကြေးအဆင်မပြေပေမဲ့ မိသားစု ရှိသေးတယ်။ အလုပ်မရှိတော့ပေမဲ့ ခြေ ၂ ဖက်၊ လက် ၂ ဖက်အကောင်းကြီး ရှိသေးတယ်။ ဒါကြောင့် စိတ်ပင်ပန်းပြီး အားငယ်မိတဲ့အခါတိုင်း ဒီအလေ့အကျင့်ကို လုပ်ကြည့်စေချင်တယ်။
💟 ၂။ အတိတ်နဲ့ အနာဂတ်ဟာ သက်သက်စီပဲဆိုတာ သတိပြုပါ။
အတိတ်မှာ မှားခဲ့တာတွေ ရှိမယ်။ ညံ့ခဲ့တာတွေ ရှိမယ်။ မလုပ်သင့်တာတွေ လုပ်ခဲ့မိမယ်။ ညစ်ထေးစွန်းပေနေမယ်။ ဒါပေမဲ့ အနာဂတ်ကတော့ ဘာဆိုဘာမှ မရေးရသေးတဲ့ စာရွက်တစ်ရွက်လိုပဲ။ အတိတ်မှာ ဖြစ်ခဲ့တာမှန်သမျှ အနာဂတ်မှာလည်း ထပ်ဖြစ်လိမ့်မယ်လို့ မမှတ်ယူပါနဲ့။ လက်ရှိပစ္စုပ္ပန်က ကိုယ့်လက်ထဲမှာပါ။ ဘာကိုမဆို ပြောင်းလဲပစ်ဖို့ ကိုယ်တတ်နိုင်ပါတယ်။
💟 ၃။ အခက်အခဲတွေဆိုတာ ပိုသန်မာလာစေဖို့ အခွင့်အလမ်းတွေပါ။
ဘယ်သူမဆို အဆင်ပြေချင်ကြတာချည်းပဲ ဆိုပေမဲ့ သေချာပြန်စဉ်းစားကြည့်ရင် ကိုယ့်ကို ပိုပြီး တိုးတက်လာစေတာ၊ ရင့်ကျက်လာစေတာ၊ သန်မာလာစေတာ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ၊ ရှုံးနိမ့်မှုတွေပါ။ ဒါကြောင့် Obstacles မဟုတ်ပါဘူး။ Opportunity to grow သာ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် Application တစ်ခုလို သဘောထားကြည့်မယ်ဆိုရင် ခက်ခဲတဲ့ အခိုက်အတံ့တွေ ဆိုတာ ဒီ App ကို Update လုပ်နေတဲ့ ဖြစ်စဉ်တွေပါပဲ။
💟 ၄။ တစ်ခါတလေ လဲပြိုခွင့်ပေးပါ။
“It’s ok to not be ok.” လူဆိုတော့ ပြိုလဲတဲ့အခါ ရှိမှာပေါ့။ အချိန်ပြည့် သန်မာနေရအောင် စက်ရုပ်မှ မဟုတ်တာ။ ဒါကြောင့် ကာလတစ်ခုတော့ ငိုပါ။ ဝမ်းနည်းပါ။ ပူဆွေးပါ။ ပြီးမှ လုပ်စရာရှိတာတွေ ဆက်လုပ်ပါ။
💟 ၅။ ညဘက်မှာ ဘာတွေပဲ ဖြစ်နေပါစေ၊ မနက်ကျရင်တော့ နေပြန်ထွက်လာမှာပဲ။
ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် အမြဲဖြစ်မနေပါဘူး။ သက်တမ်းကုန်ဆုံးရက် ဆိုတာ ရှိပါတယ်။ ဒါကြောင့် ပျော်စရာနဲ့တွေ့လည်း အပျော်မလွန်နဲ့။ ဘယ်အရာမှ မတည်မြဲဘူး။ ဒုက္ခနဲ့တွေ့လည်း အရှုံးမပေးနဲ့။ ဘယ်အရာမှ မတည်မြဲဘူး။
💟 ၆။ မဖြစ်သေးတာကို တွေးပူခြင်းက ၂ ခါ ရှုံးစေတယ်။
ဖြစ်မလာခဲ့ရင် တွေးပူခဲ့ရတာ အလကားပဲ။ ပင်ပန်းတာပဲ အဖတ်တင်တယ်။ ဖြစ်လာခဲ့တော့ရော တွေးပူခဲ့လို့ ဘာများထူးသွားလဲ။ ကြိုပြီး ပူလောင်ရတာတောင် ပိုသေးတယ်။
မှတ်ထားပါ။ ပြဿနာတွေဆိုတာ တွေးပူရုံနဲ့ မသက်သာသွားဘူး။ ဖြစ်လာနိုင်တာတွေအတွက် ခေါင်းအေးအေးနဲ့ ကြိုတင်ပြင်ဆင်ထားခြင်းကသာ အကူအညီ ဖြစ်တာပါ။
💟 ၇။ ပြီးပြည့်စုံတဲ့ ဘဝဆိုတာ မရှိဘူး။
