Ramona’s Channel

Ramona's Channel intention is "To create change for a positive impact".

Photos from Ramona’s Channel's post 03/10/2023

Full House 🔥
Every Tuesday and Friday
6:30-7:30 pm
Galaxy Fitness Center & Swimming Pool

Photos from Ramona’s Channel's post 26/09/2023

Full House 😍💛
MAXX Fitness
Every Monday and Thursday
7:00-8:00 pm

With much love ❤️
Ramona

21/09/2023

အားလုံးပဲမင်္ဂလာပါရှင့် 🙏
ဒီရက်ပိုင်း Tr Ramona တစ်ယောက် page မှာလဲ active မဖြစ်ပဲ ပျောက်နေသလိုဖြစ်နေတယ်ဟုတ် .?
ယောဂဆရာမတစ်ဖြစ်လဲ Tr Ramona က အခုဆိုရင် နောက်ထပ် brand အသစ်လေးတစ်ခုအတွက် လုံးပန်းနေရတာမို့ပါနော် … ခုဆိုရင်တော့ Ramona’s Channel ကချစ်ရတဲ့သူတွေအတွက်လဲ ကျွန်မရဲ့ New Brand လေးဖြစ်တဲ့ မနောမေခ နဲ့မိတ်ဆက်ပေးပါရစေနော် 😘

ကချင်ရိုးရာယက္ကန်းထည်စစ်စစ်တွေကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ကျွန်မတို့ရဲ့ New Brand လေးဖြစ်တဲ့ မနောမေခ ကို အားပေးကြပါဦးနော် 💕

လာမယ့် သီတင်းကျွတ်မှာ လူကြီးမိဘတွေကို ကန်တော့ဖို့ပဲဖြစ်ဖြစ်၊ လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်ဝတ်ချင်တာပဲဖြစ်ဖြစ်၊ အလှူ မင်္ဂလာဆောင်မှာ ဝတ်ချင်တာပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့ မနောမေခ ကချင်ရိုးရာအထည်ဆိုင်ကနေ
မြစ်ကြီးနားခတ် ယက္ကန်းထည်စစ်စစ်တွေကိုပဲ ရောင်းချပေးမှာဖြစ်လို့ ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးလို့ရပါတယ်နော် 💛
ဒီ မနောမေခ page လေးမှာလဲ ကချင်ထည်အလှလေးတွေက်ို ဆင်ဆက်မပြတ် တင်ပေးသွားမှာဖြစ်လို့ page ကိုလဲ like & follow လုပ်ထားပေးဖို့မမေ့နဲ့နော် 💕

With much love ❤️
Ramona

သတိ။ ။ တစ်သိန်းဖိုး Giveaway ရှိသည် 🚨

🤩 ကချင်ထည်စစ်စစ်တွေကို စျေးတန်တန်နဲ့ ရောင်းပေးမယ့် မနောမေခကချင်ထည်ရဲ့ Page လေး စတင်တဲ့ အထိမ်းအမှတ်အနေနဲ့ ကချင်ထည်လေးတွေကို တစ်သိန်းဖိုး Giveaway ပေးပါမယ်ရှင် 🎊

မင်မင်တို့ မနောမေခဟာဆိုရင် မြစ်ကြီးနားက ယက္ကန်းကချင်ထည်စစ်စစ်တွေကို တိုက်ရိုက်ဖြန့်ချီတာမို့

✨ စျေးနှုန်းအထူးသက်သာပြီး
✨ နောက်ဆုံးပေါ် အဆင်များ၊ အရောင်များကို ဦးဆုံးတင်ထားနိုင်တာကြောင့် ဝယ်ယူသူတွေလည်း ခေတ်နဲ့အမီ Up to date ဖြစ်နေမှာ အသေအချာပါပဲနော်

မကြာခင်မှာ သီတင်းကျွတ်လည်း ရောက်တော့မှာဆိုတော့ လူကြီးမိဘတွေကို ကန်တော့ဖို့ပဲဖြစ်ဖြစ်၊ ဘုရားသွားကျောင်းတက် ကိုယ်တိုင် ဝတ်ဆင်ဖို့ပဲဖြစ်ဖြစ် ဆန်းပြားလှပခေတ်မီတဲ့ ကချင်ထည်လေးတွေကို စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်ပါတယ်ရှင် 😇

🎉 အခုစီစဉ်ထားတဲ့ Giveaway မှာ ပါဖို့ဆိုရင်တော့

1️⃣ Manaw May Kha - Kachin Textiles Page ကို Like & Follow လုပ်ထားပါ။

2️⃣ ဒီ Post ကို Public နဲ့ Share ပေးပါ။

3️⃣ Share တဲ့အခါ Hashtag ကို လို့ ထည့်ရေးပေးပါနော်

4️⃣ ပြီးရင်တော့ ဘာကြောင့် ကချင်ထည်လေးကို ကံထူးချင်ရတာလဲဆိုတာ ဒီ post မှာ မန့်ပေးပါရှင်

🗓️ 27.10.2023 မှာ ကံထူးရှင်ကို ရွေးချယ်ပြီး Page မှာ ကြေညာပေးပါမယ်ရှင်

🩷 ကံထူးရှင်တွေကို ရွေးတဲ့အခါ အထက်ပါ စည်းကမ်းချက်များ အားလုံးနဲ့ ကိုက်ညီနေတဲ့သူတွေကိုပဲ ရွေးချယ်မှာဖြစ်ပြီး အငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်လာပါက Manaw May Kha Page ရဲ့ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါတယ်ရှင် 🍀

ကချင်ထည်လှလှလေးတွကို ဦးဦးဖျားဖျား ဝတ်ဆင်လိုတယ်ဆိုရင်တော့ Page Messenger မှာ လာရောက်ဝယ်ယူနိုင်ပါတယ်

မနောမေခရဲ့ မြစ်ကြီးနားကချင်ယက္ကန်းထည်တွေနဲ့ ကျော့ရှင်းလှပတဲ့ အမျိုးသမီးဖြစ်ဖို့ ပုံဖော်မယ်ဆိုရင်တော့ အခုပဲ Page ကို follow လုပ်ထားလိုက်ပါနော် 🔥

ကံထူးရှင်တွေက ဘယ်သူတွေများ ဖြစ်မလဲ???

Build your confidence with us ✨💎

01/08/2023

“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ”

🌕 ဝါဆိုလပြည့်နေ့မှာ မြတ်စွာဘုရား ပဋိသန္ဓေတည်ခြင်း၊ တောထွက်တော်မူခြင်း၊ ဘုရားအဖြစ်ရောက်ကြောင်း ကြေညာခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေ မီးအစုံ တန်ခိုးပြာဋိကို ပြသတော်မူခြင်းဟူသော ထူးခြားသော ဖြစ်ရပ်များ ဖြစ်ပေါ်ရာ နေ့ဖြစ်ပါတယ်

ဒါ့အပြင် ဝါဆိုလပြည့်နေ့ဟာ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ ကူးပြောင်းတဲ့နေ့ ဖြစ်တာကြောင့် အင်မတန် ထူးခြားတဲ့နေ့လို့ ဆိုရမှာပါ…

ဒီနေ့ဟာ နိမ့်ရာမှာ မြင့်ရာသို့ ကူးပြောင်းခြင်းသဘောကို ဆောင်တာကြောင့် စိတ်နဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ အညစ်အကြေး အဆိပ်အတောက်တွေကို ခါချခဲ့ပြီး ပိုမိုကောင်းမွန်ပြီး အခုထက် မြင့်တဲ့ Higher self ဖြစ်လာစေဖို့ ပြုလုပ်သင့်ပါတယ်နော်

ဗုဒ္ဓဘာသာဝင်ဆိုရင် သီလယူတာ၊ ဝါဆိုပန်းကပ်တာ၊ ဝါဆိုသင်္ကန်းကပ်တာတွေ လုပ်နိုင်ပြီး အခြားဘာသာဝင်များ၊ ဘာသာအယူ မရှိသူများကတော့

🌕 Meditation လုပ်ခြင်း
🌕 Positive Affirmations များ ရွတ်ဆိုခြင်း
🌕 ယောဂကျင့်ခြင်း
🌕 Gratitude Journey ရေးခြင်းများ
🌕 နှစ်သက်ရာ ဂါထာ၊ မန္တန်များ ရွတ်ဆိုခြင်းများ ပြုလုပ်သင့်ပါတယ်

ဒီနေ့တစ်နေ့လုံးကို ကျေးဇူးတရားများဖြင့် နေထိုင်ကြပါနော်…

ခုနှစ်ရက်သားသမီး အပေါင်းတို့လည်း ဒီနေ့လို ထူးခြားတဲ့နေ့မှာ ကံကောင်းခြင်း၊ လာဘ်လာဘရွှင်လန်းခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်း ဆုလာဘ်များ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ကျမတို့ Ramona’s Channel မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင် 🙏🙏🙏

With much love ❤️
Ramona

24/07/2023

Self care BINGO 🎉

BINGO game လေး တူတူဆော့ကြရအောင်လေ

ကျမတို့တွေက ကိုယ့်ကိုယ်ကိုယ်က လွဲရင် အရာအားလုံးကို ဂရုစိုက်ကြတယ်နော်… ဘေးက ဖြစ်သမျှ၊ အနားက ရှိသမျှလူတွေ၊ အရာဝတ္ထုတွေအကြောင်းကို ခေါင်းထဲ ထည့်ပြီး နေကြတယ်…

