Tasty Bites

Tasty Bites

Love at your first bite

Photos from Tasty Bites's post 27/06/2023

ပြောဖူးလားတော့ မသိ
ဟိုးအရင်ထဲက ကာကာတွေဆို သိတယ်။
မုန့်တခုဆို story တခုရှိတဲ့ Tasty Bites က brownie bites လေးတွေပေါ့။အဲဒီထဲကမှ သိပ်မထုတ်ဖြစ်တဲ့ ကလေးလေးတွေ အကြောင်း ရေးချင်လို့။

မနှစ်က Nov 2022 စိတ်ဓာတ်အရမ်းကျနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို challenge လုပ်တဲ့အနေနဲ့ Strength ထုတ်ခဲ့တယ်။ ငရုတ်သီးအစပ်အရသာရယ် ရွှေဖရုံသီးရဲ့ နူးညံ့တဲ့အရသာကို ပေါင်းစပ်ထားပြီး cinnamon add on လုပ်ထားတဲ့ strength လေးဟာ ဝမ်းနည်းနေတာ အကုန်မေ့နိုင်တဲ့အထိ မင်မင့်ကို ခွန်အားပေးခဲ့တယ်။

2021 Oct စိတ်ဓာတ်ကျတုန်းကတော့ self-love ထုတ်ခဲ့တယ်။မာကျောတဲ့ walnut နဲ့white choco အချိုအရသာလေးကြောင့် သူများတွေကိုပဲ ကြည့်မနေဘဲ ကိူယ့်ကိုယ်ကို ချစ်တတ်ဖို့ သင်ယူနိုင်ခဲ့တယ်။

စိန်တလုံးသရက်သီးအရသာကို အရမ်းကြိုက်လို့ ဟန်မြင့်မိုရ် စိန်တလုံးနဲ့ combination လုပ်ထားတဲ့ မင်မင့်ရဲ့ နွေစာ Hope လေး က ထင်သလောက် စားလို့မကောင်းခဲ့ဘူး။သရက်သီးရဲ့ ချိုအေးမွှေး အရသာ ပေါ်လွင်စေချင်ပေမယ့် လိုချင်တဲ့ အရသာမရလို့ Hope brownie bites လေးဟာ obsolete ဖြစ်ခဲ့ရတယ်။

လိုအပ်ချက်တွေ ခုထိ အများကြီးရှိပေမယ့် preservative and food coloring မထည့်ဘဲ ဘိုးဘိုး၊ဘွားဘွား နဲ့ ကလေးတွေက အစ pet တွေပါ မကျန် စားလို့ရအောင် လုပ်ပေးချင်တဲ့ စေတနာတခုထဲနဲ့ Tasty Bites ကို လုပ်ခဲ့တာဖြစ်ပါတယ်။အရင်တုန်းကဆို ကဒ်လေးတွေပါ ထုတ်ပေးပြီး သူ့ batch နဲ့သူ theme ပါ ပြောင်းခဲ့သေးတယ်။ခုတော့ ကုန်စျေးနှုန်းနဲ့ လိုက်မမှီ။လွမ်းစရာတွေပေါ့။

တကယ်တော့ JOY ဆိုတဲ့ နာမည်လေးနဲ့ မင်မင့် lucky number 13 ခုမြောက် product လေးကို ထုတ်ချင်တဲ့ ဆန္ဒရှိတာ တနှစ်ကျော်ပါပြီ။
ခုထိ ပျော်စရာကိစ္စဆိုတာလည်း မရှိဘူးလေ။
Tasty Bites ဆိုတာကလည်း စဖွင့်ထဲက business အတွက်မဟုတ်ဘဲ passion တခုထဲနဲ့ပဲလုပ်လာခဲ့တာ။
ဒါပေမယ့် page လေးကလည်း တဖြည်းဖြည်း ပိတ်ဖို့ဖက်ကိုပဲ တွေးမိတာများနေတော့ JOY ဆိုတာတောင် ရှိလာနိုင်ပါ့ဦးမလား မသိ။

27/06/2023

ဝယ်ပြီးတော့ ခရီးအမြန်သွားစရာပေါ်လာလို့ဆိုပြီး ခုမှ order cancel တဲ့သူရှိပါသဖြင့်

Fate(ဒူးရင်း) 2 ဘူး
First love 1 ဘူး
Shiraz 1 ဘူး
Felix/Friends/First love/Fate (ကြိုက်ရာတွဲ) 2 ဘူး
ပိုပါတယ်ရှင်

Fate -7000 အစား 6500
Shiraz or အရောဘူး- 5000
First love - 4500 နဲ့ ထားပေးပါ့မယ်ရှင်

All sold out 😊

25/06/2023

မုန့်ထဲထည့်မယ့် ပစ္စည်းတခု အခုထိ မရသေးသည့်အတွက် မုန့် order များကို Wednesday မှ ပို့ပေးနိုင်တော့မည် ဖြစ်ကြောင်း ဝမ်းနည်းစွာ အကြောင်းကြားအပ်ပါသည်ရှင်
အကယ်၍ မစောင့်နိုင်လို့ order cancel ချင်ရင်လည်း အားမနာပါနဲ့ ကာကာတို့ရှင်

25/06/2023

အားလုံးပဲ မင်္ဂလာပါရှင်
Tasty Bites မှ ပြန်လည်ကြိုဆိုပါတယ်။

Order လက်ခံတာလေး ပိတ်သွားပြီမို့ လာမယ့် Tuesday မှာ မုန့်လေးတွေ လိုက်ပို့ပေးပါ့မယ်ရှင်။

မုန့်လေးတွေရလာခဲ့ရင် ရေခဲသေတ္တာရဲ့အအေးခန်း မှာ ထားပေးပြီး မူလအရသာနဲ့ texture ရအောင် စားခါနီးမှ room temperature ထဲ ထုတ်စားပေးဖို့ မေတ္တာရပ်ခံပါရစေ။

Room temperature မှာထားရင် ၃ ရက်ခံပြီး fridge ထဲမှာဆို တပတ်ခံပါတယ်။
(အခဲခန်း⛔️ မှာ မထားရဘူးနော်)

Payment က Cash on deli ရော kpay ရော ရပါတယ်။Monday night မင်မင် invoice ပို့ပေးတော့မှ ငွေရှင်းပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။

Photos from Tasty Bites's post 24/06/2023

မုန့်လုပ်မယ့် ဒွင်းသီးတွေ ရောက်လာပါပြီဆင့်🤤
ဒွင်းချစ်သူတွေရေ မြန်မြန်လာကြညော်
အသီးနဲ့ လုပ်တဲ့ Tasty Bitesရဲ့ brownie bites တွေဟာဆိုရင် စတော်ဘယ်ရီဆိုလည်း စတော်ဘယ်ရီ၊ကန်စွန်းဥဆိူလည်း ကန်စွန်းဥ၊ခု ဒူးရင်းသီးဆိုလည်း ဒူးရင်းသီး frozen မဟုတ်ဘဲ အရသာကောင်းအောင် လတ်လတ်ဆတ်ဆတ် အသီးတွေကိုပဲ ရွေးချယ်အသုံးပြုထားတာ ဖြစ်ပါတယ်ရှင့်

24/06/2023

"Happy birthday ပါ ချစ်ရတဲ့အကိုကြီး" ဆိုပြီး မွေးနေ့ရှင်ဖို့ နှစ်သက်ရာ Tasty Bitesမှ brownie bites 2 ဘူး လက်ဆောင်ရထားပါတယ်ရှင်
မွေးနေ့ရှင် ကို mention ခေါ်ပေးကြပါဦး

Photos from Tasty Bites's post 23/06/2023

အားလုံးပဲ မင်္ဂလာပါရှင်
Tasty Bites မှ ပြန်လည်ကြိုဆိုပါတယ်။

ဒီနေ့ကတော့ SG ပေးတဲ့သူတွေအစား တင်ပေးတာပါရှင့်

လောင်ဖော်လောင်ဖက် သူငယ်ချင်းလေးကို "ကြိုက်နှစ်သက်ရာ ၂ ဘူးစားပါ" ဆိုပြီးလက်ဆောင်ပေးပို့ထားပါတယ်ရှင့်

ကံကောင်းသူ ဒီအစ်မ ကို သိတဲ့သူတွေ mention ခေါ်ပေးကြပါဦး

Photos from Tasty Bites's post 23/06/2023

အားလုံးပဲ မင်္ဂလာပါရှင်
Tasty Bites မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်

