VVIP Entertainment

VVIP Entertainment

ပိုမိုကောင်းမွန်သော EDM & VINA ပွဲများစီစ?

Photos from VVIP Entertainment's post 16/04/2024

ဘယ်နိုင်ငံက ငါတို့ရဲ့ယဥ်ကျေးမှုကို ခိုးခိုး
သမိုင်းဆိုတာကတော့ လိမ်လို့မရပါ။

မြန်မာ(ဗမာ)မှာ သင်္ကြန်ဆိုတာ AD1880
ကတည်းကရှိတာ ပုံတွေအရ သိရနိုင်တယ်။
အဲ့ထက်လည်းစောပါတယ်။
မှတ်တမ်းထားရှိမှု အားနည်းခဲ့တော့ လက်ရှိ
ပုံတွေအရတင် သင်္ကြန်ဆိုတာမြန်မာက စတာ။

ကမ္ဘာ့သမိုင်း စာမျက်နှာတွေမှာ
အစောဆုံးဖော်ပြခံခဲ့ရတဲ့ မြန့်မာ့ရိုးရာ
သင်္ကြန်ပွဲတော်အကြောင်း သရုပ်ဖော်ပုံတွေပါ။

ဒီသရုပ်ဖော်ပုံတွေ က AD 1880 ပြည့်နှစ်ကနေ
AD 1888 ကာလက သင်္ကြန်ပွဲအကြောင်းကို
မှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်။

ကမ္ဘာ့သမိုင်းရဲ့ အထောက်အထားတွေအရလဲ
#သင်္ကြန် အစ မြန်မာကပါပဲ...💦💦💦

15/04/2024

2024 မြန်မာသကြ်န်

၁၃၈၅ - ၁၃၈၆ ခုနှစ်တွင် မြန်မာနိုင်သူ/သားများ
အေးအေးချမ်းချမ်းနဲ့ ရှယ် ကဲနိုင်ပါစေ 💃💃🕺🕺

05/02/2024

တရုတ်နှစ်သစ်ကူးလက်ဆောင်ပေးရာတွင်
၁. လက်ဖက်ခြောက်
တရုတ်လူမျိုးများသည် လက်ဖက်ခြောက်ကိုနှစ်သက်ကြသည်။ သပ်ရပ်စွာထုတ်ပိုးထားသောလက်ဖက်ခြောက်သည် တရုတ်နှစ်ကူးလက်ဆောင်ပေးရန်အကောင်းဆုံးဖြစ်သည်။

၂. သစ်သီးခြင်း
တရုတ်နှစ်ကူးလက်ဆောင်အဖြစ် သစ်သီးပေးခြင်းဟာ အထူးသင့်တော်ပါသည်။ ပန်းသီး နှင့် လိမ္မော်သီးဟာ ဘေးကင်းမှု နှင့် ကံကြမ္မာကို ကိုယ်စားပြုသောကြောင့် နှစ်သစ်ကူးလက်ဆောင်အဖြစ် ပန်းသီး နှင့် လိမ္မော်သီးပေးခြင်းကို အကြံပြုထားသည်။

၃. လက်ဖက်ရည်ပန်းကန်ခွက်
တရုတ်နှစ်သစ်ကူးလက်ဆောင်အဖြစ် လက်ဖက်ရည်ပန်းကန်ခွက်သည် အိမ်ပြောင်းရွေ့ကာစသူများအတွက် အထူးသင့်တော်သော လက်ဆောင်ပစ္စည်းဖြစ်သည်။

၄. အရက်
သင့်အပေါင်းအဖော်များသည် အရက်သောက်တတ်သူများဖြစ်ပါက အရက်ပုလင်းလက်ဆောင်ပေးခြင်းသည် သင့်တော်ပါသည်။

၅. ဆေးလိပ်
သင့်အပေါင်းအဖော်က ဆေးလိပ်သောက်တတ်သူဆိုပါက မည်သည့်အမျိုးအစားကို ကြိုက်လဲဆိုတာကြည့်ပါ။ သူကြိုက်တဲ့တံဆိပ်ကိုပေးခြင်းသည် သူသဘောကျနှစ်ခြိုက်လိမ့်မည်။

၆. ငှက်သိုက် (သို့) ဂျင်စင်း
လူကြီးသူမများအတွက် နှစ်သစ်ကူးလက်ဆောင်အဖြစ် ကျန်းမာရေးအထောက်အကူပြုသော ငှက်သိုက် သို့မဟုတ် ဂျင်စင်းကို ပေးခြင်းသည်လည်း အထူးသင့်လျော်ပါသည်။

၇. ပန်းချီကား နှင့် ကြွေထည်ပစ္စည်းများ
စီးပွားရေးလုပ်ငန်းရှင်များနှင့် လက်မှုပညာမြတ်နိုးသူများအတွက် ရှေးဟောင်းပန်းချီကား သို့မဟုတ် လက်ဖက်ရည်ပန်းကန်ခွက်လေးများကို လက်ဆောင်ပေးခြင်းသည် နှစ်သစ်ကူးလက်ဆောင်အဖြစ်အထူးသင့်လျော်ပါသည်



Crdcrd

Photos from VVIP Entertainment's post 30/01/2024

Credit
နှစ်သစ်ကူးအကြို နှစ်ကုန်ရက် မိသားစုညစာစားပွဲ

တရုတ်နှစ်သစ်ကူးမတိုင်ခင် ၁ ရက်အလို နှစ်ကုန်ရက်ဖြစ်သည့် နေ့တွင် မိသားစုညစာစားပွဲ 年夜飯 (သို့မဟုတ်) မိသားစုပြန်လည်စုံစည်းသည့်အထိမ်းအမှတ် ညစာစားပွဲ 團圓飯 ကို မိမိတို့၏ နေ့အိမ်များတွင် ပြုလုပ်လေ့ရှိသည်။ နှစ်ကုန်ရက် မိသားစုညစာစားပွဲကို တရုတ်ရိုးရာပြက္ခဒိန် နှစ်ကုန်ရက်ညပိုင်း (၁၂ လပိုင်း ၃၀ ရက်နေ့) တွင် မိသားစု၀င်အားလုံးသည် စုံစုံညီညီဖြင့် ဝိုင်းဖွဲ့ကာ အတူတကွသုံးဆောင်လေ့ရှိသည်။ တရုတ်ရိုးရာအတိုင်း ယင်းညစာစားပွဲတွင် ဟင်း ၁၂ ပွဲရှိကာ ဟင်းအအေး ၄ ပွဲ၊ ဟင်းအပူ ၈ ပွဲပါရှိသည်။ ဟင်းအအေး ၄ ပွဲသည် နှုတ်မြိန်စေသဖြင့် အရင်စားပြီးနောက် ဟင်းအပူများကို စားသုံးလေ့ရှိကြသည်။ ဟင်းအပူ ၈ ပွဲတွင် ဟင်းသီးဟင်းရွက် ၄ ပွဲနှင့် အသားဟင်း ၄ ပွဲပါသည်။

#林圛朙「天下第一」

20/01/2024
20/01/2024

(ဝဲ မှ ယာ)
ခွန်ဆာ၊ လော်စစ်ဟန်၊ ရန်ကျိန်ချိုင့်၊ ဖုံကျားရှင်၊
ရန်မော်လျန့်

11/01/2024

🎉 Happy Kayin New Year 2024 🎉

သက္ကရာဇ်၂၇၆၃ “ကရင်နှစ်သစ်ကူး” အား ကြိုဆိုဂုဏ်ပြုအပ်ပါတယ် 🇲🇲

ချစ်ခင်ကြရတဲ့ ကရင် တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ကျန်းမာ ချမ်းသာပြီး စီးပွားဥစ္စာများ တိုးတက်၍ ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံသော နှစ်သစ် ဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