ဆိုရှယ်မီဒီယာပေါ်မှာတော့ ကောင်းတာတွေပဲ တင်ကြတာပေ့ါ။ ဒီအခါ ကိုယ့်ဘဝရဲ့ အစစ်အမှန်နဲ့ သူများဘဝရဲ့ Highlights တွေကို သွားယှဉ်မိတတ်တယ်။ အဲဒါက အခက်အခဲတွေ ကြုံနေရချိန်မှာ လူကို ပိုပြီး စိတ်ဓါတ်ကျစေတယ်။ ဒါကြောင့် ဘယ်သူမဆို ကိုယ်စီကိုယ်စီ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုခုမှာတော့ ရုန်းကန်နေကြရတာချည်းပဲ ဆိုတာကို မမေ့ဖို့ လိုပါတယ်။
💟 ၈။ ပိုကောင်းဖို့ ဖြစ်လာတာတွေလည်း ရှိတတ်တယ်။
အခက်အခဲတိုင်းကိုတော့ မဆိုလိုပါဘူး။ သို့သော် တချို့သော ကိစ္စတွေကတော့ ရုတ်တရက်ဆို ဒုက္ခဆင်းရဲလို့ ထင်ရပေမဲ့ ကိုယ့်အတွက် ပိုကောင်းဖို့ ဖြစ်လာတာတွေလည်း ရှိတတ်တယ်။ အိမ်ထောာင်ကွဲပြီးမှ ချစ်ခြင်းမေတ္တာကို ပိုတန်ဖိုးထားတတ်လာတာမျိုး၊ သေလုနီးနီး ဖြစ်ပြီးမှ ဘဝအမြင်တွေ ပြောင်းကုန်တာမျိုး၊ အလုပ်ပြုတ်သွားတော့မှ ကိုယ်တကယ်ရူးသွပ်တဲ့ အလုပ်ကို လုပ်ခွင့်ရတာတွေမျိုး စသဖြင့်ပေါ့။
💟 ၉။ ရယ်မောခြင်းသည် အကောင်းဆုံးဆေးတစ်ခွက်
ဒုက္ခရောက်နေပါတယ်ဆိုမှ ဘယ်လိုရယ်မလဲ။ နေရာတကာ ဟာသလုပ်နေဖို့တော့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရာရာတိုင်းမှာ Serious မထားပါနဲ့။ ရယ်စရာရှိ ရယ်ပါ။ ပေါ့ပေါ့ပါးပါး သဘောထားသင့်တဲ့နေရာ သဘောထားပါ။ Sense of humor ဟာ ဘဝအခက်အခဲတွေကို ရင်ဆိုင်ရာမှာ အများကြီး အထောက်အကူ ဖြစ်ပါတယ်။
◾️◾️◾️◾️◾️◾️◾️
“Mental Resilience” သင်တန်း (Batch-2)
Efesa 3:16-17 "Nan chunglei minung sinak ah a ṭhawngmi nan si nakhnga le zumhnak thawngin Khrih cu nan lungthin chungah khua a sak nakhnga, cun a sunparnak ro bukbau chungin A Thlarau thawngin ṭhawnnak an pek hna nakhnga, Pathian cu ka nawl. Nan hrih nan hram cu dawtnak chungah fek tein nan bunh nakhnga le " "Nan chunglei minung sinak ah a ṭhawngmi nan si nakhnga le zumhnak thawngin Khrih cu nan lungthin chungah khua a sak nakhnga, cun a sunparnak ro bukbau chungin A Thlarau thawngin ṭhawnnak an pek hna nakhnga, Pathian cu ka nawl. Nan hrih nan hram cu dawtnak chungah fek tein nan bunh nakhnga le "
တစ်ခုခုလုပ်ရင်
1. အရင်ပန်းတိုင်ချ
မဟုတ်ရင် ဦးတည်ချက်မရှိပဲ
လျှောက်သွားသလို ဖြစ်နေမှာ…
ဘယ်မှမရောက်ဘူး…
2. ဘာကြောင့်လုပ်သင့်တာလဲစဉ်းစား
မဟုတ်ရင် အဓိပ္ပာယ်မဲ့တာတွေ
လုပ်မိနေတတ်တယ်…
3. အတားအဆီးတွေက ဘာတွေလဲ သိအောင်လုပ်