🚨 ကိုယ့်ကိုယ်ကိုယ် ပစ်ထားတာ ဘယ်လောက်ကြာနေပြီလဲ… ဖြစ်ချင်တာ ဖြစ်ပါစေ… နေချင်သလို နေမယ်လို့တော့ မတွေးလိုက်ပါနဲ့နော်…

အခု Self-care Bingo လေးကို ဆော့ကြည့်လို့ BINGO လို့ ဘယ်နှခု အော်နိုင်မလဲ

💁‍♀️ Self-care ဆိုတဲ့ထဲမှာ ဘာတွေပါလဲဆိုတာကိုလည်း အခု game လေး ဆော့ကြည့်ရင်းနဲ့ ပိုသိသွားလိမ့်မယ်နော်… Skincare လုပ်တာ၊ အလှပြင်တာ၊ အဝတ်အစား အသစ်ဝယ်ပေးတာမှ self-care မဟုတ်ပါဘူး… ကိုယ်မထင်ထားတာတွေလည်း ပါနိုင်တာမို့ အခုပဲ Check ကြည့်ပါဦးနော်

ဘယ်နှမှတ်လောက် ရလဲဆိုတာကိုလည်း ပြောပြသွားပါဦးရှင် 🩷

With much love ❤️
Ramona

16/07/2023

ဘယ်သူမှ မချစ်လည်း ကိုယ့်ကိုယ်ကိုယ် ချစ်မယ်

ရှင်တော်ဂေါတမက ဟောခဲ့တယ်…
“You are the only problem you will ever have and you are the only Solution” တဲ့…

ကိုယ့်ဆီမှာ ရှိတဲ့ ပြဿနာတွေက ဘယ်ကနေစလဲဆိုရင် အတွေးတွေကနေ စတယ်… ငါက အချစ်မခံရဘူး… ငါ့ကို လူတွေက မုန်းကြတယ်… ငါ့က အမြင်ကတ်စရာ ကောင်းတယ်… ငါက မပြည့်စုံဘူး…

မေးပါရစေ… အဲဒီလိုမျိုးတွေ ကိုယ့်ဘေးက လူတွေက လာပြောနေကြလား? ကိုယ့်ဘာသာကိုယ် သူတို့ရဲ့ အပြုအမူတွေကို ကြည့်ပြီး ကောက်ချက်ချမိနေတာလား?

လောကကြီးမှာ မရေရာ မသေချာဆုံးက သူတစ်ပါးတွေက ကိုယ့်အပေါ် ထားတဲ့ စိတ်ထားပဲ။ လူတိုင်းမှာ သူတို့ဘဝတိုက်ပွဲနဲ့ သူတို့ အလုပ်ရှုပ်နေချိန်မှာ ကိုယ်က ကိုယ့်အတွေးနဲ့ကိုယ် အချစ်မခံရဘူးချည်းပဲ ပိတ်မိနေပြီဆိုရင်တော့ ပြောင်းလဲနိုင်မယ့် Tips လေးတွေကို ဖတ်ကြည့်ပါဦးနော်

♻️ အတွေးတွေကို ပြောင်းလဲပါ
ခန္ဓာကိုယ် ဝနေရာကနေ ကျန်းမာကျစ်လစ်ချင်တယ်ဆိုရင် အစားအသောက်၊ အနေအထိုင် ပြုပြင်ပြောင်းလဲရသလိုပဲ စိတ်ကျန်းမာဖို့အတွက် အတွေးတွေကနေ စပြီး ပြောင်းလဲရပါမယ်
ငါ အချစ်မခံရဘူးလို့ တွေးမယ့်အစား ငါက ချစ်စရာကောင်းတယ်။ ငါ့ကို ချစ်တဲ့သူတွေ ရှိတယ် ဆိုတာမျိုး ပြောင်းတွေးပါ။

💡 လူရွေးပေါင်းပါ
ကိုယ့်ကို Negative အမြင်တွေနဲ့ လွှမ်းမိုးစေတဲ့သူတွေအနား မနေပါနဲ့။ cheer up လုပ်ပေးနိုင်တဲ့သူတွေနဲ့ပဲ ပေါင်းပါ။ Toxic ဖြစ်စေတဲ့ ဘယ်သူ့အနားကမဆို ရဲရဲဝံ့ဝံ့ ထွက်ခဲ့လိုက်ပါ။

⚡ အဆက်အသွယ်လုပ်ပါ
အချစ်မခံရဘူးလို့ အထင်ခံရခြင်းဟာ ဆက်သွယ်မှုတွေ ဝေးကွာနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အနေဝေးနေလည်း အဆက်အသွယ် ရှိနေပါစေ။

🔎 Reflection လုပ်ပါ
ကိုယ့်ရဲ့ ခံစားချက်တွေကို ဆန်းစစ်ပြီး အဲဒီခံစားချက်တွေက ဘာကြောင့်ဖြစ်လာတာလဲ ဆိုတာကို ရှာဖွေပါ။ တစ်ခါတလေမှာ အကြောင်းရင်း မရှိဘဲ ဒီတိုင်းခံစားနေရတာလည်း ဖြစ်နေနိုင်ပါတယ်။

📝 Gratitude Journaling လုပ်ပါ
နေ့ရက်တိုင်းကို ကျေးဇူးတရားတွေနဲ့ ရှင်သန်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်ရမယ့် အကြောင်းပြချက်တွေ ရှာဖွေပြီး ချရေးပါ။ ကိုယ့်အနီးအနားကလူတွေကို ကျေးဇူးတင်ရမယ့်အချက်တွေ စဉ်းစားပြီး ချရေးကြည့်ပါ။

ဒီနည်းလမ်းတွေက ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေနိုင်ဖို့ အထိုက်အလျောက်တော့ ကူညီပေးနိုင်ပါလိမ့်မယ်

တကယ်လို့ Gratitude Journaling နဲ့ ပတ်သက်ပြီး သေချာသိချင်တယ်… Self-love အတွက် နည်းလမ်းကောင်းတွေ ပိုမိုရှာဖွေချင်တယ်ဆိုရင်တော့ Ramona’s Channel မှာ လစဉ် “Self-Love Journey” အတန်းလေး ဖွင့်တာမို့ အသေးစိတ်ကို cb မှာ လာရောက် မေးမြန်းနိုင်ပါတယ်ရှင် 💌
With much love ❤️
Ramona

08/07/2023

သင့်စိတ်က သင့်ရဲ့ မိတ်ဆွေလား ရန်သူလား ❓

အပြောင်းလဲ အမြန်ဆုံးက လူ့စိတ်တဲ့… စက္ကန့်ပိုင်းအတွင်းကို အတွေးတွေ ထောင်ချီတဲ့အထိ ဖြတ်ကနဲ လှပ်ကနဲ တွေးနိုင်တဲ့ စိတ်ပေါ့…

ကျမတို့တွေရဲ့ ဘဝကို ပြောင်းလဲစေဖို့ အဓိက အကျဆုံးက စိတ်ပဲ… “စိတ်သာရှင်စော ဘုရားဟော” ဆိုပြီး ရှိတယ်မလား…

စိတ်ကို စောင့်ကြည့်နိုင်လေ ဘဝကို အကောင်းဖက်ကို ပြောင်းလဲနိုင်ဖို့ ပိုလုပ်နိုင်လေပဲ

အခက်ခဲဆုံးကလည်း စိတ်ကို ငြိမ်ငြိမ်ထားပြီး စောင့်ကြည့်ရတဲ့ အလုပ်ပဲလေ…

ဒီလိုခက်ခဲတာတွေကို လွယ်ကူစေဖို့ Ramona’s Channel မှာ “Asana and Meditation Club” လေးတစ်ခု စီစဉ်ထားပါတယ်…🔰

စိတ်ကို တည်ငြိမ်အောင် လုပ်နိုင်ဖို့အတွက်ဆို ခန္ဓာကိုယ်ကလည်း တည်ငြိမ်မှ ရတယ်ဆိုတော့ အဲဒီအတွက်ကို Yoga Asana လေးတွေနဲ့ စတင်ကြမယ်

Meditate လုပ်နေချိန်မှာလည်း စိတ်ကူးယဉ် တွေဝေနေတာမျိုး မဟုတ်ဘဲ တကယ်ကို ထိထိရောက်ရောက် အာရုံစိုက်နိုင်ဖို့အတွက် Tr.Ramona က Guideline တွေ ပေးမယ်

✔️ Physical Pain တွေကို သေချာသိရှိပြီး ကျော်လွှားနိုင်မယ်

✔️ စိတ်ပင်ပန်းစေတဲ့ trauma တွေ stress တွေကို လွှတ်ချလာနိုင်မယ်

✔️ Group energy နဲ့ positive vibes တွေ လွှမ်းခြုံထားတာမို့ ပုံမှန်လေး လုပ်ဖြစ်သွားမယ်

ဒီသင်တန်းမှာ တက်ပြီးသွားရင် ကိုယ့်ရဲ့ အရင်ကနဲ့ မတူတော့တဲ့ ကိုယ်၊ version မြှင့်လိုက်သလို transform ဖြစ်သွားတဲ့ ကိုယ်ကို ရရှိပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ

🩵 Asana and meditation club 🩵
Starting date: 17 July
Duration: 17 July to 10 August
Date : Every Monday, Wednesday and Thursday
Time : 9:00-10:00 pm