26/11/2023

Credit to Original uploader

ကထိန်ဖြစ်ပေါ်လာပုံ
🌺🌺🌺🌺🌺🌺🌺🌺
ဗုဒ္ဓဘုရားသည် ဇေတဝန် ကျောင်းတော်မြတ်၌ ကိန်းဝပ် စံမ္ပာယ် တင့်တယ်စွာ သီတင်းသုံးနေတော်မူစဉ် သင်္ကန်းလျာ နွမ်းနယ်ပါးရှား ပါဝေယျကတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့အား အကြောင်းပြု၍ ကထိန်အလှူ ဖြစ်ပေါ်လာသည်။
သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားသခင်အား ဖူးမြှော်ရန် ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ်တို့သည် မိမိတို့ ဝါဆိုဝါကပ်ရာ သာကေတမြို့မှ ဝါကျွတ်သောအခါ ခြေလျင်ခရီးဖြင့် ကြွလာကြ၏။ ထိုအခါ မိုးကြီး သည်းထန်စွာ ရွာသွန်းသဖြင့် ရဟန်းများ မိုးရေစိုစွတ် ကြကုန်သည်။ ထိုသို့ မိုးရေစိုစွတ်သော သင်္ကန်းဖြင့်ပင် ပူဇော်ကြရသည်ကို မြတ်စွာဘုရားသခင် မြင်တွေ့ရသောအခါ ထိုခရီးသည်ရဟန်းတို့ကို အကြောင်းပြု၍ ပူရိမ ဝါကပ်ခြင်း၌ ပြည့်စုံသော ရဟန်းတို့အား ကထိန်ခင်း ခွင့်ပြုကြောင်း ပညတ်တော်မူခဲ့သည်။
ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့သည် မိဂဒါဝုန်တောတွင် ဇနီးမယားတို့ဖြင့် ပျော်ပါးနေ၏။ ထိုမင်းသားတို့သည် ကောသလမင်းကြီးနှင့် ဆွေမျိုးတော်စပ်ကြ၏။ ကောသလမင်းကြီး၏ အဖေတူ မအေကွဲတော်စပ်သည့် ညီတော်နောင်တော်များ ဖြစ်ကြသည်။ မင်းသားသုံးဆယ်တို့တွင် တစ်ပါးသော မင်းသားမှာ ဇနီးမယားမရှိသည့်အတွက် ရုပ်ရည်ချောမောပြေပြစ်သော ပြည့်တန်ဆာမ တစ်ဦးကို ငှားရမ်းကာ ပျော်ပါး၏။ ထိုပြည့်တန်ဆာမသည် မင်းသားများ ပျော်ပါးမေ့လျော့နေခိုက် ရွှေငွေလက်ဝတ်ရတနာများကို ခိုးယူထွက်ပြေးလေ၏။ မင်းသားသုံးဆယ်တို့သည်လည်း ပြည့်တန်ဆာမကို တောအတွင်း လိုက်လံရှာဖွေလေသည်။
မင်းသားတို့နှင့် မြတ်စွာဘုရားတွေ့ကြပုံ
ထိုအခါကာလသည် မြတ်စွာဘုရားသည် ဗာရာဏသီမြို့၊ မိဂဒါဝုန်တောတွင် သီတင်းသုံးတော်မူပြီး ဥရုဝေလတောသို့ ကြွတော်မူသည်။ ထို့နောက် တောအုပ်ထဲရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် သီတင်းသုံးတော်မူနေချိန် ဖြစ်သည်။ လိုက်လံရှာဖွေနေစဉ် မင်းသားသုံးကျိတ်တို့သည် သစ်ပင်အောက်တွင် သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားရှင်ကို မြင်သွားကာ အနားသို့ ချဉ်းကပ်ပြီး “ အရှင်ဘုရား၊ ဒီအနီးအနားတွင် မိန်းမတစ်ယောက်ကို မတွေ့မိဘူးလားဘုရား ” ဟုမေးသည်။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား “ မင်းသားတို့၊ ဘာအတွက်ကြောင့် မိန်းမကို လိုက်လံရှာဖွေနေကြသလဲ ” ဟုမေး၏။ ထိုအခါ မင်းသားတို့လည်း ရှာဖွေရခြင်း၏ အကြောင်းစုံကို ပြောလေသည်။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား “ (၁) ပျောက်သွားတဲ့ မိန်းမကိုရှာခြင်း (၂) မိမိကိုယ်ကို ရှာခြင်း စသည့် ရှာခြင်းနှစ်မျိုးတွင် ဘယ်ဟာက သင်တို့အတွက် ပို၍ မြတ်ပါသလဲ ” မေးလေ၏။ မင်းသားတို့သည် ပါရမီ ရင့်သန်သူများဖြစ်သည့်အားလျော်စွာ မိမိကိုယ်ကိုရှာခြင်းကသာ မြတ်ကြောင်း ပြောလေ၏။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား တရားဟောတော်မူလေ၏။ ပထမ အနုပုဗ္ဗီကထာတရား (၄) ပါးကို ဟောတော်မူ၏။ ထို့နောက် သာမုက္ကံသိက တရားဖြစ်သည့် သစ္စာလေးပါးတရားကို ဟောတော်မူ၏။ တရားဆုံးတော်မူသောအခါ မင်းသားတို့တွင် အချို့သည် သောတပတ္တိမဂ်ဖိုလ်၊ အချို့သည် သကဒါဂါမိမဂ်ဖိုလ် တို့ကို အသီးသီး ရရှိသွားကြ၏။
#မင်းသားများဧဟိဘိက္ခုရဟန်းအဖြစ်ရရှိကြပုံ
မင်းသားတို့သည် မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကို ရစေရန် ခွင့်ပန်လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် မင်းသားသုံးဆယ်တို့အား ပရိက္ခရာ ရှစ်ဖြာပြည့်စုံစွာဖြင့် မင်းသားတို့အား ရဟန်းဘဝကို ရရှိစေတော်မူ၏။ ထိုရဟန်းတော်တို့သည် ကောသလတိုင်း အနောက်အရပ်ရှိ ပါဝေယျတိုင်းတွင် သီတင်းသုံးတော်မူ၏။ ရဟန်းတော်တို့သည် အရညကင်ဓုတင်၊ ပိဏ္ဍိပါတ်ဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိတ်ဓုတင် ဆောင်ရဟန်းများ ဖြစ်တော်မူ ကြလေသည်။
#သာဝတ္ထိမြို့သို့ခြေလျင်ခရီး
အခါတပါး၌ ရဟန်းတော် သုံးဆယ်တို့သည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားအား ဖူးမြော်ရန် ခြေလျင်ခရီးဖြင့် ကြွချီတော်မူ၏။ ရဟန်းတို့သည် သာဝတ္ထိသို့ရောက်ရန် လိုနေသေးချိန်တွင် ဝါကပ်ရမည့် အချိန်ဖြစ်သည့် ဝါဆိုလပြည့်ကျော် (၁) ရက်နေ့သည် နီးကပ်လာ၏။ ထို့ကြောင့် သာဝတ္ထိသို့ အရောက်ဆက်သွားရန် မဖြစ်နိုင်တော့သဖြင့် လမ်းခုလပ်ရှိ သာကေတမြို့တွင် ဝါကပ်တော်မူ၏။ မင်းသားတို့ ဝါကပ်တော်မူရာ သာကေတသည် မြတ်စွာဘုရားသီတင်းသုံးတော်မူနေသည့် သာဝတ္ထိမြို့နှင့် ခြောက်ယူဇနာသာ ဝေးတော့၏။ ထိုသို့ အနီးအနားတွင် သီတင်းသုံးရသော်လည်း မြတ်စွာဘုရားကို မဖူးမြော်ရလေခြင်းဟု ရဟန်းတော်တို့သည် တွေးတောကာ ဝါတွင်းသုံးလပတ်လုံး သီတင်းသုံးတော် မူရလေသည်။
#သာဝတ္ထိမြို့သို့ခရီးဆက်ခြင်း
ရဟန်းတော်တို့သည် သာကေတမြို့၌ သီတင်းသုံး၍ သီတင်းကျွတ်လပြည့်နေ့တွင် မဟာပဝါရဏနေ့တွင် ပဝါရဏ ပြုပြီးလျှင် သာဝတ္ထိသို့ ခရီးဆက်ခဲ့ကြသည်။ ထိုအချိန်သည် မိုးကာလ ဖြစ်သောကြောင့် ရဟန်းတော်တို့၏ နှစ်ထပ်သင်္ကန်းများတွင် ရေများဝင်ကာ လေးလံလာသည်။ ရဟန်းတော်များသည် ဓုတင်ဆောင် ရဟန်းများဖြစ်သောကြောင့် သပိတ်၊ နှစ်ထပ်သင်္ကန်း စသည်တို့ကို ပခုံးတစ်ဖက်စီမှာလွယ်၍ ဝန်စည် စလွယ်များဖြင့် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲပင် မြတ်စွာဘုရားထံသို့ ခရီးဆက်ခဲ့ကြသည်။
မြတ်စွာဘုရားထံသို့ ရောက်သောအခါ ရိုသေစွာရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာတွင် ထိုင်ကြသည်။ မြတ်စွာဘုရားသည် ရဟန်းတို့အား “ရဟန်းတို့ ကျန်းမာကြရဲ့လား၊ မျှတကြရဲ့လား၊ ဝါတွင်း သုံးလပတ်လုံး ညီညီညွတ်ညွတ် ဝမ်းမြောက်ဝမ်းသာနဲ့ အငြင်းအခုံမရှိ ချမ်းသာစွာနေထိုင်ကြရဲ့လား၊ ဆွမ်းအတွက် မပင်မပန်း ချမ်းချမ်းသာသာ ရှိကြရဲ့လား” ဟု မေးတော်မူ၏။ ထိုအခါ ရဟန်းတို့ကလည်း ကျန်းမာကြောင်း၊ မျှတကြောင်း၊ ချမ်းသာစွာနေထိုင်ခဲ့ကြောင်း၊ ဆွမ်းအတွက် မပင်ပန်းကြကြောင်း ပြောကြားလေသည်။ ထို့နောက် ရဟန်းတို့သည် မိမိတို့ မြတ်စွာဘုရားထံသို့ လာရာတွင် ဖြစ်ပျက်ခဲ့ပုံများကို လျောက်ထားကြလေသည်။ မြတ်စွာဘုရားလည်း ရဟန်းသုံးဆယ်တို့အား အနမတဂ္ဂိယသုတ္တန်တရားတော်ကို ဟောကြားတော်မူလေ၏။ တရားဆုံးသောအခါ ရဟန်းသုံးဆယ်တို့သည် အရဟတ္တမဂ်ဖိုလ်၊ အရဟတ္တဖိုလ် ကိုရရှိတော်မူကြကာ ဈာန်ဖြင့် ပါဝေယျတိုင်းသို့ ပြန်ကြွလေသည်။
#ကထိန်ခင်းရန်ခွင့်ပြုခြင်း
ရဟန်းတော်များ ပြန်ကြွသွားပြီးနောက် မြတ်စွာဘုရားသည် ကထိန်ခင်းခြင်းကို ခွင့်ပြုပြီးဖြစ်မည်ဆိုပါက ဤရဟန်းတော် သုံးဆယ်တို့သည် နှစ်ထပ်သင်္ကန်းကို ထားပစ်ခဲ့ပြီး သင်းပိုင်၊ ဧကသီဟူသော နှစ်ထည်သော သင်္ကန်းဖြင့် လာမည်ဆိုပါက ဤကဲ့သို့ ပင်ပန်းမည်မဟုတ်။ ပွင့်တော်မူပြီးခဲ့သော ဘုရားရှင်တို့သည်လည်း ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူခဲ့သည် ဟုကြံစည်တော် မူလေသည်။ ထို့နောက် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလိုသဖြင့် ရဟန်းတော်တို့ကို ခေါ်တော်မူ၍ ရဟန်းတို့ ပုရိမဝါ (ပထမဝါ) သို့ ကပ်တော်မူလျက် ဝါမှ ကျွတ်တော်မူလာကြကုန်သော ရဟန်းတို့ကို ငါဘုရားခွင့်ပြုတော်မူ၏ ဟု မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလေသည်။ ဤသို့ဖြင့် ကထိန်ခင်းခြင်း ဖြစ်ပေါ်လာသည်။
#ကထိန်ခင်းခြင်း
