Moe Myint Family Construction & General Trading Co.,Ltd.

Moe Myint Family Construction & General Trading Co.,Ltd.

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Moe Myint Family Construction & General Trading Co.,Ltd., Construction Company, No. (12), Room No (B5/C5), Hlaing River Road, (2) Quarter, Hlaing Township, Yangon.

27/07/2024

Rebar lapping

17/05/2024

ရန်ကုန်
လှိုင်သာယာတွင် လုပ်ကိုင်ရန်
ပန်ရန် သံလက်ကိုင် ၂ဦး
ရန်ကုန် မြောက်ဒဂုံတွင် လုပ်ကိုင်ရန်
လက်သမား အဖွဲ့
အလိုရှိပါသည်။
ဆက်သွယ်ရန်
09799774959

20/03/2024

မြောက်ဒဂုံ
မဟော်သဓာ လမ်း
ဆိုက်ကလေး

05/03/2024

plaster cracking🔎🔎🔎
နံရံအက်ကွဲခြင်းအကြောင်း
•••••••••••••••••••••••••••••

ချောသားနံရံပြင်တွေမှာ
PlasterCrack တွေဘယ်အချိန်မှာစပြီး
မြင်ရနိုင်မလည်းဆိုလျင်တော့
ဆေးပိုင်းအချောဝင် အိမ်အပ်ပြီးနောက်
နှစ်လနဲ့သုံးလအတွင်းမှာပေါ်လာနိုင်ပါတယ်
အိမ်အပ်ပြီးတစ်လလောက်အတွင်းမှာတော့
မပေါ်နိုင်သေးပါဘူး
နံရံပြင်အတွင်းပိုင်းမှာ အစိုဓာတ်(moisture)တွေ
ကျန်နေသေးတဲ့အတွက် မကွဲသေးတာပါ

တစ်လကျော်လောက်​ကြာပြီးတဲ့နောက်မှာတော့
ပြင်ပအပူချိန်ကြောင့်
နံရံအတွင်းပိုင်းအစိုဓာတ်တွေနည်းလာပြီး
နံရံပြင်ခြောက်သွေ့လာတဲ့အခါမှာတော့
Plaster Crack တွေစဖြစ်လာပါပြီ

Column crack / Beam crack တွေ
ဖြစ်ပေါ်လာခဲ့လျင် စိုးရိမ်နိုင်စရာရှိပေမယ့်
အပူအအေးမမျှလို့ / ရောစာတွေမသန့်လို့ဖြစ်
ပေါ်လာတဲ့
Plaster Crack တွေကတော့ သိပ်ပြီး
စိုးရိမ်လောက်စရာမရှိပါဘူး

(Structure fail ဖြစ်လို့ပေါ်လာတဲ့
Crack မျိုးဆိုရင်တော့စိုးရိမ်ရပါတယ်

Plaster crack တွေဘာကြောင့်ဖြစ်ပေါ်စေသလည်း
(1)အချောကိုင်ရန်ဖျော်စပ်တဲ့သဲအတွင်း
နှုန်း / အမှိုက် တွေရောပါနေခြင်း

(2)အချောကိုင်မည့်အုတ်ရိုးများအားသန့်ရှင်းရေးမ
လုပ်မိခြင်း

(3)ခြောက်သွေ့နေတဲ့အိုတ်ရိုးများအားရေမပေးပဲ
အချောကိုင်မိခြင်း

(4)Plaster အတွင်းရေမစစ်သေးတဲ့အချိန်ပျော့တွဲ
နေစဥ်အချိန်မှာပဲ
လက်ပွတ်စားအချောကိုင်မိခြင်း

(5)အုတ်စီရာတွင် Joint များမမိခြင်း

(6)Formwork အထပ်သားပြောင်ချောမှုကြောင့်
အဆီတက်နေတဲ့တိုင်တွေအား ဗြုတ်မရိုက်ပဲ
အချောကိုင်မိခြင်း

(7)ဘိလပ်မြေအတွင်း Chemical ပါဝင်မှုများပြား
နေခြင်း
5:2:5 class ကိုအချောကိုင်တဲ့နေရမှာမသုံးသင့်ပါ
4:2:5: class လောက်ကိုသာအသုံးပြုသင့်ပါတယ်