ကိုယ့်ကိုယ် တကယ်ချစ်ချင်တယ်၊ ဘဝကို တိုးတက်ပြောင်းလဲလိုတယ်ဆိုရင်တော့ အလေ့အကျင့်ကောင်းတစ်ခုကို ပိုင်ဆိုင်သွားနိုင်ဖို့ အခုပဲ သင်တန်းအပ်သွားလိုက်ပါနော်✍️

အသေးစိတ်သိလိုတာတွေရှိရင်တော့ page chat box ကနေ မေးမြန်းနိုင်ပါတယ်ရှင်

08/07/2023

ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ အကြောင်းပြချက်တွေ မလိုဘူး💕

အလှပြင်တာ၊ အဝတ်အစား အသစ်ဝယ်တာကို self-love လို့ မခေါ်ဘူး… တကယ့် self-love ဆိုတာ ကိုယ့်ရဲ့ အရှိတရားကို လက်ခံပြီး မနေ့ကထက် ပိုကောင်းတဲ့ ကိုယ်ကို ဒီနေ့မှာ တည်ဆောက်တာပါပဲ

⚡ စကြဝဠာကြီးက အရာအားလုံးက စွမ်းအင်နဲ့ လည်ပတ်နေတာ… အရာရာမှာ vibration တွေ ရှိတယ်… ကျမတို့တွေရဲ့ အတွေးတွေက ကျမတို့ရဲ့ ဘဝဖြစ်လာတယ်

ကိုယ်က ကောင်းတာတွေပဲ တွေးနေ၊ ပြောနေတယ်ဆိုရင် ကောင်းတာတွေ ပိုပြီး ဖြစ်လာတယ်။ မကောင်းတာတွေကိုပဲ focus လုပ်နေရင် မကောင်းတာတွေပဲ ဖြစ်လာတယ်

ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် စစ်မှန်တဲ့ ချစ်ခြင်းနဲ့ မချစ်တတ်တဲ့အခါမှာ ကျမတို့တွေဟာ ကိုယ်လုံးဝ မလိုချင်တဲ့ ဘဝကြီးကို ဆွဲယူမိရက်သား ဖြစ်နေတတ်ကြတယ်

ဒါတွေကို လုံးဝပြောင်းလဲပစ်ချင်ပါသလား‼️

Ramona’s Channel က ဖွင့်လှစ်တဲ့ “Self-love Journey” အတန်း ရှိပါတယ်

🩵 အတွေးသေးသေးလေးတွေကစပြီး ကောင်းတဲ့ဖက်ကို ပြောင်းလဲကြမယ်

🩵 ကိုယ်လိုချင်တဲ့ဘဝမျိုးကို ပြီးပြည့်စုံအောင် ဖန်တီးဖော်ဆောင်ကြမယ်

🩵 High vibration ဖြစ်အောင် နေကြမယ်

🩵 ကျေးဇူးတရားကို မှတ်တမ်းရေးကြမယ်

🩵 မိမိဦးနှောက်နဲ့ မသိစိတ်ကို မိမိလိုချင်တဲ့ ဆန္ဒ၊ ပုံရိပ်တွေနဲ့ ၂၈ ရက်တိုင်တိုင် ပုံသွင်းကြမယ်

ဒီသင်တန်းကို တက်ပြီးတာနဲ့

ကိုယ့်ကိုယ်ကိုယ် ပိုပြီး ချစ်တတ်လာမယ်
ယုံကြည်ချက်တွေ ပိုပြီး တိုးလာမယ်
မျက်နှာက အစ ကြည်လင်ပြီး အားအင်တွေ ပြည့်ဝနေစေမယ်
ဘဝကို ပိုမိုကောင်းမွန်ပြည့်စုံတဲ့ နည်းလမ်းတွေနဲ့ ရှေ့ဆက်နိုင်လာမယ်
ကိုယ့်ရဲ့ စိတ်ကိုရော ခန္ဓာကိုယ်ကိုပါ အကြွင်းမရှိ လက်ခံပြီး ချစ်နိုင်လာမယ်

🔔 သင်တန်းတက်ချင်ပေမယ့် အချိန်မရလို့၊ မအားလို့ဆိုရင်တော့ ဒီသင်တန်းက Telegram မှာ group ဖွဲ့ပြီး ကိုယ်အားတဲ့အချိန်မှာ လုပ်နိုင်အောင် စီစဉ်ပေးထားပါတယ်

နေ့စဉ်လုပ်ဆောင်ရမှာတွေကို Tr.Ramona က အသံဖိုင်နဲ့ ပို့ပေးပါမယ်။

📌 တပတ်တကြိမ် Zoom meeting လုပ်ပြီး တပတ်တာ အတွေ့အကြုံများအား sharing လုပ်ခြင်း၊ ရင်ဖွင့်ခြင်းများအားပြုလုပ်သွားမည်။

Self-Love Journey
Date : 14 July to 10 August
Zoom meeting : Every Sunday (9:00-10:00 pm)

💡 သင်တန်းအပ်ဖို့အတွက်
m.me/RamonasChannel ဒီလင့်ကနေ ဝင်ရောက် မေးမြန်းနိုင်ပါတယ်ရှင်

03/07/2023

စိတ်ရော လူရော ဘဝပါ ပျော်ရွှင်လန်းဆန်းတက်ကြွစေဖို့ 🧘‍♀️

Body လှတဲ့သူတိုင်းက ယောဂ ဆော့လို့ မဟုတ်ပေမယ့် ယောဂလေ့ကျင့်တဲ့သူတိုင်းက Body တွေ လှလာတာ တကယ်အမှန်ပါပဲနော်

စိတ်နဲ့ ကိုယ်နဲ့ကလည်း တစ်သားထဲကျ…
လူက ပိုပြီး ကျော့ကျော့မော့မော့နဲ့ ယုံကြည်မှုတွေ ပိုပြီး တိုးတက်လာတဲ့အပြင် ယောဂကို စနစ်တကျ လေ့ကျင့်ထားတဲ့သူတွေကို ကြည့်လိုက်ရင် သူတို့ရဲ့ ကိုယ်ဟန် အမူအရာကပါ ကျော့ရှင်းနေတာ

စိတ်က ရုပ်မှာ ပေါ်တယ်ဆိုတော့ ယောဂလေ့ကျင့်လို့ ကြည်လင်နေတဲ့ စိတ်က မျက်နှာမှာ အထင်းသားပေါ်နေတော့ ကြည့်ရတာ ပိုပြီး ကျက်သရေ ရှိနေတာ

မယုံရင် ယောဂလုပ်တဲ့သူတွေ တော်တော်များများကို လိုက်ပြီး ကြည့်ကြည့်ပါနော်

သူတို့ရဲ့ ဘဝကို အကောင်းမွန်ဆုံး တည်ဆောက်ထားပြီး အမြဲတက်ကြွလန်းဆန်းနေတာကို တွေ့ရပါလိမ့်မယ်

ထိုင်းမှိုင်းလေးလံနေတဲ့ နေ့ရက်တွေအစား ပေါ့ပါးလွတ်လပ်ပြီး ကျက်သရေအဖြာဖြာ ပြည့်စုံတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်လိုတယ်ဆိုရင်တော့ အခုပဲ Tr.Ramona နဲ့ အတူတူ ယောဂ လေ့ကျင့်နိုင်ပါပြီရှင်

⚠️ ယောဂနဲ့ ပတ်သက်ပြီး ဘာဆို ဘာမှ မသိသေးလို့ အဆင်ပြေပါ့မလား စိတ်မပူပါနဲ့နော်…

အချိန်မပေးနိုင်တဲ့သူတွေ၊ အပြင်မှာ လာတက်ဖို့ မအားတဲ့သူတွေနဲ့ အခုမှ ယောဂဆိုတာကို စတင်မြည်းစမ်းကြည့်မယ့်သူတွေအတွက်
Zoom ကနေ face to face အခြေခံကျကျ သင်ပေးမယ့် အတန်း ဖြစ်ပါတယ်ရှင်

🎉 Yoga for beginner
🔹 Starting date: 18 July
🔹 Duration - 18 July to 11 August
🔹 Date : Every Tuesday, Thursday and Friday
🔹 Time : 8:00-9:00 pm

သင်တန်းကြေး အသက်သာဆုံးနဲ့ တက်ရောက်နိုင်ဖို့အတွက် အခုပဲ စာရင်းပေးသွင်းသွားနိုင်ပါပြီနော်

စိတ်ရော လူရော ဘဝရော လှပတက်ကြွ လန်းဆန်းစေဖို့ ယောဂ ကျင့်ကြစို့ ✨✨✨

21/06/2023

“One Earth, One Family, and One Future.” တဲ့
အားလုံးဟာ ကမ္ဘာတစ်ခုထဲက မိသားစုကြီး တစ်ခုပဲ… ဒီမိသားစုကြီးအတွက် အနာဂတ်ကလည်း တစ်ခုထဲပဲတဲ့

ဒီနေ့ခေတ်လိုမျိုး ခေတ်ကြပ်ကြီးက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အစစအရာရာမှာ မွန်းကြပ်စရာတွေ များလှပါတယ်။ ဒါကြောင့် စိတ်ပိုင်းနဲ့ ခန္ဓာပိုင်းသာမက spiritual ပိုင်းမှာပါ wellness ရစေဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းလာကြပါတယ်။

နည်းတွေ အများကြီးထဲကမှ Body, Mind and Spiritual အားလုံးကို balance ဖြစ်စေပြီး stress-free environment ကို ဖန်တီးဖို့ဆိုရင် ယောဂက အကောင်းဆုံးတွေထဲက တစ်ခုပါ 🧘‍♀️