ဝါတွင်း သုံးလပတ်လုံး ဝါမကျိုးမပျက်ပဲ ပဝါရဏာပြုသော ရဟန်းရှိရာ ကျောင်းတိုက်၌ ကထိန်ခင်းကြသည်။ ကထိန်ခင်းရာ၌ သင်္ကန်းတစ်ထည်ကို ဖြစ်စေ အများကို ဖြစ်စေ ’ဣမံစီဝရံ သံဃဿဒေမိ’ ဤသင်္ကန်းကို သံဃာတော်များအား လှူဒါန်းပါ၏ဟု လျှောက်ထား၍ ဆက်ကပ် လှူဒါန်းကြသည်။
ကထိန်ပွဲတော်ကို ’မိုးလကုန်စဲ ကထိန်ပွဲ’ဟူသော ဆိုရိုးနှင့်အညီ၊ သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ ခင်းကျင်းရသည်။ မြန်မာနိုင်ငံတွင် ပုဂံခေတ်အခါကပင်လျှင် အစပြု၍ ကထိန်ခင်းပွဲ ကျင်းပခဲ့ကြသည်။ ယခုခေတ် ကထိန်ခင်းရာတွင် မရှိနွမ်းပါးသော ရဟန်းအားဖြစ်စေ၊ အကြီးဆုံး မထေရ်အားဖြစ်စေ ကပ်လှူရန် ဥတ်သင်္ကန်းအပြင် အခြံအရံ လှူဖွယ်ပစ္စည်းများကို ထည့်သွင်း လှူဒါန်းလေ့ရှိသည်။
ကထိန်ခင်းရ၌ သံဃိက စစ်စစ် ဖြစ်သင့်သည့်အတွက် အလှူ့တကာများက မည်သည့်ပစ္စည်းကား သံဃိကပစ္စည်း၊ မည်သည့်ပစ္စည်းကား ပုဂ္ဂလိကပစ္စည်း ဖြစ်သည်ဟု ခွဲခြားလျှောက်တင်ကြားသင့်ပေသည်။ ကထိန်ခင်း၍ သင်္ကန်းရရှိသော ရဟန်းတို့မှာ ကထိန်အာနိသင်ငါးပါး ခံစားရကြောင်း ကျမ်းဂန်များတွင် မိန့်ဆိုထားသည်။
#ကထိန်ခင်းရန်ကိစ္စ၈ပါး
1=ကထိန်သင်္ကန်းကို အလှူခံမှု၊
2=ကထိန်ခံထိုက်သောပုဂ္ဂိုလ်ကို သံဃာတော်တို့က စိစစ်ရွေးချယ်ပေးမှု၊
3=ထိုရွေးချယ်ခံရသူအားသိမ်တွင်း၌ ကမ္မဝါဖတ်၍ ကထိန်သင်္ကန်းကို ပေးမှု၊
4=တိစီဝရိက် အဓိဋ္ဌာန်တင် သင်္ကန်းဟောင်းကိုပစ္စဒ္ဓိုရ်ပြု အဓိဋ္ဌာန်စွန့်မှု၊
5=ခင်းမည့် သင်္ကန်းသစ်ကို ကပ္ပဗိန္ဒုထိုးမှု၊
6=သင်္ကန်းအမည်ဖြင့်အဓိဋ္ဌာန်တင်မှု၊
7=နှုတ်မြွက်၍ ခင်းမှု၊
8=အနုမောဒနာပြုမှု။
#ကထိန်ခင်းမည့်ရဟန်း၏ အင်္ဂါ ၈-ပါး
၎င်းအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ရဟန်းမှသာကထိန်ခင်းထိုက်သည် ဆို၏။
1=ပုဗ္ဗကရဏံဇာနာတိ- ရှေးဦးစွာ ပြုလုပ်ရမည့်ကိစ္စရပ်တို့ကို သိရ ပြုရခြင်း၊
2=ပစ္စုဒ္ဓါရံ- ပစ္စုဒ္ဓိရ်ပြုတတ်ရခြင်း၊
3=အဓိဋ္ဌာနံ- အဓိဋ္ဌာန်တင်တတ်ရခြင်း၊
4=အတ္ထာရံ- ခင်းပုံခင်းနည်း သိထားရခြင်း၊
5=မာတိကံ- မာတိကာကို သိထားရခြင်း၊
6=ပလိဗောဓံ- ကြောင့်ကြကို သိထားရခြင်း၊
7=ဥဒ္ဓါရံ- ကထိန်နှုတ်ပုံကိုသိထားရခြင်း၊
8=အာနိသံသံ- အာနိသင်တို့ကို သိထားရခြင်း။
#ကထိန်အာနိသင်၅ပါး
ကထိန်ခင်းရသော ရဟန်းတော်များ ခံစားရသည့် ကထိန်အကျိုး၅-ပါးဖြစ်သည်။
1=အနာမန္တ စာရ- ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ မြို့တွင်းရွာတွင်း ဆွမ်းဖိတ်ရာအိမ်သို့သွားနိုင်ခြင်း၊
2=အ သမာဒါန စာရ- အဓိဋ္ဌာန်တင်ပြီး ဆောင်သောသင်္ကန်းကို မယူမူ၍ သွားနိုင်နေနိုင်ခြင်း၊
3=ယာဝ ဒတ္ထ စီဝရ- အလိုရှိတိုင်း သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာမပြုမူ၍ထားနိုင်ခြင်း၊
4=ဂဏ ဘောဇန- ထမင်းစားကြွပါ စသည်ဖြင့် မအပ်သောဖိတ်ခြင်းရှိသောဂဏဘောဇဉ်ကို စားနိုင်ခြင်း၊
5=ကထိန်ခင်းသော ကျောင်းတိုက်၌ ကထိန်ခင်းပြီးနောက် တပေါင်းလပြည့်နေ့အတွင်း သံဃာအားလှူသော သင်္ကန်းလျာပုဆိုးကိုလည်းကောင်း၊ သို့မဟုတ် သင်္ကန်းကိုလည်းကောင်း၊ ထိုကျောင်းတိုက်ရှိ ကထိန် အနုမောဒနာပြုသော ရဟန်းတို့သာ ရနိုင်ခြင်း
#သင်္ကန်းသုံးမျိုး
ကထိန်ခင်းရန်အတွက်ဘုရားရှင်ခွင့်ပြုတော်မူခဲ့သောသင်္ကန်းသုံးမျိုး ရှိသည်။
1=သံဃာဋိ- ဒုကုဋ်ခေါ်နှစ်ထပ်သင်္ကန်းကြီး
2=ဥတ္တရာသင်္ဂ- ကိုယ်ဝတ်ခေါ် ဧကသီ
3=အန္တရ ဝါသက- ခါးဝတ်ခေါ် သင်းပိုင်
#ကထိန်မြောက်သောသင်္ကန်းများ
1=အဟတေန အတ္တတံ ဟောတိ ကထိနံ
သင်္ကန်းအသစ်ဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။
2=အနိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ
ဘယ်သင်္ကန်း ၊ ဘယ်အမျိုးအစား သင်္ကန်း စသည်ဖြင့် နိမိတ်မပြပဲ အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။
3=အပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ
ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်မဆိုပဲ အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။
4=အကုက္ကုကတေန အတ္ထေတံ ဟောတိ ကထိနံ
မငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။
5=အသန္နိဓိကတေန အတ္ထတံ ဟောတိ ကထိနံ
ကထိန်ခင်းမည့် နေ့မရောက်မီ ကျောင်း၌ မသိုမှီး မထိန်းသိမ်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။
6=အနိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ
ကထိန်ခင်းမည့် နေ့မရောက်မှီ ကျောင်းကို ကြိုတင် ပို့မထားသော သင်္ကန်း ၊ ကထိန်ခင်းမည့် နေ့ရောက်မှ ကျောင်းကို ပို့သော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။
7=ပဉ်စကနေ ဝါ အတိရကေပဉ်စကနေ ဝါ တဒဟဝေ သဉ်ဆိန်နနေ သမဏ်ဏလီကတနေ အတ်ထတံ ကထိနံ။
ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက်ပိုအောင် ဖြတ်ချုပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။
#ကထိန်မမြောက်သောသင်္ကန်းများ
1=န ဒဠှီကမ်မကရဏ မတ်တနေ အတ်ထတံ ဟောတိ ကထိနံ
နှစ်လွှာစပ်ကာမျှဖြင့် နှစ်လွှာစပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်ခင်းသည် မမည်။
2=န နိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ
ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု နိမိတ်ပြသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မမြောက်။
3=န ပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ
ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်ဆို၍ ရသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။
4=န ကုက္ကုကတေန အတ္ထတံ ဟောတိ ကထိနံ
ခေတ္တ ငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။
5=န သန္နိကတေန အတ္ထတံ ဟောတိ ကထိနံ
ကထိန်ခင်းမည့် နေ့ မရောက်မီ ကျောင်း၌ သိုမှီးထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။
6=န နိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ
ကထိန်ခင်းမည့် နေ့ မရောက်မီ ကျောင်းကို ကြိုတင်ပို့ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။
7=န အညတွ ပဉ်စကနေ အတိရကေပဉ်စကနေ ဝါ တဒဟဝေ သဦ်ဆန်နနေ သမဏ်ဏလီကတနေ အတ်ထတံ ဟောတိ ကထိနံ
ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက် ပိုအောင် ဖြတ်မထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။
ကထိန်သင်္ကန်းအား ဉတ်သင်္ကန်း၊ ကထိန်လျာသင်္ကန်း၊ မိုးပေါ်ကျသင်္ကန်း၊ မသိုးသင်္ကန်းဟု အမျိုးမျိုး ခေါ်ဝေါ်ကြသည်။
#ကထိန်ဉတ်သင်္ကန်းဆိုသည်မှာ👇👇👇
ကထိန် ခင်းထိုက်သော ရဟန်းအား ကထိန်ခင်းမည့် သင်္ကန်းကို ဉတ္တိဒုတိယ ကမ္မဝါစာဖတ်ပြီး ပေးအပ်ရသည်ကို စွဲ၍ ကထိန် ဉတ်သင်္ကန်းကြီးဟု ခေါ်ကြပါသည်။ ကထိန်ခင်းမည့် သင်္ကန်းသည် ဒုကုဋ် နှစ်ထပ်သင်္ကန်းမှ ဉတ်သင်္ကန်းဟု မဆိုလိုပါ။ သင်းပိုင်၊ ဧကသီ တထည်ထည်ဖြင့် လည်းကောင်း၊ သင်းပိုင်၊ ဧကသီ ထွဲထားသည့် ဒွိစုံဖြင့် လည်း လှူဒါန်း နိုင်ပါသည်။
ကိုးကား
1=မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် အရှင်ဝိဇယာလင်္ကာရ. ကထိန်အကြောင်းသိကောင်းစရာ။
2=ဝိနည်းမဟာဝါ- ကထိနက္ခန္ဓက
3=(မဟာဝဂ္ဂပါဠိတော် ၊ စာမျက်နှာ ၃၅၃)
4=(တိပိဋက ပါဠိ-မြန်မာ အဘိဓာန်၊ က-ဝဂ်၊ အတွဲ-၅၊ ၁၉၉။)
Crd. သမိုင်းအကြောင်း
#ပြည့်စုံ(တောင်ငူ)✍️
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်📖
#မူရင်းရေးသားသူအားလေးစားစွာCrdပေးပါသည်