(8)အချောကိုင်ပြီးသားနံရံပြင်အား ရေမလောင်းမိ
ခြင်း
Current setting မလုပ်ခြင်း

(9)အချောကိုင်ပြီစနံရံအတွင်း စိုထိုင်းစရှိနေချိန်
ရေဓာတ်မကုန်သေးသည့်အချိန်
အပေါ်မှပတ်တီးရိုက်ဆေးသုတ်မိခြင်း
စတဲ့အချက်တစ်ချို့ကြောင့်
နံရံပြင်တွေမှာ plaster cracking တွေဖြစ်ပေါ်လာရ
ပါတယ်

အက်ကွဲကြောင်းသေးသေးလေးတစ်ခုလောက်တွေ
ရုံနဲ့
စိုးရိမ်စိတ်မဝင်မိကြဖို့ အသိပေးချင်ပါတယ်

မသိသေးတဲ့သူတွေအတွက်ဗဟုသုတဖြစ်အောင်
တင်ပေးရခြင်းပဲဖြစ်ပါတယ် ခဗျာ

to original uploader🙏🙏
🏠မိသားစုနွေးထွေးတဲ့🏠အိမ်လေးတစ်လုံးပိုင်ဆိုင်
နိုင်ကြပါစေ ခဗျာ🙏🙏🙏

26/02/2024
19/02/2024

Plaster Crack အက်ကွဲကြောင်း မဖြစ်အောင်ဘယ်လိုလုပ်ရမလဲ
======================================
Construction လောက မှာ Engineer တွေကို ဒေါက် အဖြုတ်ဆုံး က သူပေါ့ Plaster Crack လေ
တစ်ချို့ အိမ်ရှင်တွေ ဆို အိမ် အပ်ပြီ ဆိုတာနဲ့ အဲလို crack များ တွေ့ရင် အမလေး အိမ်က အခု မှ ဆောက် ပြီးတယ် အက်ကြောင်းတွေနဲ့ မနေရဲတော့ ဘူး ဘာညာ နဲ့ ဒါ က အပေါ် ရံ plaster ပဲ အက် တာ ဆိုတာ အာ ပေါက် မတတ် ပြော ရတယ် သူတို့ စိတ် ချ သွားအောင် ..
အဲဒီမှာတင် ပြဿနာ မပြီးဘူး.
အဲလို မအက် အောင် Engineer က လုပ် ရမှာပေါ့ ဆိုတော့
ဘိလပ်မြေကို က ကွဲအက်တတ်တဲ့ အမျိုး လေ

#ဘာကြောင့် Crack ပေါ် နိုင်လည်း?
ဘိလပ်မြေStrength ကျရင်လည်းဖြစ်နိုင်တယ်.
သဲက နုန်း ပါရင်လည်းဖြစ်နိုင်တယ်.
ရေ မသန့်လည်း ဖြစ်နိုင်တယ်.

ချောရမည့် အုတ်နံရံ ကို ရေ ၀ အောင် မလောင်း ရင်လည်း ဖြစ်နိုင်တယ်။အုတ်နံရံ ကိုရေမလောင်းတော့ plaster ချောတဲ့အခါ plaster ထဲကရေ ကို အုတ် က စုတ်ယူလိုက်ပါတယ်။ဘိလပ်မြေက သူStrength ရအောင် ဓာတ် မပြုရသေးဘူး လုံလောက်တဲ့ ရေ က မရှိတော့ဘူး။အဲတော့ အပူထွက်တာများ ပြီး ကွဲ တတ်ပါတယ်။

#နောက် တစ်ချက် က အုတ်ရိုးမှာ မပါမဖြစ် ပါ ရမည့် Stiffener ကျောက်ထုပ်ပါ။ သူက Concrete .....အုတ်ရိုးနဲ့ Material မတူဘူး ။ Material တွေရဲ့ Elastic Limit ကြောင့် ပဲ အဲဒီ Stiffener ရှိတဲ့ နေရာ အုတ်ရိုး နဲ့ သူ ထိတဲ့ တောက်လျှောက် မှာ Plaster Crack တွေပေါ်ပါတယ်။

#နောက် တစ်မျိုး က မီးပိုက်၊ရေပိုက်တွေ ကို အုတ်နံရံ ကို ခွဲ ပြီး ထည့် ခဲ့တာမျိူးတွေပေါ့။
သူ့ အပေါ်က Plaster ပိတ်တော့ လည်း Plaster Crack တွေ ပေါ် ပါတယ်။