မဟုတ်ရင် မရောင်ရာ ဆီလူးဖြစ်နေတတ်တယ်…
4. လုပ်မည့်ဟာတွေ အစီအစဉ်ချ
အစီအစဉ်မရှိရင် ဗရမ်းဗတာဖြစ်ကုန်ရော…
5. ရေရှည်လုပ် မဟုတ်ရင် ဘယ်မှမရောက်ဘူး…
6. လုပ်နေတာတွေကို ပြန်စမ်းစစ်
မဟုတ်ရင် ဘယ်ဟာက အလုပ်ဖြစ်နေလဲ
မဖြစ်ဘူးလဲ မသိတော့ဘူး…
7. လိုအပ်ရင် တန်းပြောင်း
မဟုတ်ရင် တစ်လွဲရေရှည် လုပ်မိနေရင် ကြာလေလွဲလေ…
8. ပိုကောင်းတဲ့နည်း အမြဲရှာနေ မဟုတ်ရင်
တစ်ချိန်ချိန်မှာ သူများနောက်ကျသွားမှာပါပဲ
#𝐂𝐫𝐞𝐝𝐢𝐭
"မိသားစုတွေထဲမှာ အပြစ်တင်ခြင်းဟာ
စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပါ "။
ကိုယ့်ကိုအပြစ်တွေ ခဏခဏအတင်ခံရတဲ့ ပတ်ဝန်းကျင်မှာ ဘယ်သူမှနေချင်ကြမှာ မဟုတ်ဘူးလေ ။
ငါက သူ့ကို ကောင်းစေချင်လို့ စေတနာနဲ့ပြောနေတာကို မနေချင်လည်း နေပေါ့လို့ ပြောတတ်ကြတယ်။ တကယ်တော့ ဘယ်သူမှ မနေချင်ကြပါဘူး။
သေးသေးလေးကအစ အပြစ်မြင်နေရင် အပြောခံရသူဘက်ကလည်း တွေးလာတော့မှာပဲလေ။ ဘာလို့ အပြစ်မရှိမပြစ်ရှာနေတာလဲပေါ့။ ချစ်တဲ့မျက်စိနဲ့ကြည့်ရင် ပြောပုံဆိုပုံခြင်းတောင် ကွာတတ်ကြပါတယ်။
ဒီအချိန်မှာ အပြောခံရတာများလာတဲ့လူဟာလည်း
တခုခုဆို ပြန်တုံ့ပြန်ဖို့ပြင်နေပါပြီ ။ စိတ်လက်ပေါ့ပါးစွာနဲ့ စကားပြောဖို့တောင် သူ့အတွက်ခက်နေပါပြီ။ သူဘာပြောပြော သူဘာလုပ်လုပ် အပြစ်တင်ခံနေရတာလေ။ သူ့အတွေးထဲမှာ ငါ့ကို ဘယ်တော့များ အပြောခံရအုံးမလဲဆိုတဲ့ အတွေးတွေနဲ့။ အဲ့လူနားရောက်ရင် တင်းကျပ်နေပြီး မလုပ်ရဲမကိုင်ရဲနဲ့ ဘာအရည် အသွေးမှ ထွက်မလာတော့ပါဘူး ။
ဒါကို လောင်းရိပ်မိတယ်လို့လည်း သုံးနှုန်းတတ်ကြတယ်။ အမှန်ပါပဲ.. လောင်းရိပ်မိနေတဲ့သစ်ပင်ဟာ ကြီးထွားဖွံ့ဖြိုးဖို့ နှေးကွေးသလို အပြစ်တင်ခံနေရတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းတတ်ပါတယ်။ တခြားအရာတွေအပေါ် အကောင်းမြင်စိတ်လည်း ပျောက်ကွယ်နေတတ်တယ်။ သူကိုယ်တိုင်က အဆိုးမြင်ခံနေရတော့ အကောင်းမြင်တယ်ဆိုတာ ဘာမှန်းမသိတော့ဘူး။ တခြားသူတွေကိုလည်း အဲ့လိုပဲဆက်ဆံသွားတော့တာ။ ပညာမတတ်...မျက်စိပွင့်နားပွင့်လည်းမရှိ...စာလည်းမဖတ်တဲ့ လူ့အသိုင်း အဝိုင်းတစ်ခုဟာ အပြောအဆိုတွေ ရုန့်ရင်းကြမ်းတမ်းပြီး နောက်ဖြစ်လာတဲ့ မျိုးဆက်တွေကလည်း မုန့်လုံးစက္ကူကပ်နေတော့တာ။
ဒါကြောင့် မိသားစုအတွင်း...သူငယ်ချင်းတွေကြား ပေါင်းသင်းဆက်ဆံရေးအဆင်ပြေချင်တယ်ဆိုရင် အပြစ်တင်တာတွေ လျော့ကြပါလို့။ ဖြစ်လာတဲ့ကိစ္စတွေကို အပြစ်တင်နေတာထက် အတူရင်ဆိုင်ဖြေရှင်းပေးလိုက်ရင် ကောင်းမွန်တဲ့ဆက်ဆံရေးလေးတည်ဆောက်နိုင်ပြီး...