ဒီနေ့ကတော့ SG လေး တင်ပေးချင်တာပါရှင့်
ကံကောင်းသူ ဒီအစ်မ ကို ကြိုက်နှစ်သက်ရာ brownie bites 3 ဘူး လက်ဆောင်ပေးထားပါတယ်ရှင့်

"PSJ မစားနဲ့ ဒီမုန့်စားပါ" တဲ့ 🤣

PSJ က သူ့ private life ပါဆိုပြီး မမဆောင်း လုပ်သွားတော့ မြန်မာနိုင်ငံ က ကြေကွဲနေသူ အတွက် မနေနိုင်လို့ SG ပေးတဲ့သူ ပေါ်လာတာ ထင်ပါတယ် ဟိဟိ

ကံကောင်းသူအစ်မကို mention ခေါ်ပေးကြပါဦး

Photos from Tasty Bites's post 21/06/2023

အားလုံးပဲ မင်္ဂလာပါရှင့်
Tasty Bites မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

Giveaway winners တွေကတော့
10 - Khin Su Su Lwin
13 - မ Lei Yin
8 - May Thet Kyaw တို့ပဲ ဖြစ်ပါတယ်ရှင့်။

မဲပေါက်တဲ့ ကံထူးရှင်လေးတွေက
First love, Friends and Felix ထဲက ကြိုက်နှစ်သက်ရာထဲက ၂ ဘူးကို page messenger မှာ လာပြောလို့ ရပါပြီရှင်။

ဒုတိယအစီအစဉ်အနေနဲ့ မှာလို့ရပြီလားလို့ လည်ပင်းရှည်အောင် စောင့်နေရတဲ့ ကာကာတွေ မှာလို့ရပါပြီ။
Discount အစီအစဉ်တွေလည်း ရှိလို့ ဆက်ဖတ်ကြည့်ကြဦးနော်

1) Shiraz - alcohol ပါတဲ့ တခုတည်းသော brownie bites လေး ဖြစ်ပါတယ်ရှင်
မိုးအေးအေးနဲ့ ဖက်လုံးလေးဖက်ပြီး ရီဝေဝေလေး ဖြစ်ချင်ရင် ဒါကို ရွေးချယ်သင့်ပါတယ်
ပုံမှန် 6500 ကနေ ယခု Price - 6000

2)First love - ရောင်းအားအကောင်းဆုံး လူတိုင်းကြိုက်တဲ့ dark chocolate အချစ်ဦးလေးပါ
ပုံမှန် 5500 ကနေ ယခု 2 ဘူး - 10000

3)Friends - Matcha lover တွေရဲ့ အသည်းစွဲ
White choco based လုပ်ထားတဲ့ ဒီ brownie bites လေးရဲ့ matcha ကိုအချိုလည်းရသလို original premium အရသာနဲ့လည်း request လို့ ရပါတယ်
ပုံမှန် 6500 ကနေ ယခု Price - 6000

4)Felix - ကလေးတို့အကြိုက် မွန်းလိုက်
Cheese ရယ် milk chocolate ရယ် ရောထားတဲ့ ဒီ brownie bites လေးဟာဆိုရင်ဖြင့် ပျော်ရွှင်မှုရဲ့ သင်္ကေတ ဖြစ်ပါတယိ
ပုံမှန် 5500 ကနေ ယခု 2 ဘူး Price - 9500

5)Fate - ခုဘာရာသီများပါလိမ့်
ရှေ့တပတ်က စတော်ဘယ်ရီလုပ်ခဲ့တော့ ဒီတခါ ဒူးရင်းသီးမှ မလုပ်ရင် ဘယ်တရားပါ့မလဲနော်
စားဖူးတဲ့သူတိုင်းက ဒူးရင်းယိုနဲ့တောင် ပုံစံတူတယ်လို့ ပြောရတဲ့အထိ ဒူးရင်းဖတ်တွေ ထည့်ပေးထားပါတယိ
Price - 7000 mmks
သူ့ကိုတော့ စျေးလျှော့ပေးလို့မရဘူး😊

6) Dream - ဒါကတော့ Keto diet သမားတွေ၊ဆီးချိုရှိသူတွေ၊ weight ချသူတွေအတွက် almond flour, stevia and 97% dark chocolate နဲ့ ပြုလုပ်ပေးထားတဲ့ brownie bites လေးဖြစ်ပါတယ်။
(Special request ရှိမှ လုပ်ပေးပါ့မယ်ရှင်)

မုန့် order တွေကို Sunday နေ့လည် ၁၂ နာရီထိ နောက်ဆုံးလက်ခံသွားမှာဖြစ်ပြီး Tuesday လောက်ပို့ပေးနိူင်အောင် ကြိုးစားပါ့မယ်။

21/06/2023

Giveaway winners လေးတွေ ပေါ်ထွက်လာပါပြီ
Congratulations ပါ 🎉🍾🎁🎂🥳

21/06/2023

အားလုံးပဲ မင်္ဂလာပါရှင်
Tasty Bites page မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်
ဒီနေ့ဟာ Tasty Bites ရဲ့ ၂ နှစ်မြောက် မွေးနေ့လေးပေါ့🍾🎊🎉🥳🎁🎈
Happy Birthday ပါ လေးရေ🎂

ခုလို ၂ နှစ်ပြည့်ထိ ရောက်အောင် ယုံကြည်ပြီးအားပေးခဲ့ကြတဲ့ ကာကာတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ဒီ page လေး စလုပ်တဲ့ 1st batch ကနေ ခုထိ ကုသိုလ်တွေ အများကြီးလုပ်နိုင်ခဲ့တာ ကာကာတို့ မုန့်ဝယ်စားပေးလို့ ဖြစ်တဲ့အတွက် ဒီတခေါက်မှာတော့ အမှတ်တရ discount တွေ ချပေးသွားဦးမှာ ဖြစ်ပါတယ်။

အရေးကြီးဆုံးအချက်ကတော့
ဒီနေ့ည ဆယ်နာရီနောက်ပိုင်း share တဲ့ giveaway တွေကို မဲဖောက်တဲ့နေရာမှာ ထည့်သွင်းစဉ်းစားခြင်း မရှိတော့မှာမို့ မြန်မြန်လေး share လိုက်ကြပါဦးနော်

See you at 10 pm (MM time)

Photos from Tasty Bites's post 18/06/2023

အားလုံးပဲ မင်္ဂလာပါရှင်
Tasty Bites မှ ပြန်လည်ကြိုဆိုပါတယ်

စျေးကွက်ထဲမှာ မြင်နေကျ မဟုတ်တဲ့၊ကလေးရောလူကြီးရော pet friendly ရော ဖြစ်တဲ့၊food coloring and preservative မပါတဲ့ Brownie Bites လေးတွေကို ထုတ်လာတာ ခု ၂၁.၆.၂၀၂၃ ဆိုရင် ၂ နှစ်တောင် ပြည့်ပါတော့မယ်ရှင်။

Products ၁၁ မျိုးထိ ထုတ်ခဲ့တာ ၂ နှစ်ဆိုပေမယ့်လည်း ကြားထဲမှာ မင်မင် ပျောက်ပျောက်သွားတာ ခပ်များများရယ်လေ။ဒါပေမယ့် ပြန်ပေါ်လာတိုင်းမှာ အမြဲသတိတရ အားပေးတတ်တဲ့ ကာကာတို့ကို မင်မင် က ရင်ထဲအသည်းထဲ နှလုံးသားထဲက အမြဲတမ်းကျေးဇူးတင်နေရတာပါ။

Packaging တွေ အမျိုးမျိုးသာပြောင်းတယ်။စထုတ်ထဲက ကာကာတွေရဲ့ အားပေးမှုက မပြောင်းလဲခဲ့ပါဘူး။ဒါကြောင့်မို့ ၂ နှစ်ပြည့်အနေနဲ့ မင်မင် က မေတ္တာလက်ဆောင် Giveaway လေး ပေးချင်ပါတယ်ရှင်။