တစ်ခါ တရံ မှာ Structure ကစား လို့ လည်း ပေါ် တတ်ပါတယ်။

တိုင် မှာ Plaster ချောရင် နည်း စနစ်မမှန် ရင်လည်း Crack ပေါ်တတ် ပါတယ်။

Plaster ချော ပြီး Curing မပေးရင်းလည်း Crack ပေါ်ပါတယ်။

နောက်ထပ် နောက်ထပ် အကြောင်းပေါင်း များစွာ ကြောင့် လည်း Plaster Crack ပေါ်ပါတယ်.

#အဆောက် အဦး အသစ်တွေမှာ အက်ကြောင်း တွေ ဖြစ်နိုင်တာ အကြောင်းအရာ တွေက တစ်ပုံ ကြီး လုံး၀ Crack မပေါ်အောင်တော့ လုပ်လို့ မရဘူး နည်းအောင် တော့ လုပ် လို့ ရပါတယ်။

1.ဘိလပ်မြေ Strength ကောင်းရန်.

2.သဲသန့်ရန် ( သဲကို ဇကာချ ၊ ရေဆေးရန် )

3.ရေ သန့်ရန်

4.Plaster မချောမှီ အုတ်ကိုရေဝအောင်လောင်းရန်

5. Stiffener ၊ RC Column၊ RC Beam ၊ တွေ အုပ်ရိုးနဲ့ ဆက်တဲ့ နေရာတွေမှာ .ရေပိုက်၊မီးပိုက် တွေနံရံကိုခွဲပြီး ပိုက် မြုပ်ပြီးရင် ပြန်ပိတ်တဲ့နေရာတွေမှာ.. Wire Mesh အုပ်ရန် (သို့မဟုတ်) ဂျာလီ ကပ်ရန်.

6.Plaster ထုကို သုံးမတ်ထက် ပိုထူပြီးမချောရန်.

7.Plaster ချောပြီး Curing လုပ်ရန်.

ဒါတွေကတော့ Site Engineer က Control လုပ်
နိုင်တာတွေပါ။ Structure ကစားလို့ ဖြစ်တာတော့ Control မလုပ်နိုင်ပါဘူး။

လေမခိုအောင်လို့ Plaster ချောမယ်၊အချောကိုင်တော့မယ်ဆိုရင်ဘာတွေ လုပ်ရမှာလဲ?

Plaster မချောခင် အုတ်နံရံမျက်နှာပြင်မှာ အုတ်မြောင်းကို လက်မ၀တ်ခန့် အနက်ထိ ခြစ်ထုတ်ပစ်ပြီးလျှင် သံဘရွတ်ဖြင့် အညစ်အကြေးများကို သန့်ရှင်းရေးလုပ်ပါ။

သန့်ရှင်းရေးလုပ်ပြီးသွားရင်တော့ အုတ်နံရံကို ရေဖြန်းပါ။အုတ်နံရံက မျက်နှာပြင်စိုစွတ်နေတဲ့ အချိန်မှာ Plaster ချောပါ။

ဘယ်လိုချောမှာလဲ?

နှာကြောင်းဖော်ပြီး မဆလာကို သံလျက်နဲ့ယူပြီး နှာကြောင်းတွေထဲ ဖိသိပ်ပေးရပါတယ်။

Plaster ချောတဲ့မျက်နှာပြင် ချောမွတ်နေအောင် ဗျက် သုံးလက်မ ရှိတဲ့ မျဉ်းတံနဲ့ တိုက်ညှိပေးရပါမယ်။ ဒါမှ မို့မောက်နေတဲ့ မဆလာတွေက နိမ့်တဲ့နေရာတွေကို ဖြည့်ပြီး၀င်သွားပါတယ်။

မျက်နှာပြင်တစ်ခုလုံးညီညာသွားပါက မျဉ်းတံစောင်းနဲ့ ခပ်ဆပ်ဆပ် ရိုက်ပေးရပြန်ပါတယ်။ ဒီလိုလုပ်တာကတော့ သရွတ် ကိုပိုပြီးသိပ်သည်းသွားစေပါတယ်။