ကျမတို့ လူသားတွေဟာ ဒီကမ္ဘာမြေကြီးတစ်ခုထဲမှာ နေထိုင်ကြတယ်။ ကျမတို့တွေ အများစုရဲ့ ရည်ရွယ်ချက်ကလည်း ဖိစီးမှုတွေ ကင်းဝေးတဲ့ နေရာတစ်ခုကို ဖန်တီးနိုင်ဖို့ပဲ မဟုတ်လား…

💡 စိတ်ဖိစီးမှု ကင်းဝေးစေဖို့ ကြိုးစားကြတယ်
💡 ခန္ဓာကိုယ် ဖိစီးမှု မဖြစ်စေဖို့ ကျန်းမာအောင် နေထိုင်ကြတယ်
💡 Spiritual ပိုင်းမှာ ပိတ်ဆို့မှုတွေ မဖြစ်အောင် flow ဖြစ်ဖြစ် နေကြတယ်

ဒီလိုရည်မှန်းချက်တွေကို ပြည့်ဝစေနိုင်တဲ့အရာက ယောဂပါ

ကမ္ဘာပေါ်မှာ ရှိတဲ့လူသားတိုင်း ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံး ကျန်းမာရွှင်လန်းစေနိုင်တဲ့ “ယောဂ” ကို သိရှိပြီး လေ့ကျင့်တဲ့သူတွေ ပိုများလာအောင် awareness ရစေဖို့အတွက် International Yoga Day ကို ကျင်းပကြပါတယ်

နှစ်စဉ် ဇွန်လ ၂၁ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ယောဂနေ့ “International Yoga Day” ဖြစ်ပါတယ်။

🔔 International Yoga Day ဖြစ်ပေါ်လာပုံ

စခဲ့တာတော့ မကြာသေးပါဘူး။ 2014 ခုနှစ် ၉ လပိုင်း ၂၇ ရက်နေ့မှာ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Modi က UN General Assembly မှာ အပြည်ပြည်ဆိုင်ရာ ယောဂနေ့ သတ်မှတ်ပေးဖို့အတွက် အဆိုတင်သွင်းခဲ့ပါတယ်။

UN အဖွဲ့ဝင်နိုင်ငံပေါင်း 193 နိုင်ငံတို့က သဘောတူခဲ့အတွက် 2015 ခုနှစ်ကစပြီး နှစ်စဉ် ဇွန်လ 21 ရက်နေ့ကို International Yoga Day အဖြစ် သတ်မှတ်ခဲ့ကြပါတယ်

🔔 ဘာဖြစ်လို့ June 21 မှာ သတ်မှတ်တာလဲ

June 21 ရက်နေ့ဟာ ကမ္ဘာ့မြောက်ခြမ်းမှာ နေ့တာအရှည်ဆုံးနဲ့ ညတာအတိုဆုံး နေ့ရက် ဖြစ်ပါတယ်။ ညတာတိုပေမယ့် ဒီနေ့မှာ သဘာဝရဲ့ spirits တွေက ကမ္ဘာမြေကြီးရဲ့ လျှို့ဝှက်ချက်ကို ဖွင့်လှစ်ပေးပြီး ကမ္ဘာကြီးဆီက လျှို့ဝှက်ရတနာတွေ၊ ကောင်းမွန်တဲ့ လမ်းကြောင်းတွေနဲ့ ကံကောင်းမှုတွေကို လမ်းညွှန်ပြသပေးဖို့ ထွက်လာကြတယ်လို့ ဆိုပါတယ်။

ဒီအချိန်မှာ လိုအင်ဆန္ဒတွေ ပြည့်ဝဖို့အတွက် ယောဂကျင့်ပေးတာ၊ တရားထိုင်ပေးတာတွေ ပြုလုပ်ပြီး မိခင်သဘာဝကြီးနဲ့ ချိတ်ဆက်နိုင်တယ်လို့ ဆိုပါတယ်။

ထူးခြားတဲ့နေ့ရက်ဖြစ်တာမို့ ဒီနေ့ကို International Yoga Day အဖြစ် သတ်မှတ်နိုင်ဖို့ အဆိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်

🌐 ၂၀၂၃ ခုနှစ်အတွက် theme ကတော့ အပေါ်ဆုံးမှာ ပြောခဲ့တဲ့ “One Earth, One Family, and One Future.” ပဲ ဖြစ်ပါတယ်

ယောဂချစ်သူတွေ ဒီလိုအထူး special နေ့လေးမှာ တရားထိုင်တာ၊ ယောဂကျင့်တာတွေ ပြုလုပ်ပြီး မိခင်ကမ္ဘာမြေကြီးနဲ့ ချိတ်ဆက်ဖို့ မမေ့နဲ့နော် 🌏

With much love ❤️
Ramona

19/06/2023

Shatkarma လို့ခေါ်တဲ့ cleansing လုပ်တဲ့နည်း ၆မျိုးထဲက တစ်မျိုးဖြစ်တဲ့
💦 Jala Neti - နှာခေါင်းထဲရေထည့်ပြီးသန့်စင်တဲ့နည်းလေးပါရှင့် 🍃

Caution ⚠️
ဒီနည်းလေးကို …
⚠️နှာစီး၊နှာပိတ်၊နှာရည်ယိုတဲ့ ချိန်မပြုလုပ်သင့်ပါ။
⚠️နှာခေါင်း၊မျက်လုံးခွဲထားသူတွေမလုပ်သင့်ပါ။
With much love ❤️
Ramona

18/06/2023

Sun Salutation with Surya Namaskar Mantra 🧘‍♀️🙏

16/06/2023

Asana and meditation club 🧘‍♀️🍃
9:00-10:00 PM
🍃ဒီရက်ပိုင်းတွေမှာ အလုပ်တွေနည်းနည်းများ၊ အာရုံတွေများပြီး စိတ်တွေပင်ပန်းသလိုဖြစ်နေခဲ့တာရယ်၊
🍃ကိုယ့်အတွက်ကိုယ် အချိန်လေးသေချာမပေးဖြစ်ဘူးလို့လဲခံစားနေရတာရယ်ကြောင့်
🍃ဒီနေ့ကစပြီး တရားထိုင်ဖို့အချိန်တစ်ခုဖယ်ထားပြီးတော့ “Me Time” လေးပြန်ပေးမယ်လို့ဆုံးဖြတ်ရင်း တရားသေချာလေးပြန်ထိုင်ဖြစ်ခဲ့ပါတယ် 🧘‍♀️

With much love ❤️
Ramona

15/06/2023

10:30-11:30 AM တန်းက ယောဂီလေးတွေ 🍃
မိုးရေတွေကြား အချိန်ပေးပြီးကြိုးစားပေးကြလို့ Thank you Thank you Thank you 🙏

04/06/2023

စွမ်းအင်ရဲ့ ထူးခြားဆန်းကျယ်မှုများ ⚡

ကျမတို့ ခန္ဓာကိုယ်မှာ energy ကို နည်းလမ်း သုံးခုနဲ့ အသုံးပြုနေရတယ်။

🚚 Transportation - သယ်ယူပို့ဆောင်ခြင်း
ဘာတွေကို သယ်ယူပို့ဆောင်လဲဆိုရင် သွေးတွေ လည်ပတ်စီးဆင်းတာ၊ ဆဲလ်တွေကနေ တစ်ရှူးတွေ ဖြစ်လာဖို့ တွယ်ဆက်တာ၊ မာဆယ်တွေက အရိုးတွေမှာ တွယ်ကပ်နေတာ… ဒါတွေအားလုံးအတွက်ကို transportation energy ကို အသုံးပြုရပါတယ်

♻️ Transformation - ပြောင်းလဲခြင်း
ကိုယ်တွင်းအင်္ဂါတွေက Transformation energy ကို အသုံးပြုကြရတယ်… စားလိုက်တဲ့ အစာတွေကို လိုအပ်တဲ့ဓာတ်တွေအဖြစ် ပြောင်းဖို့ အသည်းက ကူညီစစ်ထုတ်ပြီး ပြောင်းလဲပေးတယ်။ အသားတွေ စားတဲ့အခါ ပရိုတိန်းတွေအဖြစ် ဖြိုခွဲပြီး သွေးတွေ ပြန်ဖြစ်ဖို့၊ ဆံပင်၊ ခြေသည်း၊ လက်သည်းတွေ ဖြစ်ဖို့၊ DNA တွေ တည်ဆောက်ဖို့ သူ့နေရာနဲ့သူ ရောက်သွားအောင် ပြောင်းလဲရတဲ့အခါ ဒီ energy ကို သုံးရတယ်

နောက်ဆုံးတစ်မျိုးကတော့
🌐 Communication - ဆက်သွယ်ခြင်း လို့ ခေါ်တယ်
Communication energy အတွက်ကို အများကြီး သုံးစရာမလိုပေမယ့် without communication ဆိုရင် ကျန်တဲ့ energy တွေကပါ အလုပ် မလုပ်နိုင်တော့ပါဘူး… ခန္ဓာကိုယ်အတွက် အရေးကြီးဆုံး energy ဆိုလည်း မမှားပါဘူး

စကားပြောလိုက်တယ်ဆိုတာက အသံစွမ်းအင်ကို အသုံးပြုလိုက်တာပါပဲ… စာရေးတဲ့အခါ မြင်နိုင်ဖို့ အလင်းရဲ့ စွမ်းအင်ကို သုံးရတယ်။ တစ်စုံတစ်ယောက်ကို ဖက်လိုက်တဲ့အခါ pressure energy ဆိုတာ ဖြစ်ပေါ်လာတယ်… ရေမွှေးတွေကို သုံးတယ်ဆိုတာ chemical energy ပဲ

Communication ဆိုတဲ့အတိုင်းပဲ ဒီ energy က signals တွေ signs တွေ အမြဲ ထုတ်လွှင့်နေတယ်။ ခန္ဓာကိုယ်ထဲမှာလည်း ဒီ energy က နည်းမျိုးစုံနဲ့ ဖြစ်ပေါ်နေတယ်။

ဗိုက်ဆာတယ်ဆိုတာကို ဦးနှောက်ဆီ သတင်းပို့ပေးတာက communication energy…
အဲဒီအခါမှာ အစားစားလိုက်တယ်။ အစားအသောက်တွေ ဗိုက်ထဲ ရောက်လာတယ်… transportation energy
အဲဒီအစားအသောက်တွေကနေ လိုအပ်တဲ့ ဓာတ်တွေ ထုတ်ယူပြီး ခန္ဓာကိုယ်အတွက် သုံးစွဲတယ်… transformation energy

ဒီဥပမာထဲကလိုပဲ ကျမတို့တွေ တစ်ခုခု ပြောင်းလဲချင်တဲ့အခါမှာ flow state ကို ဖြစ်နေစေချင်တဲ့အခါမျိုးမှာဆိုရင် energy တွေက သူ့နေရာနဲ့သူ ကောင်းမွန်စွာ လည်ပတ်နေဖို့ လိုတယ်

တစ်နေရာရာမှာ blockage တွေ ဖြစ်လာတာနဲ့ ကမောက်ကမတွေ ဖြစ်သွားတော့တာပဲ

Energy flow ဖြစ်ပြီး blockage တွေ ပြေစေဖို့ဆိုရင် အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုက ယောဂ လေ့ကျင့်တာပါပဲ

နောက်ရက်မှာတော့ ယောဂလေ့ကျင့်ခြင်းက ဘယ်လိုမျိုး flow state ကို ဖြစ်စေလဲဆိုတာကို မျှဝေပေးပါဦးမယ်ရှင် 💙🧘‍♀️
With much love ❤️
Ramona

02/06/2023

🧘‍♀️ တရားထိုင်တဲ့အခါ လက်ကို ဘယ်နားထားရမှန်းမသိ ဖြစ်ဘူးကြလား…

ပေါင်ပေါ်ကို မှောက်တင်ထားလည်း မဟုတ်
လက်ဖဝါးကို ပက်လက်လှန်ပြီး တင်ထားလည်း မဟုတ်နဲ့
ဂနာမငြိမ်တာမျိုး ဖြစ်နေပြီဆိုရင်
လက်ညှိုးနဲ့ လက်မနဲ့ ထိပြီး ထားလိုက်ရင် ခန္ဓာကိုယ်ကြီးက အံ့ဩစရာ ကောင်းလောက်အောင်ကို ငြိမ်ကျသွားရောပဲ

🧘‍♀️ လက်မနဲ့ လက်ညှိုးနဲ့ ထိထားပြီး ကျန်တဲ့လက် သုံးချောင်းက ဖြောင့်တန်းလျက် ရှိတယ်။ ပေါင်ပေါ်မှာ အသာအယာ တင်ထားတယ်။ ဒါကို “Gyan Mudra” or “Chin Mudra/ Cin Mudra” လို့ ခေါ်ပါတယ်

မြန်မာလိုဆိုရင် စိန္တမုဒြာ သို့မဟုတ် စိန်မုဒြာလို့ ခေါ်ကြပါတယ်။ ဒီလို မုဒြာနဲ့ ရုပ်ပွားတော်တွေကို မြန်မာပြည်အနှံ့က ဘုရားတွေမှာ တွေ့နိုင်ပါတယ်

ဒီမုဒြာတွေက လက်ဟန်တစ်ခုဆိုတာထက်ကို အများကြီး ပိုပါတယ်။ ဈာန်သမာဓိလုပ်ငန်း၊ တရားဟောပြောနေဟန်ကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် တရားထိုင်တဲ့အခါမှာ ဈာန်မဝင်တာမျိုး၊ အာရုံစူးစိုက်ရ ခက်ခဲနေတာမျိုးဆိုရင် ဒီမုဒြာကို အသုံးပြုနိုင်ပါတယ်။

✨ ဒီ Gyan မု​ဒြာကို အသုံးပြုရင် ဉာဏ်အလင်းပေါက်လာတာမျိုး၊ တရားထူး ရလာတာမျိုး၊ သိဒ္ဓိပြီးမြောက်လာတာမျိုးအထိ အကျိုးပေးနိုင်တယ်လို့ တန္တရာယာနကျမ်းတွေမှာ ဖွင့်ဆိုထားပါတယ်။

ကိုယ့်ရဲ့ ဘဝမှာ အာရုံတွေ များမြောင်လွန်းလို့ တစ်ခုခုကို အာရုံအပြည့် စူးစိုက်စေလိုတဲ့အခါ တရားထိုင်ချိန်မှာ Gyan မုဒြာကို သုံးကြည့်ပါရှင်

သုံးကြည့်ပြီးလို့ အချိန်တစ်ခုရောက်တဲ့အခါ ဘာတွေ ထူးခြားလဲဆိုတာကို ပြန်ပြောကြပါနော်… ရင်ခုန်စွာနဲ့ စောင့်မျှော် ဖတ်ရှုချင်ပါတယ်ရှင် 📝

နောက်ရက်တွေမှာတော့ တခြားမုဒြာတွေအကြောင်းကိုပါ ပြောပြပေးဦးမှာမို့ page ကို like & follow လုပ်ပြီး စာလေး စောင့်ဖတ်ဖို့ မမေ့ပါနဲ့နော် ☀️

With much love ❤️
Ramona

01/06/2023

စိတ်ဆင်ရိုင်းကို အုပ်မယ့် သတိချွန်း

စိတ်ဟာ မျောက်နဲ့ တူတယ်တဲ့။ 🙉🙉တစ်နေရာကနေ တစ်နေရာ တခဏနဲ့ ခုန်ကူးသွားနိုင်တယ်လို့

သာသနာ့အာဇာနည် ဆရာတော်ကြီးတစ်ပါးက မိန့်ကြားဖူးပါတယ်။

သိပ်ကိုမှန်တယ်နော်။ အချိန်တိုင်း လှုပ်ရှားသက်ဝင်နေတဲ့ စိတ်ဆိုတဲ့ အရာလေးကို ဖမ်းဆုပ်ရဖို့ ခက်လိုက်တာ။

ဖမ်းလို့မရမယ့်အတူတူ လွှတ်ထားလိုက်ရင်ကော။ 🐝🐝

စိတ်အလိုအတိုင်း ဒေါသတွေ ထွက်မိမယ်။ မကောင်းမှုအကုသိုလ်တွေ ပြုမိမယ်။ စကားတွေကျွံမယ်။ လောကွတ်တွေလုပ်မိမှာပေါ့။

စိတ်ဆိုတာ မကောင်းမှုမှာ မွေ့လျော်တတ်တယ်မဟုတ်လား။ 💣💣

ဒီတော့ မမှားသင့်တာတွေမှားရင်း နောင်တတရားသာ ရင်ဝယ်ပိုက်သွားရမှာပေါ့။

ကဲ ဒီလောက်ဖမ်းဆုပ်ရခက်တဲ့ စိတ်ကို သတိနဲ့ ဖမ်းဆုပ်ကြည့်ရင်ကော။

🌼ဖြစ်ပျက်သဘောကို အရှိအတိုင်း သိလာမယ်။

🌺အတိတ်ထဲမှာ နောင်တမရနေသလို အနာဂတ်အတွက်လည်း တွေးပူမနေတော့ဘူး။
ပစ္စပ္ပုန်တည့်တည့်ပဲ ရှုမြင်လာနိုင်မယ်။

🍀သတိလေးကပ်လာတော့ Emotional control လည်း ရလာမယ်။

🌻သွားချင်တဲ့ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်လာနိုင်မှာပေါ့။

စိတ်ကို တည်ငြိမ်အောင် ဘယ်လိုလုပ်မလဲ။

Ramona’s Channel က ဇွန် ၈ ရက်နေ့မှာ စဖွင့်မယ့် Asana and meditation club လေးမှာ စိတ်ဆင်ရိုင်းကို သတိချွန်းနဲ့ အုပ်ကြရအောင်နော်။😘😘

Meditate လို့ ဆိုတာနဲ့

ပေးရတဲ့ အချိန်သာ ကုန်သွားတယ်။ စိတ်ကလေးကတော့ တစ်ချက်မှ အနားမရလိုက်ပါဘူး။

အသက်ရှူသွင်း ရှူထုတ်လုပ်ရင်း အိပ်ပျော်သွားမိတယ်။

ခန္ဓာကိုယ်က ယားသလို နာသလိုနဲ့ တီချယ်။

ကိုယ်တစ်ယောက်တည်း ဆိုတော့ ပုံမှန်မလုပ်ဖြစ်ဘူး။

စတဲ့ အကြောင်းပြချက်ပေါင်းများစွာကြားထဲ နစ်မွန်းမနေပါနဲ့တော့။ 😅

Tr.Ramona ကိုယ်တိုင်
Asana အကြောင်း ​ရှင်းပြ ပြောပြပေးမယ်။

Yoga asana ဘယ်လိုလုပ်ရလဲ သေချာ guide လုပ်ပေးမယ်။

🧡Meditate လုပ်နေရင်း ပူ၊ အေး၊ နွေး၊ နာကျင်ကိုက်ခဲစတဲ့ physical pain တွေကို သိလာရင်း ကျော်လွှားနိုင်မယ်။

💙စိတ်ပင်ပန်းစေတဲ့ trauma တွေ stress တွေကို လွှတ်ချလာနိုင်မယ်။

🖤Group energy နဲ့ positive vibes တွေ လွှမ်းခြုံထားတာမို့ ပုံမှန်လေး လုပ်ဖြစ်သွားမယ်။

monday tuesday thursday friday တစ်ပတ် လေးရက် ည ၉နာရီကနေ ၁၀ နာရီထိ ဒီ club မှာ ဆုံကြရအောင်လား။

ဒီအတန်းလေးစိတ်ဝင်စားတယ်ဆိုရင်တော့
Happy money - 11,000 Ks ထဲဖြင့် ပါဝင်နိုင်မှာဖြစ်ပါတယ် 🍃

အသေးစိတ်သိချင်ရင် Comment or page chatbox မှာ မေးပါရှင်။

တစ်လပြည့်မြောက်လို့ new version နဲ့ life transform ဖြစ်သွားရင်တော့ တာဝန်မယူဘူးနော်။ 💓💓💓

ဒါဆို ဘယ်သူများ စိတ်ဆင်ရိုင်းကို သတိချွန်းနဲ့ အုပ်ချင်ကြမလဲ။

With much love ❤️
Ramona

01/06/2023

ဒီကလဲ ရင်ထဲမှာကျေနပ်လိုက်တာဆိုတာလေ 🍃

31/05/2023

🧠 ဦးနှောက်အတွက် ယောဂ 🧘‍♀️

ယောဂလေ့ကျင့်လို့ အချိန်တစ်ခုကြာတဲ့အခါ ဦးနှောက်ရဲ့ အပြင်ဆုံးအလွှာဖြစ်တဲ့ Cortex က ပိုပြီး ထူလာတယ်တဲ့… လေ့လာမှုတစ်ခုမှာ အသက် ၆၀ ကျော် အမျိုးသမီးတွေကို ယောဂ လေ့ကျင့်တဲ့ အုပ်စုနဲ့ မလေ့ကျင့်တဲ့ အုပ်စုဆိုပြီး ၂ စု ခွဲလိုက်တယ်… သူတို့ကို Brain MRI ရိုက်ကြည့်လိုက်တဲ့အခါမှာ ဦးနှောက်ရဲ့ အပြင်ပိုင်းအလွှာက သိသိသာသာ ကွာခြားနေတာကို တွေ့ရတယ်တဲ့ 🧠

ဘာကြောင့် Cortex က ထူနေဖို့ အရေးကြီးတာလဲဆိုရင်❓

🔰 Neuronal Communication - ဦးနှောက်ထဲမှာ ရှိတဲ့ နျူရွန်အရေအတွက်က cortex ရဲ့ အထူပေါ် မူတည်ပါတယ်။ အဲဒီနျူရွန်တွေက ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ၊ အတွေးအမြင်ပိုင်းတွေ၊ ဆုံးဖြတ်ချက်တွေ ပိုမိုကောင်းမွန်အောင် ဆက်သွယ်ပေးရပါတယ်

🔰 Structural Integrity - ဦးနှောက်အတွင်းထဲက အစိတ်အပိုင်းတွေကို လုံခြုံနေစေဖို့နဲ့ ပြင်ပ ထိခိုက်ဒဏ်ရာတွေကနေ ကာကွယ်ပေးနိုင်ဖို့ cortical thickness ရှိနေဖို့ လိုပါတယ်

🔰 Cognitive Ability - သိမှုစွမ်းရည် မြင့်မားခြင်းဟာ cortex ရဲ့ အထူနဲ့ ဆက်စပ်နေပါတယ်။ ပိုထူလေ ပိုပြီး သိမှုစွမ်းရည်မြင့်လေပါ။ မှတ်ဉာဏ်အားပိုကောင်းတာ၊ အာရုံစူးစိုက်နိုင်တာ၊ ဆက်စပ်တွေးခေါ်နိုင်စွမ်းမြင့်မားတာနဲ့ EQ ပိုကောင်းတာတွေက cortex ထူတာ၊ ပါးတာပေါ် မူတည်ပြီး ကွာခြားမှု ရှိကြပါတယ်

🔰 Age-related Changes - လူတွေဟာ အသက်အရွယ် ရလာလေ ဦးနှောက်က cortex ပါးလာလေ ဖြစ်ပါတယ်။ ဒါကြောင့် မေ့လွယ်လာတာ၊ တွေးခေါ်နိုင်စွမ်း လျော့လာတာ၊ စွမ်းဆောင်ရည် နည်းလာတာတွေ ဖြစ်ကြတာပါ။

ယောဂကို နှစ်ရှည်လများ စွဲပြီး လေ့ကျင့်ရင် ဦးနှောက်အပြင်လွှာဖြစ်တဲ့ Cortex ကို သိသိသာသာ ထူလာစေတာမို့ ဦးနှောက်ကလေး ကျန်းမာစေဖို့ ယောဂ လေ့ကျင့်သင့်ပါတယ်ရှင်

ဘယ်ကစပြီး ယောဂ လေ့ကျင့်ရမလဲ မသိဘူးဆိုရင် Ramona’s Channel မှာ သင်တန်းလေးတွေ ဖွင့်နေပါပြီရှင် 🔔🔔🔔

အပြင်မှာ လာမတက်နိုင်တဲ့သူတွေအတွက်

🌟 Yoga for Beginner ( Zoom online class)
Starting date : 8.6.23
Date : Monday, Thursday and Friday
(12 sessions per month)
Time : 8:00-9:00 PM

ကိုယ်တိုင်ကိုယ်ကျ ဆရာမနဲ့ သင်ယူလိုသူတွေအတွက်

🌟 Studio class
Starting date: 8.6.23
Date : Monday, Thursday and Friday
(12 sessions per month)
Time : 10:30-11:30 AM
(လူဦးရေ ငါးယောက်သာလက်ခံသင်ကြားပေးပါမည်)

အပြင်တန်းလိပ်စာလေးကတော့ တောင်ဥက္ကလာမြို့နယ်၊ ၁၃ရပ်ကွက်၊ မင်္ဂလာလမ်းမပေါ်၊ ရန်ကုန်မြို့ မှာပါရှင့် 💛

အမြန်ဆုံးအပ်နှံထားမှ စိတ်ချရမယ်နော်....

အသေးစိတ်သိလိုတာတွေအတွက်ကိုတော့

m.me/RamonasChannel ဒီကနေ စာပို့ပြီး မေးလို့ ရပါတယ်ရှင် 💓
With much love ❤️
Ramona

29/05/2023

Third-eye Chakra ဖွင့်နည်း 💟

ကြိုတင်သိမှုစွမ်းရည် မြင့်လာခြင်း၊ ဉာဏ်ပညာကြီးလာခြင်း၊ universe နဲ့ အချိတ်အဆက် ပိုမိလာခြင်း၊ စိတ်ကူးတီထွင်ဉာဏ် ရင့်သန်လာခြင်းနဲ့ အကောင်းမြင်စိတ်တွေ ပိုများလာတာတွေက Third-eye Chakra ပွင့်လာရင် သူ့အလိုလို လိုက်လာတဲ့ အရာတွေပါ

👁️‍🗨️ Third-eye chakra ပိတ်ဆို့နေရင် ဘာတွေဖြစ်တတ်လဲဆိုတာကို Ramona’s Channel မှာ တင်ထားပေးဖူးပါတယ် (အောက်ကပေးထားတဲ့ link မှာဖတ်ကြည့်လို့ရပါတယ်)

https://www.facebook.com/100064002459245/posts/641303504679726/?mibextid=cr9u03

ဒီနေ့မှာတော့ ပိတ်ဆို့နေတာတွေကို ဘယ်လိုဖွင့်လို့ ရနိုင်မလဲဆိုတဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးချင်ပါတယ်

၁. ယောဂကျင့်ခြင်း
ဟုတ်ပါ့မလားဆိုရင် ဟုတ်ပါတယ်။ Chakra တွေ ပွင့်ဖို့၊ အားကောင်းလာဖို့အတွက် ယောဂ ကျင့်စဉ်တွေက ကူညီပေးနိုင်ပါတယ်။ ဘယ် pose တွေ၊ asana တွေ လုပ်ရမလဲဆိုတာကတော့ ယောဂဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုကို ခံယူသင့်ပါတယ်။

၂. Activate နှိုးထစေခြင်း
လွယ်ပါတယ်။ Third-eye Chakra ကို gratitude ကျေးဇူးတင်ကြောင်း ပြောဆိုပေးရမှာပါ။ self-love journey သင်တန်းတက်ဖူးသူတွေဆိုရင် ဘယ်လိုရေးရမယ်ဆိုတာကို သိတယ်ဟုတ်?
မသိဘူးဆိုရင် ဒီလိုလေး ရေးပါ…
“ကြိုတင်သိမြင်မှု၊ မိခင်သဘာဝကြီးနဲ့ ချိတ်ဆက်ပေးမှု၊ အကောင်းမြင်စေမှု၊ စိတ်ချင်းဆက်သွယ်နိုင်မှုတို့ကို ပေးစွမ်းတဲ့အတွက် Third-eye chakra ကို ကျေးဇူးတင်ပါတယ်…
Thank You. Thank You. Thank You.”
ဒါကို လေးလေးနက်နက် တွေးပြီးမှ ချရေးပါ။ ရေးပြီးတဲ့အခါ ကျေးဇူးတင်စိတ်နဲ့ ပြန်ဖတ်ပါ။

၃. Essential Oil ဖြင့် လိမ်းခြင်း
နှစ်သက်ရာ essential oil တစ်မျိုးမျိုးကို အုန်းဆီ၊ သံလွင်ဆီတို့လို carrier oil နဲ့ ရောပါ။
Essential oil 6 drops ကို carrier oil 1 teaspoon အချိုးအတိုင်း ရောစပ်ပါ။
ပြီးရင်တော့ third-eye chakra နေရာကို အသာအယာ လိမ်းပေးပါ။ လိမ်းနေတဲ့အခါမှာ “Om” အုမ် ဆိုတာကို အသံအားပါပါဖြင့် ရွတ်ဆိုပေးနိုင်ပါတယ်။ အခေါက်ရေ ကန့်သတ်ချက် မရှိပါ။

၄. တရားထိုင်ခြင်း
တရားထိုင်တဲ့အခါ pineal gland ကို နှိုးထစေပါတယ်။ အဲဒါက third-eye chakra ပွင့်စေဖို့ လှုံ့ဆော်ပေးနိုင်တာကြောင့် တရားထိုင်ဖို့လည်း မမေ့ပါနဲ့

၅. ဂါထာ၊ မန္တန်များ ရွတ်ဆိုပေးခြင်း
နှစ်သက်ရာ ဂါထာ၊ မန္တန်များကို ရွတ်ပေးခြင်းကလည်း third-eye chakra ပွင့်လာအောင် အထောက်အကူ ပြုပါတယ်

Spiritual Awakening ဖြစ်စေဖို့အတွက်ဆိုရင် Chakra တွေ balanced ဖြစ်ပြီး ပွင့်နေဖို့ အရေးကြီးပါတယ်ရှင်

💟 အခုပြောပြခဲ့တဲ့ နည်းလမ်းတွေက လွယ်ကူရိုးရှင်းတဲ့အပြင် လူတိုင်း အလွယ်တကူ လိုက်လုပ်နိုင်တာမို့ လုပ်ကြည့်ပါဦးနော်… တကယ်လို့ ယောဂ ကျင့်စဉ်တွေပဲဖြစ်ဖြစ်၊ Gratitude အတွက် မရေးတတ်ရင်ပဲဖြစ်ဖြစ်၊ asana & meditation အတွက်ပဲဖြစ်ဖြစ် သေချာသိရှိဖို့ လိုအပ်နေပြီဆိုရင်တော့ Ramona’s Channel မှာ သင်တန်းတွေ ရှိတာမို့ အသေးစိတ်ကို cb မှာ လာရောက် မေးမြန်းနိုင်ပါပြီရှင်

With much love ❤️
Ramona

27/05/2023

“Yoga for beginner” online class မှာလက်ရှိတက်နေရင်းနဲ့ တက်ရတာအဆင်ပြေပြီး နေလို့ကောင်းလို့တဲ့ တစ်ပတ်(၃)ရက်လေ့ကျင့်ရတာအားမရတော့လို့ online ကနေပဲ ထပ်ပြီး private အချိန်ထပ်ယူဖြစ်သွားတဲ့ညီမလေးပါ 💛

အားဆေးလေးတွေ 🍃
ပီတိကိုစားအားရှိ 🍃

Private class တွေကို တစ်ယောက်တည်းပဲဖြစ်ဖြစ်၊ group လိုက်ပဲဖြစ်ဖြစ် တက်ချင်တဲ့သူတွေအတွက် Online ကနေလဲသင်လို့ရသလို၊ ကျမရဲ့ studio မှာလဲလာရောက်သင်ကြားလို့ရပါတယ်။ Client ရဲ့အိမ်တိုင်ရာရောက်လဲလာရောက်သင်ကြားပေးပါတယ် 🧘‍♀️
💌 အသေးစိတ်ကို cb ကနေတစ်ဆင့်လာရောက်စုံစမ်းလို့ရပါတယ်။
With much love ❤️
Ramona

26/05/2023

Yoga စလုပ်ပြီဆိုတာနဲ့ ဘာတွေဆက်ဖြစ်လာမလဲ?

ကျန်းမာချင်လို့ပဲ ယောဂလေ့ကျင့်ကျင့်
လှချင်လို့ပဲ ကျင့်ကျင့်
စိတ်တည်ငြိမ်ချင်လို့ပဲ ယောဂလုပ်လုပ်
ဘာအကြောင်းပြချက်နဲ့ဖြစ်ဖြစ် ယောဂလေ့ကျင့်ခြင်းက ကျမတို့ကို ပြောင်းလဲမှုတွေ ဖြစ်လာစေပါတယ်

ယောဂလေ့ကျင့်ခြင်းကြောင့် ခန္ဓာကိုယ်ကို ပြောင်းလဲစေတာအပြင် တခြားရော ဘာတွေ ပြောင်းလဲစေသလဲဆိုတာ ဖတ်ကြည့်ပါဦးနော် ✅

🌵 Flexibility

ခန္ဓာကိုယ် ပျော့ပြောင်းနေလို့ ယောဂကျင့်လို့ ရတာမဟုတ်ပါဘူး။ ယောဂကျင့်လို့ ခန္ဓာကိုယ် ပျော့ပြောင်းလာတာပါ။ အဲဒါအပြင် စိတ်ကပါ အရင်ကထက်ပိုပြီး flexible ကျကျ နေတတ်လာတာ သတိထားမိပါလိမ့်မယ်

🌵 အားအင်ပြည့်ဝခြင်း

အလေးတွေ မမှ အားအင်ပြည့်ဝတာလား… No ပါ… အားပိုကောင်းလာတယ်… အားပိုရှိလာတယ်ဆိုတာ ယောဂ လေ့ကျင့်ခြင်းကနေလည်း ဖြစ်နိုင်ပါတယ်

🌵 တည်ငြိမ်အေးချမ်းခြင်း
Peaceful ပိုဖြစ်လာတာကို ခံစားမိပါလိမ့်မယ်။ မလိုအပ်တဲ့အရာတွေအပေါ်ကို အာရုံမထားမိတော့ဘဲ စိတ်နဲ့ ကိုယ်က သတိပိုကပ်လာတာ… ပိုပြီး ငြိမ်းချမ်းလာတာကို သိသိသာသာ တွေ့မြင်ရမယ်နော်

🌵 စည်းကမ်းပိုရှိလာခြင်း
ယောဂကျင့်စဉ်တွေက စည်းစနစ်ကျကျ လိုက်လုပ်ရတော့ ခန္ဓာကိုယ်ကရော စိတ်ကပါ အာရုံအပြည့် စိုက်ပြီး စည်းကမ်းတွေ လိုက်နာရပါတော့တယ်။ ဒါက ဘဝမှာ တခြားအရာတွေအတွက်ပါ လိုအပ်ခဲ့ရင် စည်းကမ်းတွေကို အလွယ်တကူ ပိုပြီး လိုက်နာနိုင်စေတဲ့ အလေ့အကျင့်ကို ရသွားစေပါတယ်

🌵 ပိုပြီး ကျန်းမာလာခြင်း
အတွင်းထဲက energy center တွေဖြစ်တဲ့ chakra တွေပါ ပွင့်ထွက်သွားစေတော့ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာ အဖက်ဖက်က ပိုပြီး healthy ဖြစ်လာပါတယ်

🌵 စိတ်ဖိစီးမှုကင်းဝေးစေခြင်း
သတိရှိတဲ့စိတ်ကလေး ကပ်နေရင် စိတ်ဖိစီးမှုတွေကို ပိုပြီး ကြံ့ကြံ့ခံ ကာကွယ်နိုင်ပါတယ်။ စိတ်ဓာတ်ခိုင်မာလာတဲ့အခါ တော်တန်ရုံ ဖိစီးမှုတွေလောက်တော့ မမှုတော့ဘူးလေ

ဒီလိုအကျိုးကျေးဇူးတွေ အများကြီးရှိတဲ့ ယောဂကို လေ့ကျင့်ဖို့ အချိန်တွေ ရွှေ့နေတုန်းလား?

နယ်မှာ နေလို့ ဘယ်ကကျင့်ရမလဲ မသိလို့…
အချိန်မရှိလို့…
ခန္ဓာကိုယ်က တအားတောင့်နေလို့…
ယောဂလေ့ကျင့်ရတာ ခက်လို့....

အကြောင်းပြချက်တွေကို အဝေးကြီးမှာ ထားခဲ့ပြီး အခုပဲ Ramona’s Channel မှာ ယောဂသင်တန်းတွေကို စုံစမ်းလိုက်ပါနော် 🔔🔔🔔

ကျန်းမာလှပပြီး ဖိစီးမှုတွေ ကင်းဝေးစေဖို့ ယောဂလေ့ကျင့်ကြပါစို့

With much love ❤️
Ramona

Photos from Ramona’s Channel's post 25/05/2023

ကျမရဲ့အားဆေးလေးတွေ 🍃

🍃Asana and meditation club🧘‍♀️
9:00-10:00 PM

With much love ❤️
Ramona

05/05/2023

🧘‍♀️ တရားထိုင်တာနဲ့ ယောဂ အသက်ရှုလေ့ကျင့်ခန်းနဲ့ တွဲလုပ်ရင်

🔆 ခန္ဓာကိုယ်မှာရော စိတ်မှာပါ Calmness တည်ငြိမ်မှု ပိုရတာကို သိသိသာသာ တွေ့ရမယ်

🔆 အာရုံစူးစိုက်မှု ၂ ဆ ပိုထက်မြက်လာစေတယ်

🔆 အချိန်အကြာကြီးကတည်းက ရှိနေခဲ့၊ ရှိနေဆဲဖြစ်တဲ့ Chronic stress တွေ သက်သာလျော့ပါးသွားတယ်

🔆 ခန္ဓာကိုယ်ရဲ့ ဖြစ်၊ပျက် သဘောတွေကို ပိုပြီး သတိထားမိလာတယ်

🔆 အတွင်းစိတ်ရှင်းပြီး ကြည်လာတယ်

ဒီတိုင်းတရားထိုင်ရင်လည်း ကောင်းတယ်ဆိုပေမယ့် Beginner တွေဆိုရင် ၁၀ မိနစ်လောက် ငြိမ်ငြိမ်ထိုင်ပြီး တရားမှတ်ရတာ ဘယ်လောက် ခက်လဲ ထိုင်ဖူးရင် သိပါလိမ့်မယ်

ဝင်လေ၊ ထွက်လေ မှတ်ဆိုလို့ မှတ်ပေမယ့် ဟိုနေရာက ယားလိုက်၊ ဟိုအကြောင်း၊ ဒီအကြောင်းတွေ လျှောက်တွေးချင်လိုက်နဲ့ဆိုတော့ အစပိုင်းတော့ ဟုတ်သလိုပဲ

နောက်တော့ တရားထိုင်တယ်သာ ပြောတယ်။ ခန္ဓာကိုယ်က တောင့်တင်းနာကျင်နေတာပဲ။ အပေါ်က ပြောတဲ့ အကျိုးကျေးဇူးတွေ ဘာတစ်ခုမှလည်း မရဘူးဆိုတာမျိုး ဖြစ်လာတယ် ❗❗❗

ဒါကြောင့် Ramona’s Channel ကနေ
“Asana & Meditation Club” ဆိုတဲ့ အတန်းလေး စီစဉ်ထားပါတယ်✔️✔️✔️

♻️ ခန္ဓာကိုယ်ကို Flow state မှာ ရှိနေစေဖို့…
♻️ အရှိကို အရှိအတိုင်း လက်ခံတတ်ပြီး chronic stress patterns တွေက ရုန်းထွက်နိုင်ဖို့…
♻️ ဖြစ်၊ ပျက်သဘောတွေကို ရှုမြင်နိုင်ဖို့အပြင်
♻️ Transformation တစ်ခုခု ရသွားစေဖို့ ရည်ရွယ်ပါတယ်

Yoga Asana တွေကို အဖွဲ့လိုက်တူတူ တီချယ် Ramona ရဲ့ လမ်းညွှန်မှုနဲ့ လုပ်ကြမယ်

ပြီးသွားရင်တော့ Meditation Practice တွေ လုပ်ကြပါမယ်

အဖွဲ့နဲ့ဖို့ Group Energy တွေပါ စီးကူးဖို့ အကောင်းဆုံးနော်

တစ်ယောက်ထဲ အိမ်မှာ တရားမထိုင်ဖြစ်လို့ဆိုရင်
ဒီ Club လေးကို လာ Join ကြည့်ပါရှင်

ပြောင်းလဲမှု တစ်စုံတစ်ရာတော့ ရသွားမှာပါ 💯

Asana and meditation club
Date : Monday, Tuesday, Thursday and Friday
Time: 9:00-10:00 PM
Fees: Happy Money 11,000 Kyats

အသေးစိတ်ကို
m.me/RamonasChannel ကနေ တစ်ဆင့်
မေးမြန်းပြီး စာရင်းပေးသွင်း အပ်နှံနိုင်ပါပြီရှင်

With much love ❤️
Ramona

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Shatkarma လို့ခေါ်တဲ့ cleansing လုပ်တဲ့နည်း ၆မျိုးထဲက တစ်မျိုးဖြစ်တဲ့ 💦 Jala Neti - နှာခေါင်းထဲရေထည့်ပြီးသန့်စင်တဲ့နည်းလ...
Sun Salutation with Surya Namaskar Mantra 🧘‍♀️🙏
Asana and meditation club 🧘‍♀️🍃9:00-10:00 PM 🍃ဒီရက်ပိုင်းတွေမှာ အလုပ်တွေနည်းနည်းများ၊ အာရုံတွေများပြီး စိတ်တွေပင်ပန်းသလိ...
Studio class က အတန်းသူအမတစ်ယောက်က ခရီးသွားရင်း ယောဂလေ့ကျင့်ဖြစ်တယ်ဆိုပြီး video လေးပို့လာလို့ အမှတ်တရအနေနဲ့ပြန်လည်မျှဝေလ...
ပုဂံအလွမ်းပြေ 🤎#ramonaschannel #baganmyanmar #baganmemories
Headstand Step-3 လေ့ကျင့်မှုရဲ့နောက်ကွယ် 😅#ramonaschannel#headstandpractice
I tried so hard and got so far 😎Back-bending  ဆို အသက်ရှုကျပ်၊ အသက်ကိုဘယ်လိုရှုရမှန်းမသိရာကနေ တဖြည်းဖြည်းချင်းတော့ အောက်...
Headstand step-1 & 2 ကို Practice လုပ်ထားတာလေးပါ Step-1 & 2 ကိုပဲ တင်လိုက်ချလိုက်နားလိုက်နဲ့ ၅ကြိမ်လေ့ကျင့်ခဲ့ပါတယ် head...
Headstand video tutorial လေးလာပါပြီနော် 😍ရှေ့တစ်ပတ်ကပုံလေးအရင်တင်ထားပြီး video လေးကိုတော့ခုမှပဲတင်ရတော့တယ် 🤸‍♀️#ramonasc...
Asana and meditation club ရဲ့ Day-16 မှာတော့Chakra Meditation လေးပြုလုပ်ကြပါတယ် ✨မိမိရဲ့ခန္ဓာကိုယ်မှာရှိတဲ့ Chakra Point...
အားလုံးပဲမင်္ဂလာပါ 🙏 Healthy diet challenge // Day-3 ရောက်ပြီနော်💛ဒီနေ့မှာရောဘာတွေစားဖြစ်လဲဆိုတာလေး comment box မှာ shar...
အားလုံးပဲမင်္ဂလာပါ 🙏 Healthy diet challenge // Day-2 ရောက်ပြီနော်💛ဒီနေ့မှာရောဘာတွေစားဖြစ်လဲဆိုတာလေး comment box မှာ shar...

Category

Website

Address


Mingalar Street
Yangon
11011

Opening Hours

09:00 - 17:00

Other Yoga & Pilates in Yangon (show all)
YoursYogabywutyee YoursYogabywutyee
Yangon

#yogabywutye3 #freelanceinstructor #onlineyogaclass

Nadia - Yoga Nadia - Yoga
Yangon

Nadia is a certified yoga teacher, based in Yangon. Hatha, Vinyasa, Children & teens, Trauma-informed

AV Yoga AV Yoga
Thanthumar Road
Yangon, 11091

Foster harmony among mind, body, and spirit for a better quality of life.

PHYU's Yoga Studio PHYU's Yoga Studio
အမှတ်-၁၆၅၊ အနော်ရထာလမ်း နှင့် ဦးအော်ဇေယျ လမ်းထောင့် ၊၂ ရပ်ကွက်၊ မရမ်းကုန်း ။ Near Hlaing Township ။
Yangon, 11062

Do Yoga with PHYU!

Tara Yoga Tara Yoga
Ngar Htat Gyi Pagoda Street
Yangon, 11201

Self knowledge - love - kindness Tara aims to improve people’s work-life balance, increase health an

SHWE HNIN SI ယောဂ SHWE HNIN SI ယောဂ
1008(A), Shwe Hnin Si Lan, 9 Miles, Mayangone Tsp, Ygn. , , 78, Thamaing Bu Tar Yone Lan, U Ba Han Bus Stop, Mayangone Tsp, Ygn
Yangon, 11061

Open-Air Yoga Center 1008(A),ရွှေနှင်းဆီလမ်း (၅ လမ်းထိပ်), မဟာစည်ရိပ်သာကျောကပ်လျက်, ကိုးမိုင်။

Isha Hath Yoga- yangon Isha Hath Yoga- yangon
Yangon, 11061

This group will provide a separate space for hath yogis or aspiring ones to seek guidance, have disc

Metta Yoga Metta Yoga
No. (65) , Neikban Street , Kyeemingdaing Township
Yangon, 11123

Certified 200hrs YTTC ( The Yoga Institute ( Mumbai )- India , 200hrs YTTC( Mahi Yoga- India)

Yoga with Dr K Yoga with Dr K
Yangon, 11171

�Yoga changes lives � Let's do yoga now!�

Yoga Paradisum-ေယာဂဘုံ Yoga Paradisum-ေယာဂဘုံ
1/3, Upper Kyeemyindine Road, Oo Bo Street
Yangon, 11101

Yoga Paradisum is a local yoga studio based in Yangon, Myanmar.Our goal is simple.Positive vibe!

The Flex Panda Studio The Flex Panda Studio
Yangon

Yoga , Meditation , Zumba & Fitness Studio

Yoga Wave by Nitin Kumar Yoga Wave by Nitin Kumar
No. 15, 3rd Floor, 49th Street, Botahtaung
Yangon, 11161

The advantage of learning Yoga in a regular class is that one can get motivation from the person per