အေးချမ်းမှုကိုခံစားရတဲ့ပတ်ဝန်းကျင်ကနေ ဘယ်သူမှထွက်သွားတော့မှာ မဟုတ်တော့ပါဘူး။ မိသားစုအတွင်းမှာလည်း အချင်းချင်း နားလည်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း...
ပီကိုးလ်
Credit
သားသမီးကိုအတ္တနဲ့မအုပ်ချုပ်ပဲ
မေတ္တာနဲ့သာအုပ်ချုပ်မယ်
ငါတို့ရဲ့ Next Generation တွေကို
၁) စာတော်ဖို့ တစ်ခုတည်း မသင်ဘူး၊
၂) ပိုက်ဆံတစ်ခုတည်း ရှာတတ်ဖို့ မသင်ဘူး၊
၃) ရာထူးတွေချည်းမက်ဖို့ မသင်ဘူး၊
၄) အထက်ကိုဖားတတ်ဖို့ မသင်ဘူး၊
၅) အောက်ကို ဖိတတ်ဖို့ မသင်ဘူး။
ငါတို့ရဲ့ Next Generation တွေကြရင်
၁) ကိုယ်ချင်းစာတတ်အောင်သင်မယ်၊
၂) ပြိုင်ဆိုင်ဖို့ထက် ကိုယ့်ကိုကိုယ်တည်ဆောက်တတ်အောင်သင်မယ်၊
၃) ကိုယ့်ထက်နိမ့်ပါးတဲ့သူကို ကူညီတတ်အောင်သင်မယ်၊
၄) ပညာတွေမျှဝေတတ်အောင်သင်မယ်၊
၅) ပိုက်ဆံရှိတဲ့သူတိုင်းကို အထင်ကြီးစရာမလိုသလို၊
၆) ဆင်းရဲတဲ့သူတိုင်းကိုလည်း
လေးစား တတ်အောင် သင်မယ်၊
၇) မတရားတာမှန်သမျှ ခေါင်းမရှောင်တတ်အောင်သင်မယ်၊
၈) အမှန်ကို အမှန်တိုင်းမြင်တတ်ပြီး
၉) အမှားကိုပြင်ရဲတဲ့သူဖြစ်အောင်သင်မယ်၊
၁၀) ရှုံးခဲ့ရင်လည်း အရှုံးကိုကျေကျေနပ်နပ်လက်ခံတတ်အောင်သင်မယ်၊
၁၁) နိုင်ခဲ့ရင်လည်း ရှုံးတဲ့သူကိုလေးစားတတ်အောင်သင်မယ်၊
၁၂) ကိုယ့်စွမ်းကိုယ်စနဲ့ အများအကျိုးပြုတဲ့သူ ဖြစ်အောင် သင်မယ်၊
၁၃) လူသားချင်းစာနာထောက်ထားတတ်အောင်သင်မယ်၊
၁၄) ဘာသာရေးမှိုင်းမမိအောင်သင်မယ်၊
၁၅) မျက်စိပွင့်နားပွင့် အမြင်ကျယ်အောင် သဘောထားကြီးအောင် သင်မယ်၊
၁၆) ဘယ်အရာမဆို ကိုယ်တိုင်တွေးတောပြီး အမှန်ကိုလက်ခံစေမယ်၊
၁၇) ကိုယ်တိုင်သိမြင်ပြီး ကိုယ်တိုင်လည်းမျှဝေနိုင်အောင်သင်မယ်။
#လောကမှာ လိပ်ပြာမလုံ
တစိမ့်စိမ့်ရှက်တတ်ဖို့ဆိုတာလည်း
ဥာဏ်ရည်ကလိုသေးတယ် ။
ဥာဏ်ရည်မြင့်မှသာ
ဘယ်အရာက ရှက်စရာ၊
ဘယ်အရာက ရှက်စရာ
မဟုတ်ဘူး ဆိုတာကို သိနိုင်တာ
ဥာဏ်ရည်နိမ့်တဲ့ လူတွေက
မရှက်တတ်ဘူး ။
ဒါကို "မရှက်တတ်ဘူးလား၊
မရှက်ဘူးလား "
သွားသွားမေးနေလို့လည်း
“ဒါ ရှက်စရာမို့လို့လား '' လို့ပဲ
သူတို့က ပြန်မေးကြမှာ ။