အဲဒီနောက်တော့ သစ်သားလက်ပွတ်နဲ့ လက်ယာရစ်တိုက်ညှိပေးရပါတယ်။

လုပ်နေရင်းနဲ့ သရွတ်ကခြောက်ပြီးမာလာရင် လက်ပွတ်ကို မကြာခဏရေစွတ်ပြီး တိုက်ပေးရပါတယ်။

ချောမွေ့တဲ့ မျက်နှာပြင်ကို လိုချင်တယ်ဆိုရင်တော့ သစ်သားလက်ပွတ်နဲ့ ပွတ်ပြီးသားချောပြီးသားကို သံလက်ပွတ်နဲ့ ထပ်တိုက်ပေးလိုက်ပါ။

သာမန်မျက်နှာပြင်ပဲဆိုရင်တော့ အားလုံးပြီးသွားရင် မြက်တံမြက်စည်းလေးနဲ့ လှဲပေးပြီး လက်စသက်လို့ရပါတယ်။

Plaster အိပ်သွားရင် ( ၇ )ရက်ခန့် နေစဉ် ရေဖြန်းပါ။ တစ်နေ့ သုံးကြိမ်ပါ။

အပြင်နံရံ တွေ အတွက် ရာသီဥတုကပူလွန်းရင်တော့ အပူသက်သာစေဖို့ Plaster ချောပြီးပြီးရင် ဘိလပ်မြေအိပ်၊ ဒါမှ မဟုတ် အခြားအပူဒဏ်ကာကွယ်ပေးတဲ့ အရာတွေနဲ့ ဖုံးအုပ်တာတွေ ကာပေးတာတွေ လုပ်ရပါမယ်။

ဒီနေရာမှာ တစ်ခု သတိပေးချင်တာကတော့ သာမန် အုတ်နံရံတွေဆို ငါးမူးထုပဲ Plaster ချောကြတာများပါတယ်။ထုကို တိတိကျကျ လိုချင်ရင်တော့ အုတ်နံရံမျက်နှာပြင်မှာ ပါရာ တုံးလေးတွေ ကြိုပေးထားရင်တော့ ပိုကောင်းပါတယ်။

ပထမတန်းစား ကောင်းမွန်တဲ့ ကြာရှည်ခိုင်ခံတဲ့မျက်နှာပြင်ကို လိုချင်တယ်ဆိုရင်တော့ Plaster ကို အနည်းဆုံးနှစ်ထပ် ကျံပေးရပါတယ်။

၃/၈လက်မအထူ ရှိတဲ့ အောက်ခံသရွတ်ကိုရှေ့ဦးစွာ ကျံပြီး သူမအိပ်ခင်မှာ မျက်နှာပြင် ကြမ်းထားပေးရပါတယ်။

ပထမအလွှာအိပ်ပြီး ဒုတိယအလွှာ အုပ်တဲ့အခါ ပထမ အောက်ခံကိုရေဖြန်းပြီး ၃/၈လက်မအထူ ဒုတိယ အလွှာကို ထပ်တင်၊ထပ်ချောပေးရပါတယ်။

ယနေ့ခေတ်တွင်မည်သူမှ လိုက်မလုပ်သော နည်းဖြစ်နေပါတယ်။

လုပ်သည်ဖြစ်စေ။ မလုပ်သည်ဖြစ်စေ နည်းလမ်း အမှန်ကိုတော့ တင်ပေးလိုက်ပါတယ်။ပုံထဲမှာတော့သင့်တော်တဲ့Wire Mash ကိုသင့်တော်သလို
သုံးနိုင်ပါတယ်။



#ပြန်လည် ကူးယူဖော်ပြသည်

19/02/2024

#ဆောက်လုပ်ရေးလောက နှင့် ကွမ်းတံတွေးပြဿနာ သို့မဟုတ် လူ့ကျင့်၀တ်

💥ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အထူးသဖြင့်ကွမ်းစားကြတဲ့သူများတယ်။ အင်ဂျင်နီယာရော ကာယလုပ်သားတွေပါ ကွမ်းစားကြပါတယ်။

