Gaia Yin
Be HAPPY Every Day
မင်္ဂလာပါရှင်
9.9.2023
လူသားအားလုံးအတွက် Wealth Channel ပွင့်နေပါပြီ 💸💵💴💶💷💰
ဒီနေ့ နေ့လည် 3:30-4:30 အတွင်း
မိမိကိုးကွယ်ရာဘုရားရှေ့မှာ
🙏သောက်တော်ရေ(၉)ခွက်၊
🙏ဆီမီး(၉)တိုင်၊
🙏အမွှေးတိုင်(၉)တိုင်
ကပ်လှူပူဇော်ပြီး လိုရာဆုတောင်းကြပါနော်
ချစ်တဲ့
မယဥ်
မင်္ဂလာ မနက်ခင်းပါရှင့်။
1.Sept.2023
👉အလုပ်ကိစ္စအဆင်ပြေလိုသူတွေ၊အောင်မြင်မှုရ လိုသူတွေအတွက်
9:40-11:00
16:20-17:40
19:00-20:20
အတွင်း လုပ်ဆောင်နိုင်ပါတယ်။
👉အကြွေးကျေလိုသူတွေအတွက်ကတော့ 17:40-19:00
အချိန်မှာ ဆုတောင်းပါနော်။
🙏အဆင်ပြေကြပါစေရှင်။
ချစ်တဲ့
မယဥ်
"မေတ္တာအခါတော်နေ့"
လူအများစုကတော့ သူတစ်ပါးကို မေတ္တာထားဖို့၊မေတ္တာပို့ဖို့၊မေတ္တာသုတ်တော်ပူဇော်ဖို့ပဲ လုပ်နေကြတာတွေ့ရပါတယ်။
အဓိကမေ့နေတတ်တာ တစ်ခုအကြောင်းပြောပြချင်လို့ပါရှင်။
မေတ္တာထားတယ်ဆိုတာ ခင်မင်ရင်းနှီးသူတွေအတွက် လွယ်ကူပေမယ့်၊ကိုယ်တအားမုန်းတီးနေသူအပေါ် မေတ္တာထားပေးလို့ရပါသလား?
မရသေးဘူးဆိုရင် သင်ဟာ သင့်ကိုယ်သင် မေတ္တာထားဖို့ မေ့နေလို့ပါ။သူတစ်ပါးကို ခွင့်လွှတ်ဖို့အတွက် ကိုယ့်ကိုယ်ကို အရင်ခွင့်လွှတ်နိုင်မှ၊မေတ္တာထားနိုင်မှ စိတ်လေးအေးချမ်းမှာပါ။
ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်ဆုံး မေတ္တာပို့သဖို့ မမေ့ကြပါနဲ့နော်။
"(မိမိအမည်) ကျန်းမာပါစေ၊ချမ်းသာပါစေ၊နှလုံးစိတ်ဝမ်းအေးချမ်းပါစေ" လို့ ရွတ်ဆိုပါ။ကိုယ့်ပုံကိုမြင်ကြည့်ပြီး ပြုံးပြလိုက်ပါ။
နောက်ထပ်
"I Love myself,I forgive myself,I forgive my past." လို့ ရွတ်ဆိုပြီး ကျေကျေနပ်နပ်ကြီးပြုံးကြည့်လိုက်ပါနော်။
မေတ္တာတရားကြောင့် အေးချမ်းကြပါစေရှင်။
ချစ်တဲ့
မယဥ်
💓
မင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေရှင်☘️
ကျွန်မတို့တွေ နေ့စဥ်နေ့တိုင်း ဘဝအမောတွေနဲ့ အမြဲရင်ဆိုင်နေကြရတယ် မဟုတ်ပါလား ❓
ဟိုလူ့အတွက်ပူရတာနဲ့၊ဒီလူ့အတွက်ပူနေရတာ၊သားရေး သမီးရေး၊စားဝတ်နေရေး အမျိုးစုံအပူတွေထဲမှာ ကိုယ့်အတွက်ဆိုတာ မေ့နေခဲ့ကြတယ်ဆိုတာကော သတိထားမိကြပါသလား❗️
ဒီနေ့ကစပြီး မနက်နိုးလာတိုင်း မိမိကိုယ်ကိုမြင်ယောင်ပြီး 💖💞
"ကျန်းမာပါစေ၊ချမ်းသာပါစေ၊နှလုံးစိတ်ဝမ်းအေးချမ်း၍ ဘေးကင်းလိုရာဆန္ဒပြည့်ဝပါစေ"
ဆိုပြီး ကိုယ့်ကိုယ်ကိုမေတ္တာပို့သကြည့်လိုက်ကြပါရှင်။
ချစ်တဲ့
မယဥ်
"DUALITY"
လောကနိယာမအရ အကောင်းရှိရင် အဆိုးရှိမယ်။အပူရှိရင် အအေးရှိမယ်။အလင်းရှိရင် အမှောင်ရှိမယ်။ဒါတွေက အမြဲဒွန်တွဲနေတာပါပဲနော်။
ကိစ္စတစ်ခုကို မြင်လိုက်တာနဲ့ မကောင်းဘူးလို့ထင်ရင် နောက်တဖက်မှာ ကောင်းတာတွေလည်းရှိနေတယ်ဆိုတာကို မြင်တတ်ဖို့လိုပါတယ်။
အခုချိန်မှာ ငါအလုပ်အကိုင် မရှိသေးပါလားလို့ တွေးနေမယ့်အစား၊ဒီအလုပ်မရှိသေးလို့ ငါ့မှာအချိန်ပိုတွေထွက်လာတယ်၊အဲ့အချိန်တွေမှာ ငါ့အတွက်လိုအပ်တာတွေ တစ်ခုချင်းလုပ်လို့ရတယ်လို့ မြင်ကြည့်လိုက်ပါ။ခုချိန်မှာ အလုပ်မရှိသေးတာဟာ နောင်တချိန်မှာ ကိုယ့်အတွက် ကောင်းဖို့ဖြစ်လာတာပါ။
အရာရာတိုင်းက အမြဲဒွန်တွဲနေတာမို့ ၂ဖက်မြင်တတ်နိုင်ကြပါစေ။
မြင်တဲ့အတိုင်းလည်း ကျင့်ကြံအားထုတ် ကြိုးစားနိုင်ကြပါစေရှင်။
ချစ်တဲ့
မယဥ်
လောကကြီးမှာ များသောအားဖြင့် လူတွေက Idea အကြောင်း မစဥ်းစားဘဲ Personal အကြောင်းတွေပဲ သိပ်စိတ်ဝင်စားကြပါတယ်။
" Idea ထက် Personal ကိုပဲ သိပ်စိတ်ဝင်စားနေမယ်ဆိုရင် ခေတ်မှီတိုးတက်နေတဲ့ ကမ္ဘာကြီးပေါ်မှာ မင်း ပါမလာဘဲ ကျန်နေခဲ့ပါပြီ"
ချစ်တဲ့
မယဥ်
အကြည်ဓာတ် (Positive Energy)
အကြည်ဓါတ် ရှိတဲ့သူတွေက သူတို့ ဘာလုပ်လုပ် တင့်တယ်ပြီးကို ချစ်စရာကောင်းနေတော့တာပါ။ ရုပ်ချောတာ၊ မချောတာ၊ ငွေကြေး ချမ်းသာတာ၊ ဆင်းရဲတာနဲ့ မဆိုင်ဘူးနော်။
အကြည်ဓာတ်ဆိုတာလေ သူနဲ့ကိုယ်နဲ့ သိသိ မသိသိ မျက်နှာလေးမြင်လိုက်ရရင်ကို အေးချမ်းပြီး စိတ်ချမ်းသာနေရတာမျိုး၊ သူ့ရဲ့ စကားပြောပုံ၊ အပြုအမူတွေအကုန်လုံးက အပြစ်မြင်စရာမရှိဘဲ ကြည့်ကောင်းနေတာ။
သူဘာပဲပြောပြော နှစ်သက်စရာကောင်းတယ်၊ သူဘာပဲလုပ်လုပ် ချစ်စရာကောင်းနေတယ်ဆိုတာမျိုးပေါ့။ ဒါဟာ အကြည်ဓာတ်ရှိတဲ့ လူတစ်ယောက်ဆီက ကိုယ့်ကို ကူးစက်စေလာတဲ့ Positive energy တွေပါ
✨ အကြည်ဓာတ်ရှိတဲ့သူနဲ့ မရှိတဲ့လူဟာ ကျွန်မတို့ပတ်ဝန်းကျင်မှာ သိပ်ကိုသိသာပါတယ်။ လူတစ်ယောက်ကို ကျွန်မတို့ မြင်တောင်မမြင်ချင်ဘူးလို့ တွေးမိတဲ့အခိုက်အတန့်တွေပေါ့။ မျက်နှာကြီးက သုန်မှုန်ပြီး ဆူပုပ်လို့၊ ပြောသမျှစကားတိုင်းကလည်း သူများတကာကို အပြစ်တင်တဲ့စကားတွေ၊ ဝေဖန်ရှုံ့ချတဲ့စကားတွေနဲ့ တစ်ချိန်လုံး သူတို့ပြဿာနာတွေကို ညည်းညူပြနေတဲ့ သူတွေကို မြင်ဖူးမှာပေါ့။ သူတို့နဲ့ တွေ့ဆုံစကားပြောရတဲ့အခါ ကိုယ်ပါသူတို့ရဲ့ ဘဝကိုပြစ်တင်ညည်းညူမှုတွေကြားမှာ စိတ်ပင်ပန်းလာရတယ်၊ စိတ်ကြည်လင်မှုမရှိတော့ဘူး။ ကိုယ့်ရဲ့ energyတွေဆုတ်ယုတ်လာသလိုခံစားလာရတယ်လေ။ ဒါဟာ negative energy တွေကူးစက်ခံလိုက်ရခြင်းဖြစ်ပါတယ်။
အကြည်ဓာတ် (Positive energy) ဆိုတာ လူတိုင်းမှာမရှိဘူး။ လူတစ်ချို့မှာက နဂိုတည်းကကို အကြည်ဓာတ်ခံလေးနဲ့ ပါလာကြပြီးသားပေါ့။ ကိုယ့်မှာတော့အကြည်ဓာတ်မရှိလို့ဆိုပြီး စိတ်ပျက်နေစရာလည်းမလိုပါဘူး။ အကြည်ဓာတ်ရအောင် ကျွန်မတို့လေ့ကျင့်ကြိုးစားကြည့်လို့ရနိုင်ပါတယ်။
အရှေ့ရက်တွေက ကျွန်မ တစ်ရက်ချင်းပြောပြခဲ့တဲ့ အချက်တွေအတိုင်း နေသွားမယ်ဆို လူတိုင်း အကြည်ဓာတ်ရနေမှာပါရှင်။
(လူတွေက စာရှည်ရှည်ဆို စိတ်မဝင်စားတာမို့ တစ်ရက် တစ်မျိုးစီ ရေးပေးထားတာပါ)
အကြည်ဓာတ်လေးတွေလင်းပြီး အေးချမ်းကြပါစေရှင်
ချစ်တဲ့
မယဥ်
"Exercises"🏋️♂️🤼♂️⛹️♀️🤾♀️🏌️♂️🏇🧘♀️🏊♂️🤽♂️🚴♀️
ချွေးထွက်အောင် လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ဖိစီးမှုအတွက် သက်သာစေတယ်၊။အသားအရေလည်းကြည်လင်စေပါတယ်။အလှအပအတွက်သာမက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။
နေ့တိုင်း လေ့ကျင့်ခန်းမှန်မှန် လုပ်ခြင်းဖြင့် ခန္ဓာကိုယ်ကြွက်သားကို တည်ဆောက်ပေးတယ်။ အကြောအချဉ်တွေ ပြေလျော့စေတယ်။ အစာခြေစနစ်ကို ကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်တွေကို လျင်မြန်စွာ ဖြစ်ပျက်ပြောင်းလဲစေတယ်။
အသက်ရှည်ကျန်းမာစေပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတယ်။ ခန္ဓာကိုယ်တွင်း မကောင်းတဲ့ အဆီပိုတွေနဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေလို့ ကိုယ်အလေးချိန်ကို ကျစေပြီး အဝလွန်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်ရင်း ကိုယ့်အသက်ရှူသံကို နားထောင်ကြည့်ပါ။နှလုံးခုန်သံကို နားထောင်ကြည့်ပါ။
လေကိုရှူသွင်း၊ရှူထုတ်လိုက်တဲ့အတွက် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားလိုက်တာမို့ လူကို ကျန်းမာစေပါတယ်။
တစ်ပတ်မှာ အနည်းဆုံး ၅ရက်လောက်တော့ လေ့ကျင့်ခန်း လုပ်ကြပါစို့နော်။
ချစ်တဲ့
မယဥ်
"Take Care of Myself"
ကိုယ့်ကိုကိုယ် ဂရုစိုက်ပါနော်။
ကိုယ်တိုင် ကျန်းမာပေါ့ပါးနေမှ သူတစ်ပါးကို ကူညီပေးလို့ရမှာပါ။
❤️အသက်ရှူလေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ
🧡မိမိဝါသနာပါတဲ့အရာ တစ်ခုခုလုပ်ပါ
💛ရေကိုများများသောက်ပေးပါ(၃လီတာခန့်)
💚အာဟာရမျှတအောင်စားပါ(အရောင်စုံနေပါစေ)
💙ကိုယ်ချစ်တဲ့သူတွေနဲ့ အချိန်ပေးပြီး စကားပြောပါ၊တွေ့ဆုံပါ
💜အနားယူချိန် သီးသန့်ထားပေးပါ
🤍ညတိုင်းအိပ်ရေးဝဝအိပ်ပါ(အိပ်ချိန်မှန်ပါစေ)
ချစ်တဲ့
မယဥ်
ချစ်ရတဲ့ မိတ်ဆွေများအတွက်
All Chakras အားလုံးမျှတစေဖို့အတွက် မဖြစ်မနေလေ့ကျင့်ပေးရမယ့် Yoga ကျင့်စဉ်အကြောင်း သိသလောက်လေး ပြောပြပေးချင်ပါတယ်။
ယောဂဆိုတာ အိန္ဒိယကနေ အစပြုပြီး နှစ်ပေါင်း ၅၀၀၀ကျော်ကြာခဲ့ပြီးဖြစ်တဲ့ သက်ရှည်ကျန်းမာစေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ လူတွေဟာ ယောဂဆိုတာ ခန္ဓာကိုယ်ကို ထူးဆန်းတဲ့နည်းလမ်းတွေနဲ့ လိမ်ချိုးနေတာလို့မြင်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ယောဂဆိုတာ သင့်ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ပိုင်းဆိုင်ရာနဲ့ စိတ်ဝိဉာဉ်ဆိုင်ရာတွေအားလုံးကို ကုသပေးနိုင်တဲ့ လေ့ကျင့်ခန်းအုပ်စုတစ်ခုပါ။ ယောဂဟာ ခုမှစကျင့်တဲ့သူတွေအတွက်ရော၊ ပုံမှန်လေ့ကျင့်သူတွေအတွက်ပါ ပြီးပြည့်စုံတဲ့ အစီအစဉ်တွေပါဝင်တဲ့ လေ့ကျင့်မှုတစ်ခုပါ။
ယောဂဆိုတဲ့စကားလုံးကတော့ သက္ကတဘာသာစကား “yuj” မှလာပါတယ်။ အဓိပ္ပါယ်ကတော့ “ ပေါင်းစည်းရန်”၊ “ပူးပေါင်းရန်” ၊ “ဆက်စပ်ပေးရန်” သို့မဟုတ် “ တွဲဆက်ပေးရန်” လို့ အဓိပ္ပါယ်ရပါတယ်။ ယောဂဟာ စိတ်နဲ့ကိုယ်နဲ့ တစ်ထပ်တည်းဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံပါတယ်။ ယောဂမှာ အသက်ရှူနည်းစနစ်တွေ၊ ကိုယ်နေဟန်ထားတွေ (asana တွေလို့လည်းခေါ်ပါတယ်) နဲ့ တရားထိုင်ခြင်းတွေ အားလုံးပေါင်းစည်းထားပါတယ်။
ဒီပေါင်းစည်းမှုကို ရရှိဖို့ဆိုရင် စည်းကမ်းတကျဖြစ်ဖို့နဲ့ ခန္ဓာကိုယ်၊ စိတ်နဲ့ ဝိဉာဉ်ကိုပေါင်းစည်းနိုင်အောင် လေ့ကျင့်ဖို့ လိုပါတယ်။ လေ့ကျင့်သူတွေဟာ ယောဂက သင်ကမ္ဘာကြီးကို ဘယ်လိုမြင်တယ်ဆိုတာကို ပြောင်းလဲပေးနိုင်တယ်၊ စိတ်ကိုအေးချမ်းစေတယ်၊ ဖိအားတွေကို လျော့ကျစေတယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုပေါင်းစပ်မှုတွေ အားလုံးဟာ ကျန်းမာရေးကိုတိုးတက်စေနိုင်ပါတယ်။
ယောဂအမျိုးအစားတွေ အများကြီးရှိပါတယ်။ ဥပမာ Ashtanga, Iyengar နဲ့ Sivananda စသဖြင့်ပေါ့။ အချို့သော စတိုင်လ်တွေကတော့ ပိုပြီးပြင်းထန်တာမျိုးကို တွေ့ရပါတယ်။ တစ်ခုချင်းစီဟာ အကျိုးသက်ရောက်မှုတစ်ခုချင်းစီအတွက် ရည်ရွယ်ပြီး ပိုပြီးခက်ခဲတဲ့ အဆင့်တစ်ခုမှာရှိပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးမှာတော့ ပန်းတိုင်က တစ်ခုတည်းရှိပါတယ်။ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး နှစ်ခုလုံး ကောင်းမွန်ဖို့ပါပဲ။
ယောဂရဲ့ပန်းတိုင်ကတော့ ခန္ဓာကိုယ်၊ စိတ်နဲ့၊ ဝိဉာဉ်(Body,Mind,Spirit) တို့ကို ညီညွတ်မျှတအောင် ပြန်လည်ထိန်းသိမ်းဖို့ပါပဲ။ ယောဂလေ့ကျင့်ခြင်းဟာ ခန္ဓာကိုယ်ကို ကြံ့ခိုင်စေတယ်၊ စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေတိုးလာ စေတဲ့အပြင် အာရုံစူးစိုက်မှုကိုလည်း ပိုအားကောင်းစေပါတယ်။ သိပ္ပံရှုထောင့်ကကြည့်မယ်ဆိုလည်း ယောဂကပေးစွမ်းနိုင်တဲ့ကောင်းကျိုးတွေဟာ အများကြီးရှိနေပါတယ်။ ယောဂဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ တိုးတက်ကောင်းမွန်စေပါတယ်။ ယောဂအနေအထားတွေဟာ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။
အထူးသဖြင့်တော့ အောက်ပိုင်းတွေဖြစ်တဲ့ ခြေချင်းဝတ်နဲ့ ဒူးတွေပါ။ သင့်ရဲ့ မျှခြေကိုလည်း ထိန်းပေးနိုင်တာကြောင့် ချော်လဲကျတာတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမဲ့ ယောဂကျင့်နေစဉ်မှာ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ပြုတ်ကျ၊ လဲကျခဲ့တယ်ဆိုရင် ဆရာဝန်ပြလိုက်တာ အကောင်းဆုံးပါပဲ။ ယောဂမှာလေ့ကျင့်ရတဲ့ အနေအထားတွေဟာ နာတာရှည်ကျန်းမာရေးပြဿနာတွေရဲ့ အကျိုးဆက်တွေဖြစ်တဲ့နာကျင်ခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။ အဆစ်ပြဿနာတွေကိုရောပေါ့။
ယောဂဟာ Chakras အတွက်လေ့ကျင့်နေတဲ့တရားထိုင်ခြင်းနဲ့လည်း တွဲဖက်လုပ်ဆောင်ရပါတယ်။ တရားထိုင်ခြင်းဆိုတာကလည်း ရောဂါမတူကြတဲ့ လူနာအမျိုးမျိုးအတွက် အကျိုးရှိစေတဲ့ အရာတစ်ခုပါ။ ယောဂဟာ သူတို့ရဲ့ ဖိအားတွေကို လျှော့ချပေးနိုင်ပြီး ဖောင်းကြွနေတာ၊ပိုလျှံနေတာကိုလည်း လျော့ချပေးနိုင်တယ်။ လိုနေတာကိုလည်း ဖြည့်ဆည်းပေးနိုင်တယ်။ ဒါ့အပြင် စိတ်ကို တည်ငြိမ်စေတယ်လို့ လူတွေက လက်ခံထားကြပါတယ်။ တကယ်လို့များ ကိုယ့်မှာ နာတာရှည်ပြဿနာရှိခဲ့မယ်ဆိုရင်တော့ ယောဂနဲ့ သင်လိုအပ်တဲ့ဆေးဝါးကုသမှုတွေကို တွဲလုပ်တာက ပိုပြီးကောင်းမွန်စေပါလိမ့်မယ်။
ယောဂရဲ့ကောင်းကျိုးတွေနဲ့ ခန္ဓာကိုယ်ပေါ် ဘယ်လိုသက်ရောက်စေတယ်ဆိုတာတွေကို လေ့လာစရာတွေ အများကြီးကျန်နေပေမယ့် ယောဂဟာ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းဖို့၊ ပျော့ပျောင်းဖို့နဲ့ ညီညွတ်မျှတဖို့ဆိုတာတွေအတွက်တော့ လုံခြုံစိတ်ချရပြီး ထိရောက်မှုရှိစေတဲ့ နည်းလမ်းတစ်ခုပါလို့ ဆိုချင်ပါတယ်။
ဖိအားတွေကို မျှတစေပြီး သွေးဖိအားပြဿနာရှိတဲ့လူတွေအတွက် ကောင်းမွန်စေကာ နှလုံးရောဂါရှိသူတွေအတွက်ကတော့ သွေးကို ပုံမှန်စီးဆင်းစေပြီး ရောင်ရမ်းခြင်းတွေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ စိတ်ကျရောဂါနဲ့ ဖိအားတွေရဲ့ လက္ခဏာတွေကိုလည်း သက်သာစေပြီး ပင်ပန်းမှုကို လျှော့ချပေးကာ ရင်ကြပ်ရောဂါသည်တွေအတွက်တော့ အသက်ကို ဘယ်လိုလွယ်ကူအောင် ရှူရမယ်ဆိုတာကို သင်ကြားပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုကလည်း ယောဂဟာ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကို ပြေလည်စေတယ်လို့ တွေ့ရှိပြီး အိပ်ဆေးတောင် သောက်စရာမလိုတော့တာကို တွေ့ရှိရပါတယ်။
– ခန္ဓာကိုယ်နဲ့ စိတ်ရဲ့ဆက်သွယ်ချက်ကို သိချင်တာမျိုးဆိုရင်တော့ သက်တောင့်သက်သာနဲ့ အာရုံစိုက်ရတဲ့ ယောဂမျိုးကိုရွေးချယ်ပါ။
ဆိုလိုတာက တရားများများထိုင်ရာတာမျိုး၊ မန္တန်ကျူးရတာမျိုးနဲ့ ယောဂရဲ့စိတ်ပိုင်းဆိုင်ရာအချက်တွေကို လေ့လာရတဲ့ ယောဂမျိုးကို ရွေးချယ်ပါလို့ တိုက်တွန်းချင်ပါတယ်။
– ဒဏ်ရာကြောင့်၊ ကျန်းမာရေးကြောင့် သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်မယ်ဆိုရင်တော့ ခန္ဓာကိုယ်အလိုင်းမန့်ညီဖို့ကို အာရုံစိုက်တဲ့ "Yoga Nidra " ကို ရွေးချယ်ပါလို့ အကြံပြုပါရစေရှင်။
ချစ်တဲ့
မယဥ်
"Kindness"
သနားကြင်နာတတ်မှုဟာ လူသိရှင်ကြားဖြစ်စရာမလိုပါဘူး။
ဥပမာ-
🐕ခွေးလေးတစ်ကောင် မြောင်းထဲပြုတ်ကျနေလို့ ကူထုတ်ပေးတာ
👵🧓လမ်းသွားရင် အဘိုးတွေအဘွားတွေကို ကူညီတာ
🙏စျေးဝယ်ပြီးတိုင်း ကျေးဇူးတင်စကားပြောတာ
💰မိုးတွေသိပ်ရွာတဲ့နေ့မှာ စံပယ်ပန်းလေးမြန်မြန်ကုန်သွားအောင် အားပေးလိုက်တာမျိုး.......
စသဖြင့် ဘာမဟုတ်တဲ့ အသေးအဖွဲ့ကိစ္စလေးတွေမှာကစ မေတ္တာစိတ်၊ ကြင်နာစိတ်ထားရှိတာပါ။
💗ဒါမို့ တစ်ဦးနဲ့တစ်ဦး ကြင်နာစိတ်နဲ့ ဆက်ဆံကြရအောင်နော်။
ချစ်တဲ့
မယဥ်
မင်္ဂလာပါရှင်
"Yoga Nidra "ဆိုတာလေးနဲ့ မိတ်ဆက်ပေးပါရစေနော်။
Yoga Nidra ဆိုတာ Yogic Sleep လို့ ဘာသာပြန်လို့ရပြီး waking & sleeping stage ကြားမှာ သိစိတ်ကို ထိန်းထားပြီး မသိတသိစိတ်နဲ့ အိပ်စက် အနားယူဖြေလျော့ပေးခြင်းမျိုး ဖြစ်ပါတယ်.
Yoga Nidra ဆိုတာ
1.Physical Tension ရုပ်မှာဖြစ်ပေါ်နေတဲ့ တင်းကျပ်မှု
2.Mental Tension စိတ်မှာ ဖြစ်ပေါ်နေတဲ့ တင်းကျပ်မှု
3.Emotional Tension စိတ်ခံစားမှု emotional body မှာ ဖြစ်ပေါ်နေတဲ့ တင်းကျပ်မှု
စတာတွေကို.......
စနစ်တကျ ပါဝင်ဖွဲ့စည်းထားသည့် ဖြေလျှော့ခြင်းနည်း အဆင့်ဆင့်တွေဖြင့် ဒီ( ၃ ) မျိုးစလုံးရဲ့ Tension တင်းကျပ်မှုတွေကို စနစ်တကျ တစ်ဆင့်ခြင်း ဖြေလျော့သွားပြီး...... ဦးနှောက်လှိုင်းတွေကို ပါ အနားပေးကာ အနားယူ ဖြေလျှော့သွားတဲ့ Guided Relaxation အမျိုးအစားလဲဖြစ်ပါတယ်.
Yoga Nidra ခံယူပြီးပါက အတွေးတွေများနေသူတွေ၊ စိတ်ပင်ပန်းနေသူတွေ၊စိတ်အာရုံစူးစိုက်ရခက်နေသူတွေ၊Stress တွေများပြီး ညအိပ်ရခက်နေသူတွေအတွက် စိတ်ဖိစီးမှုတွေ လျော့ကျသွားပြီး ခန္ဓာကိုယ်က Relex ဖြစ်ကာ Real Me အစစ်ကို ပြန်လည်တွေ့ရှိလာမှာဖြစ်ပါတယ်။
ကလေးငယ်တွေအတွက်လည်း သင်ယူနိုင်မှုတွေ အားကောင်းစေပါတယ်။
အကျင့်စရိုက်ဆိုးရှိသူတွေကိုလည်း ပြုပြင်ပေးလို့ရပါတယ်။
တစ်ခုခုကို စွဲလမ်းနေတဲ့ စိတ်ကိုလည်း ပြင်ပေးလို့ရပါတယ်။
Yoga Nidra ကြောင့် ကိုယ်ရောစိတ်ပါ ကျန်းမာရေး ပိုကောင်းစေလာမှာဖြစ်ပါတယ်ရှင့်။
ဒီနေ့( 9.8.2023 ) ည (8:00 ) နာရီမှာ
Yoga Nidra နဲ့ Relex ရအောင်လုပ်ပေးပြီး Real Me အစစ်ကို ပြန်လည်တွေ့ရှိအောင်
📢 FREE ပြုလုပ်ပေးပါမယ်နော်။
ZOOM Link ကို Gaia Yin group မှာပို့ပေးထားပါမယ်ရှင့်။
https://m.facebook.com/groups/130054406813481/?ref=share&mibextid=NSMWBT
8.8 Lion's Gate Portal အမှတ်တရနေ့အဖြစ်
ရလာတဲ့ Happy Money မှသည် အဆပေါင်းများစွာ ထပ်ဝင်လာပြီး အကျိုးရှိရှိ အသုံးပြုနိုင်ကြပါစေရှင်
☺️🙏
PW-537480
Pocket Money KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။
"Forgive"
👍လူတစ်ယောက်ဟာ Positive energy ရဖို့ လုပ်ကိုလုပ်ရမယ့်အရာတစ်ခုရှိပါတယ်။
👍ခွင့်လွှတ်တတ်ဖို့နဲ့ လွှတ်ချခဲ့ဖို့ပါ။
👍မုန်းတီးစိတ်နာနေတဲ့လူတွေ၊ နာကျင်ခဲ့ရတဲ့ အတိတ်က အဖြစ်အပျက်တွေကို အပြီးတိုင် ငြိမ်းအေးခွင့်လွှတ်လိုက်ပါ။
👍 ကိုယ်လိုချင်လို့ ဆွဲကိုင်ခဲ့တဲ့ ကိစ္စတွေဟာ သိပ်ကို ပင်ပန်းလှပါတယ်။လွှတ်ချခဲ့ရမယ့်အရာတွေကို လွှတ်ချခဲ့လိုက်ပါတော့။
👍လူတစ်ယောက်ကို သေလောက်အောင်မုန်းတီးနေမိတာဟာ မိမိတစ်ဦးတည်းပဲ သိနေပြီး တစ်ဖက်သားက သိချင်မှသိမှာပါ။
👍အမုန်းတွေ၊ အာဃာတတွေ၊ နာကျင်မှုတွေ၊ ဒေါသတွေဆိုတာ သိမ်းထားသ၍ ပူလောင်နေရမှာပါ။
👍ဒါကြောင့် ဒီနေ့ကစပြီး လွှတ်ချခဲ့လိုက်ပါတော့နော်။
ချစ်တဲ့
မယဥ်
"Smile"
ပြုံးရယ်တယ်ဆိုတာ အကောင်းဆုံးဆေးတစ်ခွက်ပါ။
ပြုံးရယ်ပြတာက ပိုက်ဆံလည်းမကုန်သလို၊ ပင်ပန်းတဲ့အရာတစ်ခုလည်းမဟုတ်ပါဘူး။
ပြုံးရယ်ပါ။
မှန်ထဲကြည့်ပြီး မိမိကိုယ်မိမိလည်း ပြုံးပြပါ။
တခြားသူတွေကိုလည်း ပြုံးပြပါ။
ပြုံးရယ်ပြခြင်းကပျော်ရွှင်မှုတွေ၊ နွေးထွေးမှုတွေကို အမြန်ဆုံးကူးစက်စေနိုင်တဲ့ အရာပါပဲ။
ချစ်တဲ့
မယဥ်
"Gratitude"
ကျေးဇူးတင်စိတ်ဆိုတဲ့အရာလေးဟာ သိပ်ကို သိမ်မွေ့ပြီး လေးနက်စေပါတယ်။ ကျွန်မတို့ရဲ့ဘဝကို ပိုပြီးကြေနပ်စေတယ်၊ ရောင့်ရဲတင်းတိမ်စေတယ်၊ စိတ်ထဲမှာ အေးချမ်းစေတယ်၊အတွေးတွေအမြင်တွေကို ပြောင်းလဲစေပါတယ်။ နေ့တိုင်းနေ့တိုင်းကို ကျေးဇူးတင်စိတ်လေးနဲ့နေထိုင်သွားပါ။
❤️တစ်နေ့တာရှင်သန်ခွင့်ရတဲ့အတွက် ကျေးဇူးတင်တယ်
❤️မီးမလာလို့ ကျေးဇူးတင်တယ်
❤️ရာသီဥတုပူတော့ ချွေးတွေထွက်လာလို့ ကျေးဇူးတင်တယ်
❤️အဆင်မပြေတာလေး ပြေသွားလို့ ကျေးဇူးတင်တယ်
❤️စားစရာလုံလောက်တဲ့အတွက် ကျေးဇူးတင်တယ်
စသဖြင့်ပေါ့။
ဘယ်လိုအနေအထားမှာမဆို ကောင်းတဲ့ဘက်ကိုမြင်အောင်တွေးပြီး ပြုံးရင်းဖြင့်ကျေးဇူးတင်ကြည့်ပါနော်။
😊
ချစ်တဲ့
မယဥ်
ချစ်သောမိတ်ဆွေများအတွက်
Divine God နဲ့ ချိတ်ဆက်ပြီး
✍️Tarot ဖတ်ပေးခြင်း၊
✍️ အင်္ဂဝိဇ္ဇာနည်းပညာဖြင့် အခါတွက်ပေးခြင်း
✍️ပစ္စည်းပျောက်၊လူပျောက်ပါက တွက်ချက်ပေးခြင်း
စသည်များကို ဟောပြောဖတ်ပေးနေပါပြီနော်။
💵Happy Money -3333ks ဖြင့်
👉မိမိကြိုက်နှစ်သက်ရာ မေးခွန်းတစ်ခုကို 👈
မေးလို့ရပါပြီရှင့်။
Good Morning 🌅
For Healers to be aware.
You need to do self healing and cleansing.
Healing ပေးဖို့ တောင်းဆိုလာသူကို စကားပြောကြည့်လိုက်တော့ စကားပြောရင်းနဲ့ Healing ရသွားတာ တွေ့လိုက်ရတာမို့ အင်္ဂဝိဇ္ဇာနည်းနဲ့ အခါတွက်ပေးလိုက်တယ်။
မေးချိန်၊မေးသူ၊မေးတဲ့ရက် တအားကောင်းနေတာမို့ပါ။
Tarot card တောင်ဆွဲစရာမလိုအောင်ကို ကောင်းလွန်းနေရော☺️
ကျွန်မက အဲ့လိုပဲ အပိုလက်ဆောင်တွေ ပေးပေးတတ်တာနော်😊
1st'August နေ့ဟာ ဓမ္မစကြာအခါတော်နေ့ဖြစ်သလို၊ထူးခြားလွန်းတဲ့ FullMoon Day ပါနော်။
ခုညမှာ လရောင်ချိုးကြပါစို့။
Crystals လေးတွေကို လရောင်ခံကြမယ်။
Spiritual သမားများအတွက် မိမိကြိုက်နှစ်သက်ရာ Meditation လုပ်ပြီး အလိုရှိဆုံးဆု တစ်ခု အာရုံပြုပြီး သေချာဆုတောင်းပါနော်။
HAPPY FULLMOON DAY🌕
🙏 မင်္ဂလာနံနက်ခင်းလေးပါရှင်🙏
☘️ကောင်းသော Energy များ ပို့လွှတ်ပေးလိုက်ပါတယ်။
☘️တစ်ကမ္ဘာလုံးမှာရှိတဲ့မည်သူမဆို လိုအပ်နေသူ၊ လိုချင်သူများ လက်ခံရရှိနိုင်ကြပါစေ🙏🙏🙏
☘️ကျွန်မနေထိုင်ရာပတ်ဝန်းကျင်အနီး ရှိကြသောသူများအားလုံး ကျန်းမာ၊ချမ်းသာကြ၍ ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေ
☘️ကျွန်မနေထိုင်ရာမြို့အတွင်းရှိကြကုန်သောသူများအားလုံး ကျန်းမာ၊ချမ်းသာကြ၍ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ
☘️မြန်မာနိုင်ငံသူ၊နိုင်ငံသားများအပေါင်း ကျန်းမာ၊ချမ်းသာကြ၍ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ
☘️ကမ္ဘာပေါ်မှာရှိကြကုန်သော သက်ရှိသတ္တဝါများအားလုံး ကျန်းမာ၊ချမ်းသာကြ၍ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ
☘️ဒုက္ခရောက်နေသောသူတိုင်းသည်လည်းဘေးအန္တရာယ်ကင်းကွာပြီး ကျန်းမာ၊ချမ်းသာကြ၍ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေရှင်
☘️သြဂုတ်လ တစ်လလုံးသည် လူသားအားလုံးအတွက် စိတ်ချမ်းသာစရာကောင်းသောလလေးဖြစ်ပါစေရှင်
💓 Energy လက်ခံပြီးရင် ရေသောက်ပေးပါနော်💖
Yin
Reiki box ထဲက စာရွက်လေး ထုတ်ရတဲ့နေ့ဆို သိပ်ပျော်☺️
Happy money ကို ဝမ်းမြောက်ပျော်ရွှင်စွာ လက်ခံရရှိပါတယ်။ ကျေးဇူးတင်ပါတယ်နော်🥰
ဒီထက်ပိုပြီး အဆင်ပြေကြပါစေရှင်🙏
Trauma healing Free ပေးပြီးနောက် ခံယူသူတွေ စိတ်လက်ပေါ့ပါးသွားတာတွေ့ရတော့ ပီတိဖြစ်ရပါတယ်။
ကျွန်မရဲ့ Client တွေအတွက် ဘာမဆို အကောင်းဆုံးပေးချင်တာမို့ ဒီ့ထက်ပိုကောင်းတဲ့ အစီစဥ်လေး မကြာခင် Free လုပ်ပေးပါဦးမယ်နော်။
ခဏလေးပဲစောင့်ပေးကြပါရှင်
ချစ်တဲ့
မယဥ်
"မျက်နှာဖုံးအောက်ကလူသားများ"
ကမ္ဘာကြီးဟာ 3D မှ 5D သို့ ကူးပြောင်းပြီး Ascension လုပ်နေပါပြီ
3D မှ 5D သို့ ကူးပြောင်းတဲ့ New World မှာ
🧘♀️စိတ်စွမ်းအင်အလုပ်ကို သေချာလေ့ကျင့်ထားမှသာ ခံနိုင်ရည်ရှိပြီး နေနေနိုင်မှာဖြစ်ပါတယ်။
🧘♀️ ဉာဏ်အလင်းတွေ ပွင့်၊အတွေးအမြင်၊ သဘောထားတွေ ပြောင်းလာကြတဲ့ Light people တွေကြားမှာ ကိုယ်ဟာ မျက်စိပိတ်၊ နားပိတ်ထားတုန်းဆို ကြားထဲမှာ နေရခက်သွားပါလိမ့်မယ်.
🧘♀️မလိမ်မညာဘဲ အမှန်တရားနဲ့ နေနိုင်သူတွေမှသာ New World ရဲ့ နည်းပညာတွေကြားမှာ သက်တောင့်သက်သာရှိကြပါလိမ့်မယ်
🧘♀️နေ့စဥ် ကိုယ့်မျက်နှာဖုံးအောက်က အစစ်မှန်ကို ရှာကြည့်ပါ။ကိုယ့်အိမ်ကလူနဲ့ စကားပြောနေပုံ၊အပြင်ကသူနဲ့ စကားပြောနေပုံ၊တစိမ်းနဲ့ စကားပြောနေပုံ၊ရင်းနှီးသော မိတ်ဆွေတွေနဲ့စကားပြောနေပုံ၊အလုပ်ရှင်နဲ့စကားပြောနေပုံ၊ကိုယ်လက်အောက်ကဝန်ထမ်းနဲ့စကားပြောနေပုံ၊
အဲ့ပုံစံတွေ တထပ်တည်းကျပါရဲ့လား?
🧘♀️နေ့စဥ် ကိုယ့်ရဲ့ HigherSelf မြှင့်တက်လာအောင် တရားထိုင်ပေးခြင်း၊ကိုယ့်အတွင်းစိတ်ကို ကြည့်ပေးခြင်း ပုံမှန်လေ့ကျင့်ကြည့်ပါ
🧘♀️တည်ငြိမ်လာတဲ့စိတ်ဖြစ်လာပြီဆို Vibration မြှင့်တင်ပြီး Future နဲ့ ချိတ်ဆက်လို့ ရနေပါပြီနော်
🧘♀️လေ့ကျင့်ဖန်များလာတဲ့အခါ လူတစ်ယောက်ကို ကြည့်လိုက်၊အာရုံပြုလိုက်တာနဲ့ အပေါ်ယံမျက်နှာဖုံးအောက်က အတွင်းစိတ်ကို မြင်နိုင်လာပါလိမ့်မယ်။
🧘♀️Awakening နိုးထပြီးသားသူတွေက တခြားသူတွေကို ကူညီနိုင်သလောက်ကူညီပေးကြပါဦးနော်
စာရှည်ရင် လူတွေငြီးငွေ့တတ်တာမို့ အတိုလေးပဲရေးထားပါတယ်။
အားလုံး Awakening ဖြစ်လာပြီး New World မှာ နေနေနိုင်ကြပါစေရှင်🙏
ချစ်တဲ့
မယဥ်
ယနေ့ကျရောက်သော
"76 နှစ်မြောက် အာဇာနည်နေ့"
မှာ ကုသိုလ်အဖြစ်
တစ်ကြိမ်လျှင် "တစ်သိန်းအထက်" တန်ဖိုးရှိသော
👉 Coaching
👉Trauma Healing ကို
📣FREE (9) ဦး ပေးပါမယ်ရှင့်။
လိုချင်သူများ Page ကို Like&share ပြီး comment မှာ ရေးပေးထားပါနော်။
ချစ်တဲ့
မယဥ်
19.7.2023
ကိုယ့် dark side ကို ကိုယ်လက်ခံခြင်း။
ကျွန်မတို့တော်တော်များများက ကိုယ်က မကောင်းတဲ့သူ၊ မနာလို ဝန်တိုတတ်တဲ့သူ၊ ဒေါသထွက်တဲ့သူအဖြစ် အများကမြင်မှာ အရမ်းကြောက်တတ်ကြပါတယ်။
ကိုယ့်ရဲ့ dark side က ဘာဖြစ်တတ်တယ်ဆိုတာ သိနားလည်လက်ခံမှ မနောရဲ့စေညွှန်ရာကို လိုက်မသွားပဲ ထိန်းနိုင်မှာပါ။
ဥပမာ ငါ မနာလိုတတ်တယ်။Yes,ဒါက လူတွေမှာ ရှိတတ်တဲ့သဘောတရားပါပဲ။လက်ခံလိုက်ပါ။ငါ့မှာအာ့စိတ်ရှိတာ။ပြီးရင် ကောင်း၊မကောင်းဝေဖန်ပိုင်းခြားပြီး မကောင်းရင် မကောင်းစိတ်ခေါ်ဆောင်ရာ လိုက်မသွားဖို့ အတွေးပြောင်းဖို့လိုသလို ကောင်းရင် ကောင်းတဲ့အရာလေးတွေအပေါ် input ထည့်ဖို့လိုပါတယ်။
Self awareness ဆိုတာ ကောင်းတာပေါ်မှာချည်း သိနေဖို့လိုတာ မဟုတ်ပါဘူး။မကောင်းတဲ့အပေါ်မှာလဲ သိနေဖို့လိုပါတယ်။
အာ့ကြောင့် တခါတလေ ကိုယ့် dark side ကို သိမြင်လက်ခံတတ်ဖို့လိုပါတယ်။
တနေရာကနေ
Energy wave လှိုင်းလေးတစ်ခု
9:10-15:00ကျော်အထိ ဖြတ်သန်းနေပါလိမ့်မယ်
သေချာခံယူထားကြပါနော်။
🕉☸️🙌 ထူးခြားမှုလေးတွေရှိရင် comment ရေးပေးခဲ့လို့ရပါတယ်ရှင်
Edit-Message တစ်ခုရလို့ပါ။သင်တို့ဘဝမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲကလွှတ်မြောက်ဖို့ အရေးကြီးသောတောင်းဆု (9)ခုကို ရေးပြီး cb သို့ ပို့ထားပေးပါနော်။✍️
"Toxic"
❌Toxic ဆန်တဲ့ဆက်ဆံရေးတွေနဲ့ အဆက်သွယ်ဖြတ်ပါ။
👉Jim Rohn ရဲ့ The Law of Average ဆိုတဲ့ သီအိုရီလေးတစ်ရှိပါတယ်။ "You are the average of the five people you spend the most time with" တဲ့။ 💯ဆိုလိုတာက ကိုယ်နဲ့အနီးဆုံးပတ်ဝန်းကျင်မှာရှိတဲ့ လူငါးယောက်ရဲ့ ပျမ်းမျှအရည်အချင်းဟာ ကိုယ့်ရဲ့ အရည်အချင်းပါပဲ။
❗️ကိုယ်ပေါင်းသင်းဆက်ဆံနေရတဲ့ လူတွေဟာဘယ်လိုလူတွေလဲ။
❓အကောင်းမြင်စိတ်ရှိတဲ့သူလား၊ အဆိုးမြင်တတ်၊ မနာလိုတတ်၊ အပြစ်တင်ဝေဖန်ပြောဆိုတတ်တဲ့ လူတွေလား။
✅အကောင်းမြင်စိတ်ရှိတဲ့လူတွေနဲ့ပေါင်းရင် ကိုယ်လည်း အကောင်းမြင်တတ်လာမှာပါ။
❌ အရာရာကို အဆိုးမြင်နေတဲ့သူတွေနဲ့ပေါင်းရင် ကိုယ့်ဆီကိုလည်း negative energy တွေကူးစက်လာစေမှာပါပဲ။
ချစ်တဲ့
မယဥ်
🙏တောင်းပန်လွှာ 🙏
ကျွန်မ Healing ပေးနေချိန်မှာ ဖုန်းအသံအားလုံး ပိတ်ထားတတ်ပါသောကြောင့် မကိုင်မိခဲ့ရင် စိတ်မဆိုးကြပါနဲ့ရှင်။
Messenger ကနေ စာလေးပို့ထားတာတွေ့ရင် အကြောင်းပြန်ပေးပါတယ်နော်☺️
ချစ်တဲ့
မယဥ်
Videos (show all)
Website
Address
Opening Hours
Monday | 10:00 - 20:00 |
Tuesday | 10:00 - 20:00 |
Wednesday | 10:00 - 20:00 |
Thursday | 10:00 - 20:00 |
Friday | 10:00 - 20:00 |
Saturday | 16:00 - 18:00 |
Sunday | 16:00 - 18:00 |