15/10/2023

TomorrowLand 2023 🇧🇷 Brazi
Credit to Ko ZLH

Photos from VVIP Entertainment's post 05/08/2023

Credit To Original Post
အစာရှောင်ခြင်းအကျိုး

အစာရှောင်တာကောင်းတယ်လို့ ဘယ်စားသောက်ကုန်ထုတ်လုပ်တဲ့ကုမ္ပဏီမှ မပြောသလို ရောဂါရမှ ပစ္စည်းရောင်းရတဲ့ ဆေးကုမ္ပဏီတွေ ကလည်း အဲ့ဒီကိစ္စကို အားပေးတဲ့ဆောင်းပါးရေးမှာ မဟုတ်ဘူး။ ဒါပေမယ့် အစာရှောင်နိုင်ခြင်းဟာ ကျမ်းမာရေးအတွက်တကယ် ကောင်းတယ်လို့ ဆေးသိပ္ပံပညာရှင်တွေကပြောပါတယ်။ သေချာတာကတော့ ကျွန်တော်တို့ နေ့တိုင်းသုံးနပ်စားနေဖို့မလိုဘူး။

အစာရှောင်တာ နည်းမျိုးစုံရှိတယ်။ အစာရှောင်တဲ့ကာလ တချို့က ရေပဲသောက်တယ်။ တချို့က အသီးအနှံစားတယ်၊ တချို့က အားဖြည့်တဲ့ ဗိုက်တာမင်တွေသောက်တယ်။ တချို့ကျ ရေတောင်မသောက်ဘူး။ ကျွန်တော်ကတော့ ရေ နဲ့ ဓါတ်ဆားသောက်ပြီး ရှောင်တယ်။

အစာတနပ်စားပြီးတဲ့အခါ အဲ့ဒီအစာကိုချေဖျက်ဖို့ အစာအိမ်၊ အူသိမ်၊ အူမကြီး လမ်းတလျောက်စုတ်ယူခြင်းကိစ္စတွေက 36 နာရီလောက်ကြာတယ်။ ပြီးရင် အူမကြီးမှာတွန်းထုတ်ဖို့ စုထားတယ်။ အစာတနပ်ရဲ့ပစ္စည်း အကုန်လုံး ဝမ်းအဖြစ်စွန့်ထုတ်တဲ့အခါ ၂ ရက် ကနေ ၅ ရက်အထိကြာတယ် လို့ Mayo Clinic က ဆိုပါတယ်။ ဒီတော့ နောက်ဆုံးစားခဲ့တဲ့အစာ ခန္ဓာကိုယ်ထဲက အပြည့်အဝ ထွက်သွားဖို့ ၄၈ နာရီ အနည်းဆုံးကြာတယ်ဆိုတဲ့သဘောပေါ့၊ တကယ်လို့အစာကို ၁၈ နာရီရှောင်နိုင်ရင် မိမိခန္ဓာကိုယ်ကို လက်ရှိအခြေအနေအတိုင်းထိမ်းထားနိုင်တယ်တဲ့။