Giveaway ကို ကာကာတစ်ယောက် ကို ၂ ဘူးစီနဲ့ ၃ ယောက်ရွေးချယ်ပြီး ပေးသွားမှာ ဖြစ်ပါတယ်။ပေးမယ့် items လေးတွေကတော့
(၁)အရောင်းရဆုံး First love
(၂)အမြဲတမ်းအတွက် Friends
(၃)မရိုးနိုင်တဲ့ Felix တို့ထဲက
ကြိုက်နှစ်သက်ရာ ၂ ဘူး ရွေးချယ်နိုင်ပါတယ်ရှင့်

Giveaway ထဲပါဖို့
(၁)Tasty Bites page လေးကို like and follow လုပ်ပေးရပါမယ်
(၂) ဒီ post လေးကို public နဲ့ share ပြီး ဘယ် product ကို အကြိုက်ဆုံးလဲ caption မှာ ရေးပေးရပါမယ်
(၃)share ထားတဲ့ ss ကို ဒီ post အောက်မှာ တူတူစားချင်တဲ့ သူငယ်ချင်း ၂ ယောက်ကို mention ခေါ်ပြီး လာမန့်ပေးရင်ရပါပြီ

Giveaway winner လေးတွေကို ၂၁.၆.၂၃ ညဆယ်နာရီမှာ ကြေညာပေးသွားမှာဖြစ်ပါတယ်။
မှာလို့ရမယ့် products တွေရယ်
discount ချပေးမယ့် price တွေရယ်
ပို့မယ့်ရက်ရယ်ကိုတော့ အဲဒီနေ့မှာ တခါထဲ announce လုပ်ပေးမှာမို့ ကဲ ခပ်သွက်သွက်လေး grab your chance ပါ 🍾🎊🥳

Edited:public မဟုတ်လည်းရပါတယ်။share post လေး ss ပြရင်ရပါပြီ

18/06/2023

ဒီလောကကြီးမှာ ဖေဖေ အသက်ရှင်လျက်ရှိသေးသည်ဖြစ်စေ၊ ဖေဖေမရှိတော့သည်ဖြစ်စေ ကျွန်မတို့အားလုံးရဲ့ ရင်ထဲမှာတော့ ဖေဖေဆိုတဲ့ အမည်နာမတစ်ခုနဲ့ လူတစ်ဦး က အမြဲရှိနေမှာမို့ Happy Father’s Day ပါ 🍀

Photos from Tasty Bites's post 07/06/2023

အားလုံးပဲ မင်္ဂလာပါရှင်
Tasty Bites မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်

ဒီလထဲမှာ Tasty bites ရဲ့ 2 နှစ်ပြည့် မွေးနေ့ရှိတဲ့အတွက် မင်မင် မုန့်ပြန်လုပ်ဖြစ်ဦးမှာပါလို့ ကြိုပြီး announce လုပ်ချင်ပါတယ်

2 နှစ်ပြည့်အနေနဲ့ quiz တွေလည်း လုပ်ပြီး giveaway ပေးသွားမှာ ဖြစ်လို့ စောင့်မျှော်ကြည့်ရှူကြပါဦးနော်

လောလောဆယ်တော့ အရောင်တွေအကြောင်း ပြောပြထားဖူးတဲ့ မင်မင် က အရောင်နဲ့ ပတ်သက်တဲ့ အသုံးအနှုန်းလေး တချို့ကို ဒီနေ့အတွက် ဝေမျှပေးသွားမှာ ဖြစ်ပါတယ်

သင့်ရဲ့ တစုံတဦး က ရော သင့်အတွက် ဘာအရောင်လေးလဲ?????

Ref:Instagram Reel

14/05/2023

Happy Mother’s Day ပါ ကမ္ဘာပေါ်က မိခင်များ
ဒီနေ့တော့ မင်မင့်အိုမားအကြောင်း အမှတ်တရ ရေးထားချင်ပါတယ်။

Tasty Bites မင်မင်ရဲ့ မေမေကလေ တအားစိတ်ပူတတ် စိုးရိမ်တတ်တဲ့ လူစားမျိုးထဲမှာ ပါတယ်။
Brownie Bites လေးတွေ လုပ်တော့လည်း ကိုယ့်ထက် ပိုတက်ကြွ ပိုစနစ်ကျ ပိုစေတနာထားပေးတာ။
ကာကာတို့စားတဲ့မုန့်တွေကို အဓိကကူလုပ်ပေးတာ မင်မင့် မေမေပေါ့။မင်မင်ကအိပ်ချင်နေပြီဆိုရင်လည်း သူက မအိပ်ဘဲ တယောက်ထဲ မုန့်လေးတွေကို သေချာစနစ်တကျပြင်ပေးသေးတယ်။

မေမေကလေ သိပ်ကြောက်တတ်တာ သားရေကြိုးတက်နင်းမိရင်တောင် တီကောင်ထင်ပြီးထအော်တတ်တဲ့မေမေ…..
မေမေကလေ ဆေးသောက်ရမှာလည်း မုန်းတယ်
ပါရာစီတမောတိုက်ရင်တောင် ကျွန်မ မသိအောင် ခိုးပြီးလွှင့်ပစ်ထားတဲ့မေမေပေါ့….
မေမေကလေ အရမ်းမျိုသိပ်တတ်တာ သူနေမကောင်းတာဖြစ်ဖြစ် ဒဏ်ရာရတာပဲဖြစ်ဖြစ်ဆ်ို သားသမီးတွေကို မပြောဘူး ကြိတ်မှိတ်ခံတယ်……

အဲလိုမေမေကလေ ဖေဖေလည်းအဝေးမှာရှိနေတဲ့အချိန် ကျွန်မ ၆ တန်းနှစ်မှာ မေမေ့သားအိမ်မှာအသားလုံးဆိုတာကြီးရှိတာကို စသိခဲ့တယ်။တအိမ်လုံးမှာ သမီးလေး၂ ယောက်နဲ့ အားတင်းပြီး နေရတဲ့မေမေကလွန်ခဲ့တဲ့ နှစ် ၂၀ ဆိုတော့ ခုခေတ်လိုဆေးပညာဗဟုသုတကလည်းမရှိ၊ကုသနည်းလည်းမသိတော့ သူသေမှာ အရမ်းကြောက်ခဲ့တာ။ကြောက်တော့ အလုံးရှိတာကို သမီးတွေကိုလည်း မပြောဘူး၊အဝေးမှာ အလုပ်လုပ်နေတဲ့ယောင်္ကျားစိတ်ပူမှာစိုးလို့လည်းမပြောဘူး။ကြိတ်မှိတ်ခံရှာတယ်။

အိမ်အကူလည်းမရှိ၊တအိမ်လုံးအလုပ် အပြင် သမီး ၂ ယောက်ကျောင်းအကြို့အပို့ဇယ်ဆက်အောင်လုပ်ပြီး ရေအေးအမြဲကိုင်နေရတဲ့ မေမေ က ရာသီလာတဲ့အချိန်ဆို ဗိုက်အောင့်လို့ အလူးအလဲပဲ။နားမလည်သေးတဲ့ကျွန်မ က သူများမေမေတွေတောင် မအောင့်ဘူး၊မေမေ က ဘာလို့အောင့်တာလဲဆိုပြီး ငြူစူခဲ့မိလေသလား မသိဘူး။မေမေ့ခမျာ ဗိုကိလေးကိုင်ပြီး ခါးလေးကုန်းရင်းပဲ လမ်းလျှောက်နိုင်တဲ့အထိ အောင့်ခဲ့တာပေါ့။တအိမ်လုံးကို ဖွင့်မပြောလို့မရလို့ ပြောခဲ့တဲ့အချိန်က ကျွန်မ ၈ တန်းနှစိ…. မေမေ နှင်းဆီကုန်းဆေးခန်းကို သွားရတာ ရက်စိပ်လာခဲ့တယ်။

တရက် ဆေးခန်းကပြန်လာတော့ မေမေကပြောတယ် "သားဖွားမီးယပ်ဆရာမကြီးကတော့ ခွဲမှရတော့မယ်လို့ပြောတယ်။ဒါပေမယ့် ငါ့သမီးကြီးဆယ်တန်းဖြေလို့မပြီးမချင်း မေမေမခွဲဘူး၊တကယ်လို့ ခွဲစိတ်ရင်း တခုခုချွတ်ချော်လို့ မေမေဆုံးပါးခဲ့ရင် ငါ့သမီးကြီး သူလိုချင်တဲ့ ဆရာဝန်ဖြစ်အောင် မဖြေနိုင်မှာစိုးလို့” တဲ့ 😢 မေမေ က ဆက်လက်ပြီး သွေးဆင်းများတာ ဗိုက်အောင့်တာ ညနက်သန်းခေါင်ဆို သူခုတင်မှာ ကွေးကွေးလေး ခြေဖျားလက်ဖျားတွေအေးပြီးအောင့်နေတာကို နောကိ ၃ နှစ်တိတိကျွန်မ ဆယ်တန်းဖြေပြီးတဲ့အထိ ကြိတ်မှိတ်ခံခဲ့တယ်။

ကျွန်မဆယ်တန်းဖြေပြီး တလအတွင်း မေမေ က ဆေးရုံတက်ဖို့ပြင်ဆင်ခဲ့ရပါတယ်။အသားလုံးသီးသန့်ကို ခွဲဖို့အချိန်နောက်ကျခဲ့တော့ သားအိမ်ရော မျိုးဥပြွန်တွေကိုပါ ထုတ်ဖို့ decision ချခဲ့ရတယ်။ ခွဲနေတုန်းလည်း သွေးထွက်လွန်လို့ သွေးပတ်ရှာခဲ့ရသေးတယ်။မေမေသေမှာစိုးရိမ်လိုက်တာ ဆိုတာလေ။ကံကောင်းလို့ မေမေ မသေလို့ တော်ပါသေးရဲ့။ ချစ်တယ်နော် မေမေ။ ❤️

Photos from Tasty Bites's post 19/03/2023

အပျင်းကြီးသော မင်မင် မုန့်လုပ်တဲ့အချိန်ထိ စိတ်ရှည်လက်ရှည်စောင့်ပြိး မှာကြသော ကာကာအဟောင်းများ

မုန့်အရသာ မသိသေးဘဲနဲ့တောင် ပထမဆုံးအကြိမ် ယုံကြည်စွာနဲ့ စမ်းမှာကြသော ကာကာအသစ်များ

ပုံလေးတွေ သေချာရိုက်ပေးသော ကာကာလှလှများ

အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်
ဒီတခါ အချိုအရသာလျှော့ပြီး ချောကလက်တွေ အများကြီးမှ အများကြီး ပိုထည့်ထားပါတယ်

Shiraz ကို Shiraz wine တမျိုးတည်းမဟုတ်ဘဲ နောက်တခုပါ ထပ်ရောလိုက်တာ အနံ့လေးနဲ့ ငြိမ့်ငြိမ့်လေး ဖြစ်သွားကြတယ်ဆိုလို့ ဝမ်းသာရပါတယ်

မုန့်တွေကို ကုန်စျေးနှုန်းကြီးလို့ရော မင်မင် mood မကောင်းလို့ရော ခဏခဏမလုပ်ဖြစ်ပေမယ့် လုပ်ဖြစ်တဲ့အချိန်ကျရင်တော့ သေချာလုပ်ပါ့မယ်
ဥပမာ Felix လုပ်တဲ့အချ်န်ဆို ပျော်စရာသီချင်းတွေ wave frequency တွေဖွင့်ပြီး လုပ်သလိုမျိုး တခြားမုန့်တွေလည်း အဲ့ဒီအတိုငိးပါပဲ

နောက်လမှာ မင်မင့်ရဲ့ ထိပ်စီးပြောင်း မွေးနေ့ရှိတော့ မုန့်ထပ်လုပ်ဖြစ်ဖို့ အားမွေးလိုက်ပါဦးမယ်

ဘဝရဲ့ပျော်ရွှင်ချိန်ပဲဖြစ်ဖြစ် ဝမ်းနည်းချိန်ပဲဖြစ်ဖြစ် Tasty Bites က အနားမှာအမြဲအတူရှိနေမှာပါ

ချစ်တဲ့ မင်မင်ငပျင်း

17/03/2023

မုန့်တောင် အသေးစိတ် မရိုက်နိုင်တော့ဘူး
ညတုန်းက ခေါက်ထားတဲ့ ဘူးလေးတွေ ရိုက်မိလိုက်လို့ တော်သေး

အောက်ကခံတဲ့ ရွှေခွက်လေးတွေ ကုန်သွားတဲ့အထိ ဝိုင်းအားပေးကြတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်
မင်မင် မြည်းလိုက်ရတာ
Felix အကြေလေး(အသေကောင်းပါသော)
First love အပဲ့လေး (အချိုပေါ့ပြီး ခါးသက်သက်နဲ့ နာမည်နဲ့ လိုက်ပါတယ်)

အထူးမှာချင်တာက မုန့်ရောက်ရင် ရေခဲသေတ္တာထဲ ထည့်ပြီးမှ သုံးဆောင်ပေးပါနော်
မဟုတ်ရင် မင်မင့်ရဲ့မုန့်လေးတွေက မူလ texture မရဘဲ ပျော့လဖတ်ပြဲနေမှာစိုးလို့

16/03/2023

မင်မင် ဟာ မီး ၂ ခါပြတ်တဲ့ကြားထဲမှာ ခုမှ မုန့်လုပ်လို့ပြီးလို့ invoice ပို့တာ နောက်ကျသွားပါတယ်
ပိုက်ဆံ က အဓိက မဟုတ်ဘဲ မုန့်လုပ်လို့ ပြီးဖို့က အဓိကမို့ နောက်မှ ပေးလည်း ရပါတယ်
(မပေးတော့လည်း ရပါတယ် - ငိုသံဖြင့် 🥲)

တနေ့ကုန် ပိုက်ဆံ ဘယ်တော့ရှင်းရမလဲ တမေးထဲ မေးနေတဲ့ ကာကာတို့ မင်မင့်စာကို မစောင့်ဘဲ အိပ်နှင့်ကြပါလို့

Deli တွေက မနက် ဆယ်နာရီခွဲနဲ့ နေ့လည် ၁ နာရီမှာ အသီးသီး လာယူကြမယ် ပြောထားတော့ မုန့်တွေရောက်ရင် မူလ texture ရအောင် fridge အအေးခန်းထဲ အရင် ထည့်ထားပြီး သုံးဆောင်ခါနီးမှ room temperature ကို ထုတ်ပေးကြပါနော်

ပိုတဲ့ brownie bites ရှိရင် order မရလိုက်တဲ့ ကာကာတွေ အားပေးလို့ရအောင် မနက်ကျရင် စာရင်းနဲ့ တင်ပေးပါ့မယ်

Invoice ပို့ရင်းနဲ့ deli ဖုန်းနံပါတ်တွေပါ ထည့်ပေးလိုက်မှာမို့ ရောက် မရောက် လှမ်းမေးကြည့်လို့ရပါတယ်ရှင့်

အဆင်မပြေမှု တစုံတရာရှိပါက feedback များကို အားမနာတမ်း ချက်ချင်းလာပေးကြပါလို့မေတ္တာရပ်ခံပါရစေရှင်

ခုလို မမေ့မလျော့ တကူးတကအားပေးတဲ့ ကာကာတို့ကို Tasty Bites Team မှ အမြဲကျေးဇူးတင်လျက်

Good Night ပါ ကာကာတို့

16/03/2023

အားနာနာနဲ့ပဲ Order တွေကို ပိတ်လိုက်ပါပြီရှင့်
နောက်ခေါက်မှ ပြန်တွေ့ကြမယ်နော်
ဘိုင်ရီး everyone

ပုံ/
Shiraz လုပ်ရင်း မြည်းရင်း မူးနေတဲ့ မင်မင်

Photos from Tasty Bites's post 16/03/2023

Acc ပိုင်ရှင် အစ်မ အတွက် surprise gift လက်ခံရရှိထားလို့ပါရှင့်

“အစ်မ ကြိုက်တာ နှစ်ဘူး ပေးချင်လို့” ပါတဲ့

အစ်မရေ ဘာကြိုက်လဲဆိုတာ page messenger မှာ တိုးတိုးလေး လာပြောလို့ရပါပြီ 🥰

Photos from Tasty Bites's post 15/03/2023

သက်သေ လာပြတာပါနော်
Passion brownie bites အတွက် စတော်ဘယ်ရီသီးတွေ ရောက်လာပါပြီ
အသီးများများ ချောကလက်များများနဲ့ သေချာ လုပ်ပေးမယ့် မင်မင်ပါ 🍓🍓🍓

14/03/2023

အားလုံးပဲ မင်္ဂလာပါရှင်
Tasty Bites မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်
ဒီနေ့က ဘာနေ့လဲ သိကြလားရှင့်

ဒီနေ့က အင်္ဂါနေ့ပါ လို့ ဖြေကြမှာလား
ဒီနေ့က မတ်လ ၁၄ ရက်နေ့ပါ လို့ ဖြေချင်ကြသလား
ဒါမှ မဟုတ် ဒီနေ့က တပေါင်းလဆုတ် ၉ ရက်လို့ ဖြေဦးမှာလား

ဒါဆိုရင်တော့ ပရိသတ်ကြီး အယောက်တစ်ရာရဲ့ အဖြေဟာ မင်မင့် မေးခွန်းနဲ့ မကိုက်ညီပါဘူး
ဒီနေ့ဟာ White Day ဖြစ်ပါတယ်ရှင့်

White day ဆိုတာ ဂျပန်နိုင်ငံမှာတော့ Valentine’s Day အပြီး တလအကြာမှာ 2nd Valentine’s Day အနေနဲ့ ကျင်းပဖြစ်တဲ့ ရက်တစ်ခုဖြစ်ပါတယ်
ဒါ့အပြင် ထိုင်ဝမ်နဲ့ တောင်ကိုရီးယားမှာပါ တွင်တွင်ကျယ်ကျယ် အခမ်းအနားတခု အနေနဲ့ ကျင်းပကြပါတယ်
ဒီလိုနဲ့ ဒီယဉ်ကျေးမှုက တကမ္ဘာလုံးပျံ့သွားတဲ့အခါမှာတော့ White Day ဆိုပြီး သတ်သတ်မှတ်မှတ်ဖြစ်သွားကြတာပေါ့နော်

ထုံးတမ်းစဉ်လာရိုးရာကို ပြန်ပြောရမယ်ဆိုရင်ဖြင့်
တကယ်တော့
Valentine’s Day မှာ မိန်းကလေးတွေ က ယောင်္ကျားလေးတွေကို လက်ဆောင်ပေးရပြီး White Day မှာတော့ ယောင်္ကျားလေးတွေဖက်က မိန်းကလေးတွေကို လက်ဆောင်ပြန်ပေးရတာ ဖြစ်ပါတယ်

ဒါပေမယ့် ခုနောက်ပိုင်း ကာလမှာတော့ စံနှုန်းတွေ သတ်မှတ်ချက်တွေ gender တွေမရှိတော့ဘဲ V day တုန်းက လက်ဆောင်လက်ခံရရှိသူ က White day ရောက်ရင် လက်ဆောင်ပြန်ပေးကြတဲ့ အလေ့အထဖြစ်လာပါတော့တယ်

ဒါမှမဟုတ် ပေးပြီးသား ထပ်ပေးလည်း ဖြစ်ပါတယ်
အချင်းချင်း ဘယ်သူအရင်ပေးမလဲ စောင့်မနေကြဘဲ တဖက်ဖက် က အရင်ပေးလိုက်ပေါ့
ဒီကမ္ဘာမှာ လက်ဆောင်ရလို့ မပျော်တဲ့လူသားတော့ မရှိလောက်ပါဘူး

ဒါတွေကို ကူညီပေးမှာကတော့
ဟပ်ချလောင်း
Tasty Bites မင်မင် ပဲ ဖြစ်ပါတယ်ရှင့်
နီးစပ်သူတွေကို ပိုနီးကပ်အောင်
ဝေးကွာသူတွေကို နှလုံးသားချင်းနီးအောင်
ချစ်ခြင်းမေတ္တာအပြည့်နဲ့ ပြုလုပ်ထားတဲ့ brownie bites လေးတွေကို 17 ရက်နေ့မှာ ပို့ပေးသွားမှာ ဖြစ်ပါတယ် တကယ်လို့ မေတ္တာစာလွှာလေးများ ပါးချင်တယ်ဆိုရင်လည်း အခမဲ့ ကူညီပေးသွားဦးမှာပါ

Order ကို ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီထိပဲ လက်ခံမှာမို့ ချစ်ခြင်းမေတ္တာတွေပြသဖို့ မတွန့်ဆုတ်ကြနဲ့နော်

ရင်ခုန်သံတိုင်း နီးကပ်စေချင်တဲ့
မင်မင်

Photos from Tasty Bites's post 11/03/2023

အားလုံးပဲ မင်္ဂလာပါရှင်
Tasty Bitesက ပြန်လည်ကြိုဆိုလိုက်ပါတယ်

Brownie Bites လေးတွေကို 17/3/23 မှာ လိုက်ပို့ပေးမှာမို့ ခုချိန်ကစပြီး preorder တင်လို့ရပါပြီရှင်

ရနိုင်မယ့် menu တွေကတော့
📌ချိုခါးလေးကို ကြိုက်တယ်ဆိုရင်
ရွေးချယ်စရာ ၂ မျိုးရှိပါတယ်
ဘာကွာလဲဆိုရင် မူလလက်ဟောင်း original ကို ရွေးချင်လား ဝိုင်ပါတဲ့ မမူးတမူးလေး စားချင်လားပေါ့

First love brownie bites - 5500 MMKs
Shiraz brownie bites - 6500 MMKs

ဒုတိယအနေနဲ့
📌အချိုမှ အချိုပဲ စားချင်တယ်ဆိုတဲ့သူတွေအတွက်
Tender loving care series နဲ့ matcha series ပါ
ဒါပေမယ့် matcha ကို original အခါးပဲ စားချင်တယ်ဆိုရင်လည်း မှာတဲ့အခါကျရင် notes လေးနဲ့ emphasized လုပ်ပြီး ပြောလို့ရပါတယ်

Felix browni bites ( cheese ) - 5500 MMKs
Friends brownie bites (matcha) - 6500 MMKs

📌အသီးအစစ်နဲ့ကတော့ ရာသီစာလေး strawberries ရပါမယ့်ရှင့်
Passion brownie bites 🍓- 6000 MMKs

အထူးအစီအစဉ်အနေနဲ့ ကာကာတို့ရဲ့ အချစ်ဦး First love brownie bites 2 ဘူးမှာရင် 500 ကျပ်လျှော့ပေးသွားမှာပဲ ဖြစ်ပါတယ်
အဲဒါဆို ၄ ဘူးမှာနေကျ ၅ ဘူးမှာနေကျ ကာကာတွေ အတွက် က ရောလို့မေးရင်တော့ cb မှာ ကပ်တိုးလေး လျှော့ပေးရဦးမှာပေါ့

နောက်တခါကျရင်တော့ ဆီးချိုသမားတွေ weight ချနေတဲ့သူတွေ gym ဆော့နေတဲ့သူ keto စားနေတဲ့သူတွေအတွက် DREAM Brownie Bites လေး ပြန်ထုတ်ပေးပါမယ်လို့ ကြိုပြီး အိမ်မက်ပေးခဲ့ပါရစေရှင်

ကာကာ အဟောင်းတွေက ပုံမြင်တာနဲ့ အရသာအလွတ်ရနေပေမယ့် ကာကာအသစ်တွေ မသိမှာစိုးလို့ တပုံချင်းစီမှာ description လေး ထည့်ပေးထားပါတယ်နော် ဒါမှမဟုတ် page messenger မှာ သိချင်တာရှိရင် လာမေးလို့ ရပါတယ်ရှင့်

ချစ်တဲ့ မင်မင် ငပျင်း 🥰

10/03/2023

ဘဝ က အကြွေးရှင်တွေ နောက်ကလိုက်လို့ ပြေးနေရတဲ့ အကြွေးသမားလေးလိုပဲ

Private cb ကရော page messenger ကရော
"မုန့်ဘယ်တော့လုပ်မလဲ" ဆိုတဲ့ စာတွေ မြင်ရင် ရင်တွေပါ တုန်လာရော

အဲဒါကိုမှ အပြင်သွားနေရင်းကိုတောင် လမ်းမှာတွေ့တဲ့ ကာကာတွေက "ဘယ်တော့ရမှာလဲ မုန်လာဥ လာမလုပ်နဲ့ ပုံပြင်တွေ မပြောနဲ့" ဆိုပြီး ပြောခံရတော့ လန့်သွားတာ ထိတ်ခနဲပဲ
သောက်လက်စအအေးပါနင်သွားတယ်

ခုလာမယ့်အပတ် ၁၇/၁၈ တစ်ရက်ရက် ကို ရွေးပြီး ကတိ တကယ်တည်ပေးပါ့မယ်

မှာလို့ရမယ့် menu နဲ့ စျေးအသေးစိတ်ကိုတော့ ရှူဆေးဘူးယူ ခေါင်းကိုက်ပျောက်ဆေးဆောင် ဒီနေ့ပဲ ingredients စျေးတွေ စုံစမ်းပြီး နက်ဖြန်ညကျမှ စျေးနှုန်း ပြန်တင်ပေးပါ့မယ်နော်

ကာကာတို့ အားလုံး ကို ချစ်တယ်
မင်မင် မပျင်းရဲတော့ပါဘူး

06/03/2023

My ကာကာများ
"မင်မင်ရေ
2022 က ပြောတော့ နှစ်မကုန်ခင် ရောင်းမယ်ဆိုပြီး
ခုလည်း 2023 ရောက်တော့ ဖေဖော်ဝါရီလ မကုန်ခင်ရောင်းပါ့မယ်ဆို ဒီမင်မင် ပလေးနေတာ များနေပြီ
အိပ်ရာကထပြီး မုန့်လုပ်ပါဦး"

Me as Tasty Bites မင်မင် ……….





စတာပါ နောက်တာပါ အတည်ပါ
ပစ္စည်းစျေးတွေ ကြည့်ပြီး လန့်နေလို့ ခဏမေ့ချင်ယောင်ဆောင်နေတာပါ 🤪

12/02/2023

အားလုံးပဲ မင်္ဂလာပါရှင်
Tasty Bites မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်

ခု Valentine’s Day နီးလာပြီဆိုတော့ ကာကာတို့အကျိုးရှိစေမယ့် facts လေး တချို့ မျှဝေချင်လို့ပါ
Valentine’s Day ရဲ့ dark truth တွေ St.Valentine တွေ ခဏမေ့ထားလိုက်ရအောင်

Valentine ကတော့ Strength လို့ အဓိပ္ပါယ်ရပါတယ်
Will you be my valentine??? ဆိုတာ မင်းကိုယ့်ရဲ့ အင်အားလေး ဖြစ်ပေးနိုင်မလား လို့ နူးနူးညံ့ညံ့လေး propose တဲ့သဘောပါပဲ
မင်းပေးတဲ့ အင်အားတွေနဲ့
I'd climb every mountain
And swim every ocean
Just to be with you
And fix what I've broken လုပ်မယ်ပေါ့ အယ်လယ်

Valentine’s Day မှာ လက်ဆောင်ပေးကြတယ် ပန်းစည်းပေးကြတယ် ချောကလက်တွေ ပေးကြတယ်ဆိုတော့ မင်မင် က ပန်းထဲမှာ ဝယ်ရအလွယ်ဆုံးနဲ့ အရင်ခေတ်ကနေ ခုထိ အဓိကနေရာက ပါဝင်နေတဲ့ နှင်းဆိပန်းလေးရဲ့ အပွင့်ရေနဲ့ အဓိပ္ပါယ်လေးတွေကို share ပေးချင်ပါတယ်

အချစ်ကို ကိုယ်စားပြုတဲ့ နှင်းဆီပန်း မှာ အဓိပ္ပါယ်လေးမျိုးကတော့ Romance, Love, Beauty and Courage လို့ ပြောကြပါသတဲ့
တွေးကြည့်လိုက်ရင် ချောချောလှလှ မိန်းကလေးတစ်ယောက်ကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ သတ္တိမွေးပြီး နှင်းဆီပန်း ပေးတဲ့သဘောပဲပေါ့

တကယ်တော့ မင်မင် က ပန်းတွေကို အဓိပ္ပါယ်တွေနဲ့ တွဲမှတ်ထားလေ့ရှိတော့ ပေးသင့်တဲ့ပန်းတွေရောအရောင်တွေရော ကွာခြားမှုတွေရော ပြောပြချင်တာ
ခုတော့ လျှာမရှည်တော့ပါဘူး လိုရင်းပဲရေးလိုက်ပြီ

A single rose: It indicates “Love at First Sight”
2 Roses: Give 2 roses to show that you are deeply in love with them
3 Roses: I Love You
4 Roses: To Signify nothing will stand between the two of us.
5 Roses: Express your care and love for that special someone. Gift 5 roses to express how much you care for your partner or a good friend.
6 Roses: The perfect way to say, “I want to be yours”. Gift a 6 rose bouquet on your date to express those feelings to her/him.
7 Roses: I’m infatuated with you.
8 Roses: A symbol of support for friends or family that are going through a difficult time.
9 Roses: To signify eternal love and show that you want to spend the rest of your life with that significant other.
10 Roses: They are perfection.
12 Roses: A simple way to ask your crush to be yours.
13 Roses: Friends forever.
18 Roses: To tell a loved one to stay young and beautiful. It is a symbol of trueness and sincerity.
24 Roses: Signify that special someone is always on your mind 24/7.
30 Roses: Express your faithfulness to your significant other.
33 Roses: To show her/him, “I Love you” with great affection.
40 Roses: My love for you is genuine.
47 Roses: To signify that you are my one and only.
50 Roses: Your unconditional love that you will never regret.
66 Roses: Nothing’s gonna change my love for you.
77 Roses: You are my soul mate.
88 Roses: To apologise from the bottom of your heart for a mistake you made.
99 Roses: I will love you till the day I die.
100 Roses: I am totally devoted to you.
101 Roses:You are my one and only
108 Roses:Will you marry me?
111 Roses:Eternal love
144 Roses:Loving you day and night eternally
365 Roses:I love you every single day / Speak of a love that has remained constant and true throughout the year
999 Roses:My love will last till the end of time
1001 Roses:Infinite love /Speak of a faithful love that will live on forever

ကဲ ဒီလောက်ဆိုရင်တော့ ဘယ်နှပွင့်ပေးရင် ဘာအဓိပ္ပါယ်လဲ ခန့်မှန်းလို့ရပြီနော်
ဒါနဲ့ Brownie Bites လေးတွေ လုပ်ပေးမယ်ဆိုတဲ့ ကတိကို မမေ့ပါဘူးနော် မင်မင် Feb last week မှာ လုပ်ဖြစ်ဖို့များပါတယ်
အားလုံးပဲ ချစ်ခြင်းမေတ္တာနဲ့ ပြည့်နေမယ့် ရက်သတ္တပတ်လေး ဖြစ်ပါစေရှင့်





Pic crd - Kayor กะญอ

05/02/2023

အားလုံးပဲ မင်္ဂလာပါရှင်
မတွေ့ရတာ အရမ်းကို ကြာသွားပြီ
Tasty Bites မှ ပြန်လည်ကြိုဆိုပါတယ်

Valentine’s Day အတွက် ချောကလက် လုပ်ပေးဖို့တွေ လာပြောကြတယ်
၂၀၂၂ အတွင်း မုန့်လုပ်ခဲ့တာ ၂ ခါပဲ ရှိတာကို ခုထက်ထိ တကယ့်ကို ယုံယုံကြည်ကြည်နဲ့ လာအပ်ကြလို့ ကျေးဇူးအများကြီးတင်ပါတယ်

ဒါပေမယ့် မင်မင်ကလေ သိတဲ့အတိုင်းပဲ လုပ်ရင် သေချာလေးလုပ်ပေးချင်တာ
V day ဆိုတာ မိန်းကလေးတွေ အတွက်အမှတ်တရနေ့အဖြစ် သတ်မှတ်ကြပေမယ့်လည်း RS တွေအတွက်ပဲ မကဘူး singles တွေ အတွက်ပါ တရားမျှတရမယ်ဆိုပြီး မနှစ်က I’m yours set နဲ့ Shining solo set 2 ခု ခွဲပြီး လုပ်ခဲ့တာပဲကြည့်

ဒီနှစ်တော့ V day idea ထွက်လာပေမယ့်
ချောကလက်လှလှလေးတွေ လုပ်ပေးချင်ပေမယ့်
ဘယ်ပန်းက ဘာအဓိပ္ပါယ်မို့
ဘယ်နှပွင့်ပေးရင် ဘယ်လိုသတ်မှတ်တယ်ဆိုပြီး
သေချာလေး အောင်သွယ်တော် လုပ်ချင်ပေမယ့်
packaging ကုန်စျေးနှုန်းကို အနောက်က မလိုက်နိုင်လို့ တခြားဟာလေးတခု စီစဉ်ထားပါတယ်

မင်မင် V day နား အနီးတဝိုက် weekend တခုခုမှာ brownie bites လေးတွေကို special price နဲ့ ပြန်ရောင်းပေးပါ့မယ်
Menu တော့ အကုန်မပါလောက်ပေမယ့် တကယ့်ကို fair and square ဖြစ်အောင် ကြိုးစားပြီး လုပ်ပေးမှာမို့ cb ကနေ လာလာပူဆာနေတဲ့သူတွေ အဲ့ချိန်ကျ မမေ့ရဘူးနော်

ချစ်ခြင်းမေတ္တာနဲ့ ပြည့်နှက်နေတဲ့ ဖေဖော်ဝါရီလလေး ဖြစ်ပါစေရှင်

21/12/2022

ဒီနေ့က Tasty Bites အသက် တစ်နှစ်ခွဲပြည့်တဲ့ မွေးနေ့လေး မို့ ပထမဦးဆုံး ထုတ်ခဲ့တဲ့ packaging design လေးနဲ့ပဲ အမှတ်တရ တင်လိုက်ပါတယ်
ငပျင်း မင်မင် ဟာ ဒီတစ်နှစ်လုံးမှ မုန့်လေး ၂ ခါပဲ လုပ်နိုင်ခဲ့လို့ တာဝန်မကျေပါဘူး
ဒါပေမယ့် ခုချိန်ထိ Tasty Bites ကို အမြဲသတိတရရှိပေးကြတဲ့ အတွက် ကျေးဇူး အများကြီး တင်ရပါတယ် ရှင့်

04/12/2022

မုန့် တင် မကဘူး
အစားအသောက်ချက်တဲ့နေရာမှာ စိတ် တခု ထားရတယ်

ကိုယ်လုပ်ပေးလိုက်တဲ့ အစားအစာ ကို စားလို့ ပျော်ရွှင်သွားကြမယ့်လူတွေရဲ့ ပုံရိပ် ကို ရည်ရွယ်ပြီး မေတ္တာစိတ်လေးနဲ့ ချက်မှ အဆင်ပြေတယ် (မေမေ)

အစားအသောက်တခုခု ချက်ရင် ပြီးပြီးရော မချက်ရဘူး တာဝန်ကျေမချက်ရဘူး စိတ်ရှည်လက်ရှည်နဲ့ သေသေချာချာ ပုံဖော်ပြီး ချက်ရတယ် (ဖေဖေ)

ဟုတ်ပါတယ်
Mood မကောင်းရင် recipe ဘယ်လောက် ကောင်းကောင်း အရသာ သေချာ မထွက်လာတတ်ဘူး
ဝမ်းနည်းရင်းလုပ်တဲ့ မုန့်တွေက အချိုများပြီးတော့ ဒေါသထွက် စိတ်တိုတဲ့အချိန်မှာ လုပ်တဲ့မုန့်တွေက မုန့်သားစပ်တဲ့အခါမှာ အဆင်မပြေတတ်ဘူး

စိတ်အေးကြည်သာဖြစ်တဲ့အချိန်မှာ ချစ်ခြင်းမေတ္တာလေး ထည့်ပြီး လုပ်ခဲ့တဲ့မုန့်တွေကတော့ the best review တွေ ပြန်ရတတ်တယ် ဒါကြောင့်မို့ mood မကောင်းရင် မင်မင် မုန့်မလုပ်တော့တာပါ ဒီလတော့ ပြန်လုပ်မယ်နော်
Promise 🤜🤛

02/12/2022

Midnight အတိမှာ share ပေးလိုက်ပြီနော်
ဘယ်လိုပုံစံနဲ့လာလာ ချစ်ခြင်းမေတ္တာ က ရိုးရှင်းပါတယ် နွေးထွေးပါတယ်
ဒီတခါ First Love လုပ်ရင် မင်မင် ဒီသီချင်းလေး နားထောင်မယ် စိတ်ကူးတယ်
အသံတွေရဲ့ frequency ကနေ မုန့်အရသာ ကို ပိုချိုမြိန်နေစေလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပေါ့ နောက်တခုက Nov မှာ မုန့်ပြန်လုပ်မယ် ကတိပေးပြီး မထုတ်နိုင်ခဲ့တဲ့အတွက် တောင်းပန်ပါရစေ
Dec 2nd week မှာတော့ သေချာလေး အားစိုက်ထုတ်ပြီး မုန့်ပြန်လုပ်မှာမို့ preorder တင်လို့ရမယ့်ရက်ကို ဒီ ရက်အတွင်း announce လုပ်ပါမယ်

Photos from Tasty Bites's post 02/12/2022

ပန်းတွေမှာ အဓိပ္ပါယ်ရှိပါတယ်
ခုပြထားတဲ့ Blue Daisy ဆိုရင် Felix ပျော်ရွှင်မှု လို့ ဖွင့်ဆိုလို့ရပါတယ်

မင်မင့်ရဲ့ Brownie Bites လေးတွေမှာလည်း သူ့အဓိပ္ပါယ်နဲ့ သူရှိပါတယ် ပါဝင်တဲ့ ingredients ပေါ်မူတည်ပြီး ပေးထားတဲ့ နာမည်လေးတွေရှိသလို အဓိပ္ပါယ်တစ်ခုခု ရစေချင်လို့ ပေးထားတဲ့ နာမည်လေးတွေလည်း ရှိတယ်

Potterhead တွေကတော့ Felix Felicis ကိုသိတာမို့ Felix အဓိပ္ပါယ်ကို ကောင်းကောင်းသိမှာပါ 😁

21/11/2022

အားလုံးပဲ မင်္ဂလာ ပါ
Tasty Bites မှ ပြန်လည် ကြိုဆိုပါတယ်
ဘယ်နှစ်ဘူးစားစား မရိုးနိုင်တဲ့
ကာကာတိုင်းရဲ့တောင်းဆိုမှု အများဆုံးဖြစ်တဲ့
Tasty Bites ရဲ့ all time fav item အနေ နဲ့ ပြန်မိတ်ဆက်ပေးချင်တာ က တော့ FIRST LOVE ဖြစ်ပါတယ်

ဒီ product လေး ကို FIRST LOVE လို့ ဘာလို့ပေးဖြစ်သွားလဲ ဆိုတော့ ...

လူတော်တော်များများ အချစ်ဦး နဲ့ လွဲဖူးကြပါတယ်
အချစ်ဦး ဆိုတာ ပထမဦးဆုံး ရည်းစား ကို ပြောတာ မဟုတ်ပါဘူး ပထမဦးဆုံး ချစ်ခဲ့ရတဲ့သူပါ
အချစ်ဦး ဟာ ပျော်ရွှင်မှု ကို ပေးတယ်
မျှော်လင့်မှု ကို ပေးတယ်
ဝမ်းနည်းမှု ကို ပေးတယ်
နာကျင်မှုကို ပေးတယ်
တမ်းတရတဲ့အတိတ်နေ့ရက်တွေကို ပေးပါတယ်

မင်မင့်ရဲ့ FIRST LOVE Brownie Bites လေး ဟာ ဝါးနေရင်းနဲ့မှ အမျိုးအစားမတူတဲ့ ချောကလက်အရသာ2 ခု ကို တပြိုင်နက် ခံစားရရှိစေမှာပါ

ချောကလက် အမျိုးအစား ၂ ခု ပေါင်းစပ်ထားတဲ့ ခါးသက်မှု ချိုမြိန်မှု နဲ့ အတူ ခုလို မိုးအကုန် ဆောင်းအကူးလေးမှာဖြင့် လှပတဲ့ memories တွေ ကို recall ပြန်ခေါ်နိုင်မလား မလှပတဲ့ ဖြစ်ရပ်တွေ ပြန်သတိရလာပြီး ဆဲချင်နေမလား ဆိုတာကိုတော့

တစိမ့်စိမ့်စားပြီး ဆုံးဖြတ်လိုက်ကြပါရှင်

19/11/2022

မင်္ဂလာပါရှင်
Tasty Bites မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်
5 ခုမြောက် item အနေနဲ့ ဒီနေ့တော့ မင်မင် အကြိုက်ဆုံး product ဖြစ်တဲ့ လေး အကြောင်း remind ပြန်လုပ်ချင်ပါတယ်

Tasty Bites ကို 21.6.21 မှ စတင် launch လုပ်ခဲ့ပြီး ယခုချိန်ထိ chocolate based brownie bites လေး 10 ခု မိတ်ဆက်ပေးခဲ့ပါတယ်
အသီးအစစ် နဲ့ products ကတော့ 5 မျိုး ပါရှိပါတယ်

ထုတ်ခဲ့ဖူးတဲ့ products တွေထဲကမှ Tender loving care series Felix and Peace ဟာ ကလေးတွေကို အဓိကထား ရည်ရွယ်ပြီး ထုတ်ခဲ့တာဖြစ်ပေမယ့် လူကြီးတွေက ပိုကြိုက်နေကြတာ ကို အံ့ဩဖွယ် တွေ့ရှိရပါတယ် 😬

ကလေးတွေ အတွက် အရသာလည်းရှိ အာဟာရလည်း ပြည့် တီထွင်ဖန်တီးမှုစွမ်းအားလည်း ကောင်းစေမယ့် မုန့်လေး အဖြစ် ရည်ရွယ်ပြီး ကန်စွန်းဥ ကို ပြုတ် အခြောက်လှန်း အမှုန့်ဖြစ်အောင် လုပ်ထားတာရယ် နွားနို့ရယ် white chocolate ရယ် အချိုးကျကျ ပေါင်းစပ်ထားတာဖြစ်ပါတယ်
(အချိုကြိုက်တဲ့သူတွေ အတွက် not recommended ပါ)

Sweet potato ရဲ့ အဓိပ္ပာယ် က Peace ပါ
White chocolate က Creative and Artistic ဖြစ်ပြီး
Milk ကတော့ Mother လို့ အဓိပ္ပါယ်ရပါတယ်
မင်မင်တို့ရဲ့ Peace Brownie Bites လေး ဟာ သားသား မီးမီး တို့ မှတ်ဉာဏ် ကို ကောင်းမွန်စေရုံသာမက အမြင်အာရုံကိုလည်း ကူညီပေးတဲ့အပြင် အမျှင်ဓာတ်အများကြီးပါလို့ အစာအိမ်နဲ့ အူလမ်းကြောင်းကိုလည်း အထောက်အပံ့‌ဖြစ်စေမှာ အသေအချာပါပဲရှင်

မင်မင်ကိုယ်တိုင် ငချိတ်ကန်စွန်းဥ လို့ ခေါ်တဲ့ ခရမ်းရောင် ကန်စွန်းဥတွေကို ပေါင်း နုတ်နုတ်လေးဖြစ်အောင် လှီးပြီး သုံးပုံတစ်ပုံ အခြောက်ခံ အမှုန့်လုပ် ကျန်တာကတော့ မုန့်နဲ့ ရောတာပေါ့

Tasty bites က ထုတ်လုပ်တဲ့ brownie bites လေးတွေဟာ food coloring, baking powder, baking soda နဲ့ အခြား preservatives တစ်ခုမှ မပါလို့ Shiraz brownie bites ကလွဲပြီး ကျန် products 9 မျိုးကို ကာကာတို့ရဲ့
ဖိုးဖိုးဖွားဖွားတွေရော ကလေးတွေကိုရော pet လေးတွေကိုပါ စိတ်ချလက်ချ ကျွေးလို့ရပါတယ် ဆိုတဲ့ အကြောင်း ထပ်ဆောင်းပြောကြားရင်း.......

18/11/2022

Hello အားလုံးပဲ မင်္ဂလာပါရှင်
Tasty Bites မှ ပြန်လည် ကြိုဆိုလိုက်ပါတယ်

Memory recall ခေါ်ပြီး မုန့်လေးတွေ မိတ်ဆက်ပေးနေတာ ဒီနေ့ဆို 4th item ကို ရောက်ရှိလို့လာပါပြီ
DM patient နဲ့ keto diet သမားများ အတွက် အထူးပြုလုပ်ထားတဲ့ ပဲ ဖြစ်ပါတယ်

⚡Almond flour
⚡90% dark chocolate
⚡Natural cocoa powder
⚡Stevia sugar substitute

ပါဝင်ပေါင်းစပ်ထားတဲ့ Dream Brownie Bites လေး ဟာ သွေးတွင်းသကြားဓာတ်များမှာစိုးလို့ brownie ကို bye bye လုပ်ထားရတဲ့ ဆီးချိုလူနာများ, calories တွက်ပြီး စားနေရတဲ့ keto သမား များ အတွက် အထူးပင် သင့်လျော်ပါတယ်
( 100% dark chocolate ရအောင် မရှာနိုင်ခဲ့တာတော့ ခွင့်လွှတ်ကြပါ )

သူ့အရသာ က first love နဲ့ မတိမ်းမယိမ်းပါပဲ
မင်မင် ဟာ stevia နဲ့ natural cocoa powder ဈေးတင် သွေးတက်နေလို့ plain coffee ထပ်မရှာခဲ့တဲ့အတွက် coffee အရသာတော့ ပါမှာ မဟုတ်ပါဘူး

ဘဝမှာ အိပ်မက်တွေ မက်ခွင့်ရှိပါတယ် အဲဒီအိပ်မက် ကို ရောက်ဖို့ သူများသွားတဲ့ လမ်းတည့်တည့် က ကိုယ်သွားလို့ မရရင် ကွေ့ပတ်သွားရမယ်ဆိုလည်း သွားရမယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ Dream လို့ ပေးထားတာပါ
ဆီးချိုလူနာတွေရဲ့ အိပ်မက်ဖြစ်တဲ့ brownie အချိုလေး စားရဖို့ဆိုတာ နောက်ဆုံးတော့ ဖြစ်လာပါပြီ

ခုချိန်ထိ အားပေးခဲ့ကြတဲ့ customers တွေကို မင်မင် ကအထူးကျေးဇူးတင်ရှိကြောင်း ပြောကြားရင်း ဘယ်နေ့မုန့်ပြန်လုပ်ဖြစ်မလဲကိုတော့ ပြန်ကြော်ငြာပေးပါ့မယ်ရှင်

16/11/2022

အားလုံးပဲ မင်္ဂလာ ပါ ကာကာတို့ရေ
Tasty Bites မှ ပြန်လည် ကြိုဆိုလိုက်ပါတယ်
ခုတစ်ခါ memory recall အစီအစဉ်ရဲ့ တတိယမြောက် item အနေနဲ့ မင်မင် မိတ်ဆက်ပေးချင်တာ က တော့ SHIRAZ ဖြစ်ပါတယ်

Alcohol 13 -15% ပါတဲ့ Shiraz wine လုပ်ဖို့အတွက်အဖန်ဓာတ်များပြီး ပုံမှန်အချဉ်ဓာတ်ရှိတဲ့ Shiraz စပျစ်သီးတွေကို အဓိကထား သုံးပါတယ်
အဲဒါကိုမှ Tasty Bites က dark chocolate နဲ့ ရောလိုက်တဲ့အချိန်မှာတော့ ချောကလက်အရသာပိုပြင်းသွားပြီး အဆုံးသတ်မှာ Shiraz Red wine ရဲ့အရသာ ကို ခံစားသိရှိ‌ရမှာ ဖြစ်ပါတယ်
ဒီ product အတွက် မင်မင် 8 နှစ်သက်တမ်းရှိတဲ့ Aythayar Shiraz တံဆိပ် ကို သုံးထားပါတယ်

အိမ်လည်း မပိုင်ဘူး alcohol ပါတာလေးလည်း စမ်းကြည့်ချင်တယ်ဆိုတဲ့သူ‌တွေရော
သောက်နေကျ ကြွက်တွင်းပါ ဒါပေမယ့် Wine ပါတဲ့ dessert ကို မြည်းစမ်းကြည့်ချင်တဲ့ သူတွေအတွက်ရော အရမ်း အရမ်း အဆင်ပြေပါတယ်လို့
အထူးသတိပြုဖို့ကတော့ ကလေးငယ်တွေ ကျောင်းသူကျောင်းသားတွေ အတွက်တော့ မသင့်တော်ပါဘူးရှင်

မူးလား မမူးလား မမေးပါနဲ့
ကာကာတို့ရဲ့ threshold အပေါ် မူတည်ပါတယ်
သိချင်ရင်တော့ ကိုယ်တိုင်စားကြည့်လိုက်ကြပါဦးနော်

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00