my newest followers! Zin Mar, Tar Tar
❝ လူ့ဘဝဆိုတာ ဒီလိုပဲကွဲ့ ❞
——————————————
လူ့ဘဝဆိုတာ ကိုယ်ဖြစ်ချင်သလို ဖြစ်တာမဟုတ်ဘူး။
သူဖြစ်ချင်သလိုဖြစ်တာကို ကိုယ်က ရင်ဆိုင်ကျော်လွှားနိုင်ရတာ။
အမေတို့အမေက ပြောဖူးတယ်။ငါ့သမီးရယ် လူ့ဘဝဆိုတာ လက်ဝှေ့သမားလိုပါပဲတဲ့။
လက်ဝှေ့သမားက ကြိုးဝိုင်းထဲ ဝင်လာလိုက်တော့ တစ်ဖက်လူကို ငါဘယ်လိုထိုးလိုက်မယ်ဆိုတဲ့ ထိုးပေါက်တွေ အများကြီးနဲ့ပေါ့။ဒါပေမဲ့ တကယ်ထိုးကြတဲ့အခါမှာတော့ ကိုယ်ကထိုးရဖို့နေနေသာသာ သူ့လက်သီးတွေကိုပဲ မနည်းရှောင်နေရတာတဲ့။
လူဖြစ်လာပြီဆိုရင် ကိုယ်က အရှုံးမပေးနိုင်တော့ ဖြစ်အောင်ရင်ဆိုင်ရတာပဲ။သတ္တိကောင်းလိုက်တာလို့ မအောက်မေ့နဲ့။ဘဝရပ်တည်နိုင်ဖို့အတွက် သတ္တိမရှိရင်လည်း ရှိလိုက်ရတာပဲ။လူတွေအားလုံးဟာ ဒီလိုပဲရင်ဆိုင်စရာရှိရင် ရင်ဆိုင်ကြရတယ်။
လူ့ဘဝဆိုတာ ဘဝတစ်လျှောက်လုံး ရင်ဆိုင်ဖြေရှင်းသွားရမယ့် ကိစ္စချည်းပဲ။အဲဒီအခါမှာ လိုက်လျောညီထွေ ကျင့်သုံးလိုက်ရတာမျိုးလည်း ရှိတယ်။ကိုယ်က သတ္တိနဲ့ကျော်လွှားဖြတ်သန်းလိုက်ရတာမျိုးလည်း ရှိတယ်။အဲဒီလို တိုက်ပွဲတွေမှာ ကိုယ်ကနိုင်လိုက်တဲ့အခါလည်း နိုင်၊ရှုံးတဲ့အခါလည်း ရှုံးပေါ့။ရှုံးရင်ဖြစ်ရလေခြင်းဆိုပြီး ထိုင်ငိုနေလို့ရတာမဟုတ်ဘူး။ကိုယ့်ဘဝအတွက် အရှုံးထဲက ကုန်းထရတာပဲ။
လူဆိုတာဖြစ်လာရင် လူစွမ်းလူစကတော့ ပေါ်ရတော့တာပဲ။
ကဲ မင်းတို့လည်း ငယ်သေးတော့ အတွေ့အကြုံတွေက နည်းသေးတယ်။ဘာပဲဖြစ်ဖြစ် တွေ့လာ ကြုံလာရရင်တော့ ခံနိုင်ရည်ရှိကြရမှာပဲ။
-လူထုဒေါ်အမာ-
[အမေ့ရှေးစကားများ စာအုပ်မှ…]
.........,
Crd
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
မြို့သစ်ရပ်ကွက်၊ ဟားခါးမြို့၊ ချင်းပြည်နယ်
Haka
Haka, 03011
haircare /Haewon သွားတိုက်ဆေးလက်လီလက်ကား Ramdang thilkuatnak��
Lungpi, Falam Myo
Haka, 03031
leitlun thilthu ah hnangamnak a famkim thei lo. Pathian Thu le Hla lawngah hnangamnak a famkim ruan
Haka
💯Authentic Bkk, Korea / UK / Japan ပစ္စည်းအားလုံး လက်လီဝယ်ယူနိုင်ပါသည် ။