💥ဒီနေရာမှာ ကွမ်းစားတာက ပြဿနာ မဟုတ်ဘူး။ ကွမ်းတံတွေးကို ကြုံရာထွေးတာကပြဿနာပါ။

💥အဲဒီမှာ ကွန်ကရစ်ကို လက်နဲ့ဖျော်ရင် ဖျော်တဲ့ အထဲ ထွေးပါတယ်။ အဲတော့ ဘာဖြစ်လဲ?
ဘယ်သူမှ ဓာတ်မခွဲထားလို့ ဘာဖြစ်လဲ ပြောဖို့ခက်ပါတယ်။ ဒီတော့ ဒီနေရာမှာ ပြောစရာရှိတာက concrete ရဲ့ ရောစာတွေ သန့်ဖို့ အပြင် ရေပါသန့်မှ concrete ရဲ့ strength က ကောင်းတာပါလို့ ပြောရမှာကနေ ပြန်စရပါတယ်။

💥ဒီတော့ ကွမ်းတံတွေးက ဒီ concrete ကို Strength ထိစေတာတော့ အမှန်ပဲ ။ ဒါပေမဲ့ ပြောပ လောက်အောင် ဝိုင်းမထွေးကြလို့သာ ယနေ့ အထိ ဘာမှ မဖြစ်တာပါ။

💥ထွေးတဲ့ သူက ပတ် ခ နဲ ထွေးပြီး မွှေပစ်လိုက်တာဆိုတော့ concrete နဲ့ ရောသွားပြီး ဘာမှ မတွေ့ရတော့ဘူး။

💥တစ်ခါ ထွေးရင် တစ်ဂါလံ လောက်မှ မထွက်တာ။

💥မဆလာမှာတော့ သူက ပြဿနာရှိတယ်။ အဲဒါက ဘယ်လိုနေရာမှာလဲဆိုတော့ မဆလာကို အပုံလိုက်ကြီးဖျော်တဲ့ နေရာမှာတော့ သိပ်မသိသာပေမဲ့ plaster ချောဖို့ ဗန်းထဲထည့်ထားတဲ့ အနေအထားမှာ ပန်းရံဆရာက ပတ် ခ နဲ ‌ထွေးလိုက်တယ်။ ပြီးရင် ဟိုမွှေ ဒီမွှေနဲ့ မွှေပြီး အဲဒီ မဆလာကို plaster ချောလိုက်တယ် ရသေးတယ်။ ဘာမှ မဖြစ်ဘူး။ အိမ်မပြိုဘူး။ တိုက်မပြိုဘူး။

💥ကွမ်းတံတွေး သူရောသွားတာမှာ ကွမ်းဖတ် တွေပါသွားတယ်ဆိုရင်တော့....

💥ဘယ်လိုပြဿနာလဲဆိုတာ ကြာမှ ပေါ်ပါတယ် ။ အိမ်တော့ မပြိုပါဘူး။

💥ဆေးသုတ်ထားတဲ့ နံရံတွေမှာ ဆေးတွေ အကွက်လိုက် မှိုတက်ပြီး ဆေးတွေ ကာလာပြောင်းသွားတာ မြင်ဖူးကြမှာပါ။

💥အဲလို ဖြစ်လာရင် ဆေးတွေအထပ်ထပ် သုတ်လည်းမရဘူး။ ဆေးတွေ ပြန်ခွါပြီး ပတ်တီးရိုက်လည်း ခဏပဲ။ ပြီး ပြန်ပေါ်တယ်။

💥ဒါဘာကြောင့်ဖြစ်တာလဲဆိုတော့

💥သဲမှာ အမှိုက်လေးတွေ၊ ဒုတ်စ၊သစ်ဆွေးစ လေးတွေ ပါသွားရင် အဲဒါလေးတွေက ကြာလာရင် နံရံထဲကိုသူတို့ရဲ့ အရောင်တွေကာလာ‌ေတွစိမ့်၀င်ပြီး နံရံမှာ ဆေးတွေကာလာ‌ေပြာင်း ပြီး ကွက်လာပါတယ်။

💥အဲဒီလိုပဲ အဲဒီ ကွမ်းတံတွေးထဲက ကွမ်းဖတ်တွေကလည်း ကြာလာရင်ဆွေးပြီး သူ့ ကာလာလေးတွေက plaster ထဲ စိမ့်ပြီး ဆေးတွေ အရောင်ပြောင်းလာပါတယ်။

💥အဲဒီအခါ ဆေးတွေ နောက်ထပ် အကွက် အကွက်တွေ မဖြစ်အောင် plaster ချောသားကို ခွါပစ်ရပါတယ်။

💥ပြီးရင် အသစ်ပြန်ချောပေးရပါတယ်။

💥နောက် တစ်ချက်က ရေ မသန့်ရင်၊ သဲ မသန့်ရင် မဆလာဆွေးတက်ပါတယ်။

💥အဲဒီတော့ ကွမ်းတံတွေးကြောင့်လည်း
ရောစာ မသန့်ဖြစ်ပြီး မဆလာဆွေးနိုင်သလားလို့မေးရင်တော့ ...

💥မည်သူမှ နှစ်ရှည်လများ စောင့်ကြည့်တဲ့ အလုပ် မဟုတ်လို့ ဒါကိုတော့ သတိမထားမိပါဘူး။

💥နောက်ထပ်ပြောချင်တာက လူ့ကျင့်၀တ်ပေါ့။ ကွမ်းတံထွေးက ဘာဖြစ်လဲဆို ဘာမှတော့ ဖြစ်မသွားဘူး။ ဒါပေမဲ့ ဒီလောက်ရွံစရာကောင်းတဲ့ တံတွေးကို သူများ တစ်သက်လုံးနေဖို့ ဆောက်တဲ့ အဆောက်အဦးမှာတော့ အမှတ်တရ မထားခဲ့သင့်ဘူးလို့ မြင်ပါတယ်။

💥အိမ်ရှင်တွေ ဘယ်လိုစိတ်နဲ့ နေမလဲ မေးကြည့်ပါ။ မိမိ အိမ်သာဆိုရင်လို့တော့ မပြောလိုပါဘူး။

💥အဲလို လုပ်တဲ့သူက ကိုယ့်အိမ်ဆိုလည်းလုပ်မှာပါပဲ။

💥နှမ်းတစ်စေ့နဲ့တော့ ဆီ မဖြစ်ပါဘူး။ အဲဒီလိုတွေ ဟိုဟာနည်းနည်း ဒီဟာ နည်းနည်းနဲ့ အမှားတွေများလာရင်တော့ အရည် အသွေးကောင်းတဲ့ အဆောက်အဦးကို မရနိုင်ပါဘူး။

💥💥💥💥💥💥💥💥💥💥💥💥💥💥

#မူရင်းရေးသားသူကိုCreditပေးပါသည်။
Myint Family Construction & General Trading Co.,Ltd.
moe myint

18/02/2024

Site ထဲကိုလာတယ်။ အုတ်ခဲ၂ခဲကို ကောက်ကိုင်ပြီး ရိုက်ထည့်လိုက်တာမှာ ကျိုးသွားတယ်။ အုတ်တွေက မကောင်းဘူး ပြောသွားတယ်ဗျ တဲ့။

အုတ်ကောင်းမကောင်း ဘယ်လိုစမ်းသပ်ကြမလဲ …

အုတ်တစ်ချပ် ကောင်းမကောင်း အောက်ပါနည်းတွေနှင့် စမ်းသပ်နိုင်ပါတယ်။

(1) Absorption test ရေစုပ်ယူမှု
(2) Crushing strength test ဖိအားခံနိုင်မှု
(3) Hardness test မာကြောမှု
(4) Shape and size ပုံစံနှင့် အရွယ်အစား
(5) Color test အရောင်
(6) Soundness test အသံကောင်းမွန်မှု
(7) Structure of brick ဖွဲ့စည်းပုံ
(8) Presence of soluble salts (efflorescence test) ဆားပေါက်မပေါက် စတဲ့နည်းလမ်းတွေနှင့် စမ်းသပ်လို့ ရပါတယ်။

(1) Absorption test ရေစုပ်ယူမှုက အုတ်တစ်ချပ်အနေနှင့် ဘယ်လောက်ရေစုပ်ယူသလဲ ဆိုတာကို ကြည့်တာပါ။ အုတ်တစ်ချပ်ကိုယူ အလေးချိန်ချိန်ပြီး ရေထဲ ၂၄နာရီ စိမ်ထားရပါမယ်။ အလေးချိန်ပြန်ချိန်ကြည့်တဲ့အခါ ရေစုပ်ယူလို့ တိုးလာတဲ့ အလေးချိန်က မူလအလေးချိန်ရဲ့ ၂၀% မကျော်ရဘူး ဆိုပါတယ်။

(2) Crushing test ဖိအားခံနိုင်မှုက အုတ်တစ်ချပ်ကို ကွန်ကရစ်တုံး ခွဲစမ်းသလို compression test machine မှာ ဖိပြီး စမ်းကြည့်တာပါပဲ။ ကွဲသွား ကျိုးသွားတဲ့ ဖိအားက 3.5N/mm2 ထက်မနည်းရဘူး ဆိုပါတယ်။ 507.632 psi ပေါ့။

(3) Hardness test မာကြောမှုက မာကြောတဲ့ အရာတစ်ခုနှင့် ခြစ်ကြည့်ရာမှာ အရာမထင်ရဘူး ဆိုပါတယ်။ လုပ်ငန်းခွင်မှာ အများအားဖြင့် လက်သည်းနှင့် ခြစ်ကြည့်တာပါပဲ။ လက်သည်းနှင့် ခြစ်ကြည့်ရာမှာ အရာမထင်ရင် မာကြောတယ်လို့ ယူဆကြပါတယ်။

(4) Shape and size ပုံစံနှင့် အရွယ်အစားမှာ ပုံစံအားဖြင့် စောင်းခြင်း ရွဲ့ခြင်းမရှိ လေးထောင့်ကျပြီး အစွန်းအနားတွေဟာ ဖြောင့်တန်းညီညာနေရပါမယ်။ အရွယ်အစားအားဖြင့် အုတ်ချပ်၂ဝလောက်ကို ကောက်ယူပြီး တိုင်းတာကြည့်တဲ့အခါ တစ်ချပ်နှင့် တစ်ချပ် တူညီမှု ရှိရပါမယ်။ အတိုအရှည် အထူအပါး ကွဲပြားမှု မရှိရပါ။

(5) Color test အရောင်က အုတ်ချပ်တွေဟာ တူညီတဲ့ အရောင်ရှိရမှာဖြစ်ပြီး အုတ်ချပ်တစ်ချပ်မှာကို အရောင်အနုအရင့် ကွဲတာမျိုး မဖြစ်ရပါဘူး။

(6) Soundness test အသံကောင်းမွန်မှုက အုတ်၂ချပ်ကို ယူပြီး တစ်ချပ်နှင့်တစ်ချပ် ရိုက်ကြည့်ရာမှာ ပေါ့ပါးတဲ့ ချိုလွင်တဲ့အသံကြားရပါမယ်။ လေးလေးပင်ပင် ထုံတုံတုံအသံမျိုး မရှိရပါဘူး။

(7) Structure of brick ဖွဲ့စည်းမှုက အုတ်ကို ချိုးကြည့်ပြီး ဒါမှမဟုတ် အုတ်ကျိုးကို ယူကြည့်တဲ့အခါ အုတ်ရဲ့ အတွင်းသားမျက်နှာပြင်တွေက အက်ကြောင်း အပေါက် စတာမျိုးတွေ မရှိရပဲ တစ်သားထဲရှိနေရပါမယ်။

(8) Efflorescence test ဆားပေါက်မပေါက်က အုတ်ကို ရေထဲ ၂၄နာရီစိမ်ထားပြီး အခြောက်ခံပါ။ ခြောက်သွေ့သွားတဲ့အခါ အုတ်ချပ်ပေါ်မှာ မီးခိုးရောင် အဖြူရောင် အမှုန်လေးတွေ ကပ်နေတာမျိုး တွေ့ရရင် အုတ်မှာ ဆားဓါတ်ပါတယ် ဆိုပါတယ်။

အဲဒါတွေက ယေဘုယျအားဖြင့် စမ်းသပ်ကြည့်လို့ရတဲ့ နည်းလမ်းတွေပါ။ lab တွေမှာ ဒီထက် အသေးစိပ် စမ်းသပ်ကြည့်လို့ရပါတယ်။

ခုနက ပြောတဲ့ အုတ်က မကျိုးရဘူး ဆိုတာက ဒီလိုပါ။ ရိုက်ကြည့်လို့ မကျိုးရဘူး ဆိုတာမှာ ဖြည်းဖြည်းရိုက်ရင်တော့ ဘယ်ကျိုးပါ့မလဲ။ အင်းဟာ … အင်းဟာ … ဆိုပြီး အားနှင့် ရိုက်လို့ကတော့ ကျိုးမှာပေါ့။ တစ်ချို့ များ ပစ်ချရင် မကျိုးရဘူး ဆိုပြီး အပေါ်ကိုတောင် အားပါးတရ ပစ်တင်လိုက်ကြတယ်။ အမှန်က အောက်မှာရှိတဲ့ အုတ်တစ်ချပ်အပေါ်ကို အမြင့် 1m(3ft) အမြင့်ကနေ အသာကိုင်ပြီး လွတ်ချရတာပါ။ အဲလိုလွတ်ချတဲ့ အုတ်က မကျိုးရဘူးလို့ ဆိုတာပါ။

#မူရင်းရေးသားသူအားcreditပေးပါသည်။ဗဟုသုတရစေရန်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျား # #အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား # # #
MMF Construction &Decorations

Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.

Website

Address

No. (12), Room No (B5/C5), Hlaing River Road, (2) Quarter, Hlaing Township
Yangon

Other Construction Companies in Yangon (show all)
Shwe Nan Daw Shwe Nan Daw
Yangon

အိမ်ဆောက်ပစ္စည်းနှင့်အိမ်အလှဆင်ပစ?

Natmauk Construction - Since 1985 Natmauk Construction - Since 1985
Yangon, 11191

Construction

Shwe Pyae Hein Construction Shwe Pyae Hein Construction
No. 173/59, Ground Floor, Shwe Ta Sote Street, (2) Quater, Mayangone Township
Yangon, 11061

Build Your Dream With Us!

Than Tun Aung ဆောက်လုပ်ရေးကုမ္ပဏီ Than Tun Aung ဆောက်လုပ်ရေးကုမ္ပဏီ
ကျန်စစ်မင်းအိမ်ယာ
Yangon

လူကြီးမင်းများစိတ်တိုင်းကျအဆောက်ဦးများကိုဆောက်လုပ်ပေးပါတယ်။

Aspdin Construction & Decoration Group Aspdin Construction & Decoration Group
No. 69F, Zizawa Street, 10 Quarter, Chan Thar Shwe Pyi Housing, East Dagon Township
Yangon, 11451

Aspdin Construction is a commercial construction company located in Yangon, Myanmar, that provides general contracting and project management services. Aspdin Construction has focu...

Mahar Shwe Aoe Gyi Company Mahar Shwe Aoe Gyi Company
No(38B), 10th Floor, Sabae Phyu Condo, Zawana, Thingangyun
Yangon, 11071

To become the leading construction firm, while delivering projects that consistently exceed international standards and provide exceptional customer satisfaction.

Equality 77 Construction & Decoration Co.Ltd Equality 77 Construction & Decoration Co.Ltd
No 6/11, 14/3 Block, Khwar Nyo Street, South Okkalarpa
Yangon

Build your dream house with us. We will provide you with the best quality and services.

Evolve Engineering & Construction Evolve Engineering & Construction
No. 29 Gyo Phyu Street
Yangon, 11221

MA Group. Glass & Aluminum Co.,Ltd MA Group. Glass & Aluminum Co.,Ltd
North, Okkalapa (North)
Yangon, 11031

M+A Group is the partner company of Yadanabon Glass. We are leading experts in Glass & Aluminium

APMK Construction APMK Construction
No(No49), Anawmar (2) Street, (13) Ward, South Okkalapa Township
Yangon, 0011

Construction PAE (Plinth Area Estimation ) Construction. Renovation Design (Archi, Structure, M&E)

SE PWAR TUN Co.,Ltd SE PWAR TUN Co.,Ltd
229, Naykyar Street, Pale(3), Mingalardon
Yangon

အိုးအိမ်တိုက်တာဆောက်ကြဖို့ စီးပွားထွန်းနှင့်လက်တွဲဆို့

HTIKE YI Construction & Interior Decoration HTIKE YI Construction & Interior Decoration
No 339, Ground Floor, Between 39st & 40th Street. Maharbandulla Road Kyauktada
Yangon, 11182

“ကျွန်တော့်တို့ စိတ်ထားနဲ့ တူညီသော အကျိုးကိုသာ ပြန်လည်ရရှိ ခံစားရပါစေ”