ကျမ်းမာရေးကောင်းတယ်၊ အဆီကျချင်တယ်၊ ဥာဏ်ထက်မြက်ချင်တယ်၊ အလုပ်ကိုပိုထိထိရောက်ရောက် ဖြစ်ချင်တယ်၊ ခန္ဓာကိုယ်ထဲက အဆိပ်အတောက် နဲ့ အပိန်အလိမ်တွေ ကင်ဆာဆဲလ်တွေ တွန်းလှန်ဖို့ ဆိုရင် အနည်းဆုံး ၄၈ နာရီရှောင်ဖို့လိုမယ် ဆိုပါတယ်။

အစာရှောင်တဲ့ အဆင့်တွေက သိပ္ပံစမ်းသပ်ချက်အရ ဒီလိုတွေ့ရှိထားပါတယ်။

လူတယောက်ဟာ တနေ့ ရေပဲသောက်ပြီးအစာရှောင်မယ်ဆိုရင် ပထမ ၁၂ နာရီအတွင်းမှာ ခန္ဓာကိုယ်ဟာ နောက်ဆုံးစားခဲ့တဲ့ အစာကိုချက်မယ်၊ ၁၂ နာရီကျော်လို့ အစာထပ်မဝင်လာသေးရင် ၁၂-၁၈ နာရီကြားမှာ မိမိခန္ဓာက အဆီကို စ ချက်မယ်။ ဒီ ဖြစ်စဥ်ကို autophagy လို့ခေါ်ပါတယ်၊ "ကိုယ့်ခန္ဓာကိုယ်ကို ပြန်စားခြင်း" လို့ အဓိပ္ပါယ်ပေါက်ပါတယ်။

Autophagy ဖြစ်စဉ်မှာ ခန္ဓာကိုယ်လည်ပါတ်ဖို့ အသဲက သကြားဓါတ်ထုတ်ပေးပါတယ်။ growth hormone လည်း ထွက်လာတယ်။ GH ဟာ အသက်အရွယ်ရင့်မသွားအောင်ထိမ်းတဲ့ ဟိုမုန်းတမျိုးဖြစ်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင်လည်း GH ထွက်ပါတယ်။ သံဃာတွေဟာ အစာရှောင်ပြီး နုပျိုအောင်နေကြတယ်၊ လူတွေက အစာစားပြီး လေ့ကျင့်ခန်းလေ့ကျင့်ခြင်းနဲ့နုပျိုအောင်နေကြတယ်။ လေ့ကျင့်ခန်းမလုပ်နိုင်ရင် အစာရှောင်ပေါ့။

၂၄ နာရီကျော်တဲ့အထိ အစာမစားတဲ့အခါ အသဲ က သူစုထားတဲ့သကြားဓါတ် ထပ်မပေးနိုင်တော့ဘူး။ ဒီတော့ အသဲပေါ်က အဆီ fatty liver ကို စ စားပါတယ်။ အသက် ၄၀ နောက်ပိုင်း အသဲကိုစစ်တဲ့အခါ mild fatty liver လို့ လူအတော်များများပေါ်ကြတယ်။ လူဟာစားလို့ပိုနေတဲ့အဆီ ကို အသဲပေါ်သွားစုထားလို့ပေါ်နေတာ၊ ကြာရင်တော့ မကောင်းဘူး။ပြီးရင် ဗိုက်က အဆီကိုစစားတယ်။

ထူးခြားတာက လူဟာ အစာစားနေရင် အစာကတဆင့် ခန္ဓာကိုယ်ကစုတ်ယူတဲ့ glucose ဂလူးကို့စ်စွမ်းအင်တွေဟာ ရိုးရိုးဓါတ်ဆီနဲ့ တူတယ်။ လူကို သင့်တင့်မျှတစွာ လည်ပတ်ပေးတယ်။ အစာမစားတော့လို့ ခန္ဓာကိုယ်ထဲ စုဆောင်းထားတဲ့ ketone ဆိုတဲ့ အဆီကို ချက်ပြီး စွမ်းအင်အဖြစ် ခန္ဓာကိုယ်ကစားရတဲ့အခါ အောက်တိန်းဓါတ်ဆီလို ဆီတမျိုးထွက်လာတယ်။ Ketosis လို့ခေါ်ပါတယ်။ လူ့အဆီ နဲ့ ချက်တဲ့စွမ်းအင်ကို ဦးဏှောက် နဲ့ နှလုံးက အစားအစာကရတဲ့စွမ်းအင်ထက် ပိုကြိုက်တယ်။ အဆီဆိုတာ တသက်တာ ရှယ်စုထားတာကိုး။ သန့်လို့နေမှာပေါ့။ အစာရှောင်တဲ့အခါ ketosis နဲ့ချက်တဲ့အဆီကြောင့် 95 ဆီနဲ့ပြေးရတဲ့ကားလို လူဟာ ပိုသွက်လက်လာတယ်။ အံ့သြစရာပါပဲ။

အစာရှောင်တာ၂၄ နာရီကျော်တဲ့အခါ ဦးဏှောက်က ပိုပြီးစွမ်းရည်ထက်မြက်လာတယ်။ ပိုပြီး productive ဖြစ်လာတယ်။ လူတွေဟာအစာမစားပဲ အလုပ်လုပ်တဲ့အခါ ဖြတ်ထိုးဥာဏ်ပိုကောင်းတယ်ဆိုပါတယ်။ ဒါလည်း သဘာဝကျပါတယ်။ ရှေးကျောက်ခေတ်လူသားဘဝတုန်းက အစာမစားရတဲ့အခါ အမဲလိုက်ဖို့ ပိုခွန်အားတိုးလာတယ်၊ ဒါဟာ ketosis ကရတဲ့ အောက်တိန်းလို ဓါတ်ဆီကြောင့်ဖြစ်လာတာလို့ဆိုတယ်။

အစားမစားလို့သာ သေကြေးဆိုရင် ကျွန်တော်တို့လူသားမျိုးနွယ်ဖြစ်လာမှာမဟုတ်ဘူး။ ဆရာတော် ဦးဝိဇာရ ဆို ရက်ပေါင်း၁၆၀ ကျော် အစာမစားပဲ ဆန္ဒပြသွားသေးတာပဲ။

အစာမစားတာ ၂၄ နာရီကျော်တဲ့အခါ ခန္ဓာကိုယ်တွင်းယောင်ကိုင်းမှု inflammation marker တွေ ကျလာတယ်။ ဒူးနာ ခါးနာ တွေသက်သာလာတယ်၊ နာကျင်နေရင် ဘယ်လိုအမဲလိုက်မလဲ? အစာအိမ် နဲ့ အူသိမ်ဟာ အနားရလာလို့ သူတို့ထဲမှာရှိတဲ့စက်အစိပ်အပိုင်းတွေကို ပြန်ပြင်နိုင်လာတယ်တဲ့။ အူနဲ့အစာအိမ်မှာရှိတဲ့ မကောင်းတဲ့ပိုးမွှား ဘက်တီးရီးယားတွေကိုသတ်နိုင်လာတယ်။ လူမှာ Antioxidant တွေ ပိုလာတယ်။

အစာတနေ့ သုံးနပ် စားနေရင် လည်ပါတ်နေတဲ့ကားလိုပဲ… ပြင်ချိန်မရဘူး၊ ကားက ဖွတ်ချပ်ဖွတ်ချပ်ဖြစ်လာရင် ကားရပ်ပြီးမှ ဝပ်ရှော့ထိုးပြီး ပြင်လို့ရတာ။ ဒီလိုပါပဲ၊ အစာရှောင်နေတဲ့အခါမှာ ခန္ဓာကိုယ်တွင်းပြုပြင်မှုစလာပါတယ်။ ၂၄ နာရီကျော်တဲ့အထိ မစားတဲ့အခါ ဦးဏှောက်ဟာ ထိပ်ထိပ်ပြာပြာဖြစ်လာတယ်၊ မဖြစ်ဘူး အယင်လို ပေါများမနေတော့ဘူး၊ ငါသေချာစီမံခန့်ခွဲမှ လို့ မြင်လာတယ်။ မလိုတဲ့အပေါက်တွေပိတ်တယ်၊ လိုအပ်သလောက်ပဲ စွမ်းအင်ထုတ်ပေးတော့တယ်၊ အဲ့ဒီမှာ ကင်ဆာဆဲလ်လို ရောဂါတွေဟာ ဦးဏှောက်က အစာဖြတ်ပစ်ပါတယ်။ ခန္ဓာကိုယ်ထဲက protein sparing ဖြစ်လာတယ်။ ခန္ဓာကိုယ်ဟာ အလွန်စည်းစနစ်ကျတဲ့ကုမ္ပဏီကြီးလို အယိုအဖိတ်မရှိ လည်ပါတ်လာတယ်။

၄၈ နာရီ ရောက်တဲ့အခါ ခန္ဓာကိုယ်ဟာ မွေးကတည်းက ပါလာတဲ့ stem cell ကို တွန်းထုတ်ပေးတယ်။ stem cell ဆိုတာ ဂျော်ကာဖဲပါ၊ ခန္ဓာကိုယ်က ဘယ်နားပျက်ပျက် သူပြန်ပြင်ပေးနိုင်တယ်။ ဘန်ကောက်မှာ stem cell therapy နည်းနဲ့ ကုရင် သိန်းတရာကျော်ကုန်ပါတယ်။ အကုန်မခံပဲ ၄၈ နာရီ အငတ်ခံရင် ထွက်လာတယ်။ ၄၈ နာရီ နဲ့ ၇၂ နာရီကြားမှာ ကင်ဆာလ်တွေ အလုံးအခဲတွေ သတ်ပစ်တယ်၊ stem cell ထွက်လာတယ်၊ လူဟာ productive ဖြစ်လာတယ်၊ လေးဖက်နာပိုးတွေသတ်တယ်၊ အရေပြားတွန့်စေတဲ့ ဆဲလ်အသေတွေစားဖြစ်တယ်။

အစာရှောင်တဲ့အချိန် မဆာဘူးလား? ဆာတာပေါ့၊ ဦးဏှောက်က ဆာဖို့လိုတဲ့အချိန် ဆာတာလှုံ့ဆော်ပေးတဲ့ အချက်ပြပေးတာပဲ။ နိုးချိန်တန်နိုး၊ ဆာချိန်တန်ဆာ ဒါက နိစ္စဓူဝ သူ့အလုပ်သူလုပ်တာ၊ ပေါင် ၃၀၀ ရှိတဲ့လူလည်းဆာတာပဲ၊ ပေါင်တရာရှိတဲ့လူလည်းဆာတာပဲ။ အမှန်က မလိုပဲနဲ့ ဆာတာပါ။ ဆာတဲ့အချိန်တော့စိတ်တိုတတ်တယ်။ နည်းနည်းဆင်ခြင်ပြီးနေပါ။

ကျွန်တော်လုပ်တော့ ၂ ရက်တိတိ စားချိန်ကျ ဆာတာပဲ။ ရေသောက်ပေါ့။ သုံးရက်တိတိအစာရှောင်ပြီးတဲ့အခါ လူဟာပေါ့ပါးလာတယ်၊ ကိုက်ခဲနေတာတွေလျော့သွားတယ်၊ စိတ်က အကောင်းမြင်တဲ့ဘက်ရောက်လာတယ်၊ သွက်လက်လာတယ်။ positive energy ရလာတယ်၊ အိပ်လို့ကောင်းလာတယ်။

၇၂ နာရီပြည့်လို့ အစာပြန်စားတော့ အရိုးတွေကို ၁၀ နာရီလောက်ပြုတ်ထားတဲ့ရေနဲ့ ဆန်ပြုတ် ပြုတ်သောက်တယ်၊ ဒိန်ချဉ်ကို အသီးအနှံတွေ အဆံတွေ ထည့်ပြီးစားတယ်။ အစာမရှောင်ခင် ပထမနေ့ အစာစားတဲ့အခါ နှစ်နှပ်လောက် ကောင်းကောင်းစားပါ။ multi vitamins ရေဆူဆေး၊ ဗိုက်တာမင် ဘီ၊ စီ၊ D3 နဲ့ အာဟာရဝဝ စားပြီးမှ ရှောင်သင့်တယ်။ အစာရှောင်နေစဉ် pocari sweat လို၊ 100 plus လို ဓါတ်ဆားလို ဆောင်ထားပြီး သောက်သင့်တယ်။ သကြားမပါတဲ့ကော်ဖီ၊ ရေနွေးကြမ်းသောက်ပါ။ အစာမစားတဲ့အချိန် အားအင်ချို့ယွင်းမသွားပါဘူး။ ပိုတောင် အားရှိလာပါတယ်။ လက်တွေ့ပါ။ ကျွန်တော်တော့ ၆ ပေါင်ကျတယ်။ ကျွန်တော်က ပိန်တယ်၊ ဘာလို့အစာရှောင်တာလဲ? ဝိတ်ကျဖို့ထက် လေးဖက်နာပိုးသတ်ချင်လို့ပါ။ သက်သာလာတာတော့အမှန်ပဲ။ ခန္ဓာကိုယ်ဟာ နှစ်လတခါ၊ သုံးလတခါ reset ချနိုင်ရင်ပိုကောင်းမယ်။ ကိုယ်က reset မချရင် တော်ကြာ သဘာဝ တရားက shutdown လုပ်သွားမယ်။

အစာရှောင်တာ ရောဂါကြီးမားတဲ့လူတွေ၊ အရွယ်ငယ်လွန်းတဲ့ ဖွံ့ဖြိုးစအရွယ်တွေ၊ အာဟာရချို့တဲ့တဲ့လူတွေ၊ ကျောက်ကပ် ဆီးချိုသမားတွေ ဆရာဝန်ကိုမေးပြီးလုပ်ပါ။ ရာသီကိုလည်း ကြည့်ပါ။

ခန္ဓာကိုယ်ထဲမှာစုထားတဲ့ အဆီတွေကို ketosis နဲ့ မီးရှို့ပစ်ပါ။ မသုံးရင် ရေခဲသေတ္တာထဲထားတဲ့ အဆီတွေလိုပဲ၊ ကြာရင် ဒိတ်အောက်၊ မှိုစွဲနဲ့ လူကိုဒုက္ခပေးမယ်။ နေ့စဉ်လေ့ကျင့်ခန်းလုပ်ရင်လုပ်၊ မလုပ်ရင် အစာရှောင်ကြည့်ပေါ့။

လုပ်တဲ့အခါ မိမိဘာသာချိန်ဆပါ။ ဒီဆောင်းပါးဟာ ဆေးပညာဆောင်းပါး မဟုတ်ပါဘူး၊ ကျွန်တော်ဆရာဝန်မဟုတ်ပါဘူး။ ကျမ်းမာရေးလိုက်စားသူတွေ၊ စိတ်ဝင်စားတဲ့သူတွေအတွက် ရေးသားတာပါ။ အစာရှောင်ခြင်းရဲ့ ကောင်းတဲ့အချက်အလက်တွေ့ရှိချက်တွေ ဆေးသိပ္ပံမှာ အများကြီးပါပဲ။ 72 hours fasting benefits လို့သာ google YouTube ထဲရိုက်ကြည့်။ တချို့ ၁၀ရက် အရက် ၂၀ ရေပဲသောက်ပြီး ရှောင်ကြတယ်။

လေ့လာကြည့်ကြပါ။ အစာရှောင်ကြည့်လို့ မနေနိုင်တော့လည်း ပြန်စားပေါ့ဗျာ။ စိတ်ကိုထိမ်းနိုင်ရင်တော့ စိတ်ခွန်အားကော လူ့ကျမ်းမာရေးပါ ကောင်းတာပေါ့။

ကျမ်းမာချမ်းသာကြပါစေ။

01/07/2023

💦💦💧💧 သောက်မလား… ကို.’.

💧💧 ရေခဲရေ

🌊🌊 ရေခဲရေ 🌊🌊🌊 ရေခဲရေ

16/05/2023

မုန်တိုင်း​ ​လေ​ဘေး အန္တာရာယ်
ဖြစ်လာချိန်
လိုအပ်ပါက ပုသိမ်မြို့ခံ
ပရဟိတ မိတ်ဖက် အဖွဲများနှင့်
ပုး​ပေါင်း​ဆောင်ရွက် ၊
ကူညီကယ်ဆယ်​ရေး အတွက်
ဖွဲ့စည်းထား​သော
ROYAL LAKE ဝန်ထမ်းများ ပါ။
09777 60 60 67
သို့ ဆက်သွယ်နိုင်ပါသည် ။

14/04/2023

မြန်မာနှစိသစ်မှစပြီး သတ္တ၀ါအားလံုး ဘေးအန္တရာယ်ကင်းပြီး… စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် ၀င်ငွေတွေ တိုးပွါးကြပါစေ

06/03/2023

🔥🔥 RAW MUSIC FESTIVAL

Photos from VVIP Entertainment's post 05/02/2023

中国音乐晚会 - 卷 三 🕺🕺💃💃

Chinese House Party Volume - 3 ကို

“Mysterious Bar - Yangon” February 3 , သောကြာနေ့မှာ Full House ဖြစ်တဲ့အထိ အားပေးခဲ့ကြသော Chinese Fan များနှင့် အဆင်ပြေအောင် ကူညီပေးခဲ့တဲ့ The Myst မှ ၀န်ထမ်းများကိုလည်း ကျေးဇူးတင်ရှိပါသည်။

Photos from VVIP Entertainment's post 02/02/2023

🙏🙏🙏 你好 Ni Hao
မဂ်လာပါ🕺🕺💃💃

我们将用中文歌曲嗨翻全场 犹如冲上云霄般刺激 开心 快乐

🐲🐲🔥🔥 中国音乐晚会 - 卷 三 ကို လာမည့် FEBRUARY 3 ရက် သောကြာနေ့ THE MYST မှာ Luxury Chinese Music Party ကို
စောင့်မျှော်နေကြတဲ့ ချိုကစ်တို့…
ညိုကီတို့..…သဲလေတို့.. အော်မေတို့အတွက် ထူးထူးခြားခြားအမိုက်လုံးပွဲလေးဖန်တီးထားပါတယ်

🐲🐲🔥🔥တရုတ်သီချင်းလေးတွေနဲ့ မျောပြီး
🎈🎈🥢တာ၀တိံသာအတူတူတတ်ချင်တဲ့သူတွေ
🌕🌕🧧🧧 အတွက် အထူးဖျော်ဖြေတင်ဆက်
🕺💃🕺💃 သွားမည့် CHINESE HOUSE PARTY
⛩⛩❤️‍🔥❤️‍🔥 ဖြစ်ပါတယ်

🛑🛑🛑 Very Limited Table and Person
လူဦးရေနှင့် Luxury Table ကန့်သတ်
ထားတဲ့အတွက်အခုပဲ Reserved လုပ်စို့

❤️‍🔥❤️‍🔥 Full House
❤️‍🔥❤️‍🔥 VVIP ENTERTIAINMENT
❤️‍🔥❤️‍🔥Chinese House Party

☎️☎️ 09777779417 , 09669194527,09751708252

21/01/2023

1. 恭喜发财 (gōng xǐ fā cái)
ဥစ္စာဓနတိုးတတ်ကြပါစေ။

2. 财源广进 (cái yuán guǎng jìn)
တိုးတက်ကြီးပွားပါစေ။

3. 新年快乐(xīn nián kuài lè)
နှစ်သစ်မှာပျော်ရွှင်ပါစေ။

4. 金玉滿堂 (jīn yù mǎn táng)
ရွှေငွေရတနာများဖြင့်ပြည့်စုံပါစေ။

5. 一本萬利 (yī běn wàn lì)
သေးငယ်သောလုပ်ငန်းမှ ကြီးမားသောအမြတ်အစွန်းရပါစေ။

6. 招財進寶 (zhāo cái jìn bǎo)
ဥစ္စာဓနနှင့်ရွှေငွေများစွာရှာဖွေနိုင်ပါစေ။

7. 財源滾滾 (cái yuán gǔn gǔn)
ဥစ္စာဓနများ၀င်လာမစဲဖြစ်ပါစေ။

8. 大吉大利 (dà jí dà lì)
ကျက်သရေမင်္ဂလာလိုအင်ဆန္ဒများပြည့်စုံပါစေ။

9. 年年有餘 (nián nián yǒu yú)
နှစ်စဉ်နှစ်တိုင်းလုပ်သမျှအဆင်ပြေပါစေ။

10. 事业发达 (shì yè fā dá)
လုပ်ငန်းများအဆင်ပြေပါစေ။

11. 升官发财 (shēng guān fā cái)
ရာထူးတိုး လစာများတိုးပါစေ။

12. 生意兴隆 (shēng yì xīng lóng)
လုပ်ငန်းများအဆင်ပြေပါစေ။

13. 學業進步 (xué yè jìn bù)
ပညာရေးတိုးတက်အောင်မြင်ပါစေ။

14. 步步高升 (bù bù gāo shēng)
ခြေလှမ်းတိုင်းအောင်မြင်မှုရပါစေ။

15. 新年進步 (xīn nián jìn bù)
နှစ်သစ်မှာကံကောင်းခြင်းတွေဆောင်ယူနိုင်ပါစေ။

16. 心想事成 (xīn xiǎng shì chéng)
ရည်မှန်းချက်များအောင်မြင်ပါစေ။

17. 万事如意 (wàn shì rú yì)
အရာရာတိုင်းအောင်မြင်ပါစေ။

18. 笑口常開 (xiào kǒu cháng kāi)
အမြဲပြုံးပျော်ရွှင်ပါစေ။

19. 五福臨門 (wǔ fú lín mén)
ကံကောင်းခြင်းငါးပါးနှင့်ပြည့်စုံပါစေ။

20. 身体健康 (shēn tǐ jiàn kāng)
ကျန်းမာပါစေ။

21. 竹報平安 (zhú bào píng ān)
ကောင်းသတင်းများကြားရပါစေ။

22. 福壽雙全 (fú shòu shuāng quán)
အသက်ရှည်ခြင်းနှင့်ကောင်းချီးမင်္ဂလာများနှင့်ပြည့်စုံပါစေ။

23. 岁岁平安 (suì suì píng ān)
အသက်ရွယ်တိုင်းအေးချမ်းစွာနေနိုင်ပါစေ။

24. 马到成功 ( Mǎ dào chéng gōng)
ချက်ချင်းလုပ် ချက်ချင်းအောင်မြင်ပါစေ။

25.一帆风顺 (Yīfān fēngshùn)
ဘဝချောမွေ့ပါစေ။

26. 阖家幸福 (Héjiā xìngfú)
မိသားစုအားလုံးပျော်ရွှင်ပါစေ။

Crd Thet Soe ma gyi

20/01/2023

ဟုန်ပေါင်း (ခေါ်) အနီရောင်စာအိတ် ဆိုတာ…
------------------------
အန်ပေါင်းကျတောင်းတတ်ပြီး
သူ့အကြောင်းမသိထားရင် မခက်ဘူးလား?

တရုတ်နှစ်ကူးနီးပြီကွ။ ဘရေ့ရော်ဆပ်တရုတ်ယောင်း ယောင်းများ။

အဲ့တော့ မြန်မာအခေါ် အန်ပေါင်း(An-pao) ကဘယ်လိုဖြစ်လာလဲ?

ဘယ်ကနေဆင်းသက်လာတာလဲ? ဘာလို့ပေးကြတာလဲ? ဘယ်သူတွေက

ဘယ်သူ့ကိုပေးရတာလဲ? စသည်ဖြင့် ဗဟုသုတ
ရေးပေးသွားမှာပါ။

ဟုန်ပေါင်းဆိုတာလေ ကျန်းမာပြီးကံကောင်းအောင်ပေးတာ ယောင်းတို့ရဲ့။
နှစ်သစ်မှာ ကိုယ်စိတ်နှစ်ပါး ချမ်းသာပြီး အနာရောဂါကင်းပါစေဆိုတဲ့ အတိတ်နိမိတ်နဲ့ပေါ့။ အပြင်က စာအိတ်အနီက အရေးကြီးတာ အထဲကပိုက်ဆံကိုမကြည့်ရပါဘူး။ (တို့ကတော့ တို့ကတော့ လာပေးရင်အထဲလေး
ကိုချောင်းရမှ :P)။

စုံဂဏန်းထည့်ထားတဲ့ နှစ်ထုပ်ပေးရပြီး (၄) ဂဏန်း
ရှောင်ရပါတယ်။ (မဂဏန်းက အသုဘစသည်ဖြင့်မှာ သုံးတာပါ။)

ဟုန်ပေါင်းကို နှစ်သစ်ကူးမှမဟုတ်ဘဲ မင်္ဂလာပွဲတွေမှာရော၊ မွေးနေ့ပွဲတွေမှာရော၊ တခြားချီးမြှင့်မှုတွေမှာလဲ သုံးပါသေးတယ်။ တရုတ်ပြည်တောင်ပိုင်းမှာတော့ လက်ထပ်ပြီးသားလူတွေက လက်မထပ်ရသေးတဲ့လူတွေ၊
ကလေးတွေကိုပေးပြီး တရုတ်ပြည်မြောက်ပိုင်းမှာကျတော့ သက်ကြီးပိုင်းတွေက အသက် ၃၀ အောက်လူငယ်တွေကို ပေးတာဖြစ်ပါတယ်။ တစ်ချို့နေရာတွေမှာတော့ အထက်အရာရှိက အိမ်ထောင်နဲ့ဖြစ်စေ၊
အိမ်ထောင်မရှိသည်ဖြစ်စေ၊ ရိုးရာအနေနဲ့ ပေးတတ်ကြပါတယ်။

ဟုန်ပေါင်းရဲ့ရာဇဝင်တွေ အများကြီးရှိတဲ့ထဲက တစ်ခုကို ပြောပြမယ်နော်..

ဟိုးအရင်တုန်းက တရုတ်ပြည်ရဲ့ရွာတစ်ရွာမှာ
မကောင်းဆိုးဝါးတစ်ကောင် အရမ်းသောင်းကျန်းခဲ့ပါသတဲ့။ အဲ့ဒီမကောင်းဆိုးဝါးက ကလေးလေးတွေကို အဓိကပစ်မှတ်ထားပြီး ဖမ်းစားတာပေါ့။

ညဘက်တွေမှာဆိုရင် တံခါးကိုအလုံပိတ်ပြီး မိဘရင်ခွင်ထဲထားပေမယ့် မရရတဲ့နည်းနဲ့လာပြီး ကလေးတွေရဲ့ဦးခေါင်းကို ကိုင်သွားတာမို့ နာမကျန်းဖြစ်တာတွေ၊ အသက်သေဆုံးတာတွေပါရှိလာလို့ တစ်ရွာလုံးကလဲ
အရမ်းကြောက်နေကြရော။ တစ်နေ့မှာ အဲ့ရွာကစုံတွဲတစ်တွဲ ကလေးမွေးတော့ သူတို့ရဲ့ကလေးကို မကောင်းဆိုးဝါးကလာဖမ်းစားမှာစိုးလို့နတ်ဘုရားဆီကို အစောင့်အရှောက်တွေပို့ပေးဖို့ ဆုပန်လိုက်ကြတယ်တဲ့။

အဲ့ဒါနဲ့ နတ်ဘုရားကလဲ နတ်သား (၈) ယောက်ကို အစောင့်အရှောက်အနေနဲ့ လွှတ်လိုက်ပါတယ်။ အစောင့်အရှောက်တွေကလည်း မကောင်းဆိုးဝါးကို လှည့်စားဖို့အတွက် အနီရောင်ကြိုးနဲ့ ဆွဲထားတဲ့ အကြွေစိလေးတွေအဖြစ် သဏ္ဍန်ပြောင်းပြီး ကလေးရဲ့ဦးခေါင်းရင်း မှာ စောင့်ရှောက်နေရော။

ညဘက်ကျ မကောင်းဆိုးဝါးကြီးရောက်လာတဲ့အခါ အကြွေစေ့ကနေပြန်လာတဲ့အလင်းကို ရုတ်တရက်မြင်လိုက်တဲ့အခါ လန့်ပြီးထွက်ပြေးသွားသတဲ့။ ဒီအကြောင်းကိုတစ်ရွာလုံးသိတဲ့အခါ တစ်ရွာလုံးကအိမ်တွေရဲ့
ခေါင်းရင်းဘက်ခြမ်းမှာ အနီရောင်ကြိုးနဲ့အကြွေလေးတွေ ချိတ်လိုက်ကြရောတဲ့။ အဲ့အချိန်ကစပြီး မကောင်းဆိုးရွားရဲ့ရန်က လွတ်သွားကြတာပေါ့။

အဲ့အချိန်ကစပြီး နွေဦးပေါက် မကောင်းဆိုးဝါးလာတတ်တဲ့အချိန်မှာ ကလေးတွေကို အကြွေစေ့လေးတွေနဲ့ အနီရောင်ကြိုးလေးတွေပေးကြရာက တဖြည်းဖြည်းခေတ် တွေ ပြောင်းလာတဲ့အခါမှာ အနီရောင်စာအိတ်နဲ့
ငွေစက္ကူပိုက်ဆံတွေ ဖြစ်လာတာတဲ့။

ခုဆိုပိုတောင် ခေတ်မီသေး wechat လို့ခေါ်တဲ့ mobile app တစ်ခုကနေ လွှဲလို့ရနေပြီ

တရုတ်နှစ်ကူးကျရင် ဘိုးဘေးတွေကိုကန်တော့ကြတာ၊ ခြင်္သေ့နဂါးတွေကပွဲတွေ၊ စသည်ဖြင့် အများကြီးရှိပါတယ်။ တရုတ်တန်းမှာလဲ မီးပုံးတွေနဲ့အများကြီးအလှဆင်ထားပြီး ကပွဲတွေလဲ ကျင်းပဦးမှာမို့ ဓာတ်ပုံလှလှလေး
တွေရိုက်ရင်း တရုတ်ရိုးရာအကအလှလေးတွေကို လာခံစားကြည့်ပါဦးလဲဖိတ်ခေါ်လိုက်ပါတယ်။

公西垡蔡 (Gong Xi Fa Cai = Happy New Year) ပါ အန်ပေါင်းပေးမဲ့သူတွေရေ
နှစ်သစ်မှာ စိတ်ချမ်းမြေ့ပျော်ရွှင်ကြပါစေ။

Reference: Hong Bao , Red Envelope

Hnin Ei Oo (For Her Myanmar)
source:forhermyanmar
Moe Nat Minn

Photos from VVIP Entertainment's post 17/01/2023

🔥🔥 VVIP ENTERTIAINMENT ရဲ့ ပထမဆံုးသော
မန္တလေးပွဲလေးမှာ လာရောက်အားပေးကြတဲ့
ချိုကစ်တို့…. ညိုကီတို့… ညိုမီတို့ကို
ကျေးဇူးအများကြီးတင်ပါတယ်

🔥🔥 15-1-2023 MANDALAY PIONEER မှာ
ကျင်းပခဲ့တဲ့ HARDCORE PARTY 🎉

Photos from VVIP Entertainment's post 16/01/2023

HARDCORE #

Party in Mdy

Pioneer

VVIP Entertainment မှ မန်းလေးတွင်ပထမဆုံးပြုလုပ်ကျင်းပသော ပွဲလေးအား လာရောက်အားပေးကြသော မန်းလေးသူ မန်းလေးသားများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်ရှင့် 🙏🙏🙏

Love u all , Mdy
see ya next time 🥰🥰🤟

16/01/2023

HARDCORE PARTY IN MDY @ PIONEER MDY

14/01/2023

INCREDIBLE Trowback party🎈 ကို လာအားပေးကြတဲ့

ချစ်တဲ့ သူများနဲ့ အားဖြည့်ပေးကြတဲ့ DJ များအားလုံးကို

VVIP ENTERTIAINMENT မှ အထူးပင်ကျေးဇူးတင်ရှိပါ

တယ်ရှင့် 🙏🙏🙏

Photos from VVIP Entertainment's post 14/01/2023

🔥🔥 EDM အကြမ်းစားတွေ ကြိုက်တဲ့ ရွှေမန်းလေးက
ဘော်ဒါတွေ အတွက် လာမည့် 15-1-2023
Mandalay Pionner မှာ HARDCORE PARTY
လေး လုပ်ထားပါတယ်

🔥🔥 MANDALAY မှာ အတူတူကဲချင်တယ်ဆ်ိုတဲ့
ချိုကစ်တို့… ညိုကီတို့ …. ညိုမီတို့အတွက်
🕺🕺💃💃

☎️☎️ 09669194527
☎️☎️ 09777779417

Photos from VVIP Entertainment's post 14/01/2023

Hello ! Mandalay see ya tomorrow

Star Trail Entertainment နဲ့ VVIP Entertaining တို့

ပူးပေါင်းတင်ဆက်တဲ့ မန်းလေးမှာ အပီဖြုတ်မဲ့ပွဲလေးပါ … 🔥🔥🔥

မန္တလေးမှာ ဆုံကြမယ်နော် 💃🏿🕺💃🏿🕺🔥🔥🔥

အမြန်ဆုံး ☎️☎️ လိုက်တော့နော်

☎️ 09669194527

Videos (show all)

💦💦💧💧 သောက်မလား… ကို.’. 💧💧 ရေခဲရေ 🌊🌊 ရေခဲရေ 🌊🌊🌊 ရေခဲရေ
INCREDIBLE Trowback party🎈 ကို လာအားပေးကြတဲ့ ချစ်တဲ့ သူများနဲ့ အားဖြည့်ပေးကြတဲ့ DJ များအားလုံးကို VVIP ENTERTIAINMENT မှ...
Admin 👨‍💼 BKK ရဲ့ နာမည်အကြီးဆံုး ဘားဖြစ်တဲ့ 🍷🍷 Tichuca Rooftop Bar
Chinese House Party  Vv
🔥🔥🐲 CHINESE HOUSE PARTY 中国音乐晚会
Credit "Ravers များအကြား ခေတ်စားလာသော Headbanging"ခုနောက်ပိုင်း မြန်မာ Raver တွေကြားမှာ ဇက်တွေခိုင်ခိုင်ထား ဆိုတဲ့ စကားခ...

Telephone

Website