MyanKids

ထူးချွန်ထက်မြတ် ဉာဏ်ရည် ထက် နေ့စဉ် ခလေး များအတွက် (Myankids-Creat own kids innovation style) Education

Photos from Twinkling Star Kids Educational supplies's post 09/11/2020
20/09/2020

Fun with Learn 🤓

It's Hard for Them, Too 10/09/2020

ကလေးတွေအတွက်လည်း ခက်ခဲပါတယ်
________________________________________
It’s hard for them, too.

ညတာကရှည်နေပြီ မိုးတောင် လင်းတော့မလားပဲ။ ဘယ်နှစ်ပုဒ်မှန်း ဘယ်နှစ်ခါမှန်း မသိတော့တဲ့ သားချော့တေးကို နားထောင်နေရင်း သူက ခေါင်းထကြည့်ပြန်တယ်။

"ရေ ရေ"

အခန်းထဲမှာ ရေဘူးရှိမနေမှန်းသိလျက်နဲ့ ခေါင်းတချက်ရမ်းကြည့်လိုက်ပြီး

"ရေမရှိဘူး သား အိပ်စရာရှိတာ အိပ်"

"ရေ ရေ"

"ရေ မရှိဘူး သားလေး"

"ရေ ရေ"

ဒီတခါကတော့ အတော်လေးကျယ်တယ်။

အိပ်ရေးပျက်တာတွေ ပင်ပန်းတာတွေရယ်နဲ့ ကျွန်တော့်ဒေါသက ထိန်းမရတော့။

မျက်နှာက နီလာပြီ။ အသက်ရှူသံက ပြင်းလာပြီ။ ခန္ဓာကိုယ်ကလည်း ဆတ်ခနဲ တောင့်တင်းလာပြီ။ အံတွေတောင် ကြိတ်မိသလားပဲ။

ဒေါသကို မပေါက်ကွဲမိအောင် ထိန်းလိုက်နိုင်ပေမယ့်လည်း သားကတော့ ဒေါသအရှိန်ကို သိလိုက် ခံစားလိုက်ရပုံပဲ။

သူကိုယ်လေးသေးသေးလေးနဲ့ ကျွန်တော့်ကို အတင်းဖက်လိုက်ရင်း ရှိုက်နေပြီ။ ဒီကမ္ဘာပေါ်မှာ သူရဲ့အချစ်ဆုံး အားအကိုးဆုံးလူက သူရေလေးတောင်းမိတာနဲ့ အဲဒီလို ဖြစ်သွားတယ်ဆိုပြီး ဝမ်းနည်းရှာမှာပေါ့။

အိပ်ယာမဝင်ခင်က ရေမသောက်ရသေးလို့ ရေဆာနေတာကို သားဟာ မပြောတတ်သေးရှာဘူး။ သူ့ဟာသူလည်း ယူမှ မသောက်တတ်သေးတာ။....

ကျွန်တော်တို့တွေဟာ မိဘနေရာမှာ ဘယ်လို ပင်ပန်းကြောင်း ဘယ်လိုခက်ခဲကြောင်း ပြောတတ်ကြတယ်။ ကလေးတွေ နေရာက စဉ်းစားပြီး သူတို့ဘယ်လောက်ခက်ခဲကြောင်းကိုရော အသိအမှတ်ပြုမိကြပါရဲ့လား။ အပေါ်က ဖြစ်ရပ်ကလေးတခုကိုပဲ စဉ်းစားကြည့်ပါ။

ကလေးတွေနေရာမှာ ကျွန်တော်တို့သာဆိုရင် ဘယ်လိုမှ သည်းမခံနိုင်ပါဘူး။

တခါမှ မမြင်ဖူးတဲ့အရာတခုကို စားခိုင်းတာတွေ ဟိုဟာလုပ် ဒီဟာမလုပ်နဲ့ဆိုတာတွေက အချိန်တိုင်း။ မရိုင်းရဘူးနော်တဲ့(ရိုင်းတယ်ဆိုတာ ဘာလဲဖေဖေ မေးမှာပေါ့) တနေရာရာ သွားပြန်ရင်လည်း နောက်ကျနေပြီဆိုပြီး မြန်မြန်လုပ်ခိုင်း(နောက်ကျတာတွေ အချိန်ဇယားတွေ သားဘယ်သိပါ့မလဲ)

သားမလုပ်နိုင်သေးတဲ့ အရာတွေဟာ တကယ်ကို မလုပ်နိုင်သေးတာပါ။ သူချော်မလဲချင်ပဲ လဲတာပါ။ နို့တွေ ဖိတ်ကျတာလည်း သူတမင်လုပ်တာ မဟုတ်ပါဘူး။ စကားလုံးတွေ အများကြီး မတတ်သေးတဲ့ အချိန်မှာ အရာတိုင်းကို လူကြီးတွေ နားလည်အောင် မပြောပြတတ်ပါဘူး။ အဲ့ဒါတွေဖြစ်တိုင်း ဘေးကလူတွေက စိတ်မရှည်ဖြစ်မယ် ဒေါသထွက်နေမယ်ဆိုရင် ကျွန်တော်သာဆို ခံနိုင်မှာလား။

ဒါပေမယ့် ကလေးလေးတွေဟာ ခံနိုင်ကြရှာပါတယ်။ သူတို့လေးတွေဟာ ကြိုးစားပြီးရင်း ကြိုးစားကြတယ်။ အပြုံးလေးတွေနဲ့ နှုတ်ဆက်ကြတယ်။ အကောင်းမြင်စိတ်လေးတွေ အရာတိုင်းကို စိတ်လှုပ်ရှားစွာ ပေါ့ပါးစွာနဲ့ပေါ့။ ကျွန်တော်တို့ရဲ့ အမှားတွေ မမျှတတဲ့ဒေါသတွေ စိတ်မရှည်မှုတွေကို သူတို့အပြစ်မယူကြပါဘူး။

အဲ့ဒီတော့ သူတို့လေးတွေက တခါတလေမှာ ဒေါသဖြစ်စရာလေးတွေ လုပ်မိကြရင် ကျွန်တော်တို့ကလည်း သူတို့ကို အမြဲ တွန်းအားပေးနေကြတယ်ဆိုတာ မမေ့ကြပါနဲ့လို့....

“Everyday everywhere babies are loved. For trying so hard, for traveling so far, for being so wonderful, just as they are.”.................

ဖတ်မိတဲ့ ဆောင်းပါးလေး မျက်ရည်ကျမိလို့ ဝေမျှပါတယ်။ အဆင်ပြေသလို ဘာသာပြန်ပါတယ်။ မူရင်းကတော့ အောက်မှာပါ။ ပိုဖတ်လို့ကောင်းပါတယ် ဖတ်ကြည့်ပါ။

Ref : https://boston.citymomsblog.com/motherhood/its-hard-for-them-too/

Manages MyanKids Store

It's Hard for Them, Too We talk a lot about how hard it is to be a mom. But this week is "The Week of the Young Child," and I'd like to acknowledge how hard it is to be a child.

MyanKids 10/09/2020

MyanKids

MyanKids ထူးချွန်ထက်မြတ် ဉာဏ်ရည် ထက် နေ့စဉ် ခ

MyanKids 10/09/2020

To Learn
Time

MyanKids ထူးချွန်ထက်မြတ် ဉာဏ်ရည် ထက် နေ့စဉ် ခ

Photos from MyanKids's post 09/09/2020

MyanKids Unboxing Time
Ready To Learn

09/09/2020

HomeSchooling Activities

Ready To Learn
Age 2 to 5 Years

37000 Kyats

ငယ်ငယ်​လေးနဲ့ ထက်မြက်တဲ့ က​လေး​ငယ်တွေ ဖြစ်ဖို့အတွက် 2 နှစ်မှ 5 နှစ်အတွင်း သားသား မီးမီး ငယ်​လေး​တွေရဲ့ Brain Development အတွက် SAKAMOTO MYANMAR မှ ထုတ်​​ဝေ​သော ပြီးပြည့်စုံတဲ့ Package ​လေး . . . . နဲ့ မိတ်ဆက်​ပေးပါရ​စေရှင် ။

🔯 Package ထဲမှာ . . .
1❣️ဖေ​ဖေ ​မေ​မေတို့ ကြိုတင်​လေ့လာဖို့ Japan Music Brain Training
2❣️သားသား မီးမီးတို့​လေ့ကျင့် ​ပျော်ရွှင်ဖို့ Maths Beginner Worksheet.
3.သားသား မီးမီးတို့ နား​ထောင်ဖို့ Story Books 4 အုပ်
4❣️သားသား မီးမီးတို့ မှတ်ဥာဏ်တိုးတက်​စေဖို့
A to Z Exercises
5❣️သားသား မီးမီးတို့ ဗဟုသုတ စိတ်၀င်စား​စေဖို့ အ​ရောင်စုံတဲ့
နိုင်ငံတကာမှ နိုင်ငံအသီးသီးရဲ့ အလံ
6.❣️ပျော်ရွှင်စရာ ​​လေ့ကျင့်ခန်း​တွေပါတဲ့ Color, Shape & Pattern Exercises
7❣️ငယ်ငယ်​လေးနဲ့ ကျွမ်းကျင်ထက်မြက်စွာ ​ရေတွက်နိုင်ဖို့ Number Cards Exercises လေးတွေပါပါတယ်ရှင်

ဖေ​ဖေ ​မေ​မေ ဖိုးဖိုး ဖွားဖွား ဦးဦး​ ဒေါ်​ဒေါ်​ တွေ ​ရေ
မိမိတို့ ရင်​သွေးငယ်​လေး​တွေနှင့်အတူ Quality Time ဖန်တီးနိုင်ဖို့ ​​ မှာ ၀ယ်ယူလို့ရပါပြီရှင့် . . .

💵 စျေးနှုန်းလေးကတော့ 37000ks ပါရှင်

🚛 ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ပုသိမ်၊ချောင်းဆုံ၊မော်လမြိုင်၊ မုတ္တမ၊တောင်ကြီး၊ပဲခူး၊အောင်မြေသာ၊သနပ်ပင်၊ပဲခူး ဘုရားကြီး၊ အင်းတကော်၊ ပြင်ဦးလွင်၊ပြည်၊ခရမ်းသုံးခွ၊ချောင်းဦး၊ထောက်ကြံ့၊လှည်းကူး၊မှော်ဘီ၊တိုက်ကြီး၊ဒလ၊တွံတေး၊မုံရွာ၊မုဒုံ၊ရွှေတောင်၊စစ်တွေ၊မိတ္ထီလာ၊အောင်ပန်း၊ ကလော၊လားရှိုး Cash on delivery ပါ
🚛Delivery ခ ကတော့ မြို့နယ်အလိုက်ကျသင့်ပါမယ်ရှင်

☎️ 09261098959 or chat box မှတစ်ဆင့် ဆက်သွယ် ဝယ်ယူနိုင်ပါတယ်ရှင်

09/09/2020

What type of product(s) would you like to purchase? For Open House every month on day 9, Firstly 3 customers Free Deli🧨🧨🧨

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon

Opening Hours

Saturday 09:00 - 21:00
Sunday 09:00 - 21:00

Other Educational Consultants in Yangon (show all)
CROWN Education CROWN Education
No 275, Pyay Road, Red Hill Tower, 3rd Floor
Yangon, 11111

First Myanmar Education Consultancy awarded British Council Education UK Agents Training Certificate (Distinction). Most trusted overseas Education Consultancy for providing the ri...

Dots English Dots English
Wai Bargi Road
Yangon, 11031

Yangon Grasp Academy Yangon Grasp Academy
No. 26/201, Nguwar Street (B), Yuzana Garden City
Yangon, 11441

Dedicated to Excellence.

Upgrade Upgrade
No 1140, 1st Floor, Ya-tha-wa-ti Street South-Oakkalar Township
Yangon

Let's upgrade & update your mathematics level

DataLearn DataLearn
No. 902, Dagon Thiri Street, 43 Ward, North Dagaon Township
Yangon

Change Your Life with Data

White-Collar Inc. White-Collar Inc.
36th Street
Yangon, 11182

the White-Collar Inc. is established in order to meet the social, education and economic needs of yo

G Y O - Grab Your Opportunity G Y O - Grab Your Opportunity
Kamayut Township
Yangon

If there’s a will, there’s a way

Central Educational Institute Central Educational Institute
Yangon

Together to your credit score!

Path-guide Visa and Educational service Path-guide Visa and Educational service
Yangon

🇺🇸Start your brighter future with Path-Guide🇺🇸

Analytics.mm Analytics.mm
Yangon

We bring data analytic courses to you with affordable prices..... Everyone should have access to data analytic knowledge!!

Eduvalor Eduvalor
No. 207/1, Myinthar 11th Street, Than Thumar Road, South Okkalapa Township
Yangon

We are educational consultants specializing in Singapore education for Myanmar students. We provide guidance to Myanmar students who would like to apply to diploma courses